Unicode
"Kim Tae Hyung!!!!!!!!!!!"
ကျစ်! စုတ်သပ်လိုက်မိသည်။
ကြားရပြန်ပြီ ဒီအသံ လာပါတော့မယ်။
တစ်သီတစ်တန်းနဲ့ သြဝါဒချတဲ့ ဆုံးမစကားတွေ။
"Kim Tae Hyung ငါခေါ်နေတာ မကြားဘူးလား
အခုချက်ချင်းလာခဲ့စမ်း"
ဟူး တကယ်ပါပဲ။ အပျိုကြီးတွေ တကယ်နားငြီးဖို့ကောင်းတယ်။ အဲ့တာကြောင့်လည်း
ယောကျာ်းမရကြတာနေပါလိမ့်မယ်။
အဖေဘက်မှအမျိုးတွေနဲ့ သိပ်မရင်းနှီး။
အဖေနဲ့အမေကလည်း ကိုယ့်အလုပ်နဲ့ကိုယ်မို့
အမြဲအနားမှာရှိမနေပေးနိုင်။
အဲ့တာကြောင့် ငယ်ငယ်တည်းက အမေ့ဘက်က အဒေါ်တွေဦးလေးတွေ လက်ထဲမှာပဲ ကြီးပြင်းလာရတာ။
တစ်ခါတလေ ပစိပစပ်များလွန်းလို့
ငြိုငြင်မိတာကလွဲ ကိုယ့်အဒေါ်တွေမို့
ချစ်နေရတာပဲပင်။ အပျိုကြီးတွေမို့လို့လည်း
ဇီဇာကြောင်တာကို သည်းခံပေးရမှာပေါ့။
အမြဲလိုလိုကြားနေရတဲ့ အသံတွေမို့
ဘာမှမထူးဘူးဆိုပြီး အောက်ဆင်းသွားလိုက်တော့
"နင်ဘာလုပ်နေပြန်တာလဲ ငါဒီလောက်ခေါ်နေတာမကြားဘူးလား တစ်ဦးတည်းသော တူလေးဆိုပြီး အလိုလိုက်ထားတာကို အဒေါ်တွေပြောစကားနားမထောင် ပြန်လျစ်လျူရှူတတ်နေပြီပေါ့ ဟုတ်လား"
"မဟုတ်ပါဘူး ဒေါ်ဒေါ်ရာ သားပန်းချီဆွဲနေလို့
မကြားလိုက်တာပါ သီချင်းလည်းဖွင့်ထားလို့လေ ဟဲဟဲ"
"အမြဲအဲ့တာပဲဆွဲနေတာပဲ နည်းနည်းပါးပါးအဒေါ်ကို
ဝိုင်းကူပေးမယ်မရှိဘူး ဝါသနာပါတယ်ဆိုလို့
လုပ်ခိုင်းထားတာ အမြဲဒါပဲလုပ်နေတော့လည်း
ပြောမရဆိုမရဖြစ်လာရင် နင့်အမေနဲ့ တိုင်ပြောမှာနော်"
"ဟင့် ပျင်းလို့ဘာမှလုပ်စရာမရှိတာနဲ့ ဆွဲတာကို ဒေါ်ဒေါ်ကငြိုငြင်တာလားပြော"
"အမယ်လေး ငါ့ကိုများ ငြိုငြင်တယ်လေး ဘာလေးနဲ့ ပြန်ပြောရတယ်ရှိသေး ဘာလုပ်စရာမရှိရမှာလဲ
လုပ်စရာတွေမှအများကြီး နင်ဝိုင်းလာမကူတာလေ လုပ်စရာမရှိဘူးဆိုလည်း ငါ့ကို ကူညီပေးလို့ရတာပဲ ယောကျာ်းလေးမို့ ဟင်းချက်ရင် မကူပေးနိုင်ဘူးဆိုရင်တောင် အသေးအမွှားလေးတွေလောက်ကတော့ လုပ်တတ်သင့်တယ်လေဟယ် ဒီမှာနင်စားချင်တယ်ဆိုတဲ့ ထမင်းသုပ်လုပ်နေတာ ဘာမှလည်းဝိုင်းမကူပေးပဲနဲ့ ငါတစ်ယောက်တည်းလက်မအားတော့ဘူး သွား မုန်လာဥနီအခွံသွားခွာ"
"ဓားထိရင်ဘယ်လိုလုပ်မလဲ သား ဓားထိမှာကြောက်တယ်"
"နင် ဒီအသက်အရွယ်ပဲရောက်နေပြီ
ဓားနဲ့သိုင်းချခိုင်းတာလည်းမဟုတ် ဓားထိမှာလေးကိုကြောက်နေသေးတယ် ဥနီလေးခွာခိုင်းတာကို သေချာလုပ်ရင် ဘာမှထိစရာအကြောင်းမရှိဘူး
ဟိုမှာ အခွံခွာတဲ့ဓား သေချာကိုင်ပြီးလုပ် ပြီးရင် တတ်သွားလိမ့်မယ် နင်ဘာမှမလုပ်လို့ ဘာမှမတတ်တာ လုပ်ကြည့်လိုက်"
"ဟုတ်"
ဘာမှအထွန့်ထပ်မတက်သာတော့ပဲ
အောင့်သက်သက်နဲ့သာ လုပ်လိုက်ရတော့သည်။
ခက်တယ်တော့မဟုတ်ပေမယ့် လုပ်နေကျ
မဟုတ်တော့ ဖြည်းဖြည်းတော့ လုပ်ရတာပေါ့။
ကြာတော့လည်း တဖြည်းဖြည်း ညောင်းလာသည်။
မကျွမ်းပါဘူးဆို ဘယ်လောက်တောင် သုပ်မလို့လဲမသိ။ ခွာလိုက်ရတာဖြင့် အများကြီး။
ပန်းချီဆွဲဖို့ စုတ်တံကိုင်ရမယ့်လက်လေးက ဓားထိသွားရင် အမာရွတ်ကျန်ခဲ့ဦးမယ်။
အဲ့တာကြောင့် ဟင်းမချက်ချင်တာ။
ဒေါ်ဒေါ်ကတော့ ပညာပြသွားပြီ။ နောက်စားချင်တယ် ပြောမိရင် ဝိုင်းလုပ်ခိုင်းတော့မယ့်ပုံ။
တော်ပါပြီ။ ဘယ်တော့မှ စားချင်ရင်
ထုတ်မပြောတော့ပါဘူး။ ဒါလုပ်မယ့်အစား
ကျောင်းပိတ်ရက်ကြီးသာ မြန်မြန်ကုန်ပြီး
ကျောင်းပြန်တက်ရရင်ကောင်းမယ်။
__________
ထိုသို့ဖြင့် ကလေးတို့ပျော်မွေ့ကြသော
ကျောင်းပိတ်ရက်ရှည်ကာလကြီးကုန်ဆုံး၍
ကျောင်းများပြန်လည်းတက်ရောက်ရမည့်
အချိန်သို့ပြန်ရောက်လာလေပြီ။
ကျောင်းတွေပြန်တက်ရတော့မည်ဖြစ်သဖြင့်
Tae Hyung တစ်ယောက် ဝမ်းနည်းသလို
ရင်ခုန်သလိုဖြစ်နေမိသည်။
ဒီနှစ်မှ အဒေါ်တို့ရှိတဲ့ ဒယ်ဂူကနေ ဖေဖေနဲ့
မေမေတို့ရှိတဲ့ ဆိုးလ်ကိုပြောင်းလာရသည်လေ။
မေမေတို့နဲ့ တူတူနေရတော့မှာမို့
ပျော်သော်လည်း ဟိုမှာကျန်ခဲ့သည့်
သူငယ်ချင်းတွေကို လွမ်းမိသည်။
နောက်ဆုံးတွေ့ရတုန်းက နှုတ်တောင်မဆက်ခဲ့ရသည်မဟုတ်ပါလား။ ကြားထဲလည်း အပြင်ထွက်ဖို့ ခွင့်မပြုကြတာမို့ သူတို့နဲ့ ပြန်လည်းမတွေ့ခဲ့ရ။
အိမ်ခေါ်လာလေ့လည်းမရှိတာမို့ အိမ်မလာကြ။
ယောကျာ်းလေးဖြစ်ရက်နဲ့ သူငယ်ချင်းတွေနဲ့
လျှောက်သွားဖို့ ခွင့်မပြုကြတာတော့ အံ့သြလို့မဆုံး။ မတရားသည်ဟုလည်းထင်သည်။
ဟုတ်သည်လေ။ တခြားကောင်တွေလည်း ဒီလိုပဲ
ကိုယ်လည်းယောကျာ်းလေးပဲ။ လူပျိုသဘာဝ
ကိုယ့်ကောင်တွေနဲ့ကိုယ် လွတ်လွတ်လပ်လပ် ပျော်ပါးကြည့်ချင်တာပေါ့။ အဲ့တာကို ဘာတွေတိုပြီး လိုက်တားနေမှန်းမသိ။
သူတို့မွေးထားတာ မိန်းကလေးထင်လို့များ
အိမ်ထဲမှာပဲနေခိုင်းပဲ ဗိုင်းကောင်းကျောက်ဖိထားချင်ကြတာလား။ သူငယ်ချင်းအချင်းချင်းကြားထဲအလှောင်ခံရမှာ သူတို့နားမလည်။
ဘယ်လောက်ပဲ အလိုလိုက်ကြလိုက်ကြ
ဒီတစ်ခုတော့ သူလုံးဝမကျေနပ်နိုင်ပါ။
အဲ့တော့ ဆိုးလ်ကိုပြောင်းလာရတဲ့အတွက်
ကျောင်းပါပြောင်းရတော့ အသစ်တွေနဲ့
တွေ့ရမှာမို့ စိတ်လှုပ်ရှားမိပါသည်။
ဒါပေမယ့် ဒီကဟာတွေက ဟိုမှာလိုမဟုတ်ဘူး။
ကြီးကြီးကျယ်ကျယ်နဲ့ အနိုင်ကျင့်တတ်တယ်တဲ့။
ကျောင်းတွင်းအနိုင်ကျင့်တာက ဒယ်ဂူမှာလည်း
ရှိပေမယ့် ဆရာတွေပြောရင် ကြောက်ကြသေးသည် ဒီမှာတော့ အဲ့လိုမဟုတ်။
ပိုစည်ကားတဲ့ မြို့ဖြစ်သည်နှင့်အညီ စီးပွားရေးကို အောင်အောင်မြင်မြင်လုပ်ကိုင်နိုင်တဲ့ မိသားစုက သူတွေကျ ဆရာဆိုလည်းကြောက်ရကောင်းမှန်းမသိ။ မိဘအားကိုးနဲ့ အုပ်စုလိုက် ဝိုင်းအနိုင်ကျင့်ကြသည် ဟုကြားဖူးသည်။
ကျောင်းအုပ်ကြီးဆီပေါက်ကြားလို့ မိဘခေါ်ခံရရင် တစ်ချို့မိဘတွေကတော့ ပြန်ဆုံးမပေမယ့်
တစ်ချို့ကတော့ ငွေနဲ့ဖုံးလိုက်ကြတာပဲပင်။
အရာရာကို ငွေနဲ့ဖုံးရင်လုံမယ်ထင်ကြတာ
Tae Hyung အဲ့တာမျိုးဆို သိပ်မုန်းပါသည်။
အဲ့တာကြောင့်ပဲလားမသိ မေမေကမှာသည်။
လူအကဲခတ်ဖို့ အနိုင်ကျင့်ခံရရင် ချက်ချင်းတိုင်ဖို့ ကိုယ့်ကိုကောင်းတဲ့သူကိုသာပေါင်းဖို့။
လူရွေးပေါင်းတယ်ဆိုလည်း မတတ်နိုင်။
ကိုယ်ကကောင်းတဲ့သူနဲ့ရွေးပေါင်းတာ ကိုယ့်အတွက် သူတို့ကပိုတောင်ရွေးတတ်ကြသေးသည်တဲ့။
မေမေကတော့ သူ့သား ကျောင်းအသစ်မှာ
အထားမသိရင် သူများကလေးတွေဆီ အနိုင်ကျင့်ခံရမှာစိုးလို့ မှားကြားနေတာ တစ်မနက်လုံး။
သူ့သားက လာလုပ်ရင် ငြိမ်ခံမယ့်သူကျလို့။
မေမေတို့ စိတ်ဆင်းရဲမှာစိုးလို့ လိလိမ္မာမ္မာနေတာပဲရှိတယ်။ ကျွန်တော်လည်း ယောကျာ်းပါ။
ကိုယ့်ကိုယ်ကိုကာကွယ်တတ်ပါတယ်။
ငြိမ်ခံစရာ ဘာအကြောင်းမှမရှိဘူး။ သူလည်းလူ ကိုယ်လည်းလူပဲ။ သူလည်းဦးနှောက်တစ်ခု မျက်လုံးနှစ်လုံး လက်နှစ်ချောင်း ခြေနှစ်ချောင်း ။ ကိုယ်လည်း အဲ့တာတွေအကုန်ပါတာပဲ။
လာချရင်တော့ ပြန်ချရမှာပေါ့။
ငါ့ကိုဘယ်သူမှ လာကျောလို့မရပါဘူး။
ဒီမျက်နှာလေးကို ဘယ်သူကရော အနိုင်ကျင့်ရဲမှာလဲတဲ့။
Kim Tae Hyung ကချစ်မွှေးပါပြီးသား။
10.5.2022
>>>>>><<<<<<
Zawgyi
"Kim Tae Hyung!!!!!!!!!!!"
က်စ္! စုတ္သပ္လိုက္မိသည္။
ၾကားရျပန္ၿပီ ဒီအသံ လာပါေတာ့မယ္။
တစ္သီတစ္တန္းနဲ႔ ၾသဝါဒခ်တဲ့ ဆုံးမစကားေတြ။
"Kim Tae Hyung ငါေခၚေနတာ မၾကားဘူးလား
အခုခ်က္ခ်င္းလာခဲ့စမ္း"
ဟူး တကယ္ပါပဲ။ အပ်ိဳႀကီးေတြ တကယ္နားၿငီးဖို႔ေကာင္းတယ္။ အဲ့တာေၾကာင့္လည္း
ေယာက်ာ္းမရၾကတာေနပါလိမ့္မယ္။
အေဖဘက္မွအမ်ိဳးေတြနဲ႔ သိပ္မရင္းႏွီး။
အေဖနဲ႔အေမကလည္း ကိုယ့္အလုပ္နဲ႔ကိုယ္မို႔
အၿမဲအနားမွာရွိမေနေပးႏိုင္။
အဲ့တာေၾကာင့္ ငယ္ငယ္တည္းက အေမ့ဘက္က အေဒၚေတြဦးေလးေတြ လက္ထဲမွာပဲ ႀကီးျပင္းလာရတာ။
တစ္ခါတေလ ပစိပစပ္မ်ားလြန္းလို႔
ၿငိဳျငင္မိတာကလြဲ ကိုယ့္အေဒၚေတြမို႔
ခ်စ္ေနရတာပဲပင္။ အပ်ိဳႀကီးေတြမို႔လို႔လည္း
ဇီဇာေၾကာင္တာကို သည္းခံေပးရမွာေပါ့။
အၿမဲလိုလိုၾကားေနရတဲ့ အသံေတြမို႔
ဘာမွမထူးဘူးဆိုၿပီး ေအာက္ဆင္းသြားလိုက္ေတာ့
"နင္ဘာလုပ္ေနျပန္တာလဲ ငါဒီေလာက္ေခၚေနတာမၾကားဘူးလား တစ္ဦးတည္းေသာ တူေလးဆိုၿပီး အလိုလိုက္ထားတာကို အေဒၚေတြေျပာစကားနားမေထာင္ ျပန္လ်စ္လ်ဴရွဴတတ္ေနၿပီေပါ့ ဟုတ္လား"
"မဟုတ္ပါဘူး ေဒၚေဒၚရာ သားပန္းခ်ီဆြဲေနလို႔
မၾကားလိုက္တာပါ သီခ်င္းလည္းဖြင့္ထားလို႔ေလ ဟဲဟဲ"
"အၿမဲအဲ့တာပဲဆြဲေနတာပဲ နည္းနည္းပါးပါးအေဒၚကို
ဝိုင္းကူေပးမယ္မရွိဘူး ဝါသနာပါတယ္ဆိုလို႔
လုပ္ခိုင္းထားတာ အၿမဲဒါပဲလုပ္ေနေတာ့လည္း
ေျပာမရဆိုမရျဖစ္လာရင္ နင့္အေမနဲ႔ တိုင္ေျပာမွာေနာ္"
"ဟင့္ ပ်င္းလို႔ဘာမွလုပ္စရာမရွိတာနဲ႔ ဆြဲတာကို ေဒၚေဒၚကၿငိဳျငင္တာလားေျပာ"
"အမယ္ေလး ငါ့ကိုမ်ား ၿငိဳျငင္တယ္ေလး ဘာေလးနဲ႔ ျပန္ေျပာရတယ္ရွိေသး ဘာလုပ္စရာမရွိရမွာလဲ
လုပ္စရာေတြမွအမ်ားႀကီး နင္ဝိုင္းလာမကူတာေလ လုပ္စရာမရွိဘူးဆိုလည္း ငါ့ကို ကူညီေပးလို႔ရတာပဲ ေယာက်ာ္းေလးမို႔ ဟင္းခ်က္ရင္ မကူေပးႏိုင္ဘူးဆိုရင္ေတာင္ အေသးအမႊားေလးေတြေလာက္ကေတာ့ လုပ္တတ္သင့္တယ္ေလဟယ္ ဒီမွာနင္စားခ်င္တယ္ဆိုတဲ့ ထမင္းသုပ္လုပ္ေနတာ ဘာမွလည္းဝိုင္းမကူေပးပဲနဲ႔ ငါတစ္ေယာက္တည္းလက္မအားေတာ့ဘူး သြား မုန္လာဥနီအခြံသြားခြာ"
"ဓားထိရင္ဘယ္လိုလုပ္မလဲ သား ဓားထိမွာေၾကာက္တယ္"
"နင္ ဒီအသက္အ႐ြယ္ပဲေရာက္ေနၿပီ
ဓားနဲ႔သိုင္းခ်ခိုင္းတာလည္းမဟုတ္ ဓားထိမွာေလးကိုေၾကာက္ေနေသးတယ္ ဥနီေလးခြာခိုင္းတာကို ေသခ်ာလုပ္ရင္ ဘာမွထိစရာအေၾကာင္းမရွိဘူး
ဟိုမွာ အခြံခြာတဲ့ဓား ေသခ်ာကိုင္ၿပီးလုပ္ ၿပီးရင္ တတ္သြားလိမ့္မယ္ နင္ဘာမွမလုပ္လို႔ ဘာမွမတတ္တာ လုပ္ၾကည့္လိုက္"
"ဟုတ္"
ဘာမွအထြန႔္ထပ္မတက္သာေတာ့ပဲ
ေအာင့္သက္သက္နဲ႔သာ လုပ္လိုက္ရေတာ့သည္။
ခက္တယ္ေတာ့မဟုတ္ေပမယ့္ လုပ္ေနက်
မဟုတ္ေတာ့ ျဖည္းျဖည္းေတာ့ လုပ္ရတာေပါ့။
ၾကာေတာ့လည္း တျဖည္းျဖည္း ေညာင္းလာသည္။
မကြၽမ္းပါဘူးဆို ဘယ္ေလာက္ေတာင္ သုပ္မလို႔လဲမသိ။ ခြာလိုက္ရတာျဖင့္ အမ်ားႀကီး။
ပန္းခ်ီဆြဲဖို႔ စုတ္တံကိုင္ရမယ့္လက္ေလးက ဓားထိသြားရင္ အမာ႐ြတ္က်န္ခဲ့ဦးမယ္။
အဲ့တာေၾကာင့္ ဟင္းမခ်က္ခ်င္တာ။
ေဒၚေဒၚကေတာ့ ပညာျပသြားၿပီ။ ေနာက္စားခ်င္တယ္ ေျပာမိရင္ ဝိုင္းလုပ္ခိုင္းေတာ့မယ့္ပုံ။
ေတာ္ပါၿပီ။ ဘယ္ေတာ့မွ စားခ်င္ရင္
ထုတ္မေျပာေတာ့ပါဘူး။ ဒါလုပ္မယ့္အစား
ေက်ာင္းပိတ္ရက္ႀကီးသာ ျမန္ျမန္ကုန္ၿပီး
ေက်ာင္းျပန္တက္ရရင္ေကာင္းမယ္။
__________
ထိုသို႔ျဖင့္ ကေလးတို႔ေပ်ာ္ေမြ႕ၾကေသာ
ေက်ာင္းပိတ္ရက္ရွည္ကာလႀကီးကုန္ဆုံး၍
ေက်ာင္းမ်ားျပန္လည္းတက္ေရာက္ရမည့္
အခ်ိန္သို႔ျပန္ေရာက္လာေလၿပီ။
ေက်ာင္းေတြျပန္တက္ရေတာ့မည္ျဖစ္သျဖင့္
Tae Hyung တစ္ေယာက္ ဝမ္းနည္းသလို
ရင္ခုန္သလိုျဖစ္ေနမိသည္။
ဒီႏွစ္မွ အေဒၚတို႔ရွိတဲ့ ဒယ္ဂူကေန ေဖေဖနဲ႔
ေမေမတို႔ရွိတဲ့ ဆိုးလ္ကိုေျပာင္းလာရသည္ေလ။
ေမေမတို႔နဲ႔ တူတူေနရေတာ့မွာမို႔
ေပ်ာ္ေသာ္လည္း ဟိုမွာက်န္ခဲ့သည့္
သူငယ္ခ်င္းေတြကို လြမ္းမိသည္။
ေနာက္ဆုံးေတြ႕ရတုန္းက ႏႈတ္ေတာင္မဆက္ခဲ့ရသည္မဟုတ္ပါလား။ ၾကားထဲလည္း အျပင္ထြက္ဖို႔ ခြင့္မျပဳၾကတာမို႔ သူတို႔နဲ႔ ျပန္လည္းမေတြ႕ခဲ့ရ။
အိမ္ေခၚလာေလ့လည္းမရွိတာမို႔ အိမ္မလာၾက။
ေယာက်ာ္းေလးျဖစ္ရက္နဲ႔ သူငယ္ခ်င္းေတြနဲ႔
ေလွ်ာက္သြားဖို႔ ခြင့္မျပဳၾကတာေတာ့ အံ့ၾသလို႔မဆုံး။ မတရားသည္ဟုလည္းထင္သည္။
ဟုတ္သည္ေလ။ တျခားေကာင္ေတြလည္း ဒီလိုပဲ
ကိုယ္လည္းေယာက်ာ္းေလးပဲ။ လူပ်ိဳသဘာဝ
ကိုယ့္ေကာင္ေတြနဲ႔ကိုယ္ လြတ္လြတ္လပ္လပ္ ေပ်ာ္ပါးၾကည့္ခ်င္တာေပါ့။ အဲ့တာကို ဘာေတြတိုၿပီး လိုက္တားေနမွန္းမသိ။
သူတို႔ေမြးထားတာ မိန္းကေလးထင္လို႔မ်ား
အိမ္ထဲမွာပဲေနခိုင္းပဲ ဗိုင္းေကာင္းေက်ာက္ဖိထားခ်င္ၾကတာလား။ သူငယ္ခ်င္းအခ်င္းခ်င္းၾကားထဲအေလွာင္ခံရမွာ သူတို႔နားမလည္။
ဘယ္ေလာက္ပဲ အလိုလိုက္ၾကလိုက္ၾက
ဒီတစ္ခုေတာ့ သူလုံးဝမေက်နပ္ႏိုင္ပါ။
အဲ့ေတာ့ ဆိုးလ္ကိုေျပာင္းလာရတဲ့အတြက္
ေက်ာင္းပါေျပာင္းရေတာ့ အသစ္ေတြနဲ႔
ေတြ႕ရမွာမို႔ စိတ္လႈပ္ရွားမိပါသည္။
ဒါေပမယ့္ ဒီကဟာေတြက ဟိုမွာလိုမဟုတ္ဘူး။
ႀကီးႀကီးက်ယ္က်ယ္နဲ႔ အႏိုင္က်င့္တတ္တယ္တဲ့။
ေက်ာင္းတြင္းအႏိုင္က်င့္တာက ဒယ္ဂူမွာလည္း
ရွိေပမယ့္ ဆရာေတြေျပာရင္ ေၾကာက္ၾကေသးသည္ ဒီမွာေတာ့ အဲ့လိုမဟုတ္။
ပိုစည္ကားတဲ့ ၿမိဳ႕ျဖစ္သည္ႏွင့္အညီ စီးပြားေရးကို ေအာင္ေအာင္ျမင္ျမင္လုပ္ကိုင္ႏိုင္တဲ့ မိသားစုက သူေတြက် ဆရာဆိုလည္းေၾကာက္ရေကာင္းမွန္းမသိ။ မိဘအားကိုးနဲ႔ အုပ္စုလိုက္ ဝိုင္းအႏိုင္က်င့္ၾကသည္ ဟုၾကားဖူးသည္။
ေက်ာင္းအုပ္ႀကီးဆီေပါက္ၾကားလို႔ မိဘေခၚခံရရင္ တစ္ခ်ိဳ႕မိဘေတြကေတာ့ ျပန္ဆုံးမေပမယ့္
တစ္ခ်ိဳ႕ကေတာ့ ေငြနဲ႔ဖုံးလိုက္ၾကတာပဲပင္။
အရာရာကို ေငြနဲ႔ဖုံးရင္လုံမယ္ထင္ၾကတာ
Tae Hyung အဲ့တာမ်ိဳးဆို သိပ္မုန္းပါသည္။
အဲ့တာေၾကာင့္ပဲလားမသိ ေမေမကမွာသည္။
လူအကဲခတ္ဖို႔ အႏိုင္က်င့္ခံရရင္ ခ်က္ခ်င္းတိုင္ဖို႔ ကိုယ့္ကိုေကာင္းတဲ့သူကိုသာေပါင္းဖို႔။
လူေ႐ြးေပါင္းတယ္ဆိုလည္း မတတ္ႏိုင္။
ကိုယ္ကေကာင္းတဲ့သူနဲ႔ေ႐ြးေပါင္းတာ ကိုယ့္အတြက္ သူတို႔ကပိုေတာင္ေ႐ြးတတ္ၾကေသးသည္တဲ့။
ေမေမကေတာ့ သူ႔သား ေက်ာင္းအသစ္မွာ
အထားမသိရင္ သူမ်ားကေလးေတြဆီ အႏိုင္က်င့္ခံရမွာစိုးလို႔ မွားၾကားေနတာ တစ္မနက္လုံး။
သူ႔သားက လာလုပ္ရင္ ၿငိမ္ခံမယ့္သူက်လို႔။
ေမေမတို႔ စိတ္ဆင္းရဲမွာစိုးလို႔ လိလိမၼာမၼာေနတာပဲရွိတယ္။ ကြၽန္ေတာ္လည္း ေယာက်ာ္းပါ။
ကိုယ့္ကိုယ္ကိုကာကြယ္တတ္ပါတယ္။
ၿငိမ္ခံစရာ ဘာအေၾကာင္းမွမရွိဘူး။ သူလည္းလူ ကိုယ္လည္းလူပဲ။ သူလည္းဦးေႏွာက္တစ္ခု မ်က္လုံးႏွစ္လုံး လက္ႏွစ္ေခ်ာင္း ေျခႏွစ္ေခ်ာင္း ။ ကိုယ္လည္း အဲ့တာေတြအကုန္ပါတာပဲ။
လာခ်ရင္ေတာ့ ျပန္ခ်ရမွာေပါ့။
ငါ့ကိုဘယ္သူမွ လာေက်ာလို႔မရပါဘူး။
ဒီမ်က္ႏွာေလးကို ဘယ္သူကေရာ အႏိုင္က်င့္ရဲမွာလဲတဲ့။
Kim Tae Hyung ကခ်စ္ေမႊးပါၿပီးသား။
10.5.2022