Unicode
"ဘယ်သူနဲ့တွေ့ချင်လို့လဲဗျ"
"ခဗျားမသိသေးဘူးထင်တယ်
ဘီဘီက ဒီအိမ်ကြီးပိုင်ရှင် မစ္စတာမင်ဂျီမင်းရဲ့
တစ်ဦးတည်းသောမြေးပဲ"
ဟူး...မောလိုက်တာ
ယွန်းဂီ ခိုးပြုံးလိုက်မိသည်။
စကားပြောပုံကခပ်ကြွားကြွားပေမယ့်
သူ့ကိုယ်သူဘီဘီတဲ့...
"ဖိုးဖိုးအထဲမှာရှိပါတယ်..."
အိမ်ထဲကိုဝင်ပြီး သူ့အထုတ်တွေကိုယွန်းဂီကိုပေးလျက်
"ဒီကခဗျားက အလုပ်သမားထင်တယ်နော်
ဘီဘီ့အိတ်ကလေးသယ်ခဲ့ပေးစမ်းပါ"
"ဟမ်! ဟုတ်ဟုတ်"
"ဪ နေအုံး ခဗျားလက်တွေမြေကြီးပေနေတာ
အရင်ဆေးပြီးမှသယ်ခဲ့နော်"
"ကောင်းပါပြီ"
ယွန်းဂီမှာပြုံးပြုံးကြီးဖြင့် ဟိုဘီပြောသမျှခေါင်းညိတ်နေ၏။
မျက်စောင်းတစ်ချက်ပစ်ကာ အိမ်ထဲသို့
ဝင်သွားတဲ့အကောင်ပေါက်...
အမြင်ကပ်ဖို့ကောင်းလိုက်တာ
ဖိုးဖိုးကဘယ်လိုအလုပ်သမားခန့်ထားမှန်းမသိဘူး ထောင့်ကိုမကျိုးဘူး စပ်ဖြီးဖြီးနဲ့
လူတိုင်းအပေါ်မျက်နှာသေနဲ့ဆက်ဆံတတ်တဲ့ယွန်းဂီဟာ သူ့ကြောင့်သာဟန်မဆောင်နိုင်အောင်ပြုံးတယ်ဆိုတာ ဟိုဘီ မသိပေ...
"အိမ်ရှေ့မှာ ဘာတွေဆူညံနေတာတုန်း"
"ဖိုးဖိုး!"
ဂျီမင်းကိုတွေ့တော့ နောက်ပြန်လဲကျမတတ်ပြေးဖက်၏။
"ဘီဘီလေးရောက်လာပြီပဲ လာအိမ်ထဲကိုသွားကြမယ်"
တစ်လမ်းလုံး သူတစ်ယောက်ထဲဘယ်လိုလာခဲ့ရကြောင်းတွေ မမောနိုင်မပန်းနိုင်ဖောင်ဖွဲ့ပြောလေသည်။
ဒီကအလုပ်သမားကအချိုးမပြေတဲ့အကြောင်းလည်းအပါအဝင်
"ဟေ! ယွန်းဂီက အလုပ်သမားမဟုတ်ဘူးလေ ဘေးအိမ်ကကလေး သူကဒီကိုဝင်ထွက်နေကြရယ်"
"ဘီဘီမှမသိတာကို သူကလည်းသူ့အိမ်နဲ့သူမနေဘူး"
"သူလာနေနေတာ ဘီဘီအနှီးထုပ်အရွယ်ထဲက
တစ်ကယ်တမ်းပြောကြေးဆို
သူကတောင်ဧည့်သည်မဟုတ်လား
သွားတောင်းပန်လိုက်"
"အင်းပါနော် သွားတောင်းပန်လိုက်ရင်ပြီးပြီမလား"
"အင်းသွားလိုက် သူခြံထဲမှာပဲ"
အပြင်ကိုအောင့်စောင့်ပြီးထွက်သွားတဲ့
ကလေးသာသာလေးက အသည်းယားစရာ
ဟိုဘီက အစ်ကိုဟိုဆော့နဲ့တူတယ်မလား
ဟုတ်တယ် သူများပြန်လာတာဖြစ်နေမလား
ယွန်းဂီက စောစောကတိုးတိုးလေးလာပြောသည်။
ဟိုဆော့လေးပြန်လာပြီလို့သူ့နှလုံးသားထဲကခံစားရသည်တဲ့
ဟုတ်တယ်သေချာတယ်ဆိုရင် ကိုကိုကြီးနဲ့အစ်ကိုဟိုဆော့ မပေါင်းလိုက်ရတဲ့အဖြစ်မျိုး
ကျွန်တော်ထပ်ဖြစ်ခံမှာမဟုတ်ဘူး...
sprite အချိုရည်ဗူးကိုကိုင်ကာ ခြံထဲသို့ဆင်းလာ၏။
လက်ထဲက sprite ဗူး
ဒါသူပေးမယ့် တောင်းပန်လက်ဆောင်ပါပေါ့
"အား!! သေပါပြီ အီးဟီး...နာလိုက်တာကျွတ်ကျွတ် အီးဟီး"
အော်သံကြားရာလှည့်ကြည့်လိုက်တော့
ကိုယ်ချထားတဲ့ပန်းအိုးကိုမမြင်ပဲ
ခလုတ်တိုက်မိလို့ချော်လဲခြင်း
"ဘာဖြစ်သွားသေးလဲ"
"ဘာဖြစ်သွားလဲ မမြင်ဘူးလာ "
ဟုတ်ပါရဲ့ ဒူးဖွေးဖွေးလေးကရဲသွားတာပဲ
တော်သေးတယ်သွေးမထွက်တာ
"ဘာကြောင်ကြည့်နေတာလဲ ပွန်းသွားပြီတွေ့လား အီးဟီး
အဲ့တာခဗျားကြောင့်လေ ပန်းအိုးကိုဘာလို့ဒီမှာချထားတာလဲ"
ဟော သူ့ဟာသူချထားတဲ့ပန်းအိုးကို
မမြင်ပဲခလုတ်လာတိုက်တာကသူ...
"ကောင်းပါပြီ ကိုယ်တောင်းပန်ပါတယ်
ဆေးသွားထည့်ရအောင်နော်"
"မထနိုင်ဘူး "
ဒူးပွန်းသွားတာကနာပေမယ့် သူထနိုင်သေးသည်။
တမင်ဂျစ်တိုက်တဲ့ကောင်လေး
"ကောင်းပြီ ကိုယ်ချီသွားမယ်"
"ရတယ်! ရတယ်လို့!"
ဟိုဘီ ပြောလို့အချိန်မမီတော့...
သူ့ကိုကောက်ပြီးပွေ့ချီကာ အိမ်ထဲသို့ခေါ်သွားလိုက်သည်။
"ဆေးလိမ်းပြီးပြီ "
"ရော့! "
လက်ထဲကို အချိုရည်ဗူးကမ်းပေးလာတဲ့
ဟိုဘီ
"ဘာလဲ..."
"ပေးတာလေ....
ရောက်ခါစကာ ခဗျားကိုအထင်လွဲမိတာတောင်းပန်တဲ့အနေနဲ့ပေးတာ"
"ဪ...အဲ့လိုလား
ကိုယ်ကောင်းကောင်းသောက်ပါ့မယ်ဗျ"
"ခွင့်လွှတ်တယ်မလား"
"ပြောနေစရာလိုသေးလား ကိုယ်ကအစကတည်းက အပစ်မယူပါဘူး"
သံသရာအဆုံးထိမင်းကိုအပစ်မမြင်ရက်ပါဘူး
ဒီဘဝလည်းမင်းကိုပဲထပ်ချစ်မိပြန်ပြီထင်ပါရဲ့...
"ဖိုးဖိုးရေ...သွားတိုက်တံမပါလာလို့အသစ်ရှိရင်ပေးပါလား"
"ဖိုးဖိုးရေ...ဒီဆပ်ပြာကြီး ဘီဘီမသုံးတတ်ဘူး"
"ဖိုးဖိုးရေ ရေလဲသဘက်လေးမပါလာလို့
အသစ်ရှိရင်ထုတ်ပေးအုံးလေ"
ရေတစ်ခါချိုးတာကို ရေချိုးခန်းထဲကနေအော်ဟစ်နေတာ ဂျီမင်းမှာခေါင်းရှုပ်နေ၏။
ဒီကလေး ပါလာတာဘာတစ်ခုမှမရှိဘူး
ယူလာတဲ့အိတ်ကြီးကနည်းနည်းနောနောမဟုတ်ပဲနဲ့
သေချာသည်က သူ့အိတ်ထဲတွင်မုန့်တွေနဲ့သူ့ရဲ့ kaws ရုပ်တွေသာပါလိမ့်မည်။
"ဖိုးဖိုး..."
"ပြောလေ ဘီဘီ"
"ဟိုလေ...ဘီဘီကလိုတာတွေအများကြီးပဲမဟုတ်လား အဲ့တာအပြင်လေးမှာထွက်ဝယ်ချင်လို့ ဟဲဟဲ"
ဒီကလေးအပြင်ထွက်ချင်တိုင်းအကြောင်းပြနေတယ်
"သွားလေ တစ်ယောက်ထဲတော့မသွားနဲ့
ယွန်းဂီ ကိုခေါ်သွား"
"ဟွန့် သူ့ကိုမခေါ်ချင်ပါဘူးကိုယ့်ဟာကိုယ်လည်းသွားတတ်တာပဲကို"
"မရပါဘူး သူနဲ့ပဲသွားရမယ်
ဟိုဘက်အိမ်မှာသွားခေါ်ချေ"
"ပြီးရော"
အပြင်ကိုခုန်ပေါက်ထွက်သွားတဲ့ ဟိုဘီကို
ဂျီမင်းလက်လျော့ဟန်ဖြင့်
သူက အစ်ကိုဟိုဆော့ဖြစ်ခဲ့တယ်ဆိုတာမယုံချင်စရာ
အစ်ကိုဟိုဆော့က သူ့လိုယွစကီးထမနေဘူးရယ်
ဘာပဲဖြစ်ဖြစ်သူကတော့မြေးနှစ်ယောက်ကိုနီးစပ်အောင်ဖန်တီးပေးနေ၏။
မြေးကိုလင်ရအောင်တွန်းပို့သော
ကမ္ဘာ့ပထမဦးဆုံး အဖိုးရယ်ပါ...
ဟိုဘီတစ်ယောက် ဟိုဘက်ခြံကယွန်းဂီအိမ်သို့ထွက်လာလိုက်သည်။
"ဘာကိစ္စရှိလို့လဲသားလေး"
"ဟို...ဘီဘီ က ကိုကြီးကိုလာခေါ်တာပါ တီတီ"
ယွန်းဂီ မာမီမှာ ဟိုဘီ ကိုမြင်မြင်ချင်းကလေးတစ်ယောက်လိုချစ်သွား၏။
သူ့ကိုယ်သူဘီဘီလို့သုံးပြီး အန်တီလို့မခေါ်ပဲတီတီလို့ခေါ်နေတာကိုက ချစ်စရာလေးရယ်
"ဪ...သားလေးက ဟိုဘက်ခြံကဦးရဲ့မြေးမလား"
"ဟုတ် တီတီ"
"ချစ်စရာလေးကွယ်...ခနနော်သားကိုကြီးကိုသွားခေါ်ပေးမယ်"
အိမ်ပေါ်ထပ်သို့တက်သွားတာ သားဖြစ်သူအခန်းတံခါးကိုခေါက်၍
"သားသားရေ...ဂီဂီ..."
"ဘာလဲမားရာ အိပ်နေတဲ့ဟာကို အစောကြီး
မထဘူး"
"ဟဲ့...အောက်မှာ ဘီဘီလေးရောက်နေတယ် သားဆီကိုလာတာတဲ့"
ဘီဘီ ဆိုတဲ့အသံကြားသည်နှင့် ငေါက်ခနဲထထိုင်လိုက်၏။
"ထပြီမာမီ! အခုထပြီ ခနပဲစောင့် ရေချိုးပြီးဆင်းလာမယ်"
ရေကိုအမြန်ချိုးကာ သူနဲ့လိုက်ဖက်မယ့်အင်္ကျီကို ကျကျနနဝတ်ပြီး အောက်ထပ်သို့ဆင်းလာ၏။
အောက်ထပ်မှာတော့ မာမီနဲ့စကားကောင်းနေတဲ့ ဟိုဘီ...
"ရောက်ပြီ..."
"ဪ...သားသား...ဘီဘီလေးကအပြင်မှာဈေးဝယ်ထွက်ချင်လို့ ဖိုးဖိုးကသားနဲ့သွားဖို့လွှတ်လိုက်တာ "
ဖိုးဖိုးတို့ကတော့ အရောက်ကိုပို့ပေးနေတော့တာပဲ ဟဲဟဲ
"ဟုတ်...သွားကြမလား ဘီဘီ"
"ဟုတ်...ဒါဆိုသွားလိုက်ပါအုံးမယ် တီတီဗျ"
"အေးပါကွယ် နောက်လည်းအိမ်ကိုဝင်ထွက်နော် ဘီဘီလေး
သားသားက ညီလေးကိုသေချာစောင့်ရှောက်နော်"
"စိတ်ချပါ မာမီရဲ့ သွားပြီ"
မာမီတို့များ မတော်ရသေးတဲ့ ချွေးမသားမက်လေးကို အဖြစ်သည်းနေလိုက်တာ
နေအုံး! ငါကအပိုင်ကြီးတွက်လိုက်တာပေါ့ ဟိဟိ!
(AN: ဖိုးဖိုးက ကိုယ်တွေနဲ့ဂိုဏ်းတူနာ😌
ဖတ်ရတာပျင်းနေပြီလား🥺
feedback ပေးခဲ့ပါအုံးနော်💜)
24.5.2022
______________________________________
Zawgyi
တစ်ဉီးတည်းသောမြေးပဲ"
ဟူး...မောလိုက်တာ
သူ့ကိုယ်သူဘီဘီတဲ့...
"ဟမ်! ဟုတ်ဟုတ်"
"ကောင်းပါပြီ"
"ဖိုးဖိုး!"
သွားတောင်းပန်လိုက်"
လက်ထဲက sprite ဗူး
"ဘာဖြစ်သွားသေးလဲ"
"မထနိုင်ဘူး "
"ရတယ်! ရတယ်လို့!"
"ဆေးလိမ်းပြီးပြီ "
"ရော့! "
ဟိုဘီ
"ဘာလဲ..."
"ပေးတာလေ....
"ဪ...အဲ့လိုလား
"ခွင့်လွှတ်တယ်မလား"
"ဖိုးဖိုး..."
"ပြောလေ ဘီဘီ"
ယွန်းဂီ ကိုခေါ်သွား"
"ပြီးရော"
ကမ္ဘာ့ပထမဉီးဆုံး အဖိုးရယ်ပါ...
"ဪ...သားလေးက ဟိုဘက်ခြံကဉီးရဲ့မြေးမလား"
"ဟုတ် တီတီ"
"သားသားရေ...ဂီဂီ..."
မထဘူး"
"ရောက်ပြီ..."
"ဟုတ်...သွားကြမလား ဘီဘီ"
ဖတ်ရတာပျင်းနေပြီလား🥺
24.5.2022
______________________________________