သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Co...
By Daisy-Kim
72.2K 6.3K 867
အနွယ်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပင်ညစ်ညမ်းနေပစေ။ကျွန်မကတော့ အနွယ့်ကိုဆက်ချစ်နေအုန်းမှာ ..။ ဘာလို့လဲသိလား ကျွန်မချ... More
သစ္စာနွယ်တော်ပျော်မွေ့ရာ(အင်ထရို)
အပိုင်း၁။ နှင်းဆီမြိုင်
အပိုင်း၂။ မြေခွေးအို
အပိုင်း၃။ အကြင်သူ
အပိုင်း၄။ အချစ်သက်သေ
အပိုင်း၅။။ ချစ်သည်းကညှာ၏အပြုံးပန်း
အပိုင်း၇။ အတိတ်ခရီး
အပိုင်း၈။ ပြတ်ခဲ့လေသောသံယောဇဉ်ကြိုးမျှင်
အပိုင်း၉။ မိတ်ဆွေဟောင်း
အပိုင်း၁၀။ နာမ်စားလေးတစ်ခု
အပိုင်း၁၁။ ပွတ်သဘင်
အပိုင်း၁၂။ ကစားစရာ
အပိုင်း၁၃။ သွေးကြွေး
အပိုင်း၁၄။ မောင့်ရနံ့ငယ်
အပိုင်း၁၅။ မိုးကြိုးနက်ဂိုဏ်း
အပိုင်း၁၆။ မြတ်နိုးရသည့်အချစ်သည်းကညှာ
အပိုင်း၁၇။ ဇီဇဝါပန်း၏အဓိပ္ပါယ်ဖွင့်ဆိုချက်
အပိုင်း၁၈။ သူပြန်လာပြီလား?
၁၉။ အမေ!!
အပိုင်း၂၀။။ မောင့်ရနံ့ငယ်နှင့်ဒုတိယအကြိမ်ဆုံတွေ့ခြင်း
အပိုင်း၂၁။ အနှီစာရေးငယ်ကတော့လေ!
အပိုင်း၂၂။ လူတိုင်းမှာလှို့ဝှက်ချက်ဆိုတာရှိစမြဲ
pls Attention to me
အပိုင်း၂၃။ မထင်မှတ်ထားသူနှင့်ပြန်လည်ဆုံတွေ့ခြင်း
အပိုင်း၂၄။ အပျော်မယ်တွေမှာလည်း မနှစ်သက်ရင်ငြင်းဆန်ပိုင်ခွင့်ရှိသည်။
အပိုင်း၂၅။ ဟန်ဆောင်ခြင်း‌ေတွအတွက်အမှန်တရားပေါ်ပေါက်မြဲ။(uni+Zawgyi)
အပိုင်း၂၆ ။ ဒီလောက်ချစ်ဖို့ကောင်းတဲ့အနွယ်ကိုဘယ်နေရာမှသွားဖွက်ထားရမလဲ(uni+Zawgy)
အပိုင်း၂၇။ တချို့သောပန်းတွေအပြင်ပိုင်းကလှပသလောက် အဓိပ္ပါယ်ကတော့ဝမ်းနည်းစရာပေ ။
၂၈။ ဒေါ်ငွေစံပယ်ခင်၏အမည်အရင်း?
၂၉။ ဟန်နီရဲ့လှို့ဝှက်ချက်(uni+Zawgyi)
၃၀။ လျစ်လျှူရှူခြင်း (uni +Zawgyi)
၃၁။ သေစေနိုင်လောက်တဲ့အပြုံးပန်းတစ်ပွင့်ပန်ဆင်ထားလှသူ (uni+Zawgyi)
၃၂။ သေဆုံးခြင်း
၃၃။ ရှင်သန်ရာနေရာသစ် (U+Z)
၃၄။ အချစ်သည်းကညှာလေးကအရင်တိုင်းပါပဲ ချစ်ဖို့ကောင်းတုန်း (U+Z)
Attention to me ♡
၃၅။ ရင်သွေးငယ်
-အပိုင်း(၃၆) - အချိန်ကြာမှတောင်းပန်ဖို့သတ္တိရှိလာတဲ့သူမကိုခွင့်လွှတ်ပေးနိုင်မလား
အပိုင်း(၃၇) ။
၃၈။ စံပယ်ပန်းလေးဟာ မာနတရားတွေလွှမ်းခြုံထားသည်တဲ့။
အပိုင်း၃၉. အတိတ်ကအပိုင်းအစအချို့
အပိုင်း၄၀။ ဇာတ်သိမ်းပိုင်း
အပိုင်း၆။ တည်နိုင်ခဲ့လေသောကတိတစ်ခု
1.9K 213 12
By Daisy-Kim
Uni
ယနေ့မနက်ခင်း လူပြောအများဆုံးသတင်းကိုပြောပါဆိုလျှင် စူရတီဘဇားဈေးအနောက်ဘက်တွင် သေပြီးသားယောက်ျားသုံးယောက်၏ အလောင်းကိုတွေ့သည်ဟုဆိုတဲ့သတင်းသာဖြစ်ပေလိမ့်မည်။ ကလေးက အစ ခွေးအဆုံးထိုသတင်းကို မသိတဲ့သူမရှိပေ။
အဘယ်‌ေကြာင့်နည်းလို့ဆိုရရင် မြန်မာနိုင်ငံ၏ အကြီးဆုံးသတင်းစာတိုက် တွေဖြစ်သည့် မြန်မာ့အလင်းသတင်းစာနှင့် သူရိယ(The Sun)သတင်းစာတို့၏ ထိပ်စီး၌ စာလုံးအမဲဖြင့် ဖော်ပြထားချင်းကြောင့်ပေ။
စူရတီဘဇားဈေးရှ်ိဈေးသည်များ၏ ပါးစပ်ဖျားတွင်လည်းထိုသတင်းဟာ ရေပန်းစားလျက်ရှိသည်။
စူရတီဘဇားဈေးအတွင်း
" ဟဲ့ တော်တို့ကြားပြီးပြီးမှလား ဟိုသတင်းလေ"
" ကြားပြီးပြီပေါ့အေ ကြက်သီးထလိုက်တာ ဖြစ်စရာရှားလို့ကျုပ်တို့စေျးတဲ့အေ တော်ကြာ ဈေးဝယ်သူတွေက ဒီသတင်းကြောင့် မလာတော့ရင် ငါတို့ပဲ ဒုက္ခရောက်မှာပါအေ"
" အေးလေတော်ဒီလိုသလိုကြတော့လည်း မှန်သားပဲ ဒါပေမဲ့ ကျုပ်တော့ စိတ်ချမ်းသာတယ် "
" အယ် လူသေတာကို ဘယ်နှယ့် တော် ကပျော်နေရသတုန်း"
ထိုဈေးသည်က ပြောနေရင်း ဘေးဘီဝဲယာကိုတစ်ချက်အကဲခတ်သလိုကြည့်ပြီး အသံတိုးတိုးနဲ့လာပြောသည်။
" ကျုပ်ပြောပြမယ် အဲ့သုံးယောက်ကလေ မိဘတွေကလည်း ပိုက်ဆံရှိကြတဲ့ပုံရတယ်အရင်တစ်ခါတုန်းက ကောင်မလေးတစ်ယောက်ကို မတော်မတရားကျင့်ဖို့ကြိုးစားတာလေ အဲ့တာကောင်မလေးက သွားတိုင်တော့ အဲ့ဟိုလူ ကျုပ်မေ့နေလို့ အယ် မှတ်မိပြီ မှတ်မိပြီ တရားသူကြီးဦးလှ‌ေ‌လ သက်သေမခိုင်လုံပဲ လာပြောတယ်ဆိုပြီးအဲ့အတိုင်းပြန်လွှတ်လိုက်တယ် အဲ့အချိန်ကစပြီးအဲ့ကောင်မလေးက ရှက်ပြီး မြို့ပြောင်းသွားသလို ဟိုသုံးကောင်းကလည်း ပိုပြီးရဲတင်းလာတာအေ ကျုပ်ကတော့သေသွားတာပဲကောင်းတယ် လူ့အမှိုက်တွေ ကင်းတာပေါအေ"
" တဂယ် အယ်မလေး အဲ့လို လူ့အမှိုက်တွေက သေသွားမှအေးမှာ သတ်ပေးတဲ့သူကိုတောင် ကျေးဇူးတင်တယ်အေ"
" ကျုပ်ကောပဲအေ "
ဈေးသည်နှစ်ယောက်တီးတိုးပြောနေရင်း ဈေးဝယ်သူလာတော့မှ ပြောလက်စတွေကိုရပ်လိုက်ကြတော့သည်။
တခြားတစ်ဖက်တွင်လည်း မြန့်မာသတင်းအလင်းစာ၏ထိပ်စီးမှာ ရှိနေသည့် စူရတီဘဇားဈေးမှ လူသေမှုဆိုသည့်သတင်းကို ကျေနပ်ပြုံးကြီးနဲ့ကြည့်နေတဲ့သူတစ်ယောက်ရှိနေခဲ့သည်။
* ဒေါက် ဒေါက်*
" သခင်မ  ချိန်းဆိုထားလူကြီးမင်းရောက်လာပါပြီ "
" အင်း အထဲဝင်ခိုင်းလိုက်"
စကားသံအဆုံးမှာ အခန်းထဲဝင်ရောက်လာသည့်အသက်ကြီးကြီးလူကြီးတစ်ယောက်။
" ထိုင်ပါ လူကြီးမင်း"
" မထိုင်တော့ဖူး အခုပြန်မှာ !"
" အော်ဟော ဘာလို့ ဒီလောက်တောင်လောနေရသလဲလူကြီးမင်း ဒီမှာ အေးအေးဆေးဆေးဝီစကီလေးသောက်ဖို့တောင်ပြင်ဆင်ပေးထားတာ ဒီကနေ လှမ်းကြည့်ရင် ရန်ကုန်တစ်ဖက်ကမ်းကိုမြင်နေရတာ သိပ်ကိုလှတယ့် မြင်ကွင်းကို လူကြီးမင်းက မကြည့်ချင်တာ အံ့ဩပါဘိ။"
" ဒီမယ် မိန်းကလေး ငါလို ရာထူးကြီးတဲ့ လူတစ်ယောက်က မင်းလို အညာတရ မိန်းကလေးလက်အောက်မှာ အလုပ်လုပ်ရမယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာမရှိဖူး!"
ထိုစကားကို မကြားသလို နေပြီးစားပွဲပေါ်မှာတင်ထားတဲ့ ဝီစကီခွက်ကို ကိုင်ပြီး အပြင်ဘက် ရန်ကုန်ကမ်းနားကို ကြည့်နေသည့် အမျိုးသမီးကြောင့် ဒေါသတွေထွက်လာရသည်။
" ကျွန်မ အဘယ်ကြောင့်စထရန်းဟိုတယ် ကို ရွေးလဲ လူကြီးမင်းသိလား"
" ငါက မင်းအတွေးကို ဘယ်လိုသိမှာလဲ ရှုပ်ရှုပ်ယှက်ယှက်"
" ကျွန်မ ဒီဟိုတယ်ကိုရွေးတဲ့အကြောင်းကတစ်ခုတည်းရယ် ကမ်းနားကို ရှင်းရှင်းလင်းလင်းမြင်ရလို့ "
" ရှင်းရှင်းလင်းလင်းပြောစမ်းကွယ် မင်းစကားနားထောင်ရတာ သိပ်ကို ရှုပ်ထွေးလှတယ်"
" ကျွန်မပြောချင်တာက ရှင်းရှင်းလေးပါ လူကြီးမင်း လူကြီးမင်း ဘက်ကပြောခဲ့တယ်နော် မိန်းမတစ်ယောက်လက်အောက်မှာ မှာ အလုပ်မလုပ်ချင်ဖူး ဒါဆို အဲ့မိန်းမထက်သာအောင်လုပ်လေ လူကြီးမင်းရဲ့"
" မင်း မိုက်ရိုင်းလှချည်လား"
" မိုက်ရိုင်းတယ် ကျွန်မပြောလိုက်တဲ့အထဲမှာ လူကြီးမင်းကို ပုတ်ခတ်တဲ့စကားတစ်ခွန်းမှ မပါဖူး အရှိကိုအရှိအတိုင်းပြောပြတာ လူကြီးမင်းရဲ့ လူကြီးမင်းအခုလို ထိုင်ခုံမြဲရတဲ့အကြောင်းအရင်းကလည်း အဲ့မိန်းမ ကျေးဇူးကြောင့်ပဲမဟုတ်လား"
" တောက်! အဲ့တာကြောင့် အခုမင်းလက်အောက်ကထွက်မယ်လို့ပြောနေတာလေ ! "
" ဟုတ်ပြီလေ လူကြီးမင်းစိတ်တိုင်းကျပါပဲ"
စကားသံအဆုံးမှာ ဒိုင်းခနဲမြည်ဟီးသွားသော‌ေသနတ်သံတစ်ချက်။
အာ ပြောဖို့မေ့သွားတယ် ကျွန်မလက်အောက်က ထွက်မယ်ဆို သေလမ်းပဲရှိတာဆိုတာ..။
" ဧည့်သည် ပြန်တော့မယ် အိမ်တိုင်ယာရောက်ပြန်ပို့လိုက်ကြ"
" ဟုတ်ကဲ့သခင်မ"
" ခနလေး လှမြင့် မင်းနေခဲ့ ကျန်တဲ့သူ‌‌ေတ္ ဧည့်သည်လိုက်ပို့လိုက် "
" ဟုတ်ကဲ့သခင်မ"
သေသွားတဲ့အလောင်း အခန်းထဲမှာမရှိတော့ဖူး‌ဆိုကာမှ လှမြင့်ဆိုတဲ့လူကိုစကားစပြောလိုက်သည်။
" လှမြင့် "
" အမိန့်ရှိပါ သခင်မ"
" ဒီတစ်ခါ တရားသူကြီးနေရာမှာ လူခန့်တဲ့အခါကြရင် ငါတို့ဘက်က လူကိုထည့်လိုက်"
" ဘာအကြောင်းကြောင့်ဆိုတာ မေးခွင့်ရှိမလား သခင်မ"
" မင်းမှာ အဲ့သလို မေးခွင့်ရှိလား"
" တောင်းပန်ပါတယ် အဆင့်ကျော်မိသွားတယ် ခွင့်ပြုပါဦးသခင်မ"
တံခါးပိတ်သံကြားလိုက်ရမှ ထိုင်နေသည့်နေရာမှ  ပြတင်းပေါက်ရှိသည့်ဘက်ထသွားလိုက်ပြီး လှမြင့်မေးခဲ့သည့်မေးခွန်း၏ အဖြေကိုပြန်စဉ်းစားနေမိသည်။
တဂယ်လဲ သူမ မသိဖူး ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတာ။
နွယ်ဆိုတဲ့အမျိုးသမီးငယ်ပြောသွားတဲ့စကားလုံးအချို့ကြောင့်လား ..။
စူရတီဘဇားဈေးမှာသူမမေးခွန်းထုတ်ခဲ့တဲ့ စကားသံအချို့ကိုပြန်ကြားယောင်မိသည်။
" ဒီလိုပြုမှုခံရတာ ရုံးတော်ကို မတိုင်ဖူးလား "
" တိုင်တော့ကော သူတို့က ဘာများလုပ်ပေး မှာမို့လဲ မမလေးရယ် အနွယ်တို့လဲ အပျော်မယ်တွေ အတွက် တရားမျှတမှုမရှိဖူး မမလေး"
"......"
"  အကယ်၍ ဒီနေရာမှာ အနွယ်သာ မတော်တဆဆုံးပါးသွားခဲ့ရင်တောင် ဘယ်သူမှအရေးတယူလုပ်မှာမဟုတ်ဖူးအနွယ်တို့လို့ အပျော်မယ်တွေအတွက် ချမှတ်ပေးထားတဲ့ ဥပဒေ ဆိုတာမရှိဖူးမမလေး"
" တစ်နေ့ တစ်နေ့တော့ အပျော်မယ်တွေ အတွက်လဲကာကွယ်ပေးနိုင်မဲ့ ဥပဒေရှိလာမှာပါ"
" ဘယ်အချိန်လောက်လဲမမလေး ရဲ့ မမလေးပြောတဲ့ ဥပဒေမပေါ်ခင် အနွယ်တို့လဲအပျော်မယ်တွေက အကြောင်းအရင်းမဲ့ အသက်ဆုံးရှုံးနေရအုံးမှာ"
" ကတိပေးတယ် တစ်နေ့ပေါ်လာစေရမယ်လို့"
စကားသံတွေပြန်ကြားေယာင်မိရင်း ကိုယ့်ကို ကိုယ်တစ်ချက်လောင်ရီမိသည်။
မုန်းပန်းရာဇဝင်ရဲ့ဘဝမှာ တခြားသူကအပေါ်ယံပြောလိုက်သည်ကို အတည်လုပ်ပေးတာဒီတစ်ခါပထမဆုံးအကြိမ်ပဲ။
ဦးရာဇဝင်ရဲ့သမီး မုန်းပန်းရာဇဝင်ဆိုတဲ့သူမက ဖခင်ရဲ့ လူသိမခံနိုင်တဲ့ အလုပ်တွေကို လုပ်ပေးရင်း လက်မှာသွေးစွန်းခဲ့တာ ဒီနှစ်ဆို ငါးနှစ်တိတိရှိခဲ့ပြီ။ ဒါပေမဲ့ ဒီတစ်ခါသွေးစွန်းရတာ တန်လို့ပဲ ပြောရမလားအနွယ့်ကို ကတိပေးထားတဲ့ ကတိကိုတည်နိုင်တော့မှာမို့လို့။
ဘိလပ်ထိသွားပြီး သေလုဆဲဆဲအခြေအနေကိုကျော်ဖြတ်ခဲ့ရတာကိုတောင် ကြောက်စိတ်မဝင်တဲ့ မုန်းက ထိုကတိလေး မတည်နိုင်မှာ သိပ်ကိုစိုးရိမ်နေခဲ့သတဲ့။
သိပ်ကိုရီဖို့မကောင်းဖူးလားကွယ်။
အနွယ့်ကိုယ်ကိုထိပါးခဲ့တဲ့ယောက်ျားသုံးယောက်ကို မုန်းကိုယ်တိုင်ပဲ သေရွာပို့ပေးလိုက်တယ်။ သူတို့က မထိသင့်တဲ့လူကိုထိလိုက်တဲ့အတွက်သူတို့အတွက်သွားရာလမ်းက တစ်လမ်းထဲရှိတယ် ဒါကြောင့် မုန်းက ထိုလမ်းကို ပို့ပေးလိုက်ယုံပါပဲ။
တစ်စုံတစ်ယောက်အတွက်လူသတ်ခဲ့တယ်ဆိုတာ လူသတ်လာတဲ့တစ်လျှောက်လုံးမှာ ပထမဆုံးအကြိမ်ပဲ။
သတ်ရတဲ့အကြောင်းအရင်းကလည်း သူနဲ့မျိုးတူ အမျိုးသမီးတစ်ယောက်အတွက်ကြောင့်နဲ့တဲ့။
မုန်းကိုယ်တိုင်လဲနားမလည်နိုင်တော့ဖူး။ တစ်နေ့ တစ်နေ့တော့ ထိုအဖြေကို မုန်းရှာတွေ့နိုင်မှာပါ...။
*************************************************
နွယ်တစ်ပင်လို
ကျုပ်ရဲ့နှလုံးသားကို
ရစ်နှောင်ထားရတာ ပျော်မွေ့ရဲ့သလား
အချစ်သည်းကညှာ။
၂၇.၅.၂၀၂၂
မိုး♡
(A/Nမျှော်နေကြပါရဲ့လား)
Zawgyi
အဘယ်‌ကြောင့်နည်းလို့ဆိုရရင် မြန်မာနိုင်ငံ၏ အကြီးဆုံးသတင်းစာတိုက် တွေဖြစ်သည့် မြန်မာ့အလင်းသတင်းစာနှင့် သူရိယ(The Sun)သတင်းစာတို့၏ ထိပ်စီး၌ စာလုံးအမဲဖြင့် ဖော်ပြထားချင်းကြောင့်ပေ။
စူရတီဘဇားဈေးရှိဈေးသည်များ၏ ပါးစပ်ဖျားတွင်လည်းထိုသတင်းဟာ ရေပန်းစားလျက်ရှိသည်။
စူရတီဘဇားဈေးအတွင်း
" ကြားပြီးပြီပေါ့အေ ကြက်သီးထလိုက်တာ ဖြစ်စရာရှားလို့ကျုပ်တို့ဈေးတဲ့အေ တော်ကြာ ဈေးဝယ်သူတွေက ဒီသတင်းကြောင့် မလာတော့ရင် ငါတို့ပဲ ဒုက္ခရောက်မှာပါအေ"
" ကျုပ်ကောပဲအေ "
* ဒေါက် ဒေါက်*
" ထိုင်ပါ လူကြီးမင်း"
စကားသံအဆုံးမှာ ဒိုင်းခနဲမြည်ဟီးသွားသော‌သေနတ်သံတစ်ချက်။
" ဟုတ်ကဲ့သခင်မ"
" ခနလေး လှမြင့် မင်းနေခဲ့ ကျန်တဲ့သူ‌‌တေ် ဧည့်သည်လိုက်ပို့လိုက် "
" ဟုတ်ကဲ့သခင်မ"
" လှမြင့် "
" အမိန့်ရှိပါ သခင်မ"
"......"
စကားသံတွေပြန်ကြားယောင်မိရင်း ကိုယ့်ကို ကိုယ်တစ်ချက်လောင်ရီမိသည်။
*************************************************
နွယ်တစ်ပင်လို
အချစ်သည်းကညှာ။
၂၇.၅.၂၀၂၂
မိုး♡
Continue Reading
You'll Also Like
276K 308 11
စာရေးရမှာ ပျင်းနေသေးလို့ ရေမယ်ဆိုရင် ဘယ်လိုလေးတွေရေးပေးရမလဲ ပြောပြခဲ့နော်
1.3M 3.7K 68
ထန်တဲ့အချ်ိန်ဖတ်ဖို့ စုထားတာတွေပါ ကိုယ်တိုင်ရေးသားခြင်းမဟုပါ crdပေးပါတယ်
596K 1.5K 8
ကလေးတေမဖတ်နဲ့ ဖတ်ရင်လည်း တိုးတိုးတိတ်တိတ်ဖတ် wattpadစာကိုwattpadမှာဘဲထားခဲ့ပါ ယူသွားမယ်ဆိုလည်းကိုတို့လိုလူတေရှိတဲ့နေရာဘဲယူသွားပါ
476K 26.4K 68
စိတ်ကူးယဥ်ဇာတ်လမ်းသက်သက်သာဖြစ်သည်