"သခင်လေးကမာနကြီးလွန်းတယ်.."(C...

By suukhant

359K 29.1K 1.2K

"သခင်လေးကမာနကြီးလွန်းတယ်..." တစ်ယောက်ကအစေခံ... နောက်တစ်ယောက်ကတော့အရမ်းမာနကြီးတဲ့သခင်လေး.... အစေခံကသခင်လေးကိုလ... More

Part- 1
Part- 2
Part- 3
Part- 4
Part- 5
Part- 6💛
Part- 7
Part- 8 💛
Part- 9
Part- 10
Part- 11💛
Part- 12
Part- 13
Part- 14
Part- 15
Part- 16
Part- 17
Part- 18
Part- 19
Part-20
Part- 21
Part- 22 💛
Part- 23

Final Part

21.7K 1.3K 57
By suukhant

"သခင်လေးကမာနကြီးလွန်းတယ်"

Final part- 24

For unicode

"အဟွတ် အဟွတ်"

ဝမ်ရိပေါ်ရဲ့ချောင်းဆိုးမှုကမသက်သာနိုင်ဘဲဒီအတောအတွင်းပိုလို့သာဆိုးလာခဲ့သည်။

"စစ်သူကြီး နားလိုက်ပါလား"

"မနားဘူး ဆက်သွားမယ်!"

သူသူ့ချစ်သူကိုအရမ်းလွမ်းနေပြီ။ ပြောမပြတတ်အောင်လွမ်းနေပြီ။ ကြာချိန်ကိုဒီထက်ပိုပြီးမဆွဲချင်တော့။ ဒီလောက်ဆိုသူကတိမတည်နိုင်လို့ရှောင်းစိတ်‌ဆိုးနေလောက်ပြီ။ သူလည်းအမြန်ပြန်ချင်လို့သာမြို့နယ်စီမံအုပ်ချုပ်ရေးစနစ်ကိုအရှင်သဘောအတိုင်းသတ်မှတ်ပြီးတာနဲ့တစ်ရက်တောင်မနားဘဲအိမ်ပြန်လာခဲ့ကြတာ။ သူလိုဘဲချောင်းဆိုးတာမသက်သာသေးတဲ့လူတွေလည်းရှိသေးတယ်။ အဲ့ရွာကဆေးဆရာပေးတဲ့ဆေးကသူချောင်းဆိုးတာကိုမသက်သာစေပါ။ သူလည်းချောင်းခဏခဏဆိုးဖူးပေမယ့်ဒီတစ်ခါလောက်တစ်ခါမှမပြင်းထန်ဖူး။ ချောင်းဆိုးလို့လည်ချောင်းနာကာရင်ဘက်တောင်အောင့်နေပြီ။

နောက်ဆုံးအကြိမ်သူတို့ထောင်ဖမ်းတာသူပုန်တော်တော်များများကိုဖမ်းမိလိုက်သည်။ အကုန်လုံးကိုမရှင်းထုတ်နိုင်ခဲ့ရင်တောင်မှသူတို့တွေပြန်ပြီးနလန်ထဖို့မဖြစ်နိုင်တော့။ ကိုယ်တို့ဘက်ကလူတွေကသူစနစ်တကျလေ့ကျင့်ပေးထားတဲ့သူတွေမို့နေမကောင်းတာတောင်၊ရာသီဉတုဆိုးဝါးခဲ့တာကိုတောင်ကြံ့ကြံ့ခံနိုင်ခဲ့ကြသည်။

"နန်းတော်ကိုရောက်ဖို့ဘယ်လောက်ကြာဦးမယ်ထင်လဲ"

"နောက်၅ရက်လောက်ပါ"

"သုံးရက်အတွင်းရောက်အောင်သွားမယ်"

"ဒါပေမယ့်စစ်သူကြီး!"

"အိမ်ရောက်မှအေးဆေးနားကြတော့!
အိပ်တဲ့အချိန်ကလွဲပြီးကျန်တဲ့အချိန်မှာခရီးဆက်မယ်"

"အမိန့်အတိုင်းပါစစ်သူကြီး!"

ဝမ်ရိပေါ်ရဲ့အမိန့်အတိုင်းသူတို့နေ့ခင်းဘက်နေပူပြင်းတဲ့အချိန်၊အစာစားချိန်၊အိပ်ချိန်တစ်နာရီနှစ်နာရီလောက်သာနားကြပြီးညဘက်တွေမှာတောင်မီးတုတ်ကိုယ်စီနဲ့ခရီးဆက်ခဲ့ကြသည်။ လူတွေရောမြင်းတွေရောကသေချာလေ့ကျင့်ထားတဲ့သူတွေဖြစ်လို့ဒီခရီးလောက်ကိုလည်းပင်ပန်းတယ်လို့မတွေးကြပါ။ အားလုံးသူရင်ထဲမှာအိမ်ပြန်ရောက်ဖို့မျှော်လင့်ချက်ဘဲရှိကြသည်။
.
.
.
.
"သခင်လေး! သခင်လေး!"

"အင့် အင့် ဟင့်.."

"ကျွတ် ကျွတ် ကျွတ်..အိပ်တော့နော်
ဖေ့သားလေး"

ကလေးကနှစ်နှစ်ခြိုက်ခြိုက်ပြန်အိပ်ပျော်သွားပုံပေါ်မှရှောင်းကျန့်ကချောင်ချန်းကိုဆူပူလိုက်၏။

"ကလေးအိပ်ချိန်ကိုအော်မပြောရဘူးလို့မှာထားလို့လေ!"

"ကျွန်တော်ဝမ်းသာစကားပြောမလို့ပါသခင်လေးရဲ့!"

"ပြော ဘာတွေကြားလာပြန်တာလဲ!"

ရှောင်းကျန့်ကကလေးမွေးထားတာမကြာသေးတော့သူ့ဗိုက်လေးသူကိုင်ကာမွေ့ယာခင်းလေးမှာဝင်ထိုင်၏။

"ရိပေါ်ကောတို့နန်းတော်ထဲရောက်နေကြပြီတဲ့!"

"ဘာ ဘာ!"

"ဟုတ်တယ် နန်းတော်ကသခင်လေး‌ဝမ်းသာအောင်လို့အမှာစကားပေးလိုက်တာ!"

"သူ သူဘာမှမဖြစ်ဘူးမလားဟင်"

"ကိုယ်တိုင်သွားကြည့်မှသိမှာပေါ့သခင်လေးရဲ့"

"သူပြန်ရောက်နေရက်နဲ့ဒီကိုဘာလို့မလာသေးတာလဲ
သူငါ့ကိုကိုယ်ဝန်နဲ့စိတ်မပူဘူးလား
သား‌လေးကိုရောမတွေ့ချင်ဘူးလား"

"အများကြီးမတွေးပါနဲ့သခင်လေးရဲ့
အရှင်က‌ပေးမလွှတ်သေးတာဖြစ်မှာပေါ့"

သခင်လေးကကလေးမွေးလိုက်တော့သူ့ရဲ့စိတ်ခံစားချက်တွေကအရင်က‌နဲ့ဆန့်ကျင်ဘက်ဖြစ်လာခဲ့သည်။ ခံစားလွယ်တာကလည်းသွေးနုသားနုကြောင့်ဖြစ်ပါလိမ့်မည်။

ချောင်ချန်းပြောတော့လည်းရှောင်းကျန့်မှာသူမတွေးမိတာတွေဖြည့်တွေးရသည်။ ရိပေါ်ကအရှင်ဆွဲထားလို့ဘဲမလာသေးတာဖြစ်မှာပါ။ ဒါပေမယ့်သူမနေနိုင် ရိပေါ်ကိုတွေ့ချင်လှပြီ။

"ချောင်ချန်းကလေးကိုကြည့်ထားပေးပါနော်
ငါသူအဆင်ပြေရဲ့လားသိရမှဖြစ်မယ်"

"သခင်လေးမြင်းလှည်းစီးရမှာပင်ပန်းလိမ့်မယ်
ပြီးတော့အရှင်ဆင့်ခေါ်ထားတာမဟုတ်တော့နန်းတော်ထဲကိုဝင်ခွင့်ပေးမှာမဟုတ်ဘူး"

"ရတယ် ငါကြည့်စီစဉ်လိုက်မယ်"

"သခင်လေးအနာ.."

"သက်သာတယ်"

ကလေးမွေးထားတာမကြာသေးတော့ရှောင်းကျန့်နဲ့ဒဏ်ရာကအရှင်းမသက်သာသေး။ မြင်းလှည်းလှုပ်ရင်ဒဏ်ရာပိုဆိုးလာလိမ့်မယ်။ ဒါပေမယ့်ရှောင်းကျန့်ကတစ်ရက်တောင်မစောင့်နိုင်တော့။ သူဝမ်ရိပေါ်အဆင်ပြေရဲ့လားသိရမှဖြစ်မယ်။ သူတစ်ခုခုဖြစ်လာလို့သာသူ့ဆီကိုချက်ချင်းမလာနိုင်။ သူကိုယ့်ကိုကလေးမမွေးခင်အရောက်လာမယ်ဆိုတဲ့ကတိမတည်ရင်လည်းရတယ်။ ကျန်တဲ့ကတိတစ်ခုတော့တည်မှဖြစ်မယ်။

ရှောင်းကျန့်ကအိပ်ပျော်နေတဲ့ကလေးနီတာရဲလေးကိုတစ်ချက်ဖိကပ်နမ်းကာအနှီးထုတ်လေးနဲ့သေချာထုတ်ပြီးချောင်ချန်းကိုအပ်ခဲ့လိုက်သည်။ ပြီးမှအစေခံတစ်ယောက်ကိုမြင်းလှည်းစီစဉ်ခိုင်းလိုက်ပြီးကိုယ်ရံတော်တစ်ယောက်နဲ့အတူနန်းတော်ကြီးရှိရာကို‌ထွက်လာခဲ့ကြ၏။ မြင်းလှည်းလှုပ်တိုင်းဟိုနေရာကမသက်သာသလိုခံစားရလို့ရှောင်းကျန့်ခြေထောက်နှစ်ချောင်းနဲ့ဖင်ခုထိုင်ထားရ၏။

နန်းတော်ကြီးကမီးတွေနဲ့ထိန်လင်းနေကာရှင်းလင်းနေ၏။ ရှောင်းကျန့်ကမြင်းလှည်းပေါ်ကဆင်းပြီးကိုယ်ရံတော်နဲ့အတူရဲမက်တို့ကင်းစောင့်နေရာဆီသို့လျှောက်လာခဲ့ကြ၏။

"စစ်သူကြီးတို့‌ပြန်ရောက်နေပြီဆိုတာဟုတ်လားဟင်"

"ဟုတ်တယ် အရှင်ကသူတို့အတွက်ဂုဏ်ပြုပွဲလုပ်ပေးတယ်"

ရဲမက်ကသူ့ကိုရိုးရိုးပြည်သူမှတ်လို့ရိုးရိုးသားသားဘဲပြန်ဖြေ၏။ ဒါပေမယ့်သတိအနေအထားကတော့နဂိုအတိုင်းဘဲတည်ကြည်လျက်။

"စစ်သူကြီးကိုရှောင်းကျန့်ရောက်နေတယ်လို့အကြောင်းကြားပေးလို့ရမလားဟင်"

"စစ်သူကြီးကိုတွေ့ချင်တိုင်းတွေ့လို့မရပါဘူး
မင်းမိန့်မပါဘဲလည်းဝင်ခွင့်မပြုနိုင်ပါဘူး"

"ဒါဆိုမင်းသမီးကျူးအာကိုအကြောင်းကြားပေးလို့ရမလားဟင်
သူခေါ်ထားလို့ပါနော် ကျေးဇူးပြုပြီး"

သူမနည်းတောင်းပန်ပြီးမှရဲမက်တစ်ယောက်ကထိုရဲမက်ကိုတစ်ခုပြောလိုက်ပုံရပြီးသူ့ကိုလှည့်ကြည့်ပြန်၏။

"ခဏစောင့်.."

ခဏစောင့်ဆိုပြီးရှောင်းကျန့်မှာမနည်းရပ်စောင့်လိုက်ရပြန်၏။ ခါးတွေနာလာပြီးဗိုက်ကရစ်လာကာ‌ကိုယ်ထဲကတစ်ခုခုဆင်းလာသလိုခံစားလိုက်ရ၏။ ရှောင်းကျန့်လည်းအောက်ခံဘောင်းဘီတစ်ထည်‌ဘဲဝတ်ခဲ့တာမလို့မျက်နှာကနည်းနည်းပျက်ချင်လာ၏။ အချိန်တစ်ခုထိ‌စောင့်ပြီးမှမင်းသမီးကသူမဗိုက်ပူပူကြီးကိုကိုင်ကာရံရွှေတော်တွေနဲ့အတူသူ့ဆီလျှောက်လာ၏။

"ဝင်ခွင့်ပေးလိုက်!"

"အမိန့်အတိုင်းပါမင်းသမီး"

ရှောင်းကျန့်ကဝင်ခွင့်ရတာနဲ့မင်းသမီးကိုအရိုအသေပေးလိုက်၏။

"ဘာလို့ကိုယ်တိုင်လိုက်လာခဲ့တာလဲမင်းသမီးရယ်!"

"ကျန့်ကောကကလေးမွေးထားတာမကြာသေးဘဲဘာလို့ဒီကိုလာတာလဲ
ကျူးအာက‌ကျန့်ကောလာရှာတယ်ဆိုလို့လန့်သွားတာဘဲ"

"မင်းသမီးအကူညီနဲ့မှမဟုတ်ရင်ဘယ်ဝင်ခွင့်ရှိပါ့မလဲမင်းသမီးရယ်
ကျွန်တော်ကသူပြန်ရောက်နေပြီဆိုလို့.."

"နားလည်ပါတယ် ကျူးအာလည်းသူ့ကိုလွမ်းနေပြီ"

"အခုလိုကူညီပေးလို့ကျေးဇူးတင်ပါတယ်မင်းသမီး"

"ကဲ စကားပလင်ခံမနေတော့ဘူးကျန့်ကောရယ်
ရိ‌ပေါ်ကောနားနေဆောင်ကိုသူ့ကိုလိုက်ပို့ခိုင်းလိုက်မယ်"

"ဟင် ‌အရှင်ကဂုဏ်ပြုပွဲလုပ်ပေးနေတယ်ဆို
သူမသွားဘူးလား"

"အဲ့ဒါကိုတော့ရောက်မှမေးကြည့်လိုက်တော့!"

ရှောင်းကျန့်ကရံရွှေတော်တစ်ယောက်ရဲ့ဦးဆောင်မှုအတိုင်းနောက်ကလိုက်ပါလာခဲ့၏။ ရိပေါ်ကဂုဏ်ပြုပွဲတောင်မတက်ဘူးဆိုတော့ဘာများဖြစ်နေလို့လဲ။ သူ့ရင်ထဲမှာပိုလို့တောင်စိတ်ပူလာခဲ့သည်။

"ဒီအဆောင်ပါသခင်လေး!"

"ကျေးဇူးတင်ပါတယ်"

"မခံယူဝံ့ပါဘူးရှင်"

ရှောင်းကျန့်ကအဆောင်ထဲဝင်လာတော့ကိုယ်ရံတော်ကအပြင်မှာစောင့်ကျန်ရစ်ခဲ့သည်။ ရှောင်းကျန့်ကလျှောက်လမ်းအတိုင်းလှမ်းလာပြီးအခန်းတံခါးရှေ့ရောက်တော့တံခါးခေါက်လိုက်၏။ ဒါပေမယ့်အထဲကထူးသံမကြား။

"ရိပေါ် မင်းရှိလားဟင်
ငါပါ ငါဝင်ခဲ့မယ်နော်"

ရှောင်းကျန့်ကအထဲကပြန်ဖြေသံမကြားတာနဲ့တံခါးဖွင့်ကာအခန်းထဲလှမ်းဝင်လိုက်၏။ အခန်းထဲမှာဘယ်သူမှရှိမနေ။ ပြတင်းပေါက်တစ်ဖက်တော့ပွင့်နေတယ်။

ရှောင်းကျန့်ကခဏထိုင်စောင့်လိုက်ပြီးမှပျင်းလာလို့ဝမ်ရိပေါ်ပစ္စည်းတွေကိုမွှေနှောက်လိုက်၏။ ဝမ်ရိပေါ်ပစ္စည်းတွေကများများစားစားတော့မရှိ။ ဒါပေမယ့်ပုံစံဆန်းဆန်းနဲ့လက်ဝတ်လက်စားတွေတော့အများကြီးဘဲတွေ့ရ၏။ ပြီးတော့ဆံထိုးတွေ၊အများစုကကျောက်စိမ်းကိုပုံစံအမျိုးမျိုးထွင်းထုထားတဲ့ဆံထိုးတွေ။ ဒါသူ့အတွက်ဆိုတာသူ့စိတ်ထဲသိတယ်..

ရှောင်းကျန့်ကဝမ်ရိပေါ်ကိုတွေ့တာနဲ့ရိုက်ပစ်မယ်ဆိုတဲ့အတွေးတွေတောင်ဒီပစ္စည်းတွေကြောင့်လွင့်ပျယ်သွားရသည်။ ဝမ်ရိပေါ်ကဆံထိုးအပေါ်ရူးသွပ်မှုလား၊သူ့ရဲ့ရူးသွပ်မှုလားတောင်မသိတော့ဘဲဝမ်ရိပေါ်ကသူ့အတွက်ဆံထိုးအမျိုးမျိုးကိုသာအလေးထားပြီးဆင်ယင်ပေးသည်။ သူကအရင်တုန်းကလက်ဝတ်လက်စားတွေကိုအလေးမထားပေမယ့်အခုသားလေးတစ်ယောက်မွေးထားပြီးပြီဆိုတော့သူ့သားကိုပြည့်ပြည့်စုံစုံထားချင်တဲ့စိတ်တွေရှိလာ၏။

"သူများအခန်းထဲကိုပိုင်ရှင်မရှိဘဲဘာဝင်လုပ်နေတာလဲ?"

"ဟင်"

ရှောင်းကျန့်အထိတ်တလန့်နောက်ကိုလှည့်ကြည့်လိုက်၏။ ဝမ်ရိပေါ်ကအနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးဓားကိုအနောက်ဘက်မှာဆုပ်ကိုင်ထား၏။ နှာခေါင်းနဲ့ပါးစပ်လုံအောင်အမဲရောင်ပုဝါနဲ့ဖုံးထားတာကြောင့်တစ်ကိုယ်လုံးကနက်စွေးနေကာအရိပ်သက်တော်စောင့်နဲ့တောင်တူနေ၏။

"ရိ ရိပေါ်.."

ရှောင်းကျန့်ကအနားတိုးလာပြီးဖက်ဖို့လုပ်တာနဲ့ရိပေါ်ကနောက်ဆုတ်သွား၏။ ရှောင်းကျန့်အံဩမှုကြောင့်မျက်ရည်တွေတောင်ဝဲလာခဲ့တယ်။

"သွား သွားတော့မယ်!"

ရှောင်းကျန့်ကခေါင်းငုံ့ကာလှည့်ထွက်သွားဖို့လုပ်၏။ သူ့မှာကိုယ်ဝန်လွယ်ထားရလို့ဗိုက်ကလည်းအရင်လိုပြန်မကပ်သေး၊ကိုယ်ခန္ဓာကလည်းပုံပန်းပန်းပျက်ဖြစ်နေလောက်မှာ။ ပြီးတော့ကလေးကိုနို့ထတိုက်ရလို့လည်းမျက်နှာတွေချောင်ပြီးမျက်ကွင်းတွေညိုနေသေးတယ်။ ဝမ်ရိပေါ်ကအခုသူ့ရဲ့ဒီပုံစံကိုသဘောမကျတော့ဘူး။ အခုနကပစ္စည်းတွေကလည်းသူ့အတွက်ဟုတ်ချင်မှမဟုတ်မယ်။

"ရှောင်းကျန့်မသွားနဲ့!"

ဝမ်ရိပေါ်ကနောက်ကသူ့ကိုသိုင်းဖက်လာ၏။ သူဝမ်ရိပေါ်ရင်ခွင်ထဲကအတင်းရုန်းထွက်သော်လည်းဝမ်ရိပေါ်ကမလွှတ်။ ရှောင်းကျန့်အားငယ်စိတ်ကြောင့်ဟီးခနဲငိုချလိုက်၏။ သူဝမ်ရိပေါ်ဆီလာဖို့ဘယ်လောက်ကြိုးစားခဲ့ရလဲ၊ဝမ်ရိပေါ်ပြန်လာမယ့်နေ့ကိုဘယ်လောက်စောင့်ခဲ့ရလဲ။ ဝမ်ရိပေါ်ကရောက်တာနဲ့သူ့ကိုရှောင်တယ်။ သူ့ကိုလာမတွေ့ဘူး။ သူ့ကိုအကပ်မခံဘူး။

"နောက်မှာပေနေတယ်"

"ရှိပါစေ ငါ့ကိုလွှတ်စမ်းပြီးမင်းမယားငယ်ဆီသွားစမ်းပါ"

"ကျစ် ဘာဖြစ်ပြန်တာလဲ
ကျုပ်မှာဘာလို့မယားငယ်ရှိရမှာလဲ!"

"ငါ့ကိုလိမ်စရာမလိုဘူး မင်းမယားငယ်ယူလည်းငါဂရုမစိုက်ဘူး ငါ့သားကိုငါ့ဘာငါစောင့်ရှောက်နိုင်တယ်"

"ကျုပ်ကိုမစွပ်စွဲနဲ့နော် ကျုပ်သားကိုရောခင်များကိုရောကျုပ်ဆီကထွက်သွားခွင့်မပြုနိုင်ဘူး အဟွတ် အဟွတ်"

ဝမ်ရိပေါ်ကချောင်းဆိုးလာလို့ရှောင်းကျန့်ကိုလွှတ်ကာပါးစပ်အုပ်ပြီးချောင်းဆိုးလိုက်၏။ ဝမ်ရိပေါ်ချောင်းဆိုးတာပြင်းထန်နေလို့ရှောင်းကျန့်ကခဏကြောင်နေပြီးမှသတိဝင်လာပြီးရိပေါ်ကျောကိုပွတ်ပေး၏။

"ဘာဖြစ်တာလဲ ဘာဖြစ်လို့ဒီလောက်ချောင်းဆိုးနေတာလဲ"

"‌အဆုတ်နည်းနည်းရောင်ချင်တာ
သမားတော်ပေးတဲ့ဆေးသောက်ထားတယ်
အခုနတုန်းကကျုပ်ဆီက‌ပိုးတွေခင်များကူးမှာစိုးလို့.."

ရှောင်းကျန့်ကအခုမှဝမ်ရိပေါ်ကိုမယုံကြည်မိတာကိုနောင်တရမိ၏။ ဒါပေမယ့်အခုနတုန်းကနာကျင်ရတာထက်အခုဝမ်ရိပေါ်နေမကောင်းတာကိုမြင်နေရတာကပိုနာကျင်ရ၏။ သူ့မျက်လုံးထဲမှာဝမ်ရိပေါ်ကအမြဲတမ်းကျန်းမာသန်စွမ်းနေတာ။ တစ်ခါမှတောင်နေမကောင်းမဖြစ်ဖူးဘူး။ အခုအဆုတ်တွေကွဲမတတ်ချောင်းဆိုးနေတာကသူ့ကိုပိုပြီးနာကျင်စေ၏။

"အိမ်ကိုဘာလို့အရင်မဝင်ခဲ့တာလဲဟင်"

"ကိုယ့်ဆီကအဖျားတွေကလေးနဲ့မင်းကိုကူးမှာစိုးလို့
နန်းတော်ထဲမှာကအရမ်းတော်တဲ့သမားတော်ရှိတယ်
သူ့ဆီကကုသမှုခံယူပြီးမှခင်များဆီလာခဲ့မလို့
ဒါပေမယ့်ကိုယ်ဆေးသောက်ပြီးတာနဲ့ခင်များကိုတွေ့ချင်လွန်းလို့နန်းတော်အပြင်ကိုခိုးထွက်ပြီးအိမ်ကိုရောက်သွားခဲ့သေးတယ်"

"ငါလည်းမင်းကိုတွေ့ချင်လွန်းလို့ရောက်အောင်လာခဲ့တာ!"

ရှောင်းကျန့်ကဝမ်ရိပေါ်ရင်ခွင်ထဲတိုးဝင်ပြီးခါးကိုပါကျစ်ကျစ်ပါအောင်ဖက်ထား၏။

"ကိုယ်နဲ့ဝေးဝေးနေ.."

"မနေနိုင်ပါဘူး ဒီလိုလေးဘဲမင်းရင်ခွင်ထဲမှာနေချင်တယ်"

"ကိုယ့်ဆီကချောင်းဆိုးတာကူးလိမ့်မယ်"

"ကူးပါစေ ဂရုမစိုက်ဘူး"

ရှောင်းကျန့်ကိုပြောလို့မရတာနဲ့ဝမ်ရိပေါ်ကရှောင်းကျန့်ခါးကိုပါတင်းနေအောင်ပြန်ဖက်ထား၏။

"ဟိုပစ္စည်းတွေကငါ့အတွက်လား"

"အင်း ကြိုက်ရဲ့လား"

"ကြိုက်တယ် ပုံစံတွေကဆန်းဆန်းလေး
ဆံထိုးတွေရောဘဲ ဒါနဲ့အဲ့ဒါတွေကိုဘယ်ကဝယ်လာခဲ့တာလဲ"

"ဝယ်လာခဲ့တာမဟုတ်ဘူး ဓားမြတွေဆီကဓားပြပြန်တိုက်လာခဲ့တာ"

"ရိပေါ် ငါစိတ်မသန့်အောင်မလုပ်နဲ့နော်"

"စတာပါရှောင်းရာ ကိုယ့်ကိုအရှင်ချီးမြင့်ထားတာတွေ
ပြီးတော့ကိုယ်ကဘယ်နေရာရောက်ရောက်လှတာတွေ့တာနဲ့ရှောင်းကိုအရင်ပြေးမြင်မိတာ"

"သားကိုတွေ့ခဲ့ပြီလား"

"အဝေးကဘဲကြည့်ခဲ့တယ် ရှောင်ယွီကကိုယ့်သားဆိုတာမြင်တာနဲ့သိတယ်"

"အိမ်မှာပါဆိုမှရှောင်ယွီလေးကလွဲပြီးကလေးဘယ်သူရှိဦးမှာလဲ"

"ဟား ဟား"

ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့ဂျစ်ကန်ကန်စကားကြောင့်သဘောကျစွာရယ်လိုက်၏။ ရှောင်းကျန့်ကလည်းပြုံးကာရိပေါ်ရင်ခွင်ထဲမှာခေါင်းဝှက်ထား၏။ နှစ်ယောက်စလုံးရဲ့လက်တွေကတော့တစ်ယောက်ခါးပေါ်တစ်ယောက်မြဲမြံစွာဖက်တွယ်ထားကြလျက်။

...........

အချိန်အားဖြင့်နှစ်နှစ်ခန့်ကြာပြီးနောက်..

ရှောင်းကျန့်တို့နှစ်ယောက်မင်းသမီးရဲ့ဖိတ်ခေါ်မှုနဲ့အတူနန်းတော်ထဲရောက်နေကြ၏။ အခုချိန်မှာဝမ်ရိပေါ်ကစစ်သူကြီးမဟုတ်တော့သလိုရှောင်းကျန့်ကလည်းစစ်သူကြီးကတော်မဟုတ်တော့။ သူတို့နှစ်ယောက်ကသာမာန်မိသားစုလိုမျိုးဘဲနေထိုင်ကြ၏။ နန်းတော်ကအပ်နှင်းထားတဲ့အဆောင်အယောင်တွေကိုပြန်အပ်ကာအိမ်မှာကုန်စုံဆိုင်ဖွင့်ခဲ့ကြသည်။ ဆိုင်လေးကဖွင့်တာမကြာသေးပေမယ့်ပစ္စည်းစုံကာဈေးချိုသောကြောင့်ဝယ်သူများ၏။

ရှောင်းကျန့်ကဈေးရောင်း၊ရိပေါ်ကကလေးထိန်းတယ်။ မားကထမင်းဟင်းချက်ပြီးကလေးပါကူထိန်းပေးတယ်။ သူတို့သားကဖွဲ့ဖြိုးမှုအားနည်းလို့အခုထိပါးပါး မားမားတောင်မခေါ်တတ်သေး။ မင်းသမီးကျူးအာသားတောင်စကားစပြောနေပြီ။

ရှောင်းကျန့်ကနို့ဆန်ပြုတ်ကိုသားဖြစ်သူပါးစပ်ကိုလှမ်းခွံလိုက်ပြီးရိပေါ်ကကလေးပါးစပ်ကိုလက်ကိုင်ပုဝါလေးနဲ့သုတ်လိုက်၏။ ကလေးနှစ်ယောက်ကတော့တစ်ယောက်ကိုတစ်ယောက်အကဲခတ်နေကြပြီး‌မင်းသားလေးကတော့သွက်လက်စွာမိခင်ဖြစ်သူကိုဂျီကျနေ၏။ ရှောင်ယွီလေးကဝမ်ရိပေါ်ရင်ခွင်ထဲမှာဘဲရှောင်းကျန့်ခွံသမျှကိုတိတ်တိတ်လေးဘဲစားနေ၏။

"မယ်မယ် ဟွန့်"

မင်းသားလေးကလက်သေးသေးလေးနဲ့ငါးကြော်ကိုလှမ်းနှိုက်တော့မိခင်ဖြစ်သူမှာလှမ်းဆွဲရပြန်၏။ ဒါပေမယ့်မင်းသားလေးကငါးကြော်ကိုစားချင်လွန်းလို့ငြိမ်သက်မနေနိုင်ဘဲငါးကြော်ဘဲလှမ်းနှိုက်နေသည်။

"မယ်မယ် ဟွန့် ဟွန့်"

မင်းသားလေးကငါးကြော်ကျွေးလိုက်မှာဘဲငြိမ်သက်သွားတော့၏။ ဒါပေမယ့်မင်းသားလေးကတစ်မယ်တည်းမယ်တော့ရှောင်းယွီကပါမင်းသားလေးစကားကိုစိတ်ထဲမှတ်ထားတော့သည်။ အိမ်အပြန်လမ်းမှာရှောင်းကျန့်မြင်းလှည်းပေါ်တက်ပြီးတော့မှဝမ်ရိပေါ်ကကလေးကိုလှမ်းပေး၏။ ဝမ်ရှောင်ယွီလေးကရှောင်းကျန့်ဆီရောက်တာနဲ့ရှောင်းကျန့်ကိုမျက်လုံးတောက်တောက်တွေနဲ့ကြည့်ကာစကားစပြော၏။

"မယ်..မယ်"

"ရိပေါ်! လာဦး
သားလေးစကားစပြောပြီ ငါ့သားစကားစပြောပြီလို့!"

"‌ယွီအာ ပါးပါးကိုပြန်ပြောလိုက်ပါဦး နော်"

"မယ်..မယ်"

"ရိပေါ်  ကြားလား ကြားလား
သူစကားစပြောပြီ ငါ့ကိုမယ်မယ်တဲ့
ယွီအာပါးပါးလို့ခေါ်လိုက်ပါဦး
သားပါးပါးဝမ်းသာသွားအောင်"

"ပ ပ"

"ငါ့သားကအတော်ဆုံးဘဲ!"

"ငါတို့ယွီအာကအတော်ဆုံးဘဲ"

တစ်လမ်းလုံးမှာရှောင်းကျန့်ကသူ့သားလေးစကားစပြောလို့ဝမ်းသာအားရဖြစ်နေတယ်။ သူ့ကိုကလေးကမယ်မယ်လို့ခေါ်မှန်းသတိမထားမိလောက်အောင်အထိ။ မြင်းလှည်းထဲမှာတော့ရှောင်းကျန့်ရဲ့ကလေးကိုစကားသင်ပေးနေတဲ့အသံကိုအပြင်ကမြင်းလှည်းမောင်းတဲ့ရိပေါ်ကကြားပြီးရယ်လိုက်ရသေးတယ်။

ဝမ်ရိပေါ်ကိုမယ်မယ်ခေါ်ခိုင်းနေတာ။

ဘယ်သူကပါးပါးလဲ၊ဘယ်သူကမယ်မယ်လဲညကျမှတွေ့မယ်ရှောင်းကျန့်..

(15.5.22)

၅ပုဒ်မြောက်ficလည်းပြီးသွားပါပြီ။ ကိုယ့်မှာလည်းမအားလို့လိပ်လိုဖြစ်သွားခဲ့ရင်ခွင့်လွှတ်ပါ။ နောက်တစ်ပုဒ်ကideaရရင်ပြန်လာခဲ့ပါမယ်။
ညီမလေးတစ်ယောက်လာပြောတဲ့ပုံစံမျိုးနဲ့Slow romanceလည်းရေးချင်တယ်၊ ဟိုတစ်ခါပြထားတဲ့ပုံထဲကလိုကျန့်ကောကိုဆရာဝန်ပုံစံမျိုးလည်းရေးချင်သေးတယ်။
အတူတူရှိပေးတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်။

................................

"သခင္ေလးကမာနႀကီးလြန္းတယ္"

Final part- 24

For zawgyi

"အဟြတ္ အဟြတ္"

ဝမ္ရိေပၚရဲ႕ေခ်ာင္းဆိုးမႈကမသက္သာနိုင္ဘဲဒီအေတာအတြင္းပိုလို႔သာဆိုးလာခဲ့သည္။

"စစ္သူႀကီး နားလိုက္ပါလား"

"မနားဘူး ဆက္သြားမယ္!"

သူသူ႕ခ်စ္သူကိုအရမ္းလြမ္းေနၿပီ။ ေျပာမျပတတ္ေအာင္လြမ္းေနၿပီ။ ၾကာခ်ိန္ကိုဒီထက္ပိုၿပီးမဆြဲခ်င္ေတာ့။ ဒီေလာက္ဆိုသူကတိမတည္နိုင္လို႔ေရွာင္းစိတ္‌ဆိုးေနေလာက္ၿပီ။ သူလည္းအျမန္ျပန္ခ်င္လို႔သာၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးစနစ္ကိုအရွင္သေဘာအတိုင္းသတ္မွတ္ၿပီးတာနဲ႕တစ္ရက္ေတာင္မနားဘဲအိမ္ျပန္လာခဲ့ၾကတာ။ သူလိုဘဲေခ်ာင္းဆိုးတာမသက္သာေသးတဲ့လူေတြလည္းရွိေသးတယ္။ အဲ့႐ြာကေဆးဆရာေပးတဲ့ေဆးကသူေခ်ာင္းဆိုးတာကိုမသက္သာေစပါ။ သူလည္းေခ်ာင္းခဏခဏဆိုးဖူးေပမယ့္ဒီတစ္ခါေလာက္တစ္ခါမွမျပင္းထန္ဖူး။ ေခ်ာင္းဆိုးလို႔လည္ေခ်ာင္းနာကာရင္ဘက္ေတာင္ေအာင့္ေနၿပီ။

ေနာက္ဆုံးအႀကိမ္သူတို႔ေထာင္ဖမ္းတာသူပုန္ေတာ္ေတာ္မ်ားမ်ားကိုဖမ္းမိလိုက္သည္။ အကုန္လုံးကိုမရွင္းထုတ္နိုင္ခဲ့ရင္ေတာင္မွသူတို႔ေတြျပန္ၿပီးနလန္ထဖို႔မျဖစ္နိုင္ေတာ့။ ကိုယ္တို႔ဘက္ကလူေတြကသူစနစ္တက်ေလ့က်င့္ေပးထားတဲ့သူေတြမို႔ေနမေကာင္းတာေတာင္၊ရာသီဉတုဆိုးဝါးခဲ့တာကိုေတာင္ႀကံ့ႀကံ့ခံနိုင္ခဲ့ၾကသည္။

"နန္းေတာ္ကိုေရာက္ဖို႔ဘယ္ေလာက္ၾကာဦးမယ္ထင္လဲ"

"ေနာက္၅ရက္ေလာက္ပါ"

"သုံးရက္အတြင္းေရာက္ေအာင္သြားမယ္"

"ဒါေပမယ့္စစ္သူႀကီး!"

"အိမ္ေရာက္မွေအးေဆးနားၾကေတာ့!
အိပ္တဲ့အခ်ိန္ကလြဲၿပီးက်န္တဲ့အခ်ိန္မွာခရီးဆက္မယ္"

"အမိန႔္အတိုင္းပါစစ္သူႀကီး!"

ဝမ္ရိေပၚရဲ႕အမိန႔္အတိုင္းသူတို႔ေန႕ခင္းဘက္ေနပူျပင္းတဲ့အခ်ိန္၊အစာစားခ်ိန္၊အိပ္ခ်ိန္တစ္နာရီႏွစ္နာရီေလာက္သာနားၾကၿပီးညဘက္ေတြမွာေတာင္မီးတုတ္ကိုယ္စီနဲ႕ခရီးဆက္ခဲ့ၾကသည္။ လူေတြေရာျမင္းေတြေရာကေသခ်ာေလ့က်င့္ထားတဲ့သူေတြျဖစ္လို႔ဒီခရီးေလာက္ကိုလည္းပင္ပန္းတယ္လို႔မေတြးၾကပါ။ အားလုံးသူရင္ထဲမွာအိမ္ျပန္ေရာက္ဖို႔ေမွ်ာ္လင့္ခ်က္ဘဲရွိၾကသည္။
.
.
.
.
"သခင္ေလး! သခင္ေလး!"

"အင့္ အင့္ ဟင့္.."

"ကြၽတ္ ကြၽတ္ ကြၽတ္..အိပ္ေတာ့ေနာ္
ေဖ့သားေလး"

ကေလးကႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပန္အိပ္ေပ်ာ္သြားပုံေပၚမွေရွာင္းက်န႔္ကေခ်ာင္ခ်န္းကိုဆူပူလိုက္၏။

"ကေလးအိပ္ခ်ိန္ကိုေအာ္မေျပာရဘူးလို႔မွာထားလို႔ေလ!"

"ကြၽန္ေတာ္ဝမ္းသာစကားေျပာမလို႔ပါသခင္ေလးရဲ႕!"

"ေျပာ ဘာေတြၾကားလာျပန္တာလဲ!"

ေရွာင္းက်န႔္ကကေလးေမြးထားတာမၾကာေသးေတာ့သူ႕ဗိုက္ေလးသူကိုင္ကာေမြ႕ယာခင္းေလးမွာဝင္ထိုင္၏။

"ရိေပၚေကာတို႔နန္းေတာ္ထဲေရာက္ေနၾကၿပီတဲ့!"

"ဘာ ဘာ!"

"ဟုတ္တယ္ နန္းေတာ္ကသခင္ေလး‌ဝမ္းသာေအာင္လို႔အမွာစကားေပးလိုက္တာ!"

"သူ သူဘာမွမျဖစ္ဘူးမလားဟင္"

"ကိုယ္တိုင္သြားၾကည့္မွသိမွာေပါ့သခင္ေလးရဲ႕"

"သူျပန္ေရာက္ေနရက္နဲ႕ဒီကိုဘာလို႔မလာေသးတာလဲ
သူငါ့ကိုကိုယ္ဝန္နဲ႕စိတ္မပူဘူးလား
သား‌ေလးကိုေရာမေတြ႕ခ်င္ဘူးလား"

"အမ်ားႀကီးမေတြးပါနဲ႕သခင္ေလးရဲ႕
အရွင္က‌ေပးမလႊတ္ေသးတာျဖစ္မွာေပါ့"

သခင္ေလးကကေလးေမြးလိုက္ေတာ့သူ႕ရဲ႕စိတ္ခံစားခ်က္ေတြကအရင္က‌နဲ႕ဆန႔္က်င္ဘက္ျဖစ္လာခဲ့သည္။ ခံစားလြယ္တာကလည္းေသြးႏုသားႏုေၾကာင့္ျဖစ္ပါလိမ့္မည္။

ေခ်ာင္ခ်န္းေျပာေတာ့လည္းေရွာင္းက်န႔္မွာသူမေတြးမိတာေတြျဖည့္ေတြးရသည္။ ရိေပၚကအရွင္ဆြဲထားလို႔ဘဲမလာေသးတာျဖစ္မွာပါ။ ဒါေပမယ့္သူမေနနိုင္ ရိေပၚကိုေတြ႕ခ်င္လွၿပီ။

"ေခ်ာင္ခ်န္းကေလးကိုၾကည့္ထားေပးပါေနာ္
ငါသူအဆင္ေျပရဲ႕လားသိရမွျဖစ္မယ္"

"သခင္ေလးျမင္းလွည္းစီးရမွာပင္ပန္းလိမ့္မယ္
ၿပီးေတာ့အရွင္ဆင့္ေခၚထားတာမဟုတ္ေတာ့နန္းေတာ္ထဲကိုဝင္ခြင့္ေပးမွာမဟုတ္ဘူး"

"ရတယ္ ငါၾကည့္စီစဥ္လိုက္မယ္"

"သခင္ေလးအနာ.."

"သက္သာတယ္"

ကေလးေမြးထားတာမၾကာေသးေတာ့ေရွာင္းက်န႔္နဲ႕ဒဏ္ရာကအရွင္းမသက္သာေသး။ ျမင္းလွည္းလႈပ္ရင္ဒဏ္ရာပိုဆိုးလာလိမ့္မယ္။ ဒါေပမယ့္ေရွာင္းက်န႔္ကတစ္ရက္ေတာင္မေစာင့္နိုင္ေတာ့။ သူဝမ္ရိေပၚအဆင္ေျပရဲ႕လားသိရမွျဖစ္မယ္။ သူတစ္ခုခုျဖစ္လာလို႔သာသူ႕ဆီကိုခ်က္ခ်င္းမလာနိုင္။ သူကိုယ့္ကိုကေလးမေမြးခင္အေရာက္လာမယ္ဆိုတဲ့ကတိမတည္ရင္လည္းရတယ္။ က်န္တဲ့ကတိတစ္ခုေတာ့တည္မွျဖစ္မယ္။

ေရွာင္းက်န႔္ကအိပ္ေပ်ာ္ေနတဲ့ကေလးနီတာရဲေလးကိုတစ္ခ်က္ဖိကပ္နမ္းကာအႏွီးထုတ္ေလးနဲ႕ေသခ်ာထုတ္ၿပီးေခ်ာင္ခ်န္းကိုအပ္ခဲ့လိုက္သည္။ ၿပီးမွအေစခံတစ္ေယာက္ကိုျမင္းလွည္းစီစဥ္ခိုင္းလိုက္ၿပီးကိုယ္ရံေတာ္တစ္ေယာက္နဲ႕အတူနန္းေတာ္ႀကီးရွိရာကို‌ထြက္လာခဲ့ၾက၏။ ျမင္းလွည္းလႈပ္တိုင္းဟိုေနရာကမသက္သာသလိုခံစားရလို႔ေရွာင္းက်န႔္ေျခေထာက္ႏွစ္ေခ်ာင္းနဲ႕ဖင္ခုထိုင္ထားရ၏။

နန္းေတာ္ႀကီးကမီးေတြနဲ႕ထိန္လင္းေနကာရွင္းလင္းေန၏။ ေရွာင္းက်န႔္ကျမင္းလွည္းေပၚကဆင္းၿပီးကိုယ္ရံေတာ္နဲ႕အတူရဲမက္တို႔ကင္းေစာင့္ေနရာဆီသို႔ေလွ်ာက္လာခဲ့ၾက၏။

"စစ္သူႀကီးတို႔‌ျပန္ေရာက္ေနၿပီဆိုတာဟုတ္လားဟင္"

"ဟုတ္တယ္ အရွင္ကသူတို႔အတြက္ဂုဏ္ျပဳပြဲလုပ္ေပးတယ္"

ရဲမက္ကသူ႕ကိုရိုးရိုးျပည္သူမွတ္လို႔ရိုးရိုးသားသားဘဲျပန္ေျဖ၏။ ဒါေပမယ့္သတိအေနအထားကေတာ့နဂိုအတိုင္းဘဲတည္ၾကည္လ်က္။

"စစ္သူႀကီးကိုေရွာင္းက်န႔္ေရာက္ေနတယ္လို႔အေၾကာင္းၾကားေပးလို႔ရမလားဟင္"

"စစ္သူႀကီးကိုေတြ႕ခ်င္တိုင္းေတြ႕လို႔မရပါဘူး
မင္းမိန႔္မပါဘဲလည္းဝင္ခြင့္မျပဳနိုင္ပါဘူး"

"ဒါဆိုမင္းသမီးက်ဴးအာကိုအေၾကာင္းၾကားေပးလို႔ရမလားဟင္
သူေခၚထားလို႔ပါေနာ္ ေက်းဇူးျပဳၿပီး"

သူမနည္းေတာင္းပန္ၿပီးမွရဲမက္တစ္ေယာက္ကထိုရဲမက္ကိုတစ္ခုေျပာလိုက္ပုံရၿပီးသူ႕ကိုလွည့္ၾကည့္ျပန္၏။

"ခဏေစာင့္.."

ခဏေစာင့္ဆိုၿပီးေရွာင္းက်န႔္မွာမနည္းရပ္ေစာင့္လိုက္ရျပန္၏။ ခါးေတြနာလာၿပီးဗိုက္ကရစ္လာကာ‌ကိုယ္ထဲကတစ္ခုခုဆင္းလာသလိုခံစားလိုက္ရ၏။ ေရွာင္းက်န႔္လည္းေအာက္ခံေဘာင္းဘီတစ္ထည္‌ဘဲဝတ္ခဲ့တာမလို႔မ်က္ႏွာကနည္းနည္းပ်က္ခ်င္လာ၏။ အခ်ိန္တစ္ခုထိ‌ေစာင့္ၿပီးမွမင္းသမီးကသူမဗိုက္ပူပူႀကီးကိုကိုင္ကာရံေ႐ႊေတာ္ေတြနဲ႕အတူသူ႕ဆီေလွ်ာက္လာ၏။

"ဝင္ခြင့္ေပးလိုက္!"

"အမိန႔္အတိုင္းပါမင္းသမီး"

ေရွာင္းက်န႔္ကဝင္ခြင့္ရတာနဲ႕မင္းသမီးကိုအရိုအေသေပးလိုက္၏။

"ဘာလို႔ကိုယ္တိုင္လိုက္လာခဲ့တာလဲမင္းသမီးရယ္!"

"က်န႔္ေကာကကေလးေမြးထားတာမၾကာေသးဘဲဘာလို႔ဒီကိုလာတာလဲ
က်ဴးအာက‌က်န႔္ေကာလာရွာတယ္ဆိုလို႔လန႔္သြားတာဘဲ"

"မင္းသမီးအကူညီနဲ႕မွမဟုတ္ရင္ဘယ္ဝင္ခြင့္ရွိပါ့မလဲမင္းသမီးရယ္
ကြၽန္ေတာ္ကသူျပန္ေရာက္ေနၿပီဆိုလို႔.."

"နားလည္ပါတယ္ က်ဴးအာလည္းသူ႕ကိုလြမ္းေနၿပီ"

"အခုလိုကူညီေပးလို႔ေက်းဇူးတင္ပါတယ္မင္းသမီး"

"ကဲ စကားပလင္ခံမေနေတာ့ဘူးက်န႔္ေကာရယ္
ရိ‌ေပၚေကာနားေနေဆာင္ကိုသူ႕ကိုလိုက္ပို႔ခိုင္းလိုက္မယ္"

"ဟင္ ‌အရွင္ကဂုဏ္ျပဳပြဲလုပ္ေပးေနတယ္ဆို
သူမသြားဘူးလား"

"အဲ့ဒါကိုေတာ့ေရာက္မွေမးၾကည့္လိုက္ေတာ့!"

ေရွာင္းက်န႔္ကရံေ႐ႊေတာ္တစ္ေယာက္ရဲ႕ဦးေဆာင္မႈအတိုင္းေနာက္ကလိုက္ပါလာခဲ့၏။ ရိေပၚကဂုဏ္ျပဳပြဲေတာင္မတက္ဘူးဆိုေတာ့ဘာမ်ားျဖစ္ေနလို႔လဲ။ သူ႕ရင္ထဲမွာပိုလို႔ေတာင္စိတ္ပူလာခဲ့သည္။

"ဒီအေဆာင္ပါသခင္ေလး!"

"ေက်းဇူးတင္ပါတယ္"

"မခံယူဝံ့ပါဘူးရွင္"

ေရွာင္းက်န႔္ကအေဆာင္ထဲဝင္လာေတာ့ကိုယ္ရံေတာ္ကအျပင္မွာေစာင့္က်န္ရစ္ခဲ့သည္။ ေရွာင္းက်န႔္ကေလွ်ာက္လမ္းအတိုင္းလွမ္းလာၿပီးအခန္းတံခါးေရွ႕ေရာက္ေတာ့တံခါးေခါက္လိုက္၏။ ဒါေပမယ့္အထဲကထူးသံမၾကား။

"ရိေပၚ မင္းရွိလားဟင္
ငါပါ ငါဝင္ခဲ့မယ္ေနာ္"

ေရွာင္းက်န႔္ကအထဲကျပန္ေျဖသံမၾကားတာနဲ႕တံခါးဖြင့္ကာအခန္းထဲလွမ္းဝင္လိုက္၏။ အခန္းထဲမွာဘယ္သူမွရွိမေန။ ျပတင္းေပါက္တစ္ဖက္ေတာ့ပြင့္ေနတယ္။

ေရွာင္းက်န႔္ကခဏထိုင္ေစာင့္လိုက္ၿပီးမွပ်င္းလာလို႔ဝမ္ရိေပၚပစၥည္းေတြကိုေမႊႏွောက္လိုက္၏။ ဝမ္ရိေပၚပစၥည္းေတြကမ်ားမ်ားစားစားေတာ့မရွိ။ ဒါေပမယ့္ပုံစံဆန္းဆန္းနဲ႕လက္ဝတ္လက္စားေတြေတာ့အမ်ားႀကီးဘဲေတြ႕ရ၏။ ၿပီးေတာ့ဆံထိုးေတြ၊အမ်ားစုကေက်ာက္စိမ္းကိုပုံစံအမ်ိဳးမ်ိဳးထြင္းထုထားတဲ့ဆံထိုးေတြ။ ဒါသူ႕အတြက္ဆိုတာသူ႕စိတ္ထဲသိတယ္..

ေရွာင္းက်န႔္ကဝမ္ရိေပၚကိုေတြ႕တာနဲ႕ရိုက္ပစ္မယ္ဆိုတဲ့အေတြးေတြေတာင္ဒီပစၥည္းေတြေၾကာင့္လြင့္ပ်ယ္သြားရသည္။ ဝမ္ရိေပၚကဆံထိုးအေပၚ႐ူးသြပ္မႈလား၊သူ႕ရဲ႕႐ူးသြပ္မႈလားေတာင္မသိေတာ့ဘဲဝမ္ရိေပၚကသူ႕အတြက္ဆံထိုးအမ်ိဳးမ်ိဳးကိုသာအေလးထားၿပီးဆင္ယင္ေပးသည္။ သူကအရင္တုန္းကလက္ဝတ္လက္စားေတြကိုအေလးမထားေပမယ့္အခုသားေလးတစ္ေယာက္ေမြးထားၿပီးၿပီဆိုေတာ့သူ႕သားကိုျပည့္ျပည့္စုံစုံထားခ်င္တဲ့စိတ္ေတြရွိလာ၏။

"သူမ်ားအခန္းထဲကိုပိုင္ရွင္မရွိဘဲဘာဝင္လုပ္ေနတာလဲ?"

"ဟင္"

ေရွာင္းက်န႔္အထိတ္တလန႔္ေနာက္ကိုလွည့္ၾကည့္လိုက္၏။ ဝမ္ရိေပၚကအနက္ေရာင္ဝတ္စုံကိုဝတ္ဆင္ထားၿပီးဓားကိုအေနာက္ဘက္မွာဆုပ္ကိုင္ထား၏။ ႏွာေခါင္းနဲ႕ပါးစပ္လုံေအာင္အမဲေရာင္ပုဝါနဲ႕ဖုံးထားတာေၾကာင့္တစ္ကိုယ္လုံးကနက္ေစြးေနကာအရိပ္သက္ေတာ္ေစာင့္နဲ႕ေတာင္တူေန၏။

"ရိ ရိေပၚ.."

ေရွာင္းက်န႔္ကအနားတိုးလာၿပီးဖက္ဖို႔လုပ္တာနဲ႕ရိေပၚကေနာက္ဆုတ္သြား၏။ ေရွာင္းက်န႔္အံဩမႈေၾကာင့္မ်က္ရည္ေတြေတာင္ဝဲလာခဲ့တယ္။

"သြား သြားေတာ့မယ္!"

ေရွာင္းက်န႔္ကေခါင္းငုံ႕ကာလွည့္ထြက္သြားဖို႔လုပ္၏။ သူ႕မွာကိုယ္ဝန္လြယ္ထားရလို႔ဗိုက္ကလည္းအရင္လိုျပန္မကပ္ေသး၊ကိုယ္ခႏၶာကလည္းပုံပန္းပန္းပ်က္ျဖစ္ေနေလာက္မွာ။ ၿပီးေတာ့ကေလးကိုနို႔ထတိုက္ရလို႔လည္းမ်က္ႏွာေတြေခ်ာင္ၿပီးမ်က္ကြင္းေတြညိုေနေသးတယ္။ ဝမ္ရိေပၚကအခုသူ႕ရဲ႕ဒီပုံစံကိုသေဘာမက်ေတာ့ဘူး။ အခုနကပစၥည္းေတြကလည္းသူ႕အတြက္ဟုတ္ခ်င္မွမဟုတ္မယ္။

"ေရွာင္းက်န႔္မသြားနဲ႕!"

ဝမ္ရိေပၚကေနာက္ကသူ႕ကိုသိုင္းဖက္လာ၏။ သူဝမ္ရိေပၚရင္ခြင္ထဲကအတင္း႐ုန္းထြက္ေသာ္လည္းဝမ္ရိေပၚကမလႊတ္။ ေရွာင္းက်န႔္အားငယ္စိတ္ေၾကာင့္ဟီးခနဲငိုခ်လိဳက္၏။ သူဝမ္ရိေပၚဆီလာဖို႔ဘယ္ေလာက္ႀကိဳးစားခဲ့ရလဲ၊ဝမ္ရိေပၚျပန္လာမယ့္ေန႕ကိုဘယ္ေလာက္ေစာင့္ခဲ့ရလဲ။ ဝမ္ရိေပၚကေရာက္တာနဲ႕သူ႕ကိုေရွာင္တယ္။ သူ႕ကိုလာမေတြ႕ဘူး။ သူ႕ကိုအကပ္မခံဘူး။

"ေနာက္မွာေပေနတယ္"

"ရွိပါေစ ငါ့ကိုလႊတ္စမ္းၿပီးမင္းမယားငယ္ဆီသြားစမ္းပါ"

"က်စ္ ဘာျဖစ္ျပန္တာလဲ
က်ဳပ္မွာဘာလို႔မယားငယ္ရွိရမွာလဲ!"

"ငါ့ကိုလိမ္စရာမလိုဘူး မင္းမယားငယ္ယူလည္းငါဂ႐ုမစိုက္ဘူး ငါ့သားကိုငါ့ဘာငါေစာင့္ေရွာက္နိုင္တယ္"

"က်ဳပ္ကိုမစြပ္စြဲနဲ႕ေနာ္ က်ဳပ္သားကိုေရာခင္မ်ားကိုေရာက်ဳပ္ဆီကထြက္သြားခြင့္မျပဳနိုင္ဘူး အဟြတ္ အဟြတ္"

ဝမ္ရိေပၚကေခ်ာင္းဆိုးလာလို႔ေရွာင္းက်န႔္ကိုလႊတ္ကာပါးစပ္အုပ္ၿပီးေခ်ာင္းဆိုးလိုက္၏။ ဝမ္ရိေပၚေခ်ာင္းဆိုးတာျပင္းထန္ေနလို႔ေရွာင္းက်န႔္ကခဏေၾကာင္ေနၿပီးမွသတိဝင္လာၿပီးရိေပၚေက်ာကိုပြတ္ေပး၏။

"ဘာျဖစ္တာလဲ ဘာျဖစ္လို႔ဒီေလာက္ေခ်ာင္းဆိုးေနတာလဲ"

"‌အဆုတ္နည္းနည္းေရာင္ခ်င္တာ
သမားေတာ္ေပးတဲ့ေဆးေသာက္ထားတယ္
အခုနတုန္းကက်ဳပ္ဆီက‌ပိုးေတြခင္မ်ားကူးမွာစိုးလို႔.."

ေရွာင္းက်န႔္ကအခုမွဝမ္ရိေပၚကိုမယုံၾကည္မိတာကိုေနာင္တရမိ၏။ ဒါေပမယ့္အခုနတုန္းကနာက်င္ရတာထက္အခုဝမ္ရိေပၚေနမေကာင္းတာကိုျမင္ေနရတာကပိုနာက်င္ရ၏။ သူ႕မ်က္လုံးထဲမွာဝမ္ရိေပၚကအၿမဲတမ္းက်န္းမာသန္စြမ္းေနတာ။ တစ္ခါမွေတာင္ေနမေကာင္းမျဖစ္ဖူးဘူး။ အခုအဆုတ္ေတြကြဲမတတ္ေခ်ာင္းဆိုးေနတာကသူ႕ကိုပိုၿပီးနာက်င္ေစ၏။

"အိမ္ကိုဘာလို႔အရင္မဝင္ခဲ့တာလဲဟင္"

"ကိုယ့္ဆီကအဖ်ားေတြကေလးနဲ႕မင္းကိုကူးမွာစိုးလို႔
နန္းေတာ္ထဲမွာကအရမ္းေတာ္တဲ့သမားေတာ္ရွိတယ္
သူ႕ဆီကကုသမႈခံယူၿပီးမွခင္မ်ားဆီလာခဲ့မလို႔
ဒါေပမယ့္ကိုယ္ေဆးေသာက္ၿပီးတာနဲ႕ခင္မ်ားကိုေတြ႕ခ်င္လြန္းလို႔နန္းေတာ္အျပင္ကိုခိုးထြက္ၿပီးအိမ္ကိုေရာက္သြားခဲ့ေသးတယ္"

"ငါလည္းမင္းကိုေတြ႕ခ်င္လြန္းလို႔ေရာက္ေအာင္လာခဲ့တာ!"

ေရွာင္းက်န႔္ကဝမ္ရိေပၚရင္ခြင္ထဲတိုးဝင္ၿပီးခါးကိုပါက်စ္က်စ္ပါေအာင္ဖက္ထား၏။

"ကိုယ္နဲ႕ေဝးေဝးေန.."

"မေနနိုင္ပါဘူး ဒီလိုေလးဘဲမင္းရင္ခြင္ထဲမွာေနခ်င္တယ္"

"ကိုယ့္ဆီကေခ်ာင္းဆိုးတာကူးလိမ့္မယ္"

"ကူးပါေစ ဂ႐ုမစိုက္ဘူး"

ေရွာင္းက်န႔္ကိုေျပာလို႔မရတာနဲ႕ဝမ္ရိေပၚကေရွာင္းက်န႔္ခါးကိုပါတင္းေနေအာင္ျပန္ဖက္ထား၏။

"ဟိုပစၥည္းေတြကငါ့အတြက္လား"

"အင္း ႀကိဳက္ရဲ႕လား"

"ႀကိဳက္တယ္ ပုံစံေတြကဆန္းဆန္းေလး
ဆံထိုးေတြေရာဘဲ ဒါနဲ႕အဲ့ဒါေတြကိုဘယ္ကဝယ္လာခဲ့တာလဲ"

"ဝယ္လာခဲ့တာမဟုတ္ဘူး ဓားျမေတြဆီကဓားျပျပန္တိုက္လာခဲ့တာ"

"ရိေပၚ ငါစိတ္မသန႔္ေအာင္မလုပ္နဲ႕ေနာ္"

"စတာပါေရွာင္းရာ ကိုယ့္ကိုအရွင္ခ်ီးျမင့္ထားတာေတြ
ၿပီးေတာ့ကိုယ္ကဘယ္ေနရာေရာက္ေရာက္လွတာေတြ႕တာနဲ႕ေရွာင္းကိုအရင္ေျပးျမင္မိတာ"

"သားကိုေတြ႕ခဲ့ၿပီလား"

"အေဝးကဘဲၾကည့္ခဲ့တယ္ ေရွာင္ယြီကကိုယ့္သားဆိုတာျမင္တာနဲ႕သိတယ္"

"အိမ္မွာပါဆိုမွေရွာင္ယြီေလးကလြဲၿပီးကေလးဘယ္သူရွိဦးမွာလဲ"

"ဟား ဟား"

ဝမ္ရိေပၚကေရွာင္းက်န႔္ရဲ႕ဂ်စ္ကန္ကန္စကားေၾကာင့္သေဘာက်စြာရယ္လိုက္၏။ ေရွာင္းက်န႔္ကလည္းၿပဳံးကာရိေပၚရင္ခြင္ထဲမွာေခါင္းဝွက္ထား၏။ ႏွစ္ေယာက္စလုံးရဲ႕လက္ေတြကေတာ့တစ္ေယာက္ခါးေပၚတစ္ေယာက္ၿမဲၿမံစြာဖက္တြယ္ထားၾကလ်က္။

...........

အခ်ိန္အားျဖင့္ႏွစ္ႏွစ္ခန႔္ၾကာၿပီးေနာက္..

ေရွာင္းက်န႔္တို႔ႏွစ္ေယာက္မင္းသမီးရဲ႕ဖိတ္ေခၚမႈနဲ႕အတူနန္းေတာ္ထဲေရာက္ေနၾက၏။ အခုခ်ိန္မွာဝမ္ရိေပၚကစစ္သူႀကီးမဟုတ္ေတာ့သလိုေရွာင္းက်န႔္ကလည္းစစ္သူႀကီးကေတာ္မဟုတ္ေတာ့။ သူတို႔ႏွစ္ေယာက္ကသာမာန္မိသားစုလိုမ်ိဳးဘဲေနထိုင္ၾက၏။ နန္းေတာ္ကအပ္ႏွင္းထားတဲ့အေဆာင္အေယာင္ေတြကိုျပန္အပ္ကာအိမ္မွာကုန္စုံဆိုင္ဖြင့္ခဲ့ၾကသည္။ ဆိုင္ေလးကဖြင့္တာမၾကာေသးေပမယ့္ပစၥည္းစုံကာေဈးခ်ိဳေသာေၾကာင့္ဝယ္သူမ်ား၏။

ေရွာင္းက်န႔္ကေဈးေရာင္း၊ရိေပၚကကေလးထိန္းတယ္။ မားကထမင္းဟင္းခ်က္ၿပီးကေလးပါကူထိန္းေပးတယ္။ သူတို႔သားကဖြဲ႕ၿဖိဳးမႈအားနည္းလို႔အခုထိပါးပါး မားမားေတာင္မေခၚတတ္ေသး။ မင္းသမီးက်ဴးအာသားေတာင္စကားစေျပာေနၿပီ။

ေရွာင္းက်န႔္ကနို႔ဆန္ျပဳတ္ကိုသားျဖစ္သူပါးစပ္ကိုလွမ္းခြံလိုက္ၿပီးရိေပၚကကေလးပါးစပ္ကိုလက္ကိုင္ပုဝါေလးနဲ႕သုတ္လိုက္၏။ ကေလးႏွစ္ေယာက္ကေတာ့တစ္ေယာက္ကိုတစ္ေယာက္အကဲခတ္ေနၾကၿပီး‌မင္းသားေလးကေတာ့သြက္လက္စြာမိခင္ျဖစ္သူကိုဂ်ီက်ေန၏။ ေရွာင္ယြီေလးကဝမ္ရိေပၚရင္ခြင္ထဲမွာဘဲေရွာင္းက်န႔္ခြံသမွ်ကိုတိတ္တိတ္ေလးဘဲစားေန၏။

"မယ္မယ္ ဟြန႔္"

မင္းသားေလးကလက္ေသးေသးေလးနဲ႕ငါးေၾကာ္ကိုလွမ္းႏွိုက္ေတာ့မိခင္ျဖစ္သူမွာလွမ္းဆြဲရျပန္၏။ ဒါေပမယ့္မင္းသားေလးကငါးေၾကာ္ကိုစားခ်င္လြန္းလို႔ၿငိမ္သက္မေနနိုင္ဘဲငါးေၾကာ္ဘဲလွမ္းႏွိုက္ေနသည္။

"မယ္မယ္ ဟြန႔္ ဟြန႔္"

မင္းသားေလးကငါးေၾကာ္ေကြၽးလိုက္မွာဘဲၿငိမ္သက္သြားေတာ့၏။ ဒါေပမယ့္မင္းသားေလးကတစ္မယ္တည္းမယ္ေတာ့ေရွာင္းယြီကပါမင္းသားေလးစကားကိုစိတ္ထဲမွတ္ထားေတာ့သည္။ အိမ္အျပန္လမ္းမွာေရွာင္းက်န႔္ျမင္းလွည္းေပၚတက္ၿပီးေတာ့မွဝမ္ရိေပၚကကေလးကိုလွမ္းေပး၏။ ဝမ္ေရွာင္ယြီေလးကေရွာင္းက်န႔္ဆီေရာက္တာနဲ႕ေရွာင္းက်န႔္ကိုမ်က္လုံးေတာက္ေတာက္ေတြနဲ႕ၾကည့္ကာစကားစေျပာ၏။

"မယ္..မယ္"

"ရိေပၚ! လာဦး
သားေလးစကားစေျပာၿပီ ငါ့သားစကားစေျပာၿပီလို႔!"

"‌ယြီအာ ပါးပါးကိုျပန္ေျပာလိုက္ပါဦး ေနာ္"

"မယ္..မယ္"

"ရိေပၚ  ၾကားလား ၾကားလား
သူစကားစေျပာၿပီ ငါ့ကိုမယ္မယ္တဲ့
ယြီအာပါးပါးလို႔ေခၚလိုက္ပါဦး
သားပါးပါးဝမ္းသာသြားေအာင္"

"ပ ပ"

"ငါ့သားကအေတာ္ဆုံးဘဲ!"

"ငါတို႔ယြီအာကအေတာ္ဆုံးဘဲ"

တစ္လမ္းလုံးမွာေရွာင္းက်န႔္ကသူ႕သားေလးစကားစေျပာလို႔ဝမ္းသာအားရျဖစ္ေနတယ္။ သူ႕ကိုကေလးကမယ္မယ္လို႔ေခၚမွန္းသတိမထားမိေလာက္ေအာင္အထိ။ ျမင္းလွည္းထဲမွာေတာ့ေရွာင္းက်န႔္ရဲ႕ကေလးကိုစကားသင္ေပးေနတဲ့အသံကိုအျပင္ကျမင္းလွည္းေမာင္းတဲ့ရိေပၚကၾကားၿပီးရယ္လိုက္ရေသးတယ္။

ဝမ္ရိေပၚကိုမယ္မယ္ေခၚခိုင္းေနတာ။

ဘယ္သူကပါးပါးလဲ၊ဘယ္သူကမယ္မယ္လဲညက်မွေတြ႕မယ္ေရွာင္းက်န႔္..

(15.5.22)

၅ပုဒ္ေျမာက္ficလည္းၿပီးသြားပါၿပီ။ ကိုယ့္မွာလည္းမအားလို႔လိပ္လိုျဖစ္သြားခဲ့ရင္ခြင့္လႊတ္ပါ။ ေနာက္တစ္ပုဒ္ကideaရရင္ျပန္လာခဲ့ပါမယ္။
ညီမေလးတစ္ေယာက္လာေျပာတဲ့ပုံစံမ်ိဳးနဲ႕Slow romanceလည္းေရးခ်င္တယ္၊ ဟိုတစ္ခါျပထားတဲ့ပုံထဲကလိုက်န႔္ေကာကိုဆရာဝန္ပုံစံမ်ိဳးလည္းေရးခ်င္ေသးတယ္။
အတူတူရွိေပးတဲ့လူအားလုံးကိုေက်းဇူးတင္ပါတယ္။

................................












Continue Reading

You'll Also Like

33K 1.6K 12
'လမ္းခြဲရ​ေအာင္​ ငါမင္​းနဲ႔မတြဲခ်င္​​ေတာ့ဘူး' *မင္​း​ေကာင္​း​ဖို႔အတြက္​ပါ ငါ့ကိုနားလည္​​ေပးပါ* Xiao Zhan '​ေ...
244K 6K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
676K 33.5K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
39.4K 648 43
Riven X OC story I don't own any of the characters from the live action besides my own thank you and I hope you like it. It won't be exactly like the...