▫️1

628 51 8
                                    

Unicode












အဲ့ဒီ့တုန်းက ငါ့အသက် ခြောက်နှစ်ပဲရှိသေးတယ် .. ။

ညသန်းခေါင်ယံ အချိန်ကြီးပေမယ့် ငါ့အမေကတော့ အိမ်‌ပေါ်ကနေ ဆင်းသွားခဲ့တယ် .. ။ လက်ထဲမှာ အဖြူအမည်း စာရွက်လေးတစ်ရွက်ကို ကိုင်ထားရင်းနဲ့ .. ။ မကြာခဏဝတ်ဖြစ်တာမို့ အရောင်အဆင်း မပီမပြင်ခပ်မွဲမွဲ ဘလောက်စ်ပွပွရဲ့အောက်မှာ အနည်းငယ် ပူဖောင်းချင်နေတဲ့ ဝမ်းဗိုက်တစ်ခုနဲ့ .. ။

ငါက တစ်ညလုံးစောင့်တယ် .. ။

အိမ်တံခါးမကြီးရဲ့ ဘေးတစ်ဖက်ကိုမှီပြီးတော့ .. ငုတ်တုတ်ကလေးထိုင်ရင်း ငါ့ခြေသလုံးကို လာကိုက်တဲ့ ခြင်မည်းမည်းတွေကို ခါထုတ်ရင်း .. ။

ငါ့အဖေ .. ။

သူကတော့ အိမ်အတွင်းဘက်မှာ အရက်သောက်နေခဲ့တာ .. ။ တစ်ခွက်သောက်လိုက် တက်တစ်ချက်ခေါက်လိုက် .. အရက်ပုလင်းနဲ့ အရက်ထည့်သောက်တဲ့ ဖန်ခွက်ကလွဲရင် အမြည်းပန်းကန်‌လေးတစ်ခုတောင် ရှိမနေတဲ့ စားပွဲခုံမျက်နှာပြင်ထက် လက်သီးနဲ့ထိုးလိုက်နဲ့ .. ။ ဘာပြစ်တင်ရေရွတ်သံ တစ်ခွန်းလေးကိုမှ မဆိုဘဲနဲ့ .. ။

ဒါမှမဟုတ် .. ခြင်တွေရဲ့ တဝီဝီ တောင်ပံခတ်သံတွေနဲ့ ခေါင်းရှုပ်နေတဲ့ငါက မကြားမိတာလည်းနေမယ် .. ။ ခုနေ ပြန်စဉ်းစားကြည့်တဲ့အခါ .. အတွင်းခန်းဘက်ဆီက လွတ်ထွက်လာတဲ့ ခပ်စူးစူးအရက်နံ့ကလွဲရင် ဘာကိုမှ မကြားမိဘူးလို့ထင်တယ် .. ။

အဲ့ဒီ့ညမှာ ငါ့အမေဟာ ပြန်မလာခဲ့ဘူး .. ။

မိုးလင်းခါနီး အလင်းရောင်တစ်ပျ ပေါ်လာချိန်ကျမှ .. တစ်ညလုံးစောင့်ပြီး တံခါးနားတင် အိပ်ပျော်သွားတဲ့ငါ့ကို မူးနေတဲ့အဖေက လာချီခေါ်သွားပေးတယ် .. ။ အိပ်ခန်းကျဉ်းရဲ့ မွေ့ရာပါးပါးပေါ် တင်ပေးပြီး .. အရက်နံ့မွှန်ထူနေတဲ့ ပါးစပ်က ရှိုက်သံသဲ့သဲ့နဲ့ တိုးတိုးဆိုတယ် .. ။


" မင်းအမေက .. အဖေတို့ဆီ ဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့ဘူး .. "

" ဘာလို့လဲ .. "

" သူ .. ပြန်လာတော့မှာ မဟုတ်ဘူး .. "

NEVAEHWhere stories live. Discover now