ချစ်မိခဲ့သည်ဆိုရာဝယ် (OR) ချစ...

By Aster_2122

225K 15.9K 693

နှင်းဆီနီတွေကြိုက်တတ်တဲ့ မမနီ ဆိုတဲ့အမျိုးသမီးဟာ ကျွန်မအတွက် မြတ်နိုးစရာ🌹♥ Start Date**12-2-2022 End Date***... More

Part(1)
Part {2}
Part {3}
Part {4}
Part {5}
Part {6}
Part {7}
Part {8}
Part {9}
Part {10}
Part {11}
Part {12}
Part {13}
Part {14}
Part {15}
Part {16}
Part {17}
Part {18}
Part {19}
Part {20}
Part {21}
Part {22}
Extra 1
Extra (2)
အသိပေးခြင်း♥
Hey....
♥🌹

Part {23} ဇာတ်သိမ်းပိုင်း

12.5K 746 41
By Aster_2122

ချစ်မိခဲ့သည်ဆိုရာဝယ် (or)ချစ်သောမမနီ
ဇာတ်သိမ်းပိုင်း

ပုလဲလုံးဖြူဖြူကလေးများစီတန်းထားသည့်အနီရောင်လည်ပိတ်ရင်ဖုံးလက်တိုကလေးအားအနီရောင်ချည်ထည်လုံချည်ကလေးဖြင့်တွဲဝတ်ထားပြီး လက်ထဲတွင် နှင်းဆီနီနီပန်းစည်းအားကိုင်ထားသည့် ဝသုန့်ထံတွင် အိမ်ထဲရှိလူများ၏အကြည့်တို့မှာဆိုက်ရောက်နေတော့သည်။တွေးထင်မထားလို့ထင်ရဲ့ မမနီမျက်ဝန်းတို့မှာ ဝိုင်းစက်ကာ အံ့သြဟန်ဖြစ်နေလေသည်။ဒီတစ်ကြိမ်မှာတော့ မမနီဟာ သူ့ခံစားချက်တွေကို မဖုံးကွယ်နိုင်တော့။အကုန်လုံးထဲတွင်မမနီအမေရဲ့အကြည့်တို့မှာ ဝသုန့်ထံစူးစူးရဲရဲပင်။ငြိမ်သက်မှင်သက်နေသည့်လူများကြားထဲ ဧပရယ်ဟာဝသုန့်အနားရောက်လာလေသည်။ထိုအခါမှ မမနီအမေထံသို့ရောက်နေသည့်အကြည့်တို့အားနေရာလွှဲလိုက်မိသည်။ဝသုန်နှင့်မမနီအား ဒီအခြေအနေရောက်အောင်လုပ်ခဲ့တဲ့သူမလို့ ပြုံးမပြနိုင်ခဲ့ပေ။မမနီဟာ ထိုနှောင်ကြိုးတွေကြောင့်ဝသုန့်အား စွန့်ခွာထားခဲ့သည်မှန်းသိရတော့ နာကျင်ရသည်။မမနီအား ဖိအားပေးခဲ့သည့် ထိုလူများအားလည်း နာကျည်းရသည်။
"နွေ.."
"နွေ့အမျိုးသမီးငယ်လေး သိပ်လှတယ် အဲ့တာကြောင့်ပဲ အဆုံးရှုံးမခံနိုင်တာ"
နားနားကပ်ကာပြောလိုက်သည့်စကားတို့ကြောင့်ကာလာမခြယ်ထားသည့်မမနီပါးမို့မို့မှာ ပန်းရောင်သမ်းသွားရသည်။တစ်ဖက်သို့မျက်နှာချက်ချင်းလွှဲကာ နေရခက်နေပုံမှာ အသည်းယားစရာ။
"နီနီ တပည့်လေးလား ချစ်စရာလေးပဲနော်"
ဝသုန့်နားအားလာရပ်ရင်းပြောလိုက်သူမှာ မမနီရဲ့မတော်ရသေးတဲ့ယောက္ခမပင်။အပြုံးပန်းတွေဝေနေပုံမှာ တကယ့်ကိုပျော်ရွှင်နေပုံပင်။တကယ်ဆို ဒီနေရာက မေမေဖြစ်သင့်တာမလား။ဝသုန့်မေမေဖြစ်သင့်တာလေ။မမနီနဲ့ဝသုန့်ကိုပြုံးပြီးကြည့်နေမဲ့သူကမေမေဖြစ်နေရမှာ။အခုတော့ အခုတော့လေ။
"အားတော့နာပေမဲ့ ကျွန်မစကားတစ်ခွန်းနှစ်ခွန်းလောက်ပြောချင်မိတယ် ပြေမလားအန်တီ"
"ပြောလေ သမီးရဲ့ နီနီတပည့်လေးဆိုတော့ နီနီ့အတွက် ဂုဏ်ပြုစကားပြောပေးမယ်ပေါ့ ချစ်စရာကွယ်"
အသက်မပါသည့် မဲ့ပြုံးတစ်ချက်အား ဆင်မြန်းရင်း မမနီအမေထံအကြည့်တို့ရောက်မိသည်။လူကဲခတ်မညံ့သူမလို့ဘယ်လောက်စိတ်လှုပ်ရှားနေလဲအသိသာပင်။မမနီအမေတင်မဟုတ် မမနီအစ်မနှင့်မောင်လေးပါပါသေးသည်။မမနီကို ရုန်းမထွက်နိုင်အောင် ဖိအားပေးခဲ့တဲ့သူတွေ။တစ်ဖက်လူရဲ့ခံစားချက်ကိုမကြည့်ပါဘဲ အတင်းတွေ စေ့စပ်ပွဲအားလုပ်ခဲ့တဲ့သူတွေ။မမနီနှင့်ပတ်သက်သူမလို့သာ မဟုတ်ရင်တော့လေ ဝုန်းဒိုင်းကြဲကာ မေးပစ်ချင်မိရဲ့။ဘာလို့များ သဘောမတူနိုင်ရသလဲ။ဘာလို့များမမနီကိုဖိအားပေးရသလဲဆိုပြီးမေးပစ်ချင်မိလေသည်။
"ဒီကလူကြီးမင်းတွေကို အားနာပေမဲ့ မပြောမဖြစ်လို့ပြောပါရစေ။ဒေါ်ပန်းမွှေ့နီနီက ဒီက ဦးဝေနိုင်နဲ့စေ့စပ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူးရှင်"
အိမ်ထဲဝယ် အံ့သြသံတို့မှာ ဟင်ခနဲ ဟာခနဲပင်။မထင်မှတ်ထားသည်မလို့ထင်ရဲ့ မမနီဟာလည်းအံ့သြသွားလေသည်။
"နွေ့.."
"နွေပြောလို့မပြီးသေးဘူး မမနီ"
"ဒီကမိန်းကလေးနဲ့ ဘယ်လိုပတ်သက်တာမလို့ ဒီလိုပြောရတာလဲ"
"ကျွန်မက ဒေါ်ပန်းမွှေ့နီနီရဲ့ချစ်သူပါ။ကျွန်မနဲ့ မမနီ လက်တွဲခဲ့တာ သုံးနှစ်နီးပါးရှိခဲ့ပါပြီ။အဲ့အတွက်မမနီရဲ့သက်ဆိုင်သူတစ်ယောက်အနေနဲ့ ကျွန်မလုံးဝဒီစေ့စပ်ပွဲကိုခွင့်မပြုနိုင်ပါဘူး"

အကုန်လုံးကလှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။တစ်ချို့ကအံ့သြဟန်၊တစ်ချို့ကမယုံနိုင်ဟန်၊တစ်ချို့ကတော့ နှိမ့်ချချင်ဟန်တို့ဖြင့် တစ်မျိုးစီသာ။ဒီလိုမှမလုပ်ရင် မမနီဟာ သူတစ်ပါးလက်ထဲပါသွားတော့မှာပင်။မမနီအမေဟာလည်း ဝသုန့်ကိုကြည့်နေသည်မှာ စူးစူးရဲရဲပင်။
"နီနီ ဒါဘာတွေလဲ။သူပြောတာအမှန်တွေလား"
ဦးဝေနိုင်၏အမေဖြစ်သူထံမှထွက်လာသည့်စကား။သိပ်ကိုတုန်လှုပ်သွားပုံပင်။
"နီနီရှင်းပြပါ့မယ်"
"ပန်းမွှေ့နီနီ အမေဖြစ်သူကိုသနားသောအားဖြင့် မင်းတပည့်မကိုခေါ်သွားပါ"
တပည့်မဟုတ်တာသိရဲ့သားနဲ့လေ မမနီမေမေကတော့။ဝသုန်ပြောဖို့ပြင်ချိန်မမနီဟာ ဝသုန့်လက်ကိုဆွဲကာ အိမ်ပေါ်မှဆင်းပြီး ခြံစပ်သို့ခေါ်သွားလေသည်။အိမ်ပေါ်မှာတော့ ရုတ်ရုတ်သဲသဲဖြင့်သာ။
"တို့ပြောတာနားထောင်ပါအုံး ဘာတွေလျှောက်ပြောနေရတာလဲ"
"နွေပြောတဲ့စကားထဲမှာ တစ်ခွန်းမှလျှောက်ပြောတာမပါဘူးနော် မမနီသိရဲ့သားနဲ့"
"တော်ပါတော့ တော်ပါတော့ နွေရယ် တို့တောင်းပန်ပါတယ်"
"ဘာလို့လဲ နွေကဘာတွေများလုပ်နေလို့ မမနီကတောင်းပန်ရတာလဲ။နွေ ဒီကိုဘယ်လောက်ထိအရဲစွန့်ပြီးလာခဲ့ရသလဲ မမနီမသိဘူးလားဟင်"
"တောင်းပန်ပါတယ် တော်ပါတော့။နွေဒီကသွားပါတော့ "
"မမနီ..!"
အရဲစွန့်ပြီးကြိုးစားခဲ့သမျှက နှင်ထုတ်ခံရဖို့မှမဟုတ်တာပဲ။မမနီကတော့ ကိုယ့်ဘက်မှာပါမယ်ထင်ခဲ့တာလေ။အခုကျ သွားပါတော့တဲ့လား။ဘယ်လိုစိတ်နဲ့များပြောထွက်နိုင်ရတာလဲ။ဘယ်လောက်ထိ ရူးရူးမိုက်မိုက်ချစ်နေမိလဲဆိုတာသိရက်နဲ့ နှင်လွှတ်ရက်တယ်။
"မမနီတကယ်ပဲ အဲ့ဒီလူကို လက်ထပ်မယ်ပေါ့ ဟုတ်လား ဘယ်လိုစိတ်နဲ့လဲ ဘယ်လိုစိတ်မျိုးနဲ့တွေးရက်နိုင်ရတာလဲ။နွေ့ဘက်ကိုရော တစ်ချက်လေးမကြည့်ဘူးလား။ပြောပါ နွေ့ဘက်ကိုမကြည့်ပေးဘူးလား"
"တောင်းပန်ပါတယ် တို့မှာ ရွေးချယ်စရာမရှိခဲ့လို့ပါ"
"အဲ့တာကြောင့်လေ အဲ့တာကြောင့်နွေကရွေးချယ်လို့ရအောင်လုပ်ပေးနေတာလေ။အဲ့ဒီလူနဲ့နွေ နှစ်ယောက်ထဲက တစ်ယောက်ကိုမမနီရွေးလေ"
"တောင်းပန်ပါတယ် သွားပါတော့ သွားပါတော့နွေရယ်"
"မမနီရက်စက်တယ်သိလား သိပ်ရက်စက်တယ် နွေကအရဲစွန့်ခဲ့တာ။မမနီက နှင်ထုတ်ရက်တယ်။ဘယ်လိုစိတ်မျိုးနဲ့လဲ မမနီကအဲ့အမျိုးသားလောက်တောင် နွေ့ကို နွေ့ကို..."
ဆို့နစ်သွားရသည့်စကာလုံးတို့မှာနှုတ်ဖျားဆီမှထွက်မလာခဲ့တော့ပေ။အပြစ်မရှိပါသည့် နှင်းဆီပန်းစည်းကိုသာ ခပ်တင်းတင်း တိုးကာတိုးကာ ဆုပ်ကိုင်မိသည်။
"နွေ..ဘာလုပ်တာလဲ လွှတ်။နွေ့..နွေ့လက်မှာသွေးထွက်နေပြီ ဒါကိုလွှတ်လိုက်ပါတော့"
"ဘာလို့လဲ အခုခံစားနေရတာထက်စာရင် ဒီနာကျင်မှုကဘာများဖြစ်မှာမလို့လဲ။အခုနွေ့ရင်ထဲမှာ တဆစ်ဆစ်နဲ့နာကျင်နေရတာ သိလား။နှင်းဆီစူးက လက်မှာမဟုတ်ဘဲ နွေ့နှလုံးသားမှာစူးနေခဲ့တာသိလား မမနီ သိရဲ့လား"
"လွှတ်ပါတော့ကွယ် လွှတ်ပါတော့ တို့ရင်တွေနာရလို့ပါ။နွေသိပ်နာကျင်နေမှန်းတို့သိပါတယ်။လွှတ်ပါ လွှတ်ပါကလေးရယ် တို့တောင်းပန်ပါတယ်"
"မထိပါနဲ့ နွေ့အသားကိုမထိပါနဲ့။ကျေနပ်ရဲ့လားဟင် ကျေနပ်ရဲ့လား။နွေ့နှလုံးသားကို ရက်ရက်စက်စက်ခွဲခဲ့တာကျေနပ်ရဲ့လား"
"နွေရယ်.."
"နွေ့ကိုဒီနေရာကနေထွက်သွားစေချင်တာမလား။ထွက်သွားပေးမယ် မမနီနဲ့အဝေးဆုံးကိုနွေထွက်သွားပေးမယ်။အဲ့အမျိုးသားကို မမနီရွေးချယ်ခဲ့တာဆိုတော့ နွေကထွက်သွားပေးရမှာပေါ့"
"မဟုတ်ဘူးနွေ မဟုတ်ဘူး။တို့ရွေးချယ်ခဲ့တာမဟုတ်ပါဘူး"
"နောက်ဆုံးတစ်ကြိမ်ထပ်မေးပါ့မယ် မမနီသူ့ကိုရွေးမလား နွေ့ကိုလား"
ဟုတ်တယ်နောက်ဆုံးအကြိမ်။ဒီတစ်ကြိမ်မှမမနီဟာ ကိုယ့်ကိုမရွေးချယ်ခဲ့ရင် ကိုယ်ဟာထွက်သွားရုံပဲပေါ့။သူမှမလိုချင်တာပဲ။သူမှမရွေးချယ်ချင်တာပဲလေ။ကံပေါ့လေ။ကံပေါ့။မမနီဟာနေရာတွင်ငြိမ်သက်လျှက်။
"နီနီ မေမေ့ကိုလာကြည့်အုံး။မေမေမကောင်းဘူး"
ဝသုန့်ဆီလှမ်းရန်ပြင်နေသည့်ခြေလှမ်းတို့မှာနောက်သို့ဆုတ်သွားလေသည်။ကျေနပ်ပါသည်။ကျေနပ်ရပါသည်။မမနီဟာ ကိုယ့်ကိုရွေးချယ်ဖို့ပြင်ခဲ့တာပဲ။မရွေးချယ်နိုင်ခဲ့တာက ကံတရားပေါ့လေ။

အိမ်ပေါ်လှမ်းတက်နေသည့်ခြေလှမ်းတို့မှာ နောက်နားမှာထွက်လာသည့်အသံတို့ကြောင့်ရပ်တန့်သွားရသည်။မဟုတ်ပါစေနဲ့လေ။မဟုတ်ပါစေနဲ့။ကိုယ်ထင်သလိုမဖြစ်ပါစေနဲ့။
"ဟယ် ဟိုကလေးမလေးတိုက်မိသွားပြီ"
"မြန်မြန်လုပ်ကြ.. ဆေးရုံကားခေါ်ပေကြပါအုံး ဘာဖြစ်သွားလဲမသိဘူး"
"နွေ့!!"
အသံနှင့်ခြေလှမ်းသွာနှုန်းတို့မှာတစ်ပြိုင်တည်းပင်။မြေပေါ်လဲကျသွားသွားသည့် ကိုယ်ကလေးအား အမြန်ပွေ့ယူမိသည်။ဟင့်အင်း မဖြစ်ရဘူးလေ။ကိုယ်လိုချင်တာဒီလိုမှမဟုတ်ဘဲ။
"နွေ..နွေ..မျက်လုံးဖွင့်ပါအုံး နွေ။တို့ခေါ်နေတယ် ထပါအုံး"
"ကလေးကိုဆေးရုံပို့ဖို့ပြင် နီနီမြန်မြန်"

"နွေ..နွေဘာမှမဖြစ်ရဘူးနော်။နွေဘာမှဖြစ်လို့မရဘူး။နွေတို့အနားမှာရှိနေပေးမယ်လို့ပြောထားတယ်မလား။နွေ မျက်လုံးဖွင့်ပါအုံး"
ဆေးရုံကားထဲဝယ် ခေါ်သံတို့မှာ ဆူညံနေတော့သည်။
"တို့ကြောင့်ပါ တို့တွေဝေနေခဲ့မိလို့။တို့မပြတ်သားခဲ့လို့ဒီလိုတွေဖြစ်ရတာပါ"
"လူနာရှင်အပြင်ကစောင့်ပေးပါ အထဲဝင်မရဘူး"
"ကျေးဇူးပြုပြီး နွေ့ကို ကယ်ပေးပါ ဒေါက်တာ ကျေးဇူးပြုပြီး"
"အကောင်းဆုံးကြိုးစားပါ့မယ်"
"နီနီ သမီးလေး သမီးလေးအခြေအနေ"
"အခန်းထဲမှာ ထွက်မလာသေးဘူး တောင်းပန်ပါတယ် နီနီကြောင့်ပါ နီနီကြောင့်ပါ"
"မငိုနဲ့နီနီ မငိုနဲ့ ဝသုန်က နီနီငိုနေတာကိုကြည့်ရက်မှာမဟုတ်ဘူး သူကနီနီကိုသိပ်ချစ်တာမလို့ သေချာပေါက်ကောင်းမှာ သူဘာမှဖြစ်မှာမဟုတ်ဘူး"
အခန်းရှေ့ဝယ်ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း စောင့်နေကြ​မိသည်။
"လူနာရှင်က.."
"ကျွန်မပါ သမီးလေးအခြေအနေ"
"ကံကောင်းတယ်ပြောရမယ် လူနာက အရှိန်မပြင်းတာကြောင့် ပြင်ပဒဏ်ရာပဲရပါတယ်။နောက်နာရီဝက်လောက်နေရင်နိုးလာပါလိမ့်မယ်"
"ကျေးဇူးပါ ဒေါက်တာ"
"သမီးလေး ဘာမှမဖြစ်ဘူးတဲ့ နီနီ သမီးလေးကဘာမှမဖြစ်ဘူးတဲ့"
ခုတင်ထက်ဝယ်လဲလျောင်းနေသည့် သူအား ကြည့်ရင်း မျက်ရည်တို့မှာကျမိပြန်သည်။လက်ကလေးအားယူကာ ခပ်ဖွဖွနမ်းရင်း တောင်းပန်စကားသာတဖွဖွဆိုမိသည်။
"သူဘာမှမဖြစ်တော့ပါဘူး နီနီရယ် မငိုပါတော့နဲ့ သူ့အတွက်လုပ်ပေးချင်ရင် သူ့အနားမှာရှိနေပေးလိုက်ပါ"
"စိတ်ချပါ ဘယ်တော့မှနီနီသူ့အနားကထွက်မသွားတော့ပါဘူး သူနှင်ထုတ်ရင်တောင် ထွက်မသွားဘဲ သူ့အနားမှာပဲနေတော့မှာ"
"ကျေးဇူးတင်ပါတယ် နီနီ သမီးလေးသိပ်ပျော်နေရှာမှာ။အမ သူနိုးရင်စားဖို့တစ်ခုခုသွားဝယ်အုံးမယ်"
"ဟုတ်ကဲ့"
"နိုးလာပါတော့နွေရယ် နိုးလာပါတော့။တို့တောင်းပန်ပါတယ်။နာကျင်စေခဲ့မိလို့တကယ်တောင်းပန်ပါတယ်။နောက်ဆို ဘယ်တော့မှာနွေ့ကိုနာကျင်အောင်မလုပ်တော့ပါဘူး။နွေ့ကိုတို့သိပ်ချစ်တာမလို့ မြန်မြန်နိုးထလာပါတော့။နောက်ဆိုနွေ့ကိုနှင်မလွှတ်တော့ပါဘူး"
"တကယ်နော်.."
ရုတ်တရက်ကြီးထွက်လာသည့်အသံကြောင့်ကြောင်သွားလေသည်။မျက်ဝန်းကလေးများညှိုးငယ်စွာ သူမအား ကြည့်နေသည့်ကလေးမ။
"ဟင်..နွေ့ သတိရပြီလား ဆရာခေါ်ပေးမယ် ဘယ်လိုနေသေးလဲဟင်"
ထိုင်ရာမှထကာ အခန်းပြင်ထွင်ဖို့ပြင်နေသူအား လက်အားလှမ်းဆွဲထားလိုက်မိသည်။
"နွေအဆင်ပြေပါတယ်။ခုနနွေမေးတာကိုပဲဖြေပါ။နွေ့အနားမှာ တစ်သက်လုံးတကယ်နေသွားမှာလား"
"နွေ..မင်းကတော့လေ.."
"ဖြေပါ မမနီရဲ့ နွေကြားချင်လို့ပါ"
"ဟော့ဒီက ဒေါ်ပန်းမွှေ့နီနီက ဒီကဒေါ်နွေနှောင်းဝသုန်ဘေးမှာ တစ်သက်လုံး မခွဲမခွာ နေသွားမှာပါနော် ကျေနပ်ပြီလား"
"ကျေနပ်တယ် ကတိနော် ကတိ"
လက်သန်းလေးနှင့်လက်မကလေးထောင်ကာ ကတိတောင်းနေသည့်လူမမာလေးအား နီနီလည်းကတိပေးလိုက်မိသည်။
"ဒီနေ့ကစပြီး မမနီက နွေ့အပိုင်နော်"
"ဟင့်အင်း မဟုတ်ပါဘူး"
"ဟာ ခုနပဲ ပြောပြီး"
"တို့ကနွေ့အပိုင်မဟုတ်ပါဘူးနော် နွေကသာတို့အပိုင်။တို့ကလွဲပြီးဘယ်သူ့ကိုမှမချစ်ရတော့ဘူးနော် ဒါပဲ"
"ချစ်စရာလားလို့ ချစ်စရာလား ဒီလောက်ချစ်ဖို့ကောင်းတဲ့အမျိုးသမီးလေးရှိနေပြီကို နောက်လူကိုချစ်စရာလား"

အခန်းလေးထဲဝယ်ရယ်သံတို့မှာပျံ့လွင့်သွားတော့သည်။တစ်ဦးနှင့်တစ်ဦးအချစ်စမ်းနေကြသည့် အမျိုးသမီးလေးနှစ်ဦးမှာ မမောနိုင်မပန်းနိုင်အချစ်အကြောင်းအားဋီကာ ဖွဲ့နေကြတော့သည်။

နှင်းဆီနီနီတွေသဘောကျတတ်တဲ့ မမနီဆိုသည့်အမျိုးသမီးမှာ ဝသုန့်အတွက်တကယ့်ကိုမြတ်နိုးစရာ။ထိုအမျိုးသမီးဟာ ဝသုန့်အပိုင်ပါလို့တွေးမိလိုက်ချိန်တိုင်း ရင်ခုန်သံမှာထိန်းမရ။

"မမနီ..မမနီ..နှင်းဆီနီနီတွေသဘောကျသည်ဆိုသည့်မမနီ။ဥစ္စာဓန၊ဂုဏ်ပညာ၊အလှတရား အရာအားလုံးပြည့်စုံသည့်ထိုအမျိုးသမီးအား ပိုင်ဆိုင်ခွင့်ရသည့် ဝသုန်မှာ ကမ္ဘာပေါ်တွင်ကံအကောင်းဆုံးလူသားတစ်ဦးပင်။

ပြီးပါပြီ။
ချစ်တဲ့သူတိုင်းပေါင်းဖက်နိုင်ကြပါစေရှင်။

အစကနေအဆုံးထိလိုက်ပါစီးမျောပေးလို့ကျေးဇူးပါရှင်။စာအုပ်ကလေးထဲမှာ Extra 2ပိုင်းရေးပေးပါ့မယ်။အခုတော့ မမနီကိုနှုတ်ဆက်လိုက်ပါတယ်။💙
နှင်းဆီနီနီတွေမြင်တဲ့အခါ မမနီကိုသတိရပေးတယ်ဆိုရင်ပဲ ကျေနပ်လှပါပြီ။

ခ်စ္မိခဲ့သည္ဆိုရာဝယ္ (or)ခ်စ္ေသာမမနီ
ဇာတ္သိမ္းပိုင္း

ပုလဲလုံးျဖဴျဖဴကေလးမ်ားစီတန္းထားသည့္အနီေရာင္လည္ပိတ္ရင္ဖုံးလက္တိုကေလးအားအနီေရာင္ခ်ည္ထည္လုံခ်ည္ကေလးျဖင့္တြဲဝတ္ထားၿပီး လက္ထဲတြင္ ႏွင္းဆီနီနီပန္းစည္းအားကိုင္ထားသည့္ ဝသုန့္ထံတြင္ အိမ္ထဲရွိလူမ်ား၏အၾကည့္တို႔မွာဆိုက္ေရာက္ေနေတာ့သည္။ေတြးထင္မထားလို႔ထင္ရဲ႕ မမနီမ်က္ဝန္းတို႔မွာ ဝိုင္းစက္ကာ အံ့ၾသဟန္ျဖစ္ေနေလသည္။ဒီတစ္ႀကိမ္မွာေတာ့ မမနီဟာ သူ႕ခံစားခ်က္ေတြကို မဖုံးကြယ္နိုင္ေတာ့။အကုန္လုံးထဲတြင္မမနီအေမရဲ႕အၾကည့္တို႔မွာ ဝသုန့္ထံစူးစူးရဲရဲပင္။ၿငိမ္သက္မွင္သက္ေနသည့္လူမ်ားၾကားထဲ ဧပရယ္ဟာဝသုန့္အနားေရာက္လာေလသည္။ထိုအခါမွ မမနီအေမထံသို႔ေရာက္ေနသည့္အၾကည့္တို႔အားေနရာလႊဲလိုက္မိသည္။ဝသုန္ႏွင့္မမနီအား ဒီအေျခအေနေရာက္ေအာင္လုပ္ခဲ့တဲ့သူမလို႔ ၿပဳံးမျပနိုင္ခဲ့ေပ။မမနီဟာ ထိုႏွောင္ႀကိဳးေတြေၾကာင့္ဝသုန့္အား စြန့္ခြာထားခဲ့သည္မွန္းသိရေတာ့ နာက်င္ရသည္။မမနီအား ဖိအားေပးခဲ့သည့္ ထိုလူမ်ားအားလည္း နာက်ည္းရသည္။
"ႏြေ.."
"ႏြေ့အမ်ိဳးသမီးငယ္ေလး သိပ္လွတယ္ အဲ့တာေၾကာင့္ပဲ အဆုံးရႈံးမခံနိုင္တာ"
နားနားကပ္ကာေျပာလိုက္သည့္စကားတို႔ေၾကာင့္ကာလာမျခယ္ထားသည့္မမနီပါးမို႔မို႔မွာ ပန္းေရာင္သမ္းသြားရသည္။တစ္ဖက္သို႔မ်က္ႏွာခ်က္ခ်င္းလႊဲကာ ေနရခက္ေနပုံမွာ အသည္းယားစရာ။
"နီနီ တပည့္ေလးလား ခ်စ္စရာေလးပဲေနာ္"
ဝသုန့္နားအားလာရပ္ရင္းေျပာလိုက္သူမွာ မမနီရဲ႕မေတာ္ရေသးတဲ့ေယာကၡပင္။အၿပဳံးပန္းေတြေဝေနပုံမွာ တကယ္ကိုေပ်ာ္႐ႊင္ေနပုံပင္။တကယ္ဆို ဒီေနရာက ေမေမျဖစ္သင့္တာမလား။ဝသုန့္ေမေမျဖစ္သင့္တာေလ။မမနီနဲ႕ဝသုန့္ကိုၿပဳံးၿပီးၾကည့္ေနမဲ့သူကေမေမျဖစ္ေနရမွာ။အခုေတာ့ အခုေတာ့ေလ။
"အားေတာ့နာေပမဲ့ ကြၽန္မစကားတစ္ခြန္းႏွစ္ခြန္းေလာက္ေျပာခ်င္မိတယ္ ေျပမလားအန္တီ"
"ေျပာေလ သမီးရဲ႕ နီနီတပည့္ေလးဆိုေတာ့ နီနီ႕အတြက္ ဂုဏ္ျပဳစကားေျပာေပးမယ္ေပါ့ ခ်စ္စရာကြယ္"
အသက္မပါသည့္ မဲ့ၿပဳံးတစ္ခ်က္အား ဆင္ျမန္းရင္း မမနီအေမထံအၾကည့္တို႔ေရာက္မိသည္။လူကဲခတ္မညံ့သူမလို႔ဘယ္ေလာက္စိတ္လႈပ္ရွားေနလဲအသိသာပင္။မမနီအေမတင္မဟုတ္ မမနီအစ္မႏွင့္ေမာင္ေလးပါပါေသးသည္။မမနီကို ႐ုန္းမထြက္နိုင္ေအာင္ ဖိအားေပးခဲ့တဲ့သူေတြ။တစ္ဖက္လူရဲ႕ခံစားခ်က္ကိုမၾကည့္ပါဘဲ အတင္းေတြ ေစ့စပ္ပြဲအားလုပ္ခဲ့တဲ့သူေတြ။မမနီႏွင့္ပတ္သက္သူမလို႔သာ မဟုတ္ရင္ေတာ့ေလ ဝုန္းဒိုင္းႀကဲကာ ေမးပစ္ခ်င္မိရဲ႕။ဘာလို႔မ်ား သေဘာမတူနိုင္ရသလဲ။ဘာလို႔မ်ားမမနီကိုဖိအားေပးရသလဲဆိုၿပီးေမးပစ္ခ်င္မိေလသည္။
"ဒီကလူႀကီးမင္းေတြကို အားနာေပမဲ့ မေျပာမျဖစ္လို႔ေျပာပါရေစ။ေဒၚပန္းေမႊ႕နီနီက ဒီက ဦးေဝနိုင္နဲ႕ေစ့စပ္ဖို႔ ဘယ္လိုမွမျဖစ္နိုင္ပါဘူးရွင္"
အိမ္ထဲဝယ္ အံ့ၾသသံတို႔မွာ ဟင္ခနဲ ဟာခနဲပင္။မထင္မွတ္ထားသည္မလို႔ထင္ရဲ႕ မမနီဟာလည္းအံ့ၾသသြားေလသည္။
"ႏြေ့.."
"ႏြေေျပာလို႔မၿပီးေသးဘူး မမနီ"
"ဒီကမိန္းကေလးနဲ႕ ဘယ္လိုပတ္သက္တာမလို႔ ဒီလိုေျပာရတာလဲ"
"ကြၽန္မက ေဒၚပန္းေမႊ႕နီနီရဲ႕ခ်စ္သူပါ။ကြၽန္မနဲ႕ မမနီ လက္တြဲခဲ့တာ သုံးႏွစ္နီးပါးရွိခဲ့ပါၿပီ။အဲ့အတြက္မမနီရဲ႕သက္ဆိုင္သူတစ္ေယာက္အေနနဲ႕ ကြၽန္မလုံးဝဒီေစ့စပ္ပြဲကိုခြင့္မျပဳနိုင္ပါဘူး"
အကုန္လုံးကလႈပ္လႈပ္ရွားရွားျဖစ္သြားေလသည္။တစ္ခ်ိဳ႕ကအံ့ၾသဟန္၊တစ္ခ်ိဳ႕ကမယုံနိုင္ဟန္၊တစ္ခ်ိဳ႕ကေတာ့ ႏွိမ့္ခ်ခ်င္ဟန္တို႔ျဖင့္ တစ္မ်ိဳးစီသာ။ဒီလိုမွမလုပ္ရင္ မမနီဟာ သူတစ္ပါးလက္ထဲပါသြားေတာ့မွာပင္။မမနီအေမဟာလည္း ဝသုန့္ကိုၾကည့္ေနသည္မွာ စူးစူးရဲရဲပင္။
"နီနီ ဒါဘာေတြလဲ။သူေျပာတာအမွန္ေတြလား"
ဦးေဝနိုင္၏အေမျဖစ္သူထံမွထြက္လာသည့္စကား။သိပ္ကိုတုန္လႈပ္သြားပုံပင္။
"နီနီရွင္းျပပါ့မယ္"
"ပန္းေမႊ႕နီနီ အေမျဖစ္သူကိုသနားေသာအားျဖင့္ မင္းတပည့္မကိုေခၚသြားပါ"
တပည့္မဟုတ္တာသိရဲ႕သားနဲ႕ေလ မမနီေမေမကေတာ့။ဝသုန္ေျပာဖို႔ျပင္ခ်ိန္မမနီဟာ ဝသုန့္လက္ကိုဆြဲကာ အိမ္ေပၚမွဆင္းၿပီး ၿခံစပ္သို႔ေခၚသြားေလသည္။အိမ္ေပၚမွာေတာ့ ႐ုတ္႐ုတ္သဲသဲျဖင့္သာ။
"တို႔ေျပာတာနားေထာင္ပါအုံး ဘာေတြေလွ်ာက္ေျပာေနရတာလဲ"
"ႏြေေျပာတဲ့စကားထဲမွာ တစ္ခြန္းမွေလွ်ာက္ေျပာတာမပါဘူးေနာ္ မမနီသိရဲ႕သားနဲ႕"
"ေတာ္ပါေတာ့ ေတာ္ပါေတာ့ ႏြေရယ္ တို႔ေတာင္းပန္ပါတယ္"
"ဘာလို႔လဲ ႏြေကဘာေတြမ်ားလုပ္ေနလို႔ မမနီကေတာင္းပန္ရတာလဲ။ႏြေ ဒီကိုဘယ္ေလာက္ထိအရဲစြန့္ၿပီးလာခဲ့ရသလဲ မမနီမသိဘူးလားဟင္"
"ေတာင္းပန္ပါတယ္ ေတာ္ပါေတာ့။ႏြေဒီကသြားပါေတာ့ "
"မမနီ..!"
အရဲစြန့္ၿပီးႀကိဳးစားခဲ့သမွ်က ႏွင္ထုတ္ခံရဖို႔မွမဟုတ္တာပဲ။မမနီကေတာ့ ကိုယ့္ဘက္မွာပါမယ္ထင္ခဲ့တာေလ။အခုက် သြားပါေတာ့တဲ့လား။ဘယ္လိုစိတ္နဲ႕မ်ားေျပာထြက္နိုင္ရတာလဲ။ဘယ္ေလာက္ထိ ႐ူး႐ူးမိုက္မိုက္ခ်စ္ေနမိလဲဆိုတာသိရက္နဲ႕ ႏွင္လႊတ္ရက္တယ္။
"မမနီတကယ္ပဲ အဲ့ဒီလူကို လက္ထပ္မယ္ေပါ့ ဟုတ္လား ဘယ္လိုစိတ္နဲ႕လဲ ဘယ္လိုစိတ္မ်ိဳးနဲ႕ေတြးရက္နိုင္ရတာလဲ။ႏြေ့ဘက္ကိုေရာ တစ္ခ်က္ေလးမၾကည့္ဘူးလား။ေျပာပါ ႏြေ့ဘက္ကိုမၾကည့္ေပးဘူးလား"
"ေတာင္းပန္ပါတယ္ တို႔မွာ ေ႐ြးခ်ယ္စရာမရွိခဲ့လို႔ပါ"
"အဲ့တာေၾကာင့္ေလ အဲ့တာေၾကာင့္ႏြေကေ႐ြးခ်ယ္လို႔ရေအာင္လုပ္ေပးေနတာေလ။အဲ့ဒီလူနဲ႕ႏြေ ႏွစ္ေယာက္ထဲက တစ္ေယာက္ကိုမမနီေ႐ြးေလ"
"ေတာင္းပန္ပါတယ္ သြားပါေတာ့ သြားပါေတာ့ႏြေရယ္"
"မမနီရက္စက္တယ္သိလား သိပ္ရက္စက္တယ္ ႏြေကအရဲစြန့္ခဲ့တာ။မမနီက ႏွင္ထုတ္ရက္တယ္။ဘယ္လိုစိတ္မ်ိဳးနဲ႕လဲ မမနီကအဲ့အမ်ိဳးသားေလယက္ေတာင္ ႏြေ့ကို ႏြေ့ကို..."
ဆို႔နစ္သြားရသည့္စကာလုံးတိူ႕မွာႏႈတ္ဖ်ားဆီမွထြက္မလာခဲ့ေတာ့ေပ။အျပစ္မရွိပါသည့္ ႏွင္းဆီပန္းစည္းကိုသာ ခပ္တင္းတင္း တိုးကာတိုးကာ ဆုပ္ကိုင္မိသည္။
"ႏြေ..ဘာလုပ္တာလဲ လႊတ္။ႏြေ့..ႏြေ့လက္မွာေသြးထြက္ေနၿပီ ဒါကိုလႊတ္လိုက္ပါေတာ့"
"ဘာလို႔လဲ အခုခံစားေနရတာထက္စာရင္ ဒီနာက်င္မႈကဘာမ်ားျဖစ္မွာမလို႔လဲ။အခုႏြေ့ရင္ထဲမွာ တဆစ္ဆစ္နဲ႕နာက်င္ေနရတာ သိလား။ႏွင္းဆီစူးက လက္မွာမဟုတ္ဘဲ ႏြေ့ႏွလုံးသားမွာစူးေနခဲ့တာသိလား မမနီ သိရဲ႕လား"
"လႊတ္ပါေတာ့ကြယ္ လႊတ္ပါေတာ့ တို႔ရင္ေတြနာရလို႔ပါ"
"မထိပါနဲ႕ ႏြေ့အသားကိုမထိပါနဲ႕။ေက်နပ္ရဲ႕လားဟင္ ေက်နပ္ရဲ႕လား။ႏြေ့ႏွလုံးသားကို ရက္ရက္စက္စက္ခြဲခဲ့တာေက်နပ္ရဲ႕လား"
"ႏြေရယ္.."
"ႏြေ့ကိုဒီေနရာကေနထြက္သြားေစခ်င္တာမလား။ထြက္သြားေပးမယ္ မမနီနဲ႕အေဝးဆုံးကိုႏြေထြက္သြားေပးမယ္။အဲ့အမ်ိဳးသားကို မမနီေ႐ြးခ်ယ္ခဲ့တာဆိုေတာ့ ႏြေကထြက္သြားေပးရမွာေပါ့"
"မဟုတ္ဘူးႏြေ မဟုတ္ဘူး။တို႔ေ႐ြးခ်ယ္ခဲ့တာမဟုတ္ပါဘူး"
"ေနာက္ဆုံးတစ္ႀကိမ္ထပ္ေမးပါ့မယ္ မမနီသူ႕ကိုေ႐ြးမလား ႏြေ့ကိုလား"
ဟုတ္တယ္ေနာက္ဆုံးအႀကိမ္။ဒီတစ္ႀကိမ္မွမမနီဟာ ကိုယ့္ကိုမေ႐ြးခ်ယ္ခဲ့ရင္ ကိုယ္ဟာထြက္သြား႐ုံပဲေပါ့။သူမွမလိူခ်င္တာပဲ။သူမွမေ႐ြးခ်ယ္ခ်င္တာပဲေလ။ကံေပါ့ေလ။ကံေပါ့။မမနီဟာေနရာတြင္ၿငိမ္သက္လွ်က္။
"နီနီ ေမေမ့ကိုလာၾကည့္အုံး။ေမေမမေကာင္းဘူး"
ဝသုန့္ဆီလွမ္းရန္ျပသ္ေနသည့္ေျခလွမ္းတို႔မွာေနာက္သို႔ဆုတ္သြားေလသည္။ေက်နပ္ပါသည္။ေက်နပ္ရပါသည္။မမနီဟာ ကိုယ့္ကိုေ႐ြးခ်ယ္ဖို႔ျပင္ခဲ့တာပဲ။မေ႐ြးခ်ယ္နိုင္ခဲ့တာက ကံတရားေပါ့ေလ။

အိမ္ေပၚလွမ္းတက္ေနသည့္ေျခလွမ္းတို႔မွာ ေနာက္နားမွာထြက္လာသည့္အသ့တိူ႕ေၾကာင့္ရပ္တန့္သြားရသည္။မဟုတ္ပါေစနဲ႕ေလ။မဟုတ္ပါေစနဲ႕။ကိုယ္ထင္စလိုမျဖစ္ပါေစနဲ႕။
"ဟယ္ ဟိုကေလးမေလးတိုက္မိသြားၿပီ"
"ျမန္ျမန္လုပ္ၾက.. ေဆး႐ုံကားေခၚေပၾကပါအုံး ဘာျဖစ္သြားလဲမသိဘူး"
"ႏြေ့!!"
အသံႏွင့္ေျခလွမ္းသြာႏႈန္းတို႔မွာတစ္ၿပိဴင္တည္းပင္။ေျမေပၚလဲက်သြားသြားသည့္ ကိုယ္ကေလးအား အျမန္ေပြ႕ယူမိသည္။ဟင့္အင္း မျဖစ္ရဘူးေလ။ကိုယ္လိုခ်င္တာဒီလိုမွမဟုတ္ဘဲ။
"ႏြေ..ႏြေ..မ်က္လုံးဖြင့္ပါအုံး ႏြေ။တို႔ေခၚေနတယ္ ထပါအုံး"
"ကေလးကိုေဆး႐ုံပို႔ဖို႔ျပင္ နီနီျမန္ျမန္"

"ႏြေ..ႏြေဘာမွမျဖစ္ရဘူးေနာ္။ႏြေဘာမွျဖစ္လို႔မရဘူး။ႏြေတို႔အနားမွာရွိေနေပးမယ္လို႔ေျပာထားတယ္မလား။ႏြေ မ်က္လုံးဖြင့္ပါအုံး"
ေဆး႐ုံကားထဲဝယ္ ေခၚသံတို႔မွာ ဆူညံေနေတာ့သည္။
"တို႔ေၾကာင့္ပါ တို႔ေတြေဝေနခဲ့မိလို႔။တို႔မျပတ္သားခဲ့လို႔ဒီလိုေတြျဖစ္ရတာပါ"
"လူနာရွင္အျပင္ကေစာင့္ေပးပါ အထဲဝင္မရဘူး"
"ေက်းဇူးျပဳၿပီး ႏြေ့ကို ကယ္ေပးပါ ေဒါကိတာ ေက်းဇူးျပဳၿပီး"
"အေကာင္းဆုံးႀကိဳးစားပါ့မယ္"
"နီနီ သမီးေလး သမီးေလးအေျခအေန"
"အခန္းထဲမွာ ထြက္မလာေသးဘူး ေတာင္းပန္ပါတယ္ နီနီေၾကာင့္ပါ နီနီေၾကာင့္ပါ"
"မငိုနဲ႕နီနီ မငိုနဲ႕ ဝသုန္က နီနီငိုေနတာကိုၾကည့္ရက္မွာမဟုတ္ဘူး သူကနီနီကိုသိပ္ခ်စ္တာမလို႔ ေသခ်ာေပါက္ေကာင္းမွာ သူဘာမွျဖစ္မွာမဟုတ္ဘူး"
အခန္းေရွ႕ဝယ္ေခါက္တုံ႕ေခါက္ျပန္ေလွ်ာက္ရင္း ေစာင့္ေနၾကျ
သည္။
"လူနာရွင္က.."
"ကြၽန္မပါ သမီးေလးအေျခအေန"
"ကံေကာင္းတယ္ေျပာရမယ္ လူနာက အရွိန္မျပင္းတာေၾကာင့္ ျပင္ပဒဏ္ရာပဲရပါတယ္။ေနာက္နာရီဝက္ေလာက္ေနရင္နိုးလာပါလိမ့္မယ္"
"ေက်းဇူးပါ ေဒါက္တာ"
"သမီးေလး ဘာမွမျဖစ္ဘူးတဲ့ နီနီ သမီးေလးကဘာမွမျဖစ္ဘူးတဲ့"
ခုတင္ထက္ဝယ္လဲေလ်ာင္းေနသည့္ သူအား ၾကည့္ရင္း မ်က္ရည္တို႔မွာက်မိျပန္သည္။လက္ကေလးအားယူကာ ခပ္ဖြဖြနမ္းရင္း ေတာင္းပန္းစကားသာတဖြဖြဆိုမိသည္။
"သူဘာမွမျဖစ္ေတာ့ပါဘူး နီနီရယ္ မငိုပါေတာ့နဲ႕ သူ႕အတြက္လုပ္ေပးခ်င္ရင္ သူ႕အနားမွာရွိေနေပးလိုက္ပါ"
"စိတ္ခ်ပါ ဘယ္ေတာ့မွနီနီသူ႕အနားကထြက္မသြားေတာ့ပါဘူး သူႏွင္ထုတ္ရင္ေတာင္ ထြက္မသြားဘဲ သူ႕အနားမွာပဲေနေတာ့မွာ"
"ေက်းဇူးတင္ပါတယ္ နီနီ သမီးေလးသိပ္ေပ်ာ္ေနရွာမွာ။အမ သူနိုးရင္စားဖို႔တစ္ခုခုသြားဝယ္အုံးမယ္"
"ဟုတ္ကဲ့"
"နိုးလာပါေတာ့ႏြေရယ္ နိုးလာပါေတာ့။တို႔ေတာင္းပန္ပါတယ္။နာက်င္ေစခဲ့မိလို႔တကယ္ေတာင္းပန္ပါတယ္။ေနာက္ဆို ဘယ္ေတာ့မွာႏြေ့ကိုနာက်င္ေအာင္မလုပ္ေတာ့ပါဘူး။ႏြေ့ကိုတို႔သိပ္ခ်စ္တာမလို႔ ျမန္ျမန္နိုးထလာပါေတာ့။ေနာက္ဆိုႏြေ့ကိုႏွင္မလႊတ္ေတာ့ပါဘူး"
"တကယ္ေနာ္.."
႐ုတ္တရက္ႀကီးထြက္လာသည့္အသံေၾကာင့္ေၾကာင္သြားေလသည္။
"ဟင္..ႏြေ့ သတိရၿပီလား ဆရာေခၚေပးမယ္ ဘယ္လိုေနေသးလဲဟင္"
ထိုင္ရာမွထကာ အခန္းျပင္ထြင္ဖို႔ျပင္ေနသူအား လက္အားလွမ္းဆြဲထားလိုက္မိသည္။
"ႏြေအဆင္ေျပပါတယ္။ခုနႏြေေမးတာကိုပဲေျဖပါ။ႏြေ့အနားမွာ တစ္သက္လုံးတကယ္ေနသြားမွာလား"
"ႏြေ..မင္းကေတာ့ေလ.."
"ေျဖပါ မမနီရဲ႕ ႏြေၾကားခ်င္လို႔ပါ"
"ေဟာ့ဒီက ေဒၚပန္းေမႊ႕နီနီက ဒီကေဒၚႏြေႏွောင္းဝသုန္ေဘးမွာ တစ္သက္လုံး မခြဲမခြာ ေနသြားမွာပါေနာ္ ေက်နပ္ၿပီလား"
"ေက်နပ္တယ္ ကတိေနာ္ ကတိ"
လက္သန္းေလးႏွင့္လက္မကေလးေထာင္ကာ ကတိေတာင္းေနသည့္လူမမာေလးအား နီနီလည္းကတိေပးလိုက္မိသည္။
"ဒီေန႕ကစၿပီး မမနီက ႏြေ့အပိုင္ေနာ္"
"ဟင့္အင္း မဟုတ္ပါဘူး"
"ဟာ ခုနပဲ ေျပာၿပီး"
"တို႔ကႏြေ့အပိုင္မဟုတ္ပါဘူးေနာ္ ႏြေကသာတို႔အပိုင္။တို႔ကလြဲၿပီးဘယ္သူ႕ကိုမွမခ်စ္ရေတာ့ဘူးေနာ္ ဒါပဲ"
"ခ်စ္စရာလားလို႔ ခ်စ္စရာလား ဒီေလာက္ခ်စ္ဖို႔ေကာင္းတဲ့အမ်ိဳးသမီးေလးရွိေနၿပီကို ေနာက္လူကိူခ်စ္စရာလား"

အခန္းေလးထဲဝယ္ရယ္သံတို႔မွာပ်ံ့လြင့္သြားေတာ့သည္။တစ္ဦးႏွင့္တစ္ဦးအခ်စ္စမ္းေနၾကသည့္ အမ်ိဳးသမီးေလးႏွစ္ဦးမွာ မေမာနိုင္မပန္းနိုင္အခ်စ္အေၾကာင္းအာ ဋီကာ ဖြဲ႕ေနၾကေတာ့သည္။

ႏွင္းဆီနီနီေတြသေဘာက်တတ္တဲ့ မမနီဆိုသည့္အမ်ိဳးသမီးမွာ ဝသုန့္အတြက္တကယ့္ကိုျမတ္နိုးစရာ။ထိုအမ်ိဳးသမီးဟာ ဝသုန့္အပိုင္ပါလို႔ေတြးမိလိုက္ခ်ိန္တိုင္း ရင္ခုန္သံမွာထိန္းမရ။
"မမနီ..မမနီ..ႏွင္းဆီနီနီေတြသေဘာက်သည္ဆိုသည့္မမနီ။ဥစၥာဓန၊ဂုဏ္ပညာ၊အလွတရား အရာအားလုံးျပည့္စုံသည့္ထိုအမ်ိဳးသမီးအား ပိုင္ဆိူင္ခြင့္ရသည့္ ဝသုန္မ်ာ ကမၻာေပၚတြင္ကံအေကာင္းဆုံးလူသားတစ္ဦးပင္။

ၿပီးပါၿပီ။
အစကေနအဆုံးထိလိုက္ပါစီးေမ်ာေပးလို႔ေက်းဇူးပါရွင္။စာအုပ္ကေလးထဲမွာ Extra 2ပိုင္းေရးေပးပါ့မယ္။အခုေဆာ့ မမနီကိုႏႈတ္ဆက္လိုက္ပါတယ္။
ႏွင္းဆီနီနီေတြျမင္တဲ့အခါ မမနီကိုသတိရေပးတယ္ဆိုရင္ပဲ ေက်နပ္လွပါၿပီ။

Continue Reading

You'll Also Like

2.4M 205K 105
"ခင္ဗ်ားက ဟီရိုးအင္းလိုပဲ မေကာင္းမွန္းသိေနေပမဲ့လည္း လူက္ုိအရူးအမူး စြဲလမ္းေစတယ္" 19.2.2022 "ခင်ဗျားက ဟီရိ...
5.4M 722K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
117K 13.2K 100
transition novel