Hidden love " ကုမုဒြာ "( comp...

By MikkyLay1

1M 55.9K 6.2K

လရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မ... More

ဇာတ်ကောင်မိတ်ဆက်
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter-6
Chapter-7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64 ( Final )
Extra❤
ကျေးဇူးတင်လွှာ❤️ ( ပရိုမိုးရှင်း )
🎉🎉🎉

Chapter - 17

15.9K 1K 228
By MikkyLay1

ဧကရာဇ်မောင် အိပ်ယာကနေနိုးထလာတော့ အခန်းထဲမှာ ကုမုဒြာရှိမနေတော့ပေ ။ ဒါပေမဲ့မနေ့ကသိခဲ့ရတဲ့အမှန်တရားကြောင့် သူ့စိတ်ထဲမှာ ရှုတ်ထွေးနေခဲ့သည် ။ သူအမြဲမကောင်းမြင်ခဲ့တဲ့လူက သူ့အပေါ်ကောင်းပေးနေတာကို သူကိုယ်တိုင်က မျက်ကန်းတစ်ယောက်လို သတိမထားမိခဲ့ခြင်းဖြစ်သည်  ။

မုဒြာရဲ့ချုပ်ချယ်မှုတွေကနေလွတ်မြောက်သွားလျှင် ပျော်ရွှင်ရလိမ့်မည်ဟုတွေးထင်ခဲ့တဲ့ သူကိုယ်တိုင်က မုဒြာရဲ့အေးဆက်ဆက်အပြုအမူတွေကို လက်မခံနိုင်ဖြစ်နေပြန်သည် ။ မုဒြာရဲ့အနားကနေထွက်ပြေးချင်နေတဲ့သူကိုယ်တိုင်က မုဒြာအဝေးကိုခနလေးထွက်သွားယုံနဲ့ လွမ်းစွတ်နေတဲ့စိတ်က ဖုံးကွယ်မရခဲ့ပေ ။  သူ့ရဲ့နှလုံးသားကခံစားမှုတွေနဲ့ ဦးနောက်ထဲကအသိတွေဟာ ကိုက်ညီမနေပဲ လွဲမှားနေသည်ကို သတိပြုမိလာသည် ။

ကုမုဒြာအကြောင်းနောက်ထပ် မသိသေးတဲ့အရာတွေ ဘယ်လောက်များများရှိနေဦးမလဲ ?

ဧကရာဇ် သူ့ရဲ့အခန်းထံပြန်လာတော့ ကုမုဒြာက အရင်ကလို အဝတ်အစားပြင်ဆင်ပေးခြင်းမရှိတော့သလို ဂရုပင်မစိုက်တော့ ။ ဧကရာဇ်မောင်က ကုမုဒြာ သူ့တာဝန်ကို မေ့လျော့နေတာလားဟုပင်ထင်မိလိုက်သည် ။ သူကိုယ်တိုင်က ဘာကြောင့်မုဒြာရဲ့ဂရုစိုက်ပေးမှုကို ခံချင်နေမှန်းမသိတော့ပေ ။

ဧကရာဇ် ရေချိုးပြီး ပြန်ထွက်လာတော့ ကသစ်ပန်းက အဝတ်အစားတွေကိုင်ပြီးစောင့်နေသည် ။ စောင့်နေတဲ့လူက သူမျှော်မှန်းထားတဲ့သူဖြစ်မနေ၍ ဧကရာဇ်မျက်နှာ သုန်မှုန်သွားသည် ။

" ကသစ် … မင်းဒီလိုတွေလုပ်ပေးဖို့မလိုဘူး … ပြီးတော့အခန်းထဲကို ခွင့်ပြုချက်မတောင်းပဲ ဘာကြောင့်ဝင်လာတာလဲ … တစ်ခြားလူတွေမြင်ရင် အထင်လွဲကုန်လိမ့်မယ်  "

ဧကရာဇ်မောင်ထံက မျက်နှာသာရဖို့ ကသစ်ပန်းကြိုးစားနေပေမဲ့ အရေးမပေးတဲ့အပြင် အဆူခံလိုက်ရ၍ မျက်နှာပျက်သွားသည် ။ သို့ပေမဲ့ သူမက မျက်နှာအမူအယာကို စက္ကန့်ပိုင်းအတွင်း ပြောင်းလဲနိုင်သည် ။

" ကသစ်မောင့်ကို ဂရုစိုက်ပေးချင်လို့ပါ … မောင်ကမကြိုက်ဘူးလားဟင် "

သနားစရာကောင်းအောင် ဝမ်းနည်းတဲ့အသံနဲ့ပြောလာတော့ ဧကရာဇ်မောင်လဲ လေသံလျော့သွားပြီး ကသစ်ပန်းလက်ထဲက သူ့အဝတ်အစားတွေကို ယူလိုက်သည် ။

" ဘယ်လိုပဲဖြစ်ဖြစ် ငါကအိမ်ထောင်သည်တစ်ယောက်ဖြစ်နေတုန်းပဲလေ … မင်းအပေါ်မှားခဲ့တဲ့အမှားတစ်ခုကြောင့် မင်းနဲ့ကိုက်ညီတဲ့အယ်ဖာမတွေ့မချင်း စောင့်ရှောက်ပေးမယ်လို့ကတိပေးခဲ့တာ … ဒါကြောင့်တစ်ခြားလူတွေအထင်လွဲနိုင်မဲ့အပြုအမူမျိုး ရှောင်ကျင်ဖို့လိုတယ် … နောက်တစ်ခါ ဒီအခန်းထဲကို မင်းလာဖို့မလိုတော့ဘူး … ခုမုဒြာလဲရောက်လာပြီဆိုတော့ မင်းအနေအထိုင်ပိုပြီးဆင်ချင်ဖို့လိုလာပြီ "

ကသစ်ပန်းက ဧကရာဇ်မောင် မုဒြာပြန်လာမှ သူမကိုပိုပြီးရှောင်ဖယ်လာကာ မုဒြာဘက်အလေးသာနေ၍ ပိုပြီးမကျေမနပ်ဖြစ်လာသည် ။ ဧကရာဇ်မောင်က အားနာပြီးသနားတတ်၍ သူမကမျက်နှာကိုဇီးရွက်လောက်ထိညှိုးငယ်ပြပြီး ငိုမဲ့မဲ့လေသံဖြင့် ဧကရာဇ်မောင် သနားလာအောင်ကြိုးစားလေသည် ။

" ကသစ်က မောင့်အတွက် အရေးမပါတဲ့လူတစ်ယောက်မှန်း သိပါတယ် … ဒါပေမဲ့ ကသစ်ဒီတိုင်းလေးနေရတာကိုပဲ ဝမ်းသာနေပြီ … မောင်ကသစ်ကိုစွန့်ပြစ်မသွားဘူးမို့လားဟင် "

သူမရဲ့သရုပ်ဆောင်စကေးက ဧကရာဇ်မောင်ကို ထိန်းချုပ်ထားနိုင်သည် ။ ဧကရာဇ်မောင်ရဲ့အပြစ်မကင်းတဲ့စိတ်တွေက သူမကပ်သွယ်နိုင်သည့်အကောင်းဆုံးအရာပင် ။

" မင်းရဲ့ဖယ်ရိုမုန်းတွေရော ထူးခြားချက်ရှိလား … မတည်မငြိမ်တာမျိုးဖြစ်သေးလား "

" ကသစ်ထိန်းနိုင်ပါတယ် … မောင့်အနားမှာရှိရင် အရာအားလုံးအဆင်ပြေတယ် "

" အင်း … ဒါဆိုအဝတ်လဲပြီးလာခဲ့မယ် … မင်းအောက်ထပ်မှာစောင့်နေ "

ကသစ်ပန်းကထွက်လာတော့ အပြင်မှာရပ်နေတဲ့ မုဒြာကိုတွေ့သွားသည် ။ မုဒြာက အခန်းရှေ့ကနေဖြတ်သွားစဉ်ဧကရာဇ်အခန်းတံခါးကပွင့်နေပြီး စကားပြောသံလဲကြားနေ၍ ရပ်ကြည့်လိုက်ခြင်းဖြစ်သည် ။

အသံတွေကို သဲကွဲစွာမကြားပေမဲ့ ဧကရာဇ်မောင်နဲ့ ကသစ်ပန်းရဲ့အခြေအနေက အတော်လေးကောင်းမွန်နေမှန်း သိသာလှသည် ။ အပြင်ကိုပြန်ထွက်လာတဲ့ကသစ်ပန်းက ရပ်ကြည့်နေတဲ့မုဒြာကိုမြင်တော့ အောင်နိုင်သူပမာ လှောင်ပြုံးပြုံးပြီး ဆိုလာတော့သည် ။

" ကသစ်က မောင့်အတွက်အဝတ်လာရွေးပေးတာ …  မောင်ကလဲ ကသစ်ရွေးပေးတာကိုပဲ သဘောကျတာဆိုတော့လေ … မောင်ကသူဝတ်ဖို့အဝတ်အစားမရွေးတတ်လို့ ကသစ်ကပဲအမြဲရွေးပေးနေရတယ် … သခင်လေးမုဒြာရော မောင့်ကိုလာတွေ့တာလား … မောင်ကခု အဝတ်လဲနေတယ် မအားဘူး "

မုဒြာသူမရဲ့အပြုအမူတွေကြောင့် ဒေါသထွက်မိပေမဲ့ စိတ်ကိုထိန်းလိုက်သည် ။ သူမနဲ့စကားများနေလို့လဲ ကောင်းကျိုးမရှိလာနိုင်ပေ ။ သူမကမုဒြာကို ဒေါသထွက်အောင်စွပြီး ပေါက်ကွဲပြသည့်အခါ ဧကရာဇ်မောင်ရှေ့၌မျက်ရည်ခံထိုးပြီး ကြာပန်းဖြူဟန်ဆောင်မှာကိုသိနေသည် ။ သူမရဲ့အကြံကို အောင်မြင်ခွင့်မပြုနိုင်ပေ ။ မုဒြာက ဂရုမစိုက်သည့်နယ် ပြန်ပြောလိုက်သည် ။

" မင်းရွေးပေးချင်လဲရွေးပေးလိုက်လေ … အဲ့ဒါက အိမ်ဖော်တွေလုပ်ရမဲ့တာဝန်ပဲ … ဆက်ပြီးတာဝန်ကျေလိုက်ပါဦး  "

" နင် "

ဒေါသထွက်ပြီး ကျန်ခဲ့တဲ့သူမကို လှည့်ပင်မကြည့်တော့ပဲ  ဇွဲရဲ့အခန်းထဲသို့ ဝင်လာခဲ့သည် ။ ဇွဲက သူ့ရဲ့အဝတ်အစားအိပ်ထဲကနေ ဝတ်စုံတွေတစ်ခုပြီးတစ်ခု ရွေးချယ်နေသည် ။ သို့ပေမဲ့ အကြိုက်တွေ့ပုံမပေါ်ပေ ။ အနောက်က မုဒြာရောက်လာတာမြင်တော့မှ ရွေးနေတာကို ရပ်လိုက်သည် ။

" မုဒြာ … ရောက်လာပြီလား "

" အင်း … ဒါနဲ့ ဇွဲ ဘာတွေလုပ်နေတာလဲ "

" ကိုယ်အဝတ်အစားကောင်းတာတွေ ထည့်လာဖို့မေ့ခဲ့တယ် … ပထမဆုံးရုံးတက်ရက်မှာ ဝတ်ဖို့ရှာနေတာ စိတ်တိုင်းကျမတွေ့ဘူး … အသစ်တစ်စုံတစ်ခါတည်းဝယ်ခဲ့ရမယ် "

မုဒြာက မောင့်အတွက် အဝတ်အစားပြင်ဆင်ပေးနေကျမို့ အဝတ်အစားရွေးချယ်တဲ့နေရာ ဆရာကျသည် ။ လူတစ်ယောက်ရဲ့ကိုယ်ကိုကြည့်ယုံနဲ့ ဆိုဒ်ကိုမှန်းနိုင်သည် ။ ဧကရာဇ်မောင်နဲ့ ဇွဲရဲ့ဆိုဒ်က မသိမ်းမရိမ်းရှိပြီး သူ့မှာလဲ မောင့်အတွက်နာမည်ကြီးဒီဇိုင်နာထံမှာအပ်ထားတဲ့ ဝတ်စုံသစ်တစ်ခုရှိနေသည် ။ ထိုဝတ်စုံကို အရေးတကြီးလိုအပ်နေတဲ့ဇွဲကိုပေးဖို့ အတွေးရသွားသည် ။

" ဇွဲ ခန မုဒြာဆီမှာ ဝတ်ဆုံအပိုတစ်ခုရှိတယ် "

" မုဒြာဟာဆို ကိုယ်နဲ့မကိုက်လောက်ဘူး "

" မုဒြာဟာမဟုတ်ပါဘူး … ဇွဲရဲ့ဆိုဒ်လောက်ပဲ အသစ်တစ်စုံရှိတယ် "

မုဒြာကအမြန်ပဲ သူ့အခန်းထဲသွားကာ ဝတ်စုံကိုယူလိုက်သည် ။ သူအခန်းထဲကနေပြန်ထွက်လာတော့ တစ်ဖက်ခန်းက ဧကရာဇ်မောင်နဲ့ ထိတ်တိုက်တွေ့သွားလေသည် ။

ဧကရာဇ်မောင်က မုဒြာလက်ထဲမှာ သူ့အဝတ်အစားတွေကိုမြင်တော့ မုဒြာသူ့အတွက်ယူလာတယ်ထင်ပြီး အရင်လိုဂရုစိုက်ပေးနေတုန်းမို့ပျော်သွားသည် ။ မုဒြာက ခနမျှသာရပ်ကြည့်ပြီး ရှောင်ဖယ်သွားတော့ ဧကရာဇ်မောင်က မုဒြာလက်ကို ဖမ်းဆွဲလိုက်သည် ။

" မုဒြာ မင်းဘယ်ကိုသွားမလို့လဲ … မင်းလက်ထဲကငါ့ဝတ်စုံမဟုတ်လား … ငါ့မွေးနေ့မှာ မင်းလက်ဆောင်ပေးထားတဲ့ဟာ "

မုဒြာက ဧကရာဇ်မောင်လက်ကို တွန်းဖယ်လိုက်ပြီး …

" အဲ့နေ့ကတည်းက မောင်မကြိုက်လို့ မုဒြာကိုပြန်ပေးပြီးပြီပဲလေ … ဘာလို့ခုမှမောင့်ဟာဖြစ်ရပြန်တာလဲ "

" ဒါပေမဲ့ မင်းငါ့အတွက် … "

" ဒီဝတ်စုံကို  ဇွဲကိုပဲပေးမလို့  …  မလိုချင်တဲ့လူကိုပေးတာထက် လိုအပ်တဲ့လူကိုပေးတာက ပိုတန်ဖိုးရှိတယ် … ပြောစရာမရှိတော့ဘူးဆိုရင် သွာပြီ "

မုဒြာကပြောပြီးထွက်သွားသည် ။ ဧကရာဇ်မောင် ကြောင်ပြီးရပ်နေကာ အရုပ်လုခံရတဲ့ကလေးငယ်လို ဝမ်းနည်းစွာကျန်နေခဲ့သည် ။ ရရှိစဉ်ကတန်ဖိုးမထားမိပဲ ဆုံးရှုံးသွားမှ နောင်တရနေမိသည် ။

မုဒြာက သူယူလာတဲ့ဝတ်စုံကို ဇွဲကိုဝတ်ခိုင်းကြည့်တော့ အားလုံးကွက်တိဖြစ်နေပြီး အလွန်ခန့်ညားနေသည် ။ ဇွဲကလဲ ဝတ်စုံကို အတော်လေးသဘောကျနေသည် ။

" ဒါကအသားကောင်းပဲ လက်ရာလဲကောင်းတယ် …   မုဒြာဘယ်ကရတာလဲ "

" မောင့်ကိုမွေးနေ့လက်ဆောင်ပေးခဲ့ပေမဲ့ မောင်ကသဘောမကျဘူး … ဒီတိုင်းထားထားရင်လဲနှမြောစရာကြီး … ဇွဲကြိုက်ရင်ယူလိုက်လေ "

" ဒါကသူ့ဟာဆိုတော့ ပေးလို့အဆင်ပြေရဲ့လား  "

" ခုထိဒီဟာကမုဒြာဟာပဲ … သူမလိုချင်လို့ငြင်းခဲ့တာလေ …  မုဒြာ ဇွဲကိုပေးတယ် "

" ဒါဆို မုဒြာက ကိုယ့်ရဲ့ရုံးသစ်ဖွင့်ပွဲအတွက် လက်ဆောင်ပေးတယ်လို့ သဘောထားလိုက်မယ် … အဲ့နေ့ကြရင် ကိုယ်ဒါလေးဝတ်မယ်  "

" ဒိထပ်ကောင်းတာလေး ပေးချင်တာကို "

" မုဒြာပေးတဲ့ဘာမဆို ကိုယ်တန်ဖိုးထားမှာပါ "

သူပေးတဲ့ဝတ်စုံကိုကြည့်ပြီး ပျော်နေတဲ့ဇွဲကြောင့် မုဒြာပြုံးသွားသည် ။ သူ့အပေါ်တကယ်ကောင်းပေတဲ့လူတွေအပေါ် ပြန်ပြီးကောင်းပေးတာကမှ မုဒြာအတွက် ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ လက်ခံနားလည်လာခဲ့သည် ။

" ဒါဆို အကိုနဲ့ ရုံးခန်းနေရာအကြည့် လိုက်မှာလား … ခနနေသွားကြရအောင် "

" အင်း … မုဒြာအဆင်သင့်ပြင်လိုက်မယ် .… အကိုလဲအဝတ်အစားပြန်လဲပြီး မုဒြာကိုအောက်ထပ်မှာစောင့်နေပေး "

အိမ်တော်မှာနေပြီး စိတ်မွန်းကြပ်ခံရတာထပ် အပြင်ကိုစိတ်ပြေလက်ပျောက်ထွက်တာက ပိုကောင်သည်ဟုတွေးမိကာ မုဒြာဇွဲနဲ့အတူ လိုက်ဖို့ပြင်သည် ။ မုဒြာဗိုက်က ဗွံ့ဖြိုးမှုနှေးတာကြောင့် အင်္ကျီအပွဝတ်နေကျမုဒြာအတွက် ဖုံးကွယ်ဖို့လွယ်ကူသည် ။ သူဟာပုံမှန်လူအတိုင်း ပေါ့ပါးစွာ ဝတ်ဆင်ကာ ဇွဲနဲ့အတူ အပြင်သို့ထွက်လာခဲ့သည် ။

ဇွဲကဂျပန်မှာအနေများပြီး အသားအရေကနှင်းလိုဖြူကာ ရုပ်ရည်ကသန့်ပြန့်လွန်း၍ တစ်လမ်းလုံးလူတွေကြည့်တာခံနေရသည် ။ မုဒြာက ဇွဲရဲ့ ကျော်ကြားမှုက လျော့မသွား၍ ချီးကြူးစကားဆိုလိုက်သည် ။ ဇွဲကပြုံးပြကာ တရင်းတနီးစကားတွေဆိုရင်း မုဒြာကိုငယ်စဉ်ကလို ပျော်ရွှင်အောင်ထားသည် ။

ဇွဲနဲ့ပြန်တွေ့ရင် မုဒြာအနေရခက်နေမယ် ထင်ထားပေမဲ့ ဇွဲကအရင်လိုခင်ခင်မင်မင်ရှိကာ  ပုံမှန်အတိုင်းစကားတွေပြောဖြစ်ကြသည် ။ နေရာတွေတစ်နေရာပြီးတစ်နေရာလိုက်ကြည့်ပြီးနောက် မုဒြာရဲ့အိမ်တော်နဲ့နီးကာ ဧကရာဇ်မောင်ရဲ့ ရုံးချုပ်နဲ့နီးတဲ့ အဆောက်အဦးတစ်ခုကို ရွေးချယ်လိုက်သည် ။

" ဇွဲ … ဘာကြောင့် အိမ်တော်နဲ့နီးတဲ့နေရာကို ရွေးတာလဲ … ပထမကြည့်တဲ့နေရာက နည်းနည်းဝေးပေမဲ့ ဒီနေရာထက်ကောင်းတယ် "

" ဒီနေရာက မြို့အလည်မကျတော့ သွားရလာရအဆင်ပြေတယ် … မုဒြာအိမ်နဲ့နီးတော့ ကိုယ်ခနတည်းတဲ့အခါအဆင်ပြေတာပေါ့  "

ရုံးအသစ်အတွက် နေရာရွေးပြီးသွားတော့ နေ့လည်စာစားချိန်လဲ ရောက်နေပြီမို့ အနီးနားက စားသောက်ဆိုင်တစ်ခုထံ သူတို့ထွက်လာခဲ့ကြသည် ။ မုဒြာက မောင့်ရဲ့ရုံးနဲ့နီး၍ ရုံးကလူတွေနဲ့တွေ့မှာဆိုးကာ စားသောက်ဆိုင်ရဲ့ ဒေါင့်တစ်နေရာကစားပွဲမှာ နေရာယူလိုက်သည် ။ ဇွဲက မုဒြာကြိုက်တတ်တာတွေ ရွေးမှာပေးပြီး ဒီနေ့ကူညီပေးတဲ့အတွက် မုဒြာကိုဝယ်ကြွေးမယ်လို့ပြောသည် ။

ထိုစဉ် မုဒြာတို့ထံ လူ ၂ ယောက်ရောက်လာသည် ။ သူတို့က ယံယံနဲ့မာန်တို့အတွဲဖြစ်သည် ။

" ဇွဲ … မင်းကပြန်ရောက်တာတောင် ငါ့ကိုအရင်လာမတွေ့ပဲ မုဒြာအနားမှာကပ်နေတယ် … ခုတော့မင်းတို့စိတ်ဆိုးပြေကြပြီပေါ့ "

ဇွဲက မုဒြာကိုကြည့်ကာ ပြုံးလိုက်ပြီး …

" ငါမုဒြာကို ဘယ်တုန်းကမှစိတ်မဆိုးဖူးပါဘူးကွာ … မင်းတို့ရောက်လာတာနဲ့အတော်ပဲ … တစ်ခါတည်းဝင်စားသွားပါလား "

ယံယံတို့ကလဲ စားသောက်ဖို့ရောက်လာတာကြောင့် မုဒြာတို့ဝိုင်းမှာပဲထိုင်လိုက်ကြသည် ။ ယံယံနဲ့ ဇွဲက ကျောင်းတုန်းက ခင်မင်ခဲ့၍ ရင်းနီးကြပေမဲ့ မာန်နဲ့ဇွဲနဲ့က ခုမှတွေ့ဖူးတာမို့ မိတ်ဆက်ကြသည် ။ မာန်က CEO တစ်ယောက်ဖြစ်၍ အလုပ်ကိစ္စအခက်အခဲရှိရင် သူ့ထံအကူအညီတောင်းဖို့ ဇွဲကိုလိပ်စာကပ်ပေးလိုက်သည် ။ ဇွဲက ခုမှလုပ်ငန်းခွဲ စမှာမို့ မာန်လိုအတွေ့အကြုံရှိတဲ့စီနီယာနဲ့ ခင်မင်ခွင့်ရတာဟာ ကံကောင်းသည်ဟုဆိုရမည် ။

ဇွဲကမျက်နှာချိုပြီး အပြောကောင်း၍ ခင်မင်သူပေါသည် ။ မာန်ကလဲ လုပ်ငန်းအတွေ့အကြုံတွေ ဝေမျှရင်း နောက်ပိုင်းအတူလက်တွဲလုပ်ကိုင်နိုင်ဖို့ထိမျှော်လင့်ကြောင်းပြောလာသည် ။ ဇွဲအတွက် အောင်မြင်ဖို့အခွင့်အလမ်းသစ်တွေက ခနချင်းပဲရရှိလာသည် ။  မုဒြာသူတို့ရဲ့စကားဝိုင်းမှာ ငြိမ်ငြိမ်လေးနားထောင်ရင်း အတိတ်ကကိစ္စတစ်ချို့ကိုပြန်စဉ်းစားမိလာသည် ။

ဇွဲ မုဒြာတို့အိမ်စရောက်လာစဉ်က မုဒြာနဲ့မောင်ဟာ တစ်ယောက်ခံစားချက်တစ်ယောက်ထုတ်ဖော်ပြီး ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးရှိလာသည့်အချိန်ဖြစ်သည် ။ အန္တီခင်နဲ့မကြာခနစုံဖူးပေမဲ့ ဇွဲကိုတော့ ၉ တန်းနှစ်မှစပြီးတွေ့ဆုံခွင့်ရခဲ့သည် ။ အမေ့မိတ်ဆွေရဲ့သားမို့ မုဒြာလဲဇွဲကို သူငယ်ချင်းတစ်ယောက်လိုခင်မင်ခဲ့ကြသည် ။

ဆယ်တန်းနှစ်မှာ ဇွဲနဲ့မုဒြာကိုအိမ်ကစေ့စပ်ဖို့ ပြောလာတဲ့အချိန်က ငြင်းဆန်ဖို့ သတ္တိမရှိတဲ့မုဒြာကို ဇွဲကသူ့ခံစားချက်အမှန်ဖွင့်ပြောလာပြီး အဖြေတောင်းခဲ့သည် ။ ဇွဲကမုဒြာကိုငယ်ငယ်ကတည်းက ပုံထဲမှာမြင်ဖူးခဲ့ပြီး နှစ်သက်ခဲ့ပေမဲ့ မိဘတွေရဲ့ဖိအားပေးမှုကြောင့် စေ့စပ်ပွဲကို မုဒြာလက်ခံလိုက်တာမျိုးမဖြစ်စေချင်၍ မုဒြာဘက်ကသူ့အပေါ်ခံစားချက်ကို သတ္တိရှိရှိဝင်ခံဖို့ ပြောလာသည် ။

ထိုအခါမှမုဒြာမှာ ချစ်ရတဲ့မောင်ရှိနေ၍ ဇွဲကိုလက်မခံနိုင်ကြောင်းအမှန်အတိုင်းပြောပြလိုက်သည် ။ ဇွဲကမုဒြာအဖြေကိုကြားတော့ ဝမ်းနည်းသွားပေမဲ့ မုဒြာရဲ့ဆုံးဖြတ်ချက်ကို လက်ခံနားလည်ပေးပြီး မိဘတွေထံစေ့စပ်ပွဲကို သူကိုယ်တိုင်ဖျက်သိမ်းခွင့်တောင်းကာ မုဒြာအပေါ်ညီငယ်တစ်ယောက်လိုစောင့်ရှောက်ပေးခဲ့သည် ။

ဧကရာဇ်မောင် ပညာတော်သင်သွားနေစဉ် အသက်မပြည့်ပဲမိတ်ဖက်ရွေးချယ်ခံလိုက်ရတဲ့မုဒြာကို လူတွေရဲ့ကဲ့ရဲ့အပြစ်တင်မှုအောက်ကနေ ဇွဲကကာကွယ်ပေးခဲ့သည် ။ ထိုအချိန်က ဇွဲသာမကူညီလျှင် အားလုံးက မုဒြာကိုပျက်စီးနေတဲ့လူအဖြစ် လှောင်ပြောင်ကဲ့ရဲ့ကာ ပညာပင်ဆက်သင်မရအောင် ရှုံ့ချကြလိမ့်မယ် ။

ဇွဲကထိုလူတွေအရှေ့မှာ သူနဲ့မုဒြာဟာ မိဘချင်းသဘောတူထားပြီး စေ့စပ်ထားကြောင်း ဝင်ခံကာ မုဒြာရဲ့အပြစ်တွေကိုဖုံးကွယ်ပေးပြီး မုဒြာကိုဘွဲရတဲ့ထိပညာသင်နိုင်အောင်ကူညီပေးခဲ့သည် ။ မင်္ဂလာပွဲနေ့ရောက်တော့ သတို့သားဟာ အားလုံးထင်သလို ဇွဲမဖြစ်နေခဲ့ပဲ ဧကရာဇ်မောင်ဖြစ်နေသည် ။

ထိုအရာက ဇွဲကိုအရှက်ရစေကာ လူတွေရဲ့အသင်းအဖျင်းပြောစရာဖြစ်လာပြီး မုဒြာကိုမုန်းတီးသွားမည်ဟုထင်ခဲ့၍ မုဒြာ ဇွဲကို အဆက်အသွယ်ဖျက်ပြစ်ခဲ့သည် ။ တစ်ချို့ကောလဟာလတွေထဲမှာ ဇွဲကမုဒြာကိုအမှတ်အသားပေးပြီးတာဝန်မယူပဲအပျော်ကြံကာ ထွက်ပြေးသွားတဲ့သူဟုပါ ပြောကြသည် ။ မုဒြာ ဇွဲကိုအမြဲအားနာနေခဲ့ရသည် ။ ခုတော့ ဇွဲဟာ မုဒြာထင်ထားတာထက်ပင် သဘောထားပြည့်ဝကာ မုဒြာအပေါ်ကောင်းနေဆဲပင် ။

ဇွဲကိုလဲ ပျော်ရွှင်စရာမိသားစုလေနဲ့အတူ အောင်မြင်မှုတွေရရှိတာကို မုဒြာမြင်ချင်သေးသည် ။ ဇွဲက မုဒြာအပေါ် အမြဲအနစ်နာခံ ကာကွယ်ပေးတဲ့အတွက် အပြစ်မကင်းသလို ခံစားနေရသည် ။

" မုဒြာ … ဘာလို့မစားပဲ ငေးကြည့်နေတာလဲ … အကြိုက်မတွေ့လို့လား "

" မဟုတ်ပါဘူး … မုဒြာဗိုက်သိပ်မဆာလို့ "

မုဒြာ ဇွဲထည့်ပေးတဲ့ဟင်းတွေကို ဟန်ဆောင်ပန်ဆောင်စားလိုက်သည် ။ ကိုယ်ဝန်ကြောင့် မုဒြာထမင်းစားပျက်နေတာ ကြာပြီ ။ ဘယ်သူမှမရိတ်မိအောင် နေနေရသည် ။ ထိုစဉ်ယံယံက မုဒြာနှဖူးကိုလာစမ်း၍ မုဒြာလန့်သွားသည် ။

" မုဒြာ … နေမကောင်းဘူးလား …အသားအရေကဝါပြီး ရောင်နေသလိုပဲ "

" အာ … ဘာမှမဖြစ်ပါဘူး … ရေမြေအကူးအပြောင်းကြောင့်ဖြစ်မယ် "

ဇွဲကပါဝင်ပြောလာသည် ။

" မုဒြာ ပြင်ဦးလွင်ကနေပြန်လာကတည်းက အားနည်းနေတာ … ကားပန်းလာလို့လား … ကိုယ်မင်းကိုပြည့်ပြည့်ဝဝအနားယူခိုင်းသင့်တာ "

" ရပါတယ် … မုဒြာအဆင်ပြေသွားမှာ "

ဒေါက်တာယံယံက ဆရာဝန်တစ်ယောက်မို့ မူမမှန်တာကိုတော့ ရိတ်စားမိနေသည် ။

" ဘာပဲဖြစ်ဖြစ် မင်းငါ့ဆေးခန်းကိုလာပြီး ဆေးစစ်ကြည့်ဦး … မလာတာ ၃ လတောင်ရှိပြီ … တစ်ပတ်အတွင်းမလာရင် ငါကိုယ်တိုင်မင်းအိမ်တော်ကိုလာခဲ့မှာနော် "

" အင်းပါ … ငါအနားယူပြီးရင် မင်းဆီလာခဲ့မယ် "

မုဒြာမျက်နှာကသာပြုံးနေပေမဲ့ စိတ်ပူနေမိသည် ။ အားလုံးကို ဖုံးကွယ်လို့ရရင်တောင် ယံယံကိုတော့ ဖုံကွယ်လို့မရနိုင်မှန်းသိသည် ။

" ဒါနဲ့ ဇွဲက နောက်တစ်ပတ်အတွင်း ရုံးသစ်စဖွင့်မှာဆိုတော့ အတွင်းရေးမှူးက ရှာပြီးပြီလား "

" ဂျပန်ကနေ အတွင်းရေးမှုးက နောက်လမှလာမှာ … သူကအဖေ့ရဲ့လူလေ … သူ့လုပ်လက်စတာဝန်တွေမပြီးသေးတော့ စောစောမလာနိုင်ဘူး … ယာယီခနလောက်ငှားနိုင်မဲ့သူရှိရင်ကောင်းမယ် "

" အင်းဟုတ်သား … မုဒြာလဲစီးပွားရေးနဲ့ကျောင်းပြီးထားတာဆိုတော့ ဇွဲရဲ့အတွင်းရေးမှူး ယာယီလုပ်ပေးလိုက်ပါလား "

ရုတ်တရက် အားလုံးရဲ့အကြည့်တွေက မုဒြာထံရောက်လာတော့ ချက်ချင်းငြင်းလိုက်သည် ။

" မဟုတ်တာ … ငါ့မှာဘာအတွေ့အကြုံမှလဲရှိတာမဟုတ်ဘူး … ဇွဲကို ဒုက္ခတွေပဲပေးမိနေမှာ "

" စိတ်မပူပါနဲ့  … ကိုယ်မင်းကိုအလုပ်တွေမခိုင်းပါဘူး … ဒီတိုင်းဘေးနာမှာနေပေးယုံပဲ … ခုမှလုပ်ငန်းရှင်တွေနဲ့စပြီးမိတ်ဆွေဖွဲ့ရမှာဆိုတော့ ကို့ဘေးနားမှာ အတွင်းရေးမှူးတစ်ယောက်ကတော့လိုအပ်တယ်လေ … မုဒြာခနအစားဝင်ပေးပါလား "

အမြဲကူညီပေးနေတဲ့ဇွဲကိုယ်တိုင်က အကူအညီတောင်းနေ၍ မုဒြာငြင်းဆို၍မရတော့ပေ ။  မုဒြာခနမျှစဉ်းစားပြီးနောက် လက်ခံလိုက်တာ ။ တစ်ခါတစ်ရံ တစ်ကြိမ်တစ်ခါမှမလုပ်ဖူးတဲ့အရာတွေကို စမ်းလုပ်ကြည့်ပြီး ဘဝရဲ့မတူညီတဲ့ဘက်ခြမ်းကို စူးစမ်းကြည့်ချင်မိသည် ။ ဒါကအိမ်ထောင်ကျပြီး မုဒြာပထမဆုံးရရှိသည့် အလုပ်ဖြစ်သည် ။

တစ်ဖက်တွင်တော့ ဧကရာဇ်မောင်နဲ့ကသစ်ပန်းတို့ ထိုင်နေကြစားပွဲဝိုင်းသို့ ရောက်လာကြသည် ။ ဆိုင်ရဲ့ဒေါင့်စွန်းစားပွဲဝိုင်းမှာထိုင်နေကြတဲ့လူတွေကိုမြင်တော့ မှာဖို့ပြင်နေတဲ့ ဧကရာဇ်မောင်ရပ်တန့်သွားသည် ။

ဇွဲက မုဒြာပန်းကန်ထဲ ဟင်းတွေထည့်ပေးနေပြီး မုဒြာကပြုံးရွှင်ကာစားနေသည့်မြင်ကွင်းက သူ့အားဒေါသဖြစ်စေသည် ။ ကုမုဒြာရဲ့  ပျော်နေတဲ့ပုံစံကို တစ်ခြားလူတွေရှေ့မှာမြင်ရတာက ဧကရာဇ်မောင်အတွက် အသက်ရှူကြပ်စေသည် ။ ဇွဲကသစ်သျှူးနဲ့ မုဒြာနှုတ်ခမ်းတွေကို ညှင်ညှင်သာသာသုတ်ပေးနေတဲ့မြင်ကွင်းကြောင့် ဧကရာဇ်ရဲ့မျက်နှာ မဲမှောင်သွားလေသည် ။

" မောင် … ဘာဖြစ်လို့လဲဟင် "

ဧကရာဇ်က ကသစ်ပန်းအမေးကိုပြန်မဖြေပဲ စိတ်ထဲတွေးနေတာတွေကို ရေရွတ်လိုက်သည် ။

" အိမ်မှာရှိနေသင့်တဲ့လူက အပြင်မှာပျော်ပါးနေတယ် … ပြီးတော့ ဇွဲဆိုတဲ့ကောင်နဲ့ "

ထိုးထိုးလေးပြောနေခြင်းကြောင့် ကသစ်ပန်းမကြားလိုက်ပေ ။ ဧကရာဇ်ကြည့်နေတဲ့ဘက်ကို လှည့်ကြည့်လိုက်တော့မှ ကုမုဒြာကြောင့် မောင်ဒီလိုတွေဖြစ်နေမှန်း သဘောပေါက်သွားသည် ။

" မောင် … ဘာလို့သူတို့ကို ဂရုစိုက်နေတာလဲ … မောင်မုန်းတဲ့လူကို လစ်လျှူရှုထားရမယ်လေ "

ဧကရာဇ်မောင်က မျက်ခုံးကြုတ်လိုက်ပြီး ပေါက်ကွဲတော့မည့်လေသံဖြင့် ဆိုလိုက်သည် ။

" ငါနဲ့သူကခုထိ မကွာရှင်းရသေးဘူး … ဒါကိုသူကတစ်ခြားတစ်ယောက်နဲ့တွေ့နေတယ် … ငါကဒါကိုလစ်လျှူရှုထားရမှာလား "

ဧကရာဇ်မောင်ရဲ့ဒေါသကို ဖြေလျော့ဖို့က အနုနည်းနဲ့သုံးရမှာမို့ ကသစ်ပန်းက ချိုသာတဲ့အသံဖြင့်ပြောလာသည် ။

" အားလုံးပြီးဆုံးသွားရင် ကိုယ့်လမ်းကိုသွားရမဲ့လူတွေကြီးပဲလေ … မောင်ကသခင်လေးမုဒြာနဲ့လမ်းခွဲပြီးရင် ချုပ်ချယ်ခံရတဲ့ဘဝကြီးကနေလွတ်မြောက်ပြီး ပျော်ရွှင်မှုကိုရမှာ … သခင်လေးမုဒြာလဲမောင့်ကိုလမ်းခွဲပြီးရင် သူကြိုက်တဲ့လူနဲ့တွဲလို့ရတာပဲ … မောင့်ဘာမှဝင်ပါလို့မရဘူးလေ "

ဘာကြောင့်မှန်းမသိ ထိုအရာကသူလိုချင်နေသည့် ပျော်ရွှင်မှုမဟုတ်တာကို ဧကရာဇ်မောင်သိလာသည် ။ သူ့အတွက် လွတ်မြောက်ခြင်းဆိုတာ ဘယ်အရာမှန်း ဧကရာဇ်မောင် မတွေးတတ်တော့ပေ ။ ကုမုဒြာအရင်လိုမချုပ်ချယ်တော့ပဲ သူ့အပေါ်လစ်လျှူရှုထားခြင်းက သူလိုချင်နေတဲ့ လွတ်မြောက်ခြင်းမဟုတ်သလို မပျော်ရွှင်တဲ့အပြင် နှလုံးသားကပါ နာကျင်လာခဲ့သည် ။

ဧကရာဇ်မောင် စားပွဲဝိုင်းကနေ ထရပ်လိုက်ပြီး …

" ငါစားချင်စိတ်မရှိတော့ဘူး … မင်းတစ်ယောက်ထည်းစားပြီးပြန်လာခဲ့လိုက်တော့ "

ပြောပြီး ပြန်သွားနှင့်လေသည် ။ ဇွဲကိုစတွေ့ကတည်းက အတိတ်ကအချိန်တွေက ဦးနောက်ထဲကနေ ထွက်ပေါ်လာသည် ။ သခင်လေးကုမုဒြာရဲ့မိတ်ဖက် သခင်လေးဇွဲဆိုပြီး လူတိုင်းကသူတို့ကိုသဘောကျနှစ်သက်ကြသည် ။ ထိုအချိန်ကလဲ သူ့နှလုံးသားက ခုလိုပဲနာကျင်နေခဲ့သည် ။

ထိုနေ့၌ ဧကရာဇ်မောင်စိတ်တွေ ပြန့်လွင့်ကာ သတိလက်လွတ်နေသည် ။  စိတ်နဲ့လူမကပ်ပဲ အတွေးလွန်နေပြီး တစ်ခါမှမတွေးဖူးတဲ့ အတွေးတွေက ခေါင်းထဲမှာပြည့်လာသည် ။ အလုပ်မှာလဲ စိတ်မပါ၍ အမှားတွေလုပ်မိနေပြီး အားလုံးအခက်တွေ့နေကြရသည် ။ ညဘက်အိပ်ဆက်ရင်တောင် အရင်လိုနှစ်ခြိုက်စွာ အိပ်မပျော်တော့ပဲ အိမ်မက်တွေသာ ဆက်တိုက်မက်နေသည် ။

နားထဲကဆူညံသံတွေက အိမ်ဆက်မှုကို အဟန့်အတားဖြစ်စေသည် ။ အရင်ကအိမ်မက်ဆိုးတစ်ခုမြင်မက်လျှင် မြန်မြန်ဆန်ဆန်ပဲပြီးဆုံးသွားပြီး နိုးထနိုင်ခဲ့ပေမဲ့ ဒီတစ်ခါတော့ ရှည်ကြာကာ မြင်ကွင်းတွေကိုလဲ ရှင်းရှင်းလင်းလင်းမြင်နေရသည် ။ အရာအားလုံးက လက်တွေကျလွန်းနေသည် ။

ဧကရာဇ်မောင် မျက်လုံးဖွင့်လိုက်တော့ ဟင်းလင်းပြင်ကြီးတစ်ခုအတွင်းရောက်နေပြီး မှတ်ဉာဏ်အပိုင်းအစတွေက လေထုထဲမှာဝဲပျံနေကာ ဘယ်အရာကအမှားလဲအမှန်လဲဆိုတာ ခွဲခြားရခက်နေသည် ။ မိခင်ရဲ့အပြုံးတွေကိုမြင်တော့ ရင်ထဲမှာအေးသွားသည် ။ စိတ်ချမ်းသာမှုက မကြာလိုက်ပါ အပြုံးရဲ့နောက်ကွယ်က ထူးဆန်သည့်အရာတွေစတင်မြင်တွေ့လာရသည် ။

အမှောင်ခန်းထဲမှာ ပိတ်လှောင်ခံထားရပြီး မျက်လုံးကိုအဝတ်မဲစည်းထား၍ မှုန်ဝါးဝါးသာမြင်နေရသည် ။ ကြိမ်လုံးကကိုယ်ပေါ်ကျလာပြီး မင်းကြောင့်ဖြစ်ရတာဆိုတဲ့ စကားသံနဲ့အတူ အညှာအသာမဲ့ကာ ကျရောက်လာသည် ။ ပြီးတော့ ရန်ဖြစ်တဲ့အသံတွေဆူညံစွာထွက်ပေါ်လာပြီး သွေးညှီနံ့တွေကိုပါရနေသည် ။ ငယ်စဉ်ကနှိပ်ဆက်ခံရသည့်အချိန်ကဖြစ်နိုင်သည် ။ မွန်းကြပ်မှုတို့နဲ့အတူ မှောင်မဲနေတဲ့ဒီလောကကြီးထဲကနေအပြီးတိုင် ထွက်သွားချင်လာမိသည် ။

ထိုစဉ်အလင်းရောင်ခြည်တန်းနဲ့အတူ ကမ်းလာတဲ့လက်တစ်စုံ ။ ဖြူစင်လွန်းလို့ ထိုလက်လေးကိုထိကိုင်လိုက်ရင် ညစ်ပေသွားမှာတောင်ကြောက်မိသည် ။ နူးညံ့တဲ့ထွေးပွေ့မှု ။ အငွှေ့တစ်ဖွယ် ပျောက်ကွယ်သွားမှာဆိုး၍ အသက်ပင်ရဲရဲမရှူရဲခဲ့ပေ ။ အပြုံးပန်းတွေပွင့်လန်းနေတဲ့ ကမ္ဘာသစ်ကိုခေါ်လာပေးတဲ့သူ ထိုလူရဲ့မျက်နှာကိုသဲသဲကွဲကွဲမြင်လိုက်ရချိန်မှာ ဦးနောက်ထဲဗလာကျင်းသွားသည် ။

နှိပ်ဆက်မှုတွေနဲ့အမှောင်ထဲမှာပဲရှင်သန်လာရတဲ့သူ့အတွက် အမြင့်ထက်မှာပွင့်လန်းနေတဲ့ ပန်းတစ်ပွင့်ကို လက်ကမ်းပြီးခူးယူဖို့မကြံဝံ့ပေ ။ ထိုပန်းလေးက သူ့စိတ်ထဲမှာ အမြဲသူနဲ့မထိုက်တန်တဲ့အရာတစ်ခုဟုမှတ်ယူထားသည် ။ ထိုပန်းကလေးက ညှိုးနွမ်းကာ ကြွေကျတော့မလိုဖြစ်လာတဲ့အခါ ရင်ဘက်ထဲကနာကျင်မှုတွေနဲ့အတူ နိုးထလာခဲ့သည် ။

ထိုအိမ်မက်ကြောင့် ဦးနောက်ထဲမှာ ရှုတ်ထွေးလာကာ တစ်စစ်စစ်ကိုက်ခဲနေသည့်အပြင် လည်ဂုတ်ပေါ်ကနာကျင်လာသလိုပင် ။

ဘာတွေဖြစ်နေတာလဲကွာ ! ကုမုဒြာက ငါ့အိမ်မက်ထဲမှာ ဘာကြောင့်တစ်ခြားတစ်ယောက်လို ဖြစ်နေရတာလဲ ?

ရေချိုးခန်းထဲဝင်လာပြီး အနောက်မှန်ကနေကြည့်လိုက်တော့ လက်နှစ်ဆစ်လောက်ရှိတဲ့ ချုပ်ရိုးရာက ဂုတ်ပေါ်မှာရှိနေသေးသည် ။ ဒီအမာရွတ်က ကြာပြီမို့အရောင်မှိန်နေပေမဲ့ ခုတော့ထိုနေရာကနာနေသလို ခံစားနေရသည် ။ ဒီဒါဏ်ရာဘယ်အချိန်က ဘာကြောင့်ရလာလဲ မမှတ်မိတော့ပေမဲ့ ဒီအိမ်မက်တွေနဲ့တစ်ခုခုစပ်ဆပ်နေလိမ်မည်ဟုယုံကြည်သည် ။

မှန်ထဲကကို့ပုံကို စိုက်ကြည့်နေရင်း ထူးဆန်းတဲ့ပုံရိပ်တွေကိုမြင်ယောင်လာကာ နားထဲကနေလဲတစ်စုံတစ်ယောက်ရဲ့ အသံတွေကြားလာရသည် ။

' သားကိုအမြဲနှိပ်ဆက်နေတဲ့လူက မင်းအဖေပဲ ! အမေကဆင်းရဲတယ် ဒါကြောင့်သူကသားကိုလက်မခံချင်ဘူး အမေ့အမှားတွေပါကွယ် … ချမ်းသာတဲ့လူတွေကကြောက်ဖို့ကောင်းတယ် သားသူတို့ကိုပြန်ပြီးလက်စားချေရမယ် … ဓားတစ်ချောင်းက လူတစ်ယောက်ကိုပဲသတ်နိုင်တာ မင်းနှလုံးသားနဲ့ဆို သူတို့အားလုံးကိုသေစေနိုင်လိမ့်မယ် … လှပတဲ့အပြုံးတွေကိုမယုံနဲ့ သူတို့ကလှည့်စားဖို့အတွက်သုံးတာ … သူကသားနဲ့မထိုက်တန်တာမဟုတ်ပါဘူး သူကသားကိုတန်ဖိုးမထားတာ '

အာရုံထဲမှာအမြဲတမ်းပြည့်နှပ်နေတဲ့စကားလုံးတွေ ။ ဒါတွေကအမေကိုယ်တိုင်သင်ပေးခဲ့တာ ။ လူတွေကမယုံရဘူး အထူးသဖြင့်ကောင်းပေးတဲ့လူတွေကပိုမယုံရဘူး ။ သူတို့ကို အနိုင်ယူဖို့ကြိုးစားပေမဲ့ ခုချိန်မှာနာကျင်ရတာက သူကိုယ်တိုင်ဖြစ်နေသည် ။

အတွေးပုံရိပ်တွေထဲကသူဟာ အထီးကျန်စွာအခန်းထဲမှာလှဲနေတဲ့ ပိန်ပါးပါးကောင်လေးတစ်ယောက်ဖြစ်နေခဲ့သည် ။ အထီးကျန်လွန်း၍ နေ့ရက်တိုင်းမှာ သေဆုံးဖို့အတွက်သာ ဆုတောင်းနေမိသည် ။ လက်ကမ်းလာတဲ့လက်တစ်စုံက အာရုံထဲ ရှင်းလင်းစွာပြန်ပေါ်လာသည် ။ အပြုံးတွေနဲ့သူ့ကိုကြည့်နေတဲ့ထိုလူသားက အမြဲဟန်ဆောင်မှုတွေပြည့်နေတဲ့ သူ့မိသားစုအပေါ် ဒုက္ခတွေပေးနေသူဟုထင်နေခဲ့တဲ့ သူမုန်းတီးနေမိတဲ့ ကုမုဒြာဖြစ်နေသည် ။

မျက်ဝန်းဒေါင့်က မျက်ရည်စတွေစီးကျလာပြီး ထိုပုံရိပ်ကိုလက်ကမ်းကာ ထိလိုက်တော့ အရာအားလုံးကပျောက်ကွယ်သွားကာ မှန်ထဲမှာသူ့ရဲ့ပုံသာထင်ကျန်နေတော့သည် ။ အလွန်သနားစရာကောင်းကာအထီးကျန်နေတဲ့သူ့ပုံသူ ပြန်ကြည့်နေရင်း ရင်ဘက်ထဲကတင်းကြပ်လာသည် ။

ချက်ချင်းပဲမျက်ရည်စတွေကိုသုတ်ကာ အခန်းဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တော့ သူ့အနားမှာ ဘယ်သူမှရှိမနေခဲ့ပေ ။  မြင်ယောင်နေတဲ့အတိတ်တွေအားလုံးဟာ လက်တွေ့ဆန်လွန်း၍ သူ့အားပြုံးပြကာလက်ကမ်းလာတဲ့ ထိုလူသားက ကုမုဒြာဆိုတာ သေခြာရဲ့လား အတည်ပြုချင်လာသည် ။

" ကုမုဒြာ "

အော်ခေါ်နေပေမဲ့ ဘယ်သူမှရောက်မလာခဲ့ပေ ။ တစ်အိမ်ထည်းမှာနေပြီး ထိုလူသားကိုတွေ့ရဖို့က ခဲရင်းလာသည် ။ ထမင်းဆိုင်မှာဇွဲနဲ့အတူတွေ့ပြီးနောက် တစ်ပတ်ခန့်ကြာတဲ့ထိ မုဒြာနဲ့မျက်နှာချင်းဆိုင်ပြီးမတွေ့ရသေးပေ ။

ဧကရာဇ်သူ့စိတ်တွေပုံမှန်ပြန်ဖြစ်အောင် အလုပ်ထဲကို ခေါင်းနှစ်နေခဲ့ပေမဲ့ အရူးတစ်ယောက်လိုပေါက်ကွဲကာ ပြဿနာတွေပဲရှာနေမိသည် ။ ဒီတစ်ခါတော့ ကုမုဒြာကိုတွေ့ရဖို့ အစောကြီးထကာ သူကိုယ်တိုင် ရှာဖွေလေတော့သည် ။ အခန်းတံခါးဖွင့်ထားတဲ့ ဇွဲရဲ့အခန်းရှေ့ရောက်တော့ ဧကရာဇ်ခြေလှမ်းတွေ ရပ်တန့်သွားသည် ။

ကုမုဒြာက ဇွဲရဲ့နတ်ကတိုင်ကို ကိုယ်တိုချည်နှောင်ပေးနေကာ အဝတ်တွေကိုဆင်ပေးနေသည် ။ ဒီနေ့က ဇွဲရဲ့ပထမဆုံး ရုံးအသစ်ဖွင့်ပွဲဖြစ်သည် ။ ဝန်ထမ်းတွေအားလုံးရှေ့မှာ လှလှပပဖြစ်အောင် ပြင်ဆင်နေသည် ။

ကုမုဒြာရဲ့ပုံစံက ပုံမှန်နဲ့မတူပဲ အလွန်သပ်ရပ်နေကာ ဖြူစင်သန့်ရှင်းလွန်းလှသည် ။ အမြဲကြာပန်းဖြူနဲ့တူတဲ့ သူ့ပုံစံကိုမြင်တိုင်း ဘာကြောင့်မုန်းတီနေမိလဲ မတွေးတတ်ပေမဲ့ ခုဇွဲအရှေ့မှာရှိနေတဲ့ သူ့ရဲ့ဖြူစင်ရိုးသားတဲ့ပုံစံလေးကိုတော့ သူ့တစ်ယောက်ထည်းအတွက်သာဖြစ်စေချင်သည် ။ တစ်ခြားလူရှေ့မှာ ဒီလိုပုံစံနဲ့ဂရုစိုက်ပေးနေတာကို မြင်ရတာက သူ့အားစိတ်မသက်မသာဖြစ်စေသည် ။

ဧကရာဇ်မောင်က အခန်းတံခါးမခေါက်ပဲ အလောတကြီးဝင်လာပြီး မုဒြာရဲ့လက်ကို လှမ်းဆွဲကာတားလိုက်သည် ။ ပြီးနောက် ဇွဲအားစူးစူးဝါးဝါးကြည့်ကာ ဆိုလိုက်သည် ။

" ကိုယ့်ဘာသာအဝတ်မဝတ်တတ်ရအောင် မင်းလက်တွေကကျိုးနေလို့လား … သူကိုမင်းခိုင်းချင်တိုင်းခိုင်းလို့မရဘူး "

ဇွဲက ဒေါသတကြီးဆွဲကိုင်ထားတဲ့ မုဒြာလက်မောင်းပေါ်က ဧကရာဇ်မောင်ရဲ့လက်တွေကို တွန်းဖယ်ကာ မုဒြာကိုပြန်ဆွဲယူလိုက်ပြီး သူ့ရဲ့အနောက်ပို့ကာ ကိုယ်ဖြင့်ကာထားလိုက်သည် ။

" မင်း မုဒြာကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံစရာမလိုဘူး ဧကရာဇ်မောင် … စကားကိုကောင်းကောင်းပြော "

ဇွဲကလူအကဲခမ်မညံ့သူမို့ မုဒြာကဖွင့်မပြောရင်တောင် ဧကရာဇ်မောင်နဲ့မုဒြာဆက်ဆံရေးမကောင်းမှန်း ခန့်မှန်းနိုင်သည် ။ ဒါကြောင့်သူဧကရာဇ်မောင်ကို အားနာနေစရာအကြောင်းမရှိပေ ။ မုဒြာကလဲ ဧကရာဇ်မောင်ကို သိသိသာသာရှောင်ဖယ်နေကာ အတွေ့မခံချင်းမှန်းသိ၍ သူဝင်ပါခြင်းဖြစ်သည် ။

သူရဲကောင်းလို ကုမုဒြာကိုကာကွယ်ပေးနေတဲ့ ဇွဲကြောင့် ဧကရာဇ်မောင်ဒေါသတွေ ပေါက်ကွဲထွက်လာသည် ။

" ငါသူ့ကိုဘာလုပ်လုပ် မင်းအပူမပါဘူး … သူကငါ့ရဲ့အိမ်ထောင်ဖက်  … မင်း သူ့ကိုဂရုစိုက်ပေးဖို့မလိုဘူး "

" ဧကရာဇ်မောင် … မင်းကသူများအခန်းကိုလဲကျူးကျော်ဝင်လာသေးတယ် သူများရဲ့အတွင်းရေးမှုးကိုလဲ လာနှောက်ယှက်သေးတယ် မင်းရဲ့လူကြီးလူကောင်းတစ်ယောက်ပုံစံက ဘယ်ရောက်သွားပြီလဲ "

" အတွင်းရေးမှူး ? "

ဇွဲက မုဒြာရဲ့ပခုံးကိုဖက်လိုက်ပြီး …

" ဟုတ်တယ် … မုဒြာက ခုချိန်ကနေစပြီး ငါ့ရဲ့အတွင်းရေးမှူးဖြစ်သွားပြီ … အတွင်းရေးမှူးက သူဌေးကိုအဝတ်အစားဆင်ပေးတာ ပုံမှန်ပဲမဟုတ်လား … မင်းနဲ့ကသစ်ပန်းလိုပေါ့ "

" …… "

ဧကရာဇ်မောင် ပြောစရာစကားများ ပျောက်ရှသွားသည် ။ ကုမုဒြာရဲ့ဒီနေ့ပုံစံက ထူးခြားနေတာကို သဘောပေါက်သွားသည် ။ ကုမုဒြာက ဇွဲရဲ့အတွင်းရေးမှူးဖြစ်သွားရင် သူနဲ့ကသစ်ပန်းလို အချိန်တိုင်းရှိနေတော့မှာမလား ။ ထိုအတွေးက သူ့အားမသက်မသာဖြစ်စေသည် ။

ထိုစဉ် ဧကရာဇ်က ဇွဲဝတ်ထားတဲ့ရှပ်အင်္ကျီကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာမေးလိုက်သည် ။

" ဒါက ငါဝတ်စုံပဲ … မင်းကသူများဟာကို လုယူရတာကြိုက်တာလား "

" မင်းအမှတ်မှားနေတာများလား … ဒီဝတ်ဆုံက ဘယ်တုန်းကမင်းဟာဖြစ်သွားတာလဲ "

ဇွဲက မုဒြာပြင်ဆင်ပေးထားတဲ့ ကုဒ်အင်္ကျီကိုလှမ်းယူကာ ဧကရာဇ်မောင်အရှေ့မှာပဲဝတ်ပြလိုက်သည် ။ သူ့ရဲ့ဝတ်ဆုံကဇွဲနဲ့အရမ်းကိုကြည့်ကောင်းနေ၍ ဧကရာဇ်မောင်မျက်နှာ ပို၍ပင်မဲမှောင်လာသည် ။ ဇွဲက ကုတ်အင်္ကျီကော်လံကို ဖွဖွလေးခါလိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည် ။

"  ဒီဝတ်စုံက မုဒြာကိုယ်တိုင် ငါ့ရဲ့ရုံးအသစ်ဖွင့်ပွဲမှာဝတ်ဖို့ လက်ဆောင်ပေးထားတာ …ငါနဲ့ကြည့်ကောင်းတယ်မလား  "

ဧကရာဇ်မောင် ဒေါသတွေကထိန်းချုပ်၍မရတော့ပဲ အရုပ်လုခံလိုက်ရတဲ့ကလေးတစ်ယောက်လို စိတ်ဆိုးဒေါသထွက်ကာ ဇွဲအားအင်္ကျီကော်လံကနေ ကြမ်းတမ်းစွာဆွဲလိုက်ပြီး …

" မင်းက ငါရှိနေသေးတာတောင် ငါ့ပစ္စည်းတွေကိုမင်းပိုင်သလိုလုပ်နေပြီ … ငါမရှိတော့ရင် သူ့ကိုပါမင်းကသိမ်းပိုက်ဖို့စဉ်းစားနေတာလား "

ဇွဲကလဲ ဧကရာဇ်မောင်ရဲ့ အင်္ကျီကော်လံကို ပြန်ဆွဲလိုက်ပြီး …

" မုဒြာသာဆန္ဒရှိရင်ပေါ့ … မင်းသတ္တိရှိရင် ထွက်သွားကြည့်လိုက်လေ "

" မင်း ဖြစ်ချင်သလို လုံးဝမဖြစ်စေရဘူး "

အခြေအနေတွေက တင်းမာလာ၍ မုဒြာဆက်ပြီးသည်းမခံတော့ပဲ ဇွဲရဲ့ကော်လံကိုဆွဲထားတဲ့ ဧကရာဇ်လက်တွေကို တွန်းထုတ်လိုက်သည် ။

" တော်တော့ ဧကရာဇ်မောင် … ကို့အခန်းကိုပြန်လိုက်တော့ "

မုဒြာရဲ့အေးဆက်ဆက်စကားကြောင့် ဧကရာဇ်  ဇွဲရဲ့အင်္ကျီကော်လန်ကိုလွှတ်ပေးလိုက်သည် ။  သူနဲ့နှစ်တွေအကြာကြီးနေလာပြီး မုဒြာကသူ့ကိုနာမည့်အပြည့်ခေါ်တာ ဒေါသထွက်ဖူးခြင်းပင် ။ အမြဲတမ်းသူ့ဘက်မှာပဲရှိနေတဲ့မုဒြာက တစ်ခြားလူဘက်ပါသွားတော့ ဧကရာဇ်မောင်ရင်ဘက်ထဲက ဆူးအောင့်လာသည် ။ သူကချက်ချင်းပဲ ထိုနေရာကနေလှည့်ထွက်လာကာ သူ့အခန်းထဲသို့ ပြေးဝင်လာခဲ့ပြီး အခန်းတံခါးကိုပိတ်လိုက်သည် ။

" အား "

ကြယ်လောင်စွာအော်ပြီး ခံစားချက်တွေကို ထိန်းမထားပဲ ပေါက်ကွဲပြစ်လိုက်သည် ။ အရင်ကကုမုဒြာသူ့ကိုမထိန်းချုပ်တော့ပဲ လက်လွှတ်လိုက်တာကိုလိုချင်ခဲ့သည် ။ ယခု ကုမုဒြာနဲ့သူ့ရဲ့ဆက်ဆံရေးက သူလိုချင်သလို ဖြစ်လာခဲ့ပေမဲ့ ထိုခံစားချက်တွေက သူ့အားမပျော်ရွှင်စေပဲ နာကျင်မှုတွေသာပေးသည် ။

တစ်ဖက်တွင်တော့ ဇွဲက ဧကရာဇ်မောင်ကို သူပြောခဲ့တာတွေအတွက် မုဒြာအားတောင်းပန်လိုက်သည် ။

" မုဒြာ ကိုယ့်စကားတွေက လွန်သွားမှန်းသိပါတယ် … ဒါမှသူအမြင်မှန်ရမှာ "

" မုဒြာနားလည်ပါတယ် …  မုဒြာအနားမှာမနေချင်တဲ့လူကို မုဒြာဖမ်းဆွဲမထားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ …  မောင်ဖြစ်ချင်သလို လွတ်လွတ်လပ်လပ်သွားခွင့်ပြုလိုက်ရင် ၂ ယောက်လုံးရဲ့ နာကျင်မှုတွေ သက်သာမယ်ထင်တယ် … မောင့်ရဲ့ရိုင်းပြမှုတွေအတွက်လဲ မုဒြာကပဲ တောင်းပန်ပါတယ်  "

" မလိုပါဘူးမုဒြာ … မုဒြာသာပျော်အောင်နေပါ … ပြီးတော့ မုဒြာရဲ့ဆုံးဖြတ်ချက်တိုင်းကို ကိုယ်က အမြဲထောက်ခံပေးနေမှာ … ဒါကြောင့် ဘာပဲဖြစ်လာဖြစ်လာ မကြောက်ပါနဲ့ … ဘယ်သူမှ မုဒြာကိုထိခိုက်ခွင့်မပြုဘူး "

မုဒြာသူ့ရဲ့ဗိုက်လေးကို ပွတ်သပ်လိုက်သည် ။ အနည်းဆုံး သူနဲ့သူ့ရဲ့ရင်သွေးလေးအနားမှာ ခွင့်လွှတ်နားလည်ပေးကာ ဂရုစိုက်ပေးမဲ့မိတ်ဆွေကောင်း ရှိနေသေး၍ ကျေနပ်သွားလေသည် ။

ထိုစဉ် ဇွဲက မုဒြာရဲ့ပခုံးကိုထိကိုင်ပြီး အလေးအနက်စကားတစ်ခွန်းဆိုလိုက်သည် ။

" အကယ်၍ မုဒြာသာ ဧကရာဇ်မောင်နဲ့လမ်းခွဲပြီးသွားရင် ကိုယ်နောက်ထပ် မုဒြာကိုလိုက်ဖို့  ကြိုးစားချင်သေးတယ် … အခွင့်အရေးတစ်ခါလောက် ပေးနိုင်မလား "

မုဒြာခနမျှကြောင်အမ်းသွားပေမဲ့ သူ့ရင်ထဲကမပြောင်းလဲတဲ့ အဖြေကိုသာ ပြန်လည်ဖြေဆိုလိုက်သည် ။

" မုဒြာမောင့်ကိုထွက်သွားခွင့်ပြုခဲ့ရင်တောင် မောင့်နေရာမှာ ဘယ်သူ့ကိုမှအစားမထိုးနိုင်ဘူး … ဟိုးအရင်ကမုဒြာသဘောကျခဲ့တဲ့မောင်က မုဒြာနှလုံးသားထဲမှာ ထာဝရရှင်သန်နေအုန်းမှာပဲ  … အခွင့်အရေးမပေးနိုင်လို့ တောင်းပန်ပါတယ် ဇွဲ "

ဒုတိယအကြိမ် ထပ်ပြီးအငြင်းခံရတာက ပထမအကြိမ်နဲ့မခြားမနား နာကျင်သွားရပေမဲ့ ဇွဲ မုဒြာအရှေ့မှာပြုံးနေခဲ့သည် ။ ဧကရာဇ်မောင်ရဲ့ ကံကောင်းမှုကို မနာလိုဖြစ်မိသည် ။ ဒီလောက်ချစ်ပေးတာတောင် တန်ဖိုးမထားတဲ့လူကိုမှ မုဒြာကအမြဲရွေးချယ်ပေးခဲ့သည် ။ ဒီလူကမုဒြာရဲ့အချစ်တွေနဲ့ မထိုက်တန်ဘူး ။

" ကိုယ်လောဘကြီးမိသွားတယ် … ဧကရာဇ်မောင်ကြောင့် မုဒြာအတွေးတွေရှုတ်ထွေးနေချိန် ကို့ကြောင့်ပိုပြီးစိတ်ရှုတ်သွားရင် တောင်းပန်ပါတယ် … ကိုယ်နောက်ထပ် မုဒြာကိုစိတ်ရှုတ်အောင်မလုပ်တော့ဘူးလို့ကတိပေးတယ် … ခုပြောခဲ့တာတွေကိုမေ့လိုက်တော့နော် "

ဇွဲက ဘာမှမဖြစ်သလိုနေနိုင်ပေမဲ့ မုဒြာကတော့အပြစ်မကင်းသလိုခံစားလိုက်ရသည် ။ သူကြောင့်သူ့အပေါ်ချစ်ခင်တဲ့သူတွေ နာကျင်သွားရပြန်ပြီ ။ ဒါပေမဲ့ သူ့စိတ်ကိုတော့ မပြောင်းလဲနိုင်ပေ ။

* ကျေးဇူးပါ ဇွဲ … ပြီးတော့ တောင်းပန်ပါတယ် … မောင့်ကိုစွန့်လွှတ်လိုက်ရင်တောင် ဇွဲလိုလူကောင်းတစ်ယောက်ကို မောင့်နေရာမှာ အစားထိုးမှာမဟုတ်တဲ့အတွက် မျှော်လင့်ချက်မပေးချင်ဘူး … ခုအချိန်ကနေစပြီး မုဒြာဘယ်သူ့ရဲ့အကူအညီမှမပါပဲ ရင်သွေးလေးနဲ့အတူ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားမှာပါ *

…………………………………………………………………………………

To Be Continued ……

ဧကရာဇ္ေမာင္ အိပ္ယာကေနနိုးထလာေတာ့ အခန္းထဲမွာ ကုမုျဒာရွိမေနေတာ့ေပ ။ ဒါေပမဲ့မေန႕ကသိခဲ့ရတဲ့အမွန္တရားေၾကာင့္ သူ႕စိတ္ထဲမွာ ရႈတ္ေထြးေနခဲ့သည္ ။ သူအၿမဲမေကာင္းျမင္ခဲ့တဲ့လူက သူ႕အေပၚေကာင္းေပးေနတာကို သူကိုယ္တိုင္က မ်က္ကန္းတစ္ေယာက္လို သတိမထားမိခဲ့ျခင္းျဖစ္သည္  ။

မုျဒာရဲ႕ခ်ဳပ္ခ်ယ္မႈေတြကေနလြတ္ေျမာက္သြားလွ်င္ ေပ်ာ္႐ႊင္ရလိမ့္မည္ဟုေတြးထင္ခဲ့တဲ့ သူကိုယ္တိုင္က မုျဒာရဲ႕ေအးဆက္ဆက္အျပဳအမူေတြကို လက္မခံနိုင္ျဖစ္ေနျပန္သည္ ။ မုျဒာရဲ႕အနားကေနထြက္ေျပးခ်င္ေနတဲ့သူကိုယ္တိုင္က မုျဒာအေဝးကိုခနေလးထြက္သြားယုံနဲ႕ လြမ္းစြတ္ေနတဲ့စိတ္က ဖုံးကြယ္မရခဲ့ေပ ။  သူ႕ရဲ႕ႏွလုံးသားကခံစားမႈေတြနဲ႕ ဦးေနာက္ထဲကအသိေတြဟာ ကိုက္ညီမေနပဲ လြဲမွားေနသည္ကို သတိျပဳမိလာသည္ ။

ကုမုျဒာအေၾကာင္းေနာက္ထပ္ မသိေသးတဲ့အရာေတြ ဘယ္ေလာက္မ်ားမ်ားရွိေနဦးမလဲ ?

ဧကရာဇ္ သူ႕ရဲ႕အခန္းထံျပန္လာေတာ့ ကုမုျဒာက အရင္ကလို အဝတ္အစားျပင္ဆင္ေပးျခင္းမရွိေတာ့သလို ဂ႐ုပင္မစိုက္ေတာ့ ။ ဧကရာဇ္ေမာင္က ကုမုျဒာ သူ႕တာဝန္ကို ေမ့ေလ်ာ့ေနတာလားဟုပင္ထင္မိလိုက္သည္ ။ သူကိုယ္တိုင္က ဘာေၾကာင့္မုျဒာရဲ႕ဂ႐ုစိုက္ေပးမႈကို ခံခ်င္ေနမွန္းမသိေတာ့ေပ ။

ဧကရာဇ္ ေရခ်ိဳးၿပီး ျပန္ထြက္လာေတာ့ ကသစ္ပန္းက အဝတ္အစားေတြကိုင္ၿပီးေစာင့္ေနသည္ ။ ေစာင့္ေနတဲ့လူက သူေမွ်ာ္မွန္းထားတဲ့သူျဖစ္မေန၍ ဧကရာဇ္မ်က္ႏွာ သုန္မႈန္သြားသည္ ။

" ကသစ္ … မင္းဒီလိုေတြလုပ္ေပးဖို႔မလိုဘူး … ၿပီးေတာ့အခန္းထဲကို ခြင့္ျပဳခ်က္မေတာင္းပဲ ဘာေၾကာင့္ဝင္လာတာလဲ … တစ္ျခားလူေတြျမင္ရင္ အထင္လြဲကုန္လိမ့္မယ္  "

ဧကရာဇ္ေမာင္ထံက မ်က္ႏွာသာရဖို႔ ကသစ္ပန္းႀကိဳးစားေနေပမဲ့ အေရးမေပးတဲ့အျပင္ အဆူခံလိုက္ရ၍ မ်က္ႏွာပ်က္သြားသည္ ။ သို႔ေပမဲ့ သူမက မ်က္ႏွာအမူအယာကို စကၠန႔္ပိုင္းအတြင္း ေျပာင္းလဲနိုင္သည္ ။

" ကသစ္ေမာင့္ကို ဂ႐ုစိုက္ေပးခ်င္လို႔ပါ … ေမာင္ကမႀကိဳက္ဘူးလားဟင္ "

သနားစရာေကာင္းေအာင္ ဝမ္းနည္းတဲ့အသံနဲ႕ေျပာလာေတာ့ ဧကရာဇ္ေမာင္လဲ ေလသံေလ်ာ့သြားၿပီး ကသစ္ပန္းလက္ထဲက သူ႕အဝတ္အစားေတြကို ယူလိုက္သည္ ။

" ဘယ္လိုပဲျဖစ္ျဖစ္ ငါကအိမ္ေထာင္သည္တစ္ေယာက္ျဖစ္ေနတုန္းပဲေလ … မင္းအေပၚမွားခဲ့တဲ့အမွားတစ္ခုေၾကာင့္ မင္းနဲ႕ကိုက္ညီတဲ့အယ္ဖာမေတြ႕မခ်င္း ေစာင့္ေရွာက္ေပးမယ္လို႔ကတိေပးခဲ့တာ … ဒါေၾကာင့္တစ္ျခားလူေတြအထင္လြဲနိုင္မဲ့အျပဳအမူမ်ိဳး ေရွာင္က်င္ဖို႔လိုတယ္ … ေနာက္တစ္ခါ ဒီအခန္းထဲကို မင္းလာဖို႔မလိုေတာ့ဘူး … ခုမုျဒာလဲေရာက္လာၿပီဆိုေတာ့ မင္းအေနအထိုင္ပိုၿပီးဆင္ခ်င္ဖို႔လိုလာၿပီ "

ကသစ္ပန္းက ဧကရာဇ္ေမာင္ မုျဒာျပန္လာမွ သူမကိုပိုၿပီးေရွာင္ဖယ္လာကာ မုျဒာဘက္အေလးသာေန၍ ပိုၿပီးမေက်မနပ္ျဖစ္လာသည္ ။ ဧကရာဇ္ေမာင္က အားနာၿပီးသနားတတ္၍ သူမကမ်က္ႏွာကိုဇီး႐ြက္ေလာက္ထိညွိုးငယ္ျပၿပီး ငိုမဲ့မဲ့ေလသံျဖင့္ ဧကရာဇ္ေမာင္ သနားလာေအာင္ႀကိဳးစားေလသည္ ။

" ကသစ္က ေမာင့္အတြက္ အေရးမပါတဲ့လူတစ္ေယာက္မွန္း သိပါတယ္ … ဒါေပမဲ့ ကသစ္ဒီတိုင္းေလးေနရတာကိုပဲ ဝမ္းသာေနၿပီ … ေမာင္ကသစ္ကိုစြန႔္ျပစ္မသြားဘူးမို႔လားဟင္ "

သူမရဲ႕သ႐ုပ္ေဆာင္စေကးက ဧကရာဇ္ေမာင္ကို ထိန္းခ်ဳပ္ထားနိုင္သည္ ။ ဧကရာဇ္ေမာင္ရဲ႕အျပစ္မကင္းတဲ့စိတ္ေတြက သူမကပ္သြယ္နိုင္သည့္အေကာင္းဆုံးအရာပင္ ။

" မင္းရဲ႕ဖယ္ရိုမုန္းေတြေရာ ထူးျခားခ်က္ရွိလား … မတည္မၿငိမ္တာမ်ိဳးျဖစ္ေသးလား "

" ကသစ္ထိန္းနိုင္ပါတယ္ … ေမာင့္အနားမွာရွိရင္ အရာအားလုံးအဆင္ေျပတယ္ "

" အင္း … ဒါဆိုအဝတ္လဲၿပီးလာခဲ့မယ္ … မင္းေအာက္ထပ္မွာေစာင့္ေန "

ကသစ္ပန္းကထြက္လာေတာ့ အျပင္မွာရပ္ေနတဲ့ မုျဒာကိုေတြ႕သြားသည္ ။ မုျဒာက အခန္းေရွ႕ကေနျဖတ္သြားစဥ္ဧကရာဇ္အခန္းတံခါးကပြင့္ေနၿပီး စကားေျပာသံလဲၾကားေန၍ ရပ္ၾကည့္လိုက္ျခင္းျဖစ္သည္ ။

အသံေတြကို သဲကြဲစြာမၾကားေပမဲ့ ဧကရာဇ္ေမာင္နဲ႕ ကသစ္ပန္းရဲ႕အေျခအေနက အေတာ္ေလးေကာင္းမြန္ေနမွန္း သိသာလွသည္ ။ အျပင္ကိုျပန္ထြက္လာတဲ့ကသစ္ပန္းက ရပ္ၾကည့္ေနတဲ့မုျဒာကိုျမင္ေတာ့ ေအာင္နိုင္သူပမာ ေလွာင္ၿပဳံးၿပဳံးၿပီး ဆိုလာေတာ့သည္ ။

" ကသစ္က ေမာင့္အတြက္အဝတ္လာေ႐ြးေပးတာ …  ေမာင္ကလဲ ကသစ္ေ႐ြးေပးတာကိုပဲ သေဘာက်တာဆိုေတာ့ေလ … ေမာင္ကသူဝတ္ဖို႔အဝတ္အစားမေ႐ြးတတ္လို႔ ကသစ္ကပဲအၿမဲေ႐ြးေပးေနရတယ္ … သခင္ေလးမုျဒာေရာ ေမာင့္ကိုလာေတြ႕တာလား … ေမာင္ကခု အဝတ္လဲေနတယ္ မအားဘူး "

မုျဒာသူမရဲ႕အျပဳအမူေတြေၾကာင့္ ေဒါသထြက္မိေပမဲ့ စိတ္ကိုထိန္းလိုက္သည္ ။ သူမနဲ႕စကားမ်ားေနလို႔လဲ ေကာင္းက်ိဳးမရွိလာနိုင္ေပ ။ သူမကမုျဒာကို ေဒါသထြက္ေအာင္စြၿပီး ေပါက္ကြဲျပသည့္အခါ ဧကရာဇ္ေမာင္ေရွ႕၌မ်က္ရည္ခံထိုးၿပီး ၾကာပန္းျဖဴဟန္ေဆာင္မွာကိုသိေနသည္ ။ သူမရဲ႕အႀကံကို ေအာင္ျမင္ခြင့္မျပဳနိုင္ေပ ။ မုျဒာက ဂ႐ုမစိုက္သည့္နယ္ ျပန္ေျပာလိုက္သည္ ။

" မင္းေ႐ြးေပးခ်င္လဲေ႐ြးေပးလိုက္ေလ … အဲ့ဒါက အိမ္ေဖာ္ေတြလုပ္ရမဲ့တာဝန္ပဲ … ဆက္ၿပီးတာဝန္ေက်လိဳက္ပါဦး  "

" နင္ "

ေဒါသထြက္ၿပီး က်န္ခဲ့တဲ့သူမကို လွည့္ပင္မၾကည့္ေတာ့ပဲ  ဇြဲရဲ႕အခန္းထဲသို႔ ဝင္လာခဲ့သည္ ။ ဇြဲက သူ႕ရဲ႕အဝတ္အစားအိပ္ထဲကေန ဝတ္စုံေတြတစ္ခုၿပီးတစ္ခု ေ႐ြးခ်ယ္ေနသည္ ။ သို႔ေပမဲ့ အႀကိဳက္ေတြ႕ပုံမေပၚေပ ။ အေနာက္က မုျဒာေရာက္လာတာျမင္ေတာ့မွ ေ႐ြးေနတာကို ရပ္လိုက္သည္ ။

" မုျဒာ … ေရာက္လာၿပီလား "

" အင္း … ဒါနဲ႕ ဇြဲ ဘာေတြလုပ္ေနတာလဲ "

" ကိုယ္အဝတ္အစားေကာင္းတာေတြ ထည့္လာဖို႔ေမ့ခဲ့တယ္ … ပထမဆုံး႐ုံးတက္ရက္မွာ ဝတ္ဖို႔ရွာေနတာ စိတ္တိုင္းက်မေတြ႕ဘူး … အသစ္တစ္စုံတစ္ခါတည္းဝယ္ခဲ့ရမယ္ "

မုျဒာက ေမာင့္အတြက္ အဝတ္အစားျပင္ဆင္ေပးေနက်မိဳ႕ အဝတ္အစားေ႐ြးခ်ယ္တဲ့ေနရာ ဆရာက်သည္ ။ လူတစ္ေယာက္ရဲ႕ကိုယ္ကိုၾကည့္ယုံနဲ႕ ဆိုဒ္ကိုမွန္းနိုင္သည္ ။ ဧကရာဇ္ေမာင္နဲ႕ ဇြဲရဲ႕ဆိုဒ္က မသိမ္းမရိမ္းရွိၿပီး သူ႕မွာလဲ ေမာင့္အတြက္နာမည္ႀကီးဒီဇိုင္နာထံမွာအပ္ထားတဲ့ ဝတ္စုံသစ္တစ္ခုရွိေနသည္ ။ ထိုဝတ္စုံကို အေရးတႀကီးလိုအပ္ေနတဲ့ဇြဲကိုေပးဖို႔ အေတြးရသြားသည္ ။

" ဇြဲ ခန မုျဒာဆီမွာ ဝတ္ဆုံအပိုတစ္ခုရွိတယ္ "

" မုျဒာဟာဆို ကိုယ္နဲ႕မကိုက္ေလာက္ဘူး "

" မုျဒာဟာမဟုတ္ပါဘူး … ဇြဲရဲ႕ဆိုဒ္ေလာက္ပဲ အသစ္တစ္စုံရွိတယ္ "

မုျဒာကအျမန္ပဲ သူ႕အခန္းထဲသြားကာ ဝတ္စုံကိုယူလိုက္သည္ ။ သူအခန္းထဲကေနျပန္ထြက္လာေတာ့ တစ္ဖက္ခန္းက ဧကရာဇ္ေမာင္နဲ႕ ထိတ္တိုက္ေတြ႕သြားေလသည္ ။

ဧကရာဇ္ေမာင္က မုျဒာလက္ထဲမွာ သူ႕အဝတ္အစားေတြကိုျမင္ေတာ့ မုျဒာသူ႕အတြက္ယူလာတယ္ထင္ၿပီး အရင္လိုဂ႐ုစိုက္ေပးေနတုန္းမို႔ေပ်ာ္သြားသည္ ။ မုျဒာက ခနမွ်သာရပ္ၾကည့္ၿပီး ေရွာင္ဖယ္သြားေတာ့ ဧကရာဇ္ေမာင္က မုျဒာလက္ကို ဖမ္းဆြဲလိုက္သည္ ။

" မုျဒာ မင္းဘယ္ကိုသြားမလို႔လဲ … မင္းလက္ထဲကငါ့ဝတ္စုံမဟုတ္လား … ငါ့ေမြးေန႕မွာ မင္းလက္ေဆာင္ေပးထားတဲ့ဟာ "

မုျဒာက ဧကရာဇ္ေမာင္လက္ကို တြန္းဖယ္လိုက္ၿပီး …

" အဲ့ေန႕ကတည္းက ေမာင္မႀကိဳက္လို႔ မုျဒာကိုျပန္ေပးၿပီးၿပီပဲေလ … ဘာလို႔ခုမွေမာင့္ဟာျဖစ္ရျပန္တာလဲ "

" ဒါေပမဲ့ မင္းငါ့အတြက္ … "

" ဒီဝတ္စုံကို  ဇြဲကိုပဲေပးမလို႔  …  မလိုခ်င္တဲ့လူကိုေပးတာထက္ လိုအပ္တဲ့လူကိုေပးတာက ပိုတန္ဖိုးရွိတယ္ … ေျပာစရာမရွိေတာ့ဘူးဆိုရင္ သြာၿပီ "

မုျဒာကေျပာၿပီးထြက္သြားသည္ ။ ဧကရာဇ္ေမာင္ ေၾကာင္ၿပီးရပ္ေနကာ အ႐ုပ္လုခံရတဲ့ကေလးငယ္လို ဝမ္းနည္းစြာက်န္ေနခဲ့သည္ ။ ရရွိစဥ္ကတန္ဖိုးမထားမိပဲ ဆုံးရႈံးသြားမွ ေနာင္တရေနမိသည္ ။

မုျဒာက သူယူလာတဲ့ဝတ္စုံကို ဇြဲကိုဝတ္ခိုင္းၾကည့္ေတာ့ အားလုံးကြက္တိျဖစ္ေနၿပီး အလြန္ခန႔္ညားေနသည္ ။ ဇြဲကလဲ ဝတ္စုံကို အေတာ္ေလးသေဘာက်ေနသည္ ။

" ဒါကအသားေကာင္းပဲ လက္ရာလဲေကာင္းတယ္ …   မုျဒာဘယ္ကရတာလဲ "

" ေမာင့္ကိုေမြးေန႕လက္ေဆာင္ေပးခဲ့ေပမဲ့ ေမာင္ကသေဘာမက်ဘဴး … ဒီတိုင္းထားထားရင္လဲႏွေျမာစရာႀကီး … ဇြဲႀကိဳက္ရင္ယူလိုက္ေလ "

" ဒါကသူ႕ဟာဆိုေတာ့ ေပးလို႔အဆင္ေျပရဲ႕လား  "

" ခုထိဒီဟာကမုျဒာဟာပဲ … သူမလိုခ်င္လို႔ျငင္းခဲ့တာေလ …  မုျဒာ ဇြဲကိုေပးတယ္ "

" ဒါဆို မုျဒာက ကိုယ့္ရဲ႕႐ုံးသစ္ဖြင့္ပြဲအတြက္ လက္ေဆာင္ေပးတယ္လို႔ သေဘာထားလိုက္မယ္ … အဲ့ေန႕ၾကရင္ ကိုယ္ဒါေလးဝတ္မယ္  "

" ဒိထပ္ေကာင္းတာေလး ေပးခ်င္တာကို "

" မုျဒာေပးတဲ့ဘာမဆို ကိုယ္တန္ဖိုးထားမွာပါ "

သူေပးတဲ့ဝတ္စုံကိုၾကည့္ၿပီး ေပ်ာ္ေနတဲ့ဇြဲေၾကာင့္ မုျဒာၿပဳံးသြားသည္ ။ သူ႕အေပၚတကယ္ေကာင္းေပတဲ့လူေတြအေပၚ ျပန္ၿပီးေကာင္းေပးတာကမွ မုျဒာအတြက္ ေပ်ာ္႐ႊင္မႈအစစ္အမွန္ဆိုတာ လက္ခံနားလည္လာခဲ့သည္ ။

" ဒါဆို အကိုနဲ႕ ႐ုံးခန္းေနရာအၾကည့္ လိုက္မွာလား … ခနေနသြားၾကရေအာင္ "

" အင္း … မုျဒာအဆင္သင့္ျပင္လိုက္မယ္ .… အကိုလဲအဝတ္အစားျပန္လဲၿပီး မုျဒာကိုေအာက္ထပ္မွာေစာင့္ေနေပး "

အိမ္ေတာ္မွာေနၿပီး စိတ္မြန္းၾကပ္ခံရတာထပ္ အျပင္ကိုစိတ္ေျပလက္ေပ်ာက္ထြက္တာက ပိုေကာင္သည္ဟုေတြးမိကာ မုျဒာဇြဲနဲ႕အတူ လိုက္ဖို႔ျပင္သည္ ။ မုျဒာဗိုက္က ဗြံ႕ၿဖိဳးမႈေႏွးတာေၾကာင့္ အကၤ်ီအပြဝတ္ေနက်မဳျဒာအတြက္ ဖုံးကြယ္ဖို႔လြယ္ကူသည္ ။ သူဟာပုံမွန္လူအတိုင္း ေပါ့ပါးစြာ ဝတ္ဆင္ကာ ဇြဲနဲ႕အတူ အျပင္သို႔ထြက္လာခဲ့သည္ ။

ဇြဲကဂ်ပန္မွာအေနမ်ားၿပီး အသားအေရကႏွင္းလိုျဖဴကာ ႐ုပ္ရည္ကသန႔္ျပန႔္လြန္း၍ တစ္လမ္းလုံးလူေတြၾကည့္တာခံေနရသည္ ။ မုျဒာက ဇြဲရဲ႕ ေက်ာ္ၾကားမႈက ေလ်ာ့မသြား၍ ခ်ီးၾကဴးစကားဆိုလိုက္သည္ ။ ဇြဲကၿပဳံးျပကာ တရင္းတနီးစကားေတြဆိုရင္း မုျဒာကိုငယ္စဥ္ကလို ေပ်ာ္႐ႊင္ေအာင္ထားသည္ ။

ဇြဲနဲ႕ျပန္ေတြ႕ရင္ မုျဒာအေနရခက္ေနမယ္ ထင္ထားေပမဲ့ ဇြဲကအရင္လိုခင္ခင္မင္မင္ရွိကာ  ပုံမွန္အတိုင္းစကားေတြေျပာျဖစ္ၾကသည္ ။ ေနရာေတြတစ္ေနရာၿပီးတစ္ေနရာလိုက္ၾကည့္ၿပီးေနာက္ မုျဒာရဲ႕အိမ္ေတာ္နဲ႕နီးကာ ဧကရာဇ္ေမာင္ရဲ႕ ႐ုံးခ်ဳပ္နဲ႕နီးတဲ့ အေဆာက္အဦးတစ္ခုကို ေ႐ြးခ်ယ္လိုက္သည္ ။

" ဇြဲ … ဘာေၾကာင့္ အိမ္ေတာ္နဲ႕နီးတဲ့ေနရာကို ေ႐ြးတာလဲ … ပထမၾကည့္တဲ့ေနရာက နည္းနည္းေဝးေပမဲ့ ဒီေနရာထက္ေကာင္းတယ္ "

" ဒီေနရာက ၿမိဳ႕အလည္မက်ေတာ့ သြားရလာရအဆင္ေျပတယ္ … မုျဒာအိမ္နဲ႕နီးေတာ့ ကိုယ္ခနတည္းတဲ့အခါအဆင္ေျပတာေပါ့  "

႐ုံးအသစ္အတြက္ ေနရာေ႐ြးၿပီးသြားေတာ့ ေန႕လည္စာစားခ်ိန္လဲ ေရာက္ေနၿပီမို႔ အနီးနားက စားေသာက္ဆိုင္တစ္ခုထံ သူတို႔ထြက္လာခဲ့ၾကသည္ ။ မုျဒာက ေမာင့္ရဲ႕႐ုံးနဲ႕နီး၍ ႐ုံးကလူေတြနဲ႕ေတြ႕မွာဆိုးကာ စားေသာက္ဆိုင္ရဲ႕ ေဒါင့္တစ္ေနရာကစားပြဲမွာ ေနရာယူလိုက္သည္ ။ ဇြဲက မုျဒာႀကိဳက္တတ္တာေတြ ေ႐ြးမွာေပးၿပီး ဒီေန႕ကူညီေပးတဲ့အတြက္ မုျဒာကိုဝယ္ေႂကြးမယ္လို႔ေျပာသည္ ။

ထိုစဥ္ မုျဒာတို႔ထံ လူ ၂ ေယာက္ေရာက္လာသည္ ။ သူတို႔က ယံယံနဲ႕မာန္တို႔အတြဲျဖစ္သည္ ။

" ဇြဲ … မင္းကျပန္ေရာက္တာေတာင္ ငါ့ကိုအရင္လာမေတြ႕ပဲ မုျဒာအနားမွာကပ္ေနတယ္ … ခုေတာ့မင္းတို႔စိတ္ဆိုးေျပၾကၿပီေပါ့ "

ဇြဲက မုျဒာကိုၾကည့္ကာ ၿပဳံးလိုက္ၿပီး …

" ငါမုျဒာကို ဘယ္တုန္းကမွစိတ္မဆိုးဖူးပါဘူးကြာ … မင္းတို႔ေရာက္လာတာနဲ႕အေတာ္ပဲ … တစ္ခါတည္းဝင္စားသြားပါလား "

ယံယံတို႔ကလဲ စားေသာက္ဖို႔ေရာက္လာတာေၾကာင့္ မုျဒာတို႔ဝိုင္းမွာပဲထိုင္လိုက္ၾကသည္ ။ ယံယံနဲ႕ ဇြဲက ေက်ာင္းတုန္းက ခင္မင္ခဲ့၍ ရင္းနီးၾကေပမဲ့ မာန္နဲ႕ဇြဲနဲ႕က ခုမွေတြ႕ဖူးတာမို႔ မိတ္ဆက္ၾကသည္ ။ မာန္က CEO တစ္ေယာက္ျဖစ္၍ အလုပ္ကိစၥအခက္အခဲရွိရင္ သူ႕ထံအကူအညီေတာင္းဖို႔ ဇြဲကိုလိပ္စာကပ္ေပးလိုက္သည္ ။ ဇြဲက ခုမွလုပ္ငန္းခြဲ စမွာမို႔ မာန္လိုအေတြ႕အႀကဳံရွိတဲ့စီနီယာနဲ႕ ခင္မင္ခြင့္ရတာဟာ ကံေကာင္းသည္ဟုဆိုရမည္ ။

ဇြဲကမ်က္ႏွာခ်ိဳၿပီး အေျပာေကာင္း၍ ခင္မင္သူေပါသည္ ။ မာန္ကလဲ လုပ္ငန္းအေတြ႕အႀကဳံေတြ ေဝမွ်ရင္း ေနာက္ပိုင္းအတူလက္တြဲလုပ္ကိုင္နိုင္ဖို႔ထိေမွ်ာ္လင့္ေၾကာင္းေျပာလာသည္ ။ ဇြဲအတြက္ ေအာင္ျမင္ဖို႔အခြင့္အလမ္းသစ္ေတြက ခနခ်င္းပဲရရွိလာသည္ ။  မုျဒာသူတို႔ရဲ႕စကားဝိုင္းမွာ ၿငိမ္ၿငိမ္ေလးနားေထာင္ရင္း အတိတ္ကကိစၥတစ္ခ်ိဳ႕ကိုျပန္စဥ္းစားမိလာသည္ ။

ဇြဲ မုျဒာတို႔အိမ္စေရာက္လာစဥ္က မုျဒာနဲ႕ေမာင္ဟာ တစ္ေယာက္ခံစားခ်က္တစ္ေယာက္ထုတ္ေဖာ္ၿပီး ေကာင္းမြန္တဲ့ဆက္ဆံေရးမ်ိဳးရွိလာသည့္အခ်ိန္ျဖစ္သည္ ။ အႏၲီခင္နဲ႕မၾကာခနစုံဖူးေပမဲ့ ဇြဲကိုေတာ့ ၉ တန္းႏွစ္မွစၿပီးေတြ႕ဆုံခြင့္ရခဲ့သည္ ။ အေမ့မိတ္ေဆြရဲ႕သားမို႔ မုျဒာလဲဇြဲကို သူငယ္ခ်င္းတစ္ေယာက္လိုခင္မင္ခဲ့ၾကသည္ ။

ဆယ္တန္းႏွစ္မွာ ဇြဲနဲ႕မုျဒာကိုအိမ္ကေစ့စပ္ဖို႔ ေျပာလာတဲ့အခ်ိန္က ျငင္းဆန္ဖို႔ သတၱိမရွိတဲ့မုျဒာကို ဇြဲကသူ႕ခံစားခ်က္အမွန္ဖြင့္ေျပာလာၿပီး အေျဖေတာင္းခဲ့သည္ ။ ဇြဲကမုျဒာကိုငယ္ငယ္ကတည္းက ပုံထဲမွာျမင္ဖူးခဲ့ၿပီး ႏွစ္သက္ခဲ့ေပမဲ့ မိဘေတြရဲ႕ဖိအားေပးမႈေၾကာင့္ ေစ့စပ္ပြဲကို မုျဒာလက္ခံလိုက္တာမ်ိဳးမျဖစ္ေစခ်င္၍ မုျဒာဘက္ကသူ႕အေပၚခံစားခ်က္ကို သတၱိရွိရွိဝင္ခံဖို႔ ေျပာလာသည္ ။

ထိုအခါမွမုျဒာမွာ ခ်စ္ရတဲ့ေမာင္ရွိေန၍ ဇြဲကိုလက္မခံနိုင္ေၾကာင္းအမွန္အတိုင္းေျပာျပလိုက္သည္ ။ ဇြဲကမုျဒာအေျဖကိုၾကားေတာ့ ဝမ္းနည္းသြားေပမဲ့ မုျဒာရဲ႕ဆုံးျဖတ္ခ်က္ကို လက္ခံနားလည္ေပးၿပီး မိဘေတြထံေစ့စပ္ပြဲကို သူကိုယ္တိုင္ဖ်က္သိမ္းခြင့္ေတာင္းကာ မုျဒာအေပၚညီငယ္တစ္ေယာက္လိုေစာင့္ေရွာက္ေပးခဲ့သည္ ။

ဧကရာဇ္ေမာင္ ပညာေတာ္သင္သြားေနစဥ္ အသက္မျပည့္ပဲမိတ္ဖက္ေ႐ြးခ်ယ္ခံလိုက္ရတဲ့မုျဒာကို လူေတြရဲ႕ကဲ့ရဲ႕အျပစ္တင္မႈေအာက္ကေန ဇြဲကကာကြယ္ေပးခဲ့သည္ ။ ထိုအခ်ိန္က ဇြဲသာမကူညီလွ်င္ အားလုံးက မုျဒာကိုပ်က္စီးေနတဲ့လူအျဖစ္ ေလွာင္ေျပာင္ကဲ့ရဲ႕ကာ ပညာပင္ဆက္သင္မရေအာင္ ရႈံ႕ခ်ၾကလိမ့္မယ္ ။

ဇြဲကထိုလူေတြအေရွ႕မွာ သူနဲ႕မုျဒာဟာ မိဘခ်င္းသေဘာတူထားၿပီး ေစ့စပ္ထားေၾကာင္း ဝင္ခံကာ မုျဒာရဲ႕အျပစ္ေတြကိုဖုံးကြယ္ေပးၿပီး မုျဒာကိုဘြဲရတဲ့ထိပညာသင္နိုင္ေအာင္ကူညီေပးခဲ့သည္ ။ မဂၤလာပြဲေန႕ေရာက္ေတာ့ သတို႔သားဟာ အားလုံးထင္သလို ဇြဲမျဖစ္ေနခဲ့ပဲ ဧကရာဇ္ေမာင္ျဖစ္ေနသည္ ။

ထိုအရာက ဇြဲကိုအရွက္ရေစကာ လူေတြရဲ႕အသင္းအဖ်င္းေျပာစရာျဖစ္လာၿပီး မုျဒာကိုမုန္းတီးသြားမည္ဟုထင္ခဲ့၍ မုျဒာ ဇြဲကို အဆက္အသြယ္ဖ်က္ျပစ္ခဲ့သည္ ။ တစ္ခ်ိဳ႕ေကာလဟာလေတြထဲမွာ ဇြဲကမုျဒာကိုအမွတ္အသားေပးၿပီးတာဝန္မယူပဲအေပ်ာ္ႀကံကာ ထြက္ေျပးသြားတဲ့သူဟုပါ ေျပာၾကသည္ ။ မုျဒာ ဇြဲကိုအၿမဲအားနာေနခဲ့ရသည္ ။ ခုေတာ့ ဇြဲဟာ မုျဒာထင္ထားတာထက္ပင္ သေဘာထားျပည့္ဝကာ မုျဒာအေပၚေကာင္းေနဆဲပင္ ။

ဇြဲကိုလဲ ေပ်ာ္႐ႊင္စရာမိသားစုေလနဲ႕အတူ ေအာင္ျမင္မႈေတြရရွိတာကို မုျဒာျမင္ခ်င္ေသးသည္ ။ ဇြဲက မုျဒာအေပၚ အၿမဲအနစ္နာခံ ကာကြယ္ေပးတဲ့အတြက္ အျပစ္မကင္းသလို ခံစားေနရသည္ ။

" မုျဒာ … ဘာလို႔မစားပဲ ေငးၾကည့္ေနတာလဲ … အႀကိဳက္မေတြ႕လို႔လား "

" မဟုတ္ပါဘူး … မုျဒာဗိုက္သိပ္မဆာလို႔ "

မုျဒာ ဇြဲထည့္ေပးတဲ့ဟင္းေတြကို ဟန္ေဆာင္ပန္ေဆာင္စားလိုက္သည္ ။ ကိုယ္ဝန္ေၾကာင့္ မုျဒာထမင္းစားပ်က္ေနတာ ၾကာၿပီ ။ ဘယ္သူမွမရိတ္မိေအာင္ ေနေနရသည္ ။ ထိုစဥ္ယံယံက မုျဒာႏွဖူးကိုလာစမ္း၍ မုျဒာလန႔္သြားသည္ ။

" မုျဒာ … ေနမေကာင္းဘူးလား …အသားအေရကဝါၿပီး ေရာင္ေနသလိုပဲ "

" အာ … ဘာမွမျဖစ္ပါဘူး … ေရေျမအကူးအေျပာင္းေၾကာင့္ျဖစ္မယ္ "

ဇြဲကပါဝင္ေျပာလာသည္ ။

" မုျဒာ ျပင္ဦးလြင္ကေနျပန္လာကတည္းက အားနည္းေနတာ … ကားပန္းလာလို႔လား … ကိုယ္မင္းကိုျပည့္ျပည့္ဝဝအနားယူခိုင္းသင့္တာ "

" ရပါတယ္ … မုျဒာအဆင္ေျပသြားမွာ "

ေဒါက္တာယံယံက ဆရာဝန္တစ္ေယာက္မို႔ မူမမွန္တာကိုေတာ့ ရိတ္စားမိေနသည္ ။

" ဘာပဲျဖစ္ျဖစ္ မင္းငါ့ေဆးခန္းကိုလာၿပီး ေဆးစစ္ၾကည့္ဦး … မလာတာ ၃ လေတာင္ရွိၿပီ … တစ္ပတ္အတြင္းမလာရင္ ငါကိုယ္တိုင္မင္းအိမ္ေတာ္ကိုလာခဲ့မွာေနာ္ "

" အင္းပါ … ငါအနားယူၿပီးရင္ မင္းဆီလာခဲ့မယ္ "

မုျဒာမ်က္ႏွာကသာၿပဳံးေနေပမဲ့ စိတ္ပူေနမိသည္ ။ အားလုံးကို ဖုံးကြယ္လို႔ရရင္ေတာင္ ယံယံကိုေတာ့ ဖုံကြယ္လို႔မရနိုင္မွန္းသိသည္ ။

" ဒါနဲ႕ ဇြဲက ေနာက္တစ္ပတ္အတြင္း ႐ုံးသစ္စဖြင့္မွာဆိုေတာ့ အတြင္းေရးမႉးက ရွာၿပီးၿပီလား "

" ဂ်ပန္ကေန အတြင္းေရးမႈးက ေနာက္လမွလာမွာ … သူကအေဖ့ရဲ႕လူေလ … သူ႕လုပ္လက္စတာဝန္ေတြမၿပီးေသးေတာ့ ေစာေစာမလာနိုင္ဘူး … ယာယီခနေလာက္ငွားနိုင္မဲ့သူရွိရင္ေကာင္းမယ္ "

" အင္းဟုတ္သား … မုျဒာလဲစီးပြားေရးနဲ႕ေက်ာင္းၿပီးထားတာဆိုေတာ့ ဇြဲရဲ႕အတြင္းေရးမႉး ယာယီလုပ္ေပးလိုက္ပါလား "

႐ုတ္တရက္ အားလုံးရဲ႕အၾကည့္ေတြက မုျဒာထံေရာက္လာေတာ့ ခ်က္ခ်င္းျငင္းလိုက္သည္ ။

" မဟုတ္တာ … ငါ့မွာဘာအေတြ႕အႀကဳံမွလဲရွိတာမဟုတ္ဘူး … ဇြဲကို ဒုကၡေတြပဲေပးမိေနမွာ "

" စိတ္မပူပါနဲ႕  … ကိုယ္မင္းကိုအလုပ္ေတြမခိုင္းပါဘူး … ဒီတိုင္းေဘးနာမွာေနေပးယုံပဲ … ခုမွလုပ္ငန္းရွင္ေတြနဲ႕စၿပီးမိတ္ေဆြဖြဲ႕ရမွာဆိုေတာ့ ကို႔ေဘးနားမွာ အတြင္းေရးမႉးတစ္ေယာက္ကေတာ့လိုအပ္တယ္ေလ … မုျဒာခနအစားဝင္ေပးပါလား "

အၿမဲကူညီေပးေနတဲ့ဇြဲကိုယ္တိုင္က အကူအညီေတာင္းေန၍ မုျဒာျငင္းဆို၍မရေတာ့ေပ ။  မုျဒာခနမွ်စဥ္းစားၿပီးေနာက္ လက္ခံလိုက္တာ ။ တစ္ခါတစ္ရံ တစ္ႀကိမ္တစ္ခါမွမလုပ္ဖူးတဲ့အရာေတြကို စမ္းလုပ္ၾကည့္ၿပီး ဘဝရဲ႕မတူညီတဲ့ဘက္ျခမ္းကို စူးစမ္းၾကည့္ခ်င္မိသည္ ။ ဒါကအိမ္ေထာင္က်ၿပီး မုျဒာပထမဆုံးရရွိသည့္ အလုပ္ျဖစ္သည္ ။

တစ္ဖက္တြင္ေတာ့ ဧကရာဇ္ေမာင္နဲ႕ကသစ္ပန္းတို႔ ထိုင္ေနၾကစားပြဲဝိုင္းသို႔ ေရာက္လာၾကသည္ ။ ဆိုင္ရဲ႕ေဒါင့္စြန္းစားပြဲဝိုင္းမွာထိုင္ေနၾကတဲ့လူေတြကိုျမင္ေတာ့ မွာဖို႔ျပင္ေနတဲ့ ဧကရာဇ္ေမာင္ရပ္တန႔္သြားသည္ ။

ဇြဲက မုျဒာပန္းကန္ထဲ ဟင္းေတြထည့္ေပးေနၿပီး မုျဒာကၿပဳံး႐ႊင္ကာစားေနသည့္ျမင္ကြင္းက သူ႕အားေဒါသျဖစ္ေစသည္ ။ ကုမုျဒာရဲ႕  ေပ်ာ္ေနတဲ့ပုံစံကို တစ္ျခားလူေတြေရွ႕မွာျမင္ရတာက ဧကရာဇ္ေမာင္အတြက္ အသက္ရႉၾကပ္ေစသည္ ။ ဇြဲကသစ္သ်ႉးနဲ႕ မုျဒာႏႈတ္ခမ္းေတြကို ညွင္ညွင္သာသာသုတ္ေပးေနတဲ့ျမင္ကြင္းေၾကာင့္ ဧကရာဇ္ရဲ႕မ်က္ႏွာ မဲေမွာင္သြားေလသည္ ။

" ေမာင္ … ဘာျဖစ္လို႔လဲဟင္ "

ဧကရာဇ္က ကသစ္ပန္းအေမးကိုျပန္မေျဖပဲ စိတ္ထဲေတြးေနတာေတြကို ေရ႐ြတ္လိုက္သည္ ။

" အိမ္မွာရွိေနသင့္တဲ့လူက အျပင္မွာေပ်ာ္ပါးေနတယ္ … ၿပီးေတာ့ ဇြဲဆိုတဲ့ေကာင္နဲ႕ "

ထိုးထိုးေလးေျပာေနျခင္းေၾကာင့္ ကသစ္ပန္းမၾကားလိုက္ေပ ။ ဧကရာဇ္ၾကည့္ေနတဲ့ဘက္ကို လွည့္ၾကည့္လိုက္ေတာ့မွ ကုမုျဒာေၾကာင့္ ေမာင္ဒီလိုေတြျဖစ္ေနမွန္း သေဘာေပါက္သြားသည္ ။

" ေမာင္ … ဘာလို႔သူတို႔ကို ဂ႐ုစိုက္ေနတာလဲ … ေမာင္မုန္းတဲ့လူကို လစ္လ်ႉရႈထားရမယ္ေလ "

ဧကရာဇ္ေမာင္က မ်က္ခုံးၾကဳတ္လိုက္ၿပီး ေပါက္ကြဲေတာ့မည့္ေလသံျဖင့္ ဆိုလိုက္သည္ ။

" ငါနဲ႕သူကခုထိ မကြာရွင္းရေသးဘူး … ဒါကိုသူကတစ္ျခားတစ္ေယာက္နဲ႕ေတြ႕ေနတယ္ … ငါကဒါကိုလစ္လ်ႉရႈထားရမွာလား "

ဧကရာဇ္ေမာင္ရဲ႕ေဒါသကို ေျဖေလ်ာ့ဖို႔က အႏုနည္းနဲ႕သုံးရမွာမို႔ ကသစ္ပန္းက ခ်ိဳသာတဲ့အသံျဖင့္ေျပာလာသည္ ။

" အားလုံးၿပီးဆုံးသြားရင္ ကိုယ့္လမ္းကိုသြားရမဲ့လူေတြႀကီးပဲေလ … ေမာင္ကသခင္ေလးမုျဒာနဲ႕လမ္းခြဲၿပီးရင္ ခ်ဳပ္ခ်ယ္ခံရတဲ့ဘဝႀကီးကေနလြတ္ေျမာက္ၿပီး ေပ်ာ္႐ႊင္မႈကိုရမွာ … သခင္ေလးမုျဒာလဲေမာင့္ကိုလမ္းခြဲၿပီးရင္ သူႀကိဳက္တဲ့လူနဲ႕တြဲလို႔ရတာပဲ … ေမာင့္ဘာမွဝင္ပါလို႔မရဘူးေလ "

ဘာေၾကာင့္မွန္းမသိ ထိုအရာကသူလိုခ်င္ေနသည့္ ေပ်ာ္႐ႊင္မႈမဟုတ္တာကို ဧကရာဇ္ေမာင္သိလာသည္ ။ သူ႕အတြက္ လြတ္ေျမာက္ျခင္းဆိုတာ ဘယ္အရာမွန္း ဧကရာဇ္ေမာင္ မေတြးတတ္ေတာ့ေပ ။ ကုမုျဒာအရင္လိုမခ်ဳပ္ခ်ယ္ေတာ့ပဲ သူ႕အေပၚလစ္လ်ႉရႈထားျခင္းက သူလိုခ်င္ေနတဲ့ လြတ္ေျမာက္ျခင္းမဟုတ္သလို မေပ်ာ္႐ႊင္တဲ့အျပင္ ႏွလုံးသားကပါ နာက်င္လာခဲ့သည္ ။

ဧကရာဇ္ေမာင္ စားပြဲဝိုင္းကေန ထရပ္လိုက္ၿပီး …

" ငါစားခ်င္စိတ္မရွိေတာ့ဘူး … မင္းတစ္ေယာက္ထည္းစားၿပီးျပန္လာခဲ့လိုက္ေတာ့ "

ေျပာၿပီး ျပန္သြားႏွင့္ေလသည္ ။ ဇြဲကိုစေတြ႕ကတည္းက အတိတ္ကအခ်ိန္ေတြက ဦးေနာက္ထဲကေန ထြက္ေပၚလာသည္ ။ သခင္ေလးကုမုျဒာရဲ႕မိတ္ဖက္ သခင္ေလးဇြဲဆိုၿပီး လူတိုင္းကသူတို႔ကိုသေဘာက်ႏွစ္သက္ၾကသည္ ။ ထိုအခ်ိန္ကလဲ သူ႕ႏွလုံးသားက ခုလိုပဲနာက်င္ေနခဲ့သည္ ။

ထိုေန႕၌ ဧကရာဇ္ေမာင္စိတ္ေတြ ျပန႔္လြင့္ကာ သတိလက္လြတ္ေနသည္ ။  စိတ္နဲ႕လူမကပ္ပဲ အေတြးလြန္ေနၿပီး တစ္ခါမွမေတြးဖူးတဲ့ အေတြးေတြက ေခါင္းထဲမွာျပည့္လာသည္ ။ အလုပ္မွာလဲ စိတ္မပါ၍ အမွားေတြလုပ္မိေနၿပီး အားလုံးအခက္ေတြ႕ေနၾကရသည္ ။ ညဘက္အိပ္ဆက္ရင္ေတာင္ အရင္လိုႏွစ္ၿခိဳက္စြာ အိပ္မေပ်ာ္ေတာ့ပဲ အိမ္မက္ေတြသာ ဆက္တိုက္မက္ေနသည္ ။

နားထဲကဆူညံသံေတြက အိမ္ဆက္မႈကို အဟန႔္အတားျဖစ္ေစသည္ ။ အရင္ကအိမ္မက္ဆိုးတစ္ခုျမင္မက္လွ်င္ ျမန္ျမန္ဆန္ဆန္ပဲၿပီးဆုံးသြားၿပီး နိုးထနိုင္ခဲ့ေပမဲ့ ဒီတစ္ခါေတာ့ ရွည္ၾကာကာ ျမင္ကြင္းေတြကိုလဲ ရွင္းရွင္းလင္းလင္းျမင္ေနရသည္ ။ အရာအားလုံးက လက္ေတြက်လြန္းေနသည္ ။

ဧကရာဇ္ေမာင္ မ်က္လုံးဖြင့္လိုက္ေတာ့ ဟင္းလင္းျပင္ႀကီးတစ္ခုအတြင္းေရာက္ေနၿပီး မွတ္ဉာဏ္အပိုင္းအစေတြက ေလထုထဲမွာဝဲပ်ံေနကာ ဘယ္အရာကအမွားလဲအမွန္လဲဆိုတာ ခြဲျခားရခက္ေနသည္ ။ မိခင္ရဲ႕အၿပဳံးေတြကိုျမင္ေတာ့ ရင္ထဲမွာေအးသြားသည္ ။ စိတ္ခ်မ္းသာမႈက မၾကာလိုက္ပါ အၿပဳံးရဲ႕ေနာက္ကြယ္က ထူးဆန္သည့္အရာေတြစတင္ျမင္ေတြ႕လာရသည္ ။

အေမွာင္ခန္းထဲမွာ ပိတ္ေလွာင္ခံထားရၿပီး မ်က္လုံးကိုအဝတ္မဲစည္းထား၍ မႈန္ဝါးဝါးသာျမင္ေနရသည္ ။ ႀကိမ္လုံးကကိုယ္ေပၚက်လာၿပီး မင္းေၾကာင့္ျဖစ္ရတာဆိုတဲ့ စကားသံနဲ႕အတူ အညွာအသာမဲ့ကာ က်ေရာက္လာသည္ ။ ၿပီးေတာ့ ရန္ျဖစ္တဲ့အသံေတြဆူညံစြာထြက္ေပၚလာၿပီး ေသြးညွီနံ႕ေတြကိုပါရေနသည္ ။ ငယ္စဥ္ကႏွိပ္ဆက္ခံရသည့္အခ်ိန္ကျဖစ္နိုင္သည္ ။ မြန္းၾကပ္မႈတို႔နဲ႕အတူ ေမွာင္မဲေနတဲ့ဒီေလာကႀကီးထဲကေနအၿပီးတိုင္ ထြက္သြားခ်င္လာမိသည္ ။

ထိုစဥ္အလင္းေရာင္ျခည္တန္းနဲ႕အတူ ကမ္းလာတဲ့လက္တစ္စုံ ။ ျဖဴစင္လြန္းလို႔ ထိုလက္ေလးကိုထိကိုင္လိုက္ရင္ ညစ္ေပသြားမွာေတာင္ေၾကာက္မိသည္ ။ ႏူးညံ့တဲ့ေထြးေပြ႕မႈ ။ အေငႊ႕တစ္ဖြယ္ ေပ်ာက္ကြယ္သြားမွာဆိုး၍ အသက္ပင္ရဲရဲမရႉရဲခဲ့ေပ ။ အၿပဳံးပန္းေတြပြင့္လန္းေနတဲ့ ကမာၻသစ္ကိုေခၚလာေပးတဲ့သူ ထိုလူရဲ႕မ်က္ႏွာကိုသဲသဲကြဲကြဲျမင္လိုက္ရခ်ိန္မွာ ဦးေနာက္ထဲဗလာက်င္းသြားသည္ ။

ႏွိပ္ဆက္မႈေတြနဲ႕အေမွာင္ထဲမွာပဲရွင္သန္လာရတဲ့သူ႕အတြက္ အျမင့္ထက္မွာပြင့္လန္းေနတဲ့ ပန္းတစ္ပြင့္ကို လက္ကမ္းၿပီးခူးယူဖို႔မႀကံဝံ့ေပ ။ ထိုပန္းေလးက သူ႕စိတ္ထဲမွာ အၿမဲသူနဲ႕မထိုက္တန္တဲ့အရာတစ္ခုဟုမွတ္ယူထားသည္ ။ ထိုပန္းကေလးက ညွိုးႏြမ္းကာ ေႂကြက်ေတာ့မလိုျဖစ္လာတဲ့အခါ ရင္ဘက္ထဲကနာက်င္မႈေတြနဲ႕အတူ နိုးထလာခဲ့သည္ ။

ထိုအိမ္မက္ေၾကာင့္ ဦးေနာက္ထဲမွာ ရႈတ္ေထြးလာကာ တစ္စစ္စစ္ကိုက္ခဲေနသည့္အျပင္ လည္ဂုတ္ေပၚကနာက်င္လာသလိုပင္ ။

ဘာေတြျဖစ္ေနတာလဲကြာ ! ကုမုျဒာက ငါ့အိမ္မက္ထဲမွာ ဘာေၾကာင့္တစ္ျခားတစ္ေယာက္လို ျဖစ္ေနရတာလဲ ?

ေရခ်ိဳးခန္းထဲဝင္လာၿပီး အေနာက္မွန္ကေနၾကည့္လိုက္ေတာ့ လက္ႏွစ္ဆစ္ေလာက္ရွိတဲ့ ခ်ဳပ္ရိုးရာက ဂုတ္ေပၚမွာရွိေနေသးသည္ ။ ဒီအမာ႐ြတ္က ၾကာၿပီမို႔အေရာင္မွိန္ေနေပမဲ့ ခုေတာ့ထိုေနရာကနာေနသလို ခံစားေနရသည္ ။ ဒီဒါဏ္ရာဘယ္အခ်ိန္က ဘာေၾကာင့္ရလာလဲ မမွတ္မိေတာ့ေပမဲ့ ဒီအိမ္မက္ေတြနဲ႕တစ္ခုခုစပ္ဆပ္ေနလိမ္မည္ဟုယုံၾကည္သည္ ။

မွန္ထဲကကို႔ပုံကို စိုက္ၾကည့္ေနရင္း ထူးဆန္းတဲ့ပုံရိပ္ေတြကိုျမင္ေယာင္လာကာ နားထဲကေနလဲတစ္စုံတစ္ေယာက္ရဲ႕ အသံေတြၾကားလာရသည္ ။

' သားကိုအၿမဲႏွိပ္ဆက္ေနတဲ့လူက မင္းအေဖပဲ ! အေမကဆင္းရဲတယ္ ဒါေၾကာင့္သူကသားကိုလက္မခံခ်င္ဘူး အေမ့အမွားေတြပါကြယ္ … ခ်မ္းသာတဲ့လူေတြကေၾကာက္ဖို႔ေကာင္းတယ္ သားသူတို႔ကိုျပန္ၿပီးလက္စားေခ်ရမယ္ … ဓားတစ္ေခ်ာင္းက လူတစ္ေယာက္ကိုပဲသတ္နိုင္တာ မင္းႏွလုံးသားနဲ႕ဆို သူတို႔အားလုံးကိုေသေစနိုင္လိမ့္မယ္ … လွပတဲ့အၿပဳံးေတြကိုမယုံနဲ႕ သူတို႔ကလွည့္စားဖို႔အတြက္သုံးတာ … သူကသားနဲ႕မထိုက္တန္တာမဟုတ္ပါဘူး သူကသားကိုတန္ဖိုးမထားတာ '

အာ႐ုံထဲမွာအၿမဲတမ္းျပည့္ႏွပ္ေနတဲ့စကားလုံးေတြ ။ ဒါေတြကအေမကိုယ္တိုင္သင္ေပးခဲ့တာ ။ လူေတြကမယုံရဘူး အထူးသျဖင့္ေကာင္းေပးတဲ့လူေတြကပိုမယုံရဘူး ။ သူတို႔ကို အနိုင္ယူဖို႔ႀကိဳးစားေပမဲ့ ခုခ်ိန္မွာနာက်င္ရတာက သူကိုယ္တိုင္ျဖစ္ေနသည္ ။

အေတြးပုံရိပ္ေတြထဲကသူဟာ အထီးက်န္စြာအခန္းထဲမွာလွဲေနတဲ့ ပိန္ပါးပါးေကာင္ေလးတစ္ေယာက္ျဖစ္ေနခဲ့သည္ ။ အထီးက်န္လြန္း၍ ေန႕ရက္တိုင္းမွာ ေသဆုံးဖို႔အတြက္သာ ဆုေတာင္းေနမိသည္ ။ လက္ကမ္းလာတဲ့လက္တစ္စုံက အာ႐ုံထဲ ရွင္းလင္းစြာျပန္ေပၚလာသည္ ။ အၿပဳံးေတြနဲ႕သူ႕ကိုၾကည့္ေနတဲ့ထိုလူသားက အၿမဲဟန္ေဆာင္မႈေတြျပည့္ေနတဲ့ သူ႕မိသားစုအေပၚ ဒုကၡေတြေပးေနသူဟုထင္ေနခဲ့တဲ့ သူမုန္းတီးေနမိတဲ့ ကုမုျဒာျဖစ္ေနသည္ ။

မ်က္ဝန္းေဒါင့္က မ်က္ရည္စေတြစီးက်လာၿပီး ထိုပုံရိပ္ကိုလက္ကမ္းကာ ထိလိုက္ေတာ့ အရာအားလုံးကေပ်ာက္ကြယ္သြားကာ မွန္ထဲမွာသူ႕ရဲ႕ပုံသာထင္က်န္ေနေတာ့သည္ ။ အလြန္သနားစရာေကာင္းကာအထီးက်န္ေနတဲ့သူ႕ပုံသူ ျပန္ၾကည့္ေနရင္း ရင္ဘက္ထဲကတင္းၾကပ္လာသည္ ။

ခ်က္ခ်င္းပဲမ်က္ရည္စေတြကိုသုတ္ကာ အခန္းေဘးပတ္ဝန္းက်င္ကို ေဝ့ဝဲၾကည့္လိုက္ေတာ့ သူ႕အနားမွာ ဘယ္သူမွရွိမေနခဲ့ေပ ။  ျမင္ေယာင္ေနတဲ့အတိတ္ေတြအားလုံးဟာ လက္ေတြ႕ဆန္လြန္း၍ သူ႕အားၿပဳံးျပကာလက္ကမ္းလာတဲ့ ထိုလူသားက ကုမုျဒာဆိုတာ ေသျခာရဲ႕လား အတည္ျပဳခ်င္လာသည္ ။

" ကုမုျဒာ "

ေအာ္ေခၚေနေပမဲ့ ဘယ္သူမွေရာက္မလာခဲ့ေပ ။ တစ္အိမ္ထည္းမွာေနၿပီး ထိုလူသားကိုေတြ႕ရဖို႔က ခဲရင္းလာသည္ ။ ထမင္းဆိုင္မွာဇြဲနဲ႕အတူေတြ႕ၿပီးေနာက္ တစ္ပတ္ခန႔္ၾကာတဲ့ထိ မုျဒာနဲ႕မ်က္ႏွာခ်င္းဆိုင္ၿပီးမေတြ႕ရေသးေပ ။

ဧကရာဇ္သူ႕စိတ္ေတြပုံမွန္ျပန္ျဖစ္ေအာင္ အလုပ္ထဲကို ေခါင္းႏွစ္ေနခဲ့ေပမဲ့ အ႐ူးတစ္ေယာက္လိုေပါက္ကြဲကာ ျပႆနာေတြပဲရွာေနမိသည္ ။ ဒီတစ္ခါေတာ့ ကုမုျဒာကိုေတြ႕ရဖို႔ အေစာႀကီးထကာ သူကိုယ္တိုင္ ရွာေဖြေလေတာ့သည္ ။ အခန္းတံခါးဖြင့္ထားတဲ့ ဇြဲရဲ႕အခန္းေရွ႕ေရာက္ေတာ့ ဧကရာဇ္ေျခလွမ္းေတြ ရပ္တန႔္သြားသည္ ။

ကုမုျဒာက ဇြဲရဲ႕နတ္ကတိုင္ကို ကိုယ္တိုခ်ည္ေႏွာင္ေပးေနကာ အဝတ္ေတြကိုဆင္ေပးေနသည္ ။ ဒီေန႕က ဇြဲရဲ႕ပထမဆုံး ႐ုံးအသစ္ဖြင့္ပြဲျဖစ္သည္ ။ ဝန္ထမ္းေတြအားလုံးေရွ႕မွာ လွလွပပျဖစ္ေအာင္ ျပင္ဆင္ေနသည္ ။

ကုမုျဒာရဲ႕ပုံစံက ပုံမွန္နဲ႕မတူပဲ အလြန္သပ္ရပ္ေနကာ ျဖဴစင္သန႔္ရွင္းလြန္းလွသည္ ။ အၿမဲၾကာပန္းျဖဴနဲ႕တူတဲ့ သူ႕ပုံစံကိုျမင္တိုင္း ဘာေၾကာင့္မုန္းတီေနမိလဲ မေတြးတတ္ေပမဲ့ ခုဇြဲအေရွ႕မွာရွိေနတဲ့ သူ႕ရဲ႕ျဖဴစင္ရိုးသားတဲ့ပုံစံေလးကိုေတာ့ သူ႕တစ္ေယာက္ထည္းအတြက္သာျဖစ္ေစခ်င္သည္ ။ တစ္ျခားလူေရွ႕မွာ ဒီလိုပုံစံနဲ႕ဂ႐ုစိုက္ေပးေနတာကို ျမင္ရတာက သူ႕အားစိတ္မသက္မသာျဖစ္ေစသည္ ။

ဧကရာဇ္ေမာင္က အခန္းတံခါးမေခါက္ပဲ အေလာတႀကီးဝင္လာၿပီး မုျဒာရဲ႕လက္ကို လွမ္းဆြဲကာတားလိုက္သည္ ။ ၿပီးေနာက္ ဇြဲအားစူးစူးဝါးဝါးၾကည့္ကာ ဆိုလိုက္သည္ ။

" ကိုယ့္ဘာသာအဝတ္မဝတ္တတ္ရေအာင္ မင္းလက္ေတြကက်ိဳးေနလို႔လား … သူကိုမင္းခိုင္းခ်င္တိုင္းခိုင္းလို႔မရဘူး "

ဇြဲက ေဒါသတႀကီးဆြဲကိုင္ထားတဲ့ မုျဒာလက္ေမာင္းေပၚက ဧကရာဇ္ေမာင္ရဲ႕လက္ေတြကို တြန္းဖယ္ကာ မုျဒာကိုျပန္ဆြဲယူလိုက္ၿပီး သူ႕ရဲ႕အေနာက္ပို႔ကာ ကိုယ္ျဖင့္ကာထားလိုက္သည္ ။

" မင္း မုျဒာကို ၾကမ္းၾကမ္းတမ္းတမ္းဆက္ဆံစရာမလိုဘူး ဧကရာဇ္ေမာင္ … စကားကိုေကာင္းေကာင္းေျပာ "

ဇြဲကလူအကဲခမ္မညံ့သူမို႔ မုျဒာကဖြင့္မေျပာရင္ေတာင္ ဧကရာဇ္ေမာင္နဲ႕မုျဒာဆက္ဆံေရးမေကာင္းမွန္း ခန႔္မွန္းနိုင္သည္ ။ ဒါေၾကာင့္သူဧကရာဇ္ေမာင္ကို အားနာေနစရာအေၾကာင္းမရွိေပ ။ မုျဒာကလဲ ဧကရာဇ္ေမာင္ကို သိသိသာသာေရွာင္ဖယ္ေနကာ အေတြ႕မခံခ်င္းမွန္းသိ၍ သူဝင္ပါျခင္းျဖစ္သည္ ။

သူရဲေကာင္းလို ကုမုျဒာကိုကာကြယ္ေပးေနတဲ့ ဇြဲေၾကာင့္ ဧကရာဇ္ေမာင္ေဒါသေတြ ေပါက္ကြဲထြက္လာသည္ ။

" ငါသူ႕ကိုဘာလုပ္လုပ္ မင္းအပူမပါဘူး … သူကငါ့ရဲ႕အိမ္ေထာင္ဖက္  … မင္း သူ႕ကိုဂ႐ုစိုက္ေပးဖို႔မလိုဘူး "

" ဧကရာဇ္ေမာင္ … မင္းကသူမ်ားအခန္းကိုလဲက်ဴးေက်ာ္ဝင္လာေသးတယ္ သူမ်ားရဲ႕အတြင္းေရးမႈးကိုလဲ လာေႏွာက္ယွက္ေသးတယ္ မင္းရဲ႕လူႀကီးလူေကာင္းတစ္ေယာက္ပုံစံက ဘယ္ေရာက္သြားၿပီလဲ "

" အတြင္းေရးမႉး ? "

ဇြဲက မုျဒာရဲ႕ပခုံးကိုဖက္လိုက္ၿပီး …

" ဟုတ္တယ္ … မုျဒာက ခုခ်ိန္ကေနစၿပီး ငါ့ရဲ႕အတြင္းေရးမႉးျဖစ္သြားၿပီ … အတြင္းေရးမႉးက သူေဌးကိုအဝတ္အစားဆင္ေပးတာ ပုံမွန္ပဲမဟုတ္လား … မင္းနဲ႕ကသစ္ပန္းလိုေပါ့ "

" …… "

ဧကရာဇ္ေမာင္ ေျပာစရာစကားမ်ား ေပ်ာက္ရွသြားသည္ ။ ကုမုျဒာရဲ႕ဒီေန႕ပုံစံက ထူးျခားေနတာကို သေဘာေပါက္သြားသည္ ။ ကုမုျဒာက ဇြဲရဲ႕အတြင္းေရးမႉးျဖစ္သြားရင္ သူနဲ႕ကသစ္ပန္းလို အခ်ိန္တိုင္းရွိေနေတာ့မွာမလား ။ ထိုအေတြးက သူ႕အားမသက္မသာျဖစ္ေစသည္ ။

ထိုစဥ္ ဧကရာဇ္က ဇြဲဝတ္ထားတဲ့ရွပ္အကၤ်ီကိုၾကည့္ၿပီး မ်က္ေမွာင္ၾကဳတ္ကာေမးလိုက္သည္ ။

" ဒါက ငါဝတ္စုံပဲ … မင္းကသူမ်ားဟာကို လုယူရတာႀကိဳက္တာလား "

" မင္းအမွတ္မွားေနတာမ်ားလား … ဒီဝတ္ဆုံက ဘယ္တုန္းကမင္းဟာျဖစ္သြားတာလဲ "

ဇြဲက မုျဒာျပင္ဆင္ေပးထားတဲ့ ကုဒ္အကၤ်ီကိုလွမ္းယူကာ ဧကရာဇ္ေမာင္အေရွ႕မွာပဲဝတ္ျပလိုက္သည္ ။ သူ႕ရဲ႕ဝတ္ဆုံကဇြဲနဲ႕အရမ္းကိုၾကည့္ေကာင္းေန၍ ဧကရာဇ္ေမာင္မ်က္ႏွာ ပို၍ပင္မဲေမွာင္လာသည္ ။ ဇြဲက ကုတ္အကၤ်ီေကာ္လံကို ဖြဖြေလးခါလိုက္ၿပီး ဂုဏ္ယူဝံ့ႂကြားစြာ ေျပာလိုက္သည္ ။

"  ဒီဝတ္စုံက မုျဒာကိုယ္တိုင္ ငါ့ရဲ႕႐ုံးအသစ္ဖြင့္ပြဲမွာဝတ္ဖို႔ လက္ေဆာင္ေပးထားတာ …ငါနဲ႕ၾကည့္ေကာင္းတယ္မလား  "

ဧကရာဇ္ေမာင္ ေဒါသေတြကထိန္းခ်ဳပ္၍မရေတာ့ပဲ အ႐ုပ္လုခံလိုက္ရတဲ့ကေလးတစ္ေယာက္လို စိတ္ဆိုးေဒါသထြက္ကာ ဇြဲအားအကၤ်ီေကာ္လံကေန ၾကမ္းတမ္းစြာဆြဲလိုက္ၿပီး …

" မင္းက ငါရွိေနေသးတာေတာင္ ငါ့ပစၥည္းေတြကိုမင္းပိုင္သလိုလုပ္ေနၿပီ … ငါမရွိေတာ့ရင္ သူ႕ကိုပါမင္းကသိမ္းပိုက္ဖို႔စဥ္းစားေနတာလား "

ဇြဲကလဲ ဧကရာဇ္ေမာင္ရဲ႕ အကၤ်ီေကာ္လံကို ျပန္ဆြဲလိုက္ၿပီး …

" မုျဒာသာဆႏၵရွိရင္ေပါ့ … မင္းသတၱိရွိရင္ ထြက္သြားၾကည့္လိုက္ေလ "

" မင္း ျဖစ္ခ်င္သလို လုံးဝမျဖစ္ေစရဘူး "

အေျခအေနေတြက တင္းမာလာ၍ မုျဒာဆက္ၿပီးသည္းမခံေတာ့ပဲ ဇြဲရဲ႕ေကာ္လံကိုဆြဲထားတဲ့ ဧကရာဇ္လက္ေတြကို တြန္းထုတ္လိုက္သည္ ။

" ေတာ္ေတာ့ ဧကရာဇ္ေမာင္ … ကို႔အခန္းကိုျပန္လိုက္ေတာ့ "

မုျဒာရဲ႕ေအးဆက္ဆက္စကားေၾကာင့္ ဧကရာဇ္  ဇြဲရဲ႕အကၤ်ီေကာ္လန္ကိုလႊတ္ေပးလိုက္သည္ ။  သူနဲ႕ႏွစ္ေတြအၾကာႀကီးေနလာၿပီး မုျဒာကသူ႕ကိုနာမည့္အျပည့္ေခၚတာ ေဒါသထြက္ဖူးျခင္းပင္ ။ အၿမဲတမ္းသူ႕ဘက္မွာပဲရွိေနတဲ့မုျဒာက တစ္ျခားလူဘက္ပါသြားေတာ့ ဧကရာဇ္ေမာင္ရင္ဘက္ထဲက ဆူးေအာင့္လာသည္ ။ သူကခ်က္ခ်င္းပဲ ထိုေနရာကေနလွည့္ထြက္လာကာ သူ႕အခန္းထဲသို႔ ေျပးဝင္လာခဲ့ၿပီး အခန္းတံခါးကိုပိတ္လိုက္သည္ ။

" အား "

ၾကယ္ေလာင္စြာေအာ္ၿပီး ခံစားခ်က္ေတြကို ထိန္းမထားပဲ ေပါက္ကြဲျပစ္လိုက္သည္ ။ အရင္ကကုမုျဒာသူ႕ကိုမထိန္းခ်ဳပ္ေတာ့ပဲ လက္လႊတ္လိုက္တာကိုလိုခ်င္ခဲ့သည္ ။ ယခု ကုမုျဒာနဲ႕သူ႕ရဲ႕ဆက္ဆံေရးက သူလိုခ်င္သလို ျဖစ္လာခဲ့ေပမဲ့ ထိုခံစားခ်က္ေတြက သူ႕အားမေပ်ာ္႐ႊင္ေစပဲ နာက်င္မႈေတြသာေပးသည္ ။

တစ္ဖက္တြင္ေတာ့ ဇြဲက ဧကရာဇ္ေမာင္ကို သူေျပာခဲ့တာေတြအတြက္ မုျဒာအားေတာင္းပန္လိုက္သည္ ။

" မုျဒာ ကိုယ့္စကားေတြက လြန္သြားမွန္းသိပါတယ္ … ဒါမွသူအျမင္မွန္ရမွာ "

" မုျဒာနားလည္ပါတယ္ …  မုျဒာအနားမွာမေနခ်င္တဲ့လူကို မုျဒာဖမ္းဆြဲမထားေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္ၿပီ …  ေမာင္ျဖစ္ခ်င္သလို လြတ္လြတ္လပ္လပ္သြားခြင့္ျပဳလိုက္ရင္ ၂ ေယာက္လုံးရဲ႕ နာက်င္မႈေတြ သက္သာမယ္ထင္တယ္ … ေမာင့္ရဲ႕ရိုင္းျပမႈေတြအတြက္လဲ မုျဒာကပဲ ေတာင္းပန္ပါတယ္  "

" မလိုပါဘူးမုျဒာ … မုျဒာသာေပ်ာ္ေအာင္ေနပါ … ၿပီးေတာ့ မုျဒာရဲ႕ဆုံးျဖတ္ခ်က္တိုင္းကို ကိုယ္က အၿမဲေထာက္ခံေပးေနမွာ … ဒါေၾကာင့္ ဘာပဲျဖစ္လာျဖစ္လာ မေၾကာက္ပါနဲ႕ … ဘယ္သူမွ မုျဒာကိုထိခိုက္ခြင့္မျပဳဘူး "

မုျဒာသူ႕ရဲ႕ဗိုက္ေလးကို ပြတ္သပ္လိုက္သည္ ။ အနည္းဆုံး သူနဲ႕သူ႕ရဲ႕ရင္ေသြးေလးအနားမွာ ခြင့္လႊတ္နားလည္ေပးကာ ဂ႐ုစိုက္ေပးမဲ့မိတ္ေဆြေကာင္း ရွိေနေသး၍ ေက်နပ္သြားေလသည္ ။

ထိုစဥ္ ဇြဲက မုျဒာရဲ႕ပခုံးကိုထိကိုင္ၿပီး အေလးအနက္စကားတစ္ခြန္းဆိုလိုက္သည္ ။

" အကယ္၍ မုျဒာသာ ဧကရာဇ္ေမာင္နဲ႕လမ္းခြဲၿပီးသြားရင္ ကိုယ္ေနာက္ထပ္ မုျဒာကိုလိုက္ဖို႔  ႀကိဳးစားခ်င္ေသးတယ္ … အခြင့္အေရးတစ္ခါေလာက္ ေပးနိုင္မလား "

မုျဒာခနမွ်ေၾကာင္အမ္းသြားေပမဲ့ သူ႕ရင္ထဲကမေျပာင္းလဲတဲ့ အေျဖကိုသာ ျပန္လည္ေျဖဆိုလိုက္သည္ ။

" မုျဒာေမာင့္ကိုထြက္သြားခြင့္ျပဳခဲ့ရင္ေတာင္ ေမာင့္ေနရာမွာ ဘယ္သူ႕ကိုမွအစားမထိုးနိုင္ဘူး … ဟိုးအရင္ကမုျဒာသေဘာက်ခဲ့တဲ့ေမာင္က မုျဒာႏွလုံးသားထဲမွာ ထာဝရရွင္သန္ေနအုန္းမွာပဲ  … အခြင့္အေရးမေပးနိုင္လို႔ ေတာင္းပန္ပါတယ္ ဇြဲ "

ဒုတိယအႀကိမ္ ထပ္ၿပီးအျငင္းခံရတာက ပထမအႀကိမ္နဲ႕မျခားမနား နာက်င္သြားရေပမဲ့ ဇြဲ မုျဒာအေရွ႕မွာၿပဳံးေနခဲ့သည္ ။ ဧကရာဇ္ေမာင္ရဲ႕ ကံေကာင္းမႈကို မနာလိုျဖစ္မိသည္ ။ ဒီေလာက္ခ်စ္ေပးတာေတာင္ တန္ဖိုးမထားတဲ့လူကိုမွ မုျဒာကအၿမဲေ႐ြးခ်ယ္ေပးခဲ့သည္ ။ ဒီလူကမုျဒာရဲ႕အခ်စ္ေတြနဲ႕ မထိုက္တန္ဘူး ။

" ကိုယ္ေလာဘႀကီးမိသြားတယ္ … ဧကရာဇ္ေမာင္ေၾကာင့္ မုျဒာအေတြးေတြရႈတ္ေထြးေနခ်ိန္ ကို႔ေၾကာင့္ပိုၿပီးစိတ္ရႈတ္သြားရင္ ေတာင္းပန္ပါတယ္ … ကိုယ္ေနာက္ထပ္ မုျဒာကိုစိတ္ရႈတ္ေအာင္မလုပ္ေတာ့ဘူးလို႔ကတိေပးတယ္ … ခုေျပာခဲ့တာေတြကိုေမ့လိုက္ေတာ့ေနာ္ "

ဇြဲက ဘာမွမျဖစ္သလိုေနနိုင္ေပမဲ့ မုျဒာကေတာ့အျပစ္မကင္းသလိုခံစားလိုက္ရသည္ ။ သူေၾကာင့္သူ႕အေပၚခ်စ္ခင္တဲ့သူေတြ နာက်င္သြားရျပန္ၿပီ ။ ဒါေပမဲ့ သူ႕စိတ္ကိုေတာ့ မေျပာင္းလဲနိုင္ေပ ။

* ေက်းဇူးပါ ဇြဲ … ၿပီးေတာ့ ေတာင္းပန္ပါတယ္ … ေမာင့္ကိုစြန႔္လႊတ္လိုက္ရင္ေတာင္ ဇြဲလိုလူေကာင္းတစ္ေယာက္ကို ေမာင့္ေနရာမွာ အစားထိုးမွာမဟုတ္တဲ့အတြက္ ေမွ်ာ္လင့္ခ်က္မေပးခ်င္ဘူး … ခုအခ်ိန္ကေနစၿပီး မုျဒာဘယ္သူ႕ရဲ႕အကူအညီမွမပါပဲ ရင္ေသြးေလးနဲ႕အတူ ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္တည္နိုင္ေအာင္ ႀကိဳးစားမွာပါ *

…………………………………………………………………………………

To Be Continued ……

Continue Reading

You'll Also Like

787K 20.8K 43
Limited Time SALE: 40% off! Unlock the next part for 3 Coins or the whole story for 30 Coins only until May 5. While moonlighting as a stripper, Emer...
909K 58.6K 31
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
938K 13.7K 36
Ivy Williams had always aspired to complete her university journey without any interruptions or complications. However, not even two months into her...
2.7M 163K 76
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...