(Unicode)
"အစ်ကိုကြီးပိုင်မု ကျွန်တော်တို့ ဘာပစ္စည်းတွေ ပြင်ဆင်ဖို့လိုတာလဲ ဘယ်လောက်ပြင်ဆင်ဖို့လိုတာလဲဟင်"အယ်ဗင်က ပိုင်မုကို အန်းချီလော့နဲ့တခြားသူတွေလိုမျိုး ရင်းရင်းနှီးနှီးခေါ်ခဲ့တယ်။
ပိုင်မုက ခြင်းတောင်းရက်ဖို့အတွက် ပြင်ဆင်ဖို့လိုတဲ့ သစ်သားနဲ့အစိမ်းရောင်ပိုးချည်ပမာဏကို သူတို့ကို အကြမ်းဖျင်းပြောပြခဲ့ပြီး သူတို့အဆင်သင့်ဖြစ်ပြီးနောက် သူ့ဆီလာခဲ့ဖို့ သူတို့ကို ပြောခဲ့တယ်။ဆွေးနွေးပြီးနောက် သူတို့က ပြန်ဖို့ကို မစောင့်နိုင်ကြတော့ဘူး။ အိမ်ကအဖေနဲ့အစ်ကိုတွေကို ပစ္စည်းတွေပြင်ဆင်စေဖို့လေ။ဒါပေမယ့် နီရှိဇ၀က ပြောစရာတစ်ခုရှိနေသေးတာကိုမြင်ပြီး စိတ်ရှည်လက်ရှည်နဲ့ဘေးမှာထိုင်ပြီး စောင့်နေပေးကြတယ်။
"အစ်ကိုကြီးပိုင်မု မျိုးနွယ်စုထဲက လူအများစုက အသားဆားနယ်ခြောက်ကို ကျပ်တိုက်အခြောက်လှန်းဖို့ အောင်မြင်ခဲ့ပြီး အခုထိ လူစုမကွဲသေးပါဘူး။ဆီပူနှစ်ကြော်တဲ့အသားကြော်ကလည်းပဲ မျိုးနွယ်စုထဲမှာ ပျံ့နှံ့နေပါတယ်။လူတိုင်းက အဲ့ဒါကိုကြိုက်ကြပြီး အစ်ကို့ကိုအရမ်းကျေးဇူးတင်ကြတယ်"နီရှိဇ၀က မျိုးနွယ်စုထဲက အခြေအနေတွေကို အတိုချုံးရှင်းပြခဲ့ပြီး မျိုးနွယ်စုဆီက ကျေးဇူးတင်စကားတွေကို ဖော်ပြခဲ့တယ်။
"အင်း အင်း အဲ့ဒီအသားကြော်က တကယ်မွှေးတယ်"တက်ကြွတဲ့ဆိုင်ရယ်က အလျင်အမြန်ပဲ ပြန်လည်တွေးတောလိုက်ပြီး ထို့နောက် ပိုင်မုကို စိတ်အားထက်သန်စွာ ပြောခဲ့တယ်။"အစ်ကိုပိုင်မု အနာဂတ်ကျရင် သင်ယူဖို့ ကျွန်တော်အကုန်လုံး အစ်ကို့ဆ္လာနိုင်တာလား ဟေး အရမ်းကောင်းတာပဲ အစ်ကို့ကို အများကြီးအဆိုပြုကြမှာပဲနော် အစ်ကိုက ကျွန်တော်တို့အိမ်ရဲ့tower(မရီး)ဖြစ်လာနိုင်ဖို့ ကျွန်တော်တကယ်မျှော်လင့်တယ် ကျွန်တော့်အစ်ကိုကြီးကလည်းပဲ အရမ်းတော်ပါတယ် ခဲယ်လ်တစ်ထက်တော့ မဆိုးရွားနေပါဘူး"ဆိုင်ရယ်က ပြောလည်းပြောသလို သူက ဟောင်ဖွာဖွာနဲ့ အစွန်နားကို သွားခဲ့တယ်။
တခြားနှစ်ယောက်က သူတို့ရဲ့သွားတွေကို လျို့လျို့ဝှက်ဝှက်နဲ့အံ့ကြိတ်ခဲ့ကြတယ်။သူတို့မှာ ဘာလို့ orcအစ်ကိုတစ်ယောက်မရှိရတာလဲ?မဟုတ်ရင် သူတို့လည်းပဲ ယှဉ်ပြိုင်နိုင်တယ်လေ။
သစ်သားခြင်းတောင်းကို တိတ်ဆိတ်စွာ ရက်နေခဲ့တဲ့ခဲယ်လ်တစ်က သူ့နားရွက်ကို မတ်မတ်ထောင်ထားခဲ့ပြီး သူတို့ရဲ့စကားဝိုင်းကို နားထောင်နေခဲ့တာ။တစ်စုံတစ်ယောက်က ပိုင်မုရဲ့စိတ်ကူးကို အမှတ်ရနေတာကို ကြားတဲ့အခါ သူကနိုးနိုးကြားကြားရှိလာတယ်။ဆိုင်ရယ်ရဲ့အစ်ကိုအကြီးဆုံးက ပိုင်မုကို မဆက်သွယ်ရဘူးလို့ သူ့နှလုံးသားထဲက တိတ်ဆိတ်စွာနဲ့ တွေးနေခဲ့တယ်။ဘယ်သူမှ သူ့ဆီကနေ ပိုင်မုကို မလုယူရဘူး။
"အစ်ကိုကြီးပိုင်မုက ငါ့ရဲ့အနာဂတ်tower(မရီး)ပဲ ဘယ်သူ့ကိုမှ လုယူခွင့်မပြုဘူး"အန်းချီလော့က ချက်ချင်းပေါက်ကွဲသွားတယ်။သူက သူ့အစ်ကိုကြီးလိုပဲ ရင်ဆိုင်ပေးရမယ်။
"ဒါပေမယ့် အစ်ကိုကြီးပိုင်မုက အခုထိ မင်းရဲ့towerမဖြစ်လာသေးဘူးလေ ဒါကြောင့် ငါ့အစ်ကိုကြီးမှာ အခွင့်အရေးရှိနေတုန်းပဲ"ဆိုင်ရယ်က မှင်သေသေနဲ့ ပြန်လည်ချေပတယ်။
"မင်းရဲ့အစ်ကိုကြီးမှာ အခွင့်အရးရှိမှာမဟုတ်ဘူး"အန်းချီလော့က ယုံကြည်ချက်ရှိရှိပြောခဲ့ပြီး သူက သူ့အစ်ကိုကြီးပေါ်မှာလည်း ယုံကြည်ချက်ရှိပါတယ်။
"ဟုတ်တယ် ဒုတိယအစ်ကိုမှန်တယ် အစ်ကို့ရဲ့အစ်ကိုကြီးမှာ အခွင့်အရေးရှိမှာမဟုတ်ဘူး"သူ့ရဲ့အနာဂတ် သက်သာချောင်ချိရေးအတွက် ခြင်္သေ့လေးက သူ့အစ်ကိုနောက်က လိုက်ပြောတယ်။တစ်စုံတစ်ယောက်က သူ့အနာဂတ်towerကို ထိတာမြင်ပြီး သူက ချက်ချင်း နိုးနိုးကြားကြားရှိလာခဲ့တယ်။
ပိုင်မုက ကလေးနှစ်ယောက် ရန်ဖြစ်နေကြတာကို ကြည့်ရတာ အရမ်းစိတ်ဝင်တစားရှိပေမယ့် သူတို့သာဆက်စကားများရင်တော့ သူတို့ ဒီနေ့ ဘာမှလုပ်ဖြစ်မှာမဟုတ်တော့ဘူး။ ဒါကြောင့် သူက တားဆီးလိုက်တယ်။ “မင်းက အရာ၀တ္ထုတွေကို သင်ယူဖို့ လာချင်တယ်၊ အစ်ကို အရမ်းကြိုဆိုပါတယ်။ မင်းက ယောက်ျားတစ်ယောက်ကို အစ်ကို့ကို မိတ်ဆက်ပေးချင်ရင်တော့ အဲ့ဒါကို ရှောင်လိုက်ပါနော်”
"ကောင်းပါပြီ ဒါပေမယ့် အစ်ကိုကြီးပိုင်မု ၊ အစ်ကိုတကယ် ကျွန်တော့်အစ်ကိုကြီးကို မတွေးပေးတော့ဘူးလား၊ ကျွန်တော့်အစ်ကိုကြီးက တကယ်အရမ်းတော်တာကို" ဆိုင်ရယ်က ပိုင်မုကို ဆန္ဒမရှိစွာကြည့်လိုက်ပြီး သူ့အစ်ကိုကြီးကို ဆက်ရောင်းတယ်။
"မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်" ပိုင်မုက ညင်သာစွာ ငြင်းလိုက်တယ်။
ပိုင်မုရဲ့ငြင်းပယ်မှုကို မြင်ပြီး ခဲယ်လ်တစ်တို့ ညီအစ်ကိုသုံးယောက်က နောက်ဆုံးမှာ သက်ပြင်းချနိုင်ခဲ့ပေမယ့် တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ပြီးနောက်ဘသူတို့ရဲ့ သတိထားမှုကို မလျှော့ပေါ့ဖို့လုပ်ခဲ့ကြတယ်။
နီရှိဇ၀နဲ့လူအနည်းငယ်က အဲ့ဒီနေရာမှာ ခဏလောက် ထိုင်ခဲ့ကြပြီး ပိုင်မုနဲ့တခြားသူတွေ အပြင်ထွက်မှာကို သိပြီးနောက် ကြာကြာမနေခဲ့ကြဘူး။ ပြန်သွားပြီး ပစ္စည်းတွေ ပြင်ဆင်ဖို့ ပိုင်မုနဲ့ သူတို့ချိန်းထားခဲ့ကြတယ်။ ထို့နောက် ပိုင်မုနဲ့ ခဲယ်လ်တစ်တို့လည်း အပြင်ထွက်ခဲ့ကြတယ်။ သူတို့က အသားအတွက် အိုးတချို့ပြောင်းဖို့ ဦးလေးဘာရွန်အိမ်ကို ပထမဆုံးသွားခဲ့ကြပြီး ထို့နောက် အရွယ်အစားအမျိုးမျိုးရှိတဲ့ အိုးတချို့နဲ့ အိုးတွေပြုလုပ်ဖို့ ဦးလေးဘာရွန်ကို ကူညီပေးရန် တောင်းဆိုခဲ့တယ်။ပိုင်မုကလည်း ဦးလေးဘာရွန်ကို အိုးတချို့လုပ်ပေးဖို့ တောင်းဆိုတယ်။ ဦးလေးဘာရွန်နဲ့ အဆင်ပြေပြေ ပြောဆိုခဲ့ပြီး အနာဂတ်မှာ သူ့အတွက် အသားကြော်တချို့လုပ်ပေးပါလို့ ဦးလေးဘာရွန်ကပြောခဲ့တယ်။ ခဲယ်လ်တစ်က ပိုင်မုနဲ့အတူ ဗာရူတောင်ကို ဦးတည်သွားလိုက်ကြတယ်။
(Zawgyi code)
"အစ္ကိုႀကီးပိုင္မု ကြၽန္ေတာ္တို႔ ဘာပစၥည္းေတြ ျပင္ဆင္ဖို႔လိုတာလဲ ဘယ္ေလာက္ျပင္ဆင္ဖို႔လိုတာလဲဟင္"အယ္ဗင္က ပိုင္မုကို အန္းခ်ီေလာ့နဲ႕တျခားသူေတြလိုမ်ိဳး ရင္းရင္းႏွီးႏွီးေခၚခဲ့တယ္။
ပိုင္မုက ျခင္းေတာင္းရက္ဖို႔အတြက္ ျပင္ဆင္ဖို႔လိုတဲ့ သစ္သားနဲ႕အစိမ္းေရာင္ပိုးခ်ည္ပမာဏကို သူတို႔ကို အၾကမ္းဖ်င္းေျပာျပခဲ့ၿပီး သူတို႔အဆင္သင့္ျဖစ္ၿပီးေနာက္ သူ႕ဆီလာခဲ့ဖို႔ သူတို႔ကို ေျပာခဲ့တယ္။ေဆြးႏြေးၿပီးေနာက္ သူတို႔က ျပန္ဖို႔ကို မေစာင့္နိုင္ၾကေတာ့ဘူး။ အိမ္ကအေဖနဲ႕အစ္ကိုေတြကို ပစၥည္းေတြျပင္ဆင္ေစဖို႔ေလ။ဒါေပမယ့္ နီရွိဇ၀က ေျပာစရာတစ္ခုရွိေနေသးတာကိုျမင္ၿပီး စိတ္ရွည္လက္ရွည္နဲ႕ေဘးမွာထိုင္ၿပီး ေစာင့္ေနေပးၾကတယ္။
"အစ္ကိုႀကီးပိုင္မု မ်ိဳးႏြယ္စုထဲက လူအမ်ားစုက အသားဆားနယ္ေျခာက္ကို က်ပ္တိုက္အေျခာက္လွန္းဖို႔ ေအာင္ျမင္ခဲ့ၿပီး အခုထိ လူစုမကြဲေသးပါဘူး။ဆီပူႏွစ္ေၾကာ္တဲ့အသားေၾကာ္ကလည္းပဲ မ်ိဳးႏြယ္စုထဲမွာ ပ်ံ့ႏွံ႕ေနပါတယ္။လူတိုင္းက အဲ့ဒါကိုႀကိဳက္ၾကၿပီး အစ္ကို႔ကိုအရမ္းေက်းဇူးတင္ၾကတယ္"နီရွိဇ၀က မ်ိဳးႏြယ္စုထဲက အေျခအေနေတြကို အတိုခ်ဳံးရွင္းျပခဲ့ၿပီး မ်ိဳးႏြယ္စုဆီက ေက်းဇူးတင္စကားေတြကို ေဖာ္ျပခဲ့တယ္။
"အင္း အင္း အဲ့ဒီအသားေၾကာ္က တကယ္ေမႊးတယ္"တက္ႂကြတဲ့ဆိုင္ရယ္က အလ်င္အျမန္ပဲ ျပန္လည္ေတြးေတာလိုက္ၿပီး ထို႔ေနာက္ ပိုင္မုကို စိတ္အားထက္သန္စြာ ေျပာခဲ့တယ္။"အစ္ကိုပိုင္မု အနာဂတ္က်ရင္ သင္ယူဖို႔ ကြၽန္ေတာ္အကုန္လုံး အစ္ကို႔ဆႅာနိုင္တာလား ေဟး အရမ္းေကာင္းတာပဲ အစ္ကို႔ကို အမ်ားႀကီးအဆိုျပဳၾကမွာပဲေနာ္ အစ္ကိုက ကြၽန္ေတာ္တို႔အိမ္ရဲ႕tower(မရီး)ျဖစ္လာနိုင္ဖို႔ ကြၽန္ေတာ္တကယ္ေမွ်ာ္လင့္တယ္ ကြၽန္ေတာ့္အစ္ကိုႀကီးကလည္းပဲ အရမ္းေတာ္ပါတယ္ ခဲယ္လ္တစ္ထက္ေတာ့ မဆိုး႐ြားေနပါဘူး"ဆိုင္ရယ္က ေျပာလည္းေျပာသလို သူက ေဟာင္ဖြာဖြာနဲ႕ အစြန္နားကို သြားခဲ့တယ္။
တျခားႏွစ္ေယာက္က သူတို႔ရဲ႕သြားေတြကို လ်ိဳ႕လ်ိဳ႕ဝွက္ဝွက္နဲ႕အံ့ႀကိတ္ခဲ့ၾကတယ္။သူတို႔မွာ ဘာလို႔ orcအစ္ကိုတစ္ေယာက္မရွိရတာလဲ?မဟုတ္ရင္ သူတို႔လည္းပဲ ယွဥ္ၿပိဳင္နိုင္တယ္ေလ။
သစ္သားျခင္းေတာင္းကို တိတ္ဆိတ္စြာ ရက္ေနခဲ့တဲ့ခဲယ္လ္တစ္က သူ႕နား႐ြက္ကို မတ္မတ္ေထာင္ထားခဲ့ၿပီး သူတို႔ရဲ႕စကားဝိုင္းကို နားေထာင္ေနခဲ့တာ။တစ္စုံတစ္ေယာက္က ပိုင္မုရဲ႕စိတ္ကူးကို အမွတ္ရေနတာကို ၾကားတဲ့အခါ သူကနိုးနိုးၾကားၾကားရွိလာတယ္။ဆိုင္ရယ္ရဲ႕အစ္ကိုအႀကီးဆုံးက ပိုင္မုကို မဆက္သြယ္ရဘူးလို႔ သူ႕ႏွလုံးသားထဲက တိတ္ဆိတ္စြာနဲ႕ ေတြးေနခဲ့တယ္။ဘယ္သူမွ သူ႕ဆီကေန ပိုင္မုကို မလုယူရဘူး။
"အစ္ကိုႀကီးပိုင္မုက ငါ့ရဲ႕အနာဂတ္tower(မရီး)ပဲ ဘယ္သူ႕ကိုမွ လုယူခြင့္မျပဳဘူး"အန္းခ်ီေလာ့က ခ်က္ခ်င္းေပါက္ကြဲသြားတယ္။သူက သူ႕အစ္ကိုႀကီးလိုပဲ ရင္ဆိုင္ေပးရမယ္။
"ဒါေပမယ့္ အစ္ကိုႀကီးပိုင္မုက အခုထိ မင္းရဲ႕towerမျဖစ္လာေသးဘူးေလ ဒါေၾကာင့္ ငါ့အစ္ကိုႀကီးမွာ အခြင့္အေရးရွိေနတုန္းပဲ"ဆိုင္ရယ္က မွင္ေသေသနဲ႕ ျပန္လည္ေခ်ပတယ္။
"မင္းရဲ႕အစ္ကိုႀကီးမွာ အခြင့္အရးရွိမွာမဟုတ္ဘူး"အန္းခ်ီေလာ့က ယုံၾကည္ခ်က္ရွိရွိေျပာခဲ့ၿပီး သူက သူ႕အစ္ကိုႀကီးေပၚမွာလည္း ယုံၾကည္ခ်က္ရွိပါတယ္။
"ဟုတ္တယ္ ဒုတိယအစ္ကိုမွန္တယ္ အစ္ကို႔ရဲ႕အစ္ကိုႀကီးမွာ အခြင့္အေရးရွိမွာမဟုတ္ဘူး"သူ႕ရဲ႕အနာဂတ္ သက္သာေခ်ာင္ခ်ိေရးအတြက္ ျခေသၤ့ေလးက သူ႕အစ္ကိုေနာက္က လိုက္ေျပာတယ္။တစ္စုံတစ္ေယာက္က သူ႕အနာဂတ္towerကို ထိတာျမင္ၿပီး သူက ခ်က္ခ်င္း နိုးနိုးၾကားၾကားရွိလာခဲ့တယ္။
ပိုင္မုက ကေလးႏွစ္ေယာက္ ရန္ျဖစ္ေနၾကတာကို ၾကည့္ရတာ အရမ္းစိတ္ဝင္တစားရွိေပမယ့္ သူတို႔သာဆက္စကားမ်ားရင္ေတာ့ သူတို႔ ဒီေန႕ ဘာမွလုပ္ျဖစ္မွာမဟုတ္ေတာ့ဘူး။ ဒါေၾကာင့္ သူက တားဆီးလိုက္တယ္။ “မင္းက အရာ၀တၳဳေတြကို သင္ယူဖို႔ လာခ်င္တယ္၊ အစ္ကို အရမ္းႀကိဳဆိုပါတယ္။ မင္းက ေယာက္်ားတစ္ေယာက္ကို အစ္ကို႔ကို မိတ္ဆက္ေပးခ်င္ရင္ေတာ့ အဲ့ဒါကို ေရွာင္လိုက္ပါေနာ္”
"ေကာင္းပါၿပီ ဒါေပမယ့္ အစ္ကိုႀကီးပိုင္မု ၊ အစ္ကိုတကယ္ ကြၽန္ေတာ့္အစ္ကိုႀကီးကို မေတြးေပးေတာ့ဘူးလား၊ ကြၽန္ေတာ့္အစ္ကိုႀကီးက တကယ္အရမ္းေတာ္တာကို" ဆိုင္ရယ္က ပိုင္မုကို ဆႏၵမရွိစြာၾကည့္လိုက္ၿပီး သူ႕အစ္ကိုႀကီးကို ဆက္ေရာင္းတယ္။
"မင္းရဲ႕ၾကင္နာမႈအတြက္ ေက်းဇူးတင္ပါတယ္" ပိုင္မုက ညင္သာစြာ ျငင္းလိုက္တယ္။
ပိုင္မုရဲ႕ျငင္းပယ္မႈကို ျမင္ၿပီး ခဲယ္လ္တစ္တို႔ ညီအစ္ကိုသုံးေယာက္က ေနာက္ဆုံးမွာ သက္ျပင္းခ်နိဳင္ခဲ့ေပမယ့္ တစ္ညီတစ္ၫြတ္တည္းဆုံးျဖတ္ၿပီးေနာက္ဘသူတို႔ရဲ႕ သတိထားမႈကို မေလွ်ာ့ေပါ့ဖို႔လုပ္ခဲ့ၾကတယ္။
နီရွိဇ၀နဲ႕လူအနည္းငယ္က အဲ့ဒီေနရာမွာ ခဏေလာက္ ထိုင္ခဲ့ၾကၿပီး ပိုင္မုနဲ႕တျခားသူေတြ အျပင္ထြက္မွာကို သိၿပီးေနာက္ ၾကာၾကာမေနခဲ့ၾကဘူး။ ျပန္သြားၿပီး ပစၥည္းေတြ ျပင္ဆင္ဖို႔ ပိုင္မုနဲ႕ သူတို႔ခ်ိန္းထားခဲ့ၾကတယ္။ ထို႔ေနာက္ ပိုင္မုနဲ႕ ခဲယ္လ္တစ္တို႔လည္း အျပင္ထြက္ခဲ့ၾကတယ္။ သူတို႔က အသားအတြက္ အိုးတခ်ိဳ႕ေျပာင္းဖို႔ ဦးေလးဘာ႐ြန္အိမ္ကို ပထမဆုံးသြားခဲ့ၾကၿပီး ထို႔ေနာက္ အ႐ြယ္အစားအမ်ိဳးမ်ိဳးရွိတဲ့ အိုးတခ်ိဳ႕နဲ႕ အိုးေတြျပဳလုပ္ဖို႔ ဦးေလးဘာ႐ြန္ကို ကူညီေပးရန္ ေတာင္းဆိုခဲ့တယ္။ပိုင္မုကလည္း ဦးေလးဘာ႐ြန္ကို အိုးတခ်ိဳ႕လုပ္ေပးဖို႔ ေတာင္းဆိုတယ္။ ဦးေလးဘာ႐ြန္နဲ႕ အဆင္ေျပေျပ ေျပာဆိုခဲ့ၿပီး အနာဂတ္မွာ သူ႕အတြက္ အသားေၾကာ္တခ်ိဳ႕လုပ္ေပးပါလို႔ ဦးေလးဘာ႐ြန္ကေျပာခဲ့တယ္။ ခဲယ္လ္တစ္က ပိုင္မုနဲ႕အတူ ဗာ႐ူေတာင္ကို ဦးတည္သြားလိုက္ၾကတယ္။