Uni
သစ္စာနွယ်တော်ပျော်မွေ့ရာ~
*အနွယ်ပျော်မွေ့ရာနေရာသည်ကား ဤ (နှင်းဆီမြိုင်)အပျော်စံအိမ်တည်းသာဖြစ် တော့သည်။*
~~~~~~~~~~~~~
အချိန်သည်ကားဝေလီဝေလင်း အာရုံတတ်ချိန်။
မနက်စောစောစီးစီး နှင်းဆီမြိုင်စံအိမ်မှာတော့ မမေရှင်၏ ရှေးရက်စက်သီချင်းသံသည်ကား ရေဒီယိုကနေပျံ့လွှင့်လို့နေပြီဖြစ်သည်။
(လူမြင်ရင်ချစ်ခင်ဖွယ်
ရူပါရုံချောလှတယ်
သဘောကောင်းတဲ့သူလေးရယ်
အတူဆုံ ဖို့ နဖူးစာရေးမယ်..🎶🎶)
သီချင်းသံတစ်ပိုဒ်အဆုံးမှာတော့ ချိုသာလှတဲ့ အသံလေး ထွက်ပေါ်လာတော့သည်။ အသံသာယာသော်ငြားလည်း အသံလေးနဲ့မလိုက်မဖက်စွာ စကားလုံးကြမ်းကြမ်း စီကာပတ်ကုံးထွက်ပေါ်လာတော့သည်။
" မမချို ကတော့ အပျော်စံအိမ်ဆိုတဲ့ဂုဏ်အင်နဲ့မလိုက်မဖက် သီချင်းဖွင့်နေပြန်ပြီ ဒီနေရာက ဘယ်လိုနေရာလဲဆိုတာမေ့နေပြန်ပြီထင်ပါရဲ့.."
" အယ်မလေးတော် ကိုယ့်အကြိုက်နဲ့ကိုယ်ပဲလေ တော် တော်ပဲ ဝေဖန်နေလိုက်တော့ ကျုပ်ကို ဝေဖန်နေတာ ဒီစံအိမ်မှာတော်ပဲရှိတယ်တော်"
မမချိုဆိုသည့်အမျိုးသမီးစီမှ ဇတ်ဇတ်ကြဲအသံထွက်လာသော်ငြားလည်း အသံပိုင်ရှင်အမျိုးသမီးငယ်ကတော့ ဆာကူရာ ပန်းချီဆွဲပေးထားသည့် "ရှင်ဟာလေ" ဆိုသည့် အပြာရုပ်ပြစာအုပ်ကို စိတ်ဝင်တစားဖတ်ရှုနေလေသည်။
" ဟဲ့ဟဲ့ တော့်ကို ဦးရာဇဝင်လာငှားတယ်ဆို"
ဦးရာဇဝင်ဆိုသည့် အမည်ပိုင်ရှင်သည်ကား မြို့၏ သုံးပုံတစ်ပုံ စီးပွားရေးကို အပိုင်စားထားသော သူဌေးကြီးတစ်ခုဦးဖြစ်ပေသည်။ ထိုသူ၏ အမျိုးသမီးကတော့ ဆုံးပါးသွားတာနှစ်အတော်ကြာပြီသတင်းထွက်နေသော်ငြားလည်း ထိုသတင်းကို ဘယ်သူမှအတည်မပြုပေးသောကြောင့် ထိုသတင်းကိုယုံရနိုးမယုံနိုး ဖြစ်နေသူအများအပြားရှိနေသည်။ ထိုအများအပြားထဲမှာ မမချိုသည်ကား ပါဝင်နေခဲ့ပြန်သည်။
" ဟုတ်တယ်လေ မမချို ညကြရင်လာခေါ်မယ်လို့ သူလူယုံက ပြောတယ်"
" တော် လေး လက်ဖျားမှာငွေသီးပြန်ဦးမယ်ပေါ့ဟုတ်စ "
ထိုသို့ပြောလိုက်တော့ ရုပ်ပြစာအုပ်ဖတ်နေသည့်မိန်းမမျိုလေးက စာအုပ်ကို စားပွဲခုံပေါ်တင်လိုက်ပြီး အသင့်ချထားသည့်ရေနွေးချမ်းခွက်လေးကို ကောက်ကိုင်လိုက်သည်။
ထိုရေနွေးချမ်းခွက်ထဲက မပူမအေး အနေတော် ရေနွေးချမ်းလေးကို အရသာခံသောက်ရင်း မမချိုဆိုသည့် အမေးစကားကိုပြန်ဖြေလာသည်။
" ဟုတ်စ မမချိုရယ် ဒီတစ်ခါ လက်ဖျားငွေသီးရင် မမချိုလိုချင်ပါတယ်ဆိုပြီးပြောပြောနေတယ့် ဘိလပ်ထည်ကို စူရတီ ဘဇားဈေးမှလိုက်ဝယ်ပေးမယ် "
" တဂယ်နော် တော် ညာရင် တော့်ကိုခွင့်မပေးဖူးနော် "
" ညာစရာလား မမချိုရယ် "
" ဟုတ်ပြီ "
" ကျုပ် ညအတွက်ပြင်ဆင်စရာရှိတာတွေပြင်ဆင်လိုက်ဦးမယ် "
" ဟုတ်ပြီ လှလှပပပြင်ဖို့ မမေ့စေနဲ့နော် တော်ကြာ တို့ နှင်းဆီမြိုင်စံအိမ် နာမည်ပျက်ဦးမယ်"
ထိုစကားကို အပြုံးတစ်ချက်သာပြုံးပြပြီး ဒုတိယမြောက်အထပ် ကို တတ်သွားသောအမျိုးသမီးငယ်ရဲ့နောက်ကျောကိုကြည့်ရင်း အမည်မဖော်နိုင်သည့်အပြုံးမျိုးပြုံးလိုက်သည်။
" မမချို .."
" ဟေ "
အသံပိုင်ရှင်ကတော့ စံအိမ်ရဲ့အပျော်မယ်လေးတသိုက်ရဲ့အသံသာဖြစ်သည်။ ဤ စံအိမ်တွင်အပျော်မယ် အများကြီးရှိသော်လည်း ဧည့်သည်တွေရဲ့ အသဲစွဲကတော့ ခုနကတင် ဒုတိယအထပ်ကို တတ်သွားသော အမျိုးသမီးငယ်သာ ဖြစ်တော့သည်။
" ကျုပ်တို့ဖြင့် သူမကိုသိပ်အားကျတာပဲတော် ရုပ်လေးက အထက်တန်းလွှာနီးနီးချောတော့ မြို့ရဲ့သူဌေးကြီး တောင် လာငှားတာ သိပ်ကိုအားကျစရာပဲတော်"
" အယ်မလေး တော်လေးတို့ သူ့ကိုအားကျရင် တော်တို့လည်း လှအောင်လုပ်ဖို့ကြိုးစားလေ တစ်နေ့တစ်နေ့ အမူးသမားတွေနဲ့ပဲအချိန်ကုန်မနေစမ်းပါနဲ့အေ။"
" ဟုတ်ကဲ့ပါ မမချိုရဲ့ "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညနေရီတရော နေဝင်ချိန်တွင် စံအိမ်ရှေ့တွင် ကားတစ်စီးကအသင့်စောင့်ကြိုလို့နေလေပြီ။
" ဆင်းလာတော့လေ အနွယ်ရေ တော့်ကိုလာကြိုတဲ့ကားကရောက်နေပြီ။"
" လာပါပြီဆို "
စကားသံအဆုံးမှာ ဒုတိယအထပ်ကနေ လှေကားလက်ရန်းကို ကိုင်ရင်း ဆင်းလာသည့်အမျိုးသမီးငယ်။ ဘိလပ်ကလာသည့် မျက်နှာချေမှုန့်ခပ်ပါးပါးကို လိမ်းခြယ်ထားပြီး နှုတ်ခမ်းပေါ်တွင် နှင်းဆီရောင် ဆိုးဆေးကို ခပ်ဖွဖွတင်ထားသည့် မျက်နှာလေးဟာ အရည်ရွန်းနေသည့် ပန်းသီးတစ်လုံးနဲ့အသွင်တူနေသည်။ ဤပုံစံကို မြင်တွေ့တဲ့ ပုရိသယောက်ျားသားအများစု ဟာထိုအမျိုးသမီးနဲ့ပတ်သတ်ချင်ကြမှာအသေချာပါပဲ။
အဆင်တန်ဆာဆိုလို့ နားမှာပန်ဆင်ထားသည့် ရွှေနားကပ်တစ်စုံသာပန်ဆင်ထားသည်။ အဝတ်အစားသည်လည်း ကြာဖြင့်ရက်လုပ်ထားသည့် ချည်ထည်ကို ဝတ်ဆင်ထားသောကြောင့် ရိုးရိုးရှင်းရှင်းလေးဖြင့်သိပ်ကိုလှနေသည်။
ထိုအမျိုးသမီးငယ် လေးကိုမိန်းမအချင်းချင်းတောင်အားကျလွန်းလို့မနာလိုဖြစ်ရသည်။
" မမချို သွားပြီ "
" အေး အေး "
အသင့်ဖွင့်ပေးထားသည့်ကားနောက်ခန်းကို ဝင်ထိုင်လိုက်ပြီးသည်နှင့် မော်တော်ကားေမာင်းသမား ကားကို ကျွမ်းကျင်စွာမောင်းနှင်သွားတော့သည်။
ဒုတိယထပ်ဝံရံတာ၌ လည်း ဘေတီအိုဗါလင်း ကားနှင့် ထွက်ခွာသွားသော အမျိုးသမီးငယ်ကို အားကျသလို အကြည့်မျိုးနှင့် ကားထွက်သွားသည့်တိုင်မျက်စ်ိတဆုံးလိုက်ကြည့်နေကြသည်။
" ကျုပ်ဖြင့် အနွယ့်ကိုသိပ်အားကျတာပဲ"
" ဘာတွေအားကျနေတာလဲ သစ္စာနွယ်က အပျက်မလေ နင်တို့က သူ့ကိုအားကျနေတာလား နင်တို့ကဘဝပေးအခြေအနေကြောင့် ဒီဘဝရောက်လာတာတောင် အပျက်မကိုအားကျနေကြ သိပ်ကောင်းတယ်!"
ထိုအခြေတင် စကားတွေကြောင့် ဒုတိယထပ်ကို တတ်လာသောမမချိုရဲ့နှုတ်ခမ်းစွန်းလေးက ကော့တတ်သွားပြီး အပြုံးတစ်ပွင့်ပန်ဆင်လိုက်သည်။ သို့သော်ငြား ထိုအပြုံးက မဲ့ပြုံးသာဖြစ်နေခဲ့သည်။
သူမရဲ့ ဦးတည်ရာ ခြေလှမ်းတွေကို သူမရဲ့အခန်းသို့ ပြန်လှည့်လိုက်ပြီး အနွယ့်အကြောင်းတွေးနေမိသည်။
ထိုအမျိုးသမီးေလးနာမည်က သစ္စာနွယ်
ယခင်က တောသူဌေးကြီးတစ်ဦးရဲ့သမီးဖြစ်ခဲ့သော်ငြားလည်း ဖခင်က လယ်ထဲ စိုက်ခင်းအခြေအနေသွားကြည့်ရင်း ပိုးထိပြီး အသက်ဆုံးရှုံးခဲ့ရတယ်။ မိခင်ကတော့ သူဌေး ဇနီးပီပီအသုံးအဖြုန်းကြီးတော့ ဖခင်ရှာခဲ့သမျှစည်းစိမ်တွေက နှစ်တဝက်နဲ့ပြုတ်ပြုတ်ပြုန်းခဲ့သည်။ ထို အချိန်တုန်းက အနွယ်က အသက်တောင်မပြည့်သေးသည့်အသက်၁၇ နှစ်အရွယ် အပျိုလေး။ ဒါကို မိခင်က အကြွေးတွေတောင်လိုပုံလာတော့ အကြွေးရှင်တွေစီ သမီးကို ထိုးကြွေးခဲ့သည်။
အကြွေးရှင်တွေကလည်း တဏှာကြီးတဲ့ယောက်ျားသားတွေဖြစ်သင့်ကစား ထိုအပျိုဖော်မဝင်တဝင်လေးက သူတို့အတွက် သိပ်ကို အရည်ရွှန်းတဲ့အသီးလေးဖြစ်နေခဲ့သည်လေ။ ထိုအမျိုးသားတွေရဲ့လက်ထဲမှာ အနွယ့်ဘဝ ပျက်ခဲ့ရသည်။ အရင်က ရွှေပေါ်မြတင် နေခဲ့သည့် အမျိုးသမီးလေးက နေ့ချင်းညချင်း အပျော်မယ်ဘဝသို့ရောက်ခဲ့သည်။
အပျိုရည်ဖျက်ခံရသည့်သမီးလက်ကိုဆွဲပြီး နှင်းဆီမြိုင်ကိုရောက်လာခဲ့သည့် ထိုအမျိုးသမီးရဲ့ပြောစကားတွေကို ယခုထက်ထိတိုင်မှတ်မိသေးတယ်
"' ဒီကောင်မက ယောက်ျားတကာနဲ့ဖြစ်ပြီးသွားပြီ ဒါကြောင့်သူ့အဆင့်နဲ့သူတန်ရာကို လာပို့တာ နေခဲ့တော့ "
ဆိုပြီး အထုတ်တစ်ထုတ်ပစ်ပေးခဲ့ပြီး မော်တော်ကားနဲ့ထွက်ခွာသွားသည့် အမျိုးသမီး၊ စံအိမ်ပိုင်ရှင်ဖြစ်တဲ့ ချိုတောင် ထိုအမျိုးသမီးကို သတ်ပစ်ချင်တဲ့အထိဖြစ်သွားတာ ကံယံကာရှင်ကတော့ ပိုဆိုးတာပေါ့။
အနွယ်လေးက မိခင်ဖြစ်သူကို အပြုံးမပျက်ပဲ မိခင်ကို ငွေတွေပို့ပေးနေတုန်း။
" ခက်ပါဘိ အနွယ်ရယ် တော့်အစား ကျုပ်ပဲ ထိုမိန်းမကို နားကျည်းပေးတော့မယ်!"
ပါးပြင်ပေါ်မှာ တွဲလွဲခိုနေသည့် မျက်ရည်စက်အချို့ကို ဖယ်ရှားပြီး အိပ်ယာဝင်ဖို့ပြင်လိုက်တော့သည်။
၂၂. ၅. ၂၀၂၂
မိုး♡
(A/Nအမိုး ရှေ့ကအပိုင်းတွေစိတ်တိုင်းမကျလို့ဖြတ်ပလိုက်တာပါ 🤍)
Zawgyi
သစၥာႏြယ္ေတာ္ေပ်ာ္ေမြ႕ရာ~
*အႏြယ္ေပ်ာ္ေမြ႕ရာေနရာသည္ကား ဤ (ႏွင္းဆီၿမိဳင္)အေပ်ာ္စံအိမ္တည္းသာျဖစ္ ေတာ့သည္။*
~~~~~~~~~~~~~
အခ်ိန္သည္ကားေဝလီေဝလင္း အာ႐ုံတတ္ခ်ိန္။
မနက္ေစာေစာစီးစီး ႏွင္းဆီၿမိဳင္စံအိမ္မွာေတာ့ မေမရွင္၏ ေရွးရက္စက္သီခ်င္းသံသည္ကား ေရဒီယိုကေနပ်ံ့လႊင့္လို႔ေနၿပီျဖစ္သည္။
(လူျမင္ရင္ခ်စ္ခင္ဖြယ္
႐ူပါ႐ုံေခ်ာလွတယ္
သေဘာေကာင္းတဲ့သူေလးရယ္
အတူဆုံ ဖို႔ နဖူးစာေရးမယ္..🎶🎶)
သီခ်င္းသံတစ္ပိုဒ္အဆုံးမွာေတာ့ ခ်ိဳသာလွတဲ့ အသံေလး ထြက္ေပၚလာေတာ့သည္။ အသံသာယာေသာ္ျငားလည္း အသံေလးနဲ႕မလိုက္မဖက္စြာ စကားလုံးၾကမ္းၾကမ္း စီကာပတ္ကုံးထြက္ေပၚလာေတာ့သည္။
" မမခ်ိဳ ကေတာ့ အေပ်ာ္စံအိမ္ဆိုတဲ့ဂုဏ္အင္နဲ႕မလိုက္မဖက္ သီခ်င္းဖြင့္ေနျပန္ၿပီ ဒီေနရာက ဘယ္လိုေနရာလဲဆိုတာေမ့ေနျပန္ၿပီထင္ပါရဲ႕.."
" အယ္မေလးေတာ္ ကိုယ့္အႀကိဳက္နဲ႕ကိုယ္ပဲေလ ေတာ္ ေတာ္ပဲ ေဝဖန္ေနလိုက္ေတာ့ က်ဳပ္ကို ေဝဖန္ေနတာ ဒီစံအိမ္မွာေတာ္ပဲရွိတယ္ေတာ္"
မမခ်ိဳဆိုသည့္အမ်ိဳးသမီးစီမွ ဇတ္ဇတ္ႀကဲအသံထြက္လာေသာ္ျငားလည္း အသံပိုင္ရွင္အမ်ိဳးသမီးငယ္ကေတာ့ ဆာကူရာ ပန္းခ်ီဆြဲေပးထားသည့္ "ရွင္ဟာေလ" ဆိုသည့္ အျပာ႐ုပ္ျပစာအုပ္ကို စိတ္ဝင္တစားဖတ္ရႈေနေလသည္။
" ဟဲ့ဟဲ့ ေတာ့္ကို ဦးရာဇဝင္လာငွားတယ္ဆို"
ဦးရာဇဝင္ဆိုသည့္ အမည္ပိုင္ရွင္သည္ကား ၿမိဳ႕၏ သုံးပုံတစ္ပုံ စီးပြားေရးကို အပိုင္စားထားေသာ သူေဌးႀကီးတစ္ခုဦးျဖစ္ေပသည္။ ထိုသူ၏ အမ်ိဳးသမီးကေတာ့ ဆုံးပါးသြားတာႏွစ္အေတာ္ၾကာၿပီသတင္းထြက္ေနေသာ္ျငားလည္း ထိုသတင္းကို ဘယ္သူမွအတည္မျပဳေပးေသာေၾကာင့္ ထိုသတင္းကိုယုံရနိုးမယုံနိုး ျဖစ္ေနသူအမ်ားအျပားရွိေနသည္။ ထိုအမ်ားအျပားထဲမွာ မမခ်ိဳသည္ကား ပါဝင္ေနခဲ့ျပန္သည္။
" ဟုတ္တယ္ေလ မမခ်ိဳ ညၾကရင္လာေခၚမယ္လို႔ သူလူယုံက ေျပာတယ္"
" ေတာ္ ေလး လက္ဖ်ားမွာေငြသီးျပန္ဦးမယ္ေပါ့ဟုတ္စ "
ထိုသို႔ေျပာလိုက္ေတာ့ ႐ုပ္ျပစာအုပ္ဖတ္ေနသည့္မိန္းမမ်ိဳေလးက စာအုပ္ကို စားပြဲခုံေပၚတင္လိုက္ၿပီး အသင့္ခ်ထားသည့္ေရႏြေးခ်မ္းခြက္ေလးကို ေကာက္ကိုင္လိုက္သည္။
ထိုေရႏြေးခ်မ္းခြက္ထဲက မပူမေအး အေနေတာ္ ေရႏြေးခ်မ္းေလးကို အရသာခံေသာက္ရင္း မမခ်ိဳဆိုသည့္ အေမးစကားကိုျပန္ေျဖလာသည္။
" ဟုတ္စ မမခ်ိဳရယ္ ဒီတစ္ခါ လက္ဖ်ားေငြသီးရင္ မမခ်ိဳလိုခ်င္ပါတယ္ဆိုၿပီးေျပာေျပာေနတယ့္ ဘိလပ္ထည္ကို စူရတီ ဘဇားေဈးမွလိုက္ဝယ္ေပးမယ္ "
" တဂယ္ေနာ္ ေတာ္ ညာရင္ ေတာ့္ကိုခြင့္မေပးဖူးေနာ္ "
" ညာစရာလား မမခ်ိဳရယ္ "
" ဟုတ္ၿပီ "
" က်ဳပ္ ညအတြက္ျပင္ဆင္စရာရွိတာေတြျပင္ဆင္လိုက္ဦးမယ္ "
" ဟုတ္ၿပီ လွလွပပျပင္ဖို႔ မေမ့ေစနဲ႕ေနာ္ ေတာ္ၾကာ တို႔ ႏွင္းဆီၿမိဳင္စံအိမ္ နာမည္ပ်က္ဦးမယ္"
ထိုစကားကို အၿပဳံးတစ္ခ်က္သာၿပဳံးျပၿပီး ဒုတိယေျမာက္အထပ္ ကို တတ္သြားေသာအမ်ိဳးသမီးငယ္ရဲ႕ေနာက္ေက်ာကိုၾကည့္ရင္း အမည္မေဖာ္နိုင္သည့္အၿပဳံးမ်ိဳးၿပဳံးလိုက္သည္။
" မမခ်ိဳ .."
" ေဟ "
အသံပိုင္ရွင္ကေတာ့ စံအိမ္ရဲ႕အေပ်ာ္မယ္ေလးတသိုက္ရဲ႕အသံသာျဖစ္သည္။ ဤ စံအိမ္တြင္အေပ်ာ္မယ္ အမ်ားႀကီးရွိေသာ္လည္း ဧည့္သည္ေတြရဲ႕ အသဲစြဲကေတာ့ ခုနကတင္ ဒုတိယအထပ္ကို တတ္သြားေသာ အမ်ိဳးသမီးငယ္သာ ျဖစ္ေတာ့သည္။
" က်ဳပ္တို႔ျဖင့္ သူမကိုသိပ္အားက်တာပဲေတာ္ ႐ုပ္ေလးက အထက္တန္းလႊာနီးနီးေခ်ာေတာ့ ၿမိဳ႕ရဲ႕သူေဌးႀကီး ေတာင္ လာငွားတာ သိပ္ကိုအားက်စရာပဲေတာ္"
" အယ္မေလး ေတာ္ေလးတို႔ သူ႕ကိုအားက်ရင္ ေတာ္တို႔လည္း လွေအာင္လုပ္ဖို႔ႀကိဳးစားေလ တစ္ေန႕တစ္ေန႕ အမူးသမားေတြနဲ႕ပဲအခ်ိန္ကုန္မေနစမ္းပါနဲ႕ေအ။"
" ဟုတ္ကဲ့ပါ မမခ်ိဳရဲ႕ "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညေနရီတေရာ ေနဝင္ခ်ိန္တြင္ စံအိမ္ေရွ႕တြင္ ကားတစ္စီးကအသင့္ေစာင့္ႀကိဳလို႔ေနေလၿပီ။
" ဆင္းလာေတာ့ေလ အႏြယ္ေရ ေတာ့္ကိုလာႀကိဳတဲ့ကားကေရာက္ေနၿပီ။"
" လာပါၿပီဆို "
စကားသံအဆုံးမွာ ဒုတိယအထပ္ကေန ေလွကားလက္ရန္းကို ကိုင္ရင္း ဆင္းလာသည့္အမ်ိဳးသမီးငယ္။ ဘိလပ္ကလာသည့္ မ်က္ႏွာေခ်မႈန႔္ခပ္ပါးပါးကို လိမ္းျခယ္ထားၿပီး ႏႈတ္ခမ္းေပၚတြင္ ႏွင္းဆီေရာင္ ဆိုးေဆးကို ခပ္ဖြဖြတင္ထားသည့္ မ်က္ႏွာေလးဟာ အရည္႐ြန္းေနသည့္ ပန္းသီးတစ္လုံးနဲ႕အသြင္တူေနသည္။ ဤပုံစံကို ျမင္ေတြ႕တဲ့ ပုရိသေယာက္်ားသားအမ်ားစု ဟာထိုအမ်ိဳးသမီးနဲ႕ပတ္သတ္ခ်င္ၾကမွာအေသခ်ာပါပဲ။
အဆင္တန္ဆာဆိုလို႔ နားမွာပန္ဆင္ထားသည့္ ေ႐ႊနားကပ္တစ္စုံသာပန္ဆင္ထားသည္။ အဝတ္အစားသည္လည္း ၾကာျဖင့္ရက္လုပ္ထားသည့္ ခ်ည္ထည္ကို ဝတ္ဆင္ထားေသာေၾကာင့္ ရိုးရိုးရွင္းရွင္းေလးျဖင့္သိပ္ကိုလွေနသည္။
ထိုအမ်ိဳးသမီးငယ္ ေလးကိုမိန္းမအခ်င္းခ်င္းေတာင္အားက်လြန္းလို႔မနာလိုျဖစ္ရသည္။
" မမခ်ိဳ သြားၿပီ "
" ေအး ေအး "
အသင့္ဖြင့္ေပးထားသည့္ကားေနာက္ခန္းကို ဝင္ထိုင္လိုက္ၿပီးသည္ႏွင့္ ေမာ္ေတာ္ကားေမာင္းသမား ကားကို ကြၽမ္းက်င္စြာေမာင္းႏွင္သြားေတာ့သည္။
ဒုတိယထပ္ဝံရံတာ၌ လည္း ေဘတီအိုဗါလင္း ကားႏွင့္ ထြက္ခြာသြားေသာ အမ်ိဳးသမီးငယ္ကို အားက်သလို အၾကည့္မ်ိဳးႏွင့္ ကားထြက္သြားသည့္တိုင္မ်က္စ္ိတဆုံးလိုက္ၾကည့္ေနၾကသည္။
" က်ဳပ္ျဖင့္ အႏြယ့္ကိုသိပ္အားက်တာပဲ"
" ဘာေတြအားက်ေနတာလဲ သစၥာႏြယ္က အပ်က္မေလ နင္တို႔က သူ႕ကိုအားက်ေနတာလား နင္တို႔ကဘဝေပးအေျခအေနေၾကာင့္ ဒီဘဝေရာက္လာတာေတာင္ အပ်က္မကိုအားက်ေနၾက သိပ္ေကာင္းတယ္!"
ထိုအေျခတင္ စကားေတြေၾကာင့္ ဒုတိယထပ္ကို တတ္လာေသာမမခ်ိဳရဲ႕ႏႈတ္ခမ္းစြန္းေလးက ေကာ့တတ္သြားၿပီး အၿပဳံးတစ္ပြင့္ပန္ဆင္လိုက္သည္။ သို႔ေသာ္ျငား ထိုအၿပဳံးက မဲ့ၿပဳံးသာျဖစ္ေနခဲ့သည္။
သူမရဲ႕ ဦးတည္ရာ ေျခလွမ္းေတြကို သူမရဲ႕အခန္းသို႔ ျပန္လွည့္လိုက္ၿပီး အႏြယ့္အေၾကာင္းေတြးေနမိသည္။
ထိုအမ်ိဳးသမီးေလးနာမည္က သစၥာႏြယ္
ယခင္က ေတာသူေဌးႀကီးတစ္ဦးရဲ႕သမီးျဖစ္ခဲ့ေသာ္ျငားလည္း ဖခင္က လယ္ထဲ စိုက္ခင္းအေျခအေနသြားၾကည့္ရင္း ပိုးထိၿပီး အသက္ဆုံးရႈံးခဲ့ရတယ္။ မိခင္ကေတာ့ သူေဌး ဇနီးပီပီအသုံးအျဖဳန္းႀကီးေတာ့ ဖခင္ရွာခဲ့သမွ်စည္းစိမ္ေတြက ႏွစ္တဝက္နဲ႕ျပဳတ္ျပဳတ္ျပဳန္းခဲ့သည္။ ထို အခ်ိန္တုန္းက အႏြယ္က အသက္ေတာင္မျပည့္ေသးသည့္အသက္၁၇ ႏွစ္အ႐ြယ္ အပ်ိဳေလး။ ဒါကို မိခင္က အေႂကြးေတြေတာင္လိုပုံလာေတာ့ အေႂကြးရွင္ေတြစီ သမီးကို ထိုးေႂကြးခဲ့သည္။
အေႂကြးရွင္ေတြကလည္း တဏွာႀကီးတဲ့ေယာက္်ားသားေတြျဖစ္သင့္ကစား ထိုအပ်ိဳေဖာ္မဝင္တဝင္ေလးက သူတို႔အတြက္ သိပ္ကို အရည္႐ႊန္းတဲ့အသီးေလးျဖစ္ေနခဲ့သည္ေလ။ ထိုအမ်ိဳးသားေတြရဲ႕လက္ထဲမွာ အႏြယ့္ဘဝ ပ်က္ခဲ့ရသည္။ အရင္က ေ႐ႊေပၚျမတင္ ေနခဲ့သည့္ အမ်ိဳးသမီးေလးက ေန႕ခ်င္းညခ်င္း အေပ်ာ္မယ္ဘဝသို႔ေရာက္ခဲ့သည္။
အပ်ိဳရည္ဖ်က္ခံရသည့္သမီးလက္ကိုဆြဲၿပီး ႏွင္းဆီၿမိဳင္ကိုေရာက္လာခဲ့သည့္ ထိုအမ်ိဳးသမီးရဲ႕ေျပာစကားေတြကို ယခုထက္ထိတိုင္မွတ္မိေသးတယ္
"' ဒီေကာင္မက ေယာက္်ားတကာနဲ႕ျဖစ္ၿပီးသြားၿပီ ဒါေၾကာင့္သူ႕အဆင့္နဲ႕သူတန္ရာကို လာပို႔တာ ေနခဲ့ေတာ့ "
ဆိုၿပီး အထုတ္တစ္ထုတ္ပစ္ေပးခဲ့ၿပီး ေမာ္ေတာ္ကားနဲ႕ထြက္ခြာသြားသည့္ အမ်ိဳးသမီး၊ စံအိမ္ပိုင္ရွင္ျဖစ္တဲ့ ခ်ိဳေတာင္ ထိုအမ်ိဳးသမီးကို သတ္ပစ္ခ်င္တဲ့အထိျဖစ္သြားတာ ကံယံကာရွင္ကေတာ့ ပိုဆိုးတာေပါ့။
အႏြယ္ေလးက မိခင္ျဖစ္သူကို အၿပဳံးမပ်က္ပဲ မိခင္ကို ေငြေတြပို႔ေပးေနတုန္း။
" ခက္ပါဘိ အႏြယ္ရယ္ ေတာ့္အစား က်ဳပ္ပဲ ထိုမိန္းမကို နားက်ည္းေပးေတာ့မယ္!"
ပါးျပင္ေပၚမွာ တြဲလြဲခိုေနသည့္ မ်က္ရည္စက္အခ်ိဳ႕ကို ဖယ္ရွားၿပီး အိပ္ယာဝင္ဖို႔ျပင္လိုက္ေတာ့သည္။
၂၂. ၅. ၂၀၂၂
မိုး♡
(A/Nအမိုး ေရွ႕ကအပိုင္းေတြစိတ္တိုင္းမက်လိဳ႕ျဖတ္ပလိုက္တာပါ 🤍)