NEVAEH

By hensel_17

2.6K 227 83

အဆိပ်သင့်ချစ်ခြင်းတရားတို့ မှီတည်ရာ သူဟာငါ့ရဲ့ တစ်ခုတည်းသော ကောင်းကင်ဘုံငယ်မျှသာ.. ။ More

WARNING
▫️1
▫️3
▪️4

▪️2

365 49 18
By hensel_17


Unicode













ငါ့အမေက ငါ့ညီလေးကို သိပ်ချစ်တယ် .. ။

ရေချိုးတဲ့တစ်ချိန်ကလွဲရင် အချိန်ပြည့် ကျောထက်မှာ ချီပိုးထားတတ်တယ် .. ။ အဲ့ဒါက သန့်စင်ခန်းဝင်ချိန်မှာတော့ ချွင်းချက်မရှိပါပဲ .. ။

ငါလည်း ငါ့ညီလေးကို ချစ်ချင်တယ် .. ။

ကျောင်းမှာ စုလောင်ရှီးသင်ပေးလိုက်တဲ့အတိုင်း ငါ့ညီလေးကို ပွေ့ချီကြည့်ချင်တယ် .. ။ ငါ့ညီလေး ရယ်အောင် ရုပ်ပြောင်တွေ လုပ်ပြချင်တယ် .. ။ ဘူးဘူးလို့ နှုတ်ခမ်းလေးထော်ပြီး ကားစက်နှိုးသံလုပ်တတ်အောင် သင်ပေးချင်တယ် .. ။ အေဘီစီဒီပုံ ဘီစကစ်လေးတွေ ကျွေးချင်တယ် .. ။ ငါ့အဖေဝယ်ပေးထားတဲ့ ရေသူမအရုပ်ပုံ ဆပ်ပြာပူဖောင်းဗူးလေးကို ပေးမှုတ်ချင်တယ် .. ။ အစ်ကိုကြီး မျောက်မင်းဝူခုန်းလို မှော်တုတ်ချောင်းနဲ့ တူတူခုန်ပျံဆော့ကစားချင်တယ် .. ။ ဒါမဲ့ ငါ့အမေက ငါ့ကို ညီလေးအနားကပ်လိုက်တာနဲ့ တန်းမောင်းထုတ်ပါတယ် .. ။

ငါ့အဖေလည်း ငါ့ညီလေးကို ချစ်တယ်လို့ထင်တယ် .. ။

သူက ငါ့ညီလေးရဲ့အနှီးတွေ လျှော်တဲ့အချိန်ဆိုရင် ပြုံးပျော်နေတာပဲ .. ။ အရက်သောက်ထားပြီးချိန်များဆို .. ငါ့ညီလေးကို လှမ်းမြှူဖို့အရေးတောင် ပါးစပ်ကို လက်ဖဝါးလေး တကာကာနဲ့ .. ။ ဒါမဲ့ သူ့ကိုလည်း အတူတူပါပဲ .. ။ ငါ့အမေက .. ငါ့အဖေ ငါ့ညီလေးအနား ကပ်သွားတာနဲ့ တန်းမောင်းထုတ်တယ် .. ။


▫️
▪️


တစ်ရက်မှာတော့ ငါကျောင်းကပြန်လာချိန်နဲ့ ငါ့အမေရေချိုးခန်းဝင်နေတာနဲ့ ကြုံတယ် .. ။

ငါဆိုတာကလည်း ဝမ်းသာအားရနဲ့ ကျောပိုးကို ဖြစ်သလိုပစ်ချထားခဲ့ပြီး .. ကုတင်ပေါ်ခင်းထားတဲ့ စောင်ထူထူထက် ပါးစပ်ကလေးဟပြီး အိပ်မောကျနေတဲ့ ညီလေးအနား အပြေးအလွှားရောက်တယ် .. ။

မို့တက်နေတဲ့ ပါးဖောင်းဖောင်းကြီးတစ်ဖက်ထဲ ငါ့လက်ညှိုးဖျားလေးနဲ့ အသာထိကြည့်လိုက်တော့ အိခနဲ နစ်ဝင်သွားတာရယ် .. ။ သဘောကျလွန်းလို့ ငါ့မှာ .. တခိခိရယ်ရင်း ပုခုံးစွန်းတွေဆိုတာ တသိမ့်သိမ့်နဲ့ .. ။ ငါ့မျက်နှာပေါ်က အစ်ကိုကြီးမျောက်မင်းဝူခုန်းရဲ့ မျက်နှာဖုံးမှာပါတဲ့ ဦးမှင်တံနှစ်ချောင်းဟာလည်း ရှေ့နောက်တလှုပ်လှုပ်နဲ့ .. ။

လက်ညှိုးဖျားလေးကို ပါးပြင်ထဲ အနက်ကြီး နစ်ဝင်သွားတဲ့အထိ ထိလိုက် .. ချက်ချင်းပြန်ဖယ်လိုက်ချိန်မှာ အိခနဲ ပြန်ဖောင်းတက်လာလိုက်နဲ့ .. ။ ခဏခဏ ဆက်တိုက်လုပ်နေ‌တော့ ငါ့ညီလေးရဲ့ နှုတ်ခမ်းနီတာရဲလေးကလည်း ဟလာလိုက် ပြန်စေ့သွားလိုက်နဲ့ .. ။

အားနေတဲ့လက်တစ်ဖက်နဲ့ ငါ့ပါးစပ်ကို ဖိအုပ်ထားနိုင်ဖို့ .. ငါ့မျက်နှာပေါ်က ဝူခုန်းမျက်နှာဖုံးကို ခေါင်းပေါ်ရောက်အောင် ပင့်တင်လိုက်ရတယ် .. ။ ငါ့ညီလေးရဲ့ အခုပုံစံကို သဘောကျလွန်းပေမယ့် .. အကျယ်ကြီးထရယ်မိပြီး ငါ့အမေ ရေချိုးခန်းထဲက ထွက်လာရိုက်မှာကိုလည်း ကြောက်တယ် .. ။ ပြီးတော့ .. ငါ့ညီလေးနဲ့ အခုလိုမျိုး အနီးကပ်မနေရတော့မှာကိုရောပဲ .. ။

ပြောခဲ့ပြီးတဲ့အတိုင်း ငါ့အမေက .. ငါ့ညီလေးအနား ငါတို့သားအဖ ကပ်တာကို ခါးခါးသီးသီးရယ် .. ။

နေရာက ခပ်သုတ်သုတ်ထထွက်သွားပြီး ငါ့ကျောပိုးအိတ်အဟောင်းလေးကို မြန်မြန်ဇစ်ဆွဲဖွင့်လိုက်တယ် .. ။ အေဘီစီဒီပုံ ဘီစကစ်မုန့်ထုပ်လေးကို ဆွဲယူပြီးတာနဲ့ .. သွားနဲ့ကိုက်ဖောက်ပြီး ငါ့ညီလေးအနား ပြန်ပြေးရတယ် .. ။ နောက် .. ပါးဖောင်းဖောင်းကို ညာဘက်လက်ညှိုးဖျားနဲ့ အသာထိုးပြီး .. ဟလာတဲ့ ပါးစပ်ပုစိလေးထဲ အေပုံစံ ဘီစကစ်မုန့်တစ်ခု ထည့်ပေးလိုက်တာပဲ .. ။

“ စား .. နောက်တစ်ခုကို ဘီ ကျွေးမယ် .. ”

ညီလေးက ငါ့ကို .. သူ့ရဲ့ ဆပ်ပြာပူဖောင်းလို အရောင်တလဲ့လဲ့ မျက်လုံးလေးတွေနဲ့ ကြည့်လာတယ် .. ။ ပါးစပ်ထဲ တစ်ဝက်ရောက်နေတဲ့ မုန့်ကိုတော့ ဝါးစားရကောင်းမှန်း မသိဘူးရယ် .. ။

“ မျန်မျန်မျန်ဆိုပြီး ဝါးစားလိုက် .. ”

ငါက ဘယ်လိုနည်းနဲ့ ဝါးစားရကြောင်း သင်ပေးဖို့ပြင်တော့ ‌.. ညီလေးရဲ့ ခြေထောက်တွေလက်တွေက ယက်ကန်ယက်ကန် စဖြစ်လာတယ် .. ။ လက်ထဲမှာကိုင်ထားတဲ့ နောက်ထပ် ဘီပုံစံ ဘီစကစ်ကို ကျွေးချင်လှပြီဖြစ်တဲ့ငါကတော့ .. ငါ့ညီလေးပါးစပ်ထဲက အေပုံစံ ဘီစကစ်ကို မြန်မြန် စားကုန်စေချင်တာပဲသိတယ် .. ။ ဒါကြောင့် အတင်းထိုးထည့်ဖို့ပြင်တော့ အဲ့ခနဲ အသံတစ်စထွက်လာတယ် .. ။

“ ရှူး .. ငိုနဲ့ .. ”

“ အဲ့ .. ဝါးး .. . ”

ငါ့ညီလေးက စကားနားမထောင်တဲ့ ကလေးဆိုးလေးပဲ .. ။ ငါက မငိုပါနဲ့ပြောခါမှ ဝါးခနဲ အကျယ်ကြီး ထအော်ငိုတယ် .. ။

ရေစိုနေတဲ့ ဆံပင်စုတ်ဖွားနဲ့ ငါ့အမေကလည်း .. ရေချိုးခန်းထဲကနေ ဝရုန်းသုန်းကား ပြေးထွက်လာပြီး ငါ့ငယ်ထိပ်ကို ဒေါက်ဒေါက်ဆို နှစ်ချက်ဆင့်ခေါက်တော့တာပဲ .. ။ ပြီးတော့ ဒေါသတကြီး အော်ဟစ်တယ် .. ။

“ ရှောင်းကျန့် .. နင် ငါ့သားကို သတ်ဖို့ကြံ‌နေတာ .. ”

“ မဟုတ် .. မဟုတ်ပါဘူး .. သားက တိတိ‌လေးကို .. . ”

“ .. ထွက်သွား ”

“ . . . ”


ငါ့အမေက ငါ့ကို အော်ထုတ်တယ် .. ။

ငါ့ညီလေးကို ငါကျွေးထားတဲ့ အေပုံစံ ဘီစကစ်ကိုလည်း ဒေါသတကြီး ဖယ်ပစ်တယ် .. ။ ငါ့အမေပြောသလို မဟုတ်ကြောင်း ဆက်ပြီး ရှင်းပြချင်ပေမယ့် .. ငါ့လက်ထဲက ဘီပုံစံ ဘီစကစ်ကိုလည်း ငါ့ညီလေးကို ကျွေးချင်သေးပေမယ့်ပေါ့ .. ။ အဆုံးသတ်မှာတော့ ငါ့ခေါင်းပေါ်ပင့်တင်ထားတဲ့ စွန်းဝူခုန်းမျက်နှာဖုံးကို မျက်နှာပေါ်ပြန်ဆွဲချပြီး ကုပ်ကုပ်‌ကလေး လှည့်ထွက်သွားပေးဖို့ကိုပဲ ရွေးချယ်ရတယ် .. ။

ငါ့အမေဆီက နောက်တစ်ကြိမ် ခေါင်းခေါက်ခံရမှာ မလိုချင်ဘူး .. ။ ငါ့ညီလေးကိုလည်း မငိုစေချင်ဘူး .. ။

ပြီးတော့ ငါသိတယ် .. ။
ငါ့အမေက နောက်နေ့တွေလည်း မဖြစ်မနေ ရေချိုးရဦးမှာပဲ .. ။ အဲ့ဒီ့တော့မှ ငါ့ညီလေးကို အေကနေဇက်အထိ ဘီစကစ်တွေ အမြန်ကျွေးပစ်တော့မယ် .. ။

အင်း .. ငါ့ညီလေးအတွက် ကျောင်းဈေးတန်းကနေ ကျူးပါးကျဲ့မျက်နှာဖုံးလည်း ဝယ်ပေးခဲ့ဦးမယ် .. ။


▫️
▪️


“ သူတို့ပေးလိုက်တာလား .. ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးဝယ်ခဲ့တာလား .. ”

“ ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးဝယ်လာခဲ့တာပါကွာ .. စိတ်ချ .. ”

“ သူတို့ပေးလိုက်တာလား .. ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးဝယ်ခဲ့တာလား .. ”

“ .. ကိုယ့်ဘာသာ ”

“ ဒါရော .. သူတို့ပေးလိုက်တာလား .. ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးဝယ်ခဲ့တာလား .. ”

“ ကိုယ့်ဘာသာပဲ .. ”

“ ဒါ .. ”

“ အကုန်လုံး ကိုယ့်ဘာသာပဲ .. ဘယ်သူရွေးပေးတာမှ မယူဘူး .. ဆိုင်ရှင်ထည့်ပေးထားပြီးသားလည်း မယူဘူး .. အပေါ်ဘက်မှာ ရှိနေတာတွေလည်း မယူဘူး .. ကိုယ့်ဘာသာ အလယ်ပိုင်းနဲ့ အောက်ဘက်ပိုင်းဆီကနေ တစ်ခုချင်းစီ သေချာရွေးယူလာခဲ့တာတွေချည်း .. ရပြီလား .. ”

“ ဒီတစ်ခုရော .. သူတို့ပေးလိုက်တာလား .. ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးဝယ်ခဲ့တာလား .. ”

“ . . . ”


ငါ့အဖေက စိတ်မရှည်ပုံပေါက်လာပေမယ့် သေချာတော့ ပြန်ဖြေပေးနေတယ် .. ။ ငါ့အမေက‌တော့ ငါ့အဖေ ဈေးကဝယ်လာတဲ့ ပစ္စည်းတစ်ခုချင်းစီတိုင်းကို ကိုင်မြှောက်ပြီး မေးခွန်းတစ်ခုတည်းကိုပဲ ထပ်ကြော့ပြန်နေတုန်းပဲ .. ။

အသင့်စား ငါးအူချောင်းထုပ်၊ ပဲငံပြာရည်ပုလင်း၊ စပါးလင်အစည်း ဒီလိုတွေကစလို့ သွားတိုက်ဆေး၊ ပေါင်ဒါ၊ ကလေးဒိုင်ဗာအဆုံး .. တစ်ခုချင်းစီကို ကိုင်မြှောက်ပြီး တူညီတဲ့မေးခွန်းကိုပဲ ထပ်တလဲလဲမေးတယ် .. ။ ငါ့အဖေက အကုန်လုံးကို ခြုံပြီးဖြေပေမယ့်လည်းလေ .. ။ တစ်ခုလောက်လေး အတည်ပြုဖို့ ကျန်သွားခဲ့မှာကို စိုးရိမ်နေသလိုမျိုး .. ငါ့အမေက ပစ္စည်းတစ်ခုချင်းစီတိုင်းကို ကိုင်မြှောက်နေတုန်းရယ် .. ။

ဒီလို‌ဆိုပြီး ..

‘ မင်းပဲ ဈေးဝယ်ထွက်တော့.. ’ ဆိုလည်း မဟုတ်ဘူး .. ။ ငါ့ညီလေးကို အိမ်မှာထားခဲ့ရမှာ စိတ်မချဘူးလို့ဆိုတယ် .. ။ ‘ဒါဖြင့် ကလေးပါခေါ်သွား..’ လို့ ပြောရင်တော့ ..

‘ မဖြစ်ဘူး .. သူတို့တွေက ငါတို့သားအမိကို သတ်ချင်နေကြတာ .. အပြင်ထွက်ပြီး လူလုံးပြလို့မဖြစ်ဘူး .. ’

ဒီလို ဆိုလိမ့်မယ် .. ။

အဆုံးမှာတော့ .. ငါ့အဖေရဲ့ အလုပ်ကအပြန် ဈေးဝင်ဝယ်ရတဲ့နေ့ရက်တွေ ဆက်လာတော့တာပဲ .. ။ ပြီးရင်လည်း ဝယ်ခြမ်းလာခဲ့သမျှအတွက် မယုံသင်္ကာမေးမြန်းတာကို ခံရသေးတယ်ပေါ့ .. ။

ထားလိုက်တော့ .. ။
ဒီနားတင် လည်နေပြီ .. ။

အာ .. ခဏလေး .. ။
မင်းတို့ကို အထင်မလွဲစေချင်တာမို့ နည်းနည်းလေးတော့ ထပ်ရှင်းပြလိုက်ဦးမယ် .. ။

ငါ့အမေက အခုမှသာ ဒီလိုတွေဖြစ်လာပေမယ့် အရင်တုန်းကတော့ မဟုတ်ဘူးရယ် .. ။ ငါနဲ့ငါ့အဖေကို မချစ်တာတောင်မှ ဈေးကို သူပဲသွားပြီး စားကောင်းတာတွေ နေ့တိုင်းချက်ကျွေးတယ် .. ။ အိမ်သန့်ရှင်းလည်း ဒိုင်ခံလုပ်တယ် .. ။ လှလှပပလေးလည်း နေတယ် .. ။ သူမရဲ့ အလှအပစံနှုန်းက မြင့်တော့ .. ငါ့အဖေရှာသမျှ ဝင်ငွေရဲ့လေးပုံသုံးပုံကို အဲ့ဒီ့အတွက် သုံးပစ်လေ့ရှိတယ် .. ။

ဒါမဲ့ .. သဘောကျပါတယ် .. ။
လက်သန်းရဲ့လက်သည်းဖျားက ဆိုးဆေးလေး တစ်မီလီမီတာလောက် ပျက်သွားရင်တောင် .. လက်ဆယ်ချောင်းလုံးက ဆိုးဆေးတွေဖျက်ပြီး အစကနေ အသစ်ပြန်ဆိုးတတ်တဲ့ သူမကို .. သဘောကျတယ် .. ။

ဆက်ရရင် .. အရင်ရဲ့သူမက ငါ့ကို အခုလိုမျိုး ခေါင်းလည်းမခေါက်ဘူး .. ။ အော်ငေါက်ဆူပူတာမျိုးလည်း မရှိဘူး .. ။ အိမ်ရှေ့အိမ်‌နောက် ငါဖွထားခဲ့သမျှ အရုပ်ပုစိတွေအကုန် မညည်းမညူ သိမ်းဆည်းပေးပြီး .. ငါ ညဘက်အထိ အိမ်အလည်လွန်နေလည်း ဘာမှမပြောဘူး .. ။ ဒီလို မူလတန်းလေးမှာတောင် ငါ့အဆင့်က ဘိတ်ချေးဖြစ်နေပေမယ့် .. မျက်နှာတစ်ချက်မပျက်ဘဲ ရီပို့ကတ်မှာ လက်မှတ်ထိုးပေးတယ် .. ။ ကြည့်လေ .. ဘယ်လောက်များ ကောင်းပေးထားသလဲ .. ။

ဒါမဲ့ .. သဘောမကျဘူး .. ။
ဘာလို့မှန်းတော့ မသိခဲ့ပေမယ့်ပေါ့ .. ။ ဟိုဘက်အိမ်က ငါ့သူငယ်ချင်းရှောင်ပိုင် အဆင့်တွေကျသွားလို့ သူ့အမေကရိုက်ချိန်တိုင်း .. ဖုန်တွေသဲတွေနဲ့ ညစ်ပေအောင်ဆော့လို့ သူ့အမေဆီက ဆူပူခံရချိန်တိုင်း .. ငါ့ရင်ထဲမှာ မသက်မသာခံစားရတယ် .. ။

အခုချိန်မှ ငါနားလည်တော့တယ် .. ။
အဲ့ဒီ့တုန်းရဲ့ငါက အရူးလေးလိုမျိုးပဲ .. ။ ငါ့အမေဆီကနေ ဂရုတစိုက်နဲ့ အဆူခံအရိုက်ခံချင်တာဟာ .. ငါ့အမေရဲ့ လျစ်လျူရှုမှုတွေကို မခံစားနိုင်လို့ပါတဲ့လေ .. ။


▫️
▪️


“ ဝူခုန်းကြည့်မှာ .. ဝူခုန်း ဝူခုန်း .. ”

“ . . . ”

“ မား .. ဝူခုန်းလို့ .. ”

“ . . . ”


ဝူခုန်းကားလာချိန် ရောက်နေပြီပေမယ့် ငါ့အမေက ချန်နယ်ပြောင်းမပေးဘူး .. ။ ခုန်ဆွခုန်ဆွနဲ့ တစ်ဝူခုန်းတည်းဝူခုန်းနေတဲ့ ငါ့ကိုလည်း အရေးမစိုက်ဘူး .. ။ ရီမုကို လက်ထဲ တင်းနေအောင် ဆုပ်ကိုင်ထားပြီး .. တီဗွီဖန်သားပြင်ထက်က ဝမ်လူကြီးမင်းရဲ့ပုံရိပ်ကိုပဲ မျက်တောင်မခတ်တမ်း ငေးကြည့်နေခဲ့တာ .. ။

ဝမ်လူကြီးမင်း .. ။

အဲ့ဒီ့လူကြီးဟာ စီးပွားရေးလုပ်ငန်းစုတစ်ခုရဲ့ အကြီးအကဲပေါ့ .. ။ သူ့အကြောင်းဟာ စီးပွားရေးကဏ္ဍရဲ့ အစီအစဥ်မှာ ခဏတိုင်းလာ‌တတ်တယ် .. ။ သူ့အကြောင်းမဟုတ်ရင်လည်း တခြားသောတွေနဲ့ ပတ်သက်ပြီး သူ့ပုံဟာ ခဏတိုင်းပါတတ်တယ် .. ။ ကျန်တဲ့အချိန်တွေဆို တီဗွီကြည့်ဖို့စိတ်မဝင်စားတဲ့ ငါ့အမေက .. တီဗွီမှာ ဝမ်လူကြီးမင်းပါလာတာနဲ့ ငါ့ဆီကရီမုကို အတင်းလုတော့တာပဲ .. ။ ပြီးရင် တစ်နေကုန်လာ တစ်နေကုန်ကြည့်တယ် .. ။ ငါ့ရဲ့ ဝူခုန်းကားလာချိန်လေးကိုတောင် ချန်နယ်ပြောင်းမပေးတော့ဘဲနဲ့ပေါ့ .. ။


“ အဲ့ဒီ့လူကြီးကို မုန်းတယ် .. ”

“ .. ! ”

“ ဝူးး .. နာတယ်နာတယ် .. ”

“ ဝေးဝေးသွားနေစမ်း .. ”


ငါ့အမေက လက်သံပြောင်တယ် .. ။
ငါ့မှာ ဝမ်လူကြီးမင်းကို မုန်းကြောင်းလေး တစ်ခွန်းပြောမိပါတယ် .. ။ ငါ့ငယ်ထိပ်ဆီ လက်ဆစ်နှစ်ချက်က တစ်ဆက်တည်း ရောက်လာတော့တာပဲ .. ။ ပြီးတော့ .. သူ့အနားက ဝေးဝေးသွားဖို့ နှင်ထုတ်ခံရတယ် .. ။

တကယ်ဆို တီဗွီက ငါ့အပိုင်ကို .. ။
ငါ့အမေ အိမ်ပေါ်က မဆင်းခင်အထိ တီဗွီမှ မဝယ်ရသေးဘဲကို .. ။ ငါ့‌အဖေကလည်း ငါ့ဖို့ ငါဝူခုန်းကားကြည့်ဖို့လို့ ပြောပြီး ဝယ်ပေးထားတာပဲကို .. ။ ဝမ်လူကြီးမင်းကိုကြည့်ဖို့ ဝယ်ပေးထားတာ လုံးဝလုံးဝမှ မဟုတ်ဘဲနဲ့များ .. ။

စိတ်ထဲမှာ အထွန့်တက်ရင်း ခန္ဓာကိုယ်ကတော့ .. လက်တစ်ဖက်က ‌ငယ်ထိပ်ပေါ်ဖိပွတ်လို့ ကျန်လက်တစ်ဖက်က ဝူခုန်းမျက်နှာဖုံးကိုဆွဲယူပြီး ရှောင်ပိုင်တို့အိမ်ဘက် ပြေးသွားလိုက်ရတယ် .. ။ ဝူခုန်းကားက လာနေပြီရယ် .. ။


“ မင်း နောက်ကျတယ် .. ”

“ အွန်း .. အိမ်မှာ တီဗွီလုနေလို့ .. ”

“ ဘာလို့ .. ပြောတော့ ငါနဲ့တူတူကြည့်မှ ကြည့်လို့ပိုကောင်းတာဆို .. ”


တီဗွီရှေ့ တည့်တည့်ထိုင်နေတဲ့ ရှောင်ပိုင်က သူထိုင်ဖို့ ဘေးနည်းနည်းကပ်ပေးရင်း မကြည်မသာဆိုတယ် .. ။ ဝတ်ထားတဲ့ ကျူးပါးကျဲ့မျက်နှာဖုံးသာ ရှိမနေဘူးဆိုရင် အစွမ်းကုန်ရှုံ့ပြနေတဲ့ နှပ်ချေးချိုးကပ်နှာခေါင်းကိုပါ မြင်ရလိမ့်ဦးမှာ သေချာတယ် .. ။

ရှောင်ပိုင့်ဘေးနား ဝင်ထိုင် .. လက်ထဲက ဝူခုန်းမျက်နှာဖုံးကို အသေအချာဝတ်လိုက်ပြီး ငါက ပြန်ပြောတယ် .. ။


“ ညီလေးပါးကျဲ့ .. အစ်ကိုကြီးဝူခုန်းကို အေးအေးဆေးဆေးလေး တီဗွီကြည့်ခွင့်ပေး .. ဟုတ်ပြီလား .. ”

“ ချီးကို အစ်ကိုကြီးဝူခုန်း .. ”

“ ရှောင်ပိုင် .. မရိုင်းရဘူးလေ .. ”


ရှောင်ပိုင့်ရဲ့ ဆဲရေးသံနောက်မှာ ပိုင်ကောရဲ့ တားမြစ်ဆုံးမသံ တိုးတိုးက ကပ်ပါလာတယ် .. ။

ရှောင်ပိုင်က ဘာမှပြန်မပြောပေမယ့် ပါးကျဲ့မျက်နှာဖုံးအောက်မှာ နှပ်ချေးချိုးကပ်နှာခေါင်းကို အစွမ်းကုန် ရှုံ့နေဦးမယ်ဆိုတာတော့ သေချာတယ် .. ။


“ ရှောင်ရှောင်းကလည်း သူငယ်ချင်းမကြိုက်တာကို မစရဘူး .. ”

“ ဟွန့် .. ပါးကျဲ့မို့ ပါးကျဲ့ခေါ်တာကို .. ”

“ ပိုင်ကောကော .. သူပြောပြန်ပြီ .. ”

“ ပြောတယ်လေ ဘာဖြစ်လဲ .. ပါးကျဲ့မျက်နှာဖုံးကြီးဝတ်ပြီး ပါးကျဲ့ကိုလည်းကြိုက်ပြီး ပါးကျဲ့အခေါ်ခံရတာကျ မကြိုက်ဘူးဆို ဘယ်တရားပါ့မလဲ .. နော့ ပိုင်ကော .. သားမှန်တယ်ဟုတ် .. ”


ပိုင်ကောက ပြုံးရင်း .. သူတို့နှစ်ယောက်လုံးရဲ့ ခေါင်းတွေထက် လက်ဖဝါးနဲ့အုပ်ကိုင်ပြီး ရှေ့နောက်ဘယ်ညာ ခါယမ်းပစ်တယ် .. ။

“ နှစ်ယောက်လုံးတော်တော့ .. ”

ငါတို့နှစ်ယောက်လုံး တီဗွီရှေ့ကနေ နောက်ဆုတ်ပြီး ပိုင်ကောဘေးနား ပူးကပ်ထိုင်ပစ်လိုက်တယ် .. ။ ပြီးတာနဲ့ ပိုင်ကောခါးကိုလုဖက်ရင်း ငါ့ပိုင်ကော ငါ့ပိုင်ကောနဲ့ လုကြတော့တာပဲ .. ။

ပိုင်ကောကတော့ ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိုင်လိုက်ပေါ့ .. ။ နဂိုကမှ သူ့ခန္ဓာကိုယ်က ပိန်ပိန်ဖျော့ဖျော့လေးကို .. ။ ပြီးရင် ငါတို့က .. ခြောက်နှစ်ကျော် ခုနှစ်နှစ်ထဲအရွယ်ပေမယ့် လူကောင်ထွားတဲ့အထဲ ပါတယ်လေ .. ။ အခုလို ထိုင်နေကြတဲ့အခါဆို ပိုင်ကောနားရွက်နဲ့ ငါတို့ခေါင်းက တစ်တန်းထဲပဲ .. ။

တစ်ခါတလေဆို ငါတို့ကစကြတယ် .. ။

ပိုင်ကောကို ယူနီဗာစတီဆိုတာကြီးမှာ ဘယ်သူတွေ အနိုင်ကျင့်လဲပြော .. သားတို့ ပြန်ပြီးဆော်ပလော်တီးပေးမယ်လို့ .. ။ သိတဲ့အတိုင်း ပိုင်ကောက .. ပိန်ပိန်ပါးပါး ဖြူဖြူဖျော့ဖျော့နဲ့ သိမ်မွေ့နူးညံ့တဲ့ ပုံစံလေးမလား .. ။ ကျောင်းမှာရော အိမ်မှာပါမကျန် နေပူမရှောင် ဆော့ကစားတတ်တဲ့ ငါတို့ကကျ .. အသားညိုညို နှပ်ချေးတွဲလောင်းနဲ့ ပုံဟန်ဂျစ်တူးတူးလေးတွေလေ .. ။ ခပ်ထွားထွားလူကောင်ကြီးနဲ့ ပေါင်းစပ်လိုက်တော့ .. ညီလေးကိုထိတာနဲ့ ကောင်းကင်တက် မိုက်ကြေးခွဲမယ့် လူမိုက်အစ်ကိုကြီးတွေအတိုင်းပဲ .. ။ အမ်း .. ငါတို့စိတ်ထင်ပေါ့ .. ။


“ ဘယ်သူ့ပိုင်ကောမှမဟုတ်ဘူး .. ငါ့ပိုင်ကော .. ”

“ အားးးး .. လီကော .. ”

ပိုင်ကောကို လုနေရာက‌နေ တံခါးပေါက်ဝမှာပေါ်လာတဲ့ လီကောဆီ ပြေးဖက်ကြပြန်တယ် .. ။

ကတုံးဆံတောက် ဆံပင်ကေနဲ့ နေကာမျက်မှန်ကို နောက်စေ့မှာချိတ်ထားတတ်တဲ့ အဲ့ဒီ့လီကောဆိုတာကျ .. ပိုင်ကောရဲ့ သူငယ်ချင်းပေါ့ .. ။ ပိုင်ကောအိမ်ကို လာလည်ချိန်တိုင်း ငါတို့နှစ်ကောင်အတွက် မုန့်တွေ တစ်မျိုးပြီးတစ်မျိုး ယူလာပေးတတ်တာမို့ .. ငါတို့မှာ အချစ်ပိုရတယ် .. ။


“ ကောင်စုတ်လေးတွေ .. ဖယ်ကြစမ်း .. ”

“ .. ဟီး ဟီး ဟီး ဟီး ”

လီကောပေးတဲ့ တုတ်ထိုးသကြားပျော့လုံးတွေယူပြီး တီဗွီရှေ့ မော့တော့လေး ပြန်ရောက်သွားကြတယ် .. ။

ပိုင်ကောကတော့ လီကောနဲ့ အပြင်သွားမလို့ဆိုပြီး သူ့လည်ပင်းက ပုတီးလုံးလည်ဆွဲကို ရှောင်ပိုင့်လည်ပင်း လာဆွဲပေးတယ် .. ။


“ ဝူခုန်းကားပြီးမှ သွားလို့မရဘူးလား .. နောက်ထပ် ဆယ်မိနစ်လောက်ပဲ လိုတော့တာကို .. ”

“ ကောကောက ဆက်ပြီး အဖော်လုပ်ကြည့်ပေးနေရင် လီကောက စိတ်ဆိုးလိမ့်မယ် .. ”

“ လုပ်ပါ .. ဆယ်မိနစ်ပါပဲ .. ဝူခုန်းနဲ့ပါးကျဲ့ပဲရှိပြီး ဝူကျင့်မရှိလို့ မဖြစ်ဘူးလေလို့ .. နော် ပိုင်ကောကော .. ”

“ ဟေ့ဟေ့ နားညည်းတယ် .. ကောင်စုတ်လေးတွေ ဂျီကျမနေကြနဲ့ .. ကိုယ့်ဘာသာကြည့်ကြ .. သွားစမ်း သွား သွား .. ”


ရှောင်ပိုင်က ဆက်တိုက်ဂျီနေတော့ လီကောက စိတ်မရှည်ဟန် ထအော်တယ် .. ။

ငတုံးကောင်လေး ရှောင်ပိုင်ကတော့ အကြောက်အလန့်မရှိ လီကောကိုပါ ဆက်ပြီးမဲဆွယ်နေသေးတာရယ် .. ။


“ လီကောကော .. လီကောကောလည်း သားတို့နဲ့ တူတူကြည့်လေ .. ”

“ အတူကြည့်ရမယ် ? .. စွန်းဝူခုန်းက ရှောင်ရှောင်း၊ ကျူးပါးကျဲ့က ရှောင်ပိုင်၊ ဆားဝူကျင့်က လီကော၊ မိစ္ဆာအလှလေးက ပိုင်မေ့မေ့ .. မင်းတို့မှာ လူပြည့်နေပြီလေ .. ငါက ဘယ်သူလုပ်ရမှာတုန်း .. ထန်စန်းတော့ နိုးနော် .. ”


ငါတို့တင်မက .. ရှောင်ပိုင်ဝတ်‌ပေးထားတဲ့ ပင့်ကူမိစ္ဆာမျက်နှာဖုံးကြီးစွပ်ပြီး ထောင့်နားမှာ သူ့ဘာသာ အရုပ်မလေးနဲ့ဆော့နေတဲ့ ရှောင်ပိုင့်ညီမလေးအထိပါ .. တစ်ယောက်ချင်းစီကို လိုက်ရေပြရင်း လီကောက .. သူ့ကတုံးသူ တပွတ်ပွတ်နဲ့ မျက်ခုံးတစ်ဖက်ပင့်တယ် .. ။

ရှောင်ပိုင်က ဘာပြန်ပြောရမှန်းမသိဖြစ်နေတာမို့ .. ငါကပဲ သူ့ဘက်က စဉ်းစားပြီး ဝင်ကူပြောပေးရတယ် .. ။


“ စီးတော်မြင်းလုပ် .. ”

“ ငါ့ကို မြင်း .. ?”

“ အွန်း .. စီးတော်မြင်းပေမယ့် တကယ်က နဂါးသားတော်ရယ် .. ”

“ တော်စမ်း .. လောင်ပိုင် လာခဲ့ .. မင်းညီတွေကို ရိုက်မပစ်မိခင် မြန်မြန်သွားမယ် .. လာ .. ”

“ .. ? ”


သွားပြီ .. ။
လီကောက ပိုင်ကောကိုခေါ်ပြီး ထွက်သွားပြီ .. ။ ငါတို့ရဲ့ ဆားဝူကျင့်ကိုခေါ်ပြီး ထွက်သွားပြီ .. ။

ရှောင်ပိုင်နဲ့ငါ တစ်ယောက်မျက်နှာတစ်ယောက် ဝမ်းနည်းပက်လက် ကြည့်မိကြတယ် .. ။ ဒီနေ့ကတော့ တကယ့်ကို ချီးနေ့ပဲ .. ။ ဝူခုန်းကားလည်း သေချာမကြည့်ရသလို ငါတို့အဖွဲ့ကလည်း တကွဲတပြားစီနဲ့ .. ။


“ ဟေး ကလေးစုတ်လေးတွေ .. ”

“ လီကောကော .. ပြန်လာတာလား .. အပြင်မသွားတော့ဘူးလား .. ”

“ သားတို့နဲ့အတူ ဝူခုန်းကား ကြည့်ပေးတော့မှာလား .. ”


ငါတို့နှစ်ယောက်ရဲ့ ကိုယ့်ဘက်ကိုယ်ယက်တဲ့ ဝမ်းသာအားရအမေးမှာ .. တံခါးပေါက်ဝနားအထိ ပြန်လှည့်လာတဲ့ လီကောက မျက်နှာကြီးရှုံ့မဲ့သွားတယ် .. ။

လီကောပြန်ဖြေတဲ့ အဖြေစကားကို ကြားပြီးချိန်မှာတော့ ငါတို့ရဲ့မျက်နှာတွေလည်း ရှုံ့မဲ့သွားခဲ့ရတယ် .. ။

“ ငါ ဒီကိုအလာတုန်းက လမ်းထိပ်မှာ လူစိမ်းတွေ တွေ့ခဲ့တယ် .. ကလေးဖမ်းတွေလားမသိဘူး .. အပြင်ထွက်မဆော့ကြနဲ့ .. ကြားလား .. ”

တဲ့လေ .. ။

လူကြီးတွေများ တကယ်ခက်တာပဲ .. ။
ငါတို့ကို အပြင်ထွက်မဆော့စေချင်တာများ .. ။ ဒီလို ဖန်တရာထပ်ကြားဖူးနေကျ လှိမ့်လုံးဖိန့်လုံးတွေသုံးပြီး ခြောက်လှန့်နေရတယ်လို့ .. ။

ငါတို့အသက်ကဖြင့် ခြောက်နှစ်ကိုတောင် တော်တော်လေး ကျော်နေပြီ .. ။ အရူးကြီးနဲ့ ကလေးဖမ်းသမားတွေကို ကြောက်ဒူးတုန်မယ့်အရွယ်ကိုဖြင့် .. ဟိုးအရင်ကတည်းက ကျော်လွန်ပြီးခဲ့ပြီ .. ။










▫️
▪️

to be continued ⏭















Zawgyi

















▪️2













ငါ့အေမက ငါ့ညီေလးကို သိပ္ခ်စ္တယ္ .. ။

ေရခ်ိဳးတဲ့တစ္ခ်ိန္ကလြဲရင္ အခ်ိန္ျပည့္ ေက်ာထက္မွာ ခ်ီပိုးထားတတ္တယ္ .. ။ အဲ့ဒါက သန႔္စင္ခန္းဝင္ခ်ိန္မွာေတာ့ ခြၽင္းခ်က္မရွိပါပဲ .. ။

ငါလည္း ငါ့ညီေလးကို ခ်စ္ခ်င္တယ္ .. ။

ေက်ာင္းမွာ စုေလာင္ရွီးသင္ေပးလိုက္တဲ့အတိုင္း ငါ့ညီေလးကို ေပြ႕ခ်ီၾကည့္ခ်င္တယ္ .. ။ ငါ့ညီေလး ရယ္ေအာင္ ႐ုပ္ေျပာင္ေတြ လုပ္ျပခ်င္တယ္ .. ။ ဘူးဘူးလို႔ ႏႈတ္ခမ္းေလးေထာ္ၿပီး ကားစက္ႏႈိးသံလုပ္တတ္ေအာင္ သင္ေပးခ်င္တယ္ .. ။ ေအဘီစီဒီပုံ ဘီစကစ္ေလးေတြ ေကြၽးခ်င္တယ္ .. ။ ငါ့အေဖဝယ္ေပးထားတဲ့ ေရသူမအ႐ုပ္ပုံ ဆပ္ျပာပူေဖာင္းဗူးေလးကို ေပးမႈတ္ခ်င္တယ္ .. ။ အစ္ကိုႀကီး ေမ်ာက္မင္းဝူခုန္းလို ေမွာ္တုတ္ေခ်ာင္းနဲ႔ တူတူခုန္ပ်ံေဆာ့ကစားခ်င္တယ္ .. ။ ဒါမဲ့ ငါ့အေမက ငါ့ကို ညီေလးအနားကပ္လိုက္တာနဲ႔ တန္းေမာင္းထုတ္ပါတယ္ .. ။

ငါ့အေဖလည္း ငါ့ညီေလးကို ခ်စ္တယ္လို႔ထင္တယ္ .. ။

သူက ငါ့ညီေလးရဲ႕အႏွီးေတြ ေလွ်ာ္တဲ့အခ်ိန္ဆိုရင္ ၿပဳံးေပ်ာ္ေနတာပဲ .. ။ အရက္ေသာက္ထားၿပီးခ်ိန္မ်ားဆို .. ငါ့ညီေလးကို လွမ္းျမႇဴဖို႔အေရးေတာင္ ပါးစပ္ကို လက္ဖဝါးေလး တကာကာနဲ႔ .. ။ ဒါမဲ့ သူ႔ကိုလည္း အတူတူပါပဲ .. ။ ငါ့အေမက .. ငါ့အေဖ ငါ့ညီေလးအနား ကပ္သြားတာနဲ႔ တန္းေမာင္းထုတ္တယ္ .. ။


▫️
▪️


တစ္ရက္မွာေတာ့ ငါေက်ာင္းကျပန္လာခ်ိန္နဲ႔ ငါ့အေမေရခ်ိဳးခန္းဝင္ေနတာနဲ႔ ႀကဳံတယ္ .. ။

ငါဆိုတာကလည္း ဝမ္းသာအားရနဲ႔ ေက်ာပိုးကို ျဖစ္သလိုပစ္ခ်ထားခဲ့ၿပီး .. ကုတင္ေပၚခင္းထားတဲ့ ေစာင္ထူထူထက္ ပါးစပ္ကေလးဟၿပီး အိပ္ေမာက်ေနတဲ့ ညီေလးအနား အေျပးအလႊားေရာက္တယ္ .. ။

မို႔တက္ေနတဲ့ ပါးေဖာင္းေဖာင္းႀကီးတစ္ဖက္ထဲ ငါ့လက္ညႇိဳးဖ်ားေလးနဲ႔ အသာထိၾကည့္လိုက္ေတာ့ အိခနဲ နစ္ဝင္သြားတာရယ္ .. ။ သေဘာက်လြန္းလို႔ ငါ့မွာ .. တခိခိရယ္ရင္း ပုခုံးစြန္းေတြဆိုတာ တသိမ့္သိမ့္နဲ႔ .. ။ ငါ့မ်က္ႏွာေပၚက အစ္ကိုႀကီးေမ်ာက္မင္းဝူခုန္းရဲ႕ မ်က္ႏွာဖုံးမွာပါတဲ့ ဦးမွင္တံႏွစ္ေခ်ာင္းဟာလည္း ေရွ႕ေနာက္တလႈပ္လႈပ္နဲ႔ .. ။

လက္ညႇိဳးဖ်ားေလးကို ပါးျပင္ထဲ အနက္ႀကီး နစ္ဝင္သြားတဲ့အထိ ထိလိုက္ .. ခ်က္ခ်င္းျပန္ဖယ္လိုက္ခ်ိန္မွာ အိခနဲ ျပန္ေဖာင္းတက္လာလိုက္နဲ႔ .. ။ ခဏခဏ ဆက္တိုက္လုပ္ေန‌ေတာ့ ငါ့ညီေလးရဲ႕ ႏႈတ္ခမ္းနီတာရဲေလးကလည္း ဟလာလိုက္ ျပန္ေစ့သြားလိုက္နဲ႔ .. ။

အားေနတဲ့လက္တစ္ဖက္နဲ႔ ငါ့ပါးစပ္ကို ဖိအုပ္ထားႏိုင္ဖို႔ .. ငါ့မ်က္ႏွာေပၚက ဝူခုန္းမ်က္ႏွာဖုံးကို ေခါင္းေပၚေရာက္ေအာင္ ပင့္တင္လိုက္ရတယ္ .. ။ ငါ့ညီေလးရဲ႕ အခုပုံစံကို သေဘာက်လြန္းေပမယ့္ .. အက်ယ္ႀကီးထရယ္မိၿပီး ငါ့အေမ ေရခ်ိဳးခန္းထဲက ထြက္လာ႐ိုက္မွာကိုလည္း ေၾကာက္တယ္ .. ။ ၿပီးေတာ့ .. ငါ့ညီေလးနဲ႔ အခုလိုမ်ိဳး အနီးကပ္မေနရေတာ့မွာကိုေရာပဲ .. ။

ေျပာခဲ့ၿပီးတဲ့အတိုင္း ငါ့အေမက .. ငါ့ညီေလးအနား ငါတို႔သားအဖ ကပ္တာကို ခါးခါးသီးသီးရယ္ .. ။

ေနရာက ခပ္သုတ္သုတ္ထထြက္သြားၿပီး ငါ့ေက်ာပိုးအိတ္အေဟာင္းေလးကို ျမန္ျမန္ဇစ္ဆြဲဖြင့္လိုက္တယ္ .. ။ ေအဘီစီဒီပုံ ဘီစကစ္မုန္႔ထုပ္ေလးကို ဆြဲယူၿပီးတာနဲ႔ .. သြားနဲ႔ကိုက္ေဖာက္ၿပီး ငါ့ညီေလးအနား ျပန္ေျပးရတယ္ .. ။ ေနာက္ .. ပါးေဖာင္းေဖာင္းကို ညာဘက္လက္ညႇိဳးဖ်ားနဲ႔ အသာထိုးၿပီး .. ဟလာတဲ့ ပါးစပ္ပုစိေလးထဲ ေအပုံစံ ဘီစကစ္မုန႔္တစ္ခု ထည့္ေပးလိုက္တာပဲ .. ။

“ စား .. ေနာက္တစ္ခုကို ဘီ ေကြၽးမယ္ .. ”

ညီေလးက ငါ့ကို .. သူ႔ရဲ႕ ဆပ္ျပာပူေဖာင္းလို အေရာင္တလဲ့လဲ့ မ်က္လုံးေလးေတြနဲ႔ ၾကည့္လာတယ္ .. ။ ပါးစပ္ထဲ တစ္ဝက္ေရာက္ေနတဲ့ မုန႔္ကိုေတာ့ ဝါးစားရေကာင္းမွန္း မသိဘူးရယ္ .. ။

“ မ်န္မ်န္မ်န္ဆိုၿပီး ဝါးစားလိုက္ .. ”

ငါက ဘယ္လိုနည္းနဲ႔ ဝါးစားရေၾကာင္း သင္ေပးဖို႔ျပင္ေတာ့ ‌.. ညီေလးရဲ႕ ေျခေထာက္ေတြလက္ေတြက ယက္ကန္ယက္ကန္ စျဖစ္လာတယ္ .. ။ လက္ထဲမွာကိုင္ထားတဲ့ ေနာက္ထပ္ ဘီပုံစံ ဘီစကစ္ကို ေကြၽးခ်င္လွၿပီျဖစ္တဲ့ငါကေတာ့ .. ငါ့ညီေလးပါးစပ္ထဲက ေအပုံစံ ဘီစကစ္ကို ျမန္ျမန္ စားကုန္ေစခ်င္တာပဲသိတယ္ .. ။ ဒါေၾကာင့္ အတင္းထိုးထည့္ဖို႔ျပင္ေတာ့ အဲ့ခနဲ အသံတစ္စထြက္လာတယ္ .. ။

“ ရွဴး .. ငိုနဲ႔ .. ”

“ အဲ့ .. ဝါးး .. . ”

ငါ့ညီေလးက စကားနားမေထာင္တဲ့ ကေလးဆိုးေလးပဲ .. ။ ငါက မငိုပါနဲ႔ေျပာခါမွ ဝါးခနဲ အက်ယ္ႀကီး ထေအာ္ငိုတယ္ .. ။

ေရစိုေနတဲ့ ဆံပင္စုတ္ဖြားနဲ႔ ငါ့အေမကလည္း .. ေရခ်ိဳးခန္းထဲကေန ဝ႐ုန္းသုန္းကား ေျပးထြက္လာၿပီး ငါ့ငယ္ထိပ္ကို ေဒါက္ေဒါက္ဆို ႏွစ္ခ်က္ဆင့္ေခါက္ေတာ့တာပဲ .. ။ ၿပီးေတာ့ ေဒါသတႀကီး ေအာ္ဟစ္တယ္ .. ။

“ ေရွာင္းက်န႔္ .. နင္ ငါ့သားကို သတ္ဖို႔ႀကံ‌ေနတာ .. ”

“ မဟုတ္ .. မဟုတ္ပါဘူး .. သားက တိတိ‌ေလးကို .. . ”

“ .. ထြက္သြား ”

“ . . . ”


ငါ့အေမက ငါ့ကို ေအာ္ထုတ္တယ္ .. ။

ငါ့ညီေလးကို ငါေကြၽးထားတဲ့ ေအပုံစံ ဘီစကစ္ကိုလည္း ေဒါသတႀကီး ဖယ္ပစ္တယ္ .. ။ ငါ့အေမေျပာသလို မဟုတ္ေၾကာင္း ဆက္ၿပီး ရွင္းျပခ်င္ေပမယ့္ .. ငါ့လက္ထဲက ဘီပုံစံ ဘီစကစ္ကိုလည္း ငါ့ညီေလးကို ေကြၽးခ်င္ေသးေပမယ့္ေပါ့ .. ။ အဆုံးသတ္မွာေတာ့ ငါ့ေခါင္းေပၚပင့္တင္ထားတဲ့ စြန္းဝူခုန္းမ်က္ႏွာဖုံးကို မ်က္ႏွာေပၚျပန္ဆြဲခ်ၿပီး ကုပ္ကုပ္‌ကေလး လွည့္ထြက္သြားေပးဖို႔ကိုပဲ ေ႐ြးခ်ယ္ရတယ္ .. ။

ငါ့အေမဆီက ေနာက္တစ္ႀကိမ္ ေခါင္းေခါက္ခံရမွာ မလိုခ်င္ဘူး .. ။ ငါ့ညီေလးကိုလည္း မငိုေစခ်င္ဘူး .. ။

ၿပီးေတာ့ ငါသိတယ္ .. ။
ငါ့အေမက ေနာက္ေန႔ေတြလည္း မျဖစ္မေန ေရခ်ိဳးရဦးမွာပဲ .. ။ အဲ့ဒီ့ေတာ့မွ ငါ့ညီေလးကို ေအကေနဇက္အထိ ဘီစကစ္ေတြ အျမန္ေကြၽးပစ္ေတာ့မယ္ .. ။

အင္း .. ငါ့ညီေလးအတြက္ ေက်ာင္းေဈးတန္းကေန က်ဴးပါးက်ဲ႕မ်က္ႏွာဖုံးလည္း ဝယ္ေပးခဲ့ဦးမယ္ .. ။


▫️
▪️


“ သူတို႔ေပးလိုက္တာလား .. ကိုယ့္ဘာသာ စိတ္ႀကိဳက္ေ႐ြးဝယ္ခဲ့တာလား .. ”

“ ကိုယ့္ဘာသာ စိတ္ႀကိဳက္ေ႐ြးဝယ္လာခဲ့တာပါကြာ .. စိတ္ခ် .. ”

“ သူတို႔ေပးလိုက္တာလား .. ကိုယ့္ဘာသာ စိတ္ႀကိဳက္ေ႐ြးဝယ္ခဲ့တာလား .. ”

“ .. ကိုယ့္ဘာသာ ”

“ ဒါေရာ .. သူတို႔ေပးလိုက္တာလား .. ကိုယ့္ဘာသာ စိတ္ႀကိဳက္ေ႐ြးဝယ္ခဲ့တာလား .. ”

“ ကိုယ့္ဘာသာပဲ .. ”

“ ဒါ .. ”

“ အကုန္လုံး ကိုယ့္ဘာသာပဲ .. ဘယ္သူေ႐ြးေပးတာမွ မယူဘူး .. ဆိုင္ရွင္ထည့္ေပးထားၿပီးသားလည္း မယူဘူး .. အေပၚဘက္မွာ ရွိေနတာေတြလည္း မယူဘူး .. ကိုယ့္ဘာသာ အလယ္ပိုင္းနဲ႔ ေအာက္ဘက္ပိုင္းဆီကေန တစ္ခုခ်င္းစီ ေသခ်ာေ႐ြးယူလာခဲ့တာေတြခ်ည္း .. ရၿပီလား .. ”

“ ဒီတစ္ခုေရာ .. သူတို႔ေပးလိုက္တာလား .. ကိုယ့္ဘာသာ စိတ္ႀကိဳက္ေ႐ြးဝယ္ခဲ့တာလား .. ”

“ . . . ”


ငါ့အေဖက စိတ္မရွည္ပုံေပါက္လာေပမယ့္ ေသခ်ာေတာ့ ျပန္ေျဖေပးေနတယ္ .. ။ ငါ့အေမက‌ေတာ့ ငါ့အေဖ ေဈးကဝယ္လာတဲ့ ပစၥည္းတစ္ခုခ်င္းစီတိုင္းကို ကိုင္ေျမႇာက္ၿပီး ေမးခြန္းတစ္ခုတည္းကိုပဲ ထပ္ေၾကာ့ျပန္ေနတုန္းပဲ .. ။

အသင့္စား ငါးအူေခ်ာင္းထုပ္၊ ပဲငံျပာရည္ပုလင္း၊ စပါးလင္အစည္း ဒီလိုေတြကစလို႔ သြားတိုက္ေဆး၊ ေပါင္ဒါ၊ ကေလးဒိုင္ဗာအဆုံး .. တစ္ခုခ်င္းစီကို ကိုင္ေျမႇာက္ၿပီး တူညီတဲ့ေမးခြန္းကိုပဲ ထပ္တလဲလဲေမးတယ္ .. ။ ငါ့အေဖက အကုန္လုံးကို ၿခဳံၿပီးေျဖေပမယ့္လည္းေလ .. ။ တစ္ခုေလာက္ေလး အတည္ျပဳဖို႔ က်န္သြားခဲ့မွာကို စိုးရိမ္ေနသလိုမ်ိဳး .. ငါ့အေမက ပစၥည္းတစ္ခုခ်င္းစီတိုင္းကို ကိုင္ေျမႇာက္ေနတုန္းရယ္ .. ။

ဒီလို‌ဆိုၿပီး ..

‘ မင္းပဲ ေဈးဝယ္ထြက္ေတာ့.. ’ ဆိုလည္း မဟုတ္ဘူး .. ။ ငါ့ညီေလးကို အိမ္မွာထားခဲ့ရမွာ စိတ္မခ်ဘူးလို႔ဆိုတယ္ .. ။ ‘ဒါျဖင့္ ကေလးပါေခၚသြား..’ လို႔ ေျပာရင္ေတာ့ ..

‘ မျဖစ္ဘူး .. သူတို႔ေတြက ငါတို႔သားအမိကို သတ္ခ်င္ေနၾကတာ .. အျပင္ထြက္ၿပီး လူလုံးျပလို႔မျဖစ္ဘူး .. ’

ဒီလို ဆိုလိမ့္မယ္ .. ။

အဆုံးမွာေတာ့ .. ငါ့အေဖရဲ႕ အလုပ္ကအျပန္ ေဈးဝင္ဝယ္ရတဲ့ေန႔ရက္ေတြ ဆက္လာေတာ့တာပဲ .. ။ ၿပီးရင္လည္း ဝယ္ျခမ္းလာခဲ့သမွ်အတြက္ မယုံသကၤာေမးျမန္းတာကို ခံရေသးတယ္ေပါ့ .. ။

ထားလိုက္ေတာ့ .. ။
ဒီနားတင္ လည္ေနၿပီ .. ။

အာ .. ခဏေလး .. ။
မင္းတို႔ကို အထင္မလြဲေစခ်င္တာမို႔ နည္းနည္းေလးေတာ့ ထပ္ရွင္းျပလိုက္ဦးမယ္ .. ။

ငါ့အေမက အခုမွသာ ဒီလိုေတြျဖစ္လာေပမယ့္ အရင္တုန္းကေတာ့ မဟုတ္ဘူးရယ္ .. ။ ငါနဲ႔ငါ့အေဖကို မခ်စ္တာေတာင္မွ ေဈးကို သူပဲသြားၿပီး စားေကာင္းတာေတြ ေန႔တိုင္းခ်က္ေကြၽးတယ္ .. ။ အိမ္သန႔္ရွင္းလည္း ဒိုင္ခံလုပ္တယ္ .. ။ လွလွပပေလးလည္း ေနတယ္ .. ။ သူမရဲ႕ အလွအပစံႏႈန္းက ျမင့္ေတာ့ .. ငါ့အေဖရွာသမွ် ဝင္ေငြရဲ႕ေလးပုံသုံးပုံကို အဲ့ဒီ့အတြက္ သုံးပစ္ေလ့ရွိတယ္ .. ။

ဒါမဲ့ .. သေဘာက်ပါတယ္ .. ။
လက္သန္းရဲ႕လက္သည္းဖ်ားက ဆိုးေဆးေလး တစ္မီလီမီတာေလာက္ ပ်က္သြားရင္ေတာင္ .. လက္ဆယ္ေခ်ာင္းလုံးက ဆိုးေဆးေတြဖ်က္ၿပီး အစကေန အသစ္ျပန္ဆိုးတတ္တဲ့ သူမကို .. သေဘာက်တယ္ .. ။

ဆက္ရရင္ .. အရင္ရဲ႕သူမက ငါ့ကို အခုလိုမ်ိဳး ေခါင္းလည္းမေခါက္ဘူး .. ။ ေအာ္ေငါက္ဆူပူတာမ်ိဳးလည္း မရွိဘူး .. ။ အိမ္ေရွ႕အိမ္‌ေနာက္ ငါဖြထားခဲ့သမွ် အ႐ုပ္ပုစိေတြအကုန္ မညည္းမညဴ သိမ္းဆည္းေပးၿပီး .. ငါ ညဘက္အထိ အိမ္အလည္လြန္ေနလည္း ဘာမွမေျပာဘူး .. ။ ဒီလို မူလတန္းေလးမွာေတာင္ ငါ့အဆင့္က ဘိတ္ေခ်းျဖစ္ေနေပမယ့္ .. မ်က္ႏွာတစ္ခ်က္မပ်က္ဘဲ ရီပို႔ကတ္မွာ လက္မွတ္ထိုးေပးတယ္ .. ။ ၾကည့္ေလ .. ဘယ္ေလာက္မ်ား ေကာင္းေပးထားသလဲ .. ။

ဒါမဲ့ .. သေဘာမက်ဘူး .. ။
ဘာလို႔မွန္းေတာ့ မသိခဲ့ေပမယ့္ေပါ့ .. ။ ဟိုဘက္အိမ္က ငါ့သူငယ္ခ်င္းေရွာင္ပိုင္ အဆင့္ေတြက်သြားလို႔ သူ႔အေမက႐ိုက္ခ်ိန္တိုင္း .. ဖုန္ေတြသဲေတြနဲ႔ ညစ္ေပေအာင္ေဆာ့လို႔ သူ႔အေမဆီက ဆူပူခံရခ်ိန္တိုင္း .. ငါ့ရင္ထဲမွာ မသက္မသာခံစားရတယ္ .. ။

အခုခ်ိန္မွ ငါနားလည္ေတာ့တယ္ .. ။
အဲ့ဒီ့တုန္းရဲ႕ငါက အ႐ူးေလးလိုမ်ိဳးပဲ .. ။ ငါ့အေမဆီကေန ဂ႐ုတစိုက္နဲ႔ အဆူခံအ႐ိုက္ခံခ်င္တာဟာ .. ငါ့အေမရဲ႕ လ်စ္လ်ဴရႈမႈေတြကို မခံစားႏိုင္လို႔ပါတဲ့ေလ .. ။


▫️
▪️


“ ဝူခုန္းၾကည့္မွာ .. ဝူခုန္း ဝူခုန္း .. ”

“ . . . ”

“ မား .. ဝူခုန္းလို႔ .. ”

“ . . . ”


ဝူခုန္းကားလာခ်ိန္ ေရာက္ေနၿပီေပမယ့္ ငါ့အေမက ခ်န္နယ္ေျပာင္းမေပးဘူး .. ။ ခုန္ဆြခုန္ဆြနဲ႔ တစ္ဝူခုန္းတည္းဝူခုန္းေနတဲ့ ငါ့ကိုလည္း အေရးမစိုက္ဘူး .. ။ ရီမုကို လက္ထဲ တင္းေနေအာင္ ဆုပ္ကိုင္ထားၿပီး .. တီဗြီဖန္သားျပင္ထက္က ဝမ္လူႀကီးမင္းရဲ႕ပုံရိပ္ကိုပဲ မ်က္ေတာင္မခတ္တမ္း ေငးၾကည့္ေနခဲ့တာ .. ။

ဝမ္လူႀကီးမင္း .. ။

အဲ့ဒီ့လူႀကီးဟာ စီးပြားေရးလုပ္ငန္းစုတစ္ခုရဲ႕ အႀကီးအကဲေပါ့ .. ။ သူ႔အေၾကာင္းဟာ စီးပြားေရးက႑ရဲ႕ အစီအစဥ္မွာ ခဏတိုင္းလာ‌တတ္တယ္ .. ။ သူ႔အေၾကာင္းမဟုတ္ရင္လည္း တျခားေသာေတြနဲ႔ ပတ္သက္ၿပီး သူ႔ပုံဟာ ခဏတိုင္းပါတတ္တယ္ .. ။ က်န္တဲ့အခ်ိန္ေတြဆို တီဗြီၾကည့္ဖို႔စိတ္မဝင္စားတဲ့ ငါ့အေမက .. တီဗြီမွာ ဝမ္လူႀကီးမင္းပါလာတာနဲ႔ ငါ့ဆီကရီမုကို အတင္းလုေတာ့တာပဲ .. ။ ၿပီးရင္ တစ္ေနကုန္လာ တစ္ေနကုန္ၾကည့္တယ္ .. ။ ငါ့ရဲ႕ ဝူခုန္းကားလာခ်ိန္ေလးကိုေတာင္ ခ်န္နယ္ေျပာင္းမေပးေတာ့ဘဲနဲ႔ေပါ့ .. ။


“ အဲ့ဒီ့လူႀကီးကို မုန္းတယ္ .. ”

“ .. ! ”

“ ဝူးး .. နာတယ္နာတယ္ .. ”

“ ေဝးေဝးသြားေနစမ္း .. ”


ငါ့အေမက လက္သံေျပာင္တယ္ .. ။
ငါ့မွာ ဝမ္လူႀကီးမင္းကို မုန္းေၾကာင္းေလး တစ္ခြန္းေျပာမိပါတယ္ .. ။ ငါ့ငယ္ထိပ္ဆီ လက္ဆစ္ႏွစ္ခ်က္က တစ္ဆက္တည္း ေရာက္လာေတာ့တာပဲ .. ။ ၿပီးေတာ့ .. သူ႔အနားက ေဝးေဝးသြားဖို႔ ႏွင္ထုတ္ခံရတယ္ .. ။

တကယ္ဆို တီဗြီက ငါ့အပိုင္ကို .. ။
ငါ့အေမ အိမ္ေပၚက မဆင္းခင္အထိ တီဗြီမွ မဝယ္ရေသးဘဲကို .. ။ ငါ့‌အေဖကလည္း ငါ့ဖို႔ ငါဝူခုန္းကားၾကည့္ဖို႔လို႔ ေျပာၿပီး ဝယ္ေပးထားတာပဲကို .. ။ ဝမ္လူႀကီးမင္းကိုၾကည့္ဖို႔ ဝယ္ေပးထားတာ လုံးဝလုံးဝမွ မဟုတ္ဘဲနဲ႔မ်ား .. ။

စိတ္ထဲမွာ အထြန႔္တက္ရင္း ခႏၶာကိုယ္ကေတာ့ .. လက္တစ္ဖက္က ‌ငယ္ထိပ္ေပၚဖိပြတ္လို႔ က်န္လက္တစ္ဖက္က ဝူခုန္းမ်က္ႏွာဖုံးကိုဆြဲယူၿပီး ေရွာင္ပိုင္တို႔အိမ္ဘက္ ေျပးသြားလိုက္ရတယ္ .. ။ ဝူခုန္းကားက လာေနၿပီရယ္ .. ။


“ မင္း ေနာက္က်တယ္ .. ”

“ အြန္း .. အိမ္မွာ တီဗြီလုေနလို႔ .. ”

“ ဘာလို႔ .. ေျပာေတာ့ ငါနဲ႔တူတူၾကည့္မွ ၾကည့္လို႔ပိုေကာင္းတာဆို .. ”


တီဗြီေရွ႕ တည့္တည့္ထိုင္ေနတဲ့ ေရွာင္ပိုင္က သူထိုင္ဖို႔ ေဘးနည္းနည္းကပ္ေပးရင္း မၾကည္မသာဆိုတယ္ .. ။ ဝတ္ထားတဲ့ က်ဴးပါးက်ဲ႕မ်က္ႏွာဖုံးသာ ရွိမေနဘူးဆိုရင္ အစြမ္းကုန္ရႈံ႕ျပေနတဲ့ ႏွပ္ေခ်းခ်ိဳးကပ္ႏွာေခါင္းကိုပါ ျမင္ရလိမ့္ဦးမွာ ေသခ်ာတယ္ .. ။

ေရွာင္ပိုင့္ေဘးနား ဝင္ထိုင္ .. လက္ထဲက ဝူခုန္းမ်က္ႏွာဖုံးကို အေသအခ်ာဝတ္လိုက္ၿပီး ငါက ျပန္ေျပာတယ္ .. ။


“ ညီေလးပါးက်ဲ႕ .. အစ္ကိုႀကီးဝူခုန္းကို ေအးေအးေဆးေဆးေလး တီဗြီၾကည့္ခြင့္ေပး .. ဟုတ္ၿပီလား .. ”

“ ခ်ီးကို အစ္ကိုႀကီးဝူခုန္း .. ”

“ ေရွာင္ပိုင္ .. မ႐ိုင္းရဘူးေလ .. ”


ေရွာင္ပိုင့္ရဲ႕ ဆဲေရးသံေနာက္မွာ ပိုင္ေကာရဲ႕ တားျမစ္ဆုံးမသံ တိုးတိုးက ကပ္ပါလာတယ္ .. ။

ေရွာင္ပိုင္က ဘာမွျပန္မေျပာေပမယ့္ ပါးက်ဲ႕မ်က္ႏွာဖုံးေအာက္မွာ ႏွပ္ေခ်းခ်ိဳးကပ္ႏွာေခါင္းကို အစြမ္းကုန္ ရႈံ႕ေနဦးမယ္ဆိုတာေတာ့ ေသခ်ာတယ္ .. ။


“ ေရွာင္ေရွာင္းကလည္း သူငယ္ခ်င္းမႀကိဳက္တာကို မစရဘူး .. ”

“ ဟြန႔္ .. ပါးက်ဲ႕မို႔ ပါးက်ဲ႕ေခၚတာကို .. ”

“ ပိုင္ေကာေကာ .. သူေျပာျပန္ၿပီ .. ”

“ ေျပာတယ္ေလ ဘာျဖစ္လဲ .. ပါးက်ဲ႕မ်က္ႏွာဖုံးႀကီးဝတ္ၿပီး ပါးက်ဲ႕ကိုလည္းႀကိဳက္ၿပီး ပါးက်ဲ႕အေခၚခံရတာက် မႀကိဳက္ဘူးဆို ဘယ္တရားပါ့မလဲ .. ေနာ့ ပိုင္ေကာ .. သားမွန္တယ္ဟုတ္ .. ”


ပိုင္ေကာက ၿပဳံးရင္း .. သူတို႔ႏွစ္ေယာက္လုံးရဲ႕ ေခါင္းေတြထက္ လက္ဖဝါးနဲ႔အုပ္ကိုင္ၿပီး ေရွ႕ေနာက္ဘယ္ညာ ခါယမ္းပစ္တယ္ .. ။

“ ႏွစ္ေယာက္လုံးေတာ္ေတာ့ .. ”

ငါတို႔ႏွစ္ေယာက္လုံး တီဗြီေရွ႕ကေန ေနာက္ဆုတ္ၿပီး ပိုင္ေကာေဘးနား ပူးကပ္ထိုင္ပစ္လိုက္တယ္ .. ။ ၿပီးတာနဲ႔ ပိုင္ေကာခါးကိုလုဖက္ရင္း ငါ့ပိုင္ေကာ ငါ့ပိုင္ေကာနဲ႔ လုၾကေတာ့တာပဲ .. ။

ပိုင္ေကာကေတာ့ ဟိုဘက္ယိမ္းလိုက္ ဒီဘက္ယိုင္လိုက္ေပါ့ .. ။ နဂိုကမွ သူ႔ခႏၶာကိုယ္က ပိန္ပိန္ေဖ်ာ့ေဖ်ာ့ေလးကို .. ။ ၿပီးရင္ ငါတို႔က .. ေျခာက္ႏွစ္ေက်ာ္ ခုႏွစ္ႏွစ္ထဲအ႐ြယ္ေပမယ့္ လူေကာင္ထြားတဲ့အထဲ ပါတယ္ေလ .. ။ အခုလို ထိုင္ေနၾကတဲ့အခါဆို ပိုင္ေကာနား႐ြက္နဲ႔ ငါတို႔ေခါင္းက တစ္တန္းထဲပဲ .. ။

တစ္ခါတေလဆို ငါတို႔ကစၾကတယ္ .. ။

ပိုင္ေကာကို ယူနီဗာစတီဆိုတာႀကီးမွာ ဘယ္သူေတြ အႏိုင္က်င့္လဲေျပာ .. သားတို႔ ျပန္ၿပီးေဆာ္ပေလာ္တီးေပးမယ္လို႔ .. ။ သိတဲ့အတိုင္း ပိုင္ေကာက .. ပိန္ပိန္ပါးပါး ျဖဴျဖဴေဖ်ာ့ေဖ်ာ့နဲ႔ သိမ္ေမြ႕ႏူးညံ့တဲ့ ပုံစံေလးမလား .. ။ ေက်ာင္းမွာေရာ အိမ္မွာပါမက်န္ ေနပူမေရွာင္ ေဆာ့ကစားတတ္တဲ့ ငါတို႔ကက် .. အသားညိဳညိဳ ႏွပ္ေခ်းတြဲေလာင္းနဲ႔ ပုံဟန္ဂ်စ္တူးတူးေလးေတြေလ .. ။ ခပ္ထြားထြားလူေကာင္ႀကီးနဲ႔ ေပါင္းစပ္လိုက္ေတာ့ .. ညီေလးကိုထိတာနဲ႔ ေကာင္းကင္တက္ မိုက္ေၾကးခြဲမယ့္ လူမိုက္အစ္ကိုႀကီးေတြအတိုင္းပဲ .. ။ အမ္း .. ငါတို႔စိတ္ထင္ေပါ့ .. ။


“ ဘယ္သူ႔ပိုင္ေကာမွမဟုတ္ဘူး .. ငါ့ပိုင္ေကာ .. ”

“ အားးးး .. လီေကာ .. ”

ပိုင္ေကာကို လုေနရာက‌ေန တံခါးေပါက္ဝမွာေပၚလာတဲ့ လီေကာဆီ ေျပးဖက္ၾကျပန္တယ္ .. ။

ကတုံးဆံေတာက္ ဆံပင္ေကနဲ႔ ေနကာမ်က္မွန္ကို ေနာက္ေစ့မွာခ်ိတ္ထားတတ္တဲ့ အဲ့ဒီ့လီေကာဆိုတာက် .. ပိုင္ေကာရဲ႕ သူငယ္ခ်င္းေပါ့ .. ။ ပိုင္ေကာအိမ္ကို လာလည္ခ်ိန္တိုင္း ငါတို႔ႏွစ္ေကာင္အတြက္ မုန႔္ေတြ တစ္မ်ိဳးၿပီးတစ္မ်ိဳး ယူလာေပးတတ္တာမို႔ .. ငါတို႔မွာ အခ်စ္ပိုရတယ္ .. ။


“ ေကာင္စုတ္ေလးေတြ .. ဖယ္ၾကစမ္း .. ”

“ .. ဟီး ဟီး ဟီး ဟီး ”

လီေကာေပးတဲ့ တုတ္ထိုးသၾကားေပ်ာ့လုံးေတြယူၿပီး တီဗြီေရွ႕ ေမာ့ေတာ့ေလး ျပန္ေရာက္သြားၾကတယ္ .. ။

ပိုင္ေကာကေတာ့ လီေကာနဲ႔ အျပင္သြားမလို႔ဆိုၿပီး သူ႔လည္ပင္းက ပုတီးလုံးလည္ဆြဲကို ေရွာင္ပိုင့္လည္ပင္း လာဆြဲေပးတယ္ .. ။


“ ဝူခုန္းကားၿပီးမွ သြားလို႔မရဘူးလား .. ေနာက္ထပ္ ဆယ္မိနစ္ေလာက္ပဲ လိုေတာ့တာကို .. ”

“ ေကာေကာက ဆက္ၿပီး အေဖာ္လုပ္ၾကည့္ေပးေနရင္ လီေကာက စိတ္ဆိုးလိမ့္မယ္ .. ”

“ လုပ္ပါ .. ဆယ္မိနစ္ပါပဲ .. ဝူခုန္းနဲ႔ပါးက်ဲ႕ပဲရွိၿပီး ဝူက်င့္မရွိလို႔ မျဖစ္ဘူးေလလို႔ .. ေနာ္ ပိုင္ေကာေကာ .. ”

“ ေဟ့ေဟ့ နားညည္းတယ္ .. ေကာင္စုတ္ေလးေတြ ဂ်ီက်မေနၾကနဲ႔ .. ကိုယ့္ဘာသာၾကည့္ၾက .. သြားစမ္း သြား သြား .. ”


ေရွာင္ပိုင္က ဆက္တိုက္ဂ်ီေနေတာ့ လီေကာက စိတ္မရွည္ဟန္ ထေအာ္တယ္ .. ။

ငတုံးေကာင္ေလး ေရွာင္ပိုင္ကေတာ့ အေၾကာက္အလန႔္မရွိ လီေကာကိုပါ ဆက္ၿပီးမဲဆြယ္ေနေသးတာရယ္ .. ။


“ လီေကာေကာ .. လီေကာေကာလည္း သားတို႔နဲ႔ တူတူၾကည့္ေလ .. ”

“ အတူၾကည့္ရမယ္ ? .. စြန္းဝူခုန္းက ေရွာင္ေရွာင္း၊ က်ဴးပါးက်ဲ႕က ေရွာင္ပိုင္၊ ဆားဝူက်င့္က လီေကာ၊ မိစာၦအလွေလးက ပိုင္ေမ့ေမ့ .. မင္းတို႔မွာ လူျပည့္ေနၿပီေလ .. ငါက ဘယ္သူလုပ္ရမွာတုန္း .. ထန္စန္းေတာ့ ႏိုးေနာ္ .. ”


ငါတို႔တင္မက .. ေရွာင္ပိုင္ဝတ္‌ေပးထားတဲ့ ပင့္ကူမိစာၦမ်က္ႏွာဖုံးႀကီးစြပ္ၿပီး ေထာင့္နားမွာ သူ႔ဘာသာ အ႐ုပ္မေလးနဲ႔ေဆာ့ေနတဲ့ ေရွာင္ပိုင့္ညီမေလးအထိပါ .. တစ္ေယာက္ခ်င္းစီကို လိုက္ေရျပရင္း လီေကာက .. သူ႔ကတုံးသူ တပြတ္ပြတ္နဲ႔ မ်က္ခုံးတစ္ဖက္ပင့္တယ္ .. ။

ေရွာင္ပိုင္က ဘာျပန္ေျပာရမွန္းမသိျဖစ္ေနတာမို႔ .. ငါကပဲ သူ႔ဘက္က စဥ္းစားၿပီး ဝင္ကူေျပာေပးရတယ္ .. ။


“ စီးေတာ္ျမင္းလုပ္ .. ”

“ ငါ့ကို ျမင္း .. ?”

“ အြန္း .. စီးေတာ္ျမင္းေပမယ့္ တကယ္က နဂါးသားေတာ္ရယ္ .. ”

“ ေတာ္စမ္း .. ေလာင္ပိုင္ လာခဲ့ .. မင္းညီေတြကို ႐ိုက္မပစ္မိခင္ ျမန္ျမန္သြားမယ္ .. လာ .. ”

“ .. ? ”


သြားၿပီ .. ။
လီေကာက ပိုင္ေကာကိုေခၚၿပီး ထြက္သြားၿပီ .. ။ ငါတို႔ရဲ႕ ဆားဝူက်င့္ကိုေခၚၿပီး ထြက္သြားၿပီ .. ။

ေရွာင္ပိုင္နဲ႔ငါ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ဝမ္းနည္းပက္လက္ ၾကည့္မိၾကတယ္ .. ။ ဒီေန႔ကေတာ့ တကယ့္ကို ခ်ီးေန႔ပဲ .. ။ ဝူခုန္းကားလည္း ေသခ်ာမၾကည့္ရသလို ငါတို႔အဖြဲ႕ကလည္း တကြဲတျပားစီနဲ႔ .. ။


“ ေဟး ကေလးစုတ္ေလးေတြ .. ”

“ လီေကာေကာ .. ျပန္လာတာလား .. အျပင္မသြားေတာ့ဘူးလား .. ”

“ သားတို႔နဲ႔အတူ ဝူခုန္းကား ၾကည့္ေပးေတာ့မွာလား .. ”


ငါတို႔ႏွစ္ေယာက္ရဲ႕ ကိုယ့္ဘက္ကိုယ္ယက္တဲ့ ဝမ္းသာအားရအေမးမွာ .. တံခါးေပါက္ဝနားအထိ ျပန္လွည့္လာတဲ့ လီေကာက မ်က္ႏွာႀကီးရႈံ႕မဲ့သြားတယ္ .. ။

လီေကာျပန္ေျဖတဲ့ အေျဖစကားကို ၾကားၿပီးခ်ိန္မွာေတာ့ ငါတို႔ရဲ႕မ်က္ႏွာေတြလည္း ရႈံ႕မဲ့သြားခဲ့ရတယ္ .. ။

“ ငါ ဒီကိုအလာတုန္းက လမ္းထိပ္မွာ လူစိမ္းေတြ ေတြ႕ခဲ့တယ္ .. ကေလးဖမ္းေတြလားမသိဘူး .. အျပင္ထြက္မေဆာ့ၾကနဲ႔ .. ၾကားလား .. ”

တဲ့ေလ .. ။

လူႀကီးေတြမ်ား တကယ္ခက္တာပဲ .. ။
ငါတို႔ကို အျပင္ထြက္မေဆာ့ေစခ်င္တာမ်ား .. ။ ဒီလို ဖန္တရာထပ္ၾကားဖူးေနက် လွိမ့္လုံးဖိန႔္လုံးေတြသုံးၿပီး ေျခာက္လွန႔္ေနရတယ္လို႔ .. ။

ငါတို႔အသက္ကျဖင့္ ေျခာက္ႏွစ္ကိုေတာင္ ေတာ္ေတာ္ေလး ေက်ာ္ေနၿပီ .. ။ အ႐ူးႀကီးနဲ႔ ကေလးဖမ္းသမားေတြကို ေၾကာက္ဒူးတုန္မယ့္အ႐ြယ္ကိုျဖင့္ .. ဟိုးအရင္ကတည္းက ေက်ာ္လြန္ၿပီးခဲ့ၿပီ .. ။










▫️
▪️

to be continued ⏭























Continue Reading

You'll Also Like

137K 6.3K 26
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
1.2M 47.5K 53
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
361K 10.9K 89
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
146K 4.5K 48
matilda styles, will you be my valentine? (please reject me so i can move on) ⋆ ˚。⋆୨💌୧⋆ ˚。⋆ IN WHICH christopher sturniolo falls for nepo baby or...