တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Co...
By zuriiiiii8
180K 29K 808
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်န... More
Synopsis
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း (၂၁)(၁)
အခန်း(၂၁)(၂)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)(၁)
အခန်း(၃၉)(၂)
အခန်း(၄၀)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း (၆၉)
အခန်း(၇၀)
အခန်း (၇၁)
အခန်း(၇၂)
အခန်း (၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)(၁)
အခန်း(၇၇)(၂)
အခန်း(၇၈)
အခန်း(၇၉)(၁)
အခန်း(၇၉)(၂)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂) (ဇာတ်သိမ်း)
from author
farewell
အခန်း(၄၁)
1.5K 289 1
By zuriiiiii8
<ဆရာတူညီလေးကို ဘယ်လို နည်းလမ်းမျိုးနဲ့ မျက်နှာချင်းဆိုင်ရမှန်းသိတော့ဘူး>
နူးညံ့သော နှုတ်ခမ်းသားတို့၏ အထိအတွေ့သည် ရေကို ပေါ့ပါးစွာ ထိတွေ့လိုက်သော ပုစဥ်း တစ်ကောင်နှယ် ထိတွေ့ချင်းမှာပင် ပျံ့နှံ့သွားခဲ့သည်။သို့ရာတွင် ကျန်းရီက ခေါင်းအုံးနံဘေး၌ အချိန်အကြာကြီး ယောင်ပေပေ လု
ပ်နေသေးသည်။သူ တိတ်တဆိတ် ဆိုလိုက်သော စကားကို ဝမ်ရွှမ် ကြားဖြစ်အောင် ကြား
လိုက်ပါသေး၏။
"ဆရာတူအစ်ကိုက အရမ်း သဘောကျစရာကောင်းတာပဲ ကျွန်တော် စိတ်ကူးထားမိတဲ့ အတိုင်းလေးပါပဲလား"
ဤစကားလုံးများဟာ အတော်လေးကို မရေ
မရာ ဖြစ်နေသော်လည်း သူကတော့ လေးလေးနက်နက် ဆိုလိုက်ခြင်း ဖြစ်ပေသည်။
ထို့နောက် ကျန်းရီသည် ဝမ်ရွှမ့်ကို စောင်ဆွဲခြုံပေးပြီးမှ ထွက်သွားတော့သည်။တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်၍ အသာအယာ ပြန်ပိတ်ပေးသွားခဲ့သည်။
နောက်ဆုံးတွင် ဝမ်ရွှမ်သည် မျက်လုံးများကို ဖွင့်၍ ဖိညှစ်ထားသော လက်ကို ဖြေလျော့လို
က်ရာ ချွေးများပင် စိုစွတ်နေသည်ကို တွေ့လို
က်ရ၏။အခန်းထဲ၌ မီးအိမ်ငယ်လေးသာ ရှိနေခဲ့မည်ဆိုလျှင် နီမြန်းနေသော သူ့မျက်နှာကို မြင်ရမည်ဖြစ်ပြီး ယခုအချိန်တွင် သူ့ပါးပြ
င် နှစ်ဖက်စလုံးမှာအလွန်ကို ပူလောင်နေသ
လို ခံစားရလေသည်။
လက်ချောင်းများဖြင့် လက်ဖဝါးမှ ချွေးများကို သုတ်ရင်း သူ့ကိုယ်သူ မနေနိုင်စွာ မေးခွန်း
ထုတ်မိပြန်၏။
ဘာဖြစ်လို့ အိပ်ချင်ယောင်ဆောင်လိုက်မိတာလဲ?
သူသာ မျက်လုံးဖွင့်ပြီး ကျန်းရီကို တကယ်တော့ သူနိုးနေပါကြောင်းကို ပြောသာပြောပြလိုက်လျှင်....
အဲ့ဒီကလေးတော့ လန့်ပြီး အရမ်းကြောက်
သွားတော့မှာပဲ မဟုတ်လား?
ထိုဖြစ်ပျက်သွားနိုင်သော မြင်ကွင်းကို မြင်ယောင်ကြည့်ရင်း ဝမ်ရွှမ် မပြုံးဘဲ မနေနိုင်
တော့ချေ။
ဒါပေမယ့် အစပိုင်းမှာ အဲ့လို လန့်သွားပြီးရင်
နောက်ပိုင်းရော ဘာတွေ ဆက်ဖြစ်ကုန်မှာလဲ?
ဝမ်ရွှမ် ပြုံးနေရာမှ မျက်နှာပြန်တည်သွားရလေပြီး မျက်မှောင်ကြုံ့လျက် ဤကိစ္စကို အ
လေးအနက် ဖြစ်သွားရသည်။
သူ့အပေါ်တွင် ကျန်းရီက ထိုကဲ့သို့ ခံစားချက်မျိုး တကယ်ကို ရှိနေမှန်း ရုတ်တရက် သိလို
က်ရသည့်အတွက် ဝမ်ရွှမ့်အနေနှင့်တော့ စိတ်
ရှုပ်ပြီး ချီတုံချတုံ ဖြစ်မသွားဖို့ငှာ အတော်လေး ခက်လှ၏။
ကျန်းရီ ဂရုတစိုက် ကွယ်ဝှက်ထားသော ဤခံစားချက်ကို သူသာ ဖော်ထုတ်လိုက်မည်ဆိုပါက တစ်ဖက်လူက ဘယ်လို တုံ့ပြန်လာမလဲ သို့မှမဟုတ် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လို ပြောင်းလဲသွားမလဲဆိုတာကို
ဝမ်ရွှမ် ခန့်မှန်းကြည့်လို့ မရပေ။ပိုအရေးကြီးတာကတော့ သူကိုယ်တိုင်လည်း ဘယ်လို တုံ့
ပြန်ရမလဲဆိုတာကို မသိသေးပြန်။
လက်ခံခြင်း နှင့် ငြင်းဆိုခြင်း။ရွေးချယ်မှု နှစ်ခုစလုံးက နောက်ပြန်လှည့်၍ မရနိုင်သော ရ
လဒ်မျိုးကို ဖန်တီးပေးလိမ့်မည်။ဒါ့အပြင် နှစ်ခုစလုံးက အတော်လေး မှန်နေပုံလည်း မပေါ်သေးပေ။
အလွန်အမင်း စိတ်ရှုပ်ထွေးပြီး မချင့်မရဲ ဖြစ်နေသေးသော်ငြား ယနေ့တွင် ကြုံခဲ့ရသော ကြမ်းတမ်းသည့် တိုက်ပွဲမှ ပင်ပန်းနွမ်းနယ်မှုကို ခံနိုင်စွမ်းမရှိတော့သည့်အတွက် ခဏအကြာ၌ ခေါင်းအုံးပေါ်သို့ လှဲချရင်း အိပ်ပျော်သွားလေတော့သည်။
နောက်တစ်နေ့တွင် ကလေးငယ်၏ ငိုကြွေးသံကြောင့် ဝမ်ရွှမ် နိုးလာခဲ့သည်။မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ဘေးအခန်းမှ ပြေးဝင်လာပြီးဖြစ်သော ကျန်းရီကို တွေ့လိုက်ရသည်။သော်ငြားလည်း ထိုပုဂ္ဂိုလ်က ဘာလုပ်ရမှန်း မသိဘဲ အနှီ ငိုယိုနေသော ဘိုးအေလေးဘေးတွင် ကူကယ်ရာမဲ့စွာဖြင့် စက်ဝိုင်းပမာ လှည့်ပတ်ဗျာများလျက်ရှိသည်။
"သူဗိုက်ဆာလို့များလား?"
ဝမ်ရွှမ်က အိပ်ယာမှ ထထိုင်ရင်း ပြောလိုက်
၏။
"ကျွန်တော်လည်းအဲ့လိုထင်တာပဲ"
ကျန်းရီခမျာမှာ အူကြောင်ကြောင်ဖြစ်နေဆဲ ဖြစ်ပြီး
"ဒါ.....ဒါပေမယ့်..."
ဒါပေမယ့် သူတို့ နှစ်ယောက်စလုံးက ယော
ကျာ်းတွေလေ..ဒီဘိုးအေလေးကို ကျွေးဖို့ ဘ
ယ်မှာ သွားရှာရမှာလဲ?
ဤသည်မှာ အတော်လေးကို ကိုးယို့ကားယားနိုင်သော အခြေအနေမျိုး ဖြစ်၏။ဝမ်ရွှမ်ကို
ယ်တိုင်လည်း ရယ်ရခက်၊ငိုရခက် ဖြစ်သွားတော့သည်။
သူ ခဏလောက် စဥ်းစားပြီးမှ မတ်တပ်ရပ်၍ ထိုနေရာသို့ ထသွားလိုက်သည်။ကလေးငယ်
၏ ဝဝကစ်ကစ် လက်မောင်းလေးကို ကိုင်ရ
င်း ဝိဥာဥ်စွမ်းအင်များကို ဂရုတစိုက် မှုတ်ထု
တ်လိုက်၏။ကျန်းရီက ဝမ်ရွှမ့်အတွေးကို နား
လည်သည့်အတွက် ဘေးမှသာ အသက်မရှုတမ်း အလေးအနက် စိုက်ကြည့်နေလေသ
ည်။
တစ်အောင့်အကြာတွင် ကလေးငယ်၏ ငိုသံကတကယ်ကို တိုးညှင်းလာခဲ့သည်။သို့သော် ကလေးငယ်သည် သူ၏ ပါးစပ်လေးကို စိတ်မကြည်စွာ ဖွင့်လိုက်၊ပိတ်လိုက် လုပ်နေသေးသည်။
ကျန်းရီ သက်ပြင်းချပြီးမှ မျက်ခုံးပင့်လျက်
"သူ့ကိုကြည့်ရတာမကျေနပ်သေးပုံပဲ"
"ဝိဥာဥ်စွမ်းအင်ကို အစားအစာအဖြစ် တန်း
တန်းမတ်မတ် ကျွေးလိုက်တာက သူ့ရဲ့ အာ
သီသကိုတော့ ပြည့်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး"
ဝမ်ရွှမ်ဆက်ဖြေပေးလိုက်၏။
"ဒါက ယာယီသဘောပဲပေါ့။ဒါသာ နောက်
ဆုံး နည်းလမ်း မဟုတ်ရင် ဘယ်သူကမှ က
လေးကို ဒီလိုမျိုး ကျွေးမှာမဟုတ်ဘူး"
"ကျွန်တော်တို့ သူ့အတွက် ကလေးထိန်း ရှာရင် ကောင်းမလား?"
ကျန်းရီက တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုံ့ရင်း မကျေမနပ်ဖြင့် တီးတိုးငြီးတွားလေသည်။
"အရမ်းအလုပ်ရှုပ်တာပဲ......ထားလိုက်ပါတော့။ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က သူ့ကို ကျောက်ဖေးယွီဆီ ပေးလိုက်မှာဆိုတော့ အဲ့ဒီကျောက်မျိုးရိုးပဲ ခေါင်းရှုပ်ခံပါလိမ့်စေ"
ဝမ်ရွှမ်က ပြုံးလျက် အနှီ ဝဝကစ်ကစ် လက်
မောင်းလေးကို လွှတ်ပေးပြီး အနောက်သို့ တစ်လှမ်း ပြန်ဆုတ်လိုက်၏။
သို့ရာတွင် သူ တစ်လှမ်း ပြန်ဆုတ်လိုက်သည်နှင့် လုံးဝကို ဒယီးဒယိုင် စဖြစ်လာတော့သ
ည်။ယမန်နေ့တုန်းက သူ၏ လျှို့ဝှက်စွမ်းအင်ဖြင့် ခွန်အားကို အတင်းအကျပ် မြှင့်တင်ပြီးနောက် ဝိဥာဥ်စွမ်းအင်များ ခမ်းခြောက်ကုန်ခြ
င်း ဖြစ်သည်။
သူ ခဏလောက်တော့ အဆင်မပြေ ဖြစ်နေဦးမည်ကို သိထားသော်ငြား ဤမျှလောက် နည်းပါးသော ဝိဥာဥ်စွမ်းအင်လေးကို လွှဲပြော
င်းပေးမိယုံဖြင့် ဟန်ချက်ပါ ပျက်လောက်သ
ည်အထိ အားနည်းသွားလိမ့်မည်ဟု မထင်ခဲ့မိပေ။
"ဆရာတူအစ်ကို!"
ကျန်းရီ ထိတ်လန့်သွားပြီး ဝမ်ရွှမ့်ကို အလျင်
စလို လှမ်းကိုင်လိုက်၏။
ဤ ထိန်းကိုင်မှုကြောင့် သူ့လက်တစ်ဖက်လုံးသည် ဝမ်ရွှမ့် နောက်ကျောကို အလျားလိုက် ဖက်ထားလျက်ရှိသည်။ကျန်းရီ၏ လက်ဖဝါး တစ်ဖက်က ဝမ်ရွှမ့် ညှပ်ရိုးနေရာကို လက်ငါးချောင်းစလုံးဖြင့် တင်းကျပ်နေအောင် ဆုပ်ကို
င်ထားလေရာ သူ့လက်ဖဝါးမှ ခပ်နွေးနွေး ကို
ယ်ငွေ့သည်ပင် ဝမ်ရွှမ့် အဝတ်အစားများမှတဆင့် စိမ့်ဝင်သွားခဲ့သည်။
သာမာန်အားဖြင့် ဤသည်မှာ သဘာဝကျသော အနေအထားမျိုးဖြစ်သော်လည်း ယခုအချိန်တွင်မူ ဝမ်ရွှမ်သည် အခြား အဓိပ္ပါယ်
တစ်မျိုး ရှိနေသယောင်ဖြင့် သူ့တစ်ကိုယ်လုံး အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။
ထို့နောက် ကျန်းရီက ဝမ်ရွှမ့် လက်ကောက်
ဝတ်ကို ဆွဲကိုင်ပြီး သွေးခုန်နှုန်း စမ်းကြည့်
၏။အတိုချုပ် စမ်းသပ်ကြည့်ခြင်းမှ အဖြေတစ်ခု ရလိုက်ပြီး အတန်ငယ် ကြာသည်အထိ ကျန်းရီမှာ ဘာပြောလို့ ပြောရမှန်း မသိအော
င်ကို ဖြစ်သွားခဲ့သည်။
"ဆရာတူအစ်ကို ...အစ်ကို ဘယ်လောက်အ
ထိ အဆင်အခြင်မဲ့ခဲ့သလဲ ဆိုတာကိုတော့ သိသင့်တယ် မဟုတ်လား?"
ဝမ်ရွှမ့် အဖြေကို စောင့်မနေသော်လည်း သူ့ကို ဝမ်ရွှမ်က မမှိတ်မသုန် ငေးစိုက်ကြည့်နေ
သည်ကို တွေ့လိုက်ရ၏။
"ဆရာတူအစ်ကို?"
ကျန်းရီသည် ထိုအကြည့်များကို ထူးဆန်း
သော အကြည့်များဖြင့် ပြန်စိုက်ကြည့်ကာ
"ဘာဖြစ်တာလဲ?"
ဤအပြုအမူသည် သာမာန်မျှသာဖြစ်ပြီး ယ
မန်နေ့ညတုန်းက အဖြစ်အပျက်ကို ဝမ််ရွှမ်တစ်ဦးတည်းကသာ စိတ်ကူးယဥ်နေသေးသလို ခံစားမိလိုက်သည်။
ဝမ်ရွှမ်က ခေါင်းခါပြပြီး ကျန်းရီ၏ လက်ထဲမှ ရုန်းထွက်ကာ
"မနေ့ညတုန်းက ဝိဥာဥ်စွမ်းအင်တွေကို အ
များကြီး သုံးလိုက်မိလို့ပါ။ဒါပေမယ့် ဘာမှ သိပ်အရေးမကြီးတော့ပါဘူး။ရက်နည်းနည်းလောက် အနားယူလိုက်တာနဲ့ အတော်လေး ပြန်ကောင်းသွားမှာ"
"ဒါကဘာမှသိပ်အရေးမကြီးဘူးလား?"
ကျန်းရီ အော်ဟစ်လိုက်ရာ သူအသံက ပိုကျ
ယ်လာလေလေ ဖြစ်၏။
"ဆရာတူအစ်ကို...အစ်ကို့ရဲ့ ကျန်းမာရေးကို ဒီလိုမျိုး လျစ်လျူရှုထားလို့ မရဘူးဆိုတာ သိရဲ့လား"
ထို့နောက် သူသည် အလွန် တည်ကြည်နေသော မျက်နှာထားဖြင့် အလေးအနက် စကားဆိုလာခဲ့သည်။
"အခုကစပြီး နောက်ထပ် လတစ်ဝက် မဟုတ်
သေးဘူး...တစ်လလုံး အစ်ကို့ရဲ့ ဝိဥာဥ်စွမ်းအ
င်တွေကို မသုံးသင့်ဘူး ။တစက်လေးမှတော
င် မသုံးသင့်ဘူးနော်"
"မသိရင် မင်းပြောနေတာက ငါသုံးချင်ရင်တော့ သုံးလို့ရတယ်ပေါ့လေ"
ဝမ်ရွှမ်သည် ရယ်ရအခက်၊ငိုရအခက်ဖြင့် ခေါင်းခါလိုက်၏။ထို့နောက် ကျန်းရီ၏ ဤထက်ပို၍ လေးနက်မှုမျိုး မရှိနိုင်တော့သော တည်ကြည်လေးနက်မှုဖြင့် မျက်နှာထားကို ကြည့်ပြီး အဆုံးတွင် သူ၏ စနောက်စရာ စ
ကားများကို မြိုချလျက် သဘောတူကြောင်း ခေါင်းညိတ်ပြရတော့သည်။
"ငါဆင်ခြင်ပါ့မယ်"
နောက်ဆုံးတွင် ကျန်းရီသည် ဝန်လေးနေရာမှ
သက်သာရာရသွားသလို အသက်ရှုထုတ်ခဲ့သ
ည်။
"ဒါဆို ဒီရက်ပိုင်း ပြသနာတစ်ခုခု ရှိလာရင်တော့ မင်းကိုပဲ အပြည့်အဝ အားကိုးနေတော့မယ်"
မူလက သူသည် ဤစကားကို သာမာန်ကာလျှံကာ အဓိပ္ပါယ်ဖြင့် ပြောလိုက်ခြင်း ဖြစ်သော်လည်း သူ့ပါးစပ်မှ ဤစကားလုံးများ ထွက်သွားချိန်တွင်တော့ ဝမ်ရွှမ်သည် နှုတ်
ခမ်းများကို ဆတ်ခနဲ ဖိကိုက်လိုက်၏။အ
ကြောင်းကိစ္စ အချို့ကြောင့် ဤစကားလုံးတွေဟာ အတော်လေး ထူးဆန်းနေသလို ခံ
စားရသည်။သို့သော် ခဏအကြာတွင် သူ၏
အလွန်အမင်း ဆတ်ဆတ်ထိမခံသော အ
တွေးများက ပို၍ ထူးဆန်းနေကြောင်းကို သ
တိထားမိလိုက်လေသည်။
ကောင်းသော အချက်သည်ကား ကျန်းရီက လုံးဝမရိပ်မိဘဲ ပျော်ရွှင်စွာ ခေါင်းညိတ်ပြလျ
က် သဘောတူလာခဲ့သည်။
"ဆရာတူညီလေးကျန်း"
ဝမ်ရွှမ် သည်းမခံနိုင်တော့ဘဲ ပြောရန် ကြံရွ
ယ်လိုက်၏။
"မနေ့ညတုန်းက....."
ယမန်ညက အကြောင်းကို အစချီလိုက်သည်နှင့် ကျန်းရီမှာ အသိအသာကြီးကို စိတ်လှုပ်
ရှားလာတော့သည်။
"မနေ့ညတုန်းက မင်း ငါ့ကို ပြောခဲ့တဲ့စကားတွေက ...မင်း ငါ့ကို ပြောပြချင်တဲ့ စကားအ
ကုန်ပဲလား?"
ဝမ်ရွှမ်ဆက်မေးခဲ့သည်။
ကျန်းရီက သက်ပြင်းရှိုက်ထုတ်၍ ဝမ်ရွှမ် ဘာမှ မသိသွားဘူးဟုသာ တွေးလိုက်ပြီး ယောင်
ဝါးဝါးဖြင့် ပြန်ဖြေပေးခဲ့သည်။
"ကျွန်တော် ပြောပြချင်တဲ့ ကိစ္စတွေ အားလုံးကို တစ်ညထဲနဲ့တော့ ဘယ်ပြောလို့ရပါ့မလဲ။အဲ့ဒီကိစ္စကို ပြောပြရမယ့် အချိန်ရောက်လာရင် သူ့ဘာသူ ဖြစ်လာပါလိမ့်မယ်"
တစ်နည်းဆိုရသော် ယခုအချိန်သည် ထိုစကားများကို ပြောရန် သင့်တော်သော အချိန်မျိုး မဟုတ်သေးပေ။
ထိုခံစားချက်များကို တိတ်တဆိတ် ဖုံးကွယ်
ထားရန်သာ သူကိုယ်တိုင် ရွေးချယ်ခဲ့သည့်အတွက် ဝမ်ရွှမ့်ကို အရှေ့ထွက်ပြီး အချိန်မတိုင်ခင် ဖော်ထုတ်လိုက်တာမျိုးလည်း လုပ်စေချင်မည် မဟုတ်ချေ။
ဝမ်ရွှမ် ခေါင်းကိုသာ ခါယမ်းလိုက်၏။သူ့စိတ်ထဲတွင် သဘောထား ကွဲလွဲနေသေးသော်လည်း ဤကိစ္စကို အနောက်သို့ ယာယီ ပို့ထားရပေအုံးလိမ့်မည်။
ထို့နောက် ကျန်းရီသည် ဘေးဘက်ရှိ ဘိုးအေငယ်လေးနှင့် ဆက်၍ အလုပ်ရှုပ်နေတော့သ
ည်။အိပ်ယာသိမ်းရန် ဝမ်ရွှမ် အနောက်လှည့်လိုက်ရာ ကျန်းရီ၏ သိုလှောင်လက်ကောက်ကို ခေါင်းအုံးနံဘေးတွင် တွေ့လိုက်ရသည်။ယမန်နေ့ညတုန်းက ထိုလက်ကောက်ကို ဆု
ပ်ကိုင်ရင်း အိပ်ပျော်သွားပြီး ပြန်ထားရန် မေ့သွားခဲ့သည်။တစ်ဝက်တစ်ပျက်ဖြင့် အိပ်ပျော်သွားခြင်းကြောင့် ပစ္စည်းများကို ထုတ်ထားသော်ငြား ပြန်သိမ်းရန် မေ့သွားခဲ့ပြီး ယခုအ
ချိန်ထိ ထိုပစ္စည်းများက ဘေးဘက်တွင် ရှိနေဆဲဖြစ်၏။
ထိုပစ္စည်းများထဲတွင်'ကောင်းကင်ဘုံ၏အလို
တော်'ကို ဝှက်စာဖော်ရာ၌ ကျန်းရီ အသုံးပြုသည့် လုံးဝန်းသော မှော်လက်နက်လည်း အ
ပါအဝင် ဖြစ်သည်။ယမန်နေ့တုန်းက သူ့ စိတ်အာရုံကို အခြားပစ္စည်းများက ဆွဲဆောင်ထားခြင်းကြောင့် ထိုမှော်လက်နက်ကို အသေအ
ချာ မကြည့်ခဲ့မိပေ။
ဤအခိုက်တွင် သူခဏမျှသာ ကြည့်လိုက်
၏။မည်သို့ပင်ဖြစ်စေ ၎င်းသည် ကျန်းရီ၏ မှော်လက်နက်တစ်ခုဖြစ်ပြီး သူ့ကို ကြည့်ခွင့်ပေးလောက်သည်အထိ ကျန်းရီက ရက်ရောနေလျှင်တောင် သူကတော့ နှိုက်နှိုက်ချွတ်
ချွတ် လိုက်ကြည့်ရန် စိတ်ဖြောင့်မနေချေ။
တစ်ချက်မျှ စူးစမ်းကြည့်ယုံဖြင့် ကျောက်စိမ်းအဝိုင်း၏ ပင်မဘက်ခြမ်းပေါ်တွင် ထွင်းထုထားသော ထူးဆန်းသည့် ပုံစံတစ်ခုကို တွေ့လိုက်ရသည်။ထူးဆန်းသည်ဟု ဆိုရခြင်းမှာ အဝေးမှ ကြည့်လျှင် ထိုပုံစံကို အလွန် ရှင်းလ
င်းစွာ မြင်ရသော်လည်း အနီးကပ် စူးစမ်းကြည့်လျှင်တော့ မျဥ်းတစ်ကြောင်းလောက်ပင် မမြင်ရအောင် အလွန် မှုန်ဝါးသွားခြင်းကြောင့်ဖြစ်သည်။
ဤသည်မှာ ဖုံးကွယ်ထားသော မန္တန် တစ်ခုခုကြောင့်ဟုသာ ယူဆလိုက်ပြီး သိပ်များများစားစား တွေးမနေတော့ဘဲ ၎င်းကို သိုလှောင်လက်ကောက်ထဲသို့ ထည့်၍ ကျန်းရီကို ပြန်ပေးခဲ့သည်။
ကျန်းရီက သူ့ကို အထူးတလည် မေးမြန်းလာခဲ့သည်။
"ဆရာတူအစ်ကို...အဲ့ဒီမှာ ထွင်းထားတာကို အစ်ကို သေသေချာချာ မြင်ခဲ့လား?"
ဝမ်ရွှမ်က ရိုးရိုးသားသား ခေါင်းခါပြပြီး မြင်ရသမျှကို အမှန်အတိုင်း ပြန်ပြောလိုက်၏။ကျန်းရီမှာ သိပ်အံ့သြပုံမရသော်လည်း ဝမ်းန
ည်းစရာကောင်းသော ကိစ္စတစ်ခုကို အတည်
ပြုလိုက်သကဲ့သို့ အတော်လေး စိတ်ပျက်သွားပုံရသည်။
ယခုအချိန်တွင် နေလည်း အတော်မြင့်နေလေပြီ။မြို့သည် ဆူညံလာပြီး တက်ကြွလှုပ်ရှားသံများဖြင့် စည်ကားလျက်ရှိသည်။သူတို့ တည်းခိုနေသော တည်းခိုဆောင်သည် မထင်
မှတ်ဘဲ ဧည့်သည် အမြောက်အများ ရရှိခဲ့၏။
မြို့သူကြွယ် အချို့နှင့် ဒီနေရာက လူချမ်းသာကုန်သည်ဆိုလျှင် ဟိုနေရာက ရုံးတော်အရာ
ရှိများ...စသည်ဖြင့် ယမန်နေ့ညက ချင်နျန်ကျစ်အိမ်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများက ရှု
ပ်လွန်းလှသည့်အတွက် ကြမ္မာရုပ်တုနှင့် ဆိုင်သော ပြသနာ၊သေရွာမှ ပြန်လာသော ကျန်းရီကြောင့် ကျို့ဖုန်းတစ်မြို့လုံး အလွန်အမင်း ထိတ်လန့်နေကြပြီး ထိုကိစ္စများကို စုံစမ်းရန် လူလွှတ်လိုက်ကြခြင်း ဖြစ်လေသည်။
ဤဧည့်သည်များသည် ပုံမှန်အားဖြင့် အလွန်ပျူငှာကြသော်လည်း ဝမ်ရွှမ်ကတော့ သူတို့နှင့် အတူ အသက်ရှုရန် အချိန်လေးကိုပင် ဖြုန်းမနေချင်။ပိုဆိုးသည်မှာ အချို့ဧည့်သည်များ
သည် ကျန်းရီကို စိတ်အနှောင့်အယှက်ပေးရ
င်း အချိန်ဖြုန်းလေ့ရှိကြသည်။အချို့ဆိုလျှင် "မင်းငယ်ငယ်တုန်းကဆို မင်းကို ငါ့ရဲ့လက်ပေါ်မှာတောင် ချီခဲ့ဖူးသေးတာ"ဟူသော စကားမျိုးကို ပြော၍ ကျန်းရီနှင့် ရင်းနှီးမှုရရန် ကြိုးစားတတ်ကြသေးသည်။
ယခင်တုန်းကတော့ ကျန်းမိသားစုနှင့် တက
ယ်ကို အကျွမ်းတဝင် ရှိခဲ့ဖူးသူများသည် ကျ
န်းမိသားစု၌ ပြသနာများ စဖြစ်လာသည့် အ
ချိန်မှစ၍ ဘေးဘက်သို့ ရှောင်ထွက်သွားကာ မဆိုင်သူများကဲ့သို့ ရပ်ကြည့်နေခဲ့ကြဖူးသ
ည်။ယခု ကျန်းရီသည် ထိုအချိန်တုန်းက ကျန်းရီနှင့် မတူလျှင်တောင် ဝမ်ရွှမ်ကတော့
သူ့ကို ဤတွေ့ဆုံမှုများနှင့် မကြုံဆုံစေချင်
ပေ။
သို့ဖြစ်ရာ ဧည့်သည်နှစ်ဖွဲ့လောက် လာပြီးသ
ည်နှင့် တတိယအဖွဲ့ ရောက်မလာခင်မှာတင် ဝမ်ရွှမ် နှင့် ကျန်းရီတို့သည် ကလေးငယ်ကို ပွေ့ချီလျက် လျှပ်စီးကဲ့သို့ မြန်မြန်ဆန်ဆန် ထွက်လာခဲ့ကြသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် ကျို့ဖုန်းမြို့မှ ထွက်လာခဲ့ပြီး ဖြစ်ချေသည်။
ပြီးနောက် ကျန်းရီသည် သူ့လက်ချောင်းလေးများနှင့် တွက်ချက်ကြည့်ပြီးမှ အနီးအနားရှိ ဝိဥာဥ်မြို့တော်သို့ နှစ်ယောက်သား ခရီးဆက်နှင်လိုက်ကြသည်။
ခရီးတစ်လျှောက်တွင် ကျန်းရီသည် ထုံးစံအ
တိုင်းဝမ်ရွှမ့်နံဘေး၌ တနေကုန် ပူးကပ်နေတ
တ်သည်။အမှန်တော့ ဝမ်ရွှမ်ဟာ ဝိဥာဥ်စွမ်း
အင်တွေကို အဆင်ပြေပြေ အသုံးပြု၍ မရနိုင်သေးတာကြောင့် ကျန်းရီက ပုံမှန်ထက်ပိုပြီး တစိုက်မတ်မတ် တွယ်ကပ်နေခြင်း ဖြစ်လေသည်။ယခင်တုန်းကတော့ ကျန်းရီက သူ့အပေါ် ဘယ်လောက်ပဲ ရင်းရင်းနှီးနှီး ပြုမူခဲ့ပါစေ ဝမ်ရွှမ်ဟာ သဘာဝကျတယ်လို့ပဲ အ
မြဲတမ်း ခံစားခဲ့ရသည်။
သို့သော် ယခုအချိန်တွင်မူ သူတို့နှစ်ဦးသား
၏ ခန္ဓာကိုယ်များ ထိကပ်သွားချိန်တိုင်းတွင် ဝမ်ရွှမ့်ခမျာမှာ သူ့အတွေးများက ချာချာလ
ည်သွားသလိုကို ဖြစ်နေ၏။
အတွေးများဖြင့် ချာချာလည်နေရင်းမှ သူတ
ကယ်ကို သဲလွန်စများစွာအား သတိပြုမိလို
က်သည်။
ဥပမာဆိုရသော် ကျန်းရီက သူ့လက်ကို ဆွဲကို
င်လိုက်ချိန်တိုင်းတွင် သာမာန်ဟု ထင်ရသော်
လည်းကျန်းရီ၏ လက်ချောင်းထိပ်လေးများက သူ့လက်ဖဝါးရဲ့ အလယ်ဗဟိုကို အကြိမ်အနည်းငယ်လောက် ဖိညှစ်ရခြင်းအား အမြဲ
တမ်း သဘောခွေ့လေ့ရှိသည်။
ဥပမာဆိုရသော် သူတို့နှစ်ဦး အလွန် ပူးပူးက
ပ်ကပ် ရှိနေချိန်တိုင်းတွင် ကျန်းရီ၏ အကြည့်များက ဘယ်ကို ကြည့်လို့ကြည့်ရမှန်း မသိသလို မျောလွင့်နေတတ်သော်လည်း ကျန်းရီကို ဝမ်ရွှမ် ရုတ်တရက် လှမ်းကြည့်လိုက်တိုင်း ကျန်းရီက သူ့ကို စိုက်ကြည့်နေတတ်ကြောင်းကို ဆယ်ကြိမ်မှာ ရှစ်ကြိမ်လောက်တော့ အမြဲ
တမ်း ဖမ်းမိတတ်သည်။ဤသို့အကြောင်းအရာမျိူးက ရေတွက်ရန်တောင် အလွန် များလှ
သည်။
သို့သော် ဤအမူအကျင့်များက ရိုးစင်း၏။ထိုနေ့ညတုန်းက လျှို့ဝှက်အနမ်းသည်သာ ကျန်းရီ၏ အရဲတင်းဆုံးသော လုပ်ရပ်မျိုး ဖြ
စ်ပေလိမ့်မည်။
ကျန်းရီရဲ့ ခံစားချက်ကို သူသိပြီးပြီဆိုမှတော့
အဲ့ဒီ အပြုအမူတွေကို သူဘယ်လို ရင်ဆိုင်ရ
တော့မှာလဲ?
ကျန်းရီကိုယ်တိုင် စိတ်ဆန္ဒအလျောက် ဖွင့်မပြောလာသေးသရွေ့ သူလည်း ထိုကိစ္စကို မတွေးရန် ဆုံးဖြတ်ထားသော်လည်း ရှောင်လွှဲ
၍ မရနိုင်သော ကိစ္စမျိုးတော့ ဖြစ်နေသေး
၏။ယခင်ပုံစံအတိုင်း ဆက်နေခြင်းက  ကိုယ့်ကိုယ်ကို တစ်ဖက်သတ် လှည့်စားနေခြင်းသာ ဖြစ်လိမ့်မည်။
တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်တာကလ
ည်း သိပ်တော့ မှန်မနေဘူး...ပြတ်​ပြတ်သား
သား ငြင်းလိုက်ရင်ရော?ဒါလည်း သူမလုပ်နိုင်ပြန်ဘူးလေ။
ရိုးရိုးသားသားဆိုရလျှင် ဝမ်ရွှမ်ကိုယ်တိုင်လည်း ဒါကို လုံးဝ ကန့်ကွက်နေတာမျိုး မဟု
တ်ခဲ့ပေ။
အဆုံးတွင် သူသည် မသိလေဟန်ဆောင်လျ
က် ယခင်အတိုင်း ဆက်နေရန်သာ ဆုံးဖြတ်လိုက်၏။
အတွေးကမ္ဘာထဲမှ လက်ရှိအချိန်သို့ အသိပြန်ဝင်လာစဥ်တွင် သူ့သဘောထားကို စကားလုံးနှစ်လုံးဖြင့်သာ ဖော်ပြနိုင်ကြောင်းကို သဘော
ပေါက်ခဲ့ရသည်။
-တိတ်တခိုးအသိအမှတ်ပြုခြင်း -
         ......................××....................
-
-
-
Finally! ဒီNovelကို ခရီးတဝက် ရောက်တဲ့အ
ထိ ဘာသာပြန်နိုင်ခဲ့ပါပြီ။
................................................
<ဆရာတူညီလေးကို ဘယ်လို နည်းလမ်းမျိုးနဲ့ မျက်နှာချင်းဆိုင်ရမှန်း မသိတော့ဘူး>
လိုက်ပါသေး၏။
လို ခံစားရလေသည်။
ထုတ်မိပြန်၏။
တော့ချေ။
လေးအနက် ဖြစ်သွားရသည်။
၏။
"ဒါ.....ဒါပေမယ့်..."
ယ်မှာ သွားရှာရမှာလဲ?
ည်။
"ဒါက ယာယီသဘောပဲပေါ့။ဒါသာ နောက်
င်း ဖြစ်သည်။
"ဆရာတူအစ်ကို!"
သာမာန်အားဖြင့် ဤသည်မှာ သဘာဝကျသော အနေအထားမျိုးဖြစ်သော်လည်း ယခုအချိန်တွင်မူ ဝမ်ရွှမ်သည် အခြား အဓိပ်ပါယျ
င်ကို ဖြစ်သွားခဲ့သည်။
သည်ကို တွေ့လိုက်ရ၏။
"ဆရာတူအစ်ကို?"
"ဘာဖြစ်တာလဲ?"
မန်နေ့ညတုန်းက အဖြစ်အပျက်ကို ဝမ်ရွှမ်တစ်ဦးတည်းကသာ စိတ်ကူးယဉ်နေသေးသလို ခံစားမိလိုက်သည်။
ယ်လာလေလေ ဖြစ်၏။
င် မသုံးသင့်ဘူးနော်"
"ငါဆင်ခြင်ပါ့မယ်"
ည်။
မူလက သူသည် ဤစကားကို သာမာန်ကာလျှံကာ အဓိပ်ပါယျဖွငျ့ ပြောလိုက်ခြင်း ဖြစ်သော်လည်း သူ့ပါးစပ်မှ ဤစကားလုံးများ ထွက်သွားချိန်တွင်တော့ ဝမ်ရွှမ်သည် နှုတ်
တိထားမိလိုက်လေသည်။
က် သဘောတူလာခဲ့သည်။
"ဆရာတူညီလေးကျန်း"
ယ်လိုက်၏။
"မနေ့ညတုန်းက....."
ရှားလာတော့သည်။
ကုန်ပဲလား?"
ချာ မကြည့်ခဲ့မိပေ။
"ဆရာတူအစ်ကို...အဲ့ဒီမှာ ထွင်းထုထားတာကို အစ်ကို သေသေချာချာ မြင်ခဲ့လား?"
ပေ။
မြဲတမ်း ခံစားခဲ့ရသည်။
က်သည်။
တမ်း ဖမ်းမိတတ်သည်။ဤသို့အကြောင်းအရာမျိုးက ရေတွက်ရန်တောင် အလွန် များလှ
သည်။
စ်ပေလိမ့်မည်။
တော့မှာလဲ?
တ်ခဲ့ပေ။
ပေါက်ခဲ့ရသည်။
                ...................................
-
-
-
Continue Reading
You'll Also Like
16.1K 2.1K 6
Original author-象八亿 English translator-8oni I got the permission from the English translator. I don't own any part of this story.This is just fun t...
86.4K 9.7K 120
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင...
20.3K 2K 37
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
180K 29K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...