နဂါးဧကရီ၏ ​ေပ်ာ္​ရႊင္​ဖြယ္​ဇာ...

By GinYU9485

18.7K 1.5K 56

Translation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛 ... More

Intro
Ch-1
Ch-2
Ch-3
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30

Ch-4

576 50 2
By GinYU9485

Unicode
...

Pev chမှ

ဒါပေမဲ့ ကျဆုံးသွားတဲ့ ညီအစ်ကိုတွေအတွက်တော့ မင်းတို့ရဲ့ ကျန်ရှိတဲ့မိသားစုတွေနဲ့ ချစ်ခင်ရသူတွေကို ကောင်းကောင်းစောင့်ရှောက်ပေးမယ်လို့ ငါ "ရင်း ယွဲ့ ရန် " ငါ့နာမည်နဲ့တိုင်တည်ပြီး ကျိန်ဆိုတယ်"

.....

သူတို့ရဲ့စစ်သူကြီးအသံကို ကြားပြီးတဲ့နောက်မှာတော့ စစ်သည်များဟာ အားနဲ့မာန်နဲ့အော်ဟစ်လိုက်ကြသည်။ စစ်သည်များဟာ သူတို့ရဲ့တိုင်းပြည်လူမျိုးအတွက် တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေကြပြီ သေဆုံးပေးဖို့လဲဝန်မလေးချေ။ ထို့နောက် ရင်းယွဲ့ကပေါ်လင်ကို သူမရဲ့ညာလက်ရုံးအဖြစ်ဘေးမှာထားပြီး စစ်သည်တို့ကိုတိုက်ပွဲဝင်ဖို့ ဦးဆောင်ထွက်ခွာသွားတော့သည်။

စစ်သည်တွေဟာတနေကုန်ခရီးနှင်ပြီးနောက် ညရောက်ချိန်မှာတော့ ရပ်ပြီးစခန်းတည်ဖို့ပြင်ရတော့သည်။ ထိုချိန် ရင်းယွဲ့တစ်ယောက်ကတော့ သူမအိမ်ရှေ့စံမင်းသားရဲ့စာတွေကို သော့ခတ်သိမ်းဖို့ မေ့လာတာကိုမှတ်မိသွားပြီး အတွေးလွန်နေသည်။ မနေ့ကညက သူမကစာတွေကို ပြန်ဖတ်ပြီး ခေါင်းအုံးအောက်ကိုပဲ ထိုးထည့်ခဲ့မိသည်။

ဒါပေမဲ့ရင်းယွဲ့အများကြီးမတွေးဖြစ်ပေ။ ပထမအိမ်တော်ရှိသူမအိပ်ခန်းကို ရံရွေတော်တွေတောင်မှ ဝင်ခြင်းမရှိသောကြောင့် သူမကိုယ်သူမ စိတ်အေးအေးထားရန် နှစ်သိမ့်လိုက်သည်။

" ငါ့အခန်းထဲကို ဘယ်သူမှတော့မဝင်လောက်ပါဘူးလေ!"

ပေါ်လင်က အနားမှာရှိနေသောကြောင့် ရင်းယွဲ့ကိုဘာကအနှောင့်ယှက်ပေးနေလဲဆိုတာကို သိချင်နေသည်။ ပေါ်လင်က အကြားအာရုံအရမ်းကောင်းသည်။ ဒါကြောင့်လဲ တိုက်ပွဲမှာ သူ့အတွက်အဆင်ပြေနေတာပဲဖြစ်သည်။

ရင်းယွဲ့က သူမရဲ့ လက်ချောင်းလေးများကို လိမ်ယှက်နေသည်။ တခြားလူတွေနဲ့မတူတာက မရေတွက်နိုင်သော လေ့ကျင့်မှုတွေနဲ့ စစ်ပွဲအတွေ့အကြုံတွေကြောင့် ရင်းယွဲ့မှာ ကြမ်းတမ်းသောလက်များသာရှိသည်။ဒါကိုမြင်ပြီး ပေါ်လင်က သူမဆီ စိုးရိမ်စွာနဲ့ပဲ လျှောက်လာသည်။

" ရင်းယွဲ့ ဘာဖြစ်လို့လဲ?"

ရင်းယွဲ့ဟာ သူမအတွေးတွေထဲ တွေဝေနေပုံပေါ်ပြီး ပေါ်လင်ရဲ့အသံကိုကြားမိမှသာ သတိဝင်လာပြီး လှမ်းကြည့်သည်။

" ဪ ဘာမှမဟုတ်ပါဘူး ပေါ်လင်။ အိမ်မှာလုပ်စရာလေးတွေကျန်ခဲ့တာကို သတိရသွားလို့ပါ။ ငါမြန်မြန်ထွက်လာခဲ့ရတာဆိုတော့ သိမ်းစရာရှိတာတွေကို မေ့သွားလို့။ ဘာမှမဖြစ်ပါဘူး မစိုးရိမ်နဲ့! "

''အင်း... နင်ပြောချင်တာကို ငါခန့်မှန်းမိပါတယ် ။ ဒါနဲ့ တခုခုစားချင်လား? နောက်ကျနေပြီလေ! "

" ဒါပေါ့! ငါဆန်ပြုတ်နဲနဲယူလာခဲ့တယ်။ လူတိုင်းကို ငါမစားခင် အရင်ဝေပေးလိုက်ပါ"

ပေါ်လင်က ပင်ပန်းနေပုံပေါ်သော ရင်းယွဲ့ရှေ့က မီးပုံနားတွင် လာပြီးထိုင်လိုက်သည်။ ထို့နောက် သူက သူမအတွက် ကြက်သားဆန်ပြုတ်အနည်းငယ်ပါသော ပန်းကန်လုံးလေးကိုလည်း ယူလာပေးသည်။

ရင်းယွဲ့တို့ ခရီးအလယ်လောက်ရောက်နေချိန်တွင် သူမ၏ညီမ ကျားလိက အိမ်တော်တွင် တခုခုလုပ်ဖို့ ကြံစည်နေသည်။ ကျားလိမှာ သူမပျင်းတိုင်း အိမ်တော်ထဲ လမ်းလျှောက်တတ်သည့် အကျင့်ရှိသည်။ သူမက သူမရဲ့ အသေးစားစွန့်စားမှုလေးမှာ ပါဝင်ဖို့ သူမရဲ့အစေခံ နန်ကျင်းကို အဖော်စပ်လိုက်သည်။ ရက်တွေကြာလာတာတောင်မှ သူမစိတ်ထဲ အငြိုးမပြေသေးပေ။

ရင်းယွဲ့အိမ်တော်မှာမရှိခင် ကျားလိက ရင်းယွဲ့အတွက်မကောင်းတာတခုခုလုပ်ပစ်ဖို့ပဲ တွေးတောနေသည်။ ထို့ကြောင့် နောက်တနေ့တွင် သူမနှင့် သူမ၏အစေခံ နန်ကျင်းက ရင်းယွဲ့၏ အိပ်ခန်းကိုဖျက်ဆီးရန်ဆုံးဖြတ်လိုက်ကြသည်။ ထိုအချိန်မှာပဲ အလျင်စလိုသွားရ၍ သိမ်းဆည်းမထားရသေးသော စာတချို့နှင့် ကဗျာတို့ကို တွေ့သွားကြသည်။

" ဘုရားရေ! နန်ကျင်း ဒီမှာလာကြည့်စမ်း!''

ရင်းယွဲ့၏အိပ်မက်ဆိုးကြီးက တကယ်ဖြစ်လာလေပြီ။ လူမသိအောင် လျို့ဝှက်ထားတာကိုမှ ကျားလိကရွေးပြီးတွေ့သွားသည်။

ကျားလိသည် ထိုအချစ်ကဗျာများကိုတွေ့ချိန် အံ့သြသွားခဲ့သည်။ ဒါကယောကျာ်းတစ်ယောက်စီက စာတွေပဲ။ ရင်းယွဲ့သုံးထားတဲ့ကလောင်နာမည်ကြောင့် ထိုလူကဘယ်သူလဲတော့ ကျားလိမသိပေ။

''နန်ကျင်း, ရင်းယွဲ့မှာ ဒီလိုလူမျိုးရှိနေတယ်ဆိုတာ ငါဖြင့်မယုံနိုင်ဘူး! သူမက စစ်တိုက်ရတာကလွဲပြီး စိတ်ဝင်စားတာမရှိဘူးလို့ထင်နေတာ! ဟားဟား"

" မမလေး ဒီစာကိုကြည့်ပါအုံး! ဒါကတွေ့ဖို့ ချိန်းထားတာပဲ! "

ကျားလိက သူမအစေခံလက်ထဲမှစာကို ဆတ်ခနဲဆွဲယူလိုက်ပြီး အသေးစိတ်ဖတ်ပြီးရင်းဖတ်နေသည်။ တခုမကျန်ဖတ်ပြီးတဲ့နောက်မှာတော့ သူမစိတ်ထဲ ရင်းယွဲ့ရဲ့ပျော်စရာလေးတွေကို ဖျက်ဆီးပြီး ဒီလူနဲ့သာသွားတွေ့လိုက်မယ်ဆိုရင် ဘယ်လောက်ပျော်စရာကောင်းမလဲလို့ တွေးနေသည်။

" ဟားဟား! ဒါက ဘုရားသိကြား မ တာပဲ နန်ကျင်း!
နတ်တွေက ငါ့ကို လက်စားချေခွင့်ပေးနေကြပြီ"

" ဒါဆို မမလေး ဘာလုပ်ဖို့ စီစဉ်ထားလဲ"

" နန်ကျင်း ,နင်တုံးလိုက်တာ! ဒီလောက်အသိသာကြီးကို! ဒီလူနဲ့ ငါသွားတွေ့လိုက်ပြီး ရင်းယွဲ့သိတောင်မသိလိုက်ခင် သူနဲ့ဝေးအောင်လုပ်လိုက်မှာပေါ့''

"ဒါမဲ့ မမလေး.... အဲ့လူက မကောင်းတဲ့လူဆို ဘယ်လိုလုပ်မလဲ"

" နန်ကျင်း, လူတိုင်းက ဒီလိုကဗျာတွေစာတွေရေးတတ်တာမဟုတ်ဘူး! ဒီမှာကြည့်နန်ကျင်း! ဒီတစ်ခုဆိုရင် ဆောင်းရာသီရဲ့ နှင်းတွေအကြောင်းရေးဖွဲ့ထားတာ။ နွေရာသီမှာ သူတို့အချင်းချင်းတွေ့ဖို့ ကြာနေလို့လေ။ ဒါက အရမ်းစိတ်ကူးယဉ်မဆန်ဘူးလား? သေချာတယ် ဒီလူကစာတတ်ပြီးမျိုးရိုးမြင့်ထဲကဖြစ်မှာပဲ!''

သူမ မမလေးရဲ့မျက်နှာဒီလိုဖြစ်နေတာကို နန်ကျင်းတစ်ခါမှမမြင်ဖူးချေ။ စိတ်လှုပ်ရှားနေတဲ့ ကျားလိကလေထဲမှာကဆုန်ပေါက်နေသည်။ ထို့နောက်ကဗျာတွေကို တခုပြီးတစ်ခုဆွဲယူကာ သေချာဖတ်နေသည်။ မျက်နှာကြီးနီကာ စာတွေကို တစ်ခုပြီးတစ်ခုဖတ်ရင်း ကျားလိက ထိုလူထူးဆန်းကိုစိတ်ဝင်စားလာနေပြီဖြစ်သည်။

" နန်ကျင်း, ငါမနက်ဖြန်နေ့လည်ကျရင် တော်ဝင်ဥယျာဉ်ရေကန်ဘေးက ချယ်ရီပင်အောက်မှာ သွားတွေ့ရမှာထင်တယ်! ဟား.. တကယ်ကို နတ်တွေကငါ့ဘက်မှာပဲ! နက်ဖြန်ဝတ်ရမဲ့ ဝတ်စုံကို ခုညပဲ သွားပြင်လိုက်တော့.. သွား! "

" ဟုတ်ကဲ့ မမလေး!'

ဒီအချိန်မှာတော့ ရင်းယွဲ့ဟာအိမ်နဲ့ဝေးတဲ့နေရာမှာ ကြယ်တွေကိုကြည့်ပြီး အိမ်ကိုပြန်နိုင်ဖို့ ထိုင်ရင်းဆုတောင်းနေရှာသည်။ ပြီးတော့ သူမဘယ်သူလဲဆိုတာကို အိမ်ရှေ့စံမင်းသားကိုပြောဖို့ သတ္တိရှိလာဖို့လဲ ဆုတောင်းနေသည်။ ဒါပေမဲ့ သူမက သွေး၊ ချွေးအပြည့်နှင့် လေ့ကျင့်နေရကာ ယောကျာ်းဝတ်စုံနှင့် အမြဲနေရသူဖြစ်သည်။

သူမက သူမရဲ့မိန်းကလေးဝတ်စုံနဲ့ ဆံပင်အတွက်အဆင်တန်ဆာလေးများကို သူမတို့ပထမဆုံးတွေ့မဲ့နေ့မှာ ဝတ်ဖို့ယူလာခဲ့သည်။ ဒါပေမဲ့လည်း ဒါတွေကအိပ်မက်သာသာပါပဲ။ အနားယူဖို့မဖြစ်နိူင်တော့တာမလို့ ရင်းယွဲ့ကရွက်ဖျင်တဲထဲက ထွက်ပြီး ပေါ်လင်ဆီသွားလိုက်သည်။

" ပေါ်လင် , နင်နိုးနေလား?"

အိပ်ချင်မူးတူးနဲ့ပေါ်လင်က သူ့ကိုဘယ်သူခေါ်နေလဲသိရဖို့ မျက်လုံးဖွင့်ကြည့်လာသည်။ ထို့နောက် ရင်းယွဲ့ခေါ်နေမှန်းသိသောအခါ ပေါ်လင်ကထဖို့အားယူလိုက်သည်။

"ရင်းယွဲ့, ဘာဖြစ်လို့လဲ?"

" ငါအိပ်မရဘူး။ အာ့ကြောင့်ငါနဲ့စကားနဲနဲပြောပေးဖို့ တစ်ယောက်ယောက်ရှိမလားလို့ရှာနေတာ!"

" နင့်ကို ဘာကစိတ်အနှောင့်အယှက်ပေးနေတာလဲ ရင်းယွဲ့? ဒါမှမဟုတ် တိုက်ပွဲကိုစိုးရိမ်နေတာလား?"

" ငါစိုးရိမ်နေတာက..... ငါဒီတိုက်ပွဲနဲ့ပက်သက်ပြီး ခံစားချက်မကောင်းဘူး။ ဒီတခါရန်သူတွေက တောင်နှစ်လုံးအကွာပဲဝေးတဲ့နေရာမှာနေတဲ့ လှည့်လည်သွားလာနေကြတဲ့လူတွေ။ ပြီးတော့ သူတို့က ခန့်မှန်းရခက်တဲ့လူရမ်းကားတွေပဲ!"

" သိပြီ, ဒါပေမဲ့ နောက်ဆုံးတိုက်ပွဲတုန်းက အိမ်နီးချင်းကျင်နိုင်ငံတော်က သူတို့ရဲ့နယ်မြေတဝက်ကိုသိမ်းပိုက်ထားတယ်လေ။ မိုးခေါင်တဲ့ဒေသမလို့ အစားအစာနဲ့ရေကိုလဲ လုံလုံလောက်လောက်ကန့်သတ်ထားသေးတယ်။ ဒါကြောင့် အရမ်းမစိုးရိမ်ပါနဲ့ ရင်းယွဲ့"

"ဒါက ထင်ကြေးသပ်သပ်ပဲလေ ပေါ်လင်! ဒီကိစ္စက ထင်သလောက်မရိုးရှင်းဘူးဆိုတာငါသိတယ်!
ပေါ်လင် ငါတို့ကို ငယ်ငယ်ကအမေပြောပြတဲ့ပုံပြင်ကိုမှတ်မိလား?"

"နင်ပြောချင်တာ နဂါးဧကရာဇ်အကြောင်းပုံပြင်လား?
ငါနည်းနည်းတော့မှတ်မိတယ် ။ ဘာလို့လဲ?''

" ငါစိုးရိမ်တာက.... ဒဏ္ဍာရီထဲကလိုပြန်ဖြစ်လာရင်ဘယ်လိုုလုပ်မလဲ"

" ဟာ! ဒါက မဖြစ်နိုင်တာပဲကို!
ဒါကြီးက နှစ် ၅ထောင်တောင်ကြာခဲ့ပြီလေ။ ဘာလို့သူကပြန်ဖြစ်မှာလဲ? ပေါက်ကရတွေလျှောက်မတွေးနဲ့ ရင်းယွဲ့!"

" ငါပြောချင်တာကဟာ ပေါ်လင် နင်တွေးကြည့်! ငါမြို့တော်အစွန်အဖျားကလူတွေပြောတာကို ကြားထားတာ။ သူတို့မွေးထားတဲ့တိရစ္ဆာန်တွေက ရူးကုန်ပြီး အကြောင်းရင်းမရှိသေကုန်တယ်တဲ့!"

" ဟုတ်ပြီ ရင်းယွဲ့! စိတ်အေးအေးထား!
ဒါက ဘာကျိန်စာကြောင့်မှမဟုတ်ဘူး။ တယောက်ယောက်က အကောင်တွေကို အဆိပ်ခတ်တာဒါမှမဟုတ် တခုခုလုပ်လိုက်တာပဲဖြစ်မယ်!"

" ဪ ဟုတ်လား? ဒါဆိုပြောပါအုံး အစာရေစာတွေရှားပါးလာပြီး အသီးအနှံတွေက နဂိုကလောက်ဘာလို့ မဖြစ်ထွန်းတော့တာလဲ?"

''ငါတောင်းပန်ပါတယ်ရင်းယွဲ့ ။ ငါနင့်ကိုယုံပေးချင်ပါတယ် ဒါပေမဲ့ ဒါတွေက ကြောင်တောင်တောင်အတွေးတွေပဲလေဟာ။ အခုဖြစ်နေတဲ့ဟာတွေရဲ့နောက်မှာ နည်းလမ်းတစ်ခုခုတော့ရှိရမယ်ဆိုတာတော့ သေချာတယ်"

"ဟူး... နင်မှန်ပါတယ်။ ငါပဲအတွေးလွန်နေတာနေမှာပါ ပေါ်လင်ရယ်။ နင့်ကို ညနက်ကြီး စိတ်အနှောင့်ယှက်ပေးမိတာလဲ ငါတောင်းပန်ပါတယ်။ ကောင်းကောင်းအနားယူတော့! မနက္က် ငါတို့ ထပ်သွားဖို့ အရှည်ကြီးကျန်သေးတယ်!"

"ကောင်းပါပြီ! နင်လဲ အနားယူတော့ ရင်းယွဲ့!"

အမှောင်ထဲမှာ ရင်းယွဲ့၏ ပုံရိပ်ပျောက်ကွယ်သွားပြီးနောက်မှာတော့ ပေါ်လင်က တမှေးထပ်အိပ်ဖို့ကြိုးစားလိုက်သည်။ ရင်းယွဲ့ကလဲ သူမ၏ ရွက်ဖျင်တဲဆီပြန်သွားလိုက်ပြီး အတွေးလွန်နေခြင်းသာဖြစ်ကြောင်း သူမကိယ်သူမ ခပ်တိုးတိုးပြန်ပြောလိုက်သည်။

ရင်းယွဲ့က ခေါင်းကိုဟိုလှည့်ဒီလှည့်ကြည့်ရင်း အရာအာလုံးအဆင်ပြေပြေနဲ့မြန်မြန်ပြီးဆုံးသွားပါစေပဲ ဆုတောင်းနေမိသည်။ အတွေးမလွန်ဖို့ကြိုးစားရင်း ရင်းယွဲ့ဒီညကိုတော့ အေးအေးဆေးဆေးအိပ်နိုင်ဖို့ သူမကိုယ်သူမ တွန်းအားပေးလိုက်တော့သည်။

မနက်ရောက်သောအခါ စစ်သည်တော်တို့က လန်းဆန်းတက်ကြွနေကြပြီး သူမ၏ ဦးဆောင်မှုနောက်လိုက်ရန် အသင့်ဖြစ်နေကြပြီ။ ရင်းယွဲ့က အိပ်ရာထဖို့အားယူလိုက်ပြီး လန်းဆန်းသွားတော့မှ တဲအပြင်ကိုထွက်ကာ ပေါ်လင်နှင့် အခြားစစ်သည်များကိုဦးဆောင်ရန် လမ်းကြောင်းရှာတော့သည်။

" အားလုံးနားထောင်ကြ! ငါတို့ဒီနေ့ထပ်သွားဖို့ ခရီးကအဝေးကြီးကျန်သေးတယ်။ ငါတို့ရဲ့ပန်းတိုင်က နောက်ဆယ့်ခြောက်ရက်အကြာမှာ မြောက်ပိုင်းနယ်နိမိတ်စည်းဆီရောက်ဖို့ပဲ။ ဒါကြောင့် ငါတို့ အရှိန်ဟုန်ပြင်းပြင်းနဲ့ ချီတက်ရလိမ့်မယ်!"

ထိုအချိန် တစ်ဖက်မှာတော့ ရင်းယွဲ့ရဲ့ညီမကျားလိက လူထူးဆန်းနဲ့တွေ့ဖို့ အဆင်သင့်ဖြစ်နေလေပြီ။ ရင်းယွဲ့လိုပုံစံနဲ့ နေပြီး က်ားလိဟာ စိတ်လှုပ်ရှားမှုအပြည့်ဖြစ်နေသည်။ သူတို့နှစ်ယောက်လုံးက ကလောင်နာမည်သုံးပြီးအချင်းချင်းစာပို့ခဲ့ကြတာမလို့ သူတို့၏ နာမည်ရင်းများကို တစ်ယောက်နှင့်တစ်ယောက်သိကြခြင်းမရှိချေ။

⭐⭐⭐⭐⭐⭐

ကဲ လောင်ရတော့မယ်သဲငယ်တု့ိရေ

Zawgyi
..

Pev chမွ

ဒါေပမဲ့ က်ဆံုးသြားတဲ့ ညီအစ္ကိုေတြအတြက္ေတာ့ မင္းတို႔ရဲ႕ က်န္႐ွိတဲ့မိသားစုေတြနဲ႔ ခ်စ္ခင္ရသူေတြကို ေကာင္းေကာင္းေစာင့္ေ႐ွာက္ေပးမယ္လို႔ ငါ "ရင္း ယြဲ႔ ရန္ " ငါ့နာမည္နဲ႔တိုင္တည္ၿပီး က်ိန္ဆိုတယ္"

.....

သူတို႔ရဲ႕စစ္သူႀကီးအသံကို ၾကားၿပီးတဲ့ေနာက္မွာေတာ့ စစ္သည္မ်ားဟာ အားနဲ႔မာန္နဲ႔ေအာ္ဟစ္လိုက္ၾကသည္။ စစ္သည္မ်ားဟာ သူတို႔ရဲ႕တိုင္းျပည္လူမ်ိဳးအတြက္ တိုက္ခိုက္ဖို႔အဆင္သင့္ျဖစ္ေနၾကၿပီ ေသဆံုးေပးဖို႔လဲဝန္မေလးေခ်။ ထို႔ေနာက္ ရင္းယြဲ႔ကေပၚလင္ကို သူမရဲ႕ညာလက္ရံုးအျဖစ္ေဘးမွာထားၿပီး စစ္သည္တို႔ကိုတိုက္ပြဲဝင္ဖို႔ ဦးေဆာင္ထြက္ခြာသြားေတာ့သည္။

စစ္သည္ေတြဟာတေနကုန္ခရီးႏွင္ၿပီးေနာက္ ညေရာက္ခ်ိန္မွာေတာ့ ရပ္ၿပီးစခန္းတည္ဖို႔ျပင္ရေတာ့သည္။ ထိုခ်ိန္ ရင္းယြဲ႔တစ္ေယာက္ကေတာ့ သူမအိမ္ေ႐ွ႕စံမင္းသားရဲ႕စာေတြကို ေသာ့ခတ္သိမ္းဖို႔ ေမ့လာတာကိုမွတ္မိသြားၿပီး အေတြးလြန္ေနသည္။ မေန႔ကညက သူမကစာေတြကို ျပန္ဖတ္ၿပီး ေခါင္းအံုးေအာက္ကိုပဲ ထိုးထည့္ခဲ့မိသည္။

ဒါေပမဲ့ရင္းယြဲ႔အမ်ားႀကီးမေတြးျဖစ္ေပ။ ပထမအိမ္ေတာ္႐ွိသူမအိပ္ခန္းကို ရံေရြေတာ္ေတြေတာင္မွ ဝင္ျခင္းမ႐ွိေသာေၾကာင့္ သူမကိုယ္သူမ စိတ္ေအးေအးထားရန္ ႏွစ္သိမ့္လိုက္သည္။

" ငါ့အခန္းထဲကို ဘယ္သူမွေတာ့မဝင္ေလာက္ပါဘူးေလ!"

ေပၚလင္က အနားမွာ႐ွိေနေသာေၾကာင့္ ရင္းယြဲ႔ကိုဘာကအေႏွာင့္ယွက္ေပးေနလဲဆိုတာကို သိခ်င္ေနသည္။ ေပၚလင္က အၾကားအာရံုအရမ္းေကာင္းသည္။ ဒါေၾကာင့္လဲ တိုက္ပြဲမွာ သူ႔အတြက္အဆင္ေျပေနတာပဲျဖစ္သည္။

ရင္းယြဲ႔က သူမရဲ႕ လက္ေခ်ာင္းေလးမ်ားကို လိမ္ယွက္ေနသည္။ တျခားလူေတြနဲ႔မတူတာက မေရတြက္ႏိုင္ေသာ ေလ့က်င့္မႈေတြနဲ႔ စစ္ပြဲအေတြ႔အၾကံဳေတြေၾကာင့္ ရင္းယြဲ႔မွာ ၾကမ္းတမ္းေသာလက္မ်ားသာ႐ွိသည္။ဒါကိုျမင္ၿပီး ေပၚလင္က သူမဆီ စိုးရိမ္စြာနဲ႔ပဲ ေလ်ွာက္လာသည္။

" ရင္းယြဲ႔ ဘာျဖစ္လို႔လဲ?"

ရင္းယြဲ႔ဟာ သူမအေတြးေတြထဲ ေတြေဝေနပံုေပၚၿပီး ေပၚလင္ရဲ႕အသံကိုၾကားမိမွသာ သတိဝင္လာၿပီး လွမ္းၾကည့္သည္။

" ဪ ဘာမွမဟုတ္ပါဘူး ေပၚလင္။ အိမ္မွာလုပ္စရာေလးေတြက်န္ခဲ့တာကို သတိရသြားလို႔ပါ။ ငါျမန္ျမန္ထြက္လာခဲ့ရတာဆိုေတာ့ သိမ္းစရာ႐ွိတာေတြကို ေမ့သြားလို႔။ ဘာမွမျဖစ္ပါဘူး မစိုးရိမ္နဲ႔! "

''အင္း... နင္ေျပာခ်င္တာကို ငါခန္႔မွန္းမိပါတယ္ ။ ဒါနဲ႔ တခုခုစားခ်င္လား? ေနာက္က်ေနၿပီေလ! "

" ဒါေပါ့! ငါဆန္ျပဳတ္နဲနဲယူလာခဲ့တယ္။ လူတိုင္းကို ငါမစားခင္ အရင္ေဝေပးလိုက္ပါ"

ေပၚလင္က ပင္ပန္းေနပံုေပၚေသာ ရင္းယြဲ႔ေ႐ွ႕က မီးပံုနားတြင္ လာၿပီးထိုင္လိုက္သည္။ ထို႔ေနာက္ သူက သူမအတြက္ ၾကက္သားဆန္ျပဳတ္အနည္းငယ္ပါေသာ ပန္းကန္လံုးေလးကိုလည္း ယူလာေပးသည္။

ရင္းယြဲ႔တို႔ ခရီးအလယ္ေလာက္ေရာက္ေနခ်ိန္တြင္ သူမ၏ညီမ က်ားလိက အိမ္ေတာ္တြင္ တခုခုလုပ္ဖို႔ ၾကံစည္ေနသည္။ က်ားလိမွာ သူမပ်င္းတိုင္း အိမ္ေတာ္ထဲ လမ္းေလ်ွာက္တတ္သည့္ အက်င့္႐ွိသည္။ သူမက သူမရဲ႕ အေသးစားစြန္႔စားမႈေလးမွာ ပါဝင္ဖို႔ သူမရဲ႕အေစခံ နန္က်င္းကို အေဖာ္စပ္လိုက္သည္။ ရက္ေတြၾကာလာတာေတာင္မွ သူမစိတ္ထဲ အၿငိဳးမေျပေသးေပ။

ရင္းယြဲ႔အိမ္ေတာ္မွာမ႐ွိခင္ က်ားလိက ရင္းယြဲ႔အတြက္မေကာင္းတာတခုခုလုပ္ပစ္ဖို႔ပဲ ေတြးေတာေနသည္။ ထို႔ေၾကာင့္ ေနာက္တေန႔တြင္ သူမႏွင့္ သူမ၏အေစခံ နန္က်င္းက ရင္းယြဲ႔၏ အိပ္ခန္းကိုဖ်က္ဆီးရန္ဆံုးျဖတ္လိုက္ၾကသည္။ ထိုအခ်ိန္မွာပဲ အလ်င္စလိုသြားရ၍ သိမ္းဆည္းမထားရေသးေသာ စာတခ်ိဳ႕ႏွင့္ ကဗ်ာတို႔ကို ေတြ႔သြားၾကသည္။

" ဘုရားေရ! နန္က်င္း ဒီမွာလာၾကည့္စမ္း!''

ရင္းယြဲ႔၏အိပ္မက္ဆိုးႀကီးက တကယ္ျဖစ္လာေလၿပီ။ လူမသိေအာင္ လ်ိဳ႕ဝွက္ထားတာကိုမွ က်ားလိကေရြးၿပီးေတြ႔သြားသည္။

က်ားလိသည္ ထိုအခ်စ္ကဗ်ာမ်ားကိုေတြ႔ခ်ိန္ အံ့ၾသသြားခဲ့သည္။ ဒါကေယာက်ာ္းတစ္ေယာက္စီက စာေတြပဲ။ ရင္းယြဲ႔သံုးထားတဲ့ကေလာင္နာမည္ေၾကာင့္ ထိုလူကဘယ္သူလဲေတာ့ က်ားလိမသိေပ။

''နန္က်င္း, ရင္းယြဲ႔မွာ ဒီလိုလူမ်ိဳး႐ွိေနတယ္ဆိုတာ ငါျဖင့္မယံုႏိုင္ဘူး! သူမက စစ္တိုက္ရတာကလြဲၿပီး စိတ္ဝင္စားတာမ႐ွိဘူးလို႔ထင္ေနတာ! ဟားဟား"

" မမေလး ဒီစာကိုၾကည့္ပါအံုး! ဒါကေတြ႔ဖို႔ ခ်ိန္းထားတာပဲ! "

က်ားလိက သူမအေစခံလက္ထဲမွစာကို ဆတ္ခနဲဆြဲယူလိုက္ၿပီး အေသးစိတ္ဖတ္ၿပီးရင္းဖတ္ေနသည္။ တခုမက်န္ဖတ္ၿပီးတဲ့ေနာက္မွာေတာ့ သူမစိတ္ထဲ ရင္းယြဲ႔ရဲ႕ေပ်ာ္စရာေလးေတြကို ဖ်က္ဆီးၿပီး ဒီလူနဲ႔သာသြားေတြ႔လိုက္မယ္ဆိုရင္ ဘယ္ေလာက္ေပ်ာ္စရာေကာင္းမလဲလို႔ ေတြးေနသည္။

" ဟားဟား! ဒါက ဘုရားသိၾကား မ တာပဲ နန္က်င္း!
နတ္ေတြက ငါ့ကို လက္စားေခ်ခြင့္ေပးေနၾကၿပီ"

" ဒါဆို မမေလး ဘာလုပ္ဖို႔ စီစဥ္ထားလဲ"

" နန္က်င္း ,နင္တံုးလိုက္တာ! ဒီေလာက္အသိသာႀကီးကို! ဒီလူနဲ႔ ငါသြားေတြ႔လိုက္ၿပီး ရင္းယြဲ႔သိေတာင္မသိလိုက္ခင္ သူနဲ႔ေဝးေအာင္လုပ္လိုက္မွာေပါ့''

"ဒါမဲ့ မမေလး.... အဲ့လူက မေကာင္းတဲ့လူဆို ဘယ္လိုလုပ္မလဲ"

" နန္က်င္း, လူတိုင္းက ဒီလိုကဗ်ာေတြစာေတြေရးတတ္တာမဟုတ္ဘူး! ဒီမွာၾကည့္နန္က်င္း! ဒီတစ္ခုဆိုရင္ ေဆာင္းရာသီရဲ႕ ႏွင္းေတြအေၾကာင္းေရးဖြဲ႔ထားတာ။ ေႏြရာသီမွာ သူတို႔အခ်င္းခ်င္းေတြ႔ဖို႔ ၾကာေနလို႔ေလ။ ဒါက အရမ္းစိတ္ကူးယဥ္မဆန္ဘူးလား? ေသခ်ာတယ္ ဒီလူကစာတတ္ၿပီးမ်ိဳး႐ိုးျမင့္ထဲကျဖစ္မွာပဲ!''

သူမ မမေလးရဲ႕မ်က္ႏွာဒီလိုျဖစ္ေနတာကို နန္က်င္းတစ္ခါမွမျမင္ဖူးေခ်။ စိတ္လႈပ္႐ွားေနတဲ့ က်ားလိကေလထဲမွာကဆုန္ေပါက္ေနသည္။ ထို့ေနာက္ကဗ်ာေတြကို တခုၿပီးတစ္ခုဆြဲယူကာ ေသခ်ာဖတ္ေနသည္။ မ်က္ႏွာႀကီးနီကာ စာေတြကို တစ္ခုၿပီးတစ္ခုဖတ္ရင္း က်ားလိက ထိုလူထူးဆန္းကိုစိတ္ဝင္စားလာေနၿပီျဖစ္သည္။

" နန္က်င္း, ငါမနက္ျဖန္ေန႔လည္က်ရင္ ေတာ္ဝင္ဥယ်ာဥ္ေရကန္ေဘးက ခ်ယ္ရီပင္ေအာက္မွာ သြားေတြ႔ရမွာထင္တယ္! ဟား.. တကယ္ကို နတ္ေတြကငါ့ဘက္မွာပဲ! နက္ျဖန္ဝတ္ရမဲ့ ဝတ္စံုကို ခုညပဲ သြားျပင္လိုက္ေတာ့.. သြား! "

" ဟုတ္ကဲ့ မမေလး!'

ဒီအခ်ိန္မွာေတာ့ ရင္းယြဲ႔ဟာအိမ္နဲ႔ေဝးတဲ့ေနရာမွာ ၾကယ္ေတြကိုၾကည့္ၿပီး အိမ္ကိုျပန္ႏိုင္ဖို႔ ထိုင္ရင္းဆုေတာင္းေန႐ွာသည္။ ၿပီးေတာ့ သူမဘယ္သူလဲဆိုတာကို အိမ္ေ႐ွ႕စံမင္းသားကိုေျပာဖို႔ သတၱိ႐ွိလာဖို႔လဲ ဆုေတာင္းေနသည္။ ဒါေပမဲ့ သူမက ေသြး၊ ေခြၽးအျပည့္ႏွင့္ ေလ့က်င့္ေနရကာ ေယာက်ာ္းဝတ္စံုႏွင့္ အျမဲေနရသူျဖစ္သည္။

သူမက သူမရဲ႕မိန္းကေလးဝတ္စံုနဲ႔ ဆံပင္အတြက္အဆင္တန္ဆာေလးမ်ားကို သူမတို႔ပထမဆံုးေတြ႔မဲ့ေန႔မွာ ဝတ္ဖို႔ယူလာခဲ့သည္။ ဒါေပမဲ့လည္း ဒါေတြကအိပ္မက္သာသာပါပဲ။ အနားယူဖို႔မျဖစ္ႏိူင္ေတာ့တာမလို႔ ရင္းယြဲ႔ကရြက္ဖ်င္တဲထဲက ထြက္ၿပီး ေပၚလင္ဆီသြားလိုက္သည္။

" ေပၚလင္ , နင္ႏိုးေနလား?"

အိပ္ခ်င္မူးတူးနဲ႔ေပၚလင္က သူ႔ကိုဘယ္သူေခၚေနလဲသိရဖို႔ မ်က္လံုးဖြင့္ၾကည့္လာသည္။ ထို့ေနာက္ ရင္းယြဲ႔ေခၚေနမွန္းသိေသာအခါ ေပၚလင္ကထဖို႔အားယူလိုက္သည္။

"ရင္းယြဲ႔, ဘာျဖစ္လို႔လဲ?"

" ငါအိပ္မရဘူး။ အာ့ေၾကာင့္ငါနဲ႔စကားနဲနဲေျပာေပးဖို႔ တစ္ေယာက္ေယာက္႐ွိမလားလို႔႐ွာေနတာ!"

" နင့္ကို ဘာကစိတ္အေႏွာင့္အယွက္ေပးေနတာလဲ ရင္းယြဲ႔? ဒါမွမဟုတ္ တိုက္ပြဲကိုစိုးရိမ္ေနတာလား?"

" ငါစိုးရိမ္ေနတာက..... ငါဒီတိုက္ပြဲနဲ႔ပက္သက္ၿပီး ခံစားခ်က္မေကာင္းဘူး။ ဒီတခါရန္သူေတြက ေတာင္ႏွစ္လံုးအကြာပဲေဝးတဲ့ေနရာမွာေနတဲ့ လွည့္လည္သြားလာေနၾကတဲ့လူေတြ။ ၿပီးေတာ့ သူတို႔က ခန္႔မွန္းရခက္တဲ့လူရမ္းကားေတြပဲ!"

" သိၿပီ, ဒါေပမဲ့ ေနာက္ဆံုးတိုက္ပြဲတုန္းက အိမ္နီးခ်င္းက်င္ႏိုင္ငံေတာ္က သူတို႔ရဲ႕နယ္ေျမတဝက္ကိုသိမ္းပိုက္ထားတယ္ေလ။ မိုးေခါင္တဲ့ေဒသမလို႔ အစားအစာနဲ႔ေရကိုလဲ လံုလံုေလာက္ေလာက္ကန္႔သတ္ထားေသးတယ္။ ဒါေၾကာင့္ အရမ္းမစိုးရိမ္ပါနဲ႔ ရင္းယြဲ႔"

"ဒါက ထင္ေၾကးသပ္သပ္ပဲေလ ေပၚလင္! ဒီကိစၥက ထင္သေလာက္မ႐ုိုး႐ွင္းဘူးဆိုတာငါသိတယ္!
​ေပၚလင္ ငါတို႔ကို ငယ္ငယ္ကအေမေျပာျပတဲ့ပံုျပင္ကိုမွတ္မိလား?"

"နင္ေျပာခ်င္တာ နဂါးဧကရာဇ္အေၾကာင္းပံုျပင္လား?
ငါနည္းနည္းေတာ့မွတ္မိတယ္ ။ ဘာလို႔လဲ?''

" ငါစိုးရိမ္တာက.... ဒ႑ာရီထဲကလိုျပန္ျဖစ္လာရင္ဘယ္လို္ုလုပ္မလဲ"

" ဟာ! ဒါက မျဖစ္ႏိုင္တာပဲကို!
ဒါႀကီးက ႏွစ္ ၅ေထာင္ေတာင္ၾကာခဲ့ၿပီေလ။ ဘာလို႔သူကျပန္ျဖစ္မွာလဲ? ေပါက္ကရေတြေလ်ွာက္မေတြးနဲ႔ ရင္းယြဲ႔!"

" ငါေျပာခ်င္တာကဟာ ေပၚလင္ နင္ေတြးၾကည့္! ငါၿမိဳ႕ေတာ္အစြန္အဖ်ားကလူေတြေျပာတာကို ၾကားထားတာ။ သူတို႔ေမြးထားတဲ့တိရစာၦန္ေတြက ႐ူးကုန္ၿပီး အေၾကာင္းရင္းမ႐ွိေသကုန္တယ္တဲ့!"

" ဟုတ္ၿပီ ရင္းယြဲ႔! စိတ္ေအးေအးထား!
ဒါက ဘာက်ိန္စာေၾကာင့္မွမဟုတ္ဘူး။ တေယာက္ေယာက္က အေကာင္ေတြကို အဆိပ္ခတ္တာဒါမွမဟုတ္ တခုခုလုပ္လိုက္တာပဲျဖစ္မယ္!"

" ဪ ဟုတ္​လ​ား? ဒါဆိုေျပာပါအံုး အစာေရစာေတြ႐ွားပါးလာၿပီး အသီးအႏွံေတြက နဂိုကေလာက္ဘာလို႔ မျဖစ္ထြန္းေတာ့တာလဲ?"

''ငါေတာင္းပန္ပါတယ္ရင္းယြဲ႔ ။ ငါနင့္ကိုယံုေပးခ်င္ပါတယ္ ဒါေပမဲ့ ဒါေတြက ေၾကာင္ေတာင္ေတာင္အေတြးေတြပဲေလဟာ။ အခုျဖစ္ေနတဲ့ဟာေတြရဲ႕ေနာက္မွာ နည္းလမ္းတစ္ခုခုေတာ့႐ွိရမယ္ဆိုတာေတာ့ ေသခ်ာတယ္"

"ဟူး... နင္မွန္ပါတယ္။ ငါပဲအေတြးလြန္ေနတာေနမွာပါ ေပၚလင္ရယ္။ နင့္ကို ညနက္ႀကီး စိတ္အေႏွာင့္ယွက္ေပးမိတာလဲ ငါေတာင္းပန္ပါတယ္။ ေကာင္းေကာင္းအနားယူေတာ့! မနကၠ္ ငါတို႔ ထပ္သြားဖို႔ အ႐ွည္ႀကီးက်န္ေသးတယ္!"

"ေကာင္းပါၿပီ! နင္လဲ အနားယူေတာ့ ရင္းယြဲ႔!"

အေမွာင္ထဲမွာ ရင္းယြဲ႔၏ ပံုရိပ္ေပ်ာက္ကြယ္သြားၿပီးေနာက္မွာေတာ့ ေပၚလင္က တေမွးထပ္အိပ္ဖို႔ႀကိဳးစားလိုက္သည္။ ရင္းယြဲ႔ကလဲ သူမ၏ ရြက္ဖ်င္တဲဆီျပန္သြားလိုက္ၿပီး အေတြးလြန္ေနျခင္းသာျဖစ္ေၾကာင္း သူမကိယ္သဴမ ခပ္တိုးတိုးျပန္ေျပာလိုက္သည္။

ရင္းယြဲ႔က ေခါင္းကိုဟိုလွည့္ဒီလွည့္ၾကည့္ရင္း အရာအာလံုးအဆင္ေျပေျပနဲ႔ျမန္ျမန္ၿပီးဆံုးသြားပါေစပဲ ဆုေတာင္းေနမိသည္။ အေတြးမလြန္ဖို႔ႀကိဳးစားရင္း ရင္းယြဲ႔ဒီညကိုေတာ့ ေအးေအးေဆးေဆးအိပ္ႏိုင္ဖို႔ သူမကိုယ္သူမ တြန္းအားေပးလိုက္ေတာ့သည္။

မနက္ေရာက္ေသာအခါ စစ္သည္ေတာ္တို႔က လန္းဆန္းတက္ႂကြေနၾကၿပီး သူမ၏ ဦးေဆာင္မႈေနာက္လိုက္ရန္ အသင့္ျဖစ္ေနၾကၿပီ။ ရင္းယြဲ႔က အိပ္ရာထဖို႔အားယူလိုက္ၿပီး လန္းဆန္းသြားေတာ့မွ တဲအျပင္ကိုထြက္ကာ ေပၚလင္ႏွင့္ အျခားစစ္သည္မ်ားကိုဦးေဆာင္ရန္ လမ္းေၾကာင္း႐ွာေတာ့သည္။

" အားလံုးနားေထာင္ၾက! ငါတို႔ဒီေန႔ထပ္သြားဖို႔ ခရီးကအေဝးႀကီးက်န္ေသးတယ္။ ငါတို႔ရဲ႕ပန္းတိုင္က ေနာက္ဆယ့္ေျခာက္ရက္အၾကာမွာ ေျမာက္ပိုင္းနယ္နိမိတ္စည္းဆီေရာက္ဖို႔ပဲ။ ဒါေၾကာင့္ ငါတို႔ အ႐ွိန္ဟုန္ျပင္းျပင္းနဲ႔ ခ်ီတက္ရလိမ့္မယ္!"

ထိုအခ်ိန္ တစ္ဖက္မွာေတာ့ ရင္းယြဲ႔ရဲ႕ညီမက်ားလိက လူထူးဆန္းနဲ႔ေတြ႔ဖို႔ အဆင္သင့္ျဖစ္ေနေလၿပီ။ ရင္းယြဲ႔လိုပံုစံနဲ႔ ေနၿပီး က္ားလိဟာ စိတ္လႈပ္႐ွားမႈအျပည့္ျဖစ္ေနသည္။ သူတို႔ႏွစ္ေယာက္လံုးက ကေလာင္နာမည္သံုးၿပီးအခ်င္းခ်င္းစာပို႔ခဲ့ၾကတာမလို႔ သူတို႔၏ နာမည္ရင္းမ်ားကို တစ္ေယာက္ႏွင့္တစ္ေယာက္သိၾကျခင္းမ႐ွိေခ်။

⭐⭐⭐⭐⭐⭐

ကဲ​ ​ေလာင္​ရ​ေတာ့မယ္​သဲငယ္​တု႔ိ​ေရ

Continue Reading

You'll Also Like

296K 12.5K 39
"မင်း ကိုယ့်အခြေအနေကိုယ် သိရက်သားနဲ့ ဘာကိစ္စ ဒီအခြေအနေထိ ရောက်အောင်နေရတာလဲ" . "ဟမ်... ဖြေစမ်း ငွေလွာ " . "အဲ့စောက်ပါးစပ်က ဘာလို့ပိတ်နေတာလဲ ဘာလဲ ကလေ...
1.1M 59.5K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
302K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1M 11.3K 101
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...