ချစ်ခြင်းတို့အလွန်

By maiyuri18

1M 54.5K 2K

ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More

အပိုင်း (၁)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း (၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final

အပိုင်း(၂)

28.1K 1.6K 11
By maiyuri18

ဟင်

ဘုရား ဘုရား..ကျွန်တော်အမြင်တွေအမှောင်ကျသွားသည့်အလား ၊မမြင်ချင်သောမျက်နှာ မကြားချင်သောအသံတွေ မတွေ့ချင်ဆုံးသောလူ ။ ဒီလောကမှာ တိုက်ဆိုင်မူဆိုတာ ကျွန်တော်အတွက် မှားယွင်းတဲ့တိုက်ဆိုင်မူသာ ဖြစ်လိမ့်မည်။ မမြင်လိုသောသူ၊ မတွေ့ချင်ဆုံးသောသူကို ပြန်မြင်ရသည့်အခိုက်အတန့် ကမ္ဘာမြေကြီး တစ်ခဏ ယိမ်းယိုင်သွားသည့်အလား ခံစားမူကား ဗလာကျင်း။ ကျန်ရှိနေသေးသော ကျွန်တော် သက်တမ်းနေ့ရက်တွေမှာ ပြန်မဆုံပါရစေနဲ့ ဆိုသော တောင်းဆု နတ်ဒေဝါ မကြားလေရော့သလား။ ကျွန်တော့်၏ မေတ္တာပို့ ဆုတောင်းသံကား ခဝါချခဲ့သည့်အလား၊ တောင်းဆုတို့က မပြည့်ခဲ့။ ဆပ်ရမည့် ဝဋ်ကြွေး ကျန်ရှိနေဟန်တူ၏။

"ကလေးငယ်...."

ကျွန်တော်ကို မြင်မြင်ခြင်း စွံ့ အ, သွားသော အံ့ဩခြင်း တွေနဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေကသက်သေ ။ တဖြေးဖြေး မျက်ရည်တွေပြည့်လာသော ကလေးငယ့်မျက်ဝန်းတွေက မျက်ရည်အိုင်ထွန်းခဲ့ပြီ။ မငိုလိုက်ပါနဲ့ ...မျက်ရည်တွေမကျလိုက်ပါနဲ့ ကလေးငယ်..ကိုကို အမှားတွေအတွက် တောင်းပန်ဖို့ ကလေးငယ်ခြေရင်း ဒူးထောက်ချပါ့မယ်။ ကလေးငယ် စိတ်ကြိုက် ဆုံးဖြတ်၍  ကိုယ်ကို့ တောင်းပန်ခွင့်လေးပေးပါ။

"ကလေးငယ်...ကိုကို့ကလေးငယ်"

"ခင်..ခင်များက ...."
"ခင်များ....ကိုရဲရင့်ဟန်သာ....ခင်များက ဒုဥက္ကဌလား "

မယုံကြည်နိုင်သေးသော ကလေးငယ်မျက်ဝန်းတွေနှင့် ထစ်,အ ၍ ထွက်ပေါ်လာသော စကားလုံးတွေက မညီညာ၊ တစ်ချိန်က နူးညံ့သေးသွယ်လှသော လက်ညှိုးလေးများဖြင့် ကျွန်တော့်ကိုညွှန်ပြရင်း မေးနေသော်လည်း ကျွန်တော့်ကလေးငယ်ကား အသိစိတ်မကပ်သေး။

ကျွန်တော်ခန္ဓာကိုယ်ထဲက သွေးတွေ ပြောင်းပြန်စီးဆင်းသည့်အလား မယုံနိုင်ခြင်းများစွာဖြင့် မေးမောမိတယ်။ ဘယ်ဆုတောင်းတွေလွဲမှားခဲ့လို့ ရခဲ့တဲ့ဝေဒနာ ပါလိမ့်။ ဘယ်ဘဝကဝဋ်ကြွေးတွေလာဆပ်နေရတာလဲကျွန်တော်က ။ ဒီလူဝဋ်ကြွေး ကုန်ခမ်းပြီထင်သော်လည်း ယခု အဘယ်ကြောင့်ပေါ်လာသနည်း ။ လောကကြီး ပျက်ရယ်ပြုစရာ ကျွန်တော်တစ်ဦးသာ ရှိနေသလား။ အမှန်တရားစောင့်နတ်တို့ ကျွန်တော့်ကို ပစ်ပါယ်ကုန်ပြီလား။

"ဟုတ်တယ်...ကလေးငယ်..ကိုကို ဒီကို ကလေးငယ် တို့ သတင်းရရခြင်း လာခဲ့တာ ....ကိုကိုရှာနေခဲ့တာပါကလေးငယ်ရယ် ..ကိုကို အမှားတွေ အတွက်..ကလေးငယ်တို့ကိုရှာနေခဲ့တာပါ "

ကိုယ်ကိုမြင်လို့အံ့ဩခြင်းတွေနဲ့ပြည့်နေတဲ့ ကလေးငယ်ကို ပွေ့ဖက်ချင်လို့ လက်လှမ်းမိစဉ်ခဏ ....ဖယ်ချ ခံရတဲ့ကျွန်တော်လက်တွေ။ နောက်တစ်လှမ်းဆုတ်သွားသော ကလေးခြေလှမ်းတွေက ကျွန်တော် အသည်းဆိုင်ကို ဖြုတ်ခြွေနေသည့်အလား တန်ပြန်ဝဋ်လိုက်ခြင်းတွေ။ ကလေးငယ် မျက်ဝန်းထဲ က မပြတ်စီးနေပါသော ချစ်ရသူ၏ နာကျင်ခြင်းအမည်ရ မျက်ရည်တွေ၊ ခံစားမိပါသော ကလေးငယ့်နာကျင်ခြင်းတွေ ၊ ဘယ်လောက်နာကျင်ခံစားနေသလဲဆိုတာ ကိုကို သိပါတယ် ၊ ကိုကို အမှန်တရားတွေ သိထားပြီပါပြီ ။ကိုကိုအမှားပါ ဘယ်လို တောင်းပန်ရမလဲ ကလေးငယ်ရယ်၊ ကလေးငယ် ဖြေပါ ကိုယ်ဘယ်လို ပြန်လည်ပေးဆပ်ရမလဲ။

"ကလေး ငယ်....ကိုကိုပြော...."

ပြောစကားမဆုံးခင် ဖွင့်ဟလာသောကလေးရဲ့ အမူအယာက ကျွန်တော်ရင်ကို ဓါးများစွာဖြင့် ထိုးခွဲနေသည့်အလား။ ခံစားမူ သိသေးသည့် ရင်အစုံက နာကျင်လိုက်တာ ..ကလေးမျက်ရည်တွေက ကိုကိုကြောင့်ပါကလေးငယ်ရယ်။ ကိုယ်ကို စိတ်ရှိသလို ထုရိုက်ပါ့လား၊ မကြားဝံ့စွာ ဟစ်အော် ပြောချလိုက်ပါ၊ မခံစားပါနဲ့လား...မျက်ရည်တွေမကျလာပါစေနဲ့လား ၊ ကိုကို့ စိတ်ထဲရှိသလိုပြောလိုက်ပါ့လား ကလေးငယ်ရယ်။

" ခင်များ မထိနဲ့...ကျွန်တော်ကို...ခင်များ ဘာလာလုပ်တာလဲ ထွက်သွား....ကျွန်တော်ရှေ့က ထွက်သွား....ကျွန်တော်ရှေ့ပေါ်မလာနဲ့"

မကြားချင်ဘူး ။ ထိုလူပြောစကား တစ်ခွန်းလေမျှ စကားတို့ကို၊ ကိုယ့်အချစ်ကို လိမ်ညာ ခဲ့သောသူ။ မဟုတ်တမ်းတရားတွေ၊ တလွဲအတွေး နှင့် ကျွန်တော်အပေါ် လုပ်ရက်ခဲ့သူ။ ကျွန်တော်ချစ်ခြင်းကို ချနှင်းရက်ခဲ့သူ ။မုန်းတယ် ထိုလူပြောသမျှစကား၊ ခေါ်သမျှနာမ်စား၊ ထိုလူဆီမှ အ လုံးစုံသော အရာ အားလုံး မုန်းတယ် ၊ စိတ်နာတယ် ခံစားမူတို့ အလွန်အကျွံ့ နယ်လွန်ကုန်ပြီ။ ရင်ထဲ ဗလောင်ဆူနေမိသောနာကျည်းခြင်းတွေ စကားအဖြစ်ထွက်မလာ သော တင်းကျပ်နေတဲ့ ခံစားချက် ၊ မပြတ်စီးဆင်းနေသောမျက်ရည် ၊အားလုံးကို အရူံးပေးပြီးပြေးမိချင်ပါသော နောက်ဘဝ ။ထိုလူခေါ်နေကျနာမ်စား သဲ့သဲ့လေသော အသံတို့ကို မကြားမိစေရန် လက်နှစ်ဖြင့်နားကိုပိတ်ပြီး ခေါင်းကိုရမ်းပြီး အော်နေမိတဲ့ကျွန်တော် ။

"ခဏ လေးပါ ...ကလေးငယ်ရယ် ခဏ လေးပါ ကိုကို...ကိုကိုကို့ ခဏစကားပြောခွင့်ပေးပါ .."

မျက်ရည်တွေနဲ့နားကိုလက်နှစ်ဖက်နှင့်ပိတ်ပြီးအော်နေတယ့်ကျွန်တော့်ကလေးငယ်။ ကလေးငယ်လက်ကိုဆွဲရင်း ပြောနေမိတယ်...ရင်နာလိုက်တာ ကလေးရယ် ကိုကို အသုံးမကျလို့ ၊ကိုကို့အမှားတွေပါကွာ ။ ကိုယ်ရဲ့ $တလွဲအတွေးတွေနဲ့ နှိပ်စက်မိခဲ့တာပါကွာ...လိမ်ညာမိခဲ့သလိုဖြစ်ပေမယ့် ကိုကို တကယ်ချစ်ခဲ့တာပါ ။ အားလုံးရဲ့အဝေးမှာ ချို့တဲ့စွာနေနေရတဲ့ ကလေးတို့သားအဖ ၊ ကိုယ်ကြောင့် မိသားစုရဲ့ စွန့်ပစ်ခြင်းခံရတဲ့ ကလေးငယ်၊ သူစိမ်းတွေကြား သားလေးတစ်ဖက်နှင့် ဘယ်လိုခက်ခဲစွာရင်သန်နေရမလဲဆို တာ ကိုကို မတွေးရဲခဲ့ဘူး ။ကိုကိုတောင်းပန်ဖို့မထိုက်တန်မှန်းသိပါတယ် ၊ကလေးငယ်တို့သားအဖရှေ့ မျက်နှာပြဖို့ထိ မဝံ့ရဲခဲ့တာပါ။ ကိုကို ကို့ အချိန်ခဏလေးပေးပါ ၊ဖြေရှင်းပါ့မယ် ။ ကလေးတို့သားအဖ ကျေနပ်သည့်အထိတောင်းပန်မယ် ၊သတ်လိုကသတ် ၊ ရိုတ်လိုကရိုတ်ပါစေ တောင်းပန်ပါ့မယ် ကွာ ။

" ကိုကိုပြောတာ ခဏနားထောင်ပေးပါ ကလေးငယ် ခဏလေးပါ ကလေးငယ်ရယ် ခဏလေးပါ "

ကိုယ့်ကြောင့် ကျတဲ့ သူလေးရဲ့မျက်ရည်... ကိုယ်အတ္တအမှားကြောင့် သူလေးနာကျင်နေရပါ့လားဆိုတဲ့အသိတွေနဲ့ ကိုယ့်ကိုကိုယ်သေလောက်အောင်မုန်းတီးနေပြီ။ .ကိုယ့်ကိုကိုယ်လည်းခွင့်မလွတ်နိုင်ခဲ့ဘူး။ အသိစိတ်လွတ်မသွားအောင်ကြိုးစား ထိန်းညှိရင်း ကလေးငယ်ဆီက နာကျင်သံကို သံယာသံအဖြစ်ပြောင်းလဲခံယူရင်း၊ မြင့်တက်လာသောနှလုံးခုန်သံ၊ လွတ်ထွက်ချင်နေပါသော အသိစိတ်၊ ဝေဝါးလာပါသော အမြင်အာရုံတို့ကို စုစည်းတည်ဆောက်ရင်း အသိစိတ်ကို ခံစားမူတို့ဖြင့် ထိန်းကျောင်းနေမိသည်။ ငိုစရာတွေ မဆန့်မပြဲ နှင့် ထိခိုက်ပျက်စီးသွားရပါသော ချစ်သောကလေးငယ်၏ လက်ရှိအခြေအနေကို မြင်ရသည့်အခိုက်အတန့် ဒူးထောက်ချ ငိုကြွေးမိသော်လည်း နှောင်းနောင်တတို့က နှိပ်စက်နေပြီ။ ရိုးသားသူလေး၏ စစ်မှန်သော ချစ်ခြင်းရဲ့ ဒဏ် တန်ပြန်သက်ရောက်လာပြီ။ ရှောင်လွဲမရပါသော မိမိပြုလုပ်ခဲ့ပါသော အတ္တအမှားတွေကြောင့် စိတ်ရောဂါဝေဒနာကိုကုသရင်း တချို့တဝက်ကိုပေးဆပ်ခဲ့ပြီ။ ကျန်ရှိနေပါသော ဝေဒနာကို ဖုံးဖိရင်း ကလေးငယ်ဆီက ခွင့်လွတ်စေဖို့တောင်းပန်ခွင့်လေး ရရန် ရှိသမျှ မျှော်လင့်ချက်ကိုအားပြုရင်း သူလေးကို မျက်တောင်မခပ်ကြည်ါနေမိသည်။ တောင်းပန်ပါတယ်...တောင်းပန်ပါတယ်ထက်ပိုသော စကားတွေရှိရင် သုံးချင်ပါသည်။ တောင်းပန်ရုံဖြင့် ကျေအေးခြင်းမရသည်ကို သိနားလည်စွာ။ 

"ကျွန်တော်လက်ကိုလွတ် ..ခင်များ ...ခင်များ....မပြောနဲ့...ဘာမှမကြားချင်ဘူး....အလိမ်အညာတွေ..ဘာတစ်ခွန်းမှမကြားချင်ဘူး၊ ခင်များနဲ့ပတ်သတ်တာ တခုမှမရှိဘူး "

" ခင်များ , ဘယ်ချိန်ထိ ကျွန်တော့်ဘဝကို ဖျက်စီးချင်တာလဲ ၊ ကျွန်တော် ဘဝပျက်စီးစေဖို့အရင်ဘဝက တောင်းဆုပြုခဲ့လေသလား "

မထိနဲ့ ကျွန်တော်အသားကို မျက်ရည်တွေကြားကသာ အော်ဟစ်နေခဲ့မိတယ်။ ထိုလူကို တွေ့ရင် သတိလက်လွတ်ဖြစ်တက်တဲ့ကျွန်တော် ၊ ထိမ်းချုပ်မူကင်းမဲ့နိုင်လွန်းတယ်၊ ဟင်အင်း..မဖြစ်ရဘူး။ ထိုလူပြောသမျှစကား မကြားချင်ဘူး။ အလိမ်အညာတွေ...တစ်ဖက်သတ်စွပ်စွဲချက်တွေနဲ့လှည့်စားနေတဲ့စကားတွေ...မုန်းတယ် ။တစ်ချိန်က စိတ်ပျော့ညံ့မိလို့ ၊ခင်များပြောသမျှ ယုံကြည့်မိခဲ့လို့ ၊ခင်များကြိုးဆွဲလိုရာ က ခဲ့ရတဲ့အရုပ်သာသာဘဝ ။ ပထမဆုံးဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာကိုမှ လှည့်စားလုပ်ရက်ခဲ့သူ ၊ ခင်များဘာပြောပြော ခင်များ ပြောသမျှ စကားလုံးတိုင်းက လိမ်ညာနေတာ ။ လူလိမ်...လူယုတ်မာ...ခေါင်းထဲမှာပေါ်လာသောအတိတ်က ဖြစ်ရပ်တချို့...ကိုမြင်ယောင်ရင်း ခန္ဓာကိုယ်က ယိုင်လုလုဆဲဆဲ နံရံကိုလက်တစ်ဖက်ဖြင့် ထိမ်းထားရင်း၊ ရက်စက်လိုက်တာ ခင်များရာ ။

"မဟုတ်ဘူး ...မဟုတ်ပါဘူး ကလေးငယ်ရယ် ကိုကို ရှင်းပြပါရစေ၊ ကိုကို ကို့အချိန်တခုပေးပါ ကိုကို သက်သေနဲ့အကုန်ရှင်းပြမှာပါ ....ကိုကို ကလေးငယ်နှင့်သားသားကို ရှင်းပြပါရစေ"

နာကျင်ခြင်းတရားတွေနဲ့ စိုက်ကြည့်နေသောသူလေးရဲ့အကြည့်တွေ ၊တစ်စက်စက်တုန်နေပါသော တင်းနေတဲ့နူတ်ခမ်းလှလှတွေ ၊ မျက်ရည်ပုလဲတို့ မပြတ်စီးဆင်းနေသော ပါးပြင်နှစ်ဘက် ။ကိုကို ဘယ်လို နှစ်သိမ့်ပေးရမလဲ ..ဘယ်လိုဖြေရှင်းပေးရမလဲ။

" သားသား ဟုတ်လား? ခင်များက ကလေးချစ်တက်သလား ?ခင်များ ပါးစပ်က ဘာအနှောင်အဖွဲ့မှ မလိုချင်ဘူး ဆိုတာ ခင်များပါးစပ်က ပြောထားတာ။ သားသားဆိုတဲ့ခေါ်ဝေါ်သံ မထွက်မိစေနဲ့ ၊ ခင်များလိုလူနဲ့မတန်ဘူး။ သားသားက ကျွန်တော်သား ကျွန်တော်တစ်ယောက်တည်းရဲ့သား ခင်များနဲ့ဘာမှမဆိုင်ဘူး ..."

သူကို ကိုးကွယ်မိစဉ်က ချစ်လွန်း၍  ပေးဆပ်သည်ကို အလေးမထား၊ အမိူက်သာသာချောင်ထိုး၍ ထားခဲ့သည်။ ကျွန်တော်ချစ်ခြင်းကို လှောင်ရယ်ခဲ့သည်၊ အစီအစဉ်တကျ ကျွန်တော်အချစ်၊ ကျွန်တော်ဘဝကို ဖျက်စီးခဲ့သည်။ ခံစားမူကုန်ခမ်းသွားအောင် ကျွန်တော်နှလုံးသားကို မီးရိူ့ခဲ့သည်။ ရက်စက်ပါသောသူ၊ နာကျင်စေပါသောသူ ၊ ချစ်ခြင်းမေတ္တာကို မလေးထားခဲ့သူ။ အတူနေထိုင်စဉ် အတိတ်ဆိုးနေ့ရက်တွေမှ ပုံပေါ်လာသော ပုံရိပ်တချို့ ပြန်လည်တွေးတော်မိစဉ်ခဏ အသက်ရူရပ်မတက် နာကျင်လာသော နှလုံးသားမို့ သေဆုံးခဲ့ပြီ ။ခံစားတက်မူတို့ ကုန်ပြီ။နှစ်ဦးသဘောတူ ချစ်မိခဲ့စဉ်က သူ့ပေးဖူးသောတားဆေးကဒ်ကိုကိုင်ပြီး လိမ့်နေအောင်ငိုခဲ့ရဘူးတယ်။ဘာကြောင့်လဲမသိခဲ့ဘူး ဘာအနှောင်အဖွဲ့မှ မချည်နှောင်ခံနိုင်လို့ ၊ ဘာသတင်းမှထွက်မလာမစေနဲ့တဲ့! ဆိုတဲ့စကားသံတွေက နားစည်မှာ ပဲ့တင်ထပ်နေခဲ့ပြီ။

"ကလေးငယ် ..သားသားက ....."
"ခင်များသားမဟုတ်ဘူး.....ခင်များလိုလူယုတ်မာတစ်ယောက်ရဲ့သားမဟုတ်ဘူး "

ကျွန်တော် တုံးအ ခဲ့မိလို့၊ ချစ်တဲ့စိတ်နဲ့မမြင်နိုင်အောင်ကန်းနေခဲ့တဲ့ကျွန်တော်ဘဝ အဆုံးသတ်ခဲ့ပြီပြီ။ နှလုံးသားတစ်ခုလုံးလည်း ကျေမွပျက်စီးခဲ့ပြီးပြီ။ ဘဝတစ်ခုလုံး ရေစုန်မျောခဲ့ပြီ။

" ပြောပါ ကလေးငယ်စိတ်ကြိုက်ပြော ကိုကိုကလူယုတ်မာပါ ပြော ...ကြိုက်သလိုပြောပါကွာ ဒါပေမယ့် ကောင်းစစ်ဟန်သာက ကိုကို့သားဆိုတာ ကလေးငယ် ငြင်းမရဘူး ၊ DNA result ကို လည်း ငြင်းမရဘူး ၊ ကလေးငယ် ဘယ်လောက်ငြင်းနေပါစေ သားသားက HANTHAR Group ရဲ့ မျိုးဆက် ဟန်သာအိမ်တော်ရဲ့ မြေး ...ကိုကိုရဲ့သွေးသား..."

"မဟုတ်ဘူး...မဟုတ်ဘူးလို့...."

" ခင်များ ....ခင်များ ဘာဖြစ်ချင်တာလဲ "

"ခဏလေး ကလေးငယ်...ကိုကိုပြောပါရစေ ..ခဏလေးနားထောင်ပေးပါ ကွာ "

" Baby ဟန်သာ လေးကို မားမားဆီ ခေါ်ခွင့်ပြုပါ ...အပါးတို့ မားမား တို့ကBaby ဟန်သာလေး အကြောင်း သိရချင်း သားသားကို တွေ့ချင်နေကြတယ် ။တွေ့ခွင့်ရမှဖြစ်မှာမို့ပါ...မားမားက ခု သူမြေးရှိတာသိရပြီး သားသားကို အရမ်းတွေ့ချင်နေတယ်။ မားမားက သူ့ကြောင့် သူ့မြေးတို့ဒုခရောက်နေပါတယ်ဆိုတဲ့အသိနဲ့ စိတ်ထိခိုက်ပြီး စိတ်ဒဏ်ရာ ရနေသူပါ ၊ သူ့မြေးကို တွေ့ချင် စိတ်အရမ်းပြင်းပြနေသူပါ ကလေးငယ်ရယ်..ကလေးငယ် ခွင့်ပြုပေးပါ ကိုကို ခွင့်တောင်းတာပါ ....ကိုကို အတင်းလုမယူပါဘူး ...ကိုကို ကလေးငယ် ဆီကခွင့်ပြုချက်တောင်းခံနေတာပါ "

ဘယ်လိုပဲတောင်းပန်နေရပါစေ ကိုကို တောင်းပန်မယ် ။မှားယွင်းတဲ့ အတ္တကြီးခြင်းရဲ့ရလဒ်ကိုကို နှစ်အတော်ကြာ စိတ်ဝေဒနာရီင်အဖြစ်သတ်မှတ်ခံရပြီး ကုသခဲ့ပြီပြီ။ နောင်တ တရားရဲ့နာကျင်မူကို ခံစားနေရပါပြီ...ကိုကို ဘယ်လိုပဲတောင်းခံနေရပါစေ ...ကလေးငယ်ရယ် ။

" မပေးနိုင်ဘူး ....သားသားက ကျွန်တော်ဘဝ ...ခင်များတို့ Hantharကလူတွေနဲ့ မတွေ့ပေးနိုင်ဘူး ...ခင်များတို့ သွေးသားမဟုတ်ဘူး ခင်များကိုဘာမှခွင့်မပေးနိုင်ဘူး"

အော်ပြီး ပြေးထွက်မိတယ် ရုံးခန်းအပြင်က ရပ်နေတယ့် လူတွေဘယ်သူဘယ်ဝါဆိုတာ မခွဲခြားနိုင်တော့တဲ့အမြင်တွေနဲ့ ပြေးမိပြေးရာနေရာက ...သားသားလေးရှိရာဆီသို့။

ကလေး ပြေးထွက်တော့ စွဲမထားမိဘူး ပြေးပါ ။ ကလေးငယ် ပြေးပါ ကိုကို လိုက်ရှာပါ့မယ် ၄နှစ်နီးပါး ကိုကိုရှာနေခဲ့တာပါ တောင်းပန်နေချင်ခဲ့တာပါကွာ ။ ခု ကိုကို လာတွေ့ပါ့မယ် လွတ်မပေးနိုင်ဘူး ဘယ်နည်းမှ ကိုကိုနဲ့ဝေးရာကို ..လာခေါ်ပါ့မယ် ဘယ်လောက်မုန်းတီးနေပါစေ ။ဘယ်လိုပဲတုန့်ပြန်နေပါစေ ကိုကိုလာမယ် ကလေးငယ်တို့သားအဖဆီ ။ထိုင်ခုံပေါ်ထိုင်ရင်းကျမိတဲ့မျက်ရည် မသုတ်နိုင်ခဲ့ ပြောချင်သေးသောစကားတွေရယ် ၊ရှင်းပြပါချင်သေးတဲ့ အကြောင်းအရာတွေရယ်။ ကိုကိုအမှား ၊ ကိုကို စဉ်းစားဉာဏ် နည်းခဲ့မိတဲ့အမှားတွေပါကွာ။ ကိုကို မိသားစုလေး ပြန်လည်ပေါင်းစပ်ဖို့ ကိုကိုကြိုးစားမှာပါ ။ကိုကိုအသက်တည်ရှိနေသ၍ကိုကိုတို့မိသားစုလေး ပြန်နေနိုင်ရဖို့ ကြိုးစားနေမှာပါကွာ...အတွေးထဲ ပြောနေမိသောစကား။

ခြံတံခါးကိုတွန်းဖွင့်လို့ အိမ်လေးထဲပြေးလာခဲ့တယ် ခုချိန် သားသားရယ်ဒေါ်ကြည်ရယ် ကစားရာနေရာလေးဆီသို.....

"ပါးပါး......"
" မောင်ကောင်း....."

အံ့ဩမူတွေနဲ့ကျွန်တော်ကိုငေးကြည်နေသောသားတို့ ဘာမှမသိဘူး ဘာမှရှိမနေဘူး ။ ကျွန်တော် သားသားကို မခွဲနိုင်ဘူး အတင်းဆွဲလို့ရင်ခွင်ထဲထည့်ပြီး ငိုမိတယ် ...ပါးပါးသားလေး....သားသားလေး" သားသားမျက်နှာအနှံ့နမ်းရင်း။ မျက်ရည်တွေနဲ့ကျွန်တော်ကို ငေးနေမိသောသားသား ....

"ပါးပါး ...ပါးပါး ဘာဖြစ်လို့လဲဟင်...ပါးပါးကို ဖိုးဖိုးကျော်က ဆူသလားဟင်....ဟင်..ပါးပါး "

လက်လေးနှစ်ဖက်ဖြင့်ကျနေသောအဖေမျက်ရည်တွေသုတ်ရင်မေးနေရှာတဲ့ ကလေးလေး...

"မောင်ကောင်း ဘာဖြစ်လာလို့လဲဟင်...စိတ်ထိမ်းအုံးမှပေါ့....ဒေါ်ကြည်ကိုပြောပြလေ ..ဖိုးသားလေးမျက်နာကိုကြည့်ပါအုံးမောင်ကောင်းရယ်... ဘာကိစ္စတွေဖြစ်လို့လဲဟယ်..ရင်တုန်လိုက်တာ"

သားသားအမေးလည်းမဖြေမိ ..ဒေါ်ကြည်စိုးရိမ်မူကိုလည်းမနှစ်သိမ့်ပေးနိုင်....ကျွန်တော် သားသားလေးကိုဖက်လို့ ကျွန်တော်တို့သားအဖ ငိုမိတယ် ..ဘေးကဒေါ်ကြည်လည်း မျက်ရည်တွေနဲ့ပေါ့။

" ဟုတ်..ကျေးဇူးပါဒေါ်ကြည်...ကျွန်တော်အဆင်ပြေပါတယ်ဗျ....သားလည်းတိတ်တော့ ပါးပါးဘာမှမဖြစ်ပါဘူးကွ...သားပါးပါးကအားအပြည့်ရှိ ပါးပါးကို ဘယ်သူမှ မဆူပါဘူးကွာ...ပြပါအုံးမျက်နှာချောချောလေး သားသားရာ ...မျက်ရည်တွေနဲ့အငိုသန်လေး..မွ...တိတ်တော့နော် သားသား"

ခေါင်းလေးပွတ်လို့ချော့နေမိတယ် ရင်ခွင်ထဲက သားသားက ရိူက်သံမပျယ်သေး ..တိတ်ပါကလေးရယ် .ပါးပါးကသားသားကိုအကောင်းဆုံးကာကွယ်ပေးမှာမို့ တိတ်ပါကွာ...မငိုပါနဲ့တော့ ...

ကျွန်တော်ကို စိတ်ပူနေတဲ့ဒေါ်ကြည်ကိုဖြေရင်း သားသားကိုချော့နေမိတယ်။ ဟုတ်တယ် ကျွန်တော် သားသားရှေ့မျက်ရည်ကျတော့ဘူး ။ သားသားရှေ့မှာ..ကျွန်တော်သန်မာမှရမယ်...ကျွန်တော်မှာ သားသားလေးရှိသေးတယ်...ဘယ်လိုပြသနာတွေရင်ဆိုင်ရအုံးမလဲမသိဘူး ...ကျွန်တော်ကြံ့ခိုင်နေမှရမယ် သန်မာနေမှ သားသားကိုကာကွယ်ပေးနိုင်မယ်....ကျွန်တော် ဆရာတို့ မမဧကရီတို့ဆီ သွားမယ်..ဆရာကအကြံပေးနိုင်မှာ ...မမဧကရီတို့ဆီ သွားမယ် ဟုတ်တယ် ကျွန်တော် မမဆီကအကြံယူပြီး .....

       ——————————————————————————

# မမ အတွက် vote ပေးခဲ့ဖို့ မမေ့နဲ့နော်
# Thanks for all

zawgyi


ဟင္

ဘုရား ဘုရား..ကြၽန္ေတာ္အျမင္ေတြအေမွာင္က်သြားသည့္အလား ၊မျမင္ခ်င္ေသာမ်က္ႏွာ မၾကားခ်င္ေသာအသံေတြ မေတြ႕ခ်င္ဆုံးေသာလူ ။ ဒီေလာကမွာ တိုက္ဆိုင္မူဆိုတာ ကြၽန္ေတာ္အတြက္ မွားယြင္းတဲ့တိုက္ဆိုင္မူသာ ျဖစ္လိမ့္မည္။ မျမင္လိုေသာသူ၊ မေတြ႕ခ်င္ဆုံးေသာသူကို ျပန္ျမင္ရသည့္အခိုက္အတန့္ ကမၻာေျမႀကီး တစ္ခဏ ယိမ္းယိုင္သြားသည့္အလား ခံစားမူကား ဗလာက်င္း။ က်န္ရွိေနေသးေသာ ကြၽန္ေတာ္ သက္တမ္းေန႕ရက္ေတြမွာ ျပန္မဆုံပါရေစနဲ႕ ဆိုေသာ ေတာင္းဆု နတ္ေဒဝါ မၾကားေလေရာ့သလား။ ကြၽန္ေတာ့္၏ ေမတၱာပို႔ ဆုေတာင္းသံကား ခဝါခ်ခဲ့သည့္အလား၊ ေတာင္းဆုတို႔က မျပည့္ခဲ့။ ဆပ္ရမည့္ ဝဋ္ေႂကြး က်န္ရွိေနဟန္တူ၏။

"ကေလးငယ္...."

ကြၽန္ေတာ္ကို ျမင္ျမင္ျခင္း စြံ႕ အ, သြားေသာ အံ့ဩျခင္း ေတြနဲ႕ မ်က္ဝန္းဝိုင္းဝိုင္းေတြကသက္ေသ ။ တေျဖးေျဖး မ်က္ရည္ေတြျပည့္လာေသာ ကေလးငယ့္မ်က္ဝန္းေတြက မ်က္ရည္အိုင္ထြန္းခဲ့ၿပီ။ မငိုလိုက္ပါနဲ႕ ...မ်က္ရည္ေတြမက်လိဳက္ပါနဲ႕ ကေလးငယ္..ကိုကို အမွားေတြအတြက္ ေတာင္းပန္ဖို႔ ကေလးငယ္ေျခရင္း ဒူးေထာက္ခ်ပါ့မယ္။ ကေလးငယ္ စိတ္ႀကိဳက္ ဆုံးျဖတ္၍ ကိုယ္ကို႔ ေတာင္းပန္ခြင့္ေလးေပးပါ။

"ကေလးငယ္...ကိုကို႔ကေလးငယ္"

"ခင္..ခင္မ်ားက ...."
"ခင္မ်ား....ကိုရဲရင့္ဟန္သာ....ခင္မ်ားက ဒုဥကၠဌလား "

မယုံၾကည္နိုင္ေသးေသာ ကေလးငယ္မ်က္ဝန္းေတြႏွင့္ ထစ္,အ ၍ ထြက္ေပၚလာေသာ စကားလုံးေတြက မညီညာ၊ တစ္ခ်ိန္က ႏူးညံ့ေသးသြယ္လွေသာ လက္ညွိုးေလးမ်ားျဖင့္ ကြၽန္ေတာ့္ကိုၫႊန္ျပရင္း ေမးေနေသာ္လည္း ကြၽန္ေတာ့္ကေလးငယ္ကား အသိစိတ္မကပ္ေသး။

ကြၽန္ေတာ္ခႏၶာကိုယ္ထဲက ေသြးေတြ ေျပာင္းျပန္စီးဆင္းသည့္အလား မယုံနိုင္ျခင္းမ်ားစြာျဖင့္ ေမးေမာမိတယ္။ ဘယ္ဆုေတာင္းေတြလြဲမွားခဲ့လို႔ ရခဲ့တဲ့ေဝဒနာ ပါလိမ့္။ ဘယ္ဘဝကဝဋ္ေႂကြးေတြလာဆပ္ေနရတာလဲကြၽန္ေတာ္က ။ ဒီလူဝဋ္ေႂကြး ကုန္ခမ္းၿပီထင္ေသာ္လည္း ယခု အဘယ္ေၾကာင့္ေပၚလာသနည္း ။ ေလာကႀကီး ပ်က္ရယ္ျပဳစရာ ကြၽန္ေတာ္တစ္ဦးသာ ရွိေနသလား။ အမွန္တရားေစာင့္နတ္တို႔ ကြၽန္ေတာ့္ကို ပစ္ပါယ္ကုန္ၿပီလား။

"ဟုတ္တယ္...ကေလးငယ္..ကိုကို ဒီကို ကေလးငယ္ တို႔ သတင္းရရျခင္း လာခဲ့တာ ....ကိုကိုရွာေနခဲ့တာပါကေလးငယ္ရယ္ ..ကိုကို အမွားေတြ အတြက္..ကေလးငယ္တို႔ကိုရွာေနခဲ့တာပါ "

ကိုယ္ကိုျမင္လို႔အံ့ဩျခင္းေတြနဲ႕ျပည့္ေနတဲ့ ကေလးငယ္ကို ေပြ႕ဖက္ခ်င္လို႔ လက္လွမ္းမိစဥ္ခဏ ....ဖယ္ခ် ခံရတဲ့ကြၽန္ေတာ္လက္ေတြ။ ေနာက္တစ္လွမ္းဆုတ္သြားေသာ ကေလးေျခလွမ္းေတြက ကြၽန္ေတာ္ အသည္းဆိုင္ကို ျဖဳတ္ေႁခြေနသည့္အလား တန္ျပန္ဝဋ္လိုက္ျခင္းေတြ။ ကေလးငယ္ မ်က္ဝန္းထဲ က မျပတ္စီးေနပါေသာ ခ်စ္ရသူ၏ နာက်င္ျခင္းအမည္ရ မ်က္ရည္ေတြ၊ ခံစားမိပါေသာ ကေလးငယ့္နာက်င္ျခင္းေတြ ၊ ဘယ္ေလာက္နာက်င္ခံစားေနသလဲဆိုတာ ကိုကို သိပါတယ္ ၊ ကိုကို အမွန္တရားေတြ သိထားၿပီပါၿပီ ။ကိုကိုအမွားပါ ဘယ္လို ေတာင္းပန္ရမလဲ ကေလးငယ္ရယ္၊ ကေလးငယ္ ေျဖပါ ကိုယ္ဘယ္လို ျပန္လည္ေပးဆပ္ရမလဲ။

"ကေလး ငယ္....ကိုကိုေျပာ...."

ေျပာစကားမဆုံးခင္ ဖြင့္ဟလာေသာကေလးရဲ႕ အမူအယာက ကြၽန္ေတာ္ရင္ကို ဓါးမ်ားစြာျဖင့္ ထိုးခြဲေနသည့္အလား။ ခံစားမူ သိေသးသည့္ ရင္အစုံက နာက်င္လိုက္တာ ..ကေလးမ်က္ရည္ေတြက ကိုကိုေၾကာင့္ပါကေလးငယ္ရယ္။ ကိုယ္ကို စိတ္ရွိသလို ထုရိုက္ပါ့လား၊ မၾကားဝံ့စြာ ဟစ္ေအာ္ ေျပာခ်လိဳက္ပါ၊ မခံစားပါနဲ႕လား...မ်က္ရည္ေတြမက်လာပါေစနဲ႕လား ၊ ကိုကို႔ စိတ္ထဲရွိသလိုေျပာလိုက္ပါ့လား ကေလးငယ္ရယ္။

" ခင္မ်ား မထိနဲ႕...ကြၽန္ေတာ္ကို...ခင္မ်ား ဘာလာလုပ္တာလဲ ထြက္သြား....ကြၽန္ေတာ္ေရွ႕က ထြက္သြား....ကြၽန္ေတာ္ေရွ႕ေပၚမလာနဲ႕"

မၾကားခ်င္ဘူး ။ ထိုလူေျပာစကား တစ္ခြန္းေလမွ် စကားတို႔ကို၊ ကိုယ့္အခ်စ္ကို လိမ္ညာ ခဲ့ေသာသူ။ မဟုတ္တမ္းတရားေတြ၊ တလြဲအေတြး ႏွင့္ ကြၽန္ေတာ္အေပၚ လုပ္ရက္ခဲ့သူ။ ကြၽန္ေတာ္ခ်စ္ျခင္းကို ခ်ႏွင္းရက္ခဲ့သူ ။မုန္းတယ္ ထိုလူေျပာသမွ်စကား၊ ေခၚသမွ်နာမ္စား၊ ထိုလူဆီမွ အ လုံးစုံေသာ အရာ အားလုံး မုန္းတယ္ ၊ စိတ္နာတယ္ ခံစားမူတို႔ အလြန္အကြၽံ႕ နယ္လြန္ကုန္ၿပီ။ ရင္ထဲ ဗေလာင္ဆူေနမိေသာနာက်ည္းျခင္းေတြ စကားအျဖစ္ထြက္မလာ ေသာ တင္းက်ပ္ေနတဲ့ ခံစားခ်က္ ၊ မျပတ္စီးဆင္းေနေသာမ်က္ရည္ ၊အားလုံးကို အ႐ူံးေပးၿပီးေျပးမိခ်င္ပါေသာ ေနာက္ဘဝ ။ထိုလူေခၚေနက်နာမ္စား သဲ့သဲ့ေလေသာ အသံတို႔ကို မၾကားမိေစရန္ လက္ႏွစ္ျဖင့္နားကိုပိတ္ၿပီး ေခါင္းကိုရမ္းၿပီး ေအာ္ေနမိတဲ့ကြၽန္ေတာ္ ။

"ခဏ ေလးပါ ...ကေလးငယ္ရယ္ ခဏ ေလးပါ ကိုကို...ကိုကိုကို႔ ခဏစကားေျပာခြင့္ေပးပါ .."

မ်က္ရည္ေတြနဲ႕နားကိုလက္ႏွစ္ဖက္ႏွင့္ပိတ္ၿပီးေအာ္ေနတယ့္ကြၽန္ေတာ့္ကေလးငယ္။ ကေလးငယ္လက္ကိုဆြဲရင္း ေျပာေနမိတယ္...ရင္နာလိုက္တာ ကေလးရယ္ ကိုကို အသုံးမက်လိဳ႕ ၊ကိုကို႔အမွားေတြပါကြာ ။ ကိုယ္ရဲ႕ $တလြဲအေတြးေတြနဲ႕ ႏွိပ္စက္မိခဲ့တာပါကြာ...လိမ္ညာမိခဲ့သလိုျဖစ္ေပမယ့္ ကိုကို တကယ္ခ်စ္ခဲ့တာပါ ။ အားလုံးရဲ႕အေဝးမွာ ခ်ိဳ႕တဲ့စြာေနေနရတဲ့ ကေလးတို႔သားအဖ ၊ ကိုယ္ေၾကာင့္ မိသားစုရဲ႕ စြန့္ပစ္ျခင္းခံရတဲ့ ကေလးငယ္၊ သူစိမ္းေတြၾကား သားေလးတစ္ဖက္ႏွင့္ ဘယ္လိုခက္ခဲစြာရင္သန္ေနရမလဲဆို တာ ကိုကို မေတြးရဲခဲ့ဘူး ။ကိုကိုေတာင္းပန္ဖို႔မထိုက္တန္မွန္းသိပါတယ္ ၊ကေလးငယ္တို႔သားအဖေရွ႕ မ်က္ႏွာျပဖို႔ထိ မဝံ့ရဲခဲ့တာပါ။ ကိုကို ကို႔ အခ်ိန္ခဏေလးေပးပါ ၊ေျဖရွင္းပါ့မယ္ ။ ကေလးတို႔သားအဖ ေက်နပ္သည့္အထိေတာင္းပန္မယ္ ၊သတ္လိုကသတ္ ၊ ရိုတ္လိုကရိုတ္ပါေစ ေတာင္းပန္ပါ့မယ္ ကြာ ။

" ကိုကိုေျပာတာ ခဏနားေထာင္ေပးပါ ကေလးငယ္ ခဏေလးပါ ကေလးငယ္ရယ္ ခဏေလးပါ "

ကိုယ့္ေၾကာင့္ က်တဲ့ သူေလးရဲ႕မ်က္ရည္... ကိုယ္အတၱအမွားေၾကာင့္ သူေလးနာက်င္ေနရပါ့လားဆိုတဲ့အသိေတြနဲ႕ ကိုယ့္ကိုကိုယ္ေသေလာက္ေအာင္မုန္းတီးေနၿပီ။ .ကိုယ့္ကိုကိုယ္လည္းခြင့္မလြတ္နိုင္ခဲ့ဘူး။ အသိစိတ္လြတ္မသြားေအာင္ႀကိဳးစား ထိန္းညွိရင္း ကေလးငယ္ဆီက နာက်င္သံကို သံယာသံအျဖစ္ေျပာင္းလဲခံယူရင္း၊ ျမင့္တက္လာေသာႏွလုံးခုန္သံ၊ လြတ္ထြက္ခ်င္ေနပါေသာ အသိစိတ္၊ ေဝဝါးလာပါေသာ အျမင္အာ႐ုံတို႔ကို စုစည္းတည္ေဆာက္ရင္း အသိစိတ္ကို ခံစားမူတို႔ျဖင့္ ထိန္းေက်ာင္းေနမိသည္။ ငိုစရာေတြ မဆန့္မၿပဲ ႏွင့္ ထိခိုက္ပ်က္စီးသြားရပါေသာ ခ်စ္ေသာကေလးငယ္၏ လက္ရွိအေျခအေနကို ျမင္ရသည့္အခိုက္အတန့္ ဒူးေထာက္ခ် ငိုေႂကြးမိေသာ္လည္း ႏွောင္းေနာင္တတို႔က ႏွိပ္စက္ေနၿပီ။ ရိုးသားသူေလး၏ စစ္မွန္ေသာ ခ်စ္ျခင္းရဲ႕ ဒဏ္ တန္ျပန္သက္ေရာက္လာၿပီ။ ေရွာင္လြဲမရပါေသာ မိမိျပဳလုပ္ခဲ့ပါေသာ အတၱအမွားေတြေၾကာင့္ စိတ္ေရာဂါေဝဒနာကိုကုသရင္း တခ်ိဳ႕တဝက္ကိုေပးဆပ္ခဲ့ၿပီ။ က်န္ရွိေနပါေသာ ေဝဒနာကို ဖုံးဖိရင္း ကေလးငယ္ဆီက ခြင့္လြတ္ေစဖို႔ေတာင္းပန္ခြင့္ေလး ရရန္ ရွိသမွ် ေမွ်ာ္လင့္ခ်က္ကိုအားျပဳရင္း သူေလးကို မ်က္ေတာင္မခပ္ၾကည္ါေနမိသည္။ ေတာင္းပန္ပါတယ္...ေတာင္းပန္ပါတယ္ထက္ပိုေသာ စကားေတြရွိရင္ သုံးခ်င္ပါသည္။ ေတာင္းပန္႐ုံျဖင့္ ေက်ေအးျခင္းမရသည္ကို သိနားလည္စြာ။

"ကြၽန္ေတာ္လက္ကိုလြတ္ ..ခင္မ်ား ...ခင္မ်ား....မေျပာနဲ႕...ဘာမွမၾကားခ်င္ဘူး....အလိမ္အညာေတြ..ဘာတစ္ခြန္းမွမၾကားခ်င္ဘူး၊ ခင္မ်ားနဲ႕ပတ္သတ္တာ တခုမွမရွိဘူး "

" ခင္မ်ား , ဘယ္ခ်ိန္ထိ ကြၽန္ေတာ့္ဘဝကို ဖ်က္စီးခ်င္တာလဲ ၊ ကြၽန္ေတာ္ ဘဝပ်က္စီးေစဖို႔အရင္ဘဝက ေတာင္းဆုျပဳခဲ့ေလသလား "

မထိနဲ႕ ကြၽန္ေတာ္အသားကို မ်က္ရည္ေတြၾကားကသာ ေအာ္ဟစ္ေနခဲ့မိတယ္။ ထိုလူကို ေတြ႕ရင္ သတိလက္လြတ္ျဖစ္တက္တဲ့ကြၽန္ေတာ္ ၊ ထိမ္းခ်ဳပ္မူကင္းမဲ့နိုင္လြန္းတယ္၊ ဟင္အင္း..မျဖစ္ရဘူး။ ထိုလူေျပာသမွ်စကား မၾကားခ်င္ဘူး။ အလိမ္အညာေတြ...တစ္ဖက္သတ္စြပ္စြဲခ်က္ေတြနဲ႕လွည့္စားေနတဲ့စကားေတြ...မုန္းတယ္ ။တစ္ခ်ိန္က စိတ္ေပ်ာ့ညံ့မိလို႔ ၊ခင္မ်ားေျပာသမွ် ယုံၾကည့္မိခဲ့လို႔ ၊ခင္မ်ားႀကိဳးဆြဲလိုရာ က ခဲ့ရတဲ့အ႐ုပ္သာသာဘဝ ။ ပထမဆုံးျဖစ္ေပၚလာတဲ့ ခ်စ္ျခင္းေမတၱာကိုမွ လွည့္စားလုပ္ရက္ခဲ့သူ ၊ ခင္မ်ားဘာေျပာေျပာ ခင္မ်ား ေျပာသမွ် စကားလုံးတိုင္းက လိမ္ညာေနတာ ။ လူလိမ္...လူယုတ္မာ...ေခါင္းထဲမွာေပၚလာေသာအတိတ္က ျဖစ္ရပ္တခ်ိဳ႕...ကိုျမင္ေယာင္ရင္း ခႏၶာကိုယ္က ယိုင္လုလုဆဲဆဲ နံရံကိုလက္တစ္ဖက္ျဖင့္ ထိမ္းထားရင္း၊ ရက္စက္လိုက္တာ ခင္မ်ားရာ ။

"မဟုတ္ဘူး ...မဟုတ္ပါဘူး ကေလးငယ္ရယ္ ကိုကို ရွင္းျပပါရေစ၊ ကိုကို ကို႔အခ်ိန္တခုေပးပါ ကိုကို သက္ေသနဲ႕အကုန္ရွင္းျပမွာပါ ....ကိုကို ကေလးငယ္ႏွင့္သားသားကို ရွင္းျပပါရေစ"

နာက်င္ျခင္းတရားေတြနဲ႕ စိုက္ၾကည့္ေနေသာသူေလးရဲ႕အၾကည့္ေတြ ၊တစ္စက္စက္တုန္ေနပါေသာ တင္းေနတဲ့ႏူတ္ခမ္းလွလွေတြ ၊ မ်က္ရည္ပုလဲတို႔ မျပတ္စီးဆင္းေနေသာ ပါးျပင္ႏွစ္ဘက္ ။ကိုကို ဘယ္လို ႏွစ္သိမ့္ေပးရမလဲ ..ဘယ္လိုေျဖရွင္းေပးရမလဲ။

" သားသား ဟုတ္လား? ခင္မ်ားက ကေလးခ်စ္တက္သလား ?ခင္မ်ား ပါးစပ္က ဘာအႏွောင္အဖြဲ႕မွ မလိုခ်င္ဘူး ဆိုတာ ခင္မ်ားပါးစပ္က ေျပာထားတာ။ သားသားဆိုတဲ့ေခၚေဝၚသံ မထြက္မိေစနဲ႕ ၊ ခင္မ်ားလိုလူနဲ႕မတန္ဘူး။ သားသားက ကြၽန္ေတာ္သား ကြၽန္ေတာ္တစ္ေယာက္တည္းရဲ႕သား ခင္မ်ားနဲ႕ဘာမွမဆိုင္ဘူး ..."

သူကို ကိုးကြယ္မိစဥ္က ခ်စ္လြန္း၍ ေပးဆပ္သည္ကို အေလးမထား၊ အမိူက္သာသာေခ်ာင္ထိုး၍ ထားခဲ့သည္။ ကြၽန္ေတာ္ခ်စ္ျခင္းကို ေလွာင္ရယ္ခဲ့သည္၊ အစီအစဥ္တက် ကြၽန္ေတာ္အခ်စ္၊ ကြၽန္ေတာ္ဘဝကို ဖ်က္စီးခဲ့သည္။ ခံစားမူကုန္ခမ္းသြားေအာင္ ကြၽန္ေတာ္ႏွလုံးသားကို မီးရိူ႕ခဲ့သည္။ ရက္စက္ပါေသာသူ၊ နာက်င္ေစပါေသာသူ ၊ ခ်စ္ျခင္းေမတၱာကို မေလးထားခဲ့သူ။ အတူေနထိုင္စဥ္ အတိတ္ဆိုးေန႕ရက္ေတြမွ ပုံေပၚလာေသာ ပုံရိပ္တခ်ိဳ႕ ျပန္လည္ေတြးေတာ္မိစဥ္ခဏ အသက္႐ူရပ္မတက္ နာက်င္လာေသာ ႏွလုံးသားမို႔ ေသဆုံးခဲ့ၿပီ ။ခံစားတက္မူတို႔ ကုန္ၿပီ။ႏွစ္ဦးသေဘာတူ ခ်စ္မိခဲ့စဥ္က သူ႕ေပးဖူးေသာတားေဆးကဒ္ကိုကိုင္ၿပီး လိမ့္ေနေအာင္ငိုခဲ့ရဘူးတယ္။ဘာေၾကာင့္လဲမသိခဲ့ဘူး ဘာအႏွောင္အဖြဲ႕မွ မခ်ည္ႏွောင္ခံနိုင္လို႔ ၊ ဘာသတင္းမွထြက္မလာမေစနဲ႕တဲ့! ဆိုတဲ့စကားသံေတြက နားစည္မွာ ပဲ့တင္ထပ္ေနခဲ့ၿပီ။

"ကေလးငယ္ ..သားသားက ....."
"ခင္မ်ားသားမဟုတ္ဘူး.....ခင္မ်ားလိုလူယုတ္မာတစ္ေယာက္ရဲ႕သားမဟုတ္ဘူး "

ကြၽန္ေတာ္ တုံးအ ခဲ့မိလို႔၊ ခ်စ္တဲ့စိတ္နဲ႕မျမင္နိုင္ေအာင္ကန္းေနခဲ့တဲ့ကြၽန္ေတာ္ဘဝ အဆုံးသတ္ခဲ့ၿပီၿပီ။ ႏွလုံးသားတစ္ခုလုံးလည္း ေက်မြပ်က္စီးခဲ့ၿပီးၿပီ။ ဘဝတစ္ခုလုံး ေရစုန္ေမ်ာခဲ့ၿပီ။

" ေျပာပါ ကေလးငယ္စိတ္ႀကိဳက္ေျပာ ကိုကိုကလူယုတ္မာပါ ေျပာ ...ႀကိဳက္သလိုေျပာပါကြာ ဒါေပမယ့္ ေကာင္းစစ္ဟန္သာက ကိုကို႔သားဆိုတာ ကေလးငယ္ ျငင္းမရဘူး ၊ DNA result ကို လည္း ျငင္းမရဘူး ၊ ကေလးငယ္ ဘယ္ေလာက္ျငင္းေနပါေစ သားသားက HANTHAR Group ရဲ႕ မ်ိဳးဆက္ ဟန္သာအိမ္ေတာ္ရဲ႕ ေျမး ...ကိုကိုရဲ႕ေသြးသား..."

"မဟုတ္ဘူး...မဟုတ္ဘူးလို႔...."

" ခင္မ်ား ....ခင္မ်ား ဘာျဖစ္ခ်င္တာလဲ "

"ခဏေလး ကေလးငယ္...ကိုကိုေျပာပါရေစ ..ခဏေလးနားေထာင္ေပးပါ ကြာ "

" Baby ဟန္သာ ေလးကို မားမားဆီ ေခၚခြင့္ျပဳပါ ...အပါးတို႔ မားမား တို႔ကBaby ဟန္သာေလး အေၾကာင္း သိရခ်င္း သားသားကို ေတြ႕ခ်င္ေနၾကတယ္ ။ေတြ႕ခြင့္ရမွျဖစ္မွာမို႔ပါ...မားမားက ခု သူေျမးရွိတာသိရၿပီး သားသားကို အရမ္းေတြ႕ခ်င္ေနတယ္။ မားမားက သူ႕ေၾကာင့္ သူ႕ေျမးတို႔ဒုခေရာက္ေနပါတယ္ဆိုတဲ့အသိနဲ႕ စိတ္ထိခိုက္ၿပီး စိတ္ဒဏ္ရာ ရေနသူပါ ၊ သူ႕ေျမးကို ေတြ႕ခ်င္ စိတ္အရမ္းျပင္းျပေနသူပါ ကေလးငယ္ရယ္..ကေလးငယ္ ခြင့္ျပဳေပးပါ ကိုကို ခြင့္ေတာင္းတာပါ ....ကိုကို အတင္းလုမယူပါဘူး ...ကိုကို ကေလးငယ္ ဆီကခြင့္ျပဳခ်က္ေတာင္းခံေနတာပါ "

ဘယ္လိုပဲေတာင္းပန္ေနရပါေစ ကိုကို ေတာင္းပန္မယ္ ။မွားယြင္းတဲ့ အတၱႀကီးျခင္းရဲ႕ရလဒ္ကိုကို ႏွစ္အေတာ္ၾကာ စိတ္ေဝဒနာရီင္အျဖစ္သတ္မွတ္ခံရၿပီး ကုသခဲ့ၿပီၿပီ။ ေနာင္တ တရားရဲ႕နာက်င္မူကို ခံစားေနရပါၿပီ...ကိုကို ဘယ္လိုပဲေတာင္းခံေနရပါေစ ...ကေလးငယ္ရယ္ ။

" မေပးနိုင္ဘူး ....သားသားက ကြၽန္ေတာ္ဘဝ ...ခင္မ်ားတို႔ Hantharကလူေတြနဲ႕ မေတြ႕ေပးနိုင္ဘူး ...ခင္မ်ားတို႔ ေသြးသားမဟုတ္ဘူး ခင္မ်ားကိုဘာမွခြင့္မေပးနိုင္ဘူး"

ေအာ္ၿပီး ေျပးထြက္မိတယ္ ႐ုံးခန္းအျပင္က ရပ္ေနတယ့္ လူေတြဘယ္သူဘယ္ဝါဆိုတာ မခြဲျခားနိုင္ေတာ့တဲ့အျမင္ေတြနဲ႕ ေျပးမိေျပးရာေနရာက ...သားသားေလးရွိရာဆီသို႔။

ကေလး ေျပးထြက္ေတာ့ စြဲမထားမိဘူး ေျပးပါ ။ ကေလးငယ္ ေျပးပါ ကိုကို လိုက္ရွာပါ့မယ္ ၄ႏွစ္နီးပါး ကိုကိုရွာေနခဲ့တာပါ ေတာင္းပန္ေနခ်င္ခဲ့တာပါကြာ ။ ခု ကိုကို လာေတြ႕ပါ့မယ္ လြတ္မေပးနိုင္ဘူး ဘယ္နည္းမွ ကိုကိုနဲ႕ေဝးရာကို ..လာေခၚပါ့မယ္ ဘယ္ေလာက္မုန္းတီးေနပါေစ ။ဘယ္လိုပဲတုန့္ျပန္ေနပါေစ ကိုကိုလာမယ္ ကေလးငယ္တို႔သားအဖဆီ ။ထိုင္ခုံေပၚထိုင္ရင္းက်မိတဲ့မ်က္ရည္ မသုတ္နိုင္ခဲ့ ေျပာခ်င္ေသးေသာစကားေတြရယ္ ၊ရွင္းျပပါခ်င္ေသးတဲ့ အေၾကာင္းအရာေတြရယ္။ ကိုကိုအမွား ၊ ကိုကို စဥ္းစားဉာဏ္ နည္းခဲ့မိတဲ့အမွားေတြပါကြာ။ ကိုကို မိသားစုေလး ျပန္လည္ေပါင္းစပ္ဖို႔ ကိုကိုႀကိဳးစားမွာပါ ။ကိုကိုအသက္တည္ရွိေနသ၍ကိုကိုတို႔မိသားစုေလး ျပန္ေနနိုင္ရဖို႔ ႀကိဳးစားေနမွာပါကြာ...အေတြးထဲ ေျပာေနမိေသာစကား။

ၿခံတံခါးကိုတြန္းဖြင့္လို႔ အိမ္ေလးထဲေျပးလာခဲ့တယ္ ခုခ်ိန္ သားသားရယ္ေဒၚၾကည္ရယ္ ကစားရာေနရာေလးဆီသို.....

"ပါးပါး......"
" ေမာင္ေကာင္း....."

အံ့ဩမူေတြနဲ႕ကြၽန္ေတာ္ကိုေငးၾကည္ေနေသာသားတို႔ ဘာမွမသိဘူး ဘာမွရွိမေနဘူး ။ ကြၽန္ေတာ္ သားသားကို မခြဲနိုင္ဘူး အတင္းဆြဲလို႔ရင္ခြင္ထဲထည့္ၿပီး ငိုမိတယ္ ...ပါးပါးသားေလး....သားသားေလး" သားသားမ်က္ႏွာအႏွံ႕နမ္းရင္း။ မ်က္ရည္ေတြနဲ႕ကြၽန္ေတာ္ကို ေငးေနမိေသာသားသား ....

"ပါးပါး ...ပါးပါး ဘာျဖစ္လို႔လဲဟင္...ပါးပါးကို ဖိုးဖိုးေက်ာ္က ဆူသလားဟင္....ဟင္..ပါးပါး "

လက္ေလးႏွစ္ဖက္ျဖင့္က်ေနေသာအေဖမ်က္ရည္ေတြသုတ္ရင္ေမးေနရွာတဲ့ ကေလးေလး...

"ေမာင္ေကာင္း ဘာျဖစ္လာလို႔လဲဟင္...စိတ္ထိမ္းအုံးမွေပါ့....ေဒၚၾကည္ကိုေျပာျပေလ ..ဖိုးသားေလးမ်က္နာကိုၾကည့္ပါအုံးေမာင္ေကာင္းရယ္... ဘာကိစၥေတြျဖစ္လို႔လဲဟယ္..ရင္တုန္လိုက္တာ"

သားသားအေမးလည္းမေျဖမိ ..ေဒၚၾကည္စိုးရိမ္မူကိုလည္းမႏွစ္သိမ့္ေပးနိုင္....ကြၽန္ေတာ္ သားသားေလးကိုဖက္လို႔ ကြၽန္ေတာ္တို႔သားအဖ ငိုမိတယ္ ..ေဘးကေဒၚၾကည္လည္း မ်က္ရည္ေတြနဲ႕ေပါ့။

" ဟုတ္..ေက်းဇူးပါေဒၚၾကည္...ကြၽန္ေတာ္အဆင္ေျပပါတယ္ဗ်....သားလည္းတိတ္ေတာ့ ပါးပါးဘာမွမျဖစ္ပါဘူးကြ...သားပါးပါးကအားအျပည့္ရွိ ပါးပါးကို ဘယ္သူမွ မဆူပါဘူးကြာ...ျပပါအုံးမ်က္ႏွာေခ်ာေခ်ာေလး သားသားရာ ...မ်က္ရည္ေတြနဲ႕အငိုသန္ေလး..မြ...တိတ္ေတာ့ေနာ္ သားသား"

ေခါင္းေလးပြတ္လို႔ေခ်ာ့ေနမိတယ္ ရင္ခြင္ထဲက သားသားက ရိူက္သံမပ်ယ္ေသး ..တိတ္ပါကေလးရယ္ .ပါးပါးကသားသားကိုအေကာင္းဆုံးကာကြယ္ေပးမွာမို႔ တိတ္ပါကြာ...မငိုပါနဲ႕ေတာ့ ...

ကြၽန္ေတာ္ကို စိတ္ပူေနတဲ့ေဒၚၾကည္ကိုေျဖရင္း သားသားကိုေခ်ာ့ေနမိတယ္။ ဟုတ္တယ္ ကြၽန္ေတာ္ သားသားေရွ႕မ်က္ရည္က်ေတာ့ဘူး ။ သားသားေရွ႕မွာ..ကြၽန္ေတာ္သန္မာမွရမယ္...ကြၽန္ေတာ္မွာ သားသားေလးရွိေသးတယ္...ဘယ္လိုျပသနာေတြရင္ဆိုင္ရအုံးမလဲမသိဘူး ...ကြၽန္ေတာ္ႀကံ့ခိုင္ေနမွရမယ္ သန္မာေနမွ သားသားကိုကာကြယ္ေပးနိုင္မယ္....ကြၽန္ေတာ္ ဆရာတို႔ မမဧကရီတို႔ဆီ သြားမယ္..ဆရာကအႀကံေပးနိုင္မွာ ...မမဧကရီတို႔ဆီ သြားမယ္ ဟုတ္တယ္ ကြၽန္ေတာ္ မမဆီကအႀကံယူၿပီး .....

  

# မမ အတြက္ vote ေပးခဲ့ဖို႔ မေမ့နဲ႕ေနာ္
# Thanks for all

Continue Reading

You'll Also Like

18.6K 1.3K 44
The contents of this story are written only with the writer's thoughts and ideas, and do not want to hurt or insult any person or society. Started da...
1M 42.2K 54
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
3.9M 413K 41
Myanmar BL
294K 20.1K 69
​ထောင်ထွက်တစ်​ယောက်ရဲ့ အချစ်က​ရော အကျုံးမဝင်​ပေဘူးလား။ ​ေထာင္ထြက္တစ္​ေယာက္ရဲ႕ အခ်စ္က​ေရာ အက်ဳံးမဝင္​ေပဘူးလား။ (ရပ်ကွက်ထဲက စရိုက်မို့ စကားလုံးကြမ်းတာ​...