Hidden love " ကုမုဒြာ "( comp...

By MikkyLay1

1M 55.6K 6.2K

လရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မ... More

ဇာတ်ကောင်မိတ်ဆက်
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter-6
Chapter-7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64 ( Final )
Extra❤
ကျေးဇူးတင်လွှာ❤️ ( ပရိုမိုးရှင်း )
🎉🎉🎉

Chapter - 24

16.8K 943 87
By MikkyLay1

အစည်းအဝေးပွဲပြီး၍ မုဒြာပြန်လာတော့ ဧကရာဇ်မောင်ကားနဲ့အတူ ပြန်လာကြသည် ။ တစ်လမ်းလုံးလဲ ဧကရာဇ်မောင်က မုဒြာကိုသာ ဂရုတစ်စိုက်ကြည့်နေပြီး အနောက်မှာပါလာတဲ့ ကသစ်ပန်းကို သတိပင်မရပေ ။ မုဒြာမျက်နှာက မအီမသာဖြစ်နေတော့ သူကမေးလာသည် ။

" အဆင်ပြေရဲ့လား "

မုဒြာကားမှန်ကနေတစ်ဆင့် ကသစ်ပန်းရဲ့မျက်နှာ မဲမှောင်နေပုံကိုမြင်လိုက်ရတော့ ကျေနပ်သွားသည် ။ ဧကရာဇ်မောင်သူ့ကိုဂရုစိုက်လျှင် သူမမကြိုက်မှန်းသိနေ၍ မုဒြာကပို၍ပင် သူမမကျေမနပ်ဖြစ်နေတာကို မြင်ချင်လာသည် ။ ဒါကြောင့် သူ့ရဲ့လက်ကိုဆုတ်ကိုင်ထားတဲ့ ဧကရာဇ်မောင်ရဲ့ လက်ကိုပြန်ဆုတ်ကိုင်လိုက်ပြီး ညှင်သာစွာဖြင့်ပြောလာသည် ။

" ကြမ်းကြမ်းတမ်းတမ်းနမ်းထားတော့ နှုတ်ခမ်းထွေထုံနေပြီ  နေလို့မကောင်းဘူး  "

ဧကရာဇ်မောင်မှာ ပြာပြာသလဲဖြစ်သွားရသည် ။

" နောက်တစ်ခါ ကိုယ်ညှင်သာပါ့မယ် … နေလို့မကောင်းရင် ဆေးရုံကို ခေါ်သွားပေးရမလား  "

" မလိုဘူး "

မုဒြာချက်ချင်းတားလိုက်သည် ။ ဆေးရုံကိုသွားရင် သူ့ကိုယ်ဝန်အကြောင်းပေါ်သွားနိုင်သည် ။ ဒါကိုရိတ်မိသွားတဲ့ သစ်ပန်းက ထိုအခြေအနေမှာ သူ့ရဲ့ဒေါသကိုထိန်းပြီး မြှောင့်ပင့်ကာ ဆိုလာသည် ။

" ဟုတ်သားပဲ … ဆေးရုံသွားပြတာအကောင်းဆုံးပဲ … သခင်လေးမုဒြာရဲ့ကျန်းမာရေးကပိုအရေးကြီးတယ်လေ … အစစ်ဆေးခံရမှာကြောက်လို့လားဟင် "

သူမရဲ့လေသံက သံသယဝင်စရာကောင်းနေ၍ မုဒြာလျှို့ဝှက်ချက်ကို သူမသိနေမှန်းရိတ်မိသွားသည် ။ သူမလိုမြေခွေးက ရှာဖွေမယ်ဆို ကိုယ်ဝန်ကိစ္စကလဲ ဖုံးကွယ်လို့ရမဲ့အရာမဟုတ်ဘူး … ဒါဆိုဘာကြောင့်သူမက ဧကရာဇ်မောင်ကို တိုက်ရိုက်ဖွင့်မပြောလိုက်တာလဲ ? မုဒြာက သူမသိနေမှတော့ ဒီကိစ္စအနှေးနဲ့အမြန်ပေါ်သွားမှာကိုကြိုတွေးမိသည် ။ ယံယံနဲ့ဆွေးနွေးဖို့လိုလာပြီ ။

"  ငါဆေးရုံတွေကိုမသွားချင်ဘူး … ယံယံကိုပဲခေါ်ပေးလို့ရမလား "

ဧကရာဇ်မောင်က ခုချိန်မှာ သူ့မျက်လုံးထဲမုဒြာတစ်ယောက်ထဲကိုသာမြင်ပြီး မုဒြာဘာပြောပြောလက်ခံပေးသည် ။

" ကောင်းပြီ …  ယံယံကိုပဲခေါ်လိုက်မယ် "

ထိုစဉ်ကားရှေ့ခန်းထဲက ပစ္စည့်ထည့်သည့်အိမ်လေးထဲမှာ ရင်းနီးနေတဲ့ အဖြူရောင်ဆေးဘူးကိုမြင်သွားသည် ။  သူထိုဆေးဘူးကို လှမ်းယူပြီးကြည့်လိုက်တော့ သူသေချာသိမ်းထားတဲ့ ဆေးဘူးဖြစ်နေသည် ။ သူကချက်ချင်းပဲ ဧကရာဇ်မောင်အား မေးကြည့်လိုက်သည် ။

" ဒီဆေးကို ဘယ်ကရတာလဲ "

ကသစ်ပန်းက သူမလဲထားတဲ့ဆေးတွေကို မုဒြာသိသွားမှာကြောက်ပြီး ဆိုးရိမ်သွားသည် ။ ဧကရာဇ်မောင်ကလဲ အမှန်အတိုင်းပြောလာသည် ။

" အဲ့ဒါ မင်းကိုယ့်ကိုတိုက်နေကြဆေးတွေပဲလေ "

" ဒီဆေးဘူးကို အခန်းထဲမှာသိမ်းထားတာ … ဘယ်လိုဖြစ်ပြီးဒီကိုရောက်နေတာလဲ … အိမ်ကနေယူလာတာလား "

" အဲ့ဒါကို မင်းပဲကသစ်ပန်းကို ပေးခိုင်းခဲ့တာမဟုတ်ဘူးလား "

မုဒြာကဆေးဘူးကိုလှပ်ပြီးကြည့်လိုက်တော့ ဆေးအရေအတွက်က သူထားထားတာထက်များနေသည် ။ ဒါ့အပြင် ဆေးကအရောင်တူပေမဲ့ အနံ့ကခြားနားနေ၍ မုဒြာတစ်ပြားယူပြီးထုတ်ကြည့်လိုက်သည် ။ အနောက်က ကသစ်ပန်းက သူမလုပ်တာကိုရိတ်မိမည်ဆိုး၍ ဝင်ပြောလာသည် ။

" သခင်လေးမုဒြာက မေ့နေပြီထင်တယ် … သခင်လေးကိုယ်တိုင် ကသစ်ကိုဆေးဘူးပေးပြီး မောင့်ကိုတိုက်ဖို့ပြောခဲ့တာလေ "

မုဒြာသူမကို မပေးခဲ့မှန်း သိပေမဲ့ သူမကအတိအကျလိမ်ညာနေပုံထောက်ရင် ကသစ်ပန်းက သူ့ရဲ့လျှို့ဝှက်ချက်တစ်ခုခုကို သိသွားမှန်းပို၍သေချာသွားသည် ။ ဒါကြောင့် သူကဆက်မပြောတော့ပဲ ဆေးဘူးကိုသာ ပြန်ယူခဲ့လိုက်သည် ။

အိမ်တော်ရောက်ပြီး ခနအကြာမှာ ယံယံရောက်လာသည် ။ မနေ့ကဧကရာဇ်မောင်ကိုလာကြည့်ပေးရပြီး ဒီနေ့မုဒြာဖြစ်နေတော့ ယံယံမှာလဲ အတော်လေးပူပန်သွားသည် ။ ရောက်လာတော့မှ မုဒြာအခြေအနေကကောင်းနေ၍ စိတ်အေးနိုင်တော့သည်။

" မင်းခေါင်းမူးပြီး အားနည်းနေယုံပဲဆိုတာ သေချာလား "

" သေချာတယ် "

" ဒီလောက်လေးဖြစ်ယုံနဲ့ မင်းငါ့ကိုမခေါ်လောက်ပါဘူး … ပြော ဘာအရေးကြီးကိစ္စရှိလို့လဲ "

မုဒြာက သူယူလာတဲ့ဆေးဘူးကို ယံယံအားပြလိုက်သည် ။ ယံယံက ဘူးကိုသေချာကြည့်လိုက်ပြီး …

" ဒါကငါမင်းကို ဧကရာဇ်မောင်ကိုတိုက်ဖို့ပေးထားတဲ့အားဆေးပဲ … ဘာဖြစ်လို့လဲ "

" ဘူးကမှန်တယ် အထဲကဆေးတွေကမှားနေတာ … ဖွင့်ကြည့်လိုက် "

ယံယံက ဘူးကိုဖွင့်ပြီးကြည့်လိုက်တော့ အနံ့နဲ့တင် သူပေးတဲ့ဆေးမဟုတ်မှန်းသိသွားသည် ။ ဆေးတစ်ပြားကိုယူကြည့်လိုက်တော့ အရွယ်အစားနဲ့အရောင်တူပေမဲ့ ဆေးအရသာနဲ့အာနိတင်က ထူးဆန်းနေသည် ။ ကြာကြာကြည့်လေ ဆေးကောင်းမဟုတ်ပဲ မူးရစ်ဆေးတစ်မျိုးဆိုတာ သိသာနေ၍ ယံယံကအလန့်တကြားမေးလိုက်သည် ။

" ဒီဆေးကို ဘယ်ကရတာလဲ "

" မောင့်ကို ကသစ်ပန်းကပေးထားတာ "

" ဧကရာဇ်မောင် ဒီဆေးသောက်မှန်း သူကဘယ်လိုသိသွားတာလဲ "

" ငါ့အခန်းထဲဝင်မွှေရင်း တွေ့သွားတာနေမှာပေါ့ … သူကဂျပိုးလိုပဲ ပုန်းလျှိုးဝှက်လျှိုးလုပ်တဲ့နေရာမှာကြွမ်းကျင်တယ် "

" ဒါဆို ငါဒီဆေးကိုစစ်ဆေးဖို့ ယူသွားကြည့်လိုက်မယ် … အဖြေရရင်ပြောမယ် "

" အင်း … ကောင်းပြီ "

" ငါ့ကိုခေါ်တာ ဒီကိစ္စအတွက်ပဲလား "

အစက ကိုယ်ဝန်ကိစ္စကိုပါဆွေးနွေးချင်ပေမဲ့ လက်တွေ့မှာ မုဒြာပြောမထွက်ပေ ။ သူပြန်ရောက်တော့ စစ်ကြည့်လိုက်တဲ့အခါ ကသစ်ပန်းက သူ့ရဲ့ဆေးစစ်ထားတဲ့မှတ်တမ်းတွေကိုပါ ယူသွားသည် ။ သိမ်းထားတဲ့နေရာမှာ ဘာမှမရှိတော့ပေ ။ ယံယံက မုဒြာတိတ်ဆိတ်နေ၍ နားချင်နေတာကြောင့်ဟုထင်ပြီး အလိုက်သိစွာဖြင့် နှုတ်ဆက်ကာထွက်သွားသည် ။

ခနကြာတော့ အခန်းတံခါးဖွင့်သံနဲ့အတူ ကသစ်ပန်းဝင်လာသည် ။ သူမကယုတ်မာတဲ့အကြည့်နဲ့ကြည့်နေပြီး မုဒြာထံလျှောက်လာသည် ။ သူမကလက်ပိုက်ထားလျှက် မောက်မာတဲ့အကြည့်နဲ့ မုဒြာအားကြည့်နေပြီးနောင် တစ်ဖြေးဖြေး မုဒြာဗိုက်ထံအကြည့်ရောက်သွားသည် ။

" စိတ်ဝင်စားစရာပဲ … ဗိုက်ကြီးနေတာတောင် ကိုယ့်ယောက်ျားကို ဖွင့်မပြောရဲလောက်တဲထိ ဘာတွေကိုကြောက်နေတာလဲ ကုမုဒြာ "

သူမလိုကောက်ကျစ်တဲ့လူက ခုလိုချိန်ခြောက်တဲ့အကြည့်နဲ့ကြည့်လာတော့ မုဒြာရင်သွေးလေးကိုထိခိုက်အောင်လုပ်လာမှာကြောက်၍ လက်ဖြင့်ဗိုက်ကိုကာလိုက်သည် ။

" မင်း ဘာပြောချင်တာလဲ ကသစ်ပန်း "

" နင်ဗိုက်ကြီးနေတာကို ငါမောင့်ကိုသွားပြောရင် သူဘာလုပ်မယ်ထင်လဲ "

" ငါဂရုမစိုက်ဘူး … မင်းဘာသာပြောချင်ပြော မပြောချင်နေ "

" သခင်လေးမုဒြာက တကယ်ပဲဂရုမစိုက်ဖူးပေါ့လေ … ဒါဆိုမောင်က နင်နဲ့လမ်းခွဲပြီးရင် ငါနဲ့လက်ထပ်မယ်ဆိုရင်ရော "

သူမရဲ့စကားတွေက ရယ်စရာကောင်းနေပေမဲ့ သူမက မုဒြာစိတ်တိုအောင်တမင်တကာစွနေခြင်းပင် ။ မုဒြာစိတ်တိုပြီးတစ်ခုခုထလုပ်ရင် သူမကမတော်တစဖြစ်ဟန်ဆောင်ပြီး တစ်နည်းနည်းနဲ့ဒုက္ခရောက်အောင်လုပ်လိမ့်မည် ။ မုဒြာက ခုချိန်မှာ သူကာကွယ်ပေးရမဲ့ရင်သွေးလေးရှိနေ၍ သူမပြောသမျှကို သည်းခံနေရသည် ။

" မင်းတို့ဘာသာ လက်ထပ်ထပ်မထပ်ထပ် စိတ်မဝင်စားဘူး  "

" ဘာကြောင့်လဲ နင်မောင့်ကို ချစ်နေသေးတယ်မဟုတ်ဘူးလား "

" ဒါကဘာအရေးကြီးလို့လဲ မင်းကြားချင်တာက ငါကဒေါသထွက်ပြီး မောင်ကငါ့ကိုပဲချစ်တာ မင်းကိုမချစ်ဘူးဆိုပြီး အော်စေချင်တာလား "

သူမက ကုမုဒြာအပေါ်အနိုင်လိုချင်စိတ်တစ်ခုတည်းသာရှိနေပြီး ကုမုဒြာတန်ဖိုးမထားတော့တဲ့အရာကို စိတ်မဝင်စားတော့ပေ ။ ခုသူမက ကုမုဒြာကာကွယ်ချင်နေတဲ့ ရင်သွေးလေးကိုသာ ပိုစိတ်ဝင်စားနေသည် ။

" နင်က ငါတို့ဘာဖြစ်ဖြစ် ဂရုမစိုက်တော့ဘူးပေါ့ဟုတ်လား … ဒါပေမဲ့ နင့်ရင်သွေးကိုတော့ တော်တော်လေးဂရုစိုက်ပုံပဲ "

သူမကပုံမှန်မဟုတ်၍ မုဒြာစကားဆက်မပြောချင်တော့ပေ ။ မုဒြာကုတင်ပေါ်ကနေထပြီး အခန်းထဲကနေ ထွက်ဖို့ပြင်တော့ ကသစ်ပန်းက သူ့လက်ကို လှမ်းဆွဲထားသည် ။

" ငါလိုချင်တာက မောင်တစ်ယောက်ထည်းကိုမဟုတ်ဘူး ပျက်စီးပြီးဘဝပျက်သွားမဲ့နင့်ရဲ့ပုံစံကိုပဲ ဒီကလေးကို နင်မမွေးနိုင်အောင် ငါလုပ်ပြမယ် "

မုဒြာက သူမရဲ့အားပြင်းပြင်နဲ့လွှဲချလာတဲ့လက်ကို ဖမ်းကိုင်လိုက်သည် ။ သူသာမတားစီးရင် ထိုအားက သူ့ကိုကြမ်းပြင်ပေါ်လဲကျသွားစေနိုင်သည် ။ ဒီအချိန်မှာ မုဒြာကအားနည်းနေတာမို့ သူမကိုအကြာကြီးမထိန်းနိုင်၍ တွန်းထုတ်ကာ အခန်းထဲကနေပြေးထွက်သွားသည် ။ အခန်းတံခါးဖွင့်လိုက်တော့ နို့ခွက်ကိုကိုင်ထားတဲ့ ဧကရာဇ်မောင် ရပ်နေတာကို တွေ့လိုက်ရသည် ။ မုဒြာက ဧကရာဇ်မောင်အား တစ်ချက်ပင်ကြည့်လိုက်ပြီး အန္တရာယ်များတဲ့ ထိုနေရာကနေအမြန်ထွက်သွားလေသည် ။

မုဒြာတွန်းလိုက်၍ လဲကျသွားတဲ့ကသစ်ပန်းရဲ့မျက်နှာက ချက်ချင်းပြောင်းလဲသွားကာ ဧကရာဇ်ထံလျှောက်လာပြီး လက်ကိုလှမ်းကိုင်လိုက်သည် ။

" ကသစ်က သခင်လေးနေမကောင်းဖြစ်နေလို့လာမေးတာ … အဲ့ဒါကို သခင်လေးက ကသစ်ကိုစိတ်ဆိုးပြီး … "

ဧကရာဇ်မောင်က သူမရဲ့စကားကိုနားမထောင်ပဲ သူ့လက်ကိုလာကိုင်တဲ့ သူမရဲ့လက်ကိုပုတ်ထုတ်ကာ မုဒြာအနောက် ပြေးလိုက်သွားလေတော့သည် ။

*

*

*

တစ်ဖက်တွင်တော့ ……

ဦးလေးမြတ်က ထုံးဆန်အတိုင်း သခင်ကြီးကိုပြုစုပေးပြီးနောက် ခြံဝန်းထဲမှာ အနည်းငယ်ရှည်နေပြီဖြစ်တဲ့ ပေါင်းပင်တွေကို  ရှင်းလင်းနေသည် ။

သခင်ကြီးကို စောင့်ရှောက်ပေးနေခဲ့တာ တစ်လလောက်ရှိခဲ့ပြီဖြစ်သလို သခင်ကြီးဟာလဲ အရင်ကလောက် အားအင်မပြည့်ဝနိုင်တော့၍ လမ်းပင်မလျှောက်နိုင်တော့ပဲ ဝှီးချဲပေါ်မှာထိုင်ကာ သွားလာနေရသည် ။

ထိုစဉ် ခြံဝင်းအတွင်း ကားတစ်စီးဝင်လာကာ ခင်သစ္စာရောက်လာသည် ။ သူမကစုံစမ်းခိုင်ထားသမျှအားလုံးကို အတတ်နိုင်ဆုံး ရှာဖွေစုဆောင်းနေခြင်းကြောင့် အချိန်အနည်းငယ်ကြာမြင့်သွားခြင်းဖြစ်သည် ။ တစ်ချို့အမှုကိစ္စလေးတွေ ဖြေရှင်းနေရတာလဲပါသည် ။

သူမအိမ်တော်ထဲရောက်လာတော့ သခင်ကြီးရဲ့ပုံစံကိုမြင်ပြီး စိတ်မကောင်းဖြစ်သွားသည် ။ သူမနောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကထက် သခင်ကြီးကအားအင်ကုန်ခန်းလာကာ သူမသိခဲ့တဲ့ ဦးလေးကြွယ်နှင့်ပင်မတူတော့ပေ ။ လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်သို့ ရောက်ရှိနေသလိုပင် ။

" ကြာသွားတဲ့အတွက်တောင်းပန်ပါတယ် ဦးလေးကြွယ် "

" ရပါတယ် … သမီးလေးခင်မှာလဲ တစ်ခြားကိစ္စတွေရှိနေမှာပဲလေ … ဦးလေးကသာ ဒုက္ခပေးမိနေလို့ အားနာနေတာ "

" မဟုတ်တာ … ခင့်အတွက် ဒါကဒုက္ခမဟုတ်ပါဘူး … သားလေးမုဒြာကောင်းဖို့အတွက်ပဲလေ … ဒါပေမဲ့ ဥက္ကာမောင်ရဲ့မိသားစုက မရိုးရှင်းဘူး … ကျမစုံစမ်းလေပိုပြီးထူးခြားလာလေပဲ "

" သူတို့က သာမန်မိသားစုတစ်ခုပဲ မဟုတ်လား … ဘာတွေကထူးခြားနေတာလဲ "

" အရင်ဆုံး မြမာလာရဲ့ အကြောင်းကိုပြောပြပါရစေ … သူမကဟိုးအရင်အရက်ဘားတစ်ခုမှအပျော်မယ်လုပ်ဖူးတယ် … အဲ့အလုပ်ကထွက်ပြီး သူမဥက္ကာမောင်နဲ့လက်ထပ်ခဲ့တယ် … သူမကလောင်းကစားလုပ်တဲ့အတွက် ဥက္ကာမောင်ရဲ့ပိုင်ဆိုင်မှုတစ်ချို့ဆုံးရှုံးသွားခဲ့ရတယ် … သူတို့စီးပွားရေးကျနေတဲ့အချိန် ဦးလေးရဲ့အကူအညီကြောင့် ပြန်ပြီးနလန်ထူလာနိုင်ခဲ့တာ "

အဖိုးကြွယ်က မြမာလာလောင်းကစားလုပ်တတ်မှန်းသိလိုက်ရတော့ အံ့ဩတုန်လှုပ်သွားသည် ။ သူမရဲ့အပြုအမူအပြောအဆိုတွေကြောင့် လိမ်မာတဲ့အိမ်ရှင်မကောင်းတစ်ယောက်ဟုထင်ကာ သမီးလေးတစ်ယောက်လိုပင်သဘောထားခဲ့သေးသည် ။

ထိုအချိန်တုန်းက အဖိုးကြွယ်ဟာ မြေးလေးစိတ်ချမ်းသာဖို့အတွက် ဧကရာဇ်မောင်ကိုရဖို့ သူ့မိဘတွေတောင်းသမျှပေးခဲ့ပြီး သူတို့သားကိုလဲ ထက်မြတ်တဲ့လူတော်တစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ပေးခဲ့သည် ။ သို့ပေမဲ့ သာမန်လုပ်ငန်းရှင်မိသားစုတစ်ခုကလွဲ၍ သူတို့မိသားစုအကြောင်း ဘာတစ်ခုမှမသိခဲ့ပေ ။

မုဒြာလေး ဧကရာဇ်မောင်ကို ရန်ကုန်ခေါ်လာဖို့အတွက် အပူကပ်နေတုန်းက အဖိုးကြွယ်ဟာ ဧကရာဇ်မိဘတွေထံ ခွင့်တောင်းကြည့်သည် ။ သူတို့က တင်နေတဲ့အကြွေးတွေကို ဆပ်ပေးလျှင် သူတို့သားလေးကို အပိုင်ပေးမည်ဟုပင် ပြောလာသည် ။ ဒါကကိုယ့်ကလေးကို ရောင်းစားတာနဲ့မတူနေဘူးလား ။ ဒါပေမဲ့ သူတို့မိသားစုကခက်ခဲနေ၍ ကိုယ့်သားသမီးရှေ့ရေးအတွက် စဉ်းစားပြီး မွေးစားဖို့ပေးသည်ဟုသာထင်လိုက်သည် ။

ဦးလေးကြွယ်က မိဘချင်းကိုယ်ချင်းစာ၍ အပိုင်မယူပဲ မိဘတွေနဲ့ အချိန်မရွေး တွေ့ဆုံခွင့်ပေးကာ ကလေးရဲ့ရှေ့ရေးအတွက် တာဝန်ယူမည်ဟု ကတိပေခဲ့သည် ။ သူမကငိုယိုပြီးကျေးဇူးတင်စကားဆို၍ ဦးလေးမြတ်ကသူမကိုသနားမိခဲ့သေးသည် ။

ဒီလောက်နဲ့မပြီးသေးပေ ။ ဧကရာဇ်မောင်ကအိမ်တော်မှာနေရတာမပျော်တော့ သူ့မိခင်ကပါခေါ်ထားပေးပြီး ရန်ကုန်မှာတစ်မိသားစုလုံးကို အခြေချခွင့်ပေးထားသည် ။ မြေးလေးအနားကထွက်မသွားဖို့အရေး သူတို့တောင်းဆိုသမျှလိုက်ရောပေးသည် ။ ဒေဝါလီခံလုနီးနီး စီးပွားရေးလုပ်ငန်းကိုလဲ အဖိုးကြွယ်က ရှယ်ယာအမြောက်အများထည့်ကာ ဆက်ပြီးရပ်တည်နိုင်အောင်ကူညီပေးခဲ့ရသည် ။

သူမက ယောက်ျားရဲ့ကျန်းမာရေးကိုအကြောင်းပြပြီး ချေးငွေတွေပါထုတ်ချေးခဲ့သည် ။ မြတ်မောင်ကသတိပေးတာတောင်မှ ဦးလေးကြွယ်နားမထောင်ပဲ မြေးလေးပျော်ဖို့ ဧကရာဇ်မောင်တို့ကို လိုလေသေးမရှိထားသည် ။ ရုတ်တရပ်ဧကရာဇ်မောင် ကနေဒါကိုပညာတော်သင် ထွက်သွားတုန်းက အဖိုးကြွယ်ကပဲ နေစရိတ်စားစရိတ်ကျောင်းလခ အားလုံးစိုက်ထုတ်ပေးထားသည့်အပြင် အရည်အချင်းပြည့်ဝစွာပညာသင်နိုင်အောင်ကူညီပေးသည် ။

အဲ့ဒိနောက်ရှယ်ယာငွေတွေထိုးကျကာ ဒေဝါလီခံရတော့မဲ့ ဧကရာဇ်မောင်မိဘတွေရဲ့လုပ်ငန်းကိုလဲ ငွေစိုက်ထုတ်ပြီးဖြေရှင်းပေးကာ ယာယီထိန်းသိမ်းပေးထားခဲ့သည် ။  ဒီလောက်အများကြီး ကူညီပေးခဲ့တာတောင်မှ ဧကရာဇ်မောင်ပြန်ရောက်လာတော့ အချိုးပြောင်းသွားကာ အရင်ကနဲ့မတူတော့ပဲ အေးဆက်သွားသည် ။ သူ့မိဘတွေနဲ့များ ပတ်သပ်နေမလား …

ထိုစဉ် ခင်သစ္စာက သူမ စုံစမ်းရသမျှအချက်အလက်တွေကို ပြောပြလာခဲ့သည် ။

" တကယ်တော့ သူဌေးကြီးဥက္ကာမောင်မှာ နန်းမိုမိုဆိုတဲ့ မိတ်ဖက်အိုမီဂါတစ်ယောက်ရှိခဲ့ဖူးတယ် … သူမကအဆင့်မြင့်အိုမီဂါဖြစ်တဲ့အပြင် ချမ်းသာကြွယ်ဝမှုတွေကအများကြီးပဲ … ဒီခြံနဲ့မြေအပြင် ကုမ္ပဏီရဲ့ ရှယ်ယာအားလုံးကသူမပိုင်ဆိုင်တာတွေကြီးပဲ  … ဒါကိုအိမ်ထောင်ဦးစီးဖြစ်တဲ့ ဥက္ကာမောင်က လက်လွှဲရယူထားတာ … ထူးဆန်းတာက လက်ထပ်ပြီး ၃ နှစ်အကြာမှာသူမပြောက်သွားတယ်လို့သိခဲ့ရတယ် … သူမရဲ့အကြောင်းတွေကို သိတဲ့လူလဲ ဘယ်သူမှမရှိကြတော့ဘူး … သူမရဲ့မိဘမောင်နှမတွေလဲ တစ်ယောက်မှမရှိကြတော့ဘူး … ပြီးတော့ ဥက္ကာမောင်က မြမာလာနဲ့လက်ထပ်ခဲ့တယ် "

" ဒါဆို ဧကရာဇ်မောင်က ဘယ်သူ့ရဲ့သားလဲ … ဥက္ကာမောင်နဲ့နန်းမိုမိုရဲ့သားလား မြမာလာရဲ့သားလား … နန်းမိုမိုရဲ့သားဆို မြမာလာနဲ့ သွေးသားမတော်စပ်ဘူးပေါ့  "

"  မြမာလာဆီမှာ ဧကရာဇ်မောင်က သူမနဲ့ဥက္ကာမောင်ကနေရလာတဲ့ ရင်သွေးဖြစ်ကြောင်း အထောက်အထားအစုံရှိနေတယ်  … ဒါပေမဲ့အားလုံးကအတုတွေ … ဒါကြောင့် နန်းမိုမိုရဲ့သားဖြစ်ဖို့များပါတယ်  "

စဉ်းစားကြည့်မှ ဧကရာဇ်မောင်ရဲ့ ဖယ်ရိုမုန်းက အဆင့်အတန်းမြင့်ကာ ဉာဏ်ရည်က သာမန်ထက် ထက်မြတ်နေတာကို သတိရသွားသည် ။ မြမာလာက အဆင့်နိမ့်အိုမီဂါတစ်ယောက်ဆိုတာ ကြည့်ယုံနဲ့သိနိုင်သည် ။ သူမဘယ်လောက်တန်ဖိုးကြီးတဲ့ရတနာတွေဆင်မြန်းထားပါစေ အဆင့်နိမ့်အိုမီဂါဆိုတဲ့အမှန်တရားကိုတော့ မဖုံးကွယ်နိုင်ပေ ။ သူမက မိထွေးဖြစ်နေလို့ ဧကရာဇ်မောင်ကို သားအဖြစ်သဘောမထားပဲ ပစ္စည်းတစ်ခုလို အလွယ်ရောင်းပြစ်နိုင်တာ အံ့ဩစရာတော့မရှိပေ ။

" ဧကရာဇ်မောင်နေခဲ့တဲ့ကျောင်းကို စုံစမ်းကြည့်တော့လဲ သူ့ကိုလူတိုင်းက နှိမ်ပြီးတော့ ဆက်ဆံကြတယ်တဲ့ … မြမာလာက ကလေးကိုမကာကွယ်ပဲ ကလေးကိုအမြဲနှိပ်ဆက်ပြီး စိတ်ဒါဏ်ရာရအောင်လုပ်ခဲ့တဲ့ပုံပဲ …  သူ့ကိုယ်ပေါ်မှာလဲ အမြဲရိုက်နှက်ခံရတဲ့ဒါဏ်ရာတွေကြီး ရှိနေတတ်တယ်လို့ ဆရာတွေကပြောတယ်  … ဘယ်လိုကြောင့်များ ခလေးတစ်ယောက်ကို လူသားချင်းမစာနာနိုင်ရက်တာလဲ "

ထိုအကြောင်းပြောနေချိန်မှာ ခင်သစ္စာကိုယ်တိုင်လဲ ဒေါသထွက်နေသည် ။ သူမကသားသမီးတွေအပေါ် အရမ်းဂရုစိုက်ကာ ချစ်ရာလေးပင်အထင်မခံနိုင်အောင် ဂရုစိုက်သူပင် ။ ဒီသတင်းတွေကြားတော့ သူမမယုံကြည်နိုင်ဖြစ်ခဲ့သေးသည် ။

အဖိုးကြွယ်ကလဲ နားထင်ကိုလက်ဖြင့်ဖိနှိပ်လျှက် နားမလည်နိုင်ဖြစ်နေသည် ။

" ကလေးကိုရိုက်တယ် … ဘယ်လိုရက်စက်တဲ့လူတွေလဲ … ငါ့အရှေ့မှာတော့ မိခင်ဖြစ်သူက ဧကရာဇ်လေးကို အတော်လေးဂရုစိုက်တဲ့ပုံပါပဲ … သူတို့သားအမိတွေက အရမ်းသံယောဇင်သွယ်တာတယ်လို့ထင်ခဲ့တာ … ဘယ်လိုဖြစ်လို့လွဲမှားနေတာလဲ  "

"  ခင်ထင်တာတော့ ကလေးကိုသူ့အပေါ်ယုံကြည်လာအောင် တစ်ဖက်လက်နဲ့လုပ်ယူခဲ့ပုံပဲ …  ဧကရာဇ်မောင်က သူ့အမေကိုအရမ်းချစ်ပုံထောက်ရင် သူ့ကိုနှိပ်ဆက်တာက သူမကိုယ်တိုင်တော့မဖြစ်နိုင်ဘူး … သူမကမိထွေးဆိုတာတောင် ဧကရာဇ်မောင်ကမသိလောက်ဘူး … သူမကဟန်ဆောင်လိမ်ညာတဲ့နေရာ တစ်ထဖက်ကမ်းခပ်ကို တော်လွန်းတဲ့ပုံပဲ "

" မြမာလာမှာရော ဆွေမျိုးတွေရှိလား "

" သူမအကြောင်းကိုတော့ ဘယ်သူမှမသိကြဘူး "

ခင်သစ္စာက သူမအကြာကြီးစုံစမ်းလာခဲ့ပေမဲ့ မြမာလာကအလွန်လျှို့ဝှက်လွန်းသူမို့ တိတိကျကျဘာတစ်ခုမှမသိရပေ ။  ထိုစဉ်သူတို့ ခြံရှေ့က အစောင့်တွေရဲ့ဆူညံသံထွက်ပေါ်လာသည် ။

" အထဲကိုဝင်ခွင့်မရှိပါဘူး "

" ကျမသခင်ကြီးနဲ့တွေ့ချင်တယ် … ကျွန်မတွေ့ရမှဖြစ်မှာ "

" သခင်ကြီးက နေမကောင်းလို့ ဘယ်သူ့ကိုမှအတွေ့မခံပါဘူး "

" ကျမကို တွေ့ခွင့်ပေးပါ "

" မရပါဘူး … ဝင်ခွင့်မရှိပါဘူး "

ဆူညံသံတွေအပြင် ရုန်ရင်းခပ်သံတွေပါကြားလာရ၍ ဦးလေးမြတ်က အပြင်ပြေးထွက်ကာ အခြေအနေကိုကြည့်ပြီးနောက် ပြန်ဝင်လာကာ ပြောပြလာသည် ။

" အပြင်မှာ အမျိုးသမီးတစ်ယောက် ပြဿနာလာရှာနေတယ် … သူ့ပုံစံကကြမ်းတမ်းမဲ့ပုံပဲ … ရဲခေါ်ပြီးမောင်းထုတ်လိုက်ရမလား "

ခင်သစ္စာလဲရှိနေတော့ အဖိုးက မောင်းမထုတ်ပဲ ဝင်လာခဲ့ဖို့ပြောလိုက်သည် ။ ထိုအခါမှ အစောင့်တွေကထိုအမျိုးသမီးကို ဖမ်းချုပ်ထားလျှက် အထဲသို့ဝင်လာကြသည် ။

သူမရဲ့ပုံစံက ကြမ်းတမ်းပြီး အန္တရာယ်ရှိသည့်အငွှေ့အသက်တွေရနေသည် ။ ဒါကြောင့်လဲ အစောင့်တွေက သူမအားလွှတ်မပေးသေးပဲ လက်တွေကိုချုပ်ကိုင်ထားသည် ။

" သူ့ကို လွှတ်ပေးလိုက်ပါ … မင်းတို့အပြင်မှာသွားစောင့်နေ "

ထိုအခါမှအစောင့်တွေကလွှတ်ပေးပြီး ထွက်သွားကြသည် ။ ကြမ်းတမ်းတဲ့သူမက သခင်ကြီးကိုမြင်တော့ ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်သည် ။ သူမရဲ့သန်မာတဲ့ပုံစံကြောင့် အန္တရာယ်များပုံပေါ်ပေမဲ့ တကယ်တော့ သူမကဘာအန္တရာယ်မှမပြုလာပဲ သူမမျက်နှာက ဝမ်းနည်းပုံပေါ်နေသည် ။

ထိုစဉ် တစ်ချိန်လုံး အံ့ဩတကြီးကြည့်နေမိတဲ့ ခင်သစ္စာထံက အသံထွက်ပေါ်လာသည် ။

" အမသီတာ "

" ခင်သစ္စာလား "

သူတို့က မိတ်ဆွေဟောင်းများဖြစ်နေ၍ အကြည့်ချင်းစုံတော့ မှတ်မိသွားကြသည် ။ ဦးလေးကြွယ်ကလဲ ထူးဆန်းလာ၍ မေးလိုက်သည် ။

" သမီးခင်နဲ့ သိနေတာလား "

" သမီးအရာရှိမဖြစ်ခင်တုန်းက ထောင်မှာတာဝန်ကျဖူးတယ် … အဲ့တုန်းက အမသီတာက တန်းစီးတစ်ယောက်လေ … အခက်အခဲတွေကို ရင်ဖွင့်ရင်းနဲ့မှ ခင်မင်ခဲ့တာ "

သူမရဲ့ကြမ်းတန်းသည့်ပုံစံကို မအံ့ဩတော့ပေ ။ ထောင်ကျဖူးတဲ့အပြင် တန်းစီးပါဖြစ်ခဲ့သေးသည် ။ သူမကအလွန်အားကြီးမဲ့ပုံပင် ။ အဖိုးကြွယ်ရဲ့ အံ့အားသင့်နေတဲ့ပုံစံကိုမြင်တော့ သူမကရှင်းပြလာသည် ။

" ကျမနာမည်က မြသီတာပါ … ဒီကိုလာခဲ့တာက ဘာဒုက္ခပေးဖို့မှမဟုတ်ပါဘူး … ဒီကသခင်ကြီးမြေးက ဥက္ကာမောင်ရဲ့သွေးသားနဲ့မိတ်ဖက်လို့ကြားပြီးကတည်းက ကျမလာချင်နေခဲ့တာ … ဒါပေမဲ့အခွင့်မရခဲ့ဘူး "

" မင်းက ဧကရာဇ်မောင်အကြောင်းသိလို့လား "

" ဟုတ်ကဲ့ … ကျမကသူတို့အကြောင်းအသိဆုံးပါ … ကျမကသူတို့ရဲ့ မိသားစုဝင်တစ်ယောက်ပါ … မြမာလာက ကျမညီမအရင်းပါ "

ခင်သစ္စာလဲ အံ့ဩသွားသည် ။

" ဒါဆို အမပြောဖူးတဲ့ ဆိုးမိုက်တဲ့ညီမဆိုတာ သူပေါ့ "

" ဟုတ်ပါတယ် … မြမာလာက ကျမထက် ၃ နှစ်ငယ်ပြီးအလိုလိုက်ခံရဆုံးပါ … မိဘတွေဆုံးသွားတော့ ကျမကပဲရှာဖွေကြွေးမွေးပြီး စောင့်ရှောက်ခဲ့တယ် … ကျမရဲ့ဂရုစိုက်မှုတွေ မှားယွင်းသွားလို့ထင်ပါတယ် နောက်ပိုင်း သူမကိုကျမထိန်းမနိုင်တော့ဘူး … သူမအမှားတွေအများကြီးလုပ်နေခဲ့တာတောင် ကျမမတားဆီးနိုင်ခဲ့ဘူး "

ထိုစကာတွေပြောနေချိန်မှာ သူမမျက်ရည်မကျမိအောင်ထိန်းနေရသည် ။ အတိတ်ကကိစ္စတွေကို တစ်စုံတစ်ယောက်ကို ဖွင့်ဟချင်ခဲ့တာ ကြာမြင့်ခဲ့ခြေပြီ ။

" ဒီအမှားတွေက ကျမကိုအမြဲအိမ်မက်ဆိုးတစ်ခုလိုနှောက်ယှက်နေတယ် … ဒါတွေကိုသာတစ်ယောက်ယောက်ကိုမရှင်းပြပဲသေသွားရင် ကျမ ဝဋ်ကြွတ်မှာမဟုတ်ဘူး "

" ဒါဆို အားလုံးကိုအမှန်တိုင်းပြောပြပါ "

" ကျမက  သခင်မနန်းမိုမိုကို အနီးကပ်ပြုစုပေးရတဲ့ အစောင့်အရှောက်တွေထဲကတစ်ယောက်ပါ … ဥက္ကာမောင်ကို မိုမိုကအရမ်းချစ်ပြီး ပိုင်ဆိုင်မှုတွေအားလုံးပေးခဲ့တယ် … ဒါပေမဲ့ဥက္ကာမောင်က သခင်မလေးထက် သခင်မလေးရဲ့ပိုင်ဆိုင်မှုတွေကိုပဲ ပိုပြီးအလေးထားတယ် "

ရုတ်တရပ် ဥက္ကာမောင်ရဲ့ မယားကြီးအကြောင်း သိနေသူပေါ်လာ၍ အားလုံးကစိတ်ဝင်တစားနားထောင်နေကြသည် ။ မြသီတာကလဲ ဆက်ကာရှင်းပြနေသည် ။

" သခင်မလေးမှာ မွေးရာပါရောဂါရှိပါတယ် … မိတ်ဖက်ရဲ့ဖယ်ရိုမုန်းနံ့ကလွဲပြီး ဘယ်သူ့အနံ့ကိုမှ ခံလို့မရဘူး … ချောင်းဆိုးပြီးအသက်ရှူတွေကြပ်လာတတ်တယ် … ဒါကြောင့် သခင်မလေးကအိမ်တော်မှာပဲနေပြီး ပိုးမွေးသလိုအမွေးခံခဲ့ရတာ … ဒါပေမဲ့ ဥက္ကာမောင်ကတော့ သခင်မလေးကိုဂရုမစိုက်ပဲ သူ့ခေါင်းထဲမှာအလုပ်တွေနဲ့ပဲပြည့်နေတယ် …   လက်ထပ်ပြီး ၂ နှစ်အကြာမှာ သခင်မမိုမို ကိုယ်ဝန်ရလာခဲ့တယ် … သခင်မလေးက မိဘတွေအိမ်ပြန်ပြီး ဥက္ကာမောင်မသိအောင် ကလေးကိုမွေးဖွားခဲ့တယ် "

သူမပြောတဲ့ဇာတ်ကြောင်းက စိတ်ဝင်စားဖို့ကောင်းပေမဲ့ ကြားထဲမှာ ဇာတ်ကွက်တွေခြားသွားသလိုခံစားရ၍ ခင်သစ္စာက စိတ်လှုပ်ရှားစွာဖြင့် ဖြတ်ပြီးမေးလိုက်သည် ။

" ဘာကြောင့် ကိုယ်ဝန်ကိစ္စကို ဥက္ကာမောင်ကိုမပြောပြပဲ မိဘအိမ်မှာသွားမွေးတာလဲ … အဲ့ကလေးက ခုဘယ်မှာလဲ  "

မြသီတာက ထိုမေးခွန်းကြားတော့ အပြစ်ရှိသလိုခံစားသွားရ၍ အသက်ကိုပြင်းပြင်းရှူထုတ်လိုက်ကာဆက်ပြီး ရှင်းပြလာခဲ့သည် ။

"  ကျမအားလုံးကိုအမှန်တိုင်း ပြောပြပါ့မယ် … မိုမို ကိုယ်ဝန်ရခါစအချိန်မှာ ကျမညီမမြမာလာနဲ့ဥက္ကာမောင်တို့ ကဖောက်ပြန်နေကြတယ် … ဥက္ကာမောင်က သူ့အမှားကြောင့် မြမာလာကို အိမ်ပေါ်ခေါ်တင်လာတယ် … ကျမညီမဖြစ်သူကို သူများမိသားစုကိုမခွဲဖို့ နောက်ဆုတ်ပေးဖို့ပြောတော့ မာလာကကျမကို သခင်မလေးရဲ့အသက်အန္တရာယ်နဲ့ချိန်းခြောက်တယ် …  ကျမညီမကအရမ်းချမ်းသာချင်တဲ့သူ … သူ့ရဲ့အိမ်မက်က သုံးမကုန်တဲ့ ပိုင်ဆိုင်မှုတွေရရှိပြီး ချမ်းချမ်းသာသာနဲ့နေရဖို့ပဲ  … ဒီဘဝကအဲ့လိုမဖြစ်နိုင်မှန်းသိတော့ သူကခုလိုဖြတ်လမ်းနည်းကိုသုံးခဲ့တာ …  သူက သူဌေးကြီးတွေကို မြှူဆွယ်ဖို့ မကောင်းတဲ့လူတွေနဲ့ပေါင်းပြီး  ကလပ်မှာပျက်စီးနေတာကို ကျမအသိနောက်ကျခဲ့တယ် … ပြီးတော့သူမမြှူဆွယ်တဲ့လူက ကျွန်မသခင်မရဲ့ယောက်ျားဖြစ်နေတယ် … အားလုံးကကျမအမှားတွေပါ "

သူမက အမှားတွေအတွက် ငိုကြွေးရင်း အတိတ်ကကိစ္စတွေကို ဆက်ပြီးပြောပြလာခဲ့သည် ။

" မိုမိုက ဥက္ကာမောင် မယားငယ်ကိုအိမ်ပေါ်ခေါ်တင်လာကတည်းက စိတ်ထိခိုက်ပြီး ကျန်းမာရေးမကောင်းတော့ဘူး လူကြီးကျန်းမာရေးမကောင်းရင် ခလေးကိုထိခိုက်မှာစိုးရတယ် ဥက္ကာမောင်ကလဲ မိုမိုကိုလုံးဝဂရုမစိုက်တော့ဘူး ဒါပေမဲ့ကွာရှင်းခွင့်လဲမပေးပြန်ဘူး ခုပိုင်ဆိုင်နေသမျှကို မိုမိုနာမည်နဲ့မို့ မိုမိုကလွှဲပြောင်းပေးမှသူကပိုင်ဆိုင်ခွင့်ရမှာ ကျမက ဥက္ကမောင်ကို မိုမိုကသူ့မိဘအိမ်အလည်ပြန်ချင်တယ်လို့ပြောပြီး လိမ်ခေါ်လာခဲ့တယ် ကံကဆိုးချင်တော့ မိုမိုမိဘတွေက ဆုံးပါးသွားကြပြီ မိုမိုမသိအောင် ဥက္ကာမောင်က ဖုံးကွယ်ထားတာ မိုမိုမိဘတွေက မဆုံးခင်မှာ အမွေအားလုံးမိုမိုကိုပေးခဲ့တာ ဒါတွေကိုသိလို့လဲ ဥက္ကာမောင်က လက်မလွှတ်နိုင်တာပေါ့ "

သူမက ခနရပ်ပြီးမှဆက်ပြီးပြောလာသည် ။

" ဒီလိုအခက်အခဲတွေကြားကနေ မိုမိုသားလေးကို အောင်အောင်မြင်မြင်မွေးဖွားခဲ့တယ် … မိုမိုသားလေးကိုကြည့်ပြီး နာမည်ပေးခဲ့တာက ဧကရာဇ်မောင်တဲ့ … ဧကရာဇ်ဆိုတာ ဒီလောကကြီးရဲ့ ရှင်ဘုရင် … မောင်ဆိုတာကတော့ သူသိပ်ချစ်ရတဲ့ ဥက္ကာမောင်ရဲ့နာမည်ပါပါအောင်ပေးခဲ့တာ "

" …… "

အရာအားလုံး တစ်ခနမျှတိတ်ဆိတ်သွားပြီးနောက် ခင်သစ္စာထံက စကားသံထွက်ပေါ်လာသည် ။

" ဧကရာဇ်မောင်က ဥက္ကာမောင်နဲ့နန်းမိုမိုရဲ့သားဆိုတာ သေချာသွားပြီပေါ့ … သနားစရာကောင်းလိုက်တာ "

မြသီတာက ထပ်မံပြောပြလာခဲ့သည် ။ သူမအသံက ဝမ်းနည်းမှုအပြည့်နှင့်ပင် ။

" အဲ့ဒိအချိန်က ဆေးခန်းဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲမီးလောင်သွားတယ်  … ကျွန်မလဲ သွေးနုသားနုမိုမိုနဲ့ ကလေးလေးကိုခေါ်ပြီး ထွက်ပြေးလာခဲ့ရတယ် … အဲ့ဒိမတော်တစက ဒုစရိုက်ဂုဏ်းသားတွေ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာမှန်း သိခဲ့ရတယ် … တရားခံကိုတော့မဖမ်းမိဘူး … သူတို့ကမြမာလာရဲ့လူတွေဆိုတာ ခန့်မှန်းစရာမလိုဘူး …  မိုမိုကလေးမွေးတာကိုသိသွားပြီး မယားကြီးနေရာပြန်ရမှာဆိုးလို့လုပ်ကြံတာဖြစ်မယ် … အိမ်ပြနါလဲမလုံခြုံတော့  ကျွန်မတို့ခြေဦးတည့်ရာထွက်ပြေးပေမဲ့ မြမာလာလက်ကပြေးမလွတ်ခဲ့ဘူး … မိုမိုမွေးထားတဲ့ကလေးလေးကို မြမာလာတွေ့သွားပြီး ဥက္ကာမောင်ကိုထပ်ပြီးချည်နှောင်မှာဆိုးလို့ အားလုံးကို သတ်ဖို့ကြိုးစားခဲ့တယ် … အဲ့အချိန်တုန်းက ကျမညီမကိုလူစိတ်မဲ့အောင်ပြုစုပေးခဲ့မိလို့ ကျမကိုယ်ကျမပဲအပြစ်တင်နေမိတယ် … သူကကျမကိုအကြပ်ကိုင်ပြီး မိုမိုတို့သားအမိကို သတ်ပြစ်ဖို့ပါပြောလာတယ်  "

" ရှင် … ရှင် … သူတို့ကို သတ်လိုက်လား "

" ကျမဘယ်လိုသတ်ရက်မှာလဲ … အားလုံးအသက်ရှင်နိုင်ဖို့ ကျမအကြံမှားတစ်ခုပေးလိုက်မိတယ် … အဲ့ဒါက မိုမိုမိဘတွေက ပိုင်ဆိုင်မှုတွေအားလုံးကို မိုမိုနဲ့ကလေးကိုလွှဲအပ်ပေးခဲ့တာမလို့ ကလေးကိုအသက်ရှင်အောင်မွေးပြီး မိုမိုရဲ့ခွင့်ပြုလက်မှတ်ရရင် ပိုင်ဆိုင်ခွင့်ရမှာလို့ပြောလိုက်တယ် … ငွေမက်တဲ့သူတို့က အသက်ထက်ငွေကိုပိုလိုချင်ကြတော့ သေချာပေါက်အသက်ရှင်အောင်ထားမှာလို့ထင်ခဲ့တာ … ကျမ မြမာလာကိုလျော့တွက်ခဲ့မိတယ် "

" သူတို့ ဘာလုပ်လိုက်တာလဲ "

အားလုံးကစိုးရိမ်တကြီးနဲ့နားထောင်နေကြသည် ။

" ကျမတို့ကို အိမ်တော်ကိုပြန်ခေါ်သွားပြီး မိုမိုနဲ့သားလေးကို မြေအောက်ခန်းထဲမှာပိတ်ထားတယ် ဥက္ကာမောင်ကို ဘာဆေးနဲ့ချုပ်ထားလဲမသိ သူကမြမာလာစကားပဲနားထောင်တယ် ကျမက သားအမိနှစ်ယောက်အသက်ရှင်ရင်ပဲရပါပြီလို့တွေးပေမဲ့ မြမာလာက မိုမိုကို အကြပ်ကိုင်ပြီး လွှဲပြောင်းလက်မှတ်ထိုးခိုင်းတယ် မိုမိုကလဲ ခေါင်းမာစွာနဲ့မထိုးပေးဘူး "

သူမက ယခုသူမရောက်နေတဲ့အိမ်ကြီးကို တစ်ပတ်ကြည့်လိုက်ပြီး လှေကားအောက်ကအခန်းထံအကြည့်ရပ်သွားသည် ။ သူမက ထိုအခန်းအားညွှန်ပြလိုက်ပြီး …

" အဲ့ဒိအခန်းက ဧကရာဇ်မောင်လေး ၃ နှစ်လုံးလုံး သူ့အမေနဲ့အတူ ပိတ်လှောင်ခံထားရတဲ့အခန်းပဲ "

အားလုံးကလဲ တစ်ပြိုင်နက်လှည့်ကြည့်ကြသည် ။ သတိမထားမိလျှင် ထိုနေရာက နံရံနဲ့တစ်သားထည်းဖြစ်နေ၍ အခန်းတစ်ခုရှိတယ်လို့ပင်မထင်ရပေ ။ ခင်သစ္စာက အဲ့ဒိအခန်းထဲကို လိုက်ပြဖို့ပြောတော့ မြသီသာက ဦးဆောင်ကာ ခေါ်သွားပေးသည် ။ ဦးကုဌေကြွယ်လဲ ဒီအိမ်တော်မှာ နေတာကြာပြီဆိုပေမဲ့ ထိုအခန်းရှိမှန်းမသိပေ ။ ဦးလေးမြတ်က ဦးကုဌေကြွယ်ဝှီးချဲကိုတွန်းပေးကာ သူတို့ ၄ ယောက်အထဲကို ဝင်လာကြသည် ။

နှစ်အတော်ကြာပိတ်ထားတဲ့အခန်းက ဖုန်တွေတက်နေပြီး ပင့်ကုအိမ်များကပ်သွယ်နေသည် ။ အခန်းတွင်းမှာ သံလှောင်အိမ် ၂ ခုအပြင် ကုတင်အဟောင်းတစ်လုံးနဲ့ စားပွဲတစ်ခုသာရှိသည် ။ စားပွဲပေါ်မှာ ကလေးကစားစရာအရုပ်သေးသေးလေးတွေတင်ထားပြီး အားလုံးကလဲအိုဟောင်းကာပျက်စီးနေခြေပြီ ။

မြသီတာက သံလှောင်အိမ် ၂ ခုရှေ့မှာ ဒူးထောက်ထိုင်ချကာ ငိုလေတော့သည် ။ ဘာကြောင့်မှန်းမသိ အခန်းထဲဝင်လိုက်တာနဲ့ လွမ်းမောစရာအငွေ့အသက်ကိုရရှိနေပြီ အထီးကျန်ဆန်လွန်းလှသည် ။ မြသီတာက ငိုနေရင်းကနေပြောလာသည် ။

" မိုမိုနဲ့သားလေးကို မြမာလာက ဒီလှောင်အိမ်ထဲမှာ ဖမ်းချုပ်ထားခဲ့တာ ကျမသူတို့ကို အချိန်အတော်ကြာတဲ့ထိ မကယ်ပေးနိုင်ခဲ့ဘူး သူတို့ဘယ်လောက်တောင် ကြောက်နေရှာလိုက်မလဲ "

သူမပြောရင်းအော်ငိုပြန်သည် ။ ဒီလိုမှောင်မဲနေတဲ့ မြေအောက်ခန်းထဲမှာ သေးငယ်တဲ့ကလေးငယ်လေးတစ်ဦးအား လှောင်အိမ်ထဲမှာထည့်ထားတဲ့မြင်ကွင်းကို အားလုံးတွေမိကာ ဝမ်းနည်းနေကြသည် ။ ခင်သစ္စာက မနေနိုင်၍ ပြောလာသည် ။

" ကလေးငယ်လေးကို လှောင်အိမ်ထဲမှာ ထည့်ထားတာ ရက်စက်လွန်းတယ် သူ့အဖေကရော ဒါကိုမသိဘူးလား "

" ဥက္ကာမောင်က ဒါတွေမသိဘူး မြမာလာတစ်ယောက်ထည်း ချယ်လှယ်နေတာ သူမက မိုမိုပိုင်ဆိုင်သမျှအမွေတွေ သူမကိုလွှဲပေးရင် လွှတ်ပေးမယ်ဆိုပြီးချိန်ခြောက်နေတာ မိုမိုကလဲ ခေါင်းမာစွာနဲ့ မြေအောက်ခန်းထဲမှာပဲ သူ့သားလေးနဲ့နေဖို့ရွေးချယ်လိုက်တယ် မြမာလာက သူတို့ကိုတော့မသတ်ဘူး ဘာလို့ဆို သေသွားရင်ဘာမှမရတော့မှာကိုသိနေလို့ "

" ဒါဆို ရှင်ကိုရော "

" ကျွန်မကို သူသတ်ဖို့ကြိုးစားတယ် "

" ဘယ်လို ကိုယ့်အမရင်းကိုလေ "

" သူကလူစိတ်မရှိတော့ဘူး သူပေါင်းသင်းတဲ့လူတွေကလဲ ဒုစရိုက်သမားတွေ ကျွန်မကမသေပဲ ခနလောက်ဇာတ်မြှုတ်နေခဲ့တယ် မြေအောက်ခန်းထဲကမိုမိုတို့သားအမိကိုစောင့်ရှောက်ပေးရတဲ့လူကို ကျမလူအစားထိုးပြီး အဝေးကနေပဲ စောင့်ရှောက်ပေးနိုင်တယ် ၃ နှစ်ကြာတဲ့ထိပေါ့ "

သူမကထပ်မံငိုကြွေးပြန်သည် ။ အတိတ်ကအကြောင်းအရာတွေက လူကြမ်းကြီးနဲ့တူတဲ့သူမကိုပဲ ရှိုက်ငိုစေသည် ။

" ကျွန်မအစီအစဉ်တွေချပြီး မိုမိုတို့သားအမိကိုကယ်ဖို့ရောက်သွားတော့ ကလေးက အရိုးပေါ်အရေတင်နဲ့ တော်တော်လေးပိန်ပြီး ချို့တဲ့နေတယ် … မိခင်နို့အပြည့်အဝမစို့ခဲ့ရတော့ အားအင်လဲမရှိဘူး … ကျမကလေးကိုစတွေ့တော့ ကလေးကအရမ်းကြောက်ပြီး ငိုတောင်မငိုနိုင်ရှာပဲတုန်နေတာ … ကျမကသူတို့ကိုအစာပို့ရတဲ့အလုပ်လုပ်တဲ့ ကျမလူကိုမေးကြည့်တော့ နောက်ပိုင်းမြမာလာက သူတို့ကိုအစာဝအောင်မကြွေးဖို့ပြောထားတယ်တဲ့  … မြမာလာမရှိတဲ့အချိန်မှ သူတို့ကိုခိုးပြီး အစားတွေကြွေးရတယ်လို့ပြောတယ် … ပြီးတော့မိုမိုက လုံးဝကိုအရူးတစ်ယောက်လိုဖြစ်သွားပြီ … မိုမိုနဲ့သားလေးက လှောင်အိမ်တစ်ခုစီဆိုပေမဲ့ မိုမိုကသားလေးကိုကြည့်ပြီးစကားတွေပြောနေတာ … ကလေးလေးကနားမလည်ရှာပေမဲ့ သူ့အမေကိုတော့ငေးကြည့်နေတယ် … ကျမလေ အဲ့မြင်ကွင်းကို ခုထိမမေ့နိုင်သေးဘူး … အားလုံးကျမရဲ့အမှားတွေကြောင့် သူတို့အသက်ရှင်နေပေမဲ့ ခုလိုနာကျင်စရာကောင်းအောင်ရှင်သန်နေကြရတာ "

" အဲ့လောက်နှစ်တွေကြာတာတောင် ဥက္ကာမောင်ကမသိဘူးလား "

" အဲ့အချိန်မှာ ဥက္ကာမောင်က စီးပွားရေးထိုးကျနေတဲ့အချိန် စိတ်ဖိစီးပြီး ဆေးဆွဲသွားတယ်လို့ကြားတယ် သူ့ကျန်းမာရေးကလဲ ပုံမှန်မဟုတ်ဘူး အားလုံးကိုမြမာလာကပဲ ဦးစည်းနေတာ သူမက အရာအားလုံးကိုပိုင်ဆိုင်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားနေတာ ကျွန်မလဲ ဆက်ပြီး ကြည့်မနေနိုင်တော့တာနဲ့ မိုမိုတို့သားအမိကို ခိုးထုတ်မဲ့အစီစဉ်ကို စတင်ခဲ့တယ် ကျွန်မထင်သလိုဖြစ်မလာဘူး သူမဖမ်းမိသွားတယ် သူမနဲ့ပေါင်းတဲ့လူတစ်ယောက်လဲရှိသေးတယ် ကျွန်မအဲ့လူကိုမသိဘူး သူ့ပုံစံကလုံးဝလူကောင်းနဲ့မတူဘူး အဲ့လူကပဲ မိုမိုကို သတ်ပြစ်လိုက်တယ် ကျွန်မအရှေ့မှာပဲ ကျွန်မလက်ထဲကကိုင်ထားတဲ့ဓားနဲ့  "

သူမရဲ့စကားလုံးတွေကလေးလံနေပြီး သူမလက်ကိုစိုက်ကြည့်ကာ ရှိုက်ငိုနေသည် ။ ခင်သစ္စာပင် မျက်ရည်များထိန်းမရအောင်ကျလာခဲ့သည် ။ ဦးလေးမြတ်နှင့်ဦးလေးကြွယ်ပင် မျက်ဝန်းကမျက်ရည်တွေရစ်ဝိုင်းနေသည် ။ ဒီလောက်ဆိုးဝါးတဲ့အဖြစ်အပျက်မျိုး သူတို့ဘဝမှာ တစ်ကြိမ်တစ်ခါမှ မကြားဖူး၍ပင် ။ မြသီတာက ဆက်ပြောလာသည် ။

" မိုမိုသေသွားရင် ဥပဒေအရ အမွေတွေအားလုံး သားလေးရမှာဆိုတော့ သားလေးကိုမြမာလာကသူ့သားအဖြစ် မွေးစားလိုက်တယ် ကျွန်မကိုတော့ မိုမိုကိုသတ်တဲ့အမှုနဲ့ ထောင် ချခဲ့တယ် "

" ဒါဆို အမ ထောင် ၁၅ နှစ်ကျတာက စွတ်ဆွဲခံရတာကြောင့်ပေါ့ အမရှင်းမပြဘူးလား "

" ကျွန်မလိုလူက ရှင်းပြတော့ရော ဘာများအသုံးဝင်မှာလဲ ဓားကကျွန်မလက်ထဲမှာ မျက်မြင်သက်သေတွေကလဲ သူတို့ရဲ့လူတွေ​ြကီးပဲ ပြီးတော့ မြမာလာနဲ့အတူရှိနေတဲ့ အဲ့ဒိအမျိုးသားကလဲ နောက်ခံအင်အားတောင့်တယ်ထင်တယ် ကျွန်မဘယ်လိုမှသူတို့ထောင်ချောက်ကနေမလွတ်နိုင်ခဲ့ဘူး "

" ဒါဆိုဧကရာဇ်မောင်ကို မြမာလာအထောက်အထားတုတွေနဲ့ သားအရင်းလို့ပြုလုပ်ခဲ့တာပေါ့ "

" ဖြစ်နိုင်ပါတယ် ဒါမှသူမကစည်းစိမ်တွေကို ရမှာလေ ကလေးကဘာမှမသိရှာဘူး သူမကြိုးဆွဲရာကနေရရှာမှာ ပြီးတော့ငယ်ငယ်ကကျန်မာရေးချူချာပြီး လူနှိမ်လဲခံရတယ်လို့ကြားတယ် နှစ်အနည်းငယ်ကြာတော့ သတင်းကောင်းတစ်ခုကြားခဲ့တယ် သားလေးက ရန်ကုန်ကသူဌေးတစ်ဦးမွေးစားတာခံရတယ်ဆိုတဲ့သတင်း သူဌေးကြီးကချမ်းသာပြီးသဘောလဲကောင်းတယ် ပရဟိသတွေလဲအမြဲလုပ်တယ် အဲ့ဒါမှကျွန်မလဲ စိတ်အေးသွားခဲ့ရတယ်  သူဌေးကြီးကို တကယ်ကျေးဇူးတင်ပါတယ် "

သူမက ဦးလေးကြွယ်ကို ဦးညွှတ်ကာ ကျေးဇူးတင်စကားဆိုလိုက်သည် ။ အားလုံးကလဲ ဇာတ်လမ်းအကြောင်းအရာကိုသိပြီမို့ တရားခံကမြမာလာဆိုတာ သဘောပေါက်သွားသည် ။ ဧကရာဇ်မောင်ရဲ့စိတ်ပုံမှန်မဟုတ်တာလဲ သူမရဲ့ပရောဂမကင်းနိုင်ပေ ။ သူမလိုလောဘကြီးတဲ့လူက ဦးလေးကြွယ်လိုချမ်းသာတဲ့သူဌေးကြီးဆီကနေ လောဘမတတ်နိုင်ပဲ အကြောင်းပြချက်အမျိုးမျိုးပြကာ ငွေတွေတောင်းတဲ့အပြင် ချေငွေတွေအမြောက်အများချေးသုံးခဲ့သေးသည် ။ ဧကရာဇ်မောင်ကိုလဲ ကုမုဒြာအပေါ်အထင်အမြင်လွဲမှားအောင် မည်သို့မည်ပုံ အတွေးမှားတွေရိုက်သွင်းခဲ့မလဲ မတွေးဝံ့စရာပင် ။

သူတို့အခန်းအပြင်ပြန်ထွက်လာတော့ မြမာလာက အားလုံးရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည် ။ ရုတ်တရပ်မို့ အားလုံးလဲကြောင်သွားကာ ထခိုင်းဖို့လုပ်ပေမဲ့ သူမကပြောလာသည် ။

" နောက်ထပ်ဝင်ခံစရာတစ်ခု ရှိပါသေးတယ် "

ဒီတစ်ခါသူမမျက်နှာက ဝမ်းနည်းနေပုံမပေါ်တော့ပဲ ပြုံးရောင်သန်းနေသည်  ။

" အမသီတာပြောစရာရှိတာ အားမနာတမ်းပြောပါ "

" သခင်မလေးခင် ဒီတစ်ခါက ကျွန်မအပြစ်ကို ဝင်ခံချင်တာပါ "

သူမရဲ့ပုံစံက ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချထားပုံပေါ်၍ အားလုံးကသူမဘာပြောမလဲ နားထောင်ပေးဖို့ သဘောတူလိုက်သည် ။

" ကျွန်မထောင်ကထွက်လာပြီးပြီးချင်း သူတို့အကြောင်းတွေစုံစမ်းလိုက်တော့ ရန်ကုန်မှာပြောင်းနေပြီး သူဌေးကြီးရဲ့အကူအညီနဲ့ အဆင်ပြေနေတယ်လို့ကြားခဲ့ရတယ် ကျွန်မသေချာအောင်လာစစ်ဆေးတော့ ဧကရာဇ်မောင်ကလဲ သာမန်ကလေးတွေလိုပဲ အဆင့်မြင့်ကျောင်းမှာတက်နေတာကိုတွေ့ခဲ့ပြီး ကျွန်မစိတ်ချသွားတယ် ဒါပေမဲ့ မြမာလာကတော့ သူအပေါင်းအသင်းတွေနဲ့ ပိုက်ဆံကိုရေလိုဖြုန်းပြီး သူဌေးကြီးတို့မိသားစုအပေါ်ဂုတ်သွေးစုပ်နေတာကို ကျွန်မကိုယ်တိုင်မြင်တွေ့နေရတယ် သူဌေးကြီးကသဘောကောင်းသလောက် သူမလောဘကမတတ်နိုင်ဘူး ကျွန်မလဲ သူတို့နဲ့အဝေးမှာနေဖို့ဆုံးဖြတ်ပြီး ဒီမြို့ကိုပြန်လာခဲ့လိုက်တယ် နှစ်အနည်းငယ်ကြာတော့ သူဌေးကြီးမြေးနဲ့သခင်လေးတို့ လက်ထပ်လိုက်တဲ့သတင်းကြားပြီး ကျွန်မပျော်နေခဲ့တယ် ဒါပေမဲ့မြမာလာရှိနေသ၍တော့ ကျွန်မစိတ်မချနိုင်သေးဘူး ဧကရာဇ်မောင်တို့မိသားစုကိုဒုက္ခပေးမှာကြောက်တာနဲ့ ကျွန်မသူ့နောက်ကို တိတ်တစိတ်လိုက်ပြီး စောင့်ကြည့်ခဲ့တယ် အဲ့မှာကျွန်မသိလိုက်တာက သူကတရားမဝင်ဆေးတွေ ရောင်ဝယ်ရေးလုပ်တဲ့လူတစ်ချို့နဲ့ ပတ်သပ်ဆက်နွယ်နေပြီး ဧကရာဇ်မောင်ကိုလဲ ဥက္ကာမောင်တုန်းကလိုမျိုး သူမပြောသမျှယုံကြည်အောင် ထိန်းချုပ်ထားတာကို တွေ့လိုက်ရတယ် ကလေးကသူမဘာပြောပြောဘာခိုင်းခိုင်း အကုန်ယုံကြည်နေတာ သူမရဲ့ရည်ရွယ်ချက်က သူဌေးကြီးတို့မြေးအဖို့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့ဆိုတာ အသိသာကြီး အဲ့ဒါကြောင့်ကျွန်မ သူမကို ဒီလောကထဲကနေ အပျက်ရှင်းပြစ်ဖို့ဆုံးဖြတ်လိုက်တယ် "

အားလုံးကနားထောင်ရင်း အသက်ရှူကြပ်လာသည် ။ မြမာလာက မူးရစ်ဆေးရောင်းဝယ်သူတွေနဲ့ဆက်နွယ်နေသည့်အပြင် ဧကရာဇ်မောင်ကိုလဲ သူလိုရာပုံသွင်းထားသည် ။ ပြီးတော့ သူမတို့အပေါ်အရမ်းကောင်းတဲ့ မုဒြာတို့မြေးအဖိုးကိုပါ ထိခိုက်စေဖို့ရည်ရွယ်ထားသည် ။

" ဒါဆို ကားအက်စိဒန့်က "

" ဟုတ်ပါတယ် ကျွန်မ မြမာလာစီးတဲ့ကားကို ဘဒိတ်ဖောက်ခဲ့ပြီး မှောက်အောင်ကြံစည်ခဲ့တာပါ … အစကမြမာလာတစ်ယောက်ထည်းကိုရည်ရွယ်ပေမဲ့ အဲ့နေ့က ဥက္ကာမောင်ပါလိုက်သွားတော့ ၂ ယောက်လုံးပွဲချင်းပြီးသွားတယ် … သခင်လေးတို့စုံတွဲ အရှေ့မှာဖြစ်သွားတော့ သူတို့လဲအရမ်းလန့်သွားလောက်တယ် …  ရဲတွေစစ်ဆေးတော့ အမြန်လမ်းပေါ်ကနေမောင်းလာရလို့ လမ်းရဲ့အပူရှိန်ကြောင့် တာရာပေါက်ပြီး ကားမှောက်တာလို့ပဲ မှတ်တမ်းတင်ခဲ့ကြတယ် … ဒါကြောင့်လုပ်ကြံတာမှန်း ဘယ်သူမှမရိတ်မိခဲ့ကြတာ … ကျမသူတို့လိုမကောင်းတဲ့လူတွေကို ဖယ်ရှားနိုင်ခဲ့ပေမဲ့ ခုထိအပြစ်ရှိသလိုခံစားနေရတုန်းပဲ … ဒီအမှန်တရားကြီးကိုဝင်ခံပြီး ကျမအပြစ်တွေအတွက် ပြန်ပြီးပေးဆပ်ချင်တယ် "

သူမက ခင်သစ္စာထံကြည့်လိုက်ပြီး …

" ခု ခင်သစ္စာကအရာရှိဖြစ်နေပြီဆိုတော့ ဒီအမှုကိုကျမက လုပ်ကြံခဲ့တာမို့အပြစ်ကိုဝန်ခံပြီး အပြစ်ဒါဏ်ခံယူပါရစေ … ဒီတိုင်းအပြင်မှာအသက်ရှင်နေတော့လဲ ဘဝကြီးကအဓိပ္ပာယ်မဲ့နေသလိုပဲ … သခင်မလေးမိုမိုနဲ့သခင်လေးကိုမစောင့်ရှောက်နိုင်ခဲ့တဲ့ကျမ ဒီဘဝမှာပြန်ပြီးပေးစပ်ချင်တယ် "

အားလုံးကိုကြားသိပြီးနောက်မှာ လူတိုင်းသက်ပြင်းမောချလိုက်ကြသည် ။ ဦးလေးကြွယ်ပင် သူတို့ဘဝထက်ဆိုးဝါးခဲ့တဲ့ဘဝတွေကြောင့် ဘာမှပင်ဆက်မတွေးနိုင်တော့ပေ ။

" အမသီတာက ခုကို ၅၀ ကျော်နေပြီ … အပြစ်ခံယူရင် ထောင်ထဲမှာဘယ်လောက်ကြာကြာနေရဦးမလဲ မသိနိုင်ဘူး "

" ခုကျမရင်ထဲမှာသိမ်းစည်းထားတာတွေ ဖွင့်ချပြီးသွားပြီဆိုတော့ အရင်ကထက်နေလို့ကောင်းလာပြီ … အပြင်မှာနေနေတော့လဲ အသားတွေရောင်းပြီး မြမာလာနဲ့မခြားနားတဲ့ ဆိုးမိုက်တဲ့လူတစ်ယောက်လို ရှင်သန်နေရတာပဲလေ … ထောင်ထဲပြန်သွားပြီး သေဆုံးထဲထိအပြစ်ကြွေးတွေဆပ်တာက ကျမကိုအေးချမ်းစေလိမ့်မယ် "

" ကောင်းပါပြီ … နောက်ဆုံးအနေနဲ့ တောင်းဆိုစရာရှိသေးလား "

သူမက ခနမျှစဉ်းစားလိုက်ပြီး …

" ဖြစ်နိုင်ရင် ကျမမသွားခင် သခင်လေးဧကရာဇ်နဲ့ တစ်ခါလောက်တွေ့ချင်တယ် … သူဘယ်လိုမျိုးရှင်သန်နေလဲ သိချင်မိတယ် "

" ကောင်းပါပြီ … ကျမစီစဉ်ပေးမယ် "

…………………………………………………………………………………

To Be Continued …

အစည္းအေဝးပြဲၿပီး၍ မုျဒာျပန္လာေတာ့ ဧကရာဇ္ေမာင္ကားနဲ႕အတူ ျပန္လာၾကသည္ ။ တစ္လမ္းလုံးလဲ ဧကရာဇ္ေမာင္က မုျဒာကိုသာ ဂ႐ုတစ္စိုက္ၾကည့္ေနၿပီး အေနာက္မွာပါလာတဲ့ ကသစ္ပန္းကို သတိပင္မရေပ ။ မုျဒာမ်က္ႏွာက မအီမသာျဖစ္ေနေတာ့ သူကေမးလာသည္ ။

" အဆင္ေျပရဲ႕လား "

မုျဒာကားမွန္ကေနတစ္ဆင့္ ကသစ္ပန္းရဲ႕မ်က္ႏွာ မဲေမွာင္ေနပုံကိုျမင္လိုက္ရေတာ့ ေက်နပ္သြားသည္ ။ ဧကရာဇ္ေမာင္သူ႕ကိုဂ႐ုစိုက္လွ်င္ သူမမႀကိဳက္မွန္းသိေန၍ မုျဒာကပို၍ပင္ သူမမေက်မနပ္ျဖစ္ေနတာကို ျမင္ခ်င္လာသည္ ။ ဒါေၾကာင့္ သူ႕ရဲ႕လက္ကိုဆုတ္ကိုင္ထားတဲ့ ဧကရာဇ္ေမာင္ရဲ႕ လက္ကိုျပန္ဆုတ္ကိုင္လိုက္ၿပီး ညွင္သာစြာျဖင့္ေျပာလာသည္ ။

" ၾကမ္းၾကမ္းတမ္းတမ္းနမ္းထားေတာ့ ႏႈတ္ခမ္းေထြထုံေနၿပီ  ေနလို႔မေကာင္းဘူး  "

ဧကရာဇ္ေမာင္မွာ ျပာျပာသလဲျဖစ္သြားရသည္ ။

" ေနာက္တစ္ခါ ကိုယ္ညွင္သာပါ့မယ္ … ေနလို႔မေကာင္းရင္ ေဆး႐ုံကို ေခၚသြားေပးရမလား  "

" မလိုဘူး "

မုျဒာခ်က္ခ်င္းတားလိုက္သည္ ။ ေဆး႐ုံကိုသြားရင္ သူ႕ကိုယ္ဝန္အေၾကာင္းေပၚသြားနိုင္သည္ ။ ဒါကိုရိတ္မိသြားတဲ့ သစ္ပန္းက ထိုအေျခအေနမွာ သူ႕ရဲ႕ေဒါသကိုထိန္းၿပီး ျမႇောင့္ပင့္ကာ ဆိုလာသည္ ။

" ဟုတ္သားပဲ … ေဆး႐ုံသြားျပတာအေကာင္းဆုံးပဲ … သခင္ေလးမုျဒာရဲ႕က်န္းမာေရးကပိုအေရးႀကီးတယ္ေလ … အစစ္ေဆးခံရမွာေၾကာက္လို႔လားဟင္ "

သူမရဲ႕ေလသံက သံသယဝင္စရာေကာင္းေန၍ မုျဒာလွ်ို႔ဝွက္ခ်က္ကို သူမသိေနမွန္းရိတ္မိသြားသည္ ။ သူမလိုေျမေခြးက ရွာေဖြမယ္ဆို ကိုယ္ဝန္ကိစၥကလဲ ဖုံးကြယ္လို႔ရမဲ့အရာမဟုတ္ဘူး … ဒါဆိုဘာေၾကာင့္သူမက ဧကရာဇ္ေမာင္ကို တိုက္ရိုက္ဖြင့္မေျပာလိုက္တာလဲ ? မုျဒာက သူမသိေနမွေတာ့ ဒီကိစၥအေႏွးနဲ႕အျမန္ေပၚသြားမွာကိုႀကိဳေတြးမိသည္ ။ ယံယံနဲ႕ေဆြးေႏြးဖို႔လိုလာၿပီ ။

"  ငါေဆး႐ုံေတြကိုမသြားခ်င္ဘူး … ယံယံကိုပဲေခၚေပးလို႔ရမလား "

ဧကရာဇ္ေမာင္က ခုခ်ိန္မွာ သူ႕မ်က္လုံးထဲမုျဒာတစ္ေယာက္ထဲကိုသာျမင္ၿပီး မုျဒာဘာေျပာေျပာလက္ခံေပးသည္ ။

" ေကာင္းၿပီ …  ယံယံကိုပဲေခၚလိုက္မယ္ "

ထိုစဥ္ကားေရွ႕ခန္းထဲက ပစၥည့္ထည့္သည့္အိမ္ေလးထဲမွာ ရင္းနီးေနတဲ့ အျဖဴေရာင္ေဆးဘူးကိုျမင္သြားသည္ ။  သူထိုေဆးဘူးကို လွမ္းယူၿပီးၾကည့္လိုက္ေတာ့ သူေသခ်ာသိမ္းထားတဲ့ ေဆးဘူးျဖစ္ေနသည္ ။ သူကခ်က္ခ်င္းပဲ ဧကရာဇ္ေမာင္အား ေမးၾကည့္လိုက္သည္ ။

" ဒီေဆးကို ဘယ္ကရတာလဲ "

ကသစ္ပန္းက သူမလဲထားတဲ့ေဆးေတြကို မုျဒာသိသြားမွာေၾကာက္ၿပီး ဆိုးရိမ္သြားသည္ ။ ဧကရာဇ္ေမာင္ကလဲ အမွန္အတိုင္းေျပာလာသည္ ။

" အဲ့ဒါ မင္းကိုယ့္ကိုတိုက္ေနၾကေဆးေတြပဲေလ "

" ဒီေဆးဘူးကို အခန္းထဲမွာသိမ္းထားတာ … ဘယ္လိုျဖစ္ၿပီးဒီကိုေရာက္ေနတာလဲ … အိမ္ကေနယူလာတာလား "

" အဲ့ဒါကို မင္းပဲကသစ္ပန္းကို ေပးခိုင္းခဲ့တာမဟုတ္ဘူးလား "

မုျဒာကေဆးဘူးကိုလွပ္ၿပီးၾကည့္လိုက္ေတာ့ ေဆးအေရအတြက္က သူထားထားတာထက္မ်ားေနသည္ ။ ဒါ့အျပင္ ေဆးကအေရာင္တူေပမဲ့ အနံ႕ကျခားနားေန၍ မုျဒာတစ္ျပားယူၿပီးထုတ္ၾကည့္လိုက္သည္ ။ အေနာက္က ကသစ္ပန္းက သူမလုပ္တာကိုရိတ္မိမည္ဆိုး၍ ဝင္ေျပာလာသည္ ။

" သခင္ေလးမုျဒာက ေမ့ေနၿပီထင္တယ္ … သခင္ေလးကိုယ္တိုင္ ကသစ္ကိုေဆးဘူးေပးၿပီး ေမာင့္ကိုတိုက္ဖို႔ေျပာခဲ့တာေလ "

မုျဒာသူမကို မေပးခဲ့မွန္း သိေပမဲ့ သူမကအတိအက်လိမ္ညာေနပုံေထာက္ရင္ ကသစ္ပန္းက သူ႕ရဲ႕လွ်ို႔ဝွက္ခ်က္တစ္ခုခုကို သိသြားမွန္းပို၍ေသခ်ာသြားသည္ ။ ဒါေၾကာင့္ သူကဆက္မေျပာေတာ့ပဲ ေဆးဘူးကိုသာ ျပန္ယူခဲ့လိုက္သည္ ။

အိမ္ေတာ္ေရာက္ၿပီး ခနအၾကာမွာ ယံယံေရာက္လာသည္ ။ မေန႕ကဧကရာဇ္ေမာင္ကိုလာၾကည့္ေပးရၿပီး ဒီေန႕မုျဒာျဖစ္ေနေတာ့ ယံယံမွာလဲ အေတာ္ေလးပူပန္သြားသည္ ။ ေရာက္လာေတာ့မွ မုျဒာအေျခအေနကေကာင္းေန၍ စိတ္ေအးနိုင္ေတာ့သည္။

" မင္းေခါင္းမူးၿပီး အားနည္းေနယုံပဲဆိုတာ ေသခ်ာလား "

" ေသခ်ာတယ္ "

" ဒီေလာက္ေလးျဖစ္ယုံနဲ႕ မင္းငါ့ကိုမေခၚေလာက္ပါဘူး … ေျပာ ဘာအေရးႀကီးကိစၥရွိလို႔လဲ "

မုျဒာက သူယူလာတဲ့ေဆးဘူးကို ယံယံအားျပလိုက္သည္ ။ ယံယံက ဘူးကိုေသခ်ာၾကည့္လိုက္ၿပီး …

" ဒါကငါမင္းကို ဧကရာဇ္ေမာင္ကိုတိုက္ဖို႔ေပးထားတဲ့အားေဆးပဲ … ဘာျဖစ္လို႔လဲ "

" ဘူးကမွန္တယ္ အထဲကေဆးေတြကမွားေနတာ … ဖြင့္ၾကည့္လိုက္ "

ယံယံက ဘူးကိုဖြင့္ၿပီးၾကည့္လိုက္ေတာ့ အနံ႕နဲ႕တင္ သူေပးတဲ့ေဆးမဟုတ္မွန္းသိသြားသည္ ။ ေဆးတစ္ျပားကိုယူၾကည့္လိုက္ေတာ့ အ႐ြယ္အစားနဲ႕အေရာင္တူေပမဲ့ ေဆးအရသာနဲ႕အာနိတင္က ထူးဆန္းေနသည္ ။ ၾကာၾကာၾကည့္ေလ ေဆးေကာင္းမဟုတ္ပဲ မူးရစ္ေဆးတစ္မ်ိဳးဆိုတာ သိသာေန၍ ယံယံကအလန႔္တၾကားေမးလိုက္သည္ ။

" ဒီေဆးကို ဘယ္ကရတာလဲ "

" ေမာင့္ကို ကသစ္ပန္းကေပးထားတာ "

" ဧကရာဇ္ေမာင္ ဒီေဆးေသာက္မွန္း သူကဘယ္လိုသိသြားတာလဲ "

" ငါ့အခန္းထဲဝင္ေမႊရင္း ေတြ႕သြားတာေနမွာေပါ့ … သူကဂ်ပိဳးလိုပဲ ပုန္းလွ်ိုးဝွက္လွ်ိုးလုပ္တဲ့ေနရာမွာႂကြမ္းက်င္တယ္ "

" ဒါဆို ငါဒီေဆးကိုစစ္ေဆးဖို႔ ယူသြားၾကည့္လိုက္မယ္ … အေျဖရရင္ေျပာမယ္ "

" အင္း … ေကာင္းၿပီ "

" ငါ့ကိုေခၚတာ ဒီကိစၥအတြက္ပဲလား "

အစက ကိုယ္ဝန္ကိစၥကိုပါေဆြးေႏြးခ်င္ေပမဲ့ လက္ေတြ႕မွာ မုျဒာေျပာမထြက္ေပ ။ သူျပန္ေရာက္ေတာ့ စစ္ၾကည့္လိုက္တဲ့အခါ ကသစ္ပန္းက သူ႕ရဲ႕ေဆးစစ္ထားတဲ့မွတ္တမ္းေတြကိုပါ ယူသြားသည္ ။ သိမ္းထားတဲ့ေနရာမွာ ဘာမွမရွိေတာ့ေပ ။ ယံယံက မုျဒာတိတ္ဆိတ္ေန၍ နားခ်င္ေနတာေၾကာင့္ဟုထင္ၿပီး အလိုက္သိစြာျဖင့္ ႏႈတ္ဆက္ကာထြက္သြားသည္ ။

ခနၾကာေတာ့ အခန္းတံခါးဖြင့္သံနဲ႕အတူ ကသစ္ပန္းဝင္လာသည္ ။ သူမကယုတ္မာတဲ့အၾကည့္နဲ႕ၾကည့္ေနၿပီး မုျဒာထံေလွ်ာက္လာသည္ ။ သူမကလက္ပိုက္ထားလွ်က္ ေမာက္မာတဲ့အၾကည့္နဲ႕ မုျဒာအားၾကည့္ေနၿပီးေနာင္ တစ္ေျဖးေျဖး မုျဒာဗိုက္ထံအၾကည့္ေရာက္သြားသည္ ။

" စိတ္ဝင္စားစရာပဲ … ဗိုက္ႀကီးေနတာေတာင္ ကိုယ့္ေယာက္်ားကို ဖြင့္မေျပာရဲေလာက္တဲထိ ဘာေတြကိုေၾကာက္ေနတာလဲ ကုမုျဒာ "

သူမလိုေကာက္က်စ္တဲ့လူက ခုလိုခ်ိန္ေျခာက္တဲ့အၾကည့္နဲ႕ၾကည့္လာေတာ့ မုျဒာရင္ေသြးေလးကိုထိခိုက္ေအာင္လုပ္လာမွာေၾကာက္၍ လက္ျဖင့္ဗိုက္ကိုကာလိုက္သည္ ။

" မင္း ဘာေျပာခ်င္တာလဲ ကသစ္ပန္း "

" နင္ဗိုက္ႀကီးေနတာကို ငါေမာင့္ကိုသြားေျပာရင္ သူဘာလုပ္မယ္ထင္လဲ "

" ငါဂ႐ုမစိုက္ဘူး … မင္းဘာသာေျပာခ်င္ေျပာ မေျပာခ်င္ေန "

" သခင္ေလးမုျဒာက တကယ္ပဲဂ႐ုမစိုက္ဖူးေပါ့ေလ … ဒါဆိုေမာင္က နင္နဲ႕လမ္းခြဲၿပီးရင္ ငါနဲ႕လက္ထပ္မယ္ဆိုရင္ေရာ "

သူမရဲ႕စကားေတြက ရယ္စရာေကာင္းေနေပမဲ့ သူမက မုျဒာစိတ္တိုေအာင္တမင္တကာစြေနျခင္းပင္ ။ မုျဒာစိတ္တိုၿပီးတစ္ခုခုထလုပ္ရင္ သူမကမေတာ္တစျဖစ္ဟန္ေဆာင္ၿပီး တစ္နည္းနည္းနဲ႕ဒုကၡေရာက္ေအာင္လုပ္လိမ့္မည္ ။ မုျဒာက ခုခ်ိန္မွာ သူကာကြယ္ေပးရမဲ့ရင္ေသြးေလးရွိေန၍ သူမေျပာသမွ်ကို သည္းခံေနရသည္ ။

" မင္းတို႔ဘာသာ လက္ထပ္ထပ္မထပ္ထပ္ စိတ္မဝင္စားဘူး  "

" ဘာေၾကာင့္လဲ နင္ေမာင့္ကို ခ်စ္ေနေသးတယ္မဟုတ္ဘူးလား "

" ဒါကဘာအေရးႀကီးလို႔လဲ မင္းၾကားခ်င္တာက ငါကေဒါသထြက္ၿပီး ေမာင္ကငါ့ကိုပဲခ်စ္တာ မင္းကိုမခ်စ္ဘူးဆိုၿပီး ေအာ္ေစခ်င္တာလား "

သူမက ကုမုျဒာအေပၚအနိုင္လိုခ်င္စိတ္တစ္ခုတည္းသာရွိေနၿပီး ကုမုျဒာတန္ဖိုးမထားေတာ့တဲ့အရာကို စိတ္မဝင္စားေတာ့ေပ ။ ခုသူမက ကုမုျဒာကာကြယ္ခ်င္ေနတဲ့ ရင္ေသြးေလးကိုသာ ပိုစိတ္ဝင္စားေနသည္ ။

" နင္က ငါတို႔ဘာျဖစ္ျဖစ္ ဂ႐ုမစိုက္ေတာ့ဘူးေပါ့ဟုတ္လား … ဒါေပမဲ့ နင့္ရင္ေသြးကိုေတာ့ ေတာ္ေတာ္ေလးဂ႐ုစိုက္ပုံပဲ "

သူမကပုံမွန္မဟုတ္၍ မုျဒာစကားဆက္မေျပာခ်င္ေတာ့ေပ ။ မုျဒာကုတင္ေပၚကေနထၿပီး အခန္းထဲကေန ထြက္ဖို႔ျပင္ေတာ့ ကသစ္ပန္းက သူ႕လက္ကို လွမ္းဆြဲထားသည္ ။

" ငါလိုခ်င္တာက ေမာင္တစ္ေယာက္ထည္းကိုမဟုတ္ဘူး ပ်က္စီးၿပီးဘဝပ်က္သြားမဲ့နင့္ရဲ႕ပုံစံကိုပဲ ဒီကေလးကို နင္မေမြးနိုင္ေအာင္ ငါလုပ္ျပမယ္ "

မုျဒာက သူမရဲ႕အားျပင္းျပင္နဲ႕လႊဲခ်လာတဲ့လက္ကို ဖမ္းကိုင္လိုက္သည္ ။ သူသာမတားစီးရင္ ထိုအားက သူ႕ကိုၾကမ္းျပင္ေပၚလဲက်သြားေစနိုင္သည္ ။ ဒီအခ်ိန္မွာ မုျဒာကအားနည္းေနတာမို႔ သူမကိုအၾကာႀကီးမထိန္းနိုင္၍ တြန္းထုတ္ကာ အခန္းထဲကေနေျပးထြက္သြားသည္ ။ အခန္းတံခါးဖြင့္လိုက္ေတာ့ နို႔ခြက္ကိုကိုင္ထားတဲ့ ဧကရာဇ္ေမာင္ ရပ္ေနတာကို ေတြ႕လိုက္ရသည္ ။ မုျဒာက ဧကရာဇ္ေမာင္အား တစ္ခ်က္ပင္ၾကည့္လိုက္ၿပီး အႏၲရာယ္မ်ားတဲ့ ထိုေနရာကေနအျမန္ထြက္သြားေလသည္ ။

မုျဒာတြန္းလိုက္၍ လဲက်သြားတဲ့ကသစ္ပန္းရဲ႕မ်က္ႏွာက ခ်က္ခ်င္းေျပာင္းလဲသြားကာ ဧကရာဇ္ထံေလွ်ာက္လာၿပီး လက္ကိုလွမ္းကိုင္လိုက္သည္ ။

" ကသစ္က သခင္ေလးေနမေကာင္းျဖစ္ေနလို႔လာေမးတာ … အဲ့ဒါကို သခင္ေလးက ကသစ္ကိုစိတ္ဆိုးၿပီး … "

ဧကရာဇ္ေမာင္က သူမရဲ႕စကားကိုနားမေထာင္ပဲ သူ႕လက္ကိုလာကိုင္တဲ့ သူမရဲ႕လက္ကိုပုတ္ထုတ္ကာ မုျဒာအေနာက္ ေျပးလိုက္သြားေလေတာ့သည္ ။

*

*

*

တစ္ဖက္တြင္ေတာ့ ……

ဦးေလးျမတ္က ထုံးဆန္အတိုင္း သခင္ႀကီးကိုျပဳစုေပးၿပီးေနာက္ ၿခံဝန္းထဲမွာ အနည္းငယ္ရွည္ေနၿပီျဖစ္တဲ့ ေပါင္းပင္ေတြကို  ရွင္းလင္းေနသည္ ။

သခင္ႀကီးကို ေစာင့္ေရွာက္ေပးေနခဲ့တာ တစ္လေလာက္ရွိခဲ့ၿပီျဖစ္သလို သခင္ႀကီးဟာလဲ အရင္ကေလာက္ အားအင္မျပည့္ဝနိုင္ေတာ့၍ လမ္းပင္မေလွ်ာက္နိုင္ေတာ့ပဲ ဝွီးခ်ဲေပၚမွာထိုင္ကာ သြားလာေနရသည္ ။

ထိုစဥ္ ၿခံဝင္းအတြင္း ကားတစ္စီးဝင္လာကာ ခင္သစၥာေရာက္လာသည္ ။ သူမကစုံစမ္းခိုင္ထားသမွ်အားလုံးကို အတတ္နိုင္ဆုံး ရွာေဖြစုေဆာင္းေနျခင္းေၾကာင့္ အခ်ိန္အနည္းငယ္ၾကာျမင့္သြားျခင္းျဖစ္သည္ ။ တစ္ခ်ိဳ႕အမႈကိစၥေလးေတြ ေျဖရွင္းေနရတာလဲပါသည္ ။

သူမအိမ္ေတာ္ထဲေရာက္လာေတာ့ သခင္ႀကီးရဲ႕ပုံစံကိုျမင္ၿပီး စိတ္မေကာင္းျဖစ္သြားသည္ ။ သူမေနာက္ဆုံးေတြ႕ခဲ့တဲ့အခ်ိန္ကထက္ သခင္ႀကီးကအားအင္ကုန္ခန္းလာကာ သူမသိခဲ့တဲ့ ဦးေလးႂကြယ္ႏွင့္ပင္မတူေတာ့ေပ ။ လူတစ္ေယာက္ရဲ႕ ေနာက္ဆုံးအခ်ိန္သို႔ ေရာက္ရွိေနသလိုပင္ ။

" ၾကာသြားတဲ့အတြက္ေတာင္းပန္ပါတယ္ ဦးေလးႂကြယ္ "

" ရပါတယ္ … သမီးေလးခင္မွာလဲ တစ္ျခားကိစၥေတြရွိေနမွာပဲေလ … ဦးေလးကသာ ဒုကၡေပးမိေနလို႔ အားနာေနတာ "

" မဟုတ္တာ … ခင့္အတြက္ ဒါကဒုကၡမဟုတ္ပါဘူး … သားေလးမုျဒာေကာင္းဖို႔အတြက္ပဲေလ … ဒါေပမဲ့ ဥကၠာေမာင္ရဲ႕မိသားစုက မရိုးရွင္းဘူး … က်မစုံစမ္းေလပိုၿပီးထူးျခားလာေလပဲ "

" သူတို႔က သာမန္မိသားစုတစ္ခုပဲ မဟုတ္လား … ဘာေတြကထူးျခားေနတာလဲ "

" အရင္ဆုံး ျမမာလာရဲ႕ အေၾကာင္းကိုေျပာျပပါရေစ … သူမကဟိုးအရင္အရက္ဘားတစ္ခုမွအေပ်ာ္မယ္လုပ္ဖူးတယ္ … အဲ့အလုပ္ကထြက္ၿပီး သူမဥကၠာေမာင္နဲ႕လက္ထပ္ခဲ့တယ္ … သူမကေလာင္းကစားလုပ္တဲ့အတြက္ ဥကၠာေမာင္ရဲ႕ပိုင္ဆိုင္မႈတစ္ခ်ိဳ႕ဆုံးရႈံးသြားခဲ့ရတယ္ … သူတို႔စီးပြားေရးက်ေနတဲ့အခ်ိန္ ဦးေလးရဲ႕အကူအညီေၾကာင့္ ျပန္ၿပီးနလန္ထူလာနိုင္ခဲ့တာ "

အဖိုးႂကြယ္က ျမမာလာေလာင္းကစားလုပ္တတ္မွန္းသိလိုက္ရေတာ့ အံ့ဩတုန္လႈပ္သြားသည္ ။ သူမရဲ႕အျပဳအမူအေျပာအဆိုေတြေၾကာင့္ လိမ္မာတဲ့အိမ္ရွင္မေကာင္းတစ္ေယာက္ဟုထင္ကာ သမီးေလးတစ္ေယာက္လိုပင္သေဘာထားခဲ့ေသးသည္ ။

ထိုအခ်ိန္တုန္းက အဖိုးႂကြယ္ဟာ ေျမးေလးစိတ္ခ်မ္းသာဖို႔အတြက္ ဧကရာဇ္ေမာင္ကိုရဖို႔ သူ႕မိဘေတြေတာင္းသမွ်ေပးခဲ့ၿပီး သူတို႔သားကိုလဲ ထက္ျမတ္တဲ့လူေတာ္တစ္ေယာက္ျဖစ္လာေအာင္ ပ်ိဳးေထာင္ေပးခဲ့သည္ ။ သို႔ေပမဲ့ သာမန္လုပ္ငန္းရွင္မိသားစုတစ္ခုကလြဲ၍ သူတို႔မိသားစုအေၾကာင္း ဘာတစ္ခုမွမသိခဲ့ေပ ။

မုျဒာေလး ဧကရာဇ္ေမာင္ကို ရန္ကုန္ေခၚလာဖို႔အတြက္ အပူကပ္ေနတုန္းက အဖိုးႂကြယ္ဟာ ဧကရာဇ္မိဘေတြထံ ခြင့္ေတာင္းၾကည့္သည္ ။ သူတို႔က တင္ေနတဲ့အေႂကြးေတြကို ဆပ္ေပးလွ်င္ သူတို႔သားေလးကို အပိုင္ေပးမည္ဟုပင္ ေျပာလာသည္ ။ ဒါကကိုယ့္ကေလးကို ေရာင္းစားတာနဲ႕မတူေနဘူးလား ။ ဒါေပမဲ့ သူတို႔မိသားစုကခက္ခဲေန၍ ကိုယ့္သားသမီးေရွ႕ေရးအတြက္ စဥ္းစားၿပီး ေမြးစားဖို႔ေပးသည္ဟုသာထင္လိုက္သည္ ။

ဦးေလးႂကြယ္က မိဘခ်င္းကိုယ္ခ်င္းစာ၍ အပိုင္မယူပဲ မိဘေတြနဲ႕ အခ်ိန္မေ႐ြး ေတြ႕ဆုံခြင့္ေပးကာ ကေလးရဲ႕ေရွ႕ေရးအတြက္ တာဝန္ယူမည္ဟု ကတိေပခဲ့သည္ ။ သူမကငိုယိုၿပီးေက်းဇူးတင္စကားဆို၍ ဦးေလးျမတ္ကသူမကိုသနားမိခဲ့ေသးသည္ ။

ဒီေလာက္နဲ႕မၿပီးေသးေပ ။ ဧကရာဇ္ေမာင္ကအိမ္ေတာ္မွာေနရတာမေပ်ာ္ေတာ့ သူ႕မိခင္ကပါေခၚထားေပးၿပီး ရန္ကုန္မွာတစ္မိသားစုလုံးကို အေျခခ်ခြင့္ေပးထားသည္ ။ ေျမးေလးအနားကထြက္မသြားဖို႔အေရး သူတို႔ေတာင္းဆိုသမွ်လိုက္ေရာေပးသည္ ။ ေဒဝါလီခံလုနီးနီး စီးပြားေရးလုပ္ငန္းကိုလဲ အဖိုးႂကြယ္က ရွယ္ယာအေျမာက္အမ်ားထည့္ကာ ဆက္ၿပီးရပ္တည္နိုင္ေအာင္ကူညီေပးခဲ့ရသည္ ။

သူမက ေယာက္်ားရဲ႕က်န္းမာေရးကိုအေၾကာင္းျပၿပီး ေခ်းေငြေတြပါထုတ္ေခ်းခဲ့သည္ ။ ျမတ္ေမာင္ကသတိေပးတာေတာင္မွ ဦးေလးႂကြယ္နားမေထာင္ပဲ ေျမးေလးေပ်ာ္ဖို႔ ဧကရာဇ္ေမာင္တို႔ကို လိုေလေသးမရွိထားသည္ ။ ႐ုတ္တရပ္ဧကရာဇ္ေမာင္ ကေနဒါကိုပညာေတာ္သင္ ထြက္သြားတုန္းက အဖိုးႂကြယ္ကပဲ ေနစရိတ္စားစရိတ္ေက်ာင္းလခ အားလုံးစိုက္ထုတ္ေပးထားသည့္အျပင္ အရည္အခ်င္းျပည့္ဝစြာပညာသင္နိုင္ေအာင္ကူညီေပးသည္ ။

အဲ့ဒိေနာက္ရွယ္ယာေငြေတြထိုးက်ကာ ေဒဝါလီခံရေတာ့မဲ့ ဧကရာဇ္ေမာင္မိဘေတြရဲ႕လုပ္ငန္းကိုလဲ ေငြစိုက္ထုတ္ၿပီးေျဖရွင္းေပးကာ ယာယီထိန္းသိမ္းေပးထားခဲ့သည္ ။  ဒီေလာက္အမ်ားႀကီး ကူညီေပးခဲ့တာေတာင္မွ ဧကရာဇ္ေမာင္ျပန္ေရာက္လာေတာ့ အခ်ိဳးေျပာင္းသြားကာ အရင္ကနဲ႕မတူေတာ့ပဲ ေအးဆက္သြားသည္ ။ သူ႕မိဘေတြနဲ႕မ်ား ပတ္သပ္ေနမလား …

ထိုစဥ္ ခင္သစၥာက သူမ စုံစမ္းရသမွ်အခ်က္အလက္ေတြကို ေျပာျပလာခဲ့သည္ ။

" တကယ္ေတာ့ သူေဌးႀကီးဥကၠာေမာင္မွာ နန္းမိုမိုဆိုတဲ့ မိတ္ဖက္အိုမီဂါတစ္ေယာက္ရွိခဲ့ဖူးတယ္ … သူမကအဆင့္ျမင့္အိုမီဂါျဖစ္တဲ့အျပင္ ခ်မ္းသာႂကြယ္ဝမႈေတြကအမ်ားႀကီးပဲ … ဒီၿခံနဲ႕ေျမအျပင္ ကုမၸဏီရဲ႕ ရွယ္ယာအားလုံးကသူမပိုင္ဆိုင္တာေတြႀကီးပဲ  … ဒါကိုအိမ္ေထာင္ဦးစီးျဖစ္တဲ့ ဥကၠာေမာင္က လက္လႊဲရယူထားတာ … ထူးဆန္းတာက လက္ထပ္ၿပီး ၃ ႏွစ္အၾကာမွာသူမေျပာက္သြားတယ္လို႔သိခဲ့ရတယ္ … သူမရဲ႕အေၾကာင္းေတြကို သိတဲ့လူလဲ ဘယ္သူမွမရွိၾကေတာ့ဘူး … သူမရဲ႕မိဘေမာင္ႏွမေတြလဲ တစ္ေယာက္မွမရွိၾကေတာ့ဘူး … ၿပီးေတာ့ ဥကၠာေမာင္က ျမမာလာနဲ႕လက္ထပ္ခဲ့တယ္ "

" ဒါဆို ဧကရာဇ္ေမာင္က ဘယ္သူ႕ရဲ႕သားလဲ … ဥကၠာေမာင္နဲ႕နန္းမိုမိုရဲ႕သားလား ျမမာလာရဲ႕သားလား … နန္းမိုမိုရဲ႕သားဆို ျမမာလာနဲ႕ ေသြးသားမေတာ္စပ္ဘူးေပါ့  "

"  ျမမာလာဆီမွာ ဧကရာဇ္ေမာင္က သူမနဲ႕ဥကၠာေမာင္ကေနရလာတဲ့ ရင္ေသြးျဖစ္ေၾကာင္း အေထာက္အထားအစုံရွိေနတယ္  … ဒါေပမဲ့အားလုံးကအတုေတြ … ဒါေၾကာင့္ နန္းမိုမိုရဲ႕သားျဖစ္ဖို႔မ်ားပါတယ္  "

စဥ္းစားၾကည့္မွ ဧကရာဇ္ေမာင္ရဲ႕ ဖယ္ရိုမုန္းက အဆင့္အတန္းျမင့္ကာ ဉာဏ္ရည္က သာမန္ထက္ ထက္ျမတ္ေနတာကို သတိရသြားသည္ ။ ျမမာလာက အဆင့္နိမ့္အိုမီဂါတစ္ေယာက္ဆိုတာ ၾကည့္ယုံနဲ႕သိနိုင္သည္ ။ သူမဘယ္ေလာက္တန္ဖိုးႀကီးတဲ့ရတနာေတြဆင္ျမန္းထားပါေစ အဆင့္နိမ့္အိုမီဂါဆိုတဲ့အမွန္တရားကိုေတာ့ မဖုံးကြယ္နိုင္ေပ ။ သူမက မိေထြးျဖစ္ေနလို႔ ဧကရာဇ္ေမာင္ကို သားအျဖစ္သေဘာမထားပဲ ပစၥည္းတစ္ခုလို အလြယ္ေရာင္းျပစ္နိုင္တာ အံ့ဩစရာေတာ့မရွိေပ ။

" ဧကရာဇ္ေမာင္ေနခဲ့တဲ့ေက်ာင္းကို စုံစမ္းၾကည့္ေတာ့လဲ သူ႕ကိုလူတိုင္းက ႏွိမ္ၿပီးေတာ့ ဆက္ဆံၾကတယ္တဲ့ … ျမမာလာက ကေလးကိုမကာကြယ္ပဲ ကေလးကိုအၿမဲႏွိပ္ဆက္ၿပီး စိတ္ဒါဏ္ရာရေအာင္လုပ္ခဲ့တဲ့ပုံပဲ …  သူ႕ကိုယ္ေပၚမွာလဲ အၿမဲရိုက္ႏွက္ခံရတဲ့ဒါဏ္ရာေတြႀကီး ရွိေနတတ္တယ္လို႔ ဆရာေတြကေျပာတယ္  … ဘယ္လိုေၾကာင့္မ်ား ခေလးတစ္ေယာက္ကို လူသားခ်င္းမစာနာနိုင္ရက္တာလဲ "

ထိုအေၾကာင္းေျပာေနခ်ိန္မွာ ခင္သစၥာကိုယ္တိုင္လဲ ေဒါသထြက္ေနသည္ ။ သူမကသားသမီးေတြအေပၚ အရမ္းဂ႐ုစိုက္ကာ ခ်စ္ရာေလးပင္အထင္မခံနိုင္ေအာင္ ဂ႐ုစိုက္သူပင္ ။ ဒီသတင္းေတြၾကားေတာ့ သူမမယုံၾကည္နိုင္ျဖစ္ခဲ့ေသးသည္ ။

အဖိုးႂကြယ္ကလဲ နားထင္ကိုလက္ျဖင့္ဖိႏွိပ္လွ်က္ နားမလည္နိုင္ျဖစ္ေနသည္ ။

" ကေလးကိုရိုက္တယ္ … ဘယ္လိုရက္စက္တဲ့လူေတြလဲ … ငါ့အေရွ႕မွာေတာ့ မိခင္ျဖစ္သူက ဧကရာဇ္ေလးကို အေတာ္ေလးဂ႐ုစိုက္တဲ့ပုံပါပဲ … သူတို႔သားအမိေတြက အရမ္းသံေယာဇင္သြယ္တာတယ္လို႔ထင္ခဲ့တာ … ဘယ္လိုျဖစ္လို႔လြဲမွားေနတာလဲ  "

"  ခင္ထင္တာေတာ့ ကေလးကိုသူ႕အေပၚယုံၾကည္လာေအာင္ တစ္ဖက္လက္နဲ႕လုပ္ယူခဲ့ပုံပဲ …  ဧကရာဇ္ေမာင္က သူ႕အေမကိုအရမ္းခ်စ္ပုံေထာက္ရင္ သူ႕ကိုႏွိပ္ဆက္တာက သူမကိုယ္တိုင္ေတာ့မျဖစ္နိုင္ဘူး … သူမကမိေထြးဆိုတာေတာင္ ဧကရာဇ္ေမာင္ကမသိေလာက္ဘူး … သူမကဟန္ေဆာင္လိမ္ညာတဲ့ေနရာ တစ္ထဖက္ကမ္းခပ္ကို ေတာ္လြန္းတဲ့ပုံပဲ "

" ျမမာလာမွာေရာ ေဆြမ်ိဳးေတြရွိလား "

" သူမအေၾကာင္းကိုေတာ့ ဘယ္သူမွမသိၾကဘူး "

ခင္သစၥာက သူမအၾကာႀကီးစုံစမ္းလာခဲ့ေပမဲ့ ျမမာလာကအလြန္လွ်ို႔ဝွက္လြန္းသူမို႔ တိတိက်က်ဘာတစ္ခုမွမသိရေပ ။  ထိုစဥ္သူတို႔ ၿခံေရွ႕က အေစာင့္ေတြရဲ႕ဆူညံသံထြက္ေပၚလာသည္ ။

" အထဲကိုဝင္ခြင့္မရွိပါဘူး "

" က်မသခင္ႀကီးနဲ႕ေတြ႕ခ်င္တယ္ … ကြၽန္မေတြ႕ရမွျဖစ္မွာ "

" သခင္ႀကီးက ေနမေကာင္းလို႔ ဘယ္သူ႕ကိုမွအေတြ႕မခံပါဘူး "

" က်မကို ေတြ႕ခြင့္ေပးပါ "

" မရပါဘူး … ဝင္ခြင့္မရွိပါဘူး "

ဆူညံသံေတြအျပင္ ႐ုန္ရင္းခပ္သံေတြပါၾကားလာရ၍ ဦးေလးျမတ္က အျပင္ေျပးထြက္ကာ အေျခအေနကိုၾကည့္ၿပီးေနာက္ ျပန္ဝင္လာကာ ေျပာျပလာသည္ ။

" အျပင္မွာ အမ်ိဳးသမီးတစ္ေယာက္ ျပႆနာလာရွာေနတယ္ … သူ႕ပုံစံကၾကမ္းတမ္းမဲ့ပုံပဲ … ရဲေခၚၿပီးေမာင္းထုတ္လိုက္ရမလား "

ခင္သစၥာလဲရွိေနေတာ့ အဖိုးက ေမာင္းမထုတ္ပဲ ဝင္လာခဲ့ဖို႔ေျပာလိုက္သည္ ။ ထိုအခါမွ အေစာင့္ေတြကထိုအမ်ိဳးသမီးကို ဖမ္းခ်ဳပ္ထားလွ်က္ အထဲသို႔ဝင္လာၾကသည္ ။

သူမရဲ႕ပုံစံက ၾကမ္းတမ္းၿပီး အႏၲရာယ္ရွိသည့္အေငႊ႕အသက္ေတြရေနသည္ ။ ဒါေၾကာင့္လဲ အေစာင့္ေတြက သူမအားလႊတ္မေပးေသးပဲ လက္ေတြကိုခ်ဳပ္ကိုင္ထားသည္ ။

" သူ႕ကို လႊတ္ေပးလိုက္ပါ … မင္းတို႔အျပင္မွာသြားေစာင့္ေန "

ထိုအခါမွအေစာင့္ေတြကလႊတ္ေပးၿပီး ထြက္သြားၾကသည္ ။ ၾကမ္းတမ္းတဲ့သူမက သခင္ႀကီးကိုျမင္ေတာ့ ၾကမ္းျပင္ေပၚ ဒူးေထာက္ခ်လိဳက္သည္ ။ သူမရဲ႕သန္မာတဲ့ပုံစံေၾကာင့္ အႏၲရာယ္မ်ားပုံေပၚေပမဲ့ တကယ္ေတာ့ သူမကဘာအႏၲရာယ္မွမျပဳလာပဲ သူမမ်က္ႏွာက ဝမ္းနည္းပုံေပၚေနသည္ ။

ထိုစဥ္ တစ္ခ်ိန္လုံး အံ့ဩတႀကီးၾကည့္ေနမိတဲ့ ခင္သစၥာထံက အသံထြက္ေပၚလာသည္ ။

" အမသီတာ "

" ခင္သစၥာလား "

သူတို႔က မိတ္ေဆြေဟာင္းမ်ားျဖစ္ေန၍ အၾကည့္ခ်င္းစုံေတာ့ မွတ္မိသြားၾကသည္ ။ ဦးေလးႂကြယ္ကလဲ ထူးဆန္းလာ၍ ေမးလိုက္သည္ ။

" သမီးခင္နဲ႕ သိေနတာလား "

" သမီးအရာရွိမျဖစ္ခင္တုန္းက ေထာင္မွာတာဝန္က်ဖဴးတယ္ … အဲ့တုန္းက အမသီတာက တန္းစီးတစ္ေယာက္ေလ … အခက္အခဲေတြကို ရင္ဖြင့္ရင္းနဲ႕မွ ခင္မင္ခဲ့တာ "

သူမရဲ႕ၾကမ္းတန္းသည့္ပုံစံကို မအံ့ဩေတာ့ေပ ။ ေထာင္က်ဖဴးတဲ့အျပင္ တန္းစီးပါျဖစ္ခဲ့ေသးသည္ ။ သူမကအလြန္အားႀကီးမဲ့ပုံပင္ ။ အဖိုးႂကြယ္ရဲ႕ အံ့အားသင့္ေနတဲ့ပုံစံကိုျမင္ေတာ့ သူမကရွင္းျပလာသည္ ။

" က်မနာမည္က ျမသီတာပါ … ဒီကိုလာခဲ့တာက ဘာဒုကၡေပးဖို႔မွမဟုတ္ပါဘူး … ဒီကသခင္ႀကီးေျမးက ဥကၠာေမာင္ရဲ႕ေသြးသားနဲ႕မိတ္ဖက္လို႔ၾကားၿပီးကတည္းက က်မလာခ်င္ေနခဲ့တာ … ဒါေပမဲ့အခြင့္မရခဲ့ဘူး "

" မင္းက ဧကရာဇ္ေမာင္အေၾကာင္းသိလို႔လား "

" ဟုတ္ကဲ့ … က်မကသူတို႔အေၾကာင္းအသိဆုံးပါ … က်မကသူတို႔ရဲ႕ မိသားစုဝင္တစ္ေယာက္ပါ … ျမမာလာက က်မညီမအရင္းပါ "

ခင္သစၥာလဲ အံ့ဩသြားသည္ ။

" ဒါဆို အမေျပာဖူးတဲ့ ဆိုးမိုက္တဲ့ညီမဆိုတာ သူေပါ့ "

" ဟုတ္ပါတယ္ … ျမမာလာက က်မထက္ ၃ ႏွစ္ငယ္ၿပီးအလိုလိုက္ခံရဆုံးပါ … မိဘေတြဆုံးသြားေတာ့ က်မကပဲရွာေဖြေႂကြးေမြးၿပီး ေစာင့္ေရွာက္ခဲ့တယ္ … က်မရဲ႕ဂ႐ုစိုက္မႈေတြ မွားယြင္းသြားလို႔ထင္ပါတယ္ ေနာက္ပိုင္း သူမကိုက်မထိန္းမနိုင္ေတာ့ဘူး … သူမအမွားေတြအမ်ားႀကီးလုပ္ေနခဲ့တာေတာင္ က်မမတားဆီးနိုင္ခဲ့ဘူး "

ထိုစကာေတြေျပာေနခ်ိန္မွာ သူမမ်က္ရည္မက်မိေအာင္ထိန္းေနရသည္ ။ အတိတ္ကကိစၥေတြကို တစ္စုံတစ္ေယာက္ကို ဖြင့္ဟခ်င္ခဲ့တာ ၾကာျမင့္ခဲ့ေျခၿပီ ။

" ဒီအမွားေတြက က်မကိုအၿမဲအိမ္မက္ဆိုးတစ္ခုလိုေႏွာက္ယွက္ေနတယ္ … ဒါေတြကိုသာတစ္ေယာက္ေယာက္ကိုမရွင္းျပပဲေသသြားရင္ က်မ ဝဋ္ႂကြတ္မွာမဟုတ္ဘူး "

" ဒါဆို အားလုံးကိုအမွန္တိုင္းေျပာျပပါ "

" က်မက  သခင္မနန္းမိုမိုကို အနီးကပ္ျပဳစုေပးရတဲ့ အေစာင့္အေရွာက္ေတြထဲကတစ္ေယာက္ပါ … ဥကၠာေမာင္ကို မိုမိုကအရမ္းခ်စ္ၿပီး ပိုင္ဆိုင္မႈေတြအားလုံးေပးခဲ့တယ္ … ဒါေပမဲ့ဥကၠာေမာင္က သခင္မေလးထက္ သခင္မေလးရဲ႕ပိုင္ဆိုင္မႈေတြကိုပဲ ပိုၿပီးအေလးထားတယ္ "

႐ုတ္တရပ္ ဥကၠာေမာင္ရဲ႕ မယားႀကီးအေၾကာင္း သိေနသူေပၚလာ၍ အားလုံးကစိတ္ဝင္တစားနားေထာင္ေနၾကသည္ ။ ျမသီတာကလဲ ဆက္ကာရွင္းျပေနသည္ ။

" သခင္မေလးမွာ ေမြးရာပါေရာဂါရွိပါတယ္ … မိတ္ဖက္ရဲ႕ဖယ္ရိုမုန္းနံ႕ကလြဲၿပီး ဘယ္သူ႕အနံ႕ကိုမွ ခံလို႔မရဘူး … ေခ်ာင္းဆိုးၿပီးအသက္ရႉေတြၾကပ္လာတတ္တယ္ … ဒါေၾကာင့္ သခင္မေလးကအိမ္ေတာ္မွာပဲေနၿပီး ပိုးေမြးသလိုအေမြးခံခဲ့ရတာ … ဒါေပမဲ့ ဥကၠာေမာင္ကေတာ့ သခင္မေလးကိုဂ႐ုမစိုက္ပဲ သူ႕ေခါင္းထဲမွာအလုပ္ေတြနဲ႕ပဲျပည့္ေနတယ္ …   လက္ထပ္ၿပီး ၂ ႏွစ္အၾကာမွာ သခင္မမိုမို ကိုယ္ဝန္ရလာခဲ့တယ္ … သခင္မေလးက မိဘေတြအိမ္ျပန္ၿပီး ဥကၠာေမာင္မသိေအာင္ ကေလးကိုေမြးဖြားခဲ့တယ္ "

သူမေျပာတဲ့ဇာတ္ေၾကာင္းက စိတ္ဝင္စားဖို႔ေကာင္းေပမဲ့ ၾကားထဲမွာ ဇာတ္ကြက္ေတြျခားသြားသလိုခံစားရ၍ ခင္သစၥာက စိတ္လႈပ္ရွားစြာျဖင့္ ျဖတ္ၿပီးေမးလိုက္သည္ ။

" ဘာေၾကာင့္ ကိုယ္ဝန္ကိစၥကို ဥကၠာေမာင္ကိုမေျပာျပပဲ မိဘအိမ္မွာသြားေမြးတာလဲ … အဲ့ကေလးက ခုဘယ္မွာလဲ  "

ျမသီတာက ထိုေမးခြန္းၾကားေတာ့ အျပစ္ရွိသလိုခံစားသြားရ၍ အသက္ကိုျပင္းျပင္းရႉထုတ္လိုက္ကာဆက္ၿပီး ရွင္းျပလာခဲ့သည္ ။

"  က်မအားလုံးကိုအမွန္တိုင္း ေျပာျပပါ့မယ္ … မိုမို ကိုယ္ဝန္ရခါစအခ်ိန္မွာ က်မညီမျမမာလာနဲ႕ဥကၠာေမာင္တို႔ ကေဖာက္ျပန္ေနၾကတယ္ … ဥကၠာေမာင္က သူ႕အမွားေၾကာင့္ ျမမာလာကို အိမ္ေပၚေခၚတင္လာတယ္ … က်မညီမျဖစ္သူကို သူမ်ားမိသားစုကိုမခြဲဖို႔ ေနာက္ဆုတ္ေပးဖို႔ေျပာေတာ့ မာလာကက်မကို သခင္မေလးရဲ႕အသက္အႏၲရာယ္နဲ႕ခ်ိန္းေျခာက္တယ္ …  က်မညီမကအရမ္းခ်မ္းသာခ်င္တဲ့သူ … သူ႕ရဲ႕အိမ္မက္က သုံးမကုန္တဲ့ ပိုင္ဆိုင္မႈေတြရရွိၿပီး ခ်မ္းခ်မ္းသာသာနဲ႕ေနရဖို႔ပဲ  … ဒီဘဝကအဲ့လိုမျဖစ္နိုင္မွန္းသိေတာ့ သူကခုလိုျဖတ္လမ္းနည္းကိုသုံးခဲ့တာ …  သူက သူေဌးႀကီးေတြကို ျမႇူဆြယ္ဖို႔ မေကာင္းတဲ့လူေတြနဲ႕ေပါင္းၿပီး  ကလပ္မွာပ်က္စီးေနတာကို က်မအသိေနာက္က်ခဲ့တယ္ … ၿပီးေတာ့သူမျမႇူဆြယ္တဲ့လူက ကြၽန္မသခင္မရဲ႕ေယာက္်ားျဖစ္ေနတယ္ … အားလုံးကက်မအမွားေတြပါ "

သူမက အမွားေတြအတြက္ ငိုေႂကြးရင္း အတိတ္ကကိစၥေတြကို ဆက္ၿပီးေျပာျပလာခဲ့သည္ ။

" မိုမိုက ဥကၠာေမာင္ မယားငယ္ကိုအိမ္ေပၚေခၚတင္လာကတည္းက စိတ္ထိခိုက္ၿပီး က်န္းမာေရးမေကာင္းေတာ့ဘူး လူႀကီးက်န္းမာေရးမေကာင္းရင္ ခေလးကိုထိခိုက္မွာစိုးရတယ္ ဥကၠာေမာင္ကလဲ မိုမိုကိုလုံးဝဂ႐ုမစိုက္ေတာ့ဘူး ဒါေပမဲ့ကြာရွင္းခြင့္လဲမေပးျပန္ဘူး ခုပိုင္ဆိုင္ေနသမွ်ကို မိုမိုနာမည္နဲ႕မို႔ မိုမိုကလႊဲေျပာင္းေပးမွသူကပိုင္ဆိုင္ခြင့္ရမွာ က်မက ဥကၠေမာင္ကို မိုမိုကသူ႕မိဘအိမ္အလည္ျပန္ခ်င္တယ္လို႔ေျပာၿပီး လိမ္ေခၚလာခဲ့တယ္ ကံကဆိုးခ်င္ေတာ့ မိုမိုမိဘေတြက ဆုံးပါးသြားၾကၿပီ မိုမိုမသိေအာင္ ဥကၠာေမာင္က ဖုံးကြယ္ထားတာ မိုမိုမိဘေတြက မဆုံးခင္မွာ အေမြအားလုံးမိုမိုကိုေပးခဲ့တာ ဒါေတြကိုသိလို႔လဲ ဥကၠာေမာင္က လက္မလႊတ္နိုင္တာေပါ့ "

သူမက ခနရပ္ၿပီးမွဆက္ၿပီးေျပာလာသည္ ။

" ဒီလိုအခက္အခဲေတြၾကားကေန မိုမိုသားေလးကို ေအာင္ေအာင္ျမင္ျမင္ေမြးဖြားခဲ့တယ္ … မိုမိုသားေလးကိုၾကည့္ၿပီး နာမည္ေပးခဲ့တာက ဧကရာဇ္ေမာင္တဲ့ … ဧကရာဇ္ဆိုတာ ဒီေလာကႀကီးရဲ႕ ရွင္ဘုရင္ … ေမာင္ဆိုတာကေတာ့ သူသိပ္ခ်စ္ရတဲ့ ဥကၠာေမာင္ရဲ႕နာမည္ပါပါေအာင္ေပးခဲ့တာ "

" …… "

အရာအားလုံး တစ္ခနမွ်တိတ္ဆိတ္သြားၿပီးေနာက္ ခင္သစၥာထံက စကားသံထြက္ေပၚလာသည္ ။

" ဧကရာဇ္ေမာင္က ဥကၠာေမာင္နဲ႕နန္းမိုမိုရဲ႕သားဆိုတာ ေသခ်ာသြားၿပီေပါ့ … သနားစရာေကာင္းလိုက္တာ "

ျမသီတာက ထပ္မံေျပာျပလာခဲ့သည္ ။ သူမအသံက ဝမ္းနည္းမႈအျပည့္ႏွင့္ပင္ ။

" အဲ့ဒိအခ်ိန္က ေဆးခန္းဟာ တိုက္တိုက္ဆိုင္ဆိုင္ပဲမီးေလာင္သြားတယ္  … ကြၽန္မလဲ ေသြးႏုသားႏုမိုမိုနဲ႕ ကေလးေလးကိုေခၚၿပီး ထြက္ေျပးလာခဲ့ရတယ္ … အဲ့ဒိမေတာ္တစက ဒုစရိုက္ဂုဏ္းသားေတြ ရည္႐ြယ္ခ်က္ရွိရွိနဲ႕ လုပ္ခဲ့တာမွန္း သိခဲ့ရတယ္ … တရားခံကိုေတာ့မဖမ္းမိဘူး … သူတို႔ကျမမာလာရဲ႕လူေတြဆိုတာ ခန႔္မွန္းစရာမလိုဘူး …  မိုမိုကေလးေမြးတာကိုသိသြားၿပီး မယားႀကီးေနရာျပန္ရမွာဆိုးလို႔လုပ္ႀကံတာျဖစ္မယ္ … အိမ္ျပနါလဲမလုံၿခဳံေတာ့  ကြၽန္မတို႔ေျခဦးတည့္ရာထြက္ေျပးေပမဲ့ ျမမာလာလက္ကေျပးမလြတ္ခဲ့ဘူး … မိုမိုေမြးထားတဲ့ကေလးေလးကို ျမမာလာေတြ႕သြားၿပီး ဥကၠာေမာင္ကိုထပ္ၿပီးခ်ည္ေႏွာင္မွာဆိုးလို႔ အားလုံးကို သတ္ဖို႔ႀကိဳးစားခဲ့တယ္ … အဲ့အခ်ိန္တုန္းက က်မညီမကိုလူစိတ္မဲ့ေအာင္ျပဳစုေပးခဲ့မိလို႔ က်မကိုယ္က်မပဲအျပစ္တင္ေနမိတယ္ … သူကက်မကိုအၾကပ္ကိုင္ၿပီး မိုမိုတို႔သားအမိကို သတ္ျပစ္ဖို႔ပါေျပာလာတယ္  "

" ရွင္ … ရွင္ … သူတို႔ကို သတ္လိုက္လား "

" က်မဘယ္လိုသတ္ရက္မွာလဲ … အားလုံးအသက္ရွင္နိုင္ဖို႔ က်မအႀကံမွားတစ္ခုေပးလိုက္မိတယ္ … အဲ့ဒါက မိုမိုမိဘေတြက ပိုင္ဆိုင္မႈေတြအားလုံးကို မိုမိုနဲ႕ကေလးကိုလႊဲအပ္ေပးခဲ့တာမလို႔ ကေလးကိုအသက္ရွင္ေအာင္ေမြးၿပီး မိုမိုရဲ႕ခြင့္ျပဳလက္မွတ္ရရင္ ပိုင္ဆိုင္ခြင့္ရမွာလို႔ေျပာလိုက္တယ္ … ေငြမက္တဲ့သူတို႔က အသက္ထက္ေငြကိုပိုလိုခ်င္ၾကေတာ့ ေသခ်ာေပါက္အသက္ရွင္ေအာင္ထားမွာလို႔ထင္ခဲ့တာ … က်မ ျမမာလာကိုေလ်ာ့တြက္ခဲ့မိတယ္ "

" သူတို႔ ဘာလုပ္လိုက္တာလဲ "

အားလုံးကစိုးရိမ္တႀကီးနဲ႕နားေထာင္ေနၾကသည္ ။

" က်မတို႔ကို အိမ္ေတာ္ကိုျပန္ေခၚသြားၿပီး မိုမိုနဲ႕သားေလးကို ေျမေအာက္ခန္းထဲမွာပိတ္ထားတယ္ ဥကၠာေမာင္ကို ဘာေဆးနဲ႕ခ်ဳပ္ထားလဲမသိ သူကျမမာလာစကားပဲနားေထာင္တယ္ က်မက သားအမိႏွစ္ေယာက္အသက္ရွင္ရင္ပဲရပါၿပီလို႔ေတြးေပမဲ့ ျမမာလာက မိုမိုကို အၾကပ္ကိုင္ၿပီး လႊဲေျပာင္းလက္မွတ္ထိုးခိုင္းတယ္ မိုမိုကလဲ ေခါင္းမာစြာနဲ႕မထိုးေပးဘူး "

သူမက ယခုသူမေရာက္ေနတဲ့အိမ္ႀကီးကို တစ္ပတ္ၾကည့္လိုက္ၿပီး ေလွကားေအာက္ကအခန္းထံအၾကည့္ရပ္သြားသည္ ။ သူမက ထိုအခန္းအားၫႊန္ျပလိုက္ၿပီး …

" အဲ့ဒိအခန္းက ဧကရာဇ္ေမာင္ေလး ၃ ႏွစ္လုံးလုံး သူ႕အေမနဲ႕အတူ ပိတ္ေလွာင္ခံထားရတဲ့အခန္းပဲ "

အားလုံးကလဲ တစ္ၿပိဳင္နက္လွည့္ၾကည့္ၾကသည္ ။ သတိမထားမိလွ်င္ ထိုေနရာက နံရံနဲ႕တစ္သားထည္းျဖစ္ေန၍ အခန္းတစ္ခုရွိတယ္လို႔ပင္မထင္ရေပ ။ ခင္သစၥာက အဲ့ဒိအခန္းထဲကို လိုက္ျပဖို႔ေျပာေတာ့ ျမသီသာက ဦးေဆာင္ကာ ေခၚသြားေပးသည္ ။ ဦးကုေဌႂကြယ္လဲ ဒီအိမ္ေတာ္မွာ ေနတာၾကာၿပီဆိုေပမဲ့ ထိုအခန္းရွိမွန္းမသိေပ ။ ဦးေလးျမတ္က ဦးကုေဌႂကြယ္ဝွီးခ်ဲကိုတြန္းေပးကာ သူတို႔ ၄ ေယာက္အထဲကို ဝင္လာၾကသည္ ။

ႏွစ္အေတာ္ၾကာပိတ္ထားတဲ့အခန္းက ဖုန္ေတြတက္ေနၿပီး ပင့္ကုအိမ္မ်ားကပ္သြယ္ေနသည္ ။ အခန္းတြင္းမွာ သံေလွာင္အိမ္ ၂ ခုအျပင္ ကုတင္အေဟာင္းတစ္လုံးနဲ႕ စားပြဲတစ္ခုသာရွိသည္ ။ စားပြဲေပၚမွာ ကေလးကစားစရာအ႐ုပ္ေသးေသးေလးေတြတင္ထားၿပီး အားလုံးကလဲအိုေဟာင္းကာပ်က္စီးေနေျခၿပီ ။

ျမသီတာက သံေလွာင္အိမ္ ၂ ခုေရွ႕မွာ ဒူးေထာက္ထိုင္ခ်ကာ ငိုေလေတာ့သည္ ။ ဘာေၾကာင့္မွန္းမသိ အခန္းထဲဝင္လိုက္တာနဲ႕ လြမ္းေမာစရာအေငြ႕အသက္ကိုရရွိေနၿပီ အထီးက်န္ဆန္လြန္းလွသည္ ။ ျမသီတာက ငိုေနရင္းကေနေျပာလာသည္ ။

" မိုမိုနဲ႕သားေလးကို ျမမာလာက ဒီေလွာင္အိမ္ထဲမွာ ဖမ္းခ်ဳပ္ထားခဲ့တာ က်မသူတို႔ကို အခ်ိန္အေတာ္ၾကာတဲ့ထိ မကယ္ေပးနိုင္ခဲ့ဘူး သူတို႔ဘယ္ေလာက္ေတာင္ ေၾကာက္ေနရွာလိုက္မလဲ "

သူမေျပာရင္းေအာ္ငိုျပန္သည္ ။ ဒီလိုေမွာင္မဲေနတဲ့ ေျမေအာက္ခန္းထဲမွာ ေသးငယ္တဲ့ကေလးငယ္ေလးတစ္ဦးအား ေလွာင္အိမ္ထဲမွာထည့္ထားတဲ့ျမင္ကြင္းကို အားလုံးေတြမိကာ ဝမ္းနည္းေနၾကသည္ ။ ခင္သစၥာက မေနနိုင္၍ ေျပာလာသည္ ။

" ကေလးငယ္ေလးကို ေလွာင္အိမ္ထဲမွာ ထည့္ထားတာ ရက္စက္လြန္းတယ္ သူ႕အေဖကေရာ ဒါကိုမသိဘူးလား "

" ဥကၠာေမာင္က ဒါေတြမသိဘူး ျမမာလာတစ္ေယာက္ထည္း ခ်ယ္လွယ္ေနတာ သူမက မိုမိုပိုင္ဆိုင္သမွ်အေမြေတြ သူမကိုလႊဲေပးရင္ လႊတ္ေပးမယ္ဆိုၿပီးခ်ိန္ေျခာက္ေနတာ မိုမိုကလဲ ေခါင္းမာစြာနဲ႕ ေျမေအာက္ခန္းထဲမွာပဲ သူ႕သားေလးနဲ႕ေနဖို႔ေ႐ြးခ်ယ္လိုက္တယ္ ျမမာလာက သူတို႔ကိုေတာ့မသတ္ဘူး ဘာလို႔ဆို ေသသြားရင္ဘာမွမရေတာ့မွာကိုသိေနလို႔ "

" ဒါဆို ရွင္ကိုေရာ "

" ကြၽန္မကို သူသတ္ဖို႔ႀကိဳးစားတယ္ "

" ဘယ္လို ကိုယ့္အမရင္းကိုေလ "

" သူကလူစိတ္မရွိေတာ့ဘူး သူေပါင္းသင္းတဲ့လူေတြကလဲ ဒုစရိုက္သမားေတြ ကြၽန္မကမေသပဲ ခနေလာက္ဇာတ္ျမႇုတ္ေနခဲ့တယ္ ေျမေအာက္ခန္းထဲကမိုမိုတို႔သားအမိကိုေစာင့္ေရွာက္ေပးရတဲ့လူကို က်မလူအစားထိုးၿပီး အေဝးကေနပဲ ေစာင့္ေရွာက္ေပးနိုင္တယ္ ၃ ႏွစ္ၾကာတဲ့ထိေပါ့ "

သူမကထပ္မံငိုေႂကြးျပန္သည္ ။ အတိတ္ကအေၾကာင္းအရာေတြက လူၾကမ္းႀကီးနဲ႕တူတဲ့သူမကိုပဲ ရွိုက္ငိုေစသည္ ။

" ကြၽန္မအစီအစဥ္ေတြခ်ၿပီး မိုမိုတို႔သားအမိကိုကယ္ဖို႔ေရာက္သြားေတာ့ ကေလးက အရိုးေပၚအေရတင္နဲ႕ ေတာ္ေတာ္ေလးပိန္ၿပီး ခ်ိဳ႕တဲ့ေနတယ္ … မိခင္နို႔အျပည့္အဝမစို႔ခဲ့ရေတာ့ အားအင္လဲမရွိဘူး … က်မကေလးကိုစေတြ႕ေတာ့ ကေလးကအရမ္းေၾကာက္ၿပီး ငိုေတာင္မငိုနိုင္ရွာပဲတုန္ေနတာ … က်မကသူတို႔ကိုအစာပို႔ရတဲ့အလုပ္လုပ္တဲ့ က်မလူကိုေမးၾကည့္ေတာ့ ေနာက္ပိုင္းျမမာလာက သူတို႔ကိုအစာဝေအာင္မေႂကြးဖို႔ေျပာထားတယ္တဲ့  … ျမမာလာမရွိတဲ့အခ်ိန္မွ သူတို႔ကိုခိုးၿပီး အစားေတြေႂကြးရတယ္လို႔ေျပာတယ္ … ၿပီးေတာ့မိုမိုက လုံးဝကိုအ႐ူးတစ္ေယာက္လိုျဖစ္သြားၿပီ … မိုမိုနဲ႕သားေလးက ေလွာင္အိမ္တစ္ခုစီဆိုေပမဲ့ မိုမိုကသားေလးကိုၾကည့္ၿပီးစကားေတြေျပာေနတာ … ကေလးေလးကနားမလည္ရွာေပမဲ့ သူ႕အေမကိုေတာ့ေငးၾကည့္ေနတယ္ … က်မေလ အဲ့ျမင္ကြင္းကို ခုထိမေမ့နိုင္ေသးဘူး … အားလုံးက်မရဲ႕အမွားေတြေၾကာင့္ သူတို႔အသက္ရွင္ေနေပမဲ့ ခုလိုနာက်င္စရာေကာင္းေအာင္ရွင္သန္ေနၾကရတာ "

" အဲ့ေလာက္ႏွစ္ေတြၾကာတာေတာင္ ဥကၠာေမာင္ကမသိဘူးလား "

" အဲ့အခ်ိန္မွာ ဥကၠာေမာင္က စီးပြားေရးထိုးက်ေနတဲ့အခ်ိန္ စိတ္ဖိစီးၿပီး ေဆးဆြဲသြားတယ္လို႔ၾကားတယ္ သူ႕က်န္းမာေရးကလဲ ပုံမွန္မဟုတ္ဘူး အားလုံးကိုျမမာလာကပဲ ဦးစည္းေနတာ သူမက အရာအားလုံးကိုပိုင္ဆိုင္ဖို႔ နည္းမ်ိဳးစုံနဲ႕ႀကိဳးစားေနတာ ကြၽန္မလဲ ဆက္ၿပီး ၾကည့္မေနနိုင္ေတာ့တာနဲ႕ မိုမိုတို႔သားအမိကို ခိုးထုတ္မဲ့အစီစဥ္ကို စတင္ခဲ့တယ္ ကြၽန္မထင္သလိုျဖစ္မလာဘူး သူမဖမ္းမိသြားတယ္ သူမနဲ႕ေပါင္းတဲ့လူတစ္ေယာက္လဲရွိေသးတယ္ ကြၽန္မအဲ့လူကိုမသိဘူး သူ႕ပုံစံကလုံးဝလူေကာင္းနဲ႕မတူဘူး အဲ့လူကပဲ မိုမိုကို သတ္ျပစ္လိုက္တယ္ ကြၽန္မအေရွ႕မွာပဲ ကြၽန္မလက္ထဲကကိုင္ထားတဲ့ဓားနဲ႕  "

သူမရဲ႕စကားလုံးေတြကေလးလံေနၿပီး သူမလက္ကိုစိုက္ၾကည့္ကာ ရွိုက္ငိုေနသည္ ။ ခင္သစၥာပင္ မ်က္ရည္မ်ားထိန္းမရေအာင္က်လာခဲ့သည္ ။ ဦးေလးျမတ္ႏွင့္ဦးေလးႂကြယ္ပင္ မ်က္ဝန္းကမ်က္ရည္ေတြရစ္ဝိုင္းေနသည္ ။ ဒီေလာက္ဆိုးဝါးတဲ့အျဖစ္အပ်က္မ်ိဳး သူတို႔ဘဝမွာ တစ္ႀကိမ္တစ္ခါမွ မၾကားဖူး၍ပင္ ။ ျမသီတာက ဆက္ေျပာလာသည္ ။

" မိုမိုေသသြားရင္ ဥပေဒအရ အေမြေတြအားလုံး သားေလးရမွာဆိုေတာ့ သားေလးကိုျမမာလာကသူ႕သားအျဖစ္ ေမြးစားလိုက္တယ္ ကြၽန္မကိုေတာ့ မိုမိုကိုသတ္တဲ့အမႈနဲ႕ ေထာင္ ခ်ခဲ့တယ္ "

" ဒါဆို အမ ေထာင္ ၁၅ ႏွစ္က်တာက စြတ္ဆြဲခံရတာေၾကာင့္ေပါ့ အမရွင္းမျပဘူးလား "

" ကြၽန္မလိုလူက ရွင္းျပေတာ့ေရာ ဘာမ်ားအသုံးဝင္မွာလဲ ဓားကကြၽန္မလက္ထဲမွာ မ်က္ျမင္သက္ေသေတြကလဲ သူတို႔ရဲ႕လူေတြ​ႀကီးပဲ ၿပီးေတာ့ ျမမာလာနဲ႕အတူရွိေနတဲ့ အဲ့ဒိအမ်ိဳးသားကလဲ ေနာက္ခံအင္အားေတာင့္တယ္ထင္တယ္ ကြၽန္မဘယ္လိုမွသူတို႔ေထာင္ေခ်ာက္ကေနမလြတ္နိုင္ခဲ့ဘူး "

" ဒါဆိုဧကရာဇ္ေမာင္ကို ျမမာလာအေထာက္အထားတုေတြနဲ႕ သားအရင္းလို႔ျပဳလုပ္ခဲ့တာေပါ့ "

" ျဖစ္နိုင္ပါတယ္ ဒါမွသူမကစည္းစိမ္ေတြကို ရမွာေလ ကေလးကဘာမွမသိရွာဘူး သူမႀကိဳးဆြဲရာကေနရရွာမွာ ၿပီးေတာ့ငယ္ငယ္ကက်န္မာေရးခ်ဴခ်ာၿပီး လူႏွိမ္လဲခံရတယ္လို႔ၾကားတယ္ ႏွစ္အနည္းငယ္ၾကာေတာ့ သတင္းေကာင္းတစ္ခုၾကားခဲ့တယ္ သားေလးက ရန္ကုန္ကသူေဌးတစ္ဦးေမြးစားတာခံရတယ္ဆိုတဲ့သတင္း သူေဌးႀကီးကခ်မ္းသာၿပီးသေဘာလဲေကာင္းတယ္ ပရဟိသေတြလဲအၿမဲလုပ္တယ္ အဲ့ဒါမွကြၽန္မလဲ စိတ္ေအးသြားခဲ့ရတယ္  သူေဌးႀကီးကို တကယ္ေက်းဇူးတင္ပါတယ္ "

သူမက ဦးေလးႂကြယ္ကို ဦးၫႊတ္ကာ ေက်းဇူးတင္စကားဆိုလိုက္သည္ ။ အားလုံးကလဲ ဇာတ္လမ္းအေၾကာင္းအရာကိုသိၿပီမို႔ တရားခံကျမမာလာဆိုတာ သေဘာေပါက္သြားသည္ ။ ဧကရာဇ္ေမာင္ရဲ႕စိတ္ပုံမွန္မဟုတ္တာလဲ သူမရဲ႕ပေရာဂမကင္းနိုင္ေပ ။ သူမလိုေလာဘႀကီးတဲ့လူက ဦးေလးႂကြယ္လိုခ်မ္းသာတဲ့သူေဌးႀကီးဆီကေန ေလာဘမတတ္နိုင္ပဲ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးျပကာ ေငြေတြေတာင္းတဲ့အျပင္ ေခ်ေငြေတြအေျမာက္အမ်ားေခ်းသုံးခဲ့ေသးသည္ ။ ဧကရာဇ္ေမာင္ကိုလဲ ကုမုျဒာအေပၚအထင္အျမင္လြဲမွားေအာင္ မည္သို႔မည္ပုံ အေတြးမွားေတြရိုက္သြင္းခဲ့မလဲ မေတြးဝံ့စရာပင္ ။

သူတို႔အခန္းအျပင္ျပန္ထြက္လာေတာ့ ျမမာလာက အားလုံးေရွ႕မွာ ဒူးေထာက္ထိုင္ခ်လိဳက္သည္ ။ ႐ုတ္တရပ္မို႔ အားလုံးလဲေၾကာင္သြားကာ ထခိုင္းဖို႔လုပ္ေပမဲ့ သူမကေျပာလာသည္ ။

" ေနာက္ထပ္ဝင္ခံစရာတစ္ခု ရွိပါေသးတယ္ "

ဒီတစ္ခါသူမမ်က္ႏွာက ဝမ္းနည္းေနပုံမေပၚေတာ့ပဲ ၿပဳံးေရာင္သန္းေနသည္  ။

" အမသီတာေျပာစရာရွိတာ အားမနာတမ္းေျပာပါ "

" သခင္မေလးခင္ ဒီတစ္ခါက ကြၽန္မအျပစ္ကို ဝင္ခံခ်င္တာပါ "

သူမရဲ႕ပုံစံက ဆုံးျဖတ္ခ်က္ခိုင္ခိုင္မာမာခ်ထားပုံေပၚ၍ အားလုံးကသူမဘာေျပာမလဲ နားေထာင္ေပးဖို႔ သေဘာတူလိုက္သည္ ။

" ကြၽန္မေထာင္ကထြက္လာၿပီးၿပီးခ်င္း သူတို႔အေၾကာင္းေတြစုံစမ္းလိုက္ေတာ့ ရန္ကုန္မွာေျပာင္းေနၿပီး သူေဌးႀကီးရဲ႕အကူအညီနဲ႕ အဆင္ေျပေနတယ္လို႔ၾကားခဲ့ရတယ္ ကြၽန္မေသခ်ာေအာင္လာစစ္ေဆးေတာ့ ဧကရာဇ္ေမာင္ကလဲ သာမန္ကေလးေတြလိုပဲ အဆင့္ျမင့္ေက်ာင္းမွာတက္ေနတာကိုေတြ႕ခဲ့ၿပီး ကြၽန္မစိတ္ခ်သြားတယ္ ဒါေပမဲ့ ျမမာလာကေတာ့ သူအေပါင္းအသင္းေတြနဲ႕ ပိုက္ဆံကိုေရလိုျဖဳန္းၿပီး သူေဌးႀကီးတို႔မိသားစုအေပၚဂုတ္ေသြးစုပ္ေနတာကို ကြၽန္မကိုယ္တိုင္ျမင္ေတြ႕ေနရတယ္ သူေဌးႀကီးကသေဘာေကာင္းသေလာက္ သူမေလာဘကမတတ္နိုင္ဘူး ကြၽန္မလဲ သူတို႔နဲ႕အေဝးမွာေနဖို႔ဆုံးျဖတ္ၿပီး ဒီၿမိဳ႕ကိုျပန္လာခဲ့လိုက္တယ္ ႏွစ္အနည္းငယ္ၾကာေတာ့ သူေဌးႀကီးေျမးနဲ႕သခင္ေလးတို႔ လက္ထပ္လိုက္တဲ့သတင္းၾကားၿပီး ကြၽန္မေပ်ာ္ေနခဲ့တယ္ ဒါေပမဲ့ျမမာလာရွိေနသ၍ေတာ့ ကြၽန္မစိတ္မခ်နိဳင္ေသးဘူး ဧကရာဇ္ေမာင္တို႔မိသားစုကိုဒုကၡေပးမွာေၾကာက္တာနဲ႕ ကြၽန္မသူ႕ေနာက္ကို တိတ္တစိတ္လိုက္ၿပီး ေစာင့္ၾကည့္ခဲ့တယ္ အဲ့မွာကြၽန္မသိလိုက္တာက သူကတရားမဝင္ေဆးေတြ ေရာင္ဝယ္ေရးလုပ္တဲ့လူတစ္ခ်ိဳ႕နဲ႕ ပတ္သပ္ဆက္ႏြယ္ေနၿပီး ဧကရာဇ္ေမာင္ကိုလဲ ဥကၠာေမာင္တုန္းကလိုမ်ိဳး သူမေျပာသမွ်ယုံၾကည္ေအာင္ ထိန္းခ်ဳပ္ထားတာကို ေတြ႕လိုက္ရတယ္ ကေလးကသူမဘာေျပာေျပာဘာခိုင္းခိုင္း အကုန္ယုံၾကည္ေနတာ သူမရဲ႕ရည္႐ြယ္ခ်က္က သူေဌးႀကီးတို႔ေျမးအဖို႔ရဲ႕ပိုင္ဆိုင္မႈေတြကို သိမ္းယူဖို႔ဆိုတာ အသိသာႀကီး အဲ့ဒါေၾကာင့္ကြၽန္မ သူမကို ဒီေလာကထဲကေန အပ်က္ရွင္းျပစ္ဖို႔ဆုံးျဖတ္လိုက္တယ္ "

အားလုံးကနားေထာင္ရင္း အသက္ရႉၾကပ္လာသည္ ။ ျမမာလာက မူးရစ္ေဆးေရာင္းဝယ္သူေတြနဲ႕ဆက္ႏြယ္ေနသည့္အျပင္ ဧကရာဇ္ေမာင္ကိုလဲ သူလိုရာပုံသြင္းထားသည္ ။ ၿပီးေတာ့ သူမတို႔အေပၚအရမ္းေကာင္းတဲ့ မုျဒာတို႔ေျမးအဖိုးကိုပါ ထိခိုက္ေစဖို႔ရည္႐ြယ္ထားသည္ ။

" ဒါဆို ကားအက္စိဒန့္က "

" ဟုတ္ပါတယ္ ကြၽန္မ ျမမာလာစီးတဲ့ကားကို ဘဒိတ္ေဖာက္ခဲ့ၿပီး ေမွာက္ေအာင္ႀကံစည္ခဲ့တာပါ … အစကျမမာလာတစ္ေယာက္ထည္းကိုရည္႐ြယ္ေပမဲ့ အဲ့ေန႕က ဥကၠာေမာင္ပါလိုက္သြားေတာ့ ၂ ေယာက္လုံးပြဲခ်င္းၿပီးသြားတယ္ … သခင္ေလးတို႔စုံတြဲ အေရွ႕မွာျဖစ္သြားေတာ့ သူတို႔လဲအရမ္းလန႔္သြားေလာက္တယ္ …  ရဲေတြစစ္ေဆးေတာ့ အျမန္လမ္းေပၚကေနေမာင္းလာရလို႔ လမ္းရဲ႕အပူရွိန္ေၾကာင့္ တာရာေပါက္ၿပီး ကားေမွာက္တာလို႔ပဲ မွတ္တမ္းတင္ခဲ့ၾကတယ္ … ဒါေၾကာင့္လုပ္ႀကံတာမွန္း ဘယ္သူမွမရိတ္မိခဲ့ၾကတာ … က်မသူတို႔လိုမေကာင္းတဲ့လူေတြကို ဖယ္ရွားနိုင္ခဲ့ေပမဲ့ ခုထိအျပစ္ရွိသလိုခံစားေနရတုန္းပဲ … ဒီအမွန္တရားႀကီးကိုဝင္ခံၿပီး က်မအျပစ္ေတြအတြက္ ျပန္ၿပီးေပးဆပ္ခ်င္တယ္ "

သူမက ခင္သစၥာထံၾကည့္လိုက္ၿပီး …

" ခု ခင္သစၥာကအရာရွိျဖစ္ေနၿပီဆိုေတာ့ ဒီအမႈကိုက်မက လုပ္ႀကံခဲ့တာမို႔အျပစ္ကိုဝန္ခံၿပီး အျပစ္ဒါဏ္ခံယူပါရေစ … ဒီတိုင္းအျပင္မွာအသက္ရွင္ေနေတာ့လဲ ဘဝႀကီးကအဓိပၸာယ္မဲ့ေနသလိုပဲ … သခင္မေလးမိုမိုနဲ႕သခင္ေလးကိုမေစာင့္ေရွာက္နိုင္ခဲ့တဲ့က်မ ဒီဘဝမွာျပန္ၿပီးေပးစပ္ခ်င္တယ္ "

အားလုံးကိုၾကားသိၿပီးေနာက္မွာ လူတိုင္းသက္ျပင္းေမာခ်လိဳက္ၾကသည္ ။ ဦးေလးႂကြယ္ပင္ သူတို႔ဘဝထက္ဆိုးဝါးခဲ့တဲ့ဘဝေတြေၾကာင့္ ဘာမွပင္ဆက္မေတြးနိုင္ေတာ့ေပ ။

" အမသီတာက ခုကို ၅၀ ေက်ာ္ေနၿပီ … အျပစ္ခံယူရင္ ေထာင္ထဲမွာဘယ္ေလာက္ၾကာၾကာေနရဦးမလဲ မသိနိုင္ဘူး "

" ခုက်မရင္ထဲမွာသိမ္းစည္းထားတာေတြ ဖြင့္ခ်ၿပီးသြားၿပီဆိုေတာ့ အရင္ကထက္ေနလို႔ေကာင္းလာၿပီ … အျပင္မွာေနေနေတာ့လဲ အသားေတြေရာင္းၿပီး ျမမာလာနဲ႕မျခားနားတဲ့ ဆိုးမိုက္တဲ့လူတစ္ေယာက္လို ရွင္သန္ေနရတာပဲေလ … ေထာင္ထဲျပန္သြားၿပီး ေသဆုံးထဲထိအျပစ္ေႂကြးေတြဆပ္တာက က်မကိုေအးခ်မ္းေစလိမ့္မယ္ "

" ေကာင္းပါၿပီ … ေနာက္ဆုံးအေနနဲ႕ ေတာင္းဆိုစရာရွိေသးလား "

သူမက ခနမွ်စဥ္းစားလိုက္ၿပီး …

" ျဖစ္နိုင္ရင္ က်မမသြားခင္ သခင္ေလးဧကရာဇ္နဲ႕ တစ္ခါေလာက္ေတြ႕ခ်င္တယ္ … သူဘယ္လိုမ်ိဳးရွင္သန္ေနလဲ သိခ်င္မိတယ္ "

" ေကာင္းပါၿပီ … က်မစီစဥ္ေပးမယ္ "

…………………………………………………………………………………

To Be Continued …

Continue Reading

You'll Also Like

859K 20.5K 43
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
2.6M 158K 76
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
893K 13.2K 36
Ivy Williams had always aspired to complete her university journey without any interruptions or complications. However, not even two months into her...
744K 20K 42
Limited Time SALE: 40% off! Unlock the next part for 3 Coins or the whole story for 30 Coins only until May 5. While moonlighting as a stripper, Emer...