Uni
မနက်မိုးသောက်ချိန်။
နှင်းဆီမြိုင်စံအိမ်၌ဝယ် အဆိုရှင်မမေရှင်၏ သီချင်းသံများဖြင့်ဖုံးလွမ်းလို့နေသည်ဖြစ်သည်။ အကြောင်းသည်ကား စံအိမ်ပိုင်ရှင် မမချိုသည် မမေရှင်၏ အကြီးစားပရိတ်သတ်တစ်ယောက်ဖြစ်သည့်အတွက်ပင်ဖြစ်သည်။ ဤသည်ကြောင့် စံအိမ်တွင် မမေရှင်၏ သီချင်းသံကိုမကြားမလပ်ရသည့်နေ့ မရှိပေ။
ယနေ့မနက်ခင်း၌လည်း မမေရှင်နှင့်ေအဝမ်းတင်ေမာင် သီဆိုထားသည့် ရုံးေတာ်လွတ်တော် ဆိုသည့်သီချင်းသံသည်ကား စံအိမ်တစ်ခုလုံးကို လွမ်းခြုံလို့ထားတော့သည်။
(သဘာဝကို ပုံထင်ပြကာ
ထိကရုန်းကလေးလေးများလို
လူတွေ့ရင်မူကာနွဲ့ကာ
ယိမ်းနွဲ့ခင်ပျို🎶🎶🎶)
အနွယ် အောက်ထပ်ကို ဆင်းလာရင်း တနေ့တခြားမရိုးရအောင်ကြားနေသည့် မမေရှင်၏ သီချင်းသံများကြောင့်ခပ် နွဲ့နွဲ့ပြုံးမိသည်။
ထမင်းစားဆောင်သို့လျောက်သွားလိုက်ပြီး ပြင်ဆင်ပေးထားသည့် မနက်စာဝိုင်းထဲမှ လဘ္ကက်ရည် ချိုပေါ့တစ်ခွက်နဲ့ နံပြားတစ်ချပ်ကိုသာယူပြီး အိမ်ရှေ့ဧည့်ခန်းကို ယူသွားလိုက်သည်။ စားပွဲပေါ်မှာဘိလပ်က လာသည့် မုန့်မျိုးစုံ တင်ထားသော်ငြားလည်း အနွယ်ကတော့ နံပြားနဲ့လဘ္ကက်ရည်ကိုသာ နှစ်သက်သည်။
အနွယ် လဘ္ကက်ရည်ခွက်ထဲကိုနံပြားချပ်ကို တစ်ခါစားဖွယ် အပိုင်းလေး ပိုင်းလိုက်ပြီး လဘ္ကက်ရည်ခွက်ထဲသို့ နှစ်လိုက်သည်။ ဒီလို တို့စားရသည်ကို အနွယ် လွန်စွာပင်နှစ်ချိုက်သည်။
အရသာခံကာစားနေတုန်း ဧည့်ခန်းထဲသို့ ယိုင်နဲ့နဲ့ဝင်လာသောမမချိုကြောင့် အနွယ်မှာကြောင်အလျက်။
အနွယ့်ဘေးမှာဝင်ထိုင်ပြီး သက်ပြင်းတချချဖြင့် ထိုင်ခုံပေါ်မှာလျောထိုင်နေသည့် မမချိုကိုလျစ်လျူရှုပြီး လဘ္ကက်ရည်အသောက်မပျက်ပဲကြည့်နေလိုက်သည်။ အတော်ကြာသည်ထိ လျစ်လျူရှုထားသော်ငြားလည်း သေတော့မဲ့ဆဲဆဲရုပ်ကြောင့် အနွယ့်မှာ ထပ်မနေနိုင်ပဲမေးလိုက်တော့သည်။
" မမချို ဘာဖြစ်နေတာလဲ ပုံစံက နုန်းနေပုံရတယ် ဖျားနေတယ်လား မမချို"
အသံချိုချိုလေးကိုကြားလိုက်ရသည်မှ ချိုတစ်ယောက် သက်ပြင်းချတာကိုရပ်တန့်လိုက်ပြီး ပြန်ဖြေလိုက်တော့သည်။
" မေးမှမေးပါ့ဦးမလားလို့
မိနွယ်ရေ ငါပန်းကမ္ဘာထဲရောက်နေတာ"
" အဲ့တာက ဘာကိုဆိုလိုချင်တာလဲ အနွယ်နားမလည်ဖူး"
အူတူတူအတတလုပ်နေသည့်ကလေးမကြောင့် ချိုမှာ မရှ်ိရှ်ိတဲ့အားအင်ကို ဖြစ်ညစ်ပြီး ပြန်ဖြေရသေးသည်။
" ချီးပန်းနေတာဟေ့ ချီးပန်းနေတာ!"
" ဟောတော်"
ကွက်ကွက်ကင်းကင်းပြောလိုက်မှာ အာမေဋိတ်အသံလေး ထွက်ပြီး မျက်စိကလယ်ကလယ်လေးဖြင့်သူမကို လိုက်ကြည့်နေသည်။
" ချီးပန်းနေတာ ဘာတွေအစားမှားလဲလို့လည်းတော် အနွယ်မသိအောင် ဟို ချစ်တီးကုလားစီက ဘာတွေခိုးဝယ်ပြီး စားထားသေးလဲ !"
ပြောပြလိုက်သည်မှ ပုလိပ်စစ် စစ်ပြီး မေးနေသည့်အနွယ်ကြောင့် ချိုတစ်ယောက် တရားခံလုံးလုံးဖြစ်သွားရသလို ခံစားလိုက်ရတော့သည်။
" ဘာမှမဝယ်ပါဖူးတော် ဘိလပ်ရေဆိုတာလား အဲ့တာ လာရောင်းတာ တစ်ပုလင်းမှ တစ်မတ်ဆိုလို့ ငါလဲအေ တန်တယ်ဆိုပြီး သုံးပုလင်းလောက်ဝယ်ချပလိုက်တာအေ"
ဆက်ပြောလေဆိုတဲ့အကြည့်နဲ့ ကြည့်နေသော ဒွေးတော်မိနွယ်ကြောင့် ချို သထွေးတစ်ချက် မျိုချလိုက်ပြီး နောက်စကားကိုဆက်လိုက်သည် ။
" အေ အဲ့တာ ဝယ်ပြီးဖောက်သောက်ကြည့်တာ ချိုချိုလေးတော့် အဲ့တာကြောင့်သောက်ကောင်းကောင်းနဲ့သောက်ပလိုက်တာ သုံးပုလင်းလုံးကုန်သွားရော သောက်ပြီးပြီးချင်းတော့ဘာမှမဖြစ်တော့ငါလဲ ဘာမှမဖြစ်လောက်ပါဖူးဆိုပြီးနေလိုက်တာ ညကြတော့မှအေ ရေအိမ်တွေသွားလိုက်ရတာ သွားလိုက်ရတာ အခေါက်ပေါင်းမနည်းဖူး"
" မမချိုကတော့ တစ်ခါခံရဖူးလဲမမှတ်ဖူးလား ဟိုတစ်ခါကလဲ အဲ့ကုလားလာရောင်းတဲ့ ဆေးမြစ်စုံဆိုလားဘာဆိုလား အဲ့တာတွေလူးပြီး တစ်ကိုယ်လုံးအပိန့်တွေအဖုတွေထွက်လာလို့ သမားတော်စီပြေးလိုက်ရတာလေ "
" အေးပါအေ ငါ နောက်တစ်ခါမဝယ်တော့ဖူးမဝယ်တော့ဖူး ဟုတ်ပြီလား"
" ဟုတ်ပါပြီ ဘကြီးကိုလဲသွားပြောထားရဦးမယ် နောက်တစ်ခါအဲ့ကုလားလာရင် အိမ်ထဲပေးမဝင်ဖို့စဉ်းစားနေတာကြာပါတယ် အခုပဲသွားပြောလိုက်တော့မယ်"
ဆောင့်ဆောင့်နဲ့ခြံဝင်းထဲဆင်းသွားသော အနွယ့်ကိုကြည့်ရင်း အားမရှ်ိသည့်ကြားမှခပ်ဖွဖွရီမိသေးသည်။
သည်ကောင်မလေးကလေ အပြောသာဆိုးတာ စိတ်သဘောထားကတော့ရှယ်ပြည့်ဝတယ်ဟေး။
" ဦးကြီးရေ ဦးကြီး "
ခြံထဲမှာ အပင်စိုက်နေသည့်ဦးကြီးက အနွယ့်အသံကြားတော့ ကပြာကယာနဲ့ထွက်လာသည်။
" ဟေ အနွယ် ဘာများဖြစ်လို့တုန်း"
" ဦးကြီးနောက်တစ်ခါ ဟိုချစ်တီးကုလား လာရင်အိမ်ထဲပေးမဝင်နဲ့သိလား "
" ဘာဖြစ်လို့တုန်းအနွယ်ရ"
" ဘာဖြစ်ရမှာတုန်း မမချိုလေ အဲ့ကုလားလာရောင်းတဲ့ ဘိလပ်ရေ တွေသောက်ပြီး ဝမ်းတွေသွားနေတာ လူက မျော့မျော့ပဲကျန်တော့တယ် ယခင်ကလည်း ဆေးမြစ်စုံဆိုတာကြီးကြောင့် သမားတော်ခေါ်ရသေးတယ်လေ မသေကောင်းမပျောက်ကောင်းတော်"
" အေ ဟုတ်လား အေးအေး ဦးကြီး သူလာရင်အဝင်မခံတော့ဖူး ဟုတ်ပြီလား "
" ဟုတ် ဦးကြီအနွယ်အဲ့တာလာပြောတာ သွားပြီနော် ဦးကြီး"
" အေးအေး "
အနွယ်ထွက်သွားသည်မှ ဦးကြီးစိတ်ထဲကနေချစ်တီးကုလားဆိုသည့်ကောင်ကို မေတ္တတာတွေ ပို့သနေလိုက်သည်။
ငါ့နှယ်နော် ချစ်တီးကုလားတို့ကတော့ရှယ်မွှေသကိုး။
***************************************************
တစ်ဖက်စံအိမ်တော်တစ်အိမ်တော်၌လည်း ပြသာနာအကြီးအကျယ်တတ်လို့နေသည်။ အကြောင်းသည်ကား အိမ်သခင်မလေး၏ သူငယ်ချင်းဖြစ်သူက သခင်မလေးဝယ်ထားသည့် ဘိလပ်ကမုန့်မျိုးစုံကို သူ့အိမ်သူ့ယာနှယ်ယူစားနေသောကြောင့်ဖြစ်သည်။
" ဟဲ့ ညည်းသွားပြောကြည့်ပါလားအဲ့မုန့်တွေက သခင်မလေး ဘိလပ်ကဝယ်လာတာတွေလေ သူနိုးလာလို့မရှိရင်ေတာ်တို့ကျုပ်အသတ်ခံရမှာအေး"
" ကျုပ်လဲသွားပြောချင်တာပေါ့အေ ဒါပေမဲ့သူက သခင်ကြီးကတောင် လွတ်လွတ်လပ်လပ်ဝင်ထွက်ခွင့်ပေးထားတာ ငါတော့မပြောရဲပါဖူးအေ"
" သေချင်တော့တာပဲ ကြီးမြကလည်း ဘာလို့ ဒီနေ့ကြမှ ခွင့်ယူသွားတာလဲမသိဖူး "
" ဘာတွေသေချင်နေရတာတုန်း"
အစေခံလေးနှစ်ယောက် ကြိတ်တိုးကြိတ်တိုးပြောနေရင်း နောက်ကအသံတစ်သံထွက်လာတာကြောင့် နှစ်ယောက်သားပြိုင်တူလှည့်ကြည့်မိသည်။
" ဘာကြောင့်ရမှာတုန်း မမလေး ဒေစီ ..."
လေထဲမှာစကားတွေတန့်ကုန်ပြီး အမြန်ခေါင်းငုံလိုက်ကြသည်။
" ပြောလေ ဘာဖြစ်နေကြတာတုန်း"
" အင် ဟို ဟို "
တဟိုဟိုဖြစ်နေသည့်မိန်းမနှစ်ယောက်ကြောင့် ကိုယ်တိုင်ပဲ သွားကြည့်လိုက်တော့သည်။
မျက်စိရှေ့မှာမြင်လိုက်ရသည့်မြင်ကွင်းကြောင် ဒေါသရေချိန်မှတ်ဟာ ပေါက်ကွဲသွားတော့သည်။
" ဒေစီ မြမြခင် ကောင်မ ညည်း ငါ့ချောကလက်တွေကို ဘာလို့ယူစားနေတာတုန်း!"
ဒီကောင်မ မြို့အုပ်မင်း သမီးဆိုပြီး အိမ်လာလူးပါးဝနေတာ!
ဒီနေ့အသေသတ်ပစ်မယ်ကောင်မ!!။
ဧည့်ခန်းထဲမှာ သူ့အိမ်သူယာလို ဘိလပ်ကနေဝယ်လာတဲ့ချောကလက်တွေကို စားနေသည့်ဒေစီမြမြခင်ဆိုတဲ့ ကောင်မကြောင့်သွေးတောင်တတ်ချင်သွားသည်။
" သူငယ်ချင်းလေး လွမ်းနေတာအေ ချောကလက်တွေက ငါ့အတွက်မို့လား ငါယူစားလိုက်ပြီနော် သင့်ခယူ ဟီး"
သို့သော်ငြားလည်း ကလေးလိုလိုခွေးလိုလို ဖြူဖြူစင်စင်အပြုံးလေးဖြင့်ပြုံးပြလာသည့်သူငယ်ချင်းမကြောင့် ဒေါသတွေကို ချုပ်ထိန်းလိုက်ရသည်။
" အေး ဘာလာလုပ်တာလဲ "
" ဘယ်လိုသူစိမ်းဆန်ဆန်ပြောရက်တာတုန်း ငါကလွမ်းလို့မတွေ့ရတာကြာတဲ့သူငယ်ချင်းကို လွမ်းလို့လာတာကို အဟင့်"
ဓာတ်ရှင်တွေထဲကလို မရှ်ိတဲ့အရည်ကိုညစ်ထုတ်နေသည့် သူငယ်ချင်းကြောင့် စိတ်တွေပင်ပန်းရပါဘိ။
" နင်ကုန်တိုက်ပတ်မို့လာတာမှလား သွားမယ်ထ လာ "
" တဂယ်နော် ငါ့မှာ ပိုက်ဆံမပါဖူး "
" ငါဝယ်ပေးမယ်လာ သွားမယ်"
" သူငယ်ချင်းလေးကို ချစ်လိုက်တာတော်"
ဘေတီအိုဗာလင်းကားနှင့် မမလေးနှစ်ယောက် အိမ်ပြင်ထွက်သွားတော့မှ အိမ်စေလေးတွေမှာသက်ပြင်းချနိုင်တော့သည်။ မဟုတ်ရင် သခင်ကြီးကိုပြေးခေါ်ဖို့လဲအဆင်မပြေ ၊ တော်သေးသည် တဂယ့်ကိုတော်သေးသည်။
မနက်ပိုင်းတစ်ခင်းလုံး ပန်းဆိုးတန်းလမ်းနဲ့ ဗန္ဓုလလမ်းကို ခြေရာထပ်အောင်လျှောက်နေသည့်သူငယ်ချင်းကြောင့် သိပ်ကိုပင်ပန်းသည်။ လမ်းတလျောက် တွေ့သမျှမုန့်ဆိုင်တွေ၌ လည်းတစ်ဆိုင်မှမကျန်အောင်မုန့်ဝင်စားသည်။ ဒါနဲ့မပြီးသေး ကုန်သည်လမ်းမှာရှ်ိသည့် ခေါက်ဆွဲကြော်စားချင်သေးသည်ဟု ဆိုသည်ကြောင့် ယခု ခေါက်ဆွဲကြော်ဆိုင်ရောက်နေခြင်းပေ။
" ပြီးပြီလား အိမ်ပြန်လို့ရပြီမှလား"
သူမအမေးကို အရင်မဖြေပဲပါးစပ်ထဲကစားလက်စ ခေါက်ဆွဲကြော်ကို အရင်ကုန်အောင်စားနေပြီးမှအဖြေပြန်ပေးလာသည်။
" ဘယ်နှယ့် စိတ်မရှည်ဖြစ်ရတာတုန်း ပြီးခါနီးပါပြီ"
" ဟင် ပြီးခါနီးပြီဆိုတော့မပြီးသေးဆိုတော့သဘောသက်ရောက်တာပေါ့လေ "
" ဟုတ်သည်ပေါ့ စူရတီဘဇား ဈေးဝင်ဦးမယ် ဟိုတနေ့ က သစ်တောဝန်သမီး အိမ်လာလည်တုန်းက စူရတီဘဇားဈေးက ဝယ်လာတဲ့ ပိတ်စ က လှလိုက်တာအေ ငါလဲသူ့လိုတစ်ထည်လောက်သွားဝယ်မလို့ပါအေး"
" အေးပါဟယ် "
ခေါက်ဆွဲကြော်ဆိုင်မှာ ကျသင့်ငွေ ၂ကျပ်ချခဲ့ပြီး စူရတီဘဇားသို့ ဦးတည်မောင်းသွားလိုက်သည်။
*********************************************
အနွယ် တစ်ယောက် ဘိလပိကလာသည့်ပိတ်စဆိုသည့်ဟာကိုရွေးနေတာ မိနစ်အတော်ကြာနေပြီဖြစ်သည်။ ဆိုင်ရှင် အမကြီးကလည်း မျက်စောင်းတွေလိမ့်ထိုးနေတာ ရောက်တာအတော်ကြာပြီး ယခုထက်ထိတိုင်ရွေးလို့မပြီးသေးသည်ကြောင့်။
အနွယ်နှင့်အဖော်ပါလာသည့်သျှင်းဆိုသည့်ကောင်မလေးလည်း တော်တော်ပျင်းနေသယောင်ရှိနေသည်ကြောင့် အနွယ်ပိုက်ဆံအိတ်ထဲက ငါးမူးထုတ်ပေးလိုက်ပြီး ရွှေရင်အေးဆိုင်မှာစောင့်နေခိုင်းလိုက်သည်။
မမချိုမှာလိုက်လို့သာ ရွေးနေရတာအနွယ့်စိတ်နဲ့ဆို လှည့်တောင်ကြည့်မှာမဟုတ်။ ဈေးကလည်းအင်မတန်ကြီးသေးအစကလဲ ထင်သလောက်မကောင်း။
ဟူး ခက်ရချည်ရဲ့။
အစတွေကို သစ်သားစင်နဲ့ထားထားသည်ကြောင့် တချို့အစတွေ ဆို လက်လှမ်းမမှီတဲ့နေရာမှာရှိနေသည်။ ရွေးရင်းရွေးရင်း အနွယ်မျက်စိကြသွားသည့်ပိတ်စက လက်တစ်ပြန်လောက်မှာရှိနေသည်ကြောင့် ခုန်စွခုန်စွလုပ်ပြီး လှမ်းယူနေလိုက်သည်။
" ပိတ်စလေးရေ အနွယ့်စီလာလေကွယ်"
ရုတ်တရက် အနွယ့်အပေါ်ကနေဖြတ်သွားသည့် လက်တစ်စုံ။ ဘယ်သူဘယ်ဝါနည်းဆိုပြီးလှည့်ကြည့်လိုက်တော့ ထိုလက်ပိုင်ရှင်၏ ရင်ခွင်ထဲသို့ တည့်တည့်မတ်မတ်ရောက်သွားတော့သည်။
အချိန်အတော်ကြာသည်ထိ မလှုပ်မယှက်ပဲကြောင်စီပြီးရပ်နေမိသည်။
" အမိက ကျုပ်ရင်ခွင်ထဲမှာ ဘယ်အချိန်ထိနေဖို့စဉ်းစားထားတုန်း"
၂၃. ၄.၂၀၂၂
မိုး♡
(A/N မနက်ဖြန်အပ်ပုဒိတ်မရှိပါ!)
Zawgyi
မနက္မိုးေသာက္ခ်ိန္။
ႏွင္းဆီၿမိဳင္စံအိမ္၌ဝယ္ အဆိုရွင္မေမရွင္၏ သီခ်င္းသံမ်ားျဖင့္ဖုံးလြမ္းလို႔ေနသည္ျဖစ္သည္။ အေၾကာင္းသည္ကား စံအိမ္ပိုင္ရွင္ မမခ်ိဳသည္ မေမရွင္၏ အႀကီးစားပရိတ္သတ္တစ္ေယာက္ျဖစ္သည့္အတြက္ပင္ျဖစ္သည္။ ဤသည္ေၾကာင့္ စံအိမ္တြင္ မေမရွင္၏ သီခ်င္းသံကိုမၾကားမလပ္ရသည့္ေန႕ မရွိေပ။
ယေန႕မနက္ခင္း၌လည္း မေမရွင္ႏွင့္ေအဝမ္းတင္ေမာင္ သီဆိုထားသည့္ ႐ုံးေတာ္လြတ္ေတာ္ ဆိုသည့္သီခ်င္းသံသည္ကား စံအိမ္တစ္ခုလုံးကို လြမ္းၿခဳံလို႔ထားေတာ့သည္။
(သဘာဝကို ပုံထင္ျပကာ
ထိက႐ုန္းကေလးေလးမ်ားလို
လူေတြ႕ရင္မူကာႏြဲ႕ကာ
ယိမ္းႏြဲ႕ခင္ပ်ိဳ🎶🎶🎶)
အႏြယ္ ေအာက္ထပ္ကို ဆင္းလာရင္း တေန႕တျခားမရိုးရေအာင္ၾကားေနသည့္ မေမရွင္၏ သီခ်င္းသံမ်ားေၾကာင့္ခပ္ ႏြဲ႕ႏြဲ႕ၿပဳံးမိသည္။
ထမင္းစားေဆာင္သို႔ေလ်ာက္သြားလိုက္ၿပီး ျပင္ဆင္ေပးထားသည့္ မနက္စာဝိုင္းထဲမွ လဘၠက္ရည္ ခ်ိဳေပါ့တစ္ခြက္နဲ႕ နံျပားတစ္ခ်ပ္ကိုသာယူၿပီး အိမ္ေရွ႕ဧည့္ခန္းကို ယူသြားလိုက္သည္။ စားပြဲေပၚမွာဘိလပ္က လာသည့္ မုန႔္မ်ိဳးစုံ တင္ထားေသာ္ျငားလည္း အႏြယ္ကေတာ့ နံျပားနဲ႕လဘၠက္ရည္ကိုသာ ႏွစ္သက္သည္။
အႏြယ္ လဘၠက္ရည္ခြက္ထဲကိုနံျပားခ်ပ္ကို တစ္ခါစားဖြယ္ အပိုင္းေလး ပိုင္းလိုက္ၿပီး လဘၠက္ရည္ခြက္ထဲသို႔ ႏွစ္လိုက္သည္။ ဒီလို တို႔စားရသည္ကို အႏြယ္ လြန္စြာပင္ႏွစ္ခ်ိဳက္သည္။
အရသာခံကာစားေနတုန္း ဧည့္ခန္းထဲသို႔ ယိုင္နဲ႕နဲ႕ဝင္လာေသာမမခ်ိဳေၾကာင့္ အႏြယ္မွာေၾကာင္အလ်က္။
အႏြယ့္ေဘးမွာဝင္ထိုင္ၿပီး သက္ျပင္းတခ်ခ်ျဖင့္ ထိုင္ခုံေပၚမွာေလ်ာထိုင္ေနသည့္ မမခ်ိဳကိုလ်စ္လ်ဴရႈၿပီး လဘၠက္ရည္အေသာက္မပ်က္ပဲၾကည့္ေနလိုက္သည္။ အေတာ္ၾကာသည္ထိ လ်စ္လ်ဴရႈထားေသာ္ျငားလည္း ေသေတာ့မဲ့ဆဲဆဲ႐ုပ္ေၾကာင့္ အႏြယ့္မွာ ထပ္မေနနိုင္ပဲေမးလိုက္ေတာ့သည္။
" မမခ်ိဳ ဘာျဖစ္ေနတာလဲ ပုံစံက ႏုန္းေနပုံရတယ္ ဖ်ားေနတယ္လား မမခ်ိဳ"
အသံခ်ိဳခ်ိဳေလးကိုၾကားလိုက္ရသည္မွ ခ်ိဳတစ္ေယာက္ သက္ျပင္းခ်တာကိုရပ္တန႔္လိုက္ၿပီး ျပန္ေျဖလိုက္ေတာ့သည္။
" ေမးမွေမးပါ့ဦးမလားလို႔
မိႏြယ္ေရ ငါပန္းကမၻာထဲေရာက္ေနတာ"
" အဲ့တာက ဘာကိုဆိုလိုခ်င္တာလဲ အႏြယ္နားမလည္ဖူး"
အူတူတူအတတလုပ္ေနသည့္ကေလးမေၾကာင့္ ခ်ိဳမွာ မရွ္ိရွ္ိတဲ့အားအင္ကို ျဖစ္ညစ္ၿပီး ျပန္ေျဖရေသးသည္။
" ခ်ီးပန္းေနတာေဟ့ ခ်ီးပန္းေနတာ!"
" ေဟာေတာ္"
ကြက္ကြက္ကင္းကင္းေျပာလိုက္မွာ အာေမဋိတ္အသံေလး ထြက္ၿပီး မ်က္စိကလယ္ကလယ္ေလးျဖင့္သူမကို လိုက္ၾကည့္ေနသည္။
" ခ်ီးပန္းေနတာ ဘာေတြအစားမွားလဲလို႔လည္းေတာ္ အႏြယ္မသိေအာင္ ဟို ခ်စ္တီးကုလားစီက ဘာေတြခိုးဝယ္ၿပီး စားထားေသးလဲ !"
ေျပာျပလိုက္သည္မွ ပုလိပ္စစ္ စစ္ၿပီး ေမးေနသည့္အႏြယ္ေၾကာင့္ ခ်ိဳတစ္ေယာက္ တရားခံလုံးလုံးျဖစ္သြားရသလို ခံစားလိုက္ရေတာ့သည္။
" ဘာမွမဝယ္ပါဖူးေတာ္ ဘိလပ္ေရဆိုတာလား အဲ့တာ လာေရာင္းတာ တစ္ပုလင္းမွ တစ္မတ္ဆိုလို႔ ငါလဲေအ တန္တယ္ဆိုၿပီး သုံးပုလင္းေလာက္ဝယ္ခ်ပလိုက္တာေအ"
ဆက္ေျပာေလဆိုတဲ့အၾကည့္နဲ႕ ၾကည့္ေနေသာ ေဒြးေတာ္မိႏြယ္ေၾကာင့္ ခ်ိဳ သေထြးတစ္ခ်က္ မ်ိဳခ်လိဳက္ၿပီး ေနာက္စကားကိုဆက္လိုက္သည္ ။
" ေအ အဲ့တာ ဝယ္ၿပီးေဖာက္ေသာက္ၾကည့္တာ ခ်ိဳခ်ိဳေလးေတာ့္ အဲ့တာေၾကာင့္ေသာက္ေကာင္းေကာင္းနဲ႕ေသာက္ပလိုက္တာ သုံးပုလင္းလုံးကုန္သြားေရာ ေသာက္ၿပီးၿပီးခ်င္းေတာ့ဘာမွမျဖစ္ေတာ့ငါလဲ ဘာမွမျဖစ္ေလာက္ပါဖူးဆိုၿပီးေနလိုက္တာ ညၾကေတာ့မွေအ ေရအိမ္ေတြသြားလိုက္ရတာ သြားလိုက္ရတာ အေခါက္ေပါင္းမနည္းဖူး"
" မမခ်ိဳကေတာ့ တစ္ခါခံရဖူးလဲမမွတ္ဖူးလား ဟိုတစ္ခါကလဲ အဲ့ကုလားလာေရာင္းတဲ့ ေဆးျမစ္စုံဆိုလားဘာဆိုလား အဲ့တာေတြလူးၿပီး တစ္ကိုယ္လုံးအပိန႔္ေတြအဖုေတြထြက္လာလို႔ သမားေတာ္စီေျပးလိုက္ရတာေလ "
" ေအးပါေအ ငါ ေနာက္တစ္ခါမဝယ္ေတာ့ဖူးမဝယ္ေတာ့ဖူး ဟုတ္ၿပီလား"
" ဟုတ္ပါၿပီ ဘႀကီးကိုလဲသြားေျပာထားရဦးမယ္ ေနာက္တစ္ခါအဲ့ကုလားလာရင္ အိမ္ထဲေပးမဝင္ဖို႔စဥ္းစားေနတာၾကာပါတယ္ အခုပဲသြားေျပာလိုက္ေတာ့မယ္"
ေဆာင့္ေဆာင့္နဲ႕ၿခံဝင္းထဲဆင္းသြားေသာ အႏြယ့္ကိုၾကည့္ရင္း အားမရွ္ိသည့္ၾကားမွခပ္ဖြဖြရီမိေသးသည္။
သည္ေကာင္မေလးကေလ အေျပာသာဆိုးတာ စိတ္သေဘာထားကေတာ့ရွယ္ျပည့္ဝတယ္ေဟး။
" ဦးႀကီးေရ ဦးႀကီး "
ၿခံထဲမွာ အပင္စိုက္ေနသည့္ဦးႀကီးက အႏြယ့္အသံၾကားေတာ့ ကျပာကယာနဲ႕ထြက္လာသည္။
" ေဟ အႏြယ္ ဘာမ်ားျဖစ္လို႔တုန္း"
" ဦးႀကီးေနာက္တစ္ခါ ဟိုခ်စ္တီးကုလား လာရင္အိမ္ထဲေပးမဝင္နဲ႕သိလား "
" ဘာျဖစ္လို႔တုန္းအႏြယ္ရ"
" ဘာျဖစ္ရမွာတုန္း မမခ်ိဳေလ အဲ့ကုလားလာေရာင္းတဲ့ ဘိလပ္ေရ ေတြေသာက္ၿပီး ဝမ္းေတြသြားေနတာ လူက ေမ်ာ့ေမ်ာ့ပဲက်န္ေတာ့တယ္ ယခင္ကလည္း ေဆးျမစ္စုံဆိုတာႀကီးေၾကာင့္ သမားေတာ္ေခၚရေသးတယ္ေလ မေသေကာင္းမေပ်ာက္ေကာင္းေတာ္"
" ေအ ဟုတ္လား ေအးေအး ဦးႀကီး သူလာရင္အဝင္မခံေတာ့ဖူး ဟုတ္ၿပီလား "
" ဟုတ္ ဦးႀကီအႏြယ္အဲ့တာလာေျပာတာ သြားၿပီေနာ္ ဦးႀကီး"
" ေအးေအး "
အႏြယ္ထြက္သြားသည္မွ ဦးႀကီးစိတ္ထဲကေနခ်စ္တီးကုလားဆိုသည့္ေကာင္ကို ေမတၱတာေတြ ပို႔သေနလိုက္သည္။
ငါ့ႏွယ္ေနာ္ ခ်စ္တီးကုလားတို႔ကေတာ့ရွယ္ေမႊသကိုး။
***************************************************
တစ္ဖက္စံအိမ္ေတာ္တစ္အိမ္ေတာ္၌လည္း ျပသာနာအႀကီးအက်ယ္တတ္လို႔ေနသည္။ အေၾကာင္းသည္ကား အိမ္သခင္မေလး၏ သူငယ္ခ်င္းျဖစ္သူက သခင္မေလးဝယ္ထားသည့္ ဘိလပ္ကမုန႔္မ်ိဳးစုံကို သူ႕အိမ္သူ႕ယာႏွယ္ယူစားေနေသာေၾကာင့္ျဖစ္သည္။
" ဟဲ့ ညည္းသြားေျပာၾကည့္ပါလားအဲ့မုန႔္ေတြက သခင္မေလး ဘိလပ္ကဝယ္လာတာေတြေလ သူနိုးလာလို႔မရွိရင္ေတာ္တို႔က်ဳပ္အသတ္ခံရမွာေအး"
" က်ဳပ္လဲသြားေျပာခ်င္တာေပါ့ေအ ဒါေပမဲ့သူက သခင္ႀကီးကေတာင္ လြတ္လြတ္လပ္လပ္ဝင္ထြက္ခြင့္ေပးထားတာ ငါေတာ့မေျပာရဲပါဖူးေအ"
" ေသခ်င္ေတာ့တာပဲ ႀကီးျမကလည္း ဘာလို႔ ဒီေန႕ၾကမွ ခြင့္ယူသြားတာလဲမသိဖူး "
" ဘာေတြေသခ်င္ေနရတာတုန္း"
အေစခံေလးႏွစ္ေယာက္ ႀကိတ္တိုးႀကိတ္တိုးေျပာေနရင္း ေနာက္ကအသံတစ္သံထြက္လာတာေၾကာင့္ ႏွစ္ေယာက္သားၿပိဳင္တူလွည့္ၾကည့္မိသည္။
" ဘာေၾကာင့္ရမွာတုန္း မမေလး ေဒစီ ..."
ေလထဲမွာစကားေတြတန႔္ကုန္ၿပီး အျမန္ေခါင္းငုံလိုက္ၾကသည္။
" ေျပာေလ ဘာျဖစ္ေနၾကတာတုန္း"
" အင္ ဟို ဟို "
တဟိုဟိုျဖစ္ေနသည့္မိန္းမႏွစ္ေယာက္ေၾကာင့္ ကိုယ္တိုင္ပဲ သြားၾကည့္လိုက္ေတာ့သည္။
မ်က္စိေရွ႕မွာျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင္ ေဒါသေရခ်ိန္မွတ္ဟာ ေပါက္ကြဲသြားေတာ့သည္။
" ေဒစီ ျမျမခင္ ေကာင္မ ညည္း ငါ့ေခ်ာကလက္ေတြကို ဘာလို႔ယူစားေနတာတုန္း!"
ဒီေကာင္မ ၿမိဳ႕အုပ္မင္း သမီးဆိုၿပီး အိမ္လာလူးပါးဝေနတာ!
ဒီေန႕အေသသတ္ပစ္မယ္ေကာင္မ!!။
ဧည့္ခန္းထဲမွာ သူ႕အိမ္သူယာလို ဘိလပ္ကေနဝယ္လာတဲ့ေခ်ာကလက္ေတြကို စားေနသည့္ေဒစီျမျမခင္ဆိုတဲ့ ေကာင္မေၾကာင့္ေသြးေတာင္တတ္ခ်င္သြားသည္။
" သူငယ္ခ်င္းေလး လြမ္းေနတာေအ ေခ်ာကလက္ေတြက ငါ့အတြက္မို႔လား ငါယူစားလိုက္ၿပီေနာ္ သင့္ခယူ ဟီး"
သို႔ေသာ္ျငားလည္း ကေလးလိုလိုေခြးလိုလို ျဖဴျဖဴစင္စင္အၿပဳံးေလးျဖင့္ၿပဳံးျပလာသည့္သူငယ္ခ်င္းမေၾကာင့္ ေဒါသေတြကို ခ်ဳပ္ထိန္းလိုက္ရသည္။
" ေအး ဘာလာလုပ္တာလဲ "
" ဘယ္လိုသူစိမ္းဆန္ဆန္ေျပာရက္တာတုန္း ငါကလြမ္းလို႔မေတြ႕ရတာၾကာတဲ့သူငယ္ခ်င္းကို လြမ္းလို႔လာတာကို အဟင့္"
ဓာတ္ရွင္ေတြထဲကလို မရွ္ိတဲ့အရည္ကိုညစ္ထုတ္ေနသည့္ သူငယ္ခ်င္းေၾကာင့္ စိတ္ေတြပင္ပန္းရပါဘိ။
" နင္ကုန္တိုက္ပတ္မို႔လာတာမွလား သြားမယ္ထ လာ "
" တဂယ္ေနာ္ ငါ့မွာ ပိုက္ဆံမပါဖူး "
" ငါဝယ္ေပးမယ္လာ သြားမယ္"
" သူငယ္ခ်င္းေလးကို ခ်စ္လိုက္တာေတာ္"
ေဘတီအိုဗာလင္းကားႏွင့္ မမေလးႏွစ္ေယာက္ အိမ္ျပင္ထြက္သြားေတာ့မွ အိမ္ေစေလးေတြမွာသက္ျပင္းခ်နိဳင္ေတာ့သည္။ မဟုတ္ရင္ သခင္ႀကီးကိုေျပးေခၚဖို႔လဲအဆင္မေျပ ၊ ေတာ္ေသးသည္ တဂယ့္ကိုေတာ္ေသးသည္။
မနက္ပိုင္းတစ္ခင္းလုံး ပန္းဆိုးတန္းလမ္းနဲ႕ ဗႏၶဳလလမ္းကို ေျခရာထပ္ေအာင္ေလွ်ာက္ေနသည့္သူငယ္ခ်င္းေၾကာင့္ သိပ္ကိုပင္ပန္းသည္။ လမ္းတေလ်ာက္ ေတြ႕သမွ်မုန႔္ဆိုင္ေတြ၌ လည္းတစ္ဆိုင္မွမက်န္ေအာင္မုန႔္ဝင္စားသည္။ ဒါနဲ႕မၿပီးေသး ကုန္သည္လမ္းမွာရွ္ိသည့္ ေခါက္ဆြဲေၾကာ္စားခ်င္ေသးသည္ဟု ဆိုသည္ေၾကာင့္ ယခု ေခါက္ဆြဲေၾကာ္ဆိုင္ေရာက္ေနျခင္းေပ။
" ၿပီးၿပီလား အိမ္ျပန္လို႔ရၿပီမွလား"
သူမအေမးကို အရင္မေျဖပဲပါးစပ္ထဲကစားလက္စ ေခါက္ဆြဲေၾကာ္ကို အရင္ကုန္ေအာင္စားေနၿပီးမွအေျဖျပန္ေပးလာသည္။
" ဘယ္ႏွယ့္ စိတ္မရွည္ျဖစ္ရတာတုန္း ၿပီးခါနီးပါၿပီ"
" ဟင္ ၿပီးခါနီးၿပီဆိုေတာ့မၿပီးေသးဆိုေတာ့သေဘာသက္ေရာက္တာေပါ့ေလ "
" ဟုတ္သည္ေပါ့ စူရတီဘဇား ေဈးဝင္ဦးမယ္ ဟိုတေန႕ က သစ္ေတာဝန္သမီး အိမ္လာလည္တုန္းက စူရတီဘဇားေဈးက ဝယ္လာတဲ့ ပိတ္စ က လွလိုက္တာေအ ငါလဲသူ႕လိုတစ္ထည္ေလာက္သြားဝယ္မလို႔ပါေအး"
" ေအးပါဟယ္ "
ေခါက္ဆြဲေၾကာ္ဆိုင္မွာ က်သင့္ေငြ ၂က်ပ္ခ်ခဲ့ၿပီး စူရတီဘဇားသို႔ ဦးတည္ေမာင္းသြားလိုက္သည္။
*********************************************
အႏြယ္ တစ္ေယာက္ ဘိလပိကလာသည့္ပိတ္စဆိုသည့္ဟာကိုေ႐ြးေနတာ မိနစ္အေတာ္ၾကာေနၿပီျဖစ္သည္။ ဆိုင္ရွင္ အမႀကီးကလည္း မ်က္ေစာင္းေတြလိမ့္ထိုးေနတာ ေရာက္တာအေတာ္ၾကာၿပီး ယခုထက္ထိတိုင္ေ႐ြးလို႔မၿပီးေသးသည္ေၾကာင့္။
အႏြယ္ႏွင့္အေဖာ္ပါလာသည့္သွ်င္းဆိုသည့္ေကာင္မေလးလည္း ေတာ္ေတာ္ပ်င္းေနသေယာင္ရွိေနသည္ေၾကာင့္ အႏြယ္ပိုက္ဆံအိတ္ထဲက တစ္မူးထုတ္ေပးလိုက္ၿပီး ေ႐ႊရင္ေအးဆိုင္မွာေစာင့္ေနခိုင္းလိုက္သည္။
မမခ်ိဳမွာလိုက္လို႔သာ ေ႐ြးေနရတာအႏြယ့္စိတ္နဲ႕ဆို လွည့္ေတာင္ၾကည့္မွာမဟုတ္။ ေဈးကလည္းအင္မတန္ႀကီးေသးအစကလဲ ထင္သေလာက္မေကာင္း။
ဟူး ခက္ရခ်ည္ရဲ႕။
အစေတြကို သစ္သားစင္နဲ႕ထားထားသည္ေၾကာင့္ တခ်ိဳ႕အစေတြ ဆို လက္လွမ္းမမွီတဲ့ေနရာမွာရွိေနသည္။ ေ႐ြးရင္းေ႐ြးရင္း အႏြယ္မ်က္စိၾကသြားသည့္ပိတ္စက လက္တစ္ျပန္ေလာက္မွာရွိေနသည္ေၾကာင့္ ခုန္စြခုန္စြလုပ္ၿပီး လွမ္းယူေနလိုက္သည္။
" ပိတ္စေလးေရ အႏြယ့္စီလာေလကြယ္"
႐ုတ္တရက္ အႏြယ့္အေပၚကေနျဖတ္သြားသည့္ လက္တစ္စုံ။ ဘယ္သူဘယ္ဝါနည္းဆိုၿပီးလွည့္ၾကည့္လိုက္ေတာ့ ထိုလက္ပိုင္ရွင္၏ ရင္ခြင္ထဲသို႔ တည့္တည့္မတ္မတ္ေရာက္သြားေတာ့သည္။
အခ်ိန္အေတာ္ၾကာသည္ထိ မလႈပ္မယွက္ပဲေၾကာင္စီၿပီးရပ္ေနမိသည္။
" အမိက က်ဳပ္ရင္ခြင္ထဲမွာ ဘယ္အခ်ိန္ထိေနဖို႔စဥ္းစားထားတုန္း"
၂၃. ၄.၂၀၂၂
မိုး♡