"သခင်လေးကမာနကြီးလွန်းတယ်"
Part- 23
For unicode
ဒီတစ်ပတ်အတွင်းမှာရှောင်းကျန့်ကတမှိုင်မှိုင်။ ဝမ်ရိပေါ်သွားရဖို့ရက်နီးလာလေလေသူစိတ်ချလက်ချတောင်အိပ်မပျော်တော့။ နောက်ဆုံးဝမ်ရိပေါ်သွားရဖို့ရက်မှာတော့ရှောင်းကျန့်ကမငိုဘူးလို့တင်းထားပေမယ့်မျက်ရည်တွေကသူ့အလိုလိုစီးကျလာတော့သည်။ ဝမ်ရိပေါ်ကလည်းရှောင်းကျန့်ငိုနေတော့ခရီးမထွက်နိုင်တော့။ မသွားခင်လေးရှောင်းကျန့်အငိုတိတ်အောင်ပြေးချော့ရသေးသည်။
"ရှောင်း မငိုနဲ့တော့
ကိုယ်ဘယ်လောက်မှမကြာဘဲပြန်လာခဲ့မှာ
ကိုယ့်ကိုဘာဘဲဖြစ်ဖြစ်စောင့်နေပေးပါနော်
တိတ်တော့"
"ရိပေါ် အီး
ငါမငိုချင်ဘူး ငါမငိုချင်တော့ဘူး
ငါစိတ်ထဲနေလို့မကောင်းဘူးဖြစ်နေတယ်"
"တစ်ပတ်လောက်ဆိုနေသားကျသွားမှာပါ
ကိုယ်မရှိပေမယ့်ကိုယ့်ကိုယ်ပွားလေးရှိတယ်လေ
တိတ်တော့နော်"
"မြန်မြန်ပြန်လာရမယ်နော် ရိပေါ်
ငါတစ်မျိုးကြီးဖြစ်နေတယ်"
"ကျန့်အာ မငိုနဲ့တော့
နမိတ်မကောင်းဘူး သားအဲ့လိုဖြစ်နေရင်သွားမယ့်လူလည်းစိတ်ကောင်းမှာမဟုတ်ဘူး"
နောက်ဆုံးရှောင်းမားကဝင်ပြောမှသာရှောင်းကျန့်ကမျက်ရည်တွေကိုကပြာကယာသုတ်ပြီးဝမ်ရိပေါ်ကိုမော့ကြည့်၏။ ဝမ်ရိပေါ်ကထိုင်နေသူရဲ့နဖူးလေးကိုငုံ့နမ်းကာဆံပင်တွေကိုလည်းအသာပွတ်ပေး၏။ ကျောကိုအသာပွတ်ပေးလိုက်တော့ရှောင်းကျန့်ကဝမ်ရိပေါ်ခါးကိုဖက်ကာဝမ်ရိပေါ်ဗိုက်ပေါ်မှာမျက်နှာအပ်ထားပြန်တယ်။
"ငါအရင်ထက်ပျော့ညံ့လာသလိုခံစားရတယ်ရိပေါ်.."
"ရှောင်းကမပျော့ညံ့ပါဘူး ဗိုက်ထဲကကောင်လေးပျော့ညံ့တာဘဲနေမှာ"
"မမွေးခင်ရောက်အောင်ပြန်လာရမယ်နော်
တကယ်လို့တစ်ခုခု.."
"ရှူး..ဆက်မပြောနဲ့တော့
တကယ်လို့ဆိုတာမရှိဘူး ကိုယ်တို့နှစ်ယောက်လုံးကလေးကြီးလာတာကိုအတူတူစောင့်ကြည့်ကြမယ်
အတူတူအိုမင်းကြမယ် ဒုက္ခ၊သုခတွေကိုအတူမျှဝေကြမယ်
ဒီတစ်ခါပြီးရင်ကိုယ်တို့ထပ်မခွဲတော့ဘူး"
"အင်း ငါစောင့်နေမယ်"
"ကိုယ်ကစကားသိပ်မပြောတတ်ဘူး
ကိုယ့်လိုကောင်ကိုချစ်ပေးလို့ကျေးဇူးပါရှောင်းရာ"
"မင်းကငါ့အချစ်နဲ့ထိုက်တန်ပါတယ် ဒီတစ်ခါတော့ငါစောင့်ရမယ့်အလှည့်ပေါ့"
ဝမ်ရိပေါ်ကရှောင်းကျန့်ကိုတင်းတင်းကျပ်ကျပ်ဖက်ထား၏။ ရှောင်းကျန့်ကလည်းမိခင်ရှေ့မှာတောင်မရှက်နိုင်တော့ဘဲရိပေါ်ပေးတဲ့အကြင်နာကိုခံယူ၏။
"ကော! နန်းတွင်းကလာခေါ်နေပြီ!"
ချောင်ချန်းကပြေးလာပြီးဝမ်ရိပေါ်ကိုအသိပေး၏။ တကယ်ဆိုမနက်အစောကြီးထွက်မှာရှောင်းကျန့်ငိုနေလို့ဝမ်ရိပေါ်မှာမြင်းပေါ်မတက်နိုင်သေး။ နေရောင်လည်းလာပြီဖြစ်လို့မခွဲချင်လည်းခွဲရဦးမယ်။
"ကိုယ်သွားတော့မယ်.."
"အင်း"
ဝမ်ရိပေါ်ကနောက်ဆံတင်းမှာစိုးလို့ရှောင်းကျန့်ကိုလှည့်မကြည့်တော့ဘဲမြင်းပေါ်တက်ကာမြန်မြန်ထွက်ခွာသွား၏။ မသွားခင်ကတည်းကစိတ်ချရတဲ့သူတွေကိုရှောင်းအနားမှာသူစီစဉ်ခဲ့ပြီးသား။ သက်တော်စောင့်တွေရော၊အစေခံတွေကိုပါသူသေချာရွေးချယ်ခန့်ထားခဲ့သည်။ သူရှောင်းကိုတစ်ခုလိမ်ထားခဲ့တယ်။ စစ်ပွဲဆိုတာအနိုင်နဲ့အရှုံးနှစ်ခုဘဲရှိတာ။ အချိန်ဘယ်လောက်ကြာမှသူပြန်လာလို့ရမယ်မှန်းကြိုတင်မမှန်းဆနိုင်။ ဒီရာသီဉတုနဲ့ဆိုတော့သူတို့လည်းရှေ့တန်းထွက်ရတာသိပ်ပင်ပန်းသည်။ စစ်တိုက်ရတာပျော်တဲ့လူမှမရှိတာ။
.
.
.
.
.
.
"သခင်လေး ဘာလေးထိုးနေတာလဲ"
"ယွီလေးဖို့ လက်အိတ်ခြေအိတ်တွေထိုးနေတာ!"
"ရိပေါ်ကောဖို့ရော..."
"သူ့အတွက်သက်သက်ထိုးထားတယ်!"
ရှောင်းကျန့်ကပြောပြီးမှရိပေါ်ဆီကဘာသတင်းမှမကြားရလို့မျက်နှာလေးညှိုးသွားခဲ့သည်။ ဝမ်ရိပေါ်ကကျန်းမာရေးကောင်းပေမယ့်ရာသီဉတုအခြေအနေမကောင်းလို့သူစိတ်ပူမိတယ်။ ရိပေါ်ကအရင်ကတည်းကဖြစ်သလိုနေ၊ဖြစ်သလိုလည်းစားတတ်တယ်။ သူ့ကိုယ်သူကျန်းမာရေးကောင်းတယ်ဆိုပြီးကိုယ့်ကိုယ်ကိုဂရုစိုက်တာမဟုတ်ဘူး။ သူကသာချူချာတတ်လွန်းလို့ရိပေါ်ကအစတစ်အိမ်လုံးဝိုင်းဂရုစိုက်ပေးကြတာ။ ရိပေါ်မှာငယ်ငယ်ကတည်းကဂရုစိုက်ပေးမယ့်သူရှိတာမဟုတ်ဘူး။ အဲ့ဒါတောင်အရင်တုန်းကသူရိပေါ်ကိုအနိုင်ကျင့်မိခဲ့သေးတယ်။
ရှောင်းကျန့်ကအတွေးအမျိုးမျိုးကြောင့်မျက်ရည်တွေတောင်ဝဲလာခဲ့သည်။ သူ့လက်တွေကတစ်ဆက်ဆက်တုန်လာလို့ချည်ထိုးတံကိုတောင်ဘေးနားချထားလိုက်ရသည်။ ရိပေါ်ဒီလထဲမှာသူ့ဆီစာမရေးသေးဘူး။ ဘာသတင်းမှလည်းလာမပေးကြဘူး။ သူ့ကိုမပြောချင်တဲ့ကိစ္စတစ်ခုခုများဖြစ်နေပြီလား..။
"ချောင်ချန်း မင်းအစ်ကို..မင်းအစ်ကိုဘေးကင်းမှာပါနော်"
"ရိပေါ်ကောကသိပ်သန်မာပါတယ် သခင်လေးသိပ်စိတ်ပူမနေပါနဲ့"
"ငါစိတ်လေးနေတယ် သူတစ်ခုခုများဖြစ်နေပြီလားမသိဘူး"
ရှောင်းကျန့်ကပြောရင်းသူ့ဗိုက်ကိုကိုင်ကာမတ်တပ်ထရပ်၏။ ဗိုက်တော်တော်ဖောင်းနေပြီမို့အထိုင်အထသိပ်ခက်၏။ ချောင်ချန်းကဘေးကနေထိန်းပြီးသူပါလိုက်ရပ်၏။
"သခင်လေး ဘယ်သွားမလို့လဲ!"
"ဘုရားရှိခိုးမယ် ဘုရားမှာဆုတောင်းရမယ်! သူတစ်ခုခုများဖြစ်နေပြီလားမသိဘူးချောင်ချန်းရယ်
ငါစိတ်ထဲတော်တော်လေးနေတယ်"
ရှောင်းကျန့်ကခေါင်းငုံ့ပြီးမျက်ရည်ခိုးသုတ်တော့ချောင်ချန်းမှာသက်ပြင်းချရသည်။ အရင်တုန်းကမာနတွေ၊ဟန်ဆောင်မှုတွေလည်းသခင်လေးမှာမရှိတော့။ ခင်ပွန်းကိုစိတ်ပူနေတဲ့ဇနီးတစ်ယောက်ရဲ့ပူပန်မှုတွေကိုအတိုင်းသားမြင်နေရသည်။ ဘေးကလူကတောင်သခင်လေးယောက်ျားလေးတန်မဲ့မျက်ရည်ခဏခဏကျနေတာမြင်ရတာစိတ်ထဲမကောင်းနိုင်။ ဒါပေမယ့်သခင်လေးရဲ့ရင်ထဲကစိုးရိမ်မှုကိုဘယ်သူမီနိုင်မှာလဲ။
"ချောင်ချန်း! မင်းအစ်ကိုကလေ
သူပြန်လာရင်မင်းကိုအိမ်ထောင်ချပေးမယ်တဲ့
မျိုးရိုးကောင်းကောင်းကမိန်းကလေးတစ်ယောက်တွေ့ထားတယ်ပြောတယ်"
"ဟာဗျာ ကျွန်တော်မယူချင်သေးပါဘူး"
ချောင်ချန်းကရှက်လို့မျက်နှာနီရဲသွားခဲ့၏။ သူကလည်းအသက်၂၀ကျော်ပြီဆိုတော့အိမ်ထောင်ပြုလို့ကောင်းတဲ့အရွယ်ရောက်နေပြီ။ ရှောင်းကျန့်ကလည်းသူ့ညီလေးတစ်ယောက်လိုသဘောထားတဲ့ချောင်ချန်းကိုကောင်းစားစေချင်၏။ သူ့ဆီမှာဘဲအမြဲတမ်းအလုပ်လုပ်နေလို့မှမရတာ။
"ချောင်ချန်း အပြင်မှာလုပ်စရာရှိတာသွားလုပ်
ငါအေးအေးဆေးဆေးဘဲဘုရားဝတ်ပြုလိုက်မယ်"
"ဟုတ်ကဲ့ သခင်လေး!"
ရှောင်းကျန့်ကချောင်ချန်းထွက်သွားပြီးတာနဲ့ဘုရားသောက်တော်ရေကပ်ကာဖျာလေးပေါ်မှာရိုရိုသေသေထိုင်လို့သေသေချာချာလေးဘုရားဝတ်ပြုတော့သည်။
တဖက်မှာတော့ဝမ်ရိပေါ်တို့ရာသီဉတုဒဏ်အလူးအလဲခံလို့အနောက်နယ်စပ်မှာကြီးစိုးနေတဲ့သူပုန်ဓားမြတွေကိုခြေရာခံရသည်။ တရားဉပဒေကြီးစိုးမှုအားနည်းလို့အဲ့ဒေသကတရားရုံးချုပ်ကိုတောင်သူတို့ဖိနှိပ်ချယ်လှယ်ထားသည်။ သူတို့မြို့တော်ရုံးကိုသာတိုက်ရိုက်အကြောင်းကြားစာမရပါကသူတို့ဟိုဓားမြတွေနဲ့ပူးပေါင်းပြီးလာဘ်စားနေကြဦးမှာပင်။ သူတို့လည်းဓားမြတွေနဲ့ဘာကွာလဲ..။
ထွက်သမျှစပါးသီးနှံတွေရဲ့တစ်ဝက်ကိုဒေသခံတွေမှာသူတို့ကိုအခွန်ပေးဆောင်ရသည်။ မြို့တော်ရုံးကိုတစ်ပုံသာရောက်ပြီးကျန်တဲ့နှစ်ပုံကိုသူတို့အချင်းချင်းခွဲဝေကာကြီးပွားချမ်းသာနေကြ၏။
"အဟွတ် အဟွတ်.."
ရိပေါ်ကပါးစပ်ကိုလက်နဲ့အုပ်ကာချောင်းဆိုးလိုက်၏။ သူအပါအဝင်ကျန်တဲ့ရဲဘော်တွေလည်းရာသီဉတုဒဏ်ကြောင့်ချောင်းဆိုးကာနှာစေးနေကြ၏။ ဒီနှစ်ရာသီဉတုကသူတို့မျှော်မှန်းထားတာထက်ပိုဆိုးပြီးအအေးဒဏ်ကလည်းပိုဆိုး၏။ တောထဲသွားပြီးသတင်းထောက်ရတဲ့ရဲဘော်တွေမှာနှင်းကိုက်ရာတွေလည်းမနည်းမနော။ ဒါပေမယ့်သူတို့အကုန်လုံးကဒါတွေလောက်ကိုမှုမနေကြချေ။ အရေးကြီးတဲ့လုပ်စရာတွေအများကြီးရှိသေးတယ်။
မြို့တော်ကိုအကြောင်းကြားလို့ဒီမှာဉပဒေအသစ်ပြန်ရေးဆွဲပြီးရွာငါးရွာကိုအုပ်ချုပ်ဖို့အုပ်ချုပ်ရေးမှူးကိုလည်းရွာခံတွေနဲ့ပူးပေါင်းပြီးအဆင်ပြေလောက်မယ့်လူကိုရှာဖွေထားပြီးသား။ သူပုန်တွေကကျက်စားရာနေရာချင်းတူပေမယ့်သူတို့သတင်းကိုအနံရသွားပြီးတည်းကခြေရာဖျောက်ကောင်းနေကြသည်။ သူတို့ထောက်လှမ်းချက်အရဖမ်းမိထားတဲ့သူတွေကိုစစ်ဆေးပေမယ့်ခေါင်းမာစွာအသေခံသွားကြသည်။ ဒါပေမယ့်သူတို့ကိုယ်ခန္ဓာပေါ်မှာပုံစံတူတက်တူးတစ်မျိုးကိုသူတို့တွေ့ရှိခဲ့တယ်။
"အဟွတ် အဟွတ်"
ဝမ်ရိပေါ်ကချောင်းဆိုးပြီးတာနဲ့နှာရည်ပါယိုလာလို့ပုဝါကိုထုတ်ကာနှာခေါင်းကိုသုတ်လိုက်၏။ ချောင်းဆိုးအားကြီးလို့သူ့မျက်နှာကနီရဲနေတော့သည်။ သူ့ဘာသူဖျားချင်နေတာလည်းသူသိတယ်။ ဒါပေမယ့်သူမဖျားရဲ။ ကိုယ်တို့လူတွေကသေသေချာချာလေ့ကျင့်ထားတဲ့လူတွေဆိုပေမယ့်ဒီဒေသခံတွေမဟုတ်။ သူတို့ဘက်ကအားသာတာကရာသီဉတုနဲ့ပတ်ဝန်းကျင်။
"ဘာသတင်းရခဲ့လဲ"
"သူတို့ဒီတစ်ပတ်လျန်ကျွင်းမြို့ကအပျော်ဂေယာမှာဆုံကြမယ်လို့သတင်းရခဲ့ပါတယ်"
"သေချာလား"
"သေချာသလောက်ပါဘဲစစ်သူကြီး! ရွာထဲကသူလျှိုဆီကသတင်းရလာတာပါ"
"မင်းလူကစိတ်ချရလား"
"စိတ်ချရပါတယ်"
"ကောင်းပြီ နောက်နှစ်ရက်နေရင်ငါဦးဆောင်ပြီးလျန်ကျွင်းမြို့ကိုတက်မယ်
ငါတို့အတတ်နိုင်ဆုံးပုံမှန်လူလိုဘဲပြောဆိုဆက်ဆံကြမယ်
ဒီမှာတော့ရဲ့ရွှယ်ကငါ့ကိုယ်စားကြီးကြပ်လိမ့်မယ်"
"အမိန့်အတိုင်းပါစစ်သူကြီး!"
"မြို့တော်သတင်းဘာကြားခဲ့လဲ!"
"မြို့တော်မှာအေးအေးချမ်းချမ်းပါဘဲ မင်းသမီးကျူးအာလည်းနေ့စေ့လစေ့လို့ကြားပါတယ်"
"ဘာ! မြန်လှချည်လား ငါ့အိမ်တော်မှာရော.."
"ရှောင်းသခင်လေးလည်းကျန်းမာပါတယ်"
"ကောင်းပြီ မင်းတာဝန်ကျေပါတယ်!"
ဝမ်ရိပေါ်ကသူ့အခန်းထဲရောက်တော့စားပွဲပေါ်မှာတင်ထားတဲ့ဂျင်းပြုတ်ရည်ကိုအကုန်မော့ချလိုက်သည်။ ဂျင်းပြုတ်ရည်သောက်လိုက်တော့လူကပိုနွေးသွားကာလည်ချောင်းယားတာလည်းနည်းနည်းသက်သာသွား၏။ ဝမ်ရိပေါ်ကကုတင်ပေါ်မှာလှဲလိုက်ပြီးသူ့ရင်ဘက်ထဲမှာသိမ်းထားတဲ့ရှောင်းရဲ့အမွှေးအိတ်လေးကိုထုတ်လိုက်၏။ အမွှေးအိတ်ထဲမှာရှောင်းပေးထားတဲ့အဆောင်လေးပါတယ်။
သူကဘုရားတရားသိပ်မသိပေမယ့်ရှောင်းကဘာသာရေးကိုယုံကြည်အားကိုး၏။ ဝမ်ရိပေါ်ကရှောင်းပေးထားတဲ့အဆောင်ကြိုးကိုအမွှေးအိတ်ထဲပြန်ထည့်ကာရင်ဘက်ထဲထည့်သိမ်းလိုက်၏။ ရှောင်းကသူ့အနားမှာရှိသလိုမျိုး။ ကျူးအာတောင်ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေပြီဆိုရင်သူ့ရှောင်းလည်းမွေးဖို့ရက်နီးနေလောက်ပြီ။
အချိန်တွေကခဏလေးလိုဘဲ။ သူတို့ဒီကိုရောက်လို့ကိစ္စတွေတောင်အပြီးမပြတ်နိုင်။ အိမ်ကိုပြန်ချင်ပေမယ့်ညီအစ်ကိုတွေကိုလည်းလှည့်မကြည့်ဘဲမထားခဲ့နိုင်ပြန်။ ခရီးအပြင်းနှင်ရင်တောင်အသွားအပြန်ကအရမ်းကြာဦးမယ်။
အခုရဲဘော်တွေလည်းပင်ပန်းနေကြပြီ။ သူလောလို့မြန်နိုင်သမျှမြန်မြန်ပြီးအောင်ရာသီဉတုဆိုးတဲ့ကြားထဲကအတူတူအပင်ပန်းခံလာခဲ့ကြတာ။ အဲ့ဒါကြောင့်ချောင်းဆိုးတာမသက်သာဘဲကူးစက်ရောဂါလိုသူအပါအဝင်ရဲဘော်တော်တော်များများချောင်းဆိုးလာကြ၏။ စိတ်ကတောင့်ခံထားလို့သာခံနိုင်ရည်ရှိကြတာ။ အကုန်လုံးကမိသားစုကိုလွမ်းနေကြပြီ။
ရှောင်းကျန့်ကခေါင်းပေါ်ကခြုံလွှာကိုဖယ်ပြီးမင်းသမီးကိုအရိုအသေပေးလိုက်၏။ ပြီးမှမင်းသမီးစားပွဲရှေ့ကအခင်းလေးပေါ်မှာသက်တောင့်သက်သာလေးဝင်ထိုင်၏။
"ကျန့်ကော မတွေ့တာကြာပြီနော်"
"ကျွန်တော်တို့မတွေ့ဖြစ်တာတော်တော်ကြာသွားပါပြီ"
"ဘယ်နှစ်လရှိပြီလဲကျန့်ကော.."
"၈လ"
"ကျူးအာတို့သားလေးထက်ကြီးတာဘဲ!
ကျူးအာသားလေးက၇လထဲဝင်နေပြီ"
"ဂုဏ်ပြုပါတယ်မင်းသမီး"
"ကျန့်ကောမှာသမီးလေးမွေးရင်ကျူးအာသားနဲ့လက်ဆက်ပေးရအောင်လေ
ရိပေါ်ကောကောသမီးကအချောလေးဘဲနေမှာ ဟိဟိ"
ရှောင်းကျန့်ကသမီးလေးဆိုတော့မျက်နှာကွပ်ခနဲပျက်သွား၏။ သားမွေးမွေးသမီးမွေးမွေးချစ်မှာဆိုပေမယ့်ရိပေါ်နဲ့သူကယောက်ျားလေးဖြစ်ဖို့မျှော်လင့်ထားတာ။ ကျူးအာမင်းသမီးကရယ်ရင်းဆက်ပြောပြန်၏။
"စတာပါကောရဲ့ ကောတို့များအခုကတည်းကအူတိုနေလိုက်တာ!"
"ကျွန်တော်တို့လိုမျိုးရိုးနိမ့်တဲ့အသိုင်းအဝိုင်းနဲ့တော်ဝင်မျိုးနွယ်နဲ့မထိုက်တန်ပါဘူးမင်းသမီး"
"အမလေး ကျန့်ကောရယ်
ဟိုဘက်နိုင်ငံမှာဆိုရင်လည်းကိုယ်ချစ်တဲ့သူကိုယူလို့ရတယ်သိလား
အဲ့လိုစည်းကမ်းသတ်မှတ်ချက်မရှိဘူး"
"ဒါနဲ့မင်းသမီး ကိုယ်ဝန်ကြီးနဲ့ဒီကိုဘယ်လိုလုပ်.."
"ဒီမှာမွေးချင်လို့ပေါ့ကောရဲ့..
ဒီမှာမွေးပြီးသားကိုကန်နိုင်ငံမှာမွေးခဲ့တာလို့ကြီးလာရင်ပြောမှာ"
"အရှင်ခွင့်ပြုပေးရဲ့လား"
"အမလေး သူလား
မယားပြောတစ်ညကျန့်ကောရဲ့
သူကလိုက်ချင်ပေမယ့်သူ့အလုပ်တွေနဲ့မအားဘူးလေ"
"သူမင်းသမီးပေါ်ကြင်နာရဲ့လား"
မင်းသမီးရဲ့စကားတွေနဲ့တင်မင်းသမီးဟာအချစ်ခံနေရမှန်းသူရိပ်မိလိုက်၏။ မင်းသမီးဟာစိတ်ရင်းကောင်းပြီးချစ်ဖို့ကောင်းလို့အရှင်ကသေချာပေါက်ချစ်လောက်မှာ။ ဟိုကိုရောက်ပြီးတဲ့နောက်ပိုင်းမင်းသမီးဟာပိုပြီးတောင်တက်တက်ကြွကြွဖြစ်လာသေးတယ်။
"သူကျူးအာအပေါ်တော်တော်လေးကောင်းပါတယ်
အဲ့ဒါကြောင့်လေ ကျူးအာကျန့်ကောတို့ကိုကျေးဇူးတင်ချင်လို့ လူမှန်သူမှန်နဲ့တွေ့ခွင့်ရလို့ သူများအိမ်ထောင်ရေးကိုမဖျက်ဆီးမိလို့လည်းအခုမှဝမ်းသာမိတယ်
ရိပေါ်ကောကြောင့်မဟုတ်ရင်ကျူးအာသူနဲ့ဆုံခဲ့မှာမဟုတ်ဘူး
အစတုန်းကကျန့်ကောအပေါ်ကျူးအာရိုင်းပြမိပါတယ်
ကျူးအာကိုခွင့်လွှတ်ပေးပါနော်ကျန့်ကော!"
"ကျွန်တော့်စိတ်မှာဘာမှမထားပါဘူးမင်းသမီး!
မင်းသမီးကငယ်သေးလို့စိတ်ကစားမိသွားတာ မင်းသမီးပျော်နေလို့ကျွန်တော်လည်းဝမ်းသာမိတယ်"
"ဒါဆိုကျူးအာသားနဲ့ကျန့်ကောသမီးပေးစားရအောင်လေ.."
"သမီး..သမီးမဟုတ်ဘူး
သားလေးမွေးမှာ!"
"ဟားဟား စတာပါကျန့်ကောရယ်"
(11.5.22)
ဒါလေးလည်းပြီးတော့မှာဆိုတော့ဘယ်လိုtypeမျိုးဘယ်လို genreမျိုးဖတ်ချင်ကြလဲဟင်။ fanfictionဘဲဆက်ရေးသွားမှာဆိုတော့yizhanကိုမရေးဖူးတဲ့ပုံစံမျိုးလည်းရေးချင်သေးတယ်။ စိတ်ကူးကလည်းမရှိသေးလို့လေ။ ကိုယ်မရတာကတော့တော်တော်မရဘူး။ မသိမတတ်တာလည်းအရမ်းများတယ်။
...............................
"သခင္ေလးကမာနႀကီးလြန္းတယ္"
Part- 23
For zawgyi
ဒီတစ္ပတ္အတြင္းမွာေရွာင္းက်န႔္ကတမွိုင္မွိုင္။ ဝမ္ရိေပၚသြားရဖို႔ရက္နီးလာေလေလသူစိတ္ခ်လက္ခ်ေတာင္အိပ္မေပ်ာ္ေတာ့။ ေနာက္ဆုံးဝမ္ရိေပၚသြားရဖို႔ရက္မွာေတာ့ေရွာင္းက်န႔္ကမငိုဘူးလို႔တင္းထားေပမယ့္မ်က္ရည္ေတြကသူ႕အလိုလိုစီးက်လာေတာ့သည္။ ဝမ္ရိေပၚကလည္းေရွာင္းက်န႔္ငိုေနေတာ့ခရီးမထြက္နိုင္ေတာ့။ မသြားခင္ေလးေရွာင္းက်န႔္အငိုတိတ္ေအာင္ေျပးေခ်ာ့ရေသးသည္။
"ေရွာင္း မငိုနဲ႕ေတာ့
ကိုယ္ဘယ္ေလာက္မွမၾကာဘဲျပန္လာခဲ့မွာ
ကိုယ့္ကိုဘာဘဲျဖစ္ျဖစ္ေစာင့္ေနေပးပါေနာ္
တိတ္ေတာ့"
"ရိေပၚ အီး
ငါမငိုခ်င္ဘူး ငါမငိုခ်င္ေတာ့ဘူး
ငါစိတ္ထဲေနလို႔မေကာင္းဘူးျဖစ္ေနတယ္"
"တစ္ပတ္ေလာက္ဆိုေနသားက်သြားမွာပါ
ကိုယ္မရွိေပမယ့္ကိုယ့္ကိုယ္ပြားေလးရွိတယ္ေလ
တိတ္ေတာ့ေနာ္"
"ျမန္ျမန္ျပန္လာရမယ္ေနာ္ ရိေပၚ
ငါတစ္မ်ိဳးႀကီးျဖစ္ေနတယ္"
"က်န႔္အာ မငိုနဲ႕ေတာ့
နမိတ္မေကာင္းဘူး သားအဲ့လိုျဖစ္ေနရင္သြားမယ့္လူလည္းစိတ္ေကာင္းမွာမဟုတ္ဘူး"
ေနာက္ဆုံးေရွာင္းမားကဝင္ေျပာမွသာေရွာင္းက်န႔္ကမ်က္ရည္ေတြကိုကျပာကယာသုတ္ၿပီးဝမ္ရိေပၚကိုေမာ့ၾကည့္၏။ ဝမ္ရိေပၚကထိုင္ေနသူရဲ႕နဖူးေလးကိုငုံ႕နမ္းကာဆံပင္ေတြကိုလည္းအသာပြတ္ေပး၏။ ေက်ာကိုအသာပြတ္ေပးလိုက္ေတာ့ေရွာင္းက်န႔္ကဝမ္ရိေပၚခါးကိုဖက္ကာဝမ္ရိေပၚဗိုက္ေပၚမွာမ်က္ႏွာအပ္ထားျပန္တယ္။
"ငါအရင္ထက္ေပ်ာ့ညံ့လာသလိုခံစားရတယ္ရိေပၚ.."
"ေရွာင္းကမေပ်ာ့ညံ့ပါဘူး ဗိုက္ထဲကေကာင္ေလးေပ်ာ့ညံ့တာဘဲေနမွာ"
"မေမြးခင္ေရာက္ေအာင္ျပန္လာရမယ္ေနာ္
တကယ္လို႔တစ္ခုခု.."
"ရႉး..ဆက္မေျပာနဲ႕ေတာ့
တကယ္လို႔ဆိုတာမရွိဘူး ကိုယ္တို႔ႏွစ္ေယာက္လုံးကေလးႀကီးလာတာကိုအတူတူေစာင့္ၾကည့္ၾကမယ္
အတူတူအိုမင္းၾကမယ္ ဒုကၡ၊သုခေတြကိုအတူမွ်ေဝၾကမယ္
ဒီတစ္ခါၿပီးရင္ကိုယ္တို႔ထပ္မခြဲေတာ့ဘူး"
"အင္း ငါေစာင့္ေနမယ္"
"ကိုယ္ကစကားသိပ္မေျပာတတ္ဘူး
ကိုယ့္လိုေကာင္ကိုခ်စ္ေပးလို႔ေက်းဇူးပါေရွာင္းရာ"
"မင္းကငါ့အခ်စ္နဲ႕ထိုက္တန္ပါတယ္ ဒီတစ္ခါေတာ့ငါေစာင့္ရမယ့္အလွည့္ေပါ့"
ဝမ္ရိေပၚကေရွာင္းက်န႔္ကိုတင္းတင္းက်ပ္က်ပ္ဖက္ထား၏။ ေရွာင္းက်န႔္ကလည္းမိခင္ေရွ႕မွာေတာင္မရွက္နိုင္ေတာ့ဘဲရိေပၚေပးတဲ့အၾကင္နာကိုခံယူ၏။
"ေကာ! နန္းတြင္းကလာေခၚေနၿပီ!"
ေခ်ာင္ခ်န္းကေျပးလာၿပီးဝမ္ရိေပၚကိုအသိေပး၏။ တကယ္ဆိုမနက္အေစာႀကီးထြက္မွာေရွာင္းက်န႔္ငိုေနလို႔ဝမ္ရိေပၚမွာျမင္းေပၚမတက္နိုင္ေသး။ ေနေရာင္လည္းလာၿပီျဖစ္လို႔မခြဲခ်င္လည္းခြဲရဦးမယ္။
"ကိုယ္သြားေတာ့မယ္.."
"အင္း"
ဝမ္ရိေပၚကေနာက္ဆံတင္းမွာစိုးလို႔ေရွာင္းက်န႔္ကိုလွည့္မၾကည့္ေတာ့ဘဲျမင္းေပၚတက္ကာျမန္ျမန္ထြက္ခြာသြား၏။ မသြားခင္ကတည္းကစိတ္ခ်ရတဲ့သူေတြကိုေရွာင္းအနားမွာသူစီစဥ္ခဲ့ၿပီးသား။ သက္ေတာ္ေစာင့္ေတြေရာ၊အေစခံေတြကိုပါသူေသခ်ာေ႐ြးခ်ယ္ခန႔္ထားခဲ့သည္။ သူေရွာင္းကိုတစ္ခုလိမ္ထားခဲ့တယ္။ စစ္ပြဲဆိုတာအနိုင္နဲ႕အရႈံးႏွစ္ခုဘဲရွိတာ။ အခ်ိန္ဘယ္ေလာက္ၾကာမွသူျပန္လာလို႔ရမယ္မွန္းႀကိဳတင္မမွန္းဆနိုင္။ ဒီရာသီဉတုနဲ႕ဆိုေတာ့သူတို႔လည္းေရွ႕တန္းထြက္ရတာသိပ္ပင္ပန္းသည္။ စစ္တိုက္ရတာေပ်ာ္တဲ့လူမွမရွိတာ။
.
.
.
.
.
.
"သခင္ေလး ဘာေလးထိုးေနတာလဲ"
"ယြီေလးဖို႔ လက္အိတ္ေျခအိတ္ေတြထိုးေနတာ!"
"ရိေပၚေကာဖို႔ေရာ..."
"သူ႕အတြက္သက္သက္ထိုးထားတယ္!"
ေရွာင္းက်န႔္ကေျပာၿပီးမွရိေပၚဆီကဘာသတင္းမွမၾကားရလို႔မ်က္ႏွာေလးညွိုးသြားခဲ့သည္။ ဝမ္ရိေပၚကက်န္းမာေရးေကာင္းေပမယ့္ရာသီဉတုအေျခအေနမေကာင္းလို႔သူစိတ္ပူမိတယ္။ ရိေပၚကအရင္ကတည္းကျဖစ္သလိုေန၊ျဖစ္သလိုလည္းစားတတ္တယ္။ သူ႕ကိုယ္သူက်န္းမာေရးေကာင္းတယ္ဆိုၿပီးကိုယ့္ကိုယ္ကိုဂ႐ုစိုက္တာမဟုတ္ဘူး။ သူကသာခ်ဴခ်ာတတ္လြန္းလို႔ရိေပၚကအစတစ္အိမ္လုံးဝိုင္းဂ႐ုစိုက္ေပးၾကတာ။ ရိေပၚမွာငယ္ငယ္ကတည္းကဂ႐ုစိုက္ေပးမယ့္သူရွိတာမဟုတ္ဘူး။ အဲ့ဒါေတာင္အရင္တုန္းကသူရိေပၚကိုအနိုင္က်င့္မိခဲ့ေသးတယ္။
ေရွာင္းက်န႔္ကအေတြးအမ်ိဳးမ်ိဳးေၾကာင့္မ်က္ရည္ေတြေတာင္ဝဲလာခဲ့သည္။ သူ႕လက္ေတြကတစ္ဆက္ဆက္တုန္လာလို႔ခ်ည္ထိုးတံကိုေတာင္ေဘးနားခ်ထားလိုက္ရသည္။ ရိေပၚဒီလထဲမွာသူ႕ဆီစာမေရးေသးဘူး။ ဘာသတင္းမွလည္းလာမေပးၾကဘူး။ သူ႕ကိုမေျပာခ်င္တဲ့ကိစၥတစ္ခုခုမ်ားျဖစ္ေနၿပီလား..။
"ေခ်ာင္ခ်န္း မင္းအစ္ကို..မင္းအစ္ကိုေဘးကင္းမွာပါေနာ္"
"ရိေပၚေကာကသိပ္သန္မာပါတယ္ သခင္ေလးသိပ္စိတ္ပူမေနပါနဲ႕"
"ငါစိတ္ေလးေနတယ္ သူတစ္ခုခုမ်ားျဖစ္ေနၿပီလားမသိဘူး"
ေရွာင္းက်န႔္ကေျပာရင္းသူ႕ဗိုက္ကိုကိုင္ကာမတ္တပ္ထရပ္၏။ ဗိုက္ေတာ္ေတာ္ေဖာင္းေနၿပီမို႔အထိုင္အထသိပ္ခက္၏။ ေခ်ာင္ခ်န္းကေဘးကေနထိန္းၿပီးသူပါလိုက္ရပ္၏။
"သခင္ေလး ဘယ္သြားမလို႔လဲ!"
"ဘုရားရွိခိုးမယ္ ဘုရားမွာဆုေတာင္းရမယ္! သူတစ္ခုခုမ်ားျဖစ္ေနၿပီလားမသိဘူးေခ်ာင္ခ်န္းရယ္
ငါစိတ္ထဲေတာ္ေတာ္ေလးေနတယ္"
ေရွာင္းက်န႔္ကေခါင္းငုံ႕ၿပီးမ်က္ရည္ခိုးသုတ္ေတာ့ေခ်ာင္ခ်န္းမွာသက္ျပင္းခ်ရသည္။ အရင္တုန္းကမာနေတြ၊ဟန္ေဆာင္မႈေတြလည္းသခင္ေလးမွာမရွိေတာ့။ ခင္ပြန္းကိုစိတ္ပူေနတဲ့ဇနီးတစ္ေယာက္ရဲ႕ပူပန္မႈေတြကိုအတိုင္းသားျမင္ေနရသည္။ ေဘးကလူကေတာင္သခင္ေလးေယာက္်ားေလးတန္မဲ့မ်က္ရည္ခဏခဏက်ေနတာျမင္ရတာစိတ္ထဲမေကာင္းနိုင္။ ဒါေပမယ့္သခင္ေလးရဲ႕ရင္ထဲကစိုးရိမ္မႈကိုဘယ္သူမီနိုင္မွာလဲ။
"ေခ်ာင္ခ်န္း! မင္းအစ္ကိုကေလ
သူျပန္လာရင္မင္းကိုအိမ္ေထာင္ခ်ေပးမယ္တဲ့
မ်ိဳးရိုးေကာင္းေကာင္းကမိန္းကေလးတစ္ေယာက္ေတြ႕ထားတယ္ေျပာတယ္"
"ဟာဗ်ာ ကြၽန္ေတာ္မယူခ်င္ေသးပါဘူး"
ေခ်ာင္ခ်န္းကရွက္လို႔မ်က္ႏွာနီရဲသြားခဲ့၏။ သူကလည္းအသက္၂၀ေက်ာ္ၿပီဆိုေတာ့အိမ္ေထာင္ျပဳလို႔ေကာင္းတဲ့အ႐ြယ္ေရာက္ေနၿပီ။ ေရွာင္းက်န႔္ကလည္းသူ႕ညီေလးတစ္ေယာက္လိုသေဘာထားတဲ့ေခ်ာင္ခ်န္းကိုေကာင္းစားေစခ်င္၏။ သူ႕ဆီမွာဘဲအၿမဲတမ္းအလုပ္လုပ္ေနလို႔မွမရတာ။
"ေခ်ာင္ခ်န္း အျပင္မွာလုပ္စရာရွိတာသြားလုပ္
ငါေအးေအးေဆးေဆးဘဲဘုရားဝတ္ျပဳလိုက္မယ္"
"ဟုတ္ကဲ့ သခင္ေလး!"
ေရွာင္းက်န႔္ကေခ်ာင္ခ်န္းထြက္သြားၿပီးတာနဲ႕ဘုရားေသာက္ေတာ္ေရကပ္ကာဖ်ာေလးေပၚမွာရိုရိုေသေသထိုင္လို႔ေသေသခ်ာခ်ာေလးဘုရားဝတ္ျပဳေတာ့သည္။
တဖက္မွာေတာ့ဝမ္ရိေပၚတို႔ရာသီဉတုဒဏ္အလူးအလဲခံလို႔အေနာက္နယ္စပ္မွာႀကီးစိုးေနတဲ့သူပုန္ဓားျမေတြကိုေျခရာခံရသည္။ တရားဉပေဒႀကီးစိုးမႈအားနည္းလို႔အဲ့ေဒသကတရား႐ုံးခ်ဳပ္ကိုေတာင္သူတို႔ဖိႏွိပ္ခ်ယ္လွယ္ထားသည္။ သူတို႔ၿမိဳ႕ေတာ္႐ုံးကိုသာတိုက္ရိုက္အေၾကာင္းၾကားစာမရပါကသူတို႔ဟိုဓားျမေတြနဲ႕ပူးေပါင္းၿပီးလာဘ္စားေနၾကဦးမွာပင္။ သူတို႔လည္းဓားျမေတြနဲ႕ဘာကြာလဲ..။
ထြက္သမွ်စပါးသီးႏွံေတြရဲ႕တစ္ဝက္ကိုေဒသခံေတြမွာသူတို႔ကိုအခြန္ေပးေဆာင္ရသည္။ ၿမိဳ႕ေတာ္႐ုံးကိုတစ္ပုံသာေရာက္ၿပီးက်န္တဲ့ႏွစ္ပုံကိုသူတို႔အခ်င္းခ်င္းခြဲေဝကာႀကီးပြားခ်မ္းသာေနၾက၏။
"အဟြတ္ အဟြတ္.."
ရိေပၚကပါးစပ္ကိုလက္နဲ႕အုပ္ကာေခ်ာင္းဆိုးလိုက္၏။ သူအပါအဝင္က်န္တဲ့ရဲေဘာ္ေတြလည္းရာသီဉတုဒဏ္ေၾကာင့္ေခ်ာင္းဆိုးကာႏွာေစးေနၾက၏။ ဒီႏွစ္ရာသီဉတုကသူတို႔ေမွ်ာ္မွန္းထားတာထက္ပိုဆိုးၿပီးအေအးဒဏ္ကလည္းပိုဆိုး၏။ ေတာထဲသြားၿပီးသတင္းေထာက္ရတဲ့ရဲေဘာ္ေတြမွာႏွင္းကိုက္ရာေတြလည္းမနည္းမေနာ။ ဒါေပမယ့္သူတို႔အကုန္လုံးကဒါေတြေလာက္ကိုမႈမေနၾကေခ်။ အေရးႀကီးတဲ့လုပ္စရာေတြအမ်ားႀကီးရွိေသးတယ္။
ၿမိဳ႕ေတာ္ကိုအေၾကာင္းၾကားလို႔ဒီမွာဉပေဒအသစ္ျပန္ေရးဆြဲၿပီး႐ြာငါး႐ြာကိုအုပ္ခ်ဳပ္ဖို႔အုပ္ခ်ဳပ္ေရးမႉးကိုလည္း႐ြာခံေတြနဲ႕ပူးေပါင္းၿပီးအဆင္ေျပေလာက္မယ့္လူကိုရွာေဖြထားၿပီးသား။ သူပုန္ေတြကက်က္စားရာေနရာခ်င္းတူေပမယ့္သူတို႔သတင္းကိုအနံရသြားၿပီးတည္းကေျခရာေဖ်ာက္ေကာင္းေနၾကသည္။ သူတို႔ေထာက္လွမ္းခ်က္အရဖမ္းမိထားတဲ့သူေတြကိုစစ္ေဆးေပမယ့္ေခါင္းမာစြာအေသခံသြားၾကသည္။ ဒါေပမယ့္သူတို႔ကိုယ္ခႏၶာေပၚမွာပုံစံတူတက္တူးတစ္မ်ိဳးကိုသူတို႔ေတြ႕ရွိခဲ့တယ္။
"အဟြတ္ အဟြတ္"
ဝမ္ရိေပၚကေခ်ာင္းဆိုးၿပီးတာနဲ႕ႏွာရည္ပါယိုလာလို႔ပုဝါကိုထုတ္ကာႏွာေခါင္းကိုသုတ္လိုက္၏။ ေခ်ာင္းဆိုးအားႀကီးလို႔သူ႕မ်က္ႏွာကနီရဲေနေတာ့သည္။ သူ႕ဘာသူဖ်ားခ်င္ေနတာလည္းသူသိတယ္။ ဒါေပမယ့္သူမဖ်ားရဲ။ ကိုယ္တို႔လူေတြကေသေသခ်ာခ်ာေလ့က်င့္ထားတဲ့လူေတြဆိုေပမယ့္ဒီေဒသခံေတြမဟုတ္။ သူတို႔ဘက္ကအားသာတာကရာသီဉတုနဲ႕ပတ္ဝန္းက်င္။
"ဘာသတင္းရခဲ့လဲ"
"သူတို႔ဒီတစ္ပတ္လ်န္ကြၽင္းၿမိဳ႕ကအေပ်ာ္ေဂယာမွာဆုံၾကမယ္လို႔သတင္းရခဲ့ပါတယ္"
"ေသခ်ာလား"
"ေသခ်ာသေလာက္ပါဘဲစစ္သူႀကီး! ႐ြာထဲကသူလွ်ိုဆီကသတင္းရလာတာပါ"
"မင္းလူကစိတ္ခ်ရလား"
"စိတ္ခ်ရပါတယ္"
"ေကာင္းၿပီ ေနာက္ႏွစ္ရက္ေနရင္ငါဦးေဆာင္ၿပီးလ်န္ကြၽင္းၿမိဳ႕ကိုတက္မယ္
ငါတို႔အတတ္နိုင္ဆုံးပုံမွန္လူလိုဘဲေျပာဆိုဆက္ဆံၾကမယ္
ဒီမွာေတာ့ရဲ႕႐ႊယ္ကငါ့ကိုယ္စားႀကီးၾကပ္လိမ့္မယ္"
"အမိန႔္အတိုင္းပါစစ္သူႀကီး!"
"ၿမိဳ႕ေတာ္သတင္းဘာၾကားခဲ့လဲ!"
"ၿမိဳ႕ေတာ္မွာေအးေအးခ်မ္းခ်မ္းပါဘဲ မင္းသမီးက်ဴးအာလည္းေန႕ေစ့လေစ့လို႔ၾကားပါတယ္"
"ဘာ! ျမန္လွခ်ည္လား ငါ့အိမ္ေတာ္မွာေရာ.."
"ေရွာင္းသခင္ေလးလည္းက်န္းမာပါတယ္"
"ေကာင္းၿပီ မင္းတာဝန္ေက်ပါတယ္!"
ဝမ္ရိေပၚကသူ႕အခန္းထဲေရာက္ေတာ့စားပြဲေပၚမွာတင္ထားတဲ့ဂ်င္းျပဳတ္ရည္ကိုအကုန္ေမာ့ခ်လိဳက္သည္။ ဂ်င္းျပဳတ္ရည္ေသာက္လိုက္ေတာ့လူကပိုႏြေးသြားကာလည္ေခ်ာင္းယားတာလည္းနည္းနည္းသက္သာသြား၏။ ဝမ္ရိေပၚကကုတင္ေပၚမွာလွဲလိုက္ၿပီးသူ႕ရင္ဘက္ထဲမွာသိမ္းထားတဲ့ေရွာင္းရဲ႕အေမႊးအိတ္ေလးကိုထုတ္လိုက္၏။ အေမႊးအိတ္ထဲမွာေရွာင္းေပးထားတဲ့အေဆာင္ေလးပါတယ္။
သူကဘုရားတရားသိပ္မသိေပမယ့္ေရွာင္းကဘာသာေရးကိုယုံၾကည္အားကိုး၏။ ဝမ္ရိေပၚကေရွာင္းေပးထားတဲ့အေဆာင္ႀကိဳးကိုအေမႊးအိတ္ထဲျပန္ထည့္ကာရင္ဘက္ထဲထည့္သိမ္းလိုက္၏။ ေရွာင္းကသူ႕အနားမွာရွိသလိုမ်ိဳး။ က်ဴးအာေတာင္ကိုယ္ဝန္ေန႕ေစ့လေစ့ျဖစ္ေနၿပီဆိုရင္သူ႕ေရွာင္းလည္းေမြးဖို႔ရက္နီးေနေလာက္ၿပီ။
အခ်ိန္ေတြကခဏေလးလိုဘဲ။ သူတို႔ဒီကိုေရာက္လို႔ကိစၥေတြေတာင္အၿပီးမျပတ္နိုင္။ အိမ္ကိုျပန္ခ်င္ေပမယ့္ညီအစ္ကိုေတြကိုလည္းလွည့္မၾကည့္ဘဲမထားခဲ့နိုင္ျပန္။ ခရီးအျပင္းႏွင္ရင္ေတာင္အသြားအျပန္ကအရမ္းၾကာဦးမယ္။
အခုရဲေဘာ္ေတြလည္းပင္ပန္းေနၾကၿပီ။ သူေလာလို႔ျမန္နိုင္သမွ်ျမန္ျမန္ၿပီးေအာင္ရာသီဉတုဆိုးတဲ့ၾကားထဲကအတူတူအပင္ပန္းခံလာခဲ့ၾကတာ။ အဲ့ဒါေၾကာင့္ေခ်ာင္းဆိုးတာမသက္သာဘဲကူးစက္ေရာဂါလိုသူအပါအဝင္ရဲေဘာ္ေတာ္ေတာ္မ်ားမ်ားေခ်ာင္းဆိုးလာၾက၏။ စိတ္ကေတာင့္ခံထားလို႔သာခံနိုင္ရည္ရွိၾကတာ။ အကုန္လုံးကမိသားစုကိုလြမ္းေနၾကၿပီ။
ေရွာင္းက်န႔္ကေခါင္းေပၚကၿခဳံလႊာကိုဖယ္ၿပီးမင္းသမီးကိုအရိုအေသေပးလိုက္၏။ ၿပီးမွမင္းသမီးစားပြဲေရွ႕ကအခင္းေလးေပၚမွာသက္ေတာင့္သက္သာေလးဝင္ထိုင္၏။
"က်န႔္ေကာ မေတြ႕တာၾကာၿပီေနာ္"
"ကြၽန္ေတာ္တို႔မေတြ႕ျဖစ္တာေတာ္ေတာ္ၾကာသြားပါၿပီ"
"ဘယ္ႏွစ္လရွိၿပီလဲက်န႔္ေကာ.."
"၈လ"
"က်ဴးအာတို႔သားေလးထက္ႀကီးတာဘဲ!
က်ဴးအာသားေလးက၇လထဲဝင္ေနၿပီ"
"ဂုဏ္ျပဳပါတယ္မင္းသမီး"
"က်န႔္ေကာမွာသမီးေလးေမြးရင္က်ဴးအာသားနဲ႕လက္ဆက္ေပးရေအာင္ေလ
ရိေပၚေကာေကာသမီးကအေခ်ာေလးဘဲေနမွာ ဟိဟိ"
ေရွာင္းက်န႔္ကသမီးေလးဆိုေတာ့မ်က္ႏွာကြပ္ခနဲပ်က္သြား၏။ သားေမြးေမြးသမီးေမြးေမြးခ်စ္မွာဆိုေပမယ့္ရိေပၚနဲ႕သူကေယာက္်ားေလးျဖစ္ဖို႔ေမွ်ာ္လင့္ထားတာ။ က်ဴးအာမင္းသမီးကရယ္ရင္းဆက္ေျပာျပန္၏။
"စတာပါေကာရဲ႕ ေကာတို႔မ်ားအခုကတည္းကအူတိုေနလိုက္တာ!"
"ကြၽန္ေတာ္တို႔လိုမ်ိဳးရိုးနိမ့္တဲ့အသိုင္းအဝိုင္းနဲ႕ေတာ္ဝင္မ်ိဳးႏြယ္နဲ႕မထိုက္တန္ပါဘူးမင္းသမီး"
"အမေလး က်န႔္ေကာရယ္
ဟိုဘက္နိုင္ငံမွာဆိုရင္လည္းကိုယ္ခ်စ္တဲ့သူကိုယူလို႔ရတယ္သိလား
အဲ့လိုစည္းကမ္းသတ္မွတ္ခ်က္မရွိဘူး"
"ဒါနဲ႕မင္းသမီး ကိုယ္ဝန္ႀကီးနဲ႕ဒီကိုဘယ္လိုလုပ္.."
"ဒီမွာေမြးခ်င္လို႔ေပါ့ေကာရဲ႕..
ဒီမွာေမြးၿပီးသားကိုကန္နိုင္ငံမွာေမြးခဲ့တာလို႔ႀကီးလာရင္ေျပာမွာ"
"အရွင္ခြင့္ျပဳေပးရဲ႕လား"
"အမေလး သူလား
မယားေျပာတစ္ညက်န႔္ေကာရဲ႕
သူကလိုက္ခ်င္ေပမယ့္သူ႕အလုပ္ေတြနဲ႕မအားဘူးေလ"
"သူမင္းသမီးေပၚၾကင္နာရဲ႕လား"
မင္းသမီးရဲ႕စကားေတြနဲ႕တင္မင္းသမီးဟာအခ်စ္ခံေနရမွန္းသူရိပ္မိလိုက္၏။ မင္းသမီးဟာစိတ္ရင္းေကာင္းၿပီးခ်စ္ဖို႔ေကာင္းလို႔အရွင္ကေသခ်ာေပါက္ခ်စ္ေလာက္မွာ။ ဟိုကိုေရာက္ၿပီးတဲ့ေနာက္ပိုင္းမင္းသမီးဟာပိုၿပီးေတာင္တက္တက္ႂကြႂကြျဖစ္လာေသးတယ္။
"သူက်ဴးအာအေပၚေတာ္ေတာ္ေလးေကာင္းပါတယ္
အဲ့ဒါေၾကာင့္ေလ က်ဴးအာက်န႔္ေကာတို႔ကိုေက်းဇူးတင္ခ်င္လို႔ လူမွန္သူမွန္နဲ႕ေတြ႕ခြင့္ရလို႔ သူမ်ားအိမ္ေထာင္ေရးကိုမဖ်က္ဆီးမိလို႔လည္းအခုမွဝမ္းသာမိတယ္
ရိေပၚေကာေၾကာင့္မဟုတ္ရင္က်ဴးအာသူနဲ႕ဆုံခဲ့မွာမဟုတ္ဘူး
အစတုန္းကက်န႔္ေကာအေပၚက်ဴးအာရိုင္းျပမိပါတယ္
က်ဴးအာကိုခြင့္လႊတ္ေပးပါေနာ္က်န႔္ေကာ!"
"ကြၽန္ေတာ့္စိတ္မွာဘာမွမထားပါဘူးမင္းသမီး!
မင္းသမီးကငယ္ေသးလို႔စိတ္ကစားမိသြားတာ မင္းသမီးေပ်ာ္ေနလို႔ကြၽန္ေတာ္လည္းဝမ္းသာမိတယ္"
"ဒါဆိုက်ဴးအာသားနဲ႕က်န႔္ေကာသမီးေပးစားရေအာင္ေလ.."
"သမီး..သမီးမဟုတ္ဘူး
သားေလးေမြးမွာ!"
"ဟားဟား စတာပါက်န႔္ေကာရယ္"
(11.5.22)
ဒါေလးလည္းၿပီးေတာ့မွာဆိုေတာ့ဘယ္လိုtypeမ်ိဳးဘယ္လို genreမ်ိဳးဖတ္ခ်င္ၾကလဲဟင္။ fanfictionဘဲဆက္ေရးသြားမွာဆိုေတာ့yizhanကိုမေရးဖူးတဲ့ပုံစံမ်ိဳးလည္းေရးခ်င္ေသးတယ္။ စိတ္ကူးကလည္းမရွိေသးလို႔ေလ။ ကိုယ္မရတာကေတာ့ေတာ္ေတာ္မရဘူး။ မသိမတတ္တာလည္းအရမ္းမ်ားတယ္။
...............................