Hidden love " ကုမုဒြာ "( comp...

By MikkyLay1

1M 56.6K 6.2K

လရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မ... More

ဇာတ်ကောင်မိတ်ဆက်
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter-6
Chapter-7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64 ( Final )
Extra❤
ကျေးဇူးတင်လွှာ❤️ ( ပရိုမိုးရှင်း )
🎉🎉🎉
Inner Art မိတ်ဆက် ❤️

Chapter - 25

15.8K 946 97
By MikkyLay1

အရာအားလုံးဟာ အဆင်ပြေသွားပြီထင်ထားခဲ့ပေမဲ့ နောက်ပိုင်း အိမ်မက်ဆိုးတွေက ပိုပိုပြီးထင်ရှားစွာ မြင်မက်လာခဲ့သည် ။ ဧကရာဇ်မောင်ဟာ မနက်အိပ်ယာမှနိုးထလာတိုင်း သူ့ရဲ့ဘေးနားမှာ ကုမုဒြာမရှိနေလျှင် အရင်ကထက်ဆိုးရိမ်စိတ်တွေ ပိုလာခဲ့သည် ။  တစ်စုံတစ်ရာကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်က ဖုံးလွှမ်းနေပြီး ကုမုဒြာအပေါ်ပြုလုပ်ခဲ့သည့်အမှားတွေက သူ့ကိုယ်သူပြန်ခြောက်လှန့်နေသည် ။

ကုမုဒြာကတော့ သူနဲ့ဆန့်ကျင်စွာပင် အရင်လို သူ့ရဲ့ဖယ်ရိုမုန်းတွေကို တန်းတန်းတတ အရူးအမူးမတောင့်တတော့ပဲ တစ်ယောက်ထည်း နေတတ်လာသည် ။ မုဒြာက သူ့ကိုမမြင်ရရင် မနေတတ်တဲ့အကျင့်ကနေ ခုတော့ သူ့ကိုမမြင်အောင် ပုန်းရတာကို နှစ်သက်သွားပုံပင် ။ မုဒြာရဲ့မျက်နှာကို မြင်တွေ့ရဖို့က ဧကရာဇ်မောင်အတွက်အလွန်ခက်ခဲလာသည် ။  သူ့ကိုအတင်းချုပ်နှောင်ပြီး အရယူတတ်တဲ့မုဒြာကိုပြန်လွမ်းမိသည် ။ ခုမုဒြာက သူ့ဘက်ကစတင်လျှင်တောင် ရုန်းထွက်သွားတတ်သည် ။ ဒီလိုတွေဖြစ်လာတော့ နှလုံးသားထဲက ခံစားချက်တွေက အတော့်ကို ခံရခက်သည့် ဝေဒနာတစ်ခုအလားပင် စူးနင့်ကာနာကျင်နေသည် ။

ဧကရာဇ်မောင်ကတော့ အရင်ကနဲ့ဆန့်ကျင်စွာပင် သူအမြဲမုန်းတီနေခဲ့တဲ့ ထိုလူသားလေးရဲ့မျက်နှာက နေရာတိုင်မှာဆွဲထင်နေသည် ။ ကုမုဒြာရဲ့အနံ့အသက်တွေက သူ့အားလုံခြုံမှုအပြည့်ပေးနိုင်သလို နွေးထွေးသည်ဟုခံစားလာရသည် ။ မုဒြာရဲ့ဂရုစိုက်ပေးမှုတွေကိုလဲ ဟန်ဆောင်နေသည်ဟု မမြင်နိုင်တော့ပဲ အစစ်အမှန်ဆိုတာ ယုံကြည်သွားသည် ။

ဝေဝါးနေပေမဲ့ ကောင်းမွန်တဲ့အိမ်မက်တွေကို ပိုပြီးထင်ရှားစွာမြင်မက်ခွင့်ရချင်သည် ။ အိမ်မက်ထဲမှာ သူတို့ဟာ ပြုံးပျော်နေကြသည် ။ သူ့ကိုနာကျင်အောင်လုပ်တဲ့လူက ထိုလူသားမဟုတ်နေခဲ့ပေ ။ ဒါပေမဲ့ သူမုဒြာအပေါ်လုပ်ဆောင်ခဲ့သမျှ အတိတ်ကဖြစ်ရပ်တွေဟာ အိမ်မက်ထဲကသူတို့နဲ့ဆန့်ကျင်စွာ သူ့ရဲ့နောက်ထပ်မကောင်းတဲ့မိစ္ဆာပုံစံလိုမျိုး မြင်နေရသည် ။ ထိုမိစ္ဆာကောင်က သူ့ကိုယ်သူ ပြန်လှောင်ရယ်နေသည် ။

သူပြောတာက * ငါ့မှာ ပြင်ဆင်လို့မရနိုင်တော့တဲ့ အမှားတွေအများကြီး ကျူးလွန်ခဲ့ပြီးပြီမို့ လူကောင်းဖြစ်ဖို့ မတွေးနဲ့တော့ ... နောက်ဆုံးမှာ ဘယ်သူကမှ ငါ့ကိုလိုချင်ကြမှာမဟုတ်တော့ဘူး ... ငါ့ကိုဆွဲလမ်းနေတဲ့ လူကအစပေါ့ *

ထိုအိမ်မက်ကနေ နိုးထလာတိုင်း သူ့ကိုယ်သူ ဘယ်အချိန်ကတည်းက စိတ်ရိုင်းတွေ ရိုက်သွင်းနေမိခဲ့လို့ ဒိလိုမုန်းစရာကောင်းတဲ့ ပုံစံက သူ့အသိအာရုံထဲမှာ ရှင်သန်နေသလဲဆိုတာကို အသည်းအသန်ရှာဖွေနေမိသည် ။  သို့ပေမဲ့ သူလုပ်ဆောင်နေခဲ့သမျှအတိတ်ကဖြစ်ရပ်တွေက သူကိုယ်တိုင် လုပ်ဆောင်နေခဲ့မိခြင်းဆိုတာ လိမ်ညာ၍မရနိုင်ပေ ။ သူဟာအချိန်အကြာကြီး သူရူးတစ်ယောက်ဖြစ်နေခဲ့တာကို နားလည်လက်ခံသွားလေသည် ။

ခုသူရဲ့အသိစိတ်က ၂ နှစ်ခွဖြစ်နေပြီး တဖြေးဖြေးပြောင်းလဲလာတဲ့ ကုမုဒြာအပေါ်အမြင်ကြည်လာကာ ကောင်မွန်တဲ့အိမ်မက်တွေကို ပြန်လည်သတိရချင်လာတဲ့စိတ်က ခုလက်ရှိဖြစ်ပေါ်နေတဲ့စိတ်ပင် ။ နောက်တစ်ခုက သူအိပ်ပျော်သွားတိုင်းမှာ ပေါ်လာတတ်ပြီး ပျော်ရွှင်စရာအိမ်မက်တွေကို နှောက်ယှက်ကာ အတိတ်ကအမှားတွေကိုသာ ဆက်ပြီးပြုလုပ်ဖို့ တွန်းအားပေးနေသည့်စိတ်ပင် ။ နောက်ဆုံး ဧကရာဇ်မောင်ဟာ သူ့ရဲ့ရှုတ်ထွေးနေတဲ့စိတ်အခြေအနေကို ရှင်းထုတ်နိုင်ဖို့အတွက် ယံယံဆီကို ထွက်လာခဲ့လေသည် ။

" နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့ "

သူ့ရဲ့မျက်နှာက သုန်မှုန်နေပြီး အိမ်ရေးပျက်ထားခြင်းကြောင့် မျက်ကွင်းတွေပါညိုနေသည် ။ ခုံပေါ်မှာ တိတ်ဆိတ်စွာ ထိုင်နေတဲ့ ဧကရာဇ်မောင်ကို ယံယံအကဲခတ်ကြည့်လိုက်သည် ။ သူနဲ့နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ထက်ပင် အခြေအနေပိုဆိုးလာသည် ။

ယံယံက ဖယ်ရိုမုန်းကုထုံးအပြင် ခန္ဓာဗေဒနှင့် အာရုံကြောအထူးကုတစ်ယောက်ဖြစ်တာကြောင့် လူတွေရဲ့စိတ်နေစိတ်ထားကို မျက်နှာအမူအယာကိုကြည့်ယုံဖြင့် သိနိုင်သည် ။ သူဟာစိတ်ရောဂါကု ဆရာဝန်တစ်ယောက်လဲဖြစ်သည် ။ သူ့အရှေ့မှာ မျက်နှာမအီမသာဖြစ်နေတဲ့ ဧကရာဇ်မောင်ကိုမြင်တော့ သက်ပြင်းချကာ မေးလိုက်သည် ။

" မင်းပုံစံကဘာဖြစ်တာလဲ ... ဆေးလာကုတာက ရန်ရှာဖို့လာတာကြနေတာပဲ ... အဲ့လိုမျက်ခုံးကြီး ကြုတ်မထားလို့မရဘူးလား "

" ငါ ဆေးရုံရဲ့အနံ့ကို မနှစ်မျို့ဘူး ... ငါ့ကိုစိတ်အနှောက်အယှက်ပေးလွန်းတယ် "

" ဒါဆိုမင်းခုဘာလို့လာနေသေးလဲ ... ဒါကလူတွေကိုကုသပေးတဲ့နေရာ ... လူသတ်တဲ့နေရာမဟုတ်ဘူး "

" ငါအဲ့လိုသဘောမျိုး ပြောတာမဟုတ်ပါဘူး ... ငါဒီအနံ့တွေကို မုန်းရုံပါ ... ငါငယ်ငယ်က ဒီလိုနေရာကို ခနခနရောက်ဖူးလို့ဖြစ်မယ် ... ဒါပေမဲ့ ငါမမှတ်မိတော့ဘူး "

ယံယံက ဧကရာဇ်မောင်ကို ဘယ်လောက်ပင် ကြည့်မရဖြစ်နေပါစေ ဝေဒနာသည်တစ်ယောကို သူပြစ်ပြစ်ခါခါမပြောချင်တော့၍ စိတ်လျော့လိုက်သည် ။

" ကောင်းပြီ ... မင်းလာရင်းကိစ္စကိုပဲပြောကြတာပေါ့ "

ထိုအခါ ဧကရာဇ်မောင်က သူသောက်နေကြ ဆေးဘူးထဲကနေ ယူထားတဲ့ ဆေးပြားကိုထုတ်ပြလိုက်သည် ။

" ဒါက ဘာဆေးတွေလဲ "

ယံယံက ယူကြည့်လိုက်ပြီး မုဒြာလဲ သူ့ကိုမေးဖူး၍စစ်ကြည့်တော့ ဆိုးကျိုးရလာဒ်ထွက်လာသည့်ဆေးမှန်း သိသွားသည် ။

" ဒီဆေးတွေက မင်းဆီမှာလဲ ရှိနေတာလား "

ဧကရာဇ်ကိုယ်တိုင်လဲ သူသောက်နေကြဆေးရဲ့အရသာနဲ့မတူနေတာကို သတိထားမိခဲ့သည် ။

" ဆေးတွေက ဘာဖြစ်နေလို့လဲ "

" ဒီဆေးက မူးရစ်ဆေးတစ်မျိုးပဲ ... မုဒြာမင်းကိုတိုက်နေကြဆေးနဲ့ပုံစံတူပေမဲ့ အဲ့ဆေးမဟုတ်ဘူး ... မင်းဒါကို ဘယ်လောက်များသောက်လိုက်မိသေးလဲ "

" ...... "

ထိုနေ့ကထူးထူးဆန်းဆန်း ကသစ်ပန်းက ကုမုဒြာကအကူအညီတောင်းလို့ဆိုပြီး ဆေးပြားတစ်ချို့ သူ့ကိုတိုက်ကြွေးခဲ့သည် ။ သူကိုယ်တိုင်က မသင်္ကာတာကြောင့် အစကမသောက်ခဲ့ပေမဲ့ စိတ်တွေအရမ်းရှုတ်ထွေးနေချိန်မှာ အနည်းငယ်သောက်မိခဲ့သည် ။

" ၃ ပြားလောက်တော့သောက်လိုက်မိတယ် ... အဲ့နောက်စိတ်ကပုံမှန်မဖြစ်ပဲ နေလို့ဆိုးလာတာနဲ့ မသောက်တော့တာ ... အဲ့ဒါစားပြီးရင် ပိုပြီးအိပ်ပျော်ပြီး အိမ်မက်ဆိုးတွေမက်တဲ့အပြင် အသိစိတ်တွေ ရှုတ်ထွေးလာတယ် ... ပြီးတော့ ငါ့ရဲ့တခြားပုံစံတစ်မျိုးကိုလဲ မြင်နေရတယ် ... သူ့ရဲ့ပုံစံက အထိန်းအချုပ်ခံထားရပြီး အနှောင်အဖွဲ့တွေကနေရုန်းထွက်ဖို့ကြိုးစားနေသလိုပဲ ... ပြီးတော့ ငါ့ကိုလဲ အရှုံးသမားဆိုပြီး လှောင်ရယ်နေတယ် "

ထိုအကြောင်းတွေ ပြောနေချိန်မှာ ဧကရာဇ်ရဲ့မျက်ခုံးတွေက ကြုတ်ထားပြီး ဦးခေါင်းကဆံနွယ်တွေက လက်ဖြင့်ထိုးဖွနေသည် ။ ဖယ်ရိုမုန်းတွေကိုလဲ ထိန်းချုပ်မထားတော့ပဲ အဆက်မပြတ်ထုတ်လွှတ်နေ၍ အခန်းရှေ့ကဖြတ်သွားတဲ့ အိုမီဂါနက်စ်မလေးများကပင် ရနံ့ပြင်းထန်တဲ့ ထိုအယ်ဖာအား အံ့ဩတကြီးကြည့်လာကြသည် ။ ယံယံက ထွက်သွားဖို့လက်ဟန်ခြေဟန်ပြပြီး လုံခြုံဖို့အတွက် အခန်းတံခါးကိုပိတ်လိုက်သည် ။

သူကအိုမီဂါဖြစ်​ပေမဲ့ Promance တွေနဲ့ရင်းနီးမှုရှိပြီး တောင့်ခံနိုင်သလို မိတ်ဖက်လဲရှိတာကြောင် ထိုအနံ့တွေက သူ့အပေါ်တက်ရောက်မှုမရှိပေ ။ ယံယံသေခြာစောင့်ကြည့်နေပြီး ဧကရာဇ်ရဲ့စိတ်ခံစားမှုနဲ့အတူ သူ့ရဲ့အနံ့ပြောင်းလဲနေပုံကို သတိထားမိလာသည် ။

သူစိတ်ရှုတ်ထွေးလာလျှင် သူ့ရဲ့မျက်နှာက မဲမှောင်နေသလိုမျိုး သူ့ရဲ့အနံ့တွေကလဲစူးရှကာ ပြင်းထန်လာသည် ။ သူ့ရဲ့စိတ်ကြည်လင်နေရင်တော့ သူ့ရဲ့အနံ့က မြေသင်းနံ့အေးအေးလေးအဖြစ်ပြန်ပြောင်းသွားသည် ။ သူ့ရဲ့စိတ်နေစိတ်ထားကို ဖယ်ရိုမုန်းနံ့ကနေတစ်ဆင့်မှန်းစလို့ရသည် ။

ယံယံက ဆေးအတုနဲ့သူပေးနေကျဆေးကို ယှဉ်ပြလိုက်ပြီး ...

" သေချာတာတစ်ခုက မင်းဒီဆေးကိုသောက်မိပြီး စိတ်တွေကယောင်ခြောက်ခြားဖြစ်နေတာပဲ ... မင်းတစ်ချိန်လုံး မှတ်ဉာဏ်ထဲမှာရိုက်သွင်းခံထားရတဲ့အသိစိတ်တွေရယ် အတိတ်တွေရယ်က ရောထွေးပြီး မင်းကိုယ်မင်း လူ ၂ ယောက်လို့မြင်နေခဲ့တာ ... ကံကောင်းတာက မင်းအဲ့ဆေးကိုအများကြီးမသောက်လိုက်မိဘူး ... ဒါကြောင့်မင်းမှာ ဘယ်ဟာအမှားဘယ်ဟာအမှန်ဆိုပြီး ဆင်ခြင်နိုင်တဲ့အသိတရားရှိနေသေးတယ်... မဟုတ်ရင် ငါလဲမင်းကိုကယ်နိုင်မှာမဟုတ်ဘူး "

ဧကရာဇ်မောင်က ဖြစ်ပျက်နေတာတွေကို နားမလည်နိုင်၍ သေချာရှင်းပြပေးဖို့တောင်းဆိုလိုက်သည် ။

" ဘယ်ကနေ ဘယ်လိုစဖြစ်တာလဲ ... ငါ့ရောဂါက အဲ့လောက်တောင်အခြေအနေဆိုးတာလား "

ထိုအခါ ယံယံက သူပေးနေကြ ဆေးဘူးအသစ်ကိုယူပြီး ဧကရာဇ်အား ရှင်းပြလိုက်သည် ။

" ဒါကမင်းဦးနောက်ကို ပုံမှန်အတိုင်း အလုပ်လုပ်စေပြီး ရှုတ်ထွေးနေတာတွေကိုပျောက်စေတဲ့ဆေး ... ခုမင်းသောက်မိတဲ့ဆေးက ဆန့်ကျင်ဘက်ပဲ ... သောက်မိတဲ့အချိန်ပူလောင်ပြီး စိတ်ထွေရှုတ်ထွေးလာမယ် ... မင်းဦးနောက်ကို အလုပ်ပိုလုပ်စေပြီးတော့ မောပန်းလာတဲ့အခါ မင်းကိုနှစ်ခြိုက်စွာ အိမ်မောကျစေလိမ့်မယ် ... အဲ့လိုမင်းအသိစိတ်ပျောက်ဆုံးနေချိန် မင်းခန္ဓာကိုယ်ကတောင့်တသမျှတွေ ဖယ်ရိုမုန်းတွေရဲ့ဆွဲဆောင်မှုတွေနောက်ကို မင်းကိုယ်ကလိုက်သွားပြီးအမှားတွေလုပ်နိုင်တယ် ... မင်းသတိရလာချိန်မှာ ဘာကိုမှမှတ်မိတော့မှာမဟုတ်ဘူး ... တစ်နည်းပြောရရင် ဒါကလိင်ဖျော်ဖြေတဲ့နေရာတွေမှာ အယ်ဖာ ဒါမှမဟုတ် အိုမီဂါက ဖယ်ရိုမုန်းနဲ့ဆွဲဆောင်ဖို့အဆင်မပြေတဲ့အခါ တစ်ဖက်ပါသနာစိတ်ပါလာအောင်လုပ်ဖို့ သုံးလေ့ရှိကြတယ် ... ဒါကိုသုံးပြီးရင် မင်းကအဲ့လူကိုပဲဆွဲလမ်းပြီး အဲ့လူစကားကိုပဲနားထောင်လိမ့်မယ် …  ဒါကြောင့်တရားမဝင်မူးရစ်ဆေးအဖြစ် ငါတို့ဆေးလောကမှာ သတ်မှတ်ထားကြတာ "

သူမယုံကြည်ခဲ့တဲ့လူက သူ့ကိုတစ်ချိန်လုံးကာကွယ်ပေးနေပြီး သူယုံကြည်နေမိတဲ့လူက သူ့ကိုဒုက္ခရောက်အောင် တွန်းပို့နေတယ်ဆိုတဲ့ အမှန်တရားက ဧကရာဇ်မောင်အတွက် အိမ်မက်ဆိုးအလားပင် ထိတ်လန့်သွားစေသည် ။ မုဒြာကိုစိတ်ဆိုးသွားစေတဲ့ ထိုနေ့ပြီးကတည်းက ကသစ်ပန်းကိုအိမ်တော်ကနေနှင်ထုတ်ခဲ့သည် ။ အလုပ်ကိုတော့လာခွင့်ပေးထားပြီး အလုပ်ကိစ္စကလွဲပြီး စကားမပြောဖြစ်တော့ပေ ။ မုဒြာကလဲ သူ့ကိုရှောင်နေ၍ အခန်းထဲမှာသူတို့ဘာဖြစ်ခဲ့လဲဆိုတာ မသိပေ ။

ယံယံကငေးမှိုင်နေတဲ့ ဧကရာဇ်မောင်ကို မေးလိုက်သည် ။

" ငါတို့ ရောဂါအကြောင်းပြောကြရအောင် ခုသလောဘာတွေထူးခြားလဲ "

" အိမ်မက်တွေခနခနမက်တယ် ငါမေ့နေတဲ့အတိတ်ကမှတ်ဉာဏ်တွေလို့ထင်တယ် ဝေဝါးဝါးပဲမြင်ရတယ် ဒါပေမဲ့ အရှိန်ကောင်းလာပြီဆို ငါကိုယ်ငါတစ်ခြားတစ်ယောက်လိုပြန်မြင်လာပြီး အပြစ်တင်လှောင်ရယ်နေတယ် "

ယံယံက ဧကရာဇ်မောင်ပြောပြသမျှသေချာနားထောင်ပြီးနောက် …

" မင်းရဲ့ရောဂါက စိတ်ကျပြီးဖိအားများလွန်းလို့ဖြစ်လာတာ ... အများစုက ငယ်ဘဝမှာထိန်းကြောင်းခဲ့တဲ့လူနဲ့လဲဆိုင်တယ် …  လူတွေကသူ့ဘာသာနေနေပေမဲ့ မင်းအာရုံထဲမှာ သူတို့ကမင်းကိုရွံ့မုန်းပြီးကဲ့ရဲ့ရှုံချလိမ့်မယ်လို့ပဲ ယုံကြည်အောင် ပုံသွင်းခံခဲ့ရလို့ပဲ ... အဲ့လိုကနေ တကယ်ကောင်းပေးတဲ့လူတွေကိုတောင် အလိမ်အညာလို့ထင်မိတဲ့ထိ အယုံအကြည်ကင်းမဲ့လာမယ် ... မင်း မုဒြာအပေါ်ဆက်ဆံခဲ့ပုံမျိုးပေါ့ … ဒါကဖိအားပေးမှုကြောင့်ဖြစ်တဲ့ရောဂါ  "

" ...... "

" မုဒြာက ငယ်ငယ်လေးကတည်းက မင်းကိုအရိတ်တကြည့်ကြည့်နဲ့ ဂရုစိုက်ခဲ့တာ ... မင်းကလူတွေနဲ့မဆက်ဆံတတ်လို့ သူကမင်းသူငယ်ချင်းရအောင် ကူညီပေမဲ့ မင်းကတော့ လူတွေကိုအယုံအကြည်မရှိပဲ ရန်ဖြစ်ပြီး မုဒြာကိုပဲအခက်တွေ့အောင်လုပ်နေတယ် ... ငယ်ငယ်ကမုဒြာ သူ့အတွက်သူတောင်မကြည့်ပဲ မင်းအတွက်ပဲဖြည့်စည်းပေးခဲ့တယ် ... မင်းလိုစိတ်မတည်ငြိမ်တဲ့အရူးတစ်ယောက်ကို အရူးအမူးချစ်မိနေတဲ့မုဒြာကမှ တကယ်အရူးပဲ ... မုဒြာကပဲ မင်းပုံမှန်ပြန်ဖြစ်ဖို့ ဒီဆေးတွေကိုတိုက်ခဲ့တာ ... သူသာဂရုမစိုက်ခဲ့ရင် မင်းခုရရှိထားတဲ့နေရာမှာတောင် ရှိနေနိုင်မှာမဟုတ်ဘူး "

ဒီအမှန်တရားတွေကို ခုချိန်ထိရင်မဆိုင်ရဲသေးပေ ။ သူသာစောစောအသိတရား ရရှိခဲ့လျှင် သူ့အပေါ်အမြဲကောင်းပေးခဲ့တဲ့ကုမုဒြာအပေါ် နာကျင်အောင်မလုပ်မိဖို့ ပြင်ဆင်နိုင်ခွင့်ရှိလာနိုင်ဦးမလား ?

သူဟာစိတ်ရှုတ်ထွေးကာ မျက်နှာကို လက်ဝါးဖြင့်အုပ်ရင်း မှိုင်တွေစွာဖြင့် ရေရွတ်နေသည် ။

" ဘာကြောင့် ငါ့ကိုဒီအကြောင်းတွေမပြောပြခဲ့တာလဲကွာ ... ငါသာစောစောသိရင် မင်းအပေါ်အယုံအကြည်ရှိလာနိုင်တာကို မုဒြာရာ "

" သူပြောပြတော့ရော မင်းကနားထောင်မှာမလို့လား ... မင်းကဒေါသထွက်ရင် ပေါက်ကွဲပြဖို့ပဲသိတာလေ ... မုဒြာခံစားချက်တွေကို အမြဲလစ်လျှူရှုတာလဲမင်းကိုယ်တိုင်ပဲ ... အဲ့တုန်းကမင်းသာ ခုလိုအသိစိတ်နဲနဲရှိရင် မုဒြာပြောပြကောင်းပြောပြနိုင်လိမ့်မယ် "

* ဟုတ်သားပဲ ... အဲ့တုန်းကသာ သူပြောခဲ့ရင်လဲ သူ့ကိုမယုံကြည်တဲ့အပြင် ငါ့ကိုအရူးလုပ်တယ်လို့ပဲ ထင်နေမိမှာ *

ဧကရာဇ်မောင် စိတ်ဓာတ်ကျလာသည် ။ အဖြစ်မှန်ကို ပိုသိလာလေ အမှားတွေကို ပြင်ဆင်ခွင့်မရတော့မှာ ပို၍ကြောက်မိလာသည် ။

" ယံယံ ငါသိသမျှမုဒြာနဲ့ပတ်သပ်တဲ့မှတ်ဉာဏ်တွေက အမှားတွေဆိုရင် ငါမှန်ကန်တဲ့အမှတ်တရတွေကို ဘယ်လိုရှာဖွေသင့်လဲ … ငါကရော ဘာကြောင့် အားလုံးကိုမေ့နေရတာလဲ  "

" ငါတွေ့ဖူးသမျှလူနာတွေထဲမှာ မင်းလိုမှတ်ဉာဏ်နှစ်မျိုးနဲ့လူတော့မရှိသေးဘူး တစ်ချို့က စိတ်နှစ်ခွဖြစ်နေပေမဲ့ အားလုံးကိုမှတ်မိနေတယ် မင်းကြတော့ အမှားနဲ့အမှန် ၂ မျိုးကိုမှ အမှားကိုပဲယုံကြည်ပြီး အမှန်ကိုမေ့ပျောက်ထားတယ် အဲ့ဒါက မင်းကိုယ်တိုင်မေ့ပျောက်ဖို့ကြိုးစားခဲ့လို့သာဖြစ်နိုင်တယ် ခုမင်းရဲ့ပုံမှန်အသိစိတ်က မင်းဆီပြန်ရောက်လာတဲ့ပုံပဲ အဖြေကိုသိချင်ရင်တော့ မင်းကိုယ်ကနေ မင်းကိုယ်တိုင်အဖြေရှာမှရမယ် "

သူဟာကောင်းမွန်တဲ့မှတ်ဉာဏ်တွေကို မေ့ပျောက်ကာ ကုမုဒြာအပေါ် မှားယွင်းတဲ့ဆွဲချက်တွေနဲ့ နာကျင်စေခဲ့မှန်း သိလိုက်ရချိန် သူ့ရဲ့နှလုံးသားက ပို၍ပင်နာကျင်လာခဲ့သည် ။ ထိုအမှားမျိုး ဆက်ပြီးမကျူးလွန်မိဖို့ ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ လိုလာပြီ ။

" ငါ့ကိုကူညီပါ ငါဘယ်လိုရှာဖွေသင့်လဲ ဒီအခြေအနေကနေ ပျောက်အောင်ကုသလို့ရနိုင်လောက်လား ငါမှတ်မိချင်တယ် ငါကိုယ်တိုင်ဖုန်းကွယ်ထားတဲ့ ငါ့ရဲ့စိတ်အမှန်ကို "

" ကောင်းပြီ ငါ့မှာခေတ်မှီအာရုံကျောကုထုံးနည်းပညာစက်ရှိတယ် ... အဲ့ဒါက မင်းရဲ့အာရုံကျော နှလုံးခုန်သံနဲ့ ဖယ်ရိုမုန်းဂလင်းတို့ကို ပေါင်းစပ်ပြီး မင်းကိုယ်ကို တည်ငြိမ်အောင်လုပ်ရမှာ ... မင်းရဲ့ရောဂါက မင်းရဲ့ကိုယ်ရည်ကိုယ်သွေနဲ့ စိတ်ကိုတည်ငြိမ်အောင်ထားပြီး အတွေးတွေမရှုတ်ထွေးတော့မှ ကုသလို့ရနိုင်မှာ … မင်းကိုယ်မင်း မင်းရဲ့အစစ်အမှန်ကိုရှာဖွေပြီး အရာအားလုံးနဲ့ပေါင်းစည်းအောင်လုပ်ရမယ် … ဒါပေမဲ့ မင်းရဲ့ဂလင်းက ထိခိုက်ထားတော့ သူနဲ့စပ်ဆပ်နေတဲ့စိတ်အာရုံကလဲ တစ်ခြားလူတွေလို တည်ငြိမ်မှုက ရာခိုင်နှုန်းပြည့်မရှိနေဘူး … ကုသနေတဲ့အတောအတွင်း မင်းစိတ်ကိုမင်းတည်ငြိမ်အောင်ထားနိုင်မှရမယ် … နည်းနည်းလေး မထိန်းချုပ်နိုင်ဖြစ်သွားရင်တောင် ဆိုးကြိုးအနေနဲ့ ပြန်ခံစားရတာတွေလဲရှိလာနိုင်တယ် ... ကံဆိုးကံကောင်းကတော့ မင်းရဲ့လုပ်ဆောင်နိုင်မှုအပေါ် မူတည်တယ် "

" ဘယ်လိုပဲဖြစ်ဖြစ် ငါကုသချင်တယ် ... လိုက်နာရမဲ့စည်းကမ်းတွေကိုပြောပါ "

" ကောင်းပြီး ... ငါအချက်အလက်တွေအားလုံးကို မင်းကိုရှင်းပြပေးမယ် ... ဒီကုထုံးက ကုသမဲ့သူရဲ့လက်မှတ်ပါမှ တရားဝင်တာ ... ဒါကြောင့် ငါကုမုဒြာကို မင်းကိုခေါ်လာခဲ့ဖို့ အကြိမ်ကြိမ်ပြောခဲ့ပေမဲ့ သူကခေါ်မလာခဲ့ဘူး ... သူကအမှားအယွင်းတစ်ခုခုဖြစ်ပြီး မင်းကိုထိခိုက်စေမှာကြောက်နေတာ ... ခုမင်းကိုယ်တိုင်က လိုလိုလားလားတောင်းဆိုလာတော့ ငါမင်းကိုကုသမှုအတွက် လိုအပ်တာတွေပြောပြပေးမယ် "

ယံယံကအထူးခန်းအတွင်းသို့ ဧကရာဇ်မောင်အား ခေါ်လာခဲ့သည် ။ စက်ပစ္စည်းတွေက အဆင့်မှီလွန်း၍ အန္ဓာကိုယ်ကို မထိခိုက်မိအောင် မျက်နှာအကာအကွယ်ဝတ်ဆင်ထားရသည် ။ အထဲတွင် လျှက်စစ်ကြိုးပေါင်းများစွာနဲ့ လူတစ်ယောက် ဝင်လှဲလို့ရနိုင်တဲ့အရွယ်အစားရှိပြီး လုံးဝန်းသည့်မှန်ပုံးတစ်ခုရှိနေသည် ။ ထိုစက်အား ညွှန်းပြရင်း ယံယံက ရှင်းပြနေခဲ့သည် ။

ထိုစက်က စိတ်ကဆင့်ကလျှားဖြစ်ပြီး အသိစိတ်တွေရောထွေးနေတဲ့ဝေသနာသည်တွေရဲ့ အာရုံကျောတွေကို ထိန်းညှိကာ အသိစိတ်တွေကို ခွဲခြားပေးနိုင်သည် ။ ဒီလုပ်ငန်းစဉ်ကို စတင်ရာ၌ ကုသမှုကိုခံယူရသည့် လူနာက စိတ်ဖောက်ပြန်တာမျိုးတွေ ဖြစ်တတ်၍ အမြဲစိတ်ကိုတည်ငြိမ်အောင်ထားရမည် ။ စိတ်လှုပ်ရှားတာမျိုး စိုးရိမ်တောကရောက်တာမျိုးတွေ မဖြစ်စေရပဲ ကိုယ့်စိတ်ကိုထိန်းချုပ်ရင်း ခွဲထွက်လာသည့်အသိစိတ်တွေထဲက စစ်မှန်တဲ့မိမိရဲ့စိတ်ကိုရှာဖွေရမည် ။

ကံကောင်းစွာ မှားယွင်းမှုတစ်စုံတစ်ရာမရှိခဲ့လျှင် စိတ်ကိုခွဲဝေပြီးအသိစိတ်အမှန်ကို ရှာဖွေရမည့် ဒီကုထုံးက မိမိရဲ့စိတ်အမှန်ကို ပြန်လည်ရရှိဖို့ တစ်လသာအချိန်ယူရသည် ။ အောင်မြင်လျှင် ဆေးတွေသောက်စရာမလိုတော့ပဲ အရာအားလုံးပုံမှန်ပြန်ဖြစ်ကာ မိမိကိုယ်ကိုယ်ထိန်းချုပ်လာနိုင်မည် ။ သာမန်ဘဝကိုပြန်ရရှိဖို့ အလင်းရောင်ချည်တစ်ခုလဲဖြစ်သည် ။

ထိုကုထုံးရဲ့ဆိုးကျိုးအနေနဲ့ကတော့ ကုသနေချိန်အတွင်းမှာ တစ်စုံတစ်ရာ မှားယွင်းသွားခဲ့လျှင် အနိုင်ယူသွားမဲ့စိတ်က မကောင်းတဲ့စိတ်မိုက်ဖြစ်ဖို့များပြီး ထိန်းချုပ်ရခက်စေမည် ။ ဆေးနှင့်ပင်တားစီး၍မရနိုင်ပဲ စိတ်လွတ်နေတတ်ပြီး ထိုအရာကနောက်ထက်အမှားတွေအများကြီးကို ကြူးလွန်ဖို့ပိုလွယ်သွားမည် ။ မိမိစိတ်အမှန်က ထိုအရာအား အနိုင်ယူနိုင်တော့မည်မဟုတ်ပေ ။ ထို့ကြောင့် ဆိုးကျိုးနဲ့ကောင်းကျိုး ယှဉ်တွဲနေတဲ့ ထိုကုသမှုကိုခံယူဖို့ ကာယကံရှင်ကိုယ်တိုင် လက်ခံသဘောတူမှဖြစ်မည် ။

ဧကရာဇ်မောင်ဟာ ဘာမှဂရုမစိုက်ပဲ သူ့ရဲ့ရောဂါပျောက်ဖို့အတွက် ကုသမှုကို ချက်ချင်းခံယူဖို့ သဘောတူညီမှုလက်မှတ် ရေးထိုးလိုက်သည် ။

" ဒါဆို မင်းဘယ်တော့ လာပြီးကုသချင်လဲ "

" မနက်ဖြန် "

( A/N - ဒီအခန်းမှာ ရှုတ်သွားရင်နားလည်ပေးပါ … ရောဂါလက္ခဏာတွေက တကယ်မရှိလို့ အတည်မယူပါနဲ့ ... ဇာတ်လမ်း တစ်ပုဒ်လုံးက စိတ်ကူးယဉ်သပ်သပ်ပါပဲ )

*

*

*

" မုဒြာ "

" ဟင် "

စိတ်လွင့်နေတဲ့ မုဒြာကြောင့် ဇွဲပို၍ပင် စိတ်ပူပန်လာသည် ။ မုဒြာက အမြဲအပြင်ကိုငေးကြည့်နေပြီး တစ်စုံတစ်ရာကိုတွေးတောနေပုံပင် ။ အစားလဲပုံမှန်မစားတော့ပဲ အမြဲအစာမကျေဖြစ်နေတာကို ဇွဲသတိထားမိလာသည် ။

တကယ်တော့ မုဒြာကိုယ်ဝန်ကြောင့် ပျို့အန်ကာ ခေါင်းကမူးဝေဝေဖြစ်နေခြင်းပင် ။ ကသစ်ပန်းက သူ့အကြောင်းသိသွားသည့်အချိန်ကစပြီး သူအမြဲပူပန်နေရသည် ။ သူမအိမ်တော်ကနေထွက်သွားတာတောင်မှ ဘယ်အချိန် ဘယ်လိုပုံစံနဲ့ပေါ်လာနိုင်မလဲမသိတာမို့ စိတ်မအေးနိုင်သေးပေ ။ ခုဆိုသူ့မှာ ငဲ့ကွက်စရာ ရင်သွေးလေးရှိနေပြီမို့ အရာရာသတိထားနေရသည် ။

မကြာခင်မှာ ကျရောက်တော့မဲ ဧကရာဇ်မောင်ရဲ့ မွေးနေ့မှာ သူ့မှာကိုယ်ဝန်ရှိနေကြောင်းကို ဖွင့်ဟဝင်ခံဖို့ တွေးထားသည် ။ဧကရာဇ်မောင်လိုချင်နေတဲ့ မွေးနေ့လက်ဆောင်မို့ သူပျော်မှာသေချာသည် ။

" မုဒြာ နောက်အပတ်မှာ ကို့ရဲ့အတွင်းရေးမှုရောက်လာတော့မှာ ... မင်းကူညီနေခဲ့တာလဲ တစ်လပြည့်ပြီဆိုတော့ အနားယူလို့ရပြီ ... ပြီးတော့ ကိုယ်မင်းကိုကျေးဇူးတင်တဲ့အနေနဲ့ စနေနေ့ညနေကြရင် ရုံးကလူတစ်ချို့နဲ့ မင်းအတွက်ပါတီလုပ်ပေးမယ် ... မင်းငြင်းလို့မရဘူးနော် "

ထိုနေ့က ဧကရာဇ်မောင်ရဲ့ မွေးနေ့ဖြစ်နေသည် ။ မုဒြာတစ်နှစ်မှ ဧကရာဇ်မောင်မွေးနေ့ကို မပျက်ခဲ့ဘူးပေမဲ့ ဒီတစ်ခါတော့ ဇွဲကိုပဲဦးစားပေးကာ ပွဲလုပ်ဖို့ သဘောတူလိုက်တော့သည် ။ ကိုယ်ဝန်ကိစ္စကိုတော့ အကြောင်းသင့်တဲ့တစ်နေ့ ပြောပြမည်ဟုတွေးလိုက်သည် ။ ဇွဲကလဲမုဒြာလက်ခံလိုက်တော့ ချက်ချင်းပင်ပွဲပြုလုပ်မည့်နေရာတွေကိုပါ ရှာဖွေနေတော့သည် ။

နောက်တစ်နေ့မှာ ဧကရာဇ်မောင် ချက်ချင်းပဲ ကုသမှုကို ခံယူလေသည် ။ မုဒြာကိုပြောပြချင်ပေမဲ့ သူ့ကိုရှောင်နေသေးတာကြောင့် ကုသပြီးမှပဲ ဖွင့်ပြောဖို့ဆုံးဖြတ်လိုက်သည် ။ သူ့ရဲ့နာထင် ရင်ဘက်ပေါ်နဲ့ လက်ဂုတ်နေရာတွေမှာ အာရုံခံစက်တွေသပ်ပေးပြီး မှန်ပုံးထဲမှာ လှဲအိပ်လိုက်သည် ။ အဖုံးမပိတ်မှီ ယံယံကသေချာအောင်မေးကြည့်လိုက်သည် ။

" မင်း စပြီးကုသပြီဆိုတာနဲ့ ပြန်လှည့်လို့မရတော့ဘူး ... ဒီတစ်လအတွင်း မင်းအမှားအယွင်းမရှိအောင် နေနိုင်မှာလား "

" အင်း ... ငါကြိုးစားကြည့်မယ် "

" ဒီအဖုံးပိတ်လိုက်တာနဲ့ မင်းမျက်လွှာချပြီး အာရုံစိုက်ထားရမယ် ... မင်းအာရုံထဲမှာ ပေါ်လာတဲ့မြင်ကွင်းတွေကို မင်းသေချာမှတ်ယူပြီး ခွဲခြားရမယ် ... အမှန်အမှားရောထွေးနေတဲ့ထဲကအမှန်ကိုမင်းကိုယ်တိုင်ပဲ ရွေးချယ်ရလိမ့်မယ် ... ပြီးတော့ မင်းရဲ့နောက်ထပ်ထွက်ပေါ်လာမဲ့ပုံရိတ်တွေကြား စိတ်နစ်မြောမသွားမိစေနဲ့ ... သူတို့ကမင်းကိုဒုက္ခရောက်အောင် အမျိုးမျိုး လှုန့်ဆော်နေလိမ့်မယ် ... မင်းသတိထားပါ ... သေချာလေးစိတ်ကိုခွဲခြားနိုင်အောင်လုပ်ပါ "

" ကောင်းပြီ "

မှန်ပုံးပိတ်လိုက်တာနဲ့ ဧကရာဇ်ရဲ့အမြင်အာရုံတွေလဲ လုံးဝအမှောင်ကျသွားကာ သူဟာလေဟာနယ်ထဲရောက်သွားသလိုခံစားလိုက်ရသည် ။ စက်ရဲ့ထိန်းချုပ်မှုကြောင့် သူ့ရဲ့ဝိဉာဏ်က ငြိမ်သက်နေပြီး အမှောင်ထုထဲကနေဘာတွေဖြစ်ပေါ်လာမလဲစောင့်ကြည့်နေသည် ။ ဒါဟာသူ့အသိဉာဏ်ထဲကို သူကိုယ်တိုင်ဝင်ရောက်သွားခဲ့ခြင်းပင် ။

ပထမဆုံးပေါ်လာသည့်မြင်ကွင်းက ကုမုဒြာသူ့ကိုပြုံးပြကာ လက်ကမ်းခေါ်နေသည့်မြင်ကွင်းပင် ။ သူတို့ဟာ တစ်ယောက်လက်တစ်ယောက် မလွှတ်တမ်းတွဲထားလျှက် ပြုံးပျော်နေကြသည် ။ ဒါဟာအတိတ်ကမှတ်ဉာဏ်အပိုင်းအစတစ်ချို့ဆိုတာ ယုံကြည်လက်ခံသွားသည် ။ ကောင်းတဲ့မှတ်ဉာဏ်တွေက မကြာလိုက်ပေ ။ ချက်ချင်းသူရဲ့မုလတန်းအရွယ်ကပုံရိတ်ထံ ပြောင်းရွှေ့သွားသည် ။

သူ့ရဲ့မျက်နှာက ညစ်ပေနေကာ အမြဲအနာကပ်ပလာစတာတစ်ခုကပ်ထားသည် ။ လက်မှာလဲအစဉ်ကြောင်းတွေရှိနေပြီး လက်ရှည်အကွက်လေးကိုဝတ်ထားသည် ။ ကျောင်းဝတ်စုံအစိမ်ဘောင်းဘီရဲ့အောက်မှာ သေသွယ်သည့်ခြေသံရှည်ရှည်လေးရှိနေသည် ။ သူ့ရဲ့ပုံစံက စိတ်ရောဂါသည်တစ်ယောက်နှင့်ပင်တူနေသည် ။

ကျောင်းသားတွေက သူဝင်လာတာနဲ့ ဝိုင်းကြည့်ကာ လှောင်ရယ်ကြသည် ။ သူ့အားအနားမကပ်နဲ့ဆိုပြီး ဝိုင်းအနိုင်ကျင့်ကြသည် ။ ထိုမြင်ကွင်းတွေ ပြန်မြင်လာရချိန်မှာ ဧကရာဇ်ရဲ့ နှလုံးခုန်သံတွေကမြန်ဆန်လာပြီး စက်ရဲ့သတိပေးအချက်ပြစနစ်ကလဲမြည်လာသည် ။

အပြင်ကနေစောင့်ကြည့်နေတဲ့ယံယံက ဧကရာဇ်ရဲ့ပျော်ရွှင်စရာအသိစိတ်နဲ့ ဝမ်းနည်းစေတဲ့စိတ် ၂ ခုထိပ်တိုက်တွေ့ဆုံနေတာမှန်းသဘောပေါက်သွားကာ ဆိုးရိမ်တကြီးဖြင့် ကြည့်နေသည် ။ သတိပေးချက်အဆုံးထိမြည်လာရင်တော့ သူစက်ကို ချက်ချင်း ဖွင့်မှဖြစ်မည် ။ ဒါပေမဲ့ တစ်ခနကြာတော့ ပုံမှန်ပြန်ဖြစ်သွားသည် ။

ဧကရာဇ်မောင်ဟာ ကျောင်းမှာအနိုင်ကျင့်ခံရပြီးနောက် အိမ်ကိုပြန်လာခဲ့ပြီး သူနေနေကြမြေအောက်ခန်းထဲမှာ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည် ။ ထိုနေရာက သူ့အတွက် အလုံခြုံဆုံးဖြစ်သလို သူ့အားဘယ်သူမှမမြင်နိုင်တဲ့နေရာတစ်ခုပင် ။ သူ့ရဲ့အကြည့်တွေက လှောင်အိမ်အလွတ်တစ်ခုထံရောက်နေပြီး ရင်ဘက်ထဲကတစ်စစ်စစ်နာကျင်စွာ ငိုကြွေးနေသည် ။ လက်တွေ့မှာလဲ ဧကရာဇ်ရဲ့ပိတ်ထားတဲ့မျက်ဝန်းတွေက မျက်ရည်များ စီးကျလာသည် ။

အမှောင်ထုထဲမှာ ကလေးငယ်ရဲ့ငိုရှိုက်သံတွေက ကျယ်လောင်လို့နေသည် ။ ထိုစဉ်အခန်းတံခါးပွင့်လာပြီး တိုးဝင်လာတဲ့ စူးရှရှအလင်းရောင်ကြောင့် ဧကရာဇ်မျက်နှာကို လက်ဖြင့်အုပ်မိုးလိုက်မိသည် ။ လက်ကြားတွေထဲကနေချောင်းကြည့်လိုက်တော့ လှပတဲ့ခြေထောက်တစ်စုံကို တွေ့လိုက်ရသည် ။

ဒေါက်မြင့်ဖိနက် အနီရောင်ကိုစီးထားပြီး သူ့ရှေ့မှာ လှပစွာရပ်နေသည် ။ ဧကရာဇ်မောင် အားကိုသကြီး မော့ကြည့်မိတော့ သူ့အရှေ့မှာ ရပ်နေတဲ့ မိခင်ဖြစ်သူကို တွေ့လိုက်ရသည် ။

" အမေ "

သူ့ရဲ့မိခင်က သူ့အားနွေးထွေးစွာပွေ့ဖက်လာသည် ။ အားကိုးတကြီးနဲ့တိုင်မည်လုပ်တော့ မိခင်ထံကအေးဆက်ဆက်စကားသံကို ကြားလိုက်ရသည် ။

" မင်းထပ်ပြီးအနိုင်ကျင့်ခံရပြန်ပြီလား ... ဒီလိုတွေမေမေမမြင်ချင်ဘူးလို့မပြောခဲ့ဘူးလား ... မင်းကအနိုင်ယူခဲ့တာကိုပဲ မေမေမြင်ချင်တယ် ... မေမေကလွဲပြီး လူတွေအားလုံးကသားအပေါ်တစ်ယောက်မှမကောင်းကြဘူးဆိုတာ သားယုံပြီလား ... နောက်တစ်ခါ မေမေအတွက် သားအနိုင်ယူခဲ့ပါ ... မေမေ့ကိုစိတ်မပျက်စေနဲ့ ကြားလား "

သူ့အားလူတွေအပေါ်အယုံအကြည်မရှိအောင် ရိုက်သွင်းပေးခဲ့သူက သူအချစ်ရဆုံး အယုံကြည်ရဆုံးမိခင်ဖြစ်နေမှန်း ဧကရာဇ်မောင်သိသွားသည် ။ မှတ်ဉာဏ်တွေကမပြီးဆုံးသေးပေ ။

နောက်ထပ်မြင်ကွင်းတွေထဲမှာ ဧကရာဇ်မောင်က အားနည်းသည့်သူ့ရဲ့ပုံစံဟာ ရုတ်ချည်ပြောင်းသွားကာ ကြမ်းတမ်းရိုင်းဆိုင်းသည့် သူ့ပုံသူပြန်မြင်နေရပြီး လန့်သွားမိသည် ။ ပထမတန်းနှစ်က သူ့အားအနိုင်ကျင့် ဆဲရေးကာလှောင်ပြောင်ခဲ့သည့် ကျောင်းသားတွေ တစ်ယောက်ချင်းဆီကို သူဟာအထိန်းအချုပ်မဲ့စွာ ပြန်လည်တိုင်ခိုက်ခဲ့သည် ။

သူ့ရဲ့တိုက်ခိုက်မှုတွေကြောင့် တစ်ချို့ဆိုအပြင်းအထန် ဒါဏ်ရာရရှိကာ ဆေးရုံပါတက်လိုက်ကြရသည် ။ သူ့ရဲ့လက်နဲ့ အဖြူရောင်အင်္ကျီမှာလဲ သွေးစတွေ စွန်းထင်နေကာ သွေးညှီနံ့တွေက သူ့အားအသိစိတ်ပို၍ ပျောက်သွားစေသည် ။ သူ့ရဲ့ထိုပုံစံကြောင့် လူတွေက မိစ္ဆာတစ်ကောင်လို ပြောဆိုဆက်ဆံလာကြကာ သူ့အားပို၍ပင်ရှောင်ဖယ်လာသည် ။ သူဟာလဲ ပို၍အေးဆက်လာကာ လူတွေအပေါ်အယုံအကြည်ကင်းမဲ့သလို အညှာအသာလဲကင်းမဲ့လာသည် ။

ဆရာကလဲ မိဘကိုခေါ်ပြီး နစ်နာသူတွေအတွက် လျော်ကျေးပေးဆောင်စေကာ သူ့အားကျောက်တစ်နှစ်နားခိုင်းလိုက်သည် ။ ထိုအဖြစ်အပျက်က ဧကရာဇ်ရဲ့ဖခင်ဂုဏ်သိက္ခာကို အတော်လေး ထိခိုက်စေကာ လုပ်ငန်းမှာလဲ အရှုံးပေါ်စေခဲ့သည် ။ တစ်ချို့ သူ့ရဲ့အသိတွေထဲက ရှယ်ယာဝန်တွေ လုပ်ငန်းကနေပါ နှုတ်ထွက်ကုန်ကြသည် ။  ဒါပေမဲ့မိခင်ကသူ့ကိုမဆူပဲ သူ့လုပ်ဆောင်မှုတွေအပေါ် အမြဲဂုဏ်ယူနေသည် ။

ဒါကြောင့် ဧကရာဇ်မောင် သူ့လုပ်ရပ်တွေကမှားနေခဲ့တာတောင်ကျေနပ်အားရမိခဲ့သည် ။ သို့ပေမဲ့ ဖခင်ဖြစ်သူကတော့ ဒေါသဖြစ်ပြီး မြေအောက်ခန်းထဲမှာ ဖမ်းချုပ်ကာ အစောင့်တွေရဲ့ အတားအစီးမဲ့ ရိုက်နှက်ခံခဲ့ရသည် ။ တစ်ပတ်လုံးလဲအစားဝအောင်လာမကြွေးသလို ရေလဲဝအောင်မတိုက်ပဲ အခန်းထဲပိတ်လှောင်ကာ အပြစ်ပေးခံခဲ့ရသည် ။ တစ်ပတ်ကြာတော့ အမှောင်ခန်းထဲမှာမေ့လဲသွားပြီး ဆေးရုံပေါ်ကဆေးပေးခန်းထဲမှာ ပြန်သတိရလာခဲ့သည် ။

သတိရလာတော့ သူ့ရဲ့အမေသာဘေးမှာရှိနေပြီး ငိုရှိုက်ရင်းသူ့အား ထွေးပွေ့လာသည် ။ ထိုအချိန်ကစပြီး မိခင်အပေါ်အကျွင်းမဲယုံကြည်ကာ မိခင်ဘာခိုင်းခိုင်းယုံကြည်စွာလုပ်ဆောင်ဖို့ စိတ်ဆုံးဖြတ်ချက်ချလိုက်တော့သည် ။

သူတို့မိသားစုစီးပွားပျက်ချိန်မှာ မိခင်က သူ့အသိထံအလုပ်လုပ်ဖို့ပို့ပေးခဲ့သည် ။ ထိုလူကြီးက ကြမ်းတမ်းရက်စက်ကာ လူတွေကိုလဲရိုက်နှက်နေ၍ ဧကရာဇ်မောင်ကြောက်လန့်သွားသည် ။ ပြီးတော့ထိုလူကြီးကို သူတစ်နေရာရာမှာမြင်ဖူးပြီး ထိတ်လန့်နေခဲ့သည် ။ ဒါကြောင့်အမြန်ပဲထွက်ပြေးလာခဲ့ပြီး မခင်ထံပြန်လာခဲ့​ပေမဲ့ မိခင်ကပိုက်ဆံမရလာ၍ သူ့အားဆူငေါက်ခဲ့သည် ။

အရင်ကလိုနွေးထွေးမှုမပေးတော့ပေ ။ အဲ့ဒိနောက် မိခင်ကိုယ်တိုင် သူ့အားကျောင်းထွက်ကာ သူများအိမ်တွေမှာ အစေခံလုပ်ဖို့ခိုင်းခဲ့သည် ။ သူမက ထိုလူကြီးလက်အောက်ကိုမဝင်ရင် နိမ့်ကျတဲ့အစေခံပဲလုပ်ရမယ်လို့ပြောသည် ။ ဟိုလူကြီးဆီမှာထက် နိမ့်ကျတဲ့အစေခံလုပ်တာက ပိုလုံခြုံသည်ဟု ခံစားရသည် ။  သူ့အသိစိတ်ထဲမှာ မိခင်စိတ်ချမ်းသာဖို့သာအဓိကဟုတွေးထင်ကာ အရွယ်နဲ့မလိုက်အလုပ်တွေလုပ်ပြီး အစားကိုဝအောင်မစားပဲချွေသာခဲ့ရသည် ။

ကုမုဒြာနဲ့သာမတွေ့ခဲ့လျှင် သူဟာလမ်းဘေးမှာသေနေလောက်ပြီ ။ သူယုံကြည်ခဲ့တဲ့မိခင်ကသာ သူ့အားစိတ်ဒါဏ်ရာအမျိုးမျိုးပေကာ နာကျင်စေခဲ့ပြီး စိတ်ရောဂါဖြစ်အောင်လုပ်ဆောင်ခဲ့မှန်း ဧကရာဇ်မောင်နားလည်လာခဲ့သည် ။

နာရီပြည့်လို့ ဧကရာဇ်မောင် မှန်ပုံးထဲကနေ ထွက်လာချိန်မှာ သူ့ရဲ့ပါးပြင်မှာ မျက်ရည်တွေအဆက်မပျက်စီးကျနေသည် ။ သူ့မိခင်ရဲ့မျက်နှာ ၂ ဖက်ကိုမြင်တွေ့ရချိန်မှာ သူဟာအလွန်ထိတ်လန့်သွားခဲ့သည် ။

" မင်းဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲတော်လိုက်ရအောင် ... မင်းကြည့်ရတာ ပင်ပန်းနေပုံပဲ "

ဧကရာဇ်မောင်ဟာ ဘာမှမပြောနိုင်ပဲ အိမ်ပြန်လာခဲ့ရသည် ။ ထိုသို့နေ့စဉ်ရက်စက် ကုသမှုခံယူပြီး တစ်ပတ်အကြာမှာတော့ သူ့ရဲ့ထိုအသိစိတ်တွေကို ရိုက်သွင်းခဲ့သူက သူ့မိခင်ဖြစ်ကြောင်း ယုံကြည်သွားလေသည် ။ မိခင်ဟာ ကုမုဒြာကအမြဲသူ့အပေါ် အနိုင်ယူချင်စိတ်တွေပြည့်နေပြီး ကစားဖို့အတွက် သူ့အားခေါ်ဆောင်ထားခြင်းဖြစ်ကြောင်း ဒီလိုသွေးမတော်သားမစပ်တဲ့လူအပေါ် နာခံနေတာထက် သွေးတော်သားဆက်တဲ့ သူမအပေါ်သာ သိတတ်နားလည်ဖို့ အမြဲသွန်တင်ဆုံးမခဲ့သည် ။

တကယ်တမ်း ဒီစကားတွေက သူပြန်ပြီးမြင်ယောင်နေမိတဲ့ မှတ်ဉာဏ်တွေထဲက ကုမုဒြာနဲ့သူ့ရဲ့ပုံရိပ်တွေနဲ့ ကိုက်ညီမှုမရှိနေပေ ။ ကုမုဒြာဟာ သူ့အပေါ် အနိုင်ယူလိုစိတ်မရှိသလို သူနဲ့အတူကစားပေပြီး အစားအစာတွေကိုဝအောင်ကြွေးမွေးကာ သူ့အားနွေးထွေးမှုပေးသည် ။ ကုမုဒြာဟာ သူနဲ့မထိုက်တန်တဲ့ ဟိုးအမြင့်ကပန်းကလေးတစ်ပွင့်လို သူ့အတွက်အလွန်အဖိုးတန်သည့် လူသားလေးဖြစ်သည် ။

သူ့အားရိုက်နှက်အပြစ်ပေးခြင်းမရှိသလို ညဘက်တွေမှာ သူ့အားထွေးပိုက်ကာ သူနဲ့အတူအိပ်ဆက်ပေးသည် ။ ကုမုဒြာရဲ့အနွေးဓာတ်က မိခင်ထံကရရှိတဲ့ အနွေးဓာတ်ထက်ပင် ပို၍နွေးထွေးနေသည် ။ တဖြေးဖြေး ဟိုအရင်က သူကုမုဒြာအပေါ် မြင်တဲ့အမြင်တွေက မုန်းတီးမှုမဟုတ်နေပဲ သဘောကျနှစ်သက်မှုဖြစ်ပြီး အမြင့်မှာ ပွင့်လန်းနေတဲ့ ပန်းကလေးကို သူကငေးကြည့်ရတာ နှစ်သက်သဘောကျနေသူဖြစ်သည် ။

မိခင်သာ ထိုသို့အမုန်းစိတ်တွေ ရိုက်မသွင်းခဲ့လျှင် သူဟာထိုအဖိုးတန်ပန်းကလေးအား ရက်ရက်စက်စက် ခူးယူချိုးပြစ်ခဲ့မိမည်မဟုတ်ပေ  ။

*

*

*

ဧကရာဇ်မောင်ဟာ အလုပ်ဆင်းသည့်အချိန်တိုင်း ကုသမှုကိုခံယူရသည် ။ ဒီနေ့က စနေနေ့ဖြစ်တာကြောင့် ရုံးစောစောဆင်းပြီး ကုသမှုခံယူဖို့ ဆေးရုံကိုသွားရန်တွေးလိုက်သည် ။ ထိုစဉ် သူ့ရဲ့ရုံးခန်းထဲသို့ ကသစ်ပန်းဝင်လာခဲ့သည် ။

သူမကိုမတွေ့ဖြစ်တာပင် ကြာခဲ့ပြီ ။  ဆေးကိစ္စပြီးကတည်းက သူမအကြောင်းစုံစမ်းကြည်ရာမှာ သူမပြောပြခဲ့တဲ့မိသားစုဆိုတာ တကယ်မရှိနေပဲအလိမ်အညာဆိုတာသိပြီး သူမအပေါ်လုံးဝအယုံအကြည်မရှိတော့ပေ ။ ဒါပေမဲ့သူမနဲ့ထိတ်တိုက်ရှင်းဖို့ကိုတော့ ဧကရာဇ်မောင် ဆေးကုသမှုခံယူနေရတာနဲ့ အချိန်မရခဲ့ပေ ။

ခုသူမရဲ့မျက်နှာက အတော်လေးပျက်ရွံ့နေကာ ပြိုကျတော့မည်မိုးလို ငိုမဲ့မဲ့ဖြစ်နေသည် ။ ဧကရာဇ်မောင် ရှောင်ထွက်ဖို့ပြင်လိုက်ပေမဲ့ ကသစ်ပန်းက အရှေ့ကနေတားစီးလိုက်သည် ။

" မောင် .... ဘာလို့ ကသစ်ကိုရှောင်နေသေးတာလဲဟင် ... မောင်ခိုင်းသမျှ ကသစ်အကုန်လုပ်ခဲ့တယ် … ဒါပေမဲ့မောင်က ကသစ်ကိုရှောင်နေတုန်းပဲ "

ဧကရာဇ်မောင်က သူမရဲ့ထိုပုံစံကို သဘောမကျပေမဲ့ သူမအကြောင်းပိုသိဖို့အတွက် အလိုက်သင့်ဟန်ဆောင်ကာနေပေးလိုက်သည် ။ သူမဘယ်လောက်ထိ ဆက်ပြီးလိမ်ညာနေမလဲဆိုတာ သိရှိရန်ပင် ။ အချက်အလက်မရှိပဲစွတ်ဆွဲတာထက် သူမရဲ့စကားလုံးတွေထဲကနေ အပြစ်ကိုရှာဖွေဖို့လိုသည် ။

" မင်းဘာဖြစ်လာတာလဲ ... မျက်နှာလဲမကောင်းပါလား "

" အဟင့် ... ဟင့် ... မောင်နောက်ဆုံးတော့ ကသစ်ကိုကြည့်ပြီပေါ့ "

ရုတ်တရပ်သူမက လာဖက်၍ ဧကရာဇ်မောင်သူမကိုတွန်းထုတ်လိုက်သည် ။ သူမဘာဆက်ပြောမလဲ သိရအောင် ဒေါသမထွက်မိအောင်ထိန်းလိုက်ပြီး ...

" ရုတ်တရပ်ကြီး ကိစ္စတစ်ခုခုဖြစ်လို့လား "

" မောင်က သခင်လေးမုဒြာအပေါ် ခံစားချက်မရှိဘူးဆိုတာ သိပါတယ် ... မောင်သူ့အပေါ် ကောင်းပေးနေတာကလဲ သူကိုကစားဖို့သက်သက်ဆိုရင် မောင် ရပ်တန့်လိုက်ပါတော့ ... သူနဲ့အချိန်ကုန်ခံမနေပဲ သူ့ကိုကွာရှင်းလိုက်ပြီး ကသစ်နားကိုပြန်လာခဲ့ပါ ... မောင်နဲ့ကသစ်က ပေါင်းစပ်ထားတဲ့မိတ်ဖက်တွေပဲလေ "

" ...... "

ဧကရာဇ်မောင်က တိတ်ဆိတ်လျှက် အေးဆက်စွာကြည့်လိုက်တော့ သူမအနည်းငယ်ထိတ်လန့်သွားသည် ။ သူမဆေးကြောင့် ခုသလောဧကရာဇ်မောင် အိပ်ရေးတွေပျက်ပြီး စိတ်ဂယောင်ချောက်ခြားဖြစ်နေမှန်း သူမသိသည် ။ ဒါကြောင့် ခုချိန်မှာ သူမပြောသမျှကို ဧကရာဇ်မောင်ယုံကိုယုံလိမ့်မည် ။

"  ပြီးတော့လဲလေ ... ကသစ်မှာ မောင်နဲ့ရတဲ့ ကိုယ်ဝန် ရှိနေပြီ "

သူမလိမ်ညာနေမှန်းသိပေမဲ့ ဒီလောက်ထိယုတ်တိမရှိလိမ်ညာလိမ့်မည်ဟုတော့ ဧကရာဇ်မောင် ထင်မထားပေ ။ ကသစ်ပန်းက ချက်ချင်းပဲ ဧကရာဇ်အရှေ့ကို ဖိုင်တစ်ခု ထုတ်ပေးလိုက်သည် ။ ထိုအခါ ဧကရာဇ် သူမပေးတဲ့ဖိုင်ကိုဖွင့်ကြည့်လိုက်တော့ အထဲမှာ Ultrasound အဖြေလွှာစာရွက်ကိုတွေ့လိုက်ရပြီး ကြောင်အမ်းသွားသည် ။

ကသစ်ပန်းဟာ မုဒြာရဲ့ဖြေလွှာစွာရွက်အားယူပြီး သူ့ရဲ့အချက်အလက်တွေဖြည့်စွပ်ကာ အတုလုပ်ထားခြင်းပင် ။ ဧကရာဇ်မောင်က သူ့ရဲ့ခန္ဓာကိုယ်ကို မထိတွေ့မှန်းသိ၍ ဗိုက်အတုကိုပါ စီစဉ်ထားသည် ။ သူက ဧကရာဇ်ရဲ့လက်ကို ဆွဲယူကာ သူ့ဗိုက်ပေါ်တင်ပေးလိုက်ပြီး ...

" တွေ့လား ... မောင်နဲ့ကသစ်ရဲ့ရင်သွေးလေး ဗိုက်ထဲမှာရှိနေပြီ "

ဧကရာဇ်က ဖြေလွှာစာရွက်ရဲ့ရက်ဆွဲတွေကို သေချာကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည် ။

" မင်းရဲ့ကိုယ်ဝန်က ၂ လလို့ရေးထားတယ် ... ငါတို့ဘယ်တုန်းကဆက်ဆံခဲ့ကြလို့လဲ ... မင်းနဲ့ငါမှားခဲ့တာက ၄ လလောက်ရှိနေပြီ ... မင်းငါ့ကို လာလိမ်နေတာလား "

သူမကရုတ်တရပ်စီစဉ်လိုက်တာမို့ ရက်ဆွဲကိုအတိအကျမပြောင်းလိုက်မိပေ ။ ဒါပေမဲ့ဟန်ဆောင်တဲ့နေရာပါရမီပါတဲ့သူမက ငိုမဲ့မဲ့ပုံစံဟန်ဆောင်လိုက်ပြီ …

" မောင် ဘယ်လိုပြောလိုက်တာလဲ ... ဒါကကသစ်နဲ့မောင့်ရဲ့ကလေးပါ ... ကသစ်မောင့်အနားကနေဘယ်မှမသွားတာ မောင်အသိဆုံးပဲလေ ... မောင်နဲ့ကသစ်ကမိတ်ဖက်တွေ "

အရင်ကရူးနေတဲ့ဧကရာဇ်မောင်ဆိုရင် သူမရဲ့ခုပုံစံကိုကြည့်ပြီး ယုံရင်ယုံသွားနိုင်ပေမဲ့ အမှန်တစ်ဝက်ကိုသိနေတဲ့ သူကတော့မယုံပေ ။ သူက ကသစ်ပန်းအနားကပ်လိုက်ပြီး အသက်ကိုပြင်းပြင်းရှူထုတ်ပြီးနောက် ဆိုလိုက်သည် ။

" ဒါပေမဲ့ ငါ့အထင်တော့ မင်းရဲ့ဖယ်ရိုမုန်းတွေကငါ့အပေါ် ဘယ်တုန်းကမှ မသက်ရောက်ဘူး ... မင့်ငါ့အပေါ် လိမ်ညာထားတာရှိရင် ခုတစ်ခါတည်းဝင်ခံပါ ... နောက်မှငါစုံစမ်းလို့သိရရင် မင်းကိုညှာသာပေးမှာမဟုတ်ဘူး "

" မောင် "

ဧကရာဇ်မောင်က သူမအား ဂရုမစိုက်တော့ပဲ ရှောင်ဖယ်ကာ ထွက်လာခဲ့သည် ။ အခန်းအပြင်ရောက်တော့ ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ ကိတ်မုန့်ဘူးကိုတွေ့လိုက်ရပြီး သူ့ရဲ့ခြေလှမ်းတွေက ရပ်တန့်သွားသည် ။

" ဒါက "

သူအံ့ဩတကြီး ကြည့်နေမိချိန် အနားကလုံခြုံရေးအစောင့်တစ်ယောက်က ပြေးလာကာ ပြောပြလာခဲ့သည် ။

" စောစောကပဲ သခင်လေးကုမုဒြာ သူဌေးရဲ့ရုံးခန်းရှေ့မှာရပ်နေတာ ... ပြီးတော့ ကိတ်မုန့်ဘူးကို လွှတ်ချခဲ့ပြီး ပြေးထွက်သွားတယ် "

" ဘာ ! မုဒြာဒီလိုလာသွားတယ် ဟုတ်လား "

ဧကရာဇ်မောင်က မြေပြင်ပေါ်မှာကျနေတဲ့ ကိတ်မုန်းဘူးကို ကောက်ယူလိုက်ပြီး တိုးတိတ်စွာ ရေရွတ်လိုက်တော့သည် ။

" အာ ... ဒီနေ့က ငါ့ရဲ့မွေးနေ့ပဲ ... ဒါကငါ့မွေးနေ့အစစ်မဟုတ်ပါဘူးလို့ သူ့ကိုပြောထားတာကို ... သူမှတ်မထားဘူးပဲ "

* ပြီးတော့ ငါတို့ပြောတာတွေကို သူကြားသွားတာလား ? ဒါကြောင့် စိတ်ဆိုးပြီးထွက်သွားတာလား ? ငါ့အမှားတွေအတွက် ဝန်ခံပြီး တောင်းပန်မယ်လို့တွေးထားပြီးမှ ဘာကြောင့် ငါတစ်ယောက်ထည်း အမြဲကံဆိုးမိုးမှောင်ကျနေရတာလဲကွာ *

ကိတ်မုန့်ဘူးကိုကိုင်လျှက် မုဒြာကိုများ လိုက်မှီဦးမလားအတွေးနဲ့ ဧကရာဇ်မောင် ပြေးထွက်လာခဲ့သည် ။ သို့ပေမဲ့ သူ့အရှေ့မှာတင် မုဒြာဟာ ဇွဲရဲ့ကားပေါ်တက်ပြီး ထွက်ခွာသွားလေတော့သည် ။

အပေါ်ထပ်ရုံးခန်းရဲ့ ပြတင်းပေါက်ကနေ ကြည့်နေတဲ့ကသစ်ပန်းက သူမရဲ့အစီစဉ်က မအောင်မြင်ခဲ့၍ သူမမပိုင်ဆိုင်ရတဲ့အရာကို နောက်ထပ်ဘယ်သူမှပိုင်ဆိုင်ခွင့်မရအောင် လုပ်ဖို့တွေးလိုက်သည် ။

" ရှင့်ကိုကျွန်မပိုင်ဆိုင်ခွင့်မရရင် ရှင်တို့ ၂ ယောက်ကို ကျွန်မကိုယ်တိုင် အဆုံးသတ်ပေးမယ် "

.............................................................................................

To Be Continued ......

အရာအားလုံးဟာ အဆင္ေျပသြားၿပီထင္ထားခဲ့ေပမဲ့ ေနာက္ပိုင္း အိမ္မက္ဆိုးေတြက ပိုပိုၿပီးထင္ရွားစြာ ျမင္မက္လာခဲ့သည္ ။ ဧကရာဇ္ေမာင္ဟာ မနက္အိပ္ယာမွနိုးထလာတိုင္း သူ႕ရဲ႕ေဘးနားမွာ ကုမုျဒာမရွိေနလွ်င္ အရင္ကထက္ဆိုးရိမ္စိတ္ေတြ ပိုလာခဲ့သည္ ။  တစ္စုံတစ္ရာကို ဆုံးရႈံးရမွာေၾကာက္တဲ့စိတ္က ဖုံးလႊမ္းေနၿပီး ကုမုျဒာအေပၚျပဳလုပ္ခဲ့သည့္အမွားေတြက သူ႕ကိုယ္သူျပန္ေျခာက္လွန႔္ေနသည္ ။

ကုမုျဒာကေတာ့ သူနဲ႕ဆန႔္က်င္စြာပင္ အရင္လို သူ႕ရဲ႕ဖယ္ရိုမုန္းေတြကို တန္းတန္းတတ အ႐ူးအမူးမေတာင့္တေတာ့ပဲ တစ္ေယာက္ထည္း ေနတတ္လာသည္ ။ မုျဒာက သူ႕ကိုမျမင္ရရင္ မေနတတ္တဲ့အက်င့္ကေန ခုေတာ့ သူ႕ကိုမျမင္ေအာင္ ပုန္းရတာကို ႏွစ္သက္သြားပုံပင္ ။ မုျဒာရဲ႕မ်က္ႏွာကို ျမင္ေတြ႕ရဖို႔က ဧကရာဇ္ေမာင္အတြက္အလြန္ခက္ခဲလာသည္ ။  သူ႕ကိုအတင္းခ်ဳပ္ေႏွာင္ၿပီး အရယူတတ္တဲ့မုျဒာကိုျပန္လြမ္းမိသည္ ။ ခုမုျဒာက သူ႕ဘက္ကစတင္လွ်င္ေတာင္ ႐ုန္းထြက္သြားတတ္သည္ ။ ဒီလိုေတြျဖစ္လာေတာ့ ႏွလုံးသားထဲက ခံစားခ်က္ေတြက အေတာ့္ကို ခံရခက္သည့္ ေဝဒနာတစ္ခုအလားပင္ စူးနင့္ကာနာက်င္ေနသည္ ။

ဧကရာဇ္ေမာင္ကေတာ့ အရင္ကနဲ႕ဆန႔္က်င္စြာပင္ သူအၿမဲမုန္းတီေနခဲ့တဲ့ ထိုလူသားေလးရဲ႕မ်က္ႏွာက ေနရာတိုင္မွာဆြဲထင္ေနသည္ ။ ကုမုျဒာရဲ႕အနံ႕အသက္ေတြက သူ႕အားလုံၿခဳံမႈအျပည့္ေပးနိုင္သလို ေႏြးေထြးသည္ဟုခံစားလာရသည္ ။ မုျဒာရဲ႕ဂ႐ုစိုက္ေပးမႈေတြကိုလဲ ဟန္ေဆာင္ေနသည္ဟု မျမင္နိုင္ေတာ့ပဲ အစစ္အမွန္ဆိုတာ ယုံၾကည္သြားသည္ ။

ေဝဝါးေနေပမဲ့ ေကာင္းမြန္တဲ့အိမ္မက္ေတြကို ပိုၿပီးထင္ရွားစြာျမင္မက္ခြင့္ရခ်င္သည္ ။ အိမ္မက္ထဲမွာ သူတို႔ဟာ ၿပဳံးေပ်ာ္ေနၾကသည္ ။ သူ႕ကိုနာက်င္ေအာင္လုပ္တဲ့လူက ထိုလူသားမဟုတ္ေနခဲ့ေပ ။ ဒါေပမဲ့ သူမုျဒာအေပၚလုပ္ေဆာင္ခဲ့သမွ် အတိတ္ကျဖစ္ရပ္ေတြဟာ အိမ္မက္ထဲကသူတို႔နဲ႕ဆန႔္က်င္စြာ သူ႕ရဲ႕ေနာက္ထပ္မေကာင္းတဲ့မိစာၦပုံစံလိုမ်ိဳး ျမင္ေနရသည္ ။ ထိုမိစာၦေကာင္က သူ႕ကိုယ္သူ ျပန္ေလွာင္ရယ္ေနသည္ ။

သူေျပာတာက * ငါ့မွာ ျပင္ဆင္လို႔မရနိုင္ေတာ့တဲ့ အမွားေတြအမ်ားႀကီး က်ဴးလြန္ခဲ့ၿပီးၿပီမို႔ လူေကာင္းျဖစ္ဖို႔ မေတြးနဲ႕ေတာ့ ... ေနာက္ဆုံးမွာ ဘယ္သူကမွ ငါ့ကိုလိုခ်င္ၾကမွာမဟုတ္ေတာ့ဘူး ... ငါ့ကိုဆြဲလမ္းေနတဲ့ လူကအစေပါ့ *

ထိုအိမ္မက္ကေန နိုးထလာတိုင္း သူ႕ကိုယ္သူ ဘယ္အခ်ိန္ကတည္းက စိတ္ရိုင္းေတြ ရိုက္သြင္းေနမိခဲ့လို႔ ဒိလိုမုန္းစရာေကာင္းတဲ့ ပုံစံက သူ႕အသိအာ႐ုံထဲမွာ ရွင္သန္ေနသလဲဆိုတာကို အသည္းအသန္ရွာေဖြေနမိသည္ ။  သို႔ေပမဲ့ သူလုပ္ေဆာင္ေနခဲ့သမွ်အတိတ္ကျဖစ္ရပ္ေတြက သူကိုယ္တိုင္ လုပ္ေဆာင္ေနခဲ့မိျခင္းဆိုတာ လိမ္ညာ၍မရနိုင္ေပ ။ သူဟာအခ်ိန္အၾကာႀကီး သူ႐ူးတစ္ေယာက္ျဖစ္ေနခဲ့တာကို နားလည္လက္ခံသြားေလသည္ ။

ခုသူရဲ႕အသိစိတ္က ၂ ႏွစ္ခြျဖစ္ေနၿပီး တေျဖးေျဖးေျပာင္းလဲလာတဲ့ ကုမုျဒာအေပၚအျမင္ၾကည္လာကာ ေကာင္မြန္တဲ့အိမ္မက္ေတြကို ျပန္လည္သတိရခ်င္လာတဲ့စိတ္က ခုလက္ရွိျဖစ္ေပၚေနတဲ့စိတ္ပင္ ။ ေနာက္တစ္ခုက သူအိပ္ေပ်ာ္သြားတိုင္းမွာ ေပၚလာတတ္ၿပီး ေပ်ာ္႐ႊင္စရာအိမ္မက္ေတြကို ေႏွာက္ယွက္ကာ အတိတ္ကအမွားေတြကိုသာ ဆက္ၿပီးျပဳလုပ္ဖို႔ တြန္းအားေပးေနသည့္စိတ္ပင္ ။ ေနာက္ဆုံး ဧကရာဇ္ေမာင္ဟာ သူ႕ရဲ႕ရႈတ္ေထြးေနတဲ့စိတ္အေျခအေနကို ရွင္းထုတ္နိုင္ဖို႔အတြက္ ယံယံဆီကို ထြက္လာခဲ့ေလသည္ ။

" ေနာက္ဆုံးေတာ့ မင္းေရာက္လာၿပီေပါ့ "

သူ႕ရဲ႕မ်က္ႏွာက သုန္မႈန္ေနၿပီး အိမ္ေရးပ်က္ထားျခင္းေၾကာင့္ မ်က္ကြင္းေတြပါညိုေနသည္ ။ ခုံေပၚမွာ တိတ္ဆိတ္စြာ ထိုင္ေနတဲ့ ဧကရာဇ္ေမာင္ကို ယံယံအကဲခတ္ၾကည့္လိုက္သည္ ။ သူနဲ႕ေနာက္ဆုံးေတြ႕ခဲ့တဲ့အခ်ိန္ထက္ပင္ အေျခအေနပိုဆိုးလာသည္ ။

ယံယံက ဖယ္ရိုမုန္းကုထုံးအျပင္ ခႏၶာေဗဒႏွင့္ အာ႐ုံေၾကာအထူးကုတစ္ေယာက္ျဖစ္တာေၾကာင့္ လူေတြရဲ႕စိတ္ေနစိတ္ထားကို မ်က္ႏွာအမူအယာကိုၾကည့္ယုံျဖင့္ သိနိုင္သည္ ။ သူဟာစိတ္ေရာဂါကု ဆရာဝန္တစ္ေယာက္လဲျဖစ္သည္ ။ သူ႕အေရွ႕မွာ မ်က္ႏွာမအီမသာျဖစ္ေနတဲ့ ဧကရာဇ္ေမာင္ကိုျမင္ေတာ့ သက္ျပင္းခ်ကာ ေမးလိုက္သည္ ။

" မင္းပုံစံကဘာျဖစ္တာလဲ ... ေဆးလာကုတာက ရန္ရွာဖို႔လာတာၾကေနတာပဲ ... အဲ့လိုမ်က္ခုံးႀကီး ၾကဳတ္မထားလို႔မရဘူးလား "

" ငါ ေဆး႐ုံရဲ႕အနံ႕ကို မႏွစ္မ်ိဳ႕ဘူး ... ငါ့ကိုစိတ္အေႏွာက္အယွက္ေပးလြန္းတယ္ "

" ဒါဆိုမင္းခုဘာလို႔လာေနေသးလဲ ... ဒါကလူေတြကိုကုသေပးတဲ့ေနရာ ... လူသတ္တဲ့ေနရာမဟုတ္ဘူး "

" ငါအဲ့လိုသေဘာမ်ိဳး ေျပာတာမဟုတ္ပါဘူး ... ငါဒီအနံ႕ေတြကို မုန္း႐ုံပါ ... ငါငယ္ငယ္က ဒီလိုေနရာကို ခနခနေရာက္ဖူးလို႔ျဖစ္မယ္ ... ဒါေပမဲ့ ငါမမွတ္မိေတာ့ဘူး "

ယံယံက ဧကရာဇ္ေမာင္ကို ဘယ္ေလာက္ပင္ ၾကည့္မရျဖစ္ေနပါေစ ေဝဒနာသည္တစ္ေယာကို သူျပစ္ျပစ္ခါခါမေျပာခ်င္ေတာ့၍ စိတ္ေလ်ာ့လိုက္သည္ ။

" ေကာင္းၿပီ ... မင္းလာရင္းကိစၥကိုပဲေျပာၾကတာေပါ့ "

ထိုအခါ ဧကရာဇ္ေမာင္က သူေသာက္ေနၾက ေဆးဘူးထဲကေန ယူထားတဲ့ ေဆးျပားကိုထုတ္ျပလိုက္သည္ ။

" ဒါက ဘာေဆးေတြလဲ "

ယံယံက ယူၾကည့္လိုက္ၿပီး မုျဒာလဲ သူ႕ကိုေမးဖူး၍စစ္ၾကည့္ေတာ့ ဆိုးက်ိဳးရလာဒ္ထြက္လာသည့္ေဆးမွန္း သိသြားသည္ ။

" ဒီေဆးေတြက မင္းဆီမွာလဲ ရွိေနတာလား "

ဧကရာဇ္ကိုယ္တိုင္လဲ သူေသာက္ေနၾကေဆးရဲ႕အရသာနဲ႕မတူေနတာကို သတိထားမိခဲ့သည္ ။

" ေဆးေတြက ဘာျဖစ္ေနလို႔လဲ "

" ဒီေဆးက မူးရစ္ေဆးတစ္မ်ိဳးပဲ ... မုျဒာမင္းကိုတိုက္ေနၾကေဆးနဲ႕ပုံစံတူေပမဲ့ အဲ့ေဆးမဟုတ္ဘူး ... မင္းဒါကို ဘယ္ေလာက္မ်ားေသာက္လိုက္မိေသးလဲ "

" ...... "

ထိုေန႕ကထူးထူးဆန္းဆန္း ကသစ္ပန္းက ကုမုျဒာကအကူအညီေတာင္းလို႔ဆိုၿပီး ေဆးျပားတစ္ခ်ိဳ႕ သူ႕ကိုတိုက္ေႂကြးခဲ့သည္ ။ သူကိုယ္တိုင္က မသကၤာတာေၾကာင့္ အစကမေသာက္ခဲ့ေပမဲ့ စိတ္ေတြအရမ္းရႈတ္ေထြးေနခ်ိန္မွာ အနည္းငယ္ေသာက္မိခဲ့သည္ ။

" ၃ ျပားေလာက္ေတာ့ေသာက္လိုက္မိတယ္ ... အဲ့ေနာက္စိတ္ကပုံမွန္မျဖစ္ပဲ ေနလို႔ဆိုးလာတာနဲ႕ မေသာက္ေတာ့တာ ... အဲ့ဒါစားၿပီးရင္ ပိုၿပီးအိပ္ေပ်ာ္ၿပီး အိမ္မက္ဆိုးေတြမက္တဲ့အျပင္ အသိစိတ္ေတြ ရႈတ္ေထြးလာတယ္ ... ၿပီးေတာ့ ငါ့ရဲ႕တျခားပုံစံတစ္မ်ိဳးကိုလဲ ျမင္ေနရတယ္ ... သူ႕ရဲ႕ပုံစံက အထိန္းအခ်ဳပ္ခံထားရၿပီး အေႏွာင္အဖြဲ႕ေတြကေန႐ုန္းထြက္ဖို႔ႀကိဳးစားေနသလိုပဲ ... ၿပီးေတာ့ ငါ့ကိုလဲ အရႈံးသမားဆိုၿပီး ေလွာင္ရယ္ေနတယ္ "

ထိုအေၾကာင္းေတြ ေျပာေနခ်ိန္မွာ ဧကရာဇ္ရဲ႕မ်က္ခုံးေတြက ၾကဳတ္ထားၿပီး ဦးေခါင္းကဆံႏြယ္ေတြက လက္ျဖင့္ထိုးဖြေနသည္ ။ ဖယ္ရိုမုန္းေတြကိုလဲ ထိန္းခ်ဳပ္မထားေတာ့ပဲ အဆက္မျပတ္ထုတ္လႊတ္ေန၍ အခန္းေရွ႕ကျဖတ္သြားတဲ့ အိုမီဂါနက္စ္မေလးမ်ားကပင္ ရနံ႕ျပင္းထန္တဲ့ ထိုအယ္ဖာအား အံ့ဩတႀကီးၾကည့္လာၾကသည္ ။ ယံယံက ထြက္သြားဖို႔လက္ဟန္ေျခဟန္ျပၿပီး လုံၿခဳံဖို႔အတြက္ အခန္းတံခါးကိုပိတ္လိုက္သည္ ။

သူကအိုမီဂါျဖစ္​ေပမဲ့ Promance ေတြနဲ႕ရင္းနီးမႈရွိၿပီး ေတာင့္ခံနိုင္သလို မိတ္ဖက္လဲရွိတာေၾကာင္ ထိုအနံ႕ေတြက သူ႕အေပၚတက္ေရာက္မႈမရွိေပ ။ ယံယံေသျခာေစာင့္ၾကည့္ေနၿပီး ဧကရာဇ္ရဲ႕စိတ္ခံစားမႈနဲ႕အတူ သူ႕ရဲ႕အနံ႕ေျပာင္းလဲေနပုံကို သတိထားမိလာသည္ ။

သူစိတ္ရႈတ္ေထြးလာလွ်င္ သူ႕ရဲ႕မ်က္ႏွာက မဲေမွာင္ေနသလိုမ်ိဳး သူ႕ရဲ႕အနံ႕ေတြကလဲစူးရွကာ ျပင္းထန္လာသည္ ။ သူ႕ရဲ႕စိတ္ၾကည္လင္ေနရင္ေတာ့ သူ႕ရဲ႕အနံ႕က ေျမသင္းနံ႕ေအးေအးေလးအျဖစ္ျပန္ေျပာင္းသြားသည္ ။ သူ႕ရဲ႕စိတ္ေနစိတ္ထားကို ဖယ္ရိုမုန္းနံ႕ကေနတစ္ဆင့္မွန္းစလို႔ရသည္ ။

ယံယံက ေဆးအတုနဲ႕သူေပးေနက်ေဆးကို ယွဥ္ျပလိုက္ၿပီး ...

" ေသခ်ာတာတစ္ခုက မင္းဒီေဆးကိုေသာက္မိၿပီး စိတ္ေတြကေယာင္ေျခာက္ျခားျဖစ္ေနတာပဲ ... မင္းတစ္ခ်ိန္လုံး မွတ္ဉာဏ္ထဲမွာရိုက္သြင္းခံထားရတဲ့အသိစိတ္ေတြရယ္ အတိတ္ေတြရယ္က ေရာေထြးၿပီး မင္းကိုယ္မင္း လူ ၂ ေယာက္လို႔ျမင္ေနခဲ့တာ ... ကံေကာင္းတာက မင္းအဲ့ေဆးကိုအမ်ားႀကီးမေသာက္လိုက္မိဘူး ... ဒါေၾကာင့္မင္းမွာ ဘယ္ဟာအမွားဘယ္ဟာအမွန္ဆိုၿပီး ဆင္ျခင္နိုင္တဲ့အသိတရားရွိေနေသးတယ္... မဟုတ္ရင္ ငါလဲမင္းကိုကယ္နိုင္မွာမဟုတ္ဘူး "

ဧကရာဇ္ေမာင္က ျဖစ္ပ်က္ေနတာေတြကို နားမလည္နိုင္၍ ေသခ်ာရွင္းျပေပးဖို႔ေတာင္းဆိုလိုက္သည္ ။

" ဘယ္ကေန ဘယ္လိုစျဖစ္တာလဲ ... ငါ့ေရာဂါက အဲ့ေလာက္ေတာင္အေျခအေနဆိုးတာလား "

ထိုအခါ ယံယံက သူေပးေနၾက ေဆးဘူးအသစ္ကိုယူၿပီး ဧကရာဇ္အား ရွင္းျပလိုက္သည္ ။

" ဒါကမင္းဦးေနာက္ကို ပုံမွန္အတိုင္း အလုပ္လုပ္ေစၿပီး ရႈတ္ေထြးေနတာေတြကိုေပ်ာက္ေစတဲ့ေဆး ... ခုမင္းေသာက္မိတဲ့ေဆးက ဆန႔္က်င္ဘက္ပဲ ... ေသာက္မိတဲ့အခ်ိန္ပူေလာင္ၿပီး စိတ္ေထြရႈတ္ေထြးလာမယ္ ... မင္းဦးေနာက္ကို အလုပ္ပိုလုပ္ေစၿပီးေတာ့ ေမာပန္းလာတဲ့အခါ မင္းကိုႏွစ္ၿခိဳက္စြာ အိမ္ေမာက်ေစလိမ့္မယ္ ... အဲ့လိုမင္းအသိစိတ္ေပ်ာက္ဆုံးေနခ်ိန္ မင္းခႏၶာကိုယ္ကေတာင့္တသမွ်ေတြ ဖယ္ရိုမုန္းေတြရဲ႕ဆြဲေဆာင္မႈေတြေနာက္ကို မင္းကိုယ္ကလိုက္သြားၿပီးအမွားေတြလုပ္နိုင္တယ္ ... မင္းသတိရလာခ်ိန္မွာ ဘာကိုမွမွတ္မိေတာ့မွာမဟုတ္ဘူး ... တစ္နည္းေျပာရရင္ ဒါကလိင္ေဖ်ာ္ေျဖတဲ့ေနရာေတြမွာ အယ္ဖာ ဒါမွမဟုတ္ အိုမီဂါက ဖယ္ရိုမုန္းနဲ႕ဆြဲေဆာင္ဖို႔အဆင္မေျပတဲ့အခါ တစ္ဖက္ပါသနာစိတ္ပါလာေအာင္လုပ္ဖို႔ သုံးေလ့ရွိၾကတယ္ ... ဒါကိုသုံးၿပီးရင္ မင္းကအဲ့လူကိုပဲဆြဲလမ္းၿပီး အဲ့လူစကားကိုပဲနားေထာင္လိမ့္မယ္ …  ဒါေၾကာင့္တရားမဝင္မူးရစ္ေဆးအျဖစ္ ငါတို႔ေဆးေလာကမွာ သတ္မွတ္ထားၾကတာ "

သူမယုံၾကည္ခဲ့တဲ့လူက သူ႕ကိုတစ္ခ်ိန္လုံးကာကြယ္ေပးေနၿပီး သူယုံၾကည္ေနမိတဲ့လူက သူ႕ကိုဒုကၡေရာက္ေအာင္ တြန္းပို႔ေနတယ္ဆိုတဲ့ အမွန္တရားက ဧကရာဇ္ေမာင္အတြက္ အိမ္မက္ဆိုးအလားပင္ ထိတ္လန႔္သြားေစသည္ ။ မုျဒာကိုစိတ္ဆိုးသြားေစတဲ့ ထိုေန႕ၿပီးကတည္းက ကသစ္ပန္းကိုအိမ္ေတာ္ကေနႏွင္ထုတ္ခဲ့သည္ ။ အလုပ္ကိုေတာ့လာခြင့္ေပးထားၿပီး အလုပ္ကိစၥကလြဲၿပီး စကားမေျပာျဖစ္ေတာ့ေပ ။ မုျဒာကလဲ သူ႕ကိုေရွာင္ေန၍ အခန္းထဲမွာသူတို႔ဘာျဖစ္ခဲ့လဲဆိုတာ မသိေပ ။

ယံယံကေငးမွိုင္ေနတဲ့ ဧကရာဇ္ေမာင္ကို ေမးလိုက္သည္ ။

" ငါတို႔ ေရာဂါအေၾကာင္းေျပာၾကရေအာင္ ခုသေလာဘာေတြထူးျခားလဲ "

" အိမ္မက္ေတြခနခနမက္တယ္ ငါေမ့ေနတဲ့အတိတ္ကမွတ္ဉာဏ္ေတြလို႔ထင္တယ္ ေဝဝါးဝါးပဲျမင္ရတယ္ ဒါေပမဲ့ အရွိန္ေကာင္းလာၿပီဆို ငါကိုယ္ငါတစ္ျခားတစ္ေယာက္လိုျပန္ျမင္လာၿပီး အျပစ္တင္ေလွာင္ရယ္ေနတယ္ "

ယံယံက ဧကရာဇ္ေမာင္ေျပာျပသမွ်ေသခ်ာနားေထာင္ၿပီးေနာက္ …

" မင္းရဲ႕ေရာဂါက စိတ္က်ၿပီးဖိအားမ်ားလြန္းလို႔ျဖစ္လာတာ ... အမ်ားစုက ငယ္ဘဝမွာထိန္းေၾကာင္းခဲ့တဲ့လူနဲ႕လဲဆိုင္တယ္ …  လူေတြကသူ႕ဘာသာေနေနေပမဲ့ မင္းအာ႐ုံထဲမွာ သူတို႔ကမင္းကို႐ြံ႕မုန္းၿပီးကဲ့ရဲ႕ရႈံခ်လိမ့္မယ္လို႔ပဲ ယုံၾကည္ေအာင္ ပုံသြင္းခံခဲ့ရလို႔ပဲ ... အဲ့လိုကေန တကယ္ေကာင္းေပးတဲ့လူေတြကိုေတာင္ အလိမ္အညာလို႔ထင္မိတဲ့ထိ အယုံအၾကည္ကင္းမဲ့လာမယ္ ... မင္း မုျဒာအေပၚဆက္ဆံခဲ့ပုံမ်ိဳးေပါ့ … ဒါကဖိအားေပးမႈေၾကာင့္ျဖစ္တဲ့ေရာဂါ  "

" ...... "

" မုျဒာက ငယ္ငယ္ေလးကတည္းက မင္းကိုအရိတ္တၾကည့္ၾကည့္နဲ႕ ဂ႐ုစိုက္ခဲ့တာ ... မင္းကလူေတြနဲ႕မဆက္ဆံတတ္လို႔ သူကမင္းသူငယ္ခ်င္းရေအာင္ ကူညီေပမဲ့ မင္းကေတာ့ လူေတြကိုအယုံအၾကည္မရွိပဲ ရန္ျဖစ္ၿပီး မုျဒာကိုပဲအခက္ေတြ႕ေအာင္လုပ္ေနတယ္ ... ငယ္ငယ္ကမုျဒာ သူ႕အတြက္သူေတာင္မၾကည့္ပဲ မင္းအတြက္ပဲျဖည့္စည္းေပးခဲ့တယ္ ... မင္းလိုစိတ္မတည္ၿငိမ္တဲ့အ႐ူးတစ္ေယာက္ကို အ႐ူးအမူးခ်စ္မိေနတဲ့မုျဒာကမွ တကယ္အ႐ူးပဲ ... မုျဒာကပဲ မင္းပုံမွန္ျပန္ျဖစ္ဖို႔ ဒီေဆးေတြကိုတိုက္ခဲ့တာ ... သူသာဂ႐ုမစိုက္ခဲ့ရင္ မင္းခုရရွိထားတဲ့ေနရာမွာေတာင္ ရွိေနနိုင္မွာမဟုတ္ဘူး "

ဒီအမွန္တရားေတြကို ခုခ်ိန္ထိရင္မဆိုင္ရဲေသးေပ ။ သူသာေစာေစာအသိတရား ရရွိခဲ့လွ်င္ သူ႕အေပၚအၿမဲေကာင္းေပးခဲ့တဲ့ကုမုျဒာအေပၚ နာက်င္ေအာင္မလုပ္မိဖို႔ ျပင္ဆင္နိုင္ခြင့္ရွိလာနိုင္ဦးမလား ?

သူဟာစိတ္ရႈတ္ေထြးကာ မ်က္ႏွာကို လက္ဝါးျဖင့္အုပ္ရင္း မွိုင္ေတြစြာျဖင့္ ေရ႐ြတ္ေနသည္ ။

" ဘာေၾကာင့္ ငါ့ကိုဒီအေၾကာင္းေတြမေျပာျပခဲ့တာလဲကြာ ... ငါသာေစာေစာသိရင္ မင္းအေပၚအယုံအၾကည္ရွိလာနိုင္တာကို မုျဒာရာ "

" သူေျပာျပေတာ့ေရာ မင္းကနားေထာင္မွာမလို႔လား ... မင္းကေဒါသထြက္ရင္ ေပါက္ကြဲျပဖို႔ပဲသိတာေလ ... မုျဒာခံစားခ်က္ေတြကို အၿမဲလစ္လ်ႉရႈတာလဲမင္းကိုယ္တိုင္ပဲ ... အဲ့တုန္းကမင္းသာ ခုလိုအသိစိတ္နဲနဲရွိရင္ မုျဒာေျပာျပေကာင္းေျပာျပနိုင္လိမ့္မယ္ "

* ဟုတ္သားပဲ ... အဲ့တုန္းကသာ သူေျပာခဲ့ရင္လဲ သူ႕ကိုမယုံၾကည္တဲ့အျပင္ ငါ့ကိုအ႐ူးလုပ္တယ္လို႔ပဲ ထင္ေနမိမွာ *

ဧကရာဇ္ေမာင္ စိတ္ဓာတ္က်လာသည္ ။ အျဖစ္မွန္ကို ပိုသိလာေလ အမွားေတြကို ျပင္ဆင္ခြင့္မရေတာ့မွာ ပို၍ေၾကာက္မိလာသည္ ။

" ယံယံ ငါသိသမွ်မုျဒာနဲ႕ပတ္သပ္တဲ့မွတ္ဉာဏ္ေတြက အမွားေတြဆိုရင္ ငါမွန္ကန္တဲ့အမွတ္တရေတြကို ဘယ္လိုရွာေဖြသင့္လဲ … ငါကေရာ ဘာေၾကာင့္ အားလုံးကိုေမ့ေနရတာလဲ  "

" ငါေတြ႕ဖူးသမွ်လူနာေတြထဲမွာ မင္းလိုမွတ္ဉာဏ္ႏွစ္မ်ိဳးနဲ႕လူေတာ့မရွိေသးဘူး တစ္ခ်ိဳ႕က စိတ္ႏွစ္ခြျဖစ္ေနေပမဲ့ အားလုံးကိုမွတ္မိေနတယ္ မင္းၾကေတာ့ အမွားနဲ႕အမွန္ ၂ မ်ိဳးကိုမွ အမွားကိုပဲယုံၾကည္ၿပီး အမွန္ကိုေမ့ေပ်ာက္ထားတယ္ အဲ့ဒါက မင္းကိုယ္တိုင္ေမ့ေပ်ာက္ဖို႔ႀကိဳးစားခဲ့လို႔သာျဖစ္နိုင္တယ္ ခုမင္းရဲ႕ပုံမွန္အသိစိတ္က မင္းဆီျပန္ေရာက္လာတဲ့ပုံပဲ အေျဖကိုသိခ်င္ရင္ေတာ့ မင္းကိုယ္ကေန မင္းကိုယ္တိုင္အေျဖရွာမွရမယ္ "

သူဟာေကာင္းမြန္တဲ့မွတ္ဉာဏ္ေတြကို ေမ့ေပ်ာက္ကာ ကုမုျဒာအေပၚ မွားယြင္းတဲ့ဆြဲခ်က္ေတြနဲ႕ နာက်င္ေစခဲ့မွန္း သိလိုက္ရခ်ိန္ သူ႕ရဲ႕ႏွလုံးသားက ပို၍ပင္နာက်င္လာခဲ့သည္ ။ ထိုအမွားမ်ိဳး ဆက္ၿပီးမက်ဴးလြန္မိဖို႔ ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ဖို႔ လိုလာၿပီ ။

" ငါ့ကိုကူညီပါ ငါဘယ္လိုရွာေဖြသင့္လဲ ဒီအေျခအေနကေန ေပ်ာက္ေအာင္ကုသလို႔ရနိုင္ေလာက္လား ငါမွတ္မိခ်င္တယ္ ငါကိုယ္တိုင္ဖုန္းကြယ္ထားတဲ့ ငါ့ရဲ႕စိတ္အမွန္ကို "

" ေကာင္းၿပီ ငါ့မွာေခတ္မွီအာ႐ုံေက်ာကုထုံးနည္းပညာစက္ရွိတယ္ ... အဲ့ဒါက မင္းရဲ႕အာ႐ုံေက်ာ ႏွလုံးခုန္သံနဲ႕ ဖယ္ရိုမုန္းဂလင္းတို႔ကို ေပါင္းစပ္ၿပီး မင္းကိုယ္ကို တည္ၿငိမ္ေအာင္လုပ္ရမွာ ... မင္းရဲ႕ေရာဂါက မင္းရဲ႕ကိုယ္ရည္ကိုယ္ေသြနဲ႕ စိတ္ကိုတည္ၿငိမ္ေအာင္ထားၿပီး အေတြးေတြမရႈတ္ေထြးေတာ့မွ ကုသလို႔ရနိုင္မွာ … မင္းကိုယ္မင္း မင္းရဲ႕အစစ္အမွန္ကိုရွာေဖြၿပီး အရာအားလုံးနဲ႕ေပါင္းစည္းေအာင္လုပ္ရမယ္ … ဒါေပမဲ့ မင္းရဲ႕ဂလင္းက ထိခိုက္ထားေတာ့ သူနဲ႕စပ္ဆပ္ေနတဲ့စိတ္အာ႐ုံကလဲ တစ္ျခားလူေတြလို တည္ၿငိမ္မႈက ရာခိုင္ႏႈန္းျပည့္မရွိေနဘူး … ကုသေနတဲ့အေတာအတြင္း မင္းစိတ္ကိုမင္းတည္ၿငိမ္ေအာင္ထားနိုင္မွရမယ္ … နည္းနည္းေလး မထိန္းခ်ဳပ္နိုင္ျဖစ္သြားရင္ေတာင္ ဆိုးႀကိဳးအေနနဲ႕ ျပန္ခံစားရတာေတြလဲရွိလာနိုင္တယ္ ... ကံဆိုးကံေကာင္းကေတာ့ မင္းရဲ႕လုပ္ေဆာင္နိုင္မႈအေပၚ မူတည္တယ္ "

" ဘယ္လိုပဲျဖစ္ျဖစ္ ငါကုသခ်င္တယ္ ... လိုက္နာရမဲ့စည္းကမ္းေတြကိုေျပာပါ "

" ေကာင္းၿပီး ... ငါအခ်က္အလက္ေတြအားလုံးကို မင္းကိုရွင္းျပေပးမယ္ ... ဒီကုထုံးက ကုသမဲ့သူရဲ႕လက္မွတ္ပါမွ တရားဝင္တာ ... ဒါေၾကာင့္ ငါကုမုျဒာကို မင္းကိုေခၚလာခဲ့ဖို႔ အႀကိမ္ႀကိမ္ေျပာခဲ့ေပမဲ့ သူကေခၚမလာခဲ့ဘူး ... သူကအမွားအယြင္းတစ္ခုခုျဖစ္ၿပီး မင္းကိုထိခိုက္ေစမွာေၾကာက္ေနတာ ... ခုမင္းကိုယ္တိုင္က လိုလိုလားလားေတာင္းဆိုလာေတာ့ ငါမင္းကိုကုသမႈအတြက္ လိုအပ္တာေတြေျပာျပေပးမယ္ "

ယံယံကအထူးခန္းအတြင္းသို႔ ဧကရာဇ္ေမာင္အား ေခၚလာခဲ့သည္ ။ စက္ပစၥည္းေတြက အဆင့္မွီလြန္း၍ အႏၶာကိုယ္ကို မထိခိုက္မိေအာင္ မ်က္ႏွာအကာအကြယ္ဝတ္ဆင္ထားရသည္ ။ အထဲတြင္ လွ်က္စစ္ႀကိဳးေပါင္းမ်ားစြာနဲ႕ လူတစ္ေယာက္ ဝင္လွဲလို႔ရနိုင္တဲ့အ႐ြယ္အစားရွိၿပီး လုံးဝန္းသည့္မွန္ပုံးတစ္ခုရွိေနသည္ ။ ထိုစက္အား ၫႊန္းျပရင္း ယံယံက ရွင္းျပေနခဲ့သည္ ။

ထိုစက္က စိတ္ကဆင့္ကလွ်ားျဖစ္ၿပီး အသိစိတ္ေတြေရာေထြးေနတဲ့ေဝသနာသည္ေတြရဲ႕ အာ႐ုံေက်ာေတြကို ထိန္းညွိကာ အသိစိတ္ေတြကို ခြဲျခားေပးနိုင္သည္ ။ ဒီလုပ္ငန္းစဥ္ကို စတင္ရာ၌ ကုသမႈကိုခံယူရသည့္ လူနာက စိတ္ေဖာက္ျပန္တာမ်ိဳးေတြ ျဖစ္တတ္၍ အၿမဲစိတ္ကိုတည္ၿငိမ္ေအာင္ထားရမည္ ။ စိတ္လႈပ္ရွားတာမ်ိဳး စိုးရိမ္ေတာကေရာက္တာမ်ိဳးေတြ မျဖစ္ေစရပဲ ကိုယ့္စိတ္ကိုထိန္းခ်ဳပ္ရင္း ခြဲထြက္လာသည့္အသိစိတ္ေတြထဲက စစ္မွန္တဲ့မိမိရဲ႕စိတ္ကိုရွာေဖြရမည္ ။

ကံေကာင္းစြာ မွားယြင္းမႈတစ္စုံတစ္ရာမရွိခဲ့လွ်င္ စိတ္ကိုခြဲေဝၿပီးအသိစိတ္အမွန္ကို ရွာေဖြရမည့္ ဒီကုထုံးက မိမိရဲ႕စိတ္အမွန္ကို ျပန္လည္ရရွိဖို႔ တစ္လသာအခ်ိန္ယူရသည္ ။ ေအာင္ျမင္လွ်င္ ေဆးေတြေသာက္စရာမလိုေတာ့ပဲ အရာအားလုံးပုံမွန္ျပန္ျဖစ္ကာ မိမိကိုယ္ကိုယ္ထိန္းခ်ဳပ္လာနိုင္မည္ ။ သာမန္ဘဝကိုျပန္ရရွိဖို႔ အလင္းေရာင္ခ်ည္တစ္ခုလဲျဖစ္သည္ ။

ထိုကုထုံးရဲ႕ဆိုးက်ိဳးအေနနဲ႕ကေတာ့ ကုသေနခ်ိန္အတြင္းမွာ တစ္စုံတစ္ရာ မွားယြင္းသြားခဲ့လွ်င္ အနိုင္ယူသြားမဲ့စိတ္က မေကာင္းတဲ့စိတ္မိုက္ျဖစ္ဖို႔မ်ားၿပီး ထိန္းခ်ဳပ္ရခက္ေစမည္ ။ ေဆးႏွင့္ပင္တားစီး၍မရနိုင္ပဲ စိတ္လြတ္ေနတတ္ၿပီး ထိုအရာကေနာက္ထက္အမွားေတြအမ်ားႀကီးကို ၾကဴးလြန္ဖို႔ပိုလြယ္သြားမည္ ။ မိမိစိတ္အမွန္က ထိုအရာအား အနိုင္ယူနိုင္ေတာ့မည္မဟုတ္ေပ ။ ထို႔ေၾကာင့္ ဆိုးက်ိဳးနဲ႕ေကာင္းက်ိဳး ယွဥ္တြဲေနတဲ့ ထိုကုသမႈကိုခံယူဖို႔ ကာယကံရွင္ကိုယ္တိုင္ လက္ခံသေဘာတူမွျဖစ္မည္ ။

ဧကရာဇ္ေမာင္ဟာ ဘာမွဂ႐ုမစိုက္ပဲ သူ႕ရဲ႕ေရာဂါေပ်ာက္ဖို႔အတြက္ ကုသမႈကို ခ်က္ခ်င္းခံယူဖို႔ သေဘာတူညီမႈလက္မွတ္ ေရးထိုးလိုက္သည္ ။

" ဒါဆို မင္းဘယ္ေတာ့ လာၿပီးကုသခ်င္လဲ "

" မနက္ျဖန္ "

( A/N - ဒီအခန္းမွာ ရႈတ္သြားရင္နားလည္ေပးပါ … ေရာဂါလကၡဏာေတြက တကယ္မရွိလို႔ အတည္မယူပါနဲ႕ ... ဇာတ္လမ္း တစ္ပုဒ္လုံးက စိတ္ကူးယဥ္သပ္သပ္ပါပဲ )

*

*

*

" မုျဒာ "

" ဟင္ "

စိတ္လြင့္ေနတဲ့ မုျဒာေၾကာင့္ ဇြဲပို၍ပင္ စိတ္ပူပန္လာသည္ ။ မုျဒာက အၿမဲအျပင္ကိုေငးၾကည့္ေနၿပီး တစ္စုံတစ္ရာကိုေတြးေတာေနပုံပင္ ။ အစားလဲပုံမွန္မစားေတာ့ပဲ အၿမဲအစာမေက်ျဖစ္ေနတာကို ဇြဲသတိထားမိလာသည္ ။

တကယ္ေတာ့ မုျဒာကိုယ္ဝန္ေၾကာင့္ ပ်ိဳ႕အန္ကာ ေခါင္းကမူးေဝေဝျဖစ္ေနျခင္းပင္ ။ ကသစ္ပန္းက သူ႕အေၾကာင္းသိသြားသည့္အခ်ိန္ကစၿပီး သူအၿမဲပူပန္ေနရသည္ ။ သူမအိမ္ေတာ္ကေနထြက္သြားတာေတာင္မွ ဘယ္အခ်ိန္ ဘယ္လိုပုံစံနဲ႕ေပၚလာနိုင္မလဲမသိတာမို႔ စိတ္မေအးနိုင္ေသးေပ ။ ခုဆိုသူ႕မွာ ငဲ့ကြက္စရာ ရင္ေသြးေလးရွိေနၿပီမို႔ အရာရာသတိထားေနရသည္ ။

မၾကာခင္မွာ က်ေရာက္ေတာ့မဲ ဧကရာဇ္ေမာင္ရဲ႕ ေမြးေန႕မွာ သူ႕မွာကိုယ္ဝန္ရွိေနေၾကာင္းကို ဖြင့္ဟဝင္ခံဖို႔ ေတြးထားသည္ ။ဧကရာဇ္ေမာင္လိုခ်င္ေနတဲ့ ေမြးေန႕လက္ေဆာင္မို႔ သူေပ်ာ္မွာေသခ်ာသည္ ။

" မုျဒာ ေနာက္အပတ္မွာ ကို႔ရဲ႕အတြင္းေရးမႈေရာက္လာေတာ့မွာ ... မင္းကူညီေနခဲ့တာလဲ တစ္လျပည့္ၿပီဆိုေတာ့ အနားယူလို႔ရၿပီ ... ၿပီးေတာ့ ကိုယ္မင္းကိုေက်းဇူးတင္တဲ့အေနနဲ႕ စေနေန႕ညေနၾကရင္ ႐ုံးကလူတစ္ခ်ိဳ႕နဲ႕ မင္းအတြက္ပါတီလုပ္ေပးမယ္ ... မင္းျငင္းလို႔မရဘူးေနာ္ "

ထိုေန႕က ဧကရာဇ္ေမာင္ရဲ႕ ေမြးေန႕ျဖစ္ေနသည္ ။ မုျဒာတစ္ႏွစ္မွ ဧကရာဇ္ေမာင္ေမြးေန႕ကို မပ်က္ခဲ့ဘူးေပမဲ့ ဒီတစ္ခါေတာ့ ဇြဲကိုပဲဦးစားေပးကာ ပြဲလုပ္ဖို႔ သေဘာတူလိုက္ေတာ့သည္ ။ ကိုယ္ဝန္ကိစၥကိုေတာ့ အေၾကာင္းသင့္တဲ့တစ္ေန႕ ေျပာျပမည္ဟုေတြးလိုက္သည္ ။ ဇြဲကလဲမုျဒာလက္ခံလိုက္ေတာ့ ခ်က္ခ်င္းပင္ပြဲျပဳလုပ္မည့္ေနရာေတြကိုပါ ရွာေဖြေနေတာ့သည္ ။

ေနာက္တစ္ေန႕မွာ ဧကရာဇ္ေမာင္ ခ်က္ခ်င္းပဲ ကုသမႈကို ခံယူေလသည္ ။ မုျဒာကိုေျပာျပခ်င္ေပမဲ့ သူ႕ကိုေရွာင္ေနေသးတာေၾကာင့္ ကုသၿပီးမွပဲ ဖြင့္ေျပာဖို႔ဆုံးျဖတ္လိုက္သည္ ။ သူ႕ရဲ႕နာထင္ ရင္ဘက္ေပၚနဲ႕ လက္ဂုတ္ေနရာေတြမွာ အာ႐ုံခံစက္ေတြသပ္ေပးၿပီး မွန္ပုံးထဲမွာ လွဲအိပ္လိုက္သည္ ။ အဖုံးမပိတ္မွီ ယံယံကေသခ်ာေအာင္ေမးၾကည့္လိုက္သည္ ။

" မင္း စၿပီးကုသၿပီဆိုတာနဲ႕ ျပန္လွည့္လို႔မရေတာ့ဘူး ... ဒီတစ္လအတြင္း မင္းအမွားအယြင္းမရွိေအာင္ ေနနိုင္မွာလား "

" အင္း ... ငါႀကိဳးစားၾကည့္မယ္ "

" ဒီအဖုံးပိတ္လိုက္တာနဲ႕ မင္းမ်က္လႊာခ်ၿပီး အာ႐ုံစိုက္ထားရမယ္ ... မင္းအာ႐ုံထဲမွာ ေပၚလာတဲ့ျမင္ကြင္းေတြကို မင္းေသခ်ာမွတ္ယူၿပီး ခြဲျခားရမယ္ ... အမွန္အမွားေရာေထြးေနတဲ့ထဲကအမွန္ကိုမင္းကိုယ္တိုင္ပဲ ေ႐ြးခ်ယ္ရလိမ့္မယ္ ... ၿပီးေတာ့ မင္းရဲ႕ေနာက္ထပ္ထြက္ေပၚလာမဲ့ပုံရိတ္ေတြၾကား စိတ္နစ္ေျမာမသြားမိေစနဲ႕ ... သူတို႔ကမင္းကိုဒုကၡေရာက္ေအာင္ အမ်ိဳးမ်ိဳး လႈန႔္ေဆာ္ေနလိမ့္မယ္ ... မင္းသတိထားပါ ... ေသခ်ာေလးစိတ္ကိုခြဲျခားနိုင္ေအာင္လုပ္ပါ "

" ေကာင္းၿပီ "

မွန္ပုံးပိတ္လိုက္တာနဲ႕ ဧကရာဇ္ရဲ႕အျမင္အာ႐ုံေတြလဲ လုံးဝအေမွာင္က်သြားကာ သူဟာေလဟာနယ္ထဲေရာက္သြားသလိုခံစားလိုက္ရသည္ ။ စက္ရဲ႕ထိန္းခ်ဳပ္မႈေၾကာင့္ သူ႕ရဲ႕ဝိဉာဏ္က ၿငိမ္သက္ေနၿပီး အေမွာင္ထုထဲကေနဘာေတြျဖစ္ေပၚလာမလဲေစာင့္ၾကည့္ေနသည္ ။ ဒါဟာသူ႕အသိဉာဏ္ထဲကို သူကိုယ္တိုင္ဝင္ေရာက္သြားခဲ့ျခင္းပင္ ။

ပထမဆုံးေပၚလာသည့္ျမင္ကြင္းက ကုမုျဒာသူ႕ကိုၿပဳံးျပကာ လက္ကမ္းေခၚေနသည့္ျမင္ကြင္းပင္ ။ သူတို႔ဟာ တစ္ေယာက္လက္တစ္ေယာက္ မလႊတ္တမ္းတြဲထားလွ်က္ ၿပဳံးေပ်ာ္ေနၾကသည္ ။ ဒါဟာအတိတ္ကမွတ္ဉာဏ္အပိုင္းအစတစ္ခ်ိဳ႕ဆိုတာ ယုံၾကည္လက္ခံသြားသည္ ။ ေကာင္းတဲ့မွတ္ဉာဏ္ေတြက မၾကာလိုက္ေပ ။ ခ်က္ခ်င္းသူရဲ႕မုလတန္းအ႐ြယ္ကပုံရိတ္ထံ ေျပာင္းေ႐ႊ႕သြားသည္ ။

သူ႕ရဲ႕မ်က္ႏွာက ညစ္ေပေနကာ အၿမဲအနာကပ္ပလာစတာတစ္ခုကပ္ထားသည္ ။ လက္မွာလဲအစဥ္ေၾကာင္းေတြရွိေနၿပီး လက္ရွည္အကြက္ေလးကိုဝတ္ထားသည္ ။ ေက်ာင္းဝတ္စုံအစိမ္ေဘာင္းဘီရဲ႕ေအာက္မွာ ေသသြယ္သည့္ေျခသံရွည္ရွည္ေလးရွိေနသည္ ။ သူ႕ရဲ႕ပုံစံက စိတ္ေရာဂါသည္တစ္ေယာက္ႏွင့္ပင္တူေနသည္ ။

ေက်ာင္းသားေတြက သူဝင္လာတာနဲ႕ ဝိုင္းၾကည့္ကာ ေလွာင္ရယ္ၾကသည္ ။ သူ႕အားအနားမကပ္နဲ႕ဆိုၿပီး ဝိုင္းအနိုင္က်င့္ၾကသည္ ။ ထိုျမင္ကြင္းေတြ ျပန္ျမင္လာရခ်ိန္မွာ ဧကရာဇ္ရဲ႕ ႏွလုံးခုန္သံေတြကျမန္ဆန္လာၿပီး စက္ရဲ႕သတိေပးအခ်က္ျပစနစ္ကလဲျမည္လာသည္ ။

အျပင္ကေနေစာင့္ၾကည့္ေနတဲ့ယံယံက ဧကရာဇ္ရဲ႕ေပ်ာ္႐ႊင္စရာအသိစိတ္နဲ႕ ဝမ္းနည္းေစတဲ့စိတ္ ၂ ခုထိပ္တိုက္ေတြ႕ဆုံေနတာမွန္းသေဘာေပါက္သြားကာ ဆိုးရိမ္တႀကီးျဖင့္ ၾကည့္ေနသည္ ။ သတိေပးခ်က္အဆုံးထိျမည္လာရင္ေတာ့ သူစက္ကို ခ်က္ခ်င္း ဖြင့္မွျဖစ္မည္ ။ ဒါေပမဲ့ တစ္ခနၾကာေတာ့ ပုံမွန္ျပန္ျဖစ္သြားသည္ ။

ဧကရာဇ္ေမာင္ဟာ ေက်ာင္းမွာအနိုင္က်င့္ခံရၿပီးေနာက္ အိမ္ကိုျပန္လာခဲ့ၿပီး သူေနေနၾကေျမေအာက္ခန္းထဲမွာ တိတ္ဆိတ္စြာ ထိုင္ေနခဲ့သည္ ။ ထိုေနရာက သူ႕အတြက္ အလုံၿခဳံဆုံးျဖစ္သလို သူ႕အားဘယ္သူမွမျမင္နိုင္တဲ့ေနရာတစ္ခုပင္ ။ သူ႕ရဲ႕အၾကည့္ေတြက ေလွာင္အိမ္အလြတ္တစ္ခုထံေရာက္ေနၿပီး ရင္ဘက္ထဲကတစ္စစ္စစ္နာက်င္စြာ ငိုေႂကြးေနသည္ ။ လက္ေတြ႕မွာလဲ ဧကရာဇ္ရဲ႕ပိတ္ထားတဲ့မ်က္ဝန္းေတြက မ်က္ရည္မ်ား စီးက်လာသည္ ။

အေမွာင္ထုထဲမွာ ကေလးငယ္ရဲ႕ငိုရွိုက္သံေတြက က်ယ္ေလာင္လို႔ေနသည္ ။ ထိုစဥ္အခန္းတံခါးပြင့္လာၿပီး တိုးဝင္လာတဲ့ စူးရွရွအလင္းေရာင္ေၾကာင့္ ဧကရာဇ္မ်က္ႏွာကို လက္ျဖင့္အုပ္မိုးလိုက္မိသည္ ။ လက္ၾကားေတြထဲကေနေခ်ာင္းၾကည့္လိုက္ေတာ့ လွပတဲ့ေျခေထာက္တစ္စုံကို ေတြ႕လိုက္ရသည္ ။

ေဒါက္ျမင့္ဖိနက္ အနီေရာင္ကိုစီးထားၿပီး သူ႕ေရွ႕မွာ လွပစြာရပ္ေနသည္ ။ ဧကရာဇ္ေမာင္ အားကိုသႀကီး ေမာ့ၾကည့္မိေတာ့ သူ႕အေရွ႕မွာ ရပ္ေနတဲ့ မိခင္ျဖစ္သူကို ေတြ႕လိုက္ရသည္ ။

" အေမ "

သူ႕ရဲ႕မိခင္က သူ႕အားေႏြးေထြးစြာေပြ႕ဖက္လာသည္ ။ အားကိုးတႀကီးနဲ႕တိုင္မည္လုပ္ေတာ့ မိခင္ထံကေအးဆက္ဆက္စကားသံကို ၾကားလိုက္ရသည္ ။

" မင္းထပ္ၿပီးအနိုင္က်င့္ခံရျပန္ၿပီလား ... ဒီလိုေတြေမေမမျမင္ခ်င္ဘူးလို႔မေျပာခဲ့ဘူးလား ... မင္းကအနိုင္ယူခဲ့တာကိုပဲ ေမေမျမင္ခ်င္တယ္ ... ေမေမကလြဲၿပီး လူေတြအားလုံးကသားအေပၚတစ္ေယာက္မွမေကာင္းၾကဘူးဆိုတာ သားယုံၿပီလား ... ေနာက္တစ္ခါ ေမေမအတြက္ သားအနိုင္ယူခဲ့ပါ ... ေမေမ့ကိုစိတ္မပ်က္ေစနဲ႕ ၾကားလား "

သူ႕အားလူေတြအေပၚအယုံအၾကည္မရွိေအာင္ ရိုက္သြင္းေပးခဲ့သူက သူအခ်စ္ရဆုံး အယုံၾကည္ရဆုံးမိခင္ျဖစ္ေနမွန္း ဧကရာဇ္ေမာင္သိသြားသည္ ။ မွတ္ဉာဏ္ေတြကမၿပီးဆုံးေသးေပ ။

ေနာက္ထပ္ျမင္ကြင္းေတြထဲမွာ ဧကရာဇ္ေမာင္က အားနည္းသည့္သူ႕ရဲ႕ပုံစံဟာ ႐ုတ္ခ်ည္ေျပာင္းသြားကာ ၾကမ္းတမ္းရိုင္းဆိုင္းသည့္ သူ႕ပုံသူျပန္ျမင္ေနရၿပီး လန႔္သြားမိသည္ ။ ပထမတန္းႏွစ္က သူ႕အားအနိုင္က်င့္ ဆဲေရးကာေလွာင္ေျပာင္ခဲ့သည့္ ေက်ာင္းသားေတြ တစ္ေယာက္ခ်င္းဆီကို သူဟာအထိန္းအခ်ဳပ္မဲ့စြာ ျပန္လည္တိုင္ခိုက္ခဲ့သည္ ။

သူ႕ရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ တစ္ခ်ိဳ႕ဆိုအျပင္းအထန္ ဒါဏ္ရာရရွိကာ ေဆး႐ုံပါတက္လိုက္ၾကရသည္ ။ သူ႕ရဲ႕လက္နဲ႕ အျဖဴေရာင္အကၤ်ီမွာလဲ ေသြးစေတြ စြန္းထင္ေနကာ ေသြးညွီနံ႕ေတြက သူ႕အားအသိစိတ္ပို၍ ေပ်ာက္သြားေစသည္ ။ သူ႕ရဲ႕ထိုပုံစံေၾကာင့္ လူေတြက မိစာၦတစ္ေကာင္လို ေျပာဆိုဆက္ဆံလာၾကကာ သူ႕အားပို၍ပင္ေရွာင္ဖယ္လာသည္ ။ သူဟာလဲ ပို၍ေအးဆက္လာကာ လူေတြအေပၚအယုံအၾကည္ကင္းမဲ့သလို အညွာအသာလဲကင္းမဲ့လာသည္ ။

ဆရာကလဲ မိဘကိုေခၚၿပီး နစ္နာသူေတြအတြက္ ေလ်ာ္ေက်းေပးေဆာင္ေစကာ သူ႕အားေက်ာက္တစ္ႏွစ္နားခိုင္းလိုက္သည္ ။ ထိုအျဖစ္အပ်က္က ဧကရာဇ္ရဲ႕ဖခင္ဂုဏ္သိကၡာကို အေတာ္ေလး ထိခိုက္ေစကာ လုပ္ငန္းမွာလဲ အရႈံးေပၚေစခဲ့သည္ ။ တစ္ခ်ိဳ႕ သူ႕ရဲ႕အသိေတြထဲက ရွယ္ယာဝန္ေတြ လုပ္ငန္းကေနပါ ႏႈတ္ထြက္ကုန္ၾကသည္ ။  ဒါေပမဲ့မိခင္ကသူ႕ကိုမဆူပဲ သူ႕လုပ္ေဆာင္မႈေတြအေပၚ အၿမဲဂုဏ္ယူေနသည္ ။

ဒါေၾကာင့္ ဧကရာဇ္ေမာင္ သူ႕လုပ္ရပ္ေတြကမွားေနခဲ့တာေတာင္ေက်နပ္အားရမိခဲ့သည္ ။ သို႔ေပမဲ့ ဖခင္ျဖစ္သူကေတာ့ ေဒါသျဖစ္ၿပီး ေျမေအာက္ခန္းထဲမွာ ဖမ္းခ်ဳပ္ကာ အေစာင့္ေတြရဲ႕ အတားအစီးမဲ့ ရိုက္ႏွက္ခံခဲ့ရသည္ ။ တစ္ပတ္လုံးလဲအစားဝေအာင္လာမေႂကြးသလို ေရလဲဝေအာင္မတိုက္ပဲ အခန္းထဲပိတ္ေလွာင္ကာ အျပစ္ေပးခံခဲ့ရသည္ ။ တစ္ပတ္ၾကာေတာ့ အေမွာင္ခန္းထဲမွာေမ့လဲသြားၿပီး ေဆး႐ုံေပၚကေဆးေပးခန္းထဲမွာ ျပန္သတိရလာခဲ့သည္ ။

သတိရလာေတာ့ သူ႕ရဲ႕အေမသာေဘးမွာရွိေနၿပီး ငိုရွိုက္ရင္းသူ႕အား ေထြးေပြ႕လာသည္ ။ ထိုအခ်ိန္ကစၿပီး မိခင္အေပၚအကြၽင္းမဲယုံၾကည္ကာ မိခင္ဘာခိုင္းခိုင္းယုံၾကည္စြာလုပ္ေဆာင္ဖို႔ စိတ္ဆုံးျဖတ္ခ်က္ခ်လိဳက္ေတာ့သည္ ။

သူတို႔မိသားစုစီးပြားပ်က္ခ်ိန္မွာ မိခင္က သူ႕အသိထံအလုပ္လုပ္ဖို႔ပို႔ေပးခဲ့သည္ ။ ထိုလူႀကီးက ၾကမ္းတမ္းရက္စက္ကာ လူေတြကိုလဲရိုက္ႏွက္ေန၍ ဧကရာဇ္ေမာင္ေၾကာက္လန႔္သြားသည္ ။ ၿပီးေတာ့ထိုလူႀကီးကို သူတစ္ေနရာရာမွာျမင္ဖူးၿပီး ထိတ္လန႔္ေနခဲ့သည္ ။ ဒါေၾကာင့္အျမန္ပဲထြက္ေျပးလာခဲ့ၿပီး မခင္ထံျပန္လာခဲ့​ေပမဲ့ မိခင္ကပိုက္ဆံမရလာ၍ သူ႕အားဆူေငါက္ခဲ့သည္ ။

အရင္ကလိုေႏြးေထြးမႈမေပးေတာ့ေပ ။ အဲ့ဒိေနာက္ မိခင္ကိုယ္တိုင္ သူ႕အားေက်ာင္းထြက္ကာ သူမ်ားအိမ္ေတြမွာ အေစခံလုပ္ဖို႔ခိုင္းခဲ့သည္ ။ သူမက ထိုလူႀကီးလက္ေအာက္ကိုမဝင္ရင္ နိမ့္က်တဲ့အေစခံပဲလုပ္ရမယ္လို႔ေျပာသည္ ။ ဟိုလူႀကီးဆီမွာထက္ နိမ့္က်တဲ့အေစခံလုပ္တာက ပိုလုံၿခဳံသည္ဟု ခံစားရသည္ ။  သူ႕အသိစိတ္ထဲမွာ မိခင္စိတ္ခ်မ္းသာဖို႔သာအဓိကဟုေတြးထင္ကာ အ႐ြယ္နဲ႕မလိုက္အလုပ္ေတြလုပ္ၿပီး အစားကိုဝေအာင္မစားပဲေခြၽသာခဲ့ရသည္ ။

ကုမုျဒာနဲ႕သာမေတြ႕ခဲ့လွ်င္ သူဟာလမ္းေဘးမွာေသေနေလာက္ၿပီ ။ သူယုံၾကည္ခဲ့တဲ့မိခင္ကသာ သူ႕အားစိတ္ဒါဏ္ရာအမ်ိဳးမ်ိဳးေပကာ နာက်င္ေစခဲ့ၿပီး စိတ္ေရာဂါျဖစ္ေအာင္လုပ္ေဆာင္ခဲ့မွန္း ဧကရာဇ္ေမာင္နားလည္လာခဲ့သည္ ။

နာရီျပည့္လို႔ ဧကရာဇ္ေမာင္ မွန္ပုံးထဲကေန ထြက္လာခ်ိန္မွာ သူ႕ရဲ႕ပါးျပင္မွာ မ်က္ရည္ေတြအဆက္မပ်က္စီးက်ေနသည္ ။ သူ႕မိခင္ရဲ႕မ်က္ႏွာ ၂ ဖက္ကိုျမင္ေတြ႕ရခ်ိန္မွာ သူဟာအလြန္ထိတ္လန႔္သြားခဲ့သည္ ။

" မင္းဒီေန႕အတြက္ေတာ့ ဒီေလာက္နဲ႕ပဲေတာ္လိုက္ရေအာင္ ... မင္းၾကည့္ရတာ ပင္ပန္းေနပုံပဲ "

ဧကရာဇ္ေမာင္ဟာ ဘာမွမေျပာနိုင္ပဲ အိမ္ျပန္လာခဲ့ရသည္ ။ ထိုသို႔ေန႕စဥ္ရက္စက္ ကုသမႈခံယူၿပီး တစ္ပတ္အၾကာမွာေတာ့ သူ႕ရဲ႕ထိုအသိစိတ္ေတြကို ရိုက္သြင္းခဲ့သူက သူ႕မိခင္ျဖစ္ေၾကာင္း ယုံၾကည္သြားေလသည္ ။ မိခင္ဟာ ကုမုျဒာကအၿမဲသူ႕အေပၚ အနိုင္ယူခ်င္စိတ္ေတြျပည့္ေနၿပီး ကစားဖို႔အတြက္ သူ႕အားေခၚေဆာင္ထားျခင္းျဖစ္ေၾကာင္း ဒီလိုေသြးမေတာ္သားမစပ္တဲ့လူအေပၚ နာခံေနတာထက္ ေသြးေတာ္သားဆက္တဲ့ သူမအေပၚသာ သိတတ္နားလည္ဖို႔ အၿမဲသြန္တင္ဆုံးမခဲ့သည္ ။

တကယ္တမ္း ဒီစကားေတြက သူျပန္ၿပီးျမင္ေယာင္ေနမိတဲ့ မွတ္ဉာဏ္ေတြထဲက ကုမုျဒာနဲ႕သူ႕ရဲ႕ပုံရိပ္ေတြနဲ႕ ကိုက္ညီမႈမရွိေနေပ ။ ကုမုျဒာဟာ သူ႕အေပၚ အနိုင္ယူလိုစိတ္မရွိသလို သူနဲ႕အတူကစားေပၿပီး အစားအစာေတြကိုဝေအာင္ေႂကြးေမြးကာ သူ႕အားေႏြးေထြးမႈေပးသည္ ။ ကုမုျဒာဟာ သူနဲ႕မထိုက္တန္တဲ့ ဟိုးအျမင့္ကပန္းကေလးတစ္ပြင့္လို သူ႕အတြက္အလြန္အဖိုးတန္သည့္ လူသားေလးျဖစ္သည္ ။

သူ႕အားရိုက္ႏွက္အျပစ္ေပးျခင္းမရွိသလို ညဘက္ေတြမွာ သူ႕အားေထြးပိုက္ကာ သူနဲ႕အတူအိပ္ဆက္ေပးသည္ ။ ကုမုျဒာရဲ႕အေႏြးဓာတ္က မိခင္ထံကရရွိတဲ့ အေႏြးဓာတ္ထက္ပင္ ပို၍ေႏြးေထြးေနသည္ ။ တေျဖးေျဖး ဟိုအရင္က သူကုမုျဒာအေပၚ ျမင္တဲ့အျမင္ေတြက မုန္းတီးမႈမဟုတ္ေနပဲ သေဘာက်ႏွစ္သက္မႈျဖစ္ၿပီး အျမင့္မွာ ပြင့္လန္းေနတဲ့ ပန္းကေလးကို သူကေငးၾကည့္ရတာ ႏွစ္သက္သေဘာက်ေနသူျဖစ္သည္ ။

မိခင္သာ ထိုသို႔အမုန္းစိတ္ေတြ ရိုက္မသြင္းခဲ့လွ်င္ သူဟာထိုအဖိုးတန္ပန္းကေလးအား ရက္ရက္စက္စက္ ခူးယူခ်ိဳးျပစ္ခဲ့မိမည္မဟုတ္ေပ  ။

*

*

*

ဧကရာဇ္ေမာင္ဟာ အလုပ္ဆင္းသည့္အခ်ိန္တိုင္း ကုသမႈကိုခံယူရသည္ ။ ဒီေန႕က စေနေန႕ျဖစ္တာေၾကာင့္ ႐ုံးေစာေစာဆင္းၿပီး ကုသမႈခံယူဖို႔ ေဆး႐ုံကိုသြားရန္ေတြးလိုက္သည္ ။ ထိုစဥ္ သူ႕ရဲ႕႐ုံးခန္းထဲသို႔ ကသစ္ပန္းဝင္လာခဲ့သည္ ။

သူမကိုမေတြ႕ျဖစ္တာပင္ ၾကာခဲ့ၿပီ ။  ေဆးကိစၥၿပီးကတည္းက သူမအေၾကာင္းစုံစမ္းၾကည္ရာမွာ သူမေျပာျပခဲ့တဲ့မိသားစုဆိုတာ တကယ္မရွိေနပဲအလိမ္အညာဆိုတာသိၿပီး သူမအေပၚလုံးဝအယုံအၾကည္မရွိေတာ့ေပ ။ ဒါေပမဲ့သူမနဲ႕ထိတ္တိုက္ရွင္းဖို႔ကိုေတာ့ ဧကရာဇ္ေမာင္ ေဆးကုသမႈခံယူေနရတာနဲ႕ အခ်ိန္မရခဲ့ေပ ။

ခုသူမရဲ႕မ်က္ႏွာက အေတာ္ေလးပ်က္႐ြံ႕ေနကာ ၿပိဳက်ေတာ့မည္မိုးလို ငိုမဲ့မဲ့ျဖစ္ေနသည္ ။ ဧကရာဇ္ေမာင္ ေရွာင္ထြက္ဖို႔ျပင္လိုက္ေပမဲ့ ကသစ္ပန္းက အေရွ႕ကေနတားစီးလိုက္သည္ ။

" ေမာင္ .... ဘာလို႔ ကသစ္ကိုေရွာင္ေနေသးတာလဲဟင္ ... ေမာင္ခိုင္းသမွ် ကသစ္အကုန္လုပ္ခဲ့တယ္ … ဒါေပမဲ့ေမာင္က ကသစ္ကိုေရွာင္ေနတုန္းပဲ "

ဧကရာဇ္ေမာင္က သူမရဲ႕ထိုပုံစံကို သေဘာမက်ေပမဲ့ သူမအေၾကာင္းပိုသိဖို႔အတြက္ အလိုက္သင့္ဟန္ေဆာင္ကာေနေပးလိုက္သည္ ။ သူမဘယ္ေလာက္ထိ ဆက္ၿပီးလိမ္ညာေနမလဲဆိုတာ သိရွိရန္ပင္ ။ အခ်က္အလက္မရွိပဲစြတ္ဆြဲတာထက္ သူမရဲ႕စကားလုံးေတြထဲကေန အျပစ္ကိုရွာေဖြဖို႔လိုသည္ ။

" မင္းဘာျဖစ္လာတာလဲ ... မ်က္ႏွာလဲမေကာင္းပါလား "

" အဟင့္ ... ဟင့္ ... ေမာင္ေနာက္ဆုံးေတာ့ ကသစ္ကိုၾကည့္ၿပီေပါ့ "

႐ုတ္တရပ္သူမက လာဖက္၍ ဧကရာဇ္ေမာင္သူမကိုတြန္းထုတ္လိုက္သည္ ။ သူမဘာဆက္ေျပာမလဲ သိရေအာင္ ေဒါသမထြက္မိေအာင္ထိန္းလိုက္ၿပီး ...

" ႐ုတ္တရပ္ႀကီး ကိစၥတစ္ခုခုျဖစ္လို႔လား "

" ေမာင္က သခင္ေလးမုျဒာအေပၚ ခံစားခ်က္မရွိဘူးဆိုတာ သိပါတယ္ ... ေမာင္သူ႕အေပၚ ေကာင္းေပးေနတာကလဲ သူကိုကစားဖို႔သက္သက္ဆိုရင္ ေမာင္ ရပ္တန႔္လိုက္ပါေတာ့ ... သူနဲ႕အခ်ိန္ကုန္ခံမေနပဲ သူ႕ကိုကြာရွင္းလိုက္ၿပီး ကသစ္နားကိုျပန္လာခဲ့ပါ ... ေမာင္နဲ႕ကသစ္က ေပါင္းစပ္ထားတဲ့မိတ္ဖက္ေတြပဲေလ "

" ...... "

ဧကရာဇ္ေမာင္က တိတ္ဆိတ္လွ်က္ ေအးဆက္စြာၾကည့္လိုက္ေတာ့ သူမအနည္းငယ္ထိတ္လန႔္သြားသည္ ။ သူမေဆးေၾကာင့္ ခုသေလာဧကရာဇ္ေမာင္ အိပ္ေရးေတြပ်က္ၿပီး စိတ္ဂေယာင္ေခ်ာက္ျခားျဖစ္ေနမွန္း သူမသိသည္ ။ ဒါေၾကာင့္ ခုခ်ိန္မွာ သူမေျပာသမွ်ကို ဧကရာဇ္ေမာင္ယုံကိုယုံလိမ့္မည္ ။

"  ၿပီးေတာ့လဲေလ ... ကသစ္မွာ ေမာင္နဲ႕ရတဲ့ ကိုယ္ဝန္ ရွိေနၿပီ "

သူမလိမ္ညာေနမွန္းသိေပမဲ့ ဒီေလာက္ထိယုတ္တိမရွိလိမ္ညာလိမ့္မည္ဟုေတာ့ ဧကရာဇ္ေမာင္ ထင္မထားေပ ။ ကသစ္ပန္းက ခ်က္ခ်င္းပဲ ဧကရာဇ္အေရွ႕ကို ဖိုင္တစ္ခု ထုတ္ေပးလိုက္သည္ ။ ထိုအခါ ဧကရာဇ္ သူမေပးတဲ့ဖိုင္ကိုဖြင့္ၾကည့္လိုက္ေတာ့ အထဲမွာ Ultrasound အေျဖလႊာစာ႐ြက္ကိုေတြ႕လိုက္ရၿပီး ေၾကာင္အမ္းသြားသည္ ။

ကသစ္ပန္းဟာ မုျဒာရဲ႕ေျဖလႊာစြာ႐ြက္အားယူၿပီး သူ႕ရဲ႕အခ်က္အလက္ေတြျဖည့္စြပ္ကာ အတုလုပ္ထားျခင္းပင္ ။ ဧကရာဇ္ေမာင္က သူ႕ရဲ႕ခႏၶာကိုယ္ကို မထိေတြ႕မွန္းသိ၍ ဗိုက္အတုကိုပါ စီစဥ္ထားသည္ ။ သူက ဧကရာဇ္ရဲ႕လက္ကို ဆြဲယူကာ သူ႕ဗိုက္ေပၚတင္ေပးလိုက္ၿပီး ...

" ေတြ႕လား ... ေမာင္နဲ႕ကသစ္ရဲ႕ရင္ေသြးေလး ဗိုက္ထဲမွာရွိေနၿပီ "

ဧကရာဇ္က ေျဖလႊာစာ႐ြက္ရဲ႕ရက္ဆြဲေတြကို ေသခ်ာၾကည့္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္ကာ ေမးလိုက္သည္ ။

" မင္းရဲ႕ကိုယ္ဝန္က ၂ လလို႔ေရးထားတယ္ ... ငါတို႔ဘယ္တုန္းကဆက္ဆံခဲ့ၾကလို႔လဲ ... မင္းနဲ႕ငါမွားခဲ့တာက ၄ လေလာက္ရွိေနၿပီ ... မင္းငါ့ကို လာလိမ္ေနတာလား "

သူမက႐ုတ္တရပ္စီစဥ္လိုက္တာမို႔ ရက္ဆြဲကိုအတိအက်မေျပာင္းလိုက္မိေပ ။ ဒါေပမဲ့ဟန္ေဆာင္တဲ့ေနရာပါရမီပါတဲ့သူမက ငိုမဲ့မဲ့ပုံစံဟန္ေဆာင္လိုက္ၿပီ …

" ေမာင္ ဘယ္လိုေျပာလိုက္တာလဲ ... ဒါကကသစ္နဲ႕ေမာင့္ရဲ႕ကေလးပါ ... ကသစ္ေမာင့္အနားကေနဘယ္မွမသြားတာ ေမာင္အသိဆုံးပဲေလ ... ေမာင္နဲ႕ကသစ္ကမိတ္ဖက္ေတြ "

အရင္က႐ူးေနတဲ့ဧကရာဇ္ေမာင္ဆိုရင္ သူမရဲ႕ခုပုံစံကိုၾကည့္ၿပီး ယုံရင္ယုံသြားနိုင္ေပမဲ့ အမွန္တစ္ဝက္ကိုသိေနတဲ့ သူကေတာ့မယုံေပ ။ သူက ကသစ္ပန္းအနားကပ္လိုက္ၿပီး အသက္ကိုျပင္းျပင္းရႉထုတ္ၿပီးေနာက္ ဆိုလိုက္သည္ ။

" ဒါေပမဲ့ ငါ့အထင္ေတာ့ မင္းရဲ႕ဖယ္ရိုမုန္းေတြကငါ့အေပၚ ဘယ္တုန္းကမွ မသက္ေရာက္ဘူး ... မင့္ငါ့အေပၚ လိမ္ညာထားတာရွိရင္ ခုတစ္ခါတည္းဝင္ခံပါ ... ေနာက္မွငါစုံစမ္းလို႔သိရရင္ မင္းကိုညွာသာေပးမွာမဟုတ္ဘူး "

" ေမာင္ "

ဧကရာဇ္ေမာင္က သူမအား ဂ႐ုမစိုက္ေတာ့ပဲ ေရွာင္ဖယ္ကာ ထြက္လာခဲ့သည္ ။ အခန္းအျပင္ေရာက္ေတာ့ ၾကမ္းျပင္ေပၚမွာ က်ေနတဲ့ ကိတ္မုန႔္ဘူးကိုေတြ႕လိုက္ရၿပီး သူ႕ရဲ႕ေျခလွမ္းေတြက ရပ္တန႔္သြားသည္ ။

" ဒါက "

သူအံ့ဩတႀကီး ၾကည့္ေနမိခ်ိန္ အနားကလုံၿခဳံေရးအေစာင့္တစ္ေယာက္က ေျပးလာကာ ေျပာျပလာခဲ့သည္ ။

" ေစာေစာကပဲ သခင္ေလးကုမုျဒာ သူေဌးရဲ႕႐ုံးခန္းေရွ႕မွာရပ္ေနတာ ... ၿပီးေတာ့ ကိတ္မုန႔္ဘူးကို လႊတ္ခ်ခဲ့ၿပီး ေျပးထြက္သြားတယ္ "

" ဘာ ! မုျဒာဒီလိုလာသြားတယ္ ဟုတ္လား "

ဧကရာဇ္ေမာင္က ေျမျပင္ေပၚမွာက်ေနတဲ့ ကိတ္မုန္းဘူးကို ေကာက္ယူလိုက္ၿပီး တိုးတိတ္စြာ ေရ႐ြတ္လိုက္ေတာ့သည္ ။

" အာ ... ဒီေန႕က ငါ့ရဲ႕ေမြးေန႕ပဲ ... ဒါကငါ့ေမြးေန႕အစစ္မဟုတ္ပါဘူးလို႔ သူ႕ကိုေျပာထားတာကို ... သူမွတ္မထားဘူးပဲ "

* ၿပီးေတာ့ ငါတို႔ေျပာတာေတြကို သူၾကားသြားတာလား ? ဒါေၾကာင့္ စိတ္ဆိုးၿပီးထြက္သြားတာလား ? ငါ့အမွားေတြအတြက္ ဝန္ခံၿပီး ေတာင္းပန္မယ္လို႔ေတြးထားၿပီးမွ ဘာေၾကာင့္ ငါတစ္ေယာက္ထည္း အၿမဲကံဆိုးမိုးေမွာင္က်ေနရတာလဲကြာ *

ကိတ္မုန႔္ဘူးကိုကိုင္လွ်က္ မုျဒာကိုမ်ား လိုက္မွီဦးမလားအေတြးနဲ႕ ဧကရာဇ္ေမာင္ ေျပးထြက္လာခဲ့သည္ ။ သို႔ေပမဲ့ သူ႕အေရွ႕မွာတင္ မုျဒာဟာ ဇြဲရဲ႕ကားေပၚတက္ၿပီး ထြက္ခြာသြားေလေတာ့သည္ ။

အေပၚထပ္႐ုံးခန္းရဲ႕ ျပတင္းေပါက္ကေန ၾကည့္ေနတဲ့ကသစ္ပန္းက သူမရဲ႕အစီစဥ္က မေအာင္ျမင္ခဲ့၍ သူမမပိုင္ဆိုင္ရတဲ့အရာကို ေနာက္ထပ္ဘယ္သူမွပိုင္ဆိုင္ခြင့္မရေအာင္ လုပ္ဖို႔ေတြးလိုက္သည္ ။

" ရွင့္ကိုကြၽန္မပိုင္ဆိုင္ခြင့္မရရင္ ရွင္တို႔ ၂ ေယာက္ကို ကြၽန္မကိုယ္တိုင္ အဆုံးသတ္ေပးမယ္ "

.............................................................................................

To Be Continued ......

Continue Reading

You'll Also Like

96K 2.2K 21
Title ~ ထာဝရ မင်း Author ~ Hnin~Yhine All episode ~ 16.( Both Unicode and Zawgyi) # fifth 26.7.2021>>>> 15.8.2021( 21 days) pic f...
72.9K 2.9K 25
အဝါရောင်ကျူးလစ်ပန်းလေးရဲ့ အဓိပ္ပာယ်က Hopeless loveတဲ့💛 အဝါေရာင္က်ဴးလစ္ပန္းေလးရဲ႕ အဓိပၸာယ္က Hopeless loveတဲ့💛
26K 797 11
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
628K 31.7K 32
1ST BOOK OF BRIDE SERIES✨✨ Don't do this, leave my parents, don't ruin my life, I will die. She was begging infront of him joining her both hands. Th...