အခန်း (၈) : အမဲလိုက် အဖွဲ့အစည်း (၂)

333 66 2
                                    

    လက်ဆောင်ကဒ်ထဲက ပိုက်ဆံတွေက ဧရာမ တစ်ဘီလီယမ် ဝမ်တောင်။ ဝိုး ငါ ပိုက်ဆံ လိုတယ်လို့ ပြောလိုက်တာနဲ့ပဲ တစ်ဘီလီယမ်ကို ပစ်ပေးလိုက်တာပဲပေါ့။ ဖြစ်ရော ဖြစ်နိုင်ရဲ့လား? လက်ဆောင် အခွန်ပေးဖို့ရော မလိုဘူးလား? S အဆင့်တွေက အခွန်ကင်းလွတ်ခွင့်ရှိတယ်လား?

    ကျွန်တော်တွေတွေဝေဝေနဲ့ ကဒ်ကို ပြန်ထုတ်လိုက်ပြီး ရှောပင်းမောလ်ထဲဝင်လာခဲ့တယ်။

    အမဲလိုက်သူများ မောလ်က အမဲလိုက် အဖွဲ့အစည်း အဆောက်အဦးရဲ့ 3လွှာကနေ 6လွှာအထိမှာ ရှိပါတယ်။ ၃လွှာနဲ့ ၄လွှာမှာ C အဆင့်နဲ့ အောက် ပစ္စည်းတွေ ဝယ်လို့ရမှာဖြစ်ပြီး ၅ လွှာမှာတော့ B အဆင့် ပစ္စည်းတွေနဲ့ ၆ လွှာမှာတော့ A အဆင့် ပစ္စည်းတွေကို ၀ယ်လို့ရတယ်။ S အဆင့် ပစ္စည်းတွေက တော့ လေလံပွဲတွေမှာပဲ ရောင်းတာပါ။

    ကျွန်တော့်မှာ ပိုက်ဆံလုံလုံလောက်လောက်ရှိတာ သိပြီဆိုတော့ ၆ လွှာကို တန်းတက်သွားလိုက်တယ်။ ၆ လွှာမှာ ဧည်သည် အနည်းငယ်ပဲရှိတယ်။ မန်နီကွင်း အရုပ်တွေလိုမျိုး သပ်သပ်ရပ်ရပ် ဝတ်စားထားတဲ့ ၀န်ထမ်းတွေ တစ်တန်းကြီးရပ်နေကြတာ အပါအ၀င်ပေါ့။

    "S အဆင့်စာချုပ်တွေက ဘယ်နားမှာလဲ?"

    ကျွန်တော်နဲ့ လက်လှမ်း အမှီဆုံး အမျိုးသမီးဝန်ထမ်းကိုသွားမေးလိုက်တော့ သူမက လှပပြီး ကြင်နာတဲ့အပြုံးလေးနဲ့ ပြန်ဖြေတယ်လေ။

    "ကျွန်မ လမ်းပြပေးပါ့မယ် လူကြီးမင်းရှင့်။ ဒီဘက်ကို ကြွပေးပါရှင်"

    ၀န်ထမ်းက reception ခန်းထဲက မှန်နံရံတွေနဲ့ ကာထားတဲ့ ဧည့်ခန်းထဲကို လမ်းညွှန်ပေးတယ်။ ကျွန်တော်ဧည့်ခန်းကို လှည့်ပတ်ကြည့်လိုက်ပြီး ဒီနေရာမှာ reception ခန်း တချို့ ရှိနေတာလည်း တွေ့ရတယ်။

    ကျွန်တော် ဆိုဖာပေါ်မှာထိုင်လိုက်တော့ နောက်ထပ် အမျိုးသမီးဝန်ထမ်းတစ်ယောက်က သောက်စရာတစ်ခုခု ယူလာပေးရမလား လာမေးတယ်။

    "ကော်ဖီပဲ ပေးပါဗျ"

    "ဧည့်သည် ကြိုက်တဲ့ ကော်ဖီစေ့ အမျိုးအစားများ ရှိပါသလား?"

ကျွန်တော် ပျိုးထောင်ခဲ့သော S အဆင့်လေးများ (Mm Translation)Where stories live. Discover now