မြင်းရထားများ ပိတ်ဆို့ပြီး လမ်းသွားလမ်းလာများနှင့် အိမ်အစေခံ လူအုပ်ကြီးသည် ၎င်းတို့၏ ရထားများမှ မြင်ကွင်းကို ကြည့်နေကြသည်။ ရုန်းရင်းဆန်ခတ် ကြီးထွားလာသည်နှင့်အမျှ မြို့တံခါးရှေ့မှ အော်သံအချို့ကို ကြားရသည်။
"ဘယ်သူက ဒီမြင်းလှည်းကို မောင်းနှင်လာတာလဲ ။ လမ်းဖယ်ပေးစမ်း "
မြင်းရထားများ နီးကပ်လာသည်ကို လူတိုင်း လှည့်ကြည့်လိုက်ကြသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မာနကြီးသော မြင့်မြတ်တဲ့လူငယ်တချို့သည် သူတို့ရဲ့မြင်းတွေပေါ်မှာ ထိုင်နေကြတယ်။ ဘေးချင်းကပ်လျက် လမ်းလျှောက်နေသော အစေခံများသည် ရှေ့ကလူများကို လမ်းဖယ်ပေးရန် အော်ဟစ်ကြသည်။
မြင်းရထားက အရမ်းမြန်လာတာကြောင့် လူအုပ်ကြီးက အမြန်လမ်းကို လျှောက်လာကြတယ်။ လှပသောမြင်းရထားအချို့သည် မှူးမတ်အနည်းငယ်၏အစောင့်အရှောက်အောက်တွင် အခင်းဖြစ်ပွားရာသို့ရောက်ရှိလာသည်။
"ဒီမှာ ဘာဖြစ်တာလဲ?"
ချောမောသော်လည်း အေးစက်သော လူငယ်လေးတစ်ဦးသည် ရှေ့မှမေးသည်။ ထိုလူသည် မြင်ကွင်းကိုမြင်လိုက်ရသောအခါ အနည်းငယ်စိတ်မကောင်းဖြစ်မိသည်။
"မြင်းရထားက တစ်စုံတစ်ယောက်ကို တိုက်မိပြီး တစ်ယောက်ယောက်ကို ထိခိုက်မီသွားစေသည် ။
မြေပြင်ပေါ်တွင် လဲလျောင်းနေသော သက်ကြီးရွယ်အိုသည် ပို၍ပင် ကျယ်လောင်စွာအော်ဟစ်သည် ။ သူက မြေပြင်ပေါ် လူးလိမ့်နေပြီး ခြေထောက်ကို ဖက်ထားရင်း မတ်တပ်မရပ်နိုင်လောက်အောင် နာကျင်နေပုံပေါ်တယ်။
အားလုံးရဲ့ အာရုံက မြေပြင်ပေါ်ကို ရောက်သွားပြီးနောက် တစ်ဖက်က မြင်းလှည်းကို လှမ်းကြည့်လိုက်တယ်။
"တတိယညီမလေး ၊ အဲဒါ မင်းရဲ့ရထားလား။"
အံ့သြစရာကောင်းတဲ့ အသံတစ်ခုက လူတိုင်းရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ချောမောလှပသော မှူးမတ်၏ နောက်ကွယ်တွင် ရထားပေါ်မှ နူးညံ့လှပသော မျက်နှာတစ်ခု ပေါ်လာသည်။
သူမဝတ်ဆင်ထားသော ရောင်စုံအဝတ်အစားတွေက သူမရဲ့မျက်နှာကို လှပစေတယ်။ သူမသည် ပုလဲဖြင့်ပြုလုပ်ထားသော ပုလဲပွင့်နှစ်ပွင့်ပုံသဏ္ဍာန်ဖြင့် တွဲဖက်ပစ္စည်းများကို ၀တ်ဆင်ထားသည်။ ဘေးဘက်တွင် ရွှေချည်မျှင်များ ရေးထိုးထားသည့် လိပ်ပြာများကဲ့သို့ ပျံသန်းနေသော ကျောက်စိမ်းများကို နားရွက်များမှ ချိတ်ဆွဲထားသဖြင့် သူမသည် ပြေပြစ်ပြီး သိက္ခာရှိသောပုံပေါက်သည်။ သူမသည် သပ်ရပ်စွာ ဝတ်စားဆင်ယင်နိုင်ရန် အတော်ကို အားစိုက်ထုတ်ထားပုံရသည်။
သူမသည် ပြေပြစ်သော အလှတစ်ခုရှိသည် ။ အသံကိုကြားလိုက်သောအခါ မိုရွှီတုန်း သိသိသာသာ အေးခဲသွားသည်။
သူမ၏ ကြည်လင်သော မျက်လုံးများမှ အေးစက်သောအရိပ်အယောင်များ ထွက်ပေါ်လာသည်။
မိုရွှမ်မင်
သူမ အလွန်မုန်းတီးခဲ့သော နာမည်တစ်ခုကို ဘယ်လိုမေ့နိုင့်ပါ့မလဲ ။ သူမ ငရဲပြည်ကို ပြန်ရောက်ပြီး လူဝင်စားတာကို ကြုံခဲ့ရင်တောင်မှ သူမမေ့မှာ မဟုတ်ပါဘူး.......
မို့ရွှမ်မင်က သူမကို ဒီမှာစောင့်နေခဲ့တာ အမှန်ပင်။ ဒါပေမယ့် သူမက အချိန်တန်မှ ထွက်လာခဲ့သည် ။...
"အကြီးဆုံး အစ်မလား ????? သတင်းရလို့ ညီမကို လာခေါ်တာလား။ ဒီမှာ လူတွေအများကြီးရှိလို့ ညီမလေးကို အရင်ဆုံး ကျေးဇူးတင်ရမယ့် အချိန်မဟုတ်သေးဘူး "
ရထားပေါ်မှ ချိုမြိန်သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည် ။ လှုပ်လှုပ်ရှားရှားအသံတစ်ခုကြောင့် ပတ်ဝန်းကျင်ရှိလူအားလုံးကို ငြိမ်သက်သွားစေသည်။ ဤကဲ့သို့ ချစ်စရာကောင်းသော အသံရှိသူသည် မည်မျှ မြင့်မြတ်သော အမျိုးသမီး ဖြစ်နိုင်သနည်း။
ဇိမ်ခံ ရထားပေါ်မှ ချောမောသော လူငယ်သည် စာအုပ်ကို သူ့လက်ထဲမှ ချထားလိုက်သည်။ သူ့မျက်လုံးထဲတွင် အလင်းတန်းတစ်ခု လင်းလက်လာသည်။ သူသည် ပထမဆုံးအကြိမ်ဖြင့် တစ်ဖက်မှစကားသံအား သေသေချာချာ နားထောင်လိုက်သည်။
"ဘယ်သူလဲ?"
မို့ရွှမ်မင်၏ အကြံအစည်ကို မသိသော မင်မြို့စားအိမ်တော်မှ သခင်လေးဖြစ်သည့် ယုရန်ချန်က မို့ရွှီတုန်းအား မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။
"ဒါက ကျွန်မရဲ့ တတိယညီမလေးပါ ။ သူက တိမ်တိုက်မြို့ ကနေ မြို့တော်ကို လာခဲ့တာ ။ ဒါပေမယ့် ဒီလိုပြဿနာတွေ ယူဆောင်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ညီမလေးက ကလေးဘဝကတည်းက သက်တောင့်သက်သာနေခဲ့ရတဲ့ သမီးလေးဆိုတော့ ဒီလိုကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မသိဘူးဖြစ်သွားတာပါ"
မို့ရွှမ်မင် သည် ရထားပေါ်မှဆင်းကာ ယုရန်ချန်ကို ညင်သာစွာ ရှင်းပြသည်။ သူမသည် ပန်းရောင်ပုံစံ ၀တ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ အသားအရေသည် နှင်းများကဲ့သို့ ဖြူဖျော့နေပါသည်။ ထို့နောက် သူမသည် မိုဂျင်ထံမှ အပြင်ဝတ်ရုံကိုလက်ခံပြီး သပ်ရပ်စွာ ၀တ်ဆင်လိုက်သည်။
သူသည် မို့ရွှီတုန်းကို ကူညီဖို့အတွက် ရှင်းပြနေပုံပေါ်သော်လည်း တစ်ဖင်တွင် မို့ရွှီတုန်းသည် ထိုအဖြစ်အပျက်အား အမှန်တကယ်လုပ်ဆောင်ခဲ့သည်ဟု ပြောနေပုံရသည် ။ သူမက မို့ရွှီတုန်းသည် တစ်ကိုယ်ကောင်းဆန်ပြီး ကြီးစိုးချယ်လှယ်တတ်သည်သူဟု ဆိုလိုနေခြင်းဖြစ်သည်။
သူမသည် မာနကြီးလွန်းသဖြင့် သူမ၏မြင်းရထားကို အမြန်ပြေးစေပြီး မြို့တော်သို့ ဝင်ရောက်သောအခါတွင်လည်း စောင့်ဆိုင်းရမှာ စိတ်မရှည်သဖြင့် လူအများကြားထဲ ပြေးဝင်သွားသည်ဟု အဓိပ္ပါယ်ရလေသည် ။
ယုရန်ချန်၏ အကြည့်တွေက မှောင်မိုက်သွားတော့သည် ။ သူသည် လုယက်ခံရခြင်းထက် မောက်မာသောအပြုအမူကို ပိုမုန်းတီးသည် ။
သူသည် ကိုယ်ခံပညာကို သင်ယူခဲ့ပြီး တပ်ထဲတွင် ရာထူးတစ်ခုရခဲ့သည်။ သူသည် သဘာဝအတိုင်း စစ်သားတစ်ယောက်လို ပြုမူသောသူဖြစ်သည် ။
မို့ရွှီတုန်း၏ နူးနူးညံ့ညံ့စကားသံကို သူကြိုက်ပေမယ့် မို့ရွမ်မင်၏စကားကြောင့် ခံစားချက်က ပြောင်းလဲသွားတော့သည် ။
"အကြီးဆုံး သခင်မလေး ၊ တိမ်တိုက်မြို့ကလာတဲ့ မင့်ရဲ့တတိယညီမလေးက မင်းစကားကို မနာခံတတ်ဘဲ အသက်ကြီးသူတွေကို မောက်မာပြီး ရိုင်းရိုင်းစိုင်းစိုင်းပြောတဲ့သူမဟုတ်ဘူးလား။ ဂီတ၊ စစ်တုရင်၊ အနုပညာနဲ့ စာပေတွေမှာ ကျရှုံးခဲ့တဲ့ တတိယမြောက် သခင်မလေးမို ဟုတ်တယ်မလား"
နောက်ထပ် မြင့်မြတ်သောသခင်မလေးတစ်ယောက်သည် စပ်စုစွာမေးလေသည် ။
"ကောလဟာလတွေမှာ အမှားတွေရှိပါတယ်။ ကျွန်မရဲ့ တတိယညီမက ဂီတနဲ့ စစ်တုရင်မှာ ကောင်းကောင်းမလုပ်နိုင်ပေမဲ့ တော်ရုံတန်ရုံ......... အိုး.... ဘာပဲဖြစ်ဖြစ် ဒါတွေက ကောလောဟာလတွေပါ"
မို့ရွှမ်မင်းသည် မို့ရွှီတုန်းဘက်မှ ခုခံကာကွယ်သလိုနဲ့ တမင်တကာ စကားထစ်ပြီး ပြောဆိုခဲ့သည် ။ သူမသည် သူ့ညီမကို အကာအကွယ်ပေးသည့် အစ်မကောင်းတစ်ယောက်ဟု ထင်ရသော်လည်း မို့ရွှီတုန်းသည် ကောလဟာလများထက် ပိုဆိုးသလားဟု အခြားသူများ ထင်သွားစေခဲ့သည်။
ထို့နောက် မိုရွှမ်မင် သည် လှည့်ကြည့်ကာ သူမ၏နောက်တွင်ရှိသော မိုဂျင်အား ညင်သာစွာပြောခဲ့သည်
"မိုဂျင် ဒီအဘိုးအိုကို ငွေနည်းနည်းလောက်ပေးပြီး သမားတော်ကို အရင်တွေ့ခိုင်းလိုက်ပါ ။ တကယ်လို တစ်ခြားလိုအပ်တာရှိရငိ ငါတို့ကိုရှာဖို့ မိုအိမ်တော်ကို လာနိုင်ပါတယ်။ သူ့ခြေထောက်တကယ်ကျိုးရင် နောင်အနာဂတ်မှာ အသက်မွေးဖို့ ခက်လိမ့်မယ်။”
သူမသည် ထိုသက်ကြီးရွယ်အို အမျိုးသားအား သနားသကဲ့သို့ အလွန်နူးညံ့သိမ်မွေ့သော အသံဖြင့် ဆိုသဖြင့် အခြားသူများကို သဘောကျနှစ်ခြိုက်စေသည်။
မိုဂျင် က ငွေအချို့ကို ထုတ်ယူပြီး ပေးလိုက်သည်။ အဲဒီ့လမ်းနဲ့ မနီးမဝေးမှာ ဆေးခန်းတစ်ခုရှိတယ်ဆိုကာ အဘိုးအိုကို ပြောပြပြီး သမားတော်ဆီ အမြန်သွားကြည့်ဖို့ ပြောခဲ့တယ်၊ သူ့မျက်နှာကို ထုတ်ဖော်မပြဘဲ လျစ်လျူရှုလိုက်ကာ တခြားလူများကလည်း သူ့ကိစ္စမဟုတ်ဟု သူမ ထင်ထားသလို ခံစားလိုက်ရသည်။
အခြားတစ်ယောက်က အဘိုးအိုကို ညင်သာစွာ ကျေအေးပေးကာ သမားတော်နှင့်တွေ့ရန် ပိုက်ဆံပင်ပေးခဲ့သည်။ တစ်ခုခုဖြစ်ခဲ့ရင် မိုအိမ်တော်ကိုသွားပြီး ပိုက်ဆံတောင်းလို့ရတယ်၊ ဘယ်သူကဆက်ပြီး ပြဿနာရှာတော့မလဲ ။ ဘယ်အရာက သူ့အတွက် ပိုကောင်းတယ်ဆိုတာ သိသာပါတယ်။
အားလုံးက မို့ရွှိတုန်းရဲ့ ရထားကို အထင်အမြင်သေးစွာ ကြည့်နေကြတယ်။
အဘိုးကြီးက ပိုက်ဆံရတဲ့အခါ ချက်ချင်း ဝမ်းသာအားရ ပြုံးလိုက်တယ်။ သူက ချက်ချင်းထထိုင်ပြီး မို့ရွှမ်မင် ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမကို ကျေးဇူးစကား ဆိုလေသည် ။ သူမသည် ကြင်နာတတ်သော နှလုံးသားရှိသော နတ်သမီးတစ်ပါးဖြစ်ကြောင်းပင် ပြောခဲ့ပြီး နတ်သမီးသည် ထိုကဲ့သို့ ဆိုးသွမ်းသော မိန်းကလေးကို မည်သို့မည်ပုံ သင်ပေးသင့်ကြောင်းကိုပါ ပြောကြားခဲ့သည် ။
"အဲဒါက ဘုရားသခင်အတွက် မတရားဘူး။"
ဘေးနားက လူငယ်လေးတစ်ယောက်က ပြေးလာပြီး အဘိုးအိုကို မြေကြီးပေါ်ကနေ ကူညီပေးလိုက်တယ်။ သူတို့ထွက်သွားရင် သက်သေရှိတော့မှာမဟုတ်ဘူး။
မို့ရွှမ်မင်သည် အမှန်တကယ်ပင် ရက်စက်ခဲ့သည်။ ယခင်ဘဝတွင် မိုရွှမ်မင်က သူမအား စိတ်ရင်းမှန်ဖြင့် ကူညီခဲ့သည်ဟု တွေးထားခဲ့မိသည်မှာ သနားစရာပင်။ ညီမလေးအတွက် တတ်နိုင်သမျှ အကုန်လုပ်ပေးခဲ့တယ်ဟုထင်ခဲ့မိသည် ။
သူမသေဆုံးချိန်မှသာ မို့ရွှမ်မင်သည် သူမဘဝ၏အဖြစ်ဆိုးကို ဖြစ်ပေါ်စေခဲ့သူဖြစ်ကြောင်းသာ သူမနားလည်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ မို့ရွှီတုန်းက သူ့ကိုယ်သူ ရယ်လိုက်သည်။ ထို့နောက် သူမသည် တိုးတိုးလေးမေးသည်
"လူကြီးမင်း ကျေးဇူးပြုပြီး ခေတ္တစောင့်ပါဦး ။ အမှန်တရားကို ထုတ်ဖော်ဖို့ စောင့်မနေသင့်ဘူးလား၊ အစ်မက သူ့ကိုဒီလိုဖြစ်စေတဲ့သူက ညီမဖြစ်မယ်လို့ ဘာကြောင့် သေချာနေရတာလဲ"
သူမ၏ ပထမဆုံးမေးခွန်းမှာ အဘိုးအိုအတွက်ဖြစ်ပြီး သူမ၏ ဒုတိယမေးခွန်းမှာ မို့ရွှမ်မင် အတွက်ဖြစ်သည်။
"တတိယညီမလေး တစ်ယောက်ယောက်ကို အမှားကျူးလွန်မိရင် မင်းအမှားကိုဝန်ခံရမယ် ။ညီမလေး မကြောက်ပါနဲ့။ မင်းအိမ်ပြန်ရောက်တဲ့အခါ အဖေက ညီမကို ကူညီဖြေရှင်းပေးလိမ့်မယ်။ ကောင်းပြီ၊ မကြောက်နဲ့နော် ။"
နူးညံ့သောအသံသည် မို့ရွှီတုန်းကို နှစ်သိမ့်နေပုံပေါ်သည် ။ သို့သော် စကားလုံးများသည် အထူးရက်စက်ပုံပေါက်သည်။မို့ရွှိတုန်း က သူ့ကိုယ်သူ အေးစက်စွာ ရယ်မောလိုက်သည်။ သို့သော်လည်း သူမ၏အသံသည် နူးညံ့သိမ်မွေ့ပြီး အနည်းငယ် စိတ်ရှုပ်သွားသည် ။
"အစ်မ၊ ငါ့ရထားက တစ်စုံတစ်ယောက်ကို ဘယ်အချိန်မှာ သွားတိုက်ခဲ့တာလဲ။ အိမ်က ညီမအတွက် ရထားသုံးစီးပဲ ပေးလိုက်တာမဟုတ်ဘူးလား ။ အဒေါ်တွေက ညီမကို လာခေါ်ဖို့ ရထားတွေ အများကြီး ပို့ပေးမယ်ထင်လား။"
မိုဟွာဝမ်သည် အဆင့်မြင့်အရာရှိတစ်ဦးမဟုတ်ပေ။ မင်းစည်းစိမ်တွေနဲ့ ပြည့်နှက်နေတဲ့ မြို့တော်မှာ သူဟာ အရမ်းကြီးအရေးမပါပါဘူး။ မြင့်မြတ်သောသမီးတော်များသည် ခရီးသွားသည့်အခါ ရထားသုံးစီးစီးလေ့ရှိသည်။
မို့ရွှီတုန်းသည် မြို့တော်ရှိ ပဉ္စမတန်းအရာရှိတစ်ဦး၏သမီးဖြစ်သည်။ ခရီးရှည်ကြီးဖြစ်ရင်တောင် ရထားသုံးစီးထက် ပိုမစီးနိုင်ပါဘူး။ သို့ဖြစ်ရာ ကိုယ်လုပ်တော်သည် သူမအား အဘယ်ကြောင့် ရထားများစွာ ပေးပို့နိုင်မည်နည်း
မိုရွှမ်မင်၏ မျက်နှာသည် သူမ၏ ဦးထုပ်အောက်တွင် မည်းမှောင်လာသည်။ သူ့အမေဆုံးပါးသွားပြီးနောက် အားနည်းပြီး သူရဲဘောကြောင်တဲ့ မိုရွှီတုန်းဟာ လူအများရှေ့မှာ သူ့ကိုယ်သူ ငြင်းခုံဝံ့ကြွားလာလိမ့်မယ်လို့ သူမမထင်ထားခဲ့ပါဘူး။ ပြီးတော့ သူမသုံးတဲ့ စကားလုံးတိုင်းက သူမကို ဆန့်ကျင်ခဲ့တယ်။
ထိုအရာက သူမကို စကားမပြောနိုင်အောင် ခံစားရစေသည်။ သို့သော်လည်း သူမသည် သူမ၏ခံစားချက်များကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့သည်
"တတိယညီမ၊ ဒါ အသေးအမွှားကိစ္စတစ်ခုပါပဲ။ ဖေဖေ မင်းကို အပြစ်မတင်ပါဘူး။ အိမ်ကို အမြန်သွားရအောင်နော် ၊ ညီမလေး အိမ်ပြန်လာတာ လူတိုင်း အကြာကြီးစောင့်နေတာ။ ဒီကိစ္စကို ငါ ကူညီဖြေရှင်းပေးလို့ ရမလား"
မိုရွမ်မင်က ညင်သာစွာပြောသည်။ သူမ စကားများက သူ့ညီမအတွက် စိုးရိမ်နေသော အစ်မတစ်ဦး၏ ပုံကို ပုံဖော်ထားသည်။ စောစောက မိုရွှီတုန်း ပြောတာကို သူမ လုံးဝ လျစ်လျူရှုခဲ့တယ်။
လူတိုင်းက မို့ရွှီတုန်းကို ပိုလို့တောင် အထင်အမြင်သေးသွားကြတယ်။ အစ်မဖြစ်သူက အဲဒီလို အပေးအယူလုပ်ဖို့အတွက် ခါးကိုင်းနေပေမယ့် ညီမဖြစ်သူက သူ့အမှားကို ဝန်ခံဖို့ ငြင်းဆိုနေသေးတာ ယုတ္တိမဲ့လွန်းလှသည်။
မိုရွမ်မင်က အရမ်းတော်တဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ။ မို့ရွှီတုန်း ၏ မျက်လုံးများသည် သိမ်ငယ်သော လှောင်ပြောင်မှုဖြင့် ပြည့်နှက်နေသည်။ သူမက ဘယ်လိုပျော့ညံ့ဟန်ဆောင်ရမလဲဆိုတာ ကောင်းကောင်းသိတာပဲ ။
သူမသည် မိုလန်၏လက်မှ အပြင်ဝတ်ရုံကိုလက်ခံပြီးနောက် လက်ကိုင်ကိုကိုင်ထားသော ရထားပေါ်မှ ဆင်းလိုက်သည်။ သူမသည် ရထားပေါ်မှ သွက်သွက်လက်လက် လျှောက်သွားသည်။ လေတိုက်မှုကြောင့် သူမ၏ အဖြူရောင်ဝတ်စုံ လွင့်ပါးသွားကာ သူမကို ပို၍ပင်ပိန်ပြီး အားနည်းနေပုံရသည်။ သူမသည် နူးညံ့သိမ်မွေ့သည်ဟု လူတိုင်းအားခံစားရစေသည်။
"အမရဲ့စိုးရိမ်မှုအတွက် ညီမလေး တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ် ။ ဒါပေမယ့် ဒီလှည်းက ညီမပိုင်တာမဟုတ်ဘူး၊ အမက ဘာလို့ဒီလှည်းကို ညီမပိုင်တယ်လို့ အခိုင်အမာပြောနေတာလဲတော့ မသိဘူး။ အမက ဒီမြင်းလှည်းမောင်းသမားကို မှတ်မီလို့လား ၊ ဒါမှမဟုတ် ဒီမြင်းလှည်းက မိုအိမ်တော်ကပိုင်တဲ့ မြင်းလှည်းမို့လို့လား ၊ ဒါမှမဟုတ် ဒါကို ဟိုအရင်ကတည်းက သိခဲ့တာလား " ”
မိုရွှီတုန်းက မေးခွန်းကို အဓိပ္ပါယ်ရှိစွာ မေးလိုက်သည်။ သူမ၏ ချိုသာ နူးညံ့သော အသံသည် အခြားသူများကို နှစ်သက်ဖွယ် အထင်ကြီးစေခဲ့သည်။ အထူးသဖြင့် နောက်ဆုံးမေးခွန်းက တစ်ခြားသူများကို တွေးတောစေမိသည် ။
ဘေးမှာရပ်နေတဲ့ ယုရန်ချန်းက သူ့ဘေးနားက ကောင်မလေးကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်တယ်။ ကောင်မလေးက သေးသေးလေးနဲ့ သပ်သပ်ရပ်ရပ်နဲ့ မတ်တပ်ရပ်နေပေမယ့် သူ့မှာ ခေါင်းမာတဲ့ ရောင်ဝါရှိနေသည် ။
သူမသည် တစ်လက်မခန့် ညစ်ပတ်သောသူမဟုတ်သလို မာနကြီးပုံလည်းမပေါ်ပေ ။ သူသည် မိုရွမ်မင်ကို သံသယဖြင့် ကြည့်နေရုံမှတပါး မကူညီနိုင်ပေ။
"........"
မိုရွမ်မင် ၏ အပြုံးသည် သူမ၏ မျက်နှာပေါ်တွင် အေးခဲသွားပြီး သူမ စကားမပြောနိုင်ပေ ။ ပါးစပ်ကိုဖွင့်ထားသော်လည်း ဘာမှပြန်မပြောနိုင်တော့ ။ သူမ၏ မျက်လုံးများတွင် အမှောင်ရိပ်တစ်ခု အရိပ်အမြွက် ပေါ်လာသည်။ တုံးအပြီး အသုံးမဝင်တဲ့ သူမက ဘယ်တုန်းက ဒီလောက် ထက်မြက်တဲ့ စကားပြောနည်းကို သင်ယူခဲ့တာလဲ။
မြင်းရထားပေါ်မှာ ထိုင်နေတဲ့ မြင်းလှည်းမောင်းသူက သူကိုကြည့်နေရင်း ရုတ်တရက် အကြံတစ်ခုရသွားတယ်။ သူက မိုရွီတုန်း ကို အပြေးအလွှား လှမ်းအော်လိုက်သည် ။
"တတိယသခင်မလေး ၊ မမလေးရဲ့ ကျွန်က မမလေးနောက်က လိုက်လာခဲ့တယ်။ အခု တစ်ခုခု ဖြစ်နေပြီ ဆိုတာနဲ မမလေးက ကျွန်တော်ကို ဘယ်လိုလုပ် လျစ်လျူရှုရက်တာလဲ ၊ ကျွန်တော်မှာ ကျွေးဖို့ မိဘနဲ့ သားသမီးတွေ ရှိပါသေးတယ်။ မမလေး ကျွန်တော့်ကို ဒီလို စွန့်ပစ်လို့မရဘူး "
ထို့နောက် သူသည် ရထားပေါ်မှ အမြန်ဆင်းပြီး မို့ရွှီတုန်းဆီသို့ အလျင်အမြန်ရောက်လာခဲ့သည်။ သူ့ရှေ့မှာ ဒူးထောက်ပြီး ငိုယိုကာ ကမောက်ကမ ဖြစ်ကုန်တော့သည် ။
ယုရန်ချန်ရဲ့ မျက်ခုံးတွေ ကျဉ်းမြောင်းသွားခဲ့တယ်။ ချမ်းသာတဲ့ မိသားစုရဲ့ ကျွန်တစ်ယောက်က ဘယ်လိုလုပ် ဒီလိုမျိုး လုပ်ဖို့ ဘယ်လို သတ္တိရှိမှာလဲ။
သူသည် နေ့ခင်းဘက်တွင် မိန်းကလေးတစ်ယောက်ဆီသို့ အမြန်ပြေးသွားပြီး ကျင့်ဝတ်အားလုံးကို လျစ်လျူရှုခဲ့သည်။ ကျွန်တွေက သခင်မကို ထိခွင့်မရှိဘူးဆိုတာ သူမသိလေဘူးလား ။ ဓလေ့ထုံးတမ်းများကို နားမလည်သောလူသည် ချမ်းသာသောမိသားစုမှ ကျွန်တစ်ယောက် မည်သို့ဖြစ်လာနိုင်မည်နည်း ။ ရထားမောင်းသူရဲ့ လုပ်ရပ်က တကယ့်ကို မိုက်မဲမှုပါပဲ။
မိုရွမ်မင် က သူ့အမေ ဒီလို မိုက်မဲတဲ့အကောင်ကို ဘယ်မှာရှာတွေ့ခဲ့လဲလို့ တွေးမိပြီး သူမ အရမ်းစိတ်ဆိုးသွားတယ်။ သို့သော်လည်း ကိစ္စများသည် ဤအဆင့်သို့ရောက်နေပြီဖြစ်၍ သူမ ရှေ့ဆက်သွားရုံသာ တတ်နိုင်သည် ။
သူမသည် မိုရွှီတုန်း၏မေးခွန်းများကို တမင်တကာ လျစ်လျူရှုခဲ့ပြီး ခေါင်းစဉ်ကို ညင်သာစွာ ပြောင်းလဲလိုက်သည်။
"တတိယညီမ၊ ဒီလိုမျိုး ဘယ်သူမှ မဖြစ်စေချင်ပါဘူး။ မင်းအရင်ပြန်သွားတာ ပိုကောင်းပါတယ် ။ ဒါကို အမ ဖြေရှင်းလိုက်ပါ့မယ်။"
"မင်းတစ်ယောက်ယောက်ကို လုပ်ကြံပြီး ဝန်မခံဝံ့ဘူးလား ၊ မြင်းရထားမောင်းသူက မင်းမိသားစုက ပိုင်တယ်ဆိုရင် သူက မင်းမိသားစုပဲလေ။ ကြည့်စမ်း၊ ရထားက မင်းနောက်က လိုက်နေတဲ့ သူတွေနဲ့တူတယ်။ မင်းတာဝန်ယူမှုမရှိရင်တောင် သူတို့ကိုလက်လျှော့လို့ မရဘူးလေ"
အကူအညီပေးခံရတဲ့ အဘိုးအိုက ရီဝေဝေဆာနဲ့ သူ့မျက်လုံးတွေ ကြောင်တောင်တောင် လှည့်ပတ်နေတယ်။ သူ့အသံက အရမ်းမကျယ်ပေမယ့် လူတိုင်းက ထိုအသံကိုကြားဖို့ လုံလောက်ပါတယ်။
လူတိုင်း၏အကြည့်များသည် မို့ရွှီတုန်း၏နောက်ဘက်ရှိ ရထားများပေါ်သို့ ရောက်သွားကြသည်။ တစ်ကယ်တော့ အသေးစိတ်မကြည့်ရင်တောင် သူတို ရထားတွဲတွေ အတူတူပဲဆိုတာ သိသာပါတယ်။
"အစ်မ၊ မမက ဒီရထားကို ညီမယူလာတာဖြစ်ပြီး မိုအိမ်တော်ကလာတာလို့ အခိုင်အမာပြောနေတာဆိုတော့ ရထားထဲမှာ ဘာတွေပါနေလဲ ညီမတစ်ချက်လောက် ကြည့်လို့ရမလား။ ညီမက တိမ်တိုက်မြို့ကလာပြီး မြို့တော်ထဲဝင်တဲ့အခိုက်မှာပဲ လူတစ်ယောက်ကိုတိုက်မီတယ် ။ ဒီရထားက ညီမရထားလို့ပြောပေမဲ့ တကယ်တော့ ညီမမှာ ရထားဘယ်နှစ်စီးရှိလဲဆိုတာတောင် မသိခဲ့ဘူး ။ ဆိုတော့ နန်နီရှန်း ဒီတွန်းလှည်းကိုဖွင့်ပြီး ဒီရထားက တို့ဟာ တကယ်ဟုတ်မဟုတ်ဆိုတာ အမကို ကြည့်ခွင့်ပေးလိုက်ပါ။"
သူမပြောပြီးတဲ့အခါ အားလုံးကခေါင်းငြိမ့် လက်ခံကြသည် ။ ဒီလိုဆိုရင် ဒီရထားက မိုစံအိမ်နဲ့ ဆိုင်သလားဆိုတာ သူတို့လည်း သိနိုင်ပြီလေ ။စကားနဲ့ ငြင်းခုန်တာက အသုံးမဝင်နိုင်ပေ ။ မျက်မြင်ကိုယ်တွေ တွေ့ရမည့် အမှန်တရားသည်သာ မည်သည့်အငြင်းအခုံကိုမဆို အောင်နိုင်လိမ့်မည် ။
ရထားမောင်းသူသည် ထိုစကားကိုကြားသောအခါ စိုးရွံ့လာခဲ့သည်။ သူသည် ရထားပေါ်တွင် ကျပန်းလက်စွပ်များသာ ရှိသည်ဖြစ်၍ မည်သူမှ စစ်ဆေးခွင့်မပြုနိုင်ဟု ဆိုကာ ၎င်းတို့ကို ရပ်တန့်ရန် အလျင်အမြန် ရထားပေါ်သို့ခုန်တက်ခဲ့သည်။
"မင်းက သခင်မလေးနဲ့ တစ်လမ်းလုံးလိုက်လာတယ်ဆိုရင် မင့်သခင်မလေးရဲ့ အမိန့်ကို နာခံရမှာပဲ ၊ သခင်မလေးက ရထားကို အားလုံးရှေ့မှာ စစ်ဆေးဖို့ပြောထားပြီးသာ ၊ ဒါကို မင့်ကခွင့်မပြုတော့ တစ်ခုခုမှားနေလို့လား"
ပတ်ဝန်ကျင်တစ်ခွင်တွင် ဟိုတစ်စ ဒီတစ်စအသံများ ကျယ်လောက်လာခဲ့သည် ။
"ဒီမြင်းလှည်းသာ သခင်မလေးပိုင်တာဆိုရင် ဒီမြင်းလှည်းအတွင်းမှာ သခင်မလေးရဲ့ ပစ္စည်းတွေ ထည့်ထားမှာပဲမလား ၊ ငါတို့က တိမ်တိုက်မြို့ကနေလာခဲ့တဲ့အချိန် မင်းက မမလေး ရထား နောက်ကနေ တိတ်တိတ်လေး လိုက်လာခဲ့ပြီး မြို့တော်မှာ ဒုက္ခရောက်တာတွေ့တာနဲ့ မမလေးကို အပြစ်ပုံချခဲ့တယ်"
နန်နီရှန်းသည် ဒေါသတကြီးပြောဆိုကာ ရထားသမားကို စကားပြောခွင့်မပေးချေ ။ သူမလက်ကိုဝှေ့ယမ်းပြီး သူ့ရထားပေါ်မှ အစေခံနှစ်ယောက်ကို မေးလိုက်ကာ နန်နီလိ ပြောသမျှကို လျစ်လျူရှုခဲ့သည်။ ထို့နောက် ရထားပေါ်သို့တက်ကာ ကန့်လန်ကာများကို ဆွဲဖွင့်လိုက်သည်။
............................................................................
Translated by Chai
18.5.22