နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...

By KimHsuYoon99

688K 108K 1.4K

This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3

Chapter 25.1

4.8K 843 7
By KimHsuYoon99

(Unicode)

နှစ်ယောက်သား ဗာရူတောင်ကို ရောက်တဲ့အခါ ပိုင်မုက သူတို့သွားခဲ့တဲ့လမ်းကြောင်းအတိုင်းသွားပြီး သကြားမေပယ်လ်ပင်ကိုတွေ့သွားတယ်။  ပိုင်မုက သူ့ကျောပေါ်ကမြေအိုးကို မြေကြီးပေါ်ချလိုက်ပြီး ခဲယ်လ်တစ်က သူ့ရဲ့ထက်မြတဲ့လက်သည်းတွေနဲ့ သစ်ပင်မှာ အပေါက်တစ်ခုကို လွယ်လွယ်ကူကူလုပ်လိုက်တယ်။ တစ်ချက်တည်းပဲ။ပိုင်မုက  orcsတွေရဲ့ ခြေသည်းလက်သည်းတွေက အရမ်းအသုံးဝင်တာကြောင့် သက်ပြင်းချခဲ့တယ်။  ထို့နောက် ပိုင်မုက ပြင်ဆင်ထားတဲ့ အပြာရောင်သစ်သားကို သစ်ပင်အပေါက်ထဲထည့်လိုက်ပြီး သစ်ရည်တွေက အပြာရောင်သစ်သားတစ်လျှောက် မြေအိုးထဲကို အလျင်အမြန် စိီးဆင်းသွားတယ်။ 

ဒီတကြိမ်မှာ သူတို့က စုစုပေါင်း မြေအိုးလေးလုံး ယူဆောင်လာပြီး တစ်လုံးကို ကီလိုဂရမ် ၄၀ လောက်ရမယ်လို့ ခန့်မှန်းထားတယ်။ ထို့နောက် နှစ်ယောက်သားက  တခြားသကြားမေပယ်ပင်သုံးပင်မှာ အပေါက်တွေ လုပ်‌တော့တယ်။

" ခဲယ်လ်တစ်၊ နေရာလွတ်ထဲ သွားပြီး ရင့်သန်နေတဲ့ အသီးအရွက်တွေကို အရင် စုဆောင်းကြရအောင် "သစ်ရည်စုဆောင်းမှုက သိပ်မမြန်တာကို ပိုင်မုကမြင်ပြီး အိုး ပြည့်ဖို့က ခဏလောက် အချိန်ယူရဦးမယ်လို့သူတွေးခဲ့တယ်။

"ကောင်းပြီလေ" ခဲလ်တစ် က ပိုင်မုရဲ့ တောင်းဆိုမှုဖြစ်နေသရွေ့ ငြင်းဆန်မှာ မဟုတ်ပါဘူး။ ပိုင်မုကို ကူညီနိုင်တာက သူအပျော်ရဆုံးပါပဲ။

ပိုင်မုက အိတ်အလွတ်ကို သူ့ကျောပေါ်  သယ်လိုက်ပြီး ခဲလ်တစ်ကို နေရာလွတ်ထဲ ဆွဲ၀င်လိုက်တယ်။သူ့လက်ပေါ်က နူးညံ့နွေးထွေးတဲ့ လက်ကလေးက အရမ်းသက်တောင့်သက်သာရှိတယ်လို့ ခဲယ်လ်တစ်က  ခံစားရတယ်။ ဒါပေမယ့် အဲ့ဒါကိုစဉ်းစားဖို့ အချိန်မရသေးခင်မှာပဲ နေရာလွတ်ထဲကို ဆွဲထည့်ခံလိုက်ရပြီး နူးညံ့တဲ့လက်လေးက သူ့ကို လွှတ်လိုက်ပြီးနေပြီ။

သူက ဆုပ်ကိုင်ခံရပြီးနောက် နွေးထွေးမှုကျန်နေသေးပုံရတဲ့ လက်ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်ဆုံးရှုံးသလိုခံစားလိုက်ရကာ ပိုင်မုနောက်သို့ လိုက်၍ သိုလှောင်ခန်းကို ရောက်ရှိလာတယ်။

"ကျွန်တော် အာလူးနဲ့ ကန်စွန်းဥတချို့ စိုက်ခဲ့တယ်.. ဒီအရာနှစ်ခုကို အစားအစာအဖြစ် စားသုံးနိုင်သလို သူတို့က အရသာလည်း အရမ်းကောင်းတယ်  ဒီအရာနှစ်ခုက မြေအောက်မှာ ကြီးထွားပြီးတော့ ကျွန်တော်တို့က သူတို့ကို တူးထုတ်ဖို့လိုတယ်" ပိုင်မုက ပြောလိုက်ပြီး နောက်ကျောလွယ်ခြင်းတောင်းကို သိုလှောင်ခန်းထဲ ထည့်လိုက်တယ်။ ထို့နောက် သူက ပေါက်တူးနှစ်ချောင်းကိုယူပြီး ခဲလ်တစ်ကို ကမ်းပေးခဲ့တယ်။

ခဲလ်တစ်က ပေါက်တူးတစ်ခုပဲယူခဲ့ပြီး ပိုင်မုက နှစ်ခုစလုံးကို ယူဖို့ ပြောခဲ့တယ်။သူက   တခြားအရာတွေကို ယူချင်ပေမယ့် ခဲလ်တစ်က ငြင်းခဲ့တယ်လေ။ 

" လက်တစ်ကိုင်စာက လုံလောက်ပါပြီ မင်းကိုယ့်ကို သင်ပေးလေ ၊ကိုယ် လုပ်နိုင်ပါတယ်  "

" ဒီမှာ အရမ်းပင်ပန်းရတဲ့ အလုပ်မရှိရင် ကျွန်တော်လည်း လုပ်နိုင်တယ် ပြီးတော့ ဒီမြေမှာ ကျွန်တော်အပင်စိုက်နေတာ အကြာကြီးရှိနေပါပြီ "  ပိုင်မုက သဘောမတူဘူး။  တစ်စုံတစ်ယောက်ရဲ့လက်ဖဝါးထဲမှာ ဆုပ်ကိုင်ခံထားရတာက လန်းဆန်းတယ်လို့ခံစားရ‌ပေမယ့်လည်း အမှိုက်တစ်ခုလိုတော့ ဂရုစိုက်မခံချင်ပါဘူး။

"ကိုယ် မင်းကို ဂရုစိုက်ပေးပြီး ချစ်ပေးချင်တယ် မင်းကို အရမ်းကြီး အလုပ်မလုပ်စေချင်ဘူး၊ ပြီးတော့ ကိုယ်မှာ ခွန်အားတွေရှိပါတယ်" ခဲလ်တစ်က ပိုင်မုကိုကြည့်လိုက်ပြီး နူးညံ့စွာပြောတယ်။  အမြဲတမ်း ဂရုစိုက်မခံရတဲ့ ပိုင်မုက သူ့ရဲ့ တောက်လောင်နေတဲ့ မျက်၀န်းတွေကြောင့် ရှက်ရွံ့သွားခဲ့တယ်။

ပိုင်မုကို အရမ်းတန်ဖိုးထားပြီး ဂရုစိုက်တာ  ဒါက ပထမဆုံးအကြိမ်ဖြစ်ပြီး သူက အနည်းငယ်ဝမ်းနည်းမှုကို ခံစားရတယ်။  ဒီလိုငတုံးလေးက ဘယ်လိုများ ရှားပါးနိုင်ရတာလဲ။  ပိုင်မုက သူ့ရည်ရွယ်ချက်တွေကို မ‌ချေပနိုင်ပေမယ့် သူက သူ့ဘာသာသူဘာမှမလုပ်ချင်နေပြန်ဘူး။ ခဲယ်လ်တစ်က တစ်ယောက်တည်း အလုပ်ရှုပ်နေခဲ့တယ်။  သူက သိုလှောင်ခန်းထဲကနေ ခြင်းတောင်းတစ်ခုကို ရှာဖို့ တွေးခဲ့တယ်။  ထို့နောက် သူက တံစဉ်တစ်ချောင်းကိုယူလိုက်ပြီး  ခြင်းတောင်းထဲကို ထည့်ခဲ့တယ်။

"ဒါဆို နောက်ကျရင် တူးဖို့ ခင်ဗျားတာဝန်ယူရမယ်၊ ခင်ဗျားတူးထားတဲ့ အာလူးနဲ့ ကန်စွန်းဥတွေကို ကောက်ဖို့က ကျွန်တော်တာဝန်ယူမယ်" ဒီတစ်ခါတော့ ပိုင်မုရဲ့သဘောထားက ခိုင်မာပြီး အလုပ်ခွဲဝေပေးလိုက်တာက အကောင်းဆုံးနည်းလမ်းဖြစ်တယ်။ 

" ဟုတ်ပြီ " ပိုင်မုရဲ့ ပြတ်သားတဲ့ သဘောထားကို ကြည့်ပြီး ခဲယ်လ်တစ်က သူ (ပိုင်မု)ဘယ်တော့မှ အလျှော့မပေးမယ့်ပုံရတာကို မြင်ခဲ့တယ် ။ ပြီးတော့ ပစ္စည်းတွေ ကောက်ရတာက အရမ်းမပင်ပန်းတာကြောင့် သူ(ခဲယ်လ်တစ်)ကပြုံးပြီး ခေါင်းညိတ်သဘောတူလိုက်တယ်။

သူတို့နှစ်ယောက်က ဘေးချင်းကပ်လျှောက်ပြီး စိုက်ကွင်းဆီကို လျှောက်သွားကြတယ်။အလုပ်စတင်ကြိုးစားဖို့ ပြင်ဆင်နေတဲ့ ငယ်ရွယ်တဲ့စုံတွဲလိုမျိုး  ခဲယ်လ်တစ်က ပေါက်တူးကို သူ့ပခုံးပေါ်သယ်ထားပြီး သူ့ရဲ့ညာဘက်လက်က ခြင်းတောင်းရဲ့တစ်ဖက်ကို ကိုင်ထားကာ ပိုင်မုက တခြားတစ်ဖက်ကိုကိုင်ထားခဲ့တယ်။

သူတို့က အာလူးကို ပထမဆုံး စတူးကြတယ်။ ခဲယ်လ်တစ်က ပိုင်မုရဲ့လမ်းညွှန်မှုအောက်မှာ မြေကြီးထဲကနေ အာလူးတူးထုတ်ဖို့ ပေါက်တူးကိုအသုံးပြုရန် သင်ယူခဲ့တယ်။  လယ်ကွင်းထဲက မြေဆီလွှာက အရမ်းပျော့ပျောင်းပြီး အရမ်းလက်မ၀င်ပါဘူး။ အစပိုင်းမှာတော့ ခဲယ်လ်တစ်က ခွန်အားကို မကျွမ်းကျင်ပဲ တခါတရံ အာလူးတွေကို ထိအောင်တူးမိတာကြောင့် သူ့ကို အရမ်းနှ‌မြောစရာကောင်းတယ်လို့ ခံစားမိစေတယ်။ ဆိုးဆိုးဝါးဝါးတူးထားတာတွေကိုလည်း သူစားနိုင်ပါတယ်လို့ ပိုင်မုက သူ့ကိုပြောခဲ့ပြီး သူ့ခံစားချက်က နည်းနည်းပိုကောင်းလာတယ်။

ပိုင်မုက သူ့နောက်ကို လိုက်ပြီး တောင်းထဲကို တူးထားတဲ့အာလူးတွေကို ကောက်ထည့်လိုက်တယ်။  ခြင်းတောင်းပြည့်သွားတဲ့အခါ ခဲယ်လ်တစ်က တောင်းကိုသယ်မှာဖြစ်ပြီး အာလူးတွေကို မီးဖိုချောင် သိုလှောင်ခန်းဆီ စုပုံထားဖို့အတွက် သယ်ပို့ပေးတယ်။

နေရာလွတ်ထဲမှာ အပင်တွေ လျင်မြန်စွာ ကြီးထွားတာကြောင့် အာလူးများများ စိုက်ထားတာမရှိဘူးဖြစ်ပြီး မကြာခင်မှာ ရိတ်သိမ်းမှုက ပြီးဆုံးတော့မှာဖြစ်တယ်။  ထို့နောက် နှစ်ယောက်သားက ကန်စွန်းဥတွေကို စရိတ်သိမ်းကြတယ်။ခဲယ်လ်တစ်က ကန်စွန်းနွယ်ပင်တွေကို တံစဉ်နဲ့ ရိတ်သိမ်းပြီး ထို့နောက် ပိုင်မုက သို‌လှောင်မှုအဆင်ပြေဖို့အတွက်  အစုအဝေးလို ထုပ်ပိုးထားတယ်။

ပိုင်မုက ရိုရွန်သားရဲပေါက်လေးအနည်းငယ်ကို ခဲယ်လ်တစ်ကိုဖမ်းခိုင်းပြီး သူတို့ကို မွေးမြူဖို့ စီစဉ်နေတယ်။ထို့နောက်  ကန်စွန်းနွယ်ပင်တွေကို အစာအဖြစ် အသုံးပြုသင့်သတယ်။  ကန်စွန်းနွယ်ပင်‌တွေကို ခုတ်ပြီး ပြောင်းဖူးပမာဏအနည်းငယ်ကို အသုံးပြုကာ ချက်ပြုတ်ခဲ့ဖူးတာကို သူသတိရသွားတယ်။ ချက်ပြုတ်ပြီးတဲ့အခါ ၀က်တွေကို ကျွေးဖို့ အသုံးပြုရမယ်။ဒီရိုရွန်သားရဲက တောဝက်ရိုင်းနဲ့တူပြီး အရသာကလည်း တူတယ်။၎င်းကို  ဝက်တစ်ကောင်လို မွေးမြူလို့ရနိုင်မလားမသိဘူး။

" ပိုင်မု မင်းက အများကြီးသိတာပဲ " ခဲယ်လ်တစ်က သက်ပြင်းချလိုက်တယ်။ ပိုင်မုက  အရာအားလုံးကို သိနေပုံပေါက်ပြီး သူက သူနှစ်သက်တဲ့သူတစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်။ခဲယ်လ်တစ်က ဂုဏ်ယူနေခဲ့တယ်။

"ဒါကို ထည့်မတွက်နဲ့ ကျွန်တော်က ခင်ဗျားတို့လို သာမာန်လူတစ်ယောက်ပါပဲ ခင်ဗျားကို ကျွန်တော်သင်ပေးခဲ့တဲ့ ဗဟုသုတက ကျွန်တော်တို့အများစုက သိကြတယ် " ပိုင်မုက သူ့ခေါင်းကို လှည့်လိုက်ပြီး သူ အများကြီးသိနေတာလားလို့ တွေးမိသွားတယ် ။ ဒီနေရာသို့ရောက်ပြီးနောက်မှာ သူအသုံးပြုတဲ့ ဗဟုသုတအများအပြားက အများသူငှာက သိတာတွေဖြစ်ပြီး တချို့က နေရာလွတ်ထဲမှာရှိတဲ့ စာအုပ်တွေကနေ သင်ယူပြီး အတွေ့အကြုံရလာတာဖြစ်တယ်။  မူလကမ္ဘာမှာ သူက ဂျုံနဲ့ဆန်ကြားက ကွာခြားမှုကို  မခွဲခြားနိုင်တဲ့သူပါ။

ဒါကိုပြောရရင် ပတ်ဝန်းကျင်က လူတွေကိုလုပ်တယ်လို့ပဲ သက်ပြင်းချရမယ်။ အစေ့အဆန်တွေကို မခွဲခြားနိုင်ပဲ အလုပ်မကြိုးစားတဲ့ သူ့လိုလူတောင်မှ အခု စပြီး လယ်လုပ်နေရပြီ။ သူခရီးသွားတုန်းက လမ်းဘေးက ပဲစိမ်းစေ့တွေကို ကြည့်နေခဲ့တာ သူ မှတ်မိ‌နေဆဲဖြစ်ပြီး  အဲဒါ ဘာမှန်း သူမသိခဲ့ဘူး။ နောက်ဆုံးတော့ အဖြေထုတ်ဖို့ လမ်းဘေးကလူတွေကို သူမေးမြန်းခဲ့ရတယ်လေ။

[T/N-ခါတိုင်း တ၀က်ခွဲရေးတာ words 1000စွန်းစွန်းတွေပဲရှိရာကနေ ခု words 1500ကျော်သွားလို့ နောက်ကျသွားတယ် ಥ‿ಥ ။ ဒါနဲ့လေ ဟိုတလောက အကြွေးဆပ်လို့ double updateတင်တာ။အာ့ကို  နှစ်ပိုင်းဆက်တိုက်တွေတင်ရင် အရှေ့တစ်ပိုင်းက viewerနည်း voteနည်းတာ ဘာလို့လဲဟင်။ ကိုယ်သတိထားမိတာ နှစ်ခါရှိပြီ ။ ပုံမှန်တစ်ပိုင်းပဲတင်တော့ နှစ်ပိုင်းတင်တဲ့အခါ မမြင်ပဲ ကျော်သွားမိကြတာလား (ᗒᗩᗕ)။

(Zawgyi code)

ႏွစ္ေယာက္သား ဗာ႐ူေတာင္ကို ေရာက္တဲ့အခါ ပိုင္မုက သူတို႔သြားခဲ့တဲ့လမ္းေၾကာင္းအတိုင္းသြားၿပီး သၾကားေမပယ္လ္ပင္ကိုေတြ႕သြားတယ္။  ပိုင္မုက သူ႕ေက်ာေပၚကေျမအိုးကို ေျမႀကီးေပၚခ်လိဳက္ၿပီး ခဲယ္လ္တစ္က သူ႕ရဲ႕ထက္ျမတဲ့လက္သည္းေတြနဲ႕ သစ္ပင္မွာ အေပါက္တစ္ခုကို လြယ္လြယ္ကူကူလုပ္လိုက္တယ္။ တစ္ခ်က္တည္းပဲ။ပိုင္မုက  orcsေတြရဲ႕ ေျခသည္းလက္သည္းေတြက အရမ္းအသုံးဝင္တာေၾကာင့္ သက္ျပင္းခ်ခဲ့တယ္။  ထို႔ေနာက္ ပိုင္မုက ျပင္ဆင္ထားတဲ့ အျပာေရာင္သစ္သားကို သစ္ပင္အေပါက္ထဲထည့္လိုက္ၿပီး သစ္ရည္ေတြက အျပာေရာင္သစ္သားတစ္ေလွ်ာက္ ေျမအိုးထဲကို အလ်င္အျမန္ စိီးဆင္းသြားတယ္။ 

ဒီတႀကိမ္မွာ သူတို႔က စုစုေပါင္း ေျမအိုးေလးလုံး ယူေဆာင္လာၿပီး တစ္လုံးကို ကီလိုဂရမ္ ၄၀ ေလာက္ရမယ္လို႔ ခန႔္မွန္းထားတယ္။ ထို႔ေနာက္ ႏွစ္ေယာက္သားက  တျခားသၾကားေမပယ္ပင္သုံးပင္မွာ အေပါက္ေတြ လုပ္‌ေတာ့တယ္။

" ခဲယ္လ္တစ္၊ ေနရာလြတ္ထဲ သြားၿပီး ရင့္သန္ေနတဲ့ အသီးအ႐ြက္ေတြကို အရင္ စုေဆာင္းၾကရေအာင္ "သစ္ရည္စုေဆာင္းမႈက သိပ္မျမန္တာကို ပိုင္မုကျမင္ၿပီး အိုး ျပည့္ဖို႔က ခဏေလာက္ အခ်ိန္ယူရဦးမယ္လို႔သူေတြးခဲ့တယ္။

"ေကာင္းၿပီေလ" ခဲလ္တစ္ က ပိုင္မုရဲ႕ ေတာင္းဆိုမႈျဖစ္ေနသေ႐ြ႕ ျငင္းဆန္မွာ မဟုတ္ပါဘူး။ ပိုင္မုကို ကူညီနိုင္တာက သူအေပ်ာ္ရဆုံးပါပဲ။

ပိုင္မုက အိတ္အလြတ္ကို သူ႕ေက်ာေပၚ  သယ္လိုက္ၿပီး ခဲလ္တစ္ကို ေနရာလြတ္ထဲ ဆြဲ၀င္လိုက္တယ္။သူ႕လက္ေပၚက ႏူးညံ့ႏြေးေထြးတဲ့ လက္ကေလးက အရမ္းသက္ေတာင့္သက္သာရွိတယ္လို႔ ခဲယ္လ္တစ္က  ခံစားရတယ္။ ဒါေပမယ့္ အဲ့ဒါကိုစဥ္းစားဖို႔ အခ်ိန္မရေသးခင္မွာပဲ ေနရာလြတ္ထဲကို ဆြဲထည့္ခံလိုက္ရၿပီး ႏူးညံ့တဲ့လက္ေလးက သူ႕ကို လႊတ္လိုက္ၿပီးေနၿပီ။

သူက ဆုပ္ကိုင္ခံရၿပီးေနာက္ ႏြေးေထြးမႈက်န္ေနေသးပုံရတဲ့ လက္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး အနည္းငယ္ဆုံးရႈံးသလိုခံစားလိုက္ရကာ ပိုင္မုေနာက္သို႔ လိုက္၍ သိုေလွာင္ခန္းကို ေရာက္ရွိလာတယ္။

"ကြၽန္ေတာ္ အာလူးနဲ႕ ကန္စြန္းဥတခ်ိဳ႕ စိုက္ခဲ့တယ္.. ဒီအရာႏွစ္ခုကို အစားအစာအျဖစ္ စားသုံးနိုင္သလို သူတို႔က အရသာလည္း အရမ္းေကာင္းတယ္  ဒီအရာႏွစ္ခုက ေျမေအာက္မွာ ႀကီးထြားၿပီးေတာ့ ကြၽန္ေတာ္တို႔က သူတို႔ကို တူးထုတ္ဖို႔လိုတယ္" ပိုင္မုက ေျပာလိုက္ၿပီး ေနာက္ေက်ာလြယ္ျခင္းေတာင္းကို သိုေလွာင္ခန္းထဲ ထည့္လိုက္တယ္။ ထို႔ေနာက္ သူက ေပါက္တူးႏွစ္ေခ်ာင္းကိုယူၿပီး ခဲလ္တစ္ကို ကမ္းေပးခဲ့တယ္။

ခဲလ္တစ္က ေပါက္တူးတစ္ခုပဲယူခဲ့ၿပီး ပိုင္မုက ႏွစ္ခုစလုံးကို ယူဖို႔ ေျပာခဲ့တယ္။သူက   တျခားအရာေတြကို ယူခ်င္ေပမယ့္ ခဲလ္တစ္က ျငင္းခဲ့တယ္ေလ။ 

" လက္တစ္ကိုင္စာက လုံေလာက္ပါၿပီ မင္းကိုယ့္ကို သင္ေပးေလ ၊ကိုယ္ လုပ္နိုင္ပါတယ္  "

" ဒီမွာ အရမ္းပင္ပန္းရတဲ့ အလုပ္မရွိရင္ ကြၽန္ေတာ္လည္း လုပ္နိုင္တယ္ ၿပီးေတာ့ ဒီေျမမွာ ကြၽန္ေတာ္အပင္စိုက္ေနတာ အၾကာႀကီးရွိေနပါၿပီ "  ပိုင္မုက သေဘာမတူဘူး။  တစ္စုံတစ္ေယာက္ရဲ႕လက္ဖဝါးထဲမွာ ဆုပ္ကိုင္ခံထားရတာက လန္းဆန္းတယ္လို႔ခံစားရ‌ေပမယ့္လည္း အမွိုက္တစ္ခုလိုေတာ့ ဂ႐ုစိုက္မခံခ်င္ပါဘူး။

"ကိုယ္ မင္းကို ဂ႐ုစိုက္ေပးၿပီး ခ်စ္ေပးခ်င္တယ္ မင္းကို အရမ္းႀကီး အလုပ္မလုပ္ေစခ်င္ဘူး၊ ၿပီးေတာ့ ကိုယ္မွာ ခြန္အားေတြရွိပါတယ္" ခဲလ္တစ္က ပိုင္မုကိုၾကည့္လိုက္ၿပီး ႏူးညံ့စြာေျပာတယ္။  အၿမဲတမ္း ဂ႐ုစိုက္မခံရတဲ့ ပိုင္မုက သူ႕ရဲ႕ ေတာက္ေလာင္ေနတဲ့ မ်က္၀န္းေတြေၾကာင့္ ရွက္႐ြံ႕သြားခဲ့တယ္။

ပိုင္မုကို အရမ္းတန္ဖိုးထားၿပီး ဂ႐ုစိုက္တာ  ဒါက ပထမဆုံးအႀကိမ္ျဖစ္ၿပီး သူက အနည္းငယ္ဝမ္းနည္းမႈကို ခံစားရတယ္။  ဒီလိုငတုံးေလးက ဘယ္လိုမ်ား ရွားပါးနိုင္ရတာလဲ။  ပိုင္မုက သူ႕ရည္႐ြယ္ခ်က္ေတြကို မ‌ေခ်ပနိုင္ေပမယ့္ သူက သူ႕ဘာသာသူဘာမွမလုပ္ခ်င္ေနျပန္ဘူး။ ခဲယ္လ္တစ္က တစ္ေယာက္တည္း အလုပ္ရႈပ္ေနခဲ့တယ္။  သူက သိုေလွာင္ခန္းထဲကေန ျခင္းေတာင္းတစ္ခုကို ရွာဖို႔ ေတြးခဲ့တယ္။  ထို႔ေနာက္ သူက တံစဥ္တစ္ေခ်ာင္းကိုယူလိုက္ၿပီး  ျခင္းေတာင္းထဲကို ထည့္ခဲ့တယ္။

"ဒါဆို ေနာက္က်ရင္ တူးဖို႔ ခင္ဗ်ားတာဝန္ယူရမယ္၊ ခင္ဗ်ားတူးထားတဲ့ အာလူးနဲ႕ ကန္စြန္းဥေတြကို ေကာက္ဖို႔က ကြၽန္ေတာ္တာဝန္ယူမယ္" ဒီတစ္ခါေတာ့ ပိုင္မုရဲ႕သေဘာထားက ခိုင္မာၿပီး အလုပ္ခြဲေဝေပးလိုက္တာက အေကာင္းဆုံးနည္းလမ္းျဖစ္တယ္။ 

" ဟုတ္ၿပီ " ပိုင္မုရဲ႕ ျပတ္သားတဲ့ သေဘာထားကို ၾကည့္ၿပီး ခဲယ္လ္တစ္က သူ (ပိုင္မု)ဘယ္ေတာ့မွ အေလွ်ာ့မေပးမယ့္ပုံရတာကို ျမင္ခဲ့တယ္ ။ ၿပီးေတာ့ ပစၥည္းေတြ ေကာက္ရတာက အရမ္းမပင္ပန္းတာေၾကာင့္ သူ(ခဲယ္လ္တစ္)ကၿပဳံးၿပီး ေခါင္းညိတ္သေဘာတူလိုက္တယ္။

သူတို႔ႏွစ္ေယာက္က ေဘးခ်င္းကပ္ေလွ်ာက္ၿပီး စိုက္ကြင္းဆီကို ေလွ်ာက္သြားၾကတယ္။အလုပ္စတင္ႀကိဳးစားဖို႔ ျပင္ဆင္ေနတဲ့ ငယ္႐ြယ္တဲ့စုံတြဲလိုမ်ိဳး  ခဲယ္လ္တစ္က ေပါက္တူးကို သူ႕ပခုံးေပၚသယ္ထားၿပီး သူ႕ရဲ႕ညာဘက္လက္က ျခင္းေတာင္းရဲ႕တစ္ဖက္ကို ကိုင္ထားကာ ပိုင္မုက တျခားတစ္ဖက္ကိုကိုင္ထားခဲ့တယ္။

သူတို႔က အာလူးကို ပထမဆုံး စတူးၾကတယ္။ ခဲယ္လ္တစ္က ပိုင္မုရဲ႕လမ္းၫႊန္မႈေအာက္မွာ ေျမႀကီးထဲကေန အာလူးတူးထုတ္ဖို႔ ေပါက္တူးကိုအသုံးျပဳရန္ သင္ယူခဲ့တယ္။  လယ္ကြင္းထဲက ေျမဆီလႊာက အရမ္းေပ်ာ့ေပ်ာင္းၿပီး အရမ္းလက္မ၀င္ပါဘူး။ အစပိုင္းမွာေတာ့ ခဲယ္လ္တစ္က ခြန္အားကို မကြၽမ္းက်င္ပဲ တခါတရံ အာလူးေတြကို ထိေအာင္တူးမိတာေၾကာင့္ သူ႕ကို အရမ္းႏွ‌ေျမာစရာေကာင္းတယ္လို႔ ခံစားမိေစတယ္။ ဆိုးဆိုးဝါးဝါးတူးထားတာေတြကိုလည္း သူစားနိုင္ပါတယ္လို႔ ပိုင္မုက သူ႕ကိုေျပာခဲ့ၿပီး သူ႕ခံစားခ်က္က နည္းနည္းပိုေကာင္းလာတယ္။

ပိုင္မုက သူ႕ေနာက္ကို လိုက္ၿပီး ေတာင္းထဲကို တူးထားတဲ့အာလူးေတြကို ေကာက္ထည့္လိုက္တယ္။  ျခင္းေတာင္းျပည့္သြားတဲ့အခါ ခဲယ္လ္တစ္က ေတာင္းကိုသယ္မွာျဖစ္ၿပီး အာလူးေတြကို မီးဖိုေခ်ာင္ သိုေလွာင္ခန္းဆီ စုပုံထားဖို႔အတြက္ သယ္ပို႔ေပးတယ္။

ေနရာလြတ္ထဲမွာ အပင္ေတြ လ်င္ျမန္စြာ ႀကီးထြားတာေၾကာင့္ အာလူးမ်ားမ်ား စိုက္ထားတာမရွိဘူးျဖစ္ၿပီး မၾကာခင္မွာ ရိတ္သိမ္းမႈက ၿပီးဆုံးေတာ့မွာျဖစ္တယ္။  ထို႔ေနာက္ ႏွစ္ေယာက္သားက ကန္စြန္းဥေတြကို စရိတ္သိမ္းၾကတယ္။ခဲယ္လ္တစ္က ကန္စြန္းႏြယ္ပင္ေတြကို တံစဥ္နဲ႕ ရိတ္သိမ္းၿပီး ထို႔ေနာက္ ပိုင္မုက သို‌ေလွာင္မႈအဆင္ေျပဖို႔အတြက္  အစုအေဝးလို ထုပ္ပိုးထားတယ္။

ပိုင္မုက ရို႐ြန္သားရဲေပါက္ေလးအနည္းငယ္ကို ခဲယ္လ္တစ္ကိုဖမ္းခိုင္းၿပီး သူတို႔ကို ေမြးျမဴဖို႔ စီစဥ္ေနတယ္။ထို႔ေနာက္  ကန္စြန္းႏြယ္ပင္ေတြကို အစာအျဖစ္ အသုံးျပဳသင့္သတယ္။  ကန္စြန္းႏြယ္ပင္‌ေတြကို ခုတ္ၿပီး ေျပာင္းဖူးပမာဏအနည္းငယ္ကို အသုံးျပဳကာ ခ်က္ျပဳတ္ခဲ့ဖူးတာကို သူသတိရသြားတယ္။ ခ်က္ျပဳတ္ၿပီးတဲ့အခါ ၀က္ေတြကို ေကြၽးဖို႔ အသုံးျပဳရမယ္။ဒီရို႐ြန္သားရဲက ေတာဝက္ရိုင္းနဲ႕တူၿပီး အရသာကလည္း တူတယ္။၎ကို  ဝက္တစ္ေကာင္လို ေမြးျမဴလို႔ရနိုင္မလားမသိဘူး။

" ပိုင္မု မင္းက အမ်ားႀကီးသိတာပဲ " ခဲယ္လ္တစ္က သက္ျပင္းခ်လိဳက္တယ္။ ပိုင္မုက  အရာအားလုံးကို သိေနပုံေပါက္ၿပီး သူက သူႏွစ္သက္တဲ့သူတစ္ေယာက္ျဖစ္ဖို႔ ထိုက္တန္တယ္။ခဲယ္လ္တစ္က ဂုဏ္ယူေနခဲ့တယ္။

"ဒါကို ထည့္မတြက္နဲ႕ ကြၽန္ေတာ္က ခင္ဗ်ားတို႔လို သာမာန္လူတစ္ေယာက္ပါပဲ ခင္ဗ်ားကို ကြၽန္ေတာ္သင္ေပးခဲ့တဲ့ ဗဟုသုတက ကြၽန္ေတာ္တို႔အမ်ားစုက သိၾကတယ္ " ပိုင္မုက သူ႕ေခါင္းကို လွည့္လိုက္ၿပီး သူ အမ်ားႀကီးသိေနတာလားလို႔ ေတြးမိသြားတယ္ ။ ဒီေနရာသို႔ေရာက္ၿပီးေနာက္မွာ သူအသုံးျပဳတဲ့ ဗဟုသုတအမ်ားအျပားက အမ်ားသူငွာက သိတာေတြျဖစ္ၿပီး တခ်ိဳ႕က ေနရာလြတ္ထဲမွာရွိတဲ့ စာအုပ္ေတြကေန သင္ယူၿပီး အေတြ႕အႀကဳံရလာတာျဖစ္တယ္။  မူလကမၻာမွာ သူက ဂ်ဳံနဲ႕ဆန္ၾကားက ကြာျခားမႈကို  မခြဲျခားနိုင္တဲ့သူပါ။

ဒါကိုေျပာရရင္ ပတ္ဝန္းက်င္က လူေတြကိုလုပ္တယ္လို႔ပဲ သက္ျပင္းခ်ရမယ္။ အေစ့အဆန္ေတြကို မခြဲျခားနိုင္ပဲ အလုပ္မႀကိဳးစားတဲ့ သူ႕လိုလူေတာင္မွ အခု စၿပီး လယ္လုပ္ေနရၿပီ။ သူခရီးသြားတုန္းက လမ္းေဘးက ပဲစိမ္းေစ့ေတြကို ၾကည့္ေနခဲ့တာ သူ မွတ္မိ‌ေနဆဲျဖစ္ၿပီး  အဲဒါ ဘာမွန္း သူမသိခဲ့ဘူး။ ေနာက္ဆုံးေတာ့ အေျဖထုတ္ဖို႔ လမ္းေဘးကလူေတြကို သူေမးျမန္းခဲ့ရတယ္ေလ။

[T/N-ခါတိုင္း တ၀က္ခြဲေရးတာ words 1000စြန္းစြန္းေတြပဲရွိရာကေန ခု words 1500ေက်ာ္သြားလို႔ ေနာက္က်သြားတယ္ ಥ‿ಥ ။ ဒါနဲ႕ေလ ဟိုတေလာက အေႂကြးဆပ္လို႔ double updateတင္တာ။အာ့ကို  ႏွစ္ပိုင္းဆက္တိုက္ေတြတင္ရင္ အေရွ႕တစ္ပိုင္းက viewerနည္း voteနည္းတာ ဘာလို႔လဲဟင္။ ကိုယ္သတိထားမိတာ ႏွစ္ခါရွိၿပီ ။ ပုံမွန္တစ္ပိုင္းပဲတင္ေတာ့ ႏွစ္ပိုင္းတင္တဲ့အခါ မျမင္ပဲ ေက်ာ္သြားမိၾကတာလား (ᗒᗩᗕ)။

Continue Reading

You'll Also Like

179K 31.3K 62
Original Title - Jubo (巨擘) (The Dominant Boss) Author - Yin Ya (尹琊) Status in COO - 341 chapters + 23 special chapters (Completed) Genre - Comedy , R...
128K 15.9K 46
"ဘယ်သူကမှ ကစားစရာအဟောင်းလေးကို သဘောကျမှာ မဟုတ်ဘူး" "အဲ့လို မဟုတ်ပါဘူး။ ဒါ အချစ်ပါ..." Myanmar translation of Before My Withering (枯萎之前) Author - 月昼...
174K 29.8K 76
အချိန်အကြာကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ "ဖိန်ရှာရှီ" အလုပ်တခုကို ရှာတွေ့ခဲ့လေသည်။ ထိုအလုပ်ကတော့ စင်္ကြာဝဠာတခုလုံးမှာ ရှေးအကျဆုံးဖြစ်တ...
1.9M 331K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...