ချစ်ခြင်းတို့အလွန်
By maiyuri18
1.1M 55.1K 2.1K
ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း (၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final
အပိုင်း (၁၁)
11.2K 615 0
By maiyuri18
တီ - တီ
Hello
"အင်း ပြော "
(ရဲ့ရင် ငါတို့ဒီည စုံရအောင် တွေ့နေကြ ကိုရန် Bar ကို လာခဲ့ ...)
"Okay ဗျာ..နောက်မကျစေရဘူး"
(သက်ကိုကို့ ပြောပြီပြီည လူစုံဖို့ ..မင်းလာဖို့လိုအပ်လို့ )
"အင်း လာခဲ့မယ်"
(အေးဒါဆိုပြီးရော ဘားရောက်မှ ပြောပြစရာရှိတယ်)
"အင်း ..ဒါပဲ"
ဟိုကလေး exam ပြီးလို့ နယ်ပြန်သွားပြီ ...သူကိုသတိရပေးတဲ့ ။ ဟား...ကိုကို မင်းလေးကို သတိရလို့ ဒီည ကလပ်မှာ ကဲမယ်ဗျာ..။ အင်း ..နည်းနည်းတော့ လွမ်းသလိုရှိသား...ကိုကို ..ကိုကို...ကျွန်တော်ကလေ..ဆိုပြီး အသံခပ်ဝဲဝဲလေးနဲ့ပြောတက်တဲ့ကလေးကို။ အဲ့ကလေးမရှိတုန်း ကဲမယ်တွေးထားတယ် အလုပ်ကတစ်ဖက်ဖို့ အဲ့ဘက်ကို အချိန်မပေးနိုင်။ အပါးကတော့ ကျွန်တော် အလုပ်ကြိုးစားနေတော့ သဘောကျပြီး ရှယ်ရာရှင်တွေကြား ဂုဏ်မဆုံး။ သားအလုပ်ကိုတန်ဖိုးထားသလို မိသားစုကိုလည်း မြတ်နိုးတက်တယ်အပါး။
ညမီးပြပြ လူစည်းကားလှတဲ့ မြို့ထဲနေရာတစ်ခုက YOUR BAR အမည်ရ ဆိုင်းဘုတ်လေးအတွင်းမှာ လူကုန်တန် သား၊သမီးတွေ ည ဘက်အပမ်းဖြေရာ နေရာတစ်ခု ဆိုလည်းမမှား။ ထွက်ပေါ်လာသော စည်းချက်ညီညီ DJ music ကြား ကခုန် နေသောလူအများက ညအလှကို ကောင်းစွာခံစားနေကြသည်။ Bar ထဲဝင်လာလာချင်း ကခုန်နေသောသူတွေရဲ့အကြည့်၊ ဘားကောင်တာရှေ့က မိတ်ဆွေဖွဲ့ဆွဲဆောင်နေသော အကြည့်တွေ အားလုံးကိုလျစ်လျူပြီး ထက်ပိုင်တို့ကိုရှာဖွေမိတယ်။ လာနေကြ အသိမိတ်ဆွေ ကိုရန် Bar မို့ အစောင့်ကအစ waiter အဆုံး ၊ကျွန်တော်တို့အဖွဲ့ သောက်တာ ဘယ်လိုမျိုးအရသာဆိုတာ Bartender က လူတွေအကုန်သိကြတယ်။ ကျွန်တော်တို့အဖွဲ့ကို လာစကားပြောချင်တဲ့သူတွေ၊ ပြုစုပေးချင်တဲ့ ပျိုမဒီတွေ ၊ ကောင်ငယ်ငယ်လေးတွေကအစ အခွင့်ထူးခံ လူတန်းစားတွေနဲ့မွေးဖွားတဲ့ကိုယ်တွေ။ ကျွန်တော်တို့ လာရင် လူစည်လို့ ခဏ ခဏလာပေးဖို့ တောင်းဆို ခံရသည်အထိ ကျွန်တော်တို့၃ ယောက်က ဂုဏ်ဆာလို့ရတဲ့အဆင့်။
"ဟေ့ ရဲရင့်် ငါတို့ဒီမှာ.."
မီးရောင်မှိန်ပြပြ အတွင်းဘက် ထောင်းဝိုင်းလေးမှာ လက်ကိုမြောက်ပြလို့ ထက်ပိုင်ခေါ်တဲ့နေရာ သွားမိတယ်။ Bar ပိုင်ရှင်ကိုရန်က ကျွန်တော်တို့အဖွဲ့ နဲ့ အသိတွေ ဒီမှာပဲလာပြီးကဲကြတယ် ၊ ရန်ဖြစ်တယ် ၊ကကြတယ် ။ပြသနာတစ်ခုခု ဖြစ်ရင် ကိုရန်က တာဝန်ယူဖြေရှင်းပေးရတယ်။ အဲ့အထိ ညီအစ်ကိုတွေလို ကဲဖော်ကဲဖက်တွေလို အတူသောက်လာကြတာ။ ကိုရန်က ထလာပြီး နူတ်ဆက်တယ်...
"ဟေ့ ရဲရင့်...မလာတာကြာပြီနော် ငါ့ညီ ကောင်ငယ်လေးနဲ့ ငြိမ်နေတယ်ဆို..ခေါ်လာခဲ့အုံး"
"မဟုတ်ရပါဘူး..ကိုရန်ရာ...ကလေးသာသာပါ နယ်ကမို့ ဂရုစိုက်ပေးတဲ့သဘောပါ.."
"ဘာလဲ ကိုယ်ဖိရင်ဖိ ဂရုစိုက်တဲ့နည်းပြောတာလား...ဟား..."
"မဟုတ်ရပါဘူးဗျာ...ကဲထားပါ ခုတလောအလုပ်များလို့မလာဖြစ်တာ အားလုံးok တဲ့ဟုတ်"
"ငါတို့အလုပ်ကတော့ ဒီလိုပါပဲ...ဒီအတိုင်းပါပဲ ဒီည မင်းတို့လာတော့ လူစည်ပြီလေ Lucky boys တို့ ၊ ရောက်တုန်းရောက်ခိုက် ငါဆီမှာ အလန်းလေးတွေရှိတယ် စိတ်ဝင်စားလား ...boys or girls ငါ free ပေးမယ်လေ"
" ဟား...တော်ပါတော့ဗျာ ..အေးဆေးလေးနေအုံးမယ်"
" သူ လိမ်မ္မာနေပြီ ကိုရန် ကျွန်တော်တို့ အရင်လို မဆိုးတော့ဘူး ဟား.."
" ဝမ်းသာတယ်ကွာ ငါဖြေရှင်းမပေးရတော့ဘူးပေါ့၊ တခုခု လိုအပ်ရင်တော့ contact လုပ်လိုက် ok ငါ့ညီတို့ "
"ကျေးဇူးပါ ကိုရန်လည်း တခုခုဆို ဆက်သွယ်လိုက်ပါ"
"အေး..အေ...အေးဆေးနားကြ ..ရောက်တုန်း"
"Okay ကိုရန်"
ဘယ်အကြူဇယားမှ မရူပ်ချင်သေးဘူး၊ ကျွန်တော်က လိမ်မာတဲ့ထဲ မပါပေမယ့် sex ကိစ္စကို စိတ်ညစ်စရာဖြေဖျောက်ဖို့လောက်ပဲ နေရာပေးထားတယ်။ တွဲတယ် ၊ ပျော်တယ် ဒါပေမယ့် တွေ့သမျှ တွင်းထဲ တော့ကျင်းမစိမ်ဘူး ။ အဲ့ကိစ္စ အထူးသတိထားတယ် ...သူတို့က ပြုစုပေးပါရစေဆိုမှ blowjob လောက်ပဲ အခွင့်အရေးပေးတာမျိုး။ ခုထိ လူပျိုရည်မပျက်သေးဘူးလို့တော့ မပြောပါဘူး ။Sex ကိစ္စ လုပ်ခဲ့တဲ့လူတွေကိုတော့ ရေတွက်လို့ ရတယ်။ လူငယ်သဘာဝ စူးစမ်းချင်စိတ်တော့ တားမရဘူးလေ ။ အလွန်အကျွံ စွဲလမ်းတာ ကြ ကျွန်တော်ကိုယ်တိုင်လည်း မကြိုက်သလို့ sex ကိစ္စကို နေရာမရွေး၊ လူမျိုးမရွေး ပုံဖော်တဲ့အထဲတော့ မပါဘူး။
"ဟိတ် ရဲရင့်၊ သက်ကို မင်းတို့ကို ပြေစရာရှိတယ်၊ မနက်ဖြန် ငါ စေ့စပ်တော့မယ် အဲ့တာ..."
"ဟာ..ဘယ်လို ငါတို့လည်းဘာမှမသိရပါ့လား"
" ဘယ်ကလဲ တစ်ဖက်သူက ငါတို့သိလောက်လား "
""အင်း မသိလောက်ဘူး မေမေတို့လူကြီးတွေစီစဉ်ကြတာ.."
"ဟား....မင်းမိဘတွေက ဆရာဝန်အထူးကုတွေလေ ဘယ်ခေတ်ရောက်နေပြီလဲ ၊ ဘာလဲ ကလေးကတည်းက ကတိကဝတ်ပြုခဲ့တာ ဘာညာ မပြောနဲ့နော်...အဲလိုတွေ ရှိသေးလား...ဟား.."
"အေး ဟုတ်တယ် မင်းပြောသလိုပဲ ငယ်ငယ်ကတည်းက ကတိပေးသဘောတူထားကြတာ၊ ခု သူက ပြန်ရောက်နေပြီ၊ မနက်ဖန် အိမ်လာခဲ့အုံး•"
" တကယ်ကြီးလား...ထက်ပိုင်"
အံ့ဩမိတာ အမှန်ပဲ။ ထက်ပိုင်တို့ အသိုက်အဝန်းက ပညာတက် ဆရာဝန်မျိုးရိုး..သူ အမှတ်ကောင်းရဲ့သားနဲ့ ကျွန်တော်တ်ု့နဲ့အတူ စီးပွါးစီမံကိုယူပြီး ၊ သူဝါသနာအရ သချာ်ကို disploma ယူခဲ့တယ်။ သူအိမ်က ဆေးရုံ၊ ဆေးခန်းပိုင်တော့ အခု သူအိမ်အလုပ်မှာပဲ ဆောက်ချလုပ်နေပြီ။ သူတကယ်ပဲ သူအိမ်ကသဘောအတိုင်း လက်ခံတဲ့သဘောလား ၊ သူ ခံစားချက်ကိုရော ထည့်မတွေးတော့ဘူးလား။
"ကောင်းပါတယ် မင်းအချစ်စစ်နဲ့တွေ့တော့ ငြိမ်သွားတာ အံ့ဩယူလောက်တယ် ငထက်"
"အင်း အဲလိုပြောရမလား...သူအမည်က ဒေါက်တာ မြမြင့်မိုရ်ရိပ်တဲ့ ။ ဟိုတလောကပဲ UKက ပြန်ရောက်တာ ..ဒီ မှာပဲ အခြေချပြီး ငါတို့ မိသားစုပိုင် ဆေးရုံထဲက တစ်ခု ကို သူနဲ့ငါ ဦးစီးရမယ်။ ဖေဖေရဲ့ သူ့အဖေက ငယ်သူချင်းတွေ သူအဖေက ကျန်းမာရေးဌာရဲ့ အကြီးအကဲ တစ်ယောက်ပဲ။ ဒီလိုပဲကွာ...ငယ်ငယ်ကတည်းက ငါတို့တွေ့ဆုံကြပြီး အချိန်ကြရင် လက်ထပ်မယ်ပေါ့။ ဒီလောက်ပဲ အရွယ်ရောက်ပြီလေ ..မိသားစု အတည်တကျလေး နေတော့မလားလို့.."
"အချစ်..မင်းတို့တစ်ယောက်ကိုတစ်ယောက်...ချစ်ကြသလား"
" အရင်က ငါရူပ်ခဲ့သမျှ သူနားလည်ပေးတယ်၊ ငါအကြောင်းအကုန်သိထားပြီပြီးတဲ့ လက်ခံနိုင်တယ်တဲ့ ငါဘာလိုသေးလဲ"
"ဟား..အဟုတ်ပါ့လား...နားလည်ပေးနိုင်တဲ့အမျိုးသမီးပဲ ဂုဏ်ယူတယ်ကွာ မင်းအတွက် လာCheer! "
"Cheer! "
" ဘာလဲ အားကျနေလား သက်ကို ..မင်းကောင်လေးနဲ့မင်းအခြေအနေကရော "
" ဒီအတိုင်းပဲ ငါအိမ်ကတော့ LGBT တွေနဲ့မြင်တွေ့နေကြမို့ ဘာမှတားဆီးတာတော့မရှိပါဘူး၊ ငါတကယ်ချစ်ရင်ပေါ့"
"ကောင်းပါတယ်ကွာ...ငါသူငယ်ချင်းတွေ အတည်တကျငြိမ်နေကြတာ "
"မင်းကရော ရဲရင့်...ကောင်းပြည့်လေးက တကယ့်ရိုးသားတယ်နော် ငါအတို့အမြင်ကတော့ .."
"တော်ပါတော့ကွာ...အလကား ဒီရောက်တုန်း အဲ့အကြောင်းမတွေးချင်ဘူး "
" ငါ ဘာမှတော့ မပြောချင်ဘူး ...မင်းအစီအစဉ် ကို တစ်ခါလောက်စဉ်းစားစေချင်သေးတယ်"
အဲ့ညက တစ်ယောက်အကြောင်း တယောက်ပြောရင်း ပျိုမဒီအဖော်မရှာခဲ့ဘူး ၊ အေးဆေး သောက်ပြီး ပြန်လာခဲ့ကြတယ် ။ ဟိုကောင် ထက်ပိုင်က ညနက်ထိ နေမရဘူးလေ၊ မနက်ဖန် သူ့ပွဲ သူ့မိဘက ပြောလိမ့်မယ်။ မနက်ဖန် ထက်ပိုင်ဆီကသွားရင်း အိမ်တော် ခဏ ပြန်မယ်။မားမားကို လည်း လွမ်းတယ်၊ အပါးကရောကတော့ အလုပ်မရှိမနေနိုင်ဘူး အိမ်တော်ကနေ စီမံကွပ်ကဲတုန်း။ အိမ်တော်ပြန်တုန်း ဟိုကလေး ကိစ္စတွေ မေ့ပြီး မားမားနဲ့ အတူ နေအုံးမယ်။ ဟိုမှာကျန်ခဲ့တဲ့ အဒေါ်တွေလည်း သတိရတယ်...ခုကိစ္စတွေပြီးရင် စိတ်အပမ်းဖြေ သွားမယ် ကင်ချီမြေကိုလွမ်းလှပြီ။
ဘာလိုလိုနဲ့ ဟိုကလေးပြန်သွားတာ ၂ ပတ်ရှိပြီ၊ အဆင်ပြေလား တွေးပြီး တခါတလေသတိရပါတယ်။ တခုခု ပြောလိုက်မိရင် မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကိုယ်ကိုမော့ကြည့်နေတဲ့အခါဆို အသက်ရူရပ်အောင်လှတာ၊ မျက်တောင်ရှည် တွေ ဖြန့်ချထားတဲ့အလှ ကိုအပေါ်စီးက မြင်ရတာ ဘယ်လောက်လှလိုက်လဲဗျ။ တကယ့် လှတယ့်အလှ၊ ငါအပိုင်ယူထားချင်ပေမယ့် ငါ အပိုင်မလိုချင်သော ကလေးလေး။ တခြားသူတွေတော့ ငုံ့တောင်မကြည့်နဲ့ ကလေးသူငယ်ချင်း ဟိုငဂျစ်ကလွဲ ဘယ်သူမှခွင့်မပြုဘူး။ အဲ့ငဂျစ်က ကလေးအပေါ်ကြ သည်းခံရှာတယ် ကူညီရှာတယ်လေ ..သူ့က သက်ကိုရဲ့ အသက်လေ...။
အဲ့ည အိပ်ယာပေါ်မှာ တောင် မြောက်တွေးတောရင်း မျက်လုံးဝိုင်းဝိုင်းလေးအားလွမ်းရင်း အိပ်စက်မိတယ်။ တစ်နေ့ ကိုယ်ကို့ မုန်းနေမလား...ကလေးငယ်။
တီ- တီ
Hello
Hello
(ကောင်လေး ကိုယ်ပါ..ကျော်သက်ကို)
"အင်း ဘာလို့ ဆက်တာလဲ ပြော၊ "
( နေကောင်းလား၊ ဒီတစ်ခေါက် မင်းအပါးလာရင် ကိုယ် ကောင်လေးတို့ဆီ လာလည်ချင်လို့ အဲ့ဒါ)
'"ဘာလာလုပ်မှာလဲ ..ခင်များတို့လို သူဌေးသားတွေက နယ်ကို...ဒီမှာ ဘာမှမက်မောစရာမရှိဘူး မလာနဲ့ "
(ကောင်လေး ရှိတယ်လေ ..လာလည်ချင်တယ် နော်)
"အလုပ်ရူပ်တယ် မလာနဲ့ "
(ကိုယ့် ၂ရက်လောက်ပါပဲ မရောက်ဖူးလို့ လာချင်တဲ့သဘောပါ )
"ဒါဆိုလည်း ခင်များ သဘောလေ ၊ အပါးခေါ်ရင် လာပေါ့ ...ကျုပ်နဲ့မဆိုင်ဘူး၊ ဒါပဲမဟုတ်လား"
( နေအုံး ကောင်လေး...ကိုယ် မင်းကိုသတိရတယ်)
တီ...ကျသွားသော ph လေးကိုကြည့်ရင်းပြုံးမိတယ်။ record လုပ်ထားမိသော ကောင်လေးအသံကိုနားထောင်ပြီး ညအိပ်စက်မှာသေချာနေပြီ။ ဒီည အိမ်မက် လှတော့မယ်။ ကောင်လေးအပါးက ကျွန်တော်ကို ခင်ရှာတယ် ၊ တခါတလေ ကောင်လေးဆိုးလို့၊ ဂျစ်လို့တဲ့ အဲကြောင်းတွေ ပြောပြပြန်တော့ ကျွန်တော်ရင်ထဲ ကြည်နူးမိတာ အတိုင်းအထက်အလွန်။ ကလေးသာသာအရွယ်ကတည်းက သူလိုချင်တာမရလို့ ဂျစ်တိုက်နေတဲ့ ကလေးကို ကျွန်တော် သိပ်ချစ်ခဲ့တာ ။ ကောင်လေး လိုချင်တာ က်ိုယ်ဖြစ်နေပါ့မလား မသိပေမယ့် ကိုယ့်အသက်ရှင်ဖို့ကကောင်လေးလိုအပ်တယ်။
zawgyi
တီ - တီ
Hello
"အင်း ပြော "
"အင်း လာခဲ့မယ်"
"အင်း ..ဒါပဲ"
"ဟေ့ ရဲရင့် ငါတို့ဒီမှာ.."
"Okay ကိုရန်"
" တကယ်ကြီးလား...ထက်ပိုင်"
"Cheer! "
တီ- တီ
Hello
Hello
"အလုပ်ရူပ်တယ် မလာနဲ့ "
Continue Reading
You'll Also Like
873K 50.3K 39
ငါ့ရဲ့အနာဂတ်ကမင်းဖြစ်နေတာမျိုး...။ Start Date - October 4 , 2022 End Date - January 22 , 2023
254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
13.9K 1.2K 28
ဘဝကတိုတို‌ကလေး။ ခဏကလေးပဲ ကြင်နာချင်ရုံလောဘမှာ ပျော်ရွှင်မှုလေး နည်းနည်းဖြည့်စွက်လို့ရမလား။
31K 2.8K 7
👨‍💼💕🙍‍♂️ bl My King S2😎💝