DOUBLE T(OR) BE MY LORD [ Com...

By Thee_Oo

259K 10.9K 149

[ Unicode/Zawgyi ] တိုင်းခမ်းအာဏာဆိုတဲ့အတိုင်း ခင်ဗျားကကျုပ်ဘဝတစ်ခုလုံးရဲ့ ခမ်းနားခြင်းတွေနဲ့ လိုက်လျောမှုအချ... More

အမှာစာ/ဇာတ်ကောင်မိတ်ဆက်(U/Z)
Ep_1
For character
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
EP_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Final
Extra 1
Extra 2

Ep_10

6.2K 317 3
By Thee_Oo

Unicode

Ring!Ring!

ဘုန်းဆက်ကို ဆေးထည့်ပေးနေတုန်းမှာပဲ စားပွဲပေါ်က ဖုန်းသံကြောင့်
တိုင်းမျက်မှောင်တစ်ချက်ကုပ်လိုက်ပြီး အနာကျက်ဆေးဘူးကို ပြန်ပိတ်ကာ အကိုက်အခဲပျောက်ဆေးပေးရင်းဘုန်းဆက်ကိုကြည့်လိုက်
၏။ပြီးမှ....

"ဆေးထည့်ပြီးပြီ၊ အခန်းထဲက ထွက်တော့"

"ကျွန်တော်စောင့်ပေးမယ်"

ဘုန်းဆက်ကိုမျက်မှန်ပင့်ကြည့်ပြီး စားပွဲဆီသွားကာတိုင်း ဖုန်းကိုကိုင်လိုက်တော့သည်။

"hello ဖေဖေ"

"သား!ဟိုတယ်ကိစ္စပြဿနာတက်နေပြီ"

"ဘာဖြစ်တာလဲ"

"website မှာ ဝေဖန်မှုတွေအများကြီးပဲသားမသိသေးဘူးလား"

တိုင်းက ဘုန်းဆက်ကို လှမ်းကြည့်ပြီး macbookကိုယူခိုင်းလိုက်
၏။တစ်ဆက်တည်းမှာပဲ ဘုန်းဆက်က macbookကို စားပွဲပေါ်ချပေးလိုက်သည်နှင့် websiteထဲဝင်ကြည့်လိုက်တော့

~ဟိုတယ် က လုံခြုံရေး တင်းကြပ်မှုလဲမရှိဘူး

~အကြမ်းဖက်သမားက စိတ္တဇရောမဖြစ်နိုင်ဘူးလား

~ဟိုတယ် ဘက်က ဘာမှဖြေရှင်းချက်မထုတ်တော့ဘူးလား၊သတို့
သမီးတစ်ယောက်လုံးကို ဓားစာခံဖမ်းတာလေ

~အမယ်လေး!သူဌေးမင်းရဲ့ သားတောင် အကြမ်းဖက်ခံလိုက်ရတာလေ၊ နင်တို့နည်းနည်းပါးပါး ကိုယ်ချင်းစာအုံး

~ကြယ်ငါးပွင့် ဟိုတယ်ကြီးတစ်ခုဖြစ်ပြီးတော့ ဖြေရှင်းသင့်ပါတယ်

~ဒီလိုပုံစံ ဆိုနောက် ဘယ်လိုလုပ်ပြီး ဒီဟိုတယ်မှာ တည်းရမလဲ

~လုံခြုံရေးတွေက ဘာလုပ်နေလို့မသိရတာလဲ

~အမရာ လေးရော အဲ့ခန်းမထဲမှာရှိနေခဲ့သလား၊ပြောကြပါအုံး
(ပုံ/အမရာ ရဲ့အမာခံfan)

~ဟိုတယ်ကိုချိတ်ထားတဲ့ဘိုကင်တွေအကုန်ဖြုတ်ပြီပဲ

~ဟိုတယ်ဘက်ကဖြေရှင်းချက်ကိုစောင့်နေပါတယ်

~ဒီလိုပေါ့လျော့တဲ့ဟိုတယ်ကို တည်းတဲ့လူတွေအတွက်ရင်လေးတယ်"

~အကျိုးနည်း နိုင်ငံတကာထိပါ အောင်မြင်နေတဲ့ ဟိုတယ်လုပ်ငန်းစုကြီးက လုံခြုံရေးလေးတောင်မတင်းကြပ်ထားနိုင်ဘူးတဲ့

~security လိုရင် ခေါ်ပါအုံး ke ke...

"ဘုန်း!"

commentတွေကို ဆက်မဖတ်တော့ပဲ macbook ပိတ်ချလိုက်၏။ ပြီးတော့ ဖုန်းကိုင်ထားရင်း

"သတင်းစာရှင်းလင်းပွဲ လုပ်ရမယ်လို့ထင်တယ်ဖေဖေ"

"ဖေဖေလဲ အဲ့သလိုတွေးနေတာ ဟိုတယ်ရဲ့ image လဲတော်တော်
ထိခိုက်သွားပြီး စတော့ရှယ်ယာတွေပါ ထိုးကျလာတယ်"

"သတင်းစာရှင်းလင်းပွဲ အတွက်ပြင်ဆင်ထားလိုက်မယ်"

"သားမတက်နဲ့ ဖေဖေကိုယ်တိုင်ပဲတက်မယ်"

"ကျွန်တော်အခု ဟိုတယ်ကိုလာခဲ့မယ်"

တစ်ဖက်ကပြောပြီးဖုန်းချသွားတော့မှ ဦးမင်းထည်ဝါ သက်ပြင်းငွေ့ငွေ့ချလိုက်၏၊ Lattop ထဲမှ ဆက်တိုက်ကျနေတဲ့ စတော့ရှယ်ယာ
တွေကိုကြည့်ပြီး နားထင်သွေးကြောများတင်းခနဲလှုပ်ခတ်နေလေ
သည်။ဒီဟိုတယ်ရဲ့imageကိုနည်းနည်းလေးမှအထိခိုက်မခံနိုင်ပါ၊
ဒီလို အောင်မြင်လာဖို့ သွေးချွေးရင်းထားခဲ့ရတာလွယ်ကူတဲ့အရာမှမဟုတ်တာ။ သူ့ဘဝတစ်လျှောက်လုံးအချိန်တွေအားလုံးကို ဒီဟိုတယ်
မှာပဲ မြှုပ်နှံထားခဲ့ရတာ ဒီလိုမျိုးတော့အဖြစ်မခံနိုင်။ ဦးမင်းထည်ဝါ Lattop ပိတ်ကာစာရွက်စာတမ်းတွေပြင်ပြီးသည်နှင့် မန်နေဂျာခေါ်လိုက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် သတင်းထောက်တွေကိုအကြောင်းကြားခိုင်းလိုက်တော့၏။ ခဏကြာမှ မန်နေဂျာပြန်ဝင်လာ

"သတင်းထောက်တွေကိုအကြောင်းကြားပြီးပါပြီ သူဌေးမင်း၊ပွဲက
တော့ ၅နာရီလောက်စရပါမယ်၊"

"ခန်းမကိုသေချာပြင်ဆင်ထားလိုက်"

"ဟုတ်ကဲ့ပါ"

မန်နေဂျာပြန်ထွက်သွားမှဦးမင်းထည်ဝါ နားထင်ကိုလက်ဖြင့်ဖိနှိပ်နေလိုက်တော့သည်။

Luxury Carလေး ဟိုတယ်ရှေ့ရောက်သည်နှင့် တိုင်းမျက်မှန်ပင့်ကာ မျက်ခုံးတန်းတွေစုကုပ်သွားပြန်သည်။ဟိုတယ်အရှေ့ဘက်မှာ သတင်းထောက်တွေရောလူစုလူဝေးကြီးဖြစ်နေသဖြင့် ကားဝင်ဖို့လမ်းပင်မရှိ။ ကိုစိုးလင်းက ကားမှန်ထဲကနေ တိုင်းကိုကြည့်၏၊

"သခင်လေး ဟိုတယ်ရှေ့မှာလူတွေပိတ်နေတယ်"

"ဟိုတယ်ကို ပတ်ပြီး အနောက်ဘက်ကနေဝင်လိုက်"

"ဟုတ်ကဲ့ပါ"

ဘုန်းဆက်ကတော့ လူအုပ်ကြီးကိုကြည့်ရင်း မျက်နှာတစ်ချက်မဲ့လိုက်၏ တိုင်းကိုပြန်ကြည့်လိုက်တော့ အေးတိအေးစက်နှင့် နှုတ်ခမ်းပေါ်မှ ကောက်ကြောင်းတွေကတော့ တင်းတင်းစေ့ပိတ်ထားသည့်တိုင်
မာန်အပြည့်ဖြစ်သည်။မျက်နှာထားမှ မျက်ဝန်းတွေကတော့ စိတ်ရှုတ်နေသည့်ပုံစံပင်။ ကိုစိုးလင်းက အနောက်ဘက်ကနေပတ်ဝင်လာပြီး parking ထိုးလိုက်သည်နှင့် ဦးမင်းထည်ဝါ ကအသင့်စောင့်နေ
သည်။ တိုင်းကားပေါ်ကဆင်းပြီး ဦးမင်းထည်ဝါနှင့်အတူ officeဆီလျှောက်လာရင်း

"သတင်းစာရှင်းလင်းပွဲကို ကျွန်တော်ပဲတက်လိုက်ပါမယ်"

"မဟုတ်ဘူး၊ ဖေဖေကိုယ်တိုင်ပဲတက်လိုက်မယ်၊ ဟိုတယ်ရဲ့ သူဌေးမင်းဖြစ်နေပြီး လူရှေ့ရုပ်လုံးထွက်မပြရင် ဧည့်သည်တော် တွေကိုရော
သတင်းထောက်တွေကိုရော မလေးစားရာ ရောက်သွားလိမ့်မယ်"

ရုံခန်းရောက်သည်နှင့်LED TVဖွင့်လိုက်တော့ သတင်းတွေကတက်
လာနေပြီဖြစ်သည်။ဟိုတယ်ရှေ့မှာ စုရုံးနေကာ ထင်မြင်ချက်တွေ
အသီးသီးနှင့် သတင်းထောက်တစ်ယောက်ကို တစ်လေသံနှင့်အယောက်တစ်ရာရှိလျှင် စကား၁၀၀လောက်က ဦးမင်းထည်ဝါ ကိုပိုပြီး ဖိစီးစေလေသည်။ နာမည်ရှိ ဟိုတယ်တစ်ခုအပါအဝင်ဖြစ်တာကြောင့် ဒီသတင်းဟာ ဟိုတယ်တွေလုပ်ငန်းတွေ ၊ ခရီးသွားဧည့်သည်တွေ၊
နှင့်ပြိုင်ဘက်ဟိုတယ်တွေအကြား ဆွဲဆောင်မှု ရှိနေတဲ့သတင်းတစ်ခုဆိုသည်မှာလဲမမှား။ စတော့ရှယ်ယာတွေကလဲ သူ့ထက်ငါအပြိုင်ဖြစ်နေကြတာမလို့ပင်။ဘာပြောကောင်းမလဲ၊ ဒီလိုအချိန်က ပြိုင်ဘက်
တွေအတွက် ပိုတောင်ကောင်းနေမလားမသိချေ။

Royal Palace ဟိုတယ်ကို backgroundယူပြီး Marketingဆင်းတာတွေကလဲရှိသည်။ Royal Palace ဟိုတယ် ထက် လုံခြုံမှုပိုကောင်းပြီးအစားအသောက်တွေမှာလဲပိုပြီး
အရသာရှိ၊ ဝန်ဆောင်မှုတွေကလဲထူးခြားနေစေရမယ်ဆိုပြီး
Attention ယူတဲ့ ကြော်ငြာတွေကလဲအများသား။သို့ပေမယ့် Royal Palace Hotelလုပ်ငန်းစုဆိုတာ လွယ်လွယ်ပြိုကွဲသွားမှာမဟုတ်။

ထိုစဥ်ရုံးခန်းထဲကို မန်နေဂျာရောက်လာပြီး...

"သူဌေးမင်း ပွဲစပါပြီ၊ခန်းမထဲကို သတင်းထောက်နေရောက်နေကြပြီ"

"အင်း!"

ဦးမင်းထည်ဝါ ဆိုဖာပေါ်မှထရပ်လိုက်ပြီး TVပိတ်ကာ သတင်းစာရှင်းလင်းပွဲ ခန်းမသို့ရောက်လာခဲ့သည်။ခန်းမထဲဝင်လာသည်နှင့်တစ်
ပြိုင်နက် သတင်းထောက်တွေက ဓာတ်ပုံတွေ ဖြိုးဖြိုးဖျက်ဖျက်ရိုက်နေကြ၏။ တိုင်းနှင့် ဘုန်းဆက်ကတော့ stageနားသားမှာသာရပ်နေလေသည်။ထိုစဥ်သတင်းထောက်တစ်ဦးမှ...

"အခုဒီကိစ္စဖြစ်ပွားရခြင်းနဲ့ပတ်သတ်ပြီး သူဌေးမင်း ဘယ်လိုတာဝန်ယူဖို့ဆုံးဖြတ်ထားပါသလဲ"

"အကြမ်းဖက်သမားက အဲ့ဒီနေ့မှာတင်ဖမ်းမိပြီးစခန်းကိုရောက်သွားတယ်၊ သေချာပေါက် သတို့သမီးဘက်မှတရားစွဲမှာပါ၊နောက်ပြီး ဒီလိုဖြစ်လာရတဲ့အတွက် ကျွန်တော်တို့ ဟိုတယ်ဘက်ကနေ အထူးပင်စိတ်မကောင်းဖြစ်ရတယ်၊ နောက်နောင် ဒီလိုမျိုးမဖြစ်စေရပါဘူးလို့၊ အာမခံပါတယ်၊ကျွန်တော်တို့ ဟိုတယ်မှာ တည်းခိုကြတဲ့ ဧည့်သည်တော်လူကြီးမင်းတို့ကိုလဲ စိတ်ပျက်စေမိတဲ့အတွက်အထူးပင်အားနာရပါတယ်၊ ကျွန်တော်တို့ဘက်က နောက်ဒီလိုကိစ္စတွေမျိုး ထပ်မဖြစ်အောင် ထိထိရောက်ရောက်တာဝန်ယူဖြေရှင်းသွားမှာပါ၊ ပြီးတော့ သတို့သမီး မိသားစုကိုလဲ ဒီနေရာကပင် အထူးတောင်းပန်ပါတယ်၊လိုအပ်လျှင် ဟိုတယ်နဲ့ဆွေးနွေးတိုင်ပင်လို့ရပါတယ်"

"သူဌေးမင်းရဲ့သား တိုင်းခမ်းအာဏာလဲ ထိခိုက်သွားတယ်လို့ကြားထားပါတယ်၊ အဲ့ဒီခန်းမထဲမှာရှိခဲ့လို့ပါသလား"

"ရှိနေခဲ့ပါတယ်၊ ဟိုတယ် ဝန်ထမ်းတွေလဲ ရှိနေခဲ့ပါတယ်"

"ဝန်ထမ်းတွေရော ဘေးကင်းခဲ့ပါသလား"

"ဘေးကင်းခဲ့ပါတယ်၊ ထိခိုက်နစ်နာမှုတွေမရှိခဲ့ပါဘူး ၊အဓိက ကျွန်တော်တို့ ဟိုတယ် ရဲ့ပေါ့လျော့မှုဖြစ်သွားတဲ့အတွက်လုံခြုံရေး
တိုးမြှင့်မထားနိုင်ခဲ့မိတာကြောင့်Royal Palace ဟိုတယ်လုပ်ငန်းစုကနေ အကုန်လုံး ကိုအနူးအညွန့် တောင်းပန်အပ်ပါတယ်၊ လုံခြုံရေး
ပိုတိုးမြှင့်ထားမှာဖြစ်ပြီး ဝန်ဆောင်မှုပိုင်းအနေနဲ့ ပြောစရာမလိုအောင် ကိုလူကြီးမင်းတို့စိတ်တိုင်းကျဖြစ်စေရပါမယ်"

သတင်းထောက်တွေတစ်ယောက်တစ်ပေါက်နှင့် Lattop မှာ မေးရင်း မှတ်တမ်းရေးရင်းနှင့် တစ်နာရီလောက် အငြင်းအခုံဖြစ်ပြီးကြာ
ကြာမှာ သတင်းစာရှင်းလင်းပွဲကြီးပြီးမြောက်သွားခဲ့၏၊ ခန်းမထဲမှ လူတွေပြန်ထွက်သွားမှ တိုင်းက ဦးမင်းထည်ဝါ အနားသွားရပ်လိုက်တော့သည်။ ပြီးမှ...

"ဖေဖေ အဆင်ပြေရဲ့လား"

"ပြေတယ်သား"

ပါးစပ်ကသာပြေတယ် ပြောနေသော်လည်း မျက်နှာအမူအရာကတော့မကောင်း။ တိုင်း ဖအေဖြစ်သူနောက်မှလျှောက်လာရင်း ရုံးခန်းထဲပြန်ရောက်သည်နှင့် ဦးမင်းထည်ဝါက တိုင်းကိုကြည့်၏။ ထို့နောက်...

"မင်းတို့နှစ်ယောက်စလုံးဒဏ်ရာသက်သာလား"

"ကျွန်တော်သက်သာပါတယ် သွင်ကတော့ဆေးပြန်ထည့်ပေးထားရတယ်"

"ဒီလိုအချိန် အိပ်ဆောင်မှာအနားယူသင့်တယ်"

ဦးမင်းထည်ဝါ စကားကြောင့် တိုင်းမျက်ခုံးတန်းတွေစုကုပ်သွား၏၊ဘုန်းဆက်က ခေါင်းရမ်းလိုက်သည်။

"သခင်လေးကို စောင့်ရှောက်ဖို့ကျွန်တော်ရှိနေမှဖြစ်မှာ၊ဒဏ်ရာက
သက်သာနေပါပြီ"

ဦးမင်းထည်ဝါ ခေါင်းငြိမ့်လိုက်ပြီးစားပွဲပေါ်မှာ တင်ထားသည့် ဖိုင်တွဲ
တစ်ခုအားတိုင်းထံပေးလိုက်တော့သည်။

"ဟိုတယ်အသစ်ဆောက်မယ့် projectအတွက်ပဲ၊ နောက်ရက်ဒီ
projectအတွက် meetingရှိတယ်"

"ဟုတ်ကဲ့ပါ၊ ဖေဖေလဲနားပါတော့"

ပြောပြီး ရုံးခန်းထဲမှပြန်ထွက်လာတော့ ဘုန်းဆက်ပါခြေနှစ်လှမ်းအ
ကွာမှလိုက်ပါလာရင်း

"ခင်ဗျားအဆင်ပြေရဲ့လား"

ဖိုင်တွဲဖွင့်ကြည့်ရင်းနဲ့မှ တိုင်းနောက်ပြန်လှည့်ပြီး မျက်မှန်ပင့်တင်ကာ

"ဘာကိုလဲ"

"အခုကိစ္စအတွက်"

"နေရာတိုင်း၊အလုပ်တိုင်းမှာ ဖိအားဆိုတာရှိတယ် လောလောဆယ် projectအတွက်ပဲအာရုံစိုက်ရမယ်"

"ကျွန်တော်သိထားတဲ့ တိုင်းက စိတ်ဓာတ်မာပြီးသားပါ"

"ချီးကျူးတာလား၊ရွဲ့တာလား"

"အဟွန်း!"

တိုင်းဖိုင်တွဲကြည့်ရင်း ရုံးခန်းထဲဝင်သွားတော့ ဘုန်းဆက်အပြင်မှကျန်ခဲ့ပြန်သည်။ တိုင်းကတော့ ရုံးခန်းထဲရောက်သည်နှင့် ကြေငြာ ကိစ္စအတွက် airline ticketဘိုကင် နှင့် နာမည်ကြီး make up artist ကိုဆက်သွယ်လိုက်၏၊ ပြီးတော့ တစ်ဖက်နိုင်ငံမှဟိုတယ်နှင့်လဲ အချိတ်အဆက်ပြုလုပ်သည်။ထိုစဥ် မန်နေဂျာတစ်ယောက်ဝင်လာပြီး

"ကိုခမ်း! stylistက နေမကောင်းဖြစ်နေလို့ မလိုက်နိိုင်လောက်ဘူးတဲ့"

"ဟိုဘက်နိုင်ငံ ရောက်မှပဲ ဟိုဘက်hotelကအကုန်စီစဥ်ပေးဖို့ပြော
ထားပြီးပြီ"

"ဟူတ်ကဲ့ ဒါကတော့ မော်ဒယ် ကွာလာလမ်ပူရောက်ရင် ရိုက်ကူးရေးပြုလုပ်ရမယ့် schedule တွေပါ.."

"အင်းထားခဲ့လိုက်"

မန်နေဂျာပြန်ထွက်သွားသည်နှင့် ဖအေဖြစ်သူပေးလိုက်တဲ့ ဖိုင်ကိုဖွင့်ကြည့်လိုက်တော့ တိုင်းပင့်သက်ရှိုက်လိုက်၏၊ ဟိုတယ် project အတွက် ခရီးထွက်ရအုံးမည်ထင်ပါရဲ့...။

>>>>>>>>>>

TVမှာပြနေသည့် သတင်းစာရှင်းလင်းပွဲကြည့်ပြီးနောက် ဒီဇိုင်နာမိန်းကလေးတွေရော ခေတ်နေရောင်ရော သက်ပြင်းချမိလေသည်။
ခန့်ဆက်ကတော့ ရုံးခန်းငယ်လေးထဲမှာ ပုံထိုင်ဆွဲနေ၍ဘာမှမသိ။ အလုပ်တစ်ခုတည်းကိုသာ အာရုံစိုက်တတ်တာလေးတော့နေရောင်သဘောကျမိပါသည်။ ပြီးတော့ ပုံစံက ကိုယ်နဲ့မဆိုင်ဘူးထင်ရင် ဘယ်အရာကိုမှ စိတ်မဝင်စားတတ်သည့် ကောင်ကလေးပါပဲ။

ထိုစဥ် အင်ကြင်းထရပ်၍TVပိတ်လိုက်စဥ်ဆိုင်ထဲ ဝင်လာသည့် ဧည့်သည်အားကြည့်လိုက်ပြီး အင်ကြင်းမျက်ဝန်းလေးများ လက်ခနဲ ဖြစ်သွား၏၊ ထိုသူကတော့ တခြားမဟုတ်။ နိုင်ငံကျော် မင်းသမီး တစ်ဦးပင်ဖြစ်သည်။သို့သော် သူမအနေခက်မည်စိုး၍ပုံမှန်အတိုင်းလေးသာနေလိုက်ပြီး

"အမ order အပ်မလို့လား"

"ဟုတ်တယ်၊ Birthday အတွက်လေ"

"ခဏလေး ထိုင်စောင့်နေပါနော်"

အင်ကြင်းကဆိုင်းအတွင်းခန်းထဲသို့ တစ်ခဏဝင်သွားပြီးမှ ပြန်ထွက်လာ၏။ လက်ထဲမှကိုင်ထားသည့််် dress magazine ကိုရှေ့ချပေးလိုက်သည်။ ပြီးတော့ ခန့်ဆက် ရေးဆွဲထားသည့် ဒီဇိုင်းစာအုပ်ကိုပါချပေးလိုက်ကာ

"ဒီစာအုပ်ထဲက အမကြိုက်တဲ့ ဒီဇိုင်းပုံလေးတွေ ရှိလဲ ပြောလို့ရတယ်၊ ဒါမှမဟုတ်လဲ ဒီဇိုင်ရေးဆွဲထားတဲ့အထဲမှ အမကြိုက်တာမျိုးလေးပေါ့၊ မဟုတ်လဲ အမစိတ်ကူးရှိတဲ့အတိုင်း ပြောလို့ရပါတယ်ရှင့်"

"ဂါဝန်ကိုမှ လည်ပင်းVပုံဏ္ဍန်လေးမှာ ဇာလှိုင်းတွန့်လေးတွေကပ်ချင်တယ် ဂါဝန်အနောက်ဘက်ကို အရှည်ချပြီး နှစ်ထပ်လှိုင်းတွန့်လေး"

"vintage dressကိုပြောတာလား"

"ဟုတ်တယ်၊ ကိုယ်က အဲ့သလိုပုံစံလေးမပြောတတ်လို့ ဖိနပ်ကိုတော့လေ Lady Shoes အနက်လေးပေါ်မှာမှ ဖဲပြားပုံစံကလေး ပေါ့"

"ဟူတ်ကဲ့ပါ"

သူမပြောသည့်ဒီဇိုင်းအားမျက်လုံးထဲပုံပေါ်လာသည်နှင့်တပြိုင်နက် အင်ကြင်းက ပိတ်ထည်ကို တိုင်းတာပြီး ပေကြိုးဖြင့်ဧည့်သည်မိန်းကလေးအား ကိုယ်တိုင်းယူနေလိုက်၏၊ နေရောင်က လက်ပိုက်
ကြည့်နေစဥ်မှာပဲ designရေးဆွဲသည့်စာအူပ်ကိုင်ပြီးထွက်လာ
သည့် ခန့်ဆက်ကိုတွေ့တော့

"ဒီဇိုင်း ဆွဲပြီးပြီလား"

"ခင်ဗျာ!ဟူတ်boss"

"ဒါဆို စျေးခဏသွားရအောင် အထုတ်သယ်မယ့်လူစောင့်နေတာ"

"ဘယ်စျေးလဲ၊ အထုတ်က ကျွန်တော်သယ်ရမှာလား"

"အင်း"

ခန့်ဆက်က ဒီဇိုင်းစာအုပ်ကို ခဏချခဲ့ပြီး နေရောင်နှင့်လိုက်လာခဲ့၏။
ရှော့ပင်းစင်တာ ရောက်သော်လည်း အထည်တွေလိုက်ကြည့်၊ ပိတ်သားအရည်အသွေးတွေလိုက်ကြည့်ရင်း စိတ်ကြိုက်မတွေ့ရတာ
ကြောင့်နေရောင်စိတ်အိုက်လာပုံပေါ်သည်။ ရာသီဥတုကလဲပူတာမလို့ ချွေးဒီးဒီး ကျနေတာတောင် ဟိုသွားဒီသွားနှင့်သာအချိန်ကုန်နေလေသည်။၃နာရီလောက် ကြာပြီးအထည်ဆိုင်ကြီးတစ်ဆိုင်ဝင်ကြည့်မှ...

"ပိုးပြောင်အကောင်းထဲက ပိတ်အုပ်လေးတွေပြပေးပါ၊ ပြင်သစ်ဇာ၊
ဂျပန်ဇာလေးတွေရောပေါ့ branded တွေထဲကပဲ ပြပေးပါ"

ဆိုင်ရှင်ပြပေးသည့် ပိတ်အုပ်အရည်အသွေးနှင့် အရောင်တွဲစပ်ပုံစံတွေကြည့်လိုက်နှင့် စိတ်တိုင်းကျသည်အထိ စိတ်ကြိုက်ရှာလိုက်တော့သည်။ သို့ပေမယ့် အချိန်ကတော်တော်လင့်သွားပုံရ၏၊ မှောင်ရီပြိုးစမှ စိတ်ကြိုက်အထည်လိပ်တွေရွေးထုတ်လိုက်တော့သည်။ထို့နောက်...

"ဒါတွေအကုန်လုံးဘယ်လောက်ကျလဲ"

"၅၆သိန်းပါ"

"သိန်း၅၀ပဲထားလိုက်"

"ဟင်!"

နေရောင် ငွေရှင်းရန် cardထုတ်လိုက်စဥ်မှာပဲ ဘေးသို့လှည့်ကြည့်လိုက်၏။ဆိုင်ရှင်က အစ ခန့်ဆက်ကိုပြူးကြောင်ကြောင်ကြည့်နေလေသည်။ထို့ကြောင့်နေရောင် အနေခက်သွားကာချောင်းဟန့်ရင်း
ခန့်ဆက်ပုခုံးကိုဆွဲလှည့်၍ ဆိုင်ဝင်ပေါက်မှာချိတ်ဆွဲထားသည့် ဆိုင်းဘုတ်ကိုလက်ညှိုး ညွှန်ပြ၏၊ထို့နောက်...

"ဟိုမှာတွေ့လား တစ်ခွန်းဆိုင်တဲ့"

"အဲ!"

အူကြောင်ကြောင်ဖြစ်သွားသည့် ခန့်ဆက်ကိုကြည့်ရင်းအံ့သြသွားရ၏။ဒီကောင်လေး တစ်ကယ်ထူးဆန်းပါသည်။ တစ်ခွန်းဆိုင်လာပြီး စျေးဆစ်လိုက်တာက ဆိုင်ရှင်မရိုက်ထုတ်ရင်ကံကောင်း။မတတ်နိုင် လောလောဆယ် ကိုယ့်လက်ထဲက ရှိသည့်Bank cardကိုသာ
ပေးလိုက်ပြီး စောင့်နေလိုက်၏၊တစ်ခဏ ကြာမှဆိုင်ရှင်ကအထုတ်တွေကို ဂျက်ဖာပုံးကြီးတစ်ခုထဲ စုထည့်လိုက်ပြီး နေရောင်ကိုလာပေး၏၊ ပြီးမှ ....

"ကျန်တဲ့ ပိတ်ထည်လိပ်တွေကို deliverနဲ့ပို့လိုက်မယ်"

"ဟုတ်ကဲ့ပါ"

ထို့နောက် နေရောင်ဂျက်ဖာပုံးတွေကို ဆွဲယူပြီး ခန့်ဆက် ရင်ခွင်ထဲ
ထိုးထည့်ပေးလိုက်သည်။ တစ်ချို့အထုတ်ငယ်လေးတွေကိုတော့ သူက ကိုင်ထားပြီး ထွက်လာ၏။ ပြန်ထွက်လာသည့်လမ်းတစ်
လျှောက် တစ်ယောက်တည်းသာရှေ့ကရောက်နှင့်နေပြီး နောက်မှလူ
မပါသလိုခံစားလိုက်ရ၍ လှည့်ကြည့်လိုက်သည်နှင့်မျက်မှောင်ကုပ်မိလျက်သားဖြစ်သည်။အထုတ်ဆွဲဖို့ခေါ်လာတဲ့လူက အထုပ်မနိုင်ပဲနှင့် လိမ်ဖယ် လိမ်ဖယ်ဖြစ်နေသည်။ ခန့်ဆက်ကို ကြည့်ရင်း နေရောင်မနေနိုင်တော့ပဲ ခြေလှမ်းကျဲ ကြီးများဖြင့် ပြန်လျှောက်လာပြီး...လက်ထဲကဂျက်ဖာပုံးကြီးတွေကိုဆွဲယူလိုက်လေသည်။

"မနိုင်ဘူးလားပေး"

"နိုင်ပါတယ် boss"

"လုပ်မနေစမ်းနဲ့...ယိုင်ဖယ် ယိုင်ဖယ်နဲ့ ကလေးကျနေတာပဲ၊ဘယ့်နှယ့်
အထုပ်ဆွဲဖို့ခေါ်လာပါတယ်ဆို"

ဒေါပါသည့်လေသံ ကြောင့် ခန့်ဆက်ရေငုံနှုတ်ပိတ်နေလိုက်တော့
သည်။ ဒါမျိုးကျတော့ တိုင်းခမ်းအာဏာ ရဲ့သူငယ်ချင်းလို့ကိုပြော
စရာမလိုပါဘူး။ ခန့်ဆက် ကိုယ်တိုင်ကလဲ အနည်းငယ်တော့အားမရ။ ဘုန်းဆက်နှင့်ရုပ်ချင်းဆင်ပေမယ့် ခန္ဓာကိုယ်ကတော့ဘုန်းဆက်ထက်
စာရင် အနည်းငယ် လူကောင်ညှပ်တဲ့အထဲပါသည်။

ခေတ်နေရောင်ဆိုသည်မှာလဲ အလုပ်နဲ့ပတ်သတ်လာရင် အနည်းငယ်တော့ ကြောက်ဖို့ကောင်းသလားမသိ။ interview ဖြေတဲ့ ရက်က
ပဲ သူ့ကိုပြောခဲ့တာ။နေရောင်က စေတနာလို့ပြောပေမယ့် ခန့်ဆက်
စိတ်ထဲတော့ အနည်းငယ် တစ်မျိုးတစ်မည်ဖြစ်သွားခဲ့၏။ တွေးရင်း
အောက်ကိုပဲ ငုံ့ကြည့်ပြီး လမ်းလျှောက်လာတော့ နေရောင်၏ကျောပြင်ကြီးကို ဝင်တိုက်မိတော့သည်။ ကားနောက်ခန်းမှာ ပစ္စည်းတွေ
ထည့်နေတုန်း နောက်မှဝင်တိုက်လိုက်တော့ အနည်းငယ် ရှေ့ယိုင်သွားကာ....

"သြော်!ကဲ..ကားထဲ ပစ္စည်းထည့်နေတယ်လေ မမြင်ပဲဝင်တိုက်နေပြန်ပြီ၊ အာရုံတွေ ဘယ်လွင့်နေတုန်း၊ နားရင်းအုပ်လိုက်ရ"

"ဟို!sorry boss!ကျွန်တော်မြေကြီးကိုပဲကြည့်လျှောက်နေမိလို့"

"ကားထဲဝင် "

"ဟုတ်boss"

ခန့်ဆက် ကားထဲဝင်ထိုင်လိုက်ပြီးသည်နှင့် နေရောင်ကပါဝင်ထိုင်ရင်း
ကားမီးကိုဖွင့်လိုက်၏ပြီးမှ ကားကို တစ်ဖြည်းဖြည်းလျှောမောင်းလာသည်။ ကားလေး လမ်းပေါ်လှိမ့်ဝင်လာသည်နှင့် ဘေးကိုငဲ့စောင်းကာ
အပြင်သို့ငေးမောကြည့်နေသည့် ကောင်ကလေးကို တစ်ချက်ကြည့်သည်။

"ခမ်းနဲ့ မင်းကတော်တော်ရင်းနှီးတာပဲနော်"

"ဟုတ်တယ်၊ ငယ်ငယ်တုန်းက ကိုခမ်းလိုအပ်တာရှိရင် ကူညီပေးတယ်လေ၊ ကိုခမ်းကလဲ အဲ့တာကြောင့် ကျွန်တော်ကိုရင်းနှီးတာ"

"ဒါဆို ဘုန်းဆက်မှူးသွင်နဲ့ကျမှ ဘယ်လိုဖြစ်ရတာလဲ၊မင်းတို့နှစ်ယောက်က အမွှာပေမယ့် စိတ်ကတော့ မတူဘူးနော်"

ခန့်ဆက်ဘာမှမပြောပဲငြိမ်နေလိုက်သည်။ နေရောင်ကဆက်ပြော၏

"မင်းက သိမ်သိမ်မွေ့မွေ့နေတတ်သူဆိုတာ အစ်ကို အကဲခတ်ပြီးသားပါ၊ပြီးတော့ နှစ်ယောက်တည်းရှိတဲ့အချိန် bossလို့မခေါ်ပါနဲ့လား"

"ခင်ဗျာ!"

"ရင်းရင်းနှီးနှီးပေါ့"

"ဟုတ်ကဲ့ ကိုခေတ်!"

ရင်းရင်းနှီးနှီး ဆိုတော့လဲ ကောင်းပါတယ်၊ အလုပ်ရှင်နဲ့ ညီအကိုလို
ဆက်ဆံရေးရဖို့ဆိုတာ လိုတာထက်ပိုခဲယဥ်းတာပဲထင်တယ်။
ရင်းနှီးတယ်ဆိုတိုင်းလဲ တစ်ခြားလူတွေအမြင်ကိုတော့ ဂရုစိုက်ဖို့လိုသေးတယ်၊ အလုပ်ရှင်နဲ့အမြဲတမ်း နီးနီးကပ်ကပ်ရှိနေပြန်လျှင်လဲ
သူများအမြင်မှာ ကိုယ့်ကို ကပ်ဖားယက်ဖားလုပ်တယ် ထင်ကြမှာပဲလေ။ဒီလိုအထင်မခံနိုင်တာမလို့ ဒါလေးတစ်ခုတော့သတိပြုရမည်။

နေရောင်ကားမောင်းရင်းနှင့် ခန့်ဆက်ကို တစ်ချက်စောင်းငဲ့ကြည့်လေသည်။ဘာလို့ရယ်မသိ။ တိုင်း ထိုကောင်လေးပုခုံးဖက်လိုက်တာမြင်ပြီး ကတည်းက ခေတ်နေရောင် အလိုမကျသလိုခံစားရတာဖြစ်
သည်။သို့ပေမယ့် သူ့ကိုပဲ ထိုအချိန်က တိုင်းပယ်ထားသလိုခံစားရတာကြောင့်လား၊ ဒါမှမဟုတ် ထိုကောင်လေးကိုပဲ သူ့အလုပ်သမားမလို့မကြိုက်တာကြောင့်ပဲလားတွေးမိသည်။သို့သော်၊ ထိုကလေးကလဲ
တိုင်းနှင့် ငယ်ငယ်ကတည်းက ရင်းနှီးလာခဲ့တာပဲမလား။ တစ်ခုခုကို
တော့ အလိုမကျသလိုပါပဲ။ဒါပေမယ့် ဘာကိုအလိုမကျဖြစ်နေမှန်း နေရောင် သေချာမသိချေ။

####################

Zawgyi

Ring!Ring!

ဘုန္းဆက္ကို ေဆးထည့္ေပးေနတုန္းမွာပဲ စားပြဲေပၚက ဖုန္းသံေၾကာင့္တိုင္းမ်က္ေမွာင္တစ္ခ်က္ကုပ္လိုက္ၿပီး အနာက်က္ေဆးဘူးကို ျပန္ပိတ္ကာ အကိုက္အခဲေပ်ာက္ေဆးေပးရင္းဘုန္းဆက္ကိုၾကည့္လိုက္၏။ၿပီးမွ....

"ေဆးထည့္ၿပီးၿပီ၊ အခန္းထဲက ထြက္ေတာ့"

"ကြၽန္ေတာ္ေစာင့္ေပးမယ္"

ဘုန္းဆက္ကိုမ်က္မွန္ပင့္ၾကည့္ၿပီး စားပြဲဆီသြားကာတိုင္း ဖုန္းကိုကိုင္လိုက္ေတာ့သည္။

"hello ေဖေဖ"

"သား!ဟိုတယ္ကိစၥျပႆနာတက္ေနၿပီ"

"ဘာျဖစ္တာလဲ"

"website မွာ ေဝဖန္မႈေတြအမ်ားႀကီးပဲသားမသိေသးဘူးလား"

တိုင္းက ဘုန္းဆက္ကို လွမ္းၾကည့္ၿပီး macbookကိုယူခိုင္းလိုက္၏။တစ္ဆက္တည္းမွာပဲ ဘုန္းဆက္က macbookကို စားပြဲေပၚခ်ေပးလိုက္သည္ႏွင့္ websiteထဲဝင္ၾကည့္လိုက္ေတာ့

~ဟိုတယ္ က လုံၿခဳံေရး တင္းၾကပ္မႈလဲမရွိဘူး

~အၾကမ္းဖက္သမားက စိတၱဇေရာမျဖစ္နိုင္ဘူးလား

~ဟိုတယ္ ဘက္က ဘာမွေျဖရွင္းခ်က္မထုတ္ေတာ့ဘူးလား၊သတို႔
သမီးတစ္ေယာက္လုံးကို ဓားစာခံဖမ္းတာေလ

~အမယ္ေလး!သူေဌးမင္းရဲ႕ သားေတာင္ အၾကမ္းဖက္ခံလိုက္ရတာေလ၊ နင္တို႔နည္းနည္းပါးပါး ကိုယ္ခ်င္းစာအုံး

~ၾကယ္ငါးပြင့္ ဟိုတယ္ႀကီးတစ္ခုျဖစ္ၿပီးေတာ့ ေျဖရွင္းသင့္ပါတယ္

~ဒီလိုပုံစံ ဆိုေနာက္ ဘယ္လိုလုပ္ၿပီး ဒီဟိုတယ္မွာ တည္းရမလဲ

~လုံၿခဳံေရးေတြက ဘာလုပ္ေနလို႔မသိရတာလဲ

~အမရာ ေလးေရာ အဲ့ခန္းမထဲမွာရွိေနခဲ့သလား၊ေျပာၾကပါအုံး(ပုံ/အမရာ ရဲ႕အမာခံfan)

~ဟိုတယ္ကိုခ်ိတ္ထားတဲ့ဘိုကင္ေတြအကုန္ျဖဳတ္ၿပီပဲ

~ဟိုတယ္ဘက္ကေျဖရွင္းခ်က္ကိုေစာင့္ေနပါတယ္

~ဒီလိုေပါ့ေလ်ာ့တဲ့ဟိုတယ္ကို တည္းတဲ့လူေတြအတြက္ရင္ေလးတယ္"

~အက်ိဳးနည္း နိုင္ငံတကာထိပါ ေအာင္ျမင္ေနတဲ့ ဟိုတယ္လုပ္ငန္းစုႀကီးက လုံၿခဳံေရးေလးေတာင္မတင္းၾကပ္ထားနိုင္ဘူးတဲ့

~security လိုရင္ ေခၚပါအုံး ke ke...

"ဘုန္း!"

commentေတြကို ဆက္မဖတ္ေတာ့ပဲ macbook ပိတ္ခ်လိဳက္၏။ ၿပီးေတာ့ ဖုန္းကိုင္ထားရင္း

"သတင္းစာရွင္းလင္းပြဲ လုပ္ရမယ္လို႔ထင္တယ္ေဖေဖ"

"ေဖေဖလဲ အဲ့သလိုေတြးေနတာ ဟိုတယ္ရဲ႕ image လဲေတာ္ေတာ္ထိခိုက္သြားၿပီး စေတာ့ရွယ္ယာေတြပါ ထိုးက်လာတယ္"

"သတင္းစာရွင္းလင္းပြဲ အတြက္ျပင္ဆင္ထားလိုက္မယ္"

"သားမတက္နဲ႕ ေဖေဖကိုယ္တိုင္ပဲတက္မယ္"

"ကြၽန္ေတာ္အခု ဟိုတယ္ကိုလာခဲ့မယ္"

တစ္ဖက္ကေျပာၿပီးဖုန္းခ်သြားေတာ့မွ ဦးမင္းထည္ဝါ သက္ျပင္းေငြ႕ေငြ႕ခ်လိဳက္၏၊ Lattop ထဲမွ ဆက္တိုက္က်ေနတဲ့ စေတာ့ရွယ္ယာေတြကိုၾကည့္ၿပီး နားထင္ေသြးေၾကာမ်ားတင္းခနဲလႈပ္ခတ္ေနေလသည္။ဒီဟိုတယ္ရဲ႕imageကိုနည္းနည္းေလးမွအထိခိုက္မခံနိုင္ပါ၊ဒီလို ေအာင္ျမင္လာဖို႔ ေသြးေခြၽးရင္းထားခဲ့ရတာလြယ္ကူတဲ့အရာမွမဟုတ္တာ။ သူ႕ဘဝတစ္ေလွ်ာက္လုံးအခ်ိန္ေတြအားလုံးကို ဒီဟိုတယ္မွာပဲ ျမႇုပ္ႏွံထားခဲ့ရတာ ဒီလိုမ်ိဳးေတာ့အျဖစ္မခံနိုင္။ ဦးမင္းထည္ဝါ Lattop ပိတ္ကာစာ႐ြက္စာတမ္းေတြျပင္ၿပီးသည္ႏွင့္ မန္ေနဂ်ာေခၚလိုက္ၿပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ရန္ သတင္းေထာက္ေတြကိုအေၾကာင္းၾကားခိုင္းလိုက္ေတာ့၏။ ခဏၾကာမွ မန္ေနဂ်ာျပန္ဝင္လာ၍

"သတင္းေထာက္ေတြကိုအေၾကာင္းၾကားၿပီးပါၿပီ သူေဌးမင္း၊ပြဲကေတာ့ ၅နာရီေလာက္စရပါမယ္၊"

"ခန္းမကိုေသခ်ာျပင္ဆင္ထားလိုက္"

"ဟုတ္ကဲ့ပါ"

မန္ေနဂ်ာျပန္ထြက္သြားမွဦးမင္းထည္ဝါ နားထင္ကိုလက္ျဖင့္ဖိႏွိပ္ေနလိုက္ေတာ့သည္။

Luxury Carေလး ဟိုတယ္ေရွ႕ေရာက္သည္ႏွင့္ တိုင္းမ်က္မွန္ပင့္ကာ မ်က္ခုံးတန္းေတြစုကုပ္သြားျပန္သည္။ဟိုတယ္အေရွ႕ဘက္မွာ သတင္းေထာက္ေတြေရာလူစုလူေဝးႀကီးျဖစ္ေနသျဖင့္ ကားဝင္ဖို႔လမ္းပင္မရွိ။ ကိုစိုးလင္းက ကားမွန္ထဲကေန တိုင္းကိုၾကည့္၏၊

"သခင္ေလး ဟိုတယ္ေရွ႕မွာလူေတြပိတ္ေနတယ္"

"ဟိုတယ္ကို ပတ္ၿပီး အေနာက္ဘက္ကေနဝင္လိုက္"

"ဟုတ္ကဲ့ပါ"

ဘုန္းဆက္ကေတာ့ လူအုပ္ႀကီးကိုၾကည့္ရင္း မ်က္ႏွာတစ္ခ်က္မဲ့လိုက္၏ တိုင္းကိုျပန္ၾကည့္လိုက္ေတာ့ ေအးတိေအးစက္ႏွင့္ ႏႈတ္ခမ္းေပၚမွ ေကာက္ေၾကာင္းေတြကေတာ့ တင္းတင္းေစ့ပိတ္ထားသည့္တိုင္မာန္အျပည့္ျဖစ္သည္။မ်က္ႏွာထားမွ မ်က္ဝန္းေတြကေတာ့ စိတ္ရႈတ္ေနသည့္ပုံစံပင္။ ကိုစိုးလင္းက အေနာက္ဘက္ကေနပတ္ဝင္လာၿပီး parking ထိုးလိုက္သည္ႏွင့္ ဦးမင္းထည္ဝါ ကအသင့္ေစာင့္ေနသည္။ တိုင္းကားေပၚကဆင္းၿပီး ဦးမင္းထည္ဝါႏွင့္အတူ officeဆီေလွ်ာက္လာရင္း

"သတင္းစာရွင္းလင္းပြဲကို ကြၽန္ေတာ္ပဲတက္လိုက္ပါမယ္"

"မဟုတ္ဘူး၊ ေဖေဖကိုယ္တိုင္ပဲတက္လိုက္မယ္၊ ဟိုတယ္ရဲ႕ သူေဌးမင္းျဖစ္ေနၿပီး လူေရွ႕႐ုပ္လုံးထြက္မျပရင္ ဧည့္သည္ေတာ္ ေတြကိုေရာသတင္းေထာက္ေတြကိုေရာ မေလးစားရာ ေရာက္သြားလိမ့္မယ္"

႐ုံခန္းေရာက္သည္ႏွင့္LED TVဖြင့္လိုက္ေတာ့ သတင္းေတြကတက္လာေနၿပီျဖစ္သည္။ဟိုတယ္ေရွ႕မွာ စု႐ုံးေနကာ ထင္ျမင္ခ်က္ေတြအသီးသီးႏွင့္ သတင္းေထာက္တစ္ေယာက္ကို တစ္ေလသံႏွင့္အေယာက္တစ္ရာရွိလွ်င္ စကား၁၀၀ေလာက္က ဦးမင္းထည္ဝါ ကိုပိုၿပီး ဖိစီးေစေလသည္။ နာမည္ရွိ ဟိုတယ္တစ္ခုအပါအဝင္ျဖစ္တာေၾကာင့္ ဒီသတင္းဟာ ဟိုတယ္ေတြလုပ္ငန္းေတြ ၊ ခရီးသြားဧည့္သည္ေတြ၊ႏွင့္ၿပိဳင္ဘက္ဟိုတယ္ေတြအၾကား ဆြဲေဆာင္မႈ ရွိေနတဲ့သတင္းတစ္ခုဆိုသည္မွာလဲမမွား။ စေတာ့ရွယ္ယာေတြကလဲ သူ႕ထက္ငါအၿပိဳင္ျဖစ္ေနၾကတာမလို႔ပင္။ဘာေျပာေကာင္းမလဲ၊ ဒီလိုအခ်ိန္က ၿပိဳင္ဘက္ေတြအတြက္ ပိုေတာင္ေကာင္းေနမလားမသိေခ်။

Royal Palace ဟိုတယ္ကို backgroundယူၿပီး Marketingဆင္းတာေတြကလဲရွိသည္။ Royal Palace ဟိုတယ္ ထက္ လုံၿခဳံမႈပိုေကာင္းၿပီးအစားအေသာက္ေတြမွာလဲပိုၿပီးအရသာရွိ၊ ဝန္ေဆာင္မႈေတြကလဲထူးျခားေနေစရမယ္ဆိုၿပီးAttention ယူတဲ့ ေၾကာ္ျငာေတြကလဲအမ်ားသား။သို႔ေပမယ့္ Royal Palace Hotelလုပ္ငန္းစုဆိုတာ လြယ္လြယ္ၿပိဳကြဲသြားမွာမဟုတ္။

ထိုစဥ္႐ုံးခန္းထဲကို မန္ေနဂ်ာေရာက္လာၿပီး...

"သူေဌးမင္း ပြဲစပါၿပီ၊ခန္းမထဲကို သတင္းေထာက္ေနေရာက္ေနၾကၿပီ"

"အင္း!"

ဦးမင္းထည္ဝါ ဆိုဖာေပၚမွထရပ္လိုက္ၿပီး TVပိတ္ကာ သတင္းစာရွင္းလင္းပြဲ ခန္းမသို႔ေရာက္လာခဲ့သည္။ခန္းမထဲဝင္လာသည္ႏွင့္တစ္ၿပိဳင္နက္ သတင္းေထာက္ေတြက ဓာတ္ပုံေတြ ၿဖိဳးၿဖိဳးဖ်က္ဖ်က္ရိုက္ေနၾက၏။ တိုင္းႏွင့္ ဘုန္းဆက္ကေတာ့ stageနားသားမွာသာရပ္ေနေလသည္။ထိုစဥ္သတင္းေထာက္တစ္ဦးမွ...

"အခုဒီကိစၥျဖစ္ပြားရျခင္းနဲ႕ပတ္သတ္ၿပီး သူေဌးမင္း ဘယ္လိုတာဝန္ယူဖို႔ဆုံးျဖတ္ထားပါသလဲ"

"အၾကမ္းဖက္သမားက အဲ့ဒီေန႕မွာတင္ဖမ္းမိၿပီးစခန္းကိုေရာက္သြားတယ္၊ ေသခ်ာေပါက္ သတို႔သမီးဘက္မွတရားစြဲမွာပါ၊ေနာက္ၿပီး ဒီလိုျဖစ္လာရတဲ့အတြက္ ကြၽန္ေတာ္တို႔ ဟိုတယ္ဘက္ကေန အထူးပင္စိတ္မေကာင္းျဖစ္ရတယ္၊ ေနာက္ေနာင္ ဒီလိုမ်ိဳးမျဖစ္ေစရပါဘူးလို႔၊ အာမခံပါတယ္၊ကြၽန္ေတာ္တို႔ ဟိုတယ္မွာ တည္းခိုၾကတဲ့ ဧည့္သည္ေတာ္လူႀကီးမင္းတို႔ကိုလဲ စိတ္ပ်က္ေစမိတဲ့အတြက္အထူးပင္အားနာရပါတယ္၊ ကြၽန္ေတာ္တို႔ဘက္က ေနာက္ဒီလိုကိစၥေတြမ်ိဳး ထပ္မျဖစ္ေအာင္ ထိထိေရာက္ေရာက္တာဝန္ယူေျဖရွင္းသြားမွာပါ၊ ၿပီးေတာ့ သတို႔သမီး မိသားစုကိုလဲ ဒီေနရာကပင္ အထူးေတာင္းပန္ပါတယ္၊လိုအပ္လွ်င္ ဟိုတယ္နဲ႕ေဆြးႏြေးတိုင္ပင္လို႔ရပါတယ္"

"သူေဌးမင္းရဲ႕သား တိုင္းခမ္းအာဏာလဲ ထိခိုက္သြားတယ္လို႔ၾကားထားပါတယ္၊ အဲ့ဒီခန္းမထဲမွာရွိခဲ့လို႔ပါသလား"

"ရွိေနခဲ့ပါတယ္၊ ဟိုတယ္ ဝန္ထမ္းေတြလဲ ရွိေနခဲ့ပါတယ္"

"ဝန္ထမ္းေတြေရာ ေဘးကင္းခဲ့ပါသလား"

"ေဘးကင္းခဲ့ပါတယ္၊ ထိခိုက္နစ္နာမႈေတြမရွိခဲ့ပါဘူး ၊အဓိက ကြၽန္ေတာ္တို႔ ဟိုတယ္ ရဲ႕ေပါ့ေလ်ာ့မႈျဖစ္သြားတဲ့အတြက္လုံၿခဳံေရးတိုးျမႇင့္မထားနိုင္ခဲ့မိတာေၾကာင့္Royal Palace ဟိုတယ္လုပ္ငန္းစုကေန အကုန္လုံး ကိုအႏူးအၫြန့္ ေတာင္းပန္အပ္ပါတယ္၊ လုံၿခဳံေရးပိုတိုးျမႇင့္ထားမွာျဖစ္ၿပီး ဝန္ေဆာင္မႈပိုင္းအေနနဲ႕ ေျပာစရာမလိုေအာင္ ကိုလူႀကီးမင္းတို႔စိတ္တိုင္းက်ျဖစ္ေစရပါမယ္"

သတင္းေထာက္ေတြတစ္ေယာက္တစ္ေပါက္ႏွင့္ Lattop မွာ ေမးရင္း မွတ္တမ္းေရးရင္းႏွင့္ တစ္နာရီေလာက္ အျငင္းအခုံျဖစ္ၿပီးၾကာၾကာမွာ သတင္းစာရွင္းလင္းပြဲႀကီးၿပီးေျမာက္သြားခဲ့၏၊ ခန္းမထဲမွ လူေတြျပန္ထြက္သြားမွ တိုင္းက ဦးမင္းထည္ဝါ အနားသြားရပ္လိုက္ေတာ့သည္။ ၿပီးမွ...

"ေဖေဖ အဆင္ေျပရဲ႕လား"

"ေျပတယ္သား"

ပါးစပ္ကသာေျပတယ္ ေျပာေနေသာ္လည္း မ်က္ႏွာအမူအရာကေတာ့မေကာင္း။ တိုင္း ဖေအျဖစ္သူေနာက္မွေလွ်ာက္လာရင္း ႐ုံးခန္းထဲျပန္ေရာက္သည္ႏွင့္ ဦးမင္းထည္ဝါက တိုင္းကိုၾကည့္၏။ ထို႔ေနာက္...

"မင္းတို႔ႏွစ္ေယာက္စလုံးဒဏ္ရာသက္သာလား"

"ကြၽန္ေတာ္သက္သာပါတယ္ သြင္ကေတာ့ေဆးျပန္ထည့္ေပးထားရတယ္"

"ဒီလိုအခ်ိန္ အိပ္ေဆာင္မွာအနားယူသင့္တယ္"

ဦးမင္းထည္ဝါ စကားေၾကာင့္ တိုင္းမ်က္ခုံးတန္းေတြစုကုပ္သြား၏၊ဘုန္းဆက္က ေခါင္းရမ္းလိုက္သည္။

"သခင္ေလးကို ေစာင့္ေရွာက္ဖို႔ကြၽန္ေတာ္ရွိေနမွျဖစ္မွာ၊ဒဏ္ရာကသက္သာေနပါၿပီ"

ဦးမင္းထည္ဝါ ေခါင္းၿငိမ့္လိုက္ၿပီးစားပြဲေပၚမွာ တင္ထားသည့္ ဖိုင္တြဲတစ္ခုအားတိုင္းထံေပးလိုက္ေတာ့သည္။

"ဟိုတယ္အသစ္ေဆာက္မယ့္ projectအတြက္ပဲ၊ ေနာက္ရက္ဒီ
projectအတြက္ meetingရွိတယ္"

"ဟုတ္ကဲ့ပါ၊ ေဖေဖလဲနားပါေတာ့"

ေျပာၿပီး ႐ုံးခန္းထဲမွျပန္ထြက္လာေတာ့ ဘုန္းဆက္ပါေျခႏွစ္လွမ္းအကြာမွလိုက္ပါလာရင္း

"ခင္ဗ်ားအဆင္ေျပရဲ႕လား"

ဖိုင္တြဲဖြင့္ၾကည့္ရင္းနဲ႕မွ တိုင္းေနာက္ျပန္လွည့္ၿပီး မ်က္မွန္ပင့္တင္ကာ

"ဘာကိုလဲ"

"အခုကိစၥအတြက္"

"ေနရာတိုင္း၊အလုပ္တိုင္းမွာ ဖိအားဆိုတာရွိတယ္ ေလာေလာဆယ္ projectအတြက္ပဲအာ႐ုံစိုက္ရမယ္"

"ကြၽန္ေတာ္သိထားတဲ့ တိုင္းက စိတ္ဓာတ္မာၿပီးသားပါ"

"ခ်ီးက်ဴးတာလား၊႐ြဲ႕တာလား"

"အဟြန္း!"

တိုင္းဖိုင္တြဲၾကည့္ရင္း ႐ုံးခန္းထဲဝင္သြားေတာ့ ဘုန္းဆက္အျပင္မွက်န္ခဲ့ျပန္သည္။ တိုင္းကေတာ့ ႐ုံးခန္းထဲေရာက္သည္ႏွင့္ ေၾကျငာ ကိစၥအတြက္ airline ticketဘိုကင္ ႏွင့္ နာမည္ႀကီး make up artist ကိုဆက္သြယ္လိုက္၏၊ ၿပီးေတာ့ တစ္ဖက္နိုင္ငံမွဟိုတယ္ႏွင့္လဲ အခ်ိတ္အဆက္ျပဳလုပ္သည္။ထိုစဥ္ မန္ေနဂ်ာတစ္ေယာက္ဝင္လာၿပီး

"ကိုခမ္း! stylistက ေနမေကာင္းျဖစ္ေနလို႔ မလိုက္နိိုင္ေလာက္ဘူးတဲ့"

"ဟိုဘက္နိုင္ငံ ေရာက္မွပဲ ဟိုဘက္hotelကအကုန္စီစဥ္ေပးဖို႔ေျပာ
ထားၿပီးၿပီ"

"ဟူတ္ကဲ့ ဒါကေတာ့ ေမာ္ဒယ္ ကြာလာလမ္ပူေရာက္ရင္ ရိုက္ကူးေရးျပဳလုပ္ရမယ့္ schedule ေတြပါ.."

"အင္းထားခဲ့လိုက္"

မန္ေနဂ်ာျပန္ထြက္သြားသည္ႏွင့္ ဖေအျဖစ္သူေပးလိုက္တဲ့ ဖိုင္ကိုဖြင့္ၾကည့္လိုက္ေတာ့ တိုင္းပင့္သက္ရွိုက္လိုက္၏၊ ဟိုတယ္ project အတြက္ ခရီးထြက္ရအုံးမည္ထင္ပါရဲ႕...။

>>>>>>>>>>

TVမွာျပေနသည့္ သတင္းစာရွင္းလင္းပြဲၾကည့္ၿပီးေနာက္ ဒီဇိုင္နာမိန္းကေလးေတြေရာ ေခတ္ေနေရာင္ေရာ သက္ျပင္းခ်မိေလသည္။ခန့္ဆက္ကေတာ့ ႐ုံးခန္းငယ္ေလးထဲမွာ ပုံထိုင္ဆြဲေန၍ဘာမွမသိ။ အလုပ္တစ္ခုတည္းကိုသာ အာ႐ုံစိုက္တတ္တာေလးေတာ့ေနေရာင္သေဘာက်မိပါသည္။ ၿပီးေတာ့ ပုံစံက ကိုယ္နဲ႕မဆိုင္ဘူးထင္ရင္ ဘယ္အရာကိုမွ စိတ္မဝင္စားတတ္သည့္ ေကာင္ကေလးပါပဲ။

ထိုစဥ္ အင္ၾကင္းထရပ္၍TVပိတ္လိုက္စဥ္ဆိုင္ထဲ ဝင္လာသည့္ ဧည့္သည္အားၾကည့္လိုက္ၿပီး အင္ၾကင္းမ်က္ဝန္းေလးမ်ား လက္ခနဲ ျဖစ္သြား၏၊ ထိုသူကေတာ့ တျခားမဟုတ္။ နိုင္ငံေက်ာ္ မင္းသမီး တစ္ဦးပင္ျဖစ္သည္။သို႔ေသာ္ သူမအေနခက္မည္စိုး၍ပုံမွန္အတိုင္းေလးသာေနလိုက္ၿပီး

"အမ order အပ္မလို႔လား"

"ဟုတ္တယ္၊ Birthday အတြက္ေလ"

"ခဏေလး ထိုင္ေစာင့္ေနပါေနာ္"

အင္ၾကင္းကဆိုင္းအတြင္းခန္းထဲသို႔ တစ္ခဏဝင္သြားၿပီးမွ ျပန္ထြက္လာ၏။ လက္ထဲမွကိုင္ထားသည့္္္ dress magazine ကိုေရွ႕ခ်ေပးလိုက္သည္။ ၿပီးေတာ့ ခန့္ဆက္ ေရးဆြဲထားသည့္ ဒီဇိုင္းစာအုပ္ကိုပါခ်ေပးလိုက္ကာ

"ဒီစာအုပ္ထဲက အမႀကိဳက္တဲ့ ဒီဇိုင္းပုံေလးေတြ ရွိလဲ ေျပာလို႔ရတယ္၊ ဒါမွမဟုတ္လဲ ဒီဇိုင္ေရးဆြဲထားတဲ့အထဲမွ အမႀကိဳက္တာမ်ိဳးေလးေပါ့၊ မဟုတ္လဲ အမစိတ္ကူးရွိတဲ့အတိုင္း ေျပာလို႔ရပါတယ္ရွင့္"

"ဂါဝန္ကိုမွ လည္ပင္းVပုံ႑န္ေလးမွာ ဇာလွိုင္းတြန့္ေလးေတြကပ္ခ်င္တယ္ ဂါဝန္အေနာက္ဘက္ကို အရွည္ခ်ၿပီး ႏွစ္ထပ္လွိုင္းတြန့္ေလး"

"vintage dressကိုေျပာတာလား"

"ဟုတ္တယ္၊ ကိုယ္က အဲ့သလိုပုံစံေလးမေျပာတတ္လို႔ ဖိနပ္ကိုေတာ့ေလ Lady Shoes အနက္ေလးေပၚမွာမွ ဖဲျပားပုံစံကေလး ေပါ့"

"ဟူတ္ကဲ့ပါ"

သူမေျပာသည့္ဒီဇိုင္းအားမ်က္လုံးထဲပုံေပၚလာသည္ႏွင့္တၿပိဳင္နက္ အင္ၾကင္းက ပိတ္ထည္ကို တိုင္းတာၿပီး ေပႀကိဳးျဖင့္ဧည့္သည္မိန္းကေလးအား ကိုယ္တိုင္းယူေနလိုက္၏၊ ေနေရာင္က လက္ပိုက္
ၾကည့္ေနစဥ္မွာပဲ designေရးဆြဲသည့္စာအူပ္ကိုင္ၿပီးထြက္လာ
သည့္ ခန့္ဆက္ကိုေတြ႕ေတာ့

"ဒီဇိုင္း ဆြဲၿပီးၿပီလား"

"ခင္ဗ်ာ!ဟူတ္boss"

"ဒါဆို ေစ်းခဏသြားရေအာင္ အထုတ္သယ္မယ့္လူေစာင့္ေနတာ"

"ဘယ္ေစ်းလဲ၊ အထုတ္က ကြၽန္ေတာ္သယ္ရမွာလား"

"အင္း"

ခန့္ဆက္က ဒီဇိုင္းစာအုပ္ကို ခဏခ်ခဲ့ၿပီး ေနေရာင္ႏွင့္လိုက္လာခဲ့၏။
ေရွာ့ပင္းစင္တာ ေရာက္ေသာ္လည္း အထည္ေတြလိုက္ၾကည့္၊ ပိတ္သားအရည္အေသြးေတြလိုက္ၾကည့္ရင္း စိတ္ႀကိဳက္မေတြ႕ရတာေၾကာင့္ေနေရာင္စိတ္အိုက္လာပုံေပၚသည္။ ရာသီဥတုကလဲပူတာမလို႔ ေခြၽးဒီးဒီး က်ေနတာေတာင္ ဟိုသြားဒီသြားႏွင့္သာအခ်ိန္ကုန္ေနေလသည္။၃နာရီေလာက္ ၾကာၿပီးအထည္ဆိုင္ႀကီးတစ္ဆိုင္ဝင္ၾကည့္မွ...

"ပိုးေျပာင္အေကာင္းထဲက ပိတ္အုပ္ေလးေတြျပေပးပါ၊ ျပင္သစ္ဇာ၊
ဂ်ပန္ဇာေလးေတြေရာေပါ့ branded ေတြထဲကပဲ ျပေပးပါ"

ဆိုင္ရွင္ျပေပးသည့္ ပိတ္အုပ္အရည္အေသြးႏွင့္ အေရာင္တြဲစပ္ပုံစံေတြၾကည့္လိုက္ႏွင့္ စိတ္တိုင္းက်သည္အထိ စိတ္ႀကိဳက္ရွာလိုက္ေတာ့သည္။ သို႔ေပမယ့္ အခ်ိန္ကေတာ္ေတာ္လင့္သြားပုံရ၏၊ ေမွာင္ရီၿပိဳးစမွ စိတ္ႀကိဳက္အထည္လိပ္ေတြေ႐ြးထုတ္လိုက္ေတာ့သည္။ထို႔ေနာက္...

"ဒါေတြအကုန္လုံးဘယ္ေလာက္က်လဲ"

"၅၆သိန္းပါ"

"သိန္း၅၀ပဲထားလိုက္"

"ဟင္!"

ေနေရာင္ ေငြရွင္းရန္ cardထုတ္လိုက္စဥ္မွာပဲ ေဘးသို႔လွည့္ၾကည့္လိုက္၏။ဆိုင္ရွင္က အစ ခန့္ဆက္ကိုျပဴးေၾကာင္ေၾကာင္ၾကည့္ေနေလသည္။ထို႔ေၾကာင့္ေနေရာင္ အေနခက္သြားကာေခ်ာင္းဟန့္ရင္း ခန့္ဆက္ပုခုံးကိုဆြဲလွည့္၍ ဆိုင္ဝင္ေပါက္မွာခ်ိတ္ဆြဲထားသည့္ ဆိုင္းဘုတ္ကိုလက္ညွိုး ၫႊန္ျပ၏၊ထို႔ေနာက္...

"ဟိုမွာေတြ႕လား တစ္ခြန္းဆိုင္တဲ့"

"အဲ!"

အူေၾကာင္ေၾကာင္ျဖစ္သြားသည့္ ခန့္ဆက္ကိုၾကည့္ရင္းအံ့ၾသသြားရ၏။ဒီေကာင္ေလး တစ္ကယ္ထူးဆန္းပါသည္။ တစ္ခြန္းဆိုင္လာၿပီး ေစ်းဆစ္လိုက္တာက ဆိုင္ရွင္မရိုက္ထုတ္ရင္ကံေကာင္း။မတတ္နိုင္ ေလာေလာဆယ္ ကိုယ့္လက္ထဲက ရွိသည့္Bank cardကိုသာ
ေပးလိုက္ၿပီး ေစာင့္ေနလိုက္၏၊တစ္ခဏ ၾကာမွဆိုင္ရွင္ကအထုတ္ေတြကို ဂ်က္ဖာပုံးႀကီးတစ္ခုထဲ စုထည့္လိုက္ၿပီး ေနေရာင္ကိုလာေပး၏၊ ၿပီးမွ ....

"က်န္တဲ့ ပိတ္ထည္လိပ္ေတြကို deliverနဲ႕ပို႔လိုက္မယ္"

"ဟုတ္ကဲ့ပါ"

ထို႔ေနာက္ ေနေရာင္ဂ်က္ဖာပုံးေတြကို ဆြဲယူၿပီး ခန့္ဆက္ ရင္ခြင္ထဲ
ထိုးထည့္ေပးလိုက္သည္။ တစ္ခ်ိဳ႕အထုတ္ငယ္ေလးေတြကိုေတာ့ သူက ကိုင္ထားၿပီး ထြက္လာ၏။ ျပန္ထြက္လာသည့္လမ္းတစ္ေလွ်ာက္
တစ္ေယာက္တည္းသာေရွ႕ကေရာက္ႏွင့္ေနၿပီး ေနာက္မွလူမပါသလိုခံစားလိုက္ရ၍ လွည့္ၾကည့္လိုက္သည္ႏွင့္မ်က္ေမွာင္ကုပ္မိလ်က္သားျဖစ္သည္။အထုတ္ဆြဲဖို႔ေခၚလာတဲ့လူက အထုပ္မနိုင္ပဲႏွင့္ လိမ္ဖယ္ လိမ္ဖယ္ျဖစ္ေနသည္။ ခန့္ဆက္ကို ၾကည့္ရင္း ေနေရာင္မေနနိုင္ေတာ့ပဲ ေျခလွမ္းက်ဲ ႀကီးမ်ားျဖင့္ ျပန္ေလွ်ာက္လာၿပီး...လက္ထဲကဂ်က္ဖာပုံးႀကီးေတြကိုဆြဲယူလိုက္ေလသည္။

"မနိုင္ဘူးလားေပး"

"နိုင္ပါတယ္ boss"

"လုပ္မေနစမ္းနဲ႕...ယိုင္ဖယ္ ယိုင္ဖယ္နဲ႕ ကေလးက်ေနတာပဲ၊ဘယ့္ႏွယ့္အထုပ္ဆြဲဖို႔ေခၚလာပါတယ္ဆို"

ေဒါပါသည့္ေလသံ ေၾကာင့္ ခန့္ဆက္ေရငုံႏႈတ္ပိတ္ေနလိုက္ေတာ့သည္။ ဒါမ်ိဳးက်ေတာ့ တိုင္းခမ္းအာဏာ ရဲ႕သူငယ္ခ်င္းလို႔ကိုေျပာစရာမလိုပါဘူး။ ခန့္ဆက္ ကိုယ္တိုင္ကလဲ အနည္းငယ္ေတာ့အားမရ။ ဘုန္းဆက္ႏွင့္႐ုပ္ခ်င္းဆင္ေပမယ့္ ခႏၶာကိုယ္ကေတာ့ဘုန္းဆက္ထက္စာရင္ အနည္းငယ္ လူေကာင္ညွပ္တဲ့အထဲပါသည္။

ေခတ္ေနေရာင္ဆိုသည္မွာလဲ အလုပ္နဲ႕ပတ္သတ္လာရင္ အနည္းငယ္ေတာ့ ေၾကာက္ဖို႔ေကာင္းသလားမသိ။ interview ေျဖတဲ့ ရက္ကပဲ သူ႕ကိုေျပာခဲ့တာ။ေနေရာင္က ေစတနာလို႔ေျပာေပမယ့္ ခန့္ဆက္ စိတ္ထဲေတာ့ အနည္းငယ္ တစ္မ်ိဳးတစ္မည္ျဖစ္သြားခဲ့၏။ ေတြးရင္း ေအာက္ကိုပဲ ငုံ႕ၾကည့္ၿပီး လမ္းေလွ်ာက္လာေတာ့ ေနေရာင္၏ေက်ာျပင္ႀကီးကို ဝင္တိုက္မိေတာ့သည္။ ကားေနာက္ခန္းမွာ ပစၥည္းေတြ ထည့္ေနတုန္း ေနာက္မွဝင္တိုက္လိုက္ေတာ့ အနည္းငယ္ ေရွ႕ယိုင္သြားကာ....

"ေၾသာ္!ကဲ..ကားထဲ ပစၥည္းထည့္ေနတယ္ေလ မျမင္ပဲဝင္တိုက္ေနျပန္ၿပီ၊ အာ႐ုံေတြ ဘယ္လြင့္ေနတုန္း၊ နားရင္းအုပ္လိုက္ရ"

"ဟို!sorry boss!ကြၽန္ေတာ္ေျမႀကီးကိုပဲၾကည့္ေလွ်ာက္ေနမိလို႔"

"ကားထဲဝင္ "

"ဟုတ္boss"

ခန့္ဆက္ ကားထဲဝင္ထိုင္လိုက္ၿပီးသည္ႏွင့္ ေနေရာင္ကပါဝင္ထိုင္ရင္း
ကားမီးကိုဖြင့္လိုက္၏ၿပီးမွ ကားကို တစ္ျဖည္းျဖည္းေလွ်ာေမာင္းလာသည္။ ကားေလး လမ္းေပၚလွိမ့္ဝင္လာသည္ႏွင့္ ေဘးကိုငဲ့ေစာင္းကာ အျပင္သို႔ေငးေမာၾကည့္ေနသည့္ ေကာင္ကေလးကို တစ္ခ်က္ၾကည့္သည္။

"ခမ္းနဲ႕ မင္းကေတာ္ေတာ္ရင္းႏွီးတာပဲေနာ္"

"ဟုတ္တယ္၊ ငယ္ငယ္တုန္းက ကိုခမ္းလိုအပ္တာရွိရင္ ကူညီေပးတယ္ေလ၊ ကိုခမ္းကလဲ အဲ့တာေၾကာင့္ ကြၽန္ေတာ္ကိုရင္းႏွီးတာ"

"ဒါဆို ဘုန္းဆက္မႉးသြင္နဲ႕က်မွ ဘယ္လိုျဖစ္ရတာလဲ၊မင္းတို႔ႏွစ္ေယာက္က အမႊာေပမယ့္ စိတ္ကေတာ့ မတူဘူးေနာ္"

ခန့္ဆက္ဘာမွမေျပာပဲၿငိမ္ေနလိုက္သည္။ ေနေရာင္ကဆက္ေျပာ၏

"မင္းက သိမ္သိမ္ေမြ႕ေမြ႕ေနတတ္သူဆိုတာ အစ္ကို အကဲခတ္ၿပီးသားပါ၊ၿပီးေတာ့ ႏွစ္ေယာက္တည္းရွိတဲ့အခ်ိန္ bossလို႔မေခၚပါနဲ႕လား"

"ခင္ဗ်ာ!"

"ရင္းရင္းႏွီးႏွီးေပါ့"

"ဟုတ္ကဲ့ ကိုေခတ္!"

ရင္းရင္းႏွီးႏွီး ဆိုေတာ့လဲ ေကာင္းပါတယ္၊ အလုပ္ရွင္နဲ႕ ညီအကိုလိုဆက္ဆံေရးရဖို႔ဆိုတာ လိုတာထက္ပိုခဲယဥ္းတာပဲထင္တယ္။
ရင္းႏွီးတယ္ဆိုတိုင္းလဲ တစ္ျခားလူေတြအျမင္ကိုေတာ့ ဂ႐ုစိုက္ဖို႔လိုေသးတယ္၊ အလုပ္ရွင္နဲ႕အၿမဲတမ္း နီးနီးကပ္ကပ္ရွိေနျပန္လွ်င္လဲ
သူမ်ားအျမင္မွာ ကိုယ့္ကို ကပ္ဖားယက္ဖားလုပ္တယ္ ထင္ၾကမွာပဲေလ။ဒီလိုအထင္မခံနိုင္တာမလို႔ ဒါေလးတစ္ခုေတာ့သတိျပဳရမည္။

ေနေရာင္ကားေမာင္းရင္းႏွင့္ ခန့္ဆက္ကို တစ္ခ်က္ေစာင္းငဲ့ၾကည့္ေလသည္။ဘာလို႔ရယ္မသိ။ တိုင္း ထိုေကာင္ေလးပုခုံးဖက္လိုက္တာျမင္ၿပီး ကတည္းက ေခတ္ေနေရာင္ အလိုမက်သလိုခံစားရတာျဖစ္သည္။သို႔ေပမယ့္ သူ႕ကိုပဲ ထိုအခ်ိန္က တိုင္းပယ္ထားသလိုခံစားရတာေၾကာင့္လား၊ ဒါမွမဟုတ္ ထိုေကာင္ေလးကိုပဲ သူ႕အလုပ္သမားမလို႔မႀကိဳက္တာေၾကာင့္ပဲလားေတြးမိသည္။သို႔ေသာ္၊ ထိုကေလးကလဲတိုင္းႏွင့္ ငယ္ငယ္ကတည္းက ရင္းႏွီးလာခဲ့တာပဲမလား။ တစ္ခုခုကိုေတာ့ အလိုမက်သလိုပါပဲ။ဒါေပမယ့္ ဘာကိုအလိုမက်ျဖစ္ေနမွန္း ေနေရာင္ ေသခ်ာမသိေခ်။

####################

Continue Reading

You'll Also Like

127K 5.7K 58
𝗕𝗶𝗹𝗹𝗶𝗼𝗻𝗮𝗶𝗿𝗲 𝗿𝗼𝗺𝗮𝗻𝗰𝗲 𝗘𝗸𝗮𝗻𝘀𝗵 𝗥𝗮𝗴𝗵𝘂𝘃𝗮𝗻𝘀𝗵𝗶 ☆ The CEO of 'Raghuvanshi Group' also an underground Mafia. A typical cold...
1.5M 103K 197
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
878K 74.8K 129
This is the continuation of short story collection 'Love me thoda aur '.
825K 39.4K 26
1950s. ***Story contains mature scenes and Hindi phrases which are not translated in english*** Abhigyan Singh, a Sarpanch of the village named 'Tara...