ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ...

By Aster_2122

226K 16K 693

နှင်းဆီနီတွေကြိုက်တတ်တဲ့ မမနီ ဆိုတဲ့အမျိုးသမီးဟာ ကျွန်မအတွက် မြတ်နိုးစရာ🌹♥ Start Date**12-2-2022 End Date***... More

Part(1)
Part {2}
Part {3}
Part {4}
Part {5}
Part {6}
Part {7}
Part {8}
Part {9}
Part {10}
Part {11}
Part {12}
Part {13}
Part {14}
Part {15}
Part {16}
Part {17}
Part {18}
Part {19}
Part {20}
Part {21}
Part {22}
Part {23} ဇာတ်သိမ်းပိုင်း
Extra (2)
အသိပေးခြင်း♥
Hey....
♥🌹

Extra 1

9.1K 544 35
By Aster_2122

ချစ်မိခဲ့သည်ဆိုရာဝယ် (or)ချစ်သောမမနီ
Extra-1

အနီရောင်ကော်ဇောနီကြီး၏တစ်ဖက်ထိပ်တွင်ရပ်နေသည့်လူများကြား အမျိုးသမီးလေးနှစ်ဦးမှာထင်းနေတော့သည်။ရှေ့ဆုံးမှ ကလေးငယ်လေးမှာ နီနီရဲရဲနှင်းဆီပွင့်ဖတ်များနှင့်အတူ စံပယ်ပွင့်ကလေးများအား ကြဲချိန် အနောက်မှ မင်္ဂလာဗန်းကိုင် အပျိုချောလေးနှစ်ဦးမှာလျှောက်လှမ်းနေလေသည်။ထိုသူများ၏နောက်တွင် အဖြူရောင် ဝမ်းဆက်ကလေးအားတူညီစွာဝတ်ဆင်ထားသည့်အမျိုးသမီးလေးနှစ်ဦး။တစ်ဦး၏လက်ထဲတွင် နီနီရဲရဲနှင်းဆီစည်းကလေးအားကိုင်ထားလေသည်။ထိုသူနှစ်ဦး၏မျက်နှာထက်ဝယ် အပြုံးရိပ်တို့မှာ ဖြတ်ပြေးကာနေလေသည်။ဒီနေ့ဟာ သူတို့နှစ်ဦး၏အပျော်ရွှင်ရဆုံးနေ့ကလေးဖြစ်ပေမည်။ကောဇောနီခင်းထားရာ လမ်း၏တစ်ဖက်စီတွင် အလှဆင်ထားသည်မှာလည်း အနီရောင်နှင်းဆီများပင်။ခန်းမကျယ်ကြီးထဲတွင် နှင်းဆီရနံ့တို့မှာ သင်းပျံ့နေပြီး သတို့သမီးလေးနှစ်ဦးအား ဆုမွန်များခြွေနေသလိုပင်။သတို့သမီးလေးနှစ်ဦးနောက်တွင် မိဘဆွေမျိုးများမှာလည်းအပြုံးပန်းများဝေကာလျှောက်လှမ်းနေလေသည်။

ဒီလိုနေ့ကလေးကိုရောက်ဖို့ ဝသုန်စောင့်ခဲ့ရသည်မှာငါးနှစ်ကြာလေသည်။လူကြီးတွေမသိဘဲ နှစ်ယောက်တွဲခဲ့ကြသည်မှာ သုံးနှစ်နှင့် မမနီအမေနှင့်မိသားစုမျာအားလက်ခံလာအောင် ကြိုးစားခဲ့ရသည်မှာနှစ်နှစ်ပင်။မမနီမိသားစုပါမက က်ိုယ်ကျင်လည်ရာအသိုင်းအဝိုင်းတွင်ပါ လက်မခံရင်တောင်ပြောဆိုရှုံ့ချခြင်းမပြုကြလေအောင် ဝသုန်တို့ကြိုးစားခဲ့ကြရသည်။ဆရာမတွေဖြစ်ကြပြီးဆိုသည့်ခေါင်းစဥ်အောက်တွင် နှစ်ဦးစလုံးထိုးနှက်ခံခဲ့ရသည်။တစ်ချို့နေ့ရက်တွေမှာတော့ ဆရာမဖြစ်တိုင်း ကိုယ်ချစ်ရသူကိုရွေးချယ်ခွင့်မရှိဘူးလားလို့ခပ်စွာစွာပြန်ပြောတတ်ပေမဲ့ တစ်ချို့နေ့ရက်တွေမှာတော့ အရေးတယူမပြောဖြစ်ခဲ့။တာဝန်ကျရာကျောင်းချင်းမတူတော့ တွေ့ဖြစ်သည်ကနည်းကြလေသည်။ဒီအချိန်တွေထဲ ကြားထဲတွင်မနာလိုသွေးထိုးသူများလည်းရှိခဲ့သည်။ဒါတွေကိုကျော်ဖြတ်နိုင်ခဲ့သည့်အတွက် ဂုဏ်တော့ယူမိပါသည်။

"နွေ..အစ်မပြောနေတာကြားလား ဘာတွေတွေးနေတာလဲ"
နားနားကပ်ကာ ပြောသည့်ချစ်ရသည့်အမျိုးသမီး။အတွေးတွေလွန်နေတာကြောင့် မေမေခေါ်တာကိုဝသုန်မသိလိုက်ခြင်းသာ။
"ဘာအစ်မလဲ မေမေပါဆို"
"နွေနော်.."
နှုတ်ခမ်းလေးစူကာ မျက်စောင်းခဲသည့်အမျိုးသမီး။မျက်စောင်းတစ်ပွင့်ခြွေတိုင်း ဒီလူအကြိမ်အခါတစ်ရာမကကြွေရတာ ဒီအမျိုးသမီးမသိတာလည်းမဟုတ်။ဖြစ်နိုင်ရင် ပွဲအလည်မှာ မျက်နှာလှလှလေးကိုနမ်းပစ်လိုက်ချင်သည်။မင်္ဂလာစင်မြင့်ပေါ်ဝယ် ထုံးတမ်းစဥ်လာများအားပြုလုပ်ပြီးသည့်နောက် နှစ်ဖက်မိဘများအားကန်တော့ကြသည်။ဝသုန့်ဖေဖေနှင့်မေမေမှာအပြုံးပန်းများဝေနေသလို မမနီအမေနှင့်အစ်မမှာလည်း အငိုမျက်လုံးအပြုံးမျက်နှာနှင့်သာ။ဖေဖေကမျက်ရည်တို့ရစ်ဝဲနေတာမြင်တော့ ဝသုန့်မျက်ဝန်းတွင်လည်းမျက်ရည်တို့စို့မိသည်။မမနီဟာလည်းထိုနည်းတူစွာပင်။

မိဘများထံမှ ဆုမွန်များအားယူပြီးသည့်နောက် အမှတ်တရဓာတ်ပုံများရိုက်ကြသည်။ယွန်းနှင့်ဧပရယ်မှာ ပြုံးစိပြုံးစိဖြင့်လိုက်စနေတာကြောင့် အရှက်သည်းသည့်အမျိုးသမီးမှာ မျက်နှာတစ်ပြင်လုံးရဲသွေးလွှမ်းနေတော့သည်။လှလှပပထုံးဖွဲ့ထားသည့်ဆံထုံးကလေးနှင့်အတူ ရိုးရာမပျက်ပန်ထားသည်မှာ နှင်းဆီနီနီတစ်ပွင့်ရယ်သာ။ဆိုးဆေးကူကာရဲသွေးနီနေသည့်နှုတ်ခမ်းတစ်စုံမှာ နှင်းဆီပန်းအားတော့မမှီခဲ့ပေ။

အဖြူရောင်ဝမ်းဆက်၊နှင်းဆီနီနီနှင့်အနီရောင်လွှမ်းခြုံထားသည့် ခန်းမထဲဝယ် ဒီအမျိုးသမီးအလှတရားအားမည်သူမှ အပြစ်မဖွဲ့ရက်ပေ။ဖွဲ့စရာအပြစ်တို့မရှိလေအောင် ထိုအမျိုးသမီးမှာ လှပလွန်းလှသည်။တစ်ချက်တစ်ချက်ပြုံးလိုက်လေတိုင်း ပေါ်သွားတတ်သည့် ပါးချိုင့်ခွက်ကလေးဟာ ဝသုန့်တစ်​ယောက်တည်းရဲ့သီးသန့်ခိုလှုံရာလို့တွေးမိတော့ ကိုယ့်ကိုယ့်ကိုယ် ဂုဏ်ယူကျေနပ်မိသွားသည်။မမနီဆိုသည့်အမျိုးသမီးမှာတကယ့်ကိုပင် ဝသုန်ရုန်းမထွက်နိုင်သည့် နွံအိုင်ကလေး။ဖြတ်မပစ်နိုင်သည့် နွယ်ကြိုးကလေးဖြစ်ပေသည်။

"နွေ ဧည့်သည်တွေရှိတယ်လေ အဲ့လောက်မကြည့်နဲ့"
"ဘာဖြစ်လဲ ချစ်လို့ကြည့်တာလေ ကိုယ့်အမျိုးသမီးကိုချစ်လို့ကြည့်တာ"
"နွေ..မင်းကတော့လေ ပြောမကောင်းဆိုမကောင်းဘဲ"
"မမနီဆုံးမရင်တော့လိမ္မာမှာပေါ့ သိသားနဲ့"
"နွေကတော့လေ..ဧည့်သည်တွေရှိနေလို့သိလား ဟွန့်"
"အဲ့တာဆို ဧည့်သည်တွေမရှိတဲ့ဆီသွားရအောင်...လာ"
ပြောပြောဆိုဆိုဖြင့် လက်အားဆွဲကာ ခန်းမထဲမှပြေးထွက်လိုက်တာကြောင့် ကြောင်အအဖြင့်ပါလာသည့်အမျိုးသမီး။
"ကားပေါ်တက်.."
"ဘာလဲ ဧည့်သည်တွေရှိနေသေးတာကိုနွေနော်"
"ဧည့်သည်တွေကိုဧည့်ခံမဲ့သူရှိပါတယ် တက်ပါ မမနီကိုနွေပြစရာရှိလို့"
"နွေကတော့လေ တကယ်မနိုင်တာပဲ ပြီးရောပြီးရော"
စိတ်မဆိုးပါဘဲ ဆိုးချင်ယောင်ဆောင်ပြီး နှုတ်ခမ်းလေးစူကာနေပုံမှာအသည်းယားစရာပင်။နီစွေးစွေးနှုတ်ခမ်းလေးအား ဖြတ်ကနဲနမ်းမိရင်ဖြင့် မျက်စောင်းတို့ခဲလိမ့်အုံးမှာအသေအချာ။

"သတို့သားကသတို့သမီးကို...အဲလေသတို့သမီးက သတို့သမီးကိုခေါ်သွားပြီဆိုတော့ ဟော့ဒီကဧည့်သည်တွေကို တို့တွေပဲဧည့်ခံရတော့မှာပေါ့နော်"
"ဒါပေါ့..ဒါပေါ့..ဟောဒီက လူကြီးတွေကပဲဧည့်ခံကြရမှာပေါ့"
အတိုင်အဖောက်ညီစွာအရွှန်းဖောက်နေသည့် ယွန်းနှင့်ဧပရယ်ကြောင့် ဧည့်သည်များမှာ တသောသောရယ်မောကာနေကြတော့သည်။
---
"နွေ့ ဘယ်သွားမှာလဲ"
"ဒီနားလေးတင်ပါ ရောက်တော့မှာပါ မမနီရဲ့ မလောပါနဲ့"
"ရှင်ဟာလေ..တကယ်ဘာမှန်းကိုမသိဘူး"
"အခုမသိလည်း ညကျသိရမှာပေါ့"
"နွေနော်..."

မျက်နှာတစ်ခုလုံးရဲကာ ဝသုန့်လက်မောင်းအား ထုရိုက်ရင်းအရှက်သည်းနေသည့်အမျိုးသမီးကြောင့်ဝသုန့်မှာရယ်သာနေမိတော့သည်။ဒီနှစ်တွေအတွင်း လက်ကလေးအားနမ်းရုံ၊နှုတ်ခမ်းပါးလေးတွေအားထိတွေ့ရုံကလွဲ ဝသုန်တို့အဆင့်မကျော်ဖြစ်ခဲ့ကြပေ။

"ကဲရောက်ပြီ အပြင်ကိုတစ်ချက်လောက်ငေးမောလိုက်ပါအုံး"
ကားပေါ်မှဆင်းလိုက်သည်နှင့်ပထမဆုံးလှမ်းမြင်ရသည်မှာအဖြူရောင်အုတ်တံတိုင်းကာထားသည့်ခြံဝန်းထဲရှိ နှစ်ထပ်တိုက်ကလေးပင်။
"နွေ..ဒါဘယ်သူ့အိမ်လဲ"
"အထဲရောက်ရင်သိရမှာပေါ့လေ..မလောပါနဲ့"
ခြံတံခါးအားတွန်းဖွင့်လိုက်တော့ အလှကျောက်ပြားလေးများအပြည့်ခင်းထားသည့်ကားဝင်သာသည့်လမ်းမကျယ်အားတွေ့ရသည်။လမ်းမတစ်ဖက်တစ်ချက်စီတွင်တစ်ပေလောက်မြင့်မည့်အုတ်ခုံဘောင်ကလေးရှိပြီးထိုအပေါ်တွင် ပန်းအိုးကလေးများမှာစီစီရီရီဖြင့်တည်ရှိနေလေသည်။ထိုပန်းအိုများထဲမှာတော့ ရဲသွေးနီနေသည့် နှင်းဆီပွင့်ကလေးများ နေရာယူကာ လှပနေလေသည်။လမ်း၏ဘယ်ဘက်တွင် ထိုင်ခုံလေးများစီချထားသည့်စားပွဲဝိုင်းတစ်ခုမှာ အမိုးအကာအောက်တွင်လှလှပပတည်ရှိနေသည်။ညာဘက်မှာတော့ ဒန်းကလေးမှာ နှင်းဆီပန်းခင်း၏ဘေးတွင်တည်ရှိနေသည်။
ခြံဝန်းထဲရှိပန်းခင်းနဲ့ပန်းအိုးများအားသဘောတကျကြည့်နေသည့်အမျိုးသမီးအားကြည့်ကာ ဝသုန့်မှာလည်းကြည်နူးနေမိသည်။နှင်းဆီပန်းခင်းကြားထဲလှစ်ခနဲရောက်သွားသည့်သူမှာကလေးတစ်ယောက်ပမာပင်။အဖြူရောင်ဝမ်းဆက်ကလေးနှင့်နှင်းဆီခင်းထဲရှိအမျိုးသမီးမှာ သိပ်ကိုလှပလွန်းလှသည်။ကျက်သရေရှိလွန်းလှသည်။နှင်းဆီခင်းထဲရှိပန်းးပွင့်များအား နမ်းရှိုက်နေပုံမှာ ချစ်စဖွယ်အတိပင်။
"မမနီ.."
ပန်းခင်းသေးသေးလေးထဲပျော်နေတာ ဝသုန်ခေါ်သည်ကိုပင်ဂရုမစိုက်။အိမ်အနောက်ဘက်ရှိ ပန်းခင်းကြီးကိုသာမြင်ရင် ဝသုန့်ကိုတောင် လိုအပ်ပါတော့မလား။
"နွေ..ဒါဘယ်သူ့အိမ်လဲဟင်၊လူလည်းမတွေ့ဘူး၊နှင်းဆီတွေစိုက်ထားလိုက်တာလဲ ရဲနေရောပဲ။"
"မမနီသဘောကျလား"
"အင်းသဘောကျတာပေါ့၊အိမ်ပုံစံလေးကိုရောပဲ တကယ်သဘောကျတယ်။တို့စိတ်ကူးနဲ့ကွက်တိပဲသိလား။ဒီအိမ်မှာနေရတဲ့သူကတကယ်ကံကောင်းတဲ့သူပဲ"
"ဒါဆို မမနီက ကံကောင်းတဲ့သူပေါ့လေနော့်"
"ဟင် ဘာကိုပြောတာလဲနွေ"
"မမနီက ကံကောင်းတဲ့သူပေါ့လို့ပြောတာလေ"
"နွေဆိုလိုတာက.."
"ဟုတ်ရဲ့ ဒါက မမနီအိမ်ပါလို့ မမနီနဲ့နွေနေရမဲ့ အိမ်ကလေးပါရှင့်"
ဝသုန့်ပြောတော့ အံ့သြကာသွားသည့်အမျိုးသမီး။မျက်လုံးအဝိုင်းသားလေးဖြင့် သူမပါးစပ်အားလက်ကလေးဖြင့်အုပ်ကာနေပုံမှာ တကယ့်ကိုအသည်းယားစရာ။
"နွေ..တကယ်ပြောနေတာလား..တို့မယုံနိုင်ဘူး"
"တကယ်ပြောတာပါနော်။ဒီခြံက နွေ့ဘွားဘွားခြံလေ၊ဘွားဘွားက နွေနဲ့မမနီကိုလက်ဖွဲ့တာတဲ့။ကျန်တာကတော့ မမနီမေမေနဲ့နွေ့မိဘတွေက နွေတို့နှစ်ယောက်အတွက်လက်ဖွဲ့တာ။အိမ်ပုံစံနဲ့ ခြံဝန်းထဲ အလှဆင်တာကတော့ ဟော့ဒီက ကောင်မလေးပါရှင့်"
"မကောင်းဘူးကွာ..မကောင်းဘူး။တို့ကိုကျဘာတစ်ခုမှမပြောဘဲ သူတို့ဘာသာလုပ်ကြတယ်။မေမေတို့လည်းအတူတူပဲ။တို့ကအကြီးလေ တို့ကိုပြောပြသင့်တာပေါ့။ဘာလို့ကလေးကိုပဲပြောရတာလဲ"
"မမနီနော်..နွေက ကလေးမဟုတ်ပါဘူးဆို"
"အို..တို့နဲ့ယှဥ်ရင် ကလေးပဲပေါ့ တို့ကိုပြောသင့်တာပေါ့လေ။မဟုတ်ဘူးလား။အခုတော့တို့က ဘာမှမသိရဘူး"
နှုတ်ခမ်းလေးစူကာ ကလေးပမာခြေလေးဆောင့်ပြီးစိတ်ဆိုးပြနေသည့်အမျိုးသမီးအား မိမိဘက်သို့ဆွဲလှည့်စေကာ နှုတ်ခမ်းပါးလေးအား နမ်းရှိုက်လိုက်မိသည်။
"နွေ့..ဘာလုပ်တာလဲ..လူတွေ..အွန့်"
စကားအားအဆုံးမခံပါဘဲ လက်ဖြင့်ခါးအား ဆွဲဖက်ကာ ကိုယ်ချင်းထပ်ကာနီးကပ်စေပြီး နှုတ်ခမ်းပါးလေးအား ထပ်ခါ နမ်းရှိုက်လိုက်မိသည်။
"လူတွေဘာဖြစ်လဲပြောပါအုံး..မမနီရဲ့"
"တော်ပြီ မပြောတော့ဘူး တို့ထပ်ပြောရင် မင်းထပ်နမ်းအုံးမှာ တို့သိတယ် တော်ပြီ"
မျက်စောင်းလေးဝင့်ကာဖြင့် ဝသုန့်လက်အားဖယ်ချကာ အိမ်လေးထဲသို့ခပ်သွက်သွက်လျှောက်ကာဝင်သွားသည့်အမျိုးသမီး။တကယ်ပါပဲလေ ဒီအမျိုးသမီးတွေရှက်ရင် သိပ်ချစ်ဖို့ကောင်းလိုက်တာ။ရှက်တတ်တာနှစ်ယောက်မရှိသလို ချစ်တတ်တာလည်းနှစ်ယောက်မရှိသည့် အမျိုးသမီးရယ်ပါ။
ခြံတံခါးအားဖွင့်ကာ အပြင်ရှိကားလေးအားအိမ်ထဲသို့မောင်းဝင်လိုက်မိသည်။မနက်ဖြန်ဆိုရင်တော့ ဒီကားအားမေမေတို့ဆီပြန်ပေးရမည်။ဝသုန်နှင့်မမနီအတွက် ကားမှမလိုအပ်တာပါပဲလေ။ခြံတံခါးအားသေချာသော့ခတ်ကာ အိမ်ထဲသို့ဝင်လာလိုက်မိသည်။
---
"မမနီ..မမနီ..မမနီရေ"
အိမ်ထဲမှာအော်ခေါ်နေပေမဲ့အသံမကြားတာကြောင့်အိမ်ပြင်သို့ထွက်ကြည့်မိတော့ ဒန်းပေါ်တွင်ထိုင်ကာ စာအုပ်ဖတ်နေသည့်အမျိုးသမီး။ဧည့်ခန်းရှိနာရီအားကြည့်မိတော့ ရှစ်နာရီအတိ။ဒီအချိန်ကြီးကို အပြင်မှာ စာအုပ်ထွက်ဖတ်စရာလိုလို့လား။တကယ်ပါပဲ ဒီအမျိုးသမီးကတော့ သက်သက် ဥာဏ်များနေတာပဲ ဖြစ်ရမယ်။ခြေလှမ်းကြဲများဖြင့်လျှောက်ကာသွားမိတော့ စာအုပ်အားစိတ်ဝင်တစားဖြင့်ဖတ်နေသည့်အမျိုးသမီး။ဝသုန့်ကိုတောင်လှည့်မကြည့်ပေ။
နီညိုရောင်ချည်ဝမ်းဆက်ဖြင့်ပါးတွင်ပါးကွက်ကလေးအားထင်းထင်းကလေးကွက်ထားပြီး ဆံနွယ်တို့အား စည်းနှောင်ထားပုံမှာ မမနီ၏မူပိုင်ပုံစံပင်။စာအုပ်အား ဆတ်ကနဲဆွဲယူလိုက်တော့မော့ကြည့်လာသည့်အမျိုးသမီး။

"နွေ..ဘာလုပ်ပြန်တာလဲ တို့စာဖတ်နေတယ်လေ"
"အချိန်ကိုလည်းကြည့်ပါအုံး ဒီအချိန်ကြီးစာဖတ်စရာလားမမနီရဲ့ ဟင်။ဖတ်ချင်ရင်လည်းအခန်းထဲမှာဖတ်ပါပေါ့လား။ဘယ့်နှယ့်ဒန်းပေါ်လာပြီးစာဖတ်ရတာလဲ။တစ်နေကုန်ပင်ပန်းတယ်ဆိုပြီး အခုကျစာဖတ်နေတယ်။နွေသိတယ်နော် ဟင်း ဟင်း"
"ဘာကိုလဲနွေရယ်..တို့ဖတ်လက်စမလို့ဖတ်နေတာပါ။ပြန်ပေးလေကွယ်နော်။နွေပင်ပန်းလို့အိပ်ချင်ရင်အိပ်တော့လေ။တို့ပြီးရင်လာခဲ့မယ်"

အိပ်ချင်အိပ်တော့တဲ့လား။ဘယ်လောက်တောင်ခက်လိုက်တဲ့အမျိုးသမီးလဲ။လက်ထပ်ပြီးခါစ မင်္ဂလာဦးညလေးကို ဝသုန်က အိပ်နှင့်ရမယ်ပေါ့။တော်တော်ခက်တဲ့အပျိုကြီးတွေပါလေ။အဟက် နွေနှောင်းဝသုန်တို့က လွယ်လွယ်အလျှော့ပေးမဲ့အထဲ ပါတာမှမဟုတ်ဘဲ။

"မမနီနော် နွေသိနေတယ် မမနီဒီလိုလုပ်မယ်ဆိုတာ သိနေတယ် နွေနှောင်းဝသုန်ပါနော် ရမယ်ထင်သလား ဟင် ရမယ်လို့ထင်လို့လား"
"ဘာကိုလဲ ဘာကိုလဲ နွေရယ် သွားအိပ်စမ်းပါလေ။တို့ပြီးရင်လာခဲ့မယ်"
မမနီက တကယ့်ကိုဘာမှမသိသလိုပုံစံမျိုးဖြင့်ဝသုန့်အားပြောနေလေသည်။ဘေးတွင်ဝင်ထိုင်တော့တစ်ဖက်သို့ကပ်သွားသည့်အမျိုးသမီး။ထပ်တိုးတော့ထပ်ကပ်သွားပြန်လေသည်။ကပ်ရင်းကပ်ရင်းနောက်ဆုံးတွင်တော့မမနီဟာ ဒန်း အစွန်းထိရောက်သွားတော့သည်။
"နွေ ဘယ်လိုဖြစ်နေတာလဲ"
"မမနီကရော ဘာဖြစ်နေတာလဲ ဘာလို့ဟိုဘက်ပဲကပ်နေတာလဲ"
"နွေက တိုးလာတာလေလို့ နွေတိုးလာလို့ တို့ကကပ်ပေးရတာ"
"မမနီတိုးသွားလို့နွေက လိုက်ကပ်ရတာလေ အို တော်ပြီ"
ပြောပြောဆိုဆိုဖြင့်ထရပ်ကာ လက်ထဲရှိ စာအုပ်အား ဒန်းပေါ်တင်လိုက်မိသည်။
"သွားအိပ်တော့မလို့လား"
"ဟုတ်တယ် သွားအိပ်တော့မလို့"
"အင်း သွား"
"နွေတစ်ယောက်တည်းတော့မဟုတ်ဘူး မမနီပါ လိုက်အိပ်ရမယ်"
ဒန်းပေါ်ထိုင်နေသူအား စွေ့ကနဲပွေ့ချီလိုက်တော့ ရုတ်တရက်လန့်သွားသည့်အမျိုးသမီး။
"နွေ့..ဘာ..ဘာလုပ်တာလဲ ချပေး ကိုယ့်ဘာသာသွားအိပ်"
"အိပ်စရာလား..အိပ်စရာလားလို့။မမနီနဲ့အတူရှိနေခွင့်ရတဲ့ ဒီလိုညမျိုးကို နွေက တစ်ယောက်တည်းအိပ်သွားစရာလား။နွေက မမနီကိုအပိုင်သိမ်းမှာ"
"နွေ့..."
ဘာစကားတစ်ခွန်းမှမဆိုတော့ဘဲ မျက်နှာလေးရဲကာ ဝသုန့်ရင်ခွင်အား မျက်နှာအပ်ပြီးငြိမ်ကျသွားသည့်အမျိုးသမီး။ဝသုန့်လည်ဂုတ်အားသိုင်းဖက်ထားသည့်လက်တို့မှာအေးစက်နေလေသည်။
"နွေ..တို့ဘာသာလျှောက်မယ်"
"ဟင့်အင်း မလျှောက်ရပါဘူး။နွေ့အမျိုးသမီးကို နွေကိုယ်တိုင်ချီသွားမယ်"
"မင်းတို့ကလေးတွေ သိပ်ပိုတာပဲ"
"လိုနေသေးတာပါနော် လိုနေတာပါ နွေကလေးမဟုတ်ပါဘူးဆို မမနီနော်"
"တို့နဲ့ယှဥ်ရင် ကလေးပါပဲနော်"
စကားနိုင်လုနေသည့်အမျိုးသမီးအား နှင်းဆီပွင့်ဖတ်တို့ ခင်းကျင်းထားသည့် မွှေ့ယာအိစက်စက်ပေါ် တင်ပေးပြီးနောက် အိမ်တံခါးနှင့်အတူ အခန်းတံခါးပါ လော့ခ်ချလိုက်မိသည်။

မွှေ့ယာပေါ်ရှိ အမျိုးသမီးအားအပေါ်မှနေရျ်အုပ်မိုးလိုက်တော့အရှက်သည်းစွာတစ်ဖက်သို့မျက်နှာလွှဲသွားလေသည်။
"မမနီ..မမနီလို့"
ခေါ်နေတာကိုမကြည့်ပါဘဲ တစ်ဖက်ကိုသာအတင်းတွေလွှဲထားသည့်အမျိုးသမီး၏ခပ်ထင်းထင်းဖြစ်နေသည့်လည်တိုင်ကလေးအား တစ်ချက်ခပ်ဖွဖွကိုက်လိုက်မိသည်။
"အာ့..နွေ့..ဘာလုပ်တာလဲ"
"မမနီမှ နွေ့ကိုမကြည့်ဘဲလေ ဘာလို့မျက်နှာလွှဲရတာလဲ နွေ့ကိုမချစ်ဘူးလားဟင်"
"နွေကလည်း.."
"ဖြေပါ နွေ့ကိုမချစ်ဘူးလားလို့"
"မချစ်ရင် ဒီအသက်အရွယ်ကျမှ နွေ့ကိုလက်ထပ်ပါ့မလားဟင်။အခုဒီနေရာမှာ တို့ရှိနေပါ့မလား။တို့မင်းကို ကိုယ့်ကိုယ်ကိုယ်ထက် ပိုချစ်တာပါနွေရဲ့ သိလား"
"အဲ့တာဆို နွေ့ကိုပဲ ကြည့်လေ "
"နွေကတော့လေ.."
ထိုမျှသာဆိုရင်း မျက်လွှာချသွားသည့်အမျိုးသမီး။ဘေးသို့လှည့်မသွားသည်ကပင် ချစ်စရာပေပဲမလား။
အခန်းမီးအားမှိတ်ကာ စားပွဲပေါ်ရှိ မီးအိမ်ကလေးအား ထွန်းလိုက်မိသည်။မီးရောင်မှိန်ပြပြအောက်တွင် မြင်ရသည့်အမျိုးသမီးမျက်နှာမှာ ချစ်စရာ။ချစ်ချင်စရာပင်။

နဖူးထက်သို့အနမ်းတစ်ပွင့်ခြေပြီး ရိုးအီသွားခြင်းမရှိသည့်နှုတ်ခမ်းပါးကလေးအားနမ်းရှိုက်မိသည့်အခါ မမနီထံမှ တုန့်ပြန်အနမ်းတို့ရရှိလာလေသည်။မမနီဆံနွယ်တို့အားစည်းနှောင်ထားသည့် ခေါင်းစည်းကြိုးလေးအာ ဖြည်လိုက်သည့်နောက် ဆံနွယ်ရှည်တို့ ကပိုကရိုဖြစ်ကာသွားပုံမှာ မမနီအားပိုရျ်လှပသွားစေသည်။
လက်တို့အား လျှောဆင်းကာသွားသည့်နောက် မမနီကိုယ်ပေါ်ရှိ အင်္ကျီကလေးနှင့်အတူအောက်ခံကလေးပါ ခုတင်ခြေရင်းသို့ရောက်ရှိကာသွားတော့သည်။တစ်စွန်းတစ်စကလေးတောင်မမြင်ရအောင် အမြဲတမ်းဖုံးကွယ်ထားသည့် အရာတို့အားမြင်ရတော့ ဝသုန့်မှာရင်သပ်ရှူမောရသည်။လေးဆယ်ကျော်အမျိုးသမီးတစ်ယောက်အနေဖြင့် ပြီးပြည့်စုံသည့်ခန္ဓာကိုယ်ကောက်ကြောင်းများအားဘယ်လောက်တောင်ငေးကြည့်နေမိသည်မသိ မမနီဟာ လက်ဖြင့်အတင်းတွေ ကာထားလေတော့သည်။

"သူများကြည့်နေတာကို"

နှုတ်ခမ်းလေးစူကာဆိုရင်း လက်နှစ်ဖက်အားဆုပ်ကိုင်ကာမမနီခေါင်းရင်းတွင် မွှေ့ယာနှင့်ထိကပ်ကာထားလိုက်ပြီးနှုတ်ခမ်းပါးတို့အားနမ်းရှိုက်မိသည်။ထိုမှတစ်ဆင့်သွေးကြောကလေးများထင်းနေသည့် လည်တိုင်လေးအား နမ်းရှိုက်ပြီး တဖြည်းဖြည်းဖြင့် အောက်သို့ လျှောဆင်းလာမိသည်။မမနီမှာတော့ အတော်လေးမောဟိုက်နေသည်ထင်ရဲ့ အသက်ရှူသံတို့မှာ မြန်ဆန်ကာ ဝသုန်ပြုသမျှနုနေရသည်။ကိုယ်ပေါ်မှရှိရှိသမျှအဝတ်လွှာတို့မှာ ခုတင်အောက်တွင်ဟိုတစ်စဒီတစ်စလွင့်စင်ကာနေတော့သည်။ဝသုန်၏ဦးဆောင်မှုအောက်တွင် ပန်းမွှေ့နီနီဆိုသည့်အမျိုးသမီးမှာ အော်ညည်းရုံသာတတ်နိုင်ခဲ့သည်။

တစ်ချက်တစ်ချက်တွန့်ခါသွားပုံ၊အိပ်ရာခင်းစအား ခပ်တင်းတင်းဆွဲစုပ်ကာ ဘယ်ညာလူးလွန့်နေပုံတို့မှာ ပန်းချီကားလေးတစ်ချပ်သဖွယ်ပင်။တစ်ချက်တစ်ချက်ထွက်လာသည့် ညည်းသံနှင့် ဝသုန့်လက်မောင်းအား အားကိုးတကြီးဆုပ်ကိုင်ထားပုံတို့မှာ ဝသုန့်အတွက်အားအင်တစ်ခုပင်။လေးဆယ်ကျော်အမျိုးသမီးတစ်ယောက်ရဲ့အလှတရားတို့တွင်ဝသုန့်မှာအကြိမ်ကြိမ်နစ်မျောရသည်။ဝသုန့်အောက်တွင် ဝသုန်ဆိုးသမျှ အံလေးကြိတ်ကာ တင်းခံနေသည့် ထိုအမျိုးသမီးအား သိပ်ကိုမြတ်နိုးရသည်။

နှုတ်ခမ်းပါးရဲရဲကလေးအားထပ်ခါထပ်ခါနမ်းရှိုက်ရင်း၊လှုပ်ရှားမှုအချို့အားလျှင်လျှင်မြန်မြန်လှုပ်ရှားရင်းဖြင့် နောက်ဆုံးတွင်တော့ ထိုအမျိုးသမီးမှာတင်းထားသမျှစိတ်အစုံအားလွှတ်ချလိုက်သည်ထင်ရဲ့ ဝသုန့်ရင်ခွင်ထဲတွင် ပျော့ခွေသွားတော့သည်။ပထမဆုံးအကြိမ်ဖြစ်သည့်အတွက် သိပ်ကိုမောပန်းသွားသည်ထင်ရဲ့။အသက်အားဖြည်းဖြည်းချင်းရှူကာအမောဖြေနေလေသည်။မျက်ဝန်းကလေးမှိတ်ကာအမောဖြေနေသည့်ထိုအမျိုးသမီးရဲအလှတရားအား ဝသုန့်မှာ ငေးမောမိပြန်ပါသည်။
"အမေ့..နွေ့..မရဘူးနော်"
တစ်ဖက်သို့ဝင်ဖို့လုပ်သည်ကိုဒီအမျိုးသမီးဘာတွေထတွေးသည်မသိ။အလန့်တကြားဖြင့် ဝသုန့်ရင်ဘတ်အားတွန်းကာနေလေသည်။မျက်ဝန်းအဝိုင်းသားလေးဖြင့်ကြည့်နေပုံမှာ ထိတ်လန့်နေသယောင်။
"နွေဘာမှမလုပ်ပါဘူးနော် ဘေးကိုဝင်မလို့"
ထိုအခါမှ သက်ပြင်းလေးအားချရင်း အနီးရှိစောင်အားဆွဲယူကာခြုံလိုက်သည့်သူမ။ဝသုန်လည်းထိုစောင်ခြုံထဲသာအတင်းတိုးရင်း မမနီအား ရင်ခွင်ထဲထည့်ကာဖက်ထားမိသည်။ထိုညဟာဝသုန်တို့နှစ်ယောက်လုံးအတွက် အမြဲအမှတ်ရနေမည့် အမှတ်တရညလေးတစ်ညပင်ဖြစ်ပေသည်။ချစ်ရသည့်အမျိုးသမီးအား တရားဝင်ပိုင်ဆိုင်နိုင်ခဲ့သည့် ဒီနေ့လေးအား ဝသုန့်ဘဝတစ်လျှောက်လုံးမေ့လိမ့်မည်မဟုတ်ပေ။
---
"နွေ..ထတော့လေ..နွေ..နွေလို့"
သူမနာမည်အားအကြိမ်ကြိမ်ခေါ်ကာနှိုးနေတာကြောင့်မျက်ဝန်းတို့အား အားယူကာဖွင့်လိုက်မိသည်။
"ထတော့လေ ဒီနေ့ နွေ့မေမေတို့ဆီသွားရမယ်လေ"
"မမနီကလည်းအစောကြီးရှိပါသေးတယ်"
"ဘယ်မှာစောလို့လဲနွေရဲ့..ထပါ။တို့မနက်စာပြင်ထားတယ်"
ထပါဆိုကာမှမထဘဲ ထိုအမျိုးသမီးပေါင်အားခေါင်းအုံးလိုက်မိသည်။
"ထပါဆိုကွယ်.."
"နွေနိုးအောင်ဘာလို့မစောင့်ရတာလဲ။ဒီလိုအစနေ့လေးမှာတော့ အတူတူနိုးထချင်တာပေါ့လို့"
"နွေက နောက်ကျတဲ့ထိအိပ်နေတာကို အဲ့တာကြောင့် တို့ထလိုက်တာပါ။ပြီးတော့ မနက်စာလည်းပြင်ရင်းပေါ့ "
"နောက်ဆို အစောကြီးမထနဲ့နော် မနက်စာလည်းမပြင်နဲ့အတူနိုးတော့မှပြင်မယ်လေသိလား။ဒါနဲ့ ညက မမနီအရမ်းလှတယ်"
"နွေ့.."
ချက်ချင်းပင် ဝသုန်ခေါင်းအုံးထားသည်ကိုတွန်းချကာ ခုတင်ခြေရင်းတွင်ရပ်လိုက်သည့်အမျိုးသမီး။မျက်နှာမှာလည်းအရင်ထက်ရဲကာနေတော့သည်။
"တို့..တို့ထမင်းဝိုင်းမှာစောင့်နေမယ်။ထွက်ခဲ့"
ထိုမျှသာပြောပြီးအခန်းထဲမှ ခပ်သွက်သွက်လျှောက်ကာထွက်သွားသည့်အမျိုးသမီး။အခုအချိန်ထိတိုင်ရှက်နေဆဲပင်။ရေချိုးပြီး ပြင်ဆင်ကာ အပြင်ထွက်တော့ ထမင်းဝိုင်းတွင်ထိုင်နေသည့်အမျိုးသမီး။သူမဘေးရှိခုံအားအနားကပ်အောင်ပိုတိုးပြီးထိုင်တော့ မျက်စောင်းတို့မှာမဖိတ်ခေါ်ဘဲ ကျလာလေသည်။ထမင်းကြော်အားစားလိုက်၊ကော်ဖီအားသောက်လိုက်ဖြင့် ချစ်ရစည့်အမျိုးသမီးပြင်ပေးသည့်မနက်စာအား အားပါးတရစားမိတော့သည်။
"နွေတကယ်ပြောတာသိလား..နောက်ဆို မမနီ နွေ့အတွက်အစောကြီးထပြီး မနက်စာမပြင်ပေးပါနဲ့"
"တို့လုပ်နိုင်ပါတယ်နွေရဲ့။အစောကြီးလည်းမဟုတ်ပါဘူး တို့ထနေကျအချိန်ပါ"
"ဘယ်လိုဖြစ်ဖြစ်ပါ နွေ့အမျိုးသမီး ပင်ပန်းတာနွေမကြည့်နိုင်ဘူး"
"တို့လုပ်ပေးချင်လို့ပါ။တို့နွေ့အတွက် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ချင်တယ်"
ထိုစကားလုံးနည်းနည်းလေးမှာ ဝသုန့်ရင်အားလှိုက်ခုန်စေသည်။မျက်ဝန်းမှမျက်ရည်တို့မှာလည်း ဝဲတက်ကာလာမိတော့သည်။ပန်းကန်ဆေးနေသည့်အမျိုးသမီးအား အနောက်မှ သိုင်းဖက်ကာ မငိုမိအောင်ထိန်းထားရသည်။မမနီဟာ ဝသုန့်ကိုထိုမျှလောက်ထိချစ်သတဲ့လား။
"ကလေးမ..ငိုနေတာလား"
"ငိုမိတော့မှာသိလား..ငိုမိတော့မှာ။မမနီမကောင်းဘူး"
"ဟော ဘာဖြစ်လို့လဲ မငိုနဲ့..မငိုနဲ့လေ။မင်းမျက်ရည်ကျတာ တို့မကြည့်ရက်တာသိသားနဲ့"
ထိုသို့ဆိုရင်း ပန်းကန်အားစင်ပေါ်တင်ကာ လက်သုတ်နေသည့်အမျိုးသမီး။ထို့နောက်ဝသုန့်ဆီပြန်လျှောက်လာကာ နှုတ်ခမ်းပါးလေးအား ရုတ်တရက်လာနမ်းတာကြောင့် ဝသုန့်မှာကြောင်သွားရသည်။

"ပြန်ချော့တာ။ငိုချင်အောင်လုပ်မိတဲ့အတွက် နွေ့ကို ပြန်ချော့တာ"

မီးဖိုဆောင်မှ အရှေ့သို့ထွက်သွားသည့်အမျိုးသမီး။မမနီကတော့လေ ခုထိလူကိုပြုစားနေတုန်း။ဒီလူကဒီနွံမှာရုန်းမရဖြစ်နေတာသိရဲ့သားနဲ့ ပိုပို​နစ်အောင်လုပ်နေတော့တာပဲ။မမနီကလေ သိပ်ခက်တယ်။ပြီးတော့ သိပ်လည်း ချစ်စရာကောင်းတယ်။

ပြတင်းတံခါးအားဖွင့်ကြည့်မိတော့အိမ်နောက်ရှိ နှင်းဆီခင်းထဲတွင် ကတ်ကြေးတစ်ချောင်းဖြင့် နှင်းဆီပန်းများအား ခူးယူနေသည့်အမျိုးသမီး။အနည်းငယ်ဖြာကျနေသည့်နေရောင်အောက်တွင် ပန်းခူးနေသည့် ထိုအမျိုးသမီးမှာ သိပ်ကို မြတ်နိုးဖွယ်ကောင်းလှလေသည်။ပန်းပွင့်တို့ဝေဆာနေသည့်နှင်းဆီခင်းကြီးမှာသိပ်လှလေသည်။သို့သော် နှင်းဆီနီနီတစ်ပွင့်အား နားကြားညှပ်ထားသည့်ဒေါ်ပန်းမွှေ့နီနီဆိုသည့် ထိုအမျိုးသမီးမှာ ပိုရျ် ပိုရျ်ပင်လှသည်။

ဒေါ်ပန်းမွှေ့နီနီအား နွေနှောင်းဝသုန်ပိုင်သည်။ထို့အတူနွေနှောင်းဝသုန်အားလည်း ဒေါ်ပန်းမွှေ့နီနီ ပိုင်သည်။အသွေးအသားအစဖြစ်တည်မှုအားလုံးဟာ ထိုအမျိုးသမီးအတွက်သာပင် ရည်ရွယ်မိခဲ့သည်။

#မမနီတို့ကို မှတ်မိကြသေးရဲ့လားမသိ။စာအုပ်ထဲပါတဲ့ Extraလေးထဲကတစ်ပိုင်းတင်ပေးလိုက်ပါတယ်နော်။Extraလေးဖတ်ပြီးအနားယူပါရှင်။♥🌹

ခ်စ္မိခဲ့သည္ဆိုရာဝယ္ (or)ခ်စ္ေသာမမနီ
Extra-1

အနီေရာင္ေကာ္ေဇာနီႀကီး၏တစ္ဖက္ထိပ္တြင္ရပ္ေနသည့္လူမ်ားၾကား အမ်ိဳးသမီးေလးႏွစ္ဦးမွာထင္းေနေတာ့သည္။ေရွ႕ဆုံးမွ ကေလးငယ္ေလးမွာ နီနီရဲရဲႏွင္းဆီပြင့္ဖတ္မ်ားႏွင့္အတူ စံပယ္ပြင့္ကေလးမ်ားအား ႀကဲခ်ိန္ အေနာက္မွ မဂၤလာဗန္းကိုင္ အပ်ိဳေခ်ာေလးႏွစ္ဦးမွာေလွ်ာက္လွမ္းေနေလသည္။ထိုသူမ်ား၏ေနာက္တြင္ အျဖဴေရာင္ ဝမ္းဆက္ကေလးအားတူညီစြာဝတ္ဆင္ထားသည့္အမ်ိဳးသမီးေလးႏွစ္ဦး။တစ္ဦး၏လက္ထဲတြင္ နီနီရဲရဲႏွင္းဆီစည္းကေလးအားကိုင္ထားေလသည္။ထိုသူႏွစ္ဦး၏မ်က္ႏွာထက္ဝယ္ အၿပဳံးရိပ္တို႔မွာ ျဖတ္ေျပးကာေနေလသည္။ဒီေန႕ဟာ သူတို႔ႏွစ္ဦး၏အေပ်ာ္႐ႊင္ရဆုံးေန႕ကေလးျဖစ္ေပမည္။ေကာေဇာနီခင္းထားရာ လမ္း၏တစ္ဖက္စီတြင္ အလွဆင္ထားသည္မွာလည္း အနီေရာင္ႏွင္းဆီမ်ားပင္။ခန္းမက်ယ္ႀကီးထဲတြင္ ႏွင္းဆီရနံ႕တို႔မွာ သင္းပ်ံ့ေနၿပီး သတို႔သမီးေလးႏွစ္ဦးအား ဆုမြန္မ်ားေႁခြေနသလိုပင္။သတို႔သမီးေလးႏွစ္ဦးေနာက္တြင္ မိဘေဆြမ်ိဳးမ်ားမွာလည္းအၿပဳံးပန္းမ်ားေဝကာေလွ်ာက္လွမ္းေနေလသည္။

ဒီလိုေန႕ကေလးကိုေရာက္ဖို႔ ဝသုန္ေစာင့္ခဲ့ရသည္မွာငါးႏွစ္ၾကာေလသည္။လူႀကီးေတြမသိဘဲ ႏွစ္ေယာက္တြဲခဲ့ၾကသည္မွာ သုံးႏွစ္ႏွင့္ မမနီအေမႏွင့္မိသားစုမ်ာအားလက္ခံလာေအာင္ ႀကိဳးစားခဲ့ရသည္မွာႏွစ္ႏွစ္ပင္။မမနီမိသားစုပါမက က်ိုယ်ကျင်လည်ရာအသိုင်းအဝိုင်းတွင်ပါ လက္မခံရင္ေတာင္ေျပာဆိုရႈံ႕ခ်ျခင္းမျပဳၾကေလေအာင္ ဝသုန္တို႔ႀကိဳးစားခဲ့ၾကရသည္။ဆရာမေတြျဖစ္ၾကၿပီးဆိုသည့္ေခါင္းစဥ္ေအာက္တြင္ ႏွစ္ဦးစလုံးထိုးႏွက္ခံခဲ့ရသည္။တစ္ခ်ိဳ႕ေန႕ရက္ေတြမွာေတာ့ ဆရာမျဖစ္တိုင္း ကိုယ္ခ်စ္ရသူကိုေ႐ြးခ်ယ္ခြင့္မရွိဘူးလားလို႔ခပ္စြာစြာျပန္ေျပာတတ္ေပမဲ့ တစ္ခ်ိဳ႕ေန႕ရက္ေတြမွာေတာ့ အေရးတယူမေျပာျဖစ္ခဲ့။တာဝန္က်ရာေက်ာင္းခ်င္းမတူေတာ့ ေတြ႕ျဖစ္သည္ကနည္းၾကေလသည္။ဒီအခ်ိန္ေတြထဲ ၾကားထဲတြင္မနာလိုေသြးထိုးသူမ်ားလည္းရွိခဲ့သည္။ဒါေတြကိုေက်ာ္ျဖတ္နိုင္ခဲ့သည့္အတြက္ ဂုဏ္ေတာ့ယူမိပါသည္။

"ႏြေ..အစ္မေျပာေနတာၾကားလား ဘာေတြေတြးေနတာလဲ"
နားနားကပ္ကာ ေျပာသည့္ခ်စ္ရသည့္အမ်ိဳးသမီး။အေတြးေတြလြန္ေနတာေၾကာင့္ ေမေမေခၚတာကိုဝသုန္မသိလိုက္ျခင္းသာ။
"ဘာအစ္မလဲ ေမေမပါဆို"
"ႏြေေနာ္.."
ႏႈတ္ခမ္းေလးစူကာ မ်က္ေစာင္းခဲသည့္အမ်ိဳးသမီး။မ်က္ေစာင္းတစ္ပြင့္ေႁခြတိုင္း ဒီလူအႀကိမ္အခါတစ္ရာမကေႂကြရတာ ဒီအမ်ိဳးသမီးမသိတာလည္းမဟုတ္။ျဖစ္နိုင္ရင္ ပြဲအလည္မွာ မ်က္ႏွာလွလွေလးကိုနမ္းပစ္လိုက္ခ်င္သည္။မဂၤလာစင္ျမင့္ေပၚဝယ္ ထုံးတမ္းစဥ္လာမ်ားအားျပဳလုပ္ၿပီးသည့္ေနာက္ ႏွစ္ဖက္မိဘမ်ားအားကန္ေတာ့ၾကသည္။ဝသုန့္ေဖေဖႏွင့္ေမေမမွာအၿပဳံးပန္းမ်ားေဝေနသလို မမနီအေမႏွင့္အစ္မမွာလည္း အငိုမ်က္လုံးအၿပဳံးမ်က္ႏွာႏွင့္သာ။ေဖေဖကမ်က္ရည္တို႔ရစ္ဝဲေနတာျမင္ေတာ့ ဝသုန့္မ်က္ဝန္းတြင္လည္းမ်က္ရည္တို႔စို႔မိသည္။မမနီဟာလည္းထိုနည္းတူစြာပင္။

မိဘမ်ားထံမွ ဆုမြန္မ်ားအားယူၿပီးသည့္ေနာက္ အမွတ္တရဓာတ္ပုံမ်ားရိုက္ၾကသည္။ယြန္းႏွင့္ဧပရယ္မွာ ၿပဳံးစိၿပဳံးစိျဖင့္လိုက္စေနတာေၾကာင့္ အရွက္သည္းသည့္အမ်ိဳးသမီးမွာ မ်က္ႏွာတစ္ျပင္လုံးရဲေသြးလႊမ္းေနေတာ့သည္။လွလွပပထုံးဖြဲ႕ထားသည့္ဆံထုံးကေလးႏွင့္အတူ ရိုးရာမပ်က္ပန္ထားသည္မွာ ႏွင္းဆီနီနီတစ္ပြင့္ရယ္သာ။ဆိုးေဆးကူကာရဲေသြးနီေနသည့္ႏႈတ္ခမ္းတစ္စုံမွာ ႏွင္းဆီပန္းအားေတာ့မမွီခဲ့ေပ။

အျဖဴေရာင္ဝမ္းဆက္၊ႏွင္းဆီနီနီႏွင့္အနီေရာင္လႊမ္းၿခဳံထားသည့္ ခန္းမထဲဝယ္ ဒီအမ်ိဳးသမီးအလွတရားအားမည္သူမွ အျပစ္မဖြဲ႕ရက္ေပ။ဖြဲ႕စရာအျပစ္တို႔မရွိေလေအာင္ ထိုအမ်ိဳးသမီးမွာ လွပလြန္းလွသည္။တစ္ခ်က္တစ္ခ်က္ၿပဳံးလိုက္ေလတိုင္း ေပၚသြားတတ္သည့္ ပါးခ်ိဳင့္ခြက္ကေလးဟာ ဝသုန့္တစ္ေယာက္တည္းရဲ႕သီးသန့္ခိုလႈံရာလို႔ေတြးမိေတာ့ ကိုယ့္ကိုယ့္ကိုယ္ ဂုဏ္ယူေက်နပ္မိသြားသည္။မမနီဆိုသည့္အမ်ိဳးသမီးမွာတကယ့္ကိုပင္ ဝသုန္႐ုန္းမထြက္နိုင္သည့္ ႏြံအိုင္ကေလး။ျဖတ္မပစ္နိုင္သည့္ ႏြယ္ႀကိဳးကေလးျဖစ္ေပသည္။

"ႏြေ ဧည့္သည္ေတြရွိတယ္ေလ အဲ့ေလာက္မၾကည့္နဲ႕"
"ဘာျဖစ္လဲ ခ်စ္လို႔ၾကည့္တာေလ ကိုယ့္အမ်ိဳးသမီးကိုခ်စ္လို႔ၾကည့္တာ"
"ႏြေ..မင္းကေတာ့ေလ ေျပာမေကာင္းဆိုမေကာင္းဘဲ"
"မမနီဆုံးမရင္ေတာ့လိမၼာမွာေပါ့ သိသားနဲ႕"
"ႏြေကေတာ့ေလ..ဧည့္သည္ေတြရွိေနလို႔သိလား ဟြန့္"
"အဲ့တာဆို ဧည့္သည္ေတြမရွိတဲ့ဆီသြားရေအာင္...လာ"
ေျပာေျပာဆိုဆိုျဖင့္ လက္အားဆြဲကာ ခန္းမထဲမွေျပးထြက္လိုက္တာေၾကာင့္ ေၾကာင္အအျဖင့္ပါလာသည့္အမ်ိဳးသမီး။
"ကားေပၚတက္.."
"ဘာလဲ ဧည့္သည္ေတြရွိေနေသးတာကိုႏြေေနာ္"
"ဧည့္သည္ေတြကိုဧည့္ခံမဲ့သူရွိပါတယ္ တက္ပါ မမနီကိုႏြေျပစရာရွိလို႔"
"ႏြေကေတာ့ေလ တကယ္မနိုင္တာပဲ ၿပီးေရာၿပီးေရာ"
စိတ္မဆိုးပါဘဲ ဆိုးခ်င္ေယာင္ေဆာင္ၿပီး ႏႈတ္ခမ္းေလးစူကာေနပုံမွာအသည္းယားစရာပင္။နီေစြးေစြးႏႈတ္ခမ္းေလးအား ျဖတ္ကနဲနမ္းမိရင္ျဖင့္ မ်က္ေစာင္းတို႔ခဲလိမ့္အုံးမွာအေသအခ်ာ။

"သတို႔သားကသတို႔သမီးကို...အဲေလသတို႔သမီးက သတို႔သမီးကိုေခၚသြားၿပီဆိုေတာ့ ေဟာ့ဒီကဧည့္သည္ေတြကို တို႔ေတြပဲဧည့္ခံရေတာ့မွာေပါ့ေနာ္"
"ဒါေပါ့..ဒါေပါ့..ေဟာဒီက လူႀကီးေတြကပဲဧည့္ခံၾကရမွာေပါ့"
အတိုင္အေဖာက္ညီစြာအ႐ႊန္းေဖာက္ေနသည့္ ယြန္းႏွင့္ဧပရယ္ေၾကာင့္ ဧည့္သည္မ်ားမွာ တေသာေသာရယ္ေမာကာေနၾကေတာ့သည္။
---
"ႏြေ့ ဘယ္သြားမွာလဲ"
"ဒီနားေလးတင္ပါ ေရာက္ေတာ့မွာပါ မမနီရဲ႕ မေလာပါနဲ႕"
"ရွင္ဟာေလ..တကယ္ဘာမွန္းကိုမသိဘူး"
"အခုမသိလည္း ညက်သိရမွာေပါ့"
"ႏြေေနာ္..."

မ်က္ႏွာတစ္ခုလုံးရဲကာ ဝသုန့္လက္ေမာင္းအား ထုရိုက္ရင္းအရွက္သည္းေနသည့္အမ်ိဳးသမီးေၾကာင့္ဝသုန့္မွာရယ္သာေနမိေတာ့သည္။ဒီႏွစ္ေတြအတြင္း လက္ကေလးအားနမ္း႐ုံ၊ႏႈတ္ခမ္းပါးေလးေတြအားထိေတြ႕႐ုံကလြဲ ဝသုန္တို႔အဆင့္မေက်ာ္ျဖစ္ခဲ့ၾကေပ။

"ကဲေရာက္ၿပီ အျပင္ကိုတစ္ခ်က္ေလာက္ေငးေမာလိုက္ပါအုံး"
ကားေပၚမွဆင္းလိုက္သည္ႏွင့္ပထမဆုံးလွမ္းျမင္ရသည္မွာအျဖဴေရာင္အုတ္တံတိုင္းကာထားသည့္ၿခံဝန္းထဲရွိ ႏွစ္ထပ္တိုက္ကေလးပင္။
"ႏြေ..ဒါဘယ္သူ႕အိမ္လဲ"
"အထဲေရာက္ရင္သိရမွာေပါ့ေလ..မေလာပါနဲ႕"
ၿခံတံခါးအားတြန္းဖြင့္လိုက္ေတာ့ အလွေက်ာက္ျပားေလးမ်ားအျပည့္ခင္းထားသည့္ကားဝင္သာသည့္လမ္းမက်ယ္အားေတြ႕ရသည္။လမ္းမတစ္ဖက္တစ္ခ်က္စီတြင္တစ္ေပေလာက္ျမင့္မည့္အုတ္ခုံေဘာင္ကေလးရွိၿပီးထိုအေပၚတြင္ ပန္းအိုးကေလးမ်ားမွာစီစီရီရီျဖင့္တည္ရွိေနေလသည္။ထိုပန္းအိုမ်ားထဲမွာေတာ့ ရဲေသြးနီေနသည့္ ႏွင္းဆီပြင့္ကေလးမ်ား ေနရာယူကာ လွပေနေလသည္။လမ္း၏ဘယ္ဘက္တြင္ ထိုင္ခုံေလးမ်ားစီခ်ထားသည့္စားပြဲဝိုင္းတစ္ခုမွာ အမိုးအကာေအာက္တြင္လွလွပပတည္ရွိေနသည္။ညာဘက္မွာေတာ့ ဒန္းကေလးမွာ ႏွင္းဆီပန္းခင္း၏ေဘးတြင္တည္ရွိေနသည္။
ၿခံဝန္းထဲရွိပန္းခင္းနဲ႕ပန္းအိုးမ်ားအားသေဘာတက်ၾကည့္ေနသည့္အမ်ိဳးသမီးအားၾကည့္ကာ ဝသုန့္မွာလည္းၾကည္ႏူးေနမိသည္။ႏွင္းဆီပန္းခင္းၾကားထဲလွစ္ခနဲေရာက္သြားသည့္သူမွာကေလးတစ္ေယာက္ပမာပင္။အျဖဴေရာင္ဝမ္းဆက္ကေလးႏွင့္ႏွင္းဆီခင္းထဲရွိအမ်ိဳးသမီးမွာ သိပ္ကိုလွပလြန္းလွသည္။က်က္သေရရွိလြန္းလွသည္။ႏွင္းဆီခင္းထဲရွိပန္းးပြင့္မ်ားအား နမ္းရွိုက္ေနပုံမွာ ခ်စ္စဖြယ္အတိပင္။
"မမနီ.."
ပန္းခင္းေသးေသးေလးထဲေပ်ာ္ေနတာ ဝသုန္ေခၚသည္ကိုပင္ဂ႐ုမစိုက္။အိမ္အေနာက္ဘက္ရွိ ပန္းခင္းႀကီးကိုသာျမင္ရင္ ဝသုန့္ကိုေတာင္ လိုအပ္ပါေတာ့မလား။
"ႏြေ..ဒါဘယ္သူ႕အိမ္လဲဟင္၊လူလည္းမေတြ႕ဘူး၊ႏွင္းဆီေတြစိုက္ထားလိုက္တာလဲ ရဲေနေရာပဲ။"
"မမနီသေဘာက်လား"
"အင္းသေဘာက်တာေပါ့၊အိမ္ပုံစံေလးကိုေရာပဲ တကယ္သေဘာက်တယ္။တို႔စိတ္ကူးနဲ႕ကြက္တိပဲသိလား။ဒီအိမ္မွာေနရတဲ့သူကတကယ္ကံေကာင္းတဲ့သူပဲ"
"ဒါဆို မမနီက ကံေကာင္းတဲ့သူေပါ့ေလေနာ့္"
"ဟင္ ဘာကိုေျပာတာလဲႏြေ"
"မမနီက ကံေကာင္းတဲ့သူေပါ့လို႔ေျပာတာေလ"
"ႏြေဆိုလိုတာက.."
"ဟုတ္ရဲ႕ ဒါက မမနီအိမ္ပါလို႔ မမနီနဲ႕ႏြေေနရမဲ့ အိမ္ကေလးပါရွင့္"
ဝသုန့္ေျပာေတာ့ အံ့ၾသကာသြားသည့္အမ်ိဳးသမီး။မ်က္လုံးအဝိုင္းသားေလးျဖင့္ သူမပါးစပ္အားလက္ကေလးျဖင့္အုပ္ကာေနပုံမွာ တကယ့္ကိုအသည္းယားစရာ။
"ႏြေ..တကယ္ေျပာေနတာလား..တို႔မယုံနိုင္ဘူး"
"တကယ္ေျပာတာပါေနာ္။ဒီၿခံက ႏြေ့ဘြားဘြားၿခံေလ၊ဘြားဘြားက ႏြေနဲ႕မမနီကိုလက္ဖြဲ႕တာတဲ့။က်န္တာကေတာ့ မမနီေမေမနဲ႕ႏြေ့မိဘေတြက ႏြေတို႔ႏွစ္ေယာက္အတြက္လက္ဖြဲ႕တာ။အိမ္ပုံစံနဲ႕ ၿခံဝန္းထဲ အလွဆင္တာကေတာ့ ေဟာ့ဒီက ေကာင္မေလးပါရွင့္"
"မေကာင္းဘူးကြာ..မေကာင္းဘူး။တို႔ကိုက်ဘာတစ္ခုမွမေျပာဘဲ သူတို႔ဘာသာလုပ္ၾကတယ္။ေမေမတို႔လည္းအတူတူပဲ။တို႔ကအႀကီးေလ တို႔ကိုေျပာျပသင့္တာေပါ့။ဘာလို႔ကေလးကိုပဲေျပာရတာလဲ"
"မမနီေနာ္..ႏြေက ကေလးမဟုတ္ပါဘူးဆို"
"အို..တို႔နဲ႕ယွဥ္ရင္ ကေလးပဲေပါ့ တို႔ကိုေျပာသင့္တာေပါ့ေလ။မဟုတ္ဘူးလား။အခုေတာ့တို႔က ဘာမွမသိရဘူး"
ႏႈတ္ခမ္းေလးစူကာ ကေလးပမာေျခေလးေဆာင့္ၿပီးစိတ္ဆိုးျပေနသည့္အမ်ိဳးသမီးအား မိမိဘက္သို႔ဆြဲလွည့္ေစကာ ႏႈတ္ခမ္းပါးေလးအား နမ္းရွိုက္လိုက္မိသည္။
"ႏြေ့..ဘာလုပ္တာလဲ..လူေတြ..အြန့္"
စကားအားအဆုံးမခံပါဘဲ လက္ျဖင့္ခါးအား ဆြဲဖက္ကာ ကိုယ္ခ်င္းထပ္ကာနီးကပ္ေစၿပီး ႏႈတ္ခမ္းပါးေလးအား ထပ္ခါ နမ္းရွိုက္လိုက္မိသည္။
"လူေတြဘာျဖစ္လဲေျပာပါအုံး..မမနီရဲ႕"
"ေတာ္ၿပီ မေျပာေတာ့ဘူး တို႔ထပ္ေျပာရင္ မင္းထပ္နမ္းအုံးမွာ တို႔သိတယ္ ေတာ္ၿပီ"
မ်က္ေစာင္းေလးဝင့္ကာျဖင့္ ဝသုန့္လက္အားဖယ္ခ်ကာ အိမ္ေလးထဲသို႔ခပ္သြက္သြက္ေလွ်ာက္ကာဝင္သြားသည့္အမ်ိဳးသမီး။တကယ္ပါပဲေလ ဒီအမ်ိဳးသမီးေတြရွက္ရင္ သိပ္ခ်စ္ဖို႔ေကာင္းလိုက္တာ။ရွက္တတ္တာႏွစ္ေယာက္မရွိသလို ခ်စ္တတ္တာလည္းႏွစ္ေယာက္မရွိသည့္ အမ်ိဳးသမီးရယ္ပါ။
ၿခံတံခါးအားဖြင့္ကာ အျပင္ရွိကားေလးအားအိမ္ထဲသို႔ေမာင္းဝင္လိုက္မိသည္။မနက္ျဖန္ဆိုရင္ေတာ့ ဒီကားအားေမေမတို႔ဆီျပန္ေပးရမည္။ဝသုန္ႏွင့္မမနီအတြက္ ကားမွမလိုအပ္တာပါပဲေလ။ၿခံတံခါးအားေသခ်ာေသာ့ခတ္ကာ အိမ္ထဲသို႔ဝင္လာလိုက္မိသည္။
---
"မမနီ..မမနီ..မမနီေရ"
အိမ္ထဲမွာေအာ္ေခၚေနေပမဲ့အသံမၾကားတာေၾကာင့္အိမ္ျပင္သို႔ထြက္ၾကည့္မိေတာ့ ဒန္းေပၚတြင္ထိုင္ကာ စာအုပ္ဖတ္ေနသည့္အမ်ိဳးသမီး။ဧည့္ခန္းရွိနာရီအားၾကည့္မိေတာ့ ရွစ္နာရီအတိ။ဒီအခ်ိန္ႀကီးကို အျပင္မွာ စာအုပ္ထြက္ဖတ္စရာလိုလို႔လား။တကယ္ပါပဲ ဒီအမ်ိဳးသမီးကေတာ့ သက္သက္ ဥာဏ္မ်ားေနတာပဲ ျဖစ္ရမယ္။ေျခလွမ္းႀကဲမ်ားျဖင့္ေလွ်ာက္ကာသြားမိေတာ့ စာအုပ္အားစိတ္ဝင္တစားျဖင့္ဖတ္ေနသည့္အမ်ိဳးသမီး။ဝသုန့္ကိုေတာင္လွည့္မၾကည့္ေပ။
နီညိုေရာင္ခ်ည္ဝမ္းဆက္ျဖင့္ပါးတြင္ပါးကြက္ကေလးအားထင္းထင္းကေလးကြက္ထားၿပီး ဆံႏြယ္တို႔အား စည္းႏွောင္ထားပုံမွာ မမနီ၏မူပိုင္ပုံစံပင္။စာအုပ္အား ဆတ္ကနဲဆြဲယူလိုက္ေတာ့ေမာ့ၾကည့္လာသည့္အမ်ိဳးသမီး။

"ႏြေ..ဘာလုပ္ျပန္တာလဲ တို႔စာဖတ္ေနတယ္ေလ"
"အခ်ိန္ကိုလည္းၾကည့္ပါအုံး ဒီအခ်ိန္ႀကီးစာဖတ္စရာလားမမနီရဲ႕ ဟင္။ဖတ္ခ်င္ရင္လည္းအခန္းထဲမွာဖတ္ပါေပါ့လား။ဘယ့္ႏွယ့္ဒန္းေပၚလာၿပီးစာဖတ္ရတာလဲ။တစ္ေနကုန္ပင္ပန္းတယ္ဆိုၿပီး အခုက်စာဖတ္ေနတယ္။ႏြေသိတယ္ေနာ္ ဟင္း ဟင္း"
"ဘာကိုလဲႏြေရယ္..တို႔ဖတ္လက္စမလို႔ဖတ္ေနတာပါ။ျပန္ေပးေလကြယ္ေနာ္။ႏြေပင္ပန္းလို႔အိပ္ခ်င္ရင္အိပ္ေတာ့ေလ။တို႔ၿပီးရင္လာခဲ့မယ္"

အိပ္ခ်င္အိပ္ေတာ့တဲ့လား။ဘယ္ေလာက္ေတာင္ခက္လိုက္တဲ့အမ်ိဳးသမီးလဲ။လက္ထပ္ၿပီးခါစ မဂၤလာဦးညေလးကို ဝသုန္က အိပ္ႏွင့္ရမယ္ေပါ့။ေတာ္ေတာ္ခက္တဲ့အပ်ိဳႀကီးေတြပါေလ။အဟက္ ႏြေႏွောင္းဝသုန္တို႔က လြယ္လြယ္အေလွ်ာ့ေပးမဲ့အထဲ ပါတာမွမဟုတ္ဘဲ။

"မမနီေနာ္ ႏြေသိေနတယ္ မမနီဒီလိုလုပ္မယ္ဆိုတာ သိေနတယ္ ႏြေႏွောင္းဝသုန္ပါေနာ္ ရမယ္ထင္သလား ဟင္ ရမယ္လို႔ထင္လို႔လား"
"ဘာကိုလဲ ဘာကိုလဲ ႏြေရယ္ သြားအိပ္စမ္းပါေလ။တို႔ၿပီးရင္လာခဲ့မယ္"
မမနီက တကယ့္ကိုဘာမွမသိသလိုပုံစံမ်ိဳးျဖင့္ဝသုန့္အားေျပာေနေလသည္။ေဘးတြင္ဝင္ထိုင္ေတာ့တစ္ဖက္သို႔ကပ္သြားသည့္အမ်ိဳးသမီး။ထပ္တိုးေတာ့ထပ္ကပ္သြားျပန္ေလသည္။ကပ္ရင္းကပ္ရင္းေနာက္ဆုံးတြင္ေတာ့မမနီဟာ ဒန္း အစြန္းထိေရာက္သြားေတာ့သည္။
"ႏြေ ဘယ္လိုျဖစ္ေနတာလဲ"
"မမနီကေရာ ဘာျဖစ္ေနတာလဲ ဘာလို႔ဟိုဘက္ပဲကပ္ေနတာလဲ"
"ႏြေက တိုးလာတာေလလို႔ ႏြေတိုးလာလို႔ တို႔ကကပ္ေပးရတာ"
"မမနီတိုးသြားလို႔ႏြေက လိုက္ကပ္ရတာေလ အို ေတာ္ၿပီ"
ေျပာေျပာဆိုဆိုျဖင့္ထရပ္ကာ လက္ထဲရွိ စာအုပ္အား ဒန္းေပၚတင္လိုက္မိသည္။
"သြားအိပ္ေတာ့မလို႔လား"
"ဟုတ္တယ္ သြားအိပ္ေတာ့မလို႔"
"အင္း သြား"
"ႏြေတစ္ေယာက္တည္းေတာ့မဟုတ္ဘူး မမနီပါ လိုက္အိပ္ရမယ္"
ဒန္းေပၚထိုင္ေနသူအား ေစြ႕ကနဲေပြ႕ခ်ီလိုက္ေတာ့ ႐ုတ္တရက္လန့္သြားသည့္အမ်ိဳးသမီး။
"ႏြေ့..ဘာ..ဘာလုပ္တာလဲ ခ်ေပး ကိုယ့္ဘာသာသြားအိပ္"
"အိပ္စရာလား..အိပ္စရာလားလို႔။မမနီနဲ႕အတူရွိေနခြင့္ရတဲ့ ဒီလိုညမ်ိဳးကို ႏြေက တစ္ေယာက္တည္းအိပ္သြားစရာလား။ႏြေက မမနီကိုအပိုင္သိမ္းမွာ"
"ႏြေ့..."
ဘာစကားတစ္ခြန္းမွမဆိုေတာ့ဘဲ မ်က္ႏွာေလးရဲကာ ဝသုန့္ရင္ခြင္အား မ်က္ႏွာအပ္ၿပီးၿငိမ္က်သြားသည့္အမ်ိဳးသမီး။ဝသုန့္လည္ဂုတ္အားသိုင္းဖက္ထားသည့္လက္တို႔မွာေအးစက္ေနေလသည္။
"ႏြေ..တို႔ဘာသာေလွ်ာက္မယ္"
"ဟင့္အင္း မေလွ်ာက္ရပါဘူး။ႏြေ့အမ်ိဳးသမီးကို ႏြေကိုယ္တိုင္ခ်ီသြားမယ္"
"မင္းတို႔ကေလးေတြ သိပ္ပိုတာပဲ"
"လိုေနေသးတာပါေနာ္ လိုေနတာပါ ႏြေကေလးမဟုတ္ပါဘူးဆို မမနီေနာ္"
"တို႔နဲ႕ယွဥ္ရင္ ကေလးပါပဲေနာ္"
စကားနိုင္လုေနသည့္အမ်ိဳးသမီးအား ႏွင္းဆီပြင့္ဖတ္တို႔ ခင္းက်င္းထားသည့္ ေမႊ႕ယာအိစက္စက္ေပၚ တင္ေပးၿပီးေနာက္ အိမ္တံခါးႏွင့္အတူ အခန္းတံခါးပါ ေလာ့ခ္ခ်လိဳက္မိသည္။

ေမႊ႕ယာေပၚရွိ အမ်ိဳးသမီးအားအေပၚမွေနရ်္အုပ္မိုးလိုက္ေတာ့အရွက္သည္းစြာတစ္ဖက္သို႔မ်က္ႏွာလႊဲသြားေလသည္။
"မမနီ..မမနီလို႔"
ေခၚေနတာကိုမၾကည့္ပါဘဲ တစ္ဖက္ကိုသာအတင္းေတြလႊဲထားသည့္အမ်ိဳးသမီး၏ခပ္ထင္းထင္းျဖစ္ေနသည့္လည္တိုင္ကေလးအား တစ္ခ်က္ခပ္ဖြဖြကိုက္လိုက္မိသည္။
"အာ့..ႏြေ့..ဘာလုပ္တာလဲ"
"မမနီမွ ႏြေ့ကိုမၾကည့္ဘဲေလ ဘာလို႔မ်က္ႏွာလႊဲရတာလဲ ႏြေ့ကိုမခ်စ္ဘူးလားဟင္"
"ႏြေကလည္း.."
"ေျဖပါ ႏြေ့ကိုမခ်စ္ဘူးလားလို႔"
"မခ်စ္ရင္ ဒီအသက္အ႐ြယ္က်မွ ႏြေ့ကိုလက္ထပ္ပါ့မလားဟင္။အခုဒီေနရာမွာ တို႔ရွိေနပါ့မလား။တို႔မင္းကို ကိုယ့္ကိုယ္ကိုယ္ထက္ ပိုခ်စ္တာပါႏြေရဲ႕ သိလား"
"အဲ့တာဆို ႏြေ့ကိုပဲ ၾကည့္ေလ "
"ႏြေကေတာ့ေလ.."
ထိုမွ်သာဆိုရင္း မ်က္လႊာခ်သြားသည့္အမ်ိဳးသမီး။ေဘးသို႔လွည့္မသြားသည္ကပင္ ခ်စ္စရာေပပဲမလား။
အခန္းမီးအားမွိတ္ကာ စားပြဲေပၚရွိ မီးအိမ္ကေလးအား ထြန္းလိုက္မိသည္။မီးေရာင္မွိန္ျပျပေအာက္တြင္ ျမင္ရသည့္အမ်ိဳးသမီးမ်က္ႏွာမွာ ခ်စ္စရာ။ခ်စ္ခ်င္စရာပင္။

နဖူးထက္သို႔အနမ္းတစ္ပြင့္ေျခၿပီး ရိုးအီသြားျခင္းမရွိသည့္ႏႈတ္ခမ္းပါးကေလးအားနမ္းရွိုက္မိသည့္အခါ မမနီထံမွ တုန့္ျပန္အနမ္းတို႔ရရွိလာေလသည္။မမနီဆံႏြယ္တို႔အားစည္းႏွောင္ထားသည့္ ေခါင္းစည္းႀကိဳးေလးအာ ျဖည္လိုက္သည့္ေနာက္ ဆံႏြယ္ရွည္တို႔ ကပိုကရိုျဖစ္ကာသြားပုံမွာ မမနီအားပိုရ်္လွပသြားေစသည္။
လက္တို႔အား ေလွ်ာဆင္းကာသြားသည့္ေနာက္ မမနီကိုယ္ေပၚရွိ အကၤ်ီကေလးႏွင့္အတူေအာက္ခံကေလးပါ ခုတင္ေျခရင္းသို႔ေရာက္ရွိကာသြားေတာ့သည္။တစ္စြန္းတစ္စကေလးေတာင္မျမင္ရေအာင္ အၿမဲတမ္းဖုံးကြယ္ထားသည့္ အရာတို႔အားျမင္ရေတာ့ ဝသုန့္မွာရင္သပ္ရႉေမာရသည္။ေလးဆယ္ေက်ာ္အမ်ိဳးသမီးတစ္ေယာက္အေနျဖင့္ ၿပီးျပည့္စုံသည့္ခႏၶာကိုယ္ေကာက္ေၾကာင္းမ်ားအားဘယ္ေလာက္ေတာင္ေငးၾကည့္ေနမိသည္မသိ မမနီဟာ လက္ျဖင့္အတင္းေတြ ကာထားေလေတာ့သည္။

"သူမ်ားၾကည့္ေနတာကို"

ႏႈတ္ခမ္းေလးစူကာဆိုရင္း လက္ႏွစ္ဖက္အားဆုပ္ကိုင္ကာမမနီေခါင္းရင္းတြင္ ေမႊ႕ယာႏွင့္ထိကပ္ကာထားလိုက္ၿပီးႏႈတ္ခမ္းပါးတို႔အားနမ္းရွိုက္မိသည္။ထိုမွတစ္ဆင့္ေသြးေၾကာကေလးမ်ားထင္းေနသည့္ လည္တိုင္ေလးအား နမ္းရွိုက္ၿပီး တျဖည္းျဖည္းျဖင့္ ေအာက္သို႔ ေလွ်ာဆင္းလာမိသည္။မမနီမွာေတာ့ အေတာ္ေလးေမာဟိုက္ေနသည္ထင္ရဲ႕ အသက္ရႉသံတို႔မွာ ျမန္ဆန္ကာ ဝသုန္ျပဳသမွ်ႏုေနရသည္။ကိုယ္ေပၚမွရွိရွိသမွ်အဝတ္လႊာတို႔မွာ ခုတင္ေအာက္တြင္ဟိုတစ္စဒီတစ္စလြင့္စင္ကာေနေတာ့သည္။ဝသုန္၏ဦးေဆာင္မႈေအာက္တြင္ ပန္းေမႊ႕နီနီဆိုသည့္အမ်ိဳးသမီးမွာ ေအာ္ညည္း႐ုံသာတတ္နိုင္ခဲ့သည္။

တစ္ခ်က္တစ္ခ်က္တြန့္ခါသြားပုံ၊အိပ္ရာခင္းစအား ခပ္တင္းတင္းဆြဲစုပ္ကာ ဘယ္ညာလူးလြန့္ေနပုံတို႔မွာ ပန္းခ်ီကားေလးတစ္ခ်ပ္သဖြယ္ပင္။တစ္ခ်က္တစ္ခ်က္ထြက္လာသည့္ ညည္းသံႏွင့္ ဝသုန့္လက္ေမာင္းအား အားကိုးတႀကီးဆုပ္ကိုင္ထားပုံတို႔မွာ ဝသုန့္အတြက္အားအင္တစ္ခုပင္။ေလးဆယ္ေက်ာ္အမ်ိဳးသမီးတစ္ေယာက္ရဲ႕အလွတရားတို႔တြင္ဝသုန့္မွာအႀကိမ္ႀကိမ္နစ္ေမ်ာရသည္။ဝသုန့္ေအာက္တြင္ ဝသုန္ဆိုးသမွ် အံေလးႀကိတ္ကာ တင္းခံေနသည့္ ထိုအမ်ိဳးသမီးအား သိပ္ကိုျမတ္နိုးရသည္။

ႏႈတ္ခမ္းပါးရဲရဲကေလးအားထပ္ခါထပ္ခါနမ္းရွိုက္ရင္း၊လႈပ္ရွားမႈအခ်ိဳ႕အားလွ်င္လွ်င္ျမန္ျမန္လႈပ္ရွားရင္းျဖင့္ ေနာက္ဆုံးတြင္ေတာ့ ထိုအမ်ိဳးသမီးမွာတင္းထားသမွ်စိတ္အစုံအားလႊတ္ခ်လိဳက္သည္ထင္ရဲ႕ ဝသုန့္ရင္ခြင္ထဲတြင္ ေပ်ာ့ေခြသြားေတာ့သည္။ပထမဆုံးအႀကိမ္ျဖစ္သည့္အတြက္ သိပ္ကိုေမာပန္းသြားသည္ထင္ရဲ႕။အသက္အားျဖည္းျဖည္းခ်င္းရႉကာအေမာေျဖေနေလသည္။မ်က္ဝန္းကေလးမွိတ္ကာအေမာေျဖေနသည့္ထိုအမ်ိဳးသမီးရဲအလွတရားအား ဝသုန့္မွာ ေငးေမာမိျပန္ပါသည္။
"အေမ့..ႏြေ့..မရဘူးေနာ္"
တစ္ဖက္သို႔ဝင္ဖို႔လုပ္သည္ကိုဒီအမ်ိဳးသမီးဘာေတြထေတြးသည္မသိ။အလန့္တၾကားျဖင့္ ဝသုန့္ရင္ဘတ္အားတြန္းကာေနေလသည္။မ်က္ဝန္းအဝိုင္းသားေလးျဖင့္ၾကည့္ေနပုံမွာ ထိတ္လန့္ေနသေယာင္။
"ႏြေဘာမွမလုပ္ပါဘူးေနာ္ ေဘးကိုဝင္မလို႔"
ထိုအခါမွ သက္ျပင္းေလးအားခ်ရင္း အနီးရွိေစာင္အားဆြဲယူကာၿခဳံလိုက္သည့္သူမ။ဝသုန္လည္းထိုေစာင္ၿခဳံထဲသာအတင္းတိုးရင္း မမနီအား ရင္ခြင္ထဲထည့္ကာဖက္ထားမိသည္။ထိုညဟာဝသုန္တို႔ႏွစ္ေယာက္လုံးအတြက္ အၿမဲအမွတ္ရေနမည့္ အမွတ္တရညေလးတစ္ညပင္ျဖစ္ေပသည္။ခ်စ္ရသည့္အမ်ိဳးသမီးအား တရားဝင္ပိုင္ဆိုင္နိုင္ခဲ့သည့္ ဒီေန႕ေလးအား ဝသုန့္ဘဝတစ္ေလွ်ာက္လုံးေမ့လိမ့္မည္မဟုတ္ေပ။
---
"ႏြေ..ထေတာ့ေလ..ႏြေ..ႏြေလို႔"
သူမနာမည္အားအႀကိမ္ႀကိမ္ေခၚကာႏွိုးေနတာေၾကာင့္မ်က္ဝန္းတို႔အား အားယူကာဖြင့္လိုက္မိသည္။
"ထေတာ့ေလ ဒီေန႕ ႏြေ့ေမေမတို႔ဆီသြားရမယ္ေလ"
"မမနီကလည္းအေစာႀကီးရွိပါေသးတယ္"
"ဘယ္မွာေစာလို႔လဲႏြေရဲ႕..ထပါ။တို႔မနက္စာျပင္ထားတယ္"
ထပါဆိုကာမွမထဘဲ ထိုအမ်ိဳးသမီးေပါင္အားေခါင္းအုံးလိုက္မိသည္။
"ထပါဆိုကြယ္.."
"ႏြေနိုးေအာင္ဘာလို႔မေစာင့္ရတာလဲ။ဒီလိုအစေန႕ေလးမွာေတာ့ အတူတူနိုးထခ်င္တာေပါ့လို႔"
"ႏြေက ေနာက္က်တဲ့ထိအိပ္ေနတာကို အဲ့တာေၾကာင့္ တို႔ထလိုက္တာပါ။ၿပီးေတာ့ မနက္စာလည္းျပင္ရင္းေပါ့ "
"ေနာက္ဆို အေစာႀကီးမထနဲ႕ေနာ္ မနက္စာလည္းမျပင္နဲ႕အတူနိုးေတာ့မွျပင္မယ္ေလသိလား။ဒါနဲ႕ ညက မမနီအရမ္းလွတယ္"
"ႏြေ့.."
ခ်က္ခ်င္းပင္ ဝသုန္ေခါင္းအုံးထားသည္ကိုတြန္းခ်ကာ ခုတင္ေျခရင္းတြင္ရပ္လိုက္သည့္အမ်ိဳးသမီး။မ်က္ႏွာမွာလည္းအရင္ထက္ရဲကာေနေတာ့သည္။
"တို႔..တို႔ထမင္းဝိုင္းမွာေစာင့္ေနမယ္။ထြက္ခဲ့"
ထိုမွ်သာေျပာၿပီးအခန္းထဲမွ ခပ္သြက္သြက္ေလွ်ာက္ကာထြက္သြားသည့္အမ်ိဳးသမီး။အခုအခ်ိန္ထိတိုင္ရွက္ေနဆဲပင္။ေရခ်ိဳးၿပီး ျပင္ဆင္ကာ အျပင္ထြက္ေတာ့ ထမင္းဝိုင္းတြင္ထိုင္ေနသည့္အမ်ိဳးသမီး။သူမေဘးရွိခုံအားအနားကပ္ေအာင္ပိုတိုးၿပီးထိုင္ေတာ့ မ်က္ေစာင္းတို႔မွာမဖိတ္ေခၚဘဲ က်လာေလသည္။ထမင္းေၾကာ္အားစားလိုက္၊ေကာ္ဖီအားေသာက္လိုက္ျဖင့္ ခ်စ္ရစည့္အမ်ိဳးသမီးျပင္ေပးသည့္မနက္စာအား အားပါးတရစားမိေတာ့သည္။
"ႏြေတကယ္ေျပာတာသိလား..ေနာက္ဆို မမနီ ႏြေ့အတြက္အေစာႀကီးထၿပီး မနက္စာမျပင္ေပးပါနဲ႕"
"တို႔လုပ္နိုင္ပါတယ္ႏြေရဲ႕။အေစာႀကီးလည္းမဟုတ္ပါဘူး တို႔ထေနက်အခ်ိန္ပါ"
"ဘယ္လိုျဖစ္ျဖစ္ပါ ႏြေ့အမ်ိဳးသမီး ပင္ပန္းတာႏြေမၾကည့္နိုင္ဘူး"
"တို႔လုပ္ေပးခ်င္လို႔ပါ။တို႔ႏြေ့အတြက္ အိမ္ရွင္မေကာင္းတစ္ေယာက္ျဖစ္ခ်င္တယ္"
ထိုစကားလုံးနည္းနည္းေလးမွာ ဝသုန့္ရင္အားလွိုက္ခုန္ေစသည္။မ်က္ဝန္းမွမ်က္ရည္တို႔မွာလည္း ဝဲတက္ကာလာမိေတာ့သည္။ပန္းကန္ေဆးေနသည့္အမ်ိဳးသမီးအား အေနာက္မွ သိုင္းဖက္ကာ မငိုမိေအာင္ထိန္းထားရသည္။မမနီဟာ ဝသုန့္ကိုထိုမွ်ေလာက္ထိခ်စ္သတဲ့လား။
"ကေလးမ..ငိုေနတာလား"
"ငိုမိေတာ့မွာသိလား..ငိုမိေတာ့မွာ။မမနီမေကာင္းဘူး"
"ေဟာ ဘာျဖစ္လို႔လဲ မငိုနဲ႕..မငိုနဲ႕ေလ။မင္းမ်က္ရည္က်တာ တို႔မၾကည့္ရက္တာသိသားနဲ႕"
ထိုသို႔ဆိုရင္း ပန္းကန္အားစင္ေပၚတင္ကာ လက္သုတ္ေနသည့္အမ်ိဳးသမီး။ထို႔ေနာက္ဝသုန့္ဆီျပန္ေလွ်ာက္လာကာ ႏႈတ္ခမ္းပါးေလးအား ႐ုတ္တရက္လာနမ္းတာေၾကာင့္ ဝသုန့္မွာေၾကာင္သြားရသည္။

"ျပန္ေခ်ာ့တာ။ငိုခ်င္ေအာင္လုပ္မိတဲ့အတြက္ ႏြေ့ကို ျပန္ေခ်ာ့တာ"

မီးဖိုေဆာင္မွ အေရွ႕သို႔ထြက္သြားသည့္အမ်ိဳးသမီး။မမနီကေတာ့ေလ ခုထိလူကိုျပဳစားေနတုန္း။ဒီလူကဒီႏြံမွာ႐ုန္းမရျဖစ္ေနတာသိရဲ႕သားနဲ႕ ပိုပိုနစ္ေအာင္လုပ္ေနေတာ့တာပဲ။မမနီကေလ သိပ္ခက္တယ္။ၿပီးေတာ့ သိပ္လည္း ခ်စ္စရာေကာင္းတယ္။

ျပတင္းတံခါးအားဖြင့္ၾကည့္မိေတာ့အိမ္ေနာက္ရွိ ႏွင္းဆီခင္းထဲတြင္ ကတ္ေၾကးတစ္ေခ်ာင္းျဖင့္ ႏွင္းဆီပန္းမ်ားအား ခူးယူေနသည့္အမ်ိဳးသမီး။အနည္းငယ္ျဖာက်ေနသည့္ေနေရာင္ေအာက္တြင္ ပန္းခူးေနသည့္ ထိုအမ်ိဳးသမီးမွာ သိပ္ကို ျမတ္နိုးဖြယ္ေကာင္းလွေလသည္။ပန္းပြင့္တို႔ေဝဆာေနသည့္ႏွင္းဆီခင္းႀကီးမွာသိပ္လွေလသည္။သို႔ေသာ္ ႏွင္းဆီနီနီတစ္ပြင့္အား နားၾကားညွပ္ထားသည့္ေဒၚပန္းေမႊ႕နီနီဆိုသည့္ ထိုအမ်ိဳးသမီးမွာ ပိုရ်္ ပိုရ်္ပင္လွသည္။

ေဒၚပန္းေမႊ႕နီနီအား ႏြေႏွောင္းဝသုန္ပိုင္သည္။ထို႔အတူႏြေႏွောင္းဝသုန္အားလည္း ေဒၚပန္းေမႊ႕နီနီ ပိုင္သည္။အေသြးအသားအစျဖစ္တည္မႈအားလုံးဟာ ထိုအမ်ိဳးသမီးအတြက္သာပင္ ရည္႐ြယ္မိခဲ့သည္။

#မမနီတို႔ကို မွတ္မိၾကေသးရဲ႕လားမသိ။စာအုပ္ထဲပါတဲ့ Extraေလးထဲကတစ္ပိုင္းတင္ေပးလိုက္ပါတယ္ေနာ္။Extraေလးဖတ္ၿပီးအနားယူပါရွင္။

Continue Reading

You'll Also Like

324K 25.1K 156
Title - Strict Wife of the '70s Manages the Household 💥Description လင်းလန် နိုးလာချိန်တွင် သူမသည် ပိုးသတ်ဆေးသောက်ထားသည့် အိမ်ထောင်ရှင်မတစ်ဦး၏ ကိုယ်...
176K 16.9K 102
Myanmar Translation of China Web-Novel "After Marrying the Disabled Crown Prince of the Enemy Country" (only just for fun) English Title : After Ma...
2.4M 205K 105
"ခင္ဗ်ားက ဟီရိုးအင္းလိုပဲ မေကာင္းမွန္းသိေနေပမဲ့လည္း လူက္ုိအရူးအမူး စြဲလမ္းေစတယ္" 19.2.2022 "ခင်ဗျားက ဟီရိ...
27K 3.4K 66
Description 💥 January 28, 2024 ​TITLE - I Heard That I Am ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ် ကဲကဲအသစ်ကလေးလာပြီနော် Hello... Hello... Hello... ဒါဒါလေး...