ချစ်ခြင်းတို့အလွန်
By maiyuri18
1M 54.6K 2K
ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း (၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final
အပိုင်း(၆)
15K 800 1
By maiyuri18
" ဟိတ်ကောင်ရဲရင့်"
"အဲ့ဒါ ...ဟို အစ်မမိုးပြည့်ရဲ့ မောင်လား..."
"အေး..ဟုတ်တယ် ကောင်းပြည့်ဝေလျှံတဲ့ အလကားကောင် ငွေမက်တဲ့မောင်နှမ ကိုကြီးကိုအရူးလုပ်ခဲ့တဲ့သူရဲ့မောင်လေ။ ကိုကြီးနဲ့မားမား တို့ကြား ပြသနာဖြစ်စေတဲ့တရားခံကသူ့အစ်မလေ။ ကိုကြီးအိမ်က ထွက်ပြီးအပြင်မှာနေတော့ မားမားအရမ်းငိုခဲ့တယ်။ အဲ့အမျိုးသမီးကိုမုန်းလိုက်တာ..နာကျင်မူဆိုတာ ဘယ်အရာလဲလို့ငါ့ပြမှာ ..."
မကျေနပ်ချက်တွေပြောရင်း ကလေးနောက်ကျောလေးကြည့်မိတယ်။တကယ့် ကလေးလေးဗျ အရပ်က ၅'၅ ပတ်ချာလည် ၊ အသားအရည်က ယောအစပ်ဆိုတော့ ဝင်းဝင်းကြည်ကြည်လေး ဖြူတာမဟုတ်ညိုတာမဟုတ် ဝင်းနေတာ ၊ ယောသံခပ်တဲ့ အသံဝဲဝဲလေး ။ထူးခြားတာက မဲနက်နေသောမျက်တောင်ရှည်တွေနဲ့ ဝိုင်းစက်နေတဲ့မျက်ဝန်း၊ အထိတ်တလန့်ဖြစ်ရင် ဝိုင်းစက်သွားတာ က တကယ့် လပြည့်ညမှာ သာတဲ့ လမင်း အလား။ နူတ်ခမ်းဖူးဖူး နီနီလေး ၊ ဆေးဆိုးအရောင်မပါတဲ့ ဆံပင်လေးက နဖူးပေါ်မှာ ဝဲလို့ ။ တကယ့် ကလေးပေါက်စ ...အဝတ်အစားက ယောလုံခြုံအနက်၊ စတစ်လက်ရှည်အဝါနုလေးနဲ့ တကယ် လူကြီးပေါက်စ ..ဟားးကြည့်လေ ကြည့်လေ မျက်တောင်မခပ်ချင်လောက်လှတာမျိုး ...
"ဟာ...ဟိတ်ကောင်ရဲရင့် ကြည့်လှကြည့်လား ..ဘာလဲကြွေသွားတာလား ...မဟုတ်မှလွဲ မင်းအစီအစဉ်ပျက်ကုန်ပြီလား..."
သိလိုစောနဲ့ ပြောမိတယ် ဘယ်နှယ့်ဗျာ ...ပြောတော့ ကျားဖမ်းမယ်ဆင်ဖမ်းမယ်နဲ့ တကယ့်တကယ်တွေ့တော့ ခေါ်တဲ့နာမ်စားကိုက "ကလေး " တဲ့ ။ဟိုက် ...ဒါလား မကျေနပ်လို့ ကလှည့်စားချင်မူကြီးက နောက်ပြီး.. ဘာတဲ့ သူကိုသူ့ "ကိုကို "တဲ့...ကြားကြရဲ့လား အမျိုးတို့။ ကျွန်တော် ပြောမိ၊
မေးမိတာ မှားရော့လား ။ အလကား ပစ်ကြွေနေတာသူမျက်လုံးတွေကြည့်သိနေတာကို...အကျင့်ဆိုးအတိုင်း ငြင်းပါလိမ့်မယ် ။
"ရဲရင့် အစီအစဉ် ပျက်မယ်ဆိုလည်း ပျက်သင့်တယ်ဟ ..တကယ့်အလှလေး .ငါတောင်နောက်တစ်ခေါက်တွေ့ ရင် ချစ်မိမှာဗျ...ဟားးး"
တကယ် ချစ်ပစ်ချင်စရာလေး ...လှတဲ့အရုပ်လေးမြင်ရင် သူသူကိုယ်ကိုယ် လိုချင်ကြတာဆန်းလား။
"ခွေးကောင် ငထက် ...မရဘူးနော်...ဘာအကြောင်းနဲ့မှ ငါအစီအစဉ်အပျက်မခံနိူင်ဘူး ဟိတ်ကောင် ...စကားကြည့်ပြော "
ထက်ပိုင်ပြောစကား မကြိုက်လိုက်တာ...ဘာတဲ့နောက်တစ်ခေါက်တွေ့ ချစ်မိမယ်တဲ့။ မရဘူး သူကငါအပိုင်ဖြစ်အောင်လုပ်မှာ ကြည့်နေ...ဘယ်သူမှသူကိုချစ်မရဘူး ငါအစီအစဉ်အပျက်မခံနိူင်ဘူး။ တကယ်တော့ထက်ပိုင်စကား မပိုဘူးရယ်..တကယ်အလှလေး..သိမ်းထားချင်စရာလေး.။ အင်း...သူ့ဘေးကသူငယ်ချင်းက ကျွန်တော်တို့အဖွဲ့ကိုမကြည် ကြည့် ကြည့်သွားတယ်။ ဟိုးထားကောင်လေး မင်းက ဘေးကအစောင့်သက်သက်ဆိုတာ မကြာခင်သိစေရမယ်။
" ရဲရင့်..ငါ ဘာမှတော့မပြောချင်ဘူး အစ်ကိုကြီးနဲ့ အန်တီ တို့ပြသနာ က သူနဲ့မဆိုင်ဘူးလေကွာ..အတိအကျစုံစမ်းကြည့်ပါအုံးလား ...နောက်မှ နောင်တရ စရာဖြစ်ကုန်မှာစိုးတယ်.."
ကလေးက တကယ့်ချစ်စရာလေး ဘာဟန်ပန်အမူအရာမှမပါဘူး။ ရဲရင့်ပြောသလို ငွေမက်တဲ့ရုပ်မျိုးမဟုတ်ဘူး ..အထင်လွဲရာကနေ အမှားတွေဖြစ်ရင် အားလုံးမကောင်းဘူး။ ကလေး ဘေးကသူငယ်ချင်းလေးက ဇေယျာဝင်းထက်တဲ့ သူ့အပါးနဲ့ငယ်ငယ်က အိမ်ကိုလိုက်လာဖူးတယ်။ ခု သူ့ ပုံစံက ထွားလာလိုက်တာ ၊ငယ်ရုပ်တော့ ပျောက်မသွားသေးဘူး..အကြောတင်း လေးက ချစ်စရာ။ သူငယ်ချင်းကိုကာကွယ်ပေးနေပုံရတယ်.. ..ဟွန်း တကယ့်ဟီးရိုးစတိုင်နဲ့....သူ့သူငယ်ချင်းထိခိုက်မှာမလိုလားပုံနဲ့...ခေါင်းခါ၍သာပြုံးမိတယ်...
"ဘာလဲ သက်ကို...မင်း သူ့ဘေးက ကောင်ကို ငေးနေတာငါသိတယ်...သူ့ကိုသဘောကျတာ ငါမတားဘူး...ငါအစီအစဉ်ကိုလည်း ဘယ်သူမှတားမရဘူး...အဲ့မိသားစု နာကျင်ရမှငါကျေနပ်မယ်..တောက်"
တောက်ခေါက်၍သာ ဖြေပျောက်မိတယ် ဘာလဲကွာ..အလကား ချီးပဲ...ခဏတာအချိန်အတွင်း လူကိုမြူစွယ်သွားတာ...ကောင်လေး
"ကဲ သွားရအောင် ငါ့ Condo ...ငါ့ရိပ်သာ ရောက်တုန်း နှပ်ချင်လား၊ ကဲချင်လား ဟိတ်ကောင်....ပျော်စရာလေးတွေ ဖန်တီးပေးမယ်လေ...ဟားးးး"
"ခွေးကောင်...ထက်ပိုင်...သွားမယ်"
ကျွန်တော် ကိုရီယားမသွားခင် ငယ်ငယ်ကတည်းကသူငယ်ချင်း ဝေယံထက်ပိုင် နှင့် ကျော်သက်ကို ..ညီအစ်ကိုအလား စားအတူ..သွားမကွာ..အတူတူကြီးပြင်းခဲ့ကြတာ...ထက်ပိုင်တို့သက်ကိုတို့က အဆင့်မြင့်အိမ်တော်တွေကပဲဆိုတော့ အဆင့်အတန်းဘာညာ ပြောစရာမရှိဘူး။ ကျွန်တော်တို့က ဘာရယ်မဟုတ် Bisexuality တွေလေ အဆင်ပြေရင်တွဲတယ် ။ ကျား၊မ ခွဲခြားမနေဘူး..မပြေရင် Go...အချစ်လား..ကိုကြီးခံစားနေရတာမြင်ပါများတော့ အချစ်က အဲလိုငိုစေလား။
movies တွေထဲမှာတော့ ပျော်စရာ ကြည်နူးစရာပါ...ကျွန်တော်အတွက်ကလား...ပျော်စရာရှိ ကောက်တွဲပျော်တယ်၊ လွမ်းတာ ၊နာကျင်တာ...အားးး မရှိဘူး။ ပြည့်စုံတဲ့အိမ်တော်ကသားဆိုတော့ ပံ့ပိုးကူညီချင်သူများသား..အသာစီးမျှောလိုက်ရုံပဲ....ဘဝပေးကံကောင်းမူပေါ့။
ငွေကြေးလား အားလုံးအေးဆေး ကျွန်တော် ဘာဖြစ်ချင်တယ် ၊ဘာလိုချင်တယ် တစ်ခွန်းသာ ပြောလိုက် ..လုပ်ပေးမယ့်သူ တစ်ပုံကြီး။ ကိုကြီး.. ကိုကြီးက အစွဲသိပ်ကြီးတာ ဘာမဟုတ်တဲ့ အဲ့မိန်းမ ဓါတ်ပုံကိုကြည့်ပြီး ငို ..နာကျင်နေတာ...မားမားနဲ့ ပြသနာတက်သည်အထိ။မားမားကြောင့်ဆိုပြီး မားမား ပြောစကားနားမဝင်ဘူး။မားမားဘာလုပ်လုပ်အကောင်းမမြင်ဘူး..။နောက်ဆုံး မားမားငိုရတော့ ကျွန်တော်မုန်းတယ့် အဲ့အမျိုသမီးကို...သူ့ကြောင့်ကျွန်တော်တို့အိမ် ပြသနာတက်ရသလို ..သူ့သိပ်ချစ်တဲ့မောင်လေး ကျွန်တော်ကြောင့်ငိုကြွေးနေတာမြင်ရင်...ဟားးဘယ်လောက်တရားကျမလဲ။
"တရားမျှတမူ"ဆိုတာ တောင်းဆိုလို့ရတဲ့အရာမဟုတ်ဘူး ကိုယ်အပေါ်မတရားဘူးဆိုရင် လုပ်ယူရတာမျိုး...ကျွန်တော်က အချစ်ကိုမယုံကြည်ဘူး ..တွဲတယ်၊ပျော်တယ်။ မကြိုက်ရင် လမ်းခွဲတယ်။ အနှောင်အဖွဲ့ ကိုလည်း မကြိုက်ဘူး ...လာမချုပ်နဲ့ ...ကိုယ့်သဘောအတိုင်းပဲ..အပါးက ခွင့်ပြုထားသမျှ ဘယ်သူမှလာမတားနဲ့ ကျွန်တော်စိတ်ကျွန်တော်ကိုယ်။
ဘယ်သူအပေါ် ဘာလုပ်လုပ် ဖြေရှင်းပေးချင်လို့ ကူညီပေးချင်လို့ စောင့်နေသူအများကြီး။ အွန်းး...ကိုကြီးလား မားမားတို့စေ့စပ်ပေးသူနဲ့စေ့စပ်ပြီး ပြင်သစ်မှာ စီးပွါးရေးလုပ်နေတယ်..ပြန်မလာချင်သေးဘူးတဲ့။ ကိုကြီးသက်ဆိုင်သူက ဆေးလောက ကဆရာဝန်တစ်ယောက်ဆိုတာကလွဲ ကျွန်တော်မသိဘူး။ မမြင်ဖူးတာထက် မလိုအပ်သေးလို့ မတွေ့ချင်သေးတာပါ..။ အပါးတို့မားမားတို့အဆင်ပြေပြီးရော...
အိပ်ယာပေါ်တောင်မြောက်တွေးရင်း..ထက်ပိုင်ဆီက ဝင်လာသော ph ...
Hello...
(ငါ ဒီနေ့ ငါ့Cousin ငြိမ်းငြိမ်း ဆီက မင်းကလေးအကြောင်း သိရတယ် )
"အင်း..ပြော"
(ရဲရင့်အဆင်ပြေပါ့မလား ဟိတ်ကောင် ကြည့်လုပ်..သူ့Fatherကြီးက စိတ်ကြီးတယ်ဆိုလား...သူ့တစ်အိမ်လုံး က မလွန်ဆန်နိုင်ဘူးတဲ့...ကောင်းပြည့်ကို သူ မကြိုက်တာ တခုခုလုပ်ရင် စွန့်ပစ်မယ်ထိ ကြော်ငြာမောင်းခတ်ထားတာတဲ့...ရဲရင့်)
"အဲ့တော့ ငါက ဘာလုပ်ရမလဲ ..သူအိမ်က သူနဲ့ဆိုင်တာလေ ..ငါနဲ့မှ မဆိုင်တာ ..သူ့Fatherကြီးအကြောင်းသိရတာ ပိုပျော်သေးးး....ဟားးး တစ်ချိန်ကြ ငါ အဲ့ကလေးနဲ့ ဖြစ်ပျက်နေတာကို မှတ်တမ်းတင်ပြီး ပို့လိုက်ရင်....ဟားးး"
(ဟာ..ဟိတ်ကောင်...)
"ဒါပဲမဟုတ်လား...စိတ်ချ ငါ ပြောတဲ့အတိုင်း လုပ်မှာ ..စောင့်ကြည့်နေ"
(ဟာ...ခွေးကောင်...တားမရလည်း သဘော ...ငါဝင်မပါဘူးဟေ့)
"မင်းကြောက်ရင် နားလိုက် ..ငါဘယ်သူလဲမင်းသိပါတယ်...ငါကပြောရင်ပြောတဲ့အတိုင်းပဲ..ဒါပဲ"
အင်း ပျော်စရာ ကစားကွက်တွေ ဆော့ရချည့်သေးရဲ့ ...ကောင်းပြည့်ဝေလျှံ ...အရုပ်ကလေး .လို ကိုကို ကြိုးဆွဲရာ ကမယ့်အရုပ်ကလေး ဖြစ်ဖို့။ သိပ်မကြာခင် ခင်များမမိုးပြည့်ဝေလျှံ မျက်ရည်တွေနဲ့ လာဒူးထောက်သည်အထိ ကျွန်တော် ပြမယ်၊ ကိုကြီးအတွက်ပါကိုကြီး..နားလည်ပေးဖို့မျှော်လင့်ပါတယ် ...မြန်ပြည်ပြန်လာတာ မပျင်းရတော့ဘူးပေါ့..
Next Morning...
"အပါး..မားမား..Morning ..."
ရာသီဥတုပူပြင်းလှတဲ့ ဒီနိုင်ငံမှာ ပေါ့ပါးပြီးသက်သာစေတဲ့Suit ကိုပဲဝတ်ဆင်ဖြစ်တယ်။ Dinning room မှာ အပါးတို့နဲ့အတူ မနက်စာ စားချင်တယ်..မိသားစုစုံလင်တဲ့ ထမင်းဝိုင်းမျိုး သိပ်အားကျတာ။ တချို့ကပြောတယ် ငွေရှိရင် အရာရာ ပြည့်စုံစေတယ်တဲ့ ...ကျွန်တော်အတွက်က မိသားစုအေးအေးချမ်းချမ်းလေး နေရတာ သိပ်သဘောကြတယ် ။ အပါးတို့နဲ့ ခွဲနေရတာ ကြာလာတော့ မိသားစုကို တန်ဖိုးထားဖြစ်တယ်။ ခုဆို ကိုကြီး ခရီးထွက်တော့ မိသားစု မှာတခုခုလိုနေသလို ...။
"Morning သား..."
အပါးကတော့ ခေါင်းငြိမ့်၍သာအသိအမှတ်ပြုတယ်...သောက်လက်စကော်ဖီကိုချကာ
"သား ဘယ်တော့အလုပ်ဝင်မလဲ... HANTHAR GROUP ကို သားတို့နှစ်ယောက်ကို လွဲချင်နေပြီ..အပါးနေရာ ဆက်ခံဖို့ ပြင်ဆင်ကြ...သားကြီးလည်း ဟိုမှာ စီးပွါးရေးစလုပ်နေပြီ။ အဆင်ပြေတယ်လို့လည်း ပြောတယ်..သားရော ဘယ်ချိန် အလုပ်ကို လေ့လာမလဲ။အပါးကို အနားယူဖို့ သင့်ပြီ တွေးပေးကြတော့..."
အဲ့ဒါ့ကျွန်တော်အပါး သိပ်စကားသိပ်သုံးတက်တာ ..အေးဆေးတည်ငြိမ်စွာဖြင့်သူလိုရာကို ဆွဲ သိမ်းသွင်းသွားတာ။ အပါးက ရည်မှန်းချက်ကြီးတယ်..မားက တိုင်းတစ်ပါးက ကြွယ်ဝချမ်းသာသူ မို့ မားဘက်ကအဘိုးတွေသိပ်သဘောမကျခဲ့ဘူး ။ အပါးက အဘ်ိုးအလိုတော်ကြဖို့ရာ စီးပွါးရေးထဲခြေစုံပစ်ဝင်ခဲ့သည်။ ကြိုးစားတယ် ၊ အောင်မြင်တယ် ယနေ့ HANTHAR GROUP ထိပ်တန်းရပ်တည်နေသာတာကြည့်။ မားအပေါ်လည်း ခင်ပွန်းကောင်းတစ်ယောက်၊ ကျွန်တော်တို့အပေါ်လည်း ဖခင်ကောင်းတစ်ယောက် ပီသခဲ့တယ်။
မားမားက ပညာတက်ပြီး တွေးခေါ်မူအားကောငိးတဲ့အမျိုးသမီး ။ မားတို့ဘက်က ဆွေစဉ်မျိုးဆကိ ကြွယ်ဝကြတယ် ၊ပညာတက်ကြတယ်။ အနေအေးတဲ့ကိုကြီးကို အဘိုးက အားမရဘူး ။ ဒါကြောင့်ကျွန်တော်ငယ်ငယ်လေးကတည်းက အဘိုးက ဟိုမှာခေါ်ထားတယ်။ အဒေါ် အတွက်တော့ ကျွန်တော်က လိုတရမင်းသား။ အဘိုးက သည်း တော့ ဘယ်သူမှမပြောရဲကြဘူး။ မားကသာအလည်လာတက်ပေမယ့် အဒေါ်ကဒီကအလုပ်ဦးစီးနေရတယ်။
တစ်နေ့ မားမူးလဲတယ်ဆိုတဲ့သတင်းကြားကြားချင်း ကျွန်တော်ပြန်လာခဲ့တယ်။ အရွယ်တင်နုပျိုတဲ့မား၊ သားတွေအပေါ် သိပ်ချစ်တဲ့မား ဘယ်အရာတွေက စိတ်ထိခိုက်ဖို့ထိဖြစ်စေတာလဲ။ ကိုကြီးကလည်းအရင်လိုမဟုတ် မျက်နှာမကောင်းဘူး။ အပါးကတော့ ဘာမှထုတ်မပြောခဲ့ဘူး။"ဒီပြန်လာပြီး မားကိုဂရုစိုက်စေချင်တယ်တဲ့" ။
"ဘာတွေဖြစ်ခဲ့တာလဲ မားရယ်"
zawgyi
" ဟိတ်ကောင်ရဲရင့်"
"ခွေးကောင် ငထက် ...မရဘူးနော်...ဘာအကြောင်းနဲ့မှ ငါအစီအစဉ်အပျက်မခံနိုင်ဘူး ဟိတ်ကောင် ...စကားကြည့်ပြော "
Hello...
"အင်း..ပြော"
(ဟာ..ဟိတ်ကောင်...)
Next Morning...
"အပါး..မားမား..Morning ..."
"Morning သား..."
Continue Reading
You'll Also Like
295K 20.1K 69
1M 44.2K 56
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
444K 22.8K 51
အပြင် လူနေမှုဘဝနဲ့ တူညီအောင်...တတ်နိုင်သမျှရေးမှာမို့ ရိုးရိုးရှင်းရှင်း လေးနဲ့ ပေါ့ပေါ့ပါးပါး အချို married life fic လေးပါ...😍😍 20.1.22🤗💜💙 Sta...
4M 415K 41
Myanmar BL