လျှို့၀ှက်သောချစ်ခြင်း

By mochi_minkook1358

2.5K 253 17

JUNGKOOK×JIMIN YOONGI×TAEHYUNG NAMJOON×SEOKJIN JIKOOK TAEGI NAMJIN HOSEOK More

Part 1
Part-2
Part-3
Part-4
Part-5
Part-6

Part 7

394 30 3
By mochi_minkook1358


Jeon groupတွင်....

"အားလုံးကြားပြီးကြပြီလား၊ဒီနေ့ကုမ္ပဏီCeoလာမှာတဲ့။"

"ဟယ်..ဟုတ်လား၊နင်ဘယ်ကကြားလာတာလဲ။"

"ဒါရိုက်တာတွေစုပြီးပြောနေသံကြားလို့"

"တကယ်လား၊Ceoဆိုတာငါတို့ဒီJeon groupကိုစတည်ကတည်းကဘယ်တုန်းကမှမလာဘူးတဲ့Ceoကိုပြောတာလား။"

"အေး..ဟုတ်ပါတယ်ဆိုဟယ်"

"သူကအသက်ကြီးကြီးလား၊ငယ်ငယ်လား"

"ငါလည်းဘယ်သိပါ့မလဲ၊တစ်ခါမှမမြင်ဘူးတာကို။"

"အေးနော်၊နင်လဲဘယ်သိပါ့မလဲ၊sorry...sorry။"

Ceo Jeonလာမည်ဆို၍၀န်ထမ်းများ
စိတ်လှုပ်ရှားနေကြသည်။ကုမ္ပဏီ
စတည်ထောင်ကတည်းက
အခုအချိန်အထိလူလုံးထွက်မပြခဲ့ပဲ
ဖုန်းနဲ့သာအဆက်အသွယ်လုပ်လေ့ရှိသော
ကိုးရီးယား၏အကျော်ကြားဆုံးကုမ္ပဏီကCEO၏မျက်နှာပုံစံ၊အသက်ကိုမည်သူမှမသိ။Jeon group၏Ceoအကြောင်းကို
ကိုရီးယားနိုင်ငံ၏စီပွားရေးလုပ်ငန်းရှင်များ
သာမကတစ်နိုင်ငံလုံးကသိချင်နေကြသည်။

.
.
.

"သားဒီကိုလာဦး.."

taehyungအဖေမှလှမ်းခေါ်လိုက်ခြင်းဖြစ်သည်။

"မင်းဦးလေးဒီကိုရောက်နေတယ်ကြားတယ်။"

"ဗျာ!အဖေပြောချင်တာ
JeonJungkookလား!!
Jeon groupကCeoလေ၊
သူ့အကြောင်းမကြားရတာတောင်
တော်တော်ကြာလှပြီလေ
အခုကြမှဘာထဖြစ်တာလဲဦးဦးက...။'

"အေးဟုတ်တယ်၊အခုမင်းအမေဖုန်းလှမ်းဆက်တယ်၊မင်းဦးလေးအခုkoreaရောက်နေတယ်တဲ့၊ဘိုးဘိုးကြီးလှမ်းဆက်ပြောတာလို့ပြောတယ်။"

"ပြီးတော့...."

"မင်းအမေကသူ့မောင်လေးရောက်လာရင်
သေချာဧည့်ခံလိုက်ပါတဲ့။

မင်းလည်းမင်းဦးလေးကိုမတွေ့ရတာ
ကြာပြီမလား၊၊"

"အင်းလေမတွေ့တော့တာကတော့ငယ်ငယ်လေး
ကတည်းကပဲ၊သူကလည်းဟိုသွားတာ
ပြန်ကိုမလာတော့ဘူးလေ။"

"ဟိုမှာလည်းသူ့မိဘတွေဆုံးသွားတော့စိတ်ထိခိုက်သွားလို့ပါ၊မင်းလည်းအဲ့တုန်းကသွားသားပဲ၊အဲ့မှာကောင်လေးတစ်ယောက်နဲ့တောင်သူငယ်ချင်းတောင်ဖြစ်သွားသေးတယ်၊ပြီးတော့မင်းဟိုကပြန်လာတာတောင်ဘယ်လောက်မှမကြာသေးဘူး။"

Mr.Kimပြောလိုက်တဲ့စကားကြောင့်ထယ်ယောင်းတစ်ယောက်ခေတ္တတော့တိတ်ဆိတ်သွားသည်။
ဒါပေမယ့်ခပ်မြန်မြန်ပင်စကားပြန်လိုက်သည်၊
သူဒီကိုရောက်လာတဲ့အကြောင်းကိုတစ်ခြားလူ
သိလို့မှမရဘဲ။

"ဟုတ်တယ်လေ၊ဒါပေမယ့်ဦးဦးကိုမှမတွေ့ခဲ့ရတာ၊
ဦးဦးကိုတွေ့ရင်ပြန်မှတ်မိပါ့မလား။"

"စိတ်မပူပါနဲ့၊မှတ်မိမှာပါ၊သားသွားစရာရှိတာသွားတော့လေ၊ဘာမေးစရာရှိသေးလဲ။"

"မေမေကဘယ်တော့ပြန်လာမှာလဲ။"

"သူဟိုကအလုပ်ကိစ္စပြီးရင်လာခဲ့မယ်တဲ့၊
လက်စဖြတ်စရာကိစ္စလေးနည်းနည်းရှိနေလို့တဲ့"

"ဟုတ်၊ဒါဆိုသားသွားပြီ"

"အေးအေး၊ဖြည်းဖြည်းသွား "

.
.
.

.*taehyung၏အမေသည်jungkook၏အစ်မဖြစ်ပြီးtaehyungသည်jungkook၏တူဖြစ်သည်။jungkookအစ်မသည်kim group၏Ceo၊ taehyung၏အဖေနှင့်လက်ထပ်လိုက်သောကြောင့်Jeon groupနှင့်Kim groupမှာအမျိုးတော်သွားခြင်းဖြစ်သည်။kim groupနှင့်jeon groupအမျိုးတော်သည်ကိုမည်သူမှမသိ။Jungkook၏အမ၁၅နှစ်
လောက်ရောက်မှJungkookကိုမွေးခဲ့ခြင်းဖြစ်ပြီးJungkookအစ်မမှာစောစောအိမ်ထောင်ကျသွား၍taehyung
နှင့်Jungkookအသက်ချင်းသိပ်မကွာပဲ
ရှိနေခြင်းဖြစ်သည်...*

..........................

jiminနှင့်စာပို့ပြီး၍jungkookတစ်ယောက်မနက်ခင်းပြေးရန်ပြင်ဆင်လိုက်သည်။မနက်ခင်းပြေးရင်း
နှင့်jeon groupနားရောက်သောအခါတစ်ခါ၀င်လိုက်တော့မည်ဟုစိတ်ကူးပေါက်၍၀င်ခဲ့လိုက်သည်။
သူ၀င်လာသောအခါ၀င်ပေါက်ရှိအစောင့်များသည်
အ၀င်မခံ။

"ဘယ်သူနဲ့တွေ့ဖို့လာတာလဲ။"

"ငါဘယ်သူလဲမသိဘူးလား၊ဒီနေ့ငါလာမယ်လို့ပြောထားတယ်လေ၊မယုံသွားမေးလိုက်"

​jungkookပြောလိုက်သည်ကိုမယုံသင်္ကာဖြင့်
လုံခြုံရေးသည်လှမ်းဆက်၍မေးလိုက်သည်။

"မင်းနာမည်"

"JungKook"

"သူတို့ပြောတာကတော့ဘယ်JungKookမှလာဖို့မရှိဘူးတဲ့။မင်းငါတို့ကိုလာလိမ်မနေနဲ့။"

"ငါဖုန်းဆက်ပြမယ်၊ငါဘယ်သူလဲသိရင်လန့်မသွားနဲ့ဦး၊၊ပြီးတော့မှမင်းတို့ကိုရော၊မင်းဖုန်းဆက်မေးတဲ့လူရောငါ့အဆိုးမဆိုနဲ့။"

မယုံသင်္ကာနှင့်ကြည့်နေသောအစောင့်အား
Jungkookခပ်တည်တည်ပြန်ကြည့်ပေးလိုက်ပြီး
ဘိုးဘိုးဆီဖုန်းဆက်လိုက်သည်။

"ဘိုးဘိုးလား"

"..... ....."

"ဒီနေ့ကျနော်လာမယ်ပြောထားတာကိုသူတို့ကိုပြောမထားဘူးလား။"

"........"

"ဘိုးဘိုးပြောထားတာလည်းကျနော့်ကိုအ၀င်၀ကနေတောင်နှင်လွှတ်နေတယ်။"

".........."

"မြန်မြန်လုပ်ပေး၊ကျနော်စိတ်မရှည်တော့ဘူး"

ဖုန်းချပြီးသည်နှင့်

"ခဏစောင့်၊လူလာလိမ့်မယ်"

Jungkookဆီမှဖုန်းချပြီးသည်နှင့်
Jungkookအဘိုးမှာ
Jeon groupကဒါရိုက်တာတစ်ယောက်
ဆီသို့လှမ်းဆက်ကာပြောရတော့သည်။

"ခင်ဗျာ!!...ရောက်နေပြီဟုတ်လား။"

တစ်ဖက်ကဖုန်း၀င်လာမှုကြောင့်

Soobinတစ်ယောက်လန့်သွားရသည်။

"မဟုတ်ပါဘူးခင်ဗျာ၊နေ့လည်မှရောက်မယ်ဆိုလို့ပြင်ဆင်စရာရှိတာတွေပြင်ဆင်နေတာပါ။"

"ဟုတ်..ဟုတ်...အခုသွားကြိုလိုက်ပါ့မယ်။

ဖုန်းပြောပြိးးSoobinတစ်ယောက်​ခုန်ပျံကျော်လွှားကာပြေးရတော့သည်။

ကုမ္ပဏီရှေ့ရောက်တော့လုံခြုံရေးနှင့်အတူလူတစ်ယောက်တွေ့လိုက်ရ၍ထိုလူဖြစ်မည်ဟုတွေးလိုက်ကာ
ထိုလူ့ဆီသာသွားလိုက်သည်။

"JeonJungkookလားခင်ဗျာ့"

"aww..ရောက်လာပြီလား။ကျွန်တော်ဘယ်သူလဲပြောလိုက်စမ်းပါဗျာ။"

"မင်းCeoကိုဘယ်လိုတွေပြောနေတာလဲ။အလုပ်ပြုတ်ချင်နေတာလား။"

"ဗျာ..C..Ceoဟုတ်လား၊တောင်း...တောင်းပန်ပါတယ်၊တောင်းပန်ပါတယ်၊အလုပ်တော့မဖြုတ်လိုက်ပါနဲ့၊အိမ်မှနေမကောင်းတဲ့မိန်းမနဲ့ကျောင်းတက်နေရတဲ့သားတွေသမီးတွေရှိလို့ပါ။Ceoရယ်ကျွန်တော်တစ်ယောက်ထဲအလုပ်လုပ်နေရတာ၊ကျွန်တော်သာအလုပ်ပြုတ်ရင်ဘာနဲ့သွားစားရမှာလဲ။တစ်ခေါက်လောက်သနားပေးပါ။"

ကိုယ်ကဘာမှမပြောရသေးသူကချည်း
စွတ်ပြောနေတော့ခက်လှသည်။

"ကျွန်တော်လည်းအလုပ်ဖြုတ်ဖို့စဥ်းစားမထားပါဘူး၊ပြောမနေနဲ့တော့၊နားညီးတယ်။"

"ဟုတ်ကဲ့..ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်ခင်ဗျာ့...ကျေးဇူးတင်ပါတယ်။ကျေးဇူးကိုဒီတစ်သက်မမေ့ပါဘူး။"

"ဆက်ပြောနေရင်အလုပ်ဖြုတ်ပစ်တော့မှာ၊
ပါးစပ်ပိတ်"

"ဟုတ်..ဟုတ်"

လုံခြုံရေးနှင့်စကားပြောနေတုန်းsoobinတစ်ယောက်ကုမ္ပဏီgroup chatထဲ၀င်ပြီး*Ceoရောက်လာပြီ၊အားလုံးအဆင်သင့်ပြင်ထားတော့*ဟုပို့လိုက်ရာ၀န်ထမ်းများအားလုံးပျာပျာသလဲပြင်ဆင်ရတော့သည်။

ကုမ္ပဏီထဲ၀င်တော့အ၀င်၀ကပေါက်က
နှစ်ဖက်ယှဥ်ပြီးအတန်းလိုက်တန်းစီ
နေသောလူများကိုမြင်သည်
နှင့်Jungkookစိတ်ထဲsoobinကို
ချီးကျူးမိသည်။

စောစောကလုံခြုံရေးနှင့်စကားပြော
နေတုန်းစာပို့နေတာမြင်၍
အထဲရောက်မှဆူမည်ဟု
တေးမှတ်လိုက်သေးသည်။
သူစာပို့သည်မှာဒီလူတွေဖြစ်မည်။
ထို့ကြောင့်ရုံးထဲအ၀င်ဒီလိုနေပုံစံတကျ
ရှိနေတာဖြစ်မည်။သူကရုတ်တရက်ရောက်လာတာမို့ဘယ်၀န်ထမ်းမှာအဆင်သင့်မပြင်ထားရသေးမှန်း
သိသည်၊အဲ့တာကြောင့်စောနကသူရောက်လာတော့အစောင့်ကတောင်သူ့နာမည်ကိုမသိတာကြည့်လေ။

လူသာငယ်ပေမယ့်
အရည်အချင်းရှိသောကောင်လေးပဲ
လို့စိတ်ထဲမှတ်ချက်ချမိသည်။

စိတ်ထဲတွင်သာအတွေးပေါင်းစုံ
တွေးနေပေမယ့်
အပြင်ပန်းရုပ်တွင်မှုန်ကုပ်ကုပ်
ခပ်တည်တည်ထားကာနေသည်။

"ဒါကတော့Jeon groupရဲ့
Ceo JeonJungkook
ပဲဖြစ်ပါတယ်။အားလုံးတလေးတစား
ဆက်ဆံကြပါ"

"ဟုတ်ကဲ့၊အမြင်မတော်တာရှိရင်ပြောလို့ရပါတယ်"

လို့အသက်သိပ်မကြီးသေးတဲ့အမျိုးသမီးတစ်ဦးက၀င်ပြောသည်၊၊

"ပြီးတော့Ceo Jeonလည်းစကားနည်းနည်းလောက်၀င်ပြောပါဦး"

"အလုပ်သေချာလုပ်၊အချိုးမပြေတာတွေ့ရင်အကုန်အလုပ်ပြုတ်မယ်။"

ပြောပြီးSoobinကိုခေါ်ကာရုံးခန်းထဲ
၀င်သွားသောCeoသည်ခပ်တည်တည်၊
သူသည်Jiminမှလွဲလျှင်မည်သူ့ကိုမှ
ချိုသာမနေ၊ချိုသာစရာအကြောင်းလည်း
မရှိဟုသတ်မှတ်ထားသည်။
ဘာလို့ချိုသာနေရမှာလဲဟုတ်တယ်မလား။

လူတကာအပေါ်ရုပ်တည်တည်
အေးစက်စက်သာဆက်ဆံတတ်
သော်လည်းသူ့၀န်ထမ်းများမှာ၀န်ထမ်းကောင်း
ပီသစွာသူတို့Ceoပြောသမျှတစ်လုံးမှမကြား...
သူ့တို့Ceo၏မျက်နှာချောချောကိုငေးမောကာ
အတိတ်တင်မက၊အနာဂတ်ရောပစ္စုပ္ပန်ပါမေ့နေ
ကြလျက်...

"Ceoကချောလိုက်တာ၊ပြီးတော့ငယ်ငယ်လေး၊
ငါတော့ကြွေသွားပြီ"

"အားးးးအားးးဆွဲဆောင်မှုရှိလိုက်တာနော်၊
ငါကအသက်ခပ်ကြီးကြီးထင်နေတာ၊
ငါ့ထက်တောင်ငယ်နေသေးတယ်ထင်တယ်။"

"ငါတို့ကုမ္ပဏီကမင်းသားတွေထက်တောက်ချောသေးတယ်"
.
.
.

Jeon groupမှာလုပ်ငန်းမျိုးစုံလုပ်သော်လည်းအနုပညာဘက်တွင်အားပိုသာသည်။အနုပညာနယ်ပယ်တွင်Jeon groupကိုယှဥ်နိုင်
သည့်groupသိပ်မရှိ...

ထို့အတူPark groupကရောအတူတူပင်ဖြစ်သည်။Park groupရှိCeo Park သည်
Jeon groupကိုအမြဲလိုက်ပြိုင်သည်၊
ထို့ကြောင့်တဖြည်းဖြည်း
အင်အားကြီးမားလာသော်လည်း
Jeon group၏အင်အားကို
ကိုမလွှမ်းမိုးနိုင်...

Park groupသည်koreaကိုသာ
လွှမ်းမိုးနိုင်ပြီးJeon groupက
တစ်ကမ္ဘာလုံးကိုလွှမ်းမိုးထားတာကြောင့်လည်း
Park group၏CeoကJeon groupကို
အမြဲတမ်းမနာလိုဖြစ်နေခြင်းဖြစ်သည်...။
.
.
.

ရုံးတွင်ခဏ၀င်စစ်ပြီးjungkook
လည်းပြန်လာခဲ့လိုက်သည်။
သူ၏ချစ်ရသူလေးကိုသွားကြိုရန်
ရေမိုးချိုးပြင်ပြီးပြင်ဆင်ထားရမည်လေ...။

............

ကျောင်းတွင်လည်းjiminတစ်ယောက်
ကျောင်းဆင်းချိန်ကိုသာမျှော်နေကာ..။
ကျောင်းဆင်းတော့အတန်းပဲပြိုကျသလိုလို၊
အတန်းကြီးပဲမီးလောင်သလို၊'
နောက်ကျတဲ့ခြေထောက်သစ္စာဖောက်'
ဟူသောဆောင်ပုဒ်နှင့်အညီ
အတန်းထဲမှပြေးထွက်လာခဲ့သည်။

ကျောင်းပေါက်ရောက်တော့ဟော..တွေ့ပါပြီ
သူ့အမောပြေလေး၊ကားအပြင်တွင်
မတ်တပ်ရပ်ကာစောင့်နေသည်၊
တွေ့သည်နှင့်အပြေးကလေးသွားကာ...

"ရောက်နေတာကြာပြီလား"

"ဆင်းပြီလား"

အမေးကိုမဖြေပဲမေးတာကြောင့်
jiminတစ်ယောက်အလိုမကျ
ဖြစ်သွားရသွားရသည်။
ဆင်းလို့တွေ့တာမလားဒါကိုသိရဲ့သားနဲ့မေးနေတယ်။
ထို့ကြောင့်စိတ်ပေါက်ပေါက်နှင့်

"ဆင်းလို့တွေ့တာပေါ့၊မေးတာသာဖြေစမ်းပါ"

စာသင်ပေးမည့်လူဆိုသော်ငြား
အသံကခပ်ရင့်ရင့်၊
သို့သော်လည်းjungkook
တစ်ယောက်မှာစိတ်မဆိုးနိုင်၊
ပုံစံလေးကချစ်ဖို့ကောင်းနေ၍
ဆွဲဖျစ်ညစ်ချင်စိတ်ကိုမနည်းထိန်းထားရသည်...
ဒီလိုအခြေအနေမှာ
ဘယ်သူကစိတ်ဆိုးရက်မှာလဲ.....

'ahh..sorry..sorry
ရောက်တာမကြာသေးပါဘူး'

"ပြီးရော'

"လာ ကားပေါ်တက်၊သွားရအောင်...။"

"အင်း..."

ကားထဲ၀င်ပြီးသည်နှင့်စက်နှိုးလိုက်ကာဂျောင်ဂုသူ့အိမ်ဆီသို့ဦးတည်လိုက်သည်၊၊
အိမ်မှာစာမသင်လို့ဘယ်သွားသင်ရမှာလဲ...၊၊
ဂျီမင်ကတော့သွားရာလမ်းတစ်လျှောက်အပြင်ကရှုခင်းတွေကိုသာငေးမောကြည့်လျှက်လိုက်ပါလာသည်။

ခြံထဲကားကွေ့လိုက်သည်နှင့်တပြိုင်နက်
jiminတစ်ယောက်jungkook၏
အိမ်ကိုမြင်ပြီးပါးစပ်ဟောင်းလောင်းနှင့်
လိုက်ကြည့်နေသည်။

ကိုယ်လည်းအရင်ကသခင်လေးပေမယ့်
Jungkookရဲ့အိမ်မှာထိုသခင်လေးနေခဲ့သောအိမ်ထက်၂ဆမကကျယ်နေသောအခါ
သခင်လေးတစ်ယောက်ပါးစပ်မစိနိုင်တော့။

"wow..အကျယ်ကြီးပဲ၊မင်းတစ်ယောက်
တည်းနေတာလား"

"အင်း..အကူတွေရှိပေမယ့်သူတို့က
အလုပ်ပြီးရင်ပြန်ကြတာ၊ဟိုဘက်မှာ
သူတို့အတွက်အိမ်သပ်သပ်ရှိတယ်။"

အိမ်ကြီး၏မြောက်ဘက်ထဲကိုလက်ညိုးထိုးပြီးပြောလိုက်သောဂျောင်ဂုကြောင့်ဂျီမင်တစ်ယောက်ဒီလောက်ချမ်းသာနေတာဘာအလုပ်လုပ်လဲနေလို့လဲဆိုတာသိချင်လာသည်၊
သူလုပ်တဲ့အလုပ်ကကိုယ့်အတွက်အကျိုးရှိနေရင်
ကိုယ့်ရဲ့လက်စားချေတဲ့အစီအစဥ်တွေကိုလည်းသူ့ကိုပြောပြပြီးကူညီခိုင်းရမည်လေ၊
အကျိုးမရှိတော့လည်းဘာအရေးလဲ၊၊

"တကယ်ကြီးလား၊မင်းကဘာအလုပ်လုပ်လဲ
ဆိုတာသိချင်လာပြီ""

"ကုမ္ပဏီအလုပ်ပါပဲ၊၀င်ငွေတော့ကောင်းတာပေါ့၊နောက်မှသပ်သပ်ဂျီမင်ကိုကိုယ်လိုက်ပြမယ်။"

'မုသားမပါ၊လင်္ကာမချော'ဆိုသလိုJiminကို
သေးသေးပိစိ၊Jiminလက်သန်းလောက်လေးညာပြောလိုက်သည်။ညာပြောတယ်တော့မဟုတ်သော်လည်းJiminပြန်သတိမရခင်အထိသူဘာအလုပ်လုပ်လဲဆိုတာJiminကိုမသိစေချင်ပါ၊၊သူဒီလိုအခြေအနေလေးနဲ့အေးချမ်းနေသည်မဟုတ်လား။
နောက်ပိုင်းကျမှလိုက်ပြဆိုလဲJeon groupဆီခေါ်သွားလိုက်ရုံပဲ၊ဘိုးဘိုးကုမ္ပဏီလဲဘာဖြစ်လဲ၊နောက်ပိုင်းကိုယ်ပဲလက်လွှဲယူရမှာမလား၊၊
တကယ့်အလုပ်ကိုတော့ဘာလဲဆိုတာအခုတော့သူ့ကိုပေးမသိစေချင်သေးပါ။

"Aww....အင်းပါ။"

"လာသွားမယ်"

"ဟမ်..ပြောတော့စာသင်မယ်ဆို၊
အခုဘယ်သွားမှာလဲ"

'အပေါ်ထပ်မှာလေအခန်းက"

"အင်းပါ၊လာပြီ။"

မိုးသာချုပ်သွားသည်အခုထိ
စာကောင်းကောင်းမသင်ရသေး....
အကြောင်းမှာ..
Jiminတစ်ယောက်စာသင်ရင်း
တန်းလန်းအိပ်ပျော်သွားခြင်းပင်...

စာသင်ရမှာပင်မယ့်လည်းအိပ်နေတာလေး
ကချစ်ဖို့ကောင်းတော့ကျွန်တော်
မနှိုးရက်ဘဲဒီတိုင်းလေး
ငုတ်တုတ်ထိုင်ကြည့်နေတာမိုးချုပ်
သွားမှန်းတောင်မသိလိုက်.....

ဒီနေ့မသင်ရတော့လည်း
နောက်ရက်သင်ပေါ့...
ကျွန်တော့်အတွက်ကတော့
သူနဲ့ရက်ကြာကြာတွေ့လေ
ပိုကောင်းလေဆိုတော့အိပ်ရင်အိပ်ပါစေ
မနှိုးတော့ပါဘူး...

ပြီးတော့အကြံတစ်ခုရသွားကာ..အတွင်းရေးမှုးယူဆီဖုန်လှမ်းဆက်လိုက်သည်။

"ဟုတ်ကဲ့ သခင်လေး"

"ငါမင်းကိုတစ်လလောက်ခွင့်ပေးလိုက်ပြီ၊မင်းပင်ပန်းနေမယ်ထင်လို့၊အဲ့တာမင်းတစ်လလောက်လာစရာမလိုဘူး။"

"ဒါပေမယ့်အလုပ်တွေကရောအဆင်ပြေပါ့မလားသခင်လေး"

"မင်းလျှာမရှည်စမ်းနဲ့၊ခွင့်ပေးရင်ယူလိုက်ပါလား၊ဒါပဲ.."

​တစ်ဖက်ကအတွင်းရေးမှုးယူသည်
ပြောချင်ရာပြောပြီးချသွားသောဖုန်းကိုကြောင်ကာကြည့်နေလျက်...

သူ့တို့သခင်လေးဘယ်တုန်းကဒီလိုစာနာတတ်သွားပါလိမ့်ဟုတွေးနေရင်း...

Jiminနဲ့အတူရှိချိန်ပိုရအောင်လုပ်တာမှန်းသိလျှင်
သွေးတက်သေမဲ့အဖြစ်​..။

Jiminအိပ်နေတာကိုကြည့်ရင်း
JungKookစိတ်တွေအတွေးကမ္ဘာကိုနယ်လှည့်နေသည်...

ကိုယ်ချစ်ရတဲ့လူကကိုယ့်အနားမှာ
ရှိပြီးကိုယ့်ကိုယ်မသိတဲ့ခံစားချက်ကြီး
ကဆိုး၀ါးလွန်းလှကာ၊ဘာလို့သူ့ကို
ဒီလိုလုပ်ဖို့ခွင့်ပြုလိုက်တာလဲဆိုပြီး
နောင်တတွေတသီကြီးက
လူကိုလှောင်နေသယောင်...

ရင်ထဲအရမ်းနာကျင်ရတယ်

ခင်ဗျားတို့လိုfaတွေကမသိပင်မယ့်လို့ပေါ့....

ဒါပေမယ့်လည်း
သူအခုလိုနေနေတာပျော်ရွှင်နေတာပဲ
ဆိုတဲ့အသိကရင်ထဲကနာကျင်မှုကိုတော့တစ်၀က်နီးပါးလောက်သက်သာစေသည်လေ။

တွေးရင်းနှင့်ကြက်ပေါက်
နိုးလာတာကြောင့်
အတွေးကမ္ဘာထဲမှနယ်လှည့်နေတဲ့
အတွေးတွေကိုလက်စဖြတ်ပြီး
လက်ရှိလောကထဲမှ
ကြက်ပေါက်လေးဆီပြန်ရောက်လာသည်...

နိုးလာသော်လည်းအိပ်မှုန်စုံမွှား
ဖြစ်နေသောကြက်ပေါက်လေး
သည်မျက်လုံးကောင်းကောင်းမပွင့်သေး၊
နှုတ်ခမ်းဖူးဖူးလေးမှာလဲအပြင်သို့
ဆူထွက်နေသည်မှာကိုယ့်မျက်နှာ
တောင်လာထိုးတော့မလို....

ထိုပုံစံလေးကိုစချင်လွန်း၍...

"ကဲ..ဒီနေ့စာသင်တာတော်တော်
ခရီးပေါက်တာပဲနော်Jimin...
အများသင်လိုက်ရတယ်။"

"အင်..."

အိပ်ချင်မူးတူးစိတ်သည်မပျောက်သေး...
ပြီးတော့မှဆိုလိုရင်းကိုသတိရကာ
မျက်နှာကြီး
တစ်ခုလုံးပန်းသီးလေးလိုရဲတွတ်
သွားလေသည်။

ထိုရဲတွတ်သွားသောမျက်နှာလေး
သည်လည်းကြည့်မ၀၊
Jimin၏ဘယ်လိုပုံစံနေနေ
ကြည့်မ၀ဖြစ်နေသည်မှာ
ကိုယ့်အမှားမဟုတ်၊
ချစ်စရာပုံစံလေးတွေလုပ်တတ်သော
ထိုလူသား၏အမှားသာ...

ခင်ဗျားတို့လိုFaတွေကတော့
ဒီလိုဖီလင်တွေနားလည်မယ်မထင်....

"တောင်းပန်ပါတယ်ဂျောင်ဂုရယ်...
ကျွန်တော်အိပ်ပျော်သွားတယ်"

"ရပါတယ်..ဒါပေမယ့်Jiminကသာအိပ်နေတာ
ကျွန်တော်ကဒီအတိုင်းကြီးထိုင်စောင့်
နေရတာကတော့မတရားဘူးလေ
ဟုတ်တယ်မလား"

"ဟုတ်တာပေါ့..ကျွန်တော်ဘာပြန်လုပ်ပေးရမလဲ
စာသင်ချိန်တိုးမှာလား၊လုပ်ချင်တာသာလုပ်ပါဗျာ"

"ဒါပေါ့၊အင်းး
(စဥ်းစားနေဟန်)....
ဒီတစ်ညလောက်ကျွန်တော်နဲ့
ညလာအိပ်ပေး"

"ဗျာ!!!!!"

ဒီတိုင်းလေးမေးလိုက်သော်လည်း
ပြန်ဖြေသံကြီးကလူကိုတောင်
လိပ်ပြာလွင့်စေမလို၊
လူကောင်သေးပြီးအသံတော်တော်
အောင်သောParkJiminပါလေ...

"လန့်လိုက်တာJiminရာ၊
ဒီမှာအကျယ်ကြီးမလို့
ကျွန်တော်တစ်ယောက်တည်း
မအိပ်ရဲလို့ပါ၊"

"ဒါပေမယ့်...အရင်ကရောတစ်ယောက်
တည်းအိပ်ခဲ့တာမဟုတ်ဘူးလား"

"အရင်ကအတွင်းရေးမှုးယူလာလာ
အိပ်ပေးပါတယ်၊ပြီးတော့ကျွန်တော်က
ကိုးရီးယားကိုပြန်ရောက်တာလဲမကြာ
သေးဘူးလေ၊ဒီနေ့ကျအတွင်းရေးမှုးယူရဲ့
အမေဆုံးသွားလို့သူအခုတလောမလာနိုင်ဘူး၊
သူ့အမေရက်လည်အထိခွင့်ယူထားတယ်၊
အဲ့တာကြောင့်မလို့ပါ၊လာအိပ်ပေးပါလား၊Jiminရယ်"

"အိပ်လို့ကတော့ရပါတယ်၊ဒါပေမယ့်ဖြစ်ပါ့မလား၊"

"ဖြစ်ပါတယ်၊ဖြစ်ပါတယ်ကျွန်တော်တစ်ယောက်တည်းကြောက်လို့ပါ"

"အင်း..အင်းပါ၊ဒါဆိုလည်းအိပ်ပေးပါ့မယ်"

"ကျေးဇူး၊ကျေးဇူး..ဒါနဲ့မိုးတောင်
တော်တော်ချုပ်နေပြီ၊
ဗိုက်ဆာပြီမလားဘာစားမလဲ။"

"ဘာပဲဖြစ်ဖြစ်ရပါတယ်၊၊"

"ဒါဆိုခဏစောင့်၊ထမင်းကြော်
လိုက်မယ်လေ၊စားတယ်မလား။"

"အင်း..ကြိုက်တာပေါ့၊ဒါဆို
မြန်မြန်လုပ်ပါဗျာ၊ဗိုက်ဆာလှပြီ။"

"ဟုတ်ပါပြီဗျာ"

Jungkookတစ်ယောက်ဗိုက်ဆာနေသော
တစ်ယောက်သောသူအတွက်မြန်မြန်လုပ်ရန်
ပြင်ဆင်နေရသည်။တော်ကြာ
ကြာနေလို့စိတ်ကောက်ပြီးအဆောင်ပြန်
သွားမှဖြင့်အကြံကုန်ထုတ်ထားတဲ့
ဉာဏ်တွေရေစုန်မျောကုန်ပါဦးမယ်....

အချိန်ခဏကြာပြီးမွှေးလွန်းလှသော
ထမင်းကြော်မျက်စိရှေ့ရောက်လာသည်။
မျက်စိရှေ့ရောက်လာသောထမင်းကြော်ကို
စားရသည်မှာအခုမှစားဖူးပေမယ့်အရင်
ကလည်းထပ်ခါထပ်ခါစားဖူးနေသလို
ဂျီမင်ခံစားရပြီးစားရင်းနှင့်ရင်ထဲ
ဆို့ဆို့နင့်နင့်ကြီးခံစားမိတယ်။

ရုတ်တရက်ခေါင်းတစ်ခေါင်းလုံးထိုးကိုက်လာကာ
ခေါင်းထဲပုံရိပ်တချို့အလုအယက်၀င်လာကြသည်။..
သို့သော်၀ိုးတိုး၀ါးတားပုံရိပ်တွေဟာဘာတွေမှန်းမသိ။
ဖမ်းလို့မမိခင်မှာပဲပျောက်ကွယ်သွားကြပြန်သည်။
..............

"Jungkookရေငါဗိုက်ဆာလှပြီလို့....."

"ရပြီ၊ဒီမှာထမင်းကြော်..."

"ဘာလို့နေ့တိုင်းထမင်းကြော်ကြီးပဲလဲ..."

"ဒီတမျိုးပဲလုပ်တတ်လို့၊ဘာလဲမကောင်းဘူးလား..."

"ကောင်းလွန်းလို့...ဖြစ်နိုင်ရင်နေ့တိုင်းစားချင်တာ..."

"စားချင်ရင်နေ့တိုင်းကြော်ကျွေးမယ်လေ။အပေးအယူတော့လိုတာပေါ့..."

လူယုတ်မာအပြုံးနှင့်ပြုံးကာပြောတော့...

"မင်းတစ်ရက်တစ်မျိုးမယုတ်မာရင်ကိုမနေနိုင်ဘူး၊လူယုတ်မာအကြီးစားကြီး..."

"မင်းလေးကိုကယုတ်မာချင်စရာကောင်းနေတာ၊
ကိုယ့်အပြစ်မဟုတ်ဘူးလေ..."

"ကောင်စုတ်.."

"ကိုယ်မင်းထက်၄နှစ်လောက်ကြီးတယ်လေ၊
အကြီးကိုအဲ့လိုပြောစရာလား"

"အကြီးကအကြီးလိုမှမနေဘဲ၊
လူကိုလာလာစနေတာကိုး.."

"ဟား ဟားးဟားး ဟား"

စွာတေးလန်နေသောပုံကိုကြည့်ကာJungkook
တစ်ယောက်မရီအောင်မထိန်းနိုင်စွာ
ရီလိုက်မိသည်...။

"ကဲ ရီချင်ဦး..."

ရီနေသောဂျောင်ဂုကိုမှတ်လောက်သားလောက်ရှိအောင်ဆွဲဆိတ်လိုက်သည်။ကိုယ့်ကိုဒီလောက်လိုက်စနေတာ၊ဒီလိုလုပ်တောင်အမှတ်မရှိဘူး၊
ကြည့်နေလိုက်။

"အားးးး!!ဟေ့ ဟေ့လိုက်မလုပ်နဲ့လေ.."

"မင်းမပြေးနဲ့၊ပြန်လာခဲ့..."

"ဖမ်းနိုင်ရင်လိုက်ဖမ်းလေ၊
အရပ်ကပုတော့မောနေမှာပေါ့၊
ဖြည်းဖြည်းပြေးပေးပါ့မယ်၊
ဖြည်းဖြည်းလိုက်ဖမ်းပေါ့"

ပြောသားပဲ၊ဒီလောက်ဆွဲဆိတ်တာတောင်
အခုထပ်စသွားပြန်ပြီ။ဒီအရပ်ပဲလာလာ
ထိခိုက်နေတာ!!ဒီအရွယ်မှာပဲရပ်ထားတာပါနော်၊
ပုလေနုလေဖြစ်အောင်လို့ကိုမသိဘဲနဲ့ ဟွန့်!!!

"ရားး!!JeonJungkook၊မပြေးနဲ့
သတ္တိရှိရင်ပြန်လာခဲ့"

အတိတ်ကထိုနေ့စွဲလှလှလေးများသည်ပြန်မရနိုင်တော့သောအမှတ်တရများစွာနှင့်ပျော်ရွှင်စရာအတိ...

................

ပုံရိပ်များသည်ဘာမှန်းမသိ...
လူတွေကလည်းတစ်ယောက်ကတော့
ကိုယ်မှန်းသိသည်..
နောက်တစ်ယောက်ကတော့
၀ိုးတိုး၀ါးတားနှင့်ဘယ်သူမှန်းမသိ...

ရုတ်တရက်စိတ်ထဲ၀မ်းနည်းလာကာငိုချင်လာသည်...
ဘာမှန်းမသိသည့်ပုံရိပ်တချို့ဆိုသော်ငြားလည်း
ဘာလို့ငိုချင်လာမှန်းမသိ....
စိတ်ထဲတွင်ငိုချင်တာတစ်ခုပဲရှိသည်...

ငိုတော့မယောင်ပြိုကျလာသော
Jiminမျက်နှာလေးကိုJungkook
တစ်ယောက်မြင်လိုက်ရသောအခါ
အနား​သို့အပြေးလာကာဘာဖြစ်တာလဲမေးရသည်...

Jiminမျက်နှာလေးငြိုးရင်ကိုမကြိုက်ပါ
မျက်နှာမဲ့တော့ပိုဆိုး၊ဒီလူသားမှာပျာယာခတ်ပြီး
ခြေမကိုင်မိလက်မကိုင်မိကိုဖြစ်လို့...

"ဘာဖြစ်လို့လဲJimin....
တစ်ခုခုအဆင်မပြေတာရှိလို့လား..."

မေးသာမေးနေရသည်...
ကိုယ်ကိုယ်တိုင်လည်းဘာလုပ်လို့
ဘာကိုင်ရမှန်းမသိ...

ဘေးကJungkookခေါ်သံကြားမှ
အသိကပြန်၀င်လာသည်။

Jungkookကိုကြည့်လိုက်တော့စိုးရိမ်မှုအပြည့်နဲ့မျက်၀န်းတွေနဲ့ကိုယ့်ကိုကြည့်နေကာပါးစပ်ကနေလဲ
'ဘာဖြစ်သွားတာလဲ၊ဘာဖြစ်သွားတာလဲ'လို့တောက်လျှောက်မေးနေသည်။

သူမေးတော့မှသတိရသည်၊
'စောနကသူဘာဖြစ်သွားတာပါလိမ့်'

"Jungkook စောနကကျွန်တော်
ဘာဖြစ်သွာတာလဲဟင်"

"အင်!!ကျွန်တော်ကJiminကိုမေးရမှာလေ
ဘာဖြစ်သွားတာလဲ၊လူဖြင့်လန့်သွားတာပဲ"

"ကျွန်တော်လဲမသိဘူး၊ခေါင်းကိုက်လာပြီးဘာမှမမှတ်မိတော့ဘူး"

"ပင်ပန်းသွားလို့ဖြစ်ပါလိမ့်မယ်၊သွားနားတော့လေ၊ကျွန်တော်အခန်းလိုက်ပြမယ်"

"ဟုတ်"

JiminလဲJungkookခေါ်ရာအခန်းဆီလိုက်သွားလိုက်သည်။အခန်းမှာတစ်ခန်းလုံးအ၀ါရောင်လေးနှင့်အခန်းမှာကျယ်ပြီးဖွဲ့စည့်ပုံမှာရိုးရှင်းလှသည်။ဒီလိုအိမ်အကြီးကြီးထဲမှာဒီလောက်ရိုးရှင်းတဲ့အခန်းရှိလိမ့်မည်ထင်မထားမိတာအမှန်၊

အခန်းအလယ်မှာအ၀ါရောင်နှစ်ယောက်အိပ်ကုတင်ရှိနေပြီးကုတင်ဘေးတင်စာကြည့်စားပွဲလေးက
လှလှပပနှင့်ချစ်စရာ၊အခန်းဘေးနားတွင်မှန်တင်ခုံ
နှင့်အ၀တ်ဗီဒိုများတန်းစီနေကာအခန်းထောင့်တွင်ရေချိုးခန်းလို
အခန်းတစ်ခန်းရှိသည်။ကုတင်အောက်ခြေတွင်ဆိုဖာနှစ်ခုံကိုမျက်နှာချင်းဆိုင်အတန်းလိုက်
ထားထားသည်။
ဘယ်လောက်တောင်ရိုးရှင်းလိုက်တဲ့အခန်းလဲ..။

"ဒီမှာJiminအိပ်ဖို့အခန်း၊ကျွန်တော်သွားပြီနော်"

"Jungkookခဏ၊ဟို..ဟိုလေ...ဟို"

"ဘာလို့လဲ၊တဟိုဟိုနဲ့..."

"ဟိုJungkookကျွန်တော်နဲ့လာအိပ်ပေးပါလား၊ကျွန်တော်ဒီမှာတစ်ယောက်တည်းမအိပ်ရဲလို့၊"

Jiminပြောသံကြားပြီးရင်ထဲပန်းတွေအဆုံးမရှိ
ပွင့်သွားသလို၊လူကပျားရည်ရသောမျက်နှာနှင့်
ဟန်ဆောင်ပန်ဆောင်တောင်မမူနိုင်၊တန်းလက်ခံမိလိုက်သည်၊ကိုယ်ကတောင်ဘာမှမကြံရသေးသူကအလိုလိုပြောလာတယ်ဆိုတော့၀မ်းသာလိုက်
လေခြင်း။

'ရေကန်အသင့်ကြာအသင့်'ဆိုတာဒါမျိုးကိုဆိုလိုတာဖြစ်မည်၊ဟုတ်မဟုတ်တော့မသိ၊မဟုတ်လည်းဟုတ်လိုက်ကြတော့၊၊စကားပုံတွေဘာတွေဘာမှသိပ်သိတာမဟုတ်ဘူး။ကိုယ့်ရဲ့ကြက်ပေါက်
Park Jiminလေးတစ်ယောက်အကြောင်းပဲကိုယ်ကောင်းကောင်းသိတယ်။

"Jiminကြောက်နေလို့ထင်တယ်၊
ရပါတယ်အိပ်ပေးလို့၊
Jiminကလဲကျွန်တော့်ဆီလာအိပ်ပေးတာပဲကျွန်တော်ကတောင်ကျေးဇူးပြန်တင်ရဦးမယ်"

"ဟုတ်၊ဒါဆိုJungkookကကုတင်ပေါ်အိပ်လိုက်လေ
ကျွန်တော်ဆိုဖာပေါ်အိပ်လိုက်မယ်"

ကိုယ့်မှာဖြင့်ပျော်လို့တောင်မဆုံးသေး၊သူကအပျော်ကိုဖျက်လိုက်လေပြီ၊
ဆိုဖာပေါ်အိပ်မယ်ဟုတ်လား!!JeonJungkookကိုဒီလိုလာလုပ်၍မရ၊ကိုယ့်မှာတောင်ခက်ခက်ခဲခဲညအိပ်ခေါ်ထားရပြီးကံကောင်းလို့သူကအတူတူအိပ်ဖို့ခေါ်တာကိုနှစ်ယောက်တကွဲတပြားစီအိပ်လို့မရ၊
အတူတူအိပ်ရမှကိုဖြစ်မယ်။

"ဆိုဖာကသေးသေးလေးပြုတ်ကျမယ်၊ကုတင်ပေါ်မှာပဲလာအိပ်လိုက်ပါ၊ကုတင်ကကျယ်တာပဲကို"

"ရပါတယ်၊ဒါဆိုလည်းကြမ်းပြင်ပေါ်မှာ
အိပ်လိုက်မယ်"

ကိုယ်ပြောလိုက်မှကြမ်းပြင်ပေါ်တောင်
ဆင်းအိပ်ဦးမတဲ့၊အမလေးငါတော့သွေးတက်လို့
သေတော့မှာပဲ!!။

"ကြမ်းပြင်ကအေးတယ်၊Jiminအအေးမိလိမ့်မယ်၊စိုးရိမ်လို့​ပါ၊ကျွန်တော်ဆီလာအတူတူအိပ်လေ၊နေမကောင်းဖြစ်မှာစိုးလို့၊လာပါအတူတူအိပ်ရအောင်၊
ကုတင်ကလည်းကျယ်တော့နှစ်ယောက်ဆန့်ပါတယ်"

"ရပါတယ်၊Jungkookနေရခက်
နေပါလိမ့်မယ်၊၊"

"အော်ဟော!!မခက်ပါဘူးဆို၊လာ လာခဲ့
ကုတင်ပေါ်တက်အိပ်"

အတင်းကြီးခေါ်နေတော့လည်းကိုယ့်မှာ
မငြင်းသာ၊အိပ်ဆိုတော့လည်းအိပ်ပေါ့
တစ်ညတစ်လေပဲကို။

သို့သော်ထိုကောင်လေးမသိသည်မှာ
တစ်ညတစ်လေမဟုတ်တာကိုပင်...

"အင်းပါ ဒါဆိုလည်း"

အိပ်မယ်ပြောလိုက်သည်နှင့်မှိုရသွားသလို
ပျော်သွားသောမျက်နှာလေးသည်
ချစ်စရာကောင်းလှစွာ...။

"ကောင်း​ကောင်းအိပ်ပါ Jimin.."

"ဟုတ်"

Jiminတစ်ယောက်ပင်ပန်းလွန်း၍လား
မသိ'ဟုတ်'လို့ပြောပြီးသည်နှင့်တစ်ချိုးတည်းအိပ်ပျော်သွားတော့သည်..။

ညကြီးမိုးချုပ်ရောက်နေသော်လည်းမယုံကြည်နိုင်စွာအိပ်မပျော်သူမှာJungkookဖြစ်သည်။Jimin
သူနှင့်အတူတူအိပ်နေသည်ကို
စိတ်လှုပ်ရှာပြီးအပျော်လွန်၍မအိပ်နိုင်၊၊
အတူအတူမအိပ်ရတုန်းကလည်း
မအိပ်ရလို့အိပ်မပျော်၊
အတူတူအိပ်ရပြန်တော့လည်းစိတ်လှုပ်ရှာပြီး
အိပ်မပျော်သောJungkookသည်
တစ်ခါတစ်ရံနားမလည်နိုင်ခြင်းများစွာဖြင့်
စာရေးသူကိုခက်ခဲအောင်လုပ်တတ်သေးသည်....၊၊

နောက်ဆုံးတော့မနေနိုင်၊
နောင်ခါလာနောင်ခါရှင်းဆိုပြီး
Jiminကိုယ်လုံးသေးသေးလေးကို
သိမ်းကျုံးဖက်အိပ်ပစ်လိုက်သည်၊၊

ထိုညကအခန်းထဲရှိကောင်လေး
နှစ်ယောက်၏အိပ်မက်သည်
လှပနေလျက်.....
ညသည်လည်းလှပနေလျက်...

သို့သော်ပျောက်ပျက်သွားသောမှတ်ဉာဏ်
များတစ်နေ့နေ့တွင်အကျည်းတန်စွာ
ပြန်လည်ပေါ်ထွက်လာမည့်အချိန်၊
ဖုံးကွယ်ထားသောအမှန်တရာများ
ပေါ်လာမည့်အချိန်တွင်
အရာအားလုံး
ထိုညလေးလိုလှပနိုင်ဦးမည်လား၊
ဆန့်ကျင်ဘက်လားဆိုတာတော့
ကံကြမ္မာရေးဆွဲသူ၏အဆုံးအဖြတ်သာ.....

ဂျီမင်နိုးလာလို့မျက်လုံးဖွင့်ကြည့်လိုက်တော့တွေ့လိုက်ရတာကရင်ခွင်ကျယ်ကြီးတစ်ခု...။
ပြီးတော့သူ့လက်တွေကကိုယ့်ကိုဖက်ထားသေးတယ်၊ကိုယ့်လက်တွေကလည်းသူ့ခါးပေါ်မှာဖက်ထားတာတင်းတင်းကြပ်ကြပ်...။
ဒုက္ခပဲ!!ညကအေးလို့ယောင်ပြီးသူ့ရင်ခွင်ထဲ၀င်တိုးမိတာလားမသိဘူး၊၊ဒါမှမဟုတ်သူကပဲယောင်ပြီးဖက်အိပ်တာလား၊၊အားး!!!စဥ်းစားလို့မရတော့ဘူး၊၊
အဲ..ဒါပေမယ့်သူ့ရင်ခွင်လေး!!အဲ..ဟုတ်ပါဘူး၊
သူ့ရင်ခွင်ကြီးကမွှေးလိုက်တာ၊
ပြီးတော့အကျယ်ကြီးပဲ၊နွေးလည်းနွေးသေး၊
မိုက်ချက်!!

ဒုတ်..ဒုတ်..ဒုတ်..ဒုတ်
တဖြည်းဖြည်းကျယ်လာတဲ့ရင်ခုန်သံကြောင့်အိပ်နေတဲ့ဂျောင်ဂုကြားသွားမှာလည်းစိုးရိမ်ရသေးတယ်။ဒီအလိုက်ကမ်းဆိုးမသိတဲ့နှလုံးသားကတစ်မှောင့်!!
သူ့မျက်နှာကိုကြည့်လိုက်တိုင်းအကျယ်ကြီးထထခုန်လာတာဘာစောက်ကျင့်မှန်းကိုမသိဘူး...။
မျက်နှာမြင်တိုင်းရင်ခုန်ရလွန်းလို့မျက်နှာတောင်တစ်ခါမှတောင်သေသေချာချောစေ့စေ့မကြည့်ဖူးဘူး၊ကိုယ့်ရင်ခုန်သံတွေသူကြားသွားမလားဆိုပြီးစိုးရိမ်လိုက်ရတာလဲအမော။

ဘာပဲဖြစ်ဖြစ်ပါ၊အခုအိပ်နေတုန်းမသိအောင်ကြည့်လိုက်ဦးမယ်၊မျက်နှာဆိုသည်မှာပြစ်ချက်မရှိ၊နှုတ်ခမ်းပါးလေးအောက်ကမှဲ့လေးကအမိုက်ဆုံး!!
တွေးရင်းမျက်အိမ်တွေလှုပ်လာသောဂျောင်ဂုကြောင့်ဂျီမင်တစ်ယောက်မျက်လုံးအမြန်မှိတ်လိုက်သည်၊၊

မျက်လုံးဖွင့်ကြည့်လိုက်တော့ရင်ခွင်ထဲကသေးသေးလေးကအိပ်နေတုန်း၊ရင်ခွင်ထဲကအကောင်ပေါက်လေးနိုးသွားမှာစိုးတာကြောင့်ဖြည်းဖြည်းလေးထ၊ရေချိုးခန်းထဲ၀င်ပြီးမျက်နှာသစ်ရသည်။
အိပ်ရာကမထွက်ခင်အိပ်နေတယ်လို့ထင်နေသောထိုကောင်လေးနဖူးကိုဖွဖွလေးတစ်ချက်နမ်းပြီး'Morning ကလေး'လို့ပြောသွားလိုက်သေးသည်။

သို့သော်ဂျောင်ဂုမသိသည်ကထိုကောင်လေးသည်အိပ်မနေဘူးဆိုတာပင်....
ဂျောင်ဂုရေချိုးခန်းထဲ၀င်သွားသည်နှင့်ကုတင်ပေါ်ကကောင်ငယ်လေးမှာရှက်သွားကာစောင်ထဲမြှုပ်သွားပြီးလူကိုတောင်မမြင်ရတော့၊၊စောင်ထဲတွင်တော့မျက်နှာတစ်ခုလုံးစတော်ဘယ်ရီသီးနှင့်နင်လားငါလားအပြိုင်နီရဲနေသောမျက်နှာကိုတွေ့ရမည်ဖြစ်သည်။

အင်းလေ၊ကိုယ်ကမှသူ့မျက်နှာမြင်တိုင်းရင်တွေအတိုင်းအဆမရှိခုန်နေပါတယ်ဆို၊ခုလိုမပြောမဆိုနဖူးကိုလာနမ်းသွားတော့ရင်ဘက်ကြီးတစ်ခုလုံးပေါက်ထွက်တော့မလိုကိုခုန်နေရော!!

ဒါနဲ့နေပါဦး!!ဂျောင်ဂုကအခုသူမသိအောင်သူ့ကိုနမ်းလိုက်တာဆိုတော့သူဂျောင်ဂုကိုခံစားချက်ရှိနေသလို၊ဂျောင်ဂုလဲသူ့အပေါ်ခံစားချက်ရှိနေတာလား??

အာာမသိတော့ဘူးကွာ!!မနက်အစောကြီးငါဘာတွေတွေးနေတာလဲ၊၊တော်ပြီ၊တော်ပြီ၊မျက်နှာထသစ်တော့မယ်၊၊

အတွေးတွေနဲ့တစ်ယောက်ထဲယောက်ယက်ခတ်နေသောဂျီမင်တစ်ယောက်မျက်မှာသစ်ဖို့အိပ်ယာပေါ်က
ဆင်းနေတုန်းရေချိုးခန်းထဲမှထွက်လာသောဂျောင်ဂုပုံစံကြောင့်တစ်ကိုယ်လုံးရှိသွေးတွေပြောင်းပြန်ဆင်းပြီးအသက်ရှူတာတောင်ရပ်သွားလားမသိ၊၊မျက်နှာသည်လည်းပေါက်ထွက်တော့မလားထင်ရအောင်ပူပြီးရဲတွတ်သွားလေသည်..။
သို့သော်တွေးနေသည်မှာ....

မျက်နှာသစ်ပြီးကာစမျက်နှာပေါ်မှာရေမှုန်တွေကအကုန်မသုတ်ရသေး၊မျက်နှာသစ်လို့စိုသွားသောဆံပင်ထိပ်ဖျားနားရှိနေတဲ့ရေစက်လက်တွေကိုခါလိုက်တဲ့ပုံစံကြောင့်ဆံပင်ကရေတွေဘေးကိုစင်ထွက်လာတဲ့ပုံကတစ်ကယ့်ကိုယောကျာ်းပီပီသသ၊
အဆီမရှိတဲ့ဗိုက်ပေါ်ကအစီအရီရှိနေတဲ့ကြွက်သား
အမြောင်းလိုက်တွေကခေါင်းအုံး
အိပ်ပစ်ချင်စရာကြီး!!၊၊

ယားး!!ParkJiminဘာတွေတွေးနေတာလဲ!!
လူတစ်ယောက်လုံးကိုရှေ့ထားပြီးပေါက်ကရတွေ
တွေးနေစရာလား...။

"ဟော..ဂျီမင်မျက်နှာသစ်ဖို့စောင့်နေတာလား၊
နိုးတာကြာပြီးလား၊မနက်စာဘာစားမလဲ၊
ကိုယ်ပြင်ထားလိုက်မယ်လေ၊လာ..လာ..မျက်နှာ၀င်သစ်လိုက်တော့၊၊"

"ဟို..ဟိုမကြာသေးပါဘူး၊အခုလေးတင်နိုးတာ။"

ပြောပြီးရေချိုးခန်းထဲလွှားခနဲခုန်ပျံကျော်လွှားသွားသောထိုကောင်လေးကိုဂျောင်ဂု​နားမလည်နိုင်၊၊
'ဘာလို့​အလောတကြီး၀င်သွားပါလိမ့်'လို့စဥ်းစားနေပြီးမှကိုယ့်ပုံစံကိုသတိရကာအော်ရီမိတော့သည်။
ဒါဒီကောင်လေးသူ့ကိုမြင်ပြီးရှက်သွားတာပေါ့လေ။

အခုတော့ရီတာရပ်ပြီးမနက်စာပြင်မှပါလေ။
မနက်မိုးလင်းမျက်နှာသစ်ပြီးရင်မနက်စာ
တန်းစားတတ်တဲ့ထိုကောင်လေးအကြောင်းကို
သိနေတော့မြန်မြန်လုပ်ရသည်။

ကျွန်တော်ဂျီမင်အကြောင်းကို
ဂျီမင်ထက်ပိုသိတယ်ဆိုရင်ကြွားရာရောက်မလား
မသိပေမယ့်၊ဂျီမင်အကြောင်းကိုသိတာထက်
တစ်ဖက်ကမ်းခတ်လွန်အောင်သိနေတာတော့အမှန်။

ရေချိုးခန်းထဲ၀င်သွားသောဂျီမင်ကတော့မှန်ရှေ့ရပ်ပြီသူ့ကိုယ်သူပေါက်ကရတွေးနေရလားလို့ပြောပြီးကိုယ့်ပါးကိုယ်ရိုက်နေလေသည်။

အဲ..နေစမ်းပါဦး၊ဒါ..ဂျောင်ဂုသူ့ကိုအရင်နမ်းသွားလို့ဖြစ်တဲ့ကိစ္စလေဟုတ်တယ်မလား၊သူ့ကိုသာနမ်းမသွားရင်သူလည်းအခုလိုပေါက်ကရတွေတွေးမနေရဘူးလေ၊ဟုတ်တယ်၊ဒီကိစ္စတွေတစ်ခုလုံးရဲ့တရားခံက
ဂျွန်ဂျောင်ဂုကြီးပဲ။ငါ့မှာအပြစ်မရှိဘူး။ဆိုတော့ငါကအခုမျက်နှာသစ်ပြီးဟိုတရားခံကောင်လုပ်ပေးထားတဲ့
မနက်စာကိုစားပြီးကျောင်းသွားရုံပဲ..ဟုတ်တယ်!!။

အတွေးလွန်နေသောဂျီမင်၏အတွေးတရားခံနေရာကိုကိုယ်တိုင်တောင်မသိပဲရောက်သွားသောဂျောင်ဂုသည်ဂျီမင်လေးစားဖို့မနက်စာကိုပြုံးပြုံးကြီးစီစဥ်နေလေသည်။သူသာဂျီမင်တွေးနေသောအကြံများ၏တရားခံမှာသူဖြစ်ကြောင်းကိုသိသွားလျှင်အရီမရပ်နိုင်တော့မှာသေချာတာထက်တောင်ကျော်နေသေးကြောင်းစာရေးသူသေသေချာချာကြီးအာမခံနိုင်သည်...။
...........

"Oppa..Oppa...မီနာ့ကိုခဏစောင့်ပါဦး၊၊"

နောက်ကတစာစာအော်နေတဲ့မီနာကြောင့်
မင်ဟိုတစ်ယောက်ခြေလှမ်းများနှေးလိုက်ရသည်..။
သူနဲ့ရည်းစားဖြစ်ထဲကဒီကောင်မလေးသူ့ကို​ပြန်သဘောကျအောင်ဆိုပြီးအမြဲလာနေတာ
တစ်ရက်မှမပျက်..

မီနာကချောသည်ဆိုတာထက်ချစ်ဖို့ကောင်းတဲ့ဘက်နည်းနည်းပိုရောက်သည်။အပြစ်တခုခုလုပ်မိပြီဆိုရင်လည်းသွားတန်းလေးများပေါ်သည်အထိအရင်ဆုံးအရှက်ပြေရီပြပြီးမှတောင်းပန်တတ်သည်။
စိတ်ထင်လို့ပဲလားမသိ...
အခုတလောမီနာပိုချစ်ဖို့ကောင်းလာသည်
လို့ထင်ရသည်။

မီနာနဲ့တွဲတော့မှသူ့အကြောင်းနည်းနည်းသိလာရသည်။အကြောင်းမှာတစ်ခြားမဟုတ်တော်တော်
ရှပ်ပြာနိုင်သောကောင်မလေးပင်...။
သူကိုတွေ့လို့အလောတကြီးပြေးလာလျှင်ခလုတ်တိုက်ရတာနှင့်၊သူစိတ်ညစ်နေမှာစိုး၍မရီရတဲ့ဟာသတွေပြောပြီးရီနေတတ်တာလဲပါသည်..။

သို့ပေမယ့်မီနာကြောင့်သူစိတ်ချမ်းသာရသည်။
ဂျီမင်အကြောင်းလဲအခုတလောမစဥ်းစားဖြစ်၊
တွေးချိန်မရှိတာဆိုပိုမှန်မည်၊
ဘေးကတရစပ်ပေါက်ပေါက်ဖောက်နေတတ်သော
မီနာကြောင့်စဥ်းစားချိန်မရှိ၊၊

"အ!!အမလေး ဆောရီးပါနော်၊ဆောရီး၊ဟီးဟီး"

အခုလဲကြည့် မိန်းကလေးတစ်ယောက်ကို၀င်တိုက်မိပြန်ပြီ၊၊ဒီကလေးမသူ့ကိုတွေ့တာနဲ့ဘာမှမမြင်တော့ပဲ
စွတ်စွတ်ပြေးလာတာကိုပြင်ဖို့သတိပေးဦးမှပါ၊၊
ပြေးတာအရေးမကြီးဘူး၊ရှိသမျှလူအကုန်ကို၀င်တိုက်နေတာတော့မကောင်းဘူးမလား။
ပြီးရင်လူကောင်သေးသေးလေးနဲ့သူပဲနာမှာ..။

"ဟဲဟဲ Oppaကိုတွေ့လို့ပြေးလာတာ၊လျှောက်လာတဲ့လူကိုမမြင်လိုက်မိဘူး"

ဆူတော့မှာကိုသိလို့အရင်ဆုံးမျက်နှာချိုလာသွေးနေတာဒီကလေးမ...

"​ဒီလောက်မပြေးပါနဲ့ပြောထားတာကို..."

"oppaကိုတွေ့ရင်ကိုခြေထောက်တွေကမနေနိုင်ပဲပြေးနေတော့ခက်သားoppaရယ်.."

"ပြေးရင်လည်းကြည့်တော့ပြေးမှပေါ့၊စောစောကတိုက်မိသွားတာမလား၊ဘယ်နားနာသွားသေးလဲ"

"နာတော့မနာပါဘူး၊ဒါနဲ့oppaအခုနာသွားမှာကိုစိုးရိမ်နေတာလား"

မျက်လုံးအ၀ိုင်းသားနဲ့မေးလာသောမီနာ​ရယ်ပါ..
'ငါအခုစိုးရိမ်နေတာလား'စိတ်ထဲတွင်အဖြေရှာနေမိသော်လည်းမတွေ့ ....။
ထိုကလေးမနဲ့တွဲပြီးနောက်ပိုင်းသူ့ပေါ်ယိမ်းယိုင်လာတဲ့ကိုယ့်စိတ်တွေကိုသတိထားမိပေမယ့်သေချာအောင်တော့စောင့်လိုက်ပါဦးမည်..။ကိုယ့်ကြောင့်သူနာကျင်ရတာမျိုးတော့မဖြစ်စေချင်တာအမှန်။

"တိုက်မိလို့နာသွားလားမေးမိတာစိုးရိမ်တယ်ဖြစ်ရောလား၊..မနာဘူးဆိုလည်းသွားမယ်၊တော်ကြာအတန်းနောက်ကျနေဦးမယ်.."

'စိုးရိမ်ရင်စိုးရိမ်တယ်မပြောဘူး၊စိုးရိမ်လို့ပါပြောရင်ဒီကပျော်သွားမှာစိုးလို့လား'လို့မီနာစိတ်ထဲကနေသာတွေးလိုက်သည်။အသံထွက်ပြီးတော့မပြောရဲ၊တော်ကြာမှစိတ်ဆိုးသွားပြီး ဂျီမင်oppaနဲ့အတူ
ခက်ခက်ခဲခဲကြံစည်ခဲ့ရသောရည်းစားဖြစ်မြောက်ရေးလုပ်ကြံဇာတ်လေးမှာ ပလုံ..စွပ် ခနဲရေထဲကျသလိုပျောက်သွားမှာစိုးရသည်..။

.............

ဆိုးလ်မြို့တနေရာကစားသောက်ဆိုင်တစ်ဆိုင်သည်အရမ်းမကြီးသလို၊သေးလည်းမသေးအနေတော်လောက်ရှိမည်။ထိုဆိုင်လေးထဲစားသုံးသူများ၀င်လိုက်ထွက်လိုက်နှင့်ဆိုင်နှင့်မလိုက်အောင်စည်းကားလွန်းလှသည်။

အကြောင်းမှာဆိုင်ပိုင်ရှင်မှာချောပြီးဟင်းချက်ကောင်းလွန်းလှသောကြောင့်ဖြစ်သည်။ဆိုင်ရှင်လက်ရာဟင်းကိုမြည်းစမ်းချင်၍လာသူများလည်းရှိသလိုဆိုင်ရှင့်မျက်နှာချောချောကိုလာငမ်းသူအများအပြားလည်းရှိသည်။ထိုသူများသည်ဆိုင်ရှင်၏ဒယ်ပြားဒဏ်ကိုမခံစားကြဖူး၍လည်းဖြစ်နိုင်သည်။
(A/Nဆိုင်ရှင်လက်သံပြောင်ချက်ကိုဆိုင်ရှင်၏ယောကျာ်းထံတွင်သိချင်သူများသွားမေးလို့ရပါသည်။)

'Moon Love'ဆိုသောဆိုင်နာမည်အောက်တွင်ဆိုင်းပုတ်သေးသေးဖြင့်ရေးထားသည့်စာကြောင်း၂ကြောင်း​ကိုသဘောကျ၍လာစားသူတစ်ချို့လည်းရှိကြသည်။ထိုစာကြောင်းမှာ
'ဗိုက်ဆာလျှင်မည်သူမဆို၀င်စားခွင့်ရှိသည်'
'စားပြီးလျှင်တော့ပိုက်ဆံရှင်းရမည်'
ဆိုသောစာ​၂ကြောင်းပင်။

စာကြောင်းမှာခပ်​ကြောင်ကြောင်နိုင်လှသော်လည်း
ထိုစာကြောင်းလေးများမှာဆိုင်ရှင်၏ပျော်ရွှင်ရာဇစ်မြစ်ဖြစ်တာမို့စာရေးသူအပြောင်အပျက်မလုပ်ရဲပါ၊လုပ်မိလိုက်ပါကဆိုင်ရှင်၏ဒယ်ပြားစာမိမှာစိုးသောကြောင့်ဖြစ်သည်။

ဆိုင်သိမ်းချိန်မို့လူရှင်းနေသည်။
ထိုအချိန်ခါးပေါ်သို့နောက်မှသိုင်းဖက်လာသည့်လက်များကြောင့်ဆော့ဂျင်ပြုံးရသည်။
သူ၏နှစ်ယောက်မရှိသောယောကျာ်းအပြင်ဘယ်သူရှိမှာလဲ။

"ဆိုင်သိမ်းပြီလား၊hyung"ဟုရိုရိုသေသေမေးတတ်သောသူလေးသည်သူတို့စတွေ့တုန်းကလိုလေးစားမြဲ၊အဲလေ..နည်းနည်းဖျက်ဆီးရေးနတ်ဘုရားဓာတ်လေး၀င်ပူးနေတတ်တာကလွဲရင်ပေါ့၊
ဆိုင်ဖွင့်တုန်းကတော့လာကူပေးပေမယ့်ဆိုင်ထဲကပန်းကန်တွေကျကွဲတတ်လွန်းလို့၊ဒီလိုနဲ့ပန်းကန်ဖိုးနဲ့မွဲတော့မယ်လို့တွေးပြီးလာမကူခိုင်းတော့ခြင်းဖြစ်သည်။သို့ပေမယ့်အလိုက်သိတတ်သူလေးကဆိုင်သိမ်းချိန်တွင်တော့အမြဲတမ်းလာကြိုပေးသည်။

သူတို့၏ဘ၀လေးသည်အခုနောက်ပိုင်းသာသာယာယာနှင့်အဆင်ပြေနေသည်။အတိတ်တွင်တော့အဆင်မပြေမှုတွေချည်းမို့အခုအချိန်လေးကသက်တောင့်သက်သာနှင့်အေးအေးချမ်းချမ်းရှိလှသည်။

ဒီလိုမျိုးနေရဖို့ဘယ်လောက်တောင်ကြိုးစားခဲ့ရလဲဆိုတာသူတို့နှစ်ယောက်နှင့်ဂျီမင်လေးသာအသိဆုံးမို့အခုအချိန်လေးကိုတန်ဖိုးထားပါသည်။
ဂျီမင်ဆိုမှ...

သူတို့နှစ်ယောက်ကိုဒီလိုအေးအေးဆေးဆေးနေနိုင်အောင်ဒုက္ခတွေအမျာကြီးကြားမှာကူညီပေးခဲ့သော
ဂျီမင်ကိုတော့ဆော့ဂျင်သတိတရရှိလှသည်။
ကျွန်းရဲ့စည်းကမ်းတချို့ကိုတောင်ချိုးဖောက်ပြီးသူတို့ နှစ်ယောက်ကူညီပေးခဲ့တာ...
အခုဂျီမင်လေးဘာတွေလုပ်ပြီးဘယ်လိုနေမလဲမသိ။

အတွေးလွန်နေသောသူ့အတွေးကိုသိနေသောJoonသည်ဘာမှမမေး၊
နောက်ကနေငြိမ်ငြိမ်လေးဖက်ထားပေးသည်။
သို့ပေမယ့်Joonရဲ့မျက်နှာလေးဆီမှအသက်ရှူငွေ့နွေးနွေးကသူ့လည်တိုင်ဆီလာရိုက်ခတ်လေတော့လွတ်နေသောအတွေးတို့သတိပြန်၀င်လာရသည်။

"ကိုယ့်ယောကျာ်းကတော့ဒီနေ့လည်းအချိန်မှန်တာပဲ၊နေ့တိုင်းကိုအချိန်မှန်နေတော့တာပဲ"

"ကျွန်တော်နောက်ကျရင်Hyungစိတ်ဆိုးမှာစိုးလို့ပါ"

"စိတ်ဆိုးတော့ဘာဖြစ်လဲ၊မင်းကမချော့ချင်ဘူးလား"

"Hyungစိတ်ဆိုးရင်ကအချိန်ပြည့်ချော့လို့ရပါတယ်၊
ဒါပေမယ့်Hyungစိတ်ဆိုးရင်မျက်နှာလေးကနမ်းချင်စရာကောင်းလောက်အောင်ချစ်ဖို့ကောင်းလာတော့
ကျွန်တော်ကိုယ့်ကိုယ်ကိုမထိန်းနိုင်တော့မှာစိုးလို့"

"အမလေး...စကားတတ်တိုင်းလူကိုအရည်ပျော်အောင်ပြောနေပြန်ပြီ၊နမ်းချင်ရင်နမ်းချင်တယ်​လို့ဒီတိုင်းပြောလည်းရပါတယ်၊အရမ်းတွေဖွဲ့နွဲ့နေစရာ
မလိုပါဘူး"

"ကျွန်တော်ကHyungနဲ့တွေ့မှဒီလိုတွေဖွဲ့နွဲ့ဖူးတာပါဗျာ.."

"ငါနော်..ကဲ၊ဒီလိုတွေပြောတတ်တဲ့ငါ့ယောကျာ်းလေးကိုဆုချရမယ်၊လာခဲ့ဒီကို.."

ပြောပြီးသူ့ခါးပေါ်ကလက်တွေကိုဆွဲဖြုတ်ပြီးတစ်ဖက်လှည့်ကာJoonနှုတ်ခမ်းတွေကိုဆွဲယူကာနမ်းလိုက်သည်။

စနမ်းလာတာhyungဆိုပေမယ့်လည်းစွဲမက်စရာကောင်းတဲ့hyungနှုတ်ခမ်းတွေကြောင့်မိနစ်တော်တော်ကြာတဲ့အထိသူသည်မလွတ်ပေးဘဲဆက်လက်စုပ်ယူနမ်းရှိုက်နေမိသည်။
hyungကလည်းသူလွတ်မပေးမချင်းဆက်လက်နမ်းရှိုက်နေဆဲ...

သူတို့ကိုအခုချိန်မှာပျော်ရွှင်နေလားလို့မေးရင်သူတို့ပျော်ရွှင်နေသည်လို့ပင်ဖြေမည်မှာအမှန်။
တစ်ကိုယ်ကောင်းဆန်ပြီးရှေးရိုးစွဲသည့်နှစ်ဖက်မိဘကြောင့်စိတ်ဆင်းရဲရမှုသည်တစ်ရက်နှစ်ရက်မှမကဘဲ..

ဒါကြောင့်ဒီလိုလွတ်လွတ်လပ်လပ်လေးနေရတာကိုအမှန်ပင်ပျော်သည်။
အတိတ်သည်အတိတ်ပဲ..
ပြီးခဲ့တာတွေပြီးပါစေတော့၊ပြန်မတွေးချင်..

*SeokJin၏မိဘများမှာဇာမဏီမိုးကြိုးဂိုဏ်းတည်ထောင်သူများဖြစ်ကြသလို
NamJoonမိဘများကလည်းမရဏမုဒ်၀ဂိုဏ်းတည်ထောင်သူများဖြစ်သည်။
ဇာမဏီမိုးကြိုးနှင့်မရဏမုဒ်၀မှာတည်ထောင်စဥ်ကတည်းကမတည့်လေတော့သူတို့နှစ်ဦး၏အချစ်လမ်းခရီးမှာကြမ်းတမ်းခဲ့ရသည်။*

.............

ဒီနေ့ဂျောင်ဂုအိမ်မှာစာသင်တာ၃ရက်ရှိပြီ။
သူသင်တော့လည်းမဆိုးဘူး၊နားလည်သားပဲ၊
ဆရာဒိုထက်လည်းပိုရှင်းပြတက်တယ်၊ဆရာဒိုသိရင်တော့ကျွန်တော့်ကိုတစစီရိုက်ချိုးပစ်မလား၊
ဒါမှမဟုတ်သွေးပဲဆောင့်တက်သွားမလားမသိ
ဟဲဟဲ..
ဘာပဲဖြစ်ဖြစ်လေ၊ကျွန်တော်ကအမှန်ပြောတာပဲ၊
ဟုတ်တယ်မလား။

ပြီးတော့အတွင်းရေးမှုးယူကသူ့အမေနယ်ကိုခဏလောက်အနားယူချင်လို့ဆိုပြီးခွင့်တစ်လလောက်ယူသွားတယ်တဲ့၊ဒါနဲ့ပဲဂျောင်ဂုရဲ့ဆွဲထားမှုနဲ့ကျွန်တော်လည်းသူ့အိမ်မှာသောင်တင်နေတာဒီနေ့နဲ့ဆို၃ရက်ရှိပြီ၊၊

သူနဲ့အတူတူရှိနေရင်ပျော်တယ်၊
ရင်ထဲကအမည်မသိတဲ့ခံစားချက်တွေကိုတော့လျစ်လျူရှုထားလိုက်တယ်..။
ဒါပေမယ့်လျစ်လျူရှုထားတဲ့ခံစားချက်တွေကသူ့ကိုမြင်ရင်ပိုပိုပြီးဆိုးလာတယ်၊
ရင်ခုန်လွန်းလို့ရင်ဘတ်ကြီးတောင်ပေါက်ထွက်တော့မလိုပဲ...၊

ပြီးတော့သူပြုံးနေတာပဲဖြစ်ဖြစ်ရယ်စရာတွေ့လို့ရီတာပဲဖြစ်ဖြစ်ကျွန်တော့်ခေါင်းကထိုးထိုးကိုက်လာတယ်၊၊
အင်းးးအဲ့တာတော့နည်းနည်းထူးဆန်းတယ်မလား၊ပြီးတော့စိတ်ထဲမှာလဲအရေးကြီးတဲ့တစ်ခုခုကိုမေ့နေတယ်လို့ထင်နေတယ်၊၊တကယ့်အရေးကြီးကြီးတစ်ခုလို၊ဥပမာနဲ့နားလည်လွယ်အောင်
ပြောရမယ်ဆိုရင်............

ယောကျာ်းတစ်ယောက်ကသူ့မိန်းမကလေးမွေးခါနီးမလို့ဆေးရုံကိုအမြန်လာတာအိမ်မှာသူ့မိန်းမကိုမေ့ကျန်ခဲ့သလိုမျိုးကြီး၊
ဒါပေမယ့်ကျွန်တော့်မှာကမိန်းမမှမရှိတာ၊ဟုတ်တယ်မလား၊အဲ့တာဘာကိုမေ့နေမှန်းစဥ်းစားလို့ကိုမရဘူး၊၊

"ဂျီမင်..ဂျီမင်ဘာတွေတွေးနေတာလဲ"

"........"

ဂျောင်ဂုသည်ခေါ်နေသော်လည်းပြန်ထူးမလာသောကောင်လေးကိုစချင်မိ၍ခါးကိုကလိထိုးလိုက်သည်။

"အား ဟားးဟားးအားးအမေ့ ယားတယ်၊ဂျောင်ဂု၊
ယားးးဂျွန်ဂျောင်ဂု!!ဘာလို့လူကိုဘလိုင်းကြီးကလိလာထိုးနေတာလဲ!!"

"ကိုယ်ခေါ်နေတာမှပြန်မထူးတာ၊လူတစ်ယောက်လုံအနားလာခေါ်တာတောင်အတွေးယာဥ်ထဲမျောနေပြီး
တော့ခုမှလူကိုလာမအော်ရဘူးလေ၊"

"ရပ်!!ရပ်တော့ တကယ်ရပ်တော့၊
ယားးဂျောင်ဂုယားတယ်ရပ်ပါလို့ဆိုနေ၊​"

နည်းနည်းလောက်ကြာအောင်ကလိထပ်ထိုးပြီးမှသူဂျီမင်ကိုလွှတ်ပေးလိုက်သည်။

"ပြောပါဦး၊ခေါ်နေတာတောင်မကြားပဲဘာတွေ
ဒီလောက်တွေးနေရတာလဲ"

သူ့အကြောင်းတွေးလို့တွေးနေမှန်းမသိ၊လူကိုကလိလိုက်ထိုးဖို့ပဲတတ်တဲ့လူကြီးကိုမျက်စောင်းသာထိုးပစ်လိုက်သည်။

"အောဟော!!စိတ်ကောက်သွားတာပေါ့လေ၊ဟုတ်လား...
လူကိုထမင်းစားဖို့လာခေါ်တာပါဗျ၊
ပြီးရင်စာသင်ရမယ်ဗျ၊ဟုတ်ပြီလား၊လာထ ခေါက်ဆွဲပြုတ်ထားတယ်၊ပွကုန်လိမ့်မယ် "

"အင်းပါ၊ခေါက်ဆွဲတွေပွကုန်မှာစိုးလို့ထတာနော်၊စိတ်ကောက်နေတုန်းပဲ ဟွန့်!!"

"အားးး"

"ဟင်!ဘာဖြစ်တာလဲဂျောင်ဂု၊အဆင်ပြေရဲ့လား၊.."

"အ..မပြေဘူး.."

"ဟင် ဒါဆိုဆေးရုံသွားမှရမယ်ထင်တယ်၊"

"ဂျီမင်စိတ်ကောက်တဲ့ပုံစံလေး​ကကိုယ့်
ရင်ဘတ်ထဲထိသွားလို့.."

"အာာ!!လူကတကယ်ဖြစ်တယ်ထင်နေတာ၊ဒါနောက်စရာလား!!"

"ချစ်လို့စတာပါ၊လာလာ ခေါက်ဆွဲသွားစားရအောင်၊တော်ကြာပွကုန်လိမ့်မယ်"

ချစ်လို့စတာ..၊ချစ်လို့စတာ..အားးဘာလို့အဲ့လိုကြီးပြောရတာလဲ၊ရင်ခုန်လို့သေတော့မှာပဲ၊၊ရင်ဘတ်ထဲကအကောင်ကလည်းဒီလောက်ခုန်နေစရာလား!!၊၊

ဂျီမင်လည်းအခုန်မြန်နေတဲ့ရင်ဘတ်ထဲကအကျိုးမပေးကိုသာစိတ်ထဲကကြိတ်ကျိန်ဆဲရင်းခေါက်ဆွဲပြုတ်စားဖို့ဂျောင်ဂုနောက်ကိုလိုက်ခဲ့လိုက်သည်။

ဂျောင်ဂုဟင်းချက်တတ်လား၊မချက်တတ်လားတော့မသိ..။
သူလုပ်ပေးတာသည်ခေါက်ဆွဲပြုတ်နှင့်ထမင်းကြော်
ထို ၂မျိုးသာရှိသည်။အဲ့တာတွေကစားကောင်းပေမယ့်တစ်လလုံးကြီးအဲ့လိုစားရရင်တော့မဟုတ်သေးဘူးမလား။

"ဂျောင်ဂုဟင်းချက်တတ်လား.."

"အမ်??"

မေးလိုက်တာကိုနားမလည်ဘူးထင်သည်။
အမ်??ဆိုပြီးပြန်မေးလာသောJungkookကြောင့်...။

"ဟို  ဂျောင်ဂုဟင်းချက်တတ်လားလို့၊ဂျောင်ဂုလုပ်ပေးတာကခေါက်ဆွဲပြူတ်ရယ်၊ထမင်းကြော်ရယ်အဲ့၂မျိုးထဲမလို့လေ"

"အောာ်၊ဘာလို့လဲ"

"ပြီးတော့တစ်လလုံးကြီးဒါတွေချည်းစားလို့မရဘူးလေ၊ဟုတ်တယ်မလား၊အဲ့တာ​ကြောင်းဂျောင်ဂု
တစ်ခြားဟင်းချက်တတ်ရင်လည်းချက်ပါလားလို့၊အဲ့တာပြောတာ"

"အော်~~အင်းပါ၊မနက်ဖြန်ကိုယ်ချက်ကျွေးပါ့မယ်"

"ဟုတ် ဟုတ် ကျေးဇူး"

ပြောပြီးမျက်လုံးလေးမှေးသည်ထိရီပြနေသောထိုကောင်လေးကိုလည်းဂျောင်ဂုစိတ်မ၀င်စားအား၊
ကိုယ့်အတွေးနဲ့ကိုယ်အလုပ်ရှုပ်နေသည်။

ငါမှဟင်းမချက်တတ်တာ၊ဘယ်လိုချက်ရမှာလဲ??
ပြောလိုက်တဲ့ဒီပါးစပ်ဖြတ်ရိုက်ဖို့ကောင်းတယ်၊
ဘာလို့ငါအဲ့လိုပြောလိုက်မိတာလဲ!!
ထားပါတော့...
မထူးဘူး..၊ပြောပြီးပြီပဲရအောင်စမ်းချက်ကြည့်လိုက်တော့မယ်။

ဆိုပြီးရအောင်ဟင်းချက်မယ်လို့တွေးနေသောကေယင်လေးရှိသကဲ့သို့တစ်ဖက်တွင်လည်း

မနက်ဖြန်ကျဂျောင်ဂုချက်ထားတဲ့လက်ရာသစ်ကို
အပီဆွဲပစ်ဟုတွေးနေသောကောင်လေးလဲရှိခဲ့ပါသည်...။

(A/Nနောက်အပိုင်းမှာမီဖိုချောင်ကြီးကိုမီးလောင်အောင်လုပ်မယ့်ကိုဂျောင်ဂုရဲ့အလွဲများအကြောင်းကိုရေးပေးသွားပါ့မယ်၊ဒီအပိုင်းမှာရေးရင်တော်တော်ကြီးရှည်ပြီးဖတ်ရတာအီသွားမှာစိုးလို့ပါနော်)

.................................

TBC~~~8247

ဒီတစ်ခေါက်တော့တော်တော်ကြာသွားပါတယ်၊၊
အဲ့တာကြောင့်အရှည်ကြီးရေးပေးလိုက်ပါတယ်။
စာမေးပွဲနီးလို့စာကျက်နေရတာနဲ့မအားလို့ပါ၊
ဒီထဲမှာမြုပ်ကွက်လေးတွေပါလာပါပြီ၊
ခန့်မှန်းသွားကြလို့လည်းစိတ်မဆိုးပါဘူး၊
Namjinလေးလဲပါလာပါပြီ။

jikook,taegi,namjinနဲ့hoseokတို့အကုန်လုံး
လွတ်လပ်သောနယ်မြေကြီးနဲ့ပတ်သက်ပါတယ်၊၊
ဒါလေးရေးဖို့စိတ်ကူးကဇာတ်လမ်းတစ်ပုဒ်ဖတ်ရင်း
နဲ့စဥ်းစားမိတာပါ၊တစ်ချို့နေရာလေးတွေတူတာ
နည်းနည်းတော့ရှိမယ်၊
ဒါပေမယ့်အရမ်းကြီးမတူပါဘူး၊၊

yoongi,hoseokလေးကိုတော့ခဏလောက်သိမ်းထားလိုက်ဦးမယ်၊၊
ကောင်းမကောင်းလဲဝေဖန်ကြပါဦးလို့၊ဒီမှာလူကဘာမှမန့်သွားတာမတွေ့တော့ရေးရတာတောင်စိတ်အားငယ်လာပြီ၊၊

အခုတော့စာဖတ်သွားတဲ့နတ်သား၊နတ်သမီးချောလေးများဘယ်လောက်ရှိလဲဆိုတာသိရဖို့ဘေးနားကကြယ်လေးကိုနှိပ်ပေးသွားပြီး၊တစ်ယောက်တစ်ကြောင်းစီလောက်၀င်မန့်ပေးသွားကြပါနော်၊၊
မန့်ပေးကြမယ်မလား။

မသိတာနားမလည်တာရှိရင်လည်းလာမေး
လို့ရပါတယ်။ဒါနဲ့Updateလေးကိုခဏလောက်ရပ်ထားလို့ရမလား??မရလဲပြောပါရေးပေးပါ့မယ်၊၊
                                                     
                                                 

Continue Reading

You'll Also Like

1.5K 183 4
နှလုံးသားကို သိမ်းထုပ်သွားတဲ့ မောင့်ရဲ့လက်ကိုင်ပဝါလေး ~ (uni/zawgyi)
266 76 1
ကျွန်တော်....ကျွန်တော်ကသူမဟုတ်ဘူး။
2.5K 253 7
JUNGKOOK×JIMIN YOONGI×TAEHYUNG NAMJOON×SEOKJIN JIKOOK TAEGI NAMJIN HOSEOK