Devil Venerable Also Wants To...

By m_velvetblue

64K 7.8K 647

Mary-Sue ဝတ္ထုတစ်ပုဒ်၌ ဇာတ်လိုက်မကိုအလွန်သစ္စာရှိပြီးချစ်သည့် ဒုတိယဇာတ်လိုက်နတ်ဆိုးအရှင်သခင်အား ဝတ္ထုဖတ်သူအကု... More

မိတ်ဆက်ခြင်း
အပိုင်း၁။ ကောင်းကင်ဘုံက စာအုပ်
အပိုင်း၂။ ချွမ်းယွမ်ဂိုဏ်း၏ ဖြားယောင်းသူ
အပိုင်း၃။ ဒီလိုကြောင့်ကိုး
အပိုင်း၄။ ကျောက်တုံးတစ်တုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း
အပိုင်း၅။ အကြံကောင်းပါပဲ အရှင်
အပိုင်း၆။မိုင်ထောင်ချီရေခဲလွင်ပြင်
အပိုင်း၇။လေလွင့်မသေမျိုးနှင့် တိုက်ခိုက်ခြင်း
အပိုင်း၈ ။ ခရမ်းရင့်ရောင်ဝိဉာဥ်စံအိမ်ဝောာ်သခင်မ
အပိုင်း၉။ပိုလစ်ကြယ်နှင့် အယ်ကိတ်ကြယ်
အပိုင်း၁၁။သေချင်ယောင်ဆောင်၍ လွတ်မြောက်ခြင်း
အပိုင်း ၁၂။ အရှိန်အဟုန်ပြင်းပြင်းလာ‌နေသည့်မုန်တိုင်း
အပိုင်း ၁၃။ အယ်ကိတ်ကြယ် ဖောက်ပေးသည့်လမ်း
အပိုင်း၁၄။ဂိုဏ်းပေါင်းစုံစစ်ပွဲအဆုံးသတ်
အပိုင်း၁၅။သွေးဖြိုခွဲ၍ ဝိဉာဉ်တံဆိပ်ထွင်းထုခြင်း
အပိုင်း၁၆။ လက်ခုပ်ထဲက လ
အပိုင်း၁၇။နယ်စပ်မြို့ငယ်လေး
အပိုင်း၁၈။အကြီးအကဲ ချင့်ရွှယ်
အပိုင်း၁၉။‌ဉာဏ်ကွန့်မြူးလှသည့် လက်အောက်ငယ်သား
အပိုင်း၂၀။သွေးနတ်ဆိုးအကြီးအကဲ
အပိုင်း၂၁။သစ်သားပန်းပု လေ့ကျင့်ထုဆစ်ခြင်း
အပိုင်း၂၂။ဝိဉာဉ်လောက
အပိုင်း၂၃။ချွမ်းယွမ်ဂိုဏ်း တိုကင်
အပိုင်း၂၄။ဘေးချင်းယှဉ်လျက်
အပိုင်း၂၅။အမိန့်မနာခံခြင်း။
အပိုင်း၂၆။အရှုပ်အထွေးများကို ရှင်းလင်းခြင်း
အပိုင်း ၂၇။စာပေဆွေးနွေးပွဲ၌ အိပ်ပျော်သွားခြင်း
အပိုင်း ၂၈။အမှိုက်တွေချည်းပဲ
အပိုင်း ၂၉။အဆိပ်ပြင်းသော မိန်းမလှ
အပိုင်း၃၀။လက်ခုပ်ထဲကရေဖြစ်သွားမည်။
အပိုင်း ၃၁။ ဆွတ်ပျံ့ကြည်နူးဖွယ် မင်္ဂလာပွဲ
အပိုင်း ၃၂။ရှီထုံရှင်း၏ နတ်ဘုရား
အပိုင်း ၃၃။အစီအစဉ် လွဲချော်သွားခြင်း
အပိုင်း ၃၄။စိတ်ခံစားချက် မြင့်တက်သွားရခြင်း
အပိုင်း ၃၅။အမှန်တရား ပေါ်လာခြင်း
အပိုင်း၃၆။ တံခါးပိတ်ကျင့်ကြံခြင်း

အပိုင်း၁၀။ခံစားချက်ကင်းမဲ့သည့်မဟာတာအို

1.5K 231 8
By m_velvetblue

ပိုင်လီချင်းမြောင်မတိုင်ခင် ရှန့်ချင်းဂိုဏ်း၌ ဗဟိုချက်ဖွဲ့စည်းခြင်းအဆင့်သို့အမြန်ဆုံးရောက်ရှိခဲ့သူဟာ သုံးနှစ်အတွင်းရွှေရောင်
အမြူတေဖွဲ့စည်းနိုင်ခဲ့သူအသက်ဆယ့်ရှစ်နှစ်အရွယ်ဟယ့်ဝမ်းချောင်ဖြစ်သည်။ကျင့်ကြံခြင်းသည်ကောင်းကင်မှစွမ်းအင်များအား
ခိုးယူခြင်းဖြစ်၍ အဆင့်မြင့်လာလေလေ ခက်ခဲလာလေလေဖြစ်သည်။ချီစုဆောင်းခြင်းနှင့်ချီသန့်စင်ခြင်းဟာရိုးရှင်းသဖြင့်
ဝူလင်းမှပါရမီအတော်အသင့်ရှိသည့်လူများပါလေ့ကျင့်နိုင်သည်။အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သည် မရေတွက်
နိုင်သည့်လူများအား တာအိုကို
သ‌ဘောမပေါက်နိုင်စေရန်နှင့်မည့်သည့်အခါမှအဆင့်တက်နိုင်ခြင်းမရှိစေရန်တားဆီးထားသည့်အကန့်အသတ်ဖြစ်သည်။

ထို့အပြင်အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ရောက်သည်က ဟိုးထိပ်ဆုံးအဆင့်ထိ‌ရောက်မည်ဟုဆိုလိုခြင်းလည်း
မဟုတ်သေးပေ။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ရောက်လာပါသော်လည်း နှစ်ငါးဆယ် သို့မဟုတ်နှစ်တစ်ရာအတွင်း ရွှေရောင်
အမြူ‌တေမဖွဲ့စည်းနိုင်သဖြင့် သက်တမ်းကုန်ဆုံးကာသေဆုံးသွားသူများမှာလည်းအများအပြားပင်။

ချီစုဆောင်းခြင်းဆိုသည်မှာစကြာဝဠာမှစွမ်းအင်များကိုခန္ဓာကိုယ်ထဲစုပ်ယူခြင်း
ဖြစ်ပြီး ချီသန့်စင်ခြင်းဟာ ထိုစုပ်ယူထားသည့်စွမ်းအင်များကိုကိုယ်ပိုင်စွမ်းအားအဖြစ်အသုံးပြုနိုင်အောင်သန့်စင်ခြင်းဖြစ်သည်။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်၌
ချီကိုအသုံးချ၍ ခန္ဓာကိုယ်ထဲမှ
အညစ်အကြေးများကိုစွန့်ထုတ်ပစ်ပြီး
သန့်ရှင်းစင်ကြယ်သည့်ခန္ဓာကိုယ်တစ်ခု
ရလာအောင်ပြုလုပ်သည်။
ရွှေရောင်အမြူတေကို ဒန်တိမ်ထဲမှ
ဝိဉာဉ်စွမ်းအားအရင်းအမြစ်ကို
စုစည်း၍ ဖွဲ့စည်းရခြင်းဖြစ်သည်။

ပထမဆုံးအကြိမ်အဖြစ် ကိုယ့်ခန္ဓာကိုယ်
တစ်ခုလုံးကိုဝိဉာဥ်စွမ်းအင်ဖြင့်အာရုံခံနိုင်ပြီး ခရမ်းရောင်နန်းတော် ဒန်တိမ်ထဲ၌
ပထမဆုံးပေါ်‌လာသည်။ခန္ဓာကိုယ်အတွင်းကိုယ်ပိုင်စကြဝဠာစွမ်းအင်များဖွဲ့စည်း
ခြင်းသည် မသေမျိုးခန္ဓာကိုယ်အဖြစ်သို့ပြောင်းလဲရန်ပထမဆုံးအဆင့်ဖြစ်သည်။

ဟယ့်ဝမ်းချောင်သုံးနှစ်သာအချိန်ယူခဲ့သည်ကိုကအံ့ဩစရာပင်ဖြစ်သည်။
ပိုင်လီချင်းမြောင်ဟာအခြေခံအုတ်မြစ်တည်‌ဆောက်ခြင်းကိုအသက်ဆယ့်ရှစ်နှစ်နှင့်ရောက်ခဲ့တာဖြစ်၍ထိုနှစ်မကုန်ခင်မှာပဲ
သူ့ဆရာသင်ပေးစရာမလိုဘဲ ဗဟိုချက်ဖွဲ့စည်းနိုင်ခဲ့တာဖြစ်သည်။

အကြီးအကဲချင့်ယွဲ့ဟာ ပိုင်လီချင်းမြောင်၏ အခြေအနေကို စီမံခန့်ခွဲခြင်းခန်းမ၌ စစ်ဆေးကြည့်လိုက်သည်။ထိုအခါ သူ၏ချီများမှာသန့်စင်ပြီးအစီအစဉ်တကျရှိနေသည့်အပြင် ရှန့်ချင်းဂိုဏ်း၏နည်းလမ်း‌များနှင့်လည်းကွက်တိကျ‌နေတာကိုတွေ့ရသည်။
ဤသည်က ပိုင်လီချင်းမြောင်ဟာဗဟိုချက်ဖွဲ့စည်းခြင်းကို သူ့အရည်အချင်းနှင့်သူနားလည်ခဲ့ခြင်း၏ သက်သေဖြစ်သည်။

ယခုဖြစ်ရပ်ဟာ ရှန့်ချင်းဂိုဏ်း
ယခင်ကတစ်ခါမှမကြုံဘူးခဲ့သည့်လက်ဆောင်မွန်တစ်ခုဖြစ်၏။

အကြီးအကဲချင့်ယွဲ့ဟာချီးကျူးသည့်အနေဖြင့်ခေါင်းညိတ်လိုက်ပြီးအနည်းငယ်ပြုံးလိုက်သည်။ထို့နောက်ဂိုဏ်းတည်ထောင်ခဲ့သူ ဘိုးဘေးကို အမွှေးနံ့သာများဖြင့်ပူဇော်ပြီး ဂိုဏ်းရှိ လမင်းအိုင်ငယ်ခေါင်းလောင်း
သံမြည်အောင်တီးလိုက်သည်။

လမင်းအိုင်ငယ်ခေါင်းလောင်းဟာဂိုဏ်းတည်ရှိရာတောင်အနီးဝန်းကျင်ကို
နှစ်ပေါင်းများစွာကာကွယ်ပေးထားသည့်
ရှန့်ချင်းဂိုဏ်းပိုင်ဆိုင်သော မသေမျိုးအသုံးအဆောင်ပစ္စည်းသုံးမျိုးထဲမှတစ်ခုဖြစ်သည်။

ထိုခေါင်းလောင်းမြည်သံကို သေဆုံးခါနီး
ဂိုဏ်းသားများမှလွဲ၍ ကျန်သည့်ရှန့်ချင်းဂိုဏ်းသားအားလုံးကြားရသည်။သာမန်
ရွှေရောင်အမြူတေဖွဲ့စည်းခြင်းမျိုးဆိုလျှင်
စီမံခန့်ခွဲခြင်းခန်းမအကြီးအကဲကိုယ်တိုင်ဂိုဏ်းတစ်ခုလုံးသိအောင် ကြေညာခြင်းမျိုးနှင့်မထိုက်တန်ပေ။ဟယ့်ဝမ်းချောင်‌တောင်မှထိုကြေညာခြင်းမျိုးနှင့်မထိုက်တန်ခဲ့ပေ။
ပိုင်လီချင်းမြောင်၏ဖြစ်ရပ်မှာ အလွန်ကို
ပြိုင်ဘက်ကင်းရှားပါးလွန်းသဖြင့်
သေချာစဉ်းစားဆုံးဖြတ်ပြီးနောက်မှအကြီးအကဲချင့်ယွဲ့ခေါင်းလောင်းတီး
ခဲ့ခြင်းဖြစ်သည်။

ခေါင်းလောင်းတီးသံကို ရှူယန်ယန်နှင့်
အိပ်ယာထဲတူတူရှိနေသည့် ဟယ့်ဝမ်းချောင်လည်းကြားရသည်။

သုံးကြိမ်မြည်ပြီးနောက် အကြီးအကဲ
ချင့်ယွဲ့၏ "အကြီးအကဲ ချင့်ရုန်လက်အောက်
တိမ်လွှာမြင့်မားတောင်ထွဋ်က
ပိုင်လီချင်းမြောင်ဟာ ရွှေရောင်အမြူတေကို
တစ်နှစ်အတွင်းဖွဲ့စည်းနိုင်ခဲ့တယ်။" ဟူ၍
ပြောသံကိုရှင်းရှင်းလင်းလင်းကြားရသည်။

ဟယ့်ဝမ်းချောင် မှင်တက်သွားကာ
မလှုပ်ရှားနိုင်ဖြစ်သွားသည်။

ရှူယန်ယန်ဟာလည်း ခေါင်းလောင်းမြည်သံ
ကိုကြားလိုက်ရသည်။သို့သော် ရှန့်ချင်း
ဂိုဏ်းသားမဟုတ်သဖြင့် ဘာပြောသလဲ
ဆိုတာကိုတော့မကြားရချေ။ဘာကိုမှ
မသိသည့်ပုံစံဖြင့် ဟယ့်ဝမ်းချောင်၏ လည်ပင်းကိုလက်ဖြင့်သိုင်းဖက်လိုက်ပြီး "အစ်ကိုဟယ် မရက်စက်ပါနဲ့
မြန်မြန်လုပ်ပါ...."ဟုပြောလိုက်သည်။

အံ့သြဖွယ်စင်းလုံးချောသရုပ်ဆောင်စွမ်းရည်ပိုင်ရှင်ပင်။ချွမ်းယွမ်ဂိုဏ်း၏
လက်ယာကာကွယ်စောင့်ရှောက်သူ
ဖြစ်ထိုက်ပါပေသည်။

သို့ပေမဲ့ ဟယ့်ဝမ်းချောင်ဟာစိတ်မပါတော့ဘဲအမြန်ထလိုက်ပြီး သန့်စင်ခြင်းမန္တာန်
သုံးလိုက်ကာခန္ဓာကိုယ်မှအနံ့များ
ပျောက်သွားအောင်လုပ်လိုက်သည်။
ရှူယန်ယန်ဟာ ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး ရမ္မက်ခိုးဝေနေသောမျက်လုံးများဖြင့်
"ကျွန်မရဲ့အချစ် ဘာဖြစ်လို့လဲ။"
ဟုမေးလိုက်သည်။

"ငါဂိုဏ်းကိုမြန်မြန်ပြန်ရမဲ့အရေးကြီးကိစ္စတစ်ခုရှိတာအခုမှသတိရတယ်။
ငါ‌မင်းကိုဒီရက်ပိုင်းလာတွေ့နိုင်မှာ
မဟုတ်ဘူး။ ကောင်းကောင်းနေပြီး
ငါပြန်လာမှာကိုစောင့်နေ။"

ထိုသို့အေးစက်စက်ပြောပြီးနောက်
ဟယ့်ဝမ်းချောင်ဟာလှည့်ထွက်သွားသည်။
ရှူယန်ယန်ဟာအိပ်ယာပေါ်မှာ အဆင်ပြေသလိုနေလိုက်ပြီးမေးကိုလက်ဖြင့်ထောက်၍ "အမယ်လေး အင်္ကျီပြန်ဝတ်ပြီးတာနဲ့
ငါ့ကိုမသိတော့သလိုပဲ ရွံစရာကောင်။"
ဟုရေရွတ်လိုက်သည်။

"ပိုင်လီချင်းမြောင်ပြန်လာပြီ။"ဟူ၍
ပြတင်း‌ပေါက်ဘက်မှ ပြောသံကိုကြားရသည့်အတွက် ရှူယန်ယန်ဟာလ‌န့်ခုန်မိသွားပြီးကြည့်လိုက်သည်။ထိုအခါ ဝမ်ရန်အယ်နှင့်ယင်ဟန်ကျန်း ပြတင်းပေါက်ကိုဖြတ်သန်း၍ဝင်လာသည်ကို
မြင်လိုက်ရသည်။

"အိုး အရှင်ပဲ။အရှင် ကျွန်မကိုလန့်ပြီး
သေအောင်လုပ်နေတယ်။ကျူးကျော်သူတွေ
ဝင်လာတာအောင်မသိတော့တဲ့အထိ
ကျွန်မရဲ့ကျင့်ကြံဆင့်ကျသွားပြီး
အာရုံခံနိုင်စွမ်းလည်း ဆိုးရွားသွားလွန်းပြီ
ထင်နေတာ။"

ဝမ်ရန်အယ်နှင့်ယင်ဟန်ကျန်းဟာရှူယန်ယန်ခန္ဓာကိုယ်ကိုမမြင်သကဲ့သို့ ပြုမူကြ၏။
ယင်ဟန်ကျန်းဟာ အခန်းထဲမှစားပွဲနှင့်ကုလားထိုင်ကို မန္တန်သုံး၍သန့်ရှင်းလိုက်ပြီး
ပြတင်းပေါက်ဖွင့်ကာ အခန်းထဲမှအနံ့များထွက်သွားအောင် လေမန္တန်သုံးလိုက်သည်။
ထိုသို့လုပ်ပြီးမှ အရှင့်ကိုထိုင်ဖို့‌ ဖိတ်ခေါ်
လိုက်သည်။

ရှူယန်ယန် : .....

သူဟာမျက်နှာကိုရှုံ့မဲ့လိုက်ပြီး လက်တစ်ဖက်
ဝှေ့ရမ်းလိုက်သည်။ထိုအခါ ကြမ်းပြင်ပေါ်
ကျနေသော အဝတ်အစားများဟာ
သူ့ခန္ဓာကိုယ်ပေါ်သို့ရောက်ရှိလာ၏။
ဝမ်ရန်အယ်ကိုရိုရိုသေသေဖြင့် နှုတ်ဆက်လိုက်ပြီးနောက် ယင်ဟန်ကျန်းကို
ကြည့်လိုက်သောအခါ မျက်နှာ
တောင့်သွား၏။"ကာကွယ်သူယင်
မင်းခန္ဓာကိုယ်စုစည်းခြင်း
ထိပ်ဆုံးအဆင့်ကိုရောက်သွားပြီလား။"
ဟုသူမေးလိုက်သည်။

ရှူယန်ယန်၏နှလုံးသားထဲတွင် အချက်ပေးခေါင်းလောင်းသံများဆူညံသွားသည်။
သူနှင့်ယင်ဟန်ကျန်းနှစ်ယောက်စလုံးဟာ
အရှင့်ရဲ့ကာကွယ်စောင့်ရှောက်သူများ
ဖြစ်ကြ၏။သို့သော်လည်း အရှင်က
ယခင်ကတည်းက လက်ဝဲကာကွယ်စောင့်ရှောက်သူကိုပို၍မျက်နှာသာပေးသည်။ယခင်က ရှူယန်ယန်ဟာ ယင်ဟန်ကျန်းသည်
ခန္ဓာကိုယ်စုစည်းခြင်းအဆင့်ပဲရှိ‌သေးကြောင်း၊နတ်ဆိုးဓားကစွမ်းအားကြီးမားသော်လည်း ထိုဓားကိုအသုံးပြုခြင်းက ခန္ဓာကိုယ်နှင့်ဝိဉာဥ်တို့ကိုထိခိုက်စေနိုင်သောကြောင့်အချိန်ကြာမြင့်စွာသုံး၍မရကြောင်း၊ထိုသို့မလုပ်လျှင် ထိခိုက်ပျက်စီးစေနိုင်‌ကြောင်း ကိုယ့်ကိုကိုယ်ပြန်နှစ်သိမ့်လေ့
ရှိသည်။တကယ်တမ်းဆိုလျှင် သူက
ပိုသာသည်။သို့ပေမဲ့ ခြောက်လတည်းဖြင့်
ယင်ဟန်ကျင်းဟာခန္ဓာကိုယ်စုစည်းခြင်း
အဆင့်တစ်မှကိုးသို့ ရောက်ရှိသွားပြီး
မကြာခင်အချိန်အတွင်းမှာပဲ ဟင်းလင်းပြင်နယ်နိမိတ်အဆင့်သို့ရောက်ရှိတော့မှာဖြစ်သည်။

လက်ယာကာကွယ်စောင့်ရှောက်သူဟာ
ခြိမ်းခြောက်ခံရသလိုခံစားရသည်။

သို့သော် နတ်ဆိုးအရှင်ဟာ သဘောမကျ
ဟန်ဖြင့်ခေါင်းရမ်းလိုက်ပြီး "ခန္ဓာကိုယ်စုစည်းခြင်းအဆင့်ကိုးပဲရှိသေးတယ်။
အဝေးကြီးသွားရဦးမယ်။"

မဟုတ်သေးဘူး။ရှူယန်ယန်ဟာတစ်ခုခုကိုသတိထားမိလိုက်သလိုပင်။ဝမ်ရန်အယ်နှင့် ယင်ဟန်ကျန်းတို့ကို သူအပြန်ပြန်အလှန်လှန်  သေချာကြည့်လိုက်သည်။ယင်ဟန်ကျန်းဟာ ယခင်လို တိတ်တဆိတ်ဖြင့်သစ္စာရှိမြဲရှိ‌နေဆဲဖြစ်ပြီး အရှင်ဟာလည်းယခင်လိုအေးစက်စက်ဖြင့်ယုံကြည်မှုအပြည့်ဖြစ်ပြီး နှစ်ယောက်ကြားဆက်ဆံရေးမှာဘာမျှ
မပြောင်းလဲသွားပုံပင်။
ပြောင်းလဲသွားတာဟူ၍ ....

ရှူယန်ယန်မျက်လုံးစောင်းကြည့်လိုက်သောအခါကာကွယ်သူယင်ဟာအရှင့်နားသို့ယခင်ကထက် အနည်းငယ်ပိုကပ်နေပြီး သူ့‌နောက်၌ ယင်ဟန်ကျန်းရှိသောကြောင့်
ဝမ်ရန်အယ်၏ က်ိုယ်နေဟန်ထားဟာ
ယခင်ထက်အနည်းငယ်ပို၍သက်တောင့်သက်သာရှိနေတာကိုတွေ့လိုက်ရသည်။

အနည်းငယ်မျှသာဖြစ်သော်လည်း
ယခင်နှင့် မတူညီသည့်ခံစားချက်မျိုးရသည်။

ရှူယန်ယန်နှလုံးသားထဲ၌ အချက်ပေးခေါင်းလောင်းသံများဆူညံသွားပြီး
"အရှင်ဒီနှစ်ဝက်အတွင်းမှာ ကျွန်မကိုယ်ကျွန်မအနစ်နာခံပြီး ဟယ့်ဝမ်းချောင်နှင့်အတူတူနေခဲ့ပါတယ်။ပြီးတော့ သူ့ကိုဝိဉာဉ်အ‌ခြေတည်ခြင်းအဆင့်ရောက်အောင်
ကူညီပေးပြီးသူ့ဂိုဏ်းကအရေးကြီးကိစ္စတွေမှာပါဝင်ခွင့်ရအောင်လုပ်ပေးခဲ့ပါတယ်။
ဝိဉာဉ်အ‌ခြေတည်ခြင်းအဆင့်တပည့်တွေ
ပူးပေါင်းဖန်တီးမဲ့ အစီအရင်တည်နေရာကိုလည်း ရှာတွေ့ခဲ့ပါတယ်။အင်အားကြီးဂိုဏ်းငါးဂိုဏ်းဖြစ်တဲ့ ရှန့်ချင်းဂိုဏ်း၊လျန့်ကျန့်ဂိုဏ်း၊ကျိုရှီဂိုဏ်း၊ပိလျောင်ဂိုဏ်း၊ဝူရှန်းဘုရားကျောင်းနဲ့အခြားဂိုဏ်းသေးတွေရဲ့
ဝိဉာဉ်အ‌ခြေတည်ခြင်းအဆင့်ဂိုဏ်းတပည့်တွေကိုစုပေါင်းပြီး ချွမ်းယွမ်ဂိုဏ်း
တောင်ဘက်နဲ့မြောက်ဘက်မှာ အစီအရင်အကြီးစားတစ်ခုဖန်တီးပြီး တိုက်ခိုက်နေချိန်မှာ ကျွန်မတို့သဘာဝဝိဉာဉ်စွမ်းအားတွေ
စုပ်ယူလို့မရအောင်တားဆီးပိတ်ပင်ထားမယ်လို့လည်းသိရပါတယ်။" ဟူ၍
အလျင်အမြန်လျှောက်တင်လိုက်သည်။

ရှူယန်ယန်ဟာသူခြောက်လအတွင်း
လုပ်ခဲ့သမျှ၊ရခဲ့သမျှသတင်းများကို
လျှောက်တင်၍ ကာကွယ်သူယင်ထက် သာလွန်အောင် ကြိုးပမ်းနေသည်။အရှင့်ကိုဖားရုံဖြင့်မရဘဲကိစ္စရပ်တွေကိုပါပြီးမြောက်အောင်လုပ်ရမည်ဖြစ်ကြောင်း ကာကွယ်သူယင်ကို သူသိစေချင်သည်။

ဝတ္ထုစာအုပ်ထဲ၌ ဂိုဏ်းပေါင်းစုံစစ်ပွဲအကြောင်းကို ပိုင်လီချင်းမြောင်အမြင်ဘက်မှဖော်ပြထားသည်။သူဟာ ဗဟိုချက်ဖွဲ့စည်းခြင်းအဆင့်သာရှိသေးသည့်ဂိုဏ်းသားဖြစ်‌ခြင်းကြောင့် ဘာသတင်းအချက်အလက်ကိုမျှသိပ်မသိချေ။စစ်ပွဲဖြစ်ပွားခဲ့သည့်
ဆယ်နှစ်အတွင်း သူ့ဂိုဏ်းတူအစ်ကိုကိုသတိရခြင်း၊စိုးရိမ်ခြင်း၊စိတ်ပူပန်ခြင်းများဖြင့်ပြည့်နှက်နေပြီး ထိုကာလအတွင်းမှာပင်လူများကို နေရာပေါင်းစုံမှာကယ်တင်ပေးကာ
ဇာတ်လိုက်မင်းသမီးမှာရှိရမည့်ကြင်နာတတ်သည့်စိတ်သဘောထားကိုသာလှစ်ဟပြသနေ၏။ထို့ကြောင့် အမှန်တရားဂိုဏ်းများဘက်မှ အကြံအစည်ကိုဝမ်ရန်အယ်အတိအကျမသိပေ။ရှူယန်ယန်ထံမှရသော
သတင်းအချက်အလက်များကြောင့်
ထိုဂိုဏ်းများ၏အကြံအစည်မှာတဖြည်းဖြည်းရုပ်လုံးပေါ်လာ၏။

"ကျွန်မတို့ဘက်က တိုက်ခိုက်တာတော်တဲ့
လူနှစ်ယောက်ကို အစီအရင်ကိုဖျက်ဆီးဖို့
အကောင်းဆုံးနေရာတွေကိုကြိုလွှတ်ထားပြီး
တဖြည်းဖြည်းနဲ့ သူတို့ရဲ့ဝိဉာဉ်အခြေတည်အဆင့်ဂိုဏ်းတပည့်တွေအကုန်လုံးကို
သတ်ပစ်တာမကောင်းဘူးလား။"
ဟူ၍ပြောပြီးမော့ကြည့်လာသည့်ရှူယန်ယန်
မျက်လုံးထဲ၌ နွေးထွေးပြီးဆွဲဆောင်မှုရှိသည့်
အကြည့်များပျောက်ကွယ်နေပြီး
ရက်စက်ခြင်းများသာကျန်ရစ်၏။

အဖြူရောင်ဝတ်စုံဝတ်ထားသည့်သူဟာ
သိမ်မွေ့စွာလက်ယပ်ခေါ်နေသည့်ပွင့်လန်း
နေသောပင့်ကူလီလီပန်းနှင့်တူနေပြီး
ပျက်စီးခြင်းဆီသို့ဦးတည်
ခေါ်ဆောင်နေသည်။

အေးစက်၍ညှာတာမှုကင်းမဲ့သည်။
ဘာနည်းလမ်းပဲသုံးရသုံးရရည်ရွယ်ချက်ဖြစ်မြောက်ဖို့ကအဓိကပင်။ဤသည်မှာ
ချွမ်းယွမ်ဂိုဏ်း၏ လက်ယာကာကွယ်စောင့်ရှောက်သူ ရှူယန်ယန်၏ပုံစံအစစ်အမှန်ဖြစ်သည်။သူစကားပြောနေချိန်၌
ဒူဘေးကြယ်ဟာညကောင်းကင်ယံ၌
ထိန်လင်းစွာတောက်ပလာ၏။

ရှန့်ချင်းဂိုဏ်း၏ခေါင်းဆောင်ဟာ အခြား
အင်အားကြီးဂိုဏ်းခေါင်းဆောင်များနှင့်အတူ
ကောင်းကင်၏ဆန္ဒကိုခန့်မှန်းရန်
ကြယ်နက္ခတ်များကိုစောင့်ကြည့်နေသည်။
ကျိုရှီဂိုဏ်းခေါင်းဆောင်၏အမူအယာဟာ
ညကောင်းကင်ယံကို လေးနက်စွာ
ကြည့်နေပြီး"ပိုလစ်ကြယ်၊အယ်ကိတ်ကြယ်နဲ့
ဒူဘေးကြယ် သုံးခုလုံးတောက်ပနေပြီး
တစ်ခုနဲ့တစ်ခုရောင်ပြန်ဟပ်နေတယ်။
မကောင်းတဲ့နိမိတ်ပဲ။"ဟုပြောလိုက်သည်။

ပိလျောင်ဂိုဏ်းခေါင်းဆောင်ဟာ
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ငါတို့လွန်ခဲ့တဲ့
လတွေက တွက်ချက်ခဲ့တုန်းက
ဒူဘေးကြယ်ဟာမိုးကြိုး‌အောက်မှာပျက်စီးသွားပြီး အယ်ကိတ်ကြယ်က မကောင်းတဲ့နိမိတ်တွေနဲ့သွေးရောင်လွှမ်းနေပြီး
ကိုယ့်ကိုကိုယ်ဖျက်ဆီးသွားမဲ့ ဖြစ်နိုင်ချေအရမ်းမြင့်နေတာ။ပိုလစ်ကြယ်ကျတော့
မက်မွန်ပန်းအတိတ်နိမိတ်တွေနဲ့
အချစ်ကပ်ဘေးကြုံရမှာလေ။"

ကြယ်သုံးခုလုံး၏နိမိတ်များမကောင်းသဖြင့်
အမှန်တရားဂိုဏ်းများအတွက် နတ်ဆိုးဂိုဏ်းများကိုချေမှုန်းနိုင်မည့်အကောင်းဆုံးအခွင့်အရေးပင်။အဘယ့်ကြောင့် ကံကြမ္မာဟာ ရုတ်တရက်ပြောင်းလဲသွားရတာလဲ။

လျန့်ကျန့်ဂိုဏ်းခေါင်းဆောင်ဟာ
ကောင်းကင်ယံကိုစိုက်ကြည့်၍ "လွန်ခဲ့တဲ့ခြောက်လကပိုလစ်ကြယ်ရဲ့အချစ်ကပ်ဘေးပျောက်ကွယ်သွားပြီး သူ့ရဲ့ကာကွယ်သူ
အယ်ကိတ်ကြယ်က မကောင်းတဲ့နိမိတ်အောက်ကရုန်းထွက်နိုင်ခဲ့တယ်။ဒူဘေးကြယ်ဟာ ပျောက်ကွယ်သွားရမဲ့အစားတောက်ပလာခဲ့တယ်။အရာအားလုံးရုတ်တရက်ပြောင်းလဲသွားရတာက ပိုလစ်ကြောင့်ပဲ။"

ရှန့်ချင်းဂိုဏ်းခေါင်းဆောင်ဟာ
"ပိုလစ်ကြယ်က ချွမ်းယွမ်ဂိုဏ်းခေါင်းဆောင်ဝမ်ရန်အယ်ကိုကိုယ်စားပြုတယ်။သူက
လွန်ခဲ့တဲ့နှစ်တစ်ရာက မုန်တိုင်းလိုမျိုးပေါ်ထွက်ခဲ့တာ။သူ့နောက်မှာ သူ့ကိုကာကွယ်ပေးမဲ့ နတ်ဆိုးဓားကိုင်ဆောင်ထားသူ
တစ်ယောက်ရှိပြီး နတ်ဆိုးဂိုဏ်းတွေကို
ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပဲ ပေါင်းစည်းခဲ့တာ။စွမ်းအင်ညီမျှနေမှုပြောင်းလဲသွားပြီး အမှန်တရားဂိုဏ်းတွေတဖြည်းဖြည်းအားနည်းလာတယ်။ငါတို့
ဝမ်ရန်အယ်ကိုမဖယ်ထုတ်နိုင်ရင်
သူတစ်ယောက်တည်းက ငါတို့
အမှန်တရားဂိုဏ်းတွေကိုနှစ်တစ်ထောင် လောက်ဖိနှိပ်ထားလိမ့်မယ်။"

ပိလျောင်ဂိုဏ်းခေါင်းဆောင်ဟာ
"ငါတို့ရဲ့မူလအစီအစဉ်က ရှန့်ချင်းဂိုဏ်း
တစ်ဂိုဏ်းတည်း သူ့ကိုရင်ဆိုင်ဖို့။အခုတော့
အဲ့လိုလုပ်လို့မရတော့ဘူး။စွမ်းအားမြင့်ကျင့်ကြံသူတွေနဲ့ မသေမျိုးအသုံးအဆောင်ပစ္စည်းတွေအခုထက်ပိုသုံးပြီး ဝမ်ရန်အယ်ကိုရှင်းပစ်ရမယ်။"

ကျိုရှီဂိုဏ်းခေါင်းဆောင်ဟာ "ကောင်းကင်ရဲ့ဆန္ဒဟာခန့်မှန်းဖို့ခက်တယ်။ငါ့ရဲ့ဂိုဏ်းက
ကောင်းကင်ရဲ့ထူးခြားချက်တွေကို
နည်းနည်းပါးပါးသိလိုသိငြား ကံကြမ္မာကိုသေချာကြိုးကြိုးစားစားဖတ်ခဲ့ပေမဲ့
ကျဆုံးသွားတာများတယ်။ဘာ့ကြောင့်
နှစ်တစ်ဝက်အတွင်းမှာကံကြမ္မာပြောင်းလဲတာ အရမ်းမြန်နေရတာလဲ။ကောင်းကင်က
ငါတို့ကို စစ်ပွဲရဲ့ရလဒ်ကိုကြိုမသိစေချင်လို့များလား။"

ဝူရှန်းဘုရားကျောင်းကဆရာတော်ဟာ
ဗုဒ္ဓအမည်ကိုရွတ်ဆိုကာ သူ့လက်ထဲမှ
ပုတီးကိုချလိုက်ပြီး ဘုန်းတော်ကြီးတစ်ပါး၏
လက်နက်ဟာ လက်ဖဝါးထဲပေါ်လာသည်။
သူမျက်လုံးဖွင့်လိုက်သည့်အခါ မေတ္တာတရားများဖြင့်ပြည့်နှက်နေသည့်အကြည့်များမှ
ဒေါသအမျက်ခြောင်းခြောင်းထွက်နေသောအကြည့်များအဖြစ်ပြောင်းလဲသွားပြီး
ဗုဒ္ဓဆင်းတုတော်များအရှေ့တွင်ထားသည့် ရက်စက်သောလောကဥပ‌ဒေစောင့်ရှောက်သူရုပ်တုများနှင့် ဆင်တူသွား၏။

"ဆရာတော်ကိုယ်တိုင်ဝင်ပါတော့မလို့လား။
ရှန့်ချင်းဂိုဏ်းခေါင်းဆောင်ရဲ့မျက်လုံးဟာအရောင်တောက်လာပြီး "ဆရာတော်ပါ
ဝင်ပါမယ်ဆိုရင် အချိန်တစ်ဝက်နဲ့နှစ်ဆ
ပိုအလုပ်ဖြစ်ပြီး အောင်မြင်မှုက ကျွန်တော်တို့
လက်တစ်လှမ်းအကွာမှာရှိမှာပဲ။"

အင်အားကြီးဂိုဏ်းခေါင်းဆောင်များ
စုပေါင်းဆွေးနွေး၍ တိုက်ခိုက်မည့်အချိန်ကိုသတ်မှတ်ပြီးသောအခါ သက်ဆိုင်ရာဂိုဏ်းအသီးသီးသို့ပြန်ကြ၏။ရှန့်ချင်းဂိုဏ်းခေါင်းဆောင်ဟာ လျှို့ဝှက်ခန်းမှထွက်ပြီး
စီမံခန့်ခွဲ‌ခြင်းခန်းမသို့လာကာ အကြီးအကဲ
ချင့်ယွဲ့အား "ပိုင်လီချင်းမြောင် ဗဟိုချက်ဖွဲ့စည်းခြင်းအဆင့်ရောက်သွားပြီဆို။ဟုတ်လား။"ဟုမေးလိုက်သည်။

အကြီးအကဲချင့်ယွဲ့အလုံးစုံရှင်းပြလိုက်သည့်အခါဂိုဏ်းခေါင်းဆောင်ဟာပြုံးလိုက်ပြီး
"ချင်းမြောင်နဲ့ဝမ်းချောင်က ရှန့်ချင်းဂိုဏ်းကိုအနာဂတ်မှာ ဆက်ခံဖို့အလားအလာရှိတဲ့
လူတွေ။ငါတို့တွေဒီစစ်ပွဲကိုလွတ်လွတ်
လပ်လပ်အာရုံစိုက်ထားလို့ရတယ်။
ဂိုဏ်းတူညီလေးချင့်ယွဲ့ လမင်းအိုင်ငယ်ခေါင်းလောင်းကိုစောင့်ရှောက်ဖို့ဂိုဏ်းမှာ
နေခဲ့ပြီး ရှန့်ချင်းဂိုဏ်းရဲ့အင်အားကိုထိန်းသိမ်းထားပါ။"

ချင့်ယွဲ့သည်ဤစစ်ပွဲဟာရှောင်လွှဲလို့
မရမှန်းသိ၏။
"ဒါပေမဲ့အခုအဲ့ကလေးနှစ်ယောက်ရန်ဖြစ်ထားတယ်။"ဟုသူပြောလိုက်သည်။

"ပိုင်လီချင်းမြောင် စိတ်ကောက်နေပြန်ပြီလား။မိန်းမငယ်လေးတွေကဒေါသဖြစ်လွယ်တယ်။သူဝိဉာဉ်အခြေတည်ခြင်းအဆင့်ရောက်သွားရင်တော့ တည်ငြိမ်သွားမှာပါ။"ဟုပြော၍ဂိုဏ်းခေါင်းဆောင်ဟာ
ရယ်လိုက်သည်။

ချင့်ယွဲ့နှင့်ဂိုဏ်းခေါင်းဆောင်ဟာ သူတို့နှစ်ဦးရန်ဖြစ်ခြင်းကိုအလေးအနက်မထားပေ။
သို့ပေမဲ့ ဟယ့်ဝမ်းချောင်ကတော့နည်းလမ်း
ပေါင်းစုံသုံး၍ ပိုင်လီချင်းမြောင်ဒေါသပြေရန်ကြိုးစားနေသည်။

ရန်ဖြစ်ရခြင်း၏အကြောင်းအရင်းမှာ
ပိုင်လီချင်းမြောင်ပြန်ရောက်သောအခါ
ချက်ချင်းစီမံခန့်ခွဲခြင်းခန်းမသို့သွား၍
သူ့ဂိုဏ်းတူအစ်ကို၏ကင်းလှည့်သော
မှတ်တမ်းများကိုသွားရောက်ကြည့်ရှုခြင်းမှစတင်၏။

သူ့ဂိုဏ်းတူအစ်ကိုနှင့်အချိန်ကြာမြင့်စွာခွဲခွာ
ရသည့်ပထမဆုံးအခေါက်ဖြစ်သည့်အပြင် လေလွင့်မသေမျိုးနှင့်မဟာယနာအဆင့်ကျင့်ကြံသူကြားဖြစ်ပွားသည့်တိုက်ပွဲကိုလည်း ပထမဆုံးကြုံတွေ့ရခြင်းဖြစ်သည်။ကံ‌ကောင်းလွန်းသဖြင့် အသက်ရှင်ခြင်း
ဖြစ်သည့်အတွက်သူ့ဂိုဏ်းတူအစ်ကို
ကို အလွန်ပင်လွမ်းလှသည်။ထို့‌ကြောင့်
သူ မရှိသည့်အချိန်တွင်ဂိုဏ်းတူအစ်ကိုဘာတွေလုပ်ခဲ့သလဲဆိုတာသိချင်မိသည်။

စီမံခန့်ခွဲခြင်းခန်းမရှိမှတ်တမ်းများကို
ဂိုဏ်းရှိလူအားလုံးကြည့်၍ရသည်။
ပိုင်လီချင်းမြောင်ဟာ သူ့ဂိုဏ်းတူအစ်ကို
ဝိဉာဉ်အခြေတည်ခြင်းအဆင့်ရောက်သွားသဖြင့် အရင်ဆုံးအလွန်ပျော်ရွှင်ခဲ့သည်။
သို့ပေမဲ့ ကြည့်လေလေတစ်ခုခုထူးဆန်း
လေလေဟုခံစားရသည်။ဟယ့်ဝမ်းချောင်ဟာတောင်အောက်သို့နှစ်ရက်ကြာလျှင်တစ်ခါမကြာခဏသွားနေခြင်းဟာ
ထူးဆန်းလှသည်။

ပိုင်လီချင်းမြောင်ဟာ ဟယ့်ဝမ်းချောင်
တောင်အောက်ဆင်းသည့်အချိန်တိုင်းနီးပါး
လိုက်လေ့ရှိသဖြင့် ယခင်ကတစ်လလျှင်တစ်ခါသာဆင်းလေ့ရှိကြောင်းသိသည်။
ထိုအခိုက်အတန့်မှာပဲ ယောင်ဝမ်တန်ဟာ
စီမံခန့်ခွဲခြင်းခန်းမသို့ ဆေးခန်းမအတွက်
လိုအပ်သည့်ပစ္စည်းများလာယူသည်။ထိုအခါ
ကျောက်စိမ်းပြားရှိမှတ်တမ်းများကို
ကြည့်ကာစိတ်လွင့်နေသည့် ပိုင်လီချင်းမြောင်ကိုတွေ့သဖြင့် ဗဟိုချက်ဖွဲ့စည်းခြင်းအဆင့်ရောက်ခြင်းအား ဂုဏ်ပြုကြောင်း
ပြောကြားလိုက်သည်။

"ဂိုဏ်းတူအစ်ကိုယောင်"
"ကျွန်မရဲ့ဂိုဏ်းတူအစ်ကိုကိုတွေ့မိလား။
ဒီနေ့ သူလုပ်ရမဲ့တာဝန်ကကင်းလှည့်ရမှာ။
အဲ့တာကိုသူ့ကိုဘာလို့မတွေ့ရတာလဲ။"

"သူသွားပြီထင်တယ်။သူဒီရက်တွေမှာ
အချိန်တိုင်းတောင်အောက်ဆင်းနေတာ။
သူအပြစ်ရှိတယ်လို့ခံစားရလို့ထင်တယ်။မိန်းကလေးရှူအတွက်အိမ်တောင်ဝယ်ပေးထားတယ်။"ယောင်ဝမ်တန်ဟာ ပွင့်လင်းသောစရိုက်ရှိသဖြင့်ဘာကိုမှမစဉ်းစားမိဘဲပြောလိုက်သည်။ပြောပြီးမှနောင်တရပြီး
သူ့ပါးသူရိုက်လိုက်သည်။

ပိုင်လီချင်းမြောင်လက်ထဲမှကျောက်စိမ်းပြားသည် ကြမ်းပြင်ပေါ်သို့'တောင်'ကနဲ
လွတ်ကျသွားသည်။
"ဘာပြောလိုက်တယ်။ဂိုဏ်းတူအစ်ကိုက
မိန်းကလေးရှူကိုအိမ်ဝယ်ပေးတယ်ဟုတ်လား။"

ဟယ့်ဝမ်းချောင်ဟာထိုအချိန်မှာပဲ
တိုင်ဆိုင်စွာပြန်ရောက်လာသဖြင့်
ပိုင်လီချင်းမြောင်ငိုသံဖြင့် ပြောစကားများကိုကြားလိုက်ရသည်။ထိုအခါသူ့အာရုံသည်အချိန်ခဏကြာ ဘာမှမမြင်ရတော့ဘဲ မှောင်မိုက်သွား၏။ထို့‌နောက်သူဟာ
ပိုင်လီချင်းမြောင်လက်ကိုဆွဲလိုက်ပြီးအလွန်ဝမ်းသာဟန်ဖြင့် "နောက်ဆုံးတော့ညီမလေး ပြန်ရောက်လာပြီ။ဒီရက်တွေမှာအစ်ကိုညီမကိုအရမ်းစိတ်ပူနေပြီးအရမ်းလည်းလွမ်းနေတာ။"

ယောင်ဝမ်တန်ဟာသူမပြောသင့်သည်ကိုပြောလိုက်မိမှန်းသဘောပေါက်သွားသောကြောင့် ခေါင်းငုံ့၍ထိုနေရာမှအမြန်
ပြေးထွက်သွားပြီး ဟယ့်ဝမ်းချောင်နှင့်
ပိုင်လီချင်းမြောင် သူတို့ကိစ္စကိုသူတို့ပါ
သူတို့ ဖြေရှင်းနိုင်ရန်ထားခဲ့လိုက်သည်။

ပိုင်လီချင်းမြောင်ဟာ ဟယ့်ဝမ်းချောင်ကို
စစ်ဆေးမေးမြန်းပြီးနောက် ရှူယန်ယန်ကို
ဟယ့်ဝမ်းချောင်နှင့်ပတ်သက်မှုအကြောင်းမေးရန် တောင်အောက်သို့အမြန်ဆင်းသွား
တော့သည်။ဟယ့်ဝမ်းချောင်ဟာလည်း
သူ့နောက်သို့အလျင်အမြန်လိုက်လာ၏။

သူတောင်အောက်သို့ဆင်းလာသည်နှင့်
သူ့လှုပ်ရှားမှုများကို ရှူယန်ယန်အာရုံခံမိသဖြင့်"အရှင် ကျွန်မဘယ်လိုလုပ်ရမှာလဲ။"ဟုမေးလိုက်သည်။

"ဂိုဏ်းပေါင်းစုံစစ်ပွဲမစခင် မင်းဘယ်သူ
ဆိုတာကိုမသိစေနဲ့။ကျန်တာကိုတော့
မင်းဘာသာမင်း ကြည့်ကြပ်လုပ်လိုက်။"
ဟုဝမ်ရန်အယ်အမိန့်ပေးလိုက်သည်။

"ကောင်းလိုက်တာ"ဟုရှူယန်ယန်ဟာလက်ခုပ်တီးရင်း "ကျွန်မစိတ်တော်တော်ပျက်နေခဲ့တာ။‌နောက်ဆုံးတော့ဒီနေရာကထွက်ပြီး ကျွန်မရဲ့ချစ်စရာကောင်းတဲ့ငယ်သားလေးတွေဆီပြန်လို့ရတော့မယ်။ ရေး ဟေး"

သူတကယ်ကိုမျက်ရည်ဝဲခဲ့တာ။စကျင့်ကြံတည်းကအခုလိုမျိုးယောက်ျားတစ်ယောက်နဲ့အချိန်အကြာကြီးနေရတာမျိုးမရှိခဲ့ဖူးဘူး။
သူမိုးကြိုးဝိဉာဉ်စွမ်းအင်နဲ့ထူးခြားတဲ့စွမ်းအင်
နှစ်မျိုးလုံးလည်းလုံလောက်အောင်ရပြီးလို့
ဟင်းလင်းပြင်နယ်နိမိတ်အဆင့်ကိုးတောင်ရောက်သွားပြီ။သူဟယ့်ဝမ်းချောင်ကိုငြီးငွေ့နေပြီ။သတင်းရဖို့သာမဟုတ်ရင်အခုလို
ကိုယ့်ကိုကိုယ်အညှင်းဆဲခံနေမှာမဟုတ်ဘူး။

ဝမ်ရန်အယ်ဟာယင်ဟန်ကျန်းနှင့်
မျက်လုံးချင်းအချက်ပြလိုက်ပြီး အခန်းထဲမှထွက်၍ ဘေးချင်းကပ်အခန်းသို့ဝင်လိုက်သည်။သို့သော်လည်း အဖြစ်အပျက်များကို
ကြည့်၍ရရန် စောင့်ကြည့်မန္တာန်
သုံးလိုက်၏။

ဟယ့်ဝမ်းချောင်လုပ်ခဲ့တာတွေကိုသိပြီးလျှင်
ပိုင်လီချင်းမြောင်ဘယ်လိုရွေးချယ်မှုမျိုး
လုပ်မလဲဆိုတာ ဝမ်ရန်အယ်သိချင်သည်။

ဘေးချင်းကပ်အခန်းမှာအစေခံ
နေရန်ဖြစ်ပြီးအိပ်ယာအသေးတစ်ခုသာပါသည်။သို့သော် အစေခံမရှိသဖြင့်
အခန်းလွတ်အတိုင်းပင်။ထိုအိပ်ယာပေါ်သို့
ဝမ်ရန်အယ်ထိုင်ချလိုက်သဖြင့်သူ့နောက်၌ ရပ်ရန်နေရာမရှိ‌တော့ပေ။ဝမ်ရန်အယ်ဟာ
အနောက်၌နေရာမရှိသဖြင့်အနားသို့
လာရပ်ရသည့်ယင်ဟန်ကျန်း‌ကို
"ထိုင်"ဟုပြော၍ဆွဲချလိုက်သည်။

သေးငယ်လှသည့်အိပ်ယာပေါ်၌သူ့အရှင်နှင့်ဘေးချင်းကပ်ထိုင်ရသဖြင့် စိတ်လှုပ်ရှား
လွန်းပြီး ယင်ဟန်ကျန်းလည်စလုတ်ဟာ
နိမ့်ချည်မြင့်ချည်ဖြစ်နေ၏။ထို့အပြင်
လက်မဝက်လောက်ပဲအကွာအဝေးရှိသည့်
ထိစပ်ကာနီးဖြစ်နေသော သူတို့၏ပခုံးများကို
မကြည့်ရဲသဖြင့် သူမျက်လွှာချထားမိသည်။

သူတို့အချိန်အတော်ကြာစောင့်နေသော်လည်း ဟယ့်ဝမ်းချောင်နှင့်
ပိုင်လီချင်းမြောင်ရောက်မလာသေးပေ။
လာလမ်း၌စကားများနေသောကြောင့်နောက်ကျနေခြင်းဖြစ်နိုင်သည်။ဝမ်ရန်အယ်ဟာ သူ့နားရှိယင်ဟန်ကျန်းတစ်ခုခု
ပြောချင်ဟန်ဖြင့်ပါးစပ်နည်းနည်းလေး
ပွင့်လာသည်ကို တွေ့သောကြောင့်
"ပြောချင်တာကိုပြောချလိုက်"
ဟုအမိန့်ပေးလိုက်သည်။

သူ၏အရှင်ထံမှအမိန့်ရသောကြောင့်
ယင်ဟန်ကျန်းဟာ မဖုံးကွယ်ရဲတော့ဘဲ
ခဏတုံ့ဆိုင်းပြီးနောက် "အရှင့်ရဲ့
သတ်ဖြတ်ခြင်းလမ်းစဉ်က သေဆုံးခြင်းတွေမရှိအောင်တားဆီးပြီး သက်ရှိတွေကို
ကာကွယ်ပေးရမှာမဟုတ်ဘူးလား။ဘာလို့
ဂိုဏ်းပေါင်းစုံစစ်ပွဲစတင်ပြီး သာမန်လူတွေရဲ့ဘဝကိုပရမ်းပတာဖြစ်အောင်လုပ်တာလဲ။"

သူကလူကောင်းတစ်ယောက်မဟုတ်သည့်အတွက် ရှူယန်ယန်အမှန်တရားဂိုဏ်းသား
တွေကိုသုတ်သင်မည့်အကြောင်းပြောစဉ်က
မည်သို့မျှမခံစားရပေ။အရှင် ဘာပဲ
လုပ်ခိုင်းခိုင်း သူငြင်းမှာမဟုတ်။

သို့ပေမဲ့ အရှင်ထိုကိစ္စကို ဘာကြောင့်
လုပ်သလဲဆိုတာနားမလည်နိုင်သဖြင့်
သူ့နှလုံးသားထဲတွင်ရှုပ်ထွေးနေသည်။
ဂိုဏ်းပေါင်းစုံစစ်ပွဲအကြောင်းကြိုသိနေရင် ဘာလို့မရှောင်ရတာလဲ။အရှင်ကျင့်ကြံနေတဲ့တာအိုနဲ့လည်းမကိုက်ညီတဲ့တာကို။
ဘာ့ကြောင့် မရှောင်တာလဲ။

ပုံမှန်ဆိုလျှင် ယင်ဟန်ကျန်းမေးဖြစ်မှာမဟုတ်ပေ။သို့သော် အရှင်က ပြောဖို့အမိန့်
ပေးသောကြောင့် မေးဖြစ်သွားသည်။
အယ်ကိတ်ကြယ်ကပိုလစ်ကြယ်ကို
မေးခွန်းမထုတ်သင့်။သို့သော်သူမရှင်းသည့်အရာကို အရှင်ရှင်းပြပေးမည်ဟု
သူယုံကြည်သည်။

ဝမ်ရန်အယ်ဟာသူ့မေးခွန်းကိုမဖြေဘဲ
"ကာကွယ်စောင့်ရှောက်သူယင်
မင်းကျင့်ကြံသူတွေကိုဘယ်လိုမြင်လဲ။"
ဟုပြန်မေးသည်။

ယင်ဟန်ကျန်းဟာခဏစဉ်းစားပြီး
"ထိပ်ဆုံးမှာရှိ‌တဲ့လူတွေများလား။"
ဟုပြန်ဖြေသည်။

သူယခင်ကထိုအကြောင်းမစဉ်းစားဘူးပေ။
သာမန်လူတွေက ကျင့်ကြံသူတွေကို
"မြင့်မြတ်သောမသေမျိုးများ"ဟုခေါ်၍
ကျင့်ကြံသူတွေဟာလည်း သူတို့ကိုယ်သူတို့
မြင့်မြတ်သည်ဟုထင်သဖြင့် ကျင့်ကြံခြင်းလောကကို သက်သက်ခွဲထုတ်ထားသည်။

"မှားတယ်။"ဝမ်ရန်အယ်ဟာခံစားချက်
ကင်းမဲ့စွာ "မင်းရယ်၊ငါရယ်၊အမှန်တရားလမ်းစဥ် ဒါမှမဟုတ် နတ်ဆိုးလမ်းစဉ်ကိုကျင့်ကြံတဲ့ထောင်ပေါင်းများစွာသော
ကျင့်ကြံသူအားလုံးဟာ အခြားသက်ရှိတွေ
ဆီကအခွင့်အရေးတွေကိုခိုးယူထားတဲ့
သူခိုးတွေ။"

ဝမ်ရန်အယ်၏ကျင့်ကြံသူတွေအပေါ်
အမြင်ကထိုကဲ့သို့ဖြစ်မည်ဟု
ယင်ဟန်ကျန်းမထင်ထားခဲ့ပေ။

ဝမ်ရန်အယ်ဟာအဝေးမှာရှိသည့်တောင်များသို့လက်ညှိုးညွှန်ရင်း "ရှန့်ချင်းဂိုဏ်းရဲ့တည်နေရာကိုကြည့်လိုက်။ဝိဉာဥ်စွမ်းအင်အလျှံပယ်နဲ့အဲ့တောင်မှာ သက်ရှိအများကြီး
နေထိုင်လို့ရပြီး သဘာဝကပ်ဘေးတွေ
ကလည်းကာကွယ်ပေးခံရမှာ။သာမန်လူတွေသာအဲ့နေရာမှာမြို့တစ်မြို့တည်ခွင့်ရခဲ့မယ်ဆိုရင်နှစ်ထောင်ပေါင်းများစွာ‌နေလို့ရပြီး
အဲ့အချိန်အတွင်းမှာ လူသန်းပေါင်းများစွာမွေးဖွားလာမှာ။ဒါပေမဲ့ အခုတည်ရှိနေတဲ့
ရှန့်ချင်းဂိုဏ်းမှာ ဗဟိုချက်ဖွဲ့စည်းခြင်းအဆင့်နဲ့ အဲ့ထက်မြင့်တဲ့ကျင့်ကြံသူဆိုလို့
တစ်ရာအောက်ပဲရှိတယ်။"

ယင်ဟန်ကျန်းသည် "မဟာတာအိုက
ခံစားချက်ကင်းမဲ့တယ်။လူသားတွေ
သေသေရှင်ရှင်ဂရုမစိုက်ဘူး။"ဟုပြော၍
လူကုန်အသတ်ခံခဲ့ရသည့် သူ့ရွာအကြောင်းတွေးမိကာ နှုတ်ခမ်းတင်းတင်းစေ့ထားမိသည်။ဤသည်မှာသူ၏မဟာတာအိုအပေါ်အမြင်ကိုပထမဆုံးအကြိမ်ထုတ်ပြောခြင်းဖြစ်ပေသည်။

"မှန်တယ်။ဒါပေမဲ့ ကောင်းကင်ရဲ့စည်းမျဉ်း
တွေအရကျင့်ကြံသူတွေကိုအခွင့်အရေးတွေ
ခိုးယူခွင့်မပြုဘူး။အကယ်၍ ကျင့်ကြံသူတွေကြားမှာ ရန်ပွဲတွေ၊တစ်ယောက်နဲ့
တစ်ယောက်နှောင့်ယှက်တာတွေမရှိဘဲ
အကုန်လုံးကကျင့်ကြံခြင်းကိုပဲ အာရုံစိုက်
နေကြမယ်ဆိုရင် နှစ်ထောင်ပေါင်းများစွာကြာရင် တစ်ကမ္ဘာလုံးကစွမ်းအင်တွေကုန်ဆုံးသွားပြီး မြက်တစ်ပင်တောင်မှ
ပေါက်တော့မှာမဟုတ်ဘူး။အဲ့အချိန်ကျရင်
ဒီကမ္ဘာမှာသက်ရှိတွေ မရှိတော့ဘူး။"

ဂိုဏ်းပေါင်းစုံစစ်ပွဲ၏အဓိကရည်ရွယ်ချက်မှာ
အမှန်တရားဂိုဏ်းတွေက နတ်ဆိုးဂိုဏ်းသားတွေကိုချေမှုန်းရန်မဟုတ်သလို နတ်ဆိုးဂိုဏ်းတွေက အမှန်တရားဂိုဏ်းသားတွေကို သတ်ဖြတ်ရန်လည်းမဟုတ်။နှစ်ဘက်စလုံးမှ အလွန်ကြီးမားသည့်ကောင်းကင်ကပ်ဘေး တစ်ခုကျရောက်လာတော့မည်ကို
ခန့်မှန်းမိသောကြောင့် ကောင်းကင်
ဆုံးဖြတ်ချက်အောက်၌ များပြားလှသည့်
ကျင့်ကြံသူများသေဆုံးသွားကာ အဆုံးသတ်တွင်ဤကမ္ဘာရှိကျင့်ကြံသူများ၊သက်ရှိများ
မရှိတော့သည်အထိဖြစ်သွားမည်ကို ရှောင်ရှားရန်စစ်ပွဲစ၍ ဖိအားများကို
လျှော့ချခြင်းဖြစ်ပေသည်။

ကောင်းကင်ဆီမှခိုးယူခြင်း၊ကောင်းကင်ကို
လှည့်ဖျားခြင်း၊ကောင်းကင်ဆီမှလုယူခြင်းများသည် ကျင့်ကြံသူများ၏ရည်ရွယ်ချက်အမှန်ဖြစ်သည်။သူတို့ဟာ ကောင်းကင်၏
စည်းမျဉ်းများနှင့်ဟန်ချက်ညီအောင်
ထိန်းညှိ၍ ရှင်သန်ခြင်းနည်းလမ်းကို
ရှာဖွေထားကြသည်။

"ဒီတိုက်ပွဲမှာ ဒီအရှင် သေသေရှင်ရှင်
ငါ့ရဲ့ဝိဉာဉ်စွမ်းအင်တွေက ဒီကမ္ဘာမှာရှိနေဦးမှာပဲ။ငါသေပြီး ကျင့်ကြံခြင်းတွေ
ပျက်စီးသွားရင် ငါ့ခန္ဓာကိုယ်ကိုမြှုပ်နှံခဲ့တဲ့
နေရာမှာ နှစ်တစ်ရာအတွင်းမရေမတွက်
နိုင်တဲ့သက်ရှိ‌တွေမွေးဖွားလာလိမ့်မယ်။"

သူ့ပုံစံဟာ သေသေရှင်ရှင် ဂရုမစိုက်ပုံဖြင့်
တည်ငြိမ်နေသည်။

ယင်ဟန်ကျန်း၏နှလုံးသားဟာ ရုတ်တရက်နာကျင်သွားရသည်။သို့သော်လည်း သူဟာ
နတ်ဆိုးဓားကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး
"ဒီငယ်သားက အရှင့်ကိုမသေစေရအောင်ကာကွယ်ပေးပါ့မယ်။"ဟုပြောလိုက်သည်။

"ဒီအရှင်သိတယ်။"

စာအုပ်ထဲ၌ ယင်ဟန်ကျန်းဟာဝမ်ရန်အယ်အ‌ပေါ်သစ္စာရှိမှုကို သူ၏အသက်နှင့်
သက်သေပြခဲ့သည်။

ဝမ်ရန်အယ်ဟာ သူ့လက်ကိုဖွဖွလေး
ပုတ်လိုက်ပြီး ပြောခဲလှသည့်နွေးထွေးသည့်လေသံဖြင့်"ဒီအရှင်မရှိတော့တဲ့အချိန်ကျရင် မင်းငါ့နောက်လိုက်ခဲ့လို့ရတယ်။"

စာအုပ်ထဲကလို မင်းဘဝတစ်ဝက်လုံး
ငါ့အမိန့်ကိုပဲနာခံပြီးနေတာမျိုးမလုပ်နဲ့။
ဟု‌စိတ်ထဲမှာပြောမိသည်။

ထိုစကားကိုကြားပြီးသည့်နောက်
ယင်ဟန်ကျန်းဟာစိတ်သက်သာရာ
ရသွားပုံဖြင့်"ကျေးဇူးတင်ပါတယ် အရှင်။" ဟူ၍တည်ငြိမ်စွာပြောလိုက်သည်။

Spider Lily

အဖြူရောင်၊အပြာရောင်၊အနီရောင်၊ရွှေရောင်ဟူ၍ လေးရောင်ရှိသည်။

အပိုင္း၁၀။ခံစားခ်က္ကင္းမဲ့သည့္
မဟာတာအို

ပိုင္လီခ်င္းေျမာင္မတိုင္ခင္ ႐ွန္႔ခ်င္းဂိုဏ္း၌ ဗဟိုခ်က္ဖြဲ႕စည္းျခင္းအဆင့္သို႔အျမန္ဆုံးေရာက္႐ွိခဲ့သူဟာ သုံးႏွစ္အတြင္းေ႐ႊေရာင္
အျမဴေတဖြဲ႕စည္းႏိုင္ခဲ့သူအသက္ဆယ့္႐ွစ္ႏွစ္အ႐ြယ္ဟယ့္ဝမ္းေခ်ာင္ျဖစ္သည္။က်င့္ၾကံျခင္းသည္ေကာင္းကင္မွစြမ္းအင္မ်ားအား
ခိုးယူျခင္းျဖစ္၍ အဆင့္ျမင့္လာေလေလ ခက္ခဲလာေလေလျဖစ္သည္။ခ်ီစုေဆာင္းျခင္းႏွင့္ခ်ီသန္႔စင္ျခင္းဟာ႐ိုး႐ွင္းသျဖင့္
ဝူလင္းမွပါရမီအေတာ္အသင့္႐ွိသည့္လူမ်ားပါေလ့က်င့္ႏိုင္သည္။အေျခခံအုတ္ျမစ္တည္ေဆာက္ျခင္းအဆင့္သည္ မေရတြက္
ႏိုင္သည့္လူမ်ားအား တာအိုကို
သ‌ေဘာမေပါက္ႏိုင္ေစရန္ႏွင့္မည့္သည့္အခါမွအဆင့္တက္ႏိုင္ျခင္းမ႐ွိေစရန္တားဆီးထားသည့္အကန္႔အသတ္ျဖစ္သည္။

ထို႔အျပင္အေျခခံအုတ္ျမစ္တည္ေဆာက္ျခင္းအဆင့္သို႔ေရာက္သည္က ဟိုးထိပ္ဆုံးအဆင့္ထိ‌ေရာက္မည္ဟုဆိုလိုျခင္းလည္း
မဟုတ္ေသးေပ။

အေျခခံအုတ္ျမစ္တည္ေဆာက္ျခင္းအဆင့္သို႔ေရာက္လာပါေသာ္လည္း ႏွစ္ငါးဆယ္ သို႔မဟုတ္ႏွစ္တစ္ရာအတြင္း ေ႐ႊေရာင္
အျမဴ‌ေတမဖြဲ႕စည္းႏိုင္သျဖင့္ သက္တမ္းကုန္ဆုံးကာေသဆုံးသြားသူမ်ားမွာလည္းအမ်ားအျပားပင္။

ခ်ီစုေဆာင္းျခင္းဆိုသည္မွာစၾကာဝဠာမွစြမ္းအင္မ်ားကိုခႏၶာကိုယ္ထဲစုပ္ယူျခင္း
ျဖစ္ၿပီး ခ်ီသန္႔စင္ျခင္းဟာ ထိုစုပ္ယူထားသည့္စြမ္းအင္မ်ားကိုကိုယ္ပိုင္စြမ္းအားအျဖစ္အသုံးျပဳႏိုင္ေအာင္သန္႔စင္ျခင္းျဖစ္သည္။
အေျခခံအုတ္ျမစ္တည္ေဆာက္ျခင္းအဆင့္၌
ခ်ီကိုအသုံးခ်၍ ခႏၶာကိုယ္ထဲမွ
အညစ္အေၾကးမ်ားကိုစြန္႔ထုတ္ပစ္ၿပီး
သန္႔႐ွင္းစင္ၾကယ္သည့္ခႏၶာကိုယ္တစ္ခု
ရလာေအာင္ျပဳလုပ္သည္။
ေ႐ႊေရာင္အျမဴေတကို ဒန္တိမ္ထဲမွ
ဝိဉာဥ္စြမ္းအားအရင္းအျမစ္ကို
စုစည္း၍ ဖြဲ႕စည္းရျခင္းျဖစ္သည္။

ပထမဆုံးအႀကိမ္အျဖစ္ ကိုယ့္ခႏၶာကိုယ္
တစ္ခုလုံးကိုဝိဉာဥ္စြမ္းအင္ျဖင့္အာ႐ုံခံႏိုင္ၿပီး ခရမ္းေရာင္နန္းေတာ္ ဒန္တိမ္ထဲ၌
ပထမဆုံးေပၚ‌လာသည္။ခႏၶာကိုယ္အတြင္းကိုယ္ပိုင္စၾကဝဠာစြမ္းအင္မ်ားဖြဲ႕စည္း
ျခင္းသည္ မေသမ်ိဳးခႏၶာကိုယ္အျဖစ္သို႔ေျပာင္းလဲရန္ပထမဆုံးအဆင့္ျဖစ္သည္။

ဟယ့္ဝမ္းေခ်ာင္သုံးႏွစ္သာအခ်ိန္ယူခဲ့သည္ကိုကအံ့ဩစရာပင္ျဖစ္သည္။
ပိုင္လီခ်င္းေျမာင္ဟာအေျခခံအုတ္ျမစ္တည္‌ေဆာက္ျခင္းကိုအသက္ဆယ့္႐ွစ္ႏွစ္ႏွင့္ေရာက္ခဲ့တာျဖစ္၍ထိုႏွစ္မကုန္ခင္မွာပဲ
သူ႕ဆရာသင္ေပးစရာမလိုဘဲ ဗဟိုခ်က္ဖြဲ႕စည္းႏိုင္ခဲ့တာျဖစ္သည္။

အႀကီးအကဲခ်င့္ယြဲ႕ဟာ ပိုင္လီခ်င္းေျမာင္၏ အေျခအေနကို စီမံခန္႔ခြဲျခင္းခန္းမ၌ စစ္ေဆးၾကည့္လိုက္သည္။ထိုအခါ သူ၏ခ်ီမ်ားမွာသန္႔စင္ၿပီးအစီအစဥ္တက်႐ွိေနသည့္အျပင္ ႐ွန္႔ခ်င္းဂိုဏ္း၏နည္းလမ္း‌မ်ားႏွင့္လည္းကြက္တိက်‌ေနတာကိုေတြ႕ရသည္။
ဤသည္က ပိုင္လီခ်င္းေျမာင္ဟာဗဟိုခ်က္ဖြဲ႕စည္းျခင္းကို သူ႕အရည္အခ်င္းႏွင့္သူနားလည္ခဲ့ျခင္း၏ သက္ေသျဖစ္သည္။

ယခုျဖစ္ရပ္ဟာ ႐ွန္႔ခ်င္းဂိုဏ္း
ယခင္ကတစ္ခါမွမၾကဳံဘူးခဲ့သည့္လက္ေဆာင္မြန္တစ္ခုျဖစ္၏။

အႀကီးအကဲခ်င့္ယြဲ႕ဟာခ်ီးက်ဴးသည့္အေနျဖင့္ေခါင္းညိတ္လိုက္ၿပီးအနည္းငယ္ျပဳံးလိုက္သည္။ထို႔ေနာက္ဂိုဏ္းတည္ေထာင္ခဲ့သူ ဘိုးေဘးကို အေမႊးနံ႔သာမ်ားျဖင့္ပူေဇာ္ၿပီး ဂိုဏ္း႐ွိ လမင္းအိုင္ငယ္ေခါင္းေလာင္း
သံျမည္ေအာင္တီးလိုက္သည္။

လမင္းအိုင္ငယ္ေခါင္းေလာင္းဟာဂိုဏ္းတည္႐ွိရာေတာင္အနီးဝန္းက်င္ကို
ႏွစ္ေပါင္းမ်ားစြာကာကြယ္ေပးထားသည့္
႐ွန္႔ခ်င္းဂိုဏ္းပိုင္ဆိုင္ေသာ မေသမ်ိဳးအသုံးအေဆာင္ပစၥည္းသုံးမ်ိဳးထဲမွတစ္ခုျဖစ္သည္။

ထိုေခါင္းေလာင္းျမည္သံကို ေသဆုံးခါနီး
ဂိုဏ္းသားမ်ားမွလြဲ၍ က်န္သည့္႐ွန္႔ခ်င္းဂိုဏ္းသားအားလုံးၾကားရသည္။သာမန္
ေ႐ႊေရာင္အျမဴေတဖြဲ႕စည္းျခင္းမ်ိဳးဆိုလွ်င္
စီမံခန္႔ခြဲျခင္းခန္းမအႀကီးအကဲကိုယ္တိုင္ဂိုဏ္းတစ္ခုလုံးသိေအာင္ ေၾကညာျခင္းမ်ိဳးႏွင့္မထိုက္တန္ေပ။ဟယ့္ဝမ္းေခ်ာင္‌ေတာင္မွထိုေၾကညာျခင္းမ်ိဳးႏွင့္မထိုက္တန္ခဲ့ေပ။
ပိုင္လီခ်င္းေျမာင္၏ျဖစ္ရပ္မွာ အလြန္ကို
ၿပိဳင္ဘက္ကင္း႐ွားပါးလြန္းသျဖင့္
ေသခ်ာစဥ္းစားဆုံးျဖတ္ၿပီးေနာက္မွအႀကီးအကဲခ်င့္ယြဲ႕ေခါင္းေလာင္းတီး
ခဲ့ျခင္းျဖစ္သည္။

ေခါင္းေလာင္းတီးသံကို ႐ွဴယန္ယန္ႏွင့္
အိပ္ယာထဲတူတူ႐ွိေနသည့္ ဟယ့္ဝမ္းေခ်ာင္လည္းၾကားရသည္။

သုံးႀကိမ္ျမည္ၿပီးေနာက္ အႀကီးအကဲ
ခ်င့္ယြဲ႕၏ "အႀကီးအကဲ ခ်င့္႐ုန္လက္ေအာက္
တိမ္လႊာျမင့္မားေတာင္ထြဋ္က
ပိုင္လီခ်င္းေျမာင္ဟာ ေ႐ႊေရာင္အျမဴေတကို
တစ္ႏွစ္အတြင္းဖြဲ႕စည္းႏိုင္ခဲ့တယ္။" ဟူ၍
ေျပာသံကို႐ွင္း႐ွင္းလင္းလင္းၾကားရသည္။

ဟယ့္ဝမ္းေခ်ာင္ မွင္တက္သြားကာ
မလႈပ္႐ွားႏိုင္ျဖစ္သြားသည္။

႐ွဴယန္ယန္ဟာလည္း ေခါင္းေလာင္းျမည္သံ
ကိုၾကားလိုက္ရသည္။သို႔ေသာ္ ႐ွန္႔ခ်င္း
ဂိုဏ္းသားမဟုတ္သျဖင့္ ဘာေျပာသလဲ
ဆိုတာကိုေတာ့မၾကားရေခ်။ဘာကိုမွ
မသိသည့္ပုံစံျဖင့္ ဟယ့္ဝမ္းေခ်ာင္၏ လည္ပင္းကိုလက္ျဖင့္သိုင္းဖက္လိုက္ၿပီး "အစ္ကိုဟယ္ မရက္စက္ပါနဲ႔
ျမန္ျမန္လုပ္ပါ...."ဟုေျပာလိုက္သည္။

အံ့ၾသဖြယ္စင္းလုံးေခ်ာသ႐ုပ္ေဆာင္စြမ္းရည္ပိုင္႐ွင္ပင္။ခြၽမ္းယြမ္ဂိုဏ္း၏
လက္ယာကာကြယ္ေစာင့္ေ႐ွာက္သူ
ျဖစ္ထိုက္ပါေပသည္။

သို႔ေပမဲ့ ဟယ့္ဝမ္းေခ်ာင္ဟာစိတ္မပါေတာ့ဘဲအျမန္ထလိုက္ၿပီး သန္႔စင္ျခင္းမႏၲာန္
သုံးလိုက္ကာခႏၶာကိုယ္မွအနံ႔မ်ား
ေပ်ာက္သြားေအာင္လုပ္လိုက္သည္။
႐ွဴယန္ယန္ဟာ ခႏၶာကိုယ္ကိုလွည့္လိုက္ၿပီး ရမၼက္ခိုးေဝေနေသာမ်က္လုံးမ်ားျဖင့္
"ကြၽန္မရဲ႕အခ်စ္ ဘာျဖစ္လို႔လဲ။"
ဟုေမးလိုက္သည္။

"ငါဂိုဏ္းကိုျမန္ျမန္ျပန္ရမဲ့အေရးႀကီးကိစၥတစ္ခု႐ွိတာအခုမွသတိရတယ္။
ငါ‌မင္းကိုဒီရက္ပိုင္းလာေတြ႕ႏိုင္မွာ
မဟုတ္ဘူး။ ေကာင္းေကာင္းေနၿပီး
ငါျပန္လာမွာကိုေစာင့္ေန။"

ထိုသို႔ေအးစက္စက္ေျပာၿပီးေနာက္
ဟယ့္ဝမ္းေခ်ာင္ဟာလွည့္ထြက္သြားသည္။
႐ွဴယန္ယန္ဟာအိပ္ယာေပၚမွာ အဆင္ေျပသလိုေနလိုက္ၿပီးေမးကိုလက္ျဖင့္ေထာက္၍ "အမယ္ေလး အက်ႌျပန္ဝတ္ၿပီးတာနဲ႔
ငါ့ကိုမသိေတာ့သလိုပဲ ႐ြံစရာေကာင္။"
ဟုေရ႐ြတ္လိုက္သည္။

"ပိုင္လီခ်င္းေျမာင္ျပန္လာၿပီ။"ဟူ၍
ျပတင္း‌ေပါက္ဘက္မွ ေျပာသံကိုၾကားရသည့္အတြက္ ႐ွဴယန္ယန္ဟာလ‌န္႔ခုန္မိသြားၿပီးၾကည့္လိုက္သည္။ထိုအခါ ဝမ္ရန္အယ္ႏွင့္ယင္ဟန္က်န္း ျပတင္းေပါက္ကိုျဖတ္သန္း၍ဝင္လာသည္ကို
ျမင္လိုက္ရသည္။

"အိုး အ႐ွင္ပဲ။အ႐ွင္ ကြၽန္မကိုလန္႔ၿပီး
ေသေအာင္လုပ္ေနတယ္။က်ဴးေက်ာ္သူေတြ
ဝင္လာတာေအာင္မသိေတာ့တဲ့အထိ
ကြၽန္မရဲ႕က်င့္ၾကံဆင့္က်သြားၿပီး
အာ႐ုံခံႏိုင္စြမ္းလည္း ဆိုး႐ြားသြားလြန္းၿပီ
ထင္ေနတာ။"

ဝမ္ရန္အယ္ႏွင့္ယင္ဟန္က်န္းဟာ႐ွဴယန္ယန္ခႏၶာကိုယ္ကိုမျမင္သကဲ့သို႔ ျပဳမူၾက၏။
ယင္ဟန္က်န္းဟာ အခန္းထဲမွစားပြဲႏွင့္ကုလားထိုင္ကို မႏၲန္သုံး၍သန္႔႐ွင္းလိုက္ၿပီး
ျပတင္းေပါက္ဖြင့္ကာ အခန္းထဲမွအနံ႔မ်ားထြက္သြားေအာင္ ေလမႏၲန္သုံးလိုက္သည္။
ထိုသို႔လုပ္ၿပီးမွ အ႐ွင့္ကိုထိုင္ဖို႔‌ ဖိတ္ေခၚ
လိုက္သည္။

႐ွဴယန္ယန္ : .....

သူဟာမ်က္ႏွာကို႐ႈံ႕မဲ့လိုက္ၿပီး လက္တစ္ဖက္
ေဝွ႔ရမ္းလိုက္သည္။ထိုအခါ ၾကမ္းျပင္ေပၚ
က်ေနေသာ အဝတ္အစားမ်ားဟာ
သူ႕ခႏၶာကိုယ္ေပၚသို႔ေရာက္႐ွိလာ၏။
ဝမ္ရန္အယ္ကို႐ို႐ိုေသေသျဖင့္ ႏႈတ္ဆက္လိုက္ၿပီးေနာက္ ယင္ဟန္က်န္းကို
ၾကည့္လိုက္ေသာအခါ မ်က္ႏွာ
ေတာင့္သြား၏။"ကာကြယ္သူယင္
မင္းခႏၶာကိုယ္စုစည္းျခင္း
ထိပ္ဆုံးအဆင့္ကိုေရာက္သြားၿပီလား။"
ဟုသူေမးလိုက္သည္။

႐ွဴယန္ယန္၏ႏွလုံးသားထဲတြင္ အခ်က္ေပးေခါင္းေလာင္းသံမ်ားဆူညံသြားသည္။
သူႏွင့္ယင္ဟန္က်န္းႏွစ္ေယာက္စလုံးဟာ
အ႐ွင့္ရဲ႕ကာကြယ္ေစာင့္ေ႐ွာက္သူမ်ား
ျဖစ္ၾက၏။သို႔ေသာ္လည္း အ႐ွင္က
ယခင္ကတည္းက လက္ဝဲကာကြယ္ေစာင့္ေ႐ွာက္သူကိုပို၍မ်က္ႏွာသာေပးသည္။ယခင္က ႐ွဴယန္ယန္ဟာ ယင္ဟန္က်န္းသည္
ခႏၶာကိုယ္စုစည္းျခင္းအဆင့္ပဲ႐ွိ‌ေသးေၾကာင္း၊နတ္ဆိုးဓားကစြမ္းအားႀကီးမားေသာ္လည္း ထိုဓားကိုအသုံးျပဳျခင္းက ခႏၶာကိုယ္ႏွင့္ဝိဉာဥ္တို႔ကိုထိခိုက္ေစႏိုင္ေသာေၾကာင့္အခ်ိန္ၾကာျမင့္စြာသုံး၍မရေၾကာင္း၊ထိုသို႔မလုပ္လွ်င္ ထိခိုက္ပ်က္စီးေစႏိုင္‌ေၾကာင္း ကိုယ့္ကိုကိုယ္ျပန္ႏွစ္သိမ့္ေလ့
႐ွိသည္။တကယ္တမ္းဆိုလွ်င္ သူက
ပိုသာသည္။သို႔ေပမဲ့ ေျခာက္လတည္းျဖင့္
ယင္ဟန္က်င္းဟာခႏၶာကိုယ္စုစည္းျခင္း
အဆင့္တစ္မွကိုးသို႔ ေရာက္႐ွိသြားၿပီး
မၾကာခင္အခ်ိန္အတြင္းမွာပဲ ဟင္းလင္းျပင္နယ္နိမိတ္အဆင့္သို႔ေရာက္႐ွိေတာ့မွာျဖစ္သည္။

လက္ယာကာကြယ္ေစာင့္ေ႐ွာက္သူဟာ
ၿခိမ္းေျခာက္ခံရသလိုခံစားရသည္။

သို႔ေသာ္ နတ္ဆိုးအ႐ွင္ဟာ သေဘာမက်
ဟန္ျဖင့္ေခါင္းရမ္းလိုက္ၿပီး "ခႏၶာကိုယ္စုစည္းျခင္းအဆင့္ကိုးပဲ႐ွိေသးတယ္။
အေဝးႀကီးသြားရဦးမယ္။"

မဟုတ္ေသးဘူး။႐ွဴယန္ယန္ဟာတစ္ခုခုကိုသတိထားမိလိုက္သလိုပင္။ဝမ္ရန္အယ္ႏွင့္ ယင္ဟန္က်န္းတို႔ကို သူအျပန္ျပန္အလွန္လွန္  ေသခ်ာၾကည့္လိုက္သည္။ယင္ဟန္က်န္းဟာ ယခင္လို တိတ္တဆိတ္ျဖင့္သစၥာ႐ွိၿမဲ႐ွိ‌ေနဆဲျဖစ္ၿပီး အ႐ွင္ဟာလည္းယခင္လိုေအးစက္စက္ျဖင့္ယုံၾကည္မႈအျပည့္ျဖစ္ၿပီး ႏွစ္ေယာက္ၾကားဆက္ဆံေရးမွာဘာမွ်
မေျပာင္းလဲသြားပုံပင္။
ေျပာင္းလဲသြားတာဟူ၍ ....

႐ွဴယန္ယန္မ်က္လုံးေစာင္းၾကည့္လိုက္ေသာအခါကာကြယ္သူယင္ဟာအ႐ွင့္နားသို႔ယခင္ကထက္ အနည္းငယ္ပိုကပ္ေနၿပီး သူ႕‌ေနာက္၌ ယင္ဟန္က်န္း႐ွိေသာေၾကာင့္
ဝမ္ရန္အယ္၏ က္ိဳယ္ေနဟန္ထားဟာ
ယခင္ထက္အနည္းငယ္ပို၍သက္ေတာင့္သက္သာ႐ွိေနတာကိုေတြ႕လိုက္ရသည္။

အနည္းငယ္မွ်သာျဖစ္ေသာ္လည္း
ယခင္ႏွင့္ မတူညီသည့္ခံစားခ်က္မ်ိဳးရသည္။

႐ွဴယန္ယန္ႏွလုံးသားထဲ၌ အခ်က္ေပးေခါင္းေလာင္းသံမ်ားဆူညံသြားၿပီး
"အ႐ွင္ဒီႏွစ္ဝက္အတြင္းမွာ ကြၽန္မကိုယ္ကြၽန္မအနစ္နာခံၿပီး ဟယ့္ဝမ္းေခ်ာင္ႏွင့္အတူတူေနခဲ့ပါတယ္။ၿပီးေတာ့ သူ႕ကိုဝိဉာဥ္အ‌ေျခတည္ျခင္းအဆင့္ေရာက္ေအာင္
ကူညီေပးၿပီးသူ႕ဂိုဏ္းကအေရးႀကီးကိစၥေတြမွာပါဝင္ခြင့္ရေအာင္လုပ္ေပးခဲ့ပါတယ္။
ဝိဉာဥ္အ‌ေျခတည္ျခင္းအဆင့္တပည့္ေတြ
ပူးေပါင္းဖန္တီးမဲ့ အစီအရင္တည္ေနရာကိုလည္း ႐ွာေတြ႕ခဲ့ပါတယ္။အင္အားႀကီးဂိုဏ္းငါးဂိုဏ္းျဖစ္တဲ့ ႐ွန္႔ခ်င္းဂိုဏ္း၊လ်န္႔က်န္႔ဂိုဏ္း၊က်ိဳ႐ွီဂိုဏ္း၊ပိေလ်ာင္ဂိုဏ္း၊ဝူ႐ွန္းဘုရားေက်ာင္းနဲ႔အျခားဂိုဏ္းေသးေတြရဲ႕
ဝိဉာဥ္အ‌ေျခတည္ျခင္းအဆင့္ဂိုဏ္းတပည့္ေတြကိုစုေပါင္းၿပီး ခြၽမ္းယြမ္ဂိုဏ္း
ေတာင္ဘက္နဲ႔ေျမာက္ဘက္မွာ အစီအရင္အႀကီးစားတစ္ခုဖန္တီးၿပီး တိုက္ခိုက္ေနခ်ိန္မွာ ကြၽန္မတို႔သဘာဝဝိဉာဥ္စြမ္းအားေတြ
စုပ္ယူလို႔မရေအာင္တားဆီးပိတ္ပင္ထားမယ္လို႔လည္းသိရပါတယ္။" ဟူ၍
အလ်င္အျမန္ေလွ်ာက္တင္လိုက္သည္။

႐ွဴယန္ယန္ဟာသူေျခာက္လအတြင္း
လုပ္ခဲ့သမွ်၊ရခဲ့သမွ်သတင္းမ်ားကို
ေလွ်ာက္တင္၍ ကာကြယ္သူယင္ထက္ သာလြန္ေအာင္ ႀကိဳးပမ္းေနသည္။အ႐ွင့္ကိုဖား႐ုံျဖင့္မရဘဲကိစၥရပ္ေတြကိုပါၿပီးေျမာက္ေအာင္လုပ္ရမည္ျဖစ္ေၾကာင္း ကာကြယ္သူယင္ကို သူသိေစခ်င္သည္။

ဝတၳဳစာအုပ္ထဲ၌ ဂိုဏ္းေပါင္းစုံစစ္ပြဲအေၾကာင္းကို ပိုင္လီခ်င္းေျမာင္အျမင္ဘက္မွေဖာ္ျပထားသည္။သူဟာ ဗဟိုခ်က္ဖြဲ႕စည္းျခင္းအဆင့္သာ႐ွိေသးသည့္ဂိုဏ္းသားျဖစ္‌ျခင္းေၾကာင့္ ဘာသတင္းအခ်က္အလက္ကိုမွ်သိပ္မသိေခ်။စစ္ပြဲျဖစ္ပြားခဲ့သည့္
ဆယ္ႏွစ္အတြင္း သူ႕ဂိုဏ္းတူအစ္ကိုကိုသတိရျခင္း၊စိုးရိမ္ျခင္း၊စိတ္ပူပန္ျခင္းမ်ားျဖင့္ျပည့္ႏွက္ေနၿပီး ထိုကာလအတြင္းမွာပင္လူမ်ားကို ေနရာေပါင္းစုံမွာကယ္တင္ေပးကာ
ဇာတ္လိုက္မင္းသမီးမွာ႐ွိရမည့္ၾကင္နာတတ္သည့္စိတ္သေဘာထားကိုသာလွစ္ဟျပသေန၏။ထို႔ေၾကာင့္ အမွန္တရားဂိုဏ္းမ်ားဘက္မွ အၾကံအစည္ကိုဝမ္ရန္အယ္အတိအက်မသိေပ။႐ွဴယန္ယန္ထံမွရေသာ
သတင္းအခ်က္အလက္မ်ားေၾကာင့္
ထိုဂိုဏ္းမ်ား၏အၾကံအစည္မွာတျဖည္းျဖည္း႐ုပ္လုံးေပၚလာ၏။

"ကြၽန္မတို႔ဘက္က တိုက္ခိုက္တာေတာ္တဲ့
လူႏွစ္ေယာက္ကို အစီအရင္ကိုဖ်က္ဆီးဖို႔
အေကာင္းဆုံးေနရာေတြကိုႀကိဳလႊတ္ထားၿပီး
တျဖည္းျဖည္းနဲ႔ သူတို႔ရဲ႕ဝိဉာဥ္အေျခတည္အဆင့္ဂိုဏ္းတပည့္ေတြအကုန္လုံးကို
သတ္ပစ္တာမေကာင္းဘူးလား။"
ဟူ၍ေျပာၿပီးေမာ့ၾကည့္လာသည့္႐ွဴယန္ယန္
မ်က္လုံးထဲ၌ ေႏြးေထြးၿပီးဆြဲေဆာင္မႈ႐ွိသည့္
အၾကည့္မ်ားေပ်ာက္ကြယ္ေနၿပီး
ရက္စက္ျခင္းမ်ားသာက်န္ရစ္၏။

အျဖဴေရာင္ဝတ္စုံဝတ္ထားသည့္သူဟာ
သိမ္ေမြ႕စြာလက္ယပ္ေခၚေနသည့္ပြင့္လန္း
ေနေသာပင့္ကူလီလီပန္းႏွင့္တူေနၿပီး
ပ်က္စီးျခင္းဆီသို႔ဦးတည္
ေခၚေဆာင္ေနသည္။

ေအးစက္၍ညႇာတာမႈကင္းမဲ့သည္။
ဘာနည္းလမ္းပဲသုံးရသုံးရရည္႐ြယ္ခ်က္ျဖစ္ေျမာက္ဖို႔ကအဓိကပင္။ဤသည္မွာ
ခြၽမ္းယြမ္ဂိုဏ္း၏ လက္ယာကာကြယ္ေစာင့္ေ႐ွာက္သူ ႐ွဴယန္ယန္၏ပုံစံအစစ္အမွန္ျဖစ္သည္။သူစကားေျပာေနခ်ိန္၌
ဒူေဘးၾကယ္ဟာညေကာင္းကင္ယံ၌
ထိန္လင္းစြာေတာက္ပလာ၏။

႐ွန္႔ခ်င္းဂိုဏ္း၏ေခါင္းေဆာင္ဟာ အျခား
အင္အားႀကီးဂိုဏ္းေခါင္းေဆာင္မ်ားႏွင့္အတူ
ေကာင္းကင္၏ဆႏၵကိုခန္႔မွန္းရန္
ၾကယ္နကၡတ္မ်ားကိုေစာင့္ၾကည့္ေနသည္။
က်ိဳ႐ွီဂိုဏ္းေခါင္းေဆာင္၏အမူအယာဟာ
ညေကာင္းကင္ယံကို ေလးနက္စြာ
ၾကည့္ေနၿပီး"ပိုလစ္ၾကယ္၊အယ္ကိတ္ၾကယ္နဲ႔
ဒူေဘးၾကယ္ သုံးခုလုံးေတာက္ပေနၿပီး
တစ္ခုနဲ႔တစ္ခုေရာင္ျပန္ဟပ္ေနတယ္။
မေကာင္းတဲ့နိမိတ္ပဲ။"ဟုေျပာလိုက္သည္။

ပိေလ်ာင္ဂိုဏ္းေခါင္းေဆာင္ဟာ
"ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ။ငါတို႔လြန္ခဲ့တဲ့
လေတြက တြက္ခ်က္ခဲ့တုန္းက
ဒူေဘးၾကယ္ဟာမိုးႀကိဳး‌ေအာက္မွာပ်က္စီးသြားၿပီး အယ္ကိတ္ၾကယ္က မေကာင္းတဲ့နိမိတ္ေတြနဲ႔ေသြးေရာင္လႊမ္းေနၿပီး
ကိုယ့္ကိုကိုယ္ဖ်က္ဆီးသြားမဲ့ ျဖစ္ႏိုင္ေခ်အရမ္းျမင့္ေနတာ။ပိုလစ္ၾကယ္က်ေတာ့
မက္မြန္ပန္းအတိတ္နိမိတ္ေတြနဲ႔
အခ်စ္ကပ္ေဘးၾကဳံရမွာေလ။"

ၾကယ္သုံးခုလုံး၏နိမိတ္မ်ားမေကာင္းသျဖင့္
အမွန္တရားဂိုဏ္းမ်ားအတြက္ နတ္ဆိုးဂိုဏ္းမ်ားကိုေခ်မႈန္းႏိုင္မည့္အေကာင္းဆုံးအခြင့္အေရးပင္။အဘယ့္ေၾကာင့္ ကံၾကမၼာဟာ ႐ုတ္တရက္ေျပာင္းလဲသြားရတာလဲ။

လ်န္႔က်န္႔ဂိုဏ္းေခါင္းေဆာင္ဟာ
ေကာင္းကင္ယံကိုစိုက္ၾကည့္၍ "လြန္ခဲ့တဲ့ေျခာက္လကပိုလစ္ၾကယ္ရဲ႕အခ်စ္ကပ္ေဘးေပ်ာက္ကြယ္သြားၿပီး သူ႕ရဲ႕ကာကြယ္သူ
အယ္ကိတ္ၾကယ္က မေကာင္းတဲ့နိမိတ္ေအာက္က႐ုန္းထြက္ႏိုင္ခဲ့တယ္။ဒူေဘးၾကယ္ဟာ ေပ်ာက္ကြယ္သြားရမဲ့အစားေတာက္ပလာခဲ့တယ္။အရာအားလုံး႐ုတ္တရက္ေျပာင္းလဲသြားရတာက ပိုလစ္ေၾကာင့္ပဲ။"

႐ွန္႔ခ်င္းဂိုဏ္းေခါင္းေဆာင္ဟာ
"ပိုလစ္ၾကယ္က ခြၽမ္းယြမ္ဂိုဏ္းေခါင္းေဆာင္ဝမ္ရန္အယ္ကိုကိုယ္စားျပဳတယ္။သူက
လြန္ခဲ့တဲ့ႏွစ္တစ္ရာက မုန္တိုင္းလိုမ်ိဳးေပၚထြက္ခဲ့တာ။သူ႕ေနာက္မွာ သူ႕ကိုကာကြယ္ေပးမဲ့ နတ္ဆိုးဓားကိုင္ေဆာင္ထားသူ
တစ္ေယာက္႐ွိၿပီး နတ္ဆိုးဂိုဏ္းေတြကို
ဆယ္စုႏွစ္အနည္းငယ္အတြင္းမွာပဲ ေပါင္းစည္းခဲ့တာ။စြမ္းအင္ညီမွ်ေနမႈေျပာင္းလဲသြားၿပီး အမွန္တရားဂိုဏ္းေတြတျဖည္းျဖည္းအားနည္းလာတယ္။ငါတို႔
ဝမ္ရန္အယ္ကိုမဖယ္ထုတ္ႏိုင္ရင္
သူတစ္ေယာက္တည္းက ငါတို႔
အမွန္တရားဂိုဏ္းေတြကိုႏွစ္တစ္ေထာင္ ေလာက္ဖိႏွိပ္ထားလိမ့္မယ္။"

ပိေလ်ာင္ဂိုဏ္းေခါင္းေဆာင္ဟာ
"ငါတို႔ရဲ႕မူလအစီအစဥ္က ႐ွန္႔ခ်င္းဂိုဏ္း
တစ္ဂိုဏ္းတည္း သူ႕ကိုရင္ဆိုင္ဖို႔။အခုေတာ့
အဲ့လိုလုပ္လို႔မရေတာ့ဘူး။စြမ္းအားျမင့္က်င့္ၾကံသူေတြနဲ႔ မေသမ်ိဳးအသုံးအေဆာင္ပစၥည္းေတြအခုထက္ပိုသုံးၿပီး ဝမ္ရန္အယ္ကို႐ွင္းပစ္ရမယ္။"

က်ိဳ႐ွီဂိုဏ္းေခါင္းေဆာင္ဟာ "ေကာင္းကင္ရဲ႕ဆႏၵဟာခန္႔မွန္းဖို႔ခက္တယ္။ငါ့ရဲ႕ဂိုဏ္းက
ေကာင္းကင္ရဲ႕ထူးျခားခ်က္ေတြကို
နည္းနည္းပါးပါးသိလိုသိျငား ကံၾကမၼာကိုေသခ်ာႀကိဳးႀကိဳးစားစားဖတ္ခဲ့ေပမဲ့
က်ဆုံးသြားတာမ်ားတယ္။ဘာ့ေၾကာင့္
ႏွစ္တစ္ဝက္အတြင္းမွာကံၾကမၼာေျပာင္းလဲတာ အရမ္းျမန္ေနရတာလဲ။ေကာင္းကင္က
ငါတို႔ကို စစ္ပြဲရဲ႕ရလဒ္ကိုႀကိဳမသိေစခ်င္လို႔မ်ားလား။"

ဝူ႐ွန္းဘုရားေက်ာင္းကဆရာေတာ္ဟာ
ဗုဒၶအမည္ကို႐ြတ္ဆိုကာ သူ႕လက္ထဲမွ
ပုတီးကိုခ်လိုက္ၿပီး ဘုန္းေတာ္ႀကီးတစ္ပါး၏
လက္နက္ဟာ လက္ဖဝါးထဲေပၚလာသည္။
သူမ်က္လုံးဖြင့္လိုက္သည့္အခါ ေမတၱာတရားမ်ားျဖင့္ျပည့္ႏွက္ေနသည့္အၾကည့္မ်ားမွ
ေဒါသအမ်က္ေျခာင္းေျခာင္းထြက္ေနေသာအၾကည့္မ်ားအျဖစ္ေျပာင္းလဲသြားၿပီး
ဗုဒၶဆင္းတုေတာ္မ်ားအေ႐ွ႕တြင္ထားသည့္ ရက္စက္ေသာေလာကဥပ‌ေဒေစာင့္ေ႐ွာက္သူ႐ုပ္တုမ်ားႏွင့္ ဆင္တူသြား၏။

"ဆရာေတာ္ကိုယ္တိုင္ဝင္ပါေတာ့မလို႔လား။
႐ွန္႔ခ်င္းဂိုဏ္းေခါင္းေဆာင္ရဲ႕မ်က္လုံးဟာအေရာင္ေတာက္လာၿပီး "ဆရာေတာ္ပါ
ဝင္ပါမယ္ဆိုရင္ အခ်ိန္တစ္ဝက္နဲ႔ႏွစ္ဆ
ပိုအလုပ္ျဖစ္ၿပီး ေအာင္ျမင္မႈက ကြၽန္ေတာ္တို႔
လက္တစ္လွမ္းအကြာမွာ႐ွိမွာပဲ။"

အင္အားႀကီးဂိုဏ္းေခါင္းေဆာင္မ်ား
စုေပါင္းေဆြးေႏြး၍ တိုက္ခိုက္မည့္အခ်ိန္ကိုသတ္မွတ္ၿပီးေသာအခါ သက္ဆိုင္ရာဂိုဏ္းအသီးသီးသို႔ျပန္ၾက၏။႐ွန္႔ခ်င္းဂိုဏ္းေခါင္းေဆာင္ဟာ လွ်ိဳ႕ဝွက္ခန္းမွထြက္ၿပီး
စီမံခန္႔ခြဲ‌ျခင္းခန္းမသို႔လာကာ အႀကီးအကဲ
ခ်င့္ယြဲ႕အား "ပိုင္လီခ်င္းေျမာင္ ဗဟိုခ်က္ဖြဲ႕စည္းျခင္းအဆင့္ေရာက္သြားၿပီဆို။ဟုတ္လား။"ဟုေမးလိုက္သည္။

အႀကီးအကဲခ်င့္ယြဲ႕အလုံးစုံ႐ွင္းျပလိုက္သည့္အခါဂိုဏ္းေခါင္းေဆာင္ဟာျပဳံးလိုက္ၿပီး
"ခ်င္းေျမာင္နဲ႔ဝမ္းေခ်ာင္က ႐ွန္႔ခ်င္းဂိုဏ္းကိုအနာဂတ္မွာ ဆက္ခံဖို႔အလားအလာ႐ွိတဲ့
လူေတြ။ငါတို႔ေတြဒီစစ္ပြဲကိုလြတ္လြတ္
လပ္လပ္အာ႐ုံစိုက္ထားလို႔ရတယ္။
ဂိုဏ္းတူညီေလးခ်င့္ယြဲ႕ လမင္းအိုင္ငယ္ေခါင္းေလာင္းကိုေစာင့္ေ႐ွာက္ဖို႔ဂိုဏ္းမွာ
ေနခဲ့ၿပီး ႐ွန္႔ခ်င္းဂိုဏ္းရဲ႕အင္အားကိုထိန္းသိမ္းထားပါ။"

ခ်င့္ယြဲ႕သည္ဤစစ္ပြဲဟာေ႐ွာင္လႊဲလို႔
မရမွန္းသိ၏။
"ဒါေပမဲ့အခုအဲ့ကေလးႏွစ္ေယာက္ရန္ျဖစ္ထားတယ္။"ဟုသူေျပာလိုက္သည္။

"ပိုင္လီခ်င္းေျမာင္ စိတ္ေကာက္ေနျပန္ၿပီလား။မိန္းမငယ္ေလးေတြကေဒါသျဖစ္လြယ္တယ္။သူဝိဉာဥ္အေျခတည္ျခင္းအဆင့္ေရာက္သြားရင္ေတာ့ တည္ၿငိမ္သြားမွာပါ။"ဟုေျပာ၍ဂိုဏ္းေခါင္းေဆာင္ဟာ
ရယ္လိုက္သည္။

ခ်င့္ယြဲ႕ႏွင့္ဂိုဏ္းေခါင္းေဆာင္ဟာ သူတို႔ႏွစ္ဦးရန္ျဖစ္ျခင္းကိုအေလးအနက္မထားေပ။
သို႔ေပမဲ့ ဟယ့္ဝမ္းေခ်ာင္ကေတာ့နည္းလမ္း
ေပါင္းစုံသုံး၍ ပိုင္လီခ်င္းေျမာင္ေဒါသေျပရန္ႀကိဳးစားေနသည္။

ရန္ျဖစ္ရျခင္း၏အေၾကာင္းအရင္းမွာ
ပိုင္လီခ်င္းေျမာင္ျပန္ေရာက္ေသာအခါ
ခ်က္ခ်င္းစီမံခန္႔ခြဲျခင္းခန္းမသို႔သြား၍
သူ႕ဂိုဏ္းတူအစ္ကို၏ကင္းလွည့္ေသာ
မွတ္တမ္းမ်ားကိုသြားေရာက္ၾကည့္႐ႈျခင္းမွစတင္၏။

သူ႕ဂိုဏ္းတူအစ္ကိုႏွင့္အခ်ိန္ၾကာျမင့္စြာခြဲခြာ
ရသည့္ပထမဆုံးအေခါက္ျဖစ္သည့္အျပင္ ေလလြင့္မေသမ်ိဳးႏွင့္မဟာယနာအဆင့္က်င့္ၾကံသူၾကားျဖစ္ပြားသည့္တိုက္ပြဲကိုလည္း ပထမဆုံးၾကဳံေတြ႕ရျခင္းျဖစ္သည္။ကံ‌ေကာင္းလြန္းသျဖင့္ အသက္႐ွင္ျခင္း
ျဖစ္သည့္အတြက္သူ႕ဂိုဏ္းတူအစ္ကို
ကို အလြန္ပင္လြမ္းလွသည္။ထို႔‌ေၾကာင့္
သူ မ႐ွိသည့္အခ်ိန္တြင္ဂိုဏ္းတူအစ္ကိုဘာေတြလုပ္ခဲ့သလဲဆိုတာသိခ်င္မိသည္။

စီမံခန္႔ခြဲျခင္းခန္းမ႐ွိမွတ္တမ္းမ်ားကို
ဂိုဏ္း႐ွိလူအားလုံးၾကည့္၍ရသည္။
ပိုင္လီခ်င္းေျမာင္ဟာ သူ႕ဂိုဏ္းတူအစ္ကို
ဝိဉာဥ္အေျခတည္ျခင္းအဆင့္ေရာက္သြားသျဖင့္ အရင္ဆုံးအလြန္ေပ်ာ္႐ႊင္ခဲ့သည္။
သို႔ေပမဲ့ ၾကည့္ေလေလတစ္ခုခုထူးဆန္း
ေလေလဟုခံစားရသည္။ဟယ့္ဝမ္းေခ်ာင္ဟာေတာင္ေအာက္သို႔ႏွစ္ရက္ၾကာလွ်င္တစ္ခါမၾကာခဏသြားေနျခင္းဟာ
ထူးဆန္းလွသည္။

ပိုင္လီခ်င္းေျမာင္ဟာ ဟယ့္ဝမ္းေခ်ာင္
ေတာင္ေအာက္ဆင္းသည့္အခ်ိန္တိုင္းနီးပါး
လိုက္ေလ့႐ွိသျဖင့္ ယခင္ကတစ္လလွ်င္တစ္ခါသာဆင္းေလ့႐ွိေၾကာင္းသိသည္။
ထိုအခိုက္အတန္႔မွာပဲ ေယာင္ဝမ္တန္ဟာ
စီမံခန္႔ခြဲျခင္းခန္းမသို႔ ေဆးခန္းမအတြက္
လိုအပ္သည့္ပစၥည္းမ်ားလာယူသည္။ထိုအခါ
ေက်ာက္စိမ္းျပား႐ွိမွတ္တမ္းမ်ားကို
ၾကည့္ကာစိတ္လြင့္ေနသည့္ ပိုင္လီခ်င္းေျမာင္ကိုေတြ႕သျဖင့္ ဗဟိုခ်က္ဖြဲ႕စည္းျခင္းအဆင့္ေရာက္ျခင္းအား ဂုဏ္ျပဳေၾကာင္း
ေျပာၾကားလိုက္သည္။

"ဂိုဏ္းတူအစ္ကိုေယာင္"
"ကြၽန္မရဲ႕ဂိုဏ္းတူအစ္ကိုကိုေတြ႕မိလား။
ဒီေန႔ သူလုပ္ရမဲ့တာဝန္ကကင္းလွည့္ရမွာ။
အဲ့တာကိုသူ႕ကိုဘာလို႔မေတြ႕ရတာလဲ။"

"သူသြားၿပီထင္တယ္။သူဒီရက္ေတြမွာ
အခ်ိန္တိုင္းေတာင္ေအာက္ဆင္းေနတာ။
သူအျပစ္႐ွိတယ္လို႔ခံစားရလို႔ထင္တယ္။မိန္းကေလး႐ွဴအတြက္အိမ္ေတာင္ဝယ္ေပးထားတယ္။"ေယာင္ဝမ္တန္ဟာ ပြင့္လင္းေသာစ႐ိုက္႐ွိသျဖင့္ဘာကိုမွမစဥ္းစားမိဘဲေျပာလိုက္သည္။ေျပာၿပီးမွေနာင္တရၿပီး
သူ႕ပါးသူ႐ိုက္လိုက္သည္။

ပိုင္လီခ်င္းေျမာင္လက္ထဲမွေက်ာက္စိမ္းျပားသည္ ၾကမ္းျပင္ေပၚသို႔'ေတာင္'ကနဲ
လြတ္က်သြားသည္။
"ဘာေျပာလိုက္တယ္။ဂိုဏ္းတူအစ္ကိုက
မိန္းကေလး႐ွဴကိုအိမ္ဝယ္ေပးတယ္ဟုတ္လား။"

ဟယ့္ဝမ္းေခ်ာင္ဟာထိုအခ်ိန္မွာပဲ
တိုင္ဆိုင္စြာျပန္ေရာက္လာသျဖင့္
ပိုင္လီခ်င္းေျမာင္ငိုသံျဖင့္ ေျပာစကားမ်ားကိုၾကားလိုက္ရသည္။ထိုအခါသူ႕အာ႐ုံသည္အခ်ိန္ခဏၾကာ ဘာမွမျမင္ရေတာ့ဘဲ ေမွာင္မိုက္သြား၏။ထို႔‌ေနာက္သူဟာ
ပိုင္လီခ်င္းေျမာင္လက္ကိုဆြဲလိုက္ၿပီးအလြန္ဝမ္းသာဟန္ျဖင့္ "ေနာက္ဆုံးေတာ့ညီမေလး ျပန္ေရာက္လာၿပီ။ဒီရက္ေတြမွာအစ္ကိုညီမကိုအရမ္းစိတ္ပူေနၿပီးအရမ္းလည္းလြမ္းေနတာ။"

ေယာင္ဝမ္တန္ဟာသူမေျပာသင့္သည္ကိုေျပာလိုက္မိမွန္းသေဘာေပါက္သြားေသာေၾကာင့္ ေခါင္းငုံ႔၍ထိုေနရာမွအျမန္
ေျပးထြက္သြားၿပီး ဟယ့္ဝမ္းေခ်ာင္ႏွင့္
ပိုင္လီခ်င္းေျမာင္ သူတို႔ကိစၥကိုသူတို႔ပါ
သူတို႔ ေျဖ႐ွင္းႏိုင္ရန္ထားခဲ့လိုက္သည္။

ပိုင္လီခ်င္းေျမာင္ဟာ ဟယ့္ဝမ္းေခ်ာင္ကို
စစ္ေဆးေမးျမန္းၿပီးေနာက္ ႐ွဴယန္ယန္ကို
ဟယ့္ဝမ္းေခ်ာင္ႏွင့္ပတ္သက္မႈအေၾကာင္းေမးရန္ ေတာင္ေအာက္သို႔အျမန္ဆင္းသြား
ေတာ့သည္။ဟယ့္ဝမ္းေခ်ာင္ဟာလည္း
သူ႕ေနာက္သို႔အလ်င္အျမန္လိုက္လာ၏။

သူေတာင္ေအာက္သို႔ဆင္းလာသည္ႏွင့္
သူ႕လႈပ္႐ွားမႈမ်ားကို ႐ွဴယန္ယန္အာ႐ုံခံမိသျဖင့္"အ႐ွင္ ကြၽန္မဘယ္လိုလုပ္ရမွာလဲ။"ဟုေမးလိုက္သည္။

"ဂိုဏ္းေပါင္းစုံစစ္ပြဲမစခင္ မင္းဘယ္သူ
ဆိုတာကိုမသိေစနဲ႔။က်န္တာကိုေတာ့
မင္းဘာသာမင္း ၾကည့္ၾကပ္လုပ္လိုက္။"
ဟုဝမ္ရန္အယ္အမိန္႔ေပးလိုက္သည္။

"ေကာင္းလိုက္တာ"ဟု႐ွဴယန္ယန္ဟာလက္ခုပ္တီးရင္း "ကြၽန္မစိတ္ေတာ္ေတာ္ပ်က္ေနခဲ့တာ။‌ေနာက္ဆုံးေတာ့ဒီေနရာကထြက္ၿပီး ကြၽန္မရဲ႕ခ်စ္စရာေကာင္းတဲ့ငယ္သားေလးေတြဆီျပန္လို႔ရေတာ့မယ္။ ေရး ေဟး"

သူတကယ္ကိုမ်က္ရည္ဝဲခဲ့တာ။စက်င့္ၾကံတည္းကအခုလိုမ်ိဳးေယာက်္ားတစ္ေယာက္နဲ႔အခ်ိန္အၾကာႀကီးေနရတာမ်ိဳးမ႐ွိခဲ့ဖူးဘူး။
သူမိုးႀကိဳးဝိဉာဥ္စြမ္းအင္နဲ႔ထူးျခားတဲ့စြမ္းအင္
ႏွစ္မ်ိဳးလုံးလည္းလုံေလာက္ေအာင္ရၿပီးလို႔
ဟင္းလင္းျပင္နယ္နိမိတ္အဆင့္ကိုးေတာင္ေရာက္သြားၿပီ။သူဟယ့္ဝမ္းေခ်ာင္ကိုၿငီးေငြ႕ေနၿပီ။သတင္းရဖို႔သာမဟုတ္ရင္အခုလို
ကိုယ့္ကိုကိုယ္အညႇင္းဆဲခံေနမွာမဟုတ္ဘူး။

ဝမ္ရန္အယ္ဟာယင္ဟန္က်န္းႏွင့္
မ်က္လုံးခ်င္းအခ်က္ျပလိုက္ၿပီး အခန္းထဲမွထြက္၍ ေဘးခ်င္းကပ္အခန္းသို႔ဝင္လိုက္သည္။သို႔ေသာ္လည္း အျဖစ္အပ်က္မ်ားကို
ၾကည့္၍ရရန္ ေစာင့္ၾကည့္မႏၲာန္
သုံးလိုက္၏။

ဟယ့္ဝမ္းေခ်ာင္လုပ္ခဲ့တာေတြကိုသိၿပီးလွ်င္
ပိုင္လီခ်င္းေျမာင္ဘယ္လိုေ႐ြးခ်ယ္မႈမ်ိဳး
လုပ္မလဲဆိုတာ ဝမ္ရန္အယ္သိခ်င္သည္။

ေဘးခ်င္းကပ္အခန္းမွာအေစခံ
ေနရန္ျဖစ္ၿပီးအိပ္ယာအေသးတစ္ခုသာပါသည္။သို႔ေသာ္ အေစခံမ႐ွိသျဖင့္
အခန္းလြတ္အတိုင္းပင္။ထိုအိပ္ယာေပၚသို႔
ဝမ္ရန္အယ္ထိုင္ခ်လိုက္သျဖင့္သူ႕ေနာက္၌ ရပ္ရန္ေနရာမ႐ွိ‌ေတာ့ေပ။ဝမ္ရန္အယ္ဟာ
အေနာက္၌ေနရာမ႐ွိသျဖင့္အနားသို႔
လာရပ္ရသည့္ယင္ဟန္က်န္း‌ကို
"ထိုင္"ဟုေျပာ၍ဆြဲခ်လိုက္သည္။

ေသးငယ္လွသည့္အိပ္ယာေပၚ၌သူ႕အ႐ွင္ႏွင့္ေဘးခ်င္းကပ္ထိုင္ရသျဖင့္ စိတ္လႈပ္႐ွား
လြန္းၿပီး ယင္ဟန္က်န္းလည္စလုတ္ဟာ
နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေန၏။ထို႔အျပင္
လက္မဝက္ေလာက္ပဲအကြာအေဝး႐ွိသည့္
ထိစပ္ကာနီးျဖစ္ေနေသာ သူတို႔၏ပခုံးမ်ားကို
မၾကည့္ရဲသျဖင့္ သူမ်က္လႊာခ်ထားမိသည္။

သူတို႔အခ်ိန္အေတာ္ၾကာေစာင့္ေနေသာ္လည္း ဟယ့္ဝမ္းေခ်ာင္ႏွင့္
ပိုင္လီခ်င္းေျမာင္ေရာက္မလာေသးေပ။
လာလမ္း၌စကားမ်ားေနေသာေၾကာင့္ေနာက္က်ေနျခင္းျဖစ္ႏိုင္သည္။ဝမ္ရန္အယ္ဟာ သူ႕နား႐ွိယင္ဟန္က်န္းတစ္ခုခု
ေျပာခ်င္ဟန္ျဖင့္ပါးစပ္နည္းနည္းေလး
ပြင့္လာသည္ကို ေတြ႕ေသာေၾကာင့္
"ေျပာခ်င္တာကိုေျပာခ်လိုက္"
ဟုအမိန္႔ေပးလိုက္သည္။

သူ၏အ႐ွင္ထံမွအမိန္႔ရေသာေၾကာင့္
ယင္ဟန္က်န္းဟာ မဖုံးကြယ္ရဲေတာ့ဘဲ
ခဏတုံ႔ဆိုင္းၿပီးေနာက္ "အ႐ွင့္ရဲ႕
သတ္ျဖတ္ျခင္းလမ္းစဥ္က ေသဆုံးျခင္းေတြမ႐ွိေအာင္တားဆီးၿပီး သက္႐ွိေတြကို
ကာကြယ္ေပးရမွာမဟုတ္ဘူးလား။ဘာလို႔
ဂိုဏ္းေပါင္းစုံစစ္ပြဲစတင္ၿပီး သာမန္လူေတြရဲ႕ဘဝကိုပရမ္းပတာျဖစ္ေအာင္လုပ္တာလဲ။"

သူကလူေကာင္းတစ္ေယာက္မဟုတ္သည့္အတြက္ ႐ွဴယန္ယန္အမွန္တရားဂိုဏ္းသား
ေတြကိုသုတ္သင္မည့္အေၾကာင္းေျပာစဥ္က
မည္သို႔မွ်မခံစားရေပ။အ႐ွင္ ဘာပဲ
လုပ္ခိုင္းခိုင္း သူျငင္းမွာမဟုတ္။

သို႔ေပမဲ့ အ႐ွင္ထိုကိစၥကို ဘာေၾကာင့္
လုပ္သလဲဆိုတာနားမလည္ႏိုင္သျဖင့္
သူ႕ႏွလုံးသားထဲတြင္႐ႈပ္ေထြးေနသည္။
ဂိုဏ္းေပါင္းစုံစစ္ပြဲအေၾကာင္းႀကိဳသိေနရင္ ဘာလို႔မေ႐ွာင္ရတာလဲ။အ႐ွင္က်င့္ၾကံေနတဲ့တာအိုနဲ႔လည္းမကိုက္ညီတဲ့တာကို။
ဘာ့ေၾကာင့္ မေ႐ွာင္တာလဲ။

ပုံမွန္ဆိုလွ်င္ ယင္ဟန္က်န္းေမးျဖစ္မွာမဟုတ္ေပ။သို႔ေသာ္ အ႐ွင္က ေျပာဖို႔အမိန္႔
ေပးေသာေၾကာင့္ ေမးျဖစ္သြားသည္။
အယ္ကိတ္ၾကယ္ကပိုလစ္ၾကယ္ကို
ေမးခြန္းမထုတ္သင့္။သို႔ေသာ္သူမ႐ွင္းသည့္အရာကို အ႐ွင္႐ွင္းျပေပးမည္ဟု
သူယုံၾကည္သည္။

ဝမ္ရန္အယ္ဟာသူ႕ေမးခြန္းကိုမေျဖဘဲ
"ကာကြယ္ေစာင့္ေ႐ွာက္သူယင္
မင္းက်င့္ၾကံသူေတြကိုဘယ္လိုျမင္လဲ။"
ဟုျပန္ေမးသည္။

ယင္ဟန္က်န္းဟာခဏစဥ္းစားၿပီး
"ထိပ္ဆုံးမွာ႐ွိ‌တဲ့လူေတြမ်ားလား။"
ဟုျပန္ေျဖသည္။

သူယခင္ကထိုအေၾကာင္းမစဥ္းစားဘူးေပ။
သာမန္လူေတြက က်င့္ၾကံသူေတြကို
"ျမင့္ျမတ္ေသာမေသမ်ိဳးမ်ား"ဟုေခၚ၍
က်င့္ၾကံသူေတြဟာလည္း သူတို႔ကိုယ္သူတို႔
ျမင့္ျမတ္သည္ဟုထင္သျဖင့္ က်င့္ၾကံျခင္းေလာကကို သက္သက္ခြဲထုတ္ထားသည္။

"မွားတယ္။"ဝမ္ရန္အယ္ဟာခံစားခ်က္
ကင္းမဲ့စြာ "မင္းရယ္၊ငါရယ္၊အမွန္တရားလမ္းစဥ္ ဒါမွမဟုတ္ နတ္ဆိုးလမ္းစဥ္ကိုက်င့္ၾကံတဲ့ေထာင္ေပါင္းမ်ားစြာေသာ
က်င့္ၾကံသူအားလုံးဟာ အျခားသက္႐ွိေတြ
ဆီကအခြင့္အေရးေတြကိုခိုးယူထားတဲ့
သူခိုးေတြ။"

ဝမ္ရန္အယ္၏က်င့္ၾကံသူေတြအေပၚ
အျမင္ကထိုကဲ့သို႔ျဖစ္မည္ဟု
ယင္ဟန္က်န္းမထင္ထားခဲ့ေပ။

ဝမ္ရန္အယ္ဟာအေဝးမွာ႐ွိသည့္ေတာင္မ်ားသို႔လက္ညိႇဳးၫႊန္ရင္း "႐ွန္႔ခ်င္းဂိုဏ္းရဲ႕တည္ေနရာကိုၾကည့္လိုက္။ဝိဉာဥ္စြမ္းအင္အလွ်ံပယ္နဲ႔အဲ့ေတာင္မွာ သက္႐ွိအမ်ားႀကီး
ေနထိုင္လို႔ရၿပီး သဘာဝကပ္ေဘးေတြ
ကလည္းကာကြယ္ေပးခံရမွာ။သာမန္လူေတြသာအဲ့ေနရာမွာၿမိဳ႕တစ္ၿမိဳ႕တည္ခြင့္ရခဲ့မယ္ဆိုရင္ႏွစ္ေထာင္ေပါင္းမ်ားစြာ‌ေနလို႔ရၿပီး
အဲ့အခ်ိန္အတြင္းမွာ လူသန္းေပါင္းမ်ားစြာေမြးဖြားလာမွာ။ဒါေပမဲ့ အခုတည္႐ွိေနတဲ့
႐ွန္႔ခ်င္းဂိုဏ္းမွာ ဗဟိုခ်က္ဖြဲ႕စည္းျခင္းအဆင့္နဲ႔ အဲ့ထက္ျမင့္တဲ့က်င့္ၾကံသူဆိုလို႔
တစ္ရာေအာက္ပဲ႐ွိတယ္။"

ယင္ဟန္က်န္းသည္ "မဟာတာအိုက
ခံစားခ်က္ကင္းမဲ့တယ္။လူသားေတြ
ေသေသ႐ွင္႐ွင္ဂ႐ုမစိုက္ဘူး။"ဟုေျပာ၍
လူကုန္အသတ္ခံခဲ့ရသည့္ သူ႕႐ြာအေၾကာင္းေတြးမိကာ ႏႈတ္ခမ္းတင္းတင္းေစ့ထားမိသည္။ဤသည္မွာသူ၏မဟာတာအိုအေပၚအျမင္ကိုပထမဆုံးအႀကိမ္ထုတ္ေျပာျခင္းျဖစ္ေပသည္။

"မွန္တယ္။ဒါေပမဲ့ ေကာင္းကင္ရဲ႕စည္းမ်ဥ္း
ေတြအရက်င့္ၾကံသူေတြကိုအခြင့္အေရးေတြ
ခိုးယူခြင့္မျပဳဘူး။အကယ္၍ က်င့္ၾကံသူေတြၾကားမွာ ရန္ပြဲေတြ၊တစ္ေယာက္နဲ႔
တစ္ေယာက္ေႏွာင့္ယွက္တာေတြမ႐ွိဘဲ
အကုန္လုံးကက်င့္ၾကံျခင္းကိုပဲ အာ႐ုံစိုက္
ေနၾကမယ္ဆိုရင္ ႏွစ္ေထာင္ေပါင္းမ်ားစြာၾကာရင္ တစ္ကမ႓ာလုံးကစြမ္းအင္ေတြကုန္ဆုံးသြားၿပီး ျမက္တစ္ပင္ေတာင္မွ
ေပါက္ေတာ့မွာမဟုတ္ဘူး။အဲ့အခ်ိန္က်ရင္
ဒီကမ႓ာမွာသက္႐ွိေတြ မ႐ွိေတာ့ဘူး။"

ဂိုဏ္းေပါင္းစုံစစ္ပြဲ၏အဓိကရည္႐ြယ္ခ်က္မွာ
အမွန္တရားဂိုဏ္းေတြက နတ္ဆိုးဂိုဏ္းသားေတြကိုေခ်မႈန္းရန္မဟုတ္သလို နတ္ဆိုးဂိုဏ္းေတြက အမွန္တရားဂိုဏ္းသားေတြကို သတ္ျဖတ္ရန္လည္းမဟုတ္။ႏွစ္ဘက္စလုံးမွ အလြန္ႀကီးမားသည့္ေကာင္းကင္ကပ္ေဘး တစ္ခုက်ေရာက္လာေတာ့မည္ကို
ခန္႔မွန္းမိေသာေၾကာင့္ ေကာင္းကင္
ဆုံးျဖတ္ခ်က္ေအာက္၌ မ်ားျပားလွသည့္
က်င့္ၾကံသူမ်ားေသဆုံးသြားကာ အဆုံးသတ္တြင္ဤကမ႓ာ႐ွိက်င့္ၾကံသူမ်ား၊သက္႐ွိမ်ား
မ႐ွိေတာ့သည္အထိျဖစ္သြားမည္ကို ေ႐ွာင္႐ွားရန္စစ္ပြဲစ၍ ဖိအားမ်ားကို
ေလွ်ာ့ခ်ျခင္းျဖစ္ေပသည္။

ေကာင္းကင္ဆီမွခိုးယူျခင္း၊ေကာင္းကင္ကို
လွည့္ဖ်ားျခင္း၊ေကာင္းကင္ဆီမွလုယူျခင္းမ်ားသည္ က်င့္ၾကံသူမ်ား၏ရည္႐ြယ္ခ်က္အမွန္ျဖစ္သည္။သူတို႔ဟာ ေကာင္းကင္၏
စည္းမ်ဥ္းမ်ားႏွင့္ဟန္ခ်က္ညီေအာင္
ထိန္းညႇိ၍ ႐ွင္သန္ျခင္းနည္းလမ္းကို
႐ွာေဖြထားၾကသည္။

"ဒီတိုက္ပြဲမွာ ဒီအ႐ွင္ ေသေသ႐ွင္႐ွင္
ငါ့ရဲ႕ဝိဉာဥ္စြမ္းအင္ေတြက ဒီကမ႓ာမွာ႐ွိေနဦးမွာပဲ။ငါေသၿပီး က်င့္ၾကံျခင္းေတြ
ပ်က္စီးသြားရင္ ငါ့ခႏၶာကိုယ္ကိုျမႇဳပ္ႏွံခဲ့တဲ့
ေနရာမွာ ႏွစ္တစ္ရာအတြင္းမေရမတြက္
ႏိုင္တဲ့သက္႐ွိ‌ေတြေမြးဖြားလာလိမ့္မယ္။"

သူ႕ပုံစံဟာ ေသေသ႐ွင္႐ွင္ ဂ႐ုမစိုက္ပုံျဖင့္
တည္ၿငိမ္ေနသည္။

ယင္ဟန္က်န္း၏ႏွလုံးသားဟာ ႐ုတ္တရက္နာက်င္သြားရသည္။သို႔ေသာ္လည္း သူဟာ
နတ္ဆိုးဓားကိုတင္းတင္းဆုပ္ကိုင္လိုက္ၿပီး
"ဒီငယ္သားက အ႐ွင့္ကိုမေသေစရေအာင္ကာကြယ္ေပးပါ့မယ္။"ဟုေျပာလိုက္သည္။

"ဒီအ႐ွင္သိတယ္။"

စာအုပ္ထဲ၌ ယင္ဟန္က်န္းဟာဝမ္ရန္အယ္အ‌ေပၚသစၥာ႐ွိမႈကို သူ၏အသက္ႏွင့္
သက္ေသျပခဲ့သည္။

ဝမ္ရန္အယ္ဟာ သူ႕လက္ကိုဖြဖြေလး
ပုတ္လိုက္ၿပီး ေျပာခဲလွသည့္ေႏြးေထြးသည့္ေလသံျဖင့္"ဒီအ႐ွင္မ႐ွိေတာ့တဲ့အခ်ိန္က်ရင္ မင္းငါ့ေနာက္လိုက္ခဲ့လို႔ရတယ္။"

စာအုပ္ထဲကလို မင္းဘဝတစ္ဝက္လုံး
ငါ့အမိန္႔ကိုပဲနာခံၿပီးေနတာမ်ိဳးမလုပ္နဲ႔။
ဟု‌စိတ္ထဲမွာေျပာမိသည္။

ထိုစကားကိုၾကားၿပီးသည့္ေနာက္
ယင္ဟန္က်န္းဟာစိတ္သက္သာရာ
ရသြားပုံျဖင့္"ေက်းဇူးတင္ပါတယ္ အ႐ွင္။" ဟူ၍တည္ၿငိမ္စြာေျပာလိုက္သည္။

Spider Lily

အျဖဴေရာင္၊အျပာေရာင္၊အနီေရာင္၊ေ႐ႊေရာင္ဟူ၍ ေလးေရာင္႐ွိသည္။

Continue Reading

You'll Also Like

426K 17.8K 123
SYPNOSIS Reading Purifying Love made Rachelle D'magiba feel very insulted. The ending that the author had written didn't go well with her expectation...
14K 627 17
∆You don't seem the lying kind∆ TW gang violence ---- STORYLINE WONT COMPLETELY FOLLOW THE STORYLONE OF TOKYO REVENGRRS. ALSO THIS IS VERY INSPIRED...
108K 3.1K 13
"Remember, this mark of yours will help you find your soulmate, the one who will love you unconditionally." And that was the last thing she said befo...
3.9K 328 16
Suddenly discovering himself to be a wanted man, Caleb Waite flees a posse, barely escaping with his life. Taking refuge on a slightly-rundown ranch...