Written in the stars | SungJe...

By xx-archives

3.4K 312 94

He's an analgesic as well as a heartache. [ Written in Burmese ] More

02.
03.
04.

01.

1.4K 96 20
By xx-archives

" Jay J. Park posted a new photo. "

ဆတ်ခနဲ တုန်ခါသွားတာဟာ လက်ထဲက ဖုန်းလေးမဟုတ်ဘဲ ပတ်ဆောင်းဟွန်းရဲ့ ဝဲဘက် ရင်အုံထဲက နှလုံးသားလေး ဖြစ်မယ် ထင်ပါတယ်။ မမြင်ရတာ ကြာတဲ့ နာမည်တစ်ခု၊ နှလုံးသားရဲ့ နံရံပေါ်မှာ တက်တူးလို တည်ရှိနေတဲ့ နာမည်တစ်ခုက .. သုံးနှစ်အကြာမှာ သူ့မျက်စိရှေ့ ပြန်ပေါ်လာခဲ့တယ်။ ဘာသဲလွန်စလေးမှ မပေးဘဲနဲ့ ... ကြိုတင်အကြောင်းကြားခြင်းလေးတောင် မရှိပါဘဲနဲ့လေ။

ဖုန်းမျက်နှာပြင်ပေါ်က ဓာတ်ပုံကိုကြည့်ရင်း ဆောင်းဟွန်း မျက်ဝန်းတွေက သူကိုယ်တိုင်တောင် မသိလိုက်ဘဲ စိုစွတ်လာတယ်။ ရင်ဘတ်ထဲမှာ ပရွက်ဆိတ်လေးတွေ ကိုက်နေတာများလား။ တဆစ်ဆစ်နဲ့ နာကျင် ကိုက်ခဲနေလိုက်တာများ အသက်ရှုဖို့တောင် ခက်တယ်။

မျက်စိရှေ့က ဖုန်းမျက်နှာပြင်ပေါ် မှာ မြင်နေရတာက သူတို့တက်ခဲ့ဖူးတဲ့ ကျောင်း campus။ စီစီရီရီ စိုက်ထားတဲ့  ပန်းပင်လေးတွေ။ သစ်ပင်အုပ်အုပ်တွေ။ သံချေးတက်နေတဲ့ ဝရန်တာ လက်ရန်းတွေ။ ရွက်ဝါတွေ ပြည့်နေတဲ့ လမ်းကျဉ်းလေးတွေ။ သူ့တို့ခြေရာတွေ နဲ့ ထပ်ခဲ့တာပဲ။ ဒီလမ်းတွေပေါ် လက်တွဲလို့ လျောက်ခဲ့ဖူးတာ အခါခါပေါ့။ ဒီအပင်တွေ အောက်မှာ စိတ်လွယ်ကိုယ်လွယ်ရယ်မောခဲ့ဖူးတာ မနေ့တစ်နေ့ကလိုပဲ။ မှတ်ဉာဏ်တွေက လတ်ဆတ်တုန်း။ ဒီနာမည်ကို မြင်ရုံနဲ့ နှလုံးသားလေးက တဒိတ်ဒိတ် ခုန်နေတုန်း။ ဘယ်တုန်းကမှ မေ့ပစ်လိုက်ဖို့ မစဉ်းစားဖူးတာမို့ ဘယ်လို မေ့ပစ်ရမလဲဆိုတာကိုလည်း ဆောင်းဟွန်း တကယ် မသိတော့ပါဘူး။

🌊

ပတ်ဂျုံဆောင်း ။
ပတ်ဂျုံဆောင်းက ဆိုးလိုက်တာ။ သိပ်ကိုဆိုးတာပဲ။

" မင်းမို့လို့ ဆိုးတာပါနော် " ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့တင် သူ့အပေါ် အမြဲ အနိုင်ယူတယ်။ မဟုတ်တာ လုပ်ထားပြီးရင် မျက်လုံးလေးတွေ ပိတ်သွားအောင်ရယ်ရင်း သူ့ရင်ခွင်ထဲ ကြောင်လေးလို လာတိုးဝှေ့ပြီး ဂျီနေတတ်တယ်။ သူ့မျက်နှာလေး ငယ်သွားတိုင်း ပတ်ဆောင်းဟွန်းရင်တွေ အစိတ်စိတ် အမွှာမွှာ ကွဲရတာကို သိလျက်သားနဲ့ အမြဲ စိတ်ပူရအောင်လုပ်တယ်။ ပြက္ခဒိန် စာရွက်တွေ တစ်ရွက်ပြီး တစ်ရွက် ဆုတ်ဖြဲလို့ သုံးနှစ်ဆိုတဲ့ အချိန်ကာလ တစ်ခု ကုန်သွားသည့်တိုင် သူ့နှလုံးသားမှာ ပတ်ဂျုံဆောင်းဆိုတဲ့ ကောင်လေးက နေရာလပ်မရှိအောင်ကို စိုးမိုးထားဆဲပါပဲ။

" ဆောင်းဟွန်း ပြန်ရောက်ပြီလား "

လူက အိမ်ထဲ မဝင်ရသေးခင် အစ်ကို ဟီဆွန်းက အော်သံကြီးနဲ့ အရင် ကြိုဆိုတယ်။ ဖိနပ်ချွတ်မှာလည်း ဖိနပ်တွေက ပျံ့ကျဲလို့။ မလျော်ရသေးတဲ့ ခြေအိတ်တွေကလည်း မှိုတောင်ပေါက်နေလောက်ပြီ။ အိမ်ထဲမှာလည်း အဝတ်ဟောင်းတွေနဲ့  မုန့် အခွံတွေက မြင်လို့တောင်မကောင်း။

" ငါမရှိတဲ့ သုံးရက်အတွင်း အိမ်ကနေ အမှိုက်ပုံအဖြစ် ပြောင်းသွားတာလား "

စိတ်ပျက်လက်ပျက်နဲ့ ထမင်းစားပွဲက ထိုင်ခုံတစ်လုံးပေါ် ထိုင်ချတော့ ယန်းဂျောင်ဝန်းက ဆော့လက်စ ဂိမ်းကို ချပြီး သူ့ကို အတင်းဖက်လို့ မျက်နှာချိုလာသွေးတယ်။ မီးဖိုခန်းထဲက သေချာ မပျောက်သေးတဲ့ ဟင်းနံ့တွေရယ်၊ ဂျောင်းဝန်း ဆီက ရတဲ့ ခေါင်းလျော်ရည်နံ့တွေရယ်က နောက်ကျိနေတဲ့ ဆောင်းဟွန်းခေါင်းကို နှစ်ဆ တိုးလို့ ကိုက်စေတယ်။ နေ့လည်က မြင်လိုက်ရတဲ့ ပုံကို ပြန်တွေးမိတော့ အသက်ရှုနေရင်းတောင် ရင်ထဲမှာ ပိုပိုပြီး အော်ဂလီဆန်လာသလိုပဲ။

" အရမ်း ပင်ပန်းလာတာလား။ မျက်နှာလည်း မကောင်းဘူး "

အစ်ကို ဟီဆွန်းက ရေတစ်ခွက်ယူလာပေးရင်း သူ့အနားက ခုံမှာ လာထိုင်တယ်။ ဘယ်နှစ်ရက် ဝတ်ပြီးသားမှန်း မသိတဲ့ ခပ်ပွပွတီရှပ်နဲ့ ကာတွန်းရုပ်တွေ စုံနေအောင်ပါတဲ့ ဘောင်းဘီရှည်ကို ဝတ်ရင်း ထိုင်နေပုံက တကယ်ကို အသက်သုံးဆယ်လို့ ပြောရင်ကို ယုံချင်စရာ မရှိအောင်ပါပဲ။ သူမရှိတုန်း ကလေးနဲ့ပေါင်းပြီး ညလုံးပေါက်တွေ ဂိမ်းဆော့ထားဟန်တူပါတယ်။ မျက်လုံးတွေရဲတွတ်ပြီး မျက်ကွင်းတွေလည်း ညိုလို့။

" ယန်းဂျောင်ဝန်းနဲ့ ပေါင်းပြီး ကလေးကလားတွေ လုပ်နေပြန်ပြီလား။ စိတ်ညစ်တယ် "

" မညစ်ပါနဲ့ကွာ မင်းကလည်း။ အကုန်လုံးလိုက်ပြီး စိတ်ညစ်နေတော့တာပဲ။ အဲလိုတွေ အကုန်လိုက်ပူနေတော့ မင်းပဲ ပင်ပန်းရတာပေါ့ ဟွန်းဟွန်းရဲ့။ ငါ အခုပဲ ရှင်းလင်း ထားလိုက်မှာမို့ ညသိပ်မနက်ခင် ရေမိုးချိုးတော့လေ။  ညနေစာလည်း ပြင်ထားလိုက်မယ်။ နောက်ကျနေပြီ ဆိုပေမယ့် ဝင်သလောက်တော့ စားလိုက်နော် "

" အင်း ..  "

အစ်ကို ဟီဆွန်းက သူဘာမှ ထပ်အထွန့်မတက်နိုင်တော့အောင် ပြောလာတော့ အင်း ဆိုတာလွဲပြီး ဘာပြန်ပြောနိုင်မှာတဲ့လဲ။ အီဟီဆွန်းကလေ တကယ် မိုးပေါ်က ကျလာတဲ့ နတ်သားလေးလား မှတ်ရအောင်ကို သဘောကောင်းလွန်းနေတာပဲ။ သို့သော်လည်း သူ့သဘောကောင်းမှု ရေချိန်က ပတ်ဆောင်းဟွန်း သည်းခံနိုင်တာထက်ကို အများကြီး ပိုနေတော့လည်း ခက်တယ်။ တကယ် ခက်တယ်။

🌊

" Jay ... "

ဒီနာမည်ကို အသံထွက်လို့ မရွတ်ဖြစ်တာ ဘယ်လောက်ကြာခဲ့ပြီလဲ။ ခပ်ဖွဖွလေး ရွတ်မိရုံနဲ့တင် နှလုံးသားတစ်ခုလုံး ဆွဲစုတ်ခံလိုက်ရသလို တင်းကျပ်လာရတယ်။ ဘာများမှားခဲ့လို့ .. ဘယ်လောက်တောင်ကြီးလေးတဲ့ ပြစ်မှုတွေ ကျူးလွန်မိလို့များ ဒီလို နာကျင်ခံစားနေရသလဲဆိုတာ ဆောင်းဟွန်း ကိုယ်တိုင်လည်း နားမလည်တော့ပါဘူး။ ပတ်ဂျုံဆောင်းဆိုတဲ့ နာကျင်ကိုက်ခဲမှုလေးကို မူးယစ်ဆေးလို စွဲလမ်းနေမိတာကလွဲလို့ သူ့မှာ ဘာအပြစ်များ ရှိလို့လဲ။

" အားနာပါတယ်နော် ဆောင်ဟွန်းရှီး .. နားနေရမယ့်ရက်မှာ အနှောက်အယှက် ပေးလိုက်မိလို့ "

" မဟုတ်တာ .. ကျတော်က ရပါတယ်ဗျ "

သုံးရက်ဆက်တိုက် အိမ်မပြန်ဘဲ လုပ်ခဲ့ရတဲ့ project ကြောင့် လူက မသယ်ချင်လောက်အောင် ပင်ပန်းနေတာမို့ ဆောင်းဟွန်း အသံက အားမရှိ။ မနေ့ကလည်း တစ်ညလုံး ဟိုလှည့်ဒီလှည့်နဲ့ သေချာ အိပ်မပျော်တာမို့ ခေါင်းက နောက်ကျိကျိနဲ့။ ရှားရှားပါးပါးရတဲ့ off-day လေးမှာမှ မနက် မိုးလင်းလင်းချင်း ဝင်လာတဲ့ department head ရဲ့ ဖုန်းကြောင့် အတင်း ကုန်းရုန်းထပြီး ခပ်သုတ်သုတ် ပြင်ဆင်လို့ ရုံးကို အပြေးလာရပြန်တယ်။

" တခြားတော့ မဟုတ်ပါဘူး။ အရင်တစ်ခါက ပြောဖူးတဲ့ consulting team ကို ပြောင်းဖို့ ကိစ္စရော .. ဘယ်လို သဘောရလဲဟင်။ အလျင်စလို ဆုံးဖြတ်ခိုင်းတာတော့ မဟုတ်ပေမယ့် နောက်အပတ်ထဲမှာ director အသစ် ရောက်ဖို့ ရှိတာ ဆောင်းဟွန်းရှီးလည်း သိပြီးသား ဖြစ်မယ် ထင်တယ်။ လူအပြောင်းအလဲတွေက သူရောက်မလာခင် လုပ်ပြီးသား ဖြစ်ရမှာ ဆိုတော့လေ .. ဆောင်ဟွန်းရှီးဆိုရင် ကျတော်ကတော့ ကိုယ် အားကိုးရတဲ့သူလည်း ဖြစ်၊ potential လည်း ရှိတဲ့သူမျိုးမို့ အကယ်လို့သာ စိတ်ကူးရှိမယ်ဆို recommend ပေးဖို့ အဆင်သင့်ပါပဲ။ "

" ဟုတ်ကဲ့ပါ .. ကျတော် သေချာ ပြန်စဉ်းစားကြည့်ပါ့မယ် "

" ဟုတ်ပြီ .. အေးအေးဆေးဆေး နားလိုက်ပါဦး။ ကျတော့်ကိုတော့ ဒီအပတ် ပိတ်ရက် နောက်ဆုံးထားပြီး အကြောင်းပြန်ပေးနော်။ တနင်္လာနေ့မှ တွေ့ကြမယ် "

" ဟုတ်ကဲ့ဗျ။ ခွင့်ပြုပါဦး "

ပြန်လာတဲ့ လမ်းတစ်လျောက်မှာ လူက ဘာမှ မတွေးနိုင်ဘဲ ဦးနှောက်တစ်ခုလုံး လေးပင်နေတယ်။ ဆောင်းဟွန်းဘဝမှာ အခုလို လူကြီးတစ်ယောက် အနေနဲ့ ဆုံးဖြတ်ချက်တွေချရမယ့်အချိန် ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဖူးဘူး။ သူ့ဘဝတစ်လျောက်လုံး အကောင်းဆုံး ကြိုးစားရင် ရပြီ ဆိုတဲ့ စိတ်ကလေးနဲ့ပဲ လုပ်စရာ ရှိတဲ့ ကိစ္စ အားလုံးကို ကြိုးကြိုးစားစား လုပ်ခဲ့တာ။ စာပဲဖြစ်ဖြစ်၊ အားကစားပဲ ဖြစ်ဖြစ်၊ လူမှုရေးပဲ ဖြစ်ဖြစ် .. ဘာတစ်ခုမှ ချို့တဲ့ခဲ့တာမျိုး မရှိဘူး။ သေချာပေါက် တစ်ခုခု ရှိခဲ့မယ်ဆိုရင်လည်း အဲတာက သူ့နှလုံးသားရေးပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။ တစ်နည်းအားဖြင့် ... သူ့နှလုံးသားလေး ပတ်ဂျေးပေါ့။

🌊

ပိတ်ရက်တွေကို ဘယ်လို အကျိုးရှိရှိ အသုံးချမယ်လို့ ခေါင်းထဲမှာ အစီအစဉ်တွေ တစ်သီကြီး ဆွဲထားပေမယ့်လည်း လွန်ခဲ့တဲ့ သုံးရက်လုံး မအိပ်ထားရတဲ့ ကျေးဇူးနဲ့ ညနေကျ ဖျားတော့တာပဲ။ ဆောင်းဟွန်းက တော်ရုံဖျားနာခဲပါတယ်။ သို့သော်လည်း တစ်ခါတစ်ရံ အခန့်မသင့်ရင် ဘာမဟုတ်တာလေးနဲ့ကို နေမကောင်းဖြစ်တတ်ပြီး ဖြစ်လိုက်တိုင်းလည်း လူက နုံးချိပျော့ခွေကျသွားတာပဲ။

" မနက်ကလည်း အစောကြီး ဘယ်တွေ ထသွားတာလဲ ငါ့အစ်ကိုရဲ့။ လူက ဒီလောက် ချိနဲ့ နေတဲ့ကြားက မနက်ခင်း စောစောစီးစီးကို ဆွယ်တာအပါးလေး ဝတ်ပြီး ထွက်သွားရဲသေးတယ်။ တော်သေးလို့ပေါ့ လမ်းမှာ အလောင်းလာမကောက်ရတာ။ ထဦး ထဦး အဲလိုကြီး လှဲမနေနဲ့။ ခေါင်းတွေ ကိုက်နေမယ်။ စားစရာရှိတာ ထစားဦး။ ဆေးလည်း သောက်ရမယ် "

ခေါင်းကိုက်ပျောက်ဆေး တစ်လုံးကို လက်ထဲ ထည့်ပေးလာတဲ့ ယန်းဂျောင်ဝန်းက သူ့ပွစိပွစိအသံတွေကသာ ဆောင်းဟွန်းခေါင်းကိုက်နေရခြင်းရဲ့ တရားခံ ဖြစ်တယ်ဆိုတဲ့အကြောင်း သိဟန်လည်း မတူပါဘူး။ မနက်က ပြန်လာပြီး မှေးကနဲ ပြန်အိပ်ပျော်သွားရာကနေ အစ်ကို ဟီးဆွန်း လာနှိုးတော့မှ အာခေါင်တွေ​ခြောက်ပြီး မျက်လုံးတွေ ပူလို့ နိုးလာတော့တာပဲ။ ကိုယ်ကတော့ သိပ်မပူပေမယ့် အားမရှိတဲ့ ခန္ဓာကိုယ်ကတော့ ကိုက်ခဲနေတာပေါ့။

" ဒီမှာ ကြက်စွပ်ပြုတ်လေးနဲ့ ထမင်းနဲ့ စားလိုက်ဦး။ လူမမာစာတွေဆိုရင်လည်း စားဝင်မှာ မဟုတ်လို့ "

အစ်ကို ဟီးဆွန်းယူလာတဲ့ ကြက်ပြုတ်ရည်က အတော်လေး အရသာကောင်းတယ်။ သေချာပေါက် စျေးကြီးတဲ့ဆိုင်တစ်ဆိုင်က မှာပေးထားတာပဲ ဖြစ်မှာပေါ့။

" ဖြေးဖြေးချင်းနဲ့ များများ ဝင်အောင်စားနော် "

" တကယ် အရသာရှိလိုက်တာ။ ဘယ်ဆိုင်က မှာလိုက်တာလဲ "

" ပတ်ဂျုံဆောင်းက ကိုရီးယား ပြန်ရောက်လာပြီလား "

ဟင်းရည်ပန်းကန် တစ်လုံး ကုန်အောင်သောက်ပြီးလို့ မော့အကြည့်မှာ ကြားလိုက်ရတဲ့ ဂျောင်ဝန်းရဲ့ စကားကြောင့် ဆောင်းဟွန်း ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်ရတယ်။

" အဟွတ် .. "

" အမလေး .. အိပ်ရာတွေ ပေကုန်မယ်။ ဒီ ဘက်ကို လှည့်ပြီးအန်လိုက် "

ချောင်းတစ်ချက်ဆိုးလိုက်အပြီးမှာ အခုနက စားထားသမျှတွေ အကုန် ပြန်ပျို့တက်လာတာမို့ မျက်စိရော လက်ပါ လျင်တဲ့ ဂျောင်ဝန်းကပဲ အမှိုက်ပုံးကိုပြေးယူပြီး အတင်းလာထိုးပေးရှာတယ်။ ဗိုက်ထဲရှိရှိသမျှ အကုန် အန်ချလိုက်ပြီးတဲ့နောက် လူက ပျော့ခွေကျသွားပြီး ခေါင်းတစ်ခုလုံး ချာချာလည်နေတယ်။ ဂျောင်ဝန်းက သူ့ကို ရေပတ်ဝတ်တိုက်လို့ အဝတ်လဲပေးတယ်။ အစ်ကို ဟီးဆွန်းရဲ့ တစ်ယောက်ယောက်ဆီ " ဆေးရုံ ခေါ်သွားလိုက်ရမလား " ဆိုပြီး ဖုန်းဆက်နေတဲ့ အသံကိုလည်း ကြားရတယ်။ သူထင်တာ မမှားဘူးဆို ဂျယ်ယွန်းနဲ့ ပြောနေတာပဲ ဖြစ်လိမ့်မယ်။ အစ်ကို ဟီးဆွန်းက တစ်နဲ့ နှစ်နဲ့ ပေါင်းရင် အဖြေ "သုံး" ရတယ်ဆိုတာကိုတောင် ဂျယ်ယွန်းဆီက အတည်ပြုချက် ရချင်နေတာမျိုး။

" ဆောင်းဟွန်း ... ဘယ်လိုဖြစ်သွားတာလဲ။ အိပ်ရာ နိုးနိုးချင်း စားလိုက်လို့များလား။ ဘယ်လိုနေသေးလဲ "

အစ်ကို ဟီဆွန်းက သူ့လက်တွေကို ဆုပ်နယ်ပေးလိုက် ပါးပေါ်ကို လက်ကလေးနဲ့ လာစမ်းလိုက်နဲ့။ အသံကို နားထောင်ရုံနဲ့ အတော် စိတ်ပူနေမှန်း သိသာတယ်။ ယန်းဂျောင်ဝန်းကတော့ လန့်သွားတယ် ထင်ပါရဲ့။ အသံတောင် မထွက်နိုင်ဘဲ သူ့ခြေဖျားတွေကို နှိပ်ပေးနေရှာတယ်။

" ခေါင်းမူးတယ် .. "

ပြီးတော့ .. ရင်ဘတ်ထဲကလည်း တဆစ်ဆစ်နဲ့ နာတယ်။ နှလုံးသားပေါ်ကို ဖြူကောင်လေးတွေ ဖြတ်လျောက်နေသလိုပဲ။ အနှေးနဲ့ အမြန် ရင်ဆိုင်ရတော့မယ့် အရာတွေ ဆီကနေ ထွက်ပြေးချင်တယ်။ ဆယ်နှစ်အရွယ် ပတ်ဆောင်ဟွန်းလေး ပြန်ဖြစ်ချင်တယ်။ ဘဝထဲမှာ ပတ်ဂျုံဆောင်းဆိုတဲ့ ကောင်လေးတစ်ယောက် မရောက်လာသေးတဲ့ .. သူ့နှလုံးသားလေး အကောင်းပကတိအတိုင်း ရှိနေသေးတဲ့ ကာလတွေဆီ ပြန်သွားချင်တယ်။

🌊

" ခဏနေကျ ဂျယ်ယွန်း လာလိမ့်မယ်နော်။ မသက်သာမှပဲ ဆေးရုံသွားကြမယ် "

သက်သာရင်လည်း ဆေးရုံက သွားရမှာပါပဲ။ ရှင်းဂျယ်ယွန်းရဲ့ VIP-only privilege  တွေ အပြည့်ပါတဲ့ ဆေးရုံခန်းကို staycation နေသလို နေချင်နေတဲ့ သူ့အစ်ကို အီဟီဆွန်းအတွက် အခုအချိန်က မထိုးလိုက်ရဘဲ ထီပေါက်သလို ဖြစ်နေမှာပဲလေ။

" မိုက်တယ်ဟ။ 7 stars hotel မှာ လာနေရသလိုပဲ။ ရေကူးကန်သာ ရှိရင် perfect ပဲနော် ဟဲဟဲ "

လူနာစောင့် လိုက်လာတဲ့ ယန်းဂျောင်ဝန်းက အခန်းကို လှည့်ပတ်ကြည့်ရင်း မျက်နှာပိုး မသတ်နိုင်။ အစ်ကို ဟီးဆွန်းကတော့ ဂျောင်ဝန်း မသိခင် ရှုခင်း ပိုလှတဲ့ဘက်က လူနာစောင့်ကုတင်ကို အပိုင်သိမ်းဖို့ အလုပ်များနေတယ်။

" မင်း ဒီရက်ပိုင်း ပင်ပန်းထားတော့ ဒီအတိုင်း အားနည်းပြီး ဖျားသွားတာပါ။ ခရီးထွက်တယ် သဘောထားပြီး အေးဆေးနားပြီးမှ ဆေးရုံဆင်းပေါ့ "

" သူတို့ ပျော်ဖို့ အတွက် ငါ့မှာ နေမကောင်း ဖြစ်ပေးရသလိုပါပဲကွာ "

ဂျိတ်ကတော့ ဘာမှ မပြောဘဲ ပြုံးပြတယ်။ နှစ်တွေအကြာကြီး အတူတူရှိလာတော့ အကုန်လုံးက အကြည့်တစ်ချက်နဲ့တင် တစ်ယောက် ခံစားချက်တွေကို တစ်ယောက် နားလည်နေကြပြီ။ အထူးသဖြင့် .. သူ့ သူငယ်ချင်းလေး ဂျယ်ယွန်းကတော့ သူနဲ့ ပက်သက်လာရင် အပ်ပေါက်ရာလေးကအစ သိနေတာမို့ ဆောင်ဟွန်းက အရိပ်အကဲကြည့်နေရတယ်။ သူဘယ်လောက်ပဲ နာကျင်ခံစားနေရသော်လည်း သူ့ကိုချစ်တဲ့သူတွေကို စဉ်းစားပြီးတော့ပဲ ဖြစ်ဖြစ် အားတင်းထားရဦးမယ် မဟုတ်လား။

🌊

ဆေးရုံမှာနေတဲ့ ရက်တွေမှာ တကယ် စိတ်အေးချမ်းရပါတယ်။ အလုပ်အကြောင်း .. ဘဝအကြောင်း ဘာမှ စဉ်းစားစရာမလိုဘဲ ညီအကို သုံးယောက် မိုးလင်းကမျိုးချုပ် စားလိုက် သောက်လိုက် ဂိမ်းဆော့လိုက် ရုပ်ရှင်ကြည့်လိုက် ပေါက်ကတတ်ကရတွေ ထိုင်ပြောလိုက်နဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်ခဲ့ရတယ်။ စိတ်ရော ကိုယ်ပါ မအားလပ်တဲ့အခါ တစ်စုံတစ်ယောက်ကိုတောင် မေ့မေ့ပျောက်ပျောက် ဖြစ်နေသလိုပါပဲ။ ဆေးရုံမဆင်းခင် တစ်ညအလိုထိပေါ့။

မသိစိတ်ကနေ အမြဲ သတိနေရနေလို့လား မပြောတတ်ဘူး။ ဆေးရုံမဆင်းခင်ညမှာ သူ့အချစ်ကလေး ဂျုံဆောင်းက အိပ်မက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တယ်။ ဂျေဂျေးက .. မျက်နှာလေး မဆိုစလောက် ချောင်ကျပြီး ဆံပင်လေးတွေ နည်းနည်း ပိုပြီး တိုသွားတာကလွဲရင် ဘာမှ ပြောင်းလဲသွားတာ မရှိအောင်ပါပဲ။ သွားညီညီလေးတွေနဲ့ မျက်လုံးလေးတွေ ပိတ်သွားတဲ့အထိ ပြုံးပြနေပုံက သူ့ နှလုံးသားထဲ ပျားရည်တွေ လောင်းချခံလိုက်ရသလို။

" ဂျေဂျေး  .. "

ထိကိုင်မလို့ လုပ်လိုက်တိုင်း လေဟာနယ်ကို ဖမ်းဆုပ်မိနေတယ်။ ဂျုံဆောင်းလေးက သူ့ဘေးမှာ ရှိနေပါလျက်၊ မျက်လုံးလေးတွေ မှိတ်ကျ သွားတဲ့အထိ ပြုံးပြနေပါလျက် .. ဘာလို့များ အဝေးကြီး ဝေးနေသလို ခံစားနေရတာပါလိမ့်။ သူက ဒီအတိုင်း ရင်ခွင်ထဲထည့်လို့ ကျောလေးကို ပွတ်သပ်ပေးချင်ရုံပါ။ ဘာလို့များ .. အိပ်မက်ထဲမှာတောင် မနီးရတာလဲ။

🌊

New chapter might be updated weekly because I've finished writing 80% of this.

Continue Reading

You'll Also Like

91.5K 1.9K 34
πŸ”žπŸ”žπŸ”ž You R@ped me you are a sinner i will expose you in front of this world MR JEON JUNGKOOK.... .................................... He is taking...
785K 29.1K 97
𝐀 π’πŒπ€π‹π‹ 𝐅𝐀𝐂𝐓: you are going to die. does this worry you? βͺ tua s1 ⎯⎯⎯ 4 ❫ Β© π™΅π™Έπš…π™΄π™·πš‡πšπ™Άπšπ™΄π™΄πš…π™΄πš‚...
148K 10.9K 60
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...
784K 47.1K 118
Y/N L/N is an enigma. An outgoing, cheerful, smiley teenage boy. Happy, sociable, excitable. A hidden gem in the rough of Japan's younger soccer pl...