Unicode
မနက် ၇နာရီခွဲ
၈နာရီကျောင်းတက်မှာမို့
အခုအိမ်ကထွက်ရတော့မည်။
ပထမဆုံးနေ့မို့ မေမေရော ဖေဖေရောလိုက်ပို့ကြသည်။ အရမ်းမဆော့ဖို့၊ သူငယ်ချင်းရှာဖို့
ကြားနေရတာ အခေါက်ခေါက်အခါခါ။
"သိပါပြီ မေမေရာ မကောင်းတဲ့သူတွေဆိုရှောင်ဖို့ အနိုင်ကျင့်ခံရရင် တိုင်ဖို့ ဒါတွေပဲမလား မေမေမနေ့တည်းက တောက်လျှောက်ပြောနေတာ သိပါတယ်"
"အမေကိုလူကြီးပြန်မလုပ်ပါနဲ့ နင်ကအဆော့သန်လို့ သူများဒုက္ခပေးသလိုဖြစ်မှာစိုးလို့
အခုပဲ အသက်က ၁၅ နှစ်ကျော်နေပြီ
အထက်တန်းတောင်တက်ရတော့မယ် ကလေးလို ဆော့လို့ကောင်းတုန်းလေ"
"ဟုတ်ပါပြီ မပြောတော့ပါဘူး ကျောင်းထဲဝင်တော့မယ် တာ့တာ"
"အေး သွားတော့ သွားတော့ ညနေမေမေတို့
ထပ်လာကြိုမယ်နော်"
"ဟုတ်"
လက်ပြကာ ကျောင်းထဲသာဝင်လာခဲ့သည်။
အိမ်နဲ့သိပ်မဝေးတာမို့ နောက်နေ့ဆို ကိုယ့်ဟာကိုယ်လာရတော့မည်။ အသက်လည်းကြီးလာပြီ။
ကိုယ့်အားကိုယ်ကိုးတော့တဲ့။ အရမ်းကြီးကြီးတာလည်း မဟုတ်ပဲနဲ့ အခုမှ ဆယ်ကျော်သက်ရဲ့ တစ်ပိုင်းကျိုးကိုဗျာ။
အတွေးပေါင်းစုံနဲ့ ဟိုကြည့်ဒီကြည့်လျှောက်လာမိရင်း
ဘုတ်~
"အာ့"
သူများကိုသွားဆောင့်မိတာမို့ ရုတ်တရက်နာသွားသော်လည်း အပြစ်သွားတင်လို့မရ။
တစ်ဖက်က လာမေးသံကြားလိုက်သည်။
"ဘာဖြစ်သွားသေးလဲ အဆင်ပြေရဲ့လား"
"အာ ရပါတယ် ကျွန်တော်ဝင်တိုက်မိတာပဲ
ဘာမှမဖြစ်ပါဘူး အမ်...မင်းရောဘာဖြစ်သွားသေးလဲ"
"ကျွန်တော်လည်းရပါတယ် နောက်ဆိုရင်တော့ဂရုစိုက်သွားပါ"
"ဟုတ်ကဲ့ ကျေးဇူးပါ"
ပုံစံကြည့်ရတာ အသက်ကရွယ်တူလောက်ပဲနေမည်။ ဘယ်နှတန်းလဲတော့မသိ။
ကိုယ်ကမှားတာမို့ ဒီတိုင်းတောင်းပန်ပြီး
အတွေးဖြတ်ကာ ဆရာမနားနေခန်းသို့သာ
သွားလိုက်သည်။
ကျောင်းတက်တော့ အတန်းပိုင်ဆရာမအချိန်မို့
ဆရာမက နှုတ်ဆက်ပေးသည်။
"သားတို့ သမီးတို့ ဒါ ဒီနှစ်ဆရာမတို့ အတန်းရဲ့
ကျောင်းသားသစ်ပဲ နာမည်က Kim Tae Hyung တဲ့ ကူညီပေးလိုက်ကြပါဦး"
"ဟုတ်ကဲ့ ကျွန်တော်က Kim Tae Hyung လို့ခေါ်ပါတယ် ဒီနှစ်မှ ကျောင်းပြောင်းလာတာမို့
အခက်အခဲတွေရှိရင် ကူညီပေးကြပါဦး အားလုံးကိုခင်ချင်ပါတယ်"
"ဟုတ်ပြီ သား လွတ်တဲ့နေရာမှာပဲ
သွားထိုင်လိုက်တော့နော်"
"ဟုတ်ကဲ့"
___________
မနက်လာတည်းက နည်းနည်းခေါင်းမူးချင်လို့
မှိန်းနေတုန်း ဆရာမအသံကြားလိုက်ရသည်။
နောက် ကျောင်းသားသစ်တဲ့။
အသံကြားလိုက်ရတော့ ကြားဖူးနေတာမို့
မျက်လုံးဖွင့်ကြည့်လိုက်မိသည်။
မနက်က ဝင်တိုက်တဲ့တစ်ယောက်ပဲ။
Kim Tae Hyung တဲ့လား။
ဘေးနားကခုံမှာ လာဝင်ထိုင်ပြီး ဟိုကြည့်ဒီကြည့်၍ ဒီဘက်ကိုလှည့်လာသည်။
နည်းနည်းတော့ အံ့သြသွားတဲ့ပုံ။
မနက်တည်းက ဘာတွေအတွေးများနေလည်းမသိဘူး။ လမ်းရှင်းနေတဲ့ နေရာကြီးမှာ လူကိုလာဝင်တိုက်တာ။ ပုံစံကတော့ အူကြောင်ကြောင်လေးနဲ့။
လူကိုတွေ့တော့ နှုတ်ဆက်လာသည်။
"မင်္ဂလာပါ မနက်က ငါဝင်တိုက်မိတဲ့သူမလား
အဲ့အတွက် တောင်းပန်ပါတယ် ငါက Kim Tae Hyung ပါ"
"ရပါတယ် ဘာမှမှ မဖြစ်သွားတာပဲ
ငါက Jeon Jung Kook"
"အိုခေ နောက်ခင်သွားလို့ရတယ်မလား"
"ရတယ် မင်းအဆင်ပြေရင်ပေါ့"
စတွေ့တည်းက စကားတွေ အများကြီးပြောနေတာပဲ။ ပုံစံကဖြင့် အေးတိအေးစက်ရုပ်နဲ့ စကားများမယ်လို့ ထင်တောင်မထင်ထား။
သာလိကာလိုပဲ။ စစချင်းတွေ့တဲ့နေ့မှာတင်
သူငယ်ချင်းလာလုပ်တာ။ ပေါင်းသင်းဆက်ဆံရေးကိုတော့ အံ့သြမိပါတယ်။
'Kim Tae Hyung.....စိတ်ဝင်စားဖို့ကောင်းသားပဲ'
________
မနက်ပိုင်းအချိန်ပြီးတော့ break time ဆင်းသည်။
စစချင်းတွေ့တည်းက ရင်းနှီးသလို ခံစားနေရလို့ Jeon Jung Kook အား သူငယ်ချင်းလုပ်ရအောင်လို့ စပြောခဲ့မိသည်။
'Kim Tae Hyung အား ရှီး တကယ်ရူးနေတာပဲ မင်းမာနတွေဘယ်ရောက်သွားပြီလဲ'
Jeon Jung Kook အား အေးတိအေးစက်လို့ထင်ပြီး သူ့ပေါင်းတဲ့သူရောရှိပါ့မလားဟု ထင်သော်ငြား canteen သွားဖို့ သူ့သူငယ်ချင်း
အုပ်လိုက်ကြီးက လာခေါ်သည်ကိုတွေ့တော့
'အော် သူငယ်ချင်းတော့ရှိသားပဲ'
သူငယ်ချင်းတွေက အများကြီး ဘာလို့သူတစ်ယောက်တည်း အခန်းလာကွဲနေတာလဲတော့မသိ။
ကိုယ်ကသာ ခင်ဖို့ပြောခဲ့လို့ ဟိုက ဝတ္တရားအရ
ပြန်ပြောခဲ့သည်ထင်တာ။
သူတို့နဲ့ တူတူလိုက်ခဲ့ဖို့ ခေါ်သဖြင့်
အံ့သြမိပြန်လေသည်။
ဟိုရောက်တော့ နှုတ်ဆက်ပေးလာသည်။
"Tae Hyung! ဒါက Jung Hoseok
ဒါက Kim Nam Joon ဒီဘက်က Kim Seok Jin
သူတို့က ညီအစ်ကိုဝမ်းကွဲတွေ....သူက Song Na Hee ငါ့ရည်းစား...ဟိုဘက်က သူ့သူငယ်ချင်း Bae Yura"
အားလုံးက နှုတ်ဆက်ပေးခံရလို့ ဝတ္တရားအရ အသိအမှတ်ပြန်ပြုသိလားမသိ။ ခေါင်းသာငြိမ့်ပြပြီး ဘာမှပြန်မပြော။
နှုတ်ဆက်ပေးသော စကားအရှည်ကြီးထဲ
သူ့ရည်းစားဟူသော အသံကိုကြားတော့
စိတ်ထဲ ဘဝင်မကျဖြစ်မိသည်။
ဘာလို့ စစချင်းနေ့မှာတင် အခုမှသိတဲ့လူကို
သူ့ရည်းစားအထိ ပြောပြနေရတာလဲ။ မခေါ်ချင်မပေါင်းချင်တဲ့ပုံစံနဲ့ပေမယ့် အဲ့လိုရင်းနှီးတတ်သေးတာလား။
ငါကရော ဘာလို့စိတ်ထဲခုနေရတာလဲ။
သူနဲ့ငါနဲ့ မနက်ကမှသိတာလေ။ သူ့ကိစ္စက
ငါနဲ့မှ မဆိုင်တာ။
'Kim Tae Hyung မင်းအတွေးလွန်နေပြန်ပြီ'
"ဟုတ်ကဲ့ ကျွန်တော်က Kim Tae Hyung ပါ
ဒီနှစ်မှပြောင်းလာတဲ့ ကျောင်းသားသစ်ပါ
လိုအပ်တာရှိရင် ကူညီပေးကြပါဦး"
Hoseok က အံ့သြသွားသည့် ပုံစံဖြင့်
"wow Jeon Jung Kook က အပေါင်းအသင်းအရမ်းရွေးတာ ပြောရဆိုရလည်း လက်ပေါက်ကပ်လွန်းလို့ ဒီကျောင်းမှာ သူ့သူငယ်ချင်းဆိုလို့ ငါတို့ပဲရှိတယ်လေ ဟားဟား"
"အာ ဟုတ်လား အဲ့လိုရွေးပေါင်းတတ်တဲ့အထဲကမှ ကျွန်တော်ပါရတာ ကံကောင်းတာပေါ့ဗျာ"
Hoseok နဲ့ သူနဲ့သာ ပြောနေဖြစ်ပြီး ကျန်တဲ့သူတွေက ဘာမှဝင်မပြော။
ဟိုညီအစ်ကိုနှစ်ယောက်ကလည်း မျက်နှာသေနဲ့သာ ထိုင်ကြည့်နေကြပြီး Song Na Hee နှင့် Bae Yura ကလည်း ဒီတိုင်း နားထောင်နေကြသည်။
Jung Kook ကတော့ သူ့အကြောင်း အဖော်ခံရလို့ အလိုမကျသလို Hoseok ကိုစိုက်ကြည့်နေသည်။
"နှုတ်ဆက်တာတော်ပြီ စားစရာရှိတာစားကြ အဲ့တာနဲ့ ကျောင်းပြန်တက်တော့မယ်"
Jung Kook က စကားပြန်ဝင်ထောက်မှာသာ
သူတို့လည်း စားဖြစ်ကြသည်။
တကယ်တော့ Tae Hyung နေ့တိုင်း canteen မလာချင်ပါ။ လူများလွန်းသောကြောင့်ဖြစ်သည်။ Daegu မှာတောင် တော်ရုံ မုန့်ဈေးတန်းဘက်မသွား။
သို့သော် ဒီနေ့ ပထမဆုံးနေ့မှာတင်
မထင်မှတ်ထားဘဲ သူငယ်ချင်းအများကြီးရသွားသဖြင့် အဲ့တာကိုပင်အာရုံမထားပဲ ပျော်နေမိပါသည်။
အရင်ကျောင်းမှာက ငြိမ်ငြိမ်နေတတ်သူမို့
သူငယ်ချင်းဟူ၍လည်း သိပ်မရှိ။ ရှိသည့်သူငယ်ချင်းများကလည်း သူ့လိုပဲဖြစ်သောကြောင့်
အပျော်ထက် စာကိုပဲစုလုပ်ခဲ့ကြတာများသည်။
အခုတော့ Jung Kook တို့နဲ့တွေ့မှ သူလည်း
ခေါ်မည်ဆို ဒီကိုနေ့တိုင်းပင် လိုက်လာပါမည်။
ဒီအချိန်အခါမျိုးကို ဆယ်ကျော်သက်အရွယ်မဆုံးခင်မှာ ခံစားဖူးသွားသင့်သေးသည်လေ။
11.5.2022
>>>>>><<<<<
Zawgyi
မနက္ ၇နာရီခြဲ
၈နာရီေက်ာင္းတက္မွာမို႔
အခုအိမ္ကထြက္ရေတာ့မည္။
ပထမဆုံးေန႔မို႔ ေမေမေရာ ေဖေဖေရာလိုက္ပို႔ၾကသည္။ အရမ္းမေဆာ့ဖို႔၊ သူငယ္ခ်င္းရွာဖို႔
ၾကားေနရတာ အေခါက္ေခါက္အခါခါ။
"သိပါၿပီ ေမေမရာ မေကာင္းတဲ့သူေတြဆိုေရွာင္ဖို႔ အႏိုင္က်င့္ခံရရင္ တိုင္ဖို႔ ဒါေတြပဲမလား ေမေမမေန႔တည္းက ေတာက္ေလွ်ာက္ေျပာေနတာ သိပါတယ္"
"အေမကိုလူႀကီးျပန္မလုပ္ပါနဲ႔ နင္ကအေဆာ့သန္လို႔ သူမ်ားဒုကၡေပးသလိုျဖစ္မွာစိုးလို႔
အခုပဲ အသက္က ၁၅ ႏွစ္ေက်ာ္ေနၿပီ
အထက္တန္းေတာင္တက္ရေတာ့မယ္ ကေလးလို ေဆာ့လို႔ေကာင္းတုန္းေလ"
"ဟုတ္ပါၿပီ မေျပာေတာ့ပါဘူး ေက်ာင္းထဲဝင္ေတာ့မယ္ တာ့တာ"
"ေအး သြားေတာ့ သြားေတာ့ ညေနေမေမတို႔
ထပ္လာႀကိဳမယ္ေနာ္"
"ဟုတ္"
လက္ျပကာ ေက်ာင္းထဲသာဝင္လာခဲ့သည္။
အိမ္နဲ႔သိပ္မေဝးတာမို႔ ေနာက္ေန႔ဆို ကိုယ့္ဟာကိုယ္လာရေတာ့မည္။ အသက္လည္းႀကီးလာၿပီ။
ကိုယ့္အားကိုယ္ကိုးေတာ့တဲ့။ အရမ္းႀကီးႀကီးတာလည္း မဟုတ္ပဲနဲ႔ အခုမွ ဆယ္ေက်ာ္သက္ရဲ႕ တစ္ပိုင္းက်ိဳးကိုဗ်ာ။
အေတြးေပါင္းစုံနဲ႔ ဟိုၾကည့္ဒီၾကည့္ေလွ်ာက္လာမိရင္း
ဘုတ္~
"အာ့"
သူမ်ားကိုသြားေဆာင့္မိတာမို႔ ႐ုတ္တရက္နာသြားေသာ္လည္း အျပစ္သြားတင္လို႔မရ။
တစ္ဖက္က လာေမးသံၾကားလိုက္သည္။
"ဘာျဖစ္သြားေသးလဲ အဆင္ေျပရဲ႕လား"
"အာ ရပါတယ္ ကြၽန္ေတာ္ဝင္တိုက္မိတာပဲ
ဘာမွမျဖစ္ပါဘူး အမ္...မင္းေရာဘာျဖစ္သြားေသးလဲ"
"ကြၽန္ေတာ္လည္းရပါတယ္ ေနာက္ဆိုရင္ေတာ့ဂ႐ုစိုက္သြားပါ"
"ဟုတ္ကဲ့ ေက်းဇူးပါ"
ပုံစံၾကည့္ရတာ အသက္က႐ြယ္တူေလာက္ပဲေနမည္။ ဘယ္ႏွတန္းလဲေတာ့မသိ။
ကိုယ္ကမွားတာမို႔ ဒီတိုင္းေတာင္းပန္ၿပီး
အေတြးျဖတ္ကာ ဆရာမနားေနခန္းသို႔သာ
သြားလိုက္သည္။
ေက်ာင္းတက္ေတာ့ အတန္းပိုင္ဆရာမအခ်ိန္မို႔
ဆရာမက ႏႈတ္ဆက္ေပးသည္။
"သားတို႔ သမီးတို႔ ဒါ ဒီႏွစ္ဆရာမတို႔ အတန္းရဲ႕
ေက်ာင္းသားသစ္ပဲ နာမည္က Kim Tae Hyung တဲ့ ကူညီေပးလိုက္ၾကပါဦး"
"ဟုတ္ကဲ့ ကြၽန္ေတာ္က Kim Tae Hyung လို႔ေခၚပါတယ္ ဒီႏွစ္မွ ေက်ာင္းေျပာင္းလာတာမို႔
အခက္အခဲေတြရွိရင္ ကူညီေပးၾကပါဦး အားလုံးကိုခင္ခ်င္ပါတယ္"
"ဟုတ္ၿပီ သား လြတ္တဲ့ေနရာမွာပဲ
သြားထိုင္လိုက္ေတာ့ေနာ္"
"ဟုတ္ကဲ့"
___________
မနက္လာတည္းက နည္းနည္းေခါင္းမူးခ်င္လို႔
မွိန္းေနတုန္း ဆရာမအသံၾကားလိုက္ရသည္။
ေနာက္ ေက်ာင္းသားသစ္တဲ့။
အသံၾကားလိုက္ရေတာ့ ၾကားဖူးေနတာမို႔
မ်က္လုံးဖြင့္ၾကည့္လိုက္မိသည္။
မနက္က ဝင္တိုက္တဲ့တစ္ေယာက္ပဲ။
Kim Tae Hyung တဲ့လား။
ေဘးနားကခုံမွာ လာဝင္ထိုင္ၿပီး ဟိုၾကည့္ဒီၾကည့္၍ ဒီဘက္ကိုလွည့္လာသည္။
နည္းနည္းေတာ့ အံ့ၾသသြားတဲ့ပုံ။
မနက္တည္းက ဘာေတြအေတြးမ်ားေနလည္းမသိဘူး။ လမ္းရွင္းေနတဲ့ ေနရာႀကီးမွာ လူကိုလာဝင္တိုက္တာ။ ပုံစံကေတာ့ အူေၾကာင္ေၾကာင္ေလးနဲ႔။
လူကိုေတြ႕ေတာ့ ႏႈတ္ဆက္လာသည္။
"မဂၤလာပါ မနက္က ငါဝင္တိုက္မိတဲ့သူမလား
အဲ့အတြက္ ေတာင္းပန္ပါတယ္ ငါက Kim Tae Hyung ပါ"
"ရပါတယ္ ဘာမွမွ မျဖစ္သြားတာပဲ
ငါက Jeon Jung Kook"
"အိုေခ ေနာက္ခင္သြားလို႔ရတယ္မလား"
"ရတယ္ မင္းအဆင္ေျပရင္ေပါ့"
စေတြ႕တည္းက စကားေတြ အမ်ားႀကီးေျပာေနတာပဲ။ ပုံစံကျဖင့္ ေအးတိေအးစက္႐ုပ္နဲ႔ စကားမ်ားမယ္လို႔ ထင္ေတာင္မထင္ထား။
သာလိကာလိုပဲ။ စစခ်င္းေတြ႕တဲ့ေန႔မွာတင္
သူငယ္ခ်င္းလာလုပ္တာ။ ေပါင္းသင္းဆက္ဆံေရးကိုေတာ့ အံ့ၾသမိပါတယ္။
'Kim Tae Hyung.....စိတ္ဝင္စားဖို႔ေကာင္းသားပဲ'
________
မနက္ပိုင္းအခ်ိန္ၿပီးေတာ့ break time ဆင္းသည္။
စစခ်င္းေတြ႕တည္းက ရင္းႏွီးသလို ခံစားေနရလို႔ Jeon Jung Kook အား သူငယ္ခ်င္းလုပ္ရေအာင္လို႔ စေျပာခဲ့မိသည္။
'Kim Tae Hyung အား ရွီး တကယ္႐ူးေနတာပဲ မင္းမာနေတြဘယ္ေရာက္သြားၿပီလဲ'
Jeon Jung Kook အား ေအးတိေအးစက္လို႔ထင္ၿပီး သူ႔ေပါင္းတဲ့သူေရာရွိပါ့မလားဟု ထင္ေသာ္ျငား canteen သြားဖို႔ သူ႔သူငယ္ခ်င္း
အုပ္လိုက္ႀကီးက လာေခၚသည္ကိုေတြ႕ေတာ့
'ေအာ္ သူငယ္ခ်င္းေတာ့ရွိသားပဲ'
သူငယ္ခ်င္းေတြက အမ်ားႀကီး ဘာလို႔သူတစ္ေယာက္တည္း အခန္းလာကြဲေနတာလဲေတာ့မသိ။
ကိုယ္ကသာ ခင္ဖို႔ေျပာခဲ့လို႔ ဟိုက ဝတၱရားအရ
ျပန္ေျပာခဲ့သည္ထင္တာ။
သူတို႔နဲ႔ တူတူလိုက္ခဲ့ဖို႔ ေခၚသျဖင့္
အံ့ၾသမိျပန္ေလသည္။
ဟိုေရာက္ေတာ့ ႏႈတ္ဆက္ေပးလာသည္။
"Tae Hyung! ဒါက Jung Hoseok
ဒါက Kim Nam Joon ဒီဘက္က Kim Seok Jin
သူတို႔က ညီအစ္ကိုဝမ္းကြဲေတြ....သူက Song Na Hee ငါ့ရည္းစား...ဟိုဘက္က သူ႔သူငယ္ခ်င္း Bae Yura"
အားလုံးက ႏႈတ္ဆက္ေပးခံရလို႔ ဝတၱရားအရ အသိအမွတ္ျပန္ျပဳသိလားမသိ။ ေခါင္းသာၿငိမ့္ျပၿပီး ဘာမွျပန္မေျပာ။
ႏႈတ္ဆက္ေပးေသာ စကားအရွည္ႀကီးထဲ
သူ႔ရည္းစားဟူေသာ အသံကိုၾကားေတာ့
စိတ္ထဲ ဘဝင္မက်ျဖစ္မိသည္။
ဘာလို႔ စစခ်င္းေန႔မွာတင္ အခုမွသိတဲ့လူကို
သူ႔ရည္းစားအထိ ေျပာျပေနရတာလဲ။ မေခၚခ်င္မေပါင္းခ်င္တဲ့ပုံစံနဲ႔ေပမယ့္ အဲ့လိုရင္းႏွီးတတ္ေသးတာလား။
ငါကေရာ ဘာလို႔စိတ္ထဲခုေနရတာလဲ။
သူနဲ႔ငါနဲ႔ မနက္ကမွသိတာေလ။ သူ႔ကိစၥက
ငါနဲ႔မွ မဆိုင္တာ။
'Kim Tae Hyung မင္းအေတြးလြန္ေနျပန္ၿပီ'
"ဟုတ္ကဲ့ ကြၽန္ေတာ္က Kim Tae Hyung ပါ
ဒီႏွစ္မွေျပာင္းလာတဲ့ ေက်ာင္းသားသစ္ပါ
လိုအပ္တာရွိရင္ ကူညီေပးၾကပါဦး"
Hoseok က အံ့ၾသသြားသည့္ ပုံစံျဖင့္
"wow Jeon Jung Kook က အေပါင္းအသင္းအရမ္းေ႐ြးတာ ေျပာရဆိုရလည္း လက္ေပါက္ကပ္လြန္းလို႔ ဒီေက်ာင္းမွာ သူ႔သူငယ္ခ်င္းဆိုလို႔ ငါတို႔ပဲရွိတယ္ေလ ဟားဟား"
"အာ ဟုတ္လား အဲ့လိုေ႐ြးေပါင္းတတ္တဲ့အထဲကမွ ကြၽန္ေတာ္ပါရတာ ကံေကာင္းတာေပါ့ဗ်ာ"
Hoseok နဲ႔ သူနဲ႔သာ ေျပာေနျဖစ္ၿပီး က်န္တဲ့သူေတြက ဘာမွဝင္မေျပာ။
ဟိုညီအစ္ကိုႏွစ္ေယာက္ကလည္း မ်က္ႏွာေသနဲ႔သာ ထိုင္ၾကည့္ေနၾကၿပီး Song Na Hee ႏွင့္ Bae Yura ကလည္း ဒီတိုင္း နားေထာင္ေနၾကသည္။
Jung Kook ကေတာ့ သူ႔အေၾကာင္း အေဖာ္ခံရလို႔ အလိုမက်သလို Hoseok ကိုစိုက္ၾကည့္ေနသည္။
"ႏႈတ္ဆက္တာေတာ္ၿပီ စားစရာရွိတာစားၾက အဲ့တာနဲ႔ ေက်ာင္းျပန္တက္ေတာ့မယ္"
Jung Kook က စကားျပန္ဝင္ေထာက္မွာသာ
သူတို႔လည္း စားျဖစ္ၾကသည္။
တကယ္ေတာ့ Tae Hyung ေန႔တိုင္း canteen မလာခ်င္ပါ။ လူမ်ားလြန္းေသာေၾကာင့္ျဖစ္သည္။ Daegu မွာေတာင္ ေတာ္႐ုံ မုန႔္ေဈးတန္းဘက္မသြား။
သို႔ေသာ္ ဒီေန႔ ပထမဆုံးေန႔မွာတင္
မထင္မွတ္ထားပဲ သူငယ္ခ်င္းအမ်ားႀကီးရသြားသျဖင့္ အဲ့တာကိုပင္အာ႐ုံမထားပဲ ေပ်ာ္ေနမိပါသည္။
အရင္ေက်ာင္းမွာက ၿငိမ္ၿငိမ္ေနတတ္သူမို႔
သူငယ္ခ်င္းဟူ၍လည္း သိပ္မရွိ။ ရွိသည့္သူငယ္ခ်င္းမ်ားကလည္း သူ႔လိုပဲျဖစ္ေသာေၾကာင့္
အေပ်ာ္ထက္ စာကိုပဲစုလုပ္ခဲ့ၾကတာမ်ားသည္။
အခုေတာ့ Jung Kook တို႔နဲ႔ေတြ႕မွ သူလည္း
ေခၚမည္ဆို ဒီကိုေန႔တိုင္းပင္ လိုက္လာပါမည္။
ဒီအခ်ိန္အခါမ်ိဳးကို ဆယ္ေက်ာ္သက္အ႐ြယ္မဆုံးခင္မွာ ခံစားဖူးသြားသင့္ေသးသည္ေလ။
11.5.2022