" ဗစ်တာ... ယောက်ျား~~~''
ထိုခေါ်သံကြောင့် ဗစ်တာမှာ အကြောအချင်တွေတောင့်တင်းကာ ကြက်သီးတဖြန်းဖြန်းထသွားရသည်။
" အ..အကွာ..ဘာ..ဘာပြောမလို့လဲ..''
အသံတွေတုန်ယင်ပြီး နှလုံးခုန်နူန်း မူမမှန်သလိုတောင် ဗစ်တာခံစားနေရသည်။
အကွာရဲ့ အပြုံးကြီးက ကြောက်ဖို့ကောင်းလိုက်တာ..။
" ဟီး..ဗစ်တာ ဘာလုပ်နေတာလဲ.. အကွာနိုးလာတဲ့အချိန် ဗစ်တာမရှိတော့ အရမ်းဝမ်းနည်းတယ်သိလား ''
" အာ..ကိုယ်က ကျူးကျော်သူရှိလို့ သွားဖမ်းဖို့ စာပျံရောက်လာလို့ပါ ''
" စာပျံ?''
" အင်း.. စာပျံ..အာရုံနဲ့ဆက်နွယ်တာ..ရှင်းရှင်းပြောရရင် စိတ်ချင်းဆက်နွယ်တာပေါ့..အဲ့လိုမျိုးလေး ''
" အော်.. ဗစ်တာ ..အကွာလေဗစ်တာ့ကိုစိတ်မဆိုးတော့ဘူးသိလား..ဒီမှာ အမြီးအစစ်တွေလည်းရှိနေပြီ ကြည့်အုန်း မလှဘူးလား ''
" လှတယ်... ကိုယ်အဲ့တာအကြောင်းစဉ်းစားနေတာ..အကွာက ရေသူမျိုးနွယ်က ဆင်းသက်လာတာမဟုတ်ဘဲ..ကိုယ်နဲ့ မိတ်လိုက်ပြီး..''
" ဟင့်အင်း..အကွာက တကယ်တော့ ရေသူမျိုးနွယ်က ဆင်းသက်လာတာပါ..အကွာရဲ့ အဖေက မင်းကြီးကလေတန်ပါ..အမေက အမ်မီလီပါ..''
" အကွာ..တကယ်ပြောတာလား ''
" ဗစ်တာမယုံရင်လည်း အကွာမတတ်နိုင်ဘူး..အဲ့တာက အမှန်တရားပါ..ပြီးတော့ အဖေမသေသေးဘူး..အခုပလ္လင်ပေါ် တက်နေတဲ့မင်းကြီး.. ဦးရီးတော် မာလေက ဖမ်းဆီးထားတာ..အမေကတော့အကွာ့ကိုမွေးပြီး သေသွားတယ် ''
" အကွာ... ''
" ဒါကို မယုံချင်နေပါ..အကွာက..''
" တကယ်ပဲ မင်းကြီး ကလေတန်က မသေဘူးဆိုရင် သူ့ကို ရှာပြီး ကယ်တင်ရမှာပေါ့ အကွာ..ကိုယ် ယုံကြည်ပေးမယ် ''
ရှောင်းကျန့်သည် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ပြီး ဝမ်ရိပေါ်ကို အမှတ်ပေးလိုက်သည်။
သူ့အပေါ်မှာ စောဒကမတက်ဘဲ ယုံကြည်ပေးလို့။
ဗစ်တာရဲ့ ခန္ဓာကိုယ်ကြီးကိုဖက်လိုက်ပြီး အကွာက ပိုပြီး လှလှပပ ပြုံးလိုက်တော့တယ်။
.................
" အဖွား..ကျွန်မက ထရီဇာပါ ''
မိုင်လီက သူမရှေ့မှာရှိနေတဲ့ ခပ်သွယ်သွယ်နဲ့ချောမောတဲ့မိန်းမလှလေးကို ကြည့်ပြီး ခေါင်းညိတ်အသိအမှတ်ပြုသည် ။
" အင်း ထိုင်ပါအုန်း ''
မနက်ခင်း စောစောစီးစီး ရောက်လာတဲ့သူမက နေခြည်ဖြာနေတဲ့ မိုင်လီရဲ့ဆိုင်လေးထဲမှာ ဝင်ထိုင်သည်။
" ဟုတ်ကဲ့ ကျေးဇူးပါ ''
ထရီဇာကို ရည်မွန်ပြီးဖော်ရွေတယ်လို့ မိုင်လီထင်မိတယ်။
လိမ္မာရေးခြားရှိသည့် မိန်းမငယ်လေးပါပဲ။
" ထရီဇာ...ဘာကိစ္စရှိလို့လဲကွယ် ''
မိုင်လီက ငါးပေါင်မုန့်နဲ့ လိမ္မော်သီး ဖျော်ရည်တစ်ခွက်ကို သူမရှေ့ချပေးပြီး မေးမြန်းရင်း ခုံလွတ်တစ်ခုမှာဝင်ထိုင်သည်။
" ကျွန်မက သိပ္ပံပညာရှင်ပါ နာမည်ရပါရဂူမဟုတ်ပေမယ်ပေါ့..ဟီး.''
သူမက သွက်လက်စွာ ရှင်းပြပြီး ရယ်တော့ မိုင်လီပါလိုက်ပြုံးမိတယ်။
" အင်း.. ထရီဇာက ဘာပြောချင်တာများလဲ ''
" တခြားတော့မဟုတ်ပါဘူး အကွာရဲ့အကြောင်းပါ..အဖွားအနေနဲ့ အကွာက လူသားတစ်ယောက် မဟုတ်ဘူး ဆိုတာ သိပြီးသား ဖြစ်မှာပါ ''
" ထရီဇာက ဘယ်လိုလုပ်...''
" အင်း.. ကျွန်မက သိပ္ပံပညာရှင်ပါ ဆို အဖွားရယ်''
" အင်း.. အဲ့တာက ဘာဖြစ်လို့လဲ.. ဘာပြောမလို့လဲ ''
" အကွာက ရေအောက်မှာ ရှိနေတယ်။ ''
".....''
" သူ့အတွက် အန္တရာယ်ရှိနေတယ် ရေအောက်နန်းတော်ဆိုတာကြီးမှာ အဖမ်းခံထားရတယ် ''
မိုင်လီက ထရီဇာကို မျက်လုံးတွေမှေးကျဉ်းကာ ကြည့်လိုက်မိတဲ့အထိပဲ။
ဘယ်လို...ဒီကောင်မလေးက စိတ်ရောမှန်ရဲ့လား.. ဘယ်သူ့ကို လာပြီး လိမ်ညာနေတာလဲ..အဟက်။ အကွာလောလောဆယ်အဆင်ပြေနေတာ သူမသိထားပြီးသား..။
မိုင်လီက သူမကို ပြုံးပြုံးလေးပဲ ပြန်ကြည့်ပြီး အလိုက်အထိုက်နေပေးလိုက်ဖို့ဆုံးဖြတ်တယ်။
သူထင်တာမမှားရင် ကောင်မလေးက သူ့ကိုဘာလဲဘယ်သူလဲဆိုတာ သိပုံမရဘူး။
" အိုး..ဒုက္ခပါပဲ...မြေးလေးက အဖွားရဲ့ မြေးအရင်းမဟုတ်ပေမယ့် အဖွားက သိပ်ချစ်တာ သူရေသူမျိုးနွယ်ကဆိုတာ အဖွားသိပေမယ့်လည်း အဖွားက အချစ်မလျော့ခဲ့ပါဘူးကွယ်..ထရီဇာက အဖွားမြေးလေးကို ကယ်တင်ပေးပါကွယ် ''
" အင်း ကျွန်မကကူညီမှာပါ..သူ့ကို ကုန်းပေါ်ပြန်ရောက်အောင် ကျွန်မကြိုးစားပေးပါ့မယ် ''
" ကျေးဇူးပါ မုန့်လည်းစားအုန်း ''
" ဟုတ်ကဲ့ ''
မုန့်ကို ငုံ့စားနေတဲ့ သူမကို မိုင်လီကကြည့်ပြီး ပြုံးသည်။
ဘာရည်ရွယ်ချက်နဲ့လဲတော့မသိပေမယ့် သူမစကားကိုတော့ လစ်လျူမရှု့ရဲပေ။
အခုမဟုတ်ရင် နောင်ဖြစ်လာနိုင်သေးတယ်မလား..။
................
" အကွာ..ချာလိန်းက ပြောတယ်.. နက္ခတ်တွေကို ယုံကြည်ရင် သူမက စမ်းသပ်ကြည့်ပေးမယ်တဲ့..ကလေတန်ဘယ်မှာရှိသလဲဆိုတာကို..''
ရှောင်းကျန့်လေးရဲ့ မျက်နှာက ဝင်းပသွားလိုက်တာများ..တစ်ရက်တည်းမှာ Face Mask 12 ခုလောက်ကပ်ထားပြီး Glow သွားသလိုမျိုး။
" ယုံတယ် ယုံတယ် စမ်းကြည့်တာပေါ့ ဘယ်မလဲ ချာလိန်းက ''
" ငါဒီမှာ.. ''
စာအုပ်တစ်ထောကြီးပွေ့ပြီး ဝင်လာတဲ့ ချာလိန်းက အသံပြုတယ် ။
" ချာလိန်း ငါ့ကိုစမ်းသပ်ပေး ငါ့အဖေဘယ်မှာရှိလဲဆိုတာ..''
" အေးပါဟယ်.. ခဏလေး ဘေးဖယ်ပါဦး
ငါ့မှာ စာအုပ်တွေနဲ့လေးလံရတဲ့အထဲ နင်က ရှေ့မှာ လာမပိတ်သင့်ဘူးလေ ''
" အော်.. ဟုတ်သားပဲ.. အပျော်လွန်သွားလို့ပါ ''
ချာလိန်းက စာအုပ်တွေကို ကျောက်ချပ်ပြားပေါ်မှာ စီတင်လိုက်ပြီး ဆံပင်တွေကို သပ်လိုက်တယ်။
" လာခဲ့.. နင့်လက်ပေး ''
သူမရဲ့ လက်ဝါးပေါ်မှာ အကွာရဲ့လက်တွေထပ်ပြီးတဲ့နောက်....။
...........................
" ဟူဂိုရေ..ဟူဂို.. ''
" What? ပါးစပ်ပိတ်ထားပါအုန်း လော်ရာမရယ် ငါတို့ကအခု EDM Concert တွေလာကြည့်နေတာမဟုတ်ဘူး အဖမ်းခံထားရတာ..ငါးမန်းစာမဖြစ်ခင် နားပူပြီးသေအောင်နင်လုပ်နေတာလား ''
" ဘယ်ငါးမန်းစာမှမဖြစ်ဘူး ''
" အကွာ ''x2
ဟူဂိုနဲ့လော်ရာက အသံပြိုင်ထွက်သွားပြီး တလက်လက်တောက်ပသော မျက်ဝန်းများနဲ့ အကွာ့ကို ကြည့်နေကြသည် ။
"အကွာက အမြီးကြီးနဲ့တော့်..ငါတို့ထင်တာမှန်တယ် ''
လော်ရာက ဂုဏ်ယူဝံ့ကြွားပြောသည်မို့ ဟူဂိုက တိုးတိုးနေဖို့ အရိပ်အကဲပြပြီး အကွာကတော့ ခေါင်းလေးခါကာ ရယ်လိုက်သည်။
" အကွာ..အကွာ့သူငယ်ချင်းတွေလား ''
" ဟုတ်တယ် အဲ့တာကြောင့် လွှတ်ပေးပါ နော် ''
" အကွာ့သူငယ်ချင်းတွေဆိုတော့....ကောင်းပြီလေ ကိုယ်လွှတ်ပေးမယ်..မာလေက မေးရင် သေပြီလို့ပြောလိုက်မယ် ''
" တာတာအကောင်းဆုံးပဲ ''
" ဘယ်က တာ..အော်..ဟုတ်တယ် ကွာကွာရဲ့တာတာလေ...''
ဟူဂိုနဲ့ လော်ရာမှာ ရှေ့ကနှစ်ယောက်ကို ကွက်ရှင်မာ့ခ် များစွာနဲ့ ငေးကြည့်ပြီး ခွေးစာတွေ နင့်နေအောင်စားလိုက်ရသည်။
"သည်းခံ.. ငါ့ကောင်ရေ.. ရှေ့က လင်လင်တွေကိုမမြင်ချင်ယောင်ဆောင်ပြီး အချုပ်တံခါးဖွင့်ပေးတဲ့အချိန်ကိုသာစောင့်တော့။''
လော်ရာရဲ့ တိုးတိုးလေး ဆိုလာတဲ့စကားကြောင့် ဟူဂိုက လေပူမှုတ်ကာ သက်ပြင်းချကာ တွေးလိုက်သည် ။
တံခါးဖွင့်မှာက ဘယ်နှစ်ကမ္ဘာလောက်ထိစောင့်ရမလဲ..မသိဘဲနဲ့။
..........
Zawgyi
" ဗစ်တာ... ယောက်ျား~~~''
" စာပျံ?''
" အကွာ..တကယ်ပြောတာလား ''
" အကွာ... ''
.................
" အဖွား..ကျွန်မက ထရီဇာပါ ''
" အင်း ထိုင်ပါအုန်း ''
" ဟုတ်ကဲ့ ကျေးဇူးပါ ''
" ထရီဇာက ဘယ်လိုလုပ်...''
".....''
" ဟုတ်ကဲ့ ''
................
" ငါဒီမှာ.. ''
" လာခဲ့.. နင့်လက်ပေး ''
...........................
" ဟူဂိုရေ..ဟူဂို.. ''
" အကွာ ''x2
" တာတာအကောင်းဆုံးပဲ ''
..........