ရည်းစား​လေးထားချင်မိတဲ့ကျွန်​...

By Ice_berry_

669K 121K 6K

Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Pub... More

Description
Cha-1
Cha-2
Cha-3
Cha-4
Cha-5
Cha-6
Cha-7
Cha-8
Cha-9
Cha-10
Cha-11
Cha-12
Cha-13
Cha-14
Cha-15
Cha-16
Cha-17
Cha-18
Cha-19
Cha-20
Cha-21
Cha-22
Cha-23
Cha-24
Cha-25
Cha-26.1
Cha-26.2
Cha-27
Cha-28
Cha-29
Cha-30.1
Cha-30.2
Cha-31
Cha-32
Cha-33
Cha-34
Cha-35
Cha-36
Cha-37.1
Cha-37.2
Cha-38
Cha-39
Cha-40
Cha-41
Cha-42
Cha-43
Cha-44.1
Cha-44.2
Cha-45
Cha-46.1
Cha-46.2
Cha-47
Cha-48
Cha-49
Cha-51
Cha-52
Cha-53
Cha-54
Cha-55
Cha-56
Cha-57
Cha-58
Cha-59
Cha-60
Cha-61
Cha-62
Cha-63
Cha-64
Cha-65
Cha-66
Cha-67
Cha-68
Cha-69
Cha-70
Cha-71
Cha-72
Cha-73
Cha-74
Cha-75
Cha-76
Cha-77
Cha-78
Cha-79
Cha-80
Cha-81
Cha-82
Cha-83

Cha-50

7.6K 1.3K 109
By Ice_berry_

[Unicode]

ခုချိန်က ည ၁၁နာရီတောင်ထိုးနေလေပြီ။ ယွီချင့်ဟွမ်ကတော့ သေချာပေါက်ကို ဟော်ချွီအားတယောက်တည်းအိမ်ပြန်ခွင့်ပြုမှာမဟုတ်ပေ။ ဟော်ချွီအား သူ့ညအိပ်ဝတ်စုံနှင့်အတွင်းခံအသစ် ထုတ်လဲဝတ်ခိုင်းလိုက်ပြီးမေးလိုက်၏။

"ဘယ်ဘက်ခြမ်းမှာအိပ်ချင်လဲ?"

ဒါဟာ ဟော်ချွီမှပထမဆုံးအကြိမ် ယွီချင့်ဟွမ်အဝတ်အစားတွေကိုယူဝတ်ဖူးခြင်းပင်။ ခြေဖျားလက်ဖျားများမှာအနည်းငယ်တိုနေပြီး အတွင်းခံဘောင်းဘီမှာသက်တောင့်သက်သာသိပ်မရှိသလိုဖြစ်နေပေမယ့် သူ့နှလုံးသားထဲမှာတော့အလွန်တရာချိုမြိန်နေဆဲဖြစ်၏။

ယွီချင့်ဟွမ်သည်လည်း ဒီညအိပ်ဝတ်စုံကိုဝတ်ဆင်ဖူးတယ်လို့တွေးမိလိုက်ရုံနှင့်တပြိုင်နက် ဟော်ချွီခန္ဓာကိုယ်မှာ ထိန်းချုပ်မရလောက်အောင် ပူပြင်းတောက်လောင်လာသလိုခံစားနေရ၏။

ယွီချင့်ဟွမ်မှ သူ့ခေါင်းအုံးကိုသပ်သပ်ရပ်ရပ်ပုံစံတကျဖြစ်အောင်လုပ်နေချိန်တိုတောင်းလှသောအချိန်လေးအတွင်းမှာ သူဟာမျက်နှာတွေနီမြန်းနေရက်သားက အင်္ကျီလက်ဖျားတွေကိုအမြန်ခေါက်တင်လိုက်ပြီး ဟမ်းစတားပေါက်လေးတစ်ကောင်ကဲ့သို့ တရှုံ့ရှုံ့အနံ့ခံလိုက်ကာ စိတ်ကျေနပ်နှစ်သိမ့်စွာဖြင့် မျက်လုံးများကိုမှေးစင်းထားလိုက်တော့သည်။

ဘယ်လိုဖြစ်လို့ ချင့်ဟွမ်ရဲ့အကျီလေးတွေကတောင်မှ ဒီလောက်ရနံ့လေးသင်းနေရတာပါလိမ့်?

"ဟော်ချွီ? မင်းဘာတွေတွေးနေတာလဲ?"

ဘာစကားမှပြန်မပြောပဲ မီးနဲ့အကင်ခံထားရသလိုမျိုးနီမြန်းမြန်းမျက်နှာဖြင့် နေရာမှာတင်ငုတ်တုတ်မေ့နေသည့် သူ့အားမြင်လေသော် ယွီချင့်ဟွမ်မှာမနေနိုင်တော့ပဲ သူ့နဖူးပြင်ကိုခတ်ဆက်ဆက်လေးရိုက်ချလိုက်၏။

"တစ်ခုခုပြောရင်ပြော မဟုတ်ရင်ဆိုဖာပေါ်မှာပဲအိပ်ရမယ်"

ထိုခြိမ်းခြောက်မှုမှာ ဟော်ချွီအပေါ် အမှန်တကယ်အလုပ်ဖြစ်သွားခဲ့၏။ ယွီချင့်ဟွမ်စကားဆုံးရုံရှိသေးချိန်မှာ သူဟာကုတင်ပေါ်သို့လွှားခနဲခုန်တက်သွားပြီဖြစ်ကာ စောင်ထဲသို့လှစ်ခနဲဝင်ရောက်သွားပြီး တောက်ပတဲ့မျက်ဝန်းတစ်စုံကိုသာချန်လှပ်ထား၏။

"ဘယ်ဘက်အခြမ်းမှာဖြစ်ဖြစ် အဆင်ပြေတယ်"

တအောင့်လောက်ရှိသော် သူကလေသံ‌တီးတိုးလေး
ဖြင့်ပြောလာပြန်သည်။

“မင်းနဲ့အတူအိပ်ရသရွေ့”

စောင်ကိုဆွဲလှန်နေတဲ့ ယွီချင့်ဟွမ်ရဲ့လက်များမှာ ခေတ္တမျှရပ်တန့်သွားရသည်။ ထို့နောက်တွင် သူ၏ဘေးတိုက်နေရာမှာဝင်လှဲလျောင်းလိုက်ပြီး နူးညံ့သောအပြုံးလေးဖြင့် တဖက်သူအားကြည့်နေကာ

"ဒီလောက်တောင်ပျော်နေဖို့ သင့်မြတ်ရဲ့လား"

သူ့စကားကိုကြားတော့ ဟော်ချွီကတွေးတောင်မနေပဲမဆိုင်းမတွခေါင်းညိတ်ပြလာသည်။ ယွီချင့်ဟွမ်ရဲ့နူးညံ့လှပတဲ့မျက်ဝန်းတွေထဲကို ရင်ဆိုင်ကြည့်မိလိုက်စဉ် သူ့နှလုံးသားထဲ ရုတ်တရက်ဗြောင်းဆန်အောင်ခုန်ပေါက်လာတော့သည်။

အခုည ချင့်ဟွမ်မှာ ပုံမှန်ထက်ထူးထူးကဲကဲ ပိုနူးညံ့ညင်သာနေပုံပေါက်သည် ... အထူးသဖြင့် သူ့အပေါ်ကိုပင်.. ဒါကြောင့်မို့...

ဟော်ချွီမှာ မျက်လုံးများအောက်စိုက်ချထားပြီး ရှက်စိတ်ကြောင့်မျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်လုပ်နေကာ

"ကိုယ်...တကယ်တော့...ကိုယ်ပိုပျော်နိုင်သေးတယ်"

ယွီချင့်ဟွမ်မှာ "ဟမ်?" ဟူ၍ နားမလည်နိုင်စွာဖြင့် မျက်ခုံးများပင့်တင်မိလိုက်၏။

​နောက်​တစ်​စက္ကန့်အကြာမှာ အရိပ်​တစ်​ခုဟာသူ့​ခေါင်း​ပေါ်ကနေ ရုတ်တရက်အုပ်မိုးကျလာသည်​။ ဟော်ချွီမှာ သူ့ခေါင်းကို ဘေးတဖက်တချက်စီမှ လက်နှစ်ဖက်ဖြင့်ချုပ်ကိုင်ထားပြီး စိတ်လိုက်မာန်ပါခေါင်းငုံ့လာကာ သူ့နှုတ်ခမ်းများအပေါ်သို့ ညင်ညင်သာသာအနမ်းတခုကို ခပ်ဖွဖွခြွေသွားခဲ့သည်။

ခြုံခိုတိုက်ခိုက်မှုအောင်မြင်ခဲ့ပေသည်။ ဟော်ချွီ၏ ပါးပြင်တခုလုံးမှာ နီမြန်းလာပြီးနောက်တွင် သူဟာ ယွီချင့်ဟွမ်၏ခန္ဓာကိုယ်ကိုအပေါ်ကတက်ဖိပြီး လောင်မြိုက်နေသောသူ့မျက်နှာကို ချင့်ဟွမ်၏ လည်တိုင်ချိုင့်ဝှမ်းနေရာလေးဆီမှာ မြှုပ်ကွယ်ထားလိုက်သည်။

သူ့လက်တွေမှာလည်းအငြိမ်မနေပဲ ရိုးတိုးရိပ်တိပ်ဂရုတစိုက်ဖြင့် ချင့်ဟွမ်လက်များရှိရာဆီရွှေ့လျားလာပြီး ချင့်ဟွမ်လက်လေးတွေကို သူ့လက်ဖဝါးထဲဆွဲယူဆုပ်ကိုင်ထားလိုက်၏။

သူ့ခန္ဓာကိုယ်မှာသန်မာပြီးနွေးထွေးနေသည်။သူ့အတွက် အနည်းငယ်လေးလံနေပေမယ့် ၎င်းသည် ယွီချင့်ဟွမ်အား ဘာနဲ့မှပြောင်းလဲလို့မရမယ့် လုံခြုံနွေးထွေးမှုစိတ်ခံစားချက်ကိုပေးစွမ်း၏။ ယွီချင့်ဟွမ်မှာပင့်သက်တစ်ခုချလိုက်ပြီး သူ့မျက်နှာကိုဘေးတစောင်းလှည့်လာကာ ဟော်ချွီရဲ့ဆံနွယ်‌လေးတွေကိုပွတ်သပ်လိုက်သည်။

"ကဲ အခုမင်းပိုပျော်သွားပြီဆိုတော့ အိပ်ဖို့အချိန်တန်ပြီ"

ကမ္ဘာလောကကြီးတခုလုံးမှာ ဒီလူသားတယောက်သာ သူအားတကယ့်ကိုငြင်းဆန်တော်လှန်နိုင်ခြင်းအလျဥ်းမရှိအောင်ဖြစ်စေ၏။

ရှိစေတော့! သူ့ကိုခွင့်ပြုပေးလိုက်ပါတော့မယ် သူတောင်းဆိုတာရှိလာသရွေ့ သူပျော်နေသရွေ့ကတော့ ရေကြီးမိုးပြိုတာပဲဖြစ်ဖြစ် မီးတောင်ပေါက်ကွဲတာဖြစ်ဖြစ် သူအားလုံးကိုကျေကျေနပ်နပ်ကြီးဖြည့်ဆည်းပေးမှာပင်။

ချင့်ဟွမ်မှာ ဒီတစ်ခါတော့ သူ့အားဒေါသမထွက်သလို တွန်းလည်းတွန်းမထုတ်ပေ။ဟော်ချွီမှာ အပျော်လွန်စွာခေါင်းမော့လာပြီး ယွီချင့်ဟွမ်အား မျက်လုံးများထဲတွင်ကြည်နူးပီတိတွေဖြာဝေနေရင်းကြည့်လာ၏။

"အင်း...ကိုယ်...မင်းကိုနောက်တစ်ကြိမ်ထပ်နမ်းချင်တယ်"

"အိပ်ပါတော့!"

ယွီချင့်ဟွမ်၏မျက်နှာသည်ညိုမှောင်လာပြီး လက်တစ်ဖက်ကိုဆန့်တန်းကာ သူ့မျက်နှာကိုနူးညံ့ပျော့အိနေသောစောင်ခြုံထဲသို့ဖိသိပ်လိုက်ပြီး

“ဟွန့် မင်းက ဘယ်တော့မှပြီးဆုံးမှာကိုမဟုတ်ဝောာ့ဘူးမလား?”

သူဟာ အခုပဲသူ့အ​တွေး​တွေကိုသူပြန်ရုတ်သိမ်းလိုက်​တော့သည်​။သူ သူ့အပေါ် ဘယ်သောအခါမှအလိုလိုက်အကြိုက်ဆောင်လို့မရ၊ သူလိုသမျှပေးလို့မရ ဟူ၍!

“အိုး”  ဟော်ချွီမှ စူစူပုတ်ပုတ်လေးတုံ့ပြန်လာပြီးနောက် စောင်ခြုံထဲမှ သူ့ခေါင်းကိုပင့်မော့ရန်ကြိုးစားရုန်းကန်နေခဲ့သည်။ ယွီချင့်ဟွမ်မှ တုံ့ပြန်ရန်အချိန်မရသေးမီတွင် သူဟာ သူ့အားရင်ခွင်ထဲသို့တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားလိုက်ပြီးဖြစ်၏။

ဟော်ချွီမှာ သူ့အားတင်းတင်းကျပ်ကျပ်ဖက်တွယ်ထားသည်မှာ နောက်စက္ကန့်အကြာမှာ ယွီချင့်ဟွမ်ထွက်ပြေးသွားမှာကိုစိုးရွံ့နေသည့်နှယ်။ ယွီချင့်ဟွမ်မှာ နေရထိုင်ရတာအတန်ငယ်အဆင်မပြေဖြစ်နေသဖြင့် အနည်းငယ်လှုပ်ပြီး ကိုယ်အနေအထားပြောင်းရန်ကြံရွယ်လိုက်သည်။ သို့ပေမယ့် သူလှုပ်လိုက်တာနဲ့ ဟော်ချွီမှ ချက်ချင်းပဲပြောလာသည်။

“အိပ်တော့ ချင့်ဟွမ် မလှုပ်နဲ့"

သူဆီ‌ကသင်ယူပြီးသွားတာနဲ့ ချက်ချင်း သူ့အ​ပေါ်ပြန်အသုံးချတယ်ပေါ့!

ယွီချင့်ဟွမ် “…”

နောက်တစ်နေ့မှာ ယွီချင့်ဟွမ်ဟာ  နံနက်အစောကြီးထပြီး ဟော်ချွီကို နံနက်စာလုပ်ပေးသည်။ ဟော်ချွီဗိုက်ပြည့်သွားတာနှင့် သူ့အားကျောင်းလိုက်ပို့၏။

ကားပေါ်မှမဆင်းမီ ဟော်ချွီဟာ ယွီချင့်ဟွမ်အလုပ်ပြီးတာနဲ့ သူ့အားလာကြိုမယ်ဆိုတာကိုသေချာအောင်အထပ်ထပ်အခါခါအတည်ပြုပြီးမှ အထဲကိုအလွန်နှေးကွေးလေးဖင့်စွာလျှောက်ဝင်သွား၏။

"ဒါဖြင့် မင်းတို့ငြိမ်းချမ်းရေးယူခဲ့ပြီပေါ့?"

ကားထဲမှာ ယွီရှင်းက ယွီချင့်ဟွမ်အား လှောင်ပြောင်နေ၏။

"မင်းတို့က အခုကိုယ်ချင်းဆက်အမွှာနဲ့တူနေပြီ ဟီးဟီး"

ယွီချင့်ဟွမ်သည် လျိုကျားအန့်နှင့် 'The Line of Life and Death' ရုပ်ရှင်ပရိုမိုးရှင်းဆင်းမည့်အကြောင်းဆွေးနွေးရန် ယနေ့ချိန်းဆိုထားတာကြောင့် ယွီရှင်းမှာ ဟော်ချွီကိုလည်း တပါတည်းခေါ်ဆောင်လာခဲ့တာဖြစ်သည်။

"ဘာတွေပြောနေတာလဲ?" ယွီချင့်ဟွမ်က ပြုံးလိုက်ပြီး "ကျွန်တော်တို့ လုံးဝရန်မဖြစ်ခဲ့ပါဘူး"

စကားပြောနေရင်း သူ့မျက်လုံးများသည် တက္ကသိုလ်ဝင်ပေါက်တွင်ရှိနေသေးသည်။

ဒီလူသားဟာ အလွန်တရာမှချစ်စဖွယ်ကောင်းပြီး စိတ်ရင်းစစ်မှန်ကာ သူ့အတွက်မဖြစ်နိုင်ဘူးလို့ဆိုနိုင်တဲ့အရာအတော်များများလုပ်ဆောင်ပေးခဲ့သည်။

သူထိတ်လန့်တုန်လှုပ်ပြီး နောက်တွန့်နေရင်တောင်မှ သို့မဟုတ် ကြောက်လန့်နေရင်တောင်မှ သူ့အစစ်အမှန်ကိုရှာဖွေတွေ့နိုင်ရန် အနိုင်မခံအရှုံးမပေးလိုသောသတ္တိခွန်အားတွေကို ဆောင်ကြဉ်းယူဆောင်လာနိုင်သေးသည်ပင်။

ဟော်ချွီမှ ကိုးဆယ့်ကိုးလှမ်းသောခြေလှမ်းများကိုလှမ်းခဲ့ပြီးဖြစ်သည်။ နောက်ဆုံးသောခြေတလှမ်းကိုတော့ ယခု သူလှမ်းဖို့သင့်လေပြီ။

ယွီချင့်ဟွမ်မှာ မျက်လုံးတွေကိုအောက်စိုက်ပြီး သူနောက်တဖန်ထုတ်ဝတ်ဆင်ထားတဲ့ဆွဲသီးလေးကို ညင်သာစွာထိတွေ့လိုက်သည်။ ဟော်ချွီသည် သူ့အတွက်အလွန်အရေးပါပြီး အဖိုးတန်လွန်းသည်။ သူ သူ့ကို နည်းနည်းလေးမှ မထိခိုက်မနာကျင်စေချင်ပေ။

သို့သော် လူသိရှင်ကြားပုဂ္ဂိုလ် (public figure) တစ်ယောက်အနေနှင့် သူဟာလိင်တူသဘောကျသူတယောက်ဖြစ်ကြောင်း အများပြည်သူသိရှိသွားပါက ကဲ့ရဲ့ပြစ်တင်ရှုံ့ချခံရရန်မှာ မလွဲဧကန်ပင်။ သူဒါတွေကိုလုံးလုံးဂရုမစိုက်ပေ။သို့ပေမယ့် ဟော်ချွီပါ ပါဝင်ပတ်သက်နေခဲ့မယ်ဆိုရင်တော့ ဒါသူလက်သင့်မခံနိုင်တဲ့အရာဖြစ်သွားလေပြီ။

ဟော်ချွီမှာ အလွန်တရာကောင်းမွန်တဲ့လူတယောက်ဖြစ်ပြီး သူ့အားနှလုံးသားတခုလုံးပုံအပ်၍ သဘောကျနှစ်သက်ပေးတာဖြစ်၏။သူ သူ့အားအမှောင်ထဲမှာဖုံးကွယ်ထားပြီး အလင်းရောင်ထဲဘယ်သောအခါမှထွက်မလာစေဖို့ သူဘယ်လိုများလုပ်ရက်နိုင်မတဲ့လဲ?

ဒါကြောင့် ကိစ္စတွေကိုတတ်နိုင်သမျှအမြန်ဆုံးအဆုံးသတ်ရမည်။ဒါက တကယ့်ပြဿနာအကြီးစားတခုပင်။ ယွီချင့်ဟွမ်မှာသက်ပြင်းချလိုက်ပြီး မျက်လုံးများကိုမှိတ်ကာ သူ့ခေါင်းကိုပွတ်သပ်လိုက်၏။

ဒါပေမယ့် ဘယ်လိုပင်ခက်ခဲသည်ဖြစ်ပါစေ သူတို့အနာဂတ်အတွက် သူ ဒါကိုလုပ်ကိုလုပ်ဆောင်ရမည်ဖြစ်ချေ၏။
 
ယွီချင့်ဟွမ်ကိုမြင်လိုက်သည်နှင့် လျိုကျားအန့်က ချက်ချင်းပဲ ချီးကျုးလာသည်။

"ငါ Orange ကို ကြည့်ခဲ့ပြီးပြီ.. ချင့်ဟွမ် မင်းကောင်းကောင်းလုပ်နိုင်ခဲ့တယ်! ဒီလောက်မြင့်မားတဲ့ Box Office ရဖို့ဆိုတာ အတော်လေးကျိုးကြောင်းဆီလျော်ပါတယ်”

ယွီချင့်ဟွမ်မှာ သူ့ကိုပြုံးပြပြီး မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်၏။ သူဟာ လျိုကျားအန့်အတွက် လက်ဖက်ရည်နည်းနည်းထပ်ဖြည့်ပေးလိုက်ပြီးဆိုလိုက်သည်။

"ဒါတွေအားလုံးက ဒါရိုက်တာကြီးရဲ့လမ်းညွှန်ပြသမှု ကျေးဇူးတွေကြောင့်ပါပဲ"

ဤသည်မှာ သမရိုးကျချီးကျူးစကားလေးတခွန်းမဟုတ်ရပေ။ 'The Line of Life and Death' ကိုရိုက်ကူးတုန်းက လျိုကျားအန့်မှာ တော်တော်လေးတင်းကြပ်ခဲ့သည်။ ဇာတ်ဝင်ခန်းတိုင်းကို သူစိတ်တိုင်းမကျမချင်းထပ်ခါထပ်ခါရိုက်ကူးခဲ့၏။

မျက်လုံးထဲက သိမ်မွေ့ညင်သက်သောအမူအရာလေးတစ်ခုကတောင်မှ သူ၏စံနှုန်းများနှင့်ပြည့်မီနေရမည်ဖြစ်ရာ ထိုအရာမှာ ယွီချင့်ဟွမ်သရုပ်ဆောင်စွမ်းရည်ကိုပုံသွင်းပေးနိုင်ခဲ့၏။

ဒါကြောင့်လည်း စိတ်ခံစားချက်ကိုပုံဖော်ပြသဖို့ရာ မျက်လုံးချင်းစကားပြောဆိုရန်အများကြီးလိုအပ်တဲ့ Orange လိုဇာတ်ကားမျိုးမှာ သူကောင်းကောင်းကြီးလုပ်ဆောင်နိုင်ခဲ့တာဖြစ်၏။

လျိုကျားအန့်မှ ရယ်လိုက်ပြီး သူ၏မူလက အေးတိအေးစက် အလေးအနက်ရုပ်သွင်ပြင်မှာ တခဏအတွင်းမှာအများကြီးနူးညံ့သိမ်မွေ့လာတော့သည်။

မင်းသားမင်းသမီးပေါင်းများစွာနှင့် သူလက်တွဲခဲ့ဖူးပေမယ့် အနည်းငယ်သောသူမျှသာ ယွီချင့်ဟွမ်လို့လယ်ဗယ်တခုအထိ တက်လှမ်းအောင်မြင်နိုင်တာဖြစ်သည်။ ဒါဟာသူရဲ့လမ်းညွှန်မှုကြောင့်သာမဟုတ်ဘဲ ယွီချင့်ဟွမ်ရဲ့ပြင်းပြတဲ့ကြိုးစားအားထုတ်မှုနဲ့ သူကိုယ်တိုင်ရဲ့တင်းကျပ်တဲ့စံသတ်မှတ်ချက်တွေကြောင့်သာဖြစ်၏။

အများကြီးပိန်ကျသွားသော သူ့မျက်နှာကိုကြည့်မိလိုက်တော့ လျိုကျားအန့်စိတ်ထဲတွင် ရှုပ်ထွေးသောခံစားချက်အချို့ ရှိလာသည်။ယွီချင့်ဟွမ်ကို သူသိတာ နှစ်တဝက်တောင်မပြည့်သေး။ သို့သော် ထိုတိုတောင်းလှသောအချိန်လေးအတွင်းမှာပင် ယွီချင့်ဟွမ်သည် လူသိနည်းသောမျက်နှာသစ်တစ်ဦးအဖြစ်မှ ထိပ်တန်းငွေကြယ်ပွင့်အဖြစ်သို့ ရောက်ရှိလာခဲ့သည်။

သူတောင်မှ နဂိုမူလရုပ်ရှင်ပရိုမိုးရှင်းဆင်းသည့်အစီအစဉ်ကို မွမ်းမံပြင်ဆင်ပြီး သူ့အားထည့်သွင်းခဲ့ရ၏။ယွီချင့်ဟွမ်၏ ကံကောင်းခြင်းကို လူတိုင်းကမနာလိုဖြစ်ကြသည်။

သို့ပေမယ့် သူတို့မသိခဲ့သည်မှာ ယွီချင့်ဟွမ်ရဲ့ ကြီးမားတဲ့အောင်မြင်မှုနောက်ကွယ်မှာ သူ့ရဲ့အပတ်တကုတ်ကြိုးစားအားထုတ်မှုရှိနေတယ်ဆိုတာကိုပင်။ ရုပ်ရှင်ဇာတ်ကားတစ်ကားအတွက် သူ့ပုံရိပ်ကို စတေးလိုသောအနုပညာကြယ်ပွင့်မှာ အနည်းငယ်သာရှိလိမ့်မည်။

'The line of Life and Death' သည် Orange နှင့်မတူဘဲ ပရိုမိုးရှင်းကာလသည် တစ်လကျော်ကြာမည်ဖြစ်သည်။ထိုတစ်လကျော်ကာလအတွင်း ယွီချင့်ဟွမ်သည် Roadshow များ၊ အမျိုးမျိုးသော Varirty Show များကိုတက်ရောက်ရမည်ဖြစ်ကာ သို့မဟုတ်ပါက ရုပ်ရှင်ကိုလူထုကြော်ငြာဝင်ရန်အတွက် ဇာတ်ကားအဖွဲ့သားများအားလုံးနှင့်အတူ တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်ရမည်ဖြစ်သည်။

ယွီချင့်ဟွမ်သည် ဤအရာအားလုံးကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်တာကြောင့် လျိုကျားအန့်ပြောတာကိုကြားလိုက်သောအခါ လုံးဝမအံ့သြမိပေ။ လိုအပ်သည့် အရေးကြီးအချက်အလက်များကိုချရေးနေစဉ်အချိန်အတောအတွင်းမှာ သူ့အချိန်တွေကို မည်သို့စီမံခန့်ခွဲရမည်ဆိုတာကိုအစီအစဉ်ချနေ၏။

"အော် ဟုတ်သား"

ရုပ်ရှင်ပရိုမိုးရှင်းအကြောင်းပြောပြီးနောက် လျိုကျားအန့်သည် လက်ဖက်ရည်တစ်ငုံသောက်ကာ စာချုပ်နှစ်စောင်နှင့်ဇာတ်ညွှန်းတစ်ခုကို အိတ်ထဲကထုတ်ယူကာ ယွီချင့်ဟွမ်အားဆိုလာသည်။

"ဒါက 'How to  Love You' ရဲ့ ဇာတ်ညွှန်းအပြည့်အစုံပဲ.. ပြဿနာတခုခုမရှိဘူးဆိုရင် ဒီနေ့ပဲငါတို့စာချုပ်ချုပ်ကြရအောင် ပြီးတာနဲ့ ရှုတင်စမယ့်ရက်ကို ဇွန်လ ၁၅ ရက်နေ့ ရှေ့တိုးထားတယ်”

ဒီတော့ ဒါကနွေဦးပွဲတော်ကိုမှီအောင်လား? ယွီချင့်ဟွမ်ကတော့သေချာသလောက်ရှိနေ၏။သူဟာ စာချုပ်မိတ္တူတစ်စောင်ကို ယွီရှင်းဆီကိုပေးလိုက်ပြီး အခြားကော်ပီကို ဂရုတစိုက်စတင်ဖတ်ရှုနေခဲ့သည်။သူ့သရုပ်ဆောင်အခကြေးငွေကို မြင်လိုက်ရတဲ့အခါ သူတန့်သွားရသည်။

Orange ကို ရိုက်ကူးတုန်းက ကျောက်ရွေက သူ့ကို ၈၅၀၀၀၀ သာပေးခဲ့ပြီး အခု 'How to Love You' မှာတော့ သူ့ရဲ့သရုပ်‌ဆောင်ခမှာ ၈ သန်းအထိ ထိုးတက်သွားခဲ့လေပြီ!

သူ့စိတ်ကိုကြိုတင်ပြင်ဆင်ထားတောင်မှ အံ့သြနေမိတုန်းပင်။

လျိုကျားအန့်သည် သူသရုပ်ဆောင်ကြေးနှင့်ပတ်သက်၍ စိတ်ကျေနပ်မှုမရှိဟုအထင်ရောက်ကာ ချောင်းတချက်ဆိုးလိုက်ပြီးပြောလာ၏။

"ချင့်ဟွမ် ဒါငါတတ်နိုင်တဲ့အမြင့်ဆုံး‌ကြေးပဲ"

အမှန်တကယ်တော့ ‌စာချုပ်ချုပ်ဆိုဖို့ သူ့မှာယုံကြည်မှုသိပ်မရှိခဲ့ပေ။ ယွီချင့်ဟွမ်နာမည်ကြီးလာတာ အရမ်းကိုမြန်လွန်း၏။ Orange ဟာ သူ့ကို ဒီနယ်ပယ်အသိုင်းအဝိုင်းထဲ လူသိများအောင်အထောက်အကူပေးခဲ့တယ်ဆိုရင် The Line of Life and Death ကတော့…

လျိုကျားအန့်သည် သူ့ရုပ်ရှင်ကိုအကြွင်းမဲ့ယုံကြည်မှုရှိသည်။ သူမျှော်မှန်းထားသလောက် Box-office သန်း ၈၀၀ အနည်းဆုံးရနိုင်မည်ဖြစ်၏။ ထိုအချိန်ရောက်လာရင် ယွီချင့်ဟွမ်၏သရုပ်ဆောင်ကြေးကလည်း ဆက်လက်မြင့်တက်လာဦးမှာပင်။ ဒါကြောင့်မို့ အခုချိန်မှာ သူ့ကိုလက်မှတ်ထိုးထားဖို့ သူအခွင့်ကောင်းယူခဲ့တာဖြစ်၏။

"ကျွန်တော်သိပါပြီ"

ကံကောင်းထောက်မစွာဖြင့် ယွီချင့်ဟွမ်သည် တွက်ချက်တတ်သူတယောက်မဟုတ်ပေ။ စာချုပ်မှာ ပြဿနာမရှိတာသေချာတာနှင့် သူဟာ သူ့နာမည်ကို လက်မှတ်ရေးထိုးလိုက်ရာ လျိုကျားအန့်အား သူ့နှလုံးသားပေါ်တွင်လေးလံဖိစီးနေသော ကျောက်တုံးကြီးတစ်တုံးကို ဖယ်ရှားခံလိုက်သလိုမျိုး စိတ်သက်သာရာရသွားစေခဲ့သည်။

လျိုကျားအန့်သည် ယခုတလော အလွန်အလုပ်များနေခဲ့တာမို့ စာချုပ်ချုပ်ပြီးတာနဲ့ ချက်ချင်းပဲထွက်ခွာသွား၏။ ယွီချင့်ဟွမ် က သူ့လက်ပတ်နာရီကိုငုံ့ကြည့်လိုက်သည်။ အချိန်ကျန်နေသေးတာကြောင့် Ada မှာ သူ့နာရီကိုအရင်သွားယူဖို့ ဆုံးဖြတ်လိုက်၏။

အိမ်မှာရှိနေတဲ့တယောက်ဟာ ထိုအရာကိုတစ်ညလုံးမျှော်လင့်စောင့်စားနေခဲ့သည်။ မနက်အစောကြီးကတည်းက သူဘယ်အချိန်လောက်နာရီရမလဲဟု ပေါ့ပေါ့ပါးပါးမေးနေသည့်ဟန် ထုတ်၍ မေးလာသေးသည်။ နာရီသာမရခဲ့ရင် သူဒီညတစ်ညလုံး အိပ်မပျော်မည့်ပုံရှိ၏။

"ကော  Ada ကိုအရင်သွားပါ"

ထိုင်ခုံခါးပတ်ကိုပတ်ပြီးတာနှင့် ယွီချင့်ဟွမ်မှာ ယွီရှင်းဘက်သို့ လှည့်ကာထိုသို့ပြောလိုက်သည်။သူပြောတာကိုမကြားလိုက်ရသလိုမျိုးပဲ ယွီရှင်းကဘာမှပြန်မဖြေပေ။

ယွီချင့်ဟွမ်မှ ထပ်မံခေါ်လိုက်ပြန်၏။

"ကော?"

ယွီရှင်းဘက်က နောက်ဆုံးမှာ တုံ့ပြန်မှုများပြန်လာခဲ့သော်လည်း ယခုတစ်ခေါက်မှာတော့ အတော်လေးဒရာမာဆန်နေ၏။သူ့ခြေထောက်တွေကိုသူပြင်းပြင်းထန်ထန်ပြန်ရိုက်ပုတ်နေရင်း အဆီတွေနှင့်မျက်နှာဖောင်းဖောင်းကားကားကြီးမှာ ကြည်နူးပီတိအဟုန်ကြောင့် တုန်ခါနေရင်းက

"ချင့်ဟွမ် အခု မင်းရဲ့သရုပ်ဆောင်ကြေးက ၈ သန်း အထိတက်သွားပြီလား? ဇာတ်ပို့အနေနဲ့ကိုလေ?"

သရုပ်ဆောင်တွေရဲ့အခ‌ကြေးငွေစံသတ်မှတ်ချက်က ငါးသန်းသာဖြစ်၏။ ယွီချင့်ဟွမ်မှ ဤအဆင့်ကိုကျော်ဖြတ်နိုင်ရန် အနည်းဆုံးနှစ်တချို့လိုလိမ့်ဦးမည်ဟု သူထင်မှတ်ထားခဲ့သည်။သို့ပေမယ့် မထင်မှတ်ထားစွာ သူဟာ ဒီတကွက်မှာပဲ အောင်မြင်စွာဖြတ်ကျော်သွားခဲ့နိုင်ပြီးလေပြီ။ စာချုပ်ချုပ်ပြီးတာတောင်မှ သူမယုံနိုင်သေးသလိုပင်။

“အမ်း” ယွီချင့်ဟွမ်မှ ပေါ့ပေါ့‌ပါးပါးပြန်လည်တုံ့ပြန်ဖြေကြားလာပြီး ခေါင်းစဉ်ပြောင်းလိုက်၏။

“ကျွန်တော် မနေ့ကနာရီတစ်လုံးဝယ်ခဲ့တာ အဲဒါကို Ada မှာသွားယူမလို့"

 “အိုး” ယွီရှင်းက သူ့လက်ကို ပေါ့ပေါ့တန်တန်ယမ်းခါပြလိုက်ပြီး

"နာရီလေးတလုံးပဲဟာကို မင်းလိုချင်သလောက်ဝယ်စမ်းပါ"

ခေတ္တနေပြီးနောက် သူကမေးလာသည်။

“ဘယ်လောက်လဲ”

ယွီချင့်ဟွမ်မှာ ဇိမ်ခံပစ္စည်းမက်မောတတ်သူတယောက်မဟုတ်တာကြောင့် ယွီရှင်းမှ သူ့အားဤမေးခွန်းမျိုးထုတ်မေးရန် ဖိအားမရှိပေ။ သို့ပေမယ့် သူဘယ်တုန်းကမှမမျှော်လင့်ထားမိတဲ့အရာမှာ ယွီချင့်ဟွမ်မှာ သူ့အားဗုံးမိုးကြဲချလိမ့်မည်ကိုဆိုတာကိုပင်...

"ကျွန်တော့်ဘဏ်အကောင့်ထဲမှာ ရှိရှိသမျှပိုက်ဆံအားလုံး"

ယွီရှင်း "!!!"

မနေ့ညတုန်းက သူ ဟော်ချွီကိုယွီချင့်ဟွမ်နဲ့အတူ သွားကြိုပြီးတာနှင့် ယွီရှင်းမှာကမန်းကတန်းပဲထွက်ခွာသွားခဲ့၏။ သူဟာ ယွီချင့်ဟွမ်ဆီကိုအကြည့်လေးတစ်ချက်တောင်မှ နောက်ထပ်မစွန့်ကြဲချင်ပေ။

သူတို့ဟာတညတည်းနဲ့ ငမွဲစာရင်းဝင်သွားရခြင်းမှာ သူ့အတွက်တကယ့်ကိုကြီးမားတဲ့ထိုးနှက်ချက်ကြီးတရပ်ဖြစ်နေတာကြောင့် သူခုထက်ထိမကျော်လွှားနိုင်သေးသလိုဖြစ်နေ၏။

ယွီချင့်ဟွမ်အိမ်ပြန်ရောက်ပြီး လုံခြုံရေးတံခါးကိုဖြတ်ကျော်လိုက်ရုံတင်ရှိသေးချိန်မှာ ဟော်ချွီသည် မျက်နှာပေါ်တွင် စိတ်လှုပ်ရှားပျော်ရွှင်ခြင်းများစွာဖြင့် ယွီချင့်ဟွမ်ဆီကိုခုန်ဝင်လာ၏။ သူနောက်ဘာပြောတော့မယ်ဆိုတာကိုသိနေတဲ့အတွက် သူမပြောခင် ယွီချင့်ဟွမ်မှအရင် နာရီကိုထုတ်ယူလိုက်ပြီး သူ့အတွက်ဝတ်ဆင်ပေးလိုက်သည်။

"ကြိုက်လား?"

မျက်နှာပေါ်တွင် သိသာထင်ရှားသောပျော်ရွှင်မှုများစွာဖြင့် ဟော်ချွီမှာ နာရီကိုဂရုတစိုက်ထိတွေ့ကိုင်တွယ်နေပြီး ခေါင်းတွေတရစပ်ညိတ်ပြနေ၏။

“ကြိုက်တယ်!”

တအောင့်နေသော် သူက ယွီချင့်ဟွမ်ကို မော်ကြည့်လာပြီး အတော်လေးအလေးအနက်ရှိလှသော လေသံဖြင့်ပြောလာသည်။

"မင်းဆီကဖြစ်နေသရွေ့ ကိုယ်အားလုံးကိုသဘောကျတယ်" 

ယွီချင့်ဟွမ်သည် သူ့စကားကြောင့် အလွန်နွေးထွေးသွားရသည်။ သူက ဟော်ချွီကိုဆွဲပြီး ဆိုဖာပေါ်တွင်ထိုင်ခိုင်းလိုက်သည်။ သူအရမ်းပျော်နေတာကိုမြင်တော့ ယွီချင့်ဟွမ်မှာ နောက်ဆက်တွဲသတင်းစကားကိုထုတ်ပြောရန်တောင် သူ့နှလုံးသားလေးက တကယ်မပြောရက်တော့သလိုဖြစ်လာရ၏။

ဒါပေမယ့် အနှေးနဲ့အမြန်ဆိုသလို သူထုတ်ဖော်
ပြောကြားရမှာပင်။ထို့ကြောင့် သူ့စိတ်ထဲတွင်စကားလုံးများကိုစုစည်းပြီးနောက် ဆိုလိုက်သည်။

"ဟော်ချွီ ငါ့ဆီမှာသိပ်နားထောင်လို့မကောင်းတဲ့သတင်းတချို့ရှိနေတယ်..."

သူစကားမဆုံးခင် ဟော်ချွီမှာ သတိအနေအထားဖြင့်တောင့်တင်းသွားရ၏။

"ချင့်ဟွမ် မင်းကိုယ့်ကိုအဝေးတွန်းထုတ်ဖို့လား?"

"ဘယ်လိုဟုတ်ရမှာလဲ?"

ယွီချင့်ဟွမ်က သူ့ခေါင်းလေးကိုလှမ်းပွတ်သပ်ပေးလိုက်ပြီး သူ့စိတ်ထဲ သူ့ကိုယ်သူပိတ်ကန်ချင်သွားရသည်။ သူ ကိစ္စတွေကို ကောင်းကောင်းမကိုင်တွယ်နိုင်ခဲ့တာကြောင့် ဟော်ချွီစိတ်ထဲ အရမ်းကိုလုံခြုံမှုမရှိသလိုခံစားနေခဲ့ရရှာလိမ့်မည်။ သူ့အမှားကို သူပြန်ဖာထေးရန် ကြိုးပမ်းလိုက်၏။

"ငါ မင်းကို နောက်ဘယ်သောအခါမှအဝေးတွန်းထုတ်တော့မှာမဟုတ်ဘူး"

ဟော်ချွီပါးချိုင့်လေးပြန်ပေါ်လာတာကိုကြည့်နေရင်း ယွီချင့်ဟွမ်မှာ သူပြောချင်တဲ့စကားတွေကိုခက်ခက်ခဲခဲဖြစ်ညှစ်ထုတ်လိုက်ရသည်။

"ဒါပေမယ့် နောက်အချိန်အကြာကြီး ငါအိမ်မှာရှိလိမ့်မှာမဟုတ်ဘူး ငါရုပ်ရှင်ပရိုမိုးရှင်းသွားဆင်းသွားရတော့မယ် ပြီးရင် ရုပ်ရှင်အသစ်ရိုက်ဖို့လဲရှိနေတယ်"

ဟော်ချွီမျက်နှာပေါ်ရှိ အပြုံးမှာတဖြည်းဖြည်းမှေးမှိန်လာသည်။

ယွီချင့်ဟွမ်နှလုံးသားမှာ လှပ်ခနဲတချက်ခုန်သွား၏။ သူ့ဦးနှောက်တွေကိုအရည်ပျော်မတက်အလုပ်ပေးပြီး တဖက်သူအားနှစ်သိမ့်ဖို့ကြိုးစားလိုက်ချိန်မှာ ဟော်ချွီမှ ရုတ်တရက်လက်တွေဆန့်တန်းပြီး သူ့အားရင်ခွင်ထဲကို ဆွဲသွင်းဖက်ထားလိုက်တော့သည်။

​နောက်​တစ်​စက္ကန့်အကြာမှာ သူ့ခေါင်းထက်တွင် အသံတစ်​ခုထွက်​ပေါ်လာ၏။

"ကိစ္စမရှိပါဘူး ချင့်ဟွမ် ဘယ်လောက်ကြာကြာ ကိုယ်မင်းကိုအိမ်ကစောင့်နေမယ် မင်းပြန်လာမယ်ဆိုသရွေ့ပေါ့"

~~~~~~~~~~~

[Zawgyi]

ခုခ်ိန္က ည ၁၁နာရီေတာင္ထိုးေနေလၿပီ။ ယြီခ်င့္ဟြမ္ကေတာ့ ေသခ်ာေပါက္ကို ေဟာ္ခြၽီအားတေယာက္တည္းအိမ္ျပန္ခြင့္ျပဳမွာမဟုတ္ေပ။ ေဟာ္ခြၽီအား သူ႔ညအိပ္ဝတ္စုံႏွင့္အတြင္းခံအသစ္ ထုတ္လဲဝတ္ခိုင္း လိုက္ၿပီးေမးလိုက္၏။

"ဘယ္ဘက္ျခမ္းမွာအိပ္ခ်င္လဲ?"

ဒါဟာ ေဟာ္ခြၽီမွပထမဆုံးအႀကိမ္ ယြီခ်င့္ဟြမ္အဝတ္အစားေတြကိုယူဝတ္ဖူးျခင္းပင္။ ေျခဖ်ားလက္ဖ်ားမ်ားအနည္းငယ္တိုေနၿပီး အတြင္းခံေဘာင္းဘီမွာသက္ေတာင့္သက္သာသိပ္မရွိသလိုျဖစ္ေနေပမယ့္ သူ႔ႏွလုံးသားထဲမွာေတာ့အလြန္တရာခ်ိဳၿမိန္ေနဆဲျဖစ္၏။

ယြီခ်င့္ဟြမ္သည္လည္း ဒီညအိပ္ဝတ္စုံကိုဝတ္ဆင္ဖူးတယ္လို႔ေတြးမိလိုက္႐ုံႏွင့္တၿပိဳင္နက္ ေဟာ္ခြၽီခႏၶာကိုယ္မွာ ထိန္းခ်ဳပ္မရေလာက္ေအာင္ ပူျပင္းေတာက္ေလာင္လာသလိုခံစားေနရ၏။

ယြီခ်င့္ဟြမ္မွ သူ႔ေခါင္းအုံးကိုသပ္သပ္ရပ္ရပ္ပုံစံတက်ျဖစ္ေအာင္လုပ္ေနခ်ိန္တိုေတာင္းလွေသာအခ်ိန္ေလးအတြင္းမွာ သူဟာမ်က္ႏွာေတြနီျမန္းေန
ရက္သားက အက်ႌလက္ဖ်ားေတြကိုအျမန္ေခါက္တင္လိုက္ၿပီး ဟမ္းစတားေပါက္ေလးတစ္ေကာင္ကဲ့သို႔ တရႈံ႕ရႈံ႕အနံ႔ခံလိုက္ကာ စိတ္ေက်နပ္ႏွစ္သိမ့္စြာျဖင့္ မ်က္လုံးမ်ားကိုေမွးစင္းထားလိုက္ေတာ့သည္။

ဘယ္လိုျဖစ္လို႔ ခ်င့္ဟြမ္ရဲ႕အက်ီေလးေတြကေတာင္မွ ဒီေလာက္ရနံ႔ေလးသင္းေနရတာပါလိမ့္?

"ေဟာ္ခြၽီ? မင္းဘာေတြေတြးေနတာလဲ?"

ဘာစကားမွျပန္မေျပာပဲ မီးနဲ႔အကင္ခံထားရသလိုမ်ိဳးနီျမန္းျမန္းမ်က္ႏွာျဖင့္ ေနရာမွာတင္ငုတ္တုတ္ေမ့ေနသည့္ သူ႔အားျမင္ေလေသာ္ ယြီခ်င့္ဟြမ္မွာမေနႏိုင္ေတာ့ပဲ သူ႔နဖူးျပင္ကိုခတ္ဆက္ဆက္ေလး႐ိုက္ခ်လိုက္၏။

"တစ္ခုခုေျပာရင္ေျပာ မဟုတ္ရင္ဆိုဖာေပၚမွာပဲအိပ္ရမယ္"

ထိုၿခိမ္းေျခာက္မႈမွာ ေဟာ္ခြၽီအေပၚ အမွန္တကယ္အလုပ္ျဖစ္သြားခဲ့၏။ ယြီခ်င့္ဟြမ္စကားဆုံး႐ုံရွိေသးခ်ိန္မွာ သူဟာကုတင္ေပၚသို႔လႊားခနဲခုန္တက္သြားၿပီျဖစ္ကာ ေစာင္ထဲသို႔လွစ္ခနဲဝင္ေရာက္သြားၿပီး ေတာက္ပတဲ့မ်က္ဝန္းတစ္စုံကိုသာခ်န္လွပ္ထား၏။

"ဘယ္ဘက္အျခမ္းမွာျဖစ္ျဖစ္ အဆင္ေျပတယ္"

တေအာင့္ေလာက္ရွိေသာ္ သူကတီးတိုးေလသံျဖင့္ေျပာလာျပန္သည္။

“မင္းနဲ႔အတူအိပ္ရသေ႐ြ႕”

ေစာင္ကိုဆြဲလွန္ေနတဲ့ ယြီခ်င့္ဟြမ္ရဲ႕လက္မ်ားမွာ ေခတၱမွ်ရပ္တန္႔သြားရသည္။ ထို႔ေနာက္တြင္ သူ၏ေဘးတိုက္ေနရာမွာဝင္လွဲေလ်ာင္းလိုက္ၿပီး ႏူးညံ့ေသာအၿပဳံးေလးျဖင့္ တဖက္သူအားၾကည့္ေနကာ

"ဒီေလာက္ေတာင္ေပ်ာ္ေနဖို႔ သင့္ျမတ္ရဲ႕လား"

သူ႔စကားကိုၾကားေတာ့ ေဟာ္ခြၽီကေတြးေတာင္မေနပဲမဆိုင္းမတြေခါင္းညိတ္ျပလာသည္။ ယြီခ်င့္ဟြမ္ရဲ႕ႏူးညံ့လွပတဲ့မ်က္ဝန္းေတြထဲကို ရင္ဆိုင္ၾကည့္မိလိုက္စဥ္ သူ႔ႏွလုံးသားထဲ ႐ုတ္တရက္ေျဗာင္းဆန္ေအာင္ခုန္ေပါက္လာေတာ့သည္။

အခုည ခ်င့္ဟြမ္မွာ ပုံမွန္ထက္ထူးထူးကဲကဲ ပိုႏူးညံ့ညင္သာေနပုံေပါက္သည္ ... အထူးသျဖင့္ သူ႔အေပၚကိုပင္.. ဒါေၾကာင့္မို႔...

ေဟာ္ခြၽီမွာ မ်က္လုံးမ်ားေအာက္စိုက္ခ်ထားၿပီး ရွက္စိတ္ေၾကာင့္မ်က္ေတာင္ေလးေတြပုတ္ခတ္ပုတ္ခတ္လုပ္ေနကာ

"ကိုယ္...တကယ္ေတာ့...ကိုယ္ပိုေပ်ာ္ႏိုင္ေသးတယ္"

ယြီခ်င့္ဟြမ္မွာ "ဟမ္?" ဟူ၍ နားမလည္ႏိုင္စြာျဖင့္ မ်က္ခုံးမ်ားပင့္တင္မိလိုက္၏။

​ေနာက္​တစ္​စကၠန႔္အၾကာမွာ အရိပ္​တစ္​ခုဟာသူ႔​ေခါင္း​ေပၚကေန ႐ုတ္တရက္အုပ္မိုးက်လာသည္​။ ေဟာ္ခြၽီမွာ သူ႔ေခါင္းကို ေဘးတဖက္တခ်က္စီမွ လက္ႏွစ္ဖက္ျဖင့္ခ်ဳပ္ကိုင္ထားၿပီး စိတ္လိုက္မာန္ပါေခါင္းငုံ႔လာကာ သူ႔ႏႈတ္ခမ္းမ်ားအေပၚသို႔ ညင္ညင္သာသာအနမ္းတခုကို ခပ္ဖြဖြေႁခြသြားခဲ့သည္။

ၿခဳံခိုတိုက္ခိုက္မႈေအာင္ျမင္ခဲ့ေပသည္။ ေဟာ္ခြၽီ၏ ပါးျပင္တခုလုံးမွာ နီျမန္းလာၿပီးေနာက္တြင္ သူဟာ ယြီခ်င့္ဟြမ္၏ခႏၶာကိုယ္ကိုအေပၚကတက္ဖိၿပီး ေလာင္ၿမိဳက္ေနေသာသူ႔မ်က္ႏွာကို ခ်င့္ဟြမ္၏ လည္တိုင္ခ်ိဳင့္ဝွမ္းေနရာေလးဆီမွာ ျမႇဳပ္ကြယ္ထားလိုက္သည္။

သူ႔လက္ေတြမွာလည္းအၿငိမ္မေနပဲ ႐ိုးတိုးရိပ္တိပ္ဂ႐ုတစိုက္ျဖင့္ ခ်င့္ဟြမ္လက္မ်ားရွိရာဆီေ႐ႊ႕လ်ားလာၿပီး ခ်င့္ဟြမ္လက္ေလးေတြကို သူ႔လက္ဖဝါးထဲဆြဲယူဆုပ္ကိုင္ထားလိုက္၏။

သူ႔ခႏၶာကိုယ္မွာသန္မာၿပီးေႏြးေထြးေနသည္။သူ႔အတြက္ အနည္းငယ္ေလးလံေနေပမယ့္ ၎သည္ ယြီခ်င့္ဟြမ္အား ဘာနဲ႔မွေျပာင္းလဲလို႔မရမယ့္ လုံၿခဳံေႏြးေထြးမႈစိတ္ခံစားခ်က္ကိုေပးစြမ္း၏။ ယြီခ်င့္ဟြမ္မွာပင့္သက္တစ္ခုခ်လိုက္ၿပီး သူ႔မ်က္ႏွာကိုေဘးတေစာင္းလွည့္လာကာ ေဟာ္ခြၽီရဲ႕ဆံႏြယ္‌ေလးေတြကိုပြတ္သပ္လိုက္သည္။

"ကဲ အခုမင္းပိုေပ်ာ္သြားၿပီဆိုေတာ့ အိပ္ဖို႔အခ်ိန္တန္ၿပီ"

ကမာၻေလာကႀကီးတခုလုံးမွာ ဒီလူသားတေယာက္သာ သူအားတကယ့္ကိုျငင္းဆန္ေတာ္လွန္ႏိုင္ျခင္းအလ်ဥ္းမရွိေအာင္ျဖစ္ေစ၏။

ရွိေစေတာ့! သူ႔ကိုခြင့္ျပဳေပးလိုက္ပါေတာ့မယ္ သူေတာင္းဆိုတာရွိလာသေ႐ြ႕ သူေပ်ာ္ေနသေ႐ြ႕ကေတာ့ ေရႀကီးမိုးၿပိဳတာပဲျဖစ္ျဖစ္ မီးေတာင္ေပါက္ကြဲတာျဖစ္ျဖစ္ သူအားလုံးကိုေက်ေက်နပ္နပ္ႀကီးျဖည့္ဆည္းေပးမွာပင္။

ခ်င့္ဟြမ္မွာ ဒီတစ္ခါေတာ့ သူ႔အားေဒါသမထြက္သလို တြန္းလည္းတြန္းမထုတ္ေပ။ေဟာ္ခြၽီမွာ အေပ်ာ္လြန္စြာေခါင္းေမာ့လာၿပီး ယြီခ်င့္ဟြမ္အား မ်က္လုံးမ်ားထဲတြင္ၾကည္ႏူးပီတိေတြျဖာေဝေနရင္းၾကည့္လာ၏။

"အင္း...ကိုယ္...မင္းကိုေနာက္တစ္ႀကိမ္ထပ္နမ္းခ်င္တယ္"

"အိပ္ပါေတာ့!"

ယြီခ်င့္ဟြမ္၏မ်က္ႏွာသည္ညိဳေမွာင္လာၿပီး လက္တစ္ဖက္ကိုဆန႔္တန္းကာ သူ႔မ်က္ႏွာကိုႏူးညံ့ေပ်ာ့အိေနေသာေစာင္ၿခဳံထဲသို႔ဖိသိပ္လိုက္ၿပီး

“ဟြန္႔ မင္းက ဘယ္ေတာ့မွၿပီးဆုံးမွာကိုမဟုတ္ေဝာာ့ဘူးမလား?”

သူဟာ အခုပဲသူ႔အ​ေတြး​ေတြကိုသူျပန္႐ုတ္သိမ္းလိုက္​ေတာ့သည္​။သူ သူ႔အေပၚ ဘယ္ေသာအခါမွအလိုလိုက္အႀကိဳက္ေဆာင္လို႔မရ၊ သူလိုသမွ်ေပးလို႔မရ ဟူ၍!

“အိုး”  ေဟာ္ခြၽီမွ စူစူပုတ္ပုတ္ျဖင့္တုံ႔ျပန္လာၿပီးေနာက္ ေစာင္ၿခဳံထဲမွ သူ႔ေခါင္းကိုေမာ့ရန္ႀကိဳးစား႐ုန္းကန္ေနခဲ့သည္။ ယြီခ်င့္ဟြမ္မွ တုံ႔ျပန္ရန္အခ်ိန္မရေသးမီတြင္ သူဟာ သူ႔အားရင္ခြင္ထဲသို႔တင္းတင္းက်ပ္က်ပ္ေပြ႕ဖက္ထားလိုက္ၿပီးျဖစ္၏။

ေဟာ္ခြၽီမွာ သူ႔အားတင္းတင္းက်ပ္က်ပ္ဖက္တြယ္ထားသည္မွာ ေနာက္စကၠန႔္အၾကာမွာ ယြီခ်င့္ဟြမ္ထြက္ေျပးသြားမွာကိုစိုး႐ြံ႕ေနသည့္ႏွယ္။ ယြီခ်င့္ဟြမ္မွာ ေနရထိုင္ရတာအတန္ငယ္အဆင္မေျပျဖစ္ေနသျဖင့္ အနည္းငယ္လႈပ္ၿပီး ကိုယ္အေနအထားေျပာင္းရန္ႀကံ႐ြယ္လိုက္သည္။ သို႔ေပမယ့္ သူလႈပ္လိုက္တာနဲ႔ ေဟာ္ခြၽီမွ ခ်က္ခ်င္းပဲေျပာလာသည္။

“အိပ္ေတာ့ ခ်င့္ဟြမ္ မလႈပ္နဲ႔"

သူဆီ‌ကသင္ယူၿပီးသြားတာနဲ႔ ခ်က္ခ်င္း သူ႔အ​ေပၚျပန္အသုံးခ်တယ္ေပါ့!

ယြီခ်င့္ဟြမ္ “…”

ေနာက္တစ္ေန႔မွာ ယြီခ်င့္ဟြမ္ဟာ  နံနက္အေစာႀကီးထၿပီး ေဟာ္ခြၽီကို နံနက္စာလုပ္ေပးသည္။ ေဟာ္ခြၽီဗိုက္ျပည့္သြားတာႏွင့္ သူ႔အားေက်ာင္းလိုက္ပို႔၏။

ကားေပၚမွမဆင္းမီ ေဟာ္ခြၽီဟာ ယြီခ်င့္ဟြမ္အလုပ္ၿပီးတာနဲ႔ သူ႔အားလာႀကိဳမယ္ဆိုတာကိုေသခ်ာေအာင္အထပ္ထပ္အခါခါအတည္ျပဳၿပီးမွ အထဲကိုအလြန္ေႏွးေကြးေလးဖင့္စြာေလွ်ာက္ဝင္သြား၏။

"ဒါျဖင့္ မင္းတို႔ၿငိမ္းခ်မ္းေရးယူခဲ့ၿပီေပါ့?"

ကားထဲမွာ ယြီရွင္းက ယြီခ်င့္ဟြမ္အား ေလွာင္ေျပာင္ေန၏။

"မင္းတို႔က အခုကိုယ္ခ်င္းဆက္အမႊာနဲ႔တူေနၿပီ ဟီးဟီး"

ယြီခ်င့္ဟြမ္သည္ လ်ိဳက်ားအန႔္ႏွင့္ 'The Line of Life and Death' ႐ုပ္ရွင္ပ႐ိုမိုးရွင္းဆင္းအေၾကာင္းေဆြးေႏြးရန္ ယေန႔ခ်ိန္းဆိုထားတာေၾကာင့္ ယြီရွင္းမွာ ေဟာ္ခြၽီကိုလည္း တပါတည္းေခၚေဆာင္လာခဲ့တာျဖစ္သည္။

"ဘာေတြေျပာေနတာလဲ?" ယြီခ်င့္ဟြမ္က ၿပဳံးလိုက္ၿပီး "ကြၽန္ေတာ္တို႔ လုံးဝရန္မျဖစ္ခဲ့ပါဘူး"

စကားေျပာေနရင္း သူ႔မ်က္လုံးမ်ားသည္ တကၠသိုလ္ဝင္ေပါက္တြင္ရွိေနေသးသည္။

ဒီလူသားဟာ အလြန္တရာမွခ်စ္စဖြယ္ေကာင္းၿပီး စိတ္ရင္းစစ္မွန္ကာ သူ႔အတြက္မျဖစ္ႏိုင္ဘူးလို႔ဆိုႏိုင္တဲ့အရာအေတာ္မ်ားမ်ားလုပ္ေဆာင္ေပးခဲ့သည္။

သူထိတ္လန႔္တုန္လႈပ္ၿပီးေနာက္တြန႔္ေနရင္ေတာင္မွ သို႔မဟုတ္ ေၾကာက္လန႔္ေနရင္ေတာင္မွ သူ႔အစစ္အမွန္ကိုရွာေဖြေတြ႕ႏိုင္ရန္ အႏိုင္မခံအရႈံးမေပးလိုေသာသတၱိခြန္အားေတြကို ေဆာင္ၾကဥ္းယူေဆာင္လာႏိုင္ေသးသည္ပင္။

ေဟာ္ခြၽီမွ ကိုးဆယ့္ကိုးလွမ္းေသာေျခလွမ္းမ်ားကိုလွမ္းခဲ့ၿပီးျဖစ္သည္။ ေနာက္ဆုံးေသာေျခတလွမ္းကိုေတာ့ ယခု သူလွမ္းဖို႔သင့္ေလၿပီ။

ယြီခ်င့္ဟြမ္မွာ မ်က္လုံးေတြကိုေအာက္စိုက္ၿပီး သူေနာက္တဖန္ထုတ္ဝတ္ဆင္ထားတဲ့ဆြဲသီးေလးကို ညင္သာစြာထိေတြ႕လိုက္သည္။ ေဟာ္ခြၽီသည္ သူ႔အတြက္အလြန္အေရးပါၿပီး အဖိုးတန္လြန္းသည္။ သူ သူ႔ကို နည္းနည္းေလးမွ မထိခိုက္မနာက်င္ေစခ်င္ေပ။

သို႔ေသာ္ လူသိရွင္ၾကားပုဂၢိဳလ္ (public figure) တစ္ေယာက္အေနႏွင့္ သူဟာလိင္တူသေဘာက်သူတေယာက္ျဖစ္ေၾကာင္း အမ်ားျပည္သူသိရွိသြားပါက ကဲ့ရဲ႕ျပစ္တင္ရႈံ႕ခ်ခံရရန္မွာ မလြဲဧကန္ပင္။ သူဒါေတြကိုလုံးလုံးဂ႐ုမစိုက္ေပ။သို႔ေပမယ့္ ေဟာ္ခြၽီပါ ပါဝင္ပတ္သက္ေနခဲ့မယ္ဆိုရင္ေတာ့ ဒါသူလက္သင့္မခံႏိုင္တဲ့အရာျဖစ္သြားေလၿပီ။

ေဟာ္ခြၽီမွာ အလြန္တရာေကာင္းမြန္တဲ့လူတေယာက္ျဖစ္ၿပီး သူ႔အားႏွလုံးသားတခုလုံးပုံအပ္၍ သေဘာက်ႏွစ္သက္ေပးတာျဖစ္၏။သူ သူ႔အားအေမွာင္ထဲမွာဖုံးကြယ္ထားၿပီး အလင္းေရာင္ထဲဘယ္ေသာအခါမွထြက္မလာေစဖို႔ သူဘယ္လိုမ်ားလုပ္ရက္ႏိုင္မတဲ့လဲ?

ဒါေၾကာင့္ ကိစၥေတြကိုတတ္ႏိုင္သမွ်အျမန္ဆုံးအဆုံးသတ္ရမည္။ဒါက တကယ့္ျပႆနာအႀကီးစားတခုပင္။ ယြီခ်င့္ဟြမ္မွာသက္ျပင္းခ်လိုက္ၿပီး မ်က္လုံးမ်ားကိုမွိတ္ကာ သူ႔ေခါင္းကိုပြတ္သပ္လိုက္၏။

ဒါေပမယ့္ ဘယ္လိုပင္ခက္ခဲသည္ျဖစ္ပါေစ သူတို႔အနာဂတ္အတြက္ သူ ဒါကိုလုပ္ကိုလုပ္ေဆာင္ရမည္ျဖစ္ေခ်၏။
 
ယြီခ်င့္ဟြမ္ကိုျမင္လိုက္သည္ႏွင့္ လ်ိဳက်ားအန႔္က ခ်က္ခ်င္းပဲ ခ်ီးက်ဳးလာသည္။

"ငါ Orange ကို ၾကည့္ခဲ့ၿပီးၿပီ.. ခ်င့္ဟြမ္ မင္းေကာင္းေကာင္းလုပ္ႏိုင္ခဲ့တယ္! ဒီေလာက္ျမင့္မားတဲ့ Box Office ရဖို႔ဆိုတာ အေတာ္ေလးက်ိဳးေၾကာင္းဆီေလ်ာ္ပါတယ္”

ယြီခ်င့္ဟြမ္မွာ သူ႔ကိုၿပဳံးျပၿပီး မ်က္ႏွာခ်င္းဆိုင္မွာဝင္ထိုင္လိုက္၏။ သူဟာ လ်ိဳက်ားအန႔္အတြက္ လက္ဖက္ရည္နည္းနည္းထပ္ျဖည့္ေပးလိုက္ၿပီးဆိုလိုက္သည္။

"ဒါေတြအားလုံးက ဒါ႐ိုက္တာႀကီးရဲ႕လမ္းၫႊန္ျပသမႈ ေက်းဇူးေတြေၾကာင့္ပါပဲ"

ဤသည္မွာ သမ႐ိုးက်ခ်ီးက်ဴးစကားေလးတခြန္းမဟုတ္ရေပ။ 'The Line of Life and Death' ကို႐ိုက္ကူးတုန္းက လ်ိဳက်ားအန႔္မွာ ေတာ္ေတာ္ေလးတင္းၾကပ္ခဲ့သည္။ ဇာတ္ဝင္ခန္းတိုင္းကို သူစိတ္တိုင္းမက်မခ်င္းထပ္ခါထပ္ခါ႐ိုက္ကူးခဲ့၏။

မ်က္လုံးထဲက သိမ္ေမြ႕ညင္သက္ေသာအမူအရာေလးတစ္ခုကေတာင္မွ သူ၏စံႏႈန္းမ်ားႏွင့္ျပည့္မီေနရမည္ျဖစ္ရာ ထိုအရာမွာ ယြီခ်င့္ဟြမ္သ႐ုပ္ေဆာင္စြမ္းရည္ကိုပုံသြင္းေပးႏိုင္ခဲ့၏။

ဒါေၾကာင့္လည္း စိတ္ခံစားခ်က္ကိုပုံေဖာ္ျပသဖို႔ရာ မ်က္လုံးခ်င္းစကားေျပာဆိုရန္အမ်ားႀကီးလိုအပ္တဲ့ Orange လိုဇာတ္ကားမ်ိဳးမွာ သူေကာင္းေကာင္းႀကီးလုပ္ေဆာင္ႏိုင္ခဲ့တာျဖစ္၏။

လ်ိဳက်ားအန႔္မွ ရယ္လိုက္ၿပီး သူ၏မူလက ေအးတိေအးစက္ အေလးအနက္႐ုပ္သြင္ျပင္မွာ တခဏအတြင္းမွာအမ်ားႀကီးႏူးညံ့သိမ္ေမြ႕လာေတာ့သည္။

မင္းသားမင္းသမီးေပါင္းမ်ားစြာႏွင့္ သူလက္တြဲခဲ့ဖူးေပမယ့္ အနည္းငယ္ေသာသူမွ်သာ ယြီခ်င့္ဟြမ္လို႔လယ္ဗယ္တခုအထိ တက္လွမ္းေအာင္ျမင္ႏိုင္တာျဖစ္သည္။ ဒါဟာသူရဲ႕လမ္းၫႊန္မႈေၾကာင့္သာမဟုတ္ဘဲ ယြီခ်င့္ဟြမ္ရဲ႕ျပင္းျပတဲ့ႀကိဳးစားအားထုတ္မႈနဲ႔ သူကိုယ္တိုင္ရဲ႕တင္းက်ပ္တဲ့စံသတ္မွတ္ခ်က္ေတြေၾကာင့္သာျဖစ္၏။

အမ်ားႀကီးပိန္က်သြားေသာ သူ႔မ်က္ႏွာကိုၾကည့္မိလိုက္ေတာ့ လ်ိဳက်ားအန႔္စိတ္ထဲတြင္ ရႈပ္ေထြးေသာခံစားခ်က္အခ်ိဳ႕ ရွိလာသည္။ယြီခ်င့္ဟြမ္ကို သူသိတာ ႏွစ္တဝက္ေတာင္မျပည့္ေသး။ သို႔ေသာ္ ထိုတိုေတာင္းလွေသာအခ်ိန္ေလးအတြင္းမွာပင္ ယြီခ်င့္ဟြမ္သည္ လူသိနည္းေသာမ်က္ႏွာသစ္တစ္ဦးအျဖစ္မွ ထိပ္တန္းေငြၾကယ္ပြင့္အျဖစ္သို႔ ေရာက္ရွိလာခဲ့သည္။

သူေတာင္မွ နဂိုမူလ႐ုပ္ရွင္ပ႐ိုမိုးရွင္းဆင္းသည့္အစီအစဥ္ကို မြမ္းမံျပင္ဆင္ၿပီး သူ႔အားထည့္သြင္းခဲ့ရ၏။ယြီခ်င့္ဟြမ္၏ ကံေကာင္းျခင္းကို လူတိုင္းကမနာလိုျဖစ္ၾကသည္။

သို႔ေပမယ့္ သူတို႔မသိခဲ့သည္မွာ ယြီခ်င့္ဟြမ္ရဲ႕ ႀကီးမားတဲ့ေအာင္ျမင္မႈေနာက္ကြယ္မွာ သူ႔ရဲ႕အပတ္တကုတ္ႀကိဳးစားအားထုတ္မႈရွိေနတယ္ဆိုတာကိုပင္။ ႐ုပ္ရွင္ဇာတ္ကားတစ္ကားအတြက္ သူ႔ပုံရိပ္ကို စေတးလိုေသာအႏုပညာၾကယ္ပြင့္မွာ အနည္းငယ္သာရွိလိမ့္မည္။

'The line of Life and Death' သည္ Orange ႏွင့္မတူဘဲ ပ႐ိုမိုးရွင္းကာလသည္ တစ္လေက်ာ္ၾကာမည္ျဖစ္သည္။ထိုတစ္လေက်ာ္ကာလအတြင္း ယြီခ်င့္ဟြမ္သည္ Roadshow မ်ား၊ အမ်ိဳးမ်ိဳးေသာ Varirty Show မ်ားကိုတက္ေရာက္ရမည္ျဖစ္ကာ သို႔မဟုတ္ပါက ႐ုပ္ရွင္ကိုလူထုေၾကာ္ျငာဝင္ရန္အတြက္ ဇာတ္ကားအဖြဲ႕သားမ်ားအားလုံးႏွင့္အတူ တိုက္႐ိုက္ထုတ္လႊင့္မႈမ်ား ျပဳလုပ္ရမည္ျဖစ္သည္။

ယြီခ်င့္ဟြမ္သည္ ဤအရာအားလုံးကို ႀကိဳတင္ေမွ်ာ္လင့္ထားၿပီးျဖစ္တာေၾကာင့္ လ်ိဳက်ားအန႔္ေျပာတာကိုၾကားလိုက္ေသာအခါ လုံးဝမအံ့ၾသမိေပ။ လိုအပ္သည့္ အေရးႀကီးအခ်က္အလက္မ်ားကိုခ်ေရးေနစဥ္အခ်ိန္အေတာအတြင္းမွာ သူ႔အခ်ိန္ေတြကို မည္သို႔စီမံခန္႔ခြဲရမည္ဆိုတာကိုအစီအစဥ္ခ်ေန၏။

"ေအာ္ ဟုတ္သား"

႐ုပ္ရွင္ပ႐ိုမိုးရွင္းအေၾကာင္းေျပာၿပီးေနာက္ လ်ိဳက်ားအန႔္သည္ လက္ဖက္ရည္တစ္ငုံေသာက္ကာ စာခ်ဳပ္ႏွစ္ေစာင္ႏွင့္ဇာတ္ၫႊန္းတစ္ခုကို အိတ္ထဲကထုတ္ယူကာ ယြီခ်င့္ဟြမ္အားဆိုလာသည္။

"ဒါက 'How to  Love You' ရဲ႕ ဇာတ္ၫႊန္းအျပည့္အစုံပဲ.. ျပႆနာတခုခုမရွိဘူးဆိုရင္ ဒီေန႔ပဲငါတို႔စာခ်ဳပ္ခ်ဳပ္ၾကရေအာင္ ၿပီးတာနဲ႔ ရႈတင္စမယ့္ရက္ကို ဇြန္လ ၁၅ ရက္ေန႔ ေရွ႕တိုးထားတယ္”

ဒီေတာ့ ဒါကေႏြဦးပြဲေတာ္ကိုမွီေအာင္လား? ယြီခ်င့္ဟြမ္ကေတာ့ေသခ်ာသေလာက္ရွိေန၏။သူဟာ စာခ်ဳပ္မိတၱဴတစ္ေစာင္ကို ယြီရွင္းဆီကိုေပးလိုက္ၿပီး အျခားေကာ္ပီကို ဂ႐ုတစိုက္စတင္ဖတ္ရႈေနခဲ့သည္။သူ႔သ႐ုပ္ေဆာင္အခေၾကးေငြကို ျမင္လိုက္ရတဲ့အခါ သူတန္႔သြားရသည္။

Orange ကို ႐ိုက္ကူးတုန္းက ေက်ာက္ေ႐ြက သူ႔ကို ၈၅၀၀၀၀ သာေပးခဲ့ၿပီး အခု 'How to Love You' မွာေတာ့ သူ႔ရဲ႕သ႐ုပ္‌ေဆာင္ခမွာ ၈ သန္းအထိ ထိုးတက္သြားခဲ့ေလၿပီ!

သူ႔စိတ္ကိုႀကိဳတင္ျပင္ဆင္ထားေတာင္မွ အံ့ၾသေနမိတုန္းပင္။

လ်ိဳက်ားအန႔္သည္ သူသ႐ုပ္ေဆာင္ေၾကးႏွင့္ပတ္သက္၍ စိတ္ေက်နပ္မႈမရွိဟုအထင္ေရာက္ကာ ေခ်ာင္းတခ်က္ဆိုးလိုက္ၿပီးေျပာလာ၏။

"ခ်င့္ဟြမ္ ဒါငါတတ္ႏိုင္တဲ့အျမင့္ဆုံး‌ေၾကးပဲ"

အမွန္တကယ္ေတာ့ ‌စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ သူ႔မွာယုံၾကည္မႈသိပ္မရွိခဲ့ေပ။ ယြီခ်င့္ဟြမ္နာမည္ႀကီးလာတာ အရမ္းကိုျမန္လြန္း၏။ Orange ဟာ သူ႔ကို ဒီနယ္ပယ္အသိုင္းအဝိုင္းထဲ လူသိမ်ားေအာင္အေထာက္အကူေပးခဲ့တယ္ဆိုရင္ The Line of Life and Death ကေတာ့…

လ်ိဳက်ားအန႔္သည္ သူ႔႐ုပ္ရွင္ကိုအႂကြင္းမဲ့ယုံၾကည္မႈရွိသည္။ သူေမွ်ာ္မွန္းထားသေလာက္ Box-office သန္း ၈၀၀ အနည္းဆုံးရႏိုင္မည္ျဖစ္၏။ ထိုအခ်ိန္ေရာက္လာရင္ ယြီခ်င့္ဟြမ္၏သ႐ုပ္ေဆာင္ေၾကးကလည္း ဆက္လက္ျမင့္တက္လာဦးမွာပင္။ ဒါေၾကာင့္မို႔ အခုခ်ိန္မွာ သူ႔ကိုလက္မွတ္ထိုးထားဖို႔ သူအခြင့္ေကာင္းယူခဲ့တာျဖစ္၏။

"ကြၽန္ေတာ္သိပါၿပီ"

ကံေကာင္းေထာက္မစြာျဖင့္ ယြီခ်င့္ဟြမ္သည္ တြက္ခ်က္တတ္သူတေယာက္မဟုတ္ေပ။ စာခ်ဳပ္မွာ ျပႆနာမရွိတာေသခ်ာတာႏွင့္ သူဟာ သူ႔နာမည္ကို လက္မွတ္ေရးထိုးလိုက္ရာ လ်ိဳက်ားအန႔္အား သူ႔ႏွလုံးသားေပၚတြင္ေလးလံဖိစီးေနေသာ ေက်ာက္တုံးႀကီးတစ္တုံးကို ဖယ္ရွားခံလိုက္သလိုမ်ိဳး စိတ္သက္သာရာရသြားေစခဲ့သည္။

လ်ိဳက်ားအန႔္သည္ ယခုတေလာ အလြန္အလုပ္မ်ားေနခဲ့တာမို႔ စာခ်ဳပ္ခ်ဳပ္ၿပီးတာနဲ႔ ခ်က္ခ်င္းပဲထြက္ခြာသြား၏။ ယြီခ်င့္ဟြမ္ က သူ႔လက္ပတ္နာရီကိုငုံ႔ၾကည့္လိုက္သည္။ အခ်ိန္က်န္ေနေသးတာေၾကာင့္ Ada မွာ သူ႔နာရီကိုအရင္သြားယူဖို႔ ဆုံးျဖတ္လိုက္၏။

အိမ္မွာရွိေနတဲ့တေယာက္ဟာ ထိုအရာကိုတစ္ညလုံးေမွ်ာ္လင့္ေစာင့္စားေနခဲ့သည္။ မနက္အေစာႀကီးကတည္းက သူဘယ္အခ်ိန္ေလာက္နာရီရမလဲဟု ေပါ့ေပါ့ပါးပါးေမးေနသည့္ဟန္ ထုတ္၍ ေမးလာေသးသည္။ နာရီသာမရခဲ့ရင္ သူဒီညတစ္ညလုံး အိပ္မေပ်ာ္မည့္ပုံရွိ၏။

"ေကာ  Ada ကိုအရင္သြားပါ"

ထိုင္ခုံခါးပတ္ကိုပတ္ၿပီးတာႏွင့္ ယြီခ်င့္ဟြမ္မွာ ယြီရွင္းဘက္သို႔ လွည့္ကာထိုသို႔ေျပာလိုက္သည္။သူေျပာတာကိုမၾကားလိုက္ရသလိုမ်ိဳးပဲ ယြီရွင္းကဘာမွျပန္မေျဖေပ။

ယြီခ်င့္ဟြမ္မွ ထပ္မံေခၚလိုက္ျပန္၏။

"ေကာ?"

ယြီရွင္းဘက္က ေနာက္ဆုံးမွာ တုံ႔ျပန္မႈမ်ားျပန္လာခဲ့ေသာ္လည္း ယခုတစ္ေခါက္မွာေတာ့ အေတာ္ေလးဒရာမာဆန္ေန၏။သူ႔ေျခေထာက္ေတြကိုသူျပင္းျပင္းထန္ထန္ျပန္႐ိုက္ပုတ္ေနရင္း အဆီေတြႏွင့္မ်က္ႏွာေဖာင္းေဖာင္းကားကားႀကီးမွာ ၾကည္ႏူးပီတိအဟုန္ေၾကာင့္ တုန္ခါေနရင္းက

"ခ်င့္ဟြမ္ အခု မင္းရဲ႕သ႐ုပ္ေဆာင္ေၾကးက ၈ သန္း အထိတက္သြားၿပီလား? ဇာတ္ပို႔အေနနဲ႔ကိုေလ?"

သ႐ုပ္ေဆာင္ေတြရဲ႕အခ‌ေၾကးေငြစံသတ္မွတ္ခ်က္က ငါးသန္းသာျဖစ္၏။ ယြီခ်င့္ဟြမ္မွ ဤအဆင့္ကိုေက်ာ္ျဖတ္ႏိုင္ရန္ အနည္းဆုံးႏွစ္တခ်ိဳ႕လိုလိမ့္ဦးမည္ဟု သူထင္မွတ္ထားခဲ့သည္။သို႔ေပမယ့္ မထင္မွတ္ထားစြာ သူဟာ ဒီတကြက္မွာပဲ ေအာင္ျမင္စြာျဖတ္ေက်ာ္သြားခဲ့ႏိုင္ၿပီးေလၿပီ။ စာခ်ဳပ္ခ်ဳပ္ၿပီးတာေတာင္မွ သူမယုံႏိုင္ေသးသလိုပင္။

“အမ္း” ယြီခ်င့္ဟြမ္မွ ေပါ့ေပါ့‌ပါးပါးျပန္လည္တုံ႔ျပန္ေျဖၾကားလာၿပီး ေခါင္းစဥ္ေျပာင္းလိုက္၏။

“ကြၽန္ေတာ္ မေန႔ကနာရီတစ္လုံးဝယ္ခဲ့တာ အဲဒါကို Ada မွာသြားယူမလို႔"

 “အိုး” ယြီရွင္းက သူ႔လက္ကို ေပါ့ေပါ့တန္တန္ယမ္းခါျပလိုက္ၿပီး

"နာရီေလးတလုံးပဲဟာကို မင္းလိုခ်င္သေလာက္ဝယ္စမ္းပါ"

ေခတၱေနၿပီးေနာက္ သူကေမးလာသည္။

“ဘယ္ေလာက္လဲ”

ယြီခ်င့္ဟြမ္မွာ ဇိမ္ခံပစၥည္းမက္ေမာတတ္သူတေယာက္မဟုတ္တာေၾကာင့္ ယြီရွင္းမွ သူ႔အားဤေမးခြန္းမ်ိဳးထုတ္ေမးရန္ ဖိအားမရွိေပ။ သို႔ေပမယ့္ သူဘယ္တုန္းကမွမေမွ်ာ္လင့္ထားမိတဲ့အရာမွာ ယြီခ်င့္ဟြမ္မွာ သူ႔အားဗုံးမိုးႀကဲခ်လိမ့္မည္ကိုဆိုတာကိုပင္...

"ကြၽန္ေတာ့္ဘဏ္အေကာင့္ထဲမွာ ရွိရွိသမွ်ပိုက္ဆံအားလုံး"

ယြီရွင္း "!!!"

မေန႔ညတုန္းက သူ ေဟာ္ခြၽီကိုယြီခ်င့္ဟြမ္နဲ႔အတူ သြားႀကိဳၿပီးတာႏွင့္ ယြီရွင္းမွာကမန္းကတန္းပဲထြက္ခြာသြားခဲ့၏။ သူဟာ ယြီခ်င့္ဟြမ္ဆီကိုအၾကည့္ေလးတစ္ခ်က္ေတာင္မွ ေနာက္ထပ္မစြန္႔ႀကဲခ်င္ေပ။

သူတို႔ဟာတညတည္းနဲ႔ ငမြဲစာရင္းဝင္သြားရျခင္းမွာ သူ႔အတြက္တကယ့္ကိုႀကီးမားတဲ့ထိုးႏွက္ခ်က္ႀကီးတရပ္ျဖစ္ေနတာေၾကာင့္ သူခုထက္ထိမေက်ာ္လႊားႏိုင္ေသးသလိုျဖစ္ေန၏။

ယြီခ်င့္ဟြမ္အိမ္ျပန္ေရာက္ၿပီး လုံၿခဳံေရးတံခါးကိုျဖတ္ေက်ာ္လိုက္႐ုံတင္ရွိေသးခ်ိန္မွာ ေဟာ္ခြၽီသည္ မ်က္ႏွာေပၚတြင္ စိတ္လႈပ္ရွားေပ်ာ္႐ႊင္ျခင္းမ်ားစြာျဖင့္ ယြီခ်င့္ဟြမ္ဆီကိုခုန္ဝင္လာ၏။ သူေနာက္ဘာေျပာေတာ့မယ္ဆိုတာကိုသိေနတဲ့အတြက္ သူမေျပာခင္ ယြီခ်င့္ဟြမ္မွအရင္ နာရီကိုထုတ္ယူလိုက္ၿပီး သူ႔အတြက္ဝတ္ဆင္ေပးလိုက္သည္။

"ႀကိဳက္လား?"

မ်က္ႏွာေပၚတြင္ သိသာထင္ရွားေသာေပ်ာ္႐ႊင္မႈမ်ားစြာျဖင့္ ေဟာ္ခြၽီမွာ နာရီကိုဂ႐ုတစိုက္ထိေတြ႕ကိုင္တြယ္ေနၿပီး ေခါင္းေတြတရစပ္ညိတ္ျပေန၏။

“ႀကိဳက္တယ္!”

တေအာင့္ေနေသာ္ သူက ယြီခ်င့္ဟြမ္ကို ေမာ္ၾကည့္လာၿပီး အေတာ္ေလးအေလးအနက္ရွိလွေသာ ေလသံျဖင့္ေျပာလာသည္။

"မင္းဆီကျဖစ္ေနသေ႐ြ႕ ကိုယ္အားလုံးကိုသေဘာက်တယ္" 

ယြီခ်င့္ဟြမ္သည္ သူ႔စကားေၾကာင့္ အလြန္ေႏြးေထြးသြားရသည္။ သူက ေဟာ္ခြၽီကိုဆြဲၿပီး ဆိုဖာေပၚတြင္ထိုင္ခိုင္းလိုက္သည္။ သူအရမ္းေပ်ာ္ေနတာကိုျမင္ေတာ့ ယြီခ်င့္ဟြမ္မွာ ေနာက္ဆက္တြဲသတင္းစကားကိုထုတ္ေျပာရန္ေတာင္ သူ႔ႏွလုံးသားေလးက တကယ္မေျပာရက္ေတာ့သလိုျဖစ္လာရ၏။

ဒါေပမယ့္ အေႏွးနဲ႔အျမန္ဆိုသလို သူထုတ္ေဖာ္
ေျပာၾကားရမွာပင္။ထို႔ေၾကာင့္ သူ႔စိတ္ထဲတြင္စကားလုံးမ်ားကိုစုစည္းၿပီးေနာက္ ဆိုလိုက္သည္။

"ေဟာ္ခြၽီ ငါ့ဆီမွာသိပ္နားေထာင္လို႔မေကာင္းတဲ့သတင္းတခ်ိဳ႕ရွိေနတယ္..."

သူစကားမဆုံးခင္ ေဟာ္ခြၽီမွာ သတိအေနအထားျဖင့္ေတာင့္တင္းသြားရ၏။

"ခ်င့္ဟြမ္ မင္းကိုယ့္ကိုအေဝးတြန္းထုတ္ဖို႔လား?"

"ဘယ္လိုဟုတ္ရမွာလဲ?"

ယြီခ်င့္ဟြမ္က သူ႔ေခါင္းေလးကိုလွမ္းပြတ္သပ္ေပးလိုက္ၿပီး သူ႔စိတ္ထဲ သူ႔ကိုယ္သူပိတ္ကန္ခ်င္သြားရသည္။ သူ ကိစၥေတြကို ေကာင္းေကာင္းမကိုင္တြယ္ႏိုင္ခဲ့တာေၾကာင့္ ေဟာ္ခြၽီစိတ္ထဲ အရမ္းကိုလုံၿခဳံမႈမရွိသလိုခံစားေနခဲ့ရရွာလိမ့္မည္။ သူ႔အမွားကို သူျပန္ဖာေထးရန္ ႀကိဳးပမ္းလိုက္၏။

"ငါ မင္းကို ေနာက္ဘယ္ေသာအခါမွအေဝးတြန္းထုတ္ေတာ့မွာမဟုတ္ဘူး"

ေဟာ္ခြၽီပါးခ်ိဳင့္ေလးျပန္ေပၚလာတာကိုၾကည့္ေနရင္း ယြီခ်င့္ဟြမ္မွာ သူေျပာခ်င္တဲ့စကားေတြကိုခက္ခက္ခဲခဲျဖစ္ညႇစ္ထုတ္လိုက္ရသည္။

"ဒါေပမယ့္ ေနာက္အခ်ိန္အၾကာႀကီး ငါအိမ္မွာရွိလိမ့္မွာမဟုတ္ဘူး ငါ႐ုပ္ရွင္ပ႐ိုမိုးရွင္းသြားဆင္းသြားရေတာ့မယ္ ၿပီးရင္ ႐ုပ္ရွင္အသစ္႐ိုက္ဖို႔လဲရွိေနတယ္"

ေဟာ္ခြၽီမ်က္ႏွာေပၚရွိ အၿပဳံးမွာတျဖည္းျဖည္းေမွးမွိန္လာသည္။

ယြီခ်င့္ဟြမ္ႏွလုံးသားမွာ လွပ္ခနဲတခ်က္ခုန္သြား၏။ သူ႔ဦးေႏွာက္ေတြကိုအရည္ေပ်ာ္မတက္အလုပ္ေပးၿပီး တဖက္သူအားႏွစ္သိမ့္ဖို႔ႀကိဳးစားလိုက္ခ်ိန္မွာ ေဟာ္ခြၽီမွ ႐ုတ္တရက္လက္ေတြဆန႔္တန္းၿပီး သူ႔အားရင္ခြင္ထဲကို ဆြဲသြင္းဖက္ထားလိုက္ေတာ့သည္။

​ေနာက္​တစ္​စကၠန႔္အၾကာမွာ သူ႔ေခါင္းထက္တြင္ အသံတစ္​ခုထြက္​ေပၚလာ၏။

"ကိစၥမရွိပါဘူး ခ်င့္ဟြမ္ ဘယ္ေလာက္ၾကာၾကာ ကိုယ္မင္းကိုအိမ္ကေစာင့္ေနမယ္ မင္းျပန္လာမယ္ဆိုသေ႐ြ႕ေပါ့"

Continue Reading

You'll Also Like

3.3K 473 7
Author: Yu Tianjun [雨田君] Total Chapters: 141 English Translation- Chrysanthemum Garden Myanmar Translator- khin0625
604K 99.9K 66
Myanmar translation (ျမန္မာဘာသာျပန္) Genre- comedy, drama, romance, school life, yaoi author- Yu Wu Xiao Tian Bing 雨雾小甜饼 Type- web novel Chapters- 61...
676K 97.2K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...