More Than Forever

By Yeong_May

32.3K 4K 892

"ကျွန်တော်ပြောထားဖူးသလိုပဲ၊ ကျွန်တော်ကအစ်ကို့ရဲ့ထာ၀ရဂျွန်" "အစ်ကိုကလည်း ထာ၀ရဂျွန့်အပိုင်ကင်မ်" _More Than For... More

Intro
~1~
~2~
~3~
~4~
~5~
~6~
~7~
~8~
~ 9 ~
~ 10 ~
~ 11 ~
~ 12 ~
~13~
~ 14 ~
~ 16 ~
~ 17 ~
~ 18 ~
~ 19 ~
~ 20 ~
~ 21 ~
~ 22 ~
~ 23 ~
~ 24 ~
- Final -

~ 15 ~

722 113 55
By Yeong_May

Uni

ပွဲတော်ရက်က အောင်အောင်မြင်မြင်နဲ့ပြီးသွားပြီး တရုတ်နိုင်ငံနဲ့ ရေကြောင်းကုန်သွယ်ရေးရဲ့ ရာခိုင်နှုန်းကို အများဆုံးရခဲ့သည်မို့ သူထီးနန်းလွှဲပြောင်းမယူခင် တာ၀န်တစ်ခု ဖြစ်မြောက်သွားသလိုပင်။

'ဂျွန် ပင်ပန်းနေလား'

"မပင်ပန်းပါဘူး အစ်ကိုရဲ့"

'မျက်နှာက နွမ်းနေသလိုပဲ'

"ကျွန်တော်ဆက်မဖုံးကွယ်ထားချင်တော့ဘူး အစ်ကို၊ထီးနန်းမတက်ခင် ကြင်ယာတော်ရွေးပွဲကျင်းပရမှာ၊ခမည်းတော်က ဒါကိုပဲအား​ပေးနေတာ"

'​ဂျွန် သဘောကျလား၊လျာထားတဲ့ မိန်းမပျိုလေးတွေကိုလေ'

"ကျွန်တော့်အတွက် ရှင်သန်ခြင်းတစ်ခုလုံးမှာ သဘောကျမိတဲ့သူက အစ်ကိုပဲ၊တခြားသူတွေဘယ်လောက်ပဲပြီးပြည့်စုံနေပါစေ၊ကာမ အရေးကိစ္စတွေမှာ အားသာနေပါစေ ကျွန်တော်မတပ်မက်ဘူး အစ်ကို၊ကျွန်တော့်အတွက်က အစ်ကိုရှိနေဖို့ပါပဲ"

'ဒါပေမဲ့ ပြည်သူလူထုရဲ့အပြောနဲ့ မျိုးဆက်ကရှိနေသေးတယ် ဂျွန်'

"ပြည်သူတွေရဲ့အပြောကို အရေးစိုက်ရမှာက ဒီလို ကိစ္စတွေမှာမဆိုင်ဘူးထင်တယ်၊တိုင်းပြည် ဆုတ်လျော့အောင် လုပ်တာလည်းမဟုတ်သလို ပြည်သူတွေရဲ့ အနာဂတ်ပျောက်အောင် လုပ်တာမှမဟုတ်ဘဲ အဲ့တာကို မမှုပါဘူး။
မျိုးဆက်မရှိတော့ရော ဘာဖြစ်လို့လဲ ကျွန်တော် သေချာရွေးချယ်ပြီး တာ၀န်ကို ခန့်အပ်နိုင်မှာပဲကို"

ရွှန်းစိုနေတဲ့ မျက်လုံး၀ိုင်းတွေနဲ့ သူဖြစ်ချင်တာတွေကို တစ်ချက်ချင်း ရှင်းပြနေတဲ့ ဂျွန်က သူ့အတွက်တော့
မြတ်နိုးရတဲ့ ရှင်ဘုရင်သာ။သူတို့မေတ္တာမျှနေတယ်ဆိုတာနဲ့ ဂျွန့်ကို အခက်တွေ့စေမှာမလိုလား။

"အဲ့တာတွေကြောင့် မပြောချင်တာ၊ပြောရင် အစ်ကိုကတွေးပြီးမှိုင်နေတော့မှာကြိုသိတယ်"

'စဥ်းစားရုံပါပဲ၊အစ်ကိုက ဂျွန့်ကို ပိုင်ပြီးသားကို ဘာတွေတွေးနေရမှာတုန်း...တစ်ခုပဲ အရမ်းခက်ခဲလာတဲ့အခြေအနေမှာ ကြင်ယာတော်ကိုသေချာရွေးချယ်ပြီး လက်ဆက်ပါ၊
အစ်ကို့ထက် ပိုသင့်တော်တယ်လေ'

"ကျွန်တော် မဖြစ်မနေ လက်ဆက်ရမယ်ဆိုတောင် အစ်ကို့ကို ကျွန်တော့ရဲ့ ဘုရင်အဖြစ် တင်မြှောက်ပြီးမှ ကျန်တာကို ဆက်စီစဥ်တာပေါ့၊ကျွန်တော့်ရဲ့ ပထမဆုံးတွေကို အစ်ကိုပဲ ပိုင်ဆိုင်ခွင့်ရှိမှာဖြစ်သလို အစ်ကို့ရဲ့ ပထမဆုံးတွေကိုလည်း ကျွန်တော်ပဲပိုင်ဆိုင်ချင်တယ်"

ဂုတ်ပိုးကို နှုတ်ခမ်းပါးပါးတွေနဲ့ဖိကပ်နမ်းပြီး ​ခပ်အေးအေးပြောနေတဲ့ ဂျွန်က
သူ့လို ယောကျာ်းသားတစ်ယောက်ကိုတောင် မိန်းမပျိုလေးလို ရင်ဖိုစေသည်လား။ဒီဂျွန်ငယ်လေးက သူ့အတွက်
အရာအားလုံးဖြစ်စေသည်က
မထူးဆန်းနိုင်။

'ပြောပါဦး ပထမဆုံးအချစ်၊ပထမဆုံးအနမ်း၊ပထမဆုံးဆိုတာတွေချည်း တူတူလုပ်ခဲ့တာကို ဘာက ပထမဆုံး ကျန်နေသေးတာတုန်း ဂျွန်ရဲ့'

"အစ်ကိုသိပါတယ်၊ကျွန်တော်တို့ လက်ဆက်ပြီးရင် ပိုသိရမှာပေါ့"

'အောင်းးးး!ဒီရှင်ဘုရင်လောင်းလေးက
နှာဗူးလေးနော်၊ကြာလေ ပိုသိရလေပဲ'

"အစ်ကို့ကိုပဲ သီးသန့်ပါဆို၊ကျွန်တော် ပထမဆုံးဗူးတာပါ"

'ယုံပေးလိုက်ပါ့မယ်၊လာ ပေါင်ပေါ် လာအိပ်၊အစ်ကိုက နှိပ်ပေးမယ်'

"ဂျွန့်ရဲ့ရှင်ဘုရင်လေးက အကောင်းဆုံးပါပဲ"

'သိရင်ပြီးတာပဲ'

သူ့ နှာခေါင်းလုံးလုံးလေးကို ဆွဲညှစ်လာပြီး ခပ်ဖွဖွနှိပ်ပေးနေပြန်တဲ့အစ်ကို့မျက်နှာကိုသာ ငေးကြည့်နေမိသည်။

"အဲ့နှုတ်ခမ်းဖူးလေးတွေက ဂျွန်ဂျောင်ကုအပိုင်ပဲ"

{~}{~}

'ရားးးးး၊ချန်းလေး ငါ့ကိုပစ်ထားတဲ့
မကောင်းတဲ့ ယောကျာ်း'

'ကင်မ်ဆော့ဂျင် တိုးတိုးအော်စမ်းပါ၊ဘယ်နှယ့်အဲ့လောက်ကျယ်နေတုန်း'

'ကျယ်တော့ မင်းကမချစ်တော့ဘူးလား'

'နေရင်းထိုင်ရင်း ကြိုးစင် တင်ခံရအောင် လာမလုပ်ပါနဲ့ အိမ်ရှေ့စံရဲ့ ဘုရင်လေးရယ်'

'သူတော်တော်ကြောက်နေတာပဲ၊ငါ့ကို ဓားရေးပြပေး၊ငါလည်းလေ့ကျင့်ထားတာမို့ တူတူကစားကြတာပေါ့'

'လုံး၀အလျော့မပေးဘူးဆိုတာသိတယ်မလား'

'ဒါပေါ့၊ကင်မ်ဆော့ဂျင်ကလည်း လုံး၀အလျော့မပေးဘူး'

ချန်းလေးက ဓားကို အရင်ကစားပြသည်။ချန်းလေးသုံးတဲ့ ဓားက
အသွေးတော်တော်ကောင်းတဲ့ပုံမို့ ထိလိုက်ရင်တောင် ပြတ်ရှသွားနိုင်တဲ့ အနေအထားတစ်ခုမှာပင်။

'ဓားက ကောင်းလိုက်တာ၊ဓားသွား တော်တော်ထက်မယ့်ပုံပဲ'

'အင်း၊ငါ့အဖေရဲ့အမွေလေ၊စေတန်ရဲ့ ဓားလို့ပြောကြတာပဲ'

'နတ်ဆိုးပဲ၊မင်းကရော'

'အင်း ငါကနတ်ဆိုးဖြစ်ကောင်းဖြစ်နိုင်တယ်၊မဟုတ်ဘူး ငါကနတ်ဆိုးပဲ'

'မဟုတ်တာတွေပြောတာ ရပ်ရအောင်၊
ဓားရေးကျင့်တာပေါ့'

ဓားရေးကျင့်တော့ ချန်းလေးက တော်တော်ကိုလက်ရည်သာသည်။
ချန်းလေးရဲ့ ကျွမ်းကျင်မှုတွေက သူ့ထက်တော့ အများကြီးသာနိုင်မှာပင်။
ချွင်ခနဲမြည်အောင် ကြားလိုက်ရတဲ့
ဓားသံကြောင့် ​သတိပြန်၀င်လာတော့
ချန်းလေးက မျက်ခုံးပင့်ပြသည်။

'ရန်သူရှေ့မှာ အာရုံများနေရင် အသက်စတေးရုံပဲရှိတယ် ဆော့ဂျင်'

'နောက်က်ို သတိထားလိုက်မယ်'

'နောက်ဆိုတာတွေက ပြင်ဆင်လို့မရနိုင်တာတွေရှိတယ်၊ထပ်မဖြစ်အောင်ပဲ ပိုကြိုးစားပါ၊နောက်တစ်ခေါက်ယှဥ်ရင်ကျ ငါ့ကိုအလဲထိုးနိုင်ဖို့ မျှော်လင့်တယ်'

'ငါကြိုးစားမှာပါ ဂျွန့်ကို ကာကွယ်နိုင်ဖို့ပေါ့'

သူ့စကားကို ချန်းလေးကပြုံးသည်။
ပြောတိုင်းလည်း ဂျွန် ဆိုတာပဲ ထပ်နေတဲ့ သူ့အကြောင်းကို ကောင်းကောင်းသိနေသည်လေ။

{~}{~}

'ဂျွန်ရေ...ဒီနေ့ နန်းပြင်က ကြွေထည်တွေလုပ်တဲ့ ပန်းပဲဖိုကို သွားလေ့လာမှာမို့ လိုက်ခဲ့မလား'

"လိုက်ရမှာပေါ့"

'မြန်မြန်လေး'

အလျင်စလိုပြောလိုက်တာနဲ့ အရပ်အ၀တ်အစားပြောင်း၀တ်ပြီး ကောက်ရိုးဖိနပ်တန်းပြောင်းစီးတာက မိနစ်ပိုင်းသာကြာတဲ့အထိမြန်သည်။

"ရပြီ သွားကြတာပေါ့"

'ဂျွန်!လက်ကိုမကိုင်နဲ့လေ...ပတ်၀န်းကျင်မှာ မျက်စိတွေရှိတယ်'

"အဲ့မျက်စိတွေကို ဖောက်ထုတ်ပစ်လိုက်မယ်"

'အပိုက'

နန်းပြင်ရောက်တော့ ကြွေထည်လုပ်ငန်းတွေဘက်သွားကြည့်တော့ တကယ်က်ို ကြွေသားတွေက ကောင်းသလို ပုံဖော်မှုလက်ရာတွေက ကောင်းလွန်းသည်။

"ဒီကြွေထည်တွေကို အပ်ရင် ဘယ်လောက်​ကြန့်ကြာမလဲ"

'အမြန်ဆုံးဆိုရင်တော့ ၃ ရက်၀န်းကျင်ပါပဲ'

"ကျေးဇူးတင်ပါတယ်"

'ချယ်ရီတွေကို ထည့်ပြီး လောင်းလို့ ရနိုင်လား'

'အဲ့လိုက ရနိုင်ပါတယ်၊ပုံဖော်တာမဟုတ်ရင် ပြဒါရည် အကြည်ကို လောင်းတာမျိုးဆို ပွင့်ဖတ်အစစ်တွေကို ထည့်လို့ရနိုင်ပါတယ်'

"အစ်ကို လိုချင်လို့လား"

'အင်း ဂျွန်နဲ့အမှတ်တရလေ'

"အဲ့တာဆို အပ်ခဲ့ကြတာပေါ့၊နောက်တော့မှ အေးဆေးလာပြန်ယူကြတာပေါ့"

သူက ဘယ်လိုပုံစံလေးလိုချင်တယ်ပြောပြတော့ ကြွေထည်ခွက်လေးရဲ့ ဒီဇိုင်းကို အကြမ်းဖျင်းရေးခြစ်ပြသည်။
တော်တော်လေးကို အဆင်ပြေတာမို့
ဂျွန်နှင့်ကင်မ်ဆိုတဲ့ စာလုံးလေးတွေကို ပုံဖော်ပေးဖို့ ပြောရင်း အဆုံးသတ်မိသည်။

'ကောင်းပါပြီ လူလေးတို့'

"သေချာလေးအပ်ပါတယ်၊ကျေးဇူးလည်းတင်ပါတယ် ဦးလေး"

'ရပါတယ်'

ကြွေထည်တွေကို သေချာကြည့်ပြီးတော့ အစ်ကိုက မယ်မယ့်ဆီကို၀င်ဖို့ပြောသေးတာမို့ ၀င်တော့ မယ်မယ်က
လန်းလန်းဆန်းဆန်းပင်၊နန်းတွင်းမှာ နေတုန်းကနဲ့ တကယ်မတူတော့တာမို့
နန်းတွင်းမှာ သူတစ်ခုခုဆန်းစစ်ဖို့
လိုလာနေပြီပင်။

"မယ်မယ် အဆင်ပြေနေတယ်မလားဟင်"

'ပြေနေပါတယ် တကယ်လောကကြီးမှာ မရှိလောက်တော့ဘူးလို့ တွေးခဲ့မိသေးတာ အခုတကယ် သက်သာလာပြီပဲ'

"မယ်မယ် နန်းတွင်းမှာတုန်းကလေ
တစ်ခုခုထူးဆန်းတာတွေ ကြုံဖူးလား"

'အဲ့လိုတော့ မရှိပါဘူး၊နန်းတွင်းရေးရာတွေကြောင့်ပဲနေမှာပါ'

"မယ်မယ်ကျန်းမာရေးကအဓိကပါ"

'ဆော့ဂျင်လေးက ခန့်ညားလာလိုက်တာ၊ဒါမျိုးကျ အိမ်ရှေ့စံက ကလေးရုပ်ပေါက်သွားတယ်'

'ဂျွန်ကလည်း တကယ်ကလေးလေးပဲကို'

'အေးပါကွယ်၊မယ်မယ့်သားလေးကို
တကယ်စိတ်ချရပြီပဲ'

"မယ်မယ်တွေးမပူဘူးလားဟင်၊မျိုးဆက်ကိစ္စတွေကို"

'အင်း မပူဘူး၊ဘာလို့ဆို မယ်မယ့်အတွက် သားကသာ အရေးကြီးဆုံးမို့လေ၊သားသာ ဆော့ဂျင်လေးနဲ့​ပျော်ရဖို့က အဓိကပါပဲ။ဆော့ဂျင်လေးကိုလည်း
မယ်မယ်က သားလေးလိုချစ်တာမို့
ဘာမှတွေးမပူနဲ့နော်'

'ဟုတ်...ဟုတ်ကဲ့ မယ်မယ်'

ရုတ်တရက်ထငိုတဲ့ အစ်ကိုက မျက်ရည်လွယ်သည်မဟုတ်၊အစ်ကိုက
ငယ်ငယ်လေးထဲက အဘိုးကပဲ အဖေနေရာ၊အမေနေရာ၊အဘိုးနေရာ...သုံးနေရာလုံးကနေ ပြည့်စုံအောင်
ဖြည့်ဆည်းခဲ့ပေမဲ့ မိခင်ရဲ့ နွေးထွေးမှုတော့ ဝေးခဲ့သည်ပင်။

"ကျွန်တော် နေရာမရှိတော့ဘူးပဲ၊၀မ်းနည်းသွားပြီ"

'အင်း၊သားအရင်းနဲ့ တွေ့တော့...ပန်းခြံထဲက ကောက်လာတဲ့ သားကိုမေ့သွားတာလေ'

"မယ်မယ်က မကောင်းပါဘူး"

'ဒါနဲ့ ပွဲတော်က ကောင်းကောင်းပြီးသွားတယ်ဆို တကယ်ကိုသားက ထက်မြက်ပါတယ်'

"အမှန်တော့ ပွဲတော်ရဲ့ ချီးကျူးခံရတဲ့
အကြောင်းတွေက အစ်ကိုကလုပ်ပေးတာ၊အစ်ကိုက တကယ်တော်တာ၊အချက်အပြုတ်ရော၊အကရော နောက်ပြီး အပြောအဆိုရော
တကယ်ကို ပြီးပြည့်စုံတယ်"

'မယ်မယ်ကရော၊မယ်မယ်ကရော ဘာတော်လဲ'

"အမ်"

'ကိုယ့်မယ်မယ်ဘာတော်လဲမသိဘူးလား'

"မယ်မယ်ကလား၊အကုန်တော်တယ်လေ၊အဲ့တာကြောင့် ကျွန်တော်က မယ်မယ်နဲ့တူလို့ ထက်မြက်နေတာ"

'ပြောတတ်ပေလို့ပဲ၊မဟုတ်ရင်
ထုတော့မို့၊ဒါနဲ့လေ မျိုးဆက်က တကယ်လို့ပေါ့ ယူချင်ခဲ့ရင် သမားတော်ကြီးနဲ့ တိုင်ပင်ကြည့်လေ၊
မဟုတ်ရင်လည်း ဆော့ဂျင်လေးနဲ့ လက်ဆက်ပြီးတဲ့အခါကျ မိဖုရား
တော်ကောက်ပြီး စဥ်းစားပေါ့'

'ကျွန်တော့်ထက် အရေးကြီးတာက တိုင်းပြည်နဲ့ ဂျွန့်ရဲ့ဂုဏ်သိက္ခာမို့
ဒါတွေက အရေးမကြီးလောက်ပါဘူး'

'မဟုတ်တာ၊ဆော့ဂျင်လေးက ယောကျာ်းသားပေမယ့် တန်ဖိုးရှိတဲ့သူ တစ်ယောက်လေ၊ဘယ်လိုပင်ဆိုစေဦး
ဆော့ဂျင်လေးအဘိုးအတွက် ဆော့ဂျင်က အဖိုးတန်လေးလေ၊မယ်မယ်တို့က
တန်ဖိုးထားပေးရမှာပဲကို'

လူတိုင်းအပေါ် အလေးထားပြီးဆက်ဆံတာက မယ်မယ့်ရဲ့ ပင်ကိုယ်စိတ်၊
သူ့ရဲ့ ကြင်ဖက်က ဘယ်လိုပင်ဖြစ်ပါစေ လက်ခံပေးတဲ့အပြင် သားအရင်းတစ်ယောက်လိုပါ လက်ခံပေးတဲ့
သူ့မယ်မယ်က သူ့အတွက် အကောင်းဆုံး မိန်းမသားပင်။မိဖုရားခေါင်ဆိုတဲ့နေရာက အမြဲတမ်း မယ်မယ်နဲ့ပဲ တင့်တယ်လွန်းသည်။

'အိမ်ရှေ့စံ၊ဆော့ဂျင်လေးကို သေချာ
ဂရုစိိုက်ပေးနော်...ဒါက သားတို့နှစ်ယောက်အတွက် သိုးမွှေးထည်လေးတွေ ထိုးပေးထားတာမို့ အအေးဓာတ်ကဲလာရင် ၀တ်ကြ'

"ဟုတ်ကဲ့ မယ်မယ်"

'နန်းတွင်းကို အချိန်မလင့်ခင် ပြန်လေ၊နောက်ပြီး မယ်မယ့်ဆီ ခဏခဏမလာပါနဲ့၊​နန်းတွင်းကို စာကြုံအမြဲပါးမှာမို့
တိုင်းပြည်အရေးသာ အာရုံစိုက်'

မယ်မယ့်က်ို ကူပေးစရာရှိတာကူပေးပြီး
ပြန်လာတော့ မြောက်အရပ်ကို အပိုင်စားရထားတဲ့ အမတ်မင်းက
လာနှုတ်ဆက်သည်။အမတ်မင်းဆိုပေမဲ့ သူနဲ့အသက်အရွယ်က မတိမ်းမရိမ်းသာ။

'အိမ်ရှေ့စံက ဒီအထိန်းတော်နဲ့ အမြဲတွဲတွေ့ရတယ်နော်'

"အဲ့တာက အမတ်မင်းရဲ့ အရေးမဟုတ်ဘူးထင်တယ်"

'ကျွန်တော့်အရေးမဟုတ်တာကိုသိပ်သိတာပေါ့၊အခုက အိမ်ရှေ့စံကို ကမ်းလှမ်းစရာလေး ရှိလို့ပါ'

"ဘာကိုလဲပြောပါ"

'တောကစားထွက်မို့ပါ၊မြှားပစ်လေးလည်း လက်ရည်သွေးရင်း သားကောင်လေးလည်းဖမ်းရင်းပေါ့'

"ဘယ်နေ့လောက်သွားချင်လို့လဲ အမတ်မင်း။"

'မနက်ဖြန် မွန်းတည့်ချိန်မတိုင်ခင်လောက်ပေါ့'

"ကောင်းပါပြီ၊မနက်ဖြန် တွေ့ကြတာပေါ့"

'ကောင်းကောင်းသွားပါ အိမ်ရှေ့စံ'

အမတ်မင်းရဲ့ မျက်လုံးတွေက မရိုးသား၊အခုနေမှာ ငြင်းပယ်လိုက်ရင်လည်း ထီးနန်းလွှဲပြောင်းယူရင်
အခက်တွေ့လာမှာပင်။

'မျက်လုံးတွေကမရိုးသားလိုက်တာ၊အဲ့နေ့သွားရင် အစ်ကိုလည်းလိုက်မယ်'

"အစ်ကို!"

'လိုက်လို့ဖြစ်တာပဲကို'

"ဒါပေမဲ့လည်း"

'မရဘူး၊လိုက်မှာ'

"ကျွန်တော်တောင် အန္တရာယ်ကြည့်ရှောင်ရမှာကို၊အစ်ကို့ကို လိုက်မကြည့်ပေးနိုင်ဘူး"

'လိုက်ကြည့်ပေးနေခိုင်းလို့လား၊အန္တရာယ်များတာမို့ စိတ်မချတာကို'

"နေခဲ့၊နေရာတကာ လိုက်မနေနဲ့...
အန္တရာယ်များတယ်"

ဘာမှဆက်မပြောတော့ဘဲ အဆောင်ကို တန်းပြန်သွားတဲ့အစ်ကိုက စိတ်မကောင်းဖြစ်သွားခြင်းပေမဲ့ မတတ်နိုင်၊
အန္တရာယ်များနေတာသိသားနဲ့တော့
မခေါ်သွားချင်ပါ။

"အစ်ကို တံခါးဖွင့်ပါဦး၊"

,,,

"စိတ်မကောင်းဖြစ်သွားလားမသိပေမဲ့
မနက်ဖြန်ပြန်လာမှ ကျွန်တော်
လာတွေ့မယ်နော်၊ကောင်းကောင်းအိပ်"

'အင်း၊ဂျွန်ရောပဲ'

စကားသံခပ်တိုးတိုးလေးပြန်ထွက်လာတာမို့ တော်သေးသည်။မဟုတ်ရင်
သူဒီည အိပ်ပျော်မှာမဟုတ်လောက်တော့။

"ကျွန်တော်သွားပြီနော်"

တံခါးလေးဟပြီး ချောင်းကြည့်တော့
ဂျွန်ကမြင်သွားသည်မို့ ပြန်လှည့်လာပြီး နဖူးကိုလာနမ်းသည်၊ငြိမ်နေလိုက်ပြီး ဂျွန်ပြန်သွားတော့မှ မနက်ဖြန် ရအောင်လိုက်သွားဖို့ အကြံထိုင်ထုတ်နေမိသည်။

'တောကစားလိုက်မရတောင် တော၀မှာ စောင့်နေလို့ရတာပဲကို၊ကင်မ်ဆော့ဂျင်က မခေါ်လည်းရအောင်လိုက်မှာ'

~Yeong_May~

ဒါလေးက Feedback လေးတွေရရင်
ကောင်းမှာပဲ၊ဒါပေမဲ့ Readers တွေက
အချေလေးတွေမို့ မမှန်းတော့ပါ ဟီး။

Zawgyi

ပြဲေတာ္ရက္က ေအာင္ေအာင္ျမင္ျမင္နဲ႔ၿပီးသြားၿပီး တရုတ္ႏိုင္ငံနဲ႔ ေရေၾကာင္းကုန္သြယ္ေရးရဲ့ ရာခိုင္ႏႈန္းကို အမ်ားဆံုးရခဲ့သည္မို႔ သူထီးနန္းလႊဲေျပာင္းမယူခင္ တာ၀န္တစ္ခု ျဖစ္ေျမာက္သြားသလိုပင္။

'ဂြၽန္ ပင္ပန္းေနလား'

"မပင္ပန္းပါဘူး အစ္ကိုရဲ့"

'မ်က္ႏွာက ႏြမ္းေနသလိုပဲ'

"ကြၽန္ေတာ္ဆက္မဖံုးကြယ္ထားခ်င္ေတာ့ဘူး အစ္ကို၊ထီးနန္းမတက္ခင္ ၾကင္ယာေတာ္ေရြးပြဲက်င္းပရမွာ၊ခမည္းေတာ္က ဒါကိုပဲအား​ေပးေနတာ"

'​ဂြၽန္ သေဘာက်လား၊လ်ာထားတဲ့ မိန္းမပ်ိဳေလးေတြကိုေလ'

"ကြၽန္ေတာ့္အတြက္ ရွင္သန္ျခင္းတစ္ခုလံုးမွာ သေဘာက်မိတဲ့သူက အစ္ကိုပဲ၊တျခားသူေတြဘယ္ေလာက္ပဲၿပီးျပည့္စံုေနပါေစ၊ကာမ အေရးကိစၥေတြမွာ အားသာေနပါေစ ကြၽန္ေတာ္မတပ္မက္ဘူး အစ္ကို၊ကြၽန္ေတာ့္အတြက္က အစ္ကိုရိွေနဖို႔ပါပဲ"

'ဒါေပမဲ့ ျပည္သူလူထုရဲ့အေျပာနဲ႔ မ်ိဳးဆက္ကရိွေနေသးတယ္ ဂြၽန္'

"ျပည္သူေတြရဲ့အေျပာကို အေရးစိုက္ရမွာက ဒီလို ကိစၥေတြမွာမဆိုင္ဘူးထင္တယ္၊တိုင္းျပည္ ဆုတ္ေလ်ာ့ေအာင္ လုပ္တာလည္းမဟုတ္သလို ျပည္သူေတြရဲ့ အနာဂတ္ေပ်ာက္ေအာင္ လုပ္တာမွမဟုတ္ဘဲ အဲ့တာကို မမႈပါဘူး။
မ်ိဳးဆက္မရိွေတာ့ေရာ ဘာျဖစ္လို႔လဲ ကြၽန္ေတာ္ ေသခ်ာေရြးခ်ယ္ၿပီး တာ၀န္ကို ခန္႔အပ္ႏိုင္မွာပဲကို"

ရႊန္းစိုေနတဲ့ မ်က္လံုးဝိုင္းေတြနဲ႔ သူျဖစ္ခ်င္တာေတြကို တစ္ခ်က္ခ်င္း ရွင္းျပေနတဲ့ ဂြၽန္က သူ႔အတြက္ေတာ့
ျမတ္ႏိုးရတဲ့ ရွင္ဘုရင္သာ။သူတို႔ေမတၲာမ်ွေနတယ္ဆိုတာနဲ႔ ဂြၽန္႔ကို အခက္ေတြ့ေစမွာမလိုလား။

"အဲ့တာေတြေၾကာင့္ မေျပာခ်င္တာ၊ေျပာရင္ အစ္ကိုကေတြးၿပီးမိႈင္ေနေတာ့မွာႀကိဳသိတယ္"

'စဥ္းစားရံုပါပဲ၊အစ္ကိုက ဂြၽန္႔ကို ပိုင္ၿပီးသားကို ဘာေတြေတြးေနရမွာတုန္း...တစ္ခုပဲ အရမ္းခက္ခဲလာတဲ့အေျခအေနမွာ ၾကင္ယာေတာ္ကိုေသခ်ာေရြးခ်ယ္ၿပီး လက္ဆက္ပါ၊
အစ္ကို႔ထက္ ပိုသင့္ေတာ္တယ္ေလ'

"ကြၽန္ေတာ္ မျဖစ္မေန လက္ဆက္ရမယ္ဆိုေတာင္ အစ္ကို႔ကို ကြၽန္ေတာ့ရဲ့ ဘုရင္အျဖစ္ တင္ေျမႇာက္ၿပီးမွ က်န္တာကို ဆက္စီစဥ္တာေပါ့၊ကြၽန္ေတာ့္ရဲ့ ပထမဆံုးေတြကို အစ္ကိုပဲ ပိုင္ဆိုင္ခြင့္ရိွမွာျဖစ္သလို အစ္ကို႔ရဲ့ ပထမဆံုးေတြကိုလည္း ကြၽန္ေတာ္ပဲပိုင္ဆိုင္ခ်င္တယ္"

ဂုတ္ပိုးကို ႏႈတ္ခမ္းပါးပါးေတြနဲ႔ဖိကပ္နမ္းၿပီး ​ခပ္ေအးေအးေျပာေနတဲ့ ဂြၽန္က
သူ႔လို ေယာက်ာ္းသားတစ္ေယာက္ကိုေတာင္ မိန္းမပ်ိဳေလးလို ရင္ဖိုေစသည္လား။ဒီဂြၽန္ငယ္ေလးက သူ႔အတြက္
အရာအားလံုးျဖစ္ေစသည္က
မထူးဆန္းႏိုင္။

'ေျပာပါၪီး ပထမဆံုးအခ်စ္၊ပထမဆံုးအနမ္း၊ပထမဆံုးဆိုတာေတြခ်ည္း တူတူလုပ္ခဲ့တာကို ဘာက ပထမဆံုး က်န္ေနေသးတာတုန္း ဂြၽန္ရဲ့'

"အစ္ကိုသိပါတယ္၊ကြၽန္ေတာ္တို႔ လက္ဆက္ၿပီးရင္ ပိုသိရမွာေပါ့"

'ေအာင္းးးး!ဒီရွင္ဘုရင္ေလာင္းေလးက
ႏွာဗူးေလးေနာ္၊ၾကာေလ ပိုသိရေလပဲ'

"အစ္ကို႔ကိုပဲ သီးသန္႔ပါဆို၊ကြၽန္ေတာ္ ပထမဆံုးဗူးတာပါ"

'ယံုေပးလိုက္ပါ့မယ္၊လာ ေပါင္ေပၚ လာအိပ္၊အစ္ကိုက ႏိွပ္ေပးမယ္'

"ဂြၽန္႔ရဲ့ရွင္ဘုရင္ေလးက အေကာင္းဆံုးပါပဲ"

'သိရင္ၿပီးတာပဲ'

သူ႔ ႏွာေခါင္းလံုးလံုးေလးကို ဆြဲၫွစ္လာၿပီး ခပ္ဖြဖြႏိွပ္ေပးေနျပန္တဲ့အစ္ကို႔မ်က္ႏွာကိုသာ ေငးၾကည့္ေနမိသည္။

"အဲ့ႏႈတ္ခမ္းဖူးေလးေတြက ဂြၽန္ေဂ်ာင္ကုအပိုင္ပဲ"

{~}{~}

'ရားးးးး၊ခ်န္းေလး ငါ့ကိုပစ္ထားတဲ့
မေကာင္းတဲ့ ေယာက်ာ္း'

'ကင္မ္ေဆာ့ဂ်င္ တိုးတိုးေအာ္စမ္းပါ၊ဘယ္ႏွယ့္အဲ့ေလာက္က်ယ္ေနတုန္း'

'က်ယ္ေတာ့ မင္းကမခ်စ္ေတာ့ဘူးလား'

'ေနရင္းထိုင္ရင္း ႀကိဳးစင္ တင္ခံရေအာင္ လာမလုပ္ပါနဲ႔ အိမ္ေရ႔ွစံရဲ့ ဘုရင္ေလးရယ္'

'သူေတာ္ေတာ္ေၾကာက္ေနတာပဲ၊ငါ့ကို ဓားေရးျပေပး၊ငါလည္းေလ့က်င့္ထားတာမို႔ တူတူကစားၾကတာေပါ့'

'လံုး၀အေလ်ာ့မေပးဘူးဆိုတာသိတယ္မလား'

'ဒါေပါ့၊ကင္မ္ေဆာ့ဂ်င္ကလည္း လံုး၀အေလ်ာ့မေပးဘူး'

ခ်န္းေလးက ဓားကို အရင္ကစားျပသည္။ခ်န္းေလးသံုးတဲ့ ဓားက
အေသြးေတာ္ေတာ္ေကာင္းတဲ့ပံုမို႔ ထိလိုက္ရင္ေတာင္ ျပတ္ရွသြားႏိုင္တဲ့ အေနအထားတစ္ခုမွာပင္။

'ဓားက ေကာင္းလိုက္တာ၊ဓားသြား ေတာ္ေတာ္ထက္မယ့္ပံုပဲ'

'အင္း၊ငါ့အေဖရဲ့အေမြေလ၊ေစတန္ရဲ့ ဓားလို႔ေျပာၾကတာပဲ'

'နတ္ဆိုးပဲ၊မင္းကေရာ'

'အင္း ငါကနတ္ဆိုးျဖစ္ေကာင္းျဖစ္ႏိုင္တယ္၊မဟုတ္ဘူး ငါကနတ္ဆိုးပဲ'

'မဟုတ္တာေတြေျပာတာ ရပ္ရေအာင္၊
ဓားေရးက်င့္တာေပါ့'

ဓားေရးက်င့္ေတာ့ ခ်န္းေလးက ေတာ္ေတာ္ကိုလက္ရည္သာသည္။
ခ်န္းေလးရဲ့ ကြၽမ္းက်င္မႈေတြက သူ႔ထက္ေတာ့ အမ်ားႀကီးသာႏိုင္မွာပင္။
ခြၽင္ခနဲျမည္ေအာင္ ၾကားလိုက္ရတဲ့
ဓားသံေၾကာင့္ ​သတိျပန္၀င္လာေတာ့
ခ်န္းေလးက မ်က္ခံုးပင့္ျပသည္။

'ရန္သူေရ႔ွမွာ အာရံုမ်ားေနရင္ အသက္စေတးရံုပဲရိွတယ္ ေဆာ့ဂ်င္'

'ေနာက္က္ို သတိထားလိုက္မယ္'

'ေနာက္ဆိုတာေတြက ျပင္ဆင္လို႔မရႏိုင္တာေတြရိွတယ္၊ထပ္မျဖစ္ေအာင္ပဲ ပိုႀကိဳးစားပါ၊ေနာက္တစ္ေခါက္ယွဥ္ရင္က် ငါ့ကိုအလဲထိုးႏိုင္ဖို႔ ေမ်ွာ္လင့္တယ္'

'ငါႀကိဳးစားမွာပါ ဂြၽန္႔ကို ကာကြယ္ႏိုင္ဖို႔ေပါ့'

သူ႔စကားကို ခ်န္းေလးကၿပံဳးသည္။
ေျပာတိုင္းလည္း ဂြၽန္ ဆိုတာပဲ ထပ္ေနတဲ့ သူ႔အေၾကာင္းကို ေကာင္းေကာင္းသိေနသည္ေလ။

{~}{~}

'ဂြၽန္ေရ...ဒီေန့ နန္းျပင္က ေႂကြထည္ေတြလုပ္တဲ့ ပန္းပဲဖိုကို သြားေလ့လာမွာမို႔ လိုက္ခဲ့မလား'

"လိုက္ရမွာေပါ့"

'ျမန္ျမန္ေလး'

အလ်င္စလိုေျပာလိုက္တာနဲ႔ အရပ္အ၀တ္အစားေျပာင္း၀တ္ၿပီး ေကာက္ရိုးဖိနပ္တန္းေျပာင္းစီးတာက မိနစ္ပိုင္းသာၾကာတဲ့အထိျမန္သည္။

"ရၿပီ သြားၾကတာေပါ့"

'ဂြၽန္!လက္ကိုမကိုင္နဲ႔ေလ...ပတ္၀န္းက်င္မွာ မ်က္စိေတြရိွတယ္'

"အဲ့မ်က္စိေတြကို ေဖာက္ထုတ္ပစ္လိုက္မယ္"

'အပိုက'

နန္းျပင္ေရာက္ေတာ့ ေႂကြထည္လုပ္ငန္းေတြဘက္သြားၾကည့္ေတာ့ တကယ္က္ို ေႂကြသားေတြက ေကာင္းသလို ပံုေဖာ္မႈလက္ရာေတြက ေကာင္းလြန္းသည္။

"ဒီေႂကြထည္ေတြကို အပ္ရင္ ဘယ္ေလာက္​ၾကန္႔ၾကာမလဲ"

'အျမန္ဆံုးဆိုရင္ေတာ့ ၃ ရက္၀န္းက်င္ပါပဲ'

"ေက်းဇူးတင္ပါတယ္"

'ခ်ယ္ရီေတြကို ထည့္ၿပီး ေလာင္းလို႔ ရႏိုင္လား'

'အဲ့လိုက ရႏိုင္ပါတယ္၊ပံုေဖာ္တာမဟုတ္ရင္ ျပဒါရည္ အၾကည္ကို ေလာင္းတာမ်ိဳးဆို ပြင့္ဖတ္အစစ္ေတြကို ထည့္လို႔ရႏိုင္ပါတယ္'

"အစ္ကို လိုခ်င္လို႔လား"

'အင္း ဂြၽန္နဲ႔အမွတ္တရေလ'

"အဲ့တာဆို အပ္ခဲ့ၾကတာေပါ့၊ေနာက္ေတာ့မွ ေအးေဆးလာျပန္ယူၾကတာေပါ့"

သူက ဘယ္လိုပံုစံေလးလိုခ်င္တယ္ေျပာျပေတာ့ ေႂကြထည္ခြက္ေလးရဲ့ ဒီဇိုင္းကို အၾကမ္းဖ်င္းေရးျခစ္ျပသည္။
ေတာ္ေတာ္ေလးကို အဆင္ေျပတာမို႔
ဂြၽန္ႏွင့္ကင္မ္ဆိုတဲ့ စာလံုးေလးေတြကို ပံုေဖာ္ေပးဖို႔ ေျပာရင္း အဆံုးသတ္မိသည္။

'ေကာင္းပါၿပီ လူေလးတို႔'

"ေသခ်ာေလးအပ္ပါတယ္၊ေက်းဇူးလည္းတင္ပါတယ္ ၪီးေလး"

'ရပါတယ္'

ေႂကြထည္ေတြကို ေသခ်ာၾကည့္ၿပီးေတာ့ အစ္ကိုက မယ္မယ့္ဆီကို၀င္ဖို႔ေျပာေသးတာမို႔ ၀င္ေတာ့ မယ္မယ္က
လန္းလန္းဆန္းဆန္းပင္၊နန္းတြင္းမွာ ေနတုန္းကနဲ႔ တကယ္မတူေတာ့တာမို႔
နန္းတြင္းမွာ သူတစ္ခုခုဆန္းစစ္ဖို႔
လိုလာေနၿပီပင္။

"မယ္မယ္ အဆင္ေျပေနတယ္မလားဟင္"

'ေျပေနပါတယ္ တကယ္ေလာကႀကီးမွာ မရိွေလာက္ေတာ့ဘူးလို႔ ေတြးခဲ့မိေသးတာ အခုတကယ္ သက္သာလာၿပီပဲ'

"မယ္မယ္ နန္းတြင္းမွာတုန္းကေလ
တစ္ခုခုထူးဆန္းတာေတြ ႀကံဳဖူးလား"

'အဲ့လိုေတာ့ မရိွပါဘူး၊နန္းတြင္းေရးရာေတြေၾကာင့္ပဲေနမွာပါ'

"မယ္မယ္က်န္းမာေရးကအဓိကပါ"

'ေဆာ့ဂ်င္ေလးက ခန္႔ညားလာလိုက္တာ၊ဒါမ်ိဳးက် အိမ္ေရ႔ွစံက ကေလးရုပ္ေပါက္သြားတယ္'

'ဂြၽန္ကလည္း တကယ္ကေလးေလးပဲကို'

'ေအးပါကြယ္၊မယ္မယ့္သားေလးကို
တကယ္စိတ္ခ်ရၿပီပဲ'

"မယ္မယ္ေတြးမပူဘူးလားဟင္၊မ်ိဳးဆက္ကိစၥေတြကို"

'အင္း မပူဘူး၊ဘာလို႔ဆို မယ္မယ့္အတြက္ သားကသာ အေရးႀကီးဆံုးမို႔ေလ၊သားသာ ေဆာ့ဂ်င္ေလးနဲ႔​ေပ်ာ္ရဖို႔က အဓိကပါပဲ။ေဆာ့ဂ်င္ေလးကိုလည္း
မယ္မယ္က သားေလးလိုခ်စ္တာမို႔
ဘာမွေတြးမပူနဲ႔ေနာ္'

'ဟုတ္...ဟုတ္ကဲ့ မယ္မယ္'

ရုတ္တရက္ထငိုတဲ့ အစ္ကိုက မ်က္ရည္လြယ္သည္မဟုတ္၊အစ္ကိုက
ငယ္ငယ္ေလးထဲက အဘိုးကပဲ အေဖေနရာ၊အေမေနရာ၊အဘိုးေနရာ...သံုးေနရာလံုးကေန ျပည့္စံုေအာင္
ျဖည့္ဆည္းခဲ့ေပမဲ့ မိခင္ရဲ့ ေနြးေထြးမႈေတာ့ ေဝးခဲ့သည္ပင္။

"ကြၽန္ေတာ္ ေနရာမရိွေတာ့ဘူးပဲ၊၀မ္းနည္းသြားၿပီ"

'အင္း၊သားအရင္းနဲ႔ ေတြ့ေတာ့...ပန္းၿခံထဲက ေကာက္လာတဲ့ သားကိုေမ့သြားတာေလ'

"မယ္မယ္က မေကာင္းပါဘူး"

'ဒါနဲ႔ ပြဲေတာ္က ေကာင္းေကာင္းၿပီးသြားတယ္ဆို တကယ္ကိုသားက ထက္ျမက္ပါတယ္'

"အမွန္ေတာ့ ပြဲေတာ္ရဲ့ ခ်ီးက်ူးခံရတဲ့
အေၾကာင္းေတြက အစ္ကိုကလုပ္ေပးတာ၊အစ္ကိုက တကယ္ေတာ္တာ၊အခ်က္အျပဳတ္ေရာ၊အကေရာ ေနာက္ၿပီး အေျပာအဆိုေရာ
တကယ္ကို ၿပီးျပည့္စံုတယ္"

'မယ္မယ္ကေရာ၊မယ္မယ္ကေရာ ဘာေတာ္လဲ'

"အမ္"

'ကိုယ့္မယ္မယ္ဘာေတာ္လဲမသိဘူးလား'

"မယ္မယ္ကလား၊အကုန္ေတာ္တယ္ေလ၊အဲ့တာေၾကာင့္ ကြၽန္ေတာ္က မယ္မယ္နဲ႔တူလို႔ ထက္ျမက္ေနတာ"

'ေျပာတတ္ေပလို႔ပဲ၊မဟုတ္ရင္
ထုေတာ့မို႔၊ဒါနဲ႔ေလ မ်ိဳးဆက္က တကယ္လို႔ေပါ့ ယူခ်င္ခဲ့ရင္ သမားေတာ္ႀကီးနဲ႔ တိုင္ပင္ၾကည့္ေလ၊
မဟုတ္ရင္လည္း ေဆာ့ဂ်င္ေလးနဲ႔ လက္ဆက္ၿပီးတဲ့အခါက် မိဖုရား
ေတာ္ေကာက္ၿပီး စဥ္းစားေပါ့'

'ကြၽန္ေတာ့္ထက္ အေရးႀကီးတာက တိုင္းျပည္နဲ႔ ဂြၽန္႔ရဲ့ဂုဏ္သိကၡာမို႔
ဒါေတြက အေရးမႀကီးေလာက္ပါဘူး'

'မဟုတ္တာ၊ေဆာ့ဂ်င္ေလးက ေယာက်ာ္းသားေပမယ့္ တန္ဖိုးရိွတဲ့သူ တစ္ေယာက္ေလ၊ဘယ္လိုပင္ဆိုေစၪီး
ေဆာ့ဂ်င္ေလးအဘိုးအတြက္ ေဆာ့ဂ်င္က အဖိုးတန္ေလးေလ၊မယ္မယ္တို႔က
တန္ဖိုးထားေပးရမွာပဲကို'

လူတိုင္းအေပၚ အေလးထားၿပီးဆက္ဆံတာက မယ္မယ့္ရဲ့ ပင္ကိုယ္စိတ္၊
သူ႔ရဲ့ ၾကင္ဖက္က ဘယ္လိုပင္ျဖစ္ပါေစ လက္ခံေပးတဲ့အျပင္ သားအရင္းတစ္ေယာက္လိုပါ လက္ခံေပးတဲ့
သူ႔မယ္မယ္က သူ႔အတြက္ အေကာင္းဆံုး မိန္းမသားပင္။မိဖုရားေခါင္ဆိုတဲ့ေနရာက အၿမဲတမ္း မယ္မယ္နဲ႔ပဲ တင့္တယ္လြန္းသည္။

'အိမ္ေရ႔ွစံ၊ေဆာ့ဂ်င္ေလးကို ေသခ်ာ
ဂရုစိုက္ေပးေနာ္...ဒါက သားတို႔ႏွစ္ေယာက္အတြက္ သိုးေမႊးထည္ေလးေတြ ထိုးေပးထားတာမို႔ အေအးဓာတ္ကဲလာရင္ ၀တ္ၾက'

"ဟုတ္ကဲ့ မယ္မယ္"

'နန္းတြင္းကို အခ်ိန္မလင့္ခင္ ျပန္ေလ၊ေနာက္ၿပီး မယ္မယ့္ဆီ ခဏခဏမလာပါနဲ႔၊​နန္းတြင္းကို စာႀကံဳအၿမဲပါးမွာမို႔
တိုင္းျပည္အေရးသာ အာရံုစိုက္'

မယ္မယ့္က္ို ကူေပးစရာရိွတာကူေပးၿပီး
ျပန္လာေတာ့ ေျမာက္အရပ္ကို အပိုင္စားရထားတဲ့ အမတ္မင္းက
လာႏႈတ္ဆက္သည္။အမတ္မင္းဆိုေပမဲ့ သူနဲ႔အသက္အရြယ္က မတိမ္းမရိမ္းသာ။

'အိမ္ေရ႔ွစံက ဒီအထိန္းေတာ္နဲ႔ အၿမဲတြဲေတြ့ရတယ္ေနာ္'

"အဲ့တာက အမတ္မင္းရဲ့ အေရးမဟုတ္ဘူးထင္တယ္"

'ကြၽန္ေတာ့္အေရးမဟုတ္တာကိုသိပ္သိတာေပါ့၊အခုက အိမ္ေရ႔ွစံကို ကမ္းလွမ္းစရာေလး ရိွလို႔ပါ'

"ဘာကိုလဲေျပာပါ"

'ေတာကစားထြက္မို႔ပါ၊ျမႇားပစ္ေလးလည္း လက္ရည္ေသြးရင္း သားေကာင္ေလးလည္းဖမ္းရင္းေပါ့'

"ဘယ္ေန့ေလာက္သြားခ်င္လို႔လဲ အမတ္မင္း။"

'မနက္ျဖန္ မြန္းတည့္ခ်ိန္မတိုင္ခင္ေလာက္ေပါ့'

"ေကာင္းပါၿပီ၊မနက္ျဖန္ ေတြ့ၾကတာေပါ့"

'ေကာင္းေကာင္းသြားပါ အိမ္ေရ႔ွစံ'

အမတ္မင္းရဲ့ မ်က္လံုးေတြက မရိုးသား၊အခုေနမွာ ျငင္းပယ္လိုက္ရင္လည္း ထီးနန္းလႊဲေျပာင္းယူရင္
အခက္ေတြ့လာမွာပင္။

'မ်က္လံုးေတြကမရိုးသားလိုက္တာ၊အဲ့ေန့သြားရင္ အစ္ကိုလည္းလိုက္မယ္'

"အစ္ကို!"

'လိုက္လို႔ျဖစ္တာပဲကို'

"ဒါေပမဲ့လည္း"

'မရဘူး၊လိုက္မွာ'

"ကြၽန္ေတာ္ေတာင္ အႏၲရာယ္ၾကည့္ေရွာင္ရမွာကို၊အစ္ကို႔ကို လိုက္မၾကည့္ေပးႏိုင္ဘူး"

'လိုက္ၾကည့္ေပးေနခိုင္းလို႔လား၊အႏၲရာယ္မ်ားတာမို႔ စိတ္မခ်တာကို'

"ေနခဲ့၊ေနရာတကာ လိုက္မေနနဲ႔...
အႏၲရာယ္မ်ားတယ္"

ဘာမွဆက္မေျပာေတာ့ဘဲ အေဆာင္ကို တန္းျပန္သြားတဲ့အစ္ကိုက စိတ္မေကာင္းျဖစ္သြားျခင္းေပမဲ့ မတတ္ႏိုင္၊
အႏၲရာယ္မ်ားေနတာသိသားနဲ႔ေတာ့
မေခၚသြားခ်င္ပါ။

"အစ္ကို တံခါးဖြင့္ပါၪီး၊"

,,,

"စိတ္မေကာင္းျဖစ္သြားလားမသိေပမဲ့
မနက္ျဖန္ျပန္လာမွ ကြၽန္ေတာ္
လာေတြ့မယ္ေနာ္၊ေကာင္းေကာင္းအိပ္"

'အင္း၊ဂြၽန္ေရာပဲ'

စကားသံခပ္တိုးတိုးေလးျပန္ထြက္လာတာမို႔ ေတာ္ေသးသည္။မဟုတ္ရင္
သူဒီည အိပ္ေပ်ာ္မွာမဟုတ္ေလာက္ေတာ့။

"ကြၽန္ေတာ္သြားၿပီေနာ္"

တံခါးေလးဟၿပီး ေခ်ာင္းၾကည့္ေတာ့
ဂြၽန္ကျမင္သြားသည္မို႔ ျပန္လွည့္လာၿပီး နဖူးကိုလာနမ္းသည္၊ၿငိမ္ေနလိုက္ၿပီး ဂြၽန္ျပန္သြားေတာ့မွ မနက္ျဖန္ ရေအာင္လိုက္သြားဖို႔ အႀကံထိုင္ထုတ္ေနမိသည္။

'ေတာကစားလိုက္မရေတာင္ ေတာ၀မွာ ေစာင့္ေနလို႔ရတာပဲကို၊ကင္မ္ေဆာ့ဂ်င္က မေခၚလည္းရေအာင္လိုက္မွာ'

~Yeong_May~

ဒါေလးက Feedback ေလးေတြရရင္
ေကာင္းမွာပဲ၊ဒါေပမဲ့ Readers ေတြက
အေခ်ေလးေတြမို႔ မမွန္းေတာ့ပါ ဟီး။













Continue Reading

You'll Also Like

980K 16.9K 42
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
263K 6.3K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
683K 23.2K 70
A story where a girl would do anything to get rid of her studies including getting married with a Mafia king but fate played opposite of it even afte...
366K 7.7K 34
In wich a one night stand turns out to be a lot more than that.