Hidden love " ကုမုဒြာ "( comp...

By MikkyLay1

1M 56K 6.2K

လရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မ... More

ဇာတ်ကောင်မိတ်ဆက်
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter-6
Chapter-7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64 ( Final )
Extra❤
ကျေးဇူးတင်လွှာ❤️ ( ပရိုမိုးရှင်း )
🎉🎉🎉
Inner Art မိတ်ဆက် ❤️

Chapter - 21

14.7K 972 116
By MikkyLay1

ဒီတစ်ပတ်ပိတ်ရပ်၌ ကသစ်ပန်းဟာ အိမ်တော်မှာမနေပဲ အပြင်ထွက်သွား၍ ဇွဲကသူ့ရဲ့လူယုံကို သေချာစောင့်ကြည့်ပြီး သတင်းပေးဖို့ လွှတ်ထားလိုက်သည် ။

မုဒြာမတော်တစ ခြေချော်သွားပြီးကတည်းက ဇွဲဟာမုဒြာအား မျက်စိအောက်ကအပျောက်မခံပဲ ဂရုတစိုက်စောင့်ကြည့်ပေးသည် ။ သူစောင့်ကြည့်နေစဉ်မှာပဲ မုဒြာက အစားစားချစ်စိတ်မရှိတာမျိုး အော့အန်တာမျိုး ခနခနဖြစ်နေ၍ မသင်္ကာလို့မေးကြည့်လိုက်တော့ မုဒြာက အစာမကျေလို့ဟုသာ လိမ်ညာထားသည် ။ ကယကံရှင်ကိုယ်တိုင်ကထုတ်ပြောမလာတော့ ဇွဲလဲ ခုချိန်ထိ မုဒြာကိုယ်ဝန်လွယ်ထားရတာကို မသိပေ ။

ဇွဲကကျန်းမာရေးလိုက်စားသူမို့ မနက်တိုင်းလမ်းလျှောက်ထွက်တဲ့အကျင့်ရှိသည် ။ မုဒြာတို့အိမ်တော်က ပန်းခြံနဲ့နီး၍ ဇွဲကအမြဲပန်းခြံကိုသွားပြီး ပြေးကာလေ့ကျင့်ခန်းလုပ်သည် ။

ဒီနေ့ပိတ်ရက်ဖြစ်တာကြောင့် ၈ နာရီထိုးမှထပြီး ပန်းခြံသို့ လေ့ကျင့်ခန်းလုပ်သွားရန်ပြင်နေချိန် မုဒြာရောက်လာပြီး သူလဲလိုက်ချင်ကြောင်း ဇွဲကိုပြောလာသည် ။

ကိုယ်ဝန်ရပြီးကတည်းက ဆရာဝန်ကလေ့ကျင့်ခန်းလေးပုံမှန်လုပ် လမ်းလေးလျှောက်ဖို့အကြံပေးပေမဲ့ မုဒြာမလုပ်ဖြစ်ခဲ့ပေ ။ ဇွဲနဲ့ဆိုရင်တော့ သူ့အတွက်လုံခြုံသလို လေ့ကျင့်ခန်းလဲ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်လိမ့်မည် ။

ဇွဲက အစကမုဒြာခြေထောက်ကလဲ ထိခိုက်ဖူးတော့ မပြေးပဲအိမ်မှာပဲနားဖို့ပြောပေမဲ့ မုဒြာက လေ့ကျင့်ခန်းလုပ်ပြီး လမ်းလျှောက်ချင်ယုံလေးမို့ ပန်းခြံအထိအတူလိုက်ခွင့်တောင်းလာသည် ။ ဇွဲကလဲ ပြေးခွင့်မပြုပဲ ကားနဲ့ပဲအတူသွားကာ ပန်းခြံရောက်မှ အတူလမ်းဆင်းလျှောက်ကြသည် ။

မုဒြာက ဗိုက်ကလေးနည်းနည်းပူလာပြီမို့ အင်္ကျီကိုအပွဆုံးကိုရွေးဝတ်ထား၍ အရပ်ပုပြီးလူကောင်သေးတဲ့သူက ဇွဲလိုအရပ်ရှည်ပြီးလူကောင်ထွားတဲ့လူနဘေးမှာ ညီငယ်လေးနဲ့ပင်တူနေသည် ။

ဇွဲကကျောင်းတက်စဉ်ကတည်းက Alpha တွေကြားမှာ အထင်ပေါ်ဆုံးဖြစ်ကာ ကျောင်းရဲ့အားကစားပြိုင်ပွဲတွေမှာလဲ ဆုများစွာရရှိပြီး ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းပုံကလဲ ထူးကဲလှသည် ။ ခုလိုအားကစားဝတ်စုံဝတ်ထားတော့ သူ့ရဲ့သန်မာတဲ့ကြွက်သားတွေကအထင်းသားပေါ်နေကာ ပန်းခြံထဲကအိုမီဂါလေးတွေရဲ့အကြည့်ကို ဖမ်းစားထားလေသည် ။

မုဒြာကမပြေးပဲ ပုံမှန်လမ်းလျှောက်နေ၍ ဇွဲကလဲမုဒြာနဲ့အကွာအဝေးနီးနီးလေးကနေလိုက်နေသည် ။

" ဇွဲ … ဘာလို့မပြေးတာလဲ "

" ကိုယ်မင်းနဲ့အတူ လမ်းလျှောက်ချင်လို့ "

" ဇွဲကပြေးဖို့လာတာပဲ ပြေးပါ … မုဒြာဘယ်မှပျောက်မသွားပါဘူး … ဒီနားမှာပဲလမ်းလျှောက်နေမှာ "

မုဒြာကြည့်ရတာ တစ်ယောက်ထည်းလွတ်လွတ်လပ်လပ်နေချင်ပုံပေါ်သည် ။ အနားမှာလဲ မုဒြာမသိအောင် အစောင့်တွေထားပေးထားတာကြောင့် ဒီပန်းခြံက လုံခြုံစိတ်ချရသည် ။

" တကယ်အဆင်ပြေတာသေချာရင် ကိုယ်ခနလောက်ပြေးလိုက်ဦးမယ် … နာရီဝက်လောက်နေရင် ကိုယ်တို့ကားရပ်ထားတဲ့နေရာက နားနေဆောင်မှာစောင့်နေမယ်နော် "

" အင်းပါ … အဲ့အချိန် မုဒြာပြန်လာခဲ့မယ်  "

ထိုအခါမှ ဇွဲကအနည်းငယ်အရှိန်တင်ကာ ပြေးလိုက်သည် ။ ဇွဲက သူမုဒြာအနားမှာပဲကပ်နေရင် မုဒြာစိတ်အိုက်နေမည်ဆိုးကာ လွတ်လွတ်လပ်လပ်နေဖို့ ရှောင်ပေးသည့်သဘောပင် ။ မုဒြာကိုစိတ်မပင်ပန်းစေချင်၍ သူဖြစ်ချင်တာမှန်သမျှကို ဖြည့်စည်းပေးဖို့ တွေးထားသည် ။

ထိုစဉ် ဇွဲရဲ့ဖုန်းထဲသို့ မက်ဆေ့တစ်ဆောင် ဝင်လာသည် ။ ဖွင့်ကြည့်လိုက်တော့ သူစောင့်ကြည့်ခိုင်းထားတဲ့လူထံက ကသစ်ပန်းသွားတဲ့နေရာကို ပုံရိုက်ပြီးပို့ပေးခြင်းဖြစ်သည် ။

ကသစ်ပန်းက ဒီပိတ်ရက်မှာ ဧကရာဇ်မောင်အနားကပ်မနေတော့ပဲ တစ်ယောက်ထည်း ဘားကလပ်တစ်ခုထံ တန်းတန်းမတ်မတ်သွားနေသည် ။ ထိုကလပ်က အဖွဲ့ဝင် VIP များသာ တက်ရောက်ခွင့်ရှိကာ အဆင့်အတန်းမြင့်တဲ့အယ်ဖာတွေ အိုမီဂါတွေအပျော်သွားရောက်လေ့ရှိသည့် နေရာတစ်ခုဖြစ်သည် ။ ပါတီပွဲအများစုကိုလဲ ထိုကလပ်မှာပြုလုပ်လေ့ရှိကြသည် ။

ထိုရပ်ကွက်က ချောင်ကျကာ လောင်းကစားဝိုင်းတွေနဲ့ အပျော်ဂေဟာများစွာရှိ၍ မှောင်ခိုစျေးကွက်ပြုလုပ်ဖို့အကောင်းဆုံးနေရာလဲဖြစ်သည် ။ ထိုနေရာကကိုလိုနီတစ်ဦးရဲ့နယ်မြေဖြစ်ကာ ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီး တရားမဝင်အဖွဲ့အစည်းတစ်ချို့ကိုနေရာပေးထားသည် ။ ဇွဲရဲ့မိခင်လိုက်ရတဲ့အမှုတိုင်းလိုလိုက ထိုနေရာနဲ့စပ်စပ်မှုရှိသည် ။ ကသစ်ပန်းဒီနေရာကိုသွားတာသေချာရင် သူမကသူ့ဖခင်ကိုသွားတွေ့တာမှန်း ခန့်မှန်းရလွယ်ကူသည် ။

ကသစ်ပန်းဝင်သွားတဲ့အဆောက်အဦးက ထိုနေရာရဲ့ အကြီးဆုံးဖျော်ဖြေရေးအဖွဲ့အစည်းပိုင်ဖြစ်ကာ အထပ်တိုင်းမှာ ဘားကလပ်မျိုးစုံရှိသည် ။ ဇွဲမှာက သူငယ်ချင်းမိတ်ဆွေပေါ၍ ထိုအဖွဲ့အစည်းရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့သူငယ်ချင်းက ဇွဲဂျပန်မသွားခင်က ထိုနေရာသို့ ခေါ်သွားဖူးသည် ။ ထိုအချိန်ကဇွဲဟာ ကုမုဒြာကိုလက်လွှတ်လိုက်ရ၍ အသဲကွဲနေချိန်လဲဖြစ်သည် ။ ထိုနေရာကို တစ်ခါလေးပဲသွားပြီးနောက် ဇွဲခြေဦးပင်မလှည့်တော့ခြေ ။ ကံကောင်းတယ်ဆိုရမလား ထိုအတွေ့အကြုံကြောင့် ထိုအဆောက်အဦးထဲ ဘယ်လိုဝင်ရမလဲ ဇွဲခန့်မှန်းလို့ရသွားသည် ။

တစ်ဖက်တွင် မုဒြာလမ်းလျှောက်နေစဉ် တွန်းလှည်းလေးနဲ့ ရေခဲမုန့်ဆိုင်၌ ကလေးငယ်လေးတွေ စုပြုံကာ ဝယ်နေကြတာကို မြင်သွားသည် ။ ကလေးလေးတွေအားလုံး ကျောင်းဝတ်စုံဆင်တူဝတ်ထားပုံကိုကြည့်ရတာ မူကြိုကျောင်းတစ်ခုခုက ကလေးလေးတွေဖြစ်မည် ။

ပန်းခြံထဲကို ကလေးတွေစိတ်အပန်းဖြေဖို့ ဆရာဆရာမတွေက ခေါ်လာကြပုံပင် ။ ဒီအရွယ်လေးတွေက စာသင်ရတာထက် ကစားရတာနဲ့ စားရတာကိုပိုနှစ်သက်ကြသည် ။

ကလေးတွေကိုမြင်တော့ မုဒြာသူ့ရဲ့ဗိုက်လေးကို လက်လေးနဲ့ပွေ့ပိုက်ရင်း တိုးတိုးလေးရေရွတ်လိုက်သည် ။

" ငါ့ကလေးလေး သူတို့လေးတွေအရွယ်လောက်ရောက်ရင် ကျောင်းဝတ်ဆုံလေးနဲ့အရမ်းချစ်စရာကောင်းနေမှာ "

မုဒြာငယ်စဉ်က အဖိုးကခြံဝန်းထဲမှာပဲ ပန်းခြံနဲ့ကစားကွင်းပြုလုပ်ပေးထား၍ အပြင်ထွက်ခွင့်မရှိပေ ။ ကစားစရာတွေပေါများပေမဲ့ အဖော်မရှိတော့ တစ်ယောက်တည်းအထီးကျန်ကာ ပျော်စရာမကောင်းခဲ့ပေ ။ ထိုသို့အထီးကျန်စွာနေလာခဲ့ရ၍လဲ သဘောကျမိတဲ့အရာတွေကို ပုံမှန်ထက်စွဲလမ်းသည့်စိတ်ဖြစ်ပေါ်လာခြင်းဖြစ်မည် ။

ခုခေတ်ကလေးတွေကတော့ ပန်းခြံထဲမှာလျှောက်သွားကာ ရွယ်သူလေးတွေနဲ့ပျော်ရွှင်နေကြသည် ။ လူကြီးတွေကလဲ ကလေးတွေအပေါ်နားလည်ပေးလာကာ အရင်ကလောက်မချုပ်ချယ်ကြတော့ပေ ။ ဖြူစင်တဲ့ကလေးတွေက တစ်ယောက်ကိုတစ်ယောက် ပြုံးပြရင်း ခုမှတွေ့ဖူးကြပေမဲ့ ရင်းနီးစွာကစားနေကြသည် ။

မုဒြာအတွေးတွေနဲ့လျှောက်လာရင်း ကလေးတွေဝိုင်းပြီးဝယ်နေတဲ့ ရေခဲမုန့်ဆိုင်သို့ရောက်လာခဲ့သည် ။ ထိုစဉ်မုဒြာအနောက်က ကလေးမလေးက အသံစွာစွာဖြင့် ပြောလာသည် ။

" ဦးဦး … ဝယ်မှာဆိုအတန်းစီရရမယ်လေ "

" အို တောင်းပန်ပါတယ်ကလေးလေး … ဦးဦးကမသိလို့ပါ "

ကလေးမလေးက မုဒြာအနောက်ကနေ ဝင်အတန်းစီလိုက်ပြီး …

" ရပါတယ် … ဦးဦးက ဦးဦးကလေးတွက် လာဝယ်တာလားဟင် "

" မဟုတ်ပါဘူး … ဦးဦးစားဖို့ "

အနားကကလေးတွေက မုဒြာကိုလှည့်ကြည့်လာကြသည် ။ ကလေးတွေအလယ်မှာ တစ်ယောက်ထည်းရှိနေတဲ့ လူကြီးတစ်ယောက်မို့ စူးစမ်းချင်နေကြပုံပင် ။ မုဒြာကလဲ ကလေးတွေကို ပြုံပြလိုက်သည် ။

ရေခဲမုန့်ရောင်းနေသူက ဦးလေးကြီးတစ်ယောက်ဖြစ်ပြီး ကလေးတွေသဘောကျအောင် အရုပ်ပုံစံခွက်လေးတွေထဲမှာ ထည့်ပေးနေသည် ။ တစ်ချို့ကလေးငယ်တွေက လက်ထဲမှာ ပိုက်ဆံမပါပဲ အတန်းစီနေကြသည် ။ ဦးလေးကြီးက ပိုက်ဆံတောင်းတော့ ကလေးငယ်လေးတွေက သူတို့အိပ်ထဲက ခဲတံလေးတွေကိုထုတ်ပေးရှာသည် ။ သူများတွေလာဝယ်စားတာကိုမြင်ပြီး ငွေမပါပဲ စားချင်စောဖြင့် ဝင်အတန်းစီနေကြပုံပဲ ။

လက်ထဲကမုန့်ကိုလဲပြန်မပေးချင် ငွေကလဲမပါဖြစ်နေတဲ့ ကလေးငယ်လေးတွေရဲ့မျက်နှာက ညှိုးငယ်နေရှာသည် ။ နောက်ဆုံးတော့ ဦးလေးကြီးခများ မတောင်းရပ်တော့ပဲ အလကားပေးလိုက်ရသည် ။  မုဒြာက ထိုမြင်ကွင်းအားငေးကြည့်ရင်း ဒီလောကမှာလဲ ဒီလိုမျိုးသဘောထားပြည့်ဝတဲ့လူတွေရှိနေသေးတာပဲဟု မှတ်ချက်ပြုမိသည် ။ ဒါပေမဲ့ ဒီဦးလေးမှာလဲ အရင်းအနှီးဆိုတာ ရှိနေသေးတာကြောင့် မုဒြာကူညီပေးဖို့ ဆုံးဖြတ်လိုက်သည် ။

" ကလေးတို့ ရေခဲမုန့်ဖိုး ဦးဦးရှင်းပေးမယ် … လိုချင်သေးရင် ထပ်ယူလို့ရတယ်နော်  "

မုဒြာက ချက်ချင်းဦးလေးကြီးထံ ရေခဲမုန့်ဖိုးငွေရှင်းပေးလိုက်တော့ မုဒြာအနောက်က ကလေးမလေးအပါအဝင် ကလေးငယ်အားလုံးက ပျော်ရွှင်သွားကြသည် ။ ရေခဲမုန့်ရောင်းနေတဲ့ဦးလေးကြီးကလဲ စိတ်သဘောထားကောင်းတဲ့မုဒြာအား ကျေးဇူးတင်ကြောင်းပြောလာသည် ။

ဒီငွေလောက်က မုဒြာအတွက် တန်ဖိုးမကြီးပေမဲ့ လိုအပ်နေသူတွေ ခုလိုပျော်ရွှင်နေကြတာမြင်ရတော့ မုဒြာကြည်နူးနေမိသည် ။ ထိုအခါမှ မုဒြာသူစိတ်ကို တကယ်ပျော်စေတဲ့အရာကို ရှာတွေ့သွားသည် ။ အိမ်တွင်းပုန်းကာ ဧကရာဇ်မောင်ထံက အချစ်တွေပြန်ရဖို့ ကြိုးစားစောင့်မျှော်နေရတဲ့အချိန်တွေထက်  ခုလိုအပြင်လောကကိုထွက်လည်ပြီး သာမန်လူတွေနဲ့ထိတွေ့ဆက်ဆံကာ ကူညီပေးရတာက စစ်မှန်တဲ့ပျော်ရွှင်မှုမှန်း သဘောပေါက်နားလည်လာသည် ။ ထိုစဉ်ကလေးမလေးက မပြန်သေးပဲ မုဒြာအနားကပ်လာပြီး မုဒြာဗိုက်လေးအား လက်ဖြင့် ဖွဖွလေးထိကိုင်ကာ မေးလာသည် ။

" ဦးဦးဗိုက်ထဲက မီးမီးလားသားသားလေးလားဟင် "

" …… "

သူဗိုက်ကြီးနေတာကို ကလေးကတောင်သိနေ၍ မုဒြာအံ့ဩသွားသည် ။ ကလေးလေးက မုဒြာအဖြေကို မျှော်လင့်ချက်ကြီးစွာဖြင့်စောင့်နေ၍ မုဒြာပြန်ဖြေလိုက်သည် ။

" ဘာလေးလဲဆိုတာ ဦးဦးလဲမသိသေးဘူး "

" ကလေးလေးကကံကောင်းလိုက်တာ … ဦးဦးလိုသဘောကောင်းတဲ့ပါပါးကိုပိုင်ဆိုင်ခွင့်ရတယ် "

ထိုစဉ်မုဒြာရေခဲမုန့်ဝယ်ကြွေးခဲ့တဲ့ကလေးတွေဝိုင်းလာပြီး မုဒြာအားဆုတောင်းပေးကြသည် ။

" သဘောကောင်းတဲ့ဦးဦးရဲ့ကလေးလေး ကျန်မာပါစေ "

မုဒြာပျော်လွန်း၍ ကျေနပ်စွာပြုံးကာ ကလေးငယ်လေးတွေကို ပွေ့ဖက်လိုက်သည် ။

" ကျေးဇူးပါကလေးတို့ "

ထိုစဉ်ကလေးလေးတွေရဲ့အကြည့်က မုဒြာရဲ့အနောက်သို့ ရောက်သွား၍ မုဒြာလဲ ကလေးတွေကြည့်နေတဲ့ဘက်သို့လှည့်ကြည့်လိုက်သည် ။ ထိုစဉ် အရပ်ထောင်ထောင်မောင်းမောင်း ရုပ်ရည်ကချောမောပေမဲ့ မျက်နှာထားက အေးဆက်နေကာ သာမန်လူတွေအတွက် အရှိန်အဝါပြင်းလွန်းလှတဲ့ ဧကရာဇ်မောင်ကိုတွေ့လိုက်ရသည် ။

ဧကရာဇ်မောင်က မုဒြာထံ တန်းတန်းမတ်မတ်လျှောက်လာသည် ။ မုဒြာလဲ ကလေးတွေကို လွှတ်ပေးလိုက်ပြီး မတ်တပ်ရပ်လိုက်သည် ။ ဧကရာဇ်မောင်က ကလေးတွေကိုအေးဆက်ဆက်နဲ့ကြည့်ပြီးနောက် မုဒြာကိုကြည့်ကာမေးလာသည် ။

" မပြောမဆိုနဲ့ ဘာကြောင့်ထွက်သွားတာလဲ "

" ဇွဲနဲ့လမ်းလျှောက်ထွက်လာတာ … ဘာကိစ္စရှိလို့ ဒီထိရောက်လာတာလဲ "

အနားကကလေးလေးတွေက ဧကရာဇ်မောင်ရဲ့အရှိန်အဝါကြောင့် မုဒြာကိုပင်မနှုတ်ဆက်ရဲတော့ပဲ ပြေးသွားကြလေပြီ ။

ထိုစဉ် ရေခဲမုန်သည်ဦးလေးကြီးက ဆိုလာသည် ။

" ကလေးရဲ့အဖေ ရောက်လာတာထင်တယ် … ၂ ယောက်အတူလမ်းလျှောက်ထွက်လာတာလား "

ဦးလေးကြီးရဲ့စကားကို ဧကရာဇ်မောင်က နားမလည်ပဲ မှုန်ကုတ်ကုတ်နဲ့သာ ကြည့်နေသည် ။ သူကို စောစောကပြေးသွားတဲ့ကလေးတွေရဲ့ အဖေဟုဦးလေးကြီးက ထင်နေတာဖြစ်မည်ဟုထင်နေသည် ။ ဧကရာဇ်မောင်က ဖြေမလာတော့ မုဒြာက ဝင်ဖြေလိုက်ရသည် ။

"  ဟုတ်ပါတယ် "

" ဘာကိုဟုတ်တာလဲ ဘယ်ကကလေးတွေမှန်း ငါတောင်မသိဘူး "

ဦးလေးကြီးက ဧကရာဇ်မောင်ပြောတာကို ဂရုမစိုက်တာကျေးဇူးတင်ရမည် ။

" လာ …ဒါဆို ၂ ယောက်အတွက် ရေခဲမုန့် ၂ ခုပေးလိုက်မယ် … ပိုက်ဆံထပ်ပေးဖို့မလိုပါဘူး "

ဦးလေးကြီးက သူတို့အား ရေခဲမုန့်တစ်ယောက်တစ်ခုကမ်းပေးလာသည် ။ မုဒြာက ၂ ခုလုံးကိုယူပြီး ကျေးဇူးတင်စကားဆိုပြီးနောက် ဧကရာဇ်မောင်ထံ တစ်ခုပေးကာ ထိုနေရာကနေ ဆွဲခေါ်လာခဲ့သည် ။ ဧကရာဇ်မောင်က ရေခဲမုန့်ကိုကိုင်ပြီး မုဒြာဆွဲခေါ်ရာနောက်ကို  ကြောင်ကြောင်ကြီးလိုက်ပါလာသည် ။ ပြီးတော့မှ အသိပြန်ဝင်လာကာ လာရင်းအကြောင်းအရင်းကိုဆက်ပြီးပြောလာသည် ။

" မင်းခြေထောက်က နာနေတုန်းမဟုတ်လား … ဘာကြောင့်လမ်းလျှောက်ထွက်လာတာလဲ … သူကမတားဘူးလား "

" ဘာကြောင့်ဂရုစိုက်နေတာလဲ … ဇွဲနဲ့အတူသွားလို့ ထပ်ပြီးပြဿနာရှာဖို့ရောက်လာတာမလား … ကတိထဲမှာပြောပြီးသား … တစ်ယောက်ရဲ့ဘဝကိုတစ်ယောက်ဝင်စွတ်ဖက်စရာမလိုဘူး … ဒီနေ့ကပိတ်ရက် … မင်းလဲကသစ်ပန်းနဲ့ လျှောက်လည်လို့ရနေတာပဲ "

ဧကရာဇ်မောင်က မနက်ခင်းမှာ မုဒြာကိုမမြင်၍ အစေခံကိုမေးကြည့်တော့ ဇွဲနဲ့အတူပန်းခြံသို့ ထွက်သွားတာကို သိရပြီး ချက်ချင်းလိုက်လာခဲ့ခြင်းဖြစ်သည် ။ မုဒြာထံက ခုလိုစိမ်းကားစွာ ပြောခံရတော့ ဘာဆင်ခြေပေးရမှန်းမသိတော့သလို ရင်ဘက်ထဲကလဲ နာကျင်လာသလိုပင် ။ မုဒြာထံကနေ ခုလိုဆက်ဆံခံရတာကို ခုချိန်ထိအသားမကျသေးပေ ။ စကားလဲမများချင်တာကြောင့် သူ့ဘက်ကသာ အလျော့ပေးလိုက်တော့သည် ။

" ငါနဲ့သူနဲ့က ဘာမှမပတ်သပ်ဘူး … အရင်အတူရှိနေတာကလဲ အလုပ်ကိစ္စကြောင့်ပဲ … မင်းအထင်လွဲ… "

" ရှင်းပြစရာမလိုဘူး … ဂရုလဲမစိုက်ဘူး … ပြောစရာကုန်ပြီဆို သွားတော့မယ် "

မုဒြာက ဧကရာဇ်မောင်ရှင်းပြတာကို ဆက်နားမထောင်တော့ပဲ ထွက်သွားလေသည် ။ ဧကရာဇ်မောင်က လှည့်မပြန်ပဲ သူ့ခြေလှမ်းတွေက မုဒြာရဲ့အနောက်သို့ ဆက်လိုက်လာပြီး ရေခဲမုန့်စားနေတဲ့ မုဒြာထံအကြည့်တွေရောက်နေသည် ။

ကလေးတစ်ယောက်လို ရေခဲမုန့်ကို အားရပါးရစားနေတဲ့မုဒြာရဲ့ပုံစံက ဧကရာဇ်မောင်အား စိတ်ကြည်နူးသွားစေသည် ။ အရင်က မုဒြာရဲ့ခုလိုဖြူစင်တဲ့အပြုအမူတွေကို သူဘာကြောင့် သတိမထားမိလဲ မတွေ့တတ်တော့ပေ ။ ထိုစဉ်ရေခဲမုန့်စားကုန်သွားတဲ့မုဒြာက ရုတ်တရပ် ရပ်တန့်ကာ သူ့နောက်က တစ်ကောက်ကောက်လိုက်နေတဲ့ ဧကရာဇ်မောင်ထံ လှည့်လိုက်ပြီး …

" ရေခဲမုန့်မကြိုက်ဘူးလား … မစားရင်လဲ ပေး "

မုဒြာက ဧကရာဇ်မောင်လက်ထဲက ရေခဲမုန့်ကို လက်လှမ်းယူတော့ ဧကရာဇ်မောင်က လက်ကိုအထက်သို့မြှောက်ပင့်လိုက်သည် ။

" အများကြီးမစားနဲ့ … ချောင်းဆိုးလိမ့်မယ် "

" မဆိုးဘူး … စားချင်သေးတယ် "

မုဒြာကိုယ်ဝန်ရှိလာမှ စားချင်တာတွေက အအေးစာနဲ့အချိုတွေဖြစ်နေသည် ။ အရင်ကအရမ်းမကြိုက်တဲ့ ရေခဲမုန့်က ခုစားမဝဖြစ်နေသည် ။

" ဒါဆို ငါမင်းကို စားကောင်းတဲ့ဆိုင်တစ်ခုကို ခေါ်သွားပေးမယ် … လမ်းဘေးကရေခဲမုန့်က ဆေးသကြားတွေများလွန်းတယ် … ကျန်းမာရေးထိခိုက်စေလိမ့်မယ် "

ထိုအခါမှ မုဒြာကလေးကို ထိခိုက်မှာဆိုးရိမ်သွားပြီး ဆက်မတောင်းတော့ပေ ။

" တော်ပါပြီ … လမ်းပဲဆက်လျှောက်တော့မယ် "

" အင်း … ငါလဲလမ်းလျှောက်ချင်တယ် "

" ပန်းခြံကအကျယ်ကြီး ကိုယ့်ဘာသာ ဝေးဝေးမှာသွားလျှောက် "

" ငါလဲ ကိုယ့်ဘာသာလျှောက်နေတာပဲ … မင်းနဲ့လမ်းတူနေယုံသပ်သပ်ပဲကို "

ဧကရာဇ်မောင်က တွန်းထုတ်လေ ကပ်သွယ်လေဖြစ်တဲ့ မျှော့တစ်ကောင်လိုပင် ။ ဘယ်လောက်ခါချခါချ ထွက်သွားမည့်ပုံမပေါ်၍ မုဒြာလေကုန်မခံချင်တော့ပေ  ။  ခုလိုရင်သွေးလေးလွယ်ထားရချိန်မှာ မိတ်ဖက်ရဲ့နွေးထွေးတဲ့အငွှေ့အသက်တွေနဲ့အတူ ရှိနေခွင့်ရတော့ မုဒြာသက်တောင့်သက်သာရှိကာ နေရထိုင်ရ အဆင်ပြေနေသည် ။ ဒါကြောင့် ရင်သွေးလေးအတွက် ဧကရာဇ်မောင်ကို သူ့အနားမှာ ရှိနေခွင့်ပြုထားဖို့ ဆုံးဖြတ်လိုက်သည် ။

ထိုစဉ် မုဒြာဖုန်းထဲ စာဝင်လာ၍ကြည့်လိုက်တော့ ဇွဲက သွားစရာပေါ်လာ၍ အိမ်ပြန်ဖို့ပြောလာသည် ။ မုဒြာကလဲ ခုအနားမှာဧကရာဇ်မောင်ရှိနေ၍ ဇွဲကိုသွားနှင့်ဖို့ သူ့ကိုစိတ်မချမဖြစ်ဖို့ပြန်ပြောလိုက်သည် ။ သူ့ကြောင့်နဲ့ ဇွဲအလုပ်တွေမနှောင့်နှေးစေလိုပေ ။ ဇွဲသူ့အပေါ်ကောင်းပေးခဲ့တာတွေက လုံလောက်တာထက်ပိုနေပြီ ။

တစ်ဖက်တွင် ဇွဲဟာ ကသစ်ပန်းနောက်လိုက်ကြည့်ချင်တာကြောင့် အိမ်ပြန်ဖို့အတွက် မုဒြာကိုလာခေါ်စဉ် မုဒြာနဘေးမှာ ဧကရာဇ်မောင်ရောက်နေတာကို မြင်သွားသည် ။ မုဒြာကိုအိမ်ပြန်လိုက်ချင်လားမေးကြည့်တော့ မုဒြာကသူ့နောက်ကိုပြန်မလိုက်ပဲ ဧကရာဇ်မောင်နဲ့နေခဲ့ဖို့ကို ရွေးချယ်လိုက်သည် ။

ဧကရာဇ်မောင်ကလဲ ခုမုဒြာအပေါ်ဂရုစိုက်ပေးလာ၍ ဇွဲ မုဒြာကို ဧကရာဇ်မောင်နဲ့ထားခဲ့ကာ ကသစ်ပန်းကိုစောင့်ကြည့်ဖို့ ထွက်လာခဲ့လေသည် ။

*

*

*

ဇွဲကသူ့ရဲ့သူငယ်ချင်းကိုဆက်သွယ်ကာ VIP ကဒ်ကို ခနငှားယူခဲ့သည် ။ ထိုဘားထဲကိုဝင်နိုင်ဖို့ အဖွဲ့ဝင်ကဒ်ပါမှသာရမည် ။ ဇွဲရောက်ရှိလာတော့ နေ့လည်စာစားချိန်ဖြစ်၍ လူစည်ကားနေသည် ။ မူးရူးနေတဲ့လူတွေမရှိသေးပဲ လူအများကအသိစိတ်ရှိနေကြကာ သူတို့ရဲ့အဖော်တွေနဲ့ အပန်းဖြေနေကြသည် ။

" ဟေး ဇွဲ … မင်းဘယ်တုန်းက ပြန်လာတာလဲ "

ဒီနေရာမှာ ဇွဲရဲ့အသိတစ်ယောက်လဲ ရောက်နေ၍ ဇွဲစုံစမ်းဖို့အတွက် အခွင့်အရေးရသွားသည် ။ ဇွဲချက်ချင်းပဲ VIP အခန်းတစ်ခုမှာ နေရာရရှိကာ ကသစ်ပန်းဘယ်မှာရှိနေလဲ ရှာဖွေဖို့ ပိုပြီးလွယ်ကူသွားသည် ။ ဒီနေရာမှာသူ့ရဲ့အသိရှိနေ၍ ဘယ်သူမှသူ့ကို လူတစ်ယောက်ကို လာရှာဖွေနေမှန်း သတိထားမိမည်မဟုတ်ခြေ ။

ဇွဲရဲ့လူယုံက ဘားရဲ့အပြင်မှာစောင့်နေပြီး ကသစ်ပန်းထွက်လာလျှင် အကြောင်းကြားဖို့မှာထားသည် ။ ခုချိန်ထိ အကြောင်းကြားလာခြင်းမရှိသေး၍ ကသစ်ပန်းဒီနေရာမှာရှိနေတာ သေချာသည် ။ ဇွဲလဲကသစ်ပန်းကိုရှာဖွေဖို့ အခွင့်ကောင်းကိုစောင့်နေလိုက်သည် ။

ဘားရဲ့အတွင်းဘက်မှာ အခန်းများစွာဖွဲ့ထားပြီး VIP တွေအတွက် သီးသန့်အခန်းများစွာရှိသည် ။ ထိုထဲကမှ ချောင်ကျပြီး လူတွေမမြင်နိုင်သည့်နေရာကအခန်းတစ်ခုရှေ့တွင် ဝတ်စုံအပြည့်နဲ့ ခမ်ကြမ်းကြမ်းလူတစ်ချို့ ရပ်ကာကင်းစောင့်နေကြသည် ။

အထဲတွင်တော့ နံရံလေးဘက်မှာ လူလေးယောက်ရပ်နေကြပြီး အလယ်ကစားပွဲ၌ လူ ၃ ယောက်ထိုင်နေကြသည် ။ အမျိုးသမီးတစ်ယောက်နှင့် အမျိုးသား ၂ ယောက် ။ အမျိုးသားတစ်ယောက်က ဝတ်စုံပြည့်ဝတ်ထားပြီး အသက်ကြီးကြီးဗိုက်ပူပူနဲ့ အဖွဲ့အစည်းရဲ့ မန်နေဂျာဖြစ်သည် ။  ကျန်တစ်ယောက်က ရုပ်ရည်ကကြမ်းတမ်းကာ  နှုတ်ခမ်းမွေးများပေါက်နေတဲ့ နှုတ်ခမ်းတစ်စုံက ဆေးလိပ်ကိုခဲထားသည် ။  ဆေးလိပ်ကို တရှိုက်ရှူပြီးနောက် လေကိုအပြင်သို့မှုတ်ထုတ်ကာ အေးဆေးစွာထိုင်နေသည် ။ ထိုလူက လင်းရှိန်ဖြစ်ပြီး ဒီဘားရဲ့ရှယ်ယာဝင်တစ်ယောက်ဖြစ်သည် ။ သူ့ရဲ့အရှေ့မှာတော့ ချောမောလှပပေမဲ့ ကောက်ကျစ်တဲ့အပြုံးတစ်ပွင့်ကိုဆင်မြန်းထားတဲ့ ကသစ်ပန်းထိုင်နေသည် ။

မန်နေဂျာဖြစ်သူက ထောင်လွှားမနေပဲ ထိုသားအဖအပေါ် အောက်ကျို့ကာ သူ့ရဲ့ဘားအတွက် အရေးကြီးတဲ့ ထိုပုဂ္ဂိုလ်လင်းရှိန်ထံက တစ်စုံတစ်ရာကို တောင်းခံနေသည် ။ ထိုအရာက စိတ်ကြွဆေးပြားဖြစ်ပြီး သူ့ဘားမှာတရားမဝင်လုပ်ကိုင်နေကြတဲ့ အိုမီဂါတွေကို မငြင်းဆန်နိုင်အောင် ထိန်းချုပ်ဖို့ဖြစ်သည် ။ ဒါ့အပြင် တခြားသောစိတ်ခံစားမှုနိုးကြွစေသည့် ဆေးပြားများနှင့် လာရောက်သည့် VIP ဧည့်သည်များကို ဧည့်ခံသည် ။ ဒီကိစ္စကို သူတို့ ၃ ဦးသာသိကြသည် ။

အပြင်ကနေကြည့်ရင်တော့ သာမန်အပန်ဖြေရာနေရာတစ်ခု ငွေးကြေးချမ်းသာသည့်လူများ ကစားဖို့အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်ပေမဲ့ နောက်ကွယ်မှာ လူတွေကိုယခုလိုစွဲလမ်းရူးသွပ်စေရန် တရားမဝင်ဆေးပြားတွေကို သုံးဆွဲနေကြသည် ။

" အကိုကြီး … ဒီတစ်ခါလဲ အရင်အတိုင်း ဆေးအကုန်ယူမယ် … ဖြစ်နိုင်ရင် များများလေးယူခဲ့ပေးပါဗျာ … ကျွန်တော်ချက်ချင်းငွေချေမှာပါ "

" လင်းရှိန်ဆိုတဲ့ငါက အကြွေးထားရတာမကြိုက်ဘူး … မင်းသာနှုတ်လုံမယ်ဆို မင်းရဲ့ဘားအတွက် ငါများများချန်ထားပေးမယ် "

" စိတ်ချပါ … အကိုကြီးရဲ့ကျေးဇူးတွေကိုမမေ့ပါဘူး "

ထိုလူကြီးက ငွေသေတ္တာ ၃ ပုံးကို လင်းရှိန်ရှေ့ချပေးလိုက်သည် ။ အနောက်ကအစောင့်တစ်ယောက်ကထွက်လာပြီး ငွေတွေကိုစစ်ဆေးပြီးနောက် သူတို့လိုချင်တဲ့တန်ကြေး ကိုက်ညီတော့မှ သူတို့ဘက်ကဆေးပြားတွေကို ထုတ်ပေးလာသည် ။ ထိုလူကြီးက ဆေးပြားတွေကိုစစ်ဆေးပြီးနောက် သဘောကျစွာပြုံးကာ လင်ရှိန်အားနှုတ်ဆက်ပြီးထွက်ခွာသွားလေသည် ။ အစောင့်တွေအားလုံးပါထွက်သွားပြီး အထဲတွင်ဘယ်သူမှ မရှိတော့မှ လင်းရှိန်ကသမီးဖြစ်သူအားမေးလိုက်သည် ။

" ရုတ်တရပ်ကြီး ဘာကြောင့် ဒယ်ဒီ့ကိုတွေ့ချင်ရတာလဲပြောပါဦး  "

" ဒယ်ဒီကပြန်ရောက်တာတောင် သမီးဆီအလည်မလာဘူးလေ … ဒါကြောင့်သမီးက လာတွေ့ရတာပေါ့ "

" ဒယ်ဒီအလုပ်က သမီးဆီပေါ်တင်လာလည်လို့မရတာ သမီးလဲသိရဲ့သားနဲ့ … အခက်အခဲတစ်ခုခုကြုံရလို့လား "

" ဟုတ် … သမီး ဒယ်ဒီကိုအကူအညီတောင်းချင်လို့ "

" ဧကရာဇ်မောင်နဲ့ပတ်သပ်နေတာလား "

" ဒယ်ဒီဘယ်လိုသိတာလဲ "

" သမီးသူ့ကိုသဘောကျလို့တောင် ဒီလောက်ထိကပ်သွယ်နေတာ … ဒယ်ဒီဆီလာတဲ့အကြောင်းအရင်းကလဲ သူ့ကြောင့်ပဲမဟုတ်လား "

" ဟုတ်တယ် … သမီးသူ့ကြောင့်လာခဲ့တာ "

" တကယ်တော့ ဧကရာဇ်မောင်က အဲ့လောက်ထိလဲအသုံးမဝင်ပါဘူး … ဒယ်ဒီသူ့ကိုပြိုင်ပြီး အဆောက်အဦးတွေဝယ်နေတာက ဒယ်ဒီတို့ခုလိုအပေးအယူလုပ်တဲ့အခါနယ်မြေလုံခြုံမှုရှိဖို့ အကာအကွယ်ယူဖို့ နယ်ချဲ့ချင်ယုံသပ်သပ်ပဲ … အဲ့ဒိရင်းနီးမှုကနေရတဲ့အမြတ်က ခုဒယ်ဒီရောင်းနေတဲ့ဆေးတစ်ထုတ်စာတောင်မရှိဘူး … သမီးသူ့အနားမှာနေပြီး ဒုက္ခခံနေဖို့မလိုပါဘူး … သမီးလိုချင်ရင် သူ့ကိုဖမ်းပေးမယ် "

" အဲ့လိုမလုပ်ချင်ဘူး … သမီးမောင့်အနားမှာနေနေတာက မောင့်ကိုရယူဖို့ထက် ကုမုဒြာပိုင်ဆိုင်သမျှတွေကိုလုယူပြီး သူရှုံးနိမ့်တာကို ကြည့်ချင်လို့ … ဒယ်ဒီမေ့သွားပြီးလား … လွန်ခဲ့တဲ့နှစ်တွေက ​ဒယ်ဒီနဲ့သမီးတို့ လူတွေကြားထဲခုလိုမနေရဲပဲရှောင်ပုန်းနေခဲ့ရတာ … အဲ့အချိန်တုန်းက ကုမုဒြာကလူတွေပါစပ်ဖြားမှာဆွဲနေတဲ့ နတ်ပန်းလေးလိုဖြစ်နေတယ် … သမီးကတော့လူတိုင်ရှုံ့ချအပြစ်တင်တာကိုပဲခံခဲ့ရတယ် … သမီးသူ့ကိုဖျက်စီးပြစ်ရမှကျေနပ်မယ် "

သူမမျက်ဝန်းတွေထဲမှာ ဒေါသမီးလျှံများတရိပ်ရိပ်တောက်လောင်နေပြီး လင်းရှိန်ကသမီးဖြစ်သူကိုကြည့်ကာ နှစ်သိမ့်ပေးလိုက်သည် ။

" အတိတ်ကကိစ္စတွေကို ဒယ်ဒီလဲမမေ့ပါဘူး … အဖိုးကြီးကုဌေကြွယ်မသေခင် သူ့မြေးပျက်စီးသွားတာကိုမြင်ခွင့်ရအောင်လုပ်ပေးမယ် … သမီးဘာဖြစ်ချင်လဲသာပြောလိုက် … အားလုံးဖြစ်စေရမယ် "

ထိုအခါမှ ကသစ်ပန်းက သူယူလာတဲ့ဆေးဘူးကိုထုတ်ပေးလိုက်ပြီး …

" တကယ်တော့ မောင့်မှာ ဖယ်ရိုမုန်းမတည်ငြိမ်တဲ့ရောဂါရှိနေတယ် … မောင်ကဒီဆေးကိုအမြဲသောက်တယ် … သူ့ကိုထိန်းချုပ်နိုင်မဲ့ဆေးရှိရင် သမီးကိုပေးပါလား "

လင်းရှိန်က ဆေးဘူးကိုယူကြည့်လိုက်ပြီး ပြုံးလိုက်သည် ။

" ရှိတာပေါ့ … ဒီဆေးနဲ့အရွယ်တူပုံစံတူပဲ … သူဘယ်လိုမှခွဲခြားနိုင်မှာမဟုတ်ဘူး … အဲ့ဆေးကိုသူ့ကိုတစ်နေ့တစ်ကြိမ်တိုက်ပေး … သူသမီးကိုစွဲလမ်းလာစေရမယ် … သူ့နားကဘယ်သူ့ကိုမှ သတိရတော့မှာမဟုတ်ဘူး "

" ပြီးတော့ သမီးရဲ့ဖယ်ရိုမုန်းရနံ့ က အတော်လေးအားပျော့နေတယ် … ဒါကြောင့်ဖယ်ရိုမုန်း အားတိုးဆေးပါထပ်ပေး "

" လိုအပ်တာအားလုံးလုပ်ပေးမယ် … အခွင့်ရရင်သုံးဖို့စိတ်ကြွဆေးပြားပါထည့်ပေးလိုက်မယ် … နောက်ထပ်သမီးလိုချင်တဲ့အကူအညီရှိရင် ဒယ်ဒီကိုအချိန်မရွေးဆက်သွယ်လိုက် … သမီးဖြစ်ချင်တာ အားလုံးလုပ်ပေးမယ် … ဧကရာဇ်မောင်လိုကြွက်တစ်ကောင်က ဖမ်းဖို့အဲ့လောက်ထိမခက်ပါဘူး "

ကသစ်ပန်းက သူမလိုချင်နေတာတွေအားလုံးရပြီမို့ ပျော်ရွှင်သွားလေသည် ။

တဖက်တွင် ဇွဲကရှာဖွေဖို့အခွင့်အရေးစောင့်နေစဉ် ချောမောလှပတဲ့အမျိုးသမီးတစ်ဦးက သူတို့အခန်းထဲဝင်လာသည် ။ သူမလက်ထဲတွင် ဖန်ခွက်တစ်လုံးရှိနေပြီး ထိုထဲတွင် အဖြူရောင်ဆေးပြားတစ်ချို့ကို ထည့်ထားသည် ။ သူမက အားလုံးရဲ့အရှေ့မှာ ခွက်ကိုမြှောက်ပင့်လိုက်ပြီး …

" လူကြီးမင်းတို့စောင့်မျှော်နေတဲ့ စွမ်းအားပြည့်ဝစေမဲ့နတ်ဆေးရပါပြီရှင် "

အားလုံးက ပျော်ရွှင်သွားကြကာ တစ်ယောက်တစ်ပြားစီလုယူနေကြသည် ။ ဇွဲက ဘာမှန်းမသိ၍ ငြိမ်ပြီးထိုင်နေတော့ သူ့ရဲ့သူငယ်ချင်းက ဇွဲအတွက်ပါတစ်ပြားယူလာပြီး ပေးလာသည် ။

" ဒါကဘာဆေးလဲ "

" မင်းမသိဘူးလား … ဒါကနတ်ဆေး … စားပြီးသွားရင်နတ်ပြည်ရောက်သွားသလိုပဲ စိတ်ကိုရွှင်လန်းသွားစေတယ် "

ဇွဲက ဆေးနယ်ပယ်ကမဟုတ်ပေမဲ့ ဒီလိုမျိုးအစွမ်းထက်တဲ့ဆေးမျိုး တစ်ကြိမ်တစ်ခါမှမကြားဖူး၍ ဆေးကိုသေခြာလေးလှည့်ပတ်ကြည့်နေသည် ။ ထိုအခါ သူ့ရဲ့သူငယ်ချင်းက ထပ်မံတိုက်တွန်းပြန်သည် ။

" ဒီဆေးကအရမ်းရှားတာနော် … အပြင်မှာလိုချင်လို့ဝယ်မရဘူး … ပြီးတော့ ဘာဘေးထွက်ဆိုးကျိုးမှမရှိဘူး … မင်းကိုထိခိုက်စေမှာတော့မပူနဲ့ … ငါစားလာတာ ၂ နှစ်ပြည့်တော့မယ် ခုထိဒေါင်ဒေါင်မြည်ပဲ "

" ဒါဆိုဘာလို့အပြင်ဆေးခန်းတွေမှာမရတာလဲ "

" မင်းကလဲကွာ … နေရာတိုင်းမှာဝယ်လို့ရရင် နတ်ဆေးလို့ခေါ်နေပါ့မလား … ဒါကဒီနေရာမှာပဲရတာ "

ထိုအရာကိုက မသင်္ကာစရာကောင်းနေပြီ ။ ဇွဲရဲ့မိခင်က ဆေးအမှူတွေလိုက်ဖူး၍ ဇွဲက သူငယ်ချင်းပြောတာကိုမယုံပဲ ဆေးကိုသောက်ဟန်ဆောင်လိုက်သည် ။

ဆေးလာပေးသည့်အမျိုးသမီးက အခန်းထဲမှာရှိတဲ့လူတွေ ဆေးသောက်လားမသောက်လား သေချာစောင့်ကြည့်နေသည် ။ သူမအကြည့်တွေ ဇွဲထံရောက်လာတော့ ဇွဲကဆေးပြားကို အင်္ကျီအိပ်ကပ်ထဲ ထည့်ပြီးနေခြေပြီ ။ ဇွဲကဆေးကိုရေဖြင့်မြှောချသလိုဟန်ဆောင်လိုက်၍ သူမမရိတ်မိလိုက်ပေ ။

ဆေးသောက်ပြီးသွားတဲ့လူတွေအားလုံးက ပုံမှန်ထက်ရွှင်မြူးလာကာ တီးလုံးသံနဲ့အတူ ကခုန်နေကြသည် ။ ဇွဲရဲ့သူငယ်ချင်းကလဲ ဇွဲရဲ့လက်ကိုဆွဲကာ ကခုန်ဖို့အတူခေါ်သွားသည် ။ ထိုအမျိုးသမီးက လူတိုင်းရဲ့အခြေအနေကို စောင့်ကြည့်နေ၍ ဇွဲလဲမရိတ်မိအောင် အလိုက်သင့်လေး ကခုန်နေလိုက်သည် ။

ထိုအမျိုးသမီးက အားလုံးကိုစစ်ဆေးပြီး သောက်ပြီးသွားတာသေချာတော့မှ အခန်းထဲကနေထွက်သွားသည် ။ ခုအချိန်တွင် အခန်းထဲ၌ ပုံမှန်စိတ်ရှိတဲ့လူက ဇွဲတစ်ယောက်သာကျန်နေခဲ့သည် ။ ဇွဲလဲအရိပ်အခြေနေကြည့်ကာ အခန်းအပြင်ထွက်လာခဲ့သည် ။ ကံကောင်းချင်တော့ အပြင်မှာလဲ ကခုန်နေကြသည့်လူများရှိနေ၍ သူ့ကိုဘယ်သူမှသတိမထားမိကြပေ ။

ဇွဲက လူစည်ကားနေတဲ့ပွဲထံမသွားပဲ လူရှင်းသည့် အခန်းတွေကြားကနေလျှောက်ကာ ကသစ်ပန်းကိုရှာဖွေနေသည် ။ အနံ့အသက်တွေကပေါင်းစုံနေ၍ ဇွဲရဲ့အာရုံခံနိုင်စွမ်းကိုနှောင့်နှေးစေသည် ။

ဇွဲလမ်းကြားတစ်ခုကိုချိုးဝင်လိုက်စဉ် သူ့အရှေ့တည့်တည့်ကနေ ကသစ်ပန်းလမ်းလျှောက်လာတာကိုမြင်လိုက်ရ၍ ချက်ချင်းအနောက်သို့ပြေးကာပုန်းကွယ်လိုက်သည် ။ သူမကိုရှာရင်း သူမနဲ့တည့်တည့်တိုးလိမ့်မည်ဟု ထင်မထားခဲ့ပေ ။

သူမရဲ့ပုံစံက အိမ်တော်မှာမြင်တွေ့နေကြ ကြာပန်းဖြူပုံစံမဟုတ်နေပဲ အရမ်းကိုအန္တရာယ်များကာ ပေါက်ကွဲလွယ်သည့် ဗုံးတစ်ခုပမာ မျက်နှာထားကတင်းမာနေသည် ။ ဇွဲသာ သူမအကြောင်းသိမထားလျှင် ခုမြင်နေရသည့် အမျိုးသမီးကို ကသစ်းပန်းဟု သတိထားမိမည်မဟုတ်ခြေ ။ သူမရဲ့သရုပ်မှန်က အပြင်ပုံစံနဲ့ လုံးဝပင်ကွဲပြားနေသည် ။

သူမရဲ့နဘေးမှာ အသက်ကြီးကြီးအမျိုးသားတစ်ယောက်ရှိနေပြီး ထိုလူက ဇွဲရဲ့မိခင်တစ်ခါကပုံပြဖူး၍ မုဒြာရဲ့အဖေ လင်းရှိန်မှန်း ဇွဲသိသွားသည် ။  ကသစ်ပန်းက သူ့အဖေနဲ့သွားတွေ့တာဆိုရင် သူတို့မှာအကြံတစ်ခုခုရှိနေမည်ဟု ဇွဲထင်လိုက်သည် ။ ထိုအကြံက မုဒြာကိုထိခိုက်စေမည့်အကြံဖြစ်မှာကြောက်မိသည် ။

ကံကောင်း၍ ဒီနေ့နောက် ယောင်ခံလိုက်ရာ၌ ဒီဘားရဲ့လျှို့ဝှက်ချက်ကိုသိရပြီး သက်သေဆေးပြားကိုပါရရှိခဲ့သည် ။ ဆေးရောင်းဝယ်သူ လင်းရှိန်ကိုပါတွေ့ခဲ့ရ၍ ဇွဲအမြန်ဆုံးအိမ်သို့ပြန်လာခဲ့ကာ မိခင်ထံသတင်းပို့လိုက်သည် ။ ဇွဲပြန်ရောက်လာပြီး နာရီအနည်းငယ်ခြားမှ ကသစ်ပန်းပြန်ရောက်လာသည် ။ သူမရဲ့ခုပုံစံနဲ့ ဘားမှာတွေ့ခဲ့သည့်ပုံစံနှင့် ခြားနားနေကာ အဝတ်အစား မျက်နှာထားကအစ အကုန်ပြောင်းလဲနေသည် ။

ဧကရာဇ်မောင်က မနက်ဖြန်အလုပ်မှာ အစည်းအဝေးရှိ၍ လိုအပ်တဲ့ဖိုင်တွေကို အိမ်အပေါ်ဆုံးထပ်က နားနေခန်းမှာ ထိုင်ပြီးစစ်ဆေးနေသည် ။ ကသစ်ပန်းက ဧကရာဇ်ထံရောက်လာပြီး အကူအညီပေးဖို့ပြောလာသည် ။

ဒီတစ်ခါကိစ္စက အရေးကြီး၍ ဧကရာဇ်မောင်က လက်မခံခြေ ။ ဟိုးအရင်အမှားတစ်ခုဖြစ်ပြီးကတည်းက ဧကရာဇ်မောင်က ဘယ်သူ့အပေါ်မှအယုံအကြည်မရှိတော့ပဲ တစ်ယောက်ထည်းကြိုးစားကာ ဦးဆောင်ပြီးလုပ်ကိုင်နေသည် ။

" မောင် … ရင်ထဲအေးသွားအောင် အအေးလေးသောက်လိုက်ဦး "

" ခနနေရင် ညနေစာစားချိန်ရောက်တော့မှာ … အစားပျက်လိမ့်မယ် "

သူမက ဆေးတိုက်ချင်ဇောဖြင့် ထိုအရာအားမတွေးမိပေ ။ သို့ပေမဲ့ သူမအကြံကိုတော့ လက်လွှတ်မခံနိုင်၍ မျက်နှာငယ်ဖြင့်ဆိုလိုက်တော့သည် ။

" ကသစ်က အပြင်ကပြန်ရောက်ရောက်ချင်း မောင့်အတွက်ဆိုပြီးဖျော်လာခဲ့တာ … မောင်ကမသောက်ချင်တော့လဲ ကသစ်ပြန်ယူသွားလိုက်ပါ့မယ် "

" အင်း "

အလုပ်မပျက်တဲ့ ဧကရာဇ်မောင်က ကွန်ပြူတာကိုသာအာရုံရောက်နေပြီး သူမအားဂရုပင်မစိုက်ပေ ။ ကသစ်ပန်း ဒေါသထွက်သွားပေမဲ့ မပေါက်ကွဲမိအောင်ထိန်းပြီး နောက်တစ်မျိုးစဉ်းစားရတော့သည် ။

ထမင်းစားချိန်ရောက်တော့ ဧကရာဇ်မောင်က မုဒြာချက်ထားတဲ့ဟင်းတွေကိုသာ ယူစားနေသည် ။ မုဒြာက ဇွဲရဲ့ပန်းကန်ထဲထည့်ပေးဖို့ ဇွန်းဖြင့်ခပ်လိုက်တော့ ဧကရာဇ်မောင်က သူ့ရဲ့ပန်းကန်ကို အရှေ့သို့ ထိုးခံလိုက်ပြီး …

" ငါ့ထဲထည့်ပေး "

" …… "

မုဒြာက ကြောင်အမ်းအမ်းဖြင့် ထည့်ပေးလိုက်ရသည် ။ ဇွဲက မုဒြာကို သူ့ကိုထည့်ပေးဖို့မလိုကြောင်းပြောပြီး သူကမုဒြာပန်းကန်ထဲ ဟင်းခပ်ထည့်ပေးလိုက်သည် ။

" မုဒြာ … များများစား … ဒါမှအားရှိမှာ "

" ကျေးဇူးပါ "

ဧကရာဇ်မောင်က သူတို့အားစိုက်ကြည့်နေကာ ဘာမှတော့ဝင်မပြောခြေ ။ ထမင်းစားဝိုင်းက တိတ်စိတ်စွာပင် ပြီးဆုံးသွားသည် ။ ဧကရာဇ်မောင် အခန်းထဲမှာရှိနေစဉ် ကသစ်ပန်းဝင်လာပြီး လက်ထဲမှာ ဆေးပြားနဲ့ဖန်ခွက်ကိုယူလာသည် ။ သူမက ထိုဆေးကို ဧကရာဇ်ထံကမ်းပေးလိုက်ပြီး …

" မောင် … ဒါကမောင်စားနေကြဆေးလားဟင် … သခင်လေးမုဒြာက ကသစ်ကိုလာပေးခိုင်းလို့ … သူကသူကိုယ်တိုင်ပေးရင် မောင်ကမသောက်ပဲနေမှာဆိုးလို့တဲ့ "

ဧကရာဇ်က ချက်ချင်းမယူသေးပဲ စိုက်ကြည့်နေသည် ။ သူဒီဆေးကို မသောက်တာအတော်လေးကြာနေပြီ ။ အရင်ကမုဒြာသူ့ကိုထိန်းချုပ်ဖို့အတွက် ဒီလိုဆေးတွေတိုက်တာလို့ ထင်မိပေမဲ့ ခုဆေးတောင်မလိုပဲ သူမုဒြာအပေါ်အများကြီးပြောင်းလဲလာခဲ့ပြီ ။ ဒီဆေးတွေကို မုဒြာကဘာကြောင့် ထပ်ပြီးသောက်ခိုင်းနေတာလဲ ။ ပြီးတော့သူကိုယ်တိုင်မတိုက်ပဲ သူများကိုတိုက်ခိုင်းရတာလဲ ?

ကသစ်ပန်းက ဆေးကိုအအေးထဲထည့်တိုက်ရင် အရသာထူးဆန်းနေမည်ဆိုး၍ ကုမုဒြာကိုလဲအထင်လွဲအောင် သူ့ရဲ့နာမည်ကိုယူသုံးပြီး ခုလိုမောင့်ကို ဆေးသောက်အောင်တိုက်သွန်းဖို့ အကြံရသွားခြင်းပင် ။ ဒါပေမဲ့ ဧကရာဇ်မောင်က လက်မခံသေးပေ ။

" မောင်မသောက်ချင်ရင်လဲ ကသစ်ပြန်ယူသွားလိုက်မယ် … သခင်လေးမုဒြာတော့ စိတ်မကောင်းဖြစ်နေမှာ "

" ထားခဲ့လိုက် "

သူမရဲ့အကြံအောင်သွား၍ ကျေနပ်သွားသည် ။ မောင်က မုဒြာအပေါ်အရင်ကထက်အရေးစိုက်လာတာကို မကြိုက်ပေမဲ့ မုဒြာနာမည်ကိုသုံးပြီး ချောက်ချဖို့က ပိုလွယ်ကူသွားသည် ။ သူမက ဧကရာဇ်မောင်ကို သူမရှေ့မှာပဲ ဆေးသောက်စေပြီး သောက်ပြီးတာ သေချာတော့မှ ပြန်ထွက်သွားသည် ။

သူမလဲထွက်သွားရော ဧကရာဇ်မောင် ချက်ချင်းပဲ ရေချိုးခန်းထဲ ပြေးဝင်သွားသည် ။

" အဟွတ် … အဟွတ် "

ဧကရာဇ်မောင်က မုဒြာတိုက်ခဲ့သမျှဆေးတွေကို အချိန်အတော်ကြာသောက်ခဲ့၍ ဒီဆေးရဲ့ထူးခြားချက်ကို ချက်ချင်းရှာတွေ့သွားသည် ။

" အရတာကလဲ ထူးဆန်းလိုက်တာ "

ပြန်အန်ထွက်လာတဲ့ဆေးပြားကိုယူလိုက်ပြီး တစ်စုံတစ်ခုကတော့ မှားယွင်းနေကြောင်း ဧကရာဇ်မောင် သတိထားမိလာခဲ့သည် ။ သူကမှန်ထဲက သူ့ရဲ့ရုပ်ပုံကို ပြန်ကြည့်လိုက်ပြီး …

" ငါယုံကြည်နေမိတဲ့လူတွေက မှန်ကန်နေရဲ့လား … ဘာကြောင့် တစ်စုံတစ်ခုက မှားယွင်းနေတယ်လို့ ခံစားနေရတာလဲ … အမှန်တရားကို ငါကိုယ်တိုင်ရှာဖွေမှ ရတော့မယ် "

……….………………………………………………………………………

To Be Continued ……

ဒီတစ္ပတ္ပိတ္ရပ္၌ ကသစ္ပန္းဟာ အိမ္ေတာ္မွာမေနပဲ အျပင္ထြက္သြား၍ ဇြဲကသူ႕ရဲ႕လူယုံကို ေသခ်ာေစာင့္ၾကည့္ၿပီး သတင္းေပးဖို႔ လႊတ္ထားလိုက္သည္ ။

မုျဒာမေတာ္တစ ေျခေခ်ာ္သြားၿပီးကတည္းက ဇြဲဟာမုျဒာအား မ်က္စိေအာက္ကအေပ်ာက္မခံပဲ ဂ႐ုတစိုက္ေစာင့္ၾကည့္ေပးသည္ ။ သူေစာင့္ၾကည့္ေနစဥ္မွာပဲ မုျဒာက အစားစားခ်စ္စိတ္မရွိတာမ်ိဳး ေအာ့အန္တာမ်ိဳး ခနခနျဖစ္ေန၍ မသကၤာလို႔ေမးၾကည့္လိုက္ေတာ့ မုျဒာက အစာမေက်လိဳ႕ဟုသာ လိမ္ညာထားသည္ ။ ကယကံရွင္ကိုယ္တိုင္ကထုတ္ေျပာမလာေတာ့ ဇြဲလဲ ခုခ်ိန္ထိ မုျဒာကိုယ္ဝန္လြယ္ထားရတာကို မသိေပ ။

ဇြဲကက်န္းမာေရးလိုက္စားသူမို႔ မနက္တိုင္းလမ္းေလွ်ာက္ထြက္တဲ့အက်င့္ရွိသည္ ။ မုျဒာတို႔အိမ္ေတာ္က ပန္းၿခံနဲ႕နီး၍ ဇြဲကအၿမဲပန္းၿခံကိုသြားၿပီး ေျပးကာေလ့က်င့္ခန္းလုပ္သည္ ။

ဒီေန႕ပိတ္ရက္ျဖစ္တာေၾကာင့္ ၈ နာရီထိုးမွထၿပီး ပန္းၿခံသို႔ ေလ့က်င့္ခန္းလုပ္သြားရန္ျပင္ေနခ်ိန္ မုျဒာေရာက္လာၿပီး သူလဲလိုက္ခ်င္ေၾကာင္း ဇြဲကိုေျပာလာသည္ ။

ကိုယ္ဝန္ရၿပီးကတည္းက ဆရာဝန္ကေလ့က်င့္ခန္းေလးပုံမွန္လုပ္ လမ္းေလးေလွ်ာက္ဖို႔အႀကံေပးေပမဲ့ မုျဒာမလုပ္ျဖစ္ခဲ့ေပ ။ ဇြဲနဲ႕ဆိုရင္ေတာ့ သူ႕အတြက္လုံၿခဳံသလို ေလ့က်င့္ခန္းလဲ ျဖစ္ျဖစ္ေျမာက္ေျမာက္ လုပ္နိုင္လိမ့္မည္ ။

ဇြဲက အစကမုျဒာေျခေထာက္ကလဲ ထိခိုက္ဖူးေတာ့ မေျပးပဲအိမ္မွာပဲနားဖို႔ေျပာေပမဲ့ မုျဒာက ေလ့က်င့္ခန္းလုပ္ၿပီး လမ္းေလွ်ာက္ခ်င္ယုံေလးမို႔ ပန္းၿခံအထိအတူလိုက္ခြင့္ေတာင္းလာသည္ ။ ဇြဲကလဲ ေျပးခြင့္မျပဳပဲ ကားနဲ႕ပဲအတူသြားကာ ပန္းၿခံေရာက္မွ အတူလမ္းဆင္းေလွ်ာက္ၾကသည္ ။

မုျဒာက ဗိုက္ကေလးနည္းနည္းပူလာၿပီမို႔ အကၤ်ီကိုအပြဆုံးကိုေ႐ြးဝတ္ထား၍ အရပ္ပုၿပီးလူေကာင္ေသးတဲ့သူက ဇြဲလိုအရပ္ရွည္ၿပီးလူေကာင္ထြားတဲ့လူနေဘးမွာ ညီငယ္ေလးနဲ႕ပင္တူေနသည္ ။

ဇြဲကေက်ာင္းတက္စဥ္ကတည္းက Alpha ေတြၾကားမွာ အထင္ေပၚဆုံးျဖစ္ကာ ေက်ာင္းရဲ႕အားကစားၿပိဳင္ပြဲေတြမွာလဲ ဆုမ်ားစြာရရွိၿပီး ခႏၶာကိုယ္ႀကံ့ခိုင္သန္စြမ္းပုံကလဲ ထူးကဲလွသည္ ။ ခုလိုအားကစားဝတ္စုံဝတ္ထားေတာ့ သူ႕ရဲ႕သန္မာတဲ့ႂကြက္သားေတြကအထင္းသားေပၚေနကာ ပန္းၿခံထဲကအိုမီဂါေလးေတြရဲ႕အၾကည့္ကို ဖမ္းစားထားေလသည္ ။

မုျဒာကမေျပးပဲ ပုံမွန္လမ္းေလွ်ာက္ေန၍ ဇြဲကလဲမုျဒာနဲ႕အကြာအေဝးနီးနီးေလးကေနလိုက္ေနသည္ ။

" ဇြဲ … ဘာလို႔မေျပးတာလဲ "

" ကိုယ္မင္းနဲ႕အတူ လမ္းေလွ်ာက္ခ်င္လို႔ "

" ဇြဲကေျပးဖို႔လာတာပဲ ေျပးပါ … မုျဒာဘယ္မွေပ်ာက္မသြားပါဘူး … ဒီနားမွာပဲလမ္းေလွ်ာက္ေနမွာ "

မုျဒာၾကည့္ရတာ တစ္ေယာက္ထည္းလြတ္လြတ္လပ္လပ္ေနခ်င္ပုံေပၚသည္ ။ အနားမွာလဲ မုျဒာမသိေအာင္ အေစာင့္ေတြထားေပးထားတာေၾကာင့္ ဒီပန္းၿခံက လုံၿခဳံစိတ္ခ်ရသည္ ။

" တကယ္အဆင္ေျပတာေသခ်ာရင္ ကိုယ္ခနေလာက္ေျပးလိုက္ဦးမယ္ … နာရီဝက္ေလာက္ေနရင္ ကိုယ္တို႔ကားရပ္ထားတဲ့ေနရာက နားေနေဆာင္မွာေစာင့္ေနမယ္ေနာ္ "

" အင္းပါ … အဲ့အခ်ိန္ မုျဒာျပန္လာခဲ့မယ္  "

ထိုအခါမွ ဇြဲကအနည္းငယ္အရွိန္တင္ကာ ေျပးလိုက္သည္ ။ ဇြဲက သူမုျဒာအနားမွာပဲကပ္ေနရင္ မုျဒာစိတ္အိုက္ေနမည္ဆိုးကာ လြတ္လြတ္လပ္လပ္ေနဖို႔ ေရွာင္ေပးသည့္သေဘာပင္ ။ မုျဒာကိုစိတ္မပင္ပန္းေစခ်င္၍ သူျဖစ္ခ်င္တာမွန္သမွ်ကို ျဖည့္စည္းေပးဖို႔ ေတြးထားသည္ ။

ထိုစဥ္ ဇြဲရဲ႕ဖုန္းထဲသို႔ မက္ေဆ့တစ္ေဆာင္ ဝင္လာသည္ ။ ဖြင့္ၾကည့္လိုက္ေတာ့ သူေစာင့္ၾကည့္ခိုင္းထားတဲ့လူထံက ကသစ္ပန္းသြားတဲ့ေနရာကို ပုံရိုက္ၿပီးပို႔ေပးျခင္းျဖစ္သည္ ။

ကသစ္ပန္းက ဒီပိတ္ရက္မွာ ဧကရာဇ္ေမာင္အနားကပ္မေနေတာ့ပဲ တစ္ေယာက္ထည္း ဘားကလပ္တစ္ခုထံ တန္းတန္းမတ္မတ္သြားေနသည္ ။ ထိုကလပ္က အဖြဲ႕ဝင္ VIP မ်ားသာ တက္ေရာက္ခြင့္ရွိကာ အဆင့္အတန္းျမင့္တဲ့အယ္ဖာေတြ အိုမီဂါေတြအေပ်ာ္သြားေရာက္ေလ့ရွိသည့္ ေနရာတစ္ခုျဖစ္သည္ ။ ပါတီပြဲအမ်ားစုကိုလဲ ထိုကလပ္မွာျပဳလုပ္ေလ့ရွိၾကသည္ ။

ထိုရပ္ကြက္က ေခ်ာင္က်ကာ ေလာင္းကစားဝိုင္းေတြနဲ႕ အေပ်ာ္ေဂဟာမ်ားစြာရွိ၍ ေမွာင္ခိုေစ်းကြက္ျပဳလုပ္ဖို႔အေကာင္းဆုံးေနရာလဲျဖစ္သည္ ။ ထိုေနရာကကိုလိုနီတစ္ဦးရဲ႕နယ္ေျမျဖစ္ကာ ဥပေဒကိုလက္တစ္လုံးျခားလုပ္ၿပီး တရားမဝင္အဖြဲ႕အစည္းတစ္ခ်ိဳ႕ကိုေနရာေပးထားသည္ ။ ဇြဲရဲ႕မိခင္လိုက္ရတဲ့အမႈတိုင္းလိုလိုက ထိုေနရာနဲ႕စပ္စပ္မႈရွိသည္ ။ ကသစ္ပန္းဒီေနရာကိုသြားတာေသခ်ာရင္ သူမကသူ႕ဖခင္ကိုသြားေတြ႕တာမွန္း ခန႔္မွန္းရလြယ္ကူသည္ ။

ကသစ္ပန္းဝင္သြားတဲ့အေဆာက္အဦးက ထိုေနရာရဲ႕ အႀကီးဆုံးေဖ်ာ္ေျဖေရးအဖြဲ႕အစည္းပိုင္ျဖစ္ကာ အထပ္တိုင္းမွာ ဘားကလပ္မ်ိဳးစုံရွိသည္ ။ ဇြဲမွာက သူငယ္ခ်င္းမိတ္ေဆြေပါ၍ ထိုအဖြဲ႕အစည္းရဲ႕အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့သူငယ္ခ်င္းက ဇြဲဂ်ပန္မသြားခင္က ထိုေနရာသို႔ ေခၚသြားဖူးသည္ ။ ထိုအခ်ိန္ကဇြဲဟာ ကုမုျဒာကိုလက္လႊတ္လိုက္ရ၍ အသဲကြဲေနခ်ိန္လဲျဖစ္သည္ ။ ထိုေနရာကို တစ္ခါေလးပဲသြားၿပီးေနာက္ ဇြဲေျခဦးပင္မလွည့္ေတာ့ေျခ ။ ကံေကာင္းတယ္ဆိုရမလား ထိုအေတြ႕အႀကဳံေၾကာင့္ ထိုအေဆာက္အဦးထဲ ဘယ္လိုဝင္ရမလဲ ဇြဲခန႔္မွန္းလို႔ရသြားသည္ ။

တစ္ဖက္တြင္ မုျဒာလမ္းေလွ်ာက္ေနစဥ္ တြန္းလွည္းေလးနဲ႕ ေရခဲမုန႔္ဆိုင္၌ ကေလးငယ္ေလးေတြ စုၿပဳံကာ ဝယ္ေနၾကတာကို ျမင္သြားသည္ ။ ကေလးေလးေတြအားလုံး ေက်ာင္းဝတ္စုံဆင္တူဝတ္ထားပုံကိုၾကည့္ရတာ မူႀကိဳေက်ာင္းတစ္ခုခုက ကေလးေလးေတြျဖစ္မည္ ။

ပန္းၿခံထဲကို ကေလးေတြစိတ္အပန္းေျဖဖို႔ ဆရာဆရာမေတြက ေခၚလာၾကပုံပင္ ။ ဒီအ႐ြယ္ေလးေတြက စာသင္ရတာထက္ ကစားရတာနဲ႕ စားရတာကိုပိုႏွစ္သက္ၾကသည္ ။

ကေလးေတြကိုျမင္ေတာ့ မုျဒာသူ႕ရဲ႕ဗိုက္ေလးကို လက္ေလးနဲ႕ေပြ႕ပိုက္ရင္း တိုးတိုးေလးေရ႐ြတ္လိုက္သည္ ။

" ငါ့ကေလးေလး သူတို႔ေလးေတြအ႐ြယ္ေလာက္ေရာက္ရင္ ေက်ာင္းဝတ္ဆုံေလးနဲ႕အရမ္းခ်စ္စရာေကာင္းေနမွာ "

မုျဒာငယ္စဥ္က အဖိုးကၿခံဝန္းထဲမွာပဲ ပန္းၿခံနဲ႕ကစားကြင္းျပဳလုပ္ေပးထား၍ အျပင္ထြက္ခြင့္မရွိေပ ။ ကစားစရာေတြေပါမ်ားေပမဲ့ အေဖာ္မရွိေတာ့ တစ္ေယာက္တည္းအထီးက်န္ကာ ေပ်ာ္စရာမေကာင္းခဲ့ေပ ။ ထိုသို႔အထီးက်န္စြာေနလာခဲ့ရ၍လဲ သေဘာက်မိတဲ့အရာေတြကို ပုံမွန္ထက္စြဲလမ္းသည့္စိတ္ျဖစ္ေပၚလာျခင္းျဖစ္မည္ ။

ခုေခတ္ကေလးေတြကေတာ့ ပန္းၿခံထဲမွာေလွ်ာက္သြားကာ ႐ြယ္သူေလးေတြနဲ႕ေပ်ာ္႐ႊင္ေနၾကသည္ ။ လူႀကီးေတြကလဲ ကေလးေတြအေပၚနားလည္ေပးလာကာ အရင္ကေလာက္မခ်ဳပ္ခ်ယ္ၾကေတာ့ေပ ။ ျဖဴစင္တဲ့ကေလးေတြက တစ္ေယာက္ကိုတစ္ေယာက္ ၿပဳံးျပရင္း ခုမွေတြ႕ဖူးၾကေပမဲ့ ရင္းနီးစြာကစားေနၾကသည္ ။

မုျဒာအေတြးေတြနဲ႕ေလွ်ာက္လာရင္း ကေလးေတြဝိုင္းၿပီးဝယ္ေနတဲ့ ေရခဲမုန႔္ဆိုင္သို႔ေရာက္လာခဲ့သည္ ။ ထိုစဥ္မုျဒာအေနာက္က ကေလးမေလးက အသံစြာစြာျဖင့္ ေျပာလာသည္ ။

" ဦးဦး … ဝယ္မွာဆိုအတန္းစီရရမယ္ေလ "

" အို ေတာင္းပန္ပါတယ္ကေလးေလး … ဦးဦးကမသိလို႔ပါ "

ကေလးမေလးက မုျဒာအေနာက္ကေန ဝင္အတန္းစီလိုက္ၿပီး …

" ရပါတယ္ … ဦးဦးက ဦးဦးကေလးတြက္ လာဝယ္တာလားဟင္ "

" မဟုတ္ပါဘူး … ဦးဦးစားဖို႔ "

အနားကကေလးေတြက မုျဒာကိုလွည့္ၾကည့္လာၾကသည္ ။ ကေလးေတြအလယ္မွာ တစ္ေယာက္ထည္းရွိေနတဲ့ လူႀကီးတစ္ေယာက္မို႔ စူးစမ္းခ်င္ေနၾကပုံပင္ ။ မုျဒာကလဲ ကေလးေတြကို ၿပဳံျပလိုက္သည္ ။

ေရခဲမုန႔္ေရာင္းေနသူက ဦးေလးႀကီးတစ္ေယာက္ျဖစ္ၿပီး ကေလးေတြသေဘာက်ေအာင္ အ႐ုပ္ပုံစံခြက္ေလးေတြထဲမွာ ထည့္ေပးေနသည္ ။ တစ္ခ်ိဳ႕ကေလးငယ္ေတြက လက္ထဲမွာ ပိုက္ဆံမပါပဲ အတန္းစီေနၾကသည္ ။ ဦးေလးႀကီးက ပိုက္ဆံေတာင္းေတာ့ ကေလးငယ္ေလးေတြက သူတို႔အိပ္ထဲက ခဲတံေလးေတြကိုထုတ္ေပးရွာသည္ ။ သူမ်ားေတြလာဝယ္စားတာကိုျမင္ၿပီး ေငြမပါပဲ စားခ်င္ေစာျဖင့္ ဝင္အတန္းစီေနၾကပုံပဲ ။

လက္ထဲကမုန႔္ကိုလဲျပန္မေပးခ်င္ ေငြကလဲမပါျဖစ္ေနတဲ့ ကေလးငယ္ေလးေတြရဲ႕မ်က္ႏွာက ညွိုးငယ္ေနရွာသည္ ။ ေနာက္ဆုံးေတာ့ ဦးေလးႀကီးခမ်ား မေတာင္းရပ္ေတာ့ပဲ အလကားေပးလိုက္ရသည္ ။  မုျဒာက ထိုျမင္ကြင္းအားေငးၾကည့္ရင္း ဒီေလာကမွာလဲ ဒီလိုမ်ိဳးသေဘာထားျပည့္ဝတဲ့လူေတြရွိေနေသးတာပဲဟု မွတ္ခ်က္ျပဳမိသည္ ။ ဒါေပမဲ့ ဒီဦးေလးမွာလဲ အရင္းအႏွီးဆိုတာ ရွိေနေသးတာေၾကာင့္ မုျဒာကူညီေပးဖို႔ ဆုံးျဖတ္လိုက္သည္ ။

" ကေလးတို႔ ေရခဲမုန႔္ဖိုး ဦးဦးရွင္းေပးမယ္ … လိုခ်င္ေသးရင္ ထပ္ယူလို႔ရတယ္ေနာ္  "

မုျဒာက ခ်က္ခ်င္းဦးေလးႀကီးထံ ေရခဲမုန႔္ဖိုးေငြရွင္းေပးလိုက္ေတာ့ မုျဒာအေနာက္က ကေလးမေလးအပါအဝင္ ကေလးငယ္အားလုံးက ေပ်ာ္႐ႊင္သြားၾကသည္ ။ ေရခဲမုန႔္ေရာင္းေနတဲ့ဦးေလးႀကီးကလဲ စိတ္သေဘာထားေကာင္းတဲ့မုျဒာအား ေက်းဇူးတင္ေၾကာင္းေျပာလာသည္ ။

ဒီေငြေလာက္က မုျဒာအတြက္ တန္ဖိုးမႀကီးေပမဲ့ လိုအပ္ေနသူေတြ ခုလိုေပ်ာ္႐ႊင္ေနၾကတာျမင္ရေတာ့ မုျဒာၾကည္ႏူးေနမိသည္ ။ ထိုအခါမွ မုျဒာသူစိတ္ကို တကယ္ေပ်ာ္ေစတဲ့အရာကို ရွာေတြ႕သြားသည္ ။ အိမ္တြင္းပုန္းကာ ဧကရာဇ္ေမာင္ထံက အခ်စ္ေတြျပန္ရဖို႔ ႀကိဳးစားေစာင့္ေမွ်ာ္ေနရတဲ့အခ်ိန္ေတြထက္  ခုလိုအျပင္ေလာကကိုထြက္လည္ၿပီး သာမန္လူေတြနဲ႕ထိေတြ႕ဆက္ဆံကာ ကူညီေပးရတာက စစ္မွန္တဲ့ေပ်ာ္႐ႊင္မႈမွန္း သေဘာေပါက္နားလည္လာသည္ ။ ထိုစဥ္ကေလးမေလးက မျပန္ေသးပဲ မုျဒာအနားကပ္လာၿပီး မုျဒာဗိုက္ေလးအား လက္ျဖင့္ ဖြဖြေလးထိကိုင္ကာ ေမးလာသည္ ။

" ဦးဦးဗိုက္ထဲက မီးမီးလားသားသားေလးလားဟင္ "

" …… "

သူဗိုက္ႀကီးေနတာကို ကေလးကေတာင္သိေန၍ မုျဒာအံ့ဩသြားသည္ ။ ကေလးေလးက မုျဒာအေျဖကို ေမွ်ာ္လင့္ခ်က္ႀကီးစြာျဖင့္ေစာင့္ေန၍ မုျဒာျပန္ေျဖလိုက္သည္ ။

" ဘာေလးလဲဆိုတာ ဦးဦးလဲမသိေသးဘူး "

" ကေလးေလးကကံေကာင္းလိုက္တာ … ဦးဦးလိုသေဘာေကာင္းတဲ့ပါပါးကိုပိုင္ဆိုင္ခြင့္ရတယ္ "

ထိုစဥ္မုျဒာေရခဲမုန႔္ဝယ္ေႂကြးခဲ့တဲ့ကေလးေတြဝိုင္းလာၿပီး မုျဒာအားဆုေတာင္းေပးၾကသည္ ။

" သေဘာေကာင္းတဲ့ဦးဦးရဲ႕ကေလးေလး က်န္မာပါေစ "

မုျဒာေပ်ာ္လြန္း၍ ေက်နပ္စြာၿပဳံးကာ ကေလးငယ္ေလးေတြကို ေပြ႕ဖက္လိုက္သည္ ။

" ေက်းဇူးပါကေလးတို႔ "

ထိုစဥ္ကေလးေလးေတြရဲ႕အၾကည့္က မုျဒာရဲ႕အေနာက္သို႔ ေရာက္သြား၍ မုျဒာလဲ ကေလးေတြၾကည့္ေနတဲ့ဘက္သို႔လွည့္ၾကည့္လိုက္သည္ ။ ထိုစဥ္ အရပ္ေထာင္ေထာင္ေမာင္းေမာင္း ႐ုပ္ရည္ကေခ်ာေမာေပမဲ့ မ်က္ႏွာထားက ေအးဆက္ေနကာ သာမန္လူေတြအတြက္ အရွိန္အဝါျပင္းလြန္းလွတဲ့ ဧကရာဇ္ေမာင္ကိုေတြ႕လိုက္ရသည္ ။

ဧကရာဇ္ေမာင္က မုျဒာထံ တန္းတန္းမတ္မတ္ေလွ်ာက္လာသည္ ။ မုျဒာလဲ ကေလးေတြကို လႊတ္ေပးလိုက္ၿပီး မတ္တပ္ရပ္လိုက္သည္ ။ ဧကရာဇ္ေမာင္က ကေလးေတြကိုေအးဆက္ဆက္နဲ႕ၾကည့္ၿပီးေနာက္ မုျဒာကိုၾကည့္ကာေမးလာသည္ ။

" မေျပာမဆိုနဲ႕ ဘာေၾကာင့္ထြက္သြားတာလဲ "

" ဇြဲနဲ႕လမ္းေလွ်ာက္ထြက္လာတာ … ဘာကိစၥရွိလို႔ ဒီထိေရာက္လာတာလဲ "

အနားကကေလးေလးေတြက ဧကရာဇ္ေမာင္ရဲ႕အရွိန္အဝါေၾကာင့္ မုျဒာကိုပင္မႏႈတ္ဆက္ရဲေတာ့ပဲ ေျပးသြားၾကေလၿပီ ။

ထိုစဥ္ ေရခဲမုန္သည္ဦးေလးႀကီးက ဆိုလာသည္ ။

" ကေလးရဲ႕အေဖ ေရာက္လာတာထင္တယ္ … ၂ ေယာက္အတူလမ္းေလွ်ာက္ထြက္လာတာလား "

ဦးေလးႀကီးရဲ႕စကားကို ဧကရာဇ္ေမာင္က နားမလည္ပဲ မႈန္ကုတ္ကုတ္နဲ႕သာ ၾကည့္ေနသည္ ။ သူကို ေစာေစာကေျပးသြားတဲ့ကေလးေတြရဲ႕ အေဖဟုဦးေလးႀကီးက ထင္ေနတာျဖစ္မည္ဟုထင္ေနသည္ ။ ဧကရာဇ္ေမာင္က ေျဖမလာေတာ့ မုျဒာက ဝင္ေျဖလိုက္ရသည္ ။

"  ဟုတ္ပါတယ္ "

" ဘာကိုဟုတ္တာလဲ ဘယ္ကကေလးေတြမွန္း ငါေတာင္မသိဘူး "

ဦးေလးႀကီးက ဧကရာဇ္ေမာင္ေျပာတာကို ဂ႐ုမစိုက္တာေက်းဇူးတင္ရမည္ ။

" လာ …ဒါဆို ၂ ေယာက္အတြက္ ေရခဲမုန႔္ ၂ ခုေပးလိုက္မယ္ … ပိုက္ဆံထပ္ေပးဖို႔မလိုပါဘူး "

ဦးေလးႀကီးက သူတို႔အား ေရခဲမုန႔္တစ္ေယာက္တစ္ခုကမ္းေပးလာသည္ ။ မုျဒာက ၂ ခုလုံးကိုယူၿပီး ေက်းဇူးတင္စကားဆိုၿပီးေနာက္ ဧကရာဇ္ေမာင္ထံ တစ္ခုေပးကာ ထိုေနရာကေန ဆြဲေခၚလာခဲ့သည္ ။ ဧကရာဇ္ေမာင္က ေရခဲမုန႔္ကိုကိုင္ၿပီး မုျဒာဆြဲေခၚရာေနာက္ကို  ေၾကာင္ေၾကာင္ႀကီးလိုက္ပါလာသည္ ။ ၿပီးေတာ့မွ အသိျပန္ဝင္လာကာ လာရင္းအေၾကာင္းအရင္းကိုဆက္ၿပီးေျပာလာသည္ ။

" မင္းေျခေထာက္က နာေနတုန္းမဟုတ္လား … ဘာေၾကာင့္လမ္းေလွ်ာက္ထြက္လာတာလဲ … သူကမတားဘူးလား "

" ဘာေၾကာင့္ဂ႐ုစိုက္ေနတာလဲ … ဇြဲနဲ႕အတူသြားလို႔ ထပ္ၿပီးျပႆနာရွာဖို႔ေရာက္လာတာမလား … ကတိထဲမွာေျပာၿပီးသား … တစ္ေယာက္ရဲ႕ဘဝကိုတစ္ေယာက္ဝင္စြတ္ဖက္စရာမလိုဘူး … ဒီေန႕ကပိတ္ရက္ … မင္းလဲကသစ္ပန္းနဲ႕ ေလွ်ာက္လည္လို႔ရေနတာပဲ "

ဧကရာဇ္ေမာင္က မနက္ခင္းမွာ မုျဒာကိုမျမင္၍ အေစခံကိုေမးၾကည့္ေတာ့ ဇြဲနဲ႕အတူပန္းၿခံသို႔ ထြက္သြားတာကို သိရၿပီး ခ်က္ခ်င္းလိုက္လာခဲ့ျခင္းျဖစ္သည္ ။ မုျဒာထံက ခုလိုစိမ္းကားစြာ ေျပာခံရေတာ့ ဘာဆင္ေျခေပးရမွန္းမသိေတာ့သလို ရင္ဘက္ထဲကလဲ နာက်င္လာသလိုပင္ ။ မုျဒာထံကေန ခုလိုဆက္ဆံခံရတာကို ခုခ်ိန္ထိအသားမက်ေသးေပ ။ စကားလဲမမ်ားခ်င္တာေၾကာင့္ သူ႕ဘက္ကသာ အေလ်ာ့ေပးလိုက္ေတာ့သည္ ။

" ငါနဲ႕သူနဲ႕က ဘာမွမပတ္သပ္ဘူး … အရင္အတူရွိေနတာကလဲ အလုပ္ကိစၥေၾကာင့္ပဲ … မင္းအထင္လြဲ… "

" ရွင္းျပစရာမလိုဘူး … ဂ႐ုလဲမစိုက္ဘူး … ေျပာစရာကုန္ၿပီဆို သြားေတာ့မယ္ "

မုျဒာက ဧကရာဇ္ေမာင္ရွင္းျပတာကို ဆက္နားမေထာင္ေတာ့ပဲ ထြက္သြားေလသည္ ။ ဧကရာဇ္ေမာင္က လွည့္မျပန္ပဲ သူ႕ေျခလွမ္းေတြက မုျဒာရဲ႕အေနာက္သို႔ ဆက္လိုက္လာၿပီး ေရခဲမုန႔္စားေနတဲ့ မုျဒာထံအၾကည့္ေတြေရာက္ေနသည္ ။

ကေလးတစ္ေယာက္လို ေရခဲမုန႔္ကို အားရပါးရစားေနတဲ့မုျဒာရဲ႕ပုံစံက ဧကရာဇ္ေမာင္အား စိတ္ၾကည္ႏူးသြားေစသည္ ။ အရင္က မုျဒာရဲ႕ခုလိုျဖဴစင္တဲ့အျပဳအမူေတြကို သူဘာေၾကာင့္ သတိမထားမိလဲ မေတြ႕တတ္ေတာ့ေပ ။ ထိုစဥ္ေရခဲမုန႔္စားကုန္သြားတဲ့မုျဒာက ႐ုတ္တရပ္ ရပ္တန႔္ကာ သူ႕ေနာက္က တစ္ေကာက္ေကာက္လိုက္ေနတဲ့ ဧကရာဇ္ေမာင္ထံ လွည့္လိုက္ၿပီး …

" ေရခဲမုန႔္မႀကိဳက္ဘူးလား … မစားရင္လဲ ေပး "

မုျဒာက ဧကရာဇ္ေမာင္လက္ထဲက ေရခဲမုန႔္ကို လက္လွမ္းယူေတာ့ ဧကရာဇ္ေမာင္က လက္ကိုအထက္သို႔ျမႇောက္ပင့္လိုက္သည္ ။

" အမ်ားႀကီးမစားနဲ႕ … ေခ်ာင္းဆိုးလိမ့္မယ္ "

" မဆိုးဘူး … စားခ်င္ေသးတယ္ "

မုျဒာကိုယ္ဝန္ရွိလာမွ စားခ်င္တာေတြက အေအးစာနဲ႕အခ်ိဳေတြျဖစ္ေနသည္ ။ အရင္ကအရမ္းမႀကိဳက္တဲ့ ေရခဲမုန႔္က ခုစားမဝျဖစ္ေနသည္ ။

" ဒါဆို ငါမင္းကို စားေကာင္းတဲ့ဆိုင္တစ္ခုကို ေခၚသြားေပးမယ္ … လမ္းေဘးကေရခဲမုန႔္က ေဆးသၾကားေတြမ်ားလြန္းတယ္ … က်န္းမာေရးထိခိုက္ေစလိမ့္မယ္ "

ထိုအခါမွ မုျဒာကေလးကို ထိခိုက္မွာဆိုးရိမ္သြားၿပီး ဆက္မေတာင္းေတာ့ေပ ။

" ေတာ္ပါၿပီ … လမ္းပဲဆက္ေလွ်ာက္ေတာ့မယ္ "

" အင္း … ငါလဲလမ္းေလွ်ာက္ခ်င္တယ္ "

" ပန္းၿခံကအက်ယ္ႀကီး ကိုယ့္ဘာသာ ေဝးေဝးမွာသြားေလွ်ာက္ "

" ငါလဲ ကိုယ့္ဘာသာေလွ်ာက္ေနတာပဲ … မင္းနဲ႕လမ္းတူေနယုံသပ္သပ္ပဲကို "

ဧကရာဇ္ေမာင္က တြန္းထုတ္ေလ ကပ္သြယ္ေလျဖစ္တဲ့ ေမွ်ာ့တစ္ေကာင္လိုပင္ ။ ဘယ္ေလာက္ခါခ်ခါခ် ထြက္သြားမည့္ပုံမေပၚ၍ မုျဒာေလကုန္မခံခ်င္ေတာ့ေပ  ။  ခုလိုရင္ေသြးေလးလြယ္ထားရခ်ိန္မွာ မိတ္ဖက္ရဲ႕ေႏြးေထြးတဲ့အေငႊ႕အသက္ေတြနဲ႕အတူ ရွိေနခြင့္ရေတာ့ မုျဒာသက္ေတာင့္သက္သာရွိကာ ေနရထိုင္ရ အဆင္ေျပေနသည္ ။ ဒါေၾကာင့္ ရင္ေသြးေလးအတြက္ ဧကရာဇ္ေမာင္ကို သူ႕အနားမွာ ရွိေနခြင့္ျပဳထားဖို႔ ဆုံးျဖတ္လိုက္သည္ ။

ထိုစဥ္ မုျဒာဖုန္းထဲ စာဝင္လာ၍ၾကည့္လိုက္ေတာ့ ဇြဲက သြားစရာေပၚလာ၍ အိမ္ျပန္ဖို႔ေျပာလာသည္ ။ မုျဒာကလဲ ခုအနားမွာဧကရာဇ္ေမာင္ရွိေန၍ ဇြဲကိုသြားႏွင့္ဖို႔ သူ႕ကိုစိတ္မခ်မျဖစ္ဖို႔ျပန္ေျပာလိုက္သည္ ။ သူ႕ေၾကာင့္နဲ႕ ဇြဲအလုပ္ေတြမေႏွာင့္ေႏွးေစလိုေပ ။ ဇြဲသူ႕အေပၚေကာင္းေပးခဲ့တာေတြက လုံေလာက္တာထက္ပိုေနၿပီ ။

တစ္ဖက္တြင္ ဇြဲဟာ ကသစ္ပန္းေနာက္လိုက္ၾကည့္ခ်င္တာေၾကာင့္ အိမ္ျပန္ဖို႔အတြက္ မုျဒာကိုလာေခၚစဥ္ မုျဒာနေဘးမွာ ဧကရာဇ္ေမာင္ေရာက္ေနတာကို ျမင္သြားသည္ ။ မုျဒာကိုအိမ္ျပန္လိုက္ခ်င္လားေမးၾကည့္ေတာ့ မုျဒာကသူ႕ေနာက္ကိုျပန္မလိုက္ပဲ ဧကရာဇ္ေမာင္နဲ႕ေနခဲ့ဖို႔ကို ေ႐ြးခ်ယ္လိုက္သည္ ။

ဧကရာဇ္ေမာင္ကလဲ ခုမုျဒာအေပၚဂ႐ုစိုက္ေပးလာ၍ ဇြဲ မုျဒာကို ဧကရာဇ္ေမာင္နဲ႕ထားခဲ့ကာ ကသစ္ပန္းကိုေစာင့္ၾကည့္ဖို႔ ထြက္လာခဲ့ေလသည္ ။

*

*

*

ဇြဲကသူ႕ရဲ႕သူငယ္ခ်င္းကိုဆက္သြယ္ကာ VIP ကဒ္ကို ခနငွားယူခဲ့သည္ ။ ထိုဘားထဲကိုဝင္နိုင္ဖို႔ အဖြဲ႕ဝင္ကဒ္ပါမွသာရမည္ ။ ဇြဲေရာက္ရွိလာေတာ့ ေန႕လည္စာစားခ်ိန္ျဖစ္၍ လူစည္ကားေနသည္ ။ မူး႐ူးေနတဲ့လူေတြမရွိေသးပဲ လူအမ်ားကအသိစိတ္ရွိေနၾကကာ သူတို႔ရဲ႕အေဖာ္ေတြနဲ႕ အပန္းေျဖေနၾကသည္ ။

" ေဟး ဇြဲ … မင္းဘယ္တုန္းက ျပန္လာတာလဲ "

ဒီေနရာမွာ ဇြဲရဲ႕အသိတစ္ေယာက္လဲ ေရာက္ေန၍ ဇြဲစုံစမ္းဖို႔အတြက္ အခြင့္အေရးရသြားသည္ ။ ဇြဲခ်က္ခ်င္းပဲ VIP အခန္းတစ္ခုမွာ ေနရာရရွိကာ ကသစ္ပန္းဘယ္မွာရွိေနလဲ ရွာေဖြဖို႔ ပိုၿပီးလြယ္ကူသြားသည္ ။ ဒီေနရာမွာသူ႕ရဲ႕အသိရွိေန၍ ဘယ္သူမွသူ႕ကို လူတစ္ေယာက္ကို လာရွာေဖြေနမွန္း သတိထားမိမည္မဟုတ္ေျခ ။

ဇြဲရဲ႕လူယုံက ဘားရဲ႕အျပင္မွာေစာင့္ေနၿပီး ကသစ္ပန္းထြက္လာလွ်င္ အေၾကာင္းၾကားဖို႔မွာထားသည္ ။ ခုခ်ိန္ထိ အေၾကာင္းၾကားလာျခင္းမရွိေသး၍ ကသစ္ပန္းဒီေနရာမွာရွိေနတာ ေသခ်ာသည္ ။ ဇြဲလဲကသစ္ပန္းကိုရွာေဖြဖို႔ အခြင့္ေကာင္းကိုေစာင့္ေနလိုက္သည္ ။

ဘားရဲ႕အတြင္းဘက္မွာ အခန္းမ်ားစြာဖြဲ႕ထားၿပီး VIP ေတြအတြက္ သီးသန႔္အခန္းမ်ားစြာရွိသည္ ။ ထိုထဲကမွ ေခ်ာင္က်ၿပီး လူေတြမျမင္နိုင္သည့္ေနရာကအခန္းတစ္ခုေရွ႕တြင္ ဝတ္စုံအျပည့္နဲ႕ ခမ္ၾကမ္းၾကမ္းလူတစ္ခ်ိဳ႕ ရပ္ကာကင္းေစာင့္ေနၾကသည္ ။

အထဲတြင္ေတာ့ နံရံေလးဘက္မွာ လူေလးေယာက္ရပ္ေနၾကၿပီး အလယ္ကစားပြဲ၌ လူ ၃ ေယာက္ထိုင္ေနၾကသည္ ။ အမ်ိဳးသမီးတစ္ေယာက္ႏွင့္ အမ်ိဳးသား ၂ ေယာက္ ။ အမ်ိဳးသားတစ္ေယာက္က ဝတ္စုံျပည့္ဝတ္ထားၿပီး အသက္ႀကီးႀကီးဗိုက္ပူပူနဲ႕ အဖြဲ႕အစည္းရဲ႕ မန္ေနဂ်ာျဖစ္သည္ ။  က်န္တစ္ေယာက္က ႐ုပ္ရည္ကၾကမ္းတမ္းကာ  ႏႈတ္ခမ္းေမြးမ်ားေပါက္ေနတဲ့ ႏႈတ္ခမ္းတစ္စုံက ေဆးလိပ္ကိုခဲထားသည္ ။  ေဆးလိပ္ကို တရွိုက္ရႉၿပီးေနာက္ ေလကိုအျပင္သို႔မႈတ္ထုတ္ကာ ေအးေဆးစြာထိုင္ေနသည္ ။ ထိုလူက လင္းရွိန္ျဖစ္ၿပီး ဒီဘားရဲ႕ရွယ္ယာဝင္တစ္ေယာက္ျဖစ္သည္ ။ သူ႕ရဲ႕အေရွ႕မွာေတာ့ ေခ်ာေမာလွပေပမဲ့ ေကာက္က်စ္တဲ့အၿပဳံးတစ္ပြင့္ကိုဆင္ျမန္းထားတဲ့ ကသစ္ပန္းထိုင္ေနသည္ ။

မန္ေနဂ်ာျဖစ္သူက ေထာင္လႊားမေနပဲ ထိုသားအဖအေပၚ ေအာက္က်ိဳ႕ကာ သူ႕ရဲ႕ဘားအတြက္ အေရးႀကီးတဲ့ ထိုပုဂၢိဳလ္လင္းရွိန္ထံက တစ္စုံတစ္ရာကို ေတာင္းခံေနသည္ ။ ထိုအရာက စိတ္ႂကြေဆးျပားျဖစ္ၿပီး သူ႕ဘားမွာတရားမဝင္လုပ္ကိုင္ေနၾကတဲ့ အိုမီဂါေတြကို မျငင္းဆန္နိုင္ေအာင္ ထိန္းခ်ဳပ္ဖို႔ျဖစ္သည္ ။ ဒါ့အျပင္ တျခားေသာစိတ္ခံစားမႈနိုးႂကြေစသည့္ ေဆးျပားမ်ားႏွင့္ လာေရာက္သည့္ VIP ဧည့္သည္မ်ားကို ဧည့္ခံသည္ ။ ဒီကိစၥကို သူတို႔ ၃ ဦးသာသိၾကသည္ ။

အျပင္ကေနၾကည့္ရင္ေတာ့ သာမန္အပန္ေျဖရာေနရာတစ္ခု ေငြးေၾကးခ်မ္းသာသည့္လူမ်ား ကစားဖို႔အတြက္ အေကာင္းဆုံးေနရာတစ္ခုျဖစ္ေပမဲ့ ေနာက္ကြယ္မွာ လူေတြကိုယခုလိုစြဲလမ္း႐ူးသြပ္ေစရန္ တရားမဝင္ေဆးျပားေတြကို သုံးဆြဲေနၾကသည္ ။

" အကိုႀကီး … ဒီတစ္ခါလဲ အရင္အတိုင္း ေဆးအကုန္ယူမယ္ … ျဖစ္နိုင္ရင္ မ်ားမ်ားေလးယူခဲ့ေပးပါဗ်ာ … ကြၽန္ေတာ္ခ်က္ခ်င္းေငြေခ်မွာပါ "

" လင္းရွိန္ဆိုတဲ့ငါက အေႂကြးထားရတာမႀကိဳက္ဘူး … မင္းသာႏႈတ္လုံမယ္ဆို မင္းရဲ႕ဘားအတြက္ ငါမ်ားမ်ားခ်န္ထားေပးမယ္ "

" စိတ္ခ်ပါ … အကိုႀကီးရဲ႕ေက်းဇူးေတြကိုမေမ့ပါဘူး "

ထိုလူႀကီးက ေငြေသတၱာ ၃ ပုံးကို လင္းရွိန္ေရွ႕ခ်ေပးလိုက္သည္ ။ အေနာက္ကအေစာင့္တစ္ေယာက္ကထြက္လာၿပီး ေငြေတြကိုစစ္ေဆးၿပီးေနာက္ သူတို႔လိုခ်င္တဲ့တန္ေၾကး ကိုက္ညီေတာ့မွ သူတို႔ဘက္ကေဆးျပားေတြကို ထုတ္ေပးလာသည္ ။ ထိုလူႀကီးက ေဆးျပားေတြကိုစစ္ေဆးၿပီးေနာက္ သေဘာက်စြာၿပဳံးကာ လင္ရွိန္အားႏႈတ္ဆက္ၿပီးထြက္ခြာသြားေလသည္ ။ အေစာင့္ေတြအားလုံးပါထြက္သြားၿပီး အထဲတြင္ဘယ္သူမွ မရွိေတာ့မွ လင္းရွိန္ကသမီးျဖစ္သူအားေမးလိုက္သည္ ။

" ႐ုတ္တရပ္ႀကီး ဘာေၾကာင့္ ဒယ္ဒီ့ကိုေတြ႕ခ်င္ရတာလဲေျပာပါဦး  "

" ဒယ္ဒီကျပန္ေရာက္တာေတာင္ သမီးဆီအလည္မလာဘူးေလ … ဒါေၾကာင့္သမီးက လာေတြ႕ရတာေပါ့ "

" ဒယ္ဒီအလုပ္က သမီးဆီေပၚတင္လာလည္လို႔မရတာ သမီးလဲသိရဲ႕သားနဲ႕ … အခက္အခဲတစ္ခုခုႀကဳံရလို႔လား "

" ဟုတ္ … သမီး ဒယ္ဒီကိုအကူအညီေတာင္းခ်င္လို႔ "

" ဧကရာဇ္ေမာင္နဲ႕ပတ္သပ္ေနတာလား "

" ဒယ္ဒီဘယ္လိုသိတာလဲ "

" သမီးသူ႕ကိုသေဘာက်လိဳ႕ေတာင္ ဒီေလာက္ထိကပ္သြယ္ေနတာ … ဒယ္ဒီဆီလာတဲ့အေၾကာင္းအရင္းကလဲ သူ႕ေၾကာင့္ပဲမဟုတ္လား "

" ဟုတ္တယ္ … သမီးသူ႕ေၾကာင့္လာခဲ့တာ "

" တကယ္ေတာ့ ဧကရာဇ္ေမာင္က အဲ့ေလာက္ထိလဲအသုံးမဝင္ပါဘူး … ဒယ္ဒီသူ႕ကိုၿပိဳင္ၿပီး အေဆာက္အဦးေတြဝယ္ေနတာက ဒယ္ဒီတို႔ခုလိုအေပးအယူလုပ္တဲ့အခါနယ္ေျမလုံၿခဳံမႈရွိဖို႔ အကာအကြယ္ယူဖို႔ နယ္ခ်ဲ့ခ်င္ယုံသပ္သပ္ပဲ … အဲ့ဒိရင္းနီးမႈကေနရတဲ့အျမတ္က ခုဒယ္ဒီေရာင္းေနတဲ့ေဆးတစ္ထုတ္စာေတာင္မရွိဘူး … သမီးသူ႕အနားမွာေနၿပီး ဒုကၡခံေနဖို႔မလိုပါဘူး … သမီးလိုခ်င္ရင္ သူ႕ကိုဖမ္းေပးမယ္ "

" အဲ့လိုမလုပ္ခ်င္ဘူး … သမီးေမာင့္အနားမွာေနေနတာက ေမာင့္ကိုရယူဖို႔ထက္ ကုမုျဒာပိုင္ဆိုင္သမွ်ေတြကိုလုယူၿပီး သူရႈံးနိမ့္တာကို ၾကည့္ခ်င္လို႔ … ဒယ္ဒီေမ့သြားၿပီးလား … လြန္ခဲ့တဲ့ႏွစ္ေတြက ​ဒယ္ဒီနဲ႕သမီးတို႔ လူေတြၾကားထဲခုလိုမေနရဲပဲေရွာင္ပုန္းေနခဲ့ရတာ … အဲ့အခ်ိန္တုန္းက ကုမုျဒာကလူေတြပါစပ္ျဖားမွာဆြဲေနတဲ့ နတ္ပန္းေလးလိုျဖစ္ေနတယ္ … သမီးကေတာ့လူတိုင္ရႈံ႕ခ်အျပစ္တင္တာကိုပဲခံခဲ့ရတယ္ … သမီးသူ႕ကိုဖ်က္စီးျပစ္ရမွေက်နပ္မယ္ "

သူမမ်က္ဝန္းေတြထဲမွာ ေဒါသမီးလွ်ံမ်ားတရိပ္ရိပ္ေတာက္ေလာင္ေနၿပီး လင္းရွိန္ကသမီးျဖစ္သူကိုၾကည့္ကာ ႏွစ္သိမ့္ေပးလိုက္သည္ ။

" အတိတ္ကကိစၥေတြကို ဒယ္ဒီလဲမေမ့ပါဘူး … အဖိုးႀကီးကုေဌႂကြယ္မေသခင္ သူ႕ေျမးပ်က္စီးသြားတာကိုျမင္ခြင့္ရေအာင္လုပ္ေပးမယ္ … သမီးဘာျဖစ္ခ်င္လဲသာေျပာလိုက္ … အားလုံးျဖစ္ေစရမယ္ "

ထိုအခါမွ ကသစ္ပန္းက သူယူလာတဲ့ေဆးဘူးကိုထုတ္ေပးလိုက္ၿပီး …

" တကယ္ေတာ့ ေမာင့္မွာ ဖယ္ရိုမုန္းမတည္ၿငိမ္တဲ့ေရာဂါရွိေနတယ္ … ေမာင္ကဒီေဆးကိုအၿမဲေသာက္တယ္ … သူ႕ကိုထိန္းခ်ဳပ္နိုင္မဲ့ေဆးရွိရင္ သမီးကိုေပးပါလား "

လင္းရွိန္က ေဆးဘူးကိုယူၾကည့္လိုက္ၿပီး ၿပဳံးလိုက္သည္ ။

" ရွိတာေပါ့ … ဒီေဆးနဲ႕အ႐ြယ္တူပုံစံတူပဲ … သူဘယ္လိုမွခြဲျခားနိုင္မွာမဟုတ္ဘူး … အဲ့ေဆးကိုသူ႕ကိုတစ္ေန႕တစ္ႀကိမ္တိုက္ေပး … သူသမီးကိုစြဲလမ္းလာေစရမယ္ … သူ႕နားကဘယ္သူ႕ကိုမွ သတိရေတာ့မွာမဟုတ္ဘူး "

" ၿပီးေတာ့ သမီးရဲ႕ဖယ္ရိုမုန္းရနံ႕ က အေတာ္ေလးအားေပ်ာ့ေနတယ္ … ဒါေၾကာင့္ဖယ္ရိုမုန္း အားတိုးေဆးပါထပ္ေပး "

" လိုအပ္တာအားလုံးလုပ္ေပးမယ္ … အခြင့္ရရင္သုံးဖို႔စိတ္ႂကြေဆးျပားပါထည့္ေပးလိုက္မယ္ … ေနာက္ထပ္သမီးလိုခ်င္တဲ့အကူအညီရွိရင္ ဒယ္ဒီကိုအခ်ိန္မေ႐ြးဆက္သြယ္လိုက္ … သမီးျဖစ္ခ်င္တာ အားလုံးလုပ္ေပးမယ္ … ဧကရာဇ္ေမာင္လိုႂကြက္တစ္ေကာင္က ဖမ္းဖို႔အဲ့ေလာက္ထိမခက္ပါဘူး "

ကသစ္ပန္းက သူမလိုခ်င္ေနတာေတြအားလုံးရၿပီမို႔ ေပ်ာ္႐ႊင္သြားေလသည္ ။

တဖက္တြင္ ဇြဲကရွာေဖြဖို႔အခြင့္အေရးေစာင့္ေနစဥ္ ေခ်ာေမာလွပတဲ့အမ်ိဳးသမီးတစ္ဦးက သူတို႔အခန္းထဲဝင္လာသည္ ။ သူမလက္ထဲတြင္ ဖန္ခြက္တစ္လုံးရွိေနၿပီး ထိုထဲတြင္ အျဖဴေရာင္ေဆးျပားတစ္ခ်ိဳ႕ကို ထည့္ထားသည္ ။ သူမက အားလုံးရဲ႕အေရွ႕မွာ ခြက္ကိုျမႇောက္ပင့္လိုက္ၿပီး …

" လူႀကီးမင္းတို႔ေစာင့္ေမွ်ာ္ေနတဲ့ စြမ္းအားျပည့္ဝေစမဲ့နတ္ေဆးရပါၿပီရွင္ "

အားလုံးက ေပ်ာ္႐ႊင္သြားၾကကာ တစ္ေယာက္တစ္ျပားစီလုယူေနၾကသည္ ။ ဇြဲက ဘာမွန္းမသိ၍ ၿငိမ္ၿပီးထိုင္ေနေတာ့ သူ႕ရဲ႕သူငယ္ခ်င္းက ဇြဲအတြက္ပါတစ္ျပားယူလာၿပီး ေပးလာသည္ ။

" ဒါကဘာေဆးလဲ "

" မင္းမသိဘူးလား … ဒါကနတ္ေဆး … စားၿပီးသြားရင္နတ္ျပည္ေရာက္သြားသလိုပဲ စိတ္ကို႐ႊင္လန္းသြားေစတယ္ "

ဇြဲက ေဆးနယ္ပယ္ကမဟုတ္ေပမဲ့ ဒီလိုမ်ိဳးအစြမ္းထက္တဲ့ေဆးမ်ိဳး တစ္ႀကိမ္တစ္ခါမွမၾကားဖူး၍ ေဆးကိုေသျခာေလးလွည့္ပတ္ၾကည့္ေနသည္ ။ ထိုအခါ သူ႕ရဲ႕သူငယ္ခ်င္းက ထပ္မံတိုက္တြန္းျပန္သည္ ။

" ဒီေဆးကအရမ္းရွားတာေနာ္ … အျပင္မွာလိုခ်င္လို႔ဝယ္မရဘူး … ၿပီးေတာ့ ဘာေဘးထြက္ဆိုးက်ိဳးမွမရွိဘူး … မင္းကိုထိခိုက္ေစမွာေတာ့မပူနဲ႕ … ငါစားလာတာ ၂ ႏွစ္ျပည့္ေတာ့မယ္ ခုထိေဒါင္ေဒါင္ျမည္ပဲ "

" ဒါဆိုဘာလို႔အျပင္ေဆးခန္းေတြမွာမရတာလဲ "

" မင္းကလဲကြာ … ေနရာတိုင္းမွာဝယ္လို႔ရရင္ နတ္ေဆးလို႔ေခၚေနပါ့မလား … ဒါကဒီေနရာမွာပဲရတာ "

ထိုအရာကိုက မသကၤာစရာေကာင္းေနၿပီ ။ ဇြဲရဲ႕မိခင္က ေဆးအမႉေတြလိုက္ဖူး၍ ဇြဲက သူငယ္ခ်င္းေျပာတာကိုမယုံပဲ ေဆးကိုေသာက္ဟန္ေဆာင္လိုက္သည္ ။

ေဆးလာေပးသည့္အမ်ိဳးသမီးက အခန္းထဲမွာရွိတဲ့လူေတြ ေဆးေသာက္လားမေသာက္လား ေသခ်ာေစာင့္ၾကည့္ေနသည္ ။ သူမအၾကည့္ေတြ ဇြဲထံေရာက္လာေတာ့ ဇြဲကေဆးျပားကို အကၤ်ီအိပ္ကပ္ထဲ ထည့္ၿပီးေနေျခၿပီ ။ ဇြဲကေဆးကိုေရျဖင့္ျမႇောခ်သလိုဟန္ေဆာင္လိုက္၍ သူမမရိတ္မိလိုက္ေပ ။

ေဆးေသာက္ၿပီးသြားတဲ့လူေတြအားလုံးက ပုံမွန္ထက္႐ႊင္ျမဴးလာကာ တီးလုံးသံနဲ႕အတူ ကခုန္ေနၾကသည္ ။ ဇြဲရဲ႕သူငယ္ခ်င္းကလဲ ဇြဲရဲ႕လက္ကိုဆြဲကာ ကခုန္ဖို႔အတူေခၚသြားသည္ ။ ထိုအမ်ိဳးသမီးက လူတိုင္းရဲ႕အေျခအေနကို ေစာင့္ၾကည့္ေန၍ ဇြဲလဲမရိတ္မိေအာင္ အလိုက္သင့္ေလး ကခုန္ေနလိုက္သည္ ။

ထိုအမ်ိဳးသမီးက အားလုံးကိုစစ္ေဆးၿပီး ေသာက္ၿပီးသြားတာေသခ်ာေတာ့မွ အခန္းထဲကေနထြက္သြားသည္ ။ ခုအခ်ိန္တြင္ အခန္းထဲ၌ ပုံမွန္စိတ္ရွိတဲ့လူက ဇြဲတစ္ေယာက္သာက်န္ေနခဲ့သည္ ။ ဇြဲလဲအရိပ္အေျခေနၾကည့္ကာ အခန္းအျပင္ထြက္လာခဲ့သည္ ။ ကံေကာင္းခ်င္ေတာ့ အျပင္မွာလဲ ကခုန္ေနၾကသည့္လူမ်ားရွိေန၍ သူ႕ကိုဘယ္သူမွသတိမထားမိၾကေပ ။

ဇြဲက လူစည္ကားေနတဲ့ပြဲထံမသြားပဲ လူရွင္းသည့္ အခန္းေတြၾကားကေနေလွ်ာက္ကာ ကသစ္ပန္းကိုရွာေဖြေနသည္ ။ အနံ႕အသက္ေတြကေပါင္းစုံေန၍ ဇြဲရဲ႕အာ႐ုံခံနိုင္စြမ္းကိုေႏွာင့္ေႏွးေစသည္ ။

ဇြဲလမ္းၾကားတစ္ခုကိုခ်ိဳးဝင္လိုက္စဥ္ သူ႕အေရွ႕တည့္တည့္ကေန ကသစ္ပန္းလမ္းေလွ်ာက္လာတာကိုျမင္လိုက္ရ၍ ခ်က္ခ်င္းအေနာက္သို႔ေျပးကာပုန္းကြယ္လိုက္သည္ ။ သူမကိုရွာရင္း သူမနဲ႕တည့္တည့္တိုးလိမ့္မည္ဟု ထင္မထားခဲ့ေပ ။

သူမရဲ႕ပုံစံက အိမ္ေတာ္မွာျမင္ေတြ႕ေနၾက ၾကာပန္းျဖဴပုံစံမဟုတ္ေနပဲ အရမ္းကိုအႏၲရာယ္မ်ားကာ ေပါက္ကြဲလြယ္သည့္ ဗုံးတစ္ခုပမာ မ်က္ႏွာထားကတင္းမာေနသည္ ။ ဇြဲသာ သူမအေၾကာင္းသိမထားလွ်င္ ခုျမင္ေနရသည့္ အမ်ိဳးသမီးကို ကသစ္းပန္းဟု သတိထားမိမည္မဟုတ္ေျခ ။ သူမရဲ႕သ႐ုပ္မွန္က အျပင္ပုံစံနဲ႕ လုံးဝပင္ကြဲျပားေနသည္ ။

သူမရဲ႕နေဘးမွာ အသက္ႀကီးႀကီးအမ်ိဳးသားတစ္ေယာက္ရွိေနၿပီး ထိုလူက ဇြဲရဲ႕မိခင္တစ္ခါကပုံျပဖူး၍ မုျဒာရဲ႕အေဖ လင္းရွိန္မွန္း ဇြဲသိသြားသည္ ။  ကသစ္ပန္းက သူ႕အေဖနဲ႕သြားေတြ႕တာဆိုရင္ သူတို႔မွာအႀကံတစ္ခုခုရွိေနမည္ဟု ဇြဲထင္လိုက္သည္ ။ ထိုအႀကံက မုျဒာကိုထိခိုက္ေစမည့္အႀကံျဖစ္မွာေၾကာက္မိသည္ ။

ကံေကာင္း၍ ဒီေန႕ေနာက္ ေယာင္ခံလိုက္ရာ၌ ဒီဘားရဲ႕လွ်ို႔ဝွက္ခ်က္ကိုသိရၿပီး သက္ေသေဆးျပားကိုပါရရွိခဲ့သည္ ။ ေဆးေရာင္းဝယ္သူ လင္းရွိန္ကိုပါေတြ႕ခဲ့ရ၍ ဇြဲအျမန္ဆုံးအိမ္သို႔ျပန္လာခဲ့ကာ မိခင္ထံသတင္းပို႔လိုက္သည္ ။ ဇြဲျပန္ေရာက္လာၿပီး နာရီအနည္းငယ္ျခားမွ ကသစ္ပန္းျပန္ေရာက္လာသည္ ။ သူမရဲ႕ခုပုံစံနဲ႕ ဘားမွာေတြ႕ခဲ့သည့္ပုံစံႏွင့္ ျခားနားေနကာ အဝတ္အစား မ်က္ႏွာထားကအစ အကုန္ေျပာင္းလဲေနသည္ ။

ဧကရာဇ္ေမာင္က မနက္ျဖန္အလုပ္မွာ အစည္းအေဝးရွိ၍ လိုအပ္တဲ့ဖိုင္ေတြကို အိမ္အေပၚဆုံးထပ္က နားေနခန္းမွာ ထိုင္ၿပီးစစ္ေဆးေနသည္ ။ ကသစ္ပန္းက ဧကရာဇ္ထံေရာက္လာၿပီး အကူအညီေပးဖို႔ေျပာလာသည္ ။

ဒီတစ္ခါကိစၥက အေရးႀကီး၍ ဧကရာဇ္ေမာင္က လက္မခံေျခ ။ ဟိုးအရင္အမွားတစ္ခုျဖစ္ၿပီးကတည္းက ဧကရာဇ္ေမာင္က ဘယ္သူ႕အေပၚမွအယုံအၾကည္မရွိေတာ့ပဲ တစ္ေယာက္ထည္းႀကိဳးစားကာ ဦးေဆာင္ၿပီးလုပ္ကိုင္ေနသည္ ။

" ေမာင္ … ရင္ထဲေအးသြားေအာင္ အေအးေလးေသာက္လိုက္ဦး "

" ခနေနရင္ ညေနစာစားခ်ိန္ေရာက္ေတာ့မွာ … အစားပ်က္လိမ့္မယ္ "

သူမက ေဆးတိုက္ခ်င္ေဇာျဖင့္ ထိုအရာအားမေတြးမိေပ ။ သို႔ေပမဲ့ သူမအႀကံကိုေတာ့ လက္လႊတ္မခံနိုင္၍ မ်က္ႏွာငယ္ျဖင့္ဆိုလိုက္ေတာ့သည္ ။

" ကသစ္က အျပင္ကျပန္ေရာက္ေရာက္ခ်င္း ေမာင့္အတြက္ဆိုၿပီးေဖ်ာ္လာခဲ့တာ … ေမာင္ကမေသာက္ခ်င္ေတာ့လဲ ကသစ္ျပန္ယူသြားလိုက္ပါ့မယ္ "

" အင္း "

အလုပ္မပ်က္တဲ့ ဧကရာဇ္ေမာင္က ကြန္ျပဴတာကိုသာအာ႐ုံေရာက္ေနၿပီး သူမအားဂ႐ုပင္မစိုက္ေပ ။ ကသစ္ပန္း ေဒါသထြက္သြားေပမဲ့ မေပါက္ကြဲမိေအာင္ထိန္းၿပီး ေနာက္တစ္မ်ိဳးစဥ္းစားရေတာ့သည္ ။

ထမင္းစားခ်ိန္ေရာက္ေတာ့ ဧကရာဇ္ေမာင္က မုျဒာခ်က္ထားတဲ့ဟင္းေတြကိုသာ ယူစားေနသည္ ။ မုျဒာက ဇြဲရဲ႕ပန္းကန္ထဲထည့္ေပးဖို႔ ဇြန္းျဖင့္ခပ္လိုက္ေတာ့ ဧကရာဇ္ေမာင္က သူ႕ရဲ႕ပန္းကန္ကို အေရွ႕သို႔ ထိုးခံလိုက္ၿပီး …

" ငါ့ထဲထည့္ေပး "

" …… "

မုျဒာက ေၾကာင္အမ္းအမ္းျဖင့္ ထည့္ေပးလိုက္ရသည္ ။ ဇြဲက မုျဒာကို သူ႕ကိုထည့္ေပးဖို႔မလိုေၾကာင္းေျပာၿပီး သူကမုျဒာပန္းကန္ထဲ ဟင္းခပ္ထည့္ေပးလိုက္သည္ ။

" မုျဒာ … မ်ားမ်ားစား … ဒါမွအားရွိမွာ "

" ေက်းဇူးပါ "

ဧကရာဇ္ေမာင္က သူတို႔အားစိုက္ၾကည့္ေနကာ ဘာမွေတာ့ဝင္မေျပာေျခ ။ ထမင္းစားဝိုင္းက တိတ္စိတ္စြာပင္ ၿပီးဆုံးသြားသည္ ။ ဧကရာဇ္ေမာင္ အခန္းထဲမွာရွိေနစဥ္ ကသစ္ပန္းဝင္လာၿပီး လက္ထဲမွာ ေဆးျပားနဲ႕ဖန္ခြက္ကိုယူလာသည္ ။ သူမက ထိုေဆးကို ဧကရာဇ္ထံကမ္းေပးလိုက္ၿပီး …

" ေမာင္ … ဒါကေမာင္စားေနၾကေဆးလားဟင္ … သခင္ေလးမုျဒာက ကသစ္ကိုလာေပးခိုင္းလို႔ … သူကသူကိုယ္တိုင္ေပးရင္ ေမာင္ကမေသာက္ပဲေနမွာဆိုးလို႔တဲ့ "

ဧကရာဇ္က ခ်က္ခ်င္းမယူေသးပဲ စိုက္ၾကည့္ေနသည္ ။ သူဒီေဆးကို မေသာက္တာအေတာ္ေလးၾကာေနၿပီ ။ အရင္ကမုျဒာသူ႕ကိုထိန္းခ်ဳပ္ဖို႔အတြက္ ဒီလိုေဆးေတြတိုက္တာလို႔ ထင္မိေပမဲ့ ခုေဆးေတာင္မလိုပဲ သူမုျဒာအေပၚအမ်ားႀကီးေျပာင္းလဲလာခဲ့ၿပီ ။ ဒီေဆးေတြကို မုျဒာကဘာေၾကာင့္ ထပ္ၿပီးေသာက္ခိုင္းေနတာလဲ ။ ၿပီးေတာ့သူကိုယ္တိုင္မတိုက္ပဲ သူမ်ားကိုတိုက္ခိုင္းရတာလဲ ?

ကသစ္ပန္းက ေဆးကိုအေအးထဲထည့္တိုက္ရင္ အရသာထူးဆန္းေနမည္ဆိုး၍ ကုမုျဒာကိုလဲအထင္လြဲေအာင္ သူ႕ရဲ႕နာမည္ကိုယူသုံးၿပီး ခုလိုေမာင့္ကို ေဆးေသာက္ေအာင္တိုက္သြန္းဖို႔ အႀကံရသြားျခင္းပင္ ။ ဒါေပမဲ့ ဧကရာဇ္ေမာင္က လက္မခံေသးေပ ။

" ေမာင္မေသာက္ခ်င္ရင္လဲ ကသစ္ျပန္ယူသြားလိုက္မယ္ … သခင္ေလးမုျဒာေတာ့ စိတ္မေကာင္းျဖစ္ေနမွာ "

" ထားခဲ့လိုက္ "

သူမရဲ႕အႀကံေအာင္သြား၍ ေက်နပ္သြားသည္ ။ ေမာင္က မုျဒာအေပၚအရင္ကထက္အေရးစိုက္လာတာကို မႀကိဳက္ေပမဲ့ မုျဒာနာမည္ကိုသုံးၿပီး ေခ်ာက္ခ်ဖိဳ႕က ပိုလြယ္ကူသြားသည္ ။ သူမက ဧကရာဇ္ေမာင္ကို သူမေရွ႕မွာပဲ ေဆးေသာက္ေစၿပီး ေသာက္ၿပီးတာ ေသခ်ာေတာ့မွ ျပန္ထြက္သြားသည္ ။

သူမလဲထြက္သြားေရာ ဧကရာဇ္ေမာင္ ခ်က္ခ်င္းပဲ ေရခ်ိဳးခန္းထဲ ေျပးဝင္သြားသည္ ။

" အဟြတ္ … အဟြတ္ "

ဧကရာဇ္ေမာင္က မုျဒာတိုက္ခဲ့သမွ်ေဆးေတြကို အခ်ိန္အေတာ္ၾကာေသာက္ခဲ့၍ ဒီေဆးရဲ႕ထူးျခားခ်က္ကို ခ်က္ခ်င္းရွာေတြ႕သြားသည္ ။

" အရတာကလဲ ထူးဆန္းလိုက္တာ "

ျပန္အန္ထြက္လာတဲ့ေဆးျပားကိုယူလိုက္ၿပီး တစ္စုံတစ္ခုကေတာ့ မွားယြင္းေနေၾကာင္း ဧကရာဇ္ေမာင္ သတိထားမိလာခဲ့သည္ ။ သူကမွန္ထဲက သူ႕ရဲ႕႐ုပ္ပုံကို ျပန္ၾကည့္လိုက္ၿပီး …

" ငါယုံၾကည္ေနမိတဲ့လူေတြက မွန္ကန္ေနရဲ႕လား … ဘာေၾကာင့္ တစ္စုံတစ္ခုက မွားယြင္းေနတယ္လို႔ ခံစားေနရတာလဲ … အမွန္တရားကို ငါကိုယ္တိုင္ရွာေဖြမွ ရေတာ့မယ္ "

……….………………………………………………………………………

To Be Continued ……

Continue Reading

You'll Also Like

40.6K 1K 24
You made me fall in love with you in the most captivating and delicate way. With you by my side, I felt loved and free. You gave me a taste of heaven...
56.1K 1.5K 39
have u ever imagined avengers being ur parents? ... so read this book to enjoy ur imagination .... There would be Tony stark , Steve Rogers , Natash...
1.1K 59 2
❢ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 . . . (M/n) is the proxy of Trenderman and when they both went to Slender Mansion, he gained a lot of attention.
612K 31.1K 32
1ST BOOK OF BRIDE SERIES✨✨ Don't do this, leave my parents, don't ruin my life, I will die. She was begging infront of him joining her both hands. Th...