Betrayal

By Ling-K

28.1K 2.4K 248

" သစ္စာမရှိတဲ့သူကို ကျွန်တော်ဘယ်တော့မှချစ်မှာမဟုတ်ဘူး " Taehyung " ကိုယ့... More

အပိုင်း -(၁)
အပိုင်း-(၂)
အပိုင်း-(၃)
အခန်း-(၄)
အခန်း-(၅)
အခန်း-(၆)
အခန်း-(၇)
အခန္း(၇)
အခန်း-(၈)
အခန်း-(၉)
🙇

အခန်း-(၁၀)

1.6K 116 13
By Ling-K

အားလုံးပဲမေ့နေမယ်ထင်လို့ ရှေ့အပိုင်းလေး ပြန်ဖတ်ကြအုံးလို့ အကြံလေးပေးပါရစေ။

" ဒီတော့ မင်းဘယ်လိုလုပ်ပေးမှာလဲ "

" မပေးဘူး ပြောနေတာမှ မဟုတ်ဘဲဗျာ ခင်ဗျားကို ခဏ‌လေးစောင့်ပေးဖို့ ပြောနေတာလေ "

" ငါ ဒီလောက်စောင့်နေပေးတာကိုက မင်းကံကောင်းလှပြီ ဂျူဟွန်း ... ငါ့အကြောင်းမင်းသိပါတယ် "

" သိပါတယ် အကိုကြီးရာ ... ကျွန်တော်တို့သိလာခဲ့တဲ့ နှစ်တွေလဲ မနည်းတော့ဘူး အဲ့ဒီမျက်နှာလေးထောက်ပြီး နည်းနည်းလောက် ထပ်စောင့်ပေးပါအုံး "

" တပတ် .. အဲ့ထက်ငါထက်မစောင့်ပေးနိုင်တော့ဘူး မင်းပေးရမဲ့ငွေ ဘယ်လောက်ဆိုတာတော့ သိပါတယ်နော် "

" ဒါပေါ့ .. စိတ်ချပါ ကျွန်တော် တပတ်အတွင်းရအောင် ရှာခဲ့မယ် "

" လေသံနားထောင်ရတာတော့ ငွေတွင်းတစ်တွင်းတွေ့ထားပြီထင်တယ် "

" ဟား ဟား ..ဒီလိုပါပဲ "

" မင်းအရင်ရည်းစားနဲ့ ပြန်ဆက်နေတယ်ဆို .. "

" ဝိုး အကိုကြီးကတော့ မသိတာမရှိဘူး  တကယ့်နတ်မျက်စိပဲ ... "

သူ့ရှေ့က လူကောင်ထွားထွား၊ အေးစက်စက်မျက်နှာပိုင်ရှင်ကို အံ့ဩသလိုကြည့်ရင်း ပြောလိုက်သည်။

အသေးစားငွေချေးသည့် လုပ်ငန်းပိုင်ရှင်ဆိုသည့် မျက်နှာဖုံးနောက်ကွယ်တွင် များပြားလှသော လူမိုက်များ၏ ‌ဂိုဏ်းခေါင်းဆောင်တယောက်လဲ ဖြစ်သော ထိုသူထံတွင် ဆိုးလ်မြို့တခုလုံး၏ သတင်းမှန်သမျှ အကုန်သိနိုင်သော အင်အားလည်း ရှိပေသည်။

" ဘယ်လိုလဲ အဲ့ ကောင်မလေးဆီက တော်တော်ရနေပြီလား "

" မနောက်ပါနဲ့ဗျာ ကော်ဖီဆိုင်ကဝန်ထမ်းလေးဆီက ကျွန်တော်က ဘာရမှာမလို့လဲ "

ထိုသူက သူ့အား မယုံသလို မျက်မှောင်ကျုံ့ကြည့်ရင်း ..

" ဂျူဟွန်းရေ .. မင်းအကြံတွေကို ဒီအကိုကြီးက အကုန်သိပြီးသားဆိုတာ ယုံလား "

" ဘာကိုပြောတာလဲ "

" မင်းကိုယ်တိုင်စွန့်ပစ်ခဲ့တဲ့ ကလေးမကို မင်းဆီစိတ်ပြန်လည်လာအောင် လုပ်ပြီး တဖက်ကပိုက်ဆံတွေ မင်းအိတ်ထဲဝင်လာအောင်လုပ်ဖို့က မင်းအကြံလေ "

သူ မတတ်သာစွာ ရီမိတော့သည်။
ထိုသူကပဲ ဉာဏ်ကောင်းလွန်းနေတာလား သူ့အကြံအစည်ကပဲသိသာလွန်းနေတာလား

" အဲ့ကလေးမက ငါးကြီးကြီးတကောင် မိထားတယ်ဆိုတာသိလို့ မင်းပြန်ကပ်နေတာမလား "

" အကိုကြီးကိုတော့ ဘာမှ ဖုံးထားလို့မရဘူးပဲ ... ကျွန်တော်လဲ ငါးကြီးကြီး တကောင် နှစ်ကောင်မကဘူး သူမိထားလောက်တယ် ထင်ခဲ့တာ ... ခုတော့ သူတယောက်တည်း ရုန်းကန်နေတာပဲတွေ့တယ် မမိုက်ပါဘူး "

" ဟား ဟား ငါ့ကောင်တော့ လှည့်ခံနေရပြီထင်တယ် ... သူမိထားတာမှ အကြီးကြီးနော်  J Group က ဒါရိုက်တာလေ "

" ဘယ်သူ .. ဂျွန်ဂျုံးဂု ??? "

" ဘင်ဂို ..! ဟိုက မိန်းမရှိပြီးသားဆိုပေ့မဲ့ သူ့ကို အတော်လေးဂရုစိုက်တယ်ကြားတယ် "
ဂျွန်ဂျုံးဂုကို ထယ်ယောင်းအသိလို့သာ သူတွေးထားတာဖြစ်သည်။ ထို့ကြောင့်လည်း ထယ်ယောင်းမှ တဆင့် ရင်းနှီးရအောင် အတင်းဝင်ရောနေပေ့မဲ့ ထို ဂျစ်ကန်ကန်ကောင်စုတ်လေးက သူ့ကိုမြင်တိုင်း အော်ငေါက်ကာ အခွင့်မပေးပါ။ သူ့အစီအစဉ်တွေကြောင့်သာမဟုတ်ရင် ထိုကောင်စုတ်လေးအား သူ့အကြောင်းသိအောင် ဆုံးမပေးလိုက်ချင်သည်။

ခုတော့ သူတွေးထားတာ လွှဲနေခဲ့တာဖြစ်သည်။ ဒါပေ့မဲ့ ဒါယောင်းတယောက် ဂျွန်ဂျုံးဂုနှင့် ပတ်သက်နေတယ်ဆိုတာ မယုံနိုင်ဖြစ်နေတုန်းပင်။ သူနဲ့အတူရှိနေတဲ့ ဒီအတောအတွင်းမှာ သူမက ဂျွန်ဂျုံးဂုနှင့် အဆက်အသွယ်ရှိတဲ့ပုံစံ လုံးဝမတွေ့ရပေ။ ထိုအစား ဂျွန်ဂျုံးဂုကိုသူတွေ့မိတိုင်း ထယ်ယောင်းဘေးမှာသာဖြစ်သည်။

ထိုကြောင့်လည်း သူ့အတွေးတွေမှားသွားခဲ့တာ ဖြစ်မည်။

ဒါယောင်းဘက်ကလည်း သူ မသိအောင် တမင်ဖုံးကွယ်ထားသလား မသိနိုင်ချေ။

ကင်ဒါယောင်း မင်းလဲ လည်လာပြီပဲကိုး။

-----------------

ဒီနေ့ရုံးပိတ်ရက်ဖြစ်တာကြောင့် အတော်လေးနောက်ကျသည်အထိ သူအိပ်ရာမထသေးပါ။ ခေါင်းထဲ နေလို့သိပ်မကောင်းသည့်တိုင် တအားမဆိုးတာမို့ အိပ်ရာထဲမှာပဲ ဟိုလှိမ့်ဒီလှိမ့်နှင့် အပျင်းကြီးနေလိုက်သည်။

ဟယ်အင်းကတော့ အမြဲစောစောထတတ်သူပီပီ အိပ်ရာဘေးမှာ မရှိတော့။ ရုံးဖွင့်ရက်ဆိုရင်တော့ သူ့ကိုပါ စောစောနိုးလေ့ရှိသော်လည်း ဒီနေ့က ပိတ်ရက်မို့ထင်သည် ဆယ်နာရီထိုးသည့်တိုင် လာမနှိုးသေး။

ခါတိုင်း‌တော့ သူဒီလောက် နောက်ကျတဲ့ထိ သူမအိပ်တက်။ညက သောက်ခဲ့တာကြောင့်ထင်သည်။

ညကအကြောင်းတွေးမိမှ ပြန်သတိရလာသည်က ထယ်ယောင်း။ ဆိုဂျူ တပုလင်းလောက်သောက်ရဖို့အရေး သူ့မှာ တော်တော်နားငြီးလိုက်ရသည်။ ထိုတပုလင်းကုန်ပြီး ထပ်တောင်းတော့လည်း မရောင်းတော့ဘူး ကုန်ပြီဟုဆိုကာ သူ့ကိုအတင်းနှင်ထုတ်သည်။ မသိလျှင် သူ့ပုံစံက ဆိုင်ကိုအကြွေးနဲ့လာသောက်နေကြမို့ ‌ဆိုင်ရှင်က မရောင်းတော့ဘဲ မောင်းထုတ်တာနှင့်တောင် တူသည်။

ခုပြန်တွေးရင်တော့ ရီချင်စရာပင်။
ဆိုင်တွေအများကြီး ရှိ‌နေပါရဲ့နဲ့ သူ့ကိုမရောင်းပေးတဲ့ဆိုင်မှာ ဘာလို့ပေကပ်သွားနေမိလဲမသိ။

မနေ့ညက ဆိုင်ပိုင်ရှင် သူဌေးဆိုသူသာ ဝင်လာမပြောပေးဘူးဆိုရင် ကင်ထယ်ယောင်းက သူ့ကို ရိုက်နှက်ပြီးဆွဲထုတ်မလားတောင် မသိပါ။

အတွေးနဲ့သူပြုံးမိတုန်း ဟယ်အင်းကအခန်းထဲ ဝင်လာသည်။

" နိုးနေပြီပဲ .. "

" အင်း ခုပဲ "

" ထတော့မှာမလား မနက်စာပြင်ထားလိုက်တော့မယ် "

" အင်း ... ဒီနေ့ ရုံးပိတ်တယ်ဆိုတော့ သွားချင်တာရှိရင် လိုက်ပို့ပေးမယ်လေ "

" အထွေအထူးတော့ သွားစရာမရှိပါဘူး .. နေ့လည်ခင်းလောက် မီရန်နဲ့အပြင်သွားမလို့ "

" ဘယ်ဆိုင်မှာ ချိန်းထားတာလဲ ကိုယ်လိုက်ပို့ပေးရအုံးမလား "

" ရပါတယ် မီရန်က အိမ်လာခေါ်မယ်တဲ့ "

ခုနောက်ပိုင်း ဟယ်အင်းက အရင်လိုအိမ်တွင်း‌ပုန်းမဟုတ်တော့ဘဲ မီရန်နှင့် မကြာခဏ အပြင်ထွက်လေ့ရှိသည်။ ပြသနာတွေဖြစ်ပြီးနောက်ပိုင်း သူမက မီရန်ကိုသာ ရင်ဖွင့်လေ့ရှိပုံရသည်။

" ဂျုံးဂုရော ဘယ်မှသွားစရာမရှိဘူးလား "

သူမကိုအားနာစိတ်ကြောင့်လား၊ ယုံကြည်လာအောင်လားတော့ မသိပေ့မဲ့ ဂျုံးဂု ဟိုမိန်းကလေးနှင့် ပြတ်ပြီးနောက်မှာ ပိတ်ရက်ဆိုလည်း သူမနှင့်အပြင်ထွက်တာမျိုးမရှိလျှင် အိမ်မှာသာ အချိန်ဖြုန်းတတ်သည်။

သူမအနားမှာ အဖော်ပြုပေးတာမျိုးကိုသဘောကျပေ့မဲ့လည်း ခံစားချက်ကတော့ အရမ်းပျော်မနေခဲ့ပါ။

အနေနီးတိုင်းလည်း အချစ်တွေဖြစ်မလာနိုင်ဘူး ထင်ပါရဲ့။

ဂျုံးဂု သူမအပေါ်ကောင်းနေသမျှဟာ သူမကိုချစ်လို့မဟုတ်ဘဲ အားနာစိတ်နဲ့သာပြုမူနေသည်ဟု သူမခံစားမိသည်။

" ကိုယ် ညနေပိုင်းကျရင် မတွေ့တာ ကြာတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ရှိတယ် ကျောင်းတုန်းကသူတွေရောပါတယ် .. လိုက်ခဲ့အုံးမလား "

" မလိုက်တော့ပါဘူးး .. သူငယ်ချင်းတွေတွေ့တုန်း အေးဆေးပျော်ကြပါ "

" အပြန်တော့ နောက်ကျမယ်ထင်တယ် "

" အင်းပါ ခုတော့ မနက်စာစားရအောင် ထတော့ .. "

---------------

ဒါယောင်းရဲ့ နှုတ်ခမ်းလှလှလေးက အံ့ဩမှုကြောင့် ‌စကားပင်မထွက်နိုင်ခဲ့။

" ဂျူဟွန်း နင်ဘာတွေကြံစည်နေတာလဲ .. ခုထိ နင့်ဘဝကြီးကို ဒီလိုမျိုး ရှင်သန်အုံးမှာလား "

" မင်းကြိုက်သလိုပြော ဒါယောင်း .... မင်းကိုယ်တိုင်လဲ အပြစ်ကင်းနေတာမို့လို့လား "

" အဲ့ဒါဘယ်သူ့ကြောင့်လဲ ? နင့်ကြောင့်သာမဟုတ်ရင် ငါ့မှာ ဒီလိုမျိုးတွေ ဖြစ်လာခဲ့မှာမဟုတ်ဘူး "

" ဖြစ်ပြီးတာတွေ ပြန်ပြောနေတော့လဲ ဘာအသုံးဝင်မှာလဲ .. ခု ငါပြောနေတာ မင်းရော ငါရော အဆင်ပြေဖို့ပဲလေ "

" နင် ငါ့ကိုပြန်ချဉ်းကပ်ခဲ့တာ ငါနဲ့ဂျုံးဂုတွဲနေတာ သိလို့ ဒီလိုတွေ လုပ်ချင်လို့ပေါ့လေ "

" မဟုတ်ပါဘူးကွာ .. ဒါယောင်းရာ ကိုယ်မင်းကိုတော့ တကယ်ချစ်တာပါ .. မပြည့်စုံတဲ့ ကိုယ့်ဘဝကြီးကြောင့်သာ ခုလိုမျိုးတွေဖြစ်လာရတာ .. ကိုယ်လဲ မင်းကို ခြိမ်းခြောက်ပြီး ငွေတောင်းတိုင်း ဘယ်လောက်ခံစားရတယ်ထင်လဲ .. ဒါပေ့မဲ့ မင်းလဲသိတာပဲ ဒီလိုလုပ်ရုံအပြင် မတက်နိုင်ဘူးလေ "

" ငါ နဲ့ ဂျုံးဂုက ပြီးသွားပြီ "

" ခု ကိုယ်ပြောတဲ့ အစီအစဉ်ကိုသာ လက်ခံလိုက်ရင် မင်းလဲ ဂျုံးဂုနဲ့ ပြန်ဆက်လို့ရမယ် ကိုယ့်အကြွေးလဲကျေမယ်လေ ဒါကို ဘာလို့ ငြင်းနေရတာလဲ မင်းလည်း ဂျုံးဂုကိုချစ်တယ်မလား "

ဒါယောင်းအံကြိတ်ရင်း မျက်ရည်ဝဲမိသည်။
ဂျုံးဂုကိုချစ်တယ်မလား တဲ့...
သူမချစ်ခဲ့သူက ဘယ်သူလဲ သူမသိဘူးလား။

ဂျုံးဂုလို အားကိုးရတဲ့ ရင်ခွင်မှာ ခိုလှုံချင်ခဲ့တာ တစုံတယောက်ရဲ့ ပယောဂ ကြောင့်ဆိုတာ သူမသိဘူးလား။

" မင်း လက်မခံတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ .. အဲ့လူမိုက်ခေါင်းဆောင်ဆီ သွားပြီး ခင်ဗျားပိုက်ဆံတွေ မဆပ်နိုင်တော့ဘူးပြောရုံပေါ့ သတ်လည်းခံရုံပဲ "

" နင် အဲ့လောက်ငွေတွေအများကြီး ဘာလုပ်ပစ်လိုက်တာလဲ "

" ရှုံးသွားတဲ့ငွေတွေ ပြန်ရမလားလိုက်ရင်း များသွားတာ "

ဆိုင်ပိတ်သွားပြီဖြစ်တဲ့ ကော်ဖီဆိုင်ထဲမှာ သူတို့နှစ်ယောက်တည်း အချေအတင်ပြောကြပြီးနောက် တိတ်ဆိတ်သွားကြပြန်သည်။

တရွေ့ရွေ့ကုန်သွားသော အချိန်တွေကြား ဂျူဟွန်းကလဲ ဘာမှ ထပ်မပြောတော့သလို ဒါယောင်းကလဲ တခုခုကို တွေးနေပုံပေါ်သည်။ သူမ မျက်နှာကတော့ အသက်မဲ့နေဟန်။

" နင်ပြောသလို ငါ ဂျုံးဂုနဲ့ တညအိပ်ပေးပြီးရင် တကယ်အဆင်ပြေမှာလား "

" တကယ်ပေါ့ နင့်ဘက်က သူနဲ့ တညပဲအတူရှိပေးရုံပဲ ကျန်တာ ငါဆက်လုပ်မယ် အဲ့တညပြီးသွားတာနဲ့ ဂျုံးဂုက တသက်လုံး နင့်အပိုင်ပဲ "

" နင့်အတွက်က ဘယ်လိုပိုက်ဆံရမှာလဲ "

" ကိုယ့်မှာ အစီအစဉ်ရှိပြီးသားပါ .. အများကြီးမတွေးနဲ့ ကိုယ်ပြောတဲ့အတိုင်းသာလုပ် .. ဂျုံးဂု သူ့မိန်းမနဲ့ကွာရှင်းသွားစေရမယ် "

" ဘယ်လို ? "

" သူ့မိန်းမနဲ့ကွဲသွားပြီးရင် သေချာပေါက်မင်းကိုပြန်ဆက်သွယ်လာမှာပဲ မင်းဘက်က ချုပ်ထားနိုင်ဖို့ပဲလိုတယ် "

" ကောင်းပြီ နင့်အစီအစဉ်ငါလက်ခံမယ် တခုတော့ကတိပေး .. ဒါတွေပြီးသွားရင် နင်နဲ့ငါ လျှို့ဝှက်ချက်တွေ သိမ်းထားပြီး တသက်လုံးထပ်မတွေ့တော့ဘူး "

" အိုကေ .. မင်းချစ်တဲ့သူနဲ့ အဆင်ပြေပါစေ "

" နင်လဲ ဘဝကိုကောင်းကောင်းနေနိုင်သွားဖို့ မျှော်လင့်တယ် "

*******

Zawgyi

အားလုံးပဲေမ့ေနမယ္ထင္လို႔ ေရွ႕အပိုင္းေလး ျပန္ဖတ္ၾကအုံးလို႔ အႀကံေလးေပးပါရေစ။

" ဒီေတာ့ မင္းဘယ္လိုလုပ္ေပးမွာလဲ "

" မေပးဘူး ေျပာေနတာမွ မဟုတ္ဘဲဗ်ာ ခင္ဗ်ားကို ခဏ‌ေလးေစာင့္ေပးဖို႔ ေျပာေနတာေလ "

" ငါ ဒီေလာက္ေစာင့္ေနေပးတာကိုက မင္းကံေကာင္းလွၿပီ ဂ်ဴဟြန္း ... ငါ့အေၾကာင္းမင္းသိပါတယ္ "

" သိပါတယ္ အကိုႀကီးရာ ... ကြၽန္ေတာ္တို႔သိလာခဲ့တဲ့ ႏွစ္ေတြလဲ မနည္းေတာ့ဘူး အဲ့ဒီမ်က္ႏွာေလးေထာက္ၿပီး နည္းနည္းေလာက္ ထပ္ေစာင့္ေပးပါအုံး "

" တပတ္ .. အဲ့ထက္ငါထက္မေစာင့္ေပးႏိုင္ေတာ့ဘူး မင္းေပးရမဲ့ေငြ ဘယ္ေလာက္ဆိုတာေတာ့ သိပါတယ္ေနာ္ "

" ဒါေပါ့ .. စိတ္ခ်ပါ ကြၽန္ေတာ္ တပတ္အတြင္းရေအာင္ ရွာခဲ့မယ္ "

" ေလသံနားေထာင္ရတာေတာ့ ေငြတြင္းတစ္တြင္းေတြ႕ထားၿပီထင္တယ္ "

" ဟား ဟား ..ဒီလိုပါပဲ "

" မင္းအရင္ရည္းစားနဲ႔ ျပန္ဆက္ေနတယ္ဆို .. "

" ဝိုး အကိုႀကီးကေတာ့ မသိတာမရွိဘူး  တကယ့္နတ္မ်က္စိပဲ ... "

သူ႔ေရွ႕က လူေကာင္ထြားထြား၊ ေအးစက္စက္မ်က္ႏွာပိုင္ရွင္ကို အံ့ဩသလိုၾကည့္ရင္း ေျပာလိုက္သည္။

အေသးစားေငြေခ်းသည့္ လုပ္ငန္းပိုင္ရွင္ဆိုသည့္ မ်က္ႏွာဖုံးေနာက္ကြယ္တြင္ မ်ားျပားလွေသာ လူမိုက္မ်ား၏ ‌ဂိုဏ္းေခါင္းေဆာင္တေယာက္လဲ ျဖစ္ေသာ ထိုသူထံတြင္ ဆိုးလ္ၿမိဳ႕တခုလုံး၏ သတင္းမွန္သမွ် အကုန္သိႏိုင္ေသာ အင္အားလည္း ရွိေပသည္။

" ဘယ္လိုလဲ အဲ့ ေကာင္မေလးဆီက ေတာ္ေတာ္ရေနၿပီလား "

" မေနာက္ပါနဲ႔ဗ်ာ ေကာ္ဖီဆိုင္ကဝန္ထမ္းေလးဆီက ကြၽန္ေတာ္က ဘာရမွာမလို႔လဲ "

ထိုသူက သူ႔အား မယုံသလို မ်က္ေမွာင္က်ဳံ႕ၾကည့္ရင္း ..

" ဂ်ဴဟြန္းေရ .. မင္းအႀကံေတြကို ဒီအကိုႀကီးက အကုန္သိၿပီးသားဆိုတာ ယုံလား "

" ဘာကိုေျပာတာလဲ "

" မင္းကိုယ္တိုင္စြန႔္ပစ္ခဲ့တဲ့ ကေလးမကို မင္းဆီစိတ္ျပန္လည္လာေအာင္ လုပ္ၿပီး တဖက္ကပိုက္ဆံေတြ မင္းအိတ္ထဲဝင္လာေအာင္လုပ္ဖို႔က မင္းအႀကံေလ "

သူ မတတ္သာစြာ ရီမိေတာ့သည္။
ထိုသူကပဲ ဉာဏ္ေကာင္းလြန္းေနတာလား သူ႔အႀကံအစည္ကပဲသိသာလြန္းေနတာလား

" အဲ့ကေလးမက ငါးႀကီးႀကီးတေကာင္ မိထားတယ္ဆိုတာသိလို႔ မင္းျပန္ကပ္ေနတာမလား "

" အကိုႀကီးကိုေတာ့ ဘာမွ ဖုံးထားလို႔မရဘူးပဲ ... ကြၽန္ေတာ္လဲ ငါးႀကီးႀကီး တေကာင္ ႏွစ္ေကာင္မကဘူး သူမိထားေလာက္တယ္ ထင္ခဲ့တာ ... ခုေတာ့ သူတေယာက္တည္း ႐ုန္းကန္ေနတာပဲေတြ႕တယ္ မမိုက္ပါဘူး "

" ဟား ဟား ငါ့ေကာင္ေတာ့ လွည့္ခံေနရၿပီထင္တယ္ ... သူမိထားတာမွ အႀကီးႀကီးေနာ္  J Group က ဒါ႐ိုက္တာေလ "

" ဘယ္သူ .. ဂြၽန္ဂ်ဳံးဂု ??? "

" ဘင္ဂို ..! ဟိုက မိန္းမရွိၿပီးသားဆိုေပ့မဲ့ သူ႔ကို အေတာ္ေလးဂ႐ုစိုက္တယ္ၾကားတယ္ "
ဂြၽန္ဂ်ဳံးဂုကို ထယ္ေယာင္းအသိလို႔သာ သူေတြးထားတာျဖစ္သည္။ ထို႔ေၾကာင့္လည္း ထယ္ေယာင္းမွ တဆင့္ ရင္းႏွီးရေအာင္ အတင္းဝင္ေရာေနေပ့မဲ့ ထို ဂ်စ္ကန္ကန္ေကာင္စုတ္ေလးက သူ႔ကိုျမင္တိုင္း ေအာ္ေငါက္ကာ အခြင့္မေပးပါ။ သူ႔အစီအစဥ္ေတြေၾကာင့္သာမဟုတ္ရင္ ထိုေကာင္စုတ္ေလးအား သူ႔အေၾကာင္းသိေအာင္ ဆုံးမေပးလိုက္ခ်င္သည္။

ခုေတာ့ သူေတြးထားတာ လႊဲေနခဲ့တာျဖစ္သည္။ ဒါေပ့မဲ့ ဒါေယာင္းတေယာက္ ဂြၽန္ဂ်ဳံးဂုႏွင့္ ပတ္သက္ေနတယ္ဆိုတာ မယုံႏိုင္ျဖစ္ေနတုန္းပင္။ သူနဲ႔အတူရွိေနတဲ့ ဒီအေတာအတြင္းမွာ သူမက ဂြၽန္ဂ်ဳံးဂုႏွင့္ အဆက္အသြယ္ရွိတဲ့ပုံစံ လုံးဝမေတြ႕ရေပ။ ထိုအစား ဂြၽန္ဂ်ဳံးဂုကိုသူေတြ႕မိတိုင္း ထယ္ေယာင္းေဘးမွာသာျဖစ္သည္။

ထိုေၾကာင့္လည္း သူ႔အေတြးေတြမွားသြားခဲ့တာ ျဖစ္မည္။

ဒါေယာင္းဘက္ကလည္း သူ မသိေအာင္ တမင္ဖုံးကြယ္ထားသလား မသိႏိုင္ေခ်။

ကင္ဒါေယာင္း မင္းလဲ လည္လာၿပီပဲကိုး။

-----------------

ဒီေန႔႐ုံးပိတ္ရက္ျဖစ္တာေၾကာင့္ အေတာ္ေလးေနာက္က်သည္အထိ သူအိပ္ရာမထေသးပါ။ ေခါင္းထဲ ေနလို႔သိပ္မေကာင္းသည့္တိုင္ တအားမဆိုးတာမို႔ အိပ္ရာထဲမွာပဲ ဟိုလွိမ့္ဒီလွိမ့္ႏွင့္ အပ်င္းႀကီးေနလိုက္သည္။

ဟယ္အင္းကေတာ့ အၿမဲေစာေစာထတတ္သူပီပီ အိပ္ရာေဘးမွာ မရွိေတာ့။ ႐ုံးဖြင့္ရက္ဆိုရင္ေတာ့ သူ႔ကိုပါ ေစာေစာႏိုးေလ့ရွိေသာ္လည္း ဒီေန႔က ပိတ္ရက္မို႔ထင္သည္ ဆယ္နာရီထိုးသည့္တိုင္ လာမႏႈိးေသး။

ခါတိုင္း‌ေတာ့ သူဒီေလာက္ ေနာက္က်တဲ့ထိ သူမအိပ္တက္။ညက ေသာက္ခဲ့တာေၾကာင့္ထင္သည္။

ညကအေၾကာင္းေတြးမိမွ ျပန္သတိရလာသည္က ထယ္ေယာင္း။ ဆိုဂ်ဴ တပုလင္းေလာက္ေသာက္ရဖို႔အေရး သူ႔မွာ ေတာ္ေတာ္နားၿငီးလိုက္ရသည္။ ထိုတပုလင္းကုန္ၿပီး ထပ္ေတာင္းေတာ့လည္း မေရာင္းေတာ့ဘူး ကုန္ၿပီဟုဆိုကာ သူ႔ကိုအတင္းႏွင္ထုတ္သည္။ မသိလွ်င္ သူ႔ပုံစံက ဆိုင္ကိုအေႂကြးနဲ႔လာေသာက္ေနၾကမို႔ ‌ဆိုင္ရွင္က မေရာင္းေတာ့ဘဲ ေမာင္းထုတ္တာႏွင့္ေတာင္ တူသည္။

ခုျပန္ေတြးရင္ေတာ့ ရီခ်င္စရာပင္။
ဆိုင္ေတြအမ်ားႀကီး ရွိ‌ေနပါရဲ႕နဲ႔ သူ႔ကိုမေရာင္းေပးတဲ့ဆိုင္မွာ ဘာလို႔ေပကပ္သြားေနမိလဲမသိ။

မေန႔ညက ဆိုင္ပိုင္ရွင္ သူေဌးဆိုသူသာ ဝင္လာမေျပာေပးဘူးဆိုရင္ ကင္ထယ္ေယာင္းက သူ႔ကို ႐ိုက္ႏွက္ၿပီးဆြဲထုတ္မလားေတာင္ မသိပါ။

အေတြးနဲ႔သူၿပဳံးမိတုန္း ဟယ္အင္းကအခန္းထဲ ဝင္လာသည္။

" ႏိုးေနၿပီပဲ .. "

" အင္း ခုပဲ "

" ထေတာ့မွာမလား မနက္စာျပင္ထားလိုက္ေတာ့မယ္ "

" အင္း ... ဒီေန႔ ႐ုံးပိတ္တယ္ဆိုေတာ့ သြားခ်င္တာရွိရင္ လိုက္ပို႔ေပးမယ္ေလ "

" အေထြအထူးေတာ့ သြားစရာမရွိပါဘူး .. ေန႔လည္ခင္းေလာက္ မီရန္နဲ႔အျပင္သြားမလို႔ "

" ဘယ္ဆိုင္မွာ ခ်ိန္းထားတာလဲ ကိုယ္လိုက္ပို႔ေပးရအုံးမလား "

" ရပါတယ္ မီရန္က အိမ္လာေခၚမယ္တဲ့ "

ခုေနာက္ပိုင္း ဟယ္အင္းက အရင္လိုအိမ္တြင္း‌ပုန္းမဟုတ္ေတာ့ဘဲ မီရန္ႏွင့္ မၾကာခဏ အျပင္ထြက္ေလ့ရွိသည္။ ျပသနာေတြျဖစ္ၿပီးေနာက္ပိုင္း သူမက မီရန္ကိုသာ ရင္ဖြင့္ေလ့ရွိပုံရသည္။

" ဂ်ဳံးဂုေရာ ဘယ္မွသြားစရာမရွိဘူးလား "

သူမကိုအားနာစိတ္ေၾကာင့္လား၊ ယုံၾကည္လာေအာင္လားေတာ့ မသိေပ့မဲ့ ဂ်ဳံးဂု ဟိုမိန္းကေလးႏွင့္ ျပတ္ၿပီးေနာက္မွာ ပိတ္ရက္ဆိုလည္း သူမႏွင့္အျပင္ထြက္တာမ်ိဳးမရွိလွ်င္ အိမ္မွာသာ အခ်ိန္ျဖဳန္းတတ္သည္။

သူမအနားမွာ အေဖာ္ျပဳေပးတာမ်ိဳးကိုသေဘာက်ေပ့မဲ့လည္း ခံစားခ်က္ကေတာ့ အရမ္းေပ်ာ္မေနခဲ့ပါ။

အေနနီးတိုင္းလည္း အခ်စ္ေတြျဖစ္မလာႏိုင္ဘူး ထင္ပါရဲ႕။

ဂ်ဳံးဂု သူမအေပၚေကာင္းေနသမွ်ဟာ သူမကိုခ်စ္လို႔မဟုတ္ဘဲ အားနာစိတ္နဲ႔သာျပဳမူေနသည္ဟု သူမခံစားမိသည္။

" ကိုယ္ ညေနပိုင္းက်ရင္ မေတြ႕တာ ၾကာတဲ့ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဖို႔ရွိတယ္ ေက်ာင္းတုန္းကသူေတြေရာပါတယ္ .. လိုက္ခဲ့အုံးမလား "

" မလိုက္ေတာ့ပါဘူးး .. သူငယ္ခ်င္းေတြေတြ႕တုန္း ေအးေဆးေပ်ာ္ၾကပါ "

" အျပန္ေတာ့ ေနာက္က်မယ္ထင္တယ္ "

" အင္းပါ ခုေတာ့ မနက္စာစားရေအာင္ ထေတာ့ .. "

---------------

ဒါေယာင္းရဲ႕ ႏႈတ္ခမ္းလွလွေလးက အံ့ဩမႈေၾကာင့္ ‌စကားပင္မထြက္ႏိုင္ခဲ့။

" ဂ်ဴဟြန္း နင္ဘာေတြႀကံစည္ေနတာလဲ .. ခုထိ နင့္ဘဝႀကီးကို ဒီလိုမ်ိဳး ရွင္သန္အုံးမွာလား "

" မင္းႀကိဳက္သလိုေျပာ ဒါေယာင္း .... မင္းကိုယ္တိုင္လဲ အျပစ္ကင္းေနတာမို႔လို႔လား "

" အဲ့ဒါဘယ္သူ႔ေၾကာင့္လဲ ? နင့္ေၾကာင့္သာမဟုတ္ရင္ ငါ့မွာ ဒီလိုမ်ိဳးေတြ ျဖစ္လာခဲ့မွာမဟုတ္ဘူး "

" ျဖစ္ၿပီးတာေတြ ျပန္ေျပာေနေတာ့လဲ ဘာအသုံးဝင္မွာလဲ .. ခု ငါေျပာေနတာ မင္းေရာ ငါေရာ အဆင္ေျပဖို႔ပဲေလ "

" နင္ ငါ့ကိုျပန္ခ်ဥ္းကပ္ခဲ့တာ ငါနဲ႔ဂ်ဳံးဂုတြဲေနတာ သိလို႔ ဒီလိုေတြ လုပ္ခ်င္လို႔ေပါ့ေလ "

" မဟုတ္ပါဘူးကြာ .. ဒါေယာင္းရာ ကိုယ္မင္းကိုေတာ့ တကယ္ခ်စ္တာပါ .. မျပည့္စုံတဲ့ ကိုယ့္ဘဝႀကီးေၾကာင့္သာ ခုလိုမ်ိဳးေတြျဖစ္လာရတာ .. ကိုယ္လဲ မင္းကို ၿခိမ္းေျခာက္ၿပီး ေငြေတာင္းတိုင္း ဘယ္ေလာက္ခံစားရတယ္ထင္လဲ .. ဒါေပ့မဲ့ မင္းလဲသိတာပဲ ဒီလိုလုပ္႐ုံအျပင္ မတက္ႏိုင္ဘူးေလ "

" ငါ နဲ႔ ဂ်ဳံးဂုက ၿပီးသြားၿပီ "

" ခု ကိုယ္ေျပာတဲ့ အစီအစဥ္ကိုသာ လက္ခံလိုက္ရင္ မင္းလဲ ဂ်ဳံးဂုနဲ႔ ျပန္ဆက္လို႔ရမယ္ ကိုယ့္အေႂကြးလဲေက်မယ္ေလ ဒါကို ဘာလို႔ ျငင္းေနရတာလဲ မင္းလည္း ဂ်ဳံးဂုကိုခ်စ္တယ္မလား "

ဒါေယာင္းအံႀကိတ္ရင္း မ်က္ရည္ဝဲမိသည္။
ဂ်ဳံးဂုကိုခ်စ္တယ္မလား တဲ့...
သူမခ်စ္ခဲ့သူက ဘယ္သူလဲ သူမသိဘူးလား။

ဂ်ဳံးဂုလို အားကိုးရတဲ့ ရင္ခြင္မွာ ခိုလႈံခ်င္ခဲ့တာ တစုံတေယာက္ရဲ႕ ပေယာဂ ေၾကာင့္ဆိုတာ သူမသိဘူးလား။

" မင္း လက္မခံေတာ့လည္း ဘယ္တတ္ႏိုင္ပါ့မလဲ .. အဲ့လူမိုက္ေခါင္းေဆာင္ဆီ သြားၿပီး ခင္ဗ်ားပိုက္ဆံေတြ မဆပ္ႏိုင္ေတာ့ဘူးေျပာ႐ုံေပါ့ သတ္လည္းခံ႐ုံပဲ "

" နင္ အဲ့ေလာက္ေငြေတြအမ်ားႀကီး ဘာလုပ္ပစ္လိုက္တာလဲ "

" ရႈံးသြားတဲ့ေငြေတြ ျပန္ရမလားလိုက္ရင္း မ်ားသြားတာ "

ဆိုင္ပိတ္သြားၿပီျဖစ္တဲ့ ေကာ္ဖီဆိုင္ထဲမွာ သူတို႔ႏွစ္ေယာက္တည္း အေခ်အတင္ေျပာၾကၿပီးေနာက္ တိတ္ဆိတ္သြားၾကျပန္သည္။

တေ႐ြ႕ေ႐ြ႕ကုန္သြားေသာ အခ်ိန္ေတြၾကား ဂ်ဴဟြန္းကလဲ ဘာမွ ထပ္မေျပာေတာ့သလို ဒါေယာင္းကလဲ တခုခုကို ေတြးေနပုံေပၚသည္။ သူမ မ်က္ႏွာကေတာ့ အသက္မဲ့ေနဟန္။

" နင္ေျပာသလို ငါ ဂ်ဳံးဂုနဲ႔ တညအိပ္ေပးၿပီးရင္ တကယ္အဆင္ေျပမွာလား "

" တကယ္ေပါ့ နင့္ဘက္က သူနဲ႔ တညပဲအတူရွိေပး႐ုံပဲ က်န္တာ ငါဆက္လုပ္မယ္ အဲ့တညၿပီးသြားတာနဲ႔ ဂ်ဳံးဂုက တသက္လုံး နင့္အပိုင္ပဲ "

" နင့္အတြက္က ဘယ္လိုပိုက္ဆံရမွာလဲ "

" ကိုယ့္မွာ အစီအစဥ္ရွိၿပီးသားပါ .. အမ်ားႀကီးမေတြးနဲ႔ ကိုယ္ေျပာတဲ့အတိုင္းသာလုပ္ .. ဂ်ဳံးဂု သူ႔မိန္းမနဲ႔ကြာရွင္းသြားေစရမယ္ "

" ဘယ္လို ? "

" သူ႔မိန္းမနဲ႔ကြဲသြားၿပီးရင္ ေသခ်ာေပါက္မင္းကိုျပန္ဆက္သြယ္လာမွာပဲ မင္းဘက္က ခ်ဳပ္ထားႏိုင္ဖို႔ပဲလိုတယ္ "

" ေကာင္းၿပီ နင့္အစီအစဥ္ငါလက္ခံမယ္ တခုေတာ့ကတိေပး .. ဒါေတြၿပီးသြားရင္ နင္နဲ႔ငါ လွ်ိဳ႕ဝွက္ခ်က္ေတြ သိမ္းထားၿပီး တသက္လုံးထပ္မေတြ႕ေတာ့ဘူး "

" အိုေက .. မင္းခ်စ္တဲ့သူနဲ႔ အဆင္ေျပပါေစ "

" နင္လဲ ဘဝကိုေကာင္းေကာင္းေနႏိုင္သြားဖို႔ ေမွ်ာ္လင့္တယ္ "



Continue Reading

You'll Also Like

5.3M 46.3K 57
Welcome to The Wattpad HQ Community Happenings story! We are so glad you're part of our global community. This is the place for readers and writers...
31.7K 104 21
Just a slutty whore who needs to get all her thoughts and feelings on a page. Loves being submissive to her dom daddy 🧎‍♀️ DISCORD- jessieleihuyg8t...
154K 22.7K 106
Translation novel Unicode only Zawgyi users များ page မှာဖတ်လို့ရပါတယ်ရှင်
627K 1K 22
Smexy One shots😘 Got deleted twice 3rd times a charm🤦🏻‍♀️😭