ချစ်ခြင်းတို့အလွန်

By maiyuri18

1M 54.6K 2.1K

ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More

အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း (၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final

အပိုင်း (၁၃)

10.5K 595 1
By maiyuri18

"ဖိုးသားလေး မေမေဆီလာပါအုံး"
"ဟုတ်ကဲ့ မေမေ သားကိုပြောစရာရှိနေလားဗျ "

"ဖိုးသားလေးမှာ ရည်းစားရှိနေပြီလားဟင် ၊ တခုခုဆို မေမေကို အသိပေးရမယ်နော် ဘယ်အရာမဆို"
" မရှိ ..မရှိပါဘူးမေမေဗျ...သားမေမေစကားကိုနားထောင်ပါ့မယ်"

" အင်းပါကွယ် မေမေတို့မှာ သားမမ မရှိတော့ တို့သားအမိပဲရှိတာလေ ၊ သားခံစားချက်ကို မေမေက နားလည်ပေးမယ့်သူမျိုးဖြစ်အောင် ကြိုးစားပါ့မယ် သားရယ်၊ မေမေလေ သားကိုတော့ မဆုံးရူံးချင်ဘူးရယ်"
"မေမေရယ်..သားသိပါတယ် မေမေမေတ္တာ ၊စေတနာတွေကို သားမှာ ချစ်ရမယ့်သူရှိရင် ပြောပြပါ့မယ်ဗျ"

"အေးပါ သားအဖေကတော့ သိတဲ့အတိုင်းပဲ သိပ်စိတ်ကြီးတာ၊ သားသမီးတွေကို မချစ်တာလည်းမဟုတ်ဘဲ ထုတ်မပြတက်ဘူးကွယ် သားသားက နားလည်ပေးနော် သားဖေကို ကျောင်းတက်ရတာပြေရဲ့လား ၊ ဘာမှနှမျောပြီး ချွေတာနေစရာမလိုဘူးနော်သားသား ၊ မေမေတို့ကိုအားမနာရဘူး သားသားလိုချင်တာ ၊လိုအပ်တာဝယ် မေမေတို့ကို ခွဲမသွားရင် ကျေနပ်ပါပြီသားသားရယ်"

မေမေ ပေါင်ပေါ် ခေါင်းလေးတင်ပြီး မေမေပြောသမျှ နားထောင်ရင်း ကျွန်တော်ရင်ထဲတင်းကြပ်လာတယ်။ မိဘဆိုတာ သားသမီး မျက်နှာမညိုးအောင် ၊ လူဘုံကြား မျက်နှာမငယ်အောင် ဖြည့်ဆည်းတက်ကြပေမယ့် သားသမီးတွေက အချစ်အတွက်နဲ့ မိဘမျက်နှာအိုးမဲသုတ်တက်ကြတယ်မဟုတ်လား။ မေမေ့သားက အဲလိုလူစားမျိုးပဲမေမေ သား..လေ မျိုးတူ ယောကျာ်းလေးတစ်ယောက်ကို ချစ်မိနေပြီ ။ သား ဘယ်လိုရင်ဖွင့်တိုင်ပင်ရမလဲ မေမေ၊ သူ့အသိုင်းအဝိုင်းက မော့မကြည့်နိုင်အောင် မြင့်မားလွန်းလို့ မေမေ့သား အားငယ်နေရပြီ ။ မေမေ့သားက မေမေရင်ခွင်ကို အချစ်ကြောင့် ခြေစုန်ကန်ပြီး ထွက်ဖို့ ကြံနေပြီ သားသား သိပ်မိုက်တာနော်။

" မေမေသာ ကျန်းမာရေး ဂရုစိုက်ပါ သားကျောင်းသွားရင် ၊ သားဘွဲ့ယူတဲ့အခါ မေမေကို ပြုံးပြုံးကြီးမြင်ချင်တယ်လေဗျာ "
"အေးပါသားသားရယ် မေမေ့သား ဘွဲ့ယူ လိုက်နိုင်အောင် ကျန်းမာရေးဂရုစိုက်ပါ့မယ်"

" မေမေသားက ကတိပေးပါ ၊မေမေမသိဘဲရည်စားမထားရဘူး၊ လိင်ကိစ္စ မကျူးလွန်ပါဘူးလို့"
"ဟာဗျာ..မေမေက အထင်ကြီးလွန်းနေပြီရော်..သားကို"

" အေးပါ မေမေစိတ်ချမယ်နော် ၊လူချမ်းသာ သားသမီးတွေကို ရှောင်ရရင် ရှောင်ပါ့သားရယ် သားမမ ခံစားရတာ သားသားအသိပဲလေ မေမေ ဘာမှမမက်မောပါဘူး ၊မေမေတို့မိသားစု အပူမီးမရှိဘဲ အေးအေးချမ်းချမ်းနေရကျေနပ်ပါပြီ၊ ဆင်းရဲတဲ့ သူဖြစ်နေပါစေ အကျင့်စာရိတ္တကောင်းဖို့ကအဓိကပဲ သား မေမေက ဆီးကြိုပြီး ဆင်ပေးမိမှာ"
"ဗျာ..မေမေ"

ကျွန်မစိုးရိမ်တယ် ဖိုးသားလေးက မိန်းမလေးမဟုတ်ဘဲ ထူးခြားစွာမွေးဖွားတဲ့သားမို့ စိတ်ပူတယ်။  မိန်းကလေး မျက်နှာအကျ မျက်ခုံး၊ မျက်လုံး သိပ်လှတဲ့ ဖိုးသားလေးကို လူကြိုက်များတာသတိထားမိတယ်။ အထက်ကျောင်းမှာတုန်းက အသိဆရာမကိုယ်တိုင် သားသားလေးကို စိတ်ဝင်စားနေသူရှိလို့ အသွားအလာ ဂရုစိုက်ပေးဖို့ ၊ သားတို့ဆရာမက မိန်းမသားချင်း တိုးတိတ်စွာ သတိပေးခံရတယ်။ သားရဲ့ထူးခြားချက်ကို ဂုဏ်ယူစွာ ပြုစုခဲ့ရတယ် ၊ သိပ်ပြီး မျိုးရိုးဂုဏ်ထိမ်းတဲ့ သားအဖေက သူအရှက်ရမှာ သိပ်ကြောက်သတဲ့။

လူအများကြား သားသားဖြစ်တည်မူက ရူံ့ချစရာ ၊ အရှက်ရစရာ ဖြစ်မှာစိုးလို့ ငယ်ငယ်ကတည်း အဖေကို ချစ်ကြောက်ရိုသေ ၊ အလိုက်လိုက်သင့်တာ လိုက်၊ တားမြစ်သင့်တာ ပိတ်ပင်တားဆီးလို့ အုပ်ချုပ်ပြီး မွေးဖွားခဲ့ရတယ်။ သားအဖေက မျိုးရိုးကြီးက ဆင်းသက်လာသူပီပီ "သားဖြစ်သူကြောင့် အရှက်ရရင် ငါကိုယ်ငါ တခုခု လုပ်ပြစ်မယ် "ဆိုတဲ့မပြောသင့်မပြောအပ်တာမျိုးကို ပြောသည်အထိ မျိုးရိုးမာန်ကြီးခဲ့တယ်။

သိပ်လှတဲ့သားမို့ မေမေ ရတက်မအေးဘူး သားရယ်။သားအဖတွေ ကတောက်ကစ ဖြစ်မှာ ၊ မေမေတို့မိသားစုလေး ပြိုကွဲရင် မေမေ ရင်ကွဲရလိမ့်မယ်သားရယ်။ လွတ်ချင်တဲ့အရွယ် ၊ အပျံသင်စ အရွယ်မှာ မေမေတို့စိတ်ချလက်ချ မလွတ်ပေးမိရင် မေမေတို့ကိုနားလည်ပေးပါ သားသား။ သားက သူများတွေလို အမှားမခံနိုင်ဘဲ ၊ မှားယွင်းစွာ အမျိုးသမီးသားဥအိမ် ပါလာတဲ့ ကလေးမို့ မေမေ စိတ်မအေးနိုင်ဘူး။

သမီးကြီးကို ဆုံးရူံးထားရမိခင်တစ်ယောက်ရဲ့ဝေဒနာမို့ သားကို တခုခုဖြစ်မှာ သိပ်ကြောက်ခဲ့တာ။ မျိုးရိုးမာန်ကြီးတဲ့ သားအဖေ ၊ လွတ်လပ်ချင်သား ဒီးသားအဖ တို့ကြား မေမေ စိတ်သောကတွေနဲ့ ပူပင်နေတာ မေ့မေ့သားတစ်ယောက် သိမြင်ပါစေ ။ ဘုရားတပည့်တော်မတို့၏ တောင်းဆုမှားခဲ့သောကြောင့် ထူးခြားစွာ မွေးဖွားလာတဲ့ သားရတနာမို့  ဘေးအန္တာရယ် ကင်းရပါလို၏။ ဘုရားတပည့်တော်မ တို့မိသားစုလေး ပြိုကွဲခြင်းဘေး ဝေးရပါလို၏ ဘုရား။

" ကဲ မေမေသား လစဉ်ဆေး သောက်ရဲ့လား ၊ တခုခု ထူးခြားတာရှိသေးလားဟင်"
" မေမေ သားရဲ့ ဖြစ်တည်မူကြောင့် မေမေ အရှက်ရဖူးလားဟင်"

" မိဘလေ သားရယ်၊ ကိုယ့်သားသမီး ဘာဖြစ်နေနေ ကိုယ့်သားသမီးအတွက် ဂုဏ်ယူရစမြဲပါ၊ သားသားက မေမေတို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ရတနာ တစ်ပါးပဲသား  ၊ ဘာမှစိုးရိမ်တွေးတောမနေနဲ့ သားသား မေမေတို့ အတွက် ထူးခြားတဲ့ကလေးမို့ အချစ်ပိုရပါတယ် သားသားရယ်"
"ဟုတ်..ကျေးဇူးပါ မေမေ...သားကြောင့် မေမေတို့အရှက်ကွဲစေရမယ့်အဖြစ် မလုပ်မိစေရပါဘူး သားကတိပေးပါတယ် မေမေ"

" မေမေ ယုံကြည်ပါတယ်သားရယ်၊ ကျောင်းမသွားခင် တစ်ခါလောက် တောင်ပိုင်းက ဆေးဆရာကြီးဆီ သွားပြရအောင်သားသား"
" ဟုတ်ကဲ့ မေမေ ...သားမေမေကို ကန်တော့ပါတယ်နော် "
"သာဓုပါ သားရယ်၊ မေမေသား ဘေးကင်းပါစေကွယ် "

ကျွန်တော်မှတ်မိတယ် အထက်တန်းတက်ခါစ အချိန်အပျင်းဖျားပြီး ခန္ဓာကိုယ်က တခုခု ပြောင်းလဲမူဖြင့် တဖြေးဖြေး ထူးခြားလာတယ်။ ရိုးရာတိုင်းရင်းဆေးဆရာကြီးက ထူးခြားတဲ့ကလေးမို့ ဂရုစ်ိုက် ဆိုတာလွဲ မေမေကို ဘာမှပြောမသွားဘူး။  ဆေးရုံဆေးခန်းက အမျိုးသမီးဆိုင်ရာဌာနမှ ပါရဂူ တွေနဲ့ေဆွေးနွေးပြီး လစဉ်ဆေးသောက်ရတယ် ။ ကျွန်တော်အကြောင်းနဲနဲသိတဲ့ ဝင်းထက်ကလွဲ အဖေက သူငယ်ချင်းမထားရဘူးအမိန့်ထုတ်ခဲ့တယ်။ ရွယ်တူ ကောင်လေးတွေ လို လွတ်လွတ်လပ်လပ်ပေးမဆော့ရဘူး အိမ်နဲ့ကျောင်း၊ ဘေးအိမ်ဆို လို့ ဝင်းထက်တို့အိမ်ကလွဲ အပြင်မထွက်ရဘူဖူးဘူး။ ခရီးမထွက်ရဖူးဘူး။ ဝင်းထက်မပါရင် ကျောင်းစျေးတောင် မသွားရသည်ထိ ပိတ်ပင်ခံရတယ် ...ငါကြမှ ဖြစ်ရတဲ့ ကံတရား။

ကျွန်တော်ဖြစ်တည်မူကို ကိုကိုသိရင် ကဲ့ရဲ့နေမလား၊ ရူံ့ချနေမလား ။ မိသားစုကို အရှက်ရစေမယ်သားမို့ ကျွန်တော်ဖြစ်တည်မူကို ကိုယ်တိုင်ရှက်တယ်ကိုကို။ ကျွန်တော်လေ ကိုကိုလို မျိုးတူ လူသားကို ချစ်မိလိမ့်မယ် မတွေးထားဖူးဘူး။ ကျွန်တော့် ချစ်ခြင်းတွေ ရော ကိုကိုလှောင်ရယ်နေမလား။

သိပ်ချစ်တယ်ကိုကို၊ ထုတ်ပြောခွင့်မရလည်း ချစ်တယ်ကိုကို၊နှလုံးသားတစ်ခုလုံးရင်းပြီး ချစ်မှာ။ မေမေကိုပေးခဲ့ဖူးတဲ့ ကတိတွေကို လိမ်သလိုဖြစ်ရတဲ့ အကျိုးဆက်အပစ်တွေက ကျွန်တော်လည်ပင်း ကျွန်တော်ကိုယ်တ်ုင်ကြိုးကွင်းစွပ်သလို ဝဋ်လည်မှကြောက်တယ်ကိုကို ။ အချစ်ကြောင့် ကျွန်တော် ဘဝ ဘယ်လို ရှေ့ဆက်ရအူံးမလဲ ။

"ဝေဝေ မအိပ်သေးဘူးလား ၊ ညနက်နေပြီလေ ..သားရောပဲ "
" ဟုတ် အဖေ သား အိပ်ပါတော့မယ် မနက် ဘုန်းဘုန်းကျောင်းသွား သားရောလိုက်မှာနော် အဖေ "
"အေး အေး မနက်အစော အဖေ နိုးပါ့မယ် ၊ အိပ်တော့ သား"

ကျွန်တော်မိသားစုမှာ သမီးကြီးဆုံးပြီးကတည်းက အပြုံးကိုပင် မနည်းပြန်ရှာထားရတာ။ သမီးကြီးစိတ်နဲ့ ယိုင်သွားတဲ့ ဝေဝေကို ကြိုးစားပြီး ကုသထားရတယ်။ ဘုန်းဘုန်းကျောင်းဘက်ဆီသာ ဦးတည်၍ ကျွန်တော်တို့မိသားစု စိတ်ဖြေနေရတာ ခုချိန်ထိ။ သားကိုမြင်ရင် သမီးကြီးကို သတိရစိတ်တားမရဘူး။ ကောင်းရာမွန်ရာမှာ နေပျော်ပါတော့သမီးကြီး၊ ဖေဖေတို့မိသားစု ပြုလုပ်တဲ့ကုသိုလ်အစုစု သမီးကြီး ရရှိပါစေ ။ သမီးမောင်လေးကို စိတ်ချပါ အဖေတို့ ကာကွယ်ပါ့မယ်သမီးကြီး ။

"ဘာ ဘယ်လို ဝင်းထက် ကိုကြီးသက်ကို ဒီက်ုလာမယ်ဟုတ်လား "
" အင်း...အပါးပြန်လာရင် ပါလာမယ် တဲ့ ၂ ရက်ပဲလို့ပြောတယ် ၊ ငါလည်းမသိဘူး .."

" အယ်...မင်းဆီ လိုက်လာတာနေမယ်နော်..အဟိ..မင်းတို့က ဘာဘာညာညာ .."
" တိတ်စမ်း ...မဆိုင်တာ ...ငါ မကြိုက်ဘူး ..သူက အပါးတို့ဧည့်သည် .."

"အော်..အေးပါ...မောင်ဆီကို လိုက်လာခဲ့မယ်...နော်.."
"ဟာ..ငကောင်း...မင်းသေမယ် ...မပြေးနဲ့ ပြေးကြည့်....."

ဒီလိုပါပဲ ငကောင်းရာ...ဖြစ်ချင်တာမဖြစ်ရတဲ့ အချိန်မှာ ဖြစ်နေတာကိုသာ ပိုပြီး ဖြည့်ဆည်းပေးပါ့မယ်။ မင်း အဆင်ပြေရင် ငါ ဘာနေနေပါကွာ။ မင်းကို တသက်လုံး မင်းထားတဲ့နေရာကနေ ကာကွယ်ပါ့မယ် ငကောင်း။ ငါ့ဘေးမှာ ရှိနေသရွေ့ မင်းမထိခိုက်ဖို့ ကာကွယ်ရာမှာ ငါတာဝန်ပါ။
မင်း ချစ်တဲ့သူနဲ့ ပျော်ရွှင်ပါစေ ငကောင်းရာ....

zawgyi

"ဖိုးသားေလး ေမေမဆီလာပါအုံး"
"ဟုတ္ကဲ့ ေမေမ သားကိုေျပာစရာရွိေနလားဗ် "

"ဖိုးသားေလးမွာ ရည္းစားရွိေနၿပီလားဟင္ ၊ တခုခုဆို ေမေမကို အသိေပးရမယ္ေနာ္ ဘယ္အရာမဆို"
" မရွိ ..မရွိပါဘူးေမေမဗ်...သားေမေမစကားကိုနားေထာင္ပါ့မယ္"

" အင္းပါကြယ္ ေမေမတို႔မွာ သားမမ မရွိေတာ့ တို႔သားအမိပဲရွိတာေလ ၊ သားခံစားခ်က္ကို ေမေမက နားလည္ေပးမယ့္သူမ်ိဳးျဖစ္ေအာင္ ႀကိဳးစားပါ့မယ္ သားရယ္၊ ေမေမေလ သားကိုေတာ့ မဆုံး႐ူံးခ်င္ဘူးရယ္"
"ေမေမရယ္..သားသိပါတယ္ ေမေမေမတၱာ ၊ေစတနာေတြကို သားမွာ ခ်စ္ရမယ့္သူရွိရင္ ေျပာျပပါ့မယ္ဗ်"

"ေအးပါ သားအေဖကေတာ့ သိတဲ့အတိုင္းပဲ သိပ္စိတ္ႀကီးတာ၊ သားသမီးေတြကို မခ်စ္တာလည္းမဟုတ္ဘဲ ထုတ္မျပတက္ဘူးကြယ္ သားသားက နားလည္ေပးေနာ္ သားေဖကို ေက်ာင္းတက္ရတာေျပရဲ႕လား ၊ ဘာမွႏွေမ်ာၿပီး ေခြၽတာေနစရာမလိုဘူးေနာ္သားသား ၊ ေမေမတို႔ကိုအားမနာရဘူး သားသားလိုခ်င္တာ ၊လိုအပ္တာဝယ္ ေမေမတို႔ကို ခြဲမသြားရင္ ေက်နပ္ပါၿပီသားသားရယ္"

ေမေမ ေပါင္ေပၚ ေခါင္းေလးတင္ၿပီး ေမေမေျပာသမွ် နားေထာင္ရင္း ကြၽန္ေတာ္ရင္ထဲတင္းၾကပ္လာတယ္။ မိဘဆိုတာ သားသမီး မ်က္ႏွာမညိုးေအာင္ ၊ လူဘုံၾကား မ်က္ႏွာမငယ္ေအာင္ ျဖည့္ဆည္းတက္ၾကေပမယ့္ သားသမီးေတြက အခ်စ္အတြက္နဲ႕ မိဘမ်က္ႏွာအိုးမဲသုတ္တက္ၾကတယ္မဟုတ္လား။ ေမေမ့သားက အဲလိုလူစားမ်ိဳးပဲေမေမ သား..ေလ မ်ိဳးတူ ေယာက်ာ္းေလးတစ္ေယာက္ကို ခ်စ္မိေနၿပီ ။ သား ဘယ္လိုရင္ဖြင့္တိုင္ပင္ရမလဲ ေမေမ၊ သူ႕အသိုင္းအဝိုင္းက ေမာ့မၾကည့္နိုင္ေအာင္ ျမင့္မားလြန္းလို႔ ေမေမ့သား အားငယ္ေနရၿပီ ။ ေမေမ့သားက ေမေမရင္ခြင္ကို အခ်စ္ေၾကာင့္ ေျခစုန္ကန္ၿပီး ထြက္ဖို႔ ႀကံေနၿပီ သားသား သိပ္မိုက္တာေနာ္။

" ေမေမသာ က်န္းမာေရး ဂ႐ုစိုက္ပါ သားေက်ာင္းသြားရင္ ၊ သားဘြဲ႕ယူတဲ့အခါ ေမေမကို ၿပဳံးၿပဳံးႀကီးျမင္ခ်င္တယ္ေလဗ်ာ "
"ေအးပါသားသားရယ္ ေမေမ့သား ဘြဲ႕ယူ လိုက္နိုင္ေအာင္ က်န္းမာေရးဂ႐ုစိုက္ပါ့မယ္"

" ေမေမသားက ကတိေပးပါ ၊ေမေမမသိဘဲရည္စားမထားရဘူး၊ လိင္ကိစၥ မက်ဴးလြန္ပါဘူးလို႔"
"ဟာဗ်ာ..ေမေမက အထင္ႀကီးလြန္းေနၿပီေရာ္..သားကို"

" ေအးပါ ေမေမစိတ္ခ်မယ္ေနာ္ ၊လူခ်မ္းသာ သားသမီးေတြကို ေရွာင္ရရင္ ေရွာင္ပါ့သားရယ္ သားမမ ခံစားရတာ သားသားအသိပဲေလ ေမေမ ဘာမွမမက္ေမာပါဘူး ၊ေမေမတို႔မိသားစု အပူမီးမရွိဘဲ ေအးေအးခ်မ္းခ်မ္းေနရေက်နပ္ပါၿပီ၊ ဆင္းရဲတဲ့ သူျဖစ္ေနပါေစ အက်င့္စာရိတၱေကာင္းဖို႔ကအဓိကပဲ သား ေမေမက ဆီးႀကိဳၿပီး ဆင္ေပးမိမွာ"
"ဗ်ာ..ေမေမ"

ကြၽန္မစိုးရိမ္တယ္ ဖိုးသားေလးက မိန္းမေလးမဟုတ္ဘဲ ထူးျခားစြာေမြးဖြားတဲ့သားမို႔ စိတ္ပူတယ္။ မိန္းကေလး မ်က္ႏွာအက် မ်က္ခုံး၊ မ်က္လုံး သိပ္လွတဲ့ ဖိုးသားေလးကို လူႀကိဳက္မ်ားတာသတိထားမိတယ္။ အထက္ေက်ာင္းမွာတုန္းက အသိဆရာမကိုယ္တိုင္ သားသားေလးကို စိတ္ဝင္စားေနသူရွိလို႔ အသြားအလာ ဂ႐ုစိုက္ေပးဖို႔ ၊ သားတို႔ဆရာမက မိန္းမသားခ်င္း တိုးတိတ္စြာ သတိေပးခံရတယ္။ သားရဲ႕ထူးျခားခ်က္ကို ဂုဏ္ယူစြာ ျပဳစုခဲ့ရတယ္ ၊ သိပ္ၿပီး မ်ိဳးရိုးဂုဏ္ထိမ္းတဲ့ သားအေဖက သူအရွက္ရမွာ သိပ္ေၾကာက္သတဲ့။

လူအမ်ားၾကား သားသားျဖစ္တည္မူက ႐ူံ႕ခ်စရာ ၊ အရွက္ရစရာ ျဖစ္မွာစိုးလို႔ ငယ္ငယ္ကတည္း အေဖကို ခ်စ္ေၾကာက္ရိုေသ ၊ အလိုက္လိုက္သင့္တာ လိုက္၊ တားျမစ္သင့္တာ ပိတ္ပင္တားဆီးလို႔ အုပ္ခ်ဳပ္ၿပီး ေမြးဖြားခဲ့ရတယ္။ သားအေဖက မ်ိဳးရိုးႀကီးက ဆင္းသက္လာသူပီပီ "သားျဖစ္သူေၾကာင့္ အရွက္ရရင္ ငါကိုယ္ငါ တခုခု လုပ္ျပစ္မယ္ "ဆိုတဲ့မေျပာသင့္မေျပာအပ္တာမ်ိဳးကို ေျပာသည္အထိ မ်ိဳးရိုးမာန္ႀကီးခဲ့တယ္။

သိပ္လွတဲ့သားမို႔ ေမေမ ရတက္မေအးဘူး သားရယ္။သားအဖေတြ ကေတာက္ကစ ျဖစ္မွာ ၊ ေမေမတို႔မိသားစုေလး ၿပိဳကြဲရင္ ေမေမ ရင္ကြဲရလိမ့္မယ္သားရယ္။ လြတ္ခ်င္တဲ့အ႐ြယ္ ၊ အပ်ံသင္စ အ႐ြယ္မွာ ေမေမတို႔စိတ္ခ်လက္ခ် မလြတ္ေပးမိရင္ ေမေမတို႔ကိုနားလည္ေပးပါ သားသား။ သားက သူမ်ားေတြလို အမွားမခံနိုင္ဘဲ ၊ မွားယြင္းစြာ အမ်ိဳးသမီးသားဥအိမ္ ပါလာတဲ့ ကေလးမို႔ ေမေမ စိတ္မေအးနိုင္ဘူး။

သမီးႀကီးကို ဆုံး႐ူံးထားရမိခင္တစ္ေယာက္ရဲ႕ေဝဒနာမို႔ သားကို တခုခုျဖစ္မွာ သိပ္ေၾကာက္ခဲ့တာ။ မ်ိဳးရိုးမာန္ႀကီးတဲ့ သားအေဖ ၊ လြတ္လပ္ခ်င္သား ဒီးသားအဖ တို႔ၾကား ေမေမ စိတ္ေသာကေတြနဲ႕ ပူပင္ေနတာ ေမ့ေမ့သားတစ္ေယာက္ သိျမင္ပါေစ ။ ဘုရားတပည့္ေတာ္မတို႔၏ ေတာင္းဆုမွားခဲ့ေသာေၾကာင့္ ထူးျခားစြာ ေမြးဖြားလာတဲ့ သားရတနာမို႔ ေဘးအႏၱာရယ္ ကင္းရပါလို၏။ ဘုရားတပည့္ေတာ္မ တို႔မိသားစုေလး ၿပိဳကြဲျခင္းေဘး ေဝးရပါလို၏ ဘုရား။

" ကဲ ေမေမသား လစဥ္ေဆး ေသာက္ရဲ႕လား ၊ တခုခု ထူးျခားတာရွိေသးလားဟင္"
" ေမေမ သားရဲ႕ ျဖစ္တည္မူေၾကာင့္ ေမေမ အရွက္ရဖူးလားဟင္"

" မိဘေလ သားရယ္၊ ကိုယ့္သားသမီး ဘာျဖစ္ေနေန ကိုယ့္သားသမီးအတြက္ ဂုဏ္ယူရစၿမဲပါ၊ သားသားက ေမေမတို႔အတြက္ တန္ဖိုးမျဖတ္နိုင္တဲ့ရတနာ တစ္ပါးပဲသား ၊ ဘာမွစိုးရိမ္ေတြးေတာမေနနဲ႕ သားသား ေမေမတို႔ အတြက္ ထူးျခားတဲ့ကေလးမို႔ အခ်စ္ပိုရပါတယ္ သားသားရယ္"
"ဟုတ္..ေက်းဇူးပါ ေမေမ...သားေၾကာင့္ ေမေမတို႔အရွက္ကြဲေစရမယ့္အျဖစ္ မလုပ္မိေစရပါဘူး သားကတိေပးပါတယ္ ေမေမ"

" ေမေမ ယုံၾကည္ပါတယ္သားရယ္၊ ေက်ာင္းမသြားခင္ တစ္ခါေလာက္ ေတာင္ပိုင္းက ေဆးဆရာႀကီးဆီ သြားျပရေအာင္သားသား"
" ဟုတ္ကဲ့ ေမေမ ...သားေမေမကို ကန္ေတာ့ပါတယ္ေနာ္ "
"သာဓုပါ သားရယ္၊ ေမေမသား ေဘးကင္းပါေစကြယ္ "

ကြၽန္ေတာ္မွတ္မိတယ္ အထက္တန္းတက္ခါစ အခ်ိန္အပ်င္းဖ်ားၿပီး ခႏၶာကိုယ္က တခုခု ေျပာင္းလဲမူျဖင့္ တေျဖးေျဖး ထူးျခားလာတယ္။ ရိုးရာတိုင္းရင္းေဆးဆရာႀကီးက ထူးျခားတဲ့ကေလးမို႔ ဂရုစ်ိုက် ဆိုတာလြဲ ေမေမကို ဘာမွေျပာမသြားဘူး။ ေဆး႐ုံေဆးခန္းက အမ်ိဳးသမီးဆိုင္ရာဌာနမွ ပါရဂူ တွေနဲ့ေဆွေးနွေးပြီး လစဥ္ေဆးေသာက္ရတယ္ ။ ကြၽန္ေတာ္အေၾကာင္းနဲနဲသိတဲ့ ဝင္းထက္ကလြဲ အေဖက သူငယ္ခ်င္းမထားရဘူးအမိန့္ထုတ္ခဲ့တယ္။ ႐ြယ္တူ ေကာင္ေလးေတြ လို လြတ္လြတ္လပ္လပ္ေပးမေဆာ့ရဘူး အိမ္နဲ႕ေက်ာင္း၊ ေဘးအိမ္ဆို လို႔ ဝင္းထက္တို႔အိမ္ကလြဲ အျပင္မထြက္ရဘူဖူးဘူး။ ခရီးမထြက္ရဖူးဘူး။ ဝင္းထက္မပါရင္ ေက်ာင္းေစ်းေတာင္ မသြားရသည္ထိ ပိတ္ပင္ခံရတယ္ ...ငါၾကမွ ျဖစ္ရတဲ့ ကံတရား။

ကြၽန္ေတာ္ျဖစ္တည္မူကို ကိုကိုသိရင္ ကဲ့ရဲ႕ေနမလား၊ ႐ူံ႕ခ်ေနမလား ။ မိသားစုကို အရွက္ရေစမယ္သားမို႔ ကြၽန္ေတာ္ျဖစ္တည္မူကို ကိုယ္တိုင္ရွက္တယ္ကိုကို။ ကြၽန္ေတာ္ေလ ကိုကိုလို မ်ိဳးတူ လူသားကို ခ်စ္မိလိမ့္မယ္ မေတြးထားဖူးဘူး။ ကြၽန္ေတာ့္ ခ်စ္ျခင္းေတြ ေရာ ကိုကိုေလွာင္ရယ္ေနမလား။

သိပ္ခ်စ္တယ္ကိုကို၊ ထုတ္ေျပာခြင့္မရလည္း ခ်စ္တယ္ကိုကို၊ႏွလုံးသားတစ္ခုလုံးရင္းၿပီး ခ်စ္မွာ။ ေမေမကိုေပးခဲ့ဖူးတဲ့ ကတိေတြကို လိမ္သလိုျဖစ္ရတဲ့ အက်ိဳးဆက္အပစ္ေတြက ကြၽန္ေတာ္လည္ပင္း ကျွန်တော်ကိုယ်တ်ုင်ကြိုးကွင်းစွပ်သလို ဝဋ္လည္မွေၾကာက္တယ္ကိုကို ။ အခ်စ္ေၾကာင့္ ကြၽန္ေတာ္ ဘဝ ဘယ္လို ေရွ႕ဆက္ရအူံးမလဲ ။

"ေဝေဝ မအိပ္ေသးဘူးလား ၊ ညနက္ေနၿပီေလ ..သားေရာပဲ "
" ဟုတ္ အေဖ သား အိပ္ပါေတာ့မယ္ မနက္ ဘုန္းဘုန္းေက်ာင္းသြား သားေရာလိုက္မွာေနာ္ အေဖ "
"ေအး ေအး မနက္အေစာ အေဖ နိုးပါ့မယ္ ၊ အိပ္ေတာ့ သား"

ကြၽန္ေတာ္မိသားစုမွာ သမီးႀကီးဆုံးၿပီးကတည္းက အၿပဳံးကိုပင္ မနည္းျပန္ရွာထားရတာ။ သမီးႀကီးစိတ္နဲ႕ ယိုင္သြားတဲ့ ေဝေဝကို ႀကိဳးစားၿပီး ကုသထားရတယ္။ ဘုန္းဘုန္းေက်ာင္းဘက္ဆီသာ ဦးတည္၍ ကြၽန္ေတာ္တို႔မိသားစု စိတ္ေျဖေနရတာ ခုခ်ိန္ထိ။ သားကိုျမင္ရင္ သမီးႀကီးကို သတိရစိတ္တားမရဘူး။ ေကာင္းရာမြန္ရာမွာ ေနေပ်ာ္ပါေတာ့သမီးႀကီး၊ ေဖေဖတို႔မိသားစု ျပဳလုပ္တဲ့ကုသိုလ္အစုစု သမီးႀကီး ရရွိပါေစ ။ သမီးေမာင္ေလးကို စိတ္ခ်ပါ အေဖတို႔ ကာကြယ္ပါ့မယ္သမီးႀကီး ။

"ဘာ ဘယ္လို ဝင္းထက္ ကိုႀကီးသက္ကို ဒီက်ုလာမယ်ဟုတ်လား "
" အင္း...အပါးျပန္လာရင္ ပါလာမယ္ တဲ့ ၂ ရက္ပဲလို႔ေျပာတယ္ ၊ ငါလည္းမသိဘူး .."

" အယ္...မင္းဆီ လိုက္လာတာေနမယ္ေနာ္..အဟိ..မင္းတို႔က ဘာဘာညာညာ .."
" တိတ္စမ္း ...မဆိုင္တာ ...ငါ မႀကိဳက္ဘူး ..သူက အပါးတို႔ဧည့္သည္ .."

"ေအာ္..ေအးပါ...ေမာင္ဆီကို လိုက္လာခဲ့မယ္...ေနာ္.."
"ဟာ..ငေကာင္း...မင္းေသမယ္ ...မေျပးနဲ႕ ေျပးၾကည့္....."

ဒီလိုပါပဲ ငေကာင္းရာ...ျဖစ္ခ်င္တာမျဖစ္ရတဲ့ အခ်ိန္မွာ ျဖစ္ေနတာကိုသာ ပိုၿပီး ျဖည့္ဆည္းေပးပါ့မယ္။ မင္း အဆင္ေျပရင္ ငါ ဘာေနေနပါကြာ။ မင္းကို တသက္လုံး မင္းထားတဲ့ေနရာကေန ကာကြယ္ပါ့မယ္ ငေကာင္း။ ငါ့ေဘးမွာ ရွိေနသေ႐ြ႕ မင္းမထိခိုက္ဖို႔ ကာကြယ္ရာမွာ ငါတာဝန္ပါ။
မင္း ခ်စ္တဲ့သူနဲ႕ ေပ်ာ္႐ႊင္ပါေစ ငေကာင္းရာ....

Continue Reading

You'll Also Like

1M 104K 53
"အချစ်ကလေးရဲ့ သိရဲ့လား။ ဟောဒီကမ္ဘာကြီးမှာလေ နှစ်ကိုယ့်တစ်စိတ် ထပ်တူကျသွားတဲ့ ချစ်ခြင်းမေတ္တာလောက် ကြီးကျယ်ခမ်းနားတာ ဘာမှမရှိဘူးတဲ့။" ^^ "အခ်စ္ကေလးရဲ႕...
285K 9.2K 67
ကို့ကို 'မောင်' လို့ တစ်ခေါက်လောက်ခေါ်ကြည့်ကြည့်ပါလား မင်းလေးရယ်
28.6K 1.1K 25
Start date- 29.08.2022 #This fiction is written with both Unicode and Zawgyi
185K 13.6K 61
ပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်