Unicode
ဖုန်းထဲမှစကားသံကိုနားထောင်ပြီးခန့်ဆက်သက်ပြင်းချလေသည်။တစ်နေ့နေ့တစ်ချိန်ချိန်မှာဒီလိုတွေဖြစ်လာမယ်ဆိုတာ ခန့်မှန်းပြီးသား။
ဒေါ်ငွေနန်းရွှေရည်က သူတို့ညီအကို၊ကိုသဘောမကျမှန်းလဲ သိထားပြီးသားဖြစ်သည်။ ထို့ကြောင့်ခန့်ဆက်က သူတို့ဆီပြန်မသွားရန်ဆုံး
ဖြတ်ခဲ့သော်လည်း ညီဖြစ်သူကိုတော့ တားမရခဲ့ပေ။ ဘုန်းဆက်ကိုပဲ သူ့အနားပြန်ခေါ်ထားရမလား။ဒီလိုစဥ်းစားတော့လဲ ဟိုကောင်ကအတူ
တူနေချင်မှနေမည်။ခန့်ဆက်သက်ပြင်းချ၍အလုပ်ခန်းလေးထဲငုတ်
တုပ်ထိုင်နေရင်းပုံတွေကိုလဲ ဆက်မဆွဲဖြစ်။ အလုပ်ထဲမှာစိတ်နှစ်လို့
မရလျှင် ဘာကိုမှဆက်မလုပ်ချင်။
"ဒေါက်!ဒေါက်!"
အခန်းတံခါးခေါက်သံကြားတော့ ခန့်ဆက်မျက်လွှာပင့်ကြည့်သည်။
နေရောင်က တံခါးရွက်မှာလက်ပိုက်လျက်မှီးထားရင်း မျက်ခုံးတန်း
တွေစုကုပ်နေ၍ ခန့်ဆက်ကိုကြည့်ကာ အကဲခက်နေခြင်းဖြစ်သည်။
"ကိုခေတ်ဘယ်တုန်းကရောက်နေတာလဲ"
"၁၅မိနစ်လောက်ရှိပြီ၊လူတစ်ယောက်လုံးရပ်ကြည့်နေတာမသိ
လောက်အောင် အတွေးတွေဘယ်ရောက်နေလဲ၊ အစ်ကို ဝတ်စုံချုပ်
မလို့၊ ဒီဇိုင်းဆွဲပေး"
ခန့်ဆက်မတ်တပ်ရပ်၍ လိုက်ကာမှ အပြင်ကိုတစ်ချက်လှမ်းကြည့်ပြီး
"အပြင်မှာ ဒီဇိုင်နာမမတွေရှိတယ်လေ"
"သူတို့မအားဘူး"
နေရောင်ကအနားလာရပ်တော့ စားပွဲကနေထွက်လိုက်ပြီး ကိုယ်တိုင်းယူရန်အတွက် ပေကြိုးရှာသည်။ ဘီရိုအသေးတစ်လုံးထဲမှ ပေကြိုးရှာ
တွေ့သည်နှင့်ပုခုံးပေါ်ကနေလက်ကောက်ဝတ်ထိ အရင်ဆုံးတိုင်း၏၊ပြီးမှ ခါးတိုင်းဖို့ကြိုးကိုခါးပတ်လိုက်လျှင် ခပ်ပြင်းပြင်းရေမွှေးရနံ့က
'လှိုင်'ခနဲနှာခေါင်းထဲတိုးဝင်လာသည်။ထိုရနံ့ကြောင့် နှာခေါင်းပင်ရှုံ့လိုက်မိသည်အထိ။ဒီလိုရနံ့မျိုးတွေခန့်ဆက်မကြိုက်။ ရေမွှေးနံ့ပြင်းလေ ခေါင်းမူးလေဖြစ်သည်။ အတိုင်းယူပြီးစာအုပ်မှချမှတ်ထားတော့နေရောင်က ငုံ့ကြည့်နေရင်း
"မင်းကိုတစ်ခုလောက်မေးလို့ရမလား"
"မေးလေ"
"မင်းကိုကြိုက်တဲ့လူတွေဘာတွေမရှိဘူးလား"
"ကြိုက်တဲ့လူတော့ရှိတာပေါ့ဗျ..ဒါပေမယ့်ကျွန်တော်လွတ်လွတ်လပ်လပ်ပဲနေချင်တယ်"
ဖွင့်မပြောခင်ကတည်းကအငြင်းခံရတယ်ဆိုတာ ဒါမျိုးလား။နေရောင်ပင့်သက်ရှိုက်ကာ စိတ်ညစ်သွား၏။ ဒီကောင်လေးကို သူဘယ်လိုနည်းနဲ့ချဥ်းကပ်ရမလဲ မသိချေ။သို့သော် အနည်းငယ်တော့ သိချင်နေတာရှိသေးသည်။ထို့ကြောင့် ကိုယ်တိုင်းမှတ်နေသည့်လက်ကိုဖမ်းဆွဲလိုက်ပြီး
"တကယ်လို့ လူတစ်ယောက်ကမင်းကိုကြိုက်နေတယ်၊ပြီးတော့အဲ့ဒီ
လူက မိန်းကလေးတစ်ယောက်မဟုတ်ဘူးဆိုရင်ရော"
"ဘယ်နှယ့်ဘယ်လိုစကားကြီး..."
အမှတ်တမဲ့ပြောလိုက်မိပြီးမှ ခန့်ဆက်မျက်မှောင်ကျုံ့လိုက်မိတော့
သည်။နေရောင်ပြောနေတဲ့စကားက ဘုန်းဆက်လိုမျိုးလား။ပြီးတော့
သူ့ကိုသဘောကျနေတဲ့ယောက်ျားလေးရှိတယ်။တွေးရင်း ခန့်ဆက်
ကြက်သီးဖြန်းခနဲ တစ်ချက်။ ခန့်ဆက်ခေါင်းတွင်တွင်ခါရင်းသာ
"မဖြစ်ဘူး၊ကျွန်တော်ကstraight"
ဒီလိုပြောတော့ မျက်စိရှေ့ရှိခေတ်နေရောင်ကိုပြေးမြင်၍ဝဲဘက်ရင်အုံကစူးခနဲဖြစ်သွားကာ'မညာနဲ့'ဟုပြောလိုက်သလိုပင်။ခန့်ဆက်နှုတ်
ခမ်းကိုသာတင်းတင်းဖိပိတ်ထားလိုက်တော့သည်။စောနကမှ ဘုန်းဆက်နှင့်ဖုန်းပြောပြီးသားဖြစ်ကာ၊ ဖုန်းထဲမှအသံတွေကတုန်ယင်နေ
၏။ ဘုန်းဆက်ကတော့ သတ္တိရှိလို့ဒီရပ်ဝန်းကိုခြေချရဲပေမယ့် သူက ဘုန်းဆက်လိုသတ္တိရှိသူမဟုတ်။ခေတ်နေရောင်၏စကားကို သူနား
လည်သလိုရှိသော်လည်းပတ်ဝန်းကျင်၏ဖိအားတွေကိုကြောက်သည်။
ဒါဟာ ကိုယ့်ကိုယ်ကို လိမ်ညာနေမိသလိုဖြစ်နေပေမယ့်မတတ်နိုင်။
"ကိုခေတ်ပြောတာကျွန်တော်နားလည်တယ်၊ဘုန်းဆက်နဲ့ကိုခမ်းလို
မလား"
နေရောင် စိတ်ပျက်စွာဖြင့်ခေါင်းငြိမ့်လိုက်သည်။အမွှာညီကိုဆိုပေမယ့်
စိတ်ချင်းမှမတူပဲ။ သူဘာကိုမျှော်လင့်ခဲ့မိတာလဲ။ဘုန်းဆက်ကဒီလိုဆိုတိုင်း ခန့်ဆက်ကိုရော ဒီလိုထင်ခဲ့မိတယ်။သို့ပေမယ့်ခန့်ဆက်က ဘုန်းဆက်၏ဖြစ်တည်မှုကိုလက်ခံထားသလိုပါပဲ။တိုင်းမွေးနေ့ကတောင်ရယ်ရယ်မောမောပြောနေသေးသည်။ဒါကိုပဲ မှားယွင်းစွာအထင်လွဲခဲ့
မိတာလား။သူကိုယ်တိုင်လဲပြန်ဆန်းစစ်မိတော့ သူဟာယောက်ျားလေးမြင်တိုင်းရင်ခုန်တဲ့လူမဟုတ်ပြန်။ခန့်ဆက်မှုးသွင်နဲ့မှသာသူ့ရင်ခုန်သံကိုပြန်ကြားခဲ့ရခြင်းဖြစ်သည်။ဒါဟာအနီးကပ်ကပ်ရှိနေတာကြောင့်ပဲလား။တိုင်းနဲ့ရင်းနှီးတာကို jealousဖြစ်မိတာကစသလားမသိ။
နေရောင်တွေဝေနေတုန်းမှာပဲ။
"ကိုခေတ်ကဘာဖြစ်လို့ကျွန်တော့်ကို အဲ့သလိုမေးခွန်းမေးတာလဲ"
"ဟင်!"
စိုက်ကြည့်ပြီးမေးတော့ နေရောင်အဖြေမရှိ။ သူဘာကိုဖြေရမလဲ။ ခန့်ဆက်ကိုကြိုက်တဲ့လူက ဘယ်သူလဲမေးလာရင်ရော။ခက်တာပဲ...ဒီတိုင်းပဲ ဖွင့်ပြောလိုက်ရမလား။ မဖြစ်...။ဒီလိုလဲ ချက်ခြင်းကြီးပြောဖို့အဆင်မပြေသေးပေ။ သူကိုယ်တိုင်ကstraightပါလို့ပြောနေမှတော့ စစ်မရောက်ခင်ကတည်းကမြှားကုန်နေပြီဖြစ်သည်။
နေရောင်ပင့်သက်ရှိုက်ရင်းသာ...
"ဒါဆို ဒီဇိုင်းကိုဘယ်လိုဆွဲမှာလဲ"
စကားလမ်းကြောင်းလွှဲလိုက်သည့် နေရောင်ကိုသေချာကြည့်ပြီး မျက်
နှာပျက်သွား၍ခန့်ဆက်sketch bookကောက်ဖွင့်လိုက်သည်အ
နားမှာရှိတဲ့ခဲတံကိုလဲယူလိုက်၏၊ ထိုလှုပ်ရှားမှုမှန်သမျှကိုနေရောင်ရပ်ကြည့်နေပြီးမှ
"ဒီဇိုင်းကိုနောက်နေ့မှဆွဲပါလား၊အစ်ကိုလိုချင်တဲ့ပုံစံလေးအနည်းငယ်ပြောပြမယ်လေ"
"ရတယ်အခုပဲဆွဲမယ်"
"ရှပ်အင်္ကျီလက်ရှည်ကိုအနားသပ်မှာအတွန့်လေးတွေထည့်ပေး၊ရင်
ဘတ်ဒီဇိုင်းကိုတော့ Vပုံစံကိုမှ ကျစ်ကြိုးလေးတွေနဲ့ ကော်လံကိုအ
ရမ်းမကြီးဘူး"
"အာ..ကျွန်တော်သိပြီရှေးခေတ်ရောမစတိုင်မှလား"
"အင်း!"
စားပွဲနားမှာရှိသည့် ပိတ်စအဖြူလေးကို ကောက်တိုင်းနေရင်းခန့်ဆက်
ပြုံးလိုက်မိကာစကားအဆက်အစပ်မရှိ။
"ဂျူးလိယက်ရဲ့မွေးရပ်မြေဖြစ်တဲ့ ရောမကိုတစ်ခေါက်ရောက်ဖူးချင်တယ်"
ပြောပြီးခန့်ဆက်မျက်လွှာပင့်ကြည့်တော့ နေရောင်ကဘာမှမပြောပေ။
designဆွဲနေရင်းခန့်ဆက်မချိတရိပြုံးလိုက်မိသည်။ အမှားနဲ့အမှန်ရောထွေးနေတဲ့ လောကကြီးမှာ အကယ်၍ ဆုတစ်ခုတောင်းခွင့်ရမယ်ဆိုလျှင် ဒီလူကိုအကြောင်းပြချက်မဲ့စွာသဘောကျနေမိတဲ့ သူ့ရင်ထဲကအမှန်တရားကိုတော့ နားလည်စေချင်မိ၏။ဒီစိတ်၊ဒီခန္ဓာနဲ့ဖြစ်တည်လာတဲ့ဘဝမှာ သဘောကျမိတဲ့လူကိုအနီးကပ်မြင်ခွင့်ရှိတာနဲ့တင်
ကံကောင်းမှုဆိုတဲ့အရာဟာသိပ်ကိုတန်ဖိုးကြီးမားလွန်းသည်။
သူ့ဘဝသက်တမ်းတစ်လျှောက်သူစိမ်းလူတွေအများကြီးနဲ့တွေ့ဆုံခဲ့ရတယ်။ထို့အတူဒီလူနဲ့ တွေ့ဆုံခဲ့ခြင်းဟာလဲသိပ်ကို ရိုးရှင်းလွန်းတဲ့ဖြစ်
ရပ်လေးတစ်ခုပါပဲ။သို့ပေမယ့် ဒီလူကိုသဘောကျမိတဲ့စိတ်ကလေး
တစ်ခုတည်းနဲ့ခြေစုံပစ်မဝင်ရဲသေးပေ။ငေးကြည့်ခွင့်လေးရှိနေရုံနဲ့တင်
အဆင်ပြေပါသည်။
နေရောင်စားပွဲအနားရောက်လာ၍ ပုံကိုသေချာငုံ့ကြည့်နေ၏။ပြီးတော့
မျက်နှာရှုံ့မဲ့သွားကာ ပုံဆွဲနေသည့်လက်ကိုလှမ်းဆွဲလိုက်သည်။
"စိတ်တွေဘယ်လွင့်နေတုန်း၊ကိုယ်ပြောတာ ဒီလိုပုံမဟုတ်ဘူးလေ"
"ဗျာ!"
'ကိုယ်'ဆိုသည့်အသုံးအနှုန်းကြောင့် ခန့်ဆက်မော့ကြည့်ရင်း မျက်နှာရဲခနဲဖြစ်၍ ပုံကိုအာရုံပြန်စိုက်ထားရသည်။နေရောင်ကတော့ သူ့ကိုယ်သူဘာပြောမိမှန်းသတိမထားမိချေ။
"ဟုတ်...ဟုတ် ကျွန်တော်အစကနေပြန်ဆွဲလိုက်မယ်"
ခပ်မြန်မြန်ပင်စာရွက်ဖြဲ၍ အသစ်ပြန်ဆွဲနေတော့ နေရောင်သက်ပြင်း
ချကာ ရုံးခန်းအပြင်ပြန်ထွက်ဖိူ့ခြေလှမ်းလိုက်သည်နှင့်
"ကိုခေတ်ပြန်တော့မလို့လား၊ ကျွန်တော့်ပုံကိုမကြိုက်လို့စိတ်ဆိုးသွား
တာလား"
"မဟုတ်ပါဘူး၊ ဆိုင်ခွဲတစ်ခုသွားရမှာမလို့"
ပြောပြီး ရုံခန်းအပြင်ဘက်ပြန်ထွက်လာသည်နှင့် designerတွေစုကာ အုပ်စုဖွဲ့၍စကားပြောနေ၍ နေရောင်ထွက်လာမှ ရုတ်ရုတ်သဲသဲ
လူစုခွဲကြ၏။ ဒီမိန်းကလေးတွေ သူ့အကြောင်းပြန်ပြောနေတာလား။
သူတို့အမြင်မှာ သူက ခန့်ဆက်ကဦးစားပေးတယ်ဟုထင်နေသလား
မသိချေ။နေရောင် ရုံးခန်းကိုပြန်ကြည့်လိုက် designerတွေကို
ကြည့်လိုက်နှင့် စိတ်ထဲတော့ဘဝင်မကျ။ သို့ပေမယ့် ဘယ်သူဘယ်လို
မြင်မြင် ဂရုမစိုက်ပါ။သူကသာလျှင် ဆိုင်၏bossဖြစ်သည်။
>>>>>>>>>>>
"ဟာ"
suite roomထဲဝင်လာသည်နှင့်ရှုပ်ပွနေတဲ့ ပစ္စည်းတွေကြောင့်
တိုင်းအခန်းတစ်ခုလုံးကိုလှည့်ပတ်ကြည့်လိုက်၏၊ မွေ့ယာပေါ်ရှိစောင်အဖြူကြီးတွေကအစ တစ်စဆီဖြစ်နေကာ ဖီးနစ်က ကိုက်ဖြဲထားခြင်းပင်။ တိုင်းကိုမြင်မှ ဆိုဖာပေါ်မှာအခန့်သားထိုင်ရင်း cusionကို ကိုက်ဖဲ့နေသည့် ဖီးနစ်ကဆက်ခနဲခေါင်းလေးထောင်သွားပြီးခုန်ပေါက်
ကာ ဆိုဖာအောက်ဆင်းလိုက်သည်။
"ဟေ့ကောင် ၊ရှေ့မှာလာထိုင်"
ဆိုဖာရှေ့မှာ ရပ်ကြည့်နေသည့် ဖီးနစ်ကို ပြောလိုက်ခြင်းပင်။ ဖီးနစ်ကလျှာထုတ်နေရင်း ခေါင်းလေးစောင်းကာ တိုင်းကိုကြည့်နေ၏။တိုင်း
ပါကင်အိတ်တစ်ခုဖွင့်ကာ အထဲမှလည်ပတ်လေးကို ထုတ်၍ဖီးနစ်ကို ဆွဲပေးလိုက်သည်နှင့်အငြိမ်မနေ။ လှုပ်လှုပ်ရှားရှားဖြစ်နေသည့် ဖီးနစ်ကိုထိန်းရင်း တိုင်းဆောင့်ဆွဲပစ်လိုက်သည်။ ဒီလိုမျိုးဆို စိတ်ကမရှည်ချင်။ အနီရောင်လည်ပတ်ကြိုး၏အလည်၊ ၁ကျပ်သားရွှေပြားလေးပေါ်တွင် phoenixဆိုသည့်စာတန်းလေးထွင်းထားသည်။ပျောက်လျှင်ပြန်ရှာလို့ရအောင် လည်ပတ်မှာ နာမည်ထိုးပေးထားခြင်းဖြစ်
သည်။ သို့သော်ငြား ဖီးနစ်နေတတ်ပုံမရ။ လည်ပတ်တပ်ပေးပြီးသည်နှင့် ခုန်ပေါက်ကာ လူးလှိမ့်နေ၏။ဖီးနစ်ကို တိုင်းပြန်ခေါ်လိုက်ကာအနားရောက်လျှင်
"ထိုင်!"
ဖီးနစ်ကပြူးကြည့်နေသည်။ တိုင်းမျက်မှန်ပင့်တင်လိုက်ပြီး
"ထိုင်လို့ပြောနေတယ်"
ခေါင်းလေးစောင်းရင်း နားမလည်သလိုအမူအရာဖြင့် တိုင်းထံမွေးပွ
လက်ကလေးမြှောက်လာတော့ တိုင်းစုတ်သပ်လိုက်၏ ထိူ့နောက် မြှောက်ပေးနေသည့်ဖီးနစ်လက်ကို ဆွဲယူကာ ဖင်ထိုင်ချအောင်လုပ်လိုက်၊ ပြန်ဆွဲမလိုက်ဖြင့်
"ဒါကို ထိုင်လို့ပြောတာ၊ ဒါကိုထလို့ပြောတာ နားလည်လား"
ဖီးနစ်အတင်းရုန်းပြီး တိုင်းကိုဖင်ပေးထိုင်လိုက်ပုံက မကြိုက်ဘူး
ဟူသည့်သဘော။ ဖီးနစ်ကိုဘယ်လိုသင်ပေးရမလဲ တိုင်းမသိ။
သူ့အပြုအမူတွေက လသားအရွယ် ဖီးနစ်အတွက်တော့ အရမ်းကြမ်းမလားမသိပေ။တိုင်းအကြံတစ်ခုရသွားသည်နှင့် အနောက်မှာရပ်နေသည့်ဝန်ထမ်းမလေးဆီက မုန့်တစ်ချို့တောင်းလိုက်လေသည်။ ထို့နောက်တိုင်းက အိတ်သံပေးလိုက်သည်နှင့် ဖီးနစ်ခေါင်းလေးငဲ့စောင်းကြည့်ပြီးပြန်လှည့်လာ၏။ဖီးနစ်ကိုကြည့်ရင်း တိုင်းမျက်ခုံးတွန့်သွားသည်။ဒီကောင် မုန့်သံကျ သိတတ်ပါလား။ ဘုန်းဆက်ပေးတာလို့မပြောရဘူး။အစားအသောက်မက်ပုံကတော့ တစ်ထေရာတည်းတူ
သည်။တိုင်း မုန့်ကို မြှောက်ပြရင်း
"ထိုင်!"
ထိုအခါမှ ထိုင်၏၊ ဖီးနစ်ကိုကြည့်ရင်း တိုင်းအသည်းယားကာ
"လက်ပေး"
မုန့်မြင်ပြီးနောက် တိုင်းခိုင်းသမျှ နားလည်စွာဖြင့်လိုက်လုပ်နေသည့်
ဖီးနစ်ကိုခေါင်းပွတ်ပေးလိုက်ရင်း မုန့်တွေကိုကြွေပန်းကန်ထဲချပေး
လိုက်၏၊ဖီးနစ်က စားလဲစားရင်း မော့ကြည့်ရင်းနဲ့မှ တစ်ချက်ဟောင်
သည်။ထို့နောက် တိုင်း၏ခြေတံရှည်ပေါ်အတင်းဖက်နေတော့ဖီးနစ်
ကိုပွေ့ချီလိုက်ကာ ပေါင်ပေါ်တင်၍
"မင်းအတွက်နဲ့တင် ၂၅သိန်းလောက်ကုန်တယ်သိလား"
နီလာရောင်မျက်လုံးလေးဖြင့် နားလည်သလိုပြူးကြည့်နေသည့်ဖီးနစ်က သူ့မွေးပွလက်လေးဖြင့် တိုင်းရင်ဘက်ကိုဖိကပ်ကာ ပါးကိုလျှာဖြင့် လျက်လိုက်ပြန်၏။ဒီကောင် အဲ့လောက်ထိ သိတတ်မယ်လို့ တိုင်းမထင်ထားပေ။ပြီးမှ ရင်ခွင်ထဲဲကခုန်ဆင်း၍ အမြီးလေးယမ်းကာပြေးထွက်သွားသည်။ ထို့အတူ ဖီးနစ်ပြေးထွက်သွားသည်နှင့် နောက်မှဝန်ထမ်းမလေးက အပြေးလိုက်ရ၏။
ထိုစဥ်ဒေါ်မြညိုဝင်လာပြီး
"သခင်လေး!ကြီးမြညိုအအေးဖျော်ခဲ့ရမလား"
"ရတယ်၊သွင် အိပ်ဆောင်မှာပဲလား"
"ဟုတ်တယ် မနက်ကခြံထဲအမှိုက်တွေရှင်းပြီးအခုထိ ထွက်လာတာ
မမြင်မိဘူး၊ ကြီးမြညိုသွားခေါ်ပေးရမလား"
"နေပါစေ၊ကျွန်တော်ကိုယ်တိုင်သွားမယ်..သြော်...အခန်းကိုရှင်းလင်းထားပေး"
"ဟုတ်ကဲ့ပါ ၊ဒါနဲ့...သခင်လေးအဆင်ပြေရဲ့လား"
တိုင်းမျက်ခုံးတွန့်ရုံလေးဖြစ်ကာ မျက်လွှာပင့်၍တစ်ချက်ကြည့်ပြီး ဘာမှမပြော။ ဒေါ်မြညိုလဲ အဖြေပြန်မလာတော့ဆက်မမေးတော့ပဲ ခေါင်းငုံ့ကာထွက်သွား၏။ တိုင်း၏အခန်းကိုရှင်းလင်းပေးရန်အတွက်
လိုအပ်သည့် သန့်ရှင်းရေးစက်တွေသွားယူရမည်။
ဒေါ်မြညို ထွက်သွားတာကိုငေးကြည့်ပြီးခါမှတိုင်းsuite room
ထဲမှ ထွက်လာကာ ဝန်ထမ်းအိပ်ဆောင်သို့ လျှောက်လာခဲ့သည်။ လမ်းတစ်လျှောက်ရှိသစ်ရွက်ကြွေကိုတွေငေးနေရင်းမှ ရှေ့တည့်တည့်လျှောက်လာသော ဘုန်းဆက်နဲ့မျက်နှာချင်းဆိုင်မိ၏။
"တိုင်း!"
"မင်းအဆင်ပြေရဲ့လား"
"အဟော်..အဲ့တာမောင်မေးရမှာလေ.."
ပြောရင်းဘုန်းဆက်က မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
"မင်းကတော့"
ဒီလောက်အထုအထောင်းခံထားရတာတောင်ဒီကောင် မျက်နှာပြောင်နိုင်သေးသည်။ ခြံကျယ်ကြီးထဲရှိ ယူကလစ်ပင်တွေဆီဖြည်းဖြည်းချင်းလျှောက်လာရင်း ဘုန်းဆက်ကိုမော့ကြည့်လိုက်တော့ ညာဘက်
နှုတ်ခမ်းကအနည်းငယ်ကွဲနေလေသည်။ တိုင်းဘောင်းဘီအိတ်ထဲမှ
လက်ကိုင်ပဝါထုတ်ပေးလိုက်တော့ ဘုန်းဆက်က ဘာအတွက်လဲဆို
သည့်မျက်ဝန်းမျိုးဖြင့်ကြည့်ကာ လက်ကိုင်ပဝါကိုယူလိုက်၏။
"ကိုယ် နောက်ရက်villaကိုသွားမလို့၊မေမေခေါ်ထားတယ်"
"ဘာအတွက်လဲ"
"မသိဘူး၊ဒါပေမယ့် မင်းလိုက်ဖို့အဆင်မပြေဘူး"
"တိုင်းကိုမောင်တစ်ခုမေးခွင့်ရှိမလား"
"အင်း!"
"မောင့်ကိုယုံကြည်မှာလား"
"ဘာကိုလဲ"
"ရှေ့လျှောက်မောင်ဘာလုပ်လုပ် မောင်ကတိုင်းကိုချစ်ပြီးသားဆိုတာ
ယုံကြည်မှာလား"
"ဘာစကားလဲသွင်!"
ခြေလှမ်းတွေရပ်တန့်သွားကာ နေရာမှာတင် တိုင်းကိုစေ့စေ့ကြည့်၏။
စူးရဲလာသည့်မျက်ဝန်းတွေကိုကြည့်ကာတိုင်းအဖြေရှာမရ။ အဆက်
အစပ်မရှိ ပြောသည့်စကားကြောင့် တိုင်းမျက်မှောင်ကျုံ့လိုက်မိတော့
သည်။ အဓိပ္ပါယ်မျိုးစုံဖြတ်ပြေးနေတဲ့ မျက်ဝန်းတွေကဘာလဲ၊သူဘာကိုပြောချင်တာလဲ တိုင်းနားမလည်ပေ။ တိုင်းပင့်သက်ရှိုက်၍
"သွင်!မင်းပြောတာ ကိုယ်နားမလည်ဘူး၊ကိုယ့်ကိုရှင်းအောင်ပြောလို့
ရမလား"
ဘုန်းဆက်နှုတ်ခမ်းတစ်ဖက်ကွေးညွန့်သွားကာ ဘောင်းဘီအိတ်ထဲ လက်ထည့်၍ မြေကြီးကိုသာငုံ့ကြည့်နေရင်း ကျောက်စလစ်ခဲလေးတွေကိုခြေထောက်ဖြင့် ဆော့ကစားနေ၏။ထို့နောက် 'ကျစ်'ခနဲစုတ်
သပ်၍ ခါးအနည်းငယ်ကိုင်းလိုက်ကာ တိုင်းနှင့်မျက်ဝန်းချင်းဆုံစည်း
အောင်ကြည့်သည်။
"မိဘတွေလဲ သိသွားပြီဆိုတော့ဒီနေ့ဒီအချိန်ကစပြီး တိုင်းကိုပိုင်ဆိုင်
နိုင်အောင်ကြိုးစားတော့မလို့"
"မင်း မဟုတ်တာတော့..."
နှုတ်ခမ်းကိုလက်ညှိုးဖြင့် တားဆီးလိုက်၏။ဆက်မပြောပါနဲ့တော့
ဆိုသည့်သဘော။ ဘုန်းဆက်မျက်ဝန်းတွေဆွေးရိပ်သန်းသွားကာ
ကိုင်ထားသည့် ပဝါမှ 'tai'လို့ထိုးထားသည့် ချည်သားလေးကိုသာ
ငေးကြည့်ရင်းဟက်ခနဲရယ်လိုက်လေသည်။
"မောင့်ကိုဒီ့ထက်ပိုမမေးပါနဲ့တော့"
ဒီလိုအကြည့်၊ဒီလိုအပြုံးတွေကသူဖြစ်ချင်တာ၊သူလုပ်ချင်တာကို
မဖြစ်'ဖြစ်အောင်လုပ်တော့မည့်အတိုင်း။ ဘုန်းဆက်ဟာ အဲ့သလိုလူပါပဲ၊တိုက်တွန်းလျှင်လုပ်ချင်မှလုပ်သည်။ 'No'ဆိုလျှင်ဘယ်တော့
မှ နောက်ပြန်လှည့်မကြည့်တတ်သူ။သို့သော်ငြားသူလိုချင်လာပြီဆိုလျှင်တော့ဘယ်သူဘာပဲဖြစ်ကျန်ခဲ့ပါစေ...ဖြစ်အောင်လုပ်တတ်
သည့်ဥာဥ်ရှိသည်။
တိုင်းဆက်မေးချင်နေသော်လည်း ဘုန်းဆက်က ပြောချင်စိတ်မရှိတော့သည့်ပုံ။တိုင်းလက်ကိုသာဆွဲယူပြီး လက်ကိုင်ပဝါကိုပြန်ထည့်ပေး၏။ ထိုစဥ် အဝေးတစ်နေရာမှာ ညိုညိုဏ္ဍာန်လေးကြောင့် နှစ်ယောက်စလုံးမျက်ဝန်းတွေစုကုပ်သွားသည်။ပြီးတော့ ဘုန်းဆက်ကိုင်ထားသည့် လက်ကိုချက်ခြင်း ဖြုတ်ချကာ မျက်မှန်အောက်က မျက်
ဝန်းတွေက အလိုလိုအေးစက်သွားခြင်းဖြစ်သည်။
ဖီးနစ်က နားရွက်လေးတွေလှုပ်ခါနေအောင်ပတ်ချာလှည့်နေရင်း
တိုင်းနှင့်ဘုန်းဆက်ကိုမြင်၍အပြေးအလွှားခုန်ပေါက်နေသည်။အကူမိန်းကလေးကလဲ ဖီးနစ်ကိုလိုက်ထိန်းနေရင်းမောပန်းနေဟန်။ ထို့နောက် တိုင်းဆီပြေးလာရင်း အနားရောက်ခါနီးမှ ပြာပုံတစ်ခုဆီသို့
ပြေးဝင်ကာလူးလှိမ့်လေသည်။ အကူမိန်းကလေး မျက်ဝန်းတွေပြူးကျယ်သွားကာ အပြေးရောက်လာပြီး ဖီးနစ်ကိုကောက်ချီပွေ့၏။
ထို့နောက် တိုင်းအနားရောက်လာ ခေါင်းငုံ့ထားလျှက်
"သခင်လေး!ဟို!ဖီးနစ်က ပြာပုံထဲဝင်တိုးလို့ ရေသွားချိုးပေးလိုက်ရမလား"
မျက်နှာကအစ ပြာတွေပေကျံနေကာ တိုင်းဆီသွားချင်သည့်ဟန်ဖြင့်
အကူမိန်းကလေးရင်ခွင်ထဲမှ ရုန်းထွက်နေ၍မွေးပွလက်ကလေးကို
တိုင်းထံကမ်းပေးနေသည်။ ဖီးနစ်က တအီအီအော်ရင်းအတင်းတွန်း
ထိုးရုန်းနေတော့အကူမိန်းကလေးခဗျာ ဖီးနစ်ကိုမပြုတ်ကျအောင်မနဲထိန်းထားရ၏။ ဘုန်းဆက်လှစ်ခနဲပြုံးလိုက်၍ ဖီးနစ်ကိုလွှဲယူလိုက်သည်။ထိူ့နောက်အကူမိန်းကလေးကိုကြည့်၍
"နောက်မှ ကျွန်တော်ပဲရေချိုးပေးလိုက်မယ်၊ အမတခြားလုပ်စရာတွေရှိရင်သွားလုပ်လို့ရပါတယ်"
"ဟုတ်ကဲ့ပါ"
အကူမိန်းကလေးထွက်သွားတော့မှ တိုင်းမျက်မှန်ပင့်၍ ဘုန်းဆက်ရင်
ခွင်ထဲမှာရှိနေသည့်ဖီးနစ်ကိုကြည့်၏။ ပြာပုံထဲကရုန်းထွက်သည့် ထာဝရရှင်သန်သော ဒဏ္ဍာရီလာဖီးနစ်ငှက်တို့၏အဓိပ္ပါယ်အတိုင်း
ဖီးနစ်ဆိုပြီးပေးထားသော်လည်းမိမိတို့၏ ဖီးနစ်မှာတော့ ကပြောင်း
ကပြန်ဖြင့်ပြာပုံကိုဝင်တိုးနေသည့်ခွေးကလေးတစ်ကောင်ပင်။
"မင်းကတော့မဟုတ်တော့ဘူးဖီးနစ်"
"တိုင်းဆီသွားချင်နေပုံရတယ်၊ ဒီကောင် တိုင်းကိုသဘောကျနေတာ၊
အလှလေးကို သခင်တော်ထားရလို့"
"သူ့ကိုရေအရင်ချိုးပေးလိုက်"
ဖီးနစ်က တိုင်းကိုတစ်ချက်ထိုးဟောင်ပြန်သည်။ပြီးတော့လက်က
တိုင်းကိုကုပ်ဖက်ချင်နေသလိုဖြင့် ဘုန်းဆက်ရင်ခွင်ထဲမှရုန်းနေပြန်
၏။ဘာပြောချင်နေမှန်းမသိသည့် ဖီးနစ်မျက်ဝန်းပြာပြာလေးတွေကိုကြည့်ပြီးတိုင်းမျက်နှာမဲ့သွားလေသည်။ဒီအကောင်ပေါက်ကလေးလဲမလွယ်တာသေချာတယ်။သူ့အတွက် သီးသန့်ထိန်းပေးမည့်လူသာ
မရှိရင် သူမွှေသမျှ တိုင်းတကောက်ကောက်လိုက်ရတော့မည့်အဖြစ်။
##############
Zawgyi
ဖုန္းထဲမွစကားသံကိုနားေထာင္ၿပီးခန့္ဆက္သက္ျပင္းခ်ေလသည္။တစ္ေန႕ေန႕တစ္ခ်ိန္ခ်ိန္မွာဒီလိုေတြျဖစ္လာမယ္ဆိုတာ ခန့္မွန္းၿပီးသား။ေဒၚေငြနန္းေ႐ႊရည္က သူတို႔ညီအကို၊ကိုသေဘာမက်မွန္းလဲ သိထားၿပီးသားျဖစ္သည္။ ထို႔ေၾကာင့္ခန့္ဆက္က သူတို႔ဆီျပန္မသြားရန္ဆုံးျဖတ္ခဲ့ေသာ္လည္း ညီျဖစ္သူကိုေတာ့ တားမရခဲ့ေပ။ ဘုန္းဆက္ကိုပဲ သူ႕အနားျပန္ေခၚထားရမလား။ဒီလိုစဥ္းစားေတာ့လဲ ဟိုေကာင္ကအတူတူေနခ်င္မွေနမည္။ခန့္ဆက္သက္ျပင္းခ်၍အလုပ္ခန္းေလးထဲငုတ္တုပ္ထိုင္ေနရင္းပုံေတြကိုလဲ ဆက္မဆြဲျဖစ္။ အလုပ္ထဲမွာစိတ္ႏွစ္လို႔မရလွ်င္ ဘာကိုမွဆက္မလုပ္ခ်င္။
"ေဒါက္!ေဒါက္!"
အခန္းတံခါးေခါက္သံၾကားေတာ့ ခန့္ဆက္မ်က္လႊာပင့္ၾကည့္သည္။ ေနေရာင္က တံခါး႐ြက္မွာလက္ပိုက္လ်က္မွီးထားရင္း မ်က္ခုံးတန္း
ေတြစုကုပ္ေန၍ ခန့္ဆက္ကိုၾကည့္ကာ အကဲခက္ေနျခင္းျဖစ္သည္။
"ကိုေခတ္ဘယ္တုန္းကေရာက္ေနတာလဲ"
"၁၅မိနစ္ေလာက္ရွိၿပီ၊လူတစ္ေယာက္လုံးရပ္ၾကည့္ေနတာမသိ
ေလာက္ေအာင္ အေတြးေတြဘယ္ေရာက္ေနလဲ၊ အစ္ကို ဝတ္စုံခ်ဳပ္မလို႔၊ ဒီဇိုင္းဆြဲေပး"
ခန့္ဆက္မတ္တပ္ရပ္၍ လိုက္ကာမွ အျပင္ကိုတစ္ခ်က္လွမ္းၾကည့္ၿပီး
"အျပင္မွာ ဒီဇိုင္နာမမေတြရွိတယ္ေလ"
"သူတို႔မအားဘူး"
ေနေရာင္ကအနားလာရပ္ေတာ့ စားပြဲကေနထြက္လိုက္ၿပီး ကိုယ္တိုင္းယူရန္အတြက္ ေပႀကိဳးရွာသည္။ ဘီရိုအေသးတစ္လုံးထဲမွ ေပႀကိဳးရွာ
ေတြ႕သည္ႏွင့္ပုခုံးေပၚကေနလက္ေကာက္ဝတ္ထိ အရင္ဆုံးတိုင္း၏၊ၿပီးမွ ခါးတိုင္းဖို႔ႀကိဳးကိုခါးပတ္လိုက္လွ်င္ ခပ္ျပင္းျပင္းေရေမႊးရနံ႕က'လွိုင္'ခနဲႏွာေခါင္းထဲတိုးဝင္လာသည္။ထိုရနံ႕ေၾကာင့္ ႏွာေခါင္းပင္ရႈံ႕လိုက္မိသည္အထိ။ဒီလိုရနံ႕မ်ိဳးေတြခန့္ဆက္မႀကိဳက္။ ေရေမႊးနံ႕ျပင္းေလ ေခါင္းမူးေလျဖစ္သည္။ အတိုင္းယူၿပီးစာအုပ္မွခ်မွတ္ထားေတာ့ေနေရာင္က ငုံ႕ၾကည့္ေနရင္း
"မင္းကိုတစ္ခုေလာက္ေမးလို႔ရမလား"
"ေမးေလ"
"မင္းကိုႀကိဳက္တဲ့လူေတြဘာေတြမရွိဘူးလား"
"ႀကိဳက္တဲ့လူေတာ့ရွိတာေပါ့ဗ်..ဒါေပမယ့္ကြၽန္ေတာ္လြတ္လြတ္လပ္လပ္ပဲေနခ်င္တယ္"
ဖြင့္မေျပာခင္ကတည္းကအျငင္းခံရတယ္ဆိုတာ ဒါမ်ိဳးလား။ေနေရာင္ပင့္သက္ရွိုက္ကာ စိတ္ညစ္သြား၏။ ဒီေကာင္ေလးကို သူဘယ္လိုနည္းနဲ႕ခ်ဥ္းကပ္ရမလဲ မသိေခ်။သို႔ေသာ္ အနည္းငယ္ေတာ့ သိခ်င္ေနတာရွိေသးသည္။ထို႔ေၾကာင့္ ကိုယ္တိုင္းမွတ္ေနသည့္လက္ကိုဖမ္းဆြဲလိုက္ၿပီး
"တကယ္လို႔ လူတစ္ေယာက္ကမင္းကိုႀကိဳက္ေနတယ္၊ၿပီးေတာ့အဲ့ဒီလူက မိန္းကေလးတစ္ေယာက္မဟုတ္ဘူးဆိုရင္ေရာ"
"ဘယ္ႏွယ့္ဘယ္လိုစကားႀကီး..."
အမွတ္တမဲ့ေျပာလိုက္မိၿပီးမွ ခန့္ဆက္မ်က္ေမွာင္က်ဳံ႕လိုက္မိေတာ့
သည္။ေနေရာင္ေျပာေနတဲ့စကားက ဘုန္းဆက္လိုမ်ိဳးလား။ၿပီးေတာ့သူ႕ကိုသေဘာက်ေနတဲ့ေယာက္်ားေလးရွိတယ္။ေတြးရင္း ခန့္ဆက္ၾကက္သီးျဖန္းခနဲ တစ္ခ်က္။ ခန့္ဆက္ေခါင္းတြင္တြင္ခါရင္းသာ
"မျဖစ္ဘူး၊ကြၽန္ေတာ္ကstraight"
ဒီလိုေျပာေတာ့ မ်က္စိေရွ႕ရွိေခတ္ေနေရာင္ကိုေျပးျမင္၍ဝဲဘက္ရင္အုံကစူးခနဲျဖစ္သြားကာ'မညာနဲ႕'ဟုေျပာလိုက္သလိုပင္။ခန့္ဆက္ႏႈတ္ခမ္းကိုသာတင္းတင္းဖိပိတ္ထားလိုက္ေတာ့သည္။ေစာနကမွ ဘုန္းဆက္ႏွင့္ဖုန္းေျပာၿပီးသားျဖစ္ကာ၊ ဖုန္းထဲမွအသံေတြကတုန္ယင္ေန၏။ ဘုန္းဆက္ကေတာ့ သတၱိရွိလို႔ဒီရပ္ဝန္းကိုေျခခ်ရဲေပမယ့္ သူက ဘုန္းဆက္လိုသတၱိရွိသူမဟုတ္။ေခတ္ေနေရာင္၏စကားကို သူနားလည္သလိုရွိေသာ္လည္းပတ္ဝန္းက်င္၏ဖိအားေတြကိုေၾကာက္သည္။ဒါဟာ ကိုယ့္ကိုယ္ကို လိမ္ညာေနမိသလိုျဖစ္ေနေပမယ့္မတတ္နိုင္။
"ကိုေခတ္ေျပာတာကြၽန္ေတာ္နားလည္တယ္၊ဘုန္းဆက္နဲ႕ကိုခမ္းလိုမလား"
ေနေရာင္ စိတ္ပ်က္စြာျဖင့္ေခါင္းၿငိမ့္လိုက္သည္။အမႊာညီကိုဆိုေပမယ့္စိတ္ခ်င္းမွမတူပဲ။ သူဘာကိုေမွ်ာ္လင့္ခဲ့မိတာလဲ။ဘုန္းဆက္ကဒီလိုဆိုတိုင္း ခန့္ဆက္ကိုေရာ ဒီလိုထင္ခဲ့မိတယ္။သို႔ေပမယ့္ခန့္ဆက္က ဘုန္းဆက္၏ျဖစ္တည္မႈကိုလက္ခံထားသလိုပါပဲ။တိုင္းေမြးေန႕ကေတာင္ရယ္ရယ္ေမာေမာေျပာေနေသးသည္။ဒါကိုပဲ မွားယြင္းစြာအထင္လြဲခဲ့မိတာလား။သူကိုယ္တိုင္လဲျပန္ဆန္းစစ္မိေတာ့ သူဟာေယာက္်ားေလးျမင္တိုင္းရင္ခုန္တဲ့လူမဟုတ္ျပန္။ခန့္ဆက္မႈးသြင္နဲ႕မွသာသူ႕ရင္ခုန္သံကိုျပန္ၾကားခဲ့ရျခင္းျဖစ္သည္။ဒါဟာအနီးကပ္ကပ္ရွိေနတာေၾကာင့္ပဲလား။တိုင္းနဲ႕ရင္းႏွီးတာကို jealousျဖစ္မိတာကစသလားမသိ။
ေနေရာင္ေတြေဝေနတုန္းမွာပဲ။
"ကိုေခတ္ကဘာျဖစ္လို႔ကြၽန္ေတာ့္ကို အဲ့သလိုေမးခြန္းေမးတာလဲ"
"ဟင္!"
စိုက္ၾကည့္ၿပီးေမးေတာ့ ေနေရာင္အေျဖမရွိ။ သူဘာကိုေျဖရမလဲ။ ခန့္ဆက္ကိုႀကိဳက္တဲ့လူက ဘယ္သူလဲေမးလာရင္ေရာ။ခက္တာပဲ...ဒီတိုင္းပဲ ဖြင့္ေျပာလိုက္ရမလား။ မျဖစ္...။ဒီလိုလဲ ခ်က္ျခင္းႀကီးေျပာဖို႔အဆင္မေျပေသးေပ။ သူကိုယ္တိုင္ကstraight
ပါလို႔ေျပာေနမွေတာ့ စစ္မေရာက္ခင္ကတည္းကျမႇားကုန္ေနၿပီျဖစ္သည္။
ေနေရာင္ပင့္သက္ရွိုက္ရင္းသာ...
"ဒါဆို ဒီဇိုင္းကိုဘယ္လိုဆြဲမွာလဲ"
စကားလမ္းေၾကာင္းလႊဲလိုက္သည့္ ေနေရာင္ကိုေသခ်ာၾကည့္ၿပီး မ်က္ႏွာပ်က္သြား၍ခန့္ဆက္sketch bookေကာက္ဖြင့္လိုက္သည္အနားမွာရွိတဲ့ခဲတံကိုလဲယူလိုက္၏၊ ထိုလႈပ္ရွားမႈမွန္သမွ်ကိုေနေရာင္ရပ္ၾကည့္ေနၿပီးမွ
"ဒီဇိုင္းကိုေနာက္ေန႕မွဆြဲပါလား၊အစ္ကိုလိုခ်င္တဲ့ပုံစံေလးအနည္းငယ္ေျပာျပမယ္ေလ"
"ရတယ္အခုပဲဆြဲမယ္"
"ရွပ္အကၤ်ီလက္ရွည္ကိုအနားသပ္မွာအတြန့္ေလးေတြထည့္ေပး၊ရင္
ဘတ္ဒီဇိုင္းကိုေတာ့ Vပုံစံကိုမွ က်စ္ႀကိဳးေလးေတြနဲ႕ ေကာ္လံကိုအရမ္းမႀကီးဘူး"
"အာ..ကြၽန္ေတာ္သိၿပီေရွးေခတ္ေရာမစတိုင္မွလား"
"အင္း!"
စားပြဲနားမွာရွိသည့္ ပိတ္စအျဖဴေလးကို ေကာက္တိုင္းေနရင္းခန့္ဆက္ၿပဳံးလိုက္မိကာစကားအဆက္အစပ္မရွိ။
"ဂ်ဴးလိယက္ရဲ႕ေမြးရပ္ေျမျဖစ္တဲ့ ေရာမကိုတစ္ေခါက္ေရာက္ဖူးခ်င္တယ္"
ေျပာၿပီးခန့္ဆက္မ်က္လႊာပင့္ၾကည့္ေတာ့ ေနေရာင္ကဘာမွမေျပာေပ။designဆြဲေနရင္းခန့္ဆက္မခ်ိတရိၿပဳံးလိုက္မိသည္။ အမွားနဲ႕အမွန္ေရာေထြးေနတဲ့ ေလာကႀကီးမွာ အကယ္၍ ဆုတစ္ခုေတာင္းခြင့္ရမယ္ဆိုလွ်င္ ဒီလူကိုအေၾကာင္းျပခ်က္မဲ့စြာသေဘာက်ေနမိတဲ့ သူ႕ရင္ထဲကအမွန္တရားကိုေတာ့ နားလည္ေစခ်င္မိ၏။ဒီစိတ္၊ဒီခႏၶာနဲ႕ျဖစ္တည္လာတဲ့ဘဝမွာ သေဘာက်မိတဲ့လူကိုအနီးကပ္ျမင္ခြင့္ရွိတာနဲ႕တင္ ကံေကာင္းမႈဆိုတဲ့အရာဟာသိပ္ကိုတန္ဖိုးႀကီးမားလြန္းသည္။
သူ႕ဘဝသက္တမ္းတစ္ေလွ်ာက္သူစိမ္းလူေတြအမ်ားႀကီးနဲ႕ေတြ႕ဆုံခဲ့ရတယ္။ထို႔အတူဒီလူနဲ႕ ေတြ႕ဆုံခဲ့ျခင္းဟာလဲသိပ္ကို ရိုးရွင္းလြန္းတဲ့ျဖစ္ရပ္ေလးတစ္ခုပါပဲ။သို႔ေပမယ့္ ဒီလူကိုသေဘာက်မိတဲ့စိတ္ကေလးတစ္ခုတည္းနဲ႕ေျခစုံပစ္မဝင္ရဲေသးေပ။ေငးၾကည့္ခြင့္ေလးရွိေန႐ုံနဲ႕တင္အဆင္ေျပပါသည္။
ေနေရာင္စားပြဲအနားေရာက္လာ၍ ပုံကိုေသခ်ာငုံ႕ၾကည့္ေန၏။ၿပီးေတာ့မ်က္ႏွာရႈံ႕မဲ့သြားကာ ပုံဆြဲေနသည့္လက္ကိုလွမ္းဆြဲလိုက္သည္။
"စိတ္ေတြဘယ္လြင့္ေနတုန္း၊ကိုယ္ေျပာတာ ဒီလိုပုံမဟုတ္ဘူးေလ"
"ဗ်ာ!"
'ကိုယ္'ဆိုသည့္အသုံးအႏႈန္းေၾကာင့္ ခန့္ဆက္ေမာ့ၾကည့္ရင္း မ်က္ႏွာရဲခနဲျဖစ္၍ ပုံကိုအာ႐ုံျပန္စိုက္ထားရသည္။ေနေရာင္ကေတာ့ သူ႕ကိုယ္သူဘာေျပာမိမွန္းသတိမထားမိေခ်။
"ဟုတ္...ဟုတ္ ကြၽန္ေတာ္အစကေနျပန္ဆြဲလိုက္မယ္"
ခပ္ျမန္ျမန္ပင္စာ႐ြက္ၿဖဲ၍ အသစ္ျပန္ဆြဲေနေတာ့ ေနေရာင္သက္ျပင္းခ်ကာ ႐ုံးခန္းအျပင္ျပန္ထြက္ဖိူ႕ေျခလွမ္းလိုက္သည္ႏွင့္
"ကိုေခတ္ျပန္ေတာ့မလို႔လား၊ ကြၽန္ေတာ့္ပုံကိုမႀကိဳက္လို႔စိတ္ဆိုးသြားတာလား"
"မဟုတ္ပါဘူး၊ ဆိုင္ခြဲတစ္ခုသြားရမွာမလို႔"
ေျပာၿပီး ႐ုံခန္းအျပင္ဘက္ျပန္ထြက္လာသည္ႏွင့္ designer
ေတြစုကာ အုပ္စုဖြဲ႕၍စကားေျပာေန၍ ေနေရာင္ထြက္လာမွ ႐ုတ္႐ုတ္သဲသဲလူစုခြဲၾက၏။ ဒီမိန္းကေလးေတြ သူ႕အေၾကာင္းျပန္ေျပာေနတာလား။သူတို႔အျမင္မွာ သူက ခန့္ဆက္ကဦးစားေပးတယ္ဟုထင္ေနသလားမသိေခ်။ေနေရာင္ ႐ုံးခန္းကိုျပန္ၾကည့္လိုက္ designerေတြကိုၾကည့္လိုက္ႏွင့္ စိတ္ထဲေတာ့ဘဝင္မက်။ သို႔ေပမယ့္ ဘယ္သူဘယ္လိုျမင္ျမင္ ဂ႐ုမစိုက္ပါ။သူကသာလွ်င္ ဆိုင္၏bossျဖစ္သည္။
>>>>>>>>>>>
"ဟာ"
suite roomထဲဝင္လာသည္ႏွင့္ရႈပ္ပြေနတဲ့ ပစၥည္းေတြေၾကာင့္
တိုင္းအခန္းတစ္ခုလုံးကိုလွည့္ပတ္ၾကည့္လိုက္၏၊ ေမြ႕ယာေပၚရွိေစာင္အျဖဴႀကီးေတြကအစ တစ္စဆီျဖစ္ေနကာ ဖီးနစ္က ကိုက္ၿဖဲထားျခင္းပင္။ တိုင္းကိုျမင္မွ ဆိုဖာေပၚမွာအခန့္သားထိုင္ရင္း cusionကို ကိုက္ဖဲ့ေနသည့္ ဖီးနစ္ကဆက္ခနဲေခါင္းေလးေထာင္သြားၿပီးခုန္ေပါက္ကာ ဆိုဖာေအာက္ဆင္းလိုက္သည္။
"ေဟ့ေကာင္ ၊ေရွ႕မွာလာထိုင္"
ဆိုဖာေရွ႕မွာ ရပ္ၾကည့္ေနသည့္ ဖီးနစ္ကို ေျပာလိုက္ျခင္းပင္။ ဖီးနစ္ကလွ်ာထုတ္ေနရင္း ေခါင္းေလးေစာင္းကာ တိုင္းကိုၾကည့္ေန၏။တိုင္းပါကင္အိတ္တစ္ခုဖြင့္ကာ အထဲမွလည္ပတ္ေလးကို ထုတ္၍ဖီးနစ္ကို ဆြဲေပးလိုက္သည္ႏွင့္အၿငိမ္မေန။ လႈပ္လႈပ္ရွားရွားျဖစ္ေနသည့္ ဖီးနစ္ကိုထိန္းရင္း တိုင္းေဆာင့္ဆြဲပစ္လိုက္သည္။ ဒီလိုမ်ိဳးဆို စိတ္ကမရွည္ခ်င္။ အနီေရာင္လည္ပတ္ႀကိဳး၏အလည္၊ ၁က်ပ္သားေ႐ႊျပားေလးေပၚတြင္ phoenixဆိုသည့္စာတန္းေလးထြင္းထားသည္။ေပ်ာက္လွ်င္ျပန္ရွာလို႔ရေအာင္ လည္ပတ္မွာ နာမည္ထိုးေပးထားျခင္းျဖစ္သည္။ သို႔ေသာ္ျငား ဖီးနစ္ေနတတ္ပုံမရ။ လည္ပတ္တပ္ေပးၿပီးသည္ႏွင့္ ခုန္ေပါက္ကာ လူးလွိမ့္ေန၏။ဖီးနစ္ကို တိုင္းျပန္ေခၚလိုက္ကာအနားေရာက္လွ်င္
"ထိုင္!"
ဖီးနစ္ကျပဴးၾကည့္ေနသည္။ တိုင္းမ်က္မွန္ပင့္တင္လိုက္ၿပီး
"ထိုင္လို႔ေျပာေနတယ္"
ေခါင္းေလးေစာင္းရင္း နားမလည္သလိုအမူအရာျဖင့္ တိုင္းထံေမြးပြလက္ကေလးျမႇောက္လာေတာ့ တိုင္းစုတ္သပ္လိုက္၏ ထိူ႕ေနာက္ ျမႇောက္ေပးေနသည့္ဖီးနစ္လက္ကို ဆြဲယူကာ ဖင္ထိုင္ခ်ေအာင္လုပ္လိုက္၊ ျပန္ဆြဲမလိုက္ျဖင့္
"ဒါကို ထိုင္လို႔ေျပာတာ၊ ဒါကိုထလို႔ေျပာတာ နားလည္လား"
ဖီးနစ္အတင္း႐ုန္းၿပီး တိုင္းကိုဖင္ေပးထိုင္လိုက္ပုံက မႀကိဳက္ဘူး
ဟူသည့္သေဘာ။ ဖီးနစ္ကိုဘယ္လိုသင္ေပးရမလဲ တိုင္းမသိ။
သူ႕အျပဳအမူေတြက လသားအ႐ြယ္ ဖီးနစ္အတြက္ေတာ့ အရမ္းၾကမ္းမလားမသိေပ။တိုင္းအႀကံတစ္ခုရသြားသည္ႏွင့္ အေနာက္မွာရပ္ေနသည့္ဝန္ထမ္းမေလးဆီက မုန့္တစ္ခ်ိဳ႕ေတာင္းလိုက္ေလသည္။ ထို႔ေနာက္တိုင္းက အိတ္သံေပးလိုက္သည္ႏွင့္ ဖီးနစ္ေခါင္းေလးငဲ့ေစာင္းၾကည့္ၿပီးျပန္လွည့္လာ၏။ဖီးနစ္ကိုၾကည့္ရင္း တိုင္းမ်က္ခုံးတြန့္သြားသည္။ဒီေကာင္ မုန့္သံက် သိတတ္ပါလား။ ဘုန္းဆက္ေပးတာလို႔မေျပာရဘူး။အစားအေသာက္မက္ပုံကေတာ့ တစ္ေထရာတည္းတူသည္။တိုင္း မုန့္ကို ျမႇောက္ျပရင္း
"ထိုင္!"
ထိုအခါမွ ထိုင္၏၊ ဖီးနစ္ကိုၾကည့္ရင္း တိုင္းအသည္းယားကာ
"လက္ေပး"
မုန့္ျမင္ၿပီးေနာက္ တိုင္းခိုင္းသမွ် နားလည္စြာျဖင့္လိုက္လုပ္ေနသည့္ဖီးနစ္ကိုေခါင္းပြတ္ေပးလိုက္ရင္း မုန့္ေတြကိုေႂကြပန္းကန္ထဲခ်ေပးလိုက္၏၊ဖီးနစ္က စားလဲစားရင္း ေမာ့ၾကည့္ရင္းနဲ႕မွ တစ္ခ်က္ေဟာင္သည္။ထို႔ေနာက္ တိုင္း၏ေျခတံရွည္ေပၚအတင္းဖက္ေနေတာ့ဖီးနစ္ကိုေပြ႕ခ်ီလိုက္ကာ ေပါင္ေပၚတင္၍
"မင္းအတြက္နဲ႕တင္ ၂၅သိန္းေလာက္ကုန္တယ္သိလား"
နီလာေရာင္မ်က္လုံးေလးျဖင့္ နားလည္သလိုျပဴးၾကည့္ေနသည့္ဖီးနစ္က သူ႕ေမြးပြလက္ေလးျဖင့္ တိုင္းရင္ဘက္ကိုဖိကပ္ကာ ပါးကိုလွ်ာျဖင့္ လ်က္လိုက္ျပန္၏။ဒီေကာင္ အဲ့ေလာက္ထိ သိတတ္မယ္လို႔ တိုင္းမထင္ထားေပ။ၿပီးမွ ရင္ခြင္ထဲဲကခုန္ဆင္း၍ အၿမီးေလးယမ္းကာေျပးထြက္သြားသည္။ ထို႔အတူ ဖီးနစ္ေျပးထြက္သြားသည္ႏွင့္ ေနာက္မွဝန္ထမ္းမေလးက အေျပးလိုက္ရ၏။
ထိုစဥ္ေဒၚျမညိုဝင္လာၿပီး
"သခင္ေလး!ႀကီးျမညိုအေအးေဖ်ာ္ခဲ့ရမလား"
"ရတယ္၊သြင္ အိပ္ေဆာင္မွာပဲလား"
"ဟုတ္တယ္ မနက္ကၿခံထဲအမွိုက္ေတြရွင္းၿပီးအခုထိ ထြက္လာတာ
မျမင္မိဘူး၊ ႀကီးျမညိုသြားေခၚေပးရမလား"
"ေနပါေစ၊ကြၽန္ေတာ္ကိုယ္တိုင္သြားမယ္..ေၾသာ္...အခန္းကိုရွင္းလင္းထားေပး"
"ဟုတ္ကဲ့ပါ ၊ဒါနဲ႕...သခင္ေလးအဆင္ေျပရဲ႕လား"
တိုင္းမ်က္ခုံးတြန့္႐ုံေလးျဖစ္ကာ မ်က္လႊာပင့္၍တစ္ခ်က္ၾကည့္ၿပီး ဘာမွမေျပာ။ ေဒၚျမညိုလဲ အေျဖျပန္မလာေတာ့ဆက္မေမးေတာ့ပဲ ေခါင္းငုံ႕ကာထြက္သြား၏။ တိုင္း၏အခန္းကိုရွင္းလင္းေပးရန္အတြက္လိုအပ္သည့္ သန့္ရွင္းေရးစက္ေတြသြားယူရမည္။
ေဒၚျမညို ထြက္သြားတာကိုေငးၾကည့္ၿပီးခါမွတိုင္းsuite roomထဲမွ ထြက္လာကာ ဝန္ထမ္းအိပ္ေဆာင္သို႔ ေလွ်ာက္လာခဲ့သည္။ လမ္းတစ္ေလွ်ာက္ရွိသစ္႐ြက္ေႂကြကိုေတြေငးေနရင္းမွ ေရွ႕တည့္တည့္ေလွ်ာက္လာေသာ ဘုန္းဆက္နဲ႕မ်က္ႏွာခ်င္းဆိုင္မိ၏။
"တိုင္း!"
"မင္းအဆင္ေျပရဲ႕လား"
"အေဟာ္..အဲ့တာေမာင္ေမးရမွာေလ.."
ေျပာရင္းဘုန္းဆက္က မ်က္စိတစ္ဖက္မွိတ္ျပလိုက္သည္။
"မင္းကေတာ့"
ဒီေလာက္အထုအေထာင္းခံထားရတာေတာင္ဒီေကာင္ မ်က္ႏွာေျပာင္နိုင္ေသးသည္။ ၿခံက်ယ္ႀကီးထဲရွိ ယူကလစ္ပင္ေတြဆီျဖည္းျဖည္းခ်င္းေလွ်ာက္လာရင္း ဘုန္းဆက္ကိုေမာ့ၾကည့္လိုက္ေတာ့ ညာဘက္ႏႈတ္ခမ္းကအနည္းငယ္ကြဲေနေလသည္။ တိုင္းေဘာင္းဘီအိတ္ထဲမွလက္ကိုင္ပဝါထုတ္ေပးလိုက္ေတာ့ ဘုန္းဆက္က ဘာအတြက္လဲဆိုသည့္မ်က္ဝန္းမ်ိဳးျဖင့္ၾကည့္ကာ လက္ကိုင္ပဝါကိုယူလိုက္၏။
"ကိုယ္ ေနာက္ရက္villaကိုသြားမလို႔၊ေမေမေခၚထားတယ္"
"ဘာအတြက္လဲ"
"မသိဘူး၊ဒါေပမယ့္ မင္းလိုက္ဖို႔အဆင္မေျပဘူး"
"တိုင္းကိုေမာင္တစ္ခုေမးခြင့္ရွိမလား"
"အင္း!"
"ေမာင့္ကိုယုံၾကည္မွာလား"
"ဘာကိုလဲ"
"ေရွ႕ေလွ်ာက္ေမာင္ဘာလုပ္လုပ္ ေမာင္ကတိုင္းကိုခ်စ္ၿပီးသားဆိုတာ
ယုံၾကည္မွာလား"
"ဘာစကားလဲသြင္!"
ေျခလွမ္းေတြရပ္တန့္သြားကာ ေနရာမွာတင္ တိုင္းကိုေစ့ေစ့ၾကည့္၏။စူးရဲလာသည့္မ်က္ဝန္းေတြကိုၾကည့္ကာတိုင္းအေျဖရွာမရ။ အဆက္အစပ္မရွိ ေျပာသည့္စကားေၾကာင့္ တိုင္းမ်က္ေမွာင္က်ဳံ႕လိုက္မိေတာ့သည္။ အဓိပ္ပါယ်မျိုးစုံဖြတ်ပြေးနေတဲ့ မ်က္ဝန္းေတြကဘာလဲ၊သူဘာကိုေျပာခ်င္တာလဲ တိုင္းနားမလည္ေပ။ တိုင္းပင့္သက္ရွိုက္၍
"သြင္!မင္းေျပာတာ ကိုယ္နားမလည္ဘူး၊ကိုယ့္ကိုရွင္းေအာင္ေျပာလို႔ရမလား"
ဘုန္းဆက္ႏႈတ္ခမ္းတစ္ဖက္ေကြးၫြန့္သြားကာ ေဘာင္းဘီအိတ္ထဲ လက္ထည့္၍ ေျမႀကီးကိုသာငုံ႕ၾကည့္ေနရင္း ေက်ာက္စလစ္ခဲေလးေတြကိုေျခေထာက္ျဖင့္ ေဆာ့ကစားေန၏။ထို႔ေနာက္ 'က်စ္'ခနဲစုတ္သပ္၍ ခါးအနည္းငယ္ကိုင္းလိုက္ကာ တိုင္းႏွင့္မ်က္ဝန္းခ်င္းဆုံစည္းေအာင္ၾကည့္သည္။
"မိဘေတြလဲ သိသြားၿပီဆိုေတာ့ဒီေန႕ဒီအခ်ိန္ကစၿပီး တိုင္းကိုပိုင္ဆိုင္နိုင္ေအာင္ႀကိဳးစားေတာ့မလို႔"
"မင္း မဟုတ္တာေတာ့..."
ႏႈတ္ခမ္းကိုလက္ညွိုးျဖင့္ တားဆီးလိုက္၏။ဆက္မေျပာပါနဲ႕ေတာ့
ဆိုသည့္သေဘာ။ ဘုန္းဆက္မ်က္ဝန္းေတြေဆြးရိပ္သန္းသြားကာ
ကိုင္ထားသည့္ ပဝါမွ 'tai'လို႔ထိုးထားသည့္ ခ်ည္သားေလးကိုသာ
ေငးၾကည့္ရင္းဟက္ခနဲရယ္လိုက္ေလသည္။
"ေမာင့္ကိုဒီ့ထက္ပိုမေမးပါနဲ႕ေတာ့"
ဒီလိုအၾကည့္၊ဒီလိုအၿပဳံးေတြကသူျဖစ္ခ်င္တာ၊သူလုပ္ခ်င္တာကို
မျဖစ္'ျဖစ္ေအာင္လုပ္ေတာ့မည့္အတိုင္း။ ဘုန္းဆက္ဟာ အဲ့သလိုလူပါပဲ၊တိုက္တြန္းလွ်င္လုပ္ခ်င္မွလုပ္သည္။ 'No'ဆိုလွ်င္ဘယ္ေတာ့မွ
ေနာက္ျပန္လွည့္မၾကည့္တတ္သူ။သို႔ေသာ္ျငားသူလိုခ်င္လာၿပီဆိုလွ်င္ေတာ့ဘယ္သူဘာပဲျဖစ္က်န္ခဲ့ပါေစ...ျဖစ္ေအာင္လုပ္တတ္
သည့္ဥာဥ္ရွိသည္။
တိုင္းဆက္ေမးခ်င္ေနေသာ္လည္း ဘုန္းဆက္က ေျပာခ်င္စိတ္မရွိေတာ့သည့္ပုံ။တိုင္းလက္ကိုသာဆြဲယူၿပီး လက္ကိုင္ပဝါကိုျပန္ထည့္ေပး၏။ ထိုစဥ္ အေဝးတစ္ေနရာမွာ ညိုညို႑ာန္ေလးေၾကာင့္ ႏွစ္ေယာက္စလုံးမ်က္ဝန္းေတြစုကုပ္သြားသည္။ၿပီးေတာ့ ဘုန္းဆက္ကိုင္ထားသည့္ လက္ကိုခ်က္ျခင္း ျဖဳတ္ခ်ကာ မ်က္မွန္ေအာက္က မ်က္ဝန္းေတြက အလိုလိုေအးစက္သြားျခင္းျဖစ္သည္။
ဖီးနစ္က နား႐ြက္ေလးေတြလႈပ္ခါေနေအာင္ပတ္ခ်ာလွည့္ေနရင္း
တိုင္းႏွင့္ဘုန္းဆက္ကိုျမင္၍အေျပးအလႊားခုန္ေပါက္ေနသည္။အကူမိန္းကေလးကလဲ ဖီးနစ္ကိုလိုက္ထိန္းေနရင္းေမာပန္းေနဟန္။ ထို႔ေနာက္ တိုင္းဆီေျပးလာရင္း အနားေရာက္ခါနီးမွ ျပာပုံတစ္ခုဆီသို႔ေျပးဝင္ကာလူးလွိမ့္ေလသည္။ အကူမိန္းကေလး မ်က္ဝန္းေတြျပဴးက်ယ္သြားကာ အေျပးေရာက္လာၿပီး ဖီးနစ္ကိုေကာက္ခ်ီေပြ႕၏။ထို႔ေနာက္ တိုင္းအနားေရာက္လာ ေခါင္းငုံ႕ထားလွ်က္
"သခင္ေလး!ဟို!ဖီးနစ္က ျပာပုံထဲဝင္တိုးလို႔ ေရသြားခ်ိဳးေပးလိုက္ရမလား"
မ်က္ႏွာကအစ ျပာေတြေပက်ံေနကာ တိုင္းဆီသြားခ်င္သည့္ဟန္ျဖင့္အကူမိန္းကေလးရင္ခြင္ထဲမွ ႐ုန္းထြက္ေန၍ေမြးပြလက္ကေလးကို တိုင္းထံကမ္းေပးေနသည္။ ဖီးနစ္က တအီအီေအာ္ရင္းအတင္းတြန္းထိုး႐ုန္းေနေတာ့အကူမိန္းကေလးခဗ်ာ ဖီးနစ္ကိုမျပဳတ္က်ေအာင္မနဲထိန္းထားရ၏။ ဘုန္းဆက္လွစ္ခနဲၿပဳံးလိုက္၍ ဖီးနစ္ကိုလႊဲယူလိုက္သည္။ထိူ႕ေနာက္အကူမိန္းကေလးကိုၾကည့္၍
"ေနာက္မွ ကြၽန္ေတာ္ပဲေရခ်ိဳးေပးလိုက္မယ္၊ အမတျခားလုပ္စရာေတြရွိရင္သြားလုပ္လို႔ရပါတယ္"
"ဟုတ္ကဲ့ပါ"
အကူမိန္းကေလးထြက္သြားေတာ့မွ တိုင္းမ်က္မွန္ပင့္၍ ဘုန္းဆက္ရင္
ခြင္ထဲမွာရွိေနသည့္ဖီးနစ္ကိုၾကည့္၏။ ျပာပုံထဲက႐ုန္းထြက္သည့္ ထာဝရရွင္သန္ေသာ ဒဏ္ဍာရီလာဖီးနစ်ငှက်တို့၏အဓိပ္ပါယ်အတိုင်း
ဖီးနစ္ဆိုၿပီးေပးထားေသာ္လည္းမိမိတို႔၏ ဖီးနစ္မွာေတာ့ ကေျပာင္းကျပန္ျဖင့္ျပာပုံကိုဝင္တိုးေနသည့္ေခြးကေလးတစ္ေကာင္ပင္။
"မင္းကေတာ့မဟုတ္ေတာ့ဘူးဖီးနစ္"
"တိုင္းဆီသြားခ်င္ေနပုံရတယ္၊ ဒီေကာင္ တိုင္းကိုသေဘာက်ေနတာ၊အလွေလးကို သခင္ေတာ္ထားရလို႔"
"သူ႕ကိုေရအရင္ခ်ိဳးေပးလိုက္"
ဖီးနစ္က တိုင္းကိုတစ္ခ်က္ထိုးေဟာင္ျပန္သည္။ၿပီးေတာ့လက္က တိုင္း
ကိုကုပ္ဖက္ခ်င္ေနသလိုျဖင့္ ဘုန္းဆက္ရင္ခြင္ထဲမွ႐ုန္းေနျပန္၏။ဘာေျပာခ်င္ေနမွန္းမသိသည့္ ဖီးနစ္မ်က္ဝန္းျပာျပာေလးေတြကိုၾကည့္ၿပီးတိုင္းမ်က္ႏွာမဲ့သြားေလသည္။ဒီအေကာင္ေပါက္ကေလးလဲမလြယ္တာေသခ်ာတယ္။သူ႕အတြက္ သီးသန္ထိန္းေပးမည့္လူသာမရွိရင္ သူေမႊသမွ် တိုင္းတေကာက္ေကာက္လိုက္ရေတာ့မည့္အျဖစ္။
##############