DOUBLE T(OR) BE MY LORD [ Com...

By Thee_Oo

259K 10.9K 149

[ Unicode/Zawgyi ] တိုင်းခမ်းအာဏာဆိုတဲ့အတိုင်း ခင်ဗျားကကျုပ်ဘဝတစ်ခုလုံးရဲ့ ခမ်းနားခြင်းတွေနဲ့ လိုက်လျောမှုအချ... More

အမှာစာ/ဇာတ်ကောင်မိတ်ဆက်(U/Z)
Ep_1
For character
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
EP_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Final
Extra 1
Extra 2

Ep_21

4.6K 254 6
By Thee_Oo

Unicode

နာရီကိုကြည့်လိုက်တော့ 2နာရီခွဲနေပြီ။ရိုက်ကူးရေးစသည့်အချိန်မှ စ၍fitness center အား နေ့တစ်ဝက်ပိတ်ထားရ၏။မနက်တစ်
ပိုင်းလုံး ရိုက်ကူးရေးလုပ်နေသည့်အမရာ အနားမှာပဲရှိနေရကာ တိုင်းဘယ်မှသွားလို့မရ။ ထိုသို့ တစ်ချိန်ကုန် ရှိနေခြင်းကြောင့် မန်နေဂျာအပါအဝင် ရိုက်ကူးရေးတာဝန်ခံတွေကအစ သို့လော သို့လောနှင့်နောက်ကွယ်မှာတော့ တီးတိုးပြောကြသည်။

"cut!"

ဒါရိုက်တာ မှမတ်တပ်ထရပ်၍ပြောလိုက်ခြင်းဖြစ်သည်။ ထိုအခါမှ
staffတစ်ချို့က ပဝါနှင့် ရေဘူးကိုင်၍ ချွေးစို့နေသော အမရာထံ
အပြေးသွား၍ တစ်ရှူးတို့ဖြင့်ပွတ်သုတ်ပေး၏။ ထိုစဥ်ဒါရိုက်တာမှ တိုင်းအနား ရောက်လာကာ

"golf ကဏ္ဍရိုက်ဖို့ပဲကျန်တော့တယ်၊ ကျွန်တော်တို့အနေနဲ့ သိပ်အချိန်မယူတော့ပဲ ချက်ခြင်းရိုက်ရမှာပါ၊ပြီးတော့ အားကစားဝတ်စုံလေး စီစဥ်ပေးဖို့တော့လိုတယ်"

"အားကစားဝတ်စုံကအသင့်ရှိတယ်၊ stylistက စီစဥ်ပြီးသား"

"အမရာကို စောင့်မနေပါနဲ့တော့ နောက်ရိုက်ကူးရေးအတွက်အချိန်သိပ်မယူရင်တောင်ကြာအုံးမှာ"

အမရာက ရေဘူးကိုင်ရင်း တိုင်းကိုပြော၏။ တိုင်းမတ်တပ်ရပ်၍ ခေါင်းခါလိုက်ကာ

"ကိုယ်အဆင်ပြေတယ်အမရာ၊ မင်းရဲ့ရိုက်ကူးရေးကိုသာပြီးအောင်လုပ်"

ဒီလိုမျိူးပြောပေးတာကိုကျေးဇူးတင်ပေမယ့် အမရာ မျက်နှာပူ၏။
ဟန်ဆောင်ခြင်းသက်သက်မှာ တစ်ခြားသူတွေကို၏အမြင်ကိုလဲထည့်
တွက်သင့်သည်။ ပြီးတော့ အမရာက အခုချိန်မှာတစ်နိုင်ငံလုံးက
သည်းသည်းလှုပ်နေတာမလို့ ဒီလိုတွဲနေတယ်ဆိုတာ သတင်းထွက်
ကြည့်နှစ်ဦးနှစ်ဖက်အတွက်ကောင်းမည်မဟုတ်။ ငွေကြေးတစ်ခုထဲကိုသာကြည့်ပြီး လက်ခံခဲ့ပေမယ့် တကယ်တမ်းကျ စိန်ခေါ်မှုကိုလက်ခံထားရသလို၊ အဖက်ဖက်မှ ဆုံးရှုံးမှုတွေများနိုင်လေသည်။အခုတောင်ပတ်ဝန်းကျင်မှလူတွေရဲ့ အကြည့်တွေကို အမရာလျစ်လျူရှုထားရ
၏၊သူတို့အမြင်မှာတော့ အမရာက ဟိုတယ်လုပ်ငန်းစုရဲ့ဆက်ခံသူ
ကိုအပိုင်ကြံပြီးစင်ဒရဲလား ဖြစ်နေပြီလို့တွက်ပေမယ့်ပေါ့လေ...။
တိုင်းတကယ်ပဲ ဒါတွေကိုမသိချင်ယောင်ဆောင်ထားတာလား။တိုင်းကရောဘာဖြစ်လို့ သူမကိုလဲလက်ခံသလဲ တကယ်ကိုပင်သိချင်၏။

stylist တွေနဲ့ makeup artist တွေက လိုက်ဖက်မယ့် အပြင်အဆင်တွေကို စီစဥ်ပေးပြီးနောက် ရိုက်ကူးရေးစသည်နှင့် အမရာက
စောရောက်နေပြီဖြစ်ကာ နောက်မှ အကူတွေက ဂေါက်အိတ်လွယ်ထားပြီး ဒါရိုက်တာကိုစောင့်နေကြ၏။

"ဟော..ရောက်နေကြပြီလား၊ နည်းနည်းနောက်ကျသွားတယ် ၊ရိုက်
ကူးရေးအတွက် အလင်းအမှောင်ချိန်ဖို့အတွက် staffတွေနဲ့ဆွေးနွေး
နေလို့"

"ရပါတယ် ဒါရိုက်တာကြီး"

ဒါရိုက်တာက အမရာကိုတစ်ချက်ကြည့်ပြီးနောက်

"အမရာ club carစီးလာသေးလား"

"ဟုတ်!ဒါဆို အမရာတို့စလိုက်ကြမလား ဒါရိုက်တာကြီး!ဟိုလေ အမရာ က ဂေါက်ကိုကျွမ်းကျွမ်းကျင်ကျင်မရိုက်တတ်လို့ အဆင်ပြေသလို သရုပ်ဆောင်လို့ရမလား"

"ရတယ်၊ ဂေါက်တံနဲ့ ကိုယ်နေဟန်ထား အဆင်ပြေရင်ရပါပြီ၊ ပြီးစ
လွယ်တော့မဟုတ်ပေမယ့် ကြော်ငြာအတွက်ဆိုတော့ ကျန်တဲ့edit
ပိုင်းတွေကို staffတွေပဲ ကြည့်စီစဥ်ပေးလိမ့်မယ်"

"ဟုတ်"

ရိုက်ကူးသည့်အချိန်မှစ၍ တိုင်းစောင့်နေသော်လည်း ခဏခဏအဆင်
မပြေမှုတွေကြုံနေရတော့ ပြန်စရင်းနဲ့ပင် အချိန်တွေကုန်လာသည်။ ရိုက်ကူးရေးဝန်ထမ်းတွေလဲ သက်ပြင်းချရင်း အမရာ၏ကိုယ်နေဟန်
ထားကိုသေချာပြောပြသော်လည်း အဆင်မပြေပေ။modelပိုင်း
မလို့သရုပ်ဆောင်မကောင်းတာပဲလားမသိ။ face expression
ဘယ်လိုပြောင်းပြောင်းအချိုးမပြေဖြစ်သည်။ကြာတော့ အမရာကိုယ်
တိုင်စိတ်ရှုပ်လာ၍ စိတ်ရှည့်လက်ရှည်စောင့်ရိုက်ပေးနေသည့် Camera manနှင့် ဒါရိုက်တာကိုတောင် အားနာလာရသည်။

အမရာ၏ အမူအရာတွေကို ကြည့်ပြီး တိုင်းပင့်သက်ရှိုက်၏၊ဒီအ
တိုင်းဆို တစ်နေကုန်တောင်ဒီရိုက်ကူးရေးပြီးမည်မဟုတ်။ထို့ကြောင့် အနားသွားကာ အမရာ၏ကျောနောက်မှနေရာယူလိုက်သည်။ပြီးတော့ အမရာ့လက်ကို ဂေါက်တံနှင့်အတူရောထပ်ကိုင်၍ ကိုယ်နေဟန်ထားကိုပါ သေချာပြုပြင်ပေးလေသည်။ထိုအပြုအမူတွေကြောင့်ရိုက်ကွင်း
ရှိလူတွေအကုန်လုံးလဲ မျက်လုံးအဝိုင်းသားဖြင့် ပြူးကြည့်နေကြ၍ မန်နေဂျာကတော့ ပြုံးရိပ်သန်း၍ ဖျက်ခနဲ ဓာတ်ပုံတစ်ပုံလှမ်းရိုက်လိုက်တော့သည်။အမရာ ကိုယ်တိုင်လဲအံ့သြမိပြီး တိုင်းကို စောင်းမော့ ကြည့်မိတော့ ရွှေရောင်မျက်မှန်ကြိုးလေးက အမရာ၏ပါးတစ်
ဖက်ကို ပုပ်ခတ်နေလေသည်။

"တစ်မျိုးမထင်နဲ့ အမရာ၊ ကိုယ်က ဒီရိုက်ကူးရေးမြန်မြန်ပြီးချင်လို့"

ဂေါက်ရိုက်ဟန်ပြရင်း အမရာ၏ကျောနောက်မှပူးကပ်ကာ ခပ်တိုးတိုးပြောလိုက်ခြင်းဖြစ်သည်။ အမရာလဲ Camera ရှေ့မှာ မချိမချဥ်ပြုံးရင်း

"ရာရာနားလည်ပါတယ်၊ရာရာ့ကြောင့်bossတောင်အလုပ်ရှုပ်နေပြီ"

ဂေါက်ရိုက်ကစားနည်းနှင့် ကိုယ်နေဟန်ထားကိုသေချာပြောပြ၊ ပြုပြင်ပေးပြီးနောက် နေရာပြန်လာ၍ ရပ်ကြည့်တော့မှ ရိုက်ကူးရေးကအဆင်ပြေချောမွေ့သွားသည်။တိုင်းနောက်ဘက်ကိုငဲ့စောင်းကြည့်တော့ ရိုက်ကူးရေးတွင်မပါဝင်သည့် သူစိမ်းတစ်ယောက်မှ ဖုန်းပြောရင်း ချက်ချင်းဆိုသလို ပြေးထွက်သွား၏။တိုင်း မျက်မှန်ပင့်တင်လိုက်ပြီး နှုတ်ခမ်းတစ်ဖက်ပါမသွားအောင်မဲ့သည်။ ထုံးစံအတိုင်း
အမေဖြစ်သူပို့ထားတဲ့stalker သို့မဟုတ် အမရာ၏ အမာခံပရိတ်သတ်တွေထဲမှ တစ်ယောက်ပဲဖြစ်မည်။

သိပ်မကြာပါ..ရိုက်ကူးရေးပြီးသည်နှင့် ဒါရိုက်တာမှတိုင်းအနားထပ်ရောက်လာ၍ ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်စကားပြော
သည်။stylist အပါအဝင်make up artist နှင့် staffအချို့
ကလဲ ပြုံးစိစိနှင့် အမရာကိုကြည့်၍ လက်ပြနှုတ်ဆက်ကာ အသီးသီးထွက်သွားကြ၏။ ထိုအခါမှ အမရာအနားကို တိုင်းရောက်လာ၍
ပစ္စည်းတွေသိမ်းနေသည့် အမရာကို ကူသိမ်းပေးလျှင်

"အာ..bossအဲ့သလိုမလုပ်ပါနဲ့၊ လူတွေမြင်ရင် တစ်မျိုးတွေထင်ကုန်
ပါအုံးမယ်၊ ရာရာ့ကို အားနာရအောင်ထပ်မလုပ်ပါနဲ့"

"မင်းက မိန်းမသားဖြစ်နေလို့ ညီမတစ်ယောက်လိုသဘောထားပြီးကူညီပေးတာ၊ဘာပဲဖြစ်ဖြစ် နှစ်ယောက်စလုံးက တစ်လှေထဲစီးနေတော့ ကူညီသင့်တာရိုင်းပင်းသင့်တာဘာမဆိုလုပ်ရမယ်လေ၊ရိုက်ကူးရေးပြီးပြီဆိုတော့ ညစာလိုက်ကျွေးရမလား"

ထိုစကားကြောင့် အမရာ ရင်ထဲနွေးခနဲ ဖြစ်သွား၍ပြုံးလိုက်မိတော့
သည်။တိုင်းခမ်းအာဏာဟာ အပြင်ပန်းသဏ္ဍာန်အရ အေးတိအေး
စက်နိုင်ပေမယ့် သူ၏ နှလုံးသားဟာ တစ်ခြားလူတွေအပေါ်မှာနွေးထွေးပေးနိုင်တာပဲ။ ဒီလိုလူကို ပိုင်ဆိုင်ရတဲ့ မိန်းကလေးကတော့
ကံကောင်းမှာသေချာတယ်။ အမရာ ကိုယ့်အတွေးနဲ့ကိုယ် ခေါင်းငုံ့ရယ်ချမိလျှင် တိုင်းက ပြူးပြူးကြီးကြည့်နေသည်။

"ဘာရယ်တာလဲ အမရာ"

"အာ..မဟုတ်ပါဘူး..ရိုက်ကူးရေးအကြောင်းစဥ်းစားမိလို့၊ ရာရာတို့
ပြန်ရအောင်လေ၊ ညစာအတွက်ကျေးဇူးတင်ပေမယ့် စေတနာကိုပဲလက်ခံပါ့မယ်၊ရာရာ့ကို ကားပါကင်အထိပဲပို့ပေးပါ"

"အိမ်ရှေ့အထိလိုက်ပို့ပေးမယ်"

စင်္ကြန်တစ်လျှောက်နှစ်ယောက်သားယှဥ်လျှောက်လာရင်း အမရာ
ခေါင်းငုံ့ထားလျှက် သိချင်တာများရှိနေ၍ မေးရသင့်တော်မတော်ဆုံးဖြတ်ရခက်နေသည်။သို့ပေမယ့် မမေးလို့ကလဲ မဖြစ်၊ သူမနဲ့အတူ
တွဲဖို့လက်ခံလိုက်တဲ့အကြောင်းရင်းကိုလဲ သိချင်မိသောကြောင့်။

"bossကိုရာရာ မေးသင့်မမေးသင့်မသိပေမယ့် တစ်ခုလောက်မေး
ခွင့်ရှိမလားဟင်..."

"မမေးသင့်ဘူးထင်ရင် မမေးတာ အကောင်းဆုံးပဲအမရာ"

တည်ကြည်လွန်းတဲ့လေသံကြောင့်အမရာ နှုတ်ခမ်းတင်းတင်းစေ့ကာ ပင့်သက်ရှိုက်လိုက်၏။ပြီးမှ

"ရာရာနဲ့ တွဲဖို့ကိုဘာလို့လက်ခံလိုက်ရတာလဲဟင်..အယ်..ပြီးတော့
bossရဲ့မေမေကြောင့်လား၊ အဲ့လိုဆိုရင် ရာရာ့ကို အားနာဖို့မလိုပါဘူး၊ ပွင့်ပွင့်လင်းလင်းပြောပြီး ငြင်းလို့ရပါတယ်၊ ရာရာတို့က နှစ်ဦး
သဘောတူဟန်ဆောင်တွဲနေပေမယ့် bossရဲ့ မေမေက အဲ့သလိုထင်မှာမဟုတ်ဘူးလေ၊ ရာရာလဲ ပိုက်ဆံယူပြီးလိမ်ထားရသလိုဖြစ်တော့
အားနာမိတယ်"

"လိမ်ထားရတာကို အားနာလို့ တကယ်တွဲချင်တဲ့သဘောလား"

အမရာ မျက်လုံးမျက်စံပင်ပြူးကျယ်သွားရ၍ အကြိမ်ကြိမ်လက်ခါ
ပြရင်း

"ရာရာအဲ့သလိုပြောတာမဟုတ်ဘူး၊ တကယ်ပါbossကိုအလုပ်ရှင်လို့ပဲမှတ်ပါတယ်၊၊ဒါပေမယ့် ရာရာ့စိတ်ထဲ မတင်မကျဖြစ်နေလို့"

"ကိုယ်ဘာလို့လက်ခံရတာလဲဆိုတဲ့အကြောင်းလား..ရှင်းပါတယ်ကိုယ်သဘောကျနေတဲ့လူရှိတယ်၊ ဒါပေမယ့် မေမေက သဘောမတူဘူးလေ...မင်းလဲ ပိုက်ဆံအတွက် လက်ခံလိုက်ရသလို၊ကိုယ်လဲ ကိုယ့်အခြေအနေနဲ့မို့ မေမေစိတ်ပြေလိုပြေငြား လက်ခံလိုက်ရတာ"

တိုင်းခမ်းအာဏာက သဘောကျရတဲ့လူရှိသည်တဲ့။ ဘယ်သူလဲ၊ ဘယ်လိုမိန်းကလေးမျိုးက တိုင်းခမ်းအာဏာကိုဆွဲဆောင်နိုင်ပါလိမ့်။
မျိုးရိုးကလဲ မြင့်နေမှာသေချာတယ်၊ သူ့လိုဆက်ခံသူကို ကမ်းလှမ်းတဲ့
အသိုင်းအဝိုင်းတွေလဲများလောက်မှာပဲလေ..။အမရာ တကယ်ပင် သိချင်မိသော်ငြား သူ့ရဲ့ ကိုယ်ရေးကိုယ်တာမလို့ မသင့်တော်။ သူမ၏
သိချင်စိတ်ကိုသာ ဖယ်ရှားပစ်တော့သည်။ထိုစဥ် မျက်စိရှေ့ရပ်နေ
သည့် လူရိပ်ကြောင့်မော့ကြည့်မိစဥ် လက်ကနွေးခနဲဖြစ်သွားသည်။
အမရာ လက်ကိုငုံ့ကြည့်လိုက်တော့ တိုင်းကအမရာ၏လက်ကိုဆုပ်
ကိုင်ထားခြင်းဖြစ်သည်။မျက်ဝန်းတွေပင်ပြူးကျယ်သွား၍ရှေ့မှလူကိုကြည့်လိုက်မိတော့ ဘုန်းဆက်က လက်ပိုက်ရပ်ကာ မျက်နှာသေနှင့် တိုင်းဆုပ်ကိုင်ထားသည့် လက်ကိုစိုက်ကြည့်နေ၏။

ဒါဘာအခြေအနေလဲ တိုင်းက ဘာဖြစ်လို့bodyguardရှေ့ရောက်မှသူမလက်ကို ဆုပ်ကိုင်လိုက်ရတာလဲ။ ပြီးတော့ ဘုန်းဆက်က သူမ
တစ်ဖက်သတ်သဘောကျနေတဲ့လူ။ ဒီလက်ကိုကြည့်ပြီး အထင်လွဲသွားနိုင်သည်။ ဘုန်းဆက်ကို အမရာကြည့်ရင်း မချိတရိပြုံးလိုက်မိ၍
ဆုပ်ကိုင်ထားသည့်လက်ကိုမသိမသာဖြုတ်ချသော်လည်းမရ။ရပ်နေ
သည့် အမရာနဲ့တိုင်းထံ ဘုန်းဆက်ရှေ့တည့်တည့်လျှောက်လာပြီးမှ ချောင်းတစ်ချက်ဟန့်လိုက်ရင်း

"ကျွန်တော်သခင်လေးနဲ့စကားခဏပြောချင်လို့ အမရာ ရှောင်ပေးလို့ရမလား"

လေသံက ပြင်းထန်လွန်းသည်။ အမရာ မျက်နှာပျက်၍ စိတ်ပင်မကောင်း။ဘာမှမဆိုင်သော်ငြား ကိုယ်သဘောကျရတဲ့လူက အထင်လွဲမည့်အဖြစ်ကိုတော့ မဖြစ်ချင်။ ထိုစဥ်..

"အမရာ ရှောင်ပေးစရာမလိုဘူး၊ အမရာက ငါနဲ့တွဲနေတဲ့လူ၊ပြောစရာရှိရင် ဒီမှာပဲပြော"

ဘုန်းဆက်မျက်ဝန်းတွေစူးရဲလာ၏၊ တိုင်းကခပ်ထေ့ထေ့ကြည့်ကာ
ဘာပြောမှာလဲဆိုသည့်သဘော။ ဒီနှစ်ယောက်အကြားမှာ အမရာတကယ်ကိုနေရထိုင်ရခက်လာသည်။တိုင်းက စံအိမ်မှာဆိုလျှင် စည်း
ကမ်းကြပ်တယ်ဆိုသည့်စကားကိုလဲ ကြားဖူးထားသောကြောင့် ဘုန်းဆက်နဲ့တိုင်း တစ်ခုခုဖြစ်နေတာ သေချာသည်။ အမရာ မျက်နှာပျက်
စွာဖြင့် ဆုပ်ကိုင်ထားသည့်လက်ကိုအားယူဖြုတ်ချလိုက်၍

"ဟို...အမရာနောက်ကျနေပြီ ပြန်နှင့်ပါတော့မယ်"

ပြောပြီးအမရာခပ်သုတ်သုတ်ထွက်သွားတော့မှ တိုင်း၏လက်ကောက်
ဝတ်ကိုဆောင့်ဆွဲကာ လူသူရှင်းသည့် အရေးပေါ်ထွက်ပေါက်လှေကား
ထပ်တွေဆီသို့ဆွဲခေါ်သွားသည်။ ဘယ်နှလွှာမှန်းမသိတဲ့ လှေကားထပ်တွေပေါ် ဆွဲတက်ရင်း လူအရှင်းဆုံးတစ်နေရာရောက်မှ လက်ကောက်
ဝတ်ကိုဆွဲလှည့်ပြီး တိုင်းကိုနံရံမှာ 'ဘုန်း'ခနဲ မြည်အောင်ကျောကပ်ချပစ်သည်။ထို့နောက် သူ့လက်ဖြင့် နံရံကို 'ဒုန်း'ခနဲမြည်အောင်လက်သီး
ဖြင့်ပိတ်ထိုးလိုက်၍ တိုင်း ရုန်းထွက်လို့မရအောင် ရင်ဘတ်ချင်းအပ်
ထားပြီးဒေါသမျက်ဝန်းတွေဖြင့်စိုက်ကြည့်သည်။

နံရံနှင့်ကျောပြင်တစ်ခုလုံး ရိုက်မိတဲ့အရှိန်ကြောင့် တိုင်းကျောပြင်တစ်ခုလုံး နာကျင်စွာအောင့်တက်သွားပြီး ဒေါသကဆင့်မခေါ်ပဲထိုးတက်လာသည်နှင့်မျက်ဝန်းတွေအေးစက်လာကာ နီရဲတက်လာ၏။ ထို့အတူလေသံကပါအေးစက်လာလျှက်...

"ဘုန်း..ဆက်..မှုး..သွင်!"

"ပြော!"

"မင်းငါ့ကိုဘာထင်နေလို့ ဒီလိုလုပ်ချင်တိုင်းလုပ်နေရတာလဲ၊ မင်းကိုယ်မင်း စည်းကမ်းဖောက်နေတယ်ဆိုတာနားလည်လား"

"ကျုပ်ဖြေရမလား..အခုချိန်ထိတော့ တိုင်းခမ်းအာဏာရဲ့ ချစ်သူလို့ထင်တယ်၊စည်းကမ်းဖောက်တယ်လို့ပြောရအောင်လဲ နဂိုကတည်းကလိုက်နာခဲ့တာမရှိဘူး"

"မင်းက ရောင့်တက်နေတာပဲ၊ မင်းအဲ့သလိုပြုမူလေ အလုပ်ဖြုတ်ခံရဖို့နီးလေဆိုတာသတိကပ်၊ အခြေအနေကိုနားလည်"

"ဒုန်း!"

ဘုန်းဆက်ဒေါသကြောင့် နံရံကိုအရှိန်ဖြင့်ထိုးချပစ်လိုက်တော့သည်။
အားပြင်းလွန်းသလားတော့မသိ။လက်သီးဆုပ်က တိုင်း၏မျက်နှာဘေးမှဖြတ်သွားသည့်အချိန် လေထုပြင်းအားကိုခံစားမိလိုက်၏၊ပြီးတော့တိုင်း မျက်ဝန်းတွေကိုငုံ့မိုးကြည့်ရင်း ဒေါသကြောင့် သြရှရှအသံကြီးပါထွက်ပေါ်လာလျှက်

"ခင်ဗျားကို အဲ့ဒီမိန်းကလေးနဲ့ တွဲမမြင်ချင်ဘူးတိုင်းခမ်းအာဏာ၊
ခင်ဗျားကိုသူနဲ့ သဝန်တိုတယ်၊ မကြိုက်ဘူးလို့ပြောနေတယ်၊ကျုပ်
မဟုတ်တဲ့ဘယ်သူနဲ့မှကို မမြင်ချင်ဘူး၊ ခွင့်ပြုချက်မရှိပဲနဲ့လဲ ဘယ်သူနဲ့မှ တွဲခွင့်မရှိဘူး"

"ခွင့်ပြုချက်ဟုတ်လား၊ နေပါအုံး..မင်းကအရှင်သခင်လား၊ငါက
အရှင်သခင်လား...ငါဘယ်သူပဲတွဲတွဲ မင်းဆီကခွင့်ပြုချက်ယူရအုံးမှာလား၊ မင်းသာ ငါ့အနားမှာ ဆက်ရှိနေချင်ရင် ဒီနေရာမှာပဲဒီအတိုင်းနေ ရှေ့ဆက်မတိုးနဲ့"

တိုင်းပုံစံက နာကျင်နေသော်လည်းဘုန်းဆက်မရိပ်မိချေ။ သူဒေါသနဲ့သူလုံးပန်းနေရင်းသာ။

"ကျစ်!ခင်ဗျားနဲ့ကျုပ်နဲ့ကသာမန်မဟုတ်ဘူးနော်၊ ကုတင်တစ်ခုတည်းမှာအတူအိပ်ဖူးတဲ့လူတွေ"

တိုင်းမျက်ဝန်းတွေပိုမိုအေးစက်လာကာ လူသေကောင်တစ်ယောက်လိုပြောင်းလဲသွားလျက် ဘုန်းဆက်အားမျက်လွှာပင့်ကြည့်သည်။

ထို့နောက်..

"ကိုယ်တို့အဲ့ဒီထက်ပိုခဲ့သလား"

ဘုန်းဆက်ရုတ်ချည်းဆိုသလိုငြိမ်သက်၍ အဖြေမရှိဖြစ်သွားရသည်။
ထိုနေ့ညက တိုင်းမှဖက်ထားခွင့်တောင်းခံခဲ့သော်လည်း အဲ့ဒီထက်တော့မပိုခဲ့။သူ့အပေါ် မရိုးသားတာ ဘာတစ်ခုမှမပြုလုပ်ခဲ့ပေ။ ဒါဟာသူ့အပေါ်ထားရှိသည့် တိုင်း၏ဖြူစင်တဲ့သစ္စာဟုဆိုသော်လည်း သူက
တော့ တိုင်းကိုပိုင်ဆိုင်ချင်သည့်စိတ်ဖြင့် မဟုတ်တမ်းရားပြောကာ
စောင့်ထိန်းသူ၏အိန္ဒြေကိုစော်ကားမိလိုက်ခြင်း။ အဖြေရှာမရသည့်အမေးစကားတစ်ခွန်းအတွက်ဘုန်းဆက်ခေါင်းငုံ့ချကာငြိမ်သက်နေဆဲ။

"မင်းဘယ်အထိဆက်သွားချင်နေတာလဲ၊ဘယ်လောက်ထိriskယူ
ချင်နေတာလဲသွင်!"

ဘုန်းဆက်အသံတွေပင်တုန်ယင်လာလျက်

"ကျုပ်တို့နှစ်ယောက်ကြားမှာဖြစ်ပျက်ခဲ့တဲ့အရာတွေက အိပ်မက်မှမဟုတ်ပဲ"

"မေ့လိုက်!"

ဒီလူဒီလောက်ထိကိုပြောထွက်ရက်လေခြင်း။ဘုန်းဆက်အံတင်းတင်း
ကြိတ်ထား၍

"မေ့ချင်တိုင်းမေ့ရအောင် ကျုပ်နှလုံးသားကအပေါစားမဆန်ဘူး"

"အင်း!ငါကတော့ မင်းအပေါ်အပျော်သဘောပဲ သတ်မှတ်ခဲ့တယ်"

"ဟာ..တိုင်း!ခင်ဗျားစကားတွေက ကျုပ်ကိုအဆိပ်သင့်စေတယ်နော်၊
ရင်ထဲကမပါတဲ့စကားတွေကို မပြောပါနဲ့တော့ဗျာ၊ကျုပ်သိတယ် ဒီစကားတွေက စိတ်ရင်းမဟုတ်ဘူးဆိုတာ၊ ဘယ်လောက်ပဲအဝေးကိုတွန်းထုတ်ပါစေခင်ဗျားဘေးကဘယ်တော့မှထွက်သွားမှာမဟုတ်ဘူး"

"မင်းပြောခဲ့တဲ့စကားတစ်ခွန်းကို မှတ်မိသေးလား"

ဘုန်းဆက်မျက်နှာပျက်ပျက်ယွင်းယွင်းဖြစ်လျှက် မပြောချင်သည့်ပုံစံဖြင့်

"ကျွန်တော်က တိုင်းရဲ့စေလိုရာစေ"

"အင်း!အဲ့ဒီတော့မေ့လိုက်!"

ပြောပြီးတိုင်းကရွဲနေသည့် suit ကိုပြန်ပြင်ပြီးရုန်းထွက်တော့ ဘုန်းဆက်ကနံရံမှာ ကျောပြန်ဆွဲကပ်ရင်း

"ခင်ဗျားမရုန်းနဲ့!ရုန်းရင်နေရာမှာတင်ပွဲချင်းပြီးသွားမယ်"

"ဘုန်းဆက်မှုးသွင်!မင်းကငါ့ကိုခြိမ်းခြောက်နေတာလား၊ လက်သီး
မသုံးချင်လို့ဆိုတာ အသိရှိလား"

"အဟက်!တိုင်းခမ်းအာဏာနဲ့ပတ်သတ်လာရင် ဘာအသိမှမရှိဘူး၊
မလုပ်ရဲတာလဲမရှိဘူး၊ မကျေနပ်လို့ ထိုးချင်လဲထိုးလေ၊ ဘာနဲ့ထိုးထိုး၊
လက်သီးနဲ့ပဲထိုးထိုး၊ နှုတ်ခမ်းနဲ့ပဲထိုးထိုး၊ ဒါမှမဟုတ်..."

အကြည့်တွေက တိုင်း၏ခါးအောက်ပိုင်းကိုရောက်သွား၍ အပြုံးတစ်ခုဖြစ်ထွန်းသွားလျှင်မျက်နှာတစ်ခုလုံးပူထူလာ၍ လက်ကအော်တို မြောက်တက်သွားသည်။

"ဖြောင်း!"

"မင်းမမိုက်ရိုင်းနဲ့"

ထိုရိုက်ချက်ကြောင့်မျက်နှာတစ်ခုလုံးလည်ထွက်သွားကာ ဟွန့်ခနဲမျက်နှာမဲ့၏။လူကသာပိန်ပိန်ပါးပါး လက်သံကတော့ အဖေခေါ်ရမည်။ဘုန်းဆက်ပါးရိုက်ခံရသည့်တိုင် ပါးချိုင့်ကြီးတွေနစ်ဝင်အောင်ပြုံး၍ လူမိုက်တစ်ယောက်လိုကြည့်ကာ

"ကျစ်!ဒုက္ခပဲ..ခင်ဗျားက ပါးရိုက်တာတောင် ဆွဲဆောင်မှုရှိနေပါ့လား၊ကျုပ်စိတ်တွေတော့ ချုပ်တည်းမထားနိုင်တော့ဘူးထင်တယ်"

ဒီကောင်ဘာဖြစ်လို့ဒီနေ့မှ ဒီလောက်ဆိုးနေရတာလဲ။ မပြောရဲတာဆိုလဲဘာမှမရှိ။ တိုင်းရှေ့မှာ အုပ်မိုးထားသည့်လူကိုကြည့်ရင်း ရင်ဘတ်ထဲကလဲ တဆစ်ဆစ်။ ဒီအခြေအနေကို တကယ်ပင် ကျော်လွှားနိုင်ပါ့မလား။ ထိုစဥ် ပါးတစ်ဖက်မှ နွေးခနဲဖြစ်သွား၍ မျက်လွှာပင့်ကြည့်လိုက်တော့ နီးနီးကပ်ကပ်ရှိနေတဲ့ မျက်ဝန်းတွေကြောင့် တိုင်းပင့်သက်ရှိုက်၏။ထို့နောက် မေးဖျားကိုပင့်ယူခံရ၍

"လမ်းခွဲမယ့်စကားတွေကို မောင်ခံနိုင်ရည်မရှိဘူးတိုင်း!"

"လမ်း...ခွဲ...မယ်"

ပြောပြီး တိုင်းကရုန်း၍ အရင်ထွက်သွား၏။ဘုန်းဆက် ပင့်သက်ရှိုက်ကာ မေးရိုးကတင်းခနဲ။ဒီလူဘယ်လိုချော့ချော့မရသည့်အပြင် ပြောလေကဲလေပါလား။ထို့နောက် ဘောင်းဘီအိတ်ထဲမှ ဖုန်းကိုထုတ်လိုက်ပြီး နံပါတ်တစ်ခုကိုခေါ်လိုက်၍ဖုန်းဝင်သွားသည်နှင့်

"royal palace hotelရဲ့ အစုရှယ်ယာတွေကို စဝယ်ထားလိုက်"

"...."

"အင်း! ကျွန်တော့်နာမည်မသုံးနဲ့၊ ဝယ်ယူသူအနေနဲ့USမှာရှိတဲ့ လက်ထောက်တစ်ယောက်ကိုထည့်လိုက်"

ဖုန်းချလိုက်သည်နှင့်မျက်ဝန်းတွေကအရောင်လဲ့လာကာ မဲ့ပြုံးမိလျက်သား။ဒီနေ့ဒီနေရာမှာတင်ခံစစ်ကပြီးဆုံးသွားခဲ့ပြီမို့ သူ့ဘက်က
မညီမျှခြင်း ထိုးစစ်ကိုအခုမှစမှာ။ တိုင်းကိုပိုင်ဆိုင်နိုင်ဖို့အတွက်ဆို
ဘာပဲလုပ်ရလုပ်ရပါစေ။

"သခင်လေး ဘုန်းဆက်ရော"

ကားပါကင်ရောက်သည်နှင့် ကိုစိုးလင်းကမေးလိုက်တာဖြစ်သည်။

"အနောက်မှာပါလာတယ်"

တိုင်းပြောပြီးသိပ်မကြာ ဘုန်းဆက်ချက်ခြင်း ရောက်လာ၍ မျက်နှာ
ကတော့တည်တင်းနေ၏၊ထို့အပြင် အနောက်ခန်းမှာမထိုင်ပဲ..ကိုစိုးလင်းဘေးဝင်ထိုင်လိုက်တော့ အံ့သြမိသော်လည်း သူတိူ့အကြောင်းနဲ့
သူတို့မလိူ့ လီဗာကိုသာဖိနင်းပြီး ကားကိုလျှောခနဲ မောင်းထွက်လိုက်
၏။

အရှေ့မှာထိုင်နေသည့် ဘုန်းဆက်ကိုကြည့်ရင်း တိုင်းအံကြိတ်မိသည်။
ဒီကောင်လေးကို သူ့ဘေးနားမှာရှိစေချင်တာနဲ့ပဲသူ့အပေါ်မလုပ်သင့်
တဲ့လုပ်ရပ်တွေလုပ်နေမိပြီလား။စကားတွေက သူ့ကိုအဆိပ်ချပေးနေ
သလိုဖြစ်နေပြီလား။အတ္တတစ်ခုတည်းအတွက်နဲ့ ဒီကောင်လေးကိုနာကျင်စေမိပြီလား။အနားမှာရှိနေစေချင်ရုံနဲ့တင် ဒီအခက်အခဲတွေကိုကျော်လွှားနိုင်ပါ့မလား။သူဟာလဲ ငကြောက်တစ်ယောက်ဖြစ်နေမိပြီလား။မဟုတ်...သူဟာ ချစ်ရသူကို ကာကွယ်ဖို့အတွက်ဆိုအနားမှာ
ရှိရုံ၊ ငေးကြည့်နေရရုံနဲ့တင် ကျေနပ်တယ်။ဒါတွေကို သူမသိလဲဖြစ်တယ်။

>>>>>>>>>>>>>>

"ခွမ်း"

"မင်းတော်သင့်ပြီထင်တယ်ဘုန်းဆက်"

"ဖယ်စမ်းပါ"

စံအိမ်မှဘယ်လိုလစ်ထွက်လာသလဲမသိ။ ညကြီးမိုးချုပ် ခန့်ဆက်၏
condoကိုရောက်လာပြီး ပုလင်းထောင်နေသည်။

"သူ..လေ..ငါ့အပေါ်လုပ်ရက်တယ်၊ငါဒီလောက်..ကျစ်!..သူ..အဲ့သလို..လုပ်လေကွာ..ငါဘက်ကနောက်ဆုတ်မှာမဟုတ်ဘူး..အေ့"

"မင်းစဥ်းစားကြည့် ငါသူ့ကို...ဒီလောက်တောင်ချစ်တာကိုကွာ၊သူကမဝံ့ရဲနေတာ၊သတ္တိကိုမရှိဘူး၊ရင်ဘတ်ထဲကချစ်နေရဲ့သားနဲ့...အရူး"

"ဘုန်းဆက်!မင်းအနားယူဖို့လိုနေပြီ၊ အရာအားလုံးက ကံကြမ္မာစေရာအတိုင်းပဲ ဖြစ်မှာ၊ အတင်းဇွတ်လုပ်ယူလို့မရဘူး"

"ဘာလို့မရ'ရမှာလဲ၊ ငါလိုချင်ရင်ဖြစ်အောင်ယူမှာ၊ငါသူ့ဘက်ကိုတွေးပြီးအလျှော့ပေးနေလို့ကွ၊ အခုတော့ငါ့ရင်ဘတ်တွေတစဆီကြေမွနေခဲ့ပြီးနင့်နေအောင် တဆစ်ဆစ်အောင့်နေတယ်..အဟက်"

သမီးရည်းစားသဘာဝ တွေ့ဆုံကြုံကြိုက်ပြီး ကံအကြောင်းတရားပါ
မလာရင်တော့ အချိန်တန်ရင်ခွဲခွာရတာပါပဲ။ ဘဝဟာ အမြဲတမ်း
ဆုတောင်းသမျှတွေကတော့ ပြည့်နေမှာမဟုတ်ဘူး။ဒါကို ညီဖြစ်သူအားနှလုံးသွင်းစေချင်သော်လည်း။ သူကတော့ ဘူးဆိုဖရုံမသီးတတ်သူမို့ခက်လှချည်ရဲ့..။စားပွဲပေါ်မှာရှိသည့် ပုလင်းတွေဆိုတာလဲတစ်ပုလင်းမကတော့ချေ။မူးပြီးပြောနေသည့်စကားတွေဆိုတာလဲ လေလုံးမကွဲ။ ရင်ဖွင့်သံတွေသာဗလာင်ဆူနေသည်။ခန့်ဆက်ညီဖြစ်သူကို
ကြည့်ပြီး စိတ်ပျက်မိ၏။ဒေါ်ငွေနန်းရွှေရည်ကို တိုင်းသွားတွေ့ပြီးနောက် တိုင်းကဘုန်းအပေါ် သိသိသာသာပြောင်းလဲသွားသည်တဲ့။
သို့ပေမယ့် တိုင်းဘက်မှဒီလိုစကားမျိုးထိ ထွက်ကျလာမယ်လို့လဲ
မထင်ထားခဲ့။ညီဖြစ်သူကလဲ တစ်ဖက်ကသဘောမကျပါဘူးဆိုတာကိုဘာကိစ္စအဲ့ဒီမှာဆက်နေသလဲ။ တားမရတဲ့လူကိုကြည့်ပြီး ခန့်ဆက်ထိုင်လျက် အရက်ငှဲ့နေသည့်လက်ကိုဆွဲဖမ်းလိုက်သည်။

"မင်းတော်တော့"

"ဖယ်စမ်း!"

"ဒုန်း!"

"ငါလေရူးနေပြီသိလား၊ငါရူးနေပြီထင်တယ်၊ငါကဘယ်နေရာချို့ယွင်းနေလို့လဲ၊သူတို့အတ္တတွေအတွက် ပြန်ပေးဆပ်ရမယ်"

"မင်းမရူးဘူး၊ ဒါပေမယ့် ငါမြင်နေရတာတော့ မင်းကအချစ်အတွက်နဲ့
ကိုယ့်ကိုယ်ကို အပူမီးလိုလောင်မြိုက်နေစေတာ"

အသည်းကွဲတဲ့ဒဏ်ဟာဘာလဲခန့်ဆက်မသိသော်ငြားရှေ့မှာငိုယိုနေတဲ့
ညီကိုကြည့်ပြီး ရင်ထဲ မွန်းကြပ်လာသည်။ ဆံပင်တွေထိုးဖွလိုက် ရှိုက်ငိုလိုက်ဖြင့် မျက်ဝန်းတွေတောင်မှနီရဲနေပြီ။တိုင်းကိုလဲနားမလည်နိုင်တော့သလို၊ဒေါ်ငွေနန်းရွှေရည်ကိုလဲ နားမလည်နိုင်။ ဘယ်ဘဝအငြိုးတွေကြောင့်များအဲ့သလောက်မုန်းတီးနေရတာလဲ။ထိုစဥ် ဘုန်းဆက်ကစားပွဲမှ ယိုင်နဲ့နဲ့ဖြင့်ထရပ်လိုက်သည်။

"မင်းဘယ်သွားမလို့လဲ"

"ဒေါ်ငွေနန်းရွှေရည်ဆိုတဲ့ မိန်းမကြီးဆီ သွားရှင်းမလို့..အေ့"

"မင်းမူးနေပြီ ဘုန်းဆက်၊ ပေါက်ကရတွေလျှောက်လုပ်မနေစမ်းနဲ့"

ခန့်ဆက်ကလက်ကောက်ဝတ်ကိုဆွဲလှည့်ပြီး ဆောင့်ဆွဲကာ လေသံတင်းမာသွားတော့မှ နေရာမှာတင်ဖင်ထိုင်လျက်သားလဲကျသည်။
အစ်ကိုဖြစ်သူမလို့ အနည်းငယ်တော့ သြဇာရှိသေးပုံရသည်။ဘုန်းဆက်ငြိမ်ကျသွားတော့မှ ဒူးတစ်ဖက်ထောက်ချလိုက်ပြီး နီမြန်းနေသောမျက်နှာနှင့် စိုစွတ်နေသောပါးပြင်ပေါ်မှ မျက်ရည်စီးကြောင်းတို့ကို လက်ချောင်းတို့ဖြင့် ပွတ်သုပ်ပေးကာ ရင်ခွင်ထဲ ထည့်ထားလိုက်ပြီး ကျောပြင်ကို ပွတ်သပ်ကာနှစ်သိမ့်ပေးလိုက်၏။ ကိုယ့်ညီကအရူးအမူးဖြစ်နေမှတော့ တိုင်းကိုလဲအပြစ်မဆိုချင်။ငယ်ငယ်တုန်းကသူ
သိထားတဲ့တိုင်းသာဆိုလျှင် သေချာပေါက်အကြောင်းတစ်ခုခုရှိလို့
မလွှဲသာတဲ့အခြေအနေကြောင့်မလို့သာ ဘုန်းဆက်ကို ခဏခွဲထုတ်နေခြင်းလို့သာ တွေးနေမိသည်။

"တင်း~တောင်"

ဘဲလ်သံကြောင့်နာရီကြည့်လိုက်လျှင် ည10 နာရီရှိပြီ။ ဒီအချိန်ကြီး
ဘယ်သူလာတာလဲ တွေးရင်းခန့်ဆက် မျက်မှောင်ကျုံ့လိုက်မိတော့
သည်။ မူးပြီးယိုင်နဲ့နဲ့ ဖြစ်နေသည့် ဘုန်းဆက်ခန္ဓာကိုယ်ကိုဆွဲမ၍
ဖင်ထိုင်ခုံပေါ်ခဏပြန်ချပေးပြီးနောက် တံခါးသွားဖွင့်လျှင်

"ဟင်!ကိုခေတ် ညကြီးမင်းကြီး ဘာကိစ္စရှိလို့လဲ"

ခေတ်နေရောင် ဧည့်ခန်းထဲ လည်ပင်းတစ်ချက်မျှော်ကြည့်လိုက်ပြီးနောက် ချက်ချင်းဝင်လာ၍

"ဘုန်းဆက်ဒီမှာရှိနေမလားလို့"

"ခင်ဗျာ!"

ဧည့်ခန်းထဲမှမတွေ့တော့ မီးဖိုခန်းဘက်လှည့်လိုက်သည်နှင့် ထိုင်ခုံပေါ်
ငုတ်တုပ်အနေအထားဖြင့်ခေါင်းငိုက်စိုက်ကျနေသည့် ဘုန်းဆက်ကိုမြင်လိုက်ရ၏။တိုင်းဆီဖုန်းဆက်ဖြစ်တော့ တိုင်းကစံအိမ်မှာလူစစ်ရင်းဘုန်းဆက်ပျောက်နေကြောင်းပြောရင်းဆက်စပ်မိ၍ လက်ရှိအခြေအနေကိုပြောဖြစ်သည်နှင့် ဒီကိုလိုက်လာခဲ့ခြင်းဖြစ်သည်။

"ကိုခေတ်!ဘုန်းဆက်ဒီမှာရှိမှန်းဘယ်လိုသိတာလဲ၊ ကိုခမ်းပြောလိုက်တာလား"

"ခမ်းနဲ့သူ့အကြောင်းအစ်ကိုကြားတယ်မှုး၊ လူစစ်ရင်း ဘုန်းဆက်ကို
မတွေ့ဘူးပြောလို့ ဒီမှာရှိလောက်မယ်တွေးပြီးလိုက်လာခဲ့တာ"

"ဟုတ်လား၊ အဲ့တာဆိုအခုချက်ခြင်း ပြန်ပို့လိုက်မယ်လေ၊ဒါပေမယ့်
ဘုန်းဆက်က အခုအသိစိတ်မရှိလောက်အောင်မူးနေတော့"

"ဒီမှာရှိတယ်ဆို စိတ်ချရပြီလေ၊ဒီတစ်ညတော့ဒီမှာပဲအိပ်ပါစေတော့"

"ဟုတ်"

ခန္ဓာကိုယ်ကိုဆွဲမ၍ လက်နှစ်ဖက်ကို လူနှစ်ယောက်၏ပုခုံးပေါ်တင်လိုက်ပြီး ဘုန်းဆက်ကို အလယ်မှထားကာ bed roomဆီသို့ တွဲခေါ်၏။ အခန်းထဲရောက်သည်နှင့် မွေ့ယာပေါ်ဖရိုဖရဲပစ်လဲကျသွားသောဘုန်းဆက်ကိုကြည့်ရင်း ပင့်သက်ရှိုက်လေသည်။ ပြီးမှ ခေတ်နေရောင်နှင့်အတူ ပြန်ထွက်လာ၍ ဝရံတာဘက်ထွက်ပြီး ကားလမ်း
မကြီးကိုကြည့်ကာလေညှင်းခံရင်း

"ကိုခမ်းဆီsmsပို့လိုက်အုံးလေ၊ စိတ်ပူနေအုံးမယ်"

"အင်း!အခုပဲ ပို့ပြီးပြီ"

လက်ထဲမှဖုန်းကိုင်ထားရင်းနေရောင်ကပြောလိုက်သည်။ပြီးမှ ဖုန်းကို
ဘောင်းဘီအိတ်ထဲပြန်ထည့်ထားလိုက်၍ ခန့်ဆက်ကိုဘေးစောင်းငဲ့
ကြည့်သည်ထို့နောက်...

"ညီလေးကြောင့်စိတ်ပင်ပန်းနေပြီလား"

"သြော်...ညီလေဗျာ...အနည်းနဲ့အများတော့စိတ်ညစ်တာပေါ့၊ ကိုခမ်းရောအဆင်ပြေပါ့မလားမသိဘူး"

"အစ်ကိုနဲ့ဖုန်းပြောတုန်းကတော့အသံကရေခဲတုံးအတိုင်းပဲ၊ဒါပေမယ့်
ခမ်းကစိတ်မာပါတယ်၊ သူဖြတ်ကျော်နိုင်မှာပါညီလေးကိုသာဂရုစိုက်"

ခန့်ဆက်ပင့်သက်ရှိုက်ကာဘာမှဆက်မပြော။ဝရံတာကိုသာလက်နှစ်ဖက်ထောက်၍ လင်းထိန်နေသော လမ်းမကြီးတစ်လျှောက်ရှိ မီးတိုင်
တွေကိုသာငေးမောကြည့်နေသည်။ ညီကလဲတဇွတ်ထိုးဥာဏ်နဲ့ စိတ်မာတဲ့လူပါပဲ။ ဒီညရဲ့ဖြစ်ပျက်မှုဟာလဲ သူ့ကိုယ်သူအားမလိုအားမရ
နှင့်မချင့်မရဲစိတ်တွေကြီးစိုးနေလို့သာ အစ်ကိုထံလာပြီး ရင်ဖွင့်နေတာမဟုတ်ဘူးလား။

"မှုး!"

အတွေးလွင့်နေစဥ် နေရောင်ခေါ်သံကိုသတိမထားမိ။ တိုက်ခက်နေသော ညလေအေးအေးလေးကိုသာခံစားရင်း မျက်ခုံးတန်းတွေစုကုပ်နေသည်။မျက်ဝန်းတွေမှေးပိတ်လိုက်ပြီးတစ်ခဏ ကိုယ့်အသက်ရှုသံကိုသာနားထောင်ရင်း တဖြည်းဖြည်း နားထဲတိုးဝင်လာသော အသံကြောင့် လှည့်ကြည့်မိတော့ နေရောင်က ဘောင်းဘီအိတ်ထဲလက်
ထည့်ထားရင်း သွားတန်းလေးများပေါ်အောင် ရယ်ပြနေလေသည်။

"သြော်...ကိုခေတ် မပြန်သေးဘူးလားဟင်၊နောက်ကျနေပြီရယ်၊ခဏ
ကိုခေတ်ပြန်ရင် ကျွန်တော်ကိုယ်တိုင်ချုပ်ထားတဲ့ ရှပ်အင်္ကျီလေးလက်
ဆောင်ထည့်ပေးလိုက်အုံးမယ်"

ပြောရင်းဧည့်ခန်းထဲပြေးဝင်ဖို့ခြေလှမ်းတော့ နောက်မှလှမ်းဆွဲလိုက်၍
ဟန်ချက်ပျက်ပြီး အရှိန်ဖြင့် နေရောင်ရင်ခွင်ထဲရုတ်တရက်ပစ်ကျသွားသည်။ ပြိုကျလာသော ခါးကို ခေတ်နေရောင် အလိုက်သင့်ဖမ်းပြီးနောက်ငုံ့ကြည့်လိုက်လျှင် ပြန်လည်မော့ကြည့်နေသော မျက်ဝန်း
တွေနှင့်ဆုံစည်း၏။ထိုမျက်ဝန်းတွေကြောင့် စိတ်ထဲ တစ်မျိုးတစ်မည်
ဖြစ်သွား၍ ရုန်းထွက်လိုက်သော ကိုယ်ကိုပြန်ဆွဲဖက်လိုက်ပြီး ဝရံတာပေါ်ကျောကပ်ချကာ လက်ဖဝါးဖြင့် ဘောင်ကိုထောက်၍ကာစီးထား
သည်။

"ကိုခေတ် ဘာလုပ်တာလဲ"

"အစ်ကိုမင်းကို ဖွင့်ဟဝန်ခံစရာရှိတယ်၊ဒီစကားကိုမှမပြောရရင်နောင်တရမိမယ်ထင်တယ်"

ညလေအေးအေးလေး ရွေ့လျားပြေးလွှားနေသောကြောင့် ခန့်ဆက်
ဆံပင်တွေဖွာကျနေပြီး ခေတ်နေရောင်၏မျက်ဝန်းတွေကိုခန့်မှန်းမိ၍ မျက်နှာလွှဲထားရင်း မပြောပါစေနဲ့လို့သာကြိတ်ဆုတောင်းသော်လည်းဆုတောင်းမပြည့်ခဲ့ပေ။

"အစ်ကိုမင်းကိုသဘောကျနေတယ်၊ မင်းရဲ့အပြုံးတွေက အစ်ကို့ရင်ဘတ်ထဲမှာဖြစ်တည်နေတယ်"

"ကိုခေတ်!"

ခန့်ဆက်မျက်နှာလွှဲထားရင်း ရုန်းထွက်လိုက်တော့ နေရောင်ခပ်မတ်
မတ်ပြန်ရပ်ကာ ဝရံတာပေါ်လက်ပြန်ထောက်ထားလေသည်။ထင်
သည့်အတိုင်းပင်ထုတ်ပြောလာ၏။ ယခုအချိန်မှာတော့ အချစ်နဲ့ ပတ်သတ်ပြီးပူလောင်နေသောညီကိုကြည့်၍အချစ်ကို ရင်မဆိုင်ချင်သလို၊
ဒီရပ်ဝန်းငယ်လေးထဲ ခြေချဖို့အတွက်ပင် ကြောက်လန့်နေမိခဲ့သည်။
ဟုတ်တယ်၊သူဟာ အချစ်ကိုရင်မဆိုင်ရဲသ၍ ရှောင်ပြေးနေမယ့်လူ
ကြောက်တစ်ယောက်ပါပဲ။ခန့်ဆက်ခြေလှမ်းတွေယောင်ယောင်မှားမှားဖြစ်ပြီး နောက်သို့ဆုတ်မိလျှင် ခေတ်နေရောင်မှ ပြန်ဆွဲထား၏။

"အဆင်ပြေရဲ့လား မှုး!အစ်ကို့ကိုအခုချက်ခြင်း အဖြေပြန်ပေးဖို့မလို
သေးပါဘူး၊ ဒီအခြေအနေမှာ မင်းလဲ လန့်သွားမယ်ဆိုတာအစ်ကိုနား
လည်တယ်၊အစ်ကို့ဘက်ကဒီစကားကိုမပြောလိုက်ရရင်သာနောင်တရ
မိမှာမလို့ ပြောတာပါ။မင်းအဆင်ပြေတဲ့အချိန်ထိ အစ်ကို စောင့်နေပေးလို့ရတယ်"

"ဟုတ်၊ကျွန်တော်အခုချိန်မှာ ဒါတွေကိုထည့်မတွက်ချင်သေးဘူး၊
ဒါပေမယ့် အဆင်ပြေမယ့်တစ်နေ့ရောက်ရင်တော့ ကျွန်တော်စဥ်းစားဖြစ်မှာပါ"

ခေတ်နေရောင် 'ဟင်း'ခနဲ သက်ပြင်းချရင်းခေါင်းကိုအကြိမ်ကြိမ်ငြိမ့်
နေမိသည်။ဒီအဖြေကိုသဘောမကျမိသော်ငြား အရမ်းကြီးဆိုးလှတဲ့
အဖြေတော့မဟုတ်ပေ။သူ့ဘက်ကအဖြေကို ရိုးရိုးရှင်းရှင်းလေးပြော
လိုက်တာမလို့ စောင့်ဆိုင်းနေရမည်မှာ ကိုယ့်တာဝန်သာဖြစ်သည်။

##############

Zawgyi

နာရီကိုၾကည့္လိုက္ေတာ့ 2နာရီခြဲေနၿပီ။ရိုက္ကူးေရးစသည့္အခ်ိန္မွ စ၍fitness center အား ေန႕တစ္ဝက္ပိတ္ထားရ၏။မနက္တစ္ပိုင္းလုံး ရိုက္ကူးေရးလုပ္ေနသည့္အမရာ အနားမွာပဲရွိေနရကာ တိုင္းဘယ္မွသြားလို႔မရ။ ထိုသို႔ တစ္ခ်ိန္ကုန္ ရွိေနျခင္းေၾကာင့္ မန္ေနဂ်ာအပါအဝင္ ရိုက္ကူးေရးတာဝန္ခံေတြကအစ သို႔ေလာ သို႔ေလာႏွင့္ေနာက္ကြယ္မွာေတာ့ တီးတိုးေျပာၾကသည္။

"cut!"

ဒါရိုက္တာ မွမတ္တပ္ထရပ္၍ေျပာလိုက္ျခင္းျဖစ္သည္။ ထိုအခါမွ
staffတစ္ခ်ိဳ႕က ပဝါႏွင့္ ေရဘူးကိုင္၍ ေခြၽးစို႔ေနေသာ အမရာထံအေျပးသြား၍ တစ္ရႉးတို႔ျဖင့္ပြတ္သုတ္ေပး၏။ ထိုစဥ္ဒါရိုက္တာမွ တိုင္းအနား ေရာက္လာကာ

"golf က႑ရိုက္ဖို႔ပဲက်န္ေတာ့တယ္၊ ကြၽန္ေတာ္တို႔အေနနဲ႕ သိပ္အခ်ိန္မယူေတာ့ပဲ ခ်က္ျခင္းရိုက္ရမွာပါ၊ၿပီးေတာ့ အားကစားဝတ္စုံေလး စီစဥ္ေပးဖို႔ေတာ့လိုတယ္"

"အားကစားဝတ္စုံကအသင့္ရွိတယ္၊ stylistက စီစဥ္ၿပီးသား"

"အမရာကို ေစာင့္မေနပါနဲ႕ေတာ့ ေနာက္ရိုက္ကူးေရးအတြက္အခ်ိန္သိပ္မယူရင္ေတာင္ၾကာအုံးမွာ"

အမရာက ေရဘူးကိုင္ရင္း တိုင္းကိုေျပာ၏။ တိုင္းမတ္တပ္ရပ္၍ ေခါင္းခါလိုက္ကာ

"ကိုယ္အဆင္ေျပတယ္အမရာ၊ မင္းရဲ႕ရိုက္ကူးေရးကိုသာၿပီးေအာင္လုပ္"

ဒီလိုမ်ိဴးေျပာေပးတာကိုေက်းဇူးတင္ေပမယ့္ အမရာ မ်က္ႏွာပူ၏။ ဟန္ေဆာင္ျခင္းသက္သက္မွာ တစ္ျခားသူေတြကို၏အျမင္ကိုလဲထည့္တြက္သင့္သည္။ ၿပီးေတာ့ အမရာက အခုခ်ိန္မွာတစ္နိုင္ငံလုံးကသည္းသည္းလႈပ္ေနတာမလို႔ ဒီလိုတြဲေနတယ္ဆိုတာ သတင္းထြက္ၾကည့္ႏွစ္ဦးႏွစ္ဖက္အတြက္ေကာင္းမည္မဟုတ္။ ေငြေၾကးတစ္ခုထဲကိုသာၾကည့္ၿပီး လက္ခံခဲ့ေပမယ့္ တကယ္တမ္းက် စိန္ေခၚမႈကိုလက္ခံထားရသလို၊ အဖက္ဖက္မွ ဆုံးရႈံးမႈေတြမ်ားနိုင္ေလသည္။အခုေတာင္ပတ္ဝန္းက်င္မွလူေတြရဲ႕ အၾကည့္ေတြကို အမရာလ်စ္လ်ဴရႈထားရ၏၊သူတို႔အျမင္မွာေတာ့ အမရာက ဟိုတယ္လုပ္ငန္းစုရဲ႕ဆက္ခံသူကိုအပိုင္ႀကံၿပီးစင္ဒရဲလား ျဖစ္ေနၿပီလို႔တြက္ေပမယ့္ေပါ့ေလ...။တိုင္းတကယ္ပဲ ဒါေတြကိုမသိခ်င္ေယာင္ေဆာင္ထားတာလား။တိုင္းကေရာဘာျဖစ္လို႔ သူမကိုလဲလက္ခံသလဲ တကယ္ကိုပင္သိခ်င္၏။

stylist ေတြနဲ႕ makeup artist ေတြက လိုက္ဖက္မယ့္ အျပင္အဆင္ေတြကို စီစဥ္ေပးၿပီးေနာက္ ရိုက္ကူးေရးစသည္ႏွင့္ အမရာကေစာေရာက္ေနၿပီျဖစ္ကာ ေနာက္မွ အကူေတြက ေဂါက္အိတ္လြယ္ထားၿပီး ဒါရိုက္တာကိုေစာင့္ေနၾက၏။

"ေဟာ..ေရာက္ေနၾကၿပီလား၊ နည္းနည္းေနာက္က်သြားတယ္ ၊ရိုက္ကူးေရးအတြက္ အလင္းအေမွာင္ခ်ိန္ဖို႔အတြက္ staffေတြနဲ႕ေဆြးႏြေးေနလို႔"

"ရပါတယ္ ဒါရိုက္တာႀကီး"

ဒါရိုက္တာက အမရာကိုတစ္ခ်က္ၾကည့္ၿပီးေနာက္

"အမရာ club carစီးလာေသးလား"

"ဟုတ္!ဒါဆို အမရာတို႔စလိုက္ၾကမလား ဒါရိုက္တာႀကီး!ဟိုေလ အမရာ က ေဂါက္ကိုကြၽမ္းကြၽမ္းက်င္က်င္မရိုက္တတ္လို႔ အဆင္ေျပသလို သ႐ုပ္ေဆာင္လို႔ရမလား"

"ရတယ္၊ ေဂါက္တံနဲ႕ ကိုယ္ေနဟန္ထား အဆင္ေျပရင္ရပါၿပီ၊ ၿပီးစ
လြယ္ေတာ့မဟုတ္ေပမယ့္ ေၾကာ္ျငာအတြက္ဆိုေတာ့ က်န္တဲ့editပိုင္းေတြကို staffေတြပဲ ၾကည့္စီစဥ္ေပးလိမ့္မယ္"

"ဟုတ္"

ရိုက္ကူးသည့္အခ်ိန္မွစ၍ တိုင္းေစာင့္ေနေသာ္လည္း ခဏခဏအဆင္မေျပမႈေတြႀကဳံေနရေတာ့ ျပန္စရင္းနဲ႕ပင္ အခ်ိန္ေတြကုန္လာသည္။ ရိုက္ကူးေရးဝန္ထမ္းေတြလဲ သက္ျပင္းခ်ရင္း အမရာ၏ကိုယ္ေနဟန္ထားကိုေသခ်ာေျပာျပေသာ္လည္း အဆင္မေျပေပ။modelပိုင္းမလို႔သ႐ုပ္ေဆာင္မေကာင္းတာပဲလားမသိ။ face expressionဘယ္လိုေျပာင္းေျပာင္းအခ်ိဳးမေျပျဖစ္သည္။ၾကာေတာ့ အမရာကိုယ္တိုင္စိတ္ရႈပ္လာ၍ စိတ္ရွည့္လက္ရွည္ေစာင့္ရိုက္ေပးေနသည့္ Camera manႏွင့္ ဒါရိုက္တာကိုေတာင္ အားနာလာရသည္။

အမရာ၏ အမူအရာေတြကို ၾကည့္ၿပီး တိုင္းပင့္သက္ရွိုက္၏၊ဒီအတိုင္းဆို တစ္ေနကုန္ေတာင္ဒီရိုက္ကူးေရးၿပီးမည္မဟုတ္။ထို႔ေၾကာင့္ အနားသြားကာ အမရာ၏ေက်ာေနာက္မွေနရာယူလိုက္သည္။ၿပီးေတာ့ အမရာ့လက္ကို ေဂါက္တံႏွင့္အတူေရာထပ္ကိုင္၍ ကိုယ္ေနဟန္ထားကိုပါ ေသခ်ာျပဳျပင္ေပးေလသည္။ထိုအျပဳအမူေတြေၾကာင့္ရိုက္ကြင္းရွိလူေတြအကုန္လုံးလဲ မ်က္လုံးအဝိုင္းသားျဖင့္ ျပဴးၾကည့္ေနၾက၍ မန္ေနဂ်ာကေတာ့ ၿပဳံးရိပ္သန္း၍ ဖ်က္ခနဲ ဓာတ္ပုံတစ္ပုံလွမ္းရိုက္လိုက္ေတာ့သည္။အမရာ ကိုယ္တိုင္လဲအံ့ၾသမိၿပီး တိုင္းကို ေစာင္းေမာ့ ၾကည့္မိေတာ့ ေ႐ႊေရာင္မ်က္မွန္ႀကိဳးေလးက အမရာ၏ပါးတစ္ဖက္ကို ပုပ္ခတ္ေနေလသည္။

"တစ္မ်ိဳးမထင္နဲ႕ အမရာ၊ ကိုယ္က ဒီရိုက္ကူးေရးျမန္ျမန္ၿပီးခ်င္လို႔"

ေဂါက္ရိုက္ဟန္ျပရင္း အမရာ၏ေက်ာေနာက္မွပူးကပ္ကာ ခပ္တိုးတိုးေျပာလိုက္ျခင္းျဖစ္သည္။ အမရာလဲ Camera ေရွ႕မွာ မခ်ိမခ်ဥ္ၿပဳံးရင္း

"ရာရာနားလည္ပါတယ္၊ရာရာ့ေၾကာင့္bossေတာင္အလုပ္ရႈပ္ေနၿပီ"

ေဂါက္ရိုက္ကစားနည္းႏွင့္ ကိုယ္ေနဟန္ထားကိုေသခ်ာေျပာျပ၊ ျပဳျပင္ေပးၿပီးေနာက္ ေနရာျပန္လာ၍ ရပ္ၾကည့္ေတာ့မွ ရိုက္ကူးေရးကအဆင္ေျပေခ်ာေမြ႕သြားသည္။တိုင္းေနာက္ဘက္ကိုငဲ့ေစာင္းၾကည့္ေတာ့ ရိုက္ကူးေရးတြင္မပါဝင္သည့္ သူစိမ္းတစ္ေယာက္မွ ဖုန္းေျပာရင္း ခ်က္ခ်င္းဆိုသလို ေျပးထြက္သြား၏။တိုင္း မ်က္မွန္ပင့္တင္လိုက္ၿပီး ႏႈတ္ခမ္းတစ္ဖက္ပါမသြားေအာင္မဲ့သည္။ ထုံးစံအတိုင္းအေမျဖစ္သူပို႔ထားတဲ့stalker သို႔မဟုတ္ အမရာ၏ အမာခံပရိတ္သတ္ေတြထဲမွ တစ္ေယာက္ပဲျဖစ္မည္။

သိပ္မၾကာပါ..ရိုက္ကူးေရးၿပီးသည္ႏွင့္ ဒါရိုက္တာမွတိုင္းအနားထပ္ေရာက္လာ၍ ကူညီေပးခဲ့သည့္အတြက္ ေက်းဇူးတင္စကားေျပာသည္။stylist အပါအဝင္make up artist ႏွင့္ staff
အခ်ိဳ႕ကလဲ ၿပဳံးစိစိႏွင့္ အမရာကိုၾကည့္၍ လက္ျပႏႈတ္ဆက္ကာ အသီးသီးထြက္သြားၾက၏။ ထိုအခါမွ အမရာအနားကို တိုင္းေရာက္လာ၍ပစၥည္းေတြသိမ္းေနသည့္ အမရာကို ကူသိမ္းေပးလွ်င္

"အာ..bossအဲ့သလိုမလုပ္ပါနဲ႕၊ လူေတြျမင္ရင္ တစ္မ်ိဳးေတြထင္ကုန္
ပါအုံးမယ္၊ ရာရာ့ကို အားနာရေအာင္ထပ္မလုပ္ပါနဲ႕"

"မင္းက မိန္းမသားျဖစ္ေနလို႔ ညီမတစ္ေယာက္လိုသေဘာထားၿပီးကူညီေပးတာ၊ဘာပဲျဖစ္ျဖစ္ ႏွစ္ေယာက္စလုံးက တစ္ေလွထဲစီးေနေတာ့ ကူညီသင့္တာရိုင္းပင္းသင့္တာဘာမဆိုလုပ္ရမယ္ေလ၊ရိုက္ကူးေရးၿပီးၿပီဆိုေတာ့ ညစာလိုက္ေကြၽးရမလား"

ထိုစကားေၾကာင့္ အမရာ ရင္ထဲႏြေးခနဲ ျဖစ္သြား၍ၿပဳံးလိုက္မိေတာ့သည္။တိုင္းခမ္းအာဏာဟာ အျပင္ပန္းသ႑ာန္အရ ေအးတိေအးစက္နိုင္ေပမယ့္ သူ၏ ႏွလုံးသားဟာ တစ္ျခားလူေတြအေပၚမွာႏြေးေထြးေပးနိုင္တာပဲ။ ဒီလိုလူကို ပိုင္ဆိုင္ရတဲ့ မိန္းကေလးကေတာ့ကံေကာင္းမွာေသခ်ာတယ္။ အမရာ ကိုယ့္အေတြးနဲ႕ကိုယ္ ေခါင္းငုံ႕ရယ္ခ်မိလွ်င္ တိုင္းက ျပဴးျပဴးႀကီးၾကည့္ေနသည္။

"ဘာရယ္တာလဲ အမရာ"

"အာ..မဟုတ္ပါဘူး..ရိုက္ကူးေရးအေၾကာင္းစဥ္းစားမိလို႔၊ ရာရာတို႔ျပန္ရေအာင္ေလ၊ ညစာအတြက္ေက်းဇူးတင္ေပမယ့္ ေစတနာကိုပဲလက္ခံပါ့မယ္၊ရာရာ့ကို ကားပါကင္အထိပဲပို႔ေပးပါ"

"အိမ္ေရွ႕အထိလိုက္ပို႔ေပးမယ္"

စၾကၤန္တစ္ေလွ်ာက္ႏွစ္ေယာက္သားယွဥ္ေလွ်ာက္လာရင္း အမရာ
ေခါင္းငုံ႕ထားလွ်က္ သိခ်င္တာမ်ားရွိေန၍ ေမးရသင့္ေတာ္မေတာ္ဆုံးျဖတ္ရခက္ေနသည္။သို႔ေပမယ့္ မေမးလို႔ကလဲ မျဖစ္၊ သူမနဲ႕အတူတြဲဖို႔လက္ခံလိုက္တဲ့အေၾကာင္းရင္းကိုလဲ သိခ်င္မိေသာေၾကာင့္။

"bossကိုရာရာ ေမးသင့္မေမးသင့္မသိေပမယ့္ တစ္ခုေလာက္ေမးခြင့္ရွိမလားဟင္..."

"မေမးသင့္ဘူးထင္ရင္ မေမးတာ အေကာင္းဆုံးပဲအမရာ"

တည္ၾကည္လြန္းတဲ့ေလသံေၾကာင့္အမရာ ႏႈတ္ခမ္းတင္းတင္းေစ့ကာ ပင့္သက္ရွိုက္လိုက္၏။ၿပီးမွ

"ရာရာနဲ႕ တြဲဖို႔ကိုဘာလို႔လက္ခံလိုက္ရတာလဲဟင္..အယ္..ၿပီးေတာ့bossရဲ႕ေမေမေၾကာင့္လား၊ အဲ့လိုဆိုရင္ ရာရာ့ကို အားနာဖို႔မလိုပါဘူး၊ ပြင့္ပြင့္လင္းလင္းေျပာၿပီး ျငင္းလို႔ရပါတယ္၊ ရာရာတို႔က ႏွစ္ဦးသေဘာတူဟန္ေဆာင္တြဲေနေပမယ့္ bossရဲ႕ ေမေမက အဲ့သလိုထင္မွာမဟုတ္ဘူးေလ၊ ရာရာလဲ ပိုက္ဆံယူၿပီးလိမ္ထားရသလိုျဖစ္ေတာ့အားနာမိတယ္"

"လိမ္ထားရတာကို အားနာလို႔ တကယ္တြဲခ်င္တဲ့သေဘာလား"

အမရာ မ်က္လုံးမ်က္စံပင္ျပဴးက်ယ္သြားရ၍ အႀကိမ္ႀကိမ္လက္ခါ
ျပရင္း

"ရာရာအဲ့သလိုေျပာတာမဟုတ္ဘူး၊ တကယ္ပါbossကိုအလုပ္ရွင္လို႔ပဲမွတ္ပါတယ္၊၊ဒါေပမယ့္ ရာရာ့စိတ္ထဲ မတင္မက်ျဖစ္ေနလို႔"

"ကိုယ္ဘာလို႔လက္ခံရတာလဲဆိုတဲ့အေၾကာင္းလား..ရွင္းပါတယ္ကိုယ္သေဘာက်ေနတဲ့လူရွိတယ္၊ ဒါေပမယ့္ ေမေမက သေဘာမတူဘူးေလ...မင္းလဲ ပိုက္ဆံအတြက္ လက္ခံလိုက္ရသလို၊ကိုယ္လဲ ကိုယ့္အေျခအေနနဲ႕မို႔ ေမေမစိတ္ေျပလိုေျပျငား လက္ခံလိုက္ရတာ"

တိုင္းခမ္းအာဏာက သေဘာက်ရတဲ့လူရွိသည္တဲ့။ ဘယ္သူလဲ၊ ဘယ္လိုမိန္းကေလးမ်ိဳးက တိုင္းခမ္းအာဏာကိုဆြဲေဆာင္နိုင္ပါလိမ့္။
မ်ိဳးရိုးကလဲ ျမင့္ေနမွာေသခ်ာတယ္၊ သူ႕လိုဆက္ခံသူကို ကမ္းလွမ္းတဲ့အသိုင္းအဝိုင္းေတြလဲမ်ားေလာက္မွာပဲေလ..။အမရာ တကယ္ပင္ သိခ်င္မိေသာ္ျငား သူ႕ရဲ႕ ကိုယ္ေရးကိုယ္တာမလို႔ မသင့္ေတာ္။ သူမ၏သိခ်င္စိတ္ကိုသာ ဖယ္ရွားပစ္ေတာ့သည္။ထိုစဥ္ မ်က္စိေရွ႕ရပ္ေနသည့္ လူရိပ္ေၾကာင့္ေမာ့ၾကည့္မိစဥ္ လက္ကႏြေးခနဲျဖစ္သြားသည္။အမရာ လက္ကိုငုံ႕ၾကည့္လိုက္ေတာ့ တိုင္းကအမရာ၏လက္ကိုဆုပ္ကိုင္ထားျခင္းျဖစ္သည္။မ်က္ဝန္းေတြပင္ျပဴးက်ယ္သြား၍ေရွ႕မွလူကိုၾကည့္လိုက္မိေတာ့ ဘုန္းဆက္က လက္ပိုက္ရပ္ကာ မ်က္ႏွာေသႏွင့္ တိုင္းဆုပ္ကိုင္ထားသည့္ လက္ကိုစိုက္ၾကည့္ေန၏။

ဒါဘာအေျခအေနလဲ တိုင္းက ဘာျစ္လို႔bodyguardေရွ႕ေရာက္မွသူမလက္ကို ဆုပ္ကိုင္လိုက္ရတာလဲ။ ၿပီးေတာ့ ဘုန္းဆက္က သူမ
တစ္ဖက္သတ္သေဘာက်ေနတဲ့လူ။ ဒီလက္ကိုၾကည့္ၿပီး အထင္လြဲသြားနိုင္သည္။ ဘုန္းဆက္ကို အမရာၾကည့္ရင္း မခ်ိတရိၿပဳံးလိုက္မိ၍
ဆုပ္ကိုင္ထားသည့္လက္ကိုမသိမသာျဖဳတ္ခ်ေသာ္လည္းမရ။ရပ္ေန
သည့္ အမရာနဲ႕တိုင္းထံ ဘုန္းဆက္ေရွ႕တည့္တည့္ေလွ်ာက္လာၿပီးမွ ေခ်ာင္းတစ္ခ်က္ဟန့္လိုက္ရင္း

"ကြၽန္ေတာ္သခင္ေလးနဲ႕စကားခဏေျပာခ်င္လို႔ အမရာ ေရွာင္ေပးလို႔ရမလား"

ေလသံက ျပင္းထန္လြန္းသည္။ အမရာ မ်က္ႏွာပ်က္၍ စိတ္ပင္မေကာင္း။ဘာမွမဆိုင္ေသာ္ျငား ကိုယ္သေဘာက်ရတဲ့လူက အထင္လြဲမည့္အျဖစ္ကိုေတာ့ မျဖစ္ခ်င္။ ထိုစဥ္..

"အမရာ ေရွာင္ေပးစရာမလိုဘူး၊ အမရာက ငါနဲ႕တြဲေနတဲ့လူ၊ေျပာစရာရွိရင္ ဒီမွာပဲေျပာ"

ဘုန္းဆက္မ်က္ဝန္းေတြစူးရဲလာ၏၊ တိုင္းကခပ္ေထ့ေထ့ၾကည့္ကာဘာေျပာမွာလဲဆိုသည့္သေဘာ။ ဒီႏွစ္ေယာက္အၾကားမွာ အမရာတကယ္ကိုေနရထိုင္ရခက္လာသည္။တိုင္းက စံအိမ္မွာဆိုလွ်င္ စည္းကမ္းၾကပ္တယ္ဆိုသည့္စကားကိုလဲ ၾကားဖူးထားေသာေၾကာင့္ ဘုန္းဆက္နဲ႕တိုင္း တစ္ခုခုျဖစ္ေနတာ ေသခ်ာသည္။ အမရာ မ်က္ႏွာပ်က္စြာျဖင့္ ဆုပ္ကိုင္ထားသည့္လက္ကိုအားယူျဖဳတ္ခ်လိဳက္၍

"ဟို...အမရာေနာက္က်ေနၿပီ ျပန္ႏွင့္ပါေတာ့မယ္"

ေျပာၿပီးအမရာခပ္သုတ္သုတ္ထြက္သြားေတာ့မွ တိုင္း၏လက္ေကာက္
ဝတ္ကိုေဆာင့္ဆြဲကာ လူသူရွင္းသည့္ အေရးေပၚထြက္ေပါက္ေလွကားထပ္ေတြဆီသို႔ဆြဲေခၚသြားသည္။ ဘယ္ႏွလႊာမွန္းမသိတဲ့ ေလွကားထပ္ေတြေပၚ ဆြဲတက္ရင္း လူအရွင္းဆုံးတစ္ေနရာေရာက္မွ လက္ေကာက္ဝတ္ကိုဆြဲလွည့္ၿပီး တိုင္းကိုနံရံမွာ 'ဘုန္း'ခနဲ ျမည္ေအာင္ေက်ာကပ္ခ်ပစ္သည္။ထို႔ေနာက္ သူ႕လက္ျဖင့္ နံရံကို 'ဒုန္း'ခနဲျမည္ေအာင္လက္သီးျဖင့္ပိတ္ထိုးလိုက္၍ တိုင္း ႐ုန္းထြက္လို႔မရေအာင္ ရင္ဘတ္ခ်င္းအပ္ထားၿပီးေဒါသမ်က္ဝန္းေတြျဖင့္စိုက္ၾကည့္သည္။

နံရံႏွင့္ေက်ာျပင္တစ္ခုလုံး ရိုက္မိတဲ့အရွိန္ေၾကာင့္ တိုင္းေက်ာျပင္တစ္ခုလုံး နာက်င္စြာေအာင့္တက္သြားၿပီး ေဒါသကဆင့္မေခၚပဲထိုးတက္လာသည္ႏွင့္မ်က္ဝန္းေတြေအးစက္လာကာ နီရဲတက္လာ၏။ ထို႔အတူေလသံကပါေအးစက္လာလွ်က္...

"ဘုန္း..ဆက္..မႈး..သြင္!"

"ေျပာ!"

"မင္းငါ့ကိုဘာထင္ေနလို႔ ဒီလိုလုပ္ခ်င္တိုင္းလုပ္ေနရတာလဲ၊ မင္းကိုယ္မင္း စည္းကမ္းေဖာက္ေနတယ္ဆိုတာနားလည္လား"

"က်ဳပ္ေျဖရမလား..အခုခ်ိန္ထိေတာ့ တိုင္းခမ္းအာဏာရဲ႕ ခ်စ္သူလို႔ထင္တယ္၊စည္းကမ္းေဖာက္တယ္လို႔ေျပာရေအာင္လဲ နဂိုကတည္းကလိုက္နာခဲ့တာမရွိဘူး"

"မင္းက ေရာင့္တက္ေနတာပဲ၊ မင္းအဲ့သလိုျပဳမူေလ အလုပ္ျဖဳတ္ခံရဖို႔နီးေလဆိုတာသတိကပ္၊ အေျခအေနကိုနားလည္"

"ဒုန္း!"

ဘုန္းဆက္ေဒါသေၾကာင့္ နံရံကိုအရွိန္ျဖင့္ထိုးခ်ပစ္လိုက္ေတာ့သည္။အားျပင္းလြန္းသလားေတာ့မသိ။လက္သီးဆုပ္က တိုင္း၏မ်က္ႏွာေဘးမွျဖတ္သြားသည့္အခ်ိန္ ေလထုျပင္းအားကိုခံစားမိလိုက္၏၊ၿပီးေတာ့တိုင္း မ်က္ဝန္းေတြကိုငုံ႕မိုးၾကည့္ရင္း ေဒါသေၾကာင့္ ၾသရွရွအသံႀကီးပါထြက္ေပၚလာလွ်က္

"ခင္ဗ်ားကို အဲ့ဒီမိန္းကေလးနဲ႕ တြဲမျမင္ခ်င္ဘူးတိုင္းခမ္းအာဏာ၊
ခင္ဗ်ားကိုသူနဲ႕ သဝန္တိုတယ္၊ မႀကိဳက္ဘူးလို႔ေျပာေနတယ္၊က်ဳပ္
မဟုတ္တဲ့ဘယ္သူနဲ႕မွကို မျမင္ခ်င္ဘူး၊ ခြင့္ျပဳခ်က္မရွိပဲနဲ႕လဲ ဘယ္သူနဲ႕မွ တြဲခြင့္မရွိဘူး"

"ခြင့္ျပဳခ်က္ဟုတ္လား၊ ေနပါအုံး..မင္းကအရွင္သခင္လား၊ငါက
အရွင္သခင္လား...ငါဘယ္သူပဲတြဲတြဲ မင္းဆီကခြင့္ျပဳခ်က္ယူရအုံးမွာလား၊ မင္းသာ ငါ့အနားမွာ ဆက္ရွိေနခ်င္ရင္ ဒီေနရာမွာပဲဒီအတိုင္းေန ေရွ႕ဆက္မတိုးနဲ႕"

တိုင္းပုံစံက နာက်င္ေနေသာ္လည္းဘုန္းဆက္မရိပ္မိေခ်။ သူေဒါသနဲ႕သူလုံးပန္းေနရင္းသာ။

"က်စ္!ခင္ဗ်ားနဲ႕က်ဳပ္နဲ႕ကသာမန္မဟုတ္ဘူးေနာ္၊ ကုတင္တစ္ခုတည္းမွာအတူအိပ္ဖူးတဲ့လူေတြ"

တိုင္းမ်က္ဝန္းေတြပိုမိုေအးစက္လာကာ လူေသေကာင္တစ္ေယာက္လိုေျပာင္းလဲသြားလ်က္ ဘုန္းဆက္အားမ်က္လႊာပင့္ၾကည့္သည္။

ထို႔ေနာက္..

"ကိုယ္တို႔အဲ့ဒီထက္ပိုခဲ့သလား"

ဘုန္းဆက္႐ုတ္ခ်ည္းဆိုသလိုၿငိမ္သက္၍ အေျဖမရွိျဖစ္သြားရသည္။
ထိုေန႕ညက တိုင္းမွဖက္ထားခြင့္ေတာင္းခံခဲ့ေသာ္လည္း အဲ့ဒီထက္ေတာ့မပိုခဲ့။သူ႕အေပၚ မရိုးသားတာ ဘာတစ္ခုမွမျပဳလုပ္ခဲ့ေပ။ ဒါဟာသူ႕အေပၚထားရွိသည့္ တိုင္း၏ျဖဴစင္တဲ့သစၥာဟုဆိုေသာ္လည္း သူကေတာ့ တိုင္းကိုပိုင္ဆိုင္ခ်င္သည့္စိတ္ျဖင့္ မဟုတ္တမ္းရားေျပာကာ ေစာင့္ထိန္းသူ၏အိႏၵျေကိုေစာ္ကားမိလိုက္ျခင္း။ အေျဖရွာမရသည့္အေမးစကားတစ္ခြန္းအတြက္ဘုန္းဆက္ေခါင္းငုံ႕ခ်ကာၿငိမ္သက္ေနဆဲ။

"မင္းဘယ္အထိဆက္သြားခ်င္ေနတာလဲ၊ဘယ္ေလာက္ထိriskယူ
ခ်င္ေနတာလဲသြင္!"

ဘုန္းဆက္အသံေတြပင္တုန္ယင္လာလ်က္

"က်ဳပ္တို႔ႏွစ္ေယာက္ၾကားမွာျဖစ္ပ်က္ခဲ့တဲ့အရာေတြက အိပ္မက္မွမဟုတ္ပဲ"

"ေမ့လိုက္!"

ဒီလူဒီေလာက္ထိကိုေျပာထြက္ရက္ေလျခင္း။ဘုန္းဆက္အံတင္းတင္းႀကိတ္ထား၍

"ေမ့ခ်င္တိုင္းေမ့ရေအာင္ က်ဳပ္ႏွလုံးသားကအေပါစားမဆန္ဘူး"

"အင္း!ငါကေတာ့ မင္းအေပၚအေပ်ာ္သေဘာပဲ သတ္မွတ္ခဲ့တယ္"

"ဟာ..တိုင္း!ခင္ဗ်ားစကားေတြက က်ဳပ္ကိုအဆိပ္သင့္ေစတယ္ေနာ္၊
ရင္ထဲကမပါတဲ့စကားေတြကို မေျပာပါနဲ႕ေတာ့ဗ်ာ၊က်ဳပ္သိတယ္ ဒီစကားေတြက စိတ္ရင္းမဟုတ္ဘူးဆိုတာ၊ ဘယ္ေလာက္ပဲအေဝးကိုတြန္းထုတ္ပါေစခင္ဗ်ားေဘးကဘယ္ေတာ့မွထြက္သြားမွာမဟုတ္ဘူး"

"မင္းေျပာခဲ့တဲ့စကားတစ္ခြန္းကို မွတ္မိေသးလား"

ဘုန္းဆက္မ်က္ႏွာပ်က္ပ်က္ယြင္းယြင္းျဖစ္လွ်က္ မေျပာခ်င္သည့္ပုံစံျဖင့္

"ကြၽန္ေတာ္က တိုင္းရဲ႕ေစလိုရာေစ"

"အင္း!အဲ့ဒီေတာ့ေမ့လိုက္!"

ေျပာၿပီးတိုင္းက႐ြဲေနသည့္ suit ကိုျပန္ျပင္ၿပီး႐ုန္းထြက္ေတာ့ ဘုန္းဆက္ကနံရံမွာ ေက်ာျပန္ဆြဲကပ္ရင္း

"ခင္ဗ်ားမ႐ုန္းနဲ႕!႐ုန္းရင္ေနရာမွာတင္ပြဲခ်င္းၿပီးသြားမယ္"

"ဘုန္းဆက္မႈးသြင္!မင္းကငါ့ကိုၿခိမ္းေျခာက္ေနတာလား၊ လက္သီးမသုံးခ်င္လို႔ဆိုတာ အသိရွိလား"

"အဟက္!တိုင္းခမ္းအာဏာနဲ႕ပတ္သတ္လာရင္ ဘာအသိမွမရွိဘူး၊
မလုပ္ရဲတာလဲမရွိဘူး၊ မေက်နပ္လို႔ ထိုးခ်င္လဲထိုးေလ၊ ဘာနဲ႕ထိုးထိုး၊
လက္သီးနဲ႕ပဲထိုးထိုး၊ ႏႈတ္ခမ္းနဲ႕ပဲထိုးထိုး၊ ဒါမွမဟုတ္..."

အၾကည့္ေတြက တိုင္း၏ခါးေအာက္ပိုင္းကိုေရာက္သြား၍ အၿပဳံးတစ္ခုျဖစ္ထြန္းသြားလွ်င္မ်က္ႏွာတစ္ခုလုံးပူထူလာ၍ လက္ကေအာ္တို ေျမာက္တက္သြားသည္။

"ေျဖာင္း!"

"မင္းမမိုက္ရိုင္းနဲ႕"

ထိုရိုက္ခ်က္ေၾကာင့္မ်က္ႏွာတစ္ခုလုံးလည္ထြက္သြားကာ ဟြန့္ခနဲမ်က္ႏွာမဲ့၏။လူကသာပိန္ပိန္ပါးပါး လက္သံကေတာ့ အေဖေခၚရမည္။ဘုန္းဆက္ပါးရိုက္ခံရသည့္တိုင္ ပါးခ်ိဳင့္ႀကီးေတြနစ္ဝင္ေအာင္ၿပဳံး၍ လူမိုက္တစ္ေယာက္လိုၾကည့္ကာ

"က်စ္!ဒုကၡပဲ..ခင္ဗ်ားက ပါးရိုက္တာေတာင္ ဆြဲေဆာင္မႈရွိေနပါ့လား၊က်ဳပ္စိတ္ေတြေတာ့ ခ်ဳပ္တည္းမထားနိုင္ေတာ့ဘူးထင္တယ္"

ဒီေကာင္ဘာျဖစ္လို႔ဒီေန႕မွ ဒီေလာက္ဆိုးေနရတာလဲ။ မေျပာရဲတာဆိုလဲဘာမွမရွိ။ တိုင္းေရွ႕မွာ အုပ္မိုးထားသည့္လူကိုၾကည့္ရင္း ရင္ဘတ္ထဲကလဲ တဆစ္ဆစ္။ ဒီအေျခအေနကို တကယ္ပင္ ေက်ာ္လႊားနိုင္ပါ့မလား။ ထိုစဥ္ ပါးတစ္ဖက္မွ ႏြေးခနဲျဖစ္သြား၍ မ်က္လႊာပင့္ၾကည့္လိုက္ေတာ့ နီးနီးကပ္ကပ္ရွိေနတဲ့ မ်က္ဝန္းေတြေၾကာင့္ တိုင္းပင့္သက္ရွိုက္၏။ထို႔ေနာက္ ေမးဖ်ားကိုပင့္ယူခံရ၍

"လမ္းခြဲမယ့္စကားေတြကို ေမာင္ခံနိုင္ရည္မရွိဘူးတိုင္း!"

"လမ္း...ခြဲ...မယ္"

ေျပာၿပီး တိုင္းက႐ုန္း၍ အရင္ထြက္သြား၏။ဘုန္းဆက္ ပင့္သက္ရွိုက္ကာ ေမးရိုးကတင္းခနဲ။ဒီလူဘယ္လိုေခ်ာ့ေခ်ာ့မရသည့္အျပင္ ေျပာေလကဲေလပါလား။ထို႔ေနာက္ ေဘာင္းဘီအိတ္ထဲမွ ဖုန္းကိုထုတ္လိုက္ၿပီး နံပါတ္တစ္ခုကိုေခၚလိုက္၍ဖုန္းဝင္သြားသည္ႏွင့္

"royal palace hotelရဲ႕ အစုရွယ္ယာေတြကို စဝယ္ထားလိုက္"

"...."

"အင္း! ကြၽန္ေတာ့္နာမည္မသုံးနဲ႕၊ ဝယ္ယူသူအေနနဲ႕USမွာရွိတဲ့ လက္ေထာက္တစ္ေယာက္ကိုထည့္လိုက္"

ဖုန္းခ်လိဳက္သည္ႏွင့္မ်က္ဝန္းေတြကအေရာင္လဲ့လာကာ မဲ့ၿပဳံးမိလ်က္သား။ဒီေန႕ဒီေနရာမွာတင္ခံစစ္ကၿပီးဆုံးသြားခဲ့ၿပီမို႔ သူ႕ဘက္က
မညီမွ်ျခင္း ထိုးစစ္ကိုအခုမွစမွာ။ တိုင္းကိုပိုင္ဆိုင္နိုင္ဖို႔အတြက္ဆို
ဘာပဲလုပ္ရလုပ္ရပါေစ။

"သခင္ေလး ဘုန္းဆက္ေရာ"

ကားပါကင္ေရာက္သည္ႏွင့္ ကိုစိုးလင္းကေမးလိုက္တာျဖစ္သည္။

"အေနာက္မွာပါလာတယ္"

တိုင္းေျပာၿပီးသိပ္မၾကာ ဘုန္းဆက္ခ်က္ျခင္း ေရာက္လာ၍ မ်က္ႏွာကေတာ့တည္တင္းေန၏၊ထို႔အျပင္ အေနာက္ခန္းမွာမထိုင္ပဲ..ကိုစိုးလင္းေဘးဝင္ထိုင္လိုက္ေတာ့ အံ့ၾသမိေသာ္လည္း သူတိူ႕အေၾကာင္းနဲ႕သူတို႔မလိူ႕ လီဗာကိုသာဖိနင္းၿပီး ကားကိုေလွ်ာခနဲ ေမာင္းထြက္လိုက္၏။

အေရွ႕မွာထိုင္ေနသည့္ ဘုန္းဆက္ကိုၾကည့္ရင္း တိုင္းအံႀကိတ္မိသည္။ဒီေကာင္ေလးကို သူ႕ေဘးနားမွာရွိေစခ်င္တာနဲ႕ပဲသူ႕အေပၚမလုပ္သင့္တဲ့လုပ္ရပ္ေတြလုပ္ေနမိၿပီလား။စကားေတြက သူ႕ကိုအဆိပ္ခ်ေပးေနသလိုျဖစ္ေနၿပီလား။အတၱတစ္ခုတည္းအတြက္နဲ႕ ဒီေကာင္ေလးကိုနာက်င္ေစမိၿပီလား။အနားမွာရွိေနေစခ်င္႐ုံနဲ႕တင္ ဒီအခက္အခဲေတြကိုေက်ာ္လႊားနိုင္ပါ့မလား။သူဟာလဲ ငေၾကာက္တစ္ေယာက္ျဖစ္ေနမိၿပီလား။မဟုတ္...သူဟာ ခ်စ္ရသူကို ကာကြယ္ဖို႔အတြက္ဆိုအနားမွာရွိ႐ုံ၊ ေငးၾကည့္ေနရ႐ုံနဲ႕တင္ ေက်နပ္တယ္။ဒါေတြကို သူမသိလဲျဖစ္တယ္။

>>>>>>>>>>>>>>

"ခြမ္း"

"မင္းေတာ္သင့္ၿပီထင္တယ္ဘုန္းဆက္"

"ဖယ္စမ္းပါ"

စံအိမ္မွဘယ္လိုလစ္ထြက္လာသလဲမသိ။ ညႀကီးမိုးခ်ဳပ္ ခန့္ဆက္၏
condoကိုေရာက္လာၿပီး ပုလင္းေထာင္ေနသည္။

"သူ..ေလ..ငါ့အေပၚလုပ္ရက္တယ္၊ငါဒီေလာက္..က်စ္!..သူ..အဲ့သလို..လုပ္ေလကြာ..ငါဘက္ကေနာက္ဆုတ္မွာမဟုတ္ဘူး..ေအ့"

"မင္းစဥ္းစားၾကည့္ ငါသူ႕ကို...ဒီေလာက္ေတာင္ခ်စ္တာကိုကြာ၊သူကမဝံ့ရဲေနတာ၊သတၱိကိုမရွိဘူး၊ရင္ဘတ္ထဲကခ်စ္ေနရဲ႕သားနဲ႕...အ႐ူး"

"ဘုန္းဆက္!မင္းအနားယူဖို႔လိုေနၿပီ၊ အရာအားလုံးက ကံၾကမၼာေစရာအတိုင္းပဲ ျဖစ္မွာ၊ အတင္းဇြတ္လုပ္ယူလို႔မရဘူး"

"ဘာလို႔မရ'ရမွာလဲ၊ ငါလိုခ်င္ရင္ျဖစ္ေအာင္ယူမွာ၊ငါသူ႕ဘက္ကိုေတြးၿပီးအေလွ်ာ့ေပးေနလို႔ကြ၊ အခုေတာ့ငါ့ရင္ဘတ္ေတြတစဆီေၾကမြေနခဲ့ၿပီးနင့္ေနေအာင္ တဆစ္ဆစ္ေအာင့္ေနတယ္..အဟက္"

သမီးရည္းစားသဘာဝ ေတြ႕ဆုံႀကဳံႀကိဳက္ၿပီး ကံအေၾကာင္းတရားပါမလာရင္ေတာ့ အခ်ိန္တန္ရင္ခြဲခြာရတာပါပဲ။ ဘဝဟာ အၿမဲတမ္းဆုေတာင္းသမွ်ေတြကေတာ့ ျပည့္ေနမွာမဟုတ္ဘူး။ဒါကို ညီျဖစ္သူအားႏွလုံးသြင္းေစခ်င္ေသာ္လည္း။ သူကေတာ့ ဘူးဆိုဖ႐ုံမသီးတတ္သူမို႔ခက္လွခ်ည္ရဲ႕..။စားပြဲေပၚမွာရွိသည့္ ပုလင္းေတြဆိုတာလဲတစ္ပုလင္းမကေတာ့ေခ်။မူးၿပီးေျပာေနသည့္စကားေတြဆိုတာလဲ ေလလုံးမကြဲ။ ရင္ဖြင့္သံေတြသာဗလာင္ဆူေနသည္။ခန့္ဆက္ညီျဖစ္သူကိုၾကည့္ၿပီး စိတ္ပ်က္မိ၏။ေဒၚေငြနန္းေ႐ႊရည္ကို တိုင္းသြားေတြ႕ၿပီးေနာက္ တိုင္းကဘုန္းအေပၚ သိသိသာသာေျပာင္းလဲသြားသည္တဲ့။သို႔ေပမယ့္ တိုင္းဘက္မွဒီလိုစကားမ်ိဳးထိ ထြက္က်လာမယ္လို႔လဲ မထင္ထားခဲ့။ညီျဖစ္သူကလဲ တစ္ဖက္ကသေဘာမက်ပါဘူးဆိုတာကိုဘာကိစၥအဲ့ဒီမွာဆက္ေနသလဲ။ တားမရတဲ့လူကိုၾကည့္ၿပီး ခန့္ဆက္ထိုင္လ်က္ အရက္ငွဲ႕ေနသည့္လက္ကိုဆြဲဖမ္းလိုက္သည္။

"မင္းေတာ္ေတာ့"

"ဖယ္စမ္း!"

"ဒုန္း!"

"ငါေလ႐ူးေနၿပီသိလား၊ငါ႐ူးေနၿပီထင္တယ္၊ငါကဘယ္ေနရာခ်ိဳ႕ယြင္းေနလို႔လဲ၊သူတို႔အတၱေတြအတြက္ ျပန္ေပးဆပ္ရမယ္"

"မင္းမ႐ူးဘူး၊ ဒါေပမယ့္ ငါျမင္ေနရတာေတာ့ မင္းကအခ်စ္အတြက္နဲ႕ကိုယ့္ကိုယ္ကို အပူမီးလိုေလာင္ၿမိဳက္ေနေစတာ"

အသည္းကြဲတဲ့ဒဏ္ဟာဘာလဲခန့္ဆက္မသိေသာ္ျငားေရွ႕မွာငိုယိုေနတဲ့ညီကိုၾကည့္ၿပီး ရင္ထဲ မြန္းၾကပ္လာသည္။ ဆံပင္ေတြထိုးဖြလိုက္ ရွိုက္ငိုလိုက္ျဖင့္ မ်က္ဝန္းေတြေတာင္မွနီရဲေနၿပီ။တိုင္းကိုလဲနားမလည္နိုင္ေတာ့သလို၊ေဒၚေငြနန္းေ႐ႊရည္ကိုလဲ နားမလည္နိုင္။ ဘယ္ဘဝအၿငိဳးေတြေၾကာင့္မ်ားအဲ့သေလာက္မုန္းတီးေနရတာလဲ။ထိုစဥ္ ဘုန္းဆက္ကစားပြဲမွ ယိုင္နဲ႕နဲ႕ျဖင့္ထရပ္လိုက္သည္။

"မင္းဘယ္သြားမလို႔လဲ"

"ေဒၚေငြနန္းေ႐ႊရည္ဆိုတဲ့ မိန္းမႀကီးဆီ သြားရွင္းမလို႔..ေအ့"

"မင္းမူးေနၿပီ ဘုန္းဆက္၊ ေပါက္ကရေတြေလွ်ာက္လုပ္မေနစမ္းနဲ႕"

ခန့္ဆက္ကလက္ေကာက္ဝတ္ကိုဆြဲလွည့္ၿပီး ေဆာင့္ဆြဲကာ ေလသံတင္းမာသြားေတာ့မွ ေနရာမွာတင္ဖင္ထိုင္လ်က္သားလဲက်သည္။
အစ္ကိုျဖစ္သူမလို႔ အနည္းငယ္ေတာ့ ၾသဇာရွိေသးပုံရသည္။ဘုန္းဆက္ၿငိမ္က်သြားေတာ့မွ ဒူးတစ္ဖက္ေထာက္ခ်လိဳက္ၿပီး နီျမန္းေနေသာမ်က္ႏွာႏွင့္ စိုစြတ္ေနေသာပါးျပင္ေပၚမွ မ်က္ရည္စီးေၾကာင္းတို႔ကို လက္ေခ်ာင္းတို႔ျဖင့္ ပြတ္သုပ္ေပးကာ ရင္ခြင္ထဲ ထည့္ထားလိုက္ၿပီး ေက်ာျပင္ကို ပြတ္သပ္ကာႏွစ္သိမ့္ေပးလိုက္၏။ ကိုယ့္ညီကအ႐ူးအမူးျဖစ္ေနမွေတာ့ တိုင္းကိုလဲအျပစ္မဆိုခ်င္။ငယ္ငယ္တုန္းကသူသိထားတဲ့တိုင္းသာဆိုလွ်င္ ေသခ်ာေပါက္အေၾကာင္းတစ္ခုခုရွိလို႔မလႊဲသာတဲ့အေျခအေနေၾကာင့္မလို႔သာ ဘုန္းဆက္ကို ခဏခြဲထုတ္ေနျခင္းလို႔သာ ေတြးေနမိသည္။

"တင္း~ေတာင္"

ဘဲလ္သံေၾကာင့္နာရီၾကည့္လိုက္လွ်င္ ည10 နာရီရွိၿပီ။ ဒီအခ်ိန္ႀကီးဘယ္သူလာတာလဲ ေတြးရင္းခန့္ဆက္ မ်က္ေမွာင္က်ဳံ႕လိုက္မိေတာ့သည္။ မူးၿပီးယိုင္နဲ႕နဲ႕ ျဖစ္ေနသည့္ ဘုန္းဆက္ခႏၶာကိုယ္ကိုဆြဲမ၍ဖင္ထိုင္ခုံေပၚခဏျပန္ခ်ေပးၿပီးေနာက္ တံခါးသြားဖြင့္လွ်င္

"ဟင္!ကိုေခတ္ ညႀကီးမင္းႀကီး ဘာကိစၥရွိလို႔လဲ"

ေခတ္ေနေရာင္ ဧည့္ခန္းထဲ လည္ပင္းတစ္ခ်က္ေမွ်ာ္ၾကည့္လိုက္ၿပီးေနာက္ ခ်က္ခ်င္းဝင္လာ၍

"ဘုန္းဆက္ဒီမွာရွိေနမလားလို႔"

"ခင္ဗ်ာ!"

ဧည့္ခန္းထဲမွမေတြ႕ေတာ့ မီးဖိုခန္းဘက္လွည့္လိုက္သည္ႏွင့္ ထိုင္ခုံေပၚငုတ္တုပ္အေနအထားျဖင့္ေခါင္းငိုက္စိုက္က်ေနသည့္ ဘုန္းဆက္ကိုျမင္လိုက္ရ၏။တိုင္းဆီဖုန္းဆက္ျဖစ္ေတာ့ တိုင္းကစံအိမ္မွာလူစစ္ရင္းဘုန္းဆက္ေပ်ာက္ေနေၾကာင္းေျပာရင္းဆက္စပ္မိ၍ လက္ရွိအေျခအေနကိုေျပာျဖစ္သည္ႏွင့္ ဒီကိုလိုက္လာခဲ့ျခင္းျဖစ္သည္။

"ကိုေခတ္!ဘုန္းဆက္ဒီမွာရွိမွန္းဘယ္လိုသိတာလဲ၊ ကိုခမ္းေျပာလိုက္တာလား"

"ခမ္းနဲ႕သူ႕အေၾကာင္းအစ္ကိုၾကားတယ္မႈး၊ လူစစ္ရင္း ဘုန္းဆက္ကိုမေတြ႕ဘူးေျပာလို႔ ဒီမွာရွိေလာက္မယ္ေတြးၿပီးလိုက္လာခဲ့တာ"

"ဟုတ္လား၊ အဲ့တာဆိုအခုခ်က္ျခင္း ျပန္ပို႔လိုက္မယ္ေလ၊ဒါေပမယ့္ ဘုန္းဆက္က အခုအသိစိတ္မရွိေလာက္ေအာင္မူးေနေတာ့"

"ဒီမွာရွိတယ္ဆို စိတ္ခ်ရၿပီေလ၊ဒီတစ္ညေတာ့ဒီမွာပဲအိပ္ပါေစေတာ့"

"ဟုတ္"

ခႏၶာကိုယ္ကိုဆြဲမ၍ လက္ႏွစ္ဖက္ကို လူႏွစ္ေယာက္၏ပုခုံးေပၚတင္လိုက္ၿပီး ဘုန္းဆက္ကို အလယ္မွထားကာ bed roomဆီသို႔ တြဲေခၚ၏။ အခန္းထဲေရာက္သည္ႏွင့္ ေမြ႕ယာေပၚဖရိုဖရဲပစ္လဲက်သြားေသာဘုန္းဆက္ကိုၾကည့္ရင္း ပင့္သက္ရွိုက္ေလသည္။ ၿပီးမွ ေခတ္ေနေရာင္ႏွင့္အတူ ျပန္ထြက္လာ၍ ဝရံတာဘက္ထြက္ၿပီး ကားလမ္းမႀကီးကိုၾကည့္ကာေလညွင္းခံရင္း

"ကိုခမ္းဆီsmsပို႔လိုက္အုံးေလ၊ စိတ္ပူေနအုံးမယ္"

"အင္း!အခုပဲ ပို႔ၿပီးၿပီ"

လက္ထဲမွဖုန္းကိုင္ထားရင္းေနေရာင္ကေျပာလိုက္သည္။ၿပီးမွ ဖုန္းကို
ေဘာင္းဘီအိတ္ထဲျပန္ထည့္ထားလိုက္၍ ခန့္ဆက္ကိုေဘးေစာင္းငဲ့ၾကည့္သည္ထို႔ေနာက္...

"ညီေလးေၾကာင့္စိတ္ပင္ပန္းေနၿပီလား"

"ေၾသာ္...ညီေလဗ်ာ...အနည္းနဲ႕အမ်ားေတာ့စိတ္ညစ္တာေပါ့၊ ကိုခမ္းေရာအဆင္ေျပပါ့မလားမသိဘူး"

"အစ္ကိုနဲ႕ဖုန္းေျပာတုန္းကေတာ့အသံကေရခဲတုံးအတိုင္းပဲ၊ဒါေပမယ့္ခမ္းကစိတ္မာပါတယ္၊ သူျဖတ္ေက်ာ္နိုင္မွာပါညီေလးကိုသာဂ႐ုစိုက္"

ခန့္ဆက္ပင့္သက္ရွိုက္ကာဘာမွဆက္မေျပာ။ဝရံတာကိုသာလက္ႏွစ္ဖက္ေထာက္၍ လင္းထိန္ေနေသာ လမ္းမႀကီးတစ္ေလွ်ာက္ရွိ မီးတိုင္ေတြကိုသာေငးေမာၾကည့္ေနသည္။ ညီကလဲတဇြတ္ထိုးဥာဏ္နဲ႕ စိတ္မာတဲ့လူပါပဲ။ ဒီညရဲ႕ျဖစ္ပ်က္မႈဟာလဲ သူ႕ကိုယ္သူအားမလိုအားမရႏွင့္မခ်င့္မရဲစိတ္ေတြႀကီးစိုးေနလို႔သာ အစ္ကိုထံလာၿပီး ရင္ဖြင့္ေနတာမဟုတ္ဘူးလား။

"မႈး!"

အေတြးလြင့္ေနစဥ္ ေနေရာင္ေခၚသံကိုသတိမထားမိ။ တိုက္ခက္ေနေသာ ညေလေအးေအးေလးကိုသာခံစားရင္း မ်က္ခုံးတန္းေတြစုကုပ္ေနသည္။မ်က္ဝန္းေတြေမွးပိတ္လိုက္ၿပီးတစ္ခဏ ကိုယ့္အသက္ရႈသံကိုသာနားေထာင္ရင္း တျဖည္းျဖည္း နားထဲတိုးဝင္လာေသာ အသံေၾကာင့္ လွည့္ၾကည့္မိေတာ့ ေနေရာင္က ေဘာင္းဘီအိတ္ထဲလက္ထည့္ထားရင္း သြားတန္းေလးမ်ားေပၚေအာင္ ရယ္ျပေနေလသည္။

"ေၾသာ္...ကိုေခတ္ မျပန္ေသးဘူးလားဟင္၊ေနာက္က်ေနၿပီရယ္၊ခဏကိုေခတ္ျပန္ရင္ ကြၽန္ေတာ္ကိုယ္တိုင္ခ်ဳပ္ထားတဲ့ ရွပ္အကၤ်ီေလးလက္ေဆာင္ထည့္ေပးလိုက္အုံးမယ္"

ေျပာရင္းဧည့္ခန္းထဲေျပးဝင္ဖို႔ေျခလွမ္းေတာ့ ေနာက္မွလွမ္းဆြဲလိုက္၍ဟန္ခ်က္ပ်က္ၿပီး အရွိန္ျဖင့္ ေနေရာင္ရင္ခြင္ထဲ႐ုတ္တရက္ပစ္က်သြားသည္။ ၿပိဳက်လာေသာ ခါးကို ေခတ္ေနေရာင္ အလိုက္သင့္ဖမ္းၿပီးေနာက္ငုံ႕ၾကည့္လိုက္လွ်င္ ျပန္လည္ေမာ့ၾကည့္ေနေသာ မ်က္ဝန္းေတြႏွင့္ဆုံစည္း၏။ထိုမ်က္ဝန္းေတြေၾကာင့္ စိတ္ထဲ တစ္မ်ိဳးတစ္မည္ျဖစ္သြား၍ ႐ုန္းထြက္လိုက္ေသာ ကိုယ္ကိုျပန္ဆြဲဖက္လိုက္ၿပီး ဝရံတာေပၚေက်ာကပ္ခ်ကာ လက္ဖဝါးျဖင့္ ေဘာင္ကိုေထာက္၍ကာစီးထားသည္။

"ကိုေခတ္ ဘာလုပ္တာလဲ"

"အစ္ကိုမင္းကို ဖြင့္ဟဝန္ခံစရာရွိတယ္၊ဒီစကားကိုမွမေျပာရရင္ေနာင္တရမိမယ္ထင္တယ္"

ညေလေအးေအးေလး ေ႐ြ႕လ်ားေျပးလႊားေနေသာေၾကာင့္ ခန့္ဆက္ဆံပင္ေတြဖြာက်ေနၿပီး ေခတ္ေနေရာင္၏မ်က္ဝန္းေတြကိုခန့္မွန္းမိ၍ မ်က္ႏွာလႊဲထားရင္း မေျပာပါေစနဲ႕လို႔သာႀကိတ္ဆုေတာင္းေသာ္လည္းဆုေတာင္းမျပည့္ခဲ့ေပ။

"အစ္ကိုမင္းကိုသေဘာက်ေနတယ္၊ မင္းရဲ႕အၿပဳံးေတြက အစ္ကို႔ရင္ဘတ္ထဲမွာျဖစ္တည္ေနတယ္"

"ကိုေခတ္!"

ခန့္ဆက္မ်က္ႏွာလႊဲထားရင္း ႐ုန္းထြက္လိုက္ေတာ့ ေနေရာင္ခပ္မတ္မတ္ျပန္ရပ္ကာ ဝရံတာေပၚလက္ျပန္ေထာက္ထားေလသည္။ထင္
သည့္အတိုင္းပင္ထုတ္ေျပာလာ၏။ ယခုအခ်ိန္မွာေတာ့ အခ်စ္နဲ႕ ပတ္သတ္ၿပီးပူေလာင္ေနေသာညီကိုၾကည့္၍အခ်စ္ကို ရင္မဆိုင္ခ်င္သလို၊
ဒီရပ္ဝန္းငယ္ေလးထဲ ေျခခ်ဖိဳ႕အတြက္ပင္ ေၾကာက္လန့္ေနမိခဲ့သည္။ဟုတ္တယ္၊သူဟာ အခ်စ္ကိုရင္မဆိုင္ရဲသ၍ ေရွာင္ေျပးေနမယ့္လူေၾကာက္တစ္ေယာက္ပါပဲ။ခန့္ဆက္ေျခလွမ္းေတြေယာင္ေယာင္မွားမွားျဖစ္ၿပီး ေနာက္သို႔ဆုတ္မိလွ်င္ ေခတ္ေနေရာင္မွ ျပန္ဆြဲထား၏။

"အဆင္ေျပရဲ႕လား မႈး!အစ္ကို႔ကိုအခုခ်က္ျခင္း အေျဖျပန္ေပးဖို႔မလိုေသးပါဘူး၊ ဒီအေျခအေနမွာ မင္းလဲ လန့္သြားမယ္ဆိုတာအစ္ကိုနားလည္တယ္၊အစ္ကို႔ဘက္ကဒီစကားကိုမေျပာလိုက္ရရင္သာေနာင္တရမိမွာမလို႔ ေျပာတာပါ။မင္းအဆင္ေျပတဲ့အခ်ိန္ထိ အစ္ကို ေစာင့္ေနေပးလို႔ရတယ္"

"ဟုတ္၊ကြၽန္ေတာ္အခုခ်ိန္မွာ ဒါေတြကိုထည့္မတြက္ခ်င္ေသးဘူး၊ဒါေပမယ့္ အဆင္ေျပမယ့္တစ္ေန႕ေရာက္ရင္ေတာ့ ကြၽန္ေတာ္စဥ္းစားျဖစ္မွာပါ"

ေခတ္ေနေရာင္ 'ဟင္း'ခနဲ သက္ျပင္းခ်ရင္းေခါင္းကိုအႀကိမ္ႀကိမ္ၿငိမ့္ေနမိသည္။ဒီအေျဖကိုသေဘာမက်မိေသာ္ျငား အရမ္းႀကီးဆိုးလွတဲ့အေျဖေတာ့မဟုတ္ေပ။သူ႕ဘက္ကအေျဖကို ရိုးရိုးရွင္းရွင္းေလးေျပာလိုက္တာမလို႔ ေစာင့္ဆိုင္းေနရမည္မွာ ကိုယ့္တာဝန္သာျဖစ္သည္။

##############

Continue Reading

You'll Also Like

931K 60.2K 59
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
325K 491 9
nothing but smut. there are different sections for you to read so if you don't like the first one you can just go to another one. enjoy 💕 don't be s...
572K 23K 69
Lilly found an egg on a hiking trip. Nothing abnormal on that, right? Except the egg was four times bigger than supposedly the biggest egg in the wor...
162K 12.2K 15
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...