ချစ်ခြင်းတို့အလွန်
By maiyuri18
1M 54.7K 2.1K
ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း (၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final
အပိုင်း (၁)
89.2K 2.3K 16
By maiyuri18
အဖွဲ့မှူး ....ဆရာက ..ခဏ လာတွေ့ပါတဲ့
အော် အေး ညီမ ..အစ်ကိုသွားတွေ့လိုက်ပါ့မယ်...
ဒေါက်~ ဒေါက်...
"ဆရာ ...."
"အော်ကောင်းပြည့် ဝင်ခဲ့လေ..."
" ဟုတ်ကဲ့ပါ  ဆရာ... ကျွန်တော် ကိုခေါ်တာ ဘာများလဲမသိဘူးဗျ ..."
"အော်...ဒီလိုရှိတယ် ...မနက်ဖန် ဆရာတို့ရုံးကို ရန်ကုန်ရုံးချုပ်က ဒုဥက္ကဌကိုယ်တိုင် လာပြီး စစ်ဆေးမယ်တဲ့ ...အဲ့ဒါ ဆရာတို့ အဆင့်သင့်ဖြစ်ပြီလား ဘာလိုအပ်လဲ ဆရာ ဘာလုပ်ပေးရအုံးမလဲ ..."
"ဟုတ်ကဲ့ဗျအားလုံးအဆင်သင့်ဖြစ်ပါပြီဆရာ ...ကျွန်တော့်အဖွဲ့ဝင်အားလုံးကိုရော ကျွန်တော် ပြောထားပြီပါပြီ ခုစစ်လက်စဖိုင်တွေကလွဲကျန်တာ အသင့်ဖြစ်ပါပြီဆရာ..."
"အေး အေး ကြိုးစားထား ကောင်းပြည့် ဆရာမြေးလေးရော နေကောင်းတယ် ဟုတ်လား ...ဖိုးသားလေးကို သတိရတယ်ကွာ ...ငါလည်းအိမ်ရောက် အပြီးသေးတဲ့အလုပ်ဆက်လုပ်နေရလို့ ဖိုးသားလေးကိုလာမတွေ့နိုင်ဘူးကွာ။ နောက်နေ့ ဖိုးသားလေးဆီ လာတွေ့ပြီးချော့ပါ့မယ် စိတ်မကောက်နဲ့ပြောပေးနော် "
"ဟုတ်..ဟုတ်ကဲ့ပါဆရာ..ကျေးဇူးပါ ..ကျွန်တော်တို့သားအဖ ဆရာကျေးဇူးကိုမမေ့ပါဘူးဆရာ "
လက်အုပ်ချီလျှက် ကျွန်တော်ဆရာကို ကျေးဇူးတင်မိသည်။ ကျွန်တော် ဘဝတစိတ်တစ်ပိုင်းမှာဆရာက ကူညီပေးခဲ့ရာကနေခုထိ အဆင်ပြေပြေနေရသည်။ ဆရာမိဘတစ်ယောက်သဖွယ်ပါ အားကိုးရပါသော ဆရာတို့သားအဖ ရယ်ပါ။
"မလိုပါဘူးကောင်းပြည့်ရာ ငါက ဘာမှမလုပ်ပေးရသေးပါဘူး ...မင်းဆိုတာကလည်း ငါတို့ကိုကျေးဇူးတင်တယ်ဆိုတာကြီး..."
ပြုံးလျှက်သာ ပြောနေမိတယ်။ လူလိမ်မာလေးမို့ ကျေးဇူးတရားတန်ဖိုး အရွယ်ငယ်ငယ်နဲ့ သိပ်နားလည်ရှာသည်။ "ကံကောင်းခြင်းတွေ မင်းတို့သားအဖ အပေါ် ကျရောက်မှာပါ အားတင်းထားကြပါလို့ " နူတ်ကထုတ်မပြောမိပေမယ့် ရင်တွင်းတစ်နေရာကနေ ဆုတောင်းမိ၏။ ကလေးတွေ အေးချမ်းပါစေ၊ ပူပင်သောက ကင်းဝေးပါစေ။
"ဟုတ်ဆရာ...ဒါဆို ကျွန်တော် အလုပ်သွားလုပ်ပါရစေဆရာ လုပ်လက်စလေးရှိလို့...."
"အော် အေး....အေး..."
အွန်း ကောင်းကောင်းအတိတ်က ဘာတွေဖြစ်ခဲ့လဲ မသိခဲ့ဘူး၊ မေးလည်းမမေးခဲ့သလို သူကိုယ်တိုင်လည်း ထုတ်မပြောပြခဲ့ဘူး။ မြင့်မြတ်သည့် ယောကျာ်းလေးဘဝမှ သားဦးလေးကို ကိုယ်တိုင်လွယ်ဖွားပေးရဲတဲ့ သတ္တိသိပ်ရှိတဲ့ ကောင်လေး၊ ကျွန်တော်တို့အပေါ် သိပ်အားနာတက်တဲ့ ကောင်လေး။ ကလေးတစ်ယောက်အဖေ ကောင်းပြည့်လေးက လူလိမ်မာလေး၊ အလုပ်ကိုတန်ဖိုးထားသလို ၊အထက်လူကြီးတွေအပေါ်လည်း ရိုသေလေးစားတယ်၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ မြင့်မြတ်တယ်။ အဖွဲ့သားတွေအမှားလုပ်မိရင်တောင် ခေါင်းခံဖြေရှင်းပေးတက်တဲ့ကလေး...စိတ်ညစ်စရာဆို ဘေးလူမမြင်စေချင်တဲ့ကလေး..Babyဟန်သာ အတွက် ဆို သူဘာဖြစ်နေနေ အကောင်းဆုံးဆိုတာပဲ ဖန်တီးပေးတက်တဲ့ကလေး ။ အွန်း...နတ်ကောင်းနတ်မြတ်အပေါင်းတို့ ကောင်းပြည့်တို့သားအဖ အပေါ် စောင်မကြည့်ရူပါစေဘုရား....ဟု၍ စိတ်ထဲမှ ဆုတောင်းနေမိသည်။
ကျွန်တော်ဆရာ အခန်းကထွက်လာတော့ ကျွန်တော်ပြန်မရောက်ချင်သောအတိတ်တွေကိုတွေးမိတယ် နယ်ကမိဘအရင်းကတောင်နှင်ထုတ်ခံခဲ့ရတဲ့ကျွန်တော် ၊ချစ်မိသူက လှည့်စားစွန့်ပစ်ခဲ့လို့ ဗိုက်တစ်လုံးနဲ့ဒုခပင်လယ်ဝေနေချိန် သွားစရာနေရာ မရှိနေတဲ့အခါကာလတွေက တကယ့်ငရဲအလား။ ဆရာကျော်သက်နှင့်မမဧကရီကျော်သက်တို့က စောင့်ရှောက်ပေးကြတာ သားသားလေးမွေးသည်အထိ ။ ကလေးတစ်ဖက်နဲ့ ဆရာတို့စောင့်ရှောက်မူကြားအခန့်သားမနေချင်သောကျွန်တော် အလုပ်လုပ်ရစေ တောင်းဆိုခဲ့ရတယ် ။ ကျွန်တော်အပေါ် သဘောထားပြည့်ခဲ့ကြတဲ့ဆရာတို့မိသားစုကျေးဇူးကို အမြဲသတိရအောင့်မေ့မိတယ်။
ခုချိန်ကာလ အလုပ်တစ်ခုမပိုင်ဆိုင်လျှင် လူတယောက်ရပ်တည်ဖို့ ဘယ်နေရာမှမလွယ်ကူလှဘူး။ ကျွန်တော်မှာ သားသားလေးရှိတယ်၊ မမတို့သားအဖ အပေါ် မှီခိုနေဖို့ မဖြစ်နိုင်ဘူး။ ကလေးအတွက် သုံးစွဲရမယ်ငွေကြေး ရှာမှဖြစ်မည်။ သားသားက တဖြေးဖြေးကြီးလာမှာ ၊ ကုန်ကျစရိတ်ကလည်း တဖြေးဖြေးကြီးလာပြီ၊ ကျွန်တောင်ဝင်ငွေမရှိလို့မရဘူး။ ကျွန်တော်ကိုယ်ပိုင်ငွေဖြင့် သားသားလေးကို ပြုစုနိုင်ဖို့ ကြိုးစားရမည်။
ဘွဲ့တွေတစ်သီကြီးနဲ့ Diplomaတွေ ပိုင်ထားမှ ရုံးအလုပ်၊ ဌာနဆိုင်ရာ ၊ အလုပ်ပေါင်းစုံမှာ နေရာရတဲ့ခေတ် ကျွန်တော်လိုအဝေးသင်ဘွဲ့ ကို ဆရာက ကူညီအလုပ်ပေးခဲ့ရာကနေခုထိ ဆို ၃ နှစ်ကျော်ကာလ ရောက်ခဲ့ပြီ ။ ဆရာက ကျွန်တော်တို့သားအဖအပေါ် မိဘအရင်းလို တွယ်တာနေခဲ့တာ ဆရာအပိုင်အိမ်အပိုလေးမှာနေသည့်အထိ ကျွန်တော်တို့သားအဖအပေါ် စောင့်ရှောက်ပေးခဲ့တာ ..ဖိုးသားလေးကိုလည်းသိပ်ခင်တွယ်ရှာတာ ။
"သား...သားကိုလွမ်းလိုက်တာ .."
သားသားကသိပ်စကားတက်တာ အချောလေး မမဧကရီ အသည်းကြော်ပေါ့...မမကိုဆို သိပ်ကပ်တာ ၊ဟိုကလဲ သည်း ..တူကလဲ ကပ် လိုက်ဖက်တယ်အဲ့တူအရီး။ ဘေးအိမ်က အစ်ကိုတွေအစ်မတွေအဒေါ်တွေရဲ့ပါးစပ်ဖျားက မချတဲ့ ကောင်းစစ်ဟန်သာ။ သားသားက လူကဲသိပ်ခပ်တက်တာ ၊ ကျွန်တော်မျက်နှာကို ကြည့်ပြီး အရိပ်အကဲအမြဲခတ်ပြီး တီတီတာတာ စကားလှတွေပြောတက်သေးတာ ..ကျွန်တော်မြတ်နိုးရတဲ့သားငယ်က သိပ်ချစ်ဖို့ကောင်းသည်။
" သားသားရေ "
"ဗျာ ..ပါးပါး...ပါးပါးပြန်လာပြီ လား၊ ပါးပါးကို သားသားက လွမ်းနေတာ သိလား..မွ"
ကျွန်တော်တို့သားအဖ နှစ်ယောက်နေထိုင်သော အိမ်ဂေဟာလေး ခြေချမိရုံနှင့် အမောပြေလေးက ကျွန်တော်ဆီသို့ အပြေးတစ်ပိုင်း။ ချစ်စဖွယ်စကားတွေကို ပါးစပ်ကနေပြောလည်းပြော ကျွန်တော်ရင်ခွင်ထဲပြေးဝင်လာတဲ့ကျွန်တော့် အလင်းရောင်။ ကျွန်တော်ပါးနှစ်ဖက်ကို လက်သေးသေးလေးဖြင့်ဖွဖွ က်ိုင်ပြီး ၊ ပါးကိုလည်းနမ်းရင်း ကျွန်တော်ကိုကပ်ချွဲနေတဲ့သားသားက မြတ်နိုးစရာအတိ...၊ ကျေနပ်စရာ အတိ။
"ပါးပါးလည်းလွမ်းပါဗျာ...မွ..သားသားအတွက် ဒီမှာမုန့်မုန့် ဝယ်လာတယ် ..အော် ဒေါ်ကြည်...ခုမှမြင်မိတာကျေးဇူးပါဗျာ ကျွန်တော်မရှိချိန် သားသားကို ဂရုစိုက်ပေးတဲ့အတွက် "
ဒေါ်ကြည်ဆိုတာ ဘေးအိမ်က အငြိမ်စားဝန်ထမ်း ...ကျွန်တော်မရှိချိန် သားသားကိုစောင့်ရှောက်ပေးသူပေါ့။ အဆင့်မြင့်အိမ်ယာတိုက်တာ ပတ်ဝန်းကျင် အလယ်မှ အိမ်အိုလေးထဲက ကျွန်တော်တို့ သားအဖ ချစ်ခြင်းမေတ္တာက အပြည့်ဖြင့် ခြယ်သထားသည်။ မြတ်နိုးခြင်းတွေ ချစ်ခြင်းမေတ္တာတွေ ဖြင့် သားနှင့်အဖေ သံယောဇဉ်မေတ္တာကြိုးတွေ အပြန်အလှည်ချည်နှောင်ထားရင်း ကျွန်တော်တို့အိမ်ဂေဟာလေးက ချစ်ခြင်းမေတ္တာအပြည့်ဖြင့်ပတ်ဝန်းကျင်ကို ခေါင်းမော့ပြနိုင်၏။
" ငါကိုခုမြင်ပြီပေါ့ မောင်ကောင်း ဘယ်နှယ့်တော် သားအဖတွေ ချစ်နေကြတာ ကျုပ်တောင်မမြင်သည်အထိ...ဟားးအေးအေး ကျေးဇူးတင်စရာမလိုပါဘူးဟယ် ဒေါ်ကြည်ကိုက babyဟန်သာလေးကိုချစ်လွန်းလို့ပါဟယ် ..ငါသွားမယ် မောင်ကောင်း ..သားအဖတွေအေးဆေးနားကြ..ခြံတံခါးပိတ်အုံး"
"ဟုတ် ဟုတ် ဒေါ်ကြည် ...."
"Bye ဘွားကြည် ...အာဘွား "
သားသားက သူဘွားကြည်ကိုပါးစပ်ကလည်းပြော လက်ကတာ့တာလုပ်ရင်း နူတ်ဆက်သတဲ့...တကယ့်ချစ်မွှေးလေး။
"ဟုတ်ပါပြီတော် ...ဟုတ်ပါပြီ ဘွားကြည်ကလေးလေး "
ခြံတံခါးပိတ်ပြီး သားသားကိုချီကာ အိမ်ထဲဝင်ခဲ့တယ်...သားသားကိုပေါင်ပွေ့တင်ရင်းထိုင်ခဲ့ကြသည်။ တနေ့တာပင်ပမ်းခဲ့သမျှ သားငယ်ဆီက စကားသံချိုချိုလေးတွေ နားဆင်ရင်း အမောဖြေမည်။ ဒီချစ်စရာသားငယ်ကို ပိုင်ဆိုင်ထားသည့်ကျွန်တော်က လက်ရှိအချိန် လောကစည်းဇိမ်ပေါ်မှာ သာယာနေသူအလား ၊ ယှဉ်တွဲပြစရာစကားလုံးရယ် မျက်နှာငယ်လိမ့်မည်။ သားငယ်ဆီက ချစ်စဖွယ်အသံသာသာလေးက ချိုသာဆုံးသော အသံတွေထဲမှ ထူးခြားမူ အပြည့်ဖြင့် ဩဇာအရှိဆုံး ၊ ပါးပါး ပင်ပမ်းမူကိုလုံးဝပျောက်ကင်းစေမည့်သာယာနာပျော်ဖွယ်တေးသံစဉ်အလား..ချစ်စရာသားငယ်။
" သားသား ...ပါးပါးမရှိချိန် ဘွားကြည်အပေါ်မဆိုးရဘူးနော်...ပါးပါး အလုပ်လုပ်နေလို့ ပါးပါးသားအနားအချိန်ပြည့်နေမပေးနိုင်တာ ခွင့်လွတ်ပေးမယ်ဟုတ်လား ပါးပါးသားလေးက "
အမေးမမည်သော အမေစကားလုံးတချို့ကို ဖလင်မေတ္တာ စိုးရိမ်စိဖြင့် ပြောရင်း သားငယ်ကိုမုန့်ခွံ့ပေးနေမိသည်။ သိပ်လိမ်မ္မာတဲ့သား မို့ ပါးပါး ဘဝတစ်ခုလုံးပုံအောလို့ချစ်ရတဲ့ ရင်သွေးငယ်။ ကျွန်တော်ဘဝ တစ်ခုတည်းသော မြတ်နိုးစရာအဖြစ် ကျန်ရှိခဲ့သော သက်ရှိလေး သားငယ်။
သားအဖနှစ်ယောက်တည်းသာရှိသော ကျွန်တော်တို့မိသားစုမှာ သားသားက ကျွန်တော်အတွက် တန်ဖိုးဖြတ်မရတဲ့ ရတနာတစ်ပါး။ တန်ဖိုးဖြတ်၍ မကုန်နိုင်သော မြတ်နိုးဖွယ် ။
" အွန်းး....သားသားကမဆိုးဘူး လိမ်မာတဲ့ဖိုးသားလေးပါ ပါးပါးရ ...ပါးပါးကိုလည်းစိတ်မဆိုးဘူး..ပါးပါးပိုက်ပိုက်ရှာနေတာ သားသားအတွက်ဆိုတာ သားသားသိတယ်..."
ကျွန်တော့်မေးခွန်းတချို့ကို ကလေးအသိဥာဏ်လေးဖြင့် ချက်ချင်းတုန့်ပြန်နေသောသားငယ်၊ ကျွန်တော့ဂရုတစိုက် ခွံ့ကျွေးတဲ့မူန့်ကို စားရင်း လက်တစ်ခါခါ နှင့် ဖြေနေသောကလေးလူကြီး လေးရယ်ပါ။  ကျွန်တော်မျက်နှာ ညိုးမှာ သိပ်ကြောက်တဲ့ သားသားက အလိုက်သိလွန်းတယ်။ တန်ဖိုးရှိလွန်းတယ်။ ကျွန်တော်မျက်နှာကိုကြည့်ပြီး သားသား ရာသီဥတု သတ်မှတ်သည်ထင်တယ်။ တန်ဖိုးရှိ ဖိုးဥာဏ်ကောင်းလေး ကောင်းစစ်ဟန်သာ။
"သားသားဖိုးဖိုးကျော်က လည်း သားကိုသတိရတယ်တဲ့ မလာတွေ့နိုင်လို့ စိတ်မကောက်ပါနဲ့တဲ့"
"ဗျာ ..ဖိုးဖိုးကျော်ကလား...သားသားသိပါတယ် ..ပါးပါး..စိတ်မဆိုးပါဘူး ..ဟွန့်"
မမဧကရီသင်ကြားမူဖြင့် ကြွယ်ဝသောစကားလုံးများကိုစီခြယ်ကာ လှပသောနူတ်ခမ်းလေးကိုဘဲပေါက်လေးလို ဆူထော်ရင်း နားလည်ပါတယ် ပြောတဲ့ကလေးပေါက်စ ၊သူ့ဖိုးဖိုးကျော်ဆီရောက်ရင်မြင်ရောင်သေး ဘယ်လိုကောက်ပြမလဲဆိုတာ။ သားငယ် ရဲ့ ကောက်တေးစက်ဝန်းထဲက ဆရာတို့သားအဖ ပုံကို မြင်ယောင်မိရင်း အပြုံးတို့က အသောမသတ်နိုင်ခဲ့။
" ဟ ...သားသား...အများကြီးမစားရဘူးနော် ဗိုက်ပူကယ်နေပြီ ၊ ညစာကစားရအုံးမယ်လေ ပါးပါးက အရသာအရှိဆုံး ဟင်းလျာတွေချက်ကြွေးမယ်လေ အသဲလေးရ"
" အွန်း...အွန်..ပါးပါး".
"ပါးပါးကို အများကြီး ချစ်.."
မူန့်စားလျှက် ကျွန်တော်လည်ပင်းကိုလက်လေးနှစ်ဖက်နဲ့ ဖက်ထားရင်ပြောနေသောသားသား ကောင်းစစ်ဟန်သာ၊ သားငယ်ရဲ့ နေ့စဉ်အစားအသောက်ကို အမြဲ သန့်ရှင်းလတ်ဆက်စေသော အစားအစာများကိုဖန်တီးရင်း ကျွန်တော်ဘဝက လှပနေခဲ့၏။
"ပါးပါးကလည်း သားသားကို အများကြီး ချစ်..."
အလိမ်မာလေး ကျွန်တော်အမောပြေလေး ။ ကျွန်တော်မိဘတွေသာ ခုချိန်အတူနေရရင် သားသားကို ဘယ်လောက်ချစ်လိုက်မလဲ မေမေရယ်။ မမသာ ခုချိန် သက်ရှိထင်ရှားရှိနေရင် သားငယ်ကို ဘယ်လောက်ချစ်ရှာမလဲ။ အားလုံးက သားမိုက်ပြစ်တွေမို့ မေမေတို့ကို မျက်နှာ မပြဝံ့တဲ့ သားပါ။ အဝေးကနေပဲ တောင်းပန်ပါ့မယ် ဖေဖေနှင့် ဘဝခြားက မမ၊ မေမေ ကိုအမြဲ ဝန်ချတောင်းပန်ကန်တော့ရင်း ။
" ကဲခု ....ဘာလုပ်ရမလဲ "
" ရေချိုးမယ်...ညစာ စားမယ် ...ဘုရားကန်တော့ ပြီး ပါးပါးကို ကန်တော့ အိပ်ရပါ့မယ် "
" ပါးပါး အသဲတုန်း အလိမ်မာလေး ...ကဲ ..ထ ..မွ..မွ"
သားသားကို လတ်ဆက်သော အသား၊ငါး၊ အသီးအရွက် အချိုးကျပေါင်းစပ် လို့ ညစာကို သေချာချက်ကြွေး ခဲ့သည်။ ကိုယ်လက်သန့်စင်လို့ ပိုးမွှားအန္တာရယ်ရန်မှ ကာကွယ်မည်။ သားအဖ နှစ်ယောက် ဘုရားကန်တော့ ပြီး၊ သိပ်အဖိုးတန်တဲ့သားက ကျွန်တော်ကို ဦးသုံးကြိမ်ချ ကန်တော့ခဲ့တယ်။ သာဓုပါသားရယ်...ပါးပါးရှိသမျှအင်အားနဲ့ သားငယ်ဘဝလင်းလက်တောက်စေရပါ့မယ်။ ပါးပါးကြိုးစားပြီး အမြင့်ကိုရောက်အောင်တင်ပေးမယ် သားသားက ကောင်းစွာကြီးပြင်းပေးပါ ။
———————————————————————————-
နောက်မနက်ခင်းတစ်ခုက ကောင်းပြည့်တို့သားဖ မျှော်လင့်မထားတဲ့ဧည်သည့် မဆုံချင်သောသူ နဲ့တွေ့ရမယ် မမျှော်ထားသောကောင်းပြည့်...အေးချမ်းသော သားအဖဘဝထဲ မည့်သို့သော နတ်ဆိုးပေါ်လာမည်နည်း။ တွေ့ဆုံကြုံခဲ့ရတဲ့ အတိတ်ကံဆိုတွေ မကျေသေးသည့်အလား၊ ရန်ဆိုင်ရမည့် မုန်တိုင်းက လေဖိအား မည်မျှရှိမည်နည်း။
" ဆရာ "
"ဟေ ...ကောင်းကောင်း ဝင်ခဲ့ ...ဒုဥက္ကဌက ကောင်းကောင်းကိုတွေ့ချင်လို့တဲ့ ..ရုံးခန်းထဲဝင်သွားလိုက် ကောင်းကောင်း"
"ဟုတ်ကဲ့ပါ ဆရာ "
"ဒေါက်...ဒေါက်"
" ဝင်ခဲ့"
"ဟင်...."
#မမ အတွက် Vote ပေးခဲ့ဖို့မပေးနဲ့နော်
#Thanks for all
zawgyi
ဒေါက်~ ဒေါက်...
"ဆရာ ...."
"အော် အေး....အေး..."
" သားသားရေ "
"ဟုတ် ဟုတ် ဒေါ်ကြည် ...."
"Bye ဘွားကြည် ...အာဘွား "
" အွန်း...အွန်..ပါးပါး".
" ကဲခု ....ဘာလုပ်ရမလဲ "
" ဆရာ "
"ဟုတ်ကဲ့ပါ ဆရာ "
"ဒေါက်...ဒေါက်"
" ဝင်ခဲ့"
"ဟင်...."