DOUBLE T(OR) BE MY LORD [ Com...
By Thee_Oo
258K 10.8K 149
[ Unicode/Zawgyi ] တိုင်းခမ်းအာဏာဆိုတဲ့အတိုင်း ခင်ဗျားကကျုပ်ဘဝတစ်ခုလုံးရဲ့ ခမ်းနားခြင်းတွေနဲ့ လိုက်လျောမှုအချ... More
အမှာစာ/ဇာတ်ကောင်မိတ်ဆက်(U/Z)
Ep_1
For character
Ep_2
Ep_3
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
EP_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Final
Extra 1
Extra 2
Ep_4
7.2K 408 2
By Thee_Oo
Unicode
နေရောင် ဆိုင်၏အပြင်အဆင်တွေကိုလိုက်ကြည့်နေတုန်းမှာပဲ မန်နေ
ဂျာမလေးက ဖိုင်လေး တစ်ခုကိုင်လာရင်းနေရောင့်အနားကိုရောက်
လာ၏။
"ဒါကတော့ အလုပ်လျှောက်လွှာတင်ထားတဲ့လူတွေရဲ့ကိုယ်ရေးအ
ချက်အလက်တွေပါ"
"အိုကေ အင်တာဗျူးက ဘယ်အချိန်စမှာလဲ"
"ခဏ နေရင် စမယ်လိူ့ပြောတယ် ဘော့စ်"
ဆိုင်ဖွင့်ဖို့ အထည်တွေ စက်ပစ္စည်းတွေ စစ်ဆေးနေရင်းနဲ့မှ ဖိုင်တွဲ
ကိုင်ရင်း အင်တာဗျူးလုပ်မည့်ခန်းမထဲဝင်လာ၏၊ ဟောခန်းထဲသို့
ရောက်လျှင်ဆိုင်မန်နေဂျာရယ် ကြီးကြပ်ကွပ်ကဲရေးမှူးကပါ အဆင်
အသင့်စောင့်နေပြီးသား။ နေရောင် အင်တာဗျူး စစ်ဆေးမည့်စားပွဲ
မှာ ဝင်ထိုင်လိုက်ပြီး အကူမိန်းကလေးကို ခေါင်းငြိမ့်ပြလိုက်တော့
အခန်းတံခါး ဆွဲဖွင့်၍ interview ရန် စောင့်နေသည့်လူတွေကို
ခေါ်လိုက်တော့၏၊
"အင်ကြင်းနွေးဝင်လို့ရပါပြီ"
လူစုတွေထဲမှ မိန်းကလေးတစ်ယောက်ဝင်သွားလျှင် ဖိုင်ကိုကျစ်ကျစ်
ပါအောင်ကိုင်ထား၏။ အချိန်တွေဘယ်လောက်ကုန်လို့ကုန်မှန်းမသိ။
တစ်ယောက်ပြီးတစ်ယောက်ဝင်လိုက်ထွက်လိုက်နှင့် နောက်ဆုံးမှ
ခန့်ဆက်အလှည့်ရောက်လာသည်။ပြီးတော့ အကူကောင်မလေးက
စာရင်းစာအုပ်ကလေး ကိုင်ထားရင်း ခန့်ဆက်ကိုကြည့်လျှက်...
"Richard Hmue ဝင်လို့ရပါပြီ"
ခန့်ဆက်ရှေ့က ဝင်သွားတဲ့ မိန်းကလေး ပြန်ထွက်လာမှ ဟောခန်းထဲ
ဝင်လိုက်သည်။ထို့နောက် လွတ်နေတဲ့ interviewerတွေရှေ့က
လွတ်နေတဲ့ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်လိုက်တော့ ခေတ်နေရောင် နှင့်
မျက်နှာချင်းဆိုင်ဖြစ်သည်။ ဝင်ထိုင်လိုက်တဲ့ ခန့်ဆက်ကိုတစ်ချက်
ကြည့်ပြီး ကိုယ်ရေးအကျဉ်းအား ကြည့်လိုက်၏၊ ပြီးမှ ဘောပင်ကို
ချထားရင်း...
"မင်းက ကယ်လီဖိုနီးယားက ရောက်လာတာပဲ"
"ဟုတ်"
"Department Of Designကပဲ ၊ဒီဇိုင်းနဲ့ပတ်သတ်တဲ့
ကျောင်းပြီးထားတာလား"
"စိတ်လဲဝင်စားသလို၊ ဝါသနာလဲပါလို့ပါဗျ"
ကိုယ်ရေးအချက်အလက်ကြည့်ရင်း နေရောင်က ခေါင်းငြိမ့်လျှက်...
"အင်း၊ အသက်က ၂၁နှစ်နော်၊ဘယ်အချိန်လောက်က USကိုရောက်
တာလဲ"
"ကျွန်တော် ၁၀နှစ်အရွယ်လောက်ကပါ"
နေရောင် ဖိုင်ကိုပိတ်လိုက်ပြီး လက်ချင်းချိတ်လျှက်သေချာကြည့်
၏၊ပြီးမှ...
"အဲ့ဒီတော့ မင်းက ဒီမှာ Fashion Art Illustration ပိုင်း
လုပ်ချင်တာလား၊ ဖက်ရှင်ဒီဇိုင်နာ လုပ်ချင်တာလား။ကိုယ်တို့က
Wedding Dressရယ် တခြားBranded အထည်တွေ
ချုပ်လုပ်မှာဆိုတော့လာလျှောက်တဲ့ ဒီဇိုင်နာတွေကများတယ်"
"Design Drawing ကကျွန်တော့်အတွက်ပိုအဆင်ပြေပါ
တယ်၊ဒါပေမယ့် သူဌေးအဆင်ပြေမယ့် နေရာထည့်ချင်လဲရပါတယ်"
"Ok မျှော်မှန်းလစာအနေနဲ့ မင်းဘယ်လောက်မျှော်မှန်းထားလဲ"
ခန့်ဆက်မျက်ခုံးတန်းလေးစုကျုံ့သွား၏၊ မြန်မာပြည်မှာ အလုပ်လုပ်
ခဲ့ဖူးတာမှမဟုတ်တာ။ ဒီနိုင်ငံမှာ ပုံမှန် ဒီဇိုင်းရေးဆွဲသူ တွေဘယ်
လောက်တောင်းလဲ ခန့်ဆက်မသိ။ ဒီအတိုင်း ဝါသနာပါလို့သာ လာ
လျှောက်ခဲ့ခြင်း။ ပြီးတော့ ခေတ်နေရောင် ကို တစ်ချက်ပြန်မော့ကြည့်
သည်။ထို့နောက်...
"သူဌေးအဆင်ပြေသလိုပဲပေးပါ၊ ကျွန်တော် သေချာမသိလို့"
"မင်း အလုပ်မလျှောက်ခင် ဒီနိုင်ငံက လစာ နှုန်းထားတွေကို အရင်
စုံစမ်းခဲ့သင့်တယ်"
ခပ်အေးအေးလေသံကြောင့် ခန့်ဆက်အနေခက်သွားသည်။ သူအခု
အပြောခံလိုက်ရတာလား။ သူ့ကို မစေ့စပ်တဲ့လူလို့ ပြောလိုက်တာ
လား။ ခန့်ဆက်မျက်နှာပျက်သွားတော့နေရောင် ပင့်သက်ရှိုက်ရင်း..
"အစ်ကိုပြောတာက လစာနဲ့ပတ်သတ်ပြီး မင်းကိုညှပ်ချလို့မရအောင်
သတိထားသင့်တယ်ဆိုတာ ပြောတာ"
"ဟုတ်ကဲ့ပါ"
"Ok ဒါဆို ၃ရက်အတွင်း အကြောင်းပြန်မယ်"
နေရောင်ပြောပြီးတာနဲ့ မျက်စိရှေ့က ကောင်ငယ်လေး ထထွက်သွား
တာကိုငေးကြည့်နေလိုက်တော့သည်။ထိုစဥ်ဘေးကို မန်နေဂျာ မလေး
ရောက်လာပြီး စားပွဲပေါ်က စာရွက်စာတမ်းတွေကို ကောက်သိမ်း၏၊
"Richard Hmue ဆိုတဲ့ တစ်ယောက်ရဲ့လျှောက်လွှာစာရွက်
ထားခဲ့"
"ရှင်!ဟုတ်"
"သြော်နေအုံး! ဆိုင်အသစ်က မနက်ဖြန် ဖွင့်မှာလား"
"မဟုတ်ဘူးလေ သူဌေး ၊အတွင်းပိုင်း ပြင်ဆင်ထည့်သွင်းမှုတွေ ဒီနေ့
ပြီးရင် မနက်ဖြန် ပစ္စည်းတွေနေရာချရမယ်"
"အင်း"
မန်နေဂျာမိန်းကလေး ပြန်ထွက်သွားတော့မှ စားပွဲပေါ်မှာ ရှိနေတဲ့ ဖိုင်
စာရွက်ကို နေရောင်ပြန်ကောက်ယူပြီးကြည့်လိုက်တော့သည်။ဒီကောင်
လေးကို အရင်က သူမြင်ဖူးခဲ့သလား။ နေရောင်မျက်လုံးထဲတော့ မြင်
ဖူးသလိုလိုရှိနေ၍ ဘယ်မှာမြင်ဖူးခဲ့သလဲတော့ သေချာမမှတ်မိ။
ပြီးတော့ ဖိုင်ထဲ ပြန်ထည့်ပြီး အသစ်ဖွင့်မည့် ဆိုင်သို့ပြန်လာခဲ့၏။
ဆိုင်ရဲ့ အတွင်းပြင်ဆင်မှုတွေအကုန်လုံးနီးပါး ပြီးစီးနေကာ ပစ္စည်း
တွေကိုဖွင့်ကြည့်လိုက်တော့ စက်ချုပ်စက်တွေ ပိတ်ထည်အလိပ်ကြီး
တွေနှင့် ဂျင်းထည် ၊ပိုးထည် ၊ သိုးမွှေး၊ သားရေ တွေ အင်္ကျီချိတ်စင်
တွေဆိုတာ မနည်းမနော။
နေရောင်ဟာ ငယ်ငယ်ကတည်းကအင်္ကျီဒီဇိုင်းတွေဘက်ကို ဝါသနာ
ပါခဲ့ပြီး အဝတ်အစားလှလှ လေးများကို စျေးကွက်ထဲသို့ဖြန့်ဖြူးချင်
တာက သူ့ရဲ့ ရည်မှန်းချက်ဖြစ်သည်။တောင်းမှာအကွပ် လူမှာအဝတ်
ဆိုသလို အဝတ်အစားဟာလဲ လူနေမှုအဆင့်အတန်းတွေထဲက အရေး
ကြီးတဲ့အင်္ဂါရပ် တစ်ခုပဲလို့ မှတ်ယူထားသူလဲ ဖြစ်၏၊
ထို့ပြင်Fashion Weekတွေကိုလဲ သေချာပေါက်လုပ်ချင်ခဲ့
သည်မှာ ခေတ်နေရောင်၏ အိမ်မက်တစ်ခုပင်။
စက်ပစ္စည်းတွေ လိုက်ကြည့်နေရင်း ပစ္စည်းအတင်အချ လာလုပ်တဲ့
အလုပ်သမားတွေဝင်လာသည်နှင့် ဆိုင်တွင်းထဲသို့ယူလာသည့်ဆိုဖာ
ကြီးကို ကြည့်နေလိုက်၏၊ ပြီးတော့..
"ဆိုဖာကြီးကို ဒီနားမှာချပေးခဲ့ပါ၊ နောက်မှ နေရာ ပြန်ရွှေ့ခိုင်းလိုက်
မယ်၊water coolerတစ်ခု တော့လိုမယ်ထင်တယ်၊ကော်ဖီဖျော်
စက်လေးတစ်ခုရော၊ ဒီမှာလုပ်မယ့် ဒီဇိုင်နာတွေအတွက်လိုအပ်
လောက်မှာမလို့"
"ဟုတ်ကဲ့ပါ ၊ အဲ့ဒီစရိတ်တွေအတွက် ဘဏ်ကနေပဲ ငွေချေမှာလား"
"ဟုတ်ပါတယ် ၊Bank Payကနေပဲ ငွေချေလိုက်မယ်"
ပစ္စည်းလာပို့တဲ့ အလုပ်သမားတွေ ပြန်ထွက်သွားတော့မှ နေရောင်
ဆိုင် ပတ်ပတ်လည်ကို သေချာကြည့်ရင်း သက်ပြင်းချလိုက်တော့
သည်။ နောက်ရက်တွေကစပြီး လုပ်ငန်းလည်ပတ်လို့ရပြီမလို့စိတ်
တိုင်းကျသွား၏။ပြီးတော့ ဖုန်းကိုထုတ်လိုက်၍ တိုင်းထံ ဖုန်းဆက်
လိုက်တော့သည်။
"အေး!ခမ်း မင်းအဆင်ပြေလား ဘယ်လိုလဲ"
"...."
"ငါ ဆိုင်ဖွင့်ပွဲ လုပ်မှာမလို့ မင်းသေချာပေါက်တက်ရမယ်နော်"
"...."
"Noနော် မင်း မလာရင် ငါစိတ်ဆိုးမှာ"
"...."
"ကျစ်!ခေတ်နေရောင်ရဲ့ ဒီဇိုင်နာတွေကိုလာကြည့်လိုက်စမ်းပါ၊ပြီးရင်
မင်းအတွက် brown suit တစ်ထည်ချုပ်ပြီး လက်ဆောင်ပေးမယ်"
"...."
"အော်ဟော်...ငါ့ဒီဇိုင်နာတွေကို မင်းအတွက်ငှားရမယ်ပေါ့၊မင်းလို
အပ်လို့လက်ဖျစ် တစ်ချက်တီးလိုက်တာနဲ့မင်းအနားလာချင်နေတဲ့
professional Designer ပေါနေတာကို"
"...."
"Ok..ငါမျှော်နေမယ် ပွဲကျင်းပမယ့်နေ့ကိုတော့ မင်းကိုနောက်မှပဲ
Sms ပို့လိုက်မယ်..bye"
ဖုန်းချပြီးတာနှင့် ဆိုင်ရှေ့မှာရပ်ထားတဲ့ ကားထဲဝင်ပြီးမောင်းထွက်
လာရင်း သီးချင်းလေးဖွင့်၍အရှိန်မြှင်းရင်း အိမ်သို့တိုက်ရိုက်မောင်း
လာခဲ့ခြင်းပင်။ ခြံထဲရောက်သည်နှင့် ကားပါကင်ထိုးပြီး ဆင်းလာ
တော့အပြင်သွားရန်ပြင်ဆင်နေသည့် မိခင်ကို တွေ့လျှင်ကားပေါ်မှ
ဆင်း၍....
"ဘယ်သွားမလို့လဲ"
"သြော်...သား၊ မာမီ ဒီည Royal Palace ဟိုတယ်မှာ ဒင်နာ
ရှိတယ်လေ၊ မောင်ခမ်းရဲ့ မာမီလဲ လာမှာ၊ သူငယ်ချင်းတွေ မဆုံတာ
ကြာပြီဆိုတော့ ညစာ စားပွဲလုပ်မလို့"
"ဝိုး!"
"သားရော လိုက်အုံးမလား"
"တော်ပါပြီဗျာ၊ မာမီတို့ မိန်းမသားတွေကြား ကျွန်တော်က ဘာလိုက်
လုပ်ရမှာတုန်း ၊ ပျော်ပျော်ပါးပါးသာ ညစာ စားခဲ့ပါ"
ဒေါ်ခင်သဇင်က ချိုသာသောအပြုံးတို့ဖြင့် ကြည့်ရင်း ကားထဲဝင်ပြီး
မောင်းထွက်သွားတာကိုသာ နေရောင်ကြည့်နေလိုက်သည်။ ဖေဖေမရှိ
တော့နောက် မာမီဟာ ဟိုသွားဒီသွားနဲ့ ဘဝကိုစိတ်တိုင်းကျလွတ်လပ်
စွာဖြတ်သန်းနေတာ။
>>>>>>>>>>>>>>
ရုံးခန်းထဲမှာMacbookဖွင့်ကာဟိုတယ်ရဲ့internet web
siteပေါ်မှာရှိတဲ့ ဓာတ်ပုံတွေကိုကြည့်နေသည်။မနက်ကမှ မော်ဒယ်
၏မန်နေဂျာမှ ရှုတင်က ဓာတ်ပုံတွေနဲ့ ရိုက်ကူးထားတဲ့ဗွီဒီယိုတစ်ချို့ကို website ပေါ်မှာ တင်ပေးထားသောကြောင့်။ အချိန်တွေလည်း
အားနေသည်မို့ တိုင်းတစ်ယောက် commentတစ်ကြောင်းခြင်း
ဆီလိုက်ဖတ်နေလိုက်သည်။
~ရာရာ လေးက နာမည်ကြီး ဟိုတယ်ရဲ့ ပင်တိုင်မော်ဒယ်ဖြစ်သွားပြီ၊
congrazz
~ရာရာလေး တည်းတဲ့ဟိုတယ် ကို လိုက်တည်းချင်ပေမယ့် ကိုယ့်မှာ
ပိုက်ဆံရှိဘူး..ဗြဲ..
~ရာရာလေး ကိုယ်တိုင်ကြေငြာ ပေးတာဆိုတော့ သေချာပေါက်သွား
တည်းရမယ်
~ဟိုတယ် က အရမ်းခမ်းနားတယ်လိူ့ကြားတယ်
~အထူးpackage စျေးတွေသိချင်ပါတယ်
~Birthday Party အတွက် ကျင်းပချင်လိူ့ စျေးလေးတစ်
ချက်လောက်ပြောပေးပါ
~တို့ကတော့ ကျန်တာစိတ်မဝင်စားဘူး၊ ဟိုတယ်ရဲ့ဆက်ခံသူ အလှ
လေးကိုပဲ စိတ်ဝင်စားတယ်
~သူက အမရာ နဲ့ တစ်ခုခုလား
~မဖြစ်နိုင်၊ အမရာ က တက်သစ်စ မော်ဒယ်လေးပါနော်၊အမရာ
ကိုဘယ်သူနဲ့မှ သဘောမတူနိုင်သေးဘူး
~Wedding ကျင်းပချင်ရင် Booking ကြိုယူရလားဗျ၊
promotionလေးရှိမလားလဲ သိချင်ပါတယ်
~ဘာအစားအသောက်တွေရလဲ
~တစ်ည တည်းရင်ဘယ်လောက်လဲ၊USDနဲ့ပဲရှင်းရတာလား
~5 Star Hotel ဆိုတော့ နိုင်ငံခြားသားတွေပိုများမှာပေါ့
~ဟိုတယ်မှာလာတည်းရင် အမရာနဲ့ တွေ့ခွင့်ရှိမလား
~Family Dinner အတွက် ဘိုကင်တင်ဖို့လိုသလား
စသည်ဖြင့် အမျိုးစုံမန့်နေကြတော့ တိုင်း Macbookပိတ်လိုက်ပြီး
မျက်မှန်ပင့်တင်လိုက်တော့သည်။ ထိုစဥ် အပြင်မှဒေါက်ဖိနပ်သံကြား
လိုက်ပြီးတံခါးဖွင့်ဝင်လာတဲ့လူကိုကြည့်လိူက်၏၊
"သြော်..မေမေ ဟိုတယ်ကိုလာတယ်"
"ဟုတ်တယ်သား၊ မေမေတို့သူငယ်ချင်းတွေ ညစာ စားမလို့လေ၊
သားကိုခဏတွေ့ချင်လို့ ရုံးခန်းခဏဝင်လာတာ"
"ထိုင်လေ"
"မထိုင်တော့ဘူး အခုပဲ မေမေ resturantကိုသွားမှာ၊ သားက
မပြန်သေးဘူးလား"
"အခုပဲ ပြန်မှာ"
တိုင်း ကုတ်အင်္ကျီယူပြီး ရုံးခန်းအပြင်ကို ဒေါ်ငွေနန်းရွှေရည်နဲ့အတူ
ထွက်လာသည်၊သားအမိနှစ်ယောက် ဟိုတယ် ဘက်ဆင်းလာရင်း...
"စံအိမ်မှာ ဘုန်းဆက်က သားရဲ့ သက်တော်စောင့်လာလုပ်နေတယ်ဆို၊ အဆင်ပြေရဲ့လားသားရယ်၊သားကို တစ်ခုခုလုပ်မှာစိုးရိမ်တယ်"
"ဖေဖေပြောတာလား"
"အင်း၊ မေမေတော့ အဲ့ကလေး သားနဲ့ အတူရှိနေတာကို သဘော
မကျပါဘူး"
"ဘာလို့လဲ"
ဒေါ်ငွေနန်းရွှေရည် က ခြေစုံရပ်လိုက်ပြီး တိုင်းကို မော့ကြည့်သည်။
"သားငယ်ငယ်တုန်းက အဲ့ကလေးကြောင့် သားကိုဆုံးရှုံးရမလိုဖြစ်
သွားတာလေ၊ မေမေ့စိတ်ထဲ ဘယ်လိုမှကို သဘောမကျဘူး"
ဒေါ်ငွေနန်းရွှေရည် မျက်နှာကက တည်တင်းသည်။ ဘုန်းဆက် စံအိမ်
ကိုငယ်ငယ်တုန်းက ရောက်လာတာကိုလဲ သဘောမကျသလို၊ခန့်ဆက်
က တိုင်းနဲ့ရင်းနှီးခဲ့တာကိုလဲ သဘောမကျပေ။ ဒီကလေးနှစ်ယောက်
ကြောင့် သူမတို့စည်းစိမ် ဥစ္စာကိုလဲ ဆုံးရှုံးလိုက်ရမှာကို စိုးရိမ်နေမိ
တာလဲ ဖြစ်သည်။
ဒီကလေး နှစ်ယောက်သာ အဖြစ်မှန်သိရင် သူတို့မိသားစုကို ဒီတိုင်း
ထားပါ့မလား။ ပြီးတော့ တိုင်းကဘာကိုမှ မသိသေးတဲ့လူ။ တိုင်းသာ
အဖြစ်မှန်ကိုသိရင် သူမတို့ကို မုန်းသွားမှာလည်းကြောက်သည်။
ဦးမင်းထည်ဝါ ကတော့ ဘုန်းဆက် လုပ်ချင်တာလုပ်လို့မရအောင်
အနီးကပ်ခေါ်ထားသည်တဲ့။ သူတို့မိသားစု အပေါ်မှာ အပြစ်ရှိခဲ့တာ
တောင်ဘယ်လိုစိတ်နဲ့ခေါ်ထားနိုင်လဲယောက်ျားဖြစ်သူကိုနားမလည်
တော့ပေ။
စားသောက်ဆိုင် ထဲဝင်လာသည်နှင့် အမရာကိုတွေ့လိုက်တော့ဒေါ်ငွေ
နန်းရွှေရည် အနီးကပ်သွား၍ နှုတ်ဆက်သည်။ အမရာကလည်း တိုင်း
နဲ့ အတူတွဲလျှောက်လာတာ မြင်လျှင်....
"အန်တီက ဘောစ့်ရဲ့မေမေလား"
"ဟုတ်တယ်လေ၊ အဟင်း!သမီးလေး အမရာ ကဓာတ်ပုံထဲမှာထက်
အပြင်မှာပိုပြီးချစ်ဖို့ကောင်းတာပဲ၊ ဓာတ်ပုံလေး တစ်ပုံလောက်ရိုက်လို့
ရမလား၊ အန်တီက သမီးရဲ့ ပရိတ်သတ်တစ်ယောက်ပါ"
"အို..ရတာပေါ့ရှင်၊ အမရာကတော့ အန်တီနဲ့ ဓာတ်ပုံတွဲရိုက်ရလို့
ဝမ်းသာရအုံးမယ်၊ အန်တီလဲ တစ်နည်းအားဖြင့်အမရာ ရဲ့အလုပ်
ရှင်ပါပဲ"
"အဟင်း!အန်တီကတော့ အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေး
ထက်ပိုချင်ပါတယ်"
ရုတ်တရက် ဒေါ်ငွေနန်းရွှေရည် ဘာပြောလိုက်သည်ကို အမရာ နားမ
လည်လိုက်။ ဓာတ်ပုံရိုက်ပြီးသည်နှင့် ဒေါ်ငွေနန်းရွှေရည် ကစားပွဲဝိုင်း
တစ်ခုကို ဝင်ထိုင်လိုက်တော့ အမရာက ကျန်ခဲ့ရင်း တစ်ခဏငေး
ကြည့်နေပြီးမှ ရှေ့မှာရပ်နေတဲ့ တိုင်းကိုမော့ကြည့်ရင်း နောက်ကိုပါ
လှမ်းကြည့်ပြီး နှုတ်ခမ်းလေးအနည်းငယ်စူသွားတော့သည်။
ဒီနေ့ တိုင်းကbodyguardကို ခေါ်မလာဘူးလား။
"ဘောစ့် အမရာ စားသောက်ဆိုင်က အစားအသောက်ပုံတွေကို
သေချာလှလှပပ လေးရိုက်ပြီး IGမှာ Hotel Location ပါ
Check In တွဲပြီးတင်ပေးထားတယ်"
"အင်း"
"ဒါဆို အမရာ အလုပ်ဆင်းလို့ရပြီလား"
"ရပြီ"
အမရာ ထွက်သွားသည်နှင့် ဟိုတယ် မန်နေဂျာက တိုင်းအနား
ရောက်လာပြီး၊ တိုင်းထံ ဖိုင်တွဲတစ်ခုပေးလိုက်တော့သည်။
ထို့နောက်...
"ညပိုင်း wedding conference အတွက် ကိုခမ်း လာ
စစ်ဆေးပေးဖို့ Service Manager ကဖိတ်ထားပါတယ်"
"အင်း"
တိုင်း Royal Ballroom ထဲရောက်သည်နှင့် အပြင်အဆင်
အကုန်လုံးနီးပါးပြီးစီးကာ သတို့သမီးနှင့် သတို့သားကတော့ Make
Up ခန်းမှာ ပြင်ဆင်နေကြသည်ဟုဆို၏။ တိုင်း စားပွဲဝိုင်းတွေနှင့်
စားပွဲခင်းတွေ အလှဆင်ပန်းတွေ အလှဆင် မီးတွေကိုသေချာလိုက်
ဆေးသည်။ ပြီးမှ Service Manager ဘက်လှည့်ပြီး...
"wedding cake ကရော ဘာပြင်ထားလဲ"
"ဟို၊ မင်းကွတ်သီး Cakeလိူ့ပြောပါတယ်"
"ဧည့်သည်တော်တွေကိုဧည့်ခံမယ့် အစားအသောက်Packageက
ရော"
"Package ငါးမျိုးထဲမှာမှ Lotusကိုယူထားပါတယ်"
"မုန့်5မျိုး coffee နဲ့ ice creamပေါ့"
"ဟုတ်ပါတယ်"
"အင်း"
ခန်းမကို ကြည့်ပြီးမှ Service Manager ကိုပုခုံးပုတ်လိုက်ပြီး
တိုင်းလှည့်ထွက်လာခဲ့တော့သည်။ ကားပါကင်ရောက်သည်နှင့်ကိုစိုး
လင်းက အသင့်စောင့်နေကာ တိုင်း ဝင်ထိုင်လိုက်တော့မှနာရီကြည့်
သည်။ ထို့နောက်တွင်...
"သခင်လေး ဒီနေ့ နည်းနည်းနောက်ကျတယ်နော်"
"အင်း၊ wedding အတွက်အပြင်အဆင်တွေခဏသွားစစ်ဆေး
တာ"
ကိုစိုးလင်းက စကားဆက်မပြောတော့ပဲ ကားကိုသာအာရုံစိုက်ထား
လေသည်။တိုင်းစံအိမ်ပြန်ရောက်လာသည်နှင့် အိမ်တော်ထိန်းကြီးက
စီးကြိုသည်။စံအိမ်ထဲရှိ ဝန်ထမ်းတွေအကုန်လုံးကလဲ တိုင်းဝင်လာ
သည်နှင့်တပြိုင်နက်ခါးညွန့်နှုတ်ဆက်ပြီးသားပင်။ပြီးတော့ တိုင်းကိုယ်
ပေါ်မှ အင်္ကျီကိုချွတ်ပြီး ဒေါ်မြညို ဆီပေးလိုက်၏၊
တိုင်းပေးသည့် အင်္ကျီကိုယူလိုက်ရင်း တိုင်းက စားဖိုခန်းကြီးထဲသို့
တစ်ဆက်တည်းဝင်လာတော့ ဒေါ်မြညို တိုင်းကိုနားမလည်သလို
ကြည့်သည်။ပြီးနောက် တိုင်းက စားပွဲခုံတန်းအရှည်ကြီးမှာ ဝင်ထိုင်
လိုက်လျှင်...
"သခင်လေး ညစာ စားမလို့လား၊ ရေအရင်မချိုးတော့ဘူးလား"
"အရင်ဆုံး Cheese Pizzaပြင်ထားပေး"
"ဟုတ်ကဲ့ပါ သခင်လေး"
အိမ်တော်ထိန်းကြီးက အရင်ဆုံး အချက်အပြုတ်ခန်းထဲက Chefဆီ
သွားပြီး Cheese Pizzaလုပ်ခိုင်းလိုက်တော့သည်။ပြီးမှ တိုင်းရဲ့
Suite Roomဆီ အပြေးတစ်ပိုင်းသွားပြီးအင်္ကျီကို သွားထား၏။
Chefက စားပွဲပေါ် Cheese Pizzaလာချပေးသည်နှင့်ခက်ရင်း
ကိုင်ကာ pizzaကိုထိုးဆွ ကြည့်၏။ပြီးတော့မတ်တပ်ရပ်နေသည့်
Chefကိုမော့ကြည့်၍...
"ဒီထဲမှာ ပုဇွန်နဲ့ပတ်သတ်တာ မပါဘူးမလား"
"စိတ်ချလက်ချ သုံးဆောင်လို့ရပါတယ် သခင်လေး"
Pizzaကို ဖဲ့ယူပြီး ပါးစပ်ထဲထည့်ခါနီးမှာပဲ ခက်ရင်းကိုသေသေ
သပ်သပ်ပြန်ချထားလိုက်ပြီး စားဖိုခန်းထဲ ပြန်ဝင်လာသည့် ဒေါ်မြညို
ကိုကြည့်ရင်း....
"richard thwin ကအိပ်ဆောင်မှာပဲလား"
"ဟုတ်၊ဒီနေ့ အဆောင်အပြင်ထွက်တာ မမြင်မိဘူး၊ ဖျားနေသလား
မသိဘူး သခင်လေး"
တိုင်း pizzaပန်းကန်ကြီးကို တွန်းလိုက်ပြီး ဒေါ်မြညိုကို မေးဆက်
ပြသည်။
"အဲ့ဒီpizzaကို သူ့ဆီပို့ပေးလိုက်"
"ရှင်"
ဒေါ်မြညိုအံ့သြသလို၊ မတ်တပ်ရပ်နေသည့်Chefကအစ မျက်နှာ
အနည်းငယ်ပြောင်းလဲသွားသည်။စံအိမ်ဝန်ထမ်းတွေအစားအသောက်
အနေအထိုင် ပေါပေါသီသီရပေမယ့် တစ်ခါမှတော့ ဒီလိုမျိုးလက်
အောက်ဝန်ထမ်းအပေါ်တိုက်ရိုက် ငဲ့ညှာတာမျိုးမမြင်ဖူးခဲ့ချေ။ ဒါဟာ
ဒေါ်မြညို ဒီစံအိမ်မှာ အလုပ်လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ
တစ်ခါသာမြင်ဖူးတာလို့ဆိုရမလား။
Chefက ချက်ချင်း Pizza ပန်းကန်ကိုပြန်ယူပြီး ဖိုက်ဘာဘူးလေး
ထဲ ထည့်၍ ဒေါ်မြညိုဆီ လာပေး၏၊ဒေါ်မြညိုလဲဘူးကိုယူပြီး လှည့်
ထွက်ဖို့ ခြေလှမ်းလိုက်စဥ်မှာပဲ....
"နေအုံး"
နောက်မှ အေးစက်စက်လေသံကြောင့် ရပ်တန့်သွားသည်။ ထို့အတူ
တိုင်းကို ပြန်လှည့်ကြည့်လိုက်တော့ တိုင်းက စားပွဲမှ ထရပ်ပြီး ဒေါ်မြ
ညိုဆီလျှောက်လာကာ လက်ထဲမှ ဘူးကို ဆွဲယူလိုက်၏၊ ပြီးတော့...
"ကိုယ်တိုင်ပဲ သွားပို့လိုက်မယ်"
"ဟုတ်၊ ဟုတ်ကဲ့"
တိုင်းက ဘူးယူပြီး ထွက်သွားတော့ အကုန်လုံးကြောင်ငေးလျှက်။
ဝန်ထမ်းမလေးတွေကအစ တီးတိုးပြောဆိုနေကြသည်။ တိုင်းကိုငေး
ကြည့်ရင်း ကျောနောက်မှတတွတ်တွတ်ပြောသံကြောင့် ဒေါ်မြညို
မျက်မှောင်ကုပ်လိုက်ပြီး စုပ်သတ်လိုက်တော့သည်။
"ကျွတ်!နင်တို့တွေ ကိုယ့်အလုပ်ကိုလုပ်စမ်း၊ စည်းကမ်းချက်တွေမေ့
နေပြီလား"
"ဟုတ်ကဲ့ပါ အိမ်တော်ထိန်းကြီးရှင့်"
ဒေါ်မြညိုရဲ့ခပ်တင်းတင်းလေသံကြောင့် ဝန်ထမ်းမလေးတွေ ကပြာ
ကယာပြန်ထွက်သွားကြ၏၊ဒေါ်မြညိုလဲ သက်ပြင်းချရင်း စံအိမ်ရှိ
အသစ်တပ်မည့်ခန်းဆီးလိုက်ကာ အသစ်များကိုစစ်ဆေးရန် စတိုခန်း
ထဲသို့ ဝင်၏။ ဒီစံအိမ်မှာ အလုပ်သမားတွေကိုယ်စီအလုပ်ရှိကြသော်
ငြား ဒေါ်မြညိုလဲလိုအပ်သည့်နေရာကပင် အားဖြည့်လုပ်ဆောင်ရ
သေးတာဖြစ်လေသည်။
##############
Zawgyi
ချက်အလက်တွေပါ"
"ခဏ နေရင် စမယ်လို့ပြောတယ် ဘော့စ်"
ရင်း...
"ဟုတ်"
ကျောင်းပြီးထားတာလား"
တာလဲ"
ပြီးမှ...
တယ်"
လဲ"
န်မော့ကြည့်သည်။ထို့နောက်...
စုံစမ်းခဲ့သင့်တယ်"
"ဟုတ်ကဲ့ပါ"
ထားခဲ့"
"ရှင်!ဟုတ်"
"အင်း"
သေချာမမှတ်မိ။ပြီးတော့ ဖိုင်ထဲ ပြန်ထည့်ပြီး အသစ်ဖွင့်မည့် ဆိုင်သိြု့
ပန်လာခဲ့၏။
ပါခဲ့ပြီး အဝတ်အစားလှလှ လေးများကို ဈေးကွက်ထဲသို့ဖြန့်ဖြူးချင်
င်းလိုက်မယ်၊water coolerတစ်ခု တော့လိုမယ်ထင်တယ်၊ကော်ဖီေ
ဖျာ်စက်လေးတစ်ခုရော၊ ဒီမှာလုပ်မယ့် ဒီဇိုင်နာတွေအတွက်လိုအပ်
လောက်မှာမလို့"
က်လိုက်တော့သည်။
"...."
"...."
"...."
ပြီးရင်မင်းအတွက် brown suit တစ်ထည်ချုပ်ပြီး လက်ဆောင်ေ
ပးမယ်"
"...."
"...."
"ဘယ်သွားမလို့လဲ"
"ဝိုး!"
"သားရော လိုက်အုံးမလား"
"တော်ပါပြီဗျာ၊ မာမီတို့ မိန်းမသားတွေကြား ကျွန်ေ
တ်ာက ဘာလိုက်လုပ်ရမှာတုန်း ၊ ပျော်ပျော်ပါးပါးသာ ညစာ စားခဲ့ပါ"
ဒေါ်ခင်သဇင်က ချိုသာသောအပြုံးတို့ဖြင့် ကြည့်ရင်း ကားထဲဝင်ြ
ပီးမောင်းထွက်သွားတာကိုသာ နေရောင်ကြည့်နေလိုက်သည်။
>>>>>>>>>>>>>>
င့်။ အချိန်တွေလည်းအားနေသည်မို့ တိုင်းတစ်ယောက်ျ
congrazz
က်သွားတည်းရမယ်
~ဟိုတယ် က အရမ်းခမ်းနားတယ်လို့ကြားတယ်
~အထူးpackage ဈေးတွေသိချင်ပါတယ်
~Birthday Party အတွက် ကျင်းပချင်လို့ ဈေးလေးတစ်
ချက်လောက်ပြောပေးပါ
ကိုပဲ စိတ်ဝင်စားတယ်
~ဘာအစားအသောက်တွေရလဲ
လိုက်ပြီးတံခါးဖွင့်ဝင်လာတဲ့လူကိုကြည့်လိုက်၏၊
"ထိုင်လေ"
မပြန်သေးဘူးလား"
"အခုပဲ ပြန်မှာ"
င်း...
"ဖေဖေပြောတာလား"
"အင်း၊ မေမေတော့ အဲ့ကလေး သားနဲ့ အတူရှိနေတာကို သေ
ဘာမကျပါဘူး"
"ဘာလို့လဲ"
ဒေါ်ငွေနန်းရွှေရည် က ခြေစုံရပ်လိုက်ပြီး တိုင်းကို မေြာ့
ကည့်သည်။
"သားငယ်ငယ်တုန်းက အဲ့ကလေးကြောင့် သားကိုဆုံးရှုံးရမလြို
ဖစ်သွားတာလေ၊ မေမေ့စိတ်ထဲ ဘယ်လိုမှကို သဘောမကျဘူး"
ယာက်ကြောင့် သူမတို့စည်းစိမ် ဥစ္စာကိုလဲ ဆုံးရှုံးလိုက်ရမှာ
တိုင်းသာ အဖြစ်မှန်ကိုသိရင် သူမတို့ကို မုန်းသွားမှာလည်ြးေ
ကာက်သည်။
တော့ပေ။
ရှင်ပါပဲ"
င်ပါတယ်"
ယ်စူသွားတော့သည်။
"အင်း"
"ရပြီ"
ထို့နောက်...
"အင်း"
Manager ဘက်လှည့်ပြီး...
"ဟို၊ မင်းကွတ်သီး Cakeလို့ပြောပါတယ်"
ကရော"
"ဟုတ်ပါတယ်"
"အင်း"
ခန်းမကို ကြည့်ပြီးမှ Service Manager ကိုပုခုံးပုတ်လိုက်ြ
ရီကြည့်သည်။ ထို့နောက်တွင်...
တာ"
န်းကြီးကစီးကြိုသည်။စံအိမ်ထဲရှိ ဝန်ထမ်းတွေအကုန်လုံးကလညျး
တာ့ တိုင်းကိုယ်ပေါ်မှ အင်္ကျီကိုချွတ်ပြီး ဒေါ်မြညို ဆီပေး
လိုက်၏၊
တိုင်းပေးသည့် အင်္ကျီကိုယူလိုက်ရင်း တိုင်းက စားဖိုခန်ြး
ကီးထဲသို့တစ်ဆက်တည်းဝင်လာတော့ ဒေါ်မြညို တိုင်းကိုနားမလည်သ
ဝင်ထိုင်လိုက်လျှင်...
"ဟုတ်ကဲ့ပါ သခင်လေး"
ကို သွားထား၏။
ကိုကြည့်ရင်း....
မသိဘူး သခင်လေး"
မေးဆက်ပြသည်။
"ရှင်"
ခဲ့ချေ။ ဒါဟာဒေါ်မြညို ဒီစံအိမ်မှာ အလုပ်လုပ်လာတဲ့ သက်တမ်းတစ်ေ
လျှာက်မှာတစ်ခါသာမြင်ဖူးတာလို့ဆိုရမလား။
ထဲ ထည့်၍ ဒေါ်မြညိုဆီ လာပေး၏၊ဒေါ်မြညိုလဲဘူးကိုယြူ
ပီး လှည့်ထွက်ဖို့ ခြေလှမ်းလိုက်စဉ်မှာပဲ....
"နေအုံး"
ပြီးတော့...
"ဟုတ်၊ ဟုတ်ကဲ့"
သည်။
ဒေါ်မြညိုရဲ့ခပ်တင်းတင်းလေသံကြောင့် ဝန်ထမ်းမလေးေ
တွ ကပြာကယာပြန်ထွက်သွားကြ၏၊ဒေါ်မြညိုလဲ သက်ပြင်းချရ
ခန်းထဲသို့ ဝင်၏။ ဒီစံအိမ်မှာ အလုပ်သမားတွေကိုယ်စီအလုပ်ရှိကြေ
သ်ာငြား ဒေါ်မြညိုလဲလိုအပ်သည့်နေရာကပင် အားဖြည့်လု
##############
Continue Reading
You'll Also Like
556K 22.5K 68
Lilly found an egg on a hiking trip. Nothing abnormal on that, right? Except the egg was four times bigger than supposedly the biggest egg in the wor...
1.4M 96.9K 189
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
2.5M 143K 43
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
2.7M 60.2K 81
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...