Days of Counting Camellia (Hi...

Od All-shine

277K 18K 2.5K

Own-Creation.(R18+) လူတစ်‌ယောက်ဟာ မိမိ၏ ရန်သူအဖြစ်မှ အသက်ထက်ချစ်ရသူအဖြစ် ပြောင်းလဲသွားနိုင်သလား ? စစ်သုံ့ပ... Viac

[1] War Slave
[2] Little Thief
[3] What's wrong with the Emperor ? "
[4] Dominant Sadist
[5] Hurtful
[6] Why she can't bloom
[7] Honey Lips
[8] Prince with Red eyes
[9] Emperor wants a cage
[10] In Emperor's chamber
[11] Easy to break, easy to fall
[12] The Boy who collects Happiness in a bottle (1) '
[13] The Deadly Simulation
[14] What do you really want , your Majesty ? '
[15]' Colours of Ash '
[16] The past in mud '
[17]Ravens have claws '
[18]' One Long Fateful Night '
[19]Why Ash take an orange to high "
[20]' The West Wind of Mine '
[21]' Romance of a maiden '
[22]' Enemies of the damn '
[23]' Sex-slave in name '
[24]Real Sex-slave(18+)
[24]' Kissing A Rose🌹 '
[26]' Whispers in the forest '
[27]' Hunt down the Beast '
[28] They call him Ash , the Evil '
[29] Blood Red Eyes in the Snow '
[30]' Embrace in the Snow '
[31]' Defenseless in his arms '
[32]' Her Warm body '
[33]' All paths to hell are paved with good intentions '
[34]' The cleansing day of Xavia '
[35]' Love can be harmful '
[36]' Your Majesty, you will frighten the little lamb '
[37] These feelings are too dirty to be called Love '
[38]' Calm before the storm '
[39]' Born from ashes '
[41] A drop of poison
[42] The Golden Cage of Desire
[43] Love turns into Lust
[44] Loving Your Enemy
[45] She is the God's Weakness '
[46]Scandalous Woman

[40]' Paradise on fire '

3.2K 222 77
Od All-shine

Scroll down ⬇️
Zawgyi version below.

#Unicode

Xavia Kain ကို နာမည်ပြောင်တွေ အများကြီးဖြင့် ‌လူတွေသိကြသည် ။ နာမည်ကောင်းတွေတော့မဟုတ် ။ ချဲ့ကားထားကြတာ များပေမယ့် အခြေအမြစ်မရှိတာမဟုတ် ။

နဂါးသွေးစင်စစ်ဖြစ်ပါလျက် သူရဲဘောကြောင်သူ ... ။ နိုင်ငံ့ ထိတ်တန်းသူရဲကောင်း Xavia Heath ၏ တစ်ဦးတည်းသောသား ဖြစ်ပါလျက် ကျောရိုးမရှိတဲ့သူ ... ။ သတ္တိနည်းသူ ၊ ပျော့ညံသူ ၊ အဖြစ်မရှိသူ ... ။

Xavia တော်ဝင်မျိုးရိုး ယောင်္ကျားသားတိုင်းဟာ သူတို့ပထမဆုံး ဓားကိုင်လိုက်တဲ့အချိန်ကစပြီး မဟာ့မဟာကိစ္စကြီးများကို ပြီးမြောက်စေခဲ့ကြသည်ချည်းသာ ။ မြင့်မားသော ဘွဲ့ဂုဏ်တို့ဖြင့် လူတော်အမြောက်အများသည် တော်ဝင်မျိုးနွယ်မှ ဆင်းသက်လာကြသည် ။

တစ်ဖက်တွင်မူ Kain သည် သူ ပထမဆုံး ဓားကိုင်ဖူးစဉ်က သမိုင်းရေးဖို့မပြောလေနှင့် , မိမိဓားဖြင့် မိမိဖာသာပြန်ရှမိကာ ၊ ‌ဒဏ်ရာကြောင့် ဖျားပြီး တစ်ပတ်တိတိ အိပ်ယာထဲလဲခဲ့သည် ။ စစ်ဗျူဟာစာ‌မေးပွဲလဲ အခါခါကျကာ ၊ ဖခင် ဦးဆောင်သော ခရမ်းမီးလျှံ သူရဲကောင်းတပ်စုထဲ အသက်ဆယ့်ခြောက်နှစ်ပြည့်မှ ဝင်နိုင်ခဲ့ပြီး ၊ အနိမ့်ဆုံး ကြေးပြားတပ်သားရာထူး အဆင့်မှ မတက်နိုင်ခဲ့ ။ သူနှင့် အသက်အရွယ်တူ တပ်သားတိုင်းဟာ အသက်ဆယ့်ခြောက်တွင် အနည်းဆုံးဗိုလ်လေးအဆင့် ရောက်နေကြ‌လေပြီ ။

သို့ပေမယ့် ဖခင်ဖြစ်သူဟာ Kain ကို ဘယ်တော့မှ တွန်းအားမပေးခဲ့ပါ ။ စိတ်ပျက်ခြင်း အရိပ်အယောင်လေးတောင်မပြခဲ့ ... ။ ဓားရေးသင်ပြီးခါစ ပွန်းပဲ့နေ‌သော လက်ဖဝါးလေးတွေကို အမေဖြစ်သူက ဆေးထည့်ပေးတိုင်း တရှုံ့ရှုံ့ငိုယိုနေတတ်သူ Kain ကို ဘေးနားမှနေ၍ ဖခင်သည် အစဉ်အမြဲ ချစ်ခင်မြတ်နိုးစွာ စောင့်ကြည့်နေခဲ့သည် ။

တစ်‌နေ့ သူ့အား တစ်ခွန်းသာပြောလာခဲ့သည် ။

Heath : " အခုတော့ ငိုလို့ရတယ် သား ။ ဒါပေမယ့် မင်းရဲ့ လက်ထဲက ဓားသွားဟာ အဆမတန်လေးလံလာတဲ့ တစ်နေ့ ငိုနေလို့မရတော့ဘူး "

ထိုစကားတွေကို Kain ယခု သဘောပေါက်ခဲ့ပါပြီ ။ သူ့လက်ထဲက အမြဲပေါ့ပါးခဲ့တဲ့ ဓားဟာ လွန်စွာလေးလံနေခဲ့ပြီ ။

မိမိ‌အရှေ့တည့်တည့်ပြေးဝင်လာသော အစ်ကိုဝမ်းကွဲဖြစ်သူအား Kain သည် ကြေကွဲစွာ ရပ်ကြည့်နေခဲ့မိသည် ။ လက်ထဲ၌ တင်းတင်းကိုင်ဆွဲထားသော ဓားသွားကို ထိုသူ့ထံ မလွှဲခုတ်နိုင်ခဲ့ ... ။

သူသာ ဆုံးဖြတ်ချက် ခိုင်မာခဲ့လျှင် နားထင်စောင်းထပ် မညှာမတာ ဖြတ်ရိုက်ခံထိပြီး ဓားစားခံဖြစ်သွားမှာ မဟုတ် ။ သူ့အား ယုံကြည်ခဲ့တဲ့ Ben. ကို စိတ်ပျက်စေမိပြန်ပြီ ။

အခြေအနေက ဗြောင်းပြန်ဖြစ်သွား၏ ။ Kain တစ်ယောက် လျင်မြန်သော Ash ၏ လက်ထဲ အချုပ်ခံလိုက်ရသည် ။

Ben : " Kain ! "

Bentley Raymond မှာ အလန့်တအကြားဖြစ်ကာ ဓားကိုဆွဲပြီး ကုန်းရုန်းပြန်ထလာသည် ။

‌သခင်ကိုမိသဖြင့် ရုတ်ရုတ်သဲသဲဖြစ်သွားသော သစ္စာရှိခွေးနှစ်ကောင်ကြား မပိတ်မိခင် ဤဥယျာဥ်‌ထဲမှ အမြန်ထွက်ခွာရမည်ကို Ash သိသည် ။

Kain ကို ဇက်ချိုးသတ်လိုက်ပြီး ၊ ကျန် ရန်သူနှစ်ယောက်ကို ရင်ဆိုင်ဖို့ဆိုတာ Ash အတွက် လွယ်ကူသည့်ကိစ္စပင် ။ သို့သော် Ash သာ Kain ကို သတ်ချင်လျှင် အစတည်းက မျှော်စဉ်ပေါ်မှာ တကူးတက သွားပိတ်ထားမည်မဟုတ် ။ ဒီကောင်လေး သေသည်ထက် ရှင်သည်က ပိုပြီးတန်ဖိုးရှိ၏ ။

Ash သည် Kain ၏ လည်ပင်းကို လက်မောင်းဖြင့်သိုင်းညှစ်ထားရင်း တဖြည်းဖြည်းအနောက်ဆုတ်သွားလိုက်သည် ။ Kain မှာ Ash ရဲ့လက်ထဲ ယက်ကန်ယက်ကန်ဖြင့် ပါသွားသည် ။

Ben : " Kain စိတ်အေးအေးထား ။ ငါ မင်းကို ကယ်ထုတ်သွားမှာပါ ။ ငါ ကတိပေးတယ် "

" သခင်လေး Kain ! "

Bentley နှင့် သစ္စာရှိသူရဲကောင်းကြီးတို့မှာ Ash က သူတို့သခင်လေးကို တကယ်ပဲ လည်ပင်းချိုးသတ်ပစ်လိုက်မှာကို ပူပင်နေကြပြီ ။ Ash တစ်လှမ်းနောက်ဆုတ်လျှင် သူတို့လည်း တစ်လှမ်းရှေ့တိုးကာ လိုက်ပါလာသည် ။

Ash သည် ဤအနေအထားဖြင့် အပြင်ရောက်သွားနိုင်ဖို့ မျှော်လင့်သည် ။ အပြင်မှာ စောင့်ကြပ်နေသော ကိုယ်ရံတော်အဖွဲ့မှာ အတွင်းဆောင်၏မုခ်ဝ၌ တပ်ဆွဲထားကြသည် မဟုတ်လား ။ ကိုယ်ရံတော်အဖွဲ့ဆီ တစ်နည်းနည်းဖြင့် Ash အသိပေးနိုင်လျှင် အနှီရာဇဝတ်သားသုံးဦးကို အရှင်ဖမ်းဖို့ဆိုတာ အလွယ်လေးပင် ။

Ash ရဲ့အကြံအစည်ကို ရိပ်မိပုံပေါ်သော Bentley မှာ ထွက်ပေါက်ဆီသို့ အပြေးသွားကာ Ash ၏လွတ်လမ်းကို ပိတ်ကာရန် ကြိုးစားလေ၏ ။ Ash မှာ ရန်သူအရှေ့တစ်ယောက် အနောက်တစ်ယောက် ကြားညှပ်သွားတော့သည် ။

Ash : " ကျစ် ! Raymond တဲ့လား ?
Kain , မင်းမှာ တယ်သွက်တဲ့ လက်အောက်ငယ်သားတွေရှိနေသေးတာပဲ "

Kain : " အစ်ကိုတော် ... ဒါတွေကို ကျွန်တော်တကယ် မလိုလားပါဘူး ။ ကျေးဇူးပြုပြီး ... ကျေးဇူးပြုပြီး ကျွန်တော်ပြောတာကို နားထောင်ပေးပါ "

ဝမ်းကွဲညီငယ်၏ အသနားခံမှုကို Ash အရေးမထား ၊ ခေါင်းထဲ၌ လွတ်ရာလွတ်ကြောင်းကိုသာ ကြံနေ၏ ။ အချိန်ဆွဲလေ Ash အတွက် အရေးနိမ့်နိုင်ချေများလာလေ မဟုတ်လား ။

ထိုစဉ် မြင်ကွင်းထဲ ရေတွေတဖွားဖွား ပန်းထွက်နေသော ဧရာမရေပန်းကြီး ဝင်ရောက်လာသည် ။ နီထွေးသော နှုတ်ခမ်းများ ကောက်ကျစ်စင်းလဲစွာ ကွေးတက်သွား၏ ။

Ash သည် Kain အား လွှတ်ပေးကာ အဝေးသို့ဆောင့်ကန်ထုတ်လိုက်သည် ။ ဆယ့်ခြောက်နှစ်ပြည့်ပြီဖြစ်သော်လည်း အထွားနှေးသော Kain မှာ တောင့်တင်းသန်မာသော Ash နှင့်ယှဉ်လျှင် လွန်စွာသေးကွေးသည်ဖြစ်ရာ ၊ အနောက်မှ အားဖြင့် ဆောင့်ကန်ခံရသောအခါ အဝေးသို့ ဘောလုံးပမာ လွင့်ကာသွားတော့သည် ။

Kain : " အာ့ ! "

" သခင်လေး ! "

သက်တော်စောင့်သူရဲကောင်းကြီးမှာ Kain အား ပြေးဖမ်း၏ ။

Kain ကို ပင့်ထူပေးရင်း သတိလွတ်သွားသော ကိုယ်ရံတော်ထံမှ ဓားကို Ash ပြေးလုလိုက်သည် ။ ထို့နောက် ရေပန်းကြီး၏ထိတ်မှ ရေဆူပေါက်ဆီသို့ ဓားကိုလွှဲပစ်လိုက်လေတော့သည် ။

ဥယျာဉ်ထွက်ပေါက်ကို ပိတ်ရပ်ထားသော Bentley မှာလဲ ရုတ်တရက်မို့ မလှုပ်ရှားမှီလိုက် ... ။

Ash ပစ်လွှတ်လိုက်တဲ့ ဓားရှည်သည် ရေထွက်ပေါက်သို့ စိုက်သွားကာ ၊ မီးတောင်ကျောက်ဖြူတို့ အက်သွားတော့သည် ။ မကြာလိုက် , ရေပန်းကြီးတစ်ခုလုံး တဖြည်းဖြည်း မှန်ကွဲသလိုအက်လာပြီး 'ဗွမ်း'ခနဲ အသံကြီးဖြင့် ‌ဧရာမရေပန်းကြီး ကွဲပြိုကျသွား‌ပါတော့သည် ။

ရေတွေ ဥယျာဉ်ထဲ ဦးတည်ရာမရှိ တဖွားဖွားထွက်ကုန်ပြီး အလင်းရောင်တောက်နေသော အဖြူရောင်ကျောက်အပိုင်းအစများ ပျံ့ကျဲကုန်၏ ။

ထိုအသံနှင့်အတူ ထောင်ပြေးသုံးယောက်အတွက် အန္တရာယ်လဲ နီးကပ်လာပါတော့သည် ။ ဘေးပတ်ဝန်းကျင်မှ ရဲမက်တို့၏ပြေးလွှားသံ အော်သံတို့ ကျယ်လောင်လာတော့သည် ။

Ben : " Kain , ပြေးတော့ ! "

Ben မှာ ဓားကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ဆုပ်ကိုင်ကာ အသင့်အနေအထားနေလိုက်ရင်း Kain အား အော်ဟစ်လိုက်သည် ။

Kain : " မဖြစ်ဘူး Ben ! "

Ben : " သွားတော့ ! "

" သခင်လေး အခုရှောင်မှဖြစ်မယ် ! "

ကိုယ်ရံတော်လူထွားကြီး၏ ဆွဲခေါ်ရာသို့ အော်ဟစ်ငိုယိုလျက် တရွတ်တိုက်ပါ‌သွားသော ကောင်လေးနှင့်၊ ငိုပဲငိုနေတတ်သည့် သူငယ်ချင်းအတွက် ရဲဝံ့စွာ အသက်ပေးတော့မည့် သူရဲကောင်းပေါက်စလေးတစ်ယောက် ။ ဒါ့အပြင် ထိုအဖြစ်အား ခပ်လှမ်းလှမ်းမှ လက်နောက်ပစ်ရင်း အေးဆေးစွာ ရပ်ကြည့်နေသော နတ်ဆိုးတစ်ကောင် ရှိခဲ့သည်တည့် ။

နောက်ဆုံးတွင် တော်ဝင်ကိုယ်ရံတော်တပ်မှူးကြီး Alexander အခင်းဖြစ်ရာသို့ ရောက်ရှိလာခဲ့ပြီး ညသည် ရာဇဝတ်သားသုံးဦးတို့အား ဖမ်းစီးနေရခြင်းဖြင့် အဆုံးသတ်သွားခဲ့သည် ။

Kain နှင့် သူ၏ သက်တော်စောင့်သူရဲကောင်းကြီးတို့ နှစ်ဦးကိုမူ အတွင်းဆောင်၏အပြင်၌ အချိန်အတော်ကြာယူပြီးမှ ဖမ်းစီးရမိခဲ့ပါသည် ။ အချိန်ဆွဲဖို့ အတွင်းဥယျာဉ်တော်ထဲ တိုက်ခိုက်ကျန်ရစ်ခဲ့သည့် Bentley Raymond တစ်ယောက်တည်းအား ဖမ်းမိရန် တော်ဝင်ကိုယ်ရံတော်တပ်မှ သူရဲကောင်းတစ်‌ဦး အပြင်းအထန်ဒဏ်ရာရပြီး ၊ သာမန်အစောင့်တပ်သားလေးဦးတို့ အသက်ဆုံးခဲ့ရလေသည် ။

____________________________________

ကျယ်ဝန်းသော အခန်းလွတ်ကြီးထဲ ထင်းပိုင်း သုံးလေးချောင်း ထိုးထားသော မီးလင်းဖိုလေးတစ်ခုသာ လင်းနေ၏ ။

အမှောင်ရိပ်ကျ‌နေသဖြင့် အခန်း‌ထောင့်တွင် စောင့်ကြပ်နေသော ကိုယ်ရံတော်တို့၏ မျက်နှာများကို သဲကွဲစွာ မမြင်ရ ။ သူတို့လက်ထဲ၌ ကိုင်ဆောင်ထားသော သံမဏိဓားသွားတလက်လက်တို့သည် အမိန့်တစ်ခွန်းကို သွေးဆာစွာ စောင့်စားနေကြ၏ ။

အခန်းအလယ်တွင် ဒူးထောက်နေသည့် ယောင်္ကျားသုံးယောက်အား ငုံ့မိုးကြည့်နေသော ဧကရာဇ်မင်းသည် တစ်စုံတစ်ရာကို တွေးတောနေဟန် ... ။

အေး‌စိမ့်နေသော ပတ်ဝန်းကျင်လေထုထဲ အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်လွန်းနေသည်က ကျောချမ်းဖွယ်ပင် ။

ဧကရာဇ်ဘေးတွင် ရပ်နေသော Alexander သည် သခင်ဖြစ်သူရဲ့ မျက်နှာရိပ်ကဲကို ဖမ်းနေ၏ ။ အရှင့်မျက်နှာ‌ပေါ်တွင် အလင်းအမှောင် တစ်ဝက်ဆီ ကျရောက်နေကာ မှန်းဆရန် ခက်ခဲလှသည် ။

လုပ်ကြံမှုရဲ့ နောက်ဆက်တွဲအနေဖြင့် အရှင်သခင်ရဲ့စိတ်နှလုံး ကြီးမားစွာ မထိခိုက်သွားလျှင် ကောင်းမည် ။ ဝမ်းကွဲညီ ကိုယ်တိုင်က သူ့အဖေအမှုတောင် မအေးသေး ၊ ဧကရာဇ်ရဲ့လည်ပင်းကို ဓားနဲ့တေ့ခဲ့သည်တဲ့ ။

အရှင်ဟာ Xavia Kain အား သနားညှာတာရန် ဆုံးဖြတ်ခဲ့သော်လည်း ၊ Kain သည် ဘုရင့်ဂရုဏာကို အတင့်ရဲရောက်တက်ခြင်းဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည် မဟုတ်ပါလား ။ ထိုလုပ်ရပ်ကြောင့် အပြစ်သားသုံးဦးမှာ အမှု‌တွေတိုးသထက်တိုးသွားပြီ ။

ဘယ်လို အကြောင်းပြချက်တွေဖြင့် ဘုရင်ဟာ ဝမ်းကွဲညီတော်ကို ခွင့်လွှတ်ပေးလို့ရတော့မည်နည်း ?

သို့သော် Alexander သည် သခင့်ဆီမှ ဂရုဏာကို ထပ်မံမျှော်လင့်နေမိသည် ။

တစ်ခါခွင့်လွှတ်ပေးဖူးတာမို့ ၊ နှစ်ခါခွင့်လွှတ်ပေးဖို့ အလားအလာက ရှိလောက်ပါတယ် ။

Alexander နည်းတူ ဘုရင့်မျက်နှာရိပ်ကို ဖမ်းနေသူ နောက်တစ်ယောက် ထပ်မံရှိပါသေး၏ ။ ထိုသူမှာ ဆူညံမှုတွေဖြစ်ပြီး နောက်ဆုံးမှ အပြေးအလွှားရောက်လာသူ အကြံပေးအမတ် Ren Kai ပင် ။

Kai ၏ အတွေးကတော့ ကြင်နာတတ်သူ Alexander နှင့်ကွဲပြားသည် ။ Kai မှာ အပြစ်သားတွေကို တစ်စိုးတစ်စိမှ အလွတ်ပေးဖို့ စိတ်ကူးမရှိ ။ အနှီအပြစ်သားသုံးဦးကို ကွပ်မျက်ဖို့ အရေးက သူ့ ဦးတည်ချက်ဖြစ်သည် ။ ထို့ကြောင့် ယခု အခြေအနေကို အခွင့်ကောင်းယူပြီး မီးလောင်ရာလေပင့်ဖို့ ကြိုးစားမှာဖြစ်သည် ။

ရန်သူဆိုတဲ့ သဘောသဘာဝဟာ ရွက်ကျပင်လိုပဲ အရွက်ကျရာ အပင်ပေါက်တတ်၏ ။ မသိလိုက်တဲ့အချိန်မှာပဲ သင်၏ နောက်ဖေးခြံဝင်းထဲ တောကြီးဖြစ်သွားလိမ့်မည် ။ သို့ဖြစ်ပါ၍ ရန်သူမှန်လျှင် အညွှန့်ကအစ အမြစ်ပါမကျန် သုတ်သင်ရှင်းလင်းပစ်ရမည်ဟု ယုံကြည်လေသည် ။

ခြေကုန်လက်ပန်းကျစွာ ဒူးထောက်လျက် ငြိမ်သက်နေသော Kain ဟာ သူ၏လုပ်ရပ်ကို အမှန်တကယ် နောင်တရနေပုံ ... ခေါင်းငုံ့၍သာနေ၏ ။ သို့ပေမယ့် သူ့ဘေးနားက Bentley ကတော့ ထိုသို့မဟုတ် ၊ ဧကရာဇ်ထံ မျက်လုံးကြီးလှန်ကာ စိန်းစိန်းဝါးဝါး မော်ကြည့်နေလေသည် ။

Ben : " ခများ အခုမှလာပြီး သမာဓိရှိသယောင်မဆောင်နေနဲ့ ။ သတ်မယ်ဆို သတ်လိုက် ! "

Bentley Raymond သည် ဥပတိရုပ်အပြင်အတွင်းစိတ်ပါ ခက်ထန်သောသူဖြစ်သည် ။ ထူးချွန်သော သူရဲတစ်ဦးဖြစ်ပေမယ့် စရိုက်မှာ တစ်ဇွတ်ထိုးဆန်၏ ။ Ash ၏လက်ထဲ အကျဉ်းသားဖြစ်ရမှာထက် သေဖို့ကို ရွေးမယ့်ပုံ ။

Ash : " မင်းရဲ့ အရိုအသေတန်မှုကြောင့် ဒီဧကရာဇ်က မင်းရဲ့သခင်ကိုပါ ကွပ်မျက်လိုက်မှာ မစိုးတဲ့ပုံပဲ "

Ash က ခပ်အေးအေးမေးလိုက်တော့ Bentley မှာ တစ်ချက်တွန့်သွား၏ ။ ပြီးနောက် တစ်ဖက်မှာ ဒူးထောက်လျက် မျက်ရည်ပေါက်ပေါက်ကျကာ ငိုယိုနေပြီဖြစ်သော Kain ကို ဂရုဏာမျက်လုံးတွေဖြင့် ကြည့်သည် ။ ယခုအချိန် သူ အရေးပေးရမည့် တစ်ခုတည်းသော အရာက စိတ်ခံစားချက်တွေမဟုတ်ပဲ ၊ Kain တစ်ယောက် ဘေးကင်းစေရေးဆိုတာကို သတိရသွား၏ ။

Ben : " ဒါ ... ဒါဆိုရင် ခများ သခင်လေးကို ... Kain ကို လွှတ်ပေးမှာလား ? "

Ash ဆီကနေ ကတိတစ်ခုရရန် မျှော်မှန်းနေဟန် ... မရေမရာ မေးမြန်းလာလေသည် ။

Ash မသိမသာ ပြုံးခြင်းဖြင့်သာ တုံ့ပြန်လိုက်သည် ။ ထိုအခါ Bentley မှာ ချက်ချင်း သဘောပေါက်သွားကာ ...

Ben : " အားလုံးက ကျုပ်အကြံ ။ ခများကို ဓားစာခံအဖြစ် ဖမ်းခေါ်ဖို့ရော ၊ ထွက်ပြေးဖို့ရော ။ အဲဒီ‌တော့ သတ်ရင် ကျုပ်ကိုသာ သတ်လိုက် "

Kain : " Ben မဟုတ်ဘူး ! အစ်ကိုတော် ကျွန်တော့်ကို အပြစ်ပေးပါ ။ ကျွန်တော်က ခေါင်းဆောင်တစ်ယောက်အနေနဲ့ အပြစ်ရှိပါတယ် ။ ကျေးဇူးပြုပြီး ... "

Kain မှာ အရမ်းငိုထားသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေပြီ ။

သူ့ဖာသာ ခေါင်းဆောင်းတစ်‌ဦးဟု ဆိုသည် ၊ Kain ၏ နုနယ်သော မျက်နှာပေါ်၌ ဩဇာအာဏာနှင့်တူတာဆိုလို့ တစ်ချက်မှရှာမရ ။ စိတ်ခံစားမှုလွယ်ပြီး လောကကြီး‌အကြောင်း မသိနားမလည်သော ကလေးငယ်နှင့်သာ တူနေလေသည် ။

Ash သည် အခြေအနေ၏ အတိမ်အနက်ကို မရိပ်မိနိုင်တဲ့ ထိုကောင်လေးအား စိတ်ကုန်စွာ ကြည့်မိ၏ ။

ဧကရာဇ်အား လုပ်ကြံမှုဟူသည် ခေါင်းတစ်လုံး နှစ်လုံးလောက် ဖြတ်ရုံလောက်ဖြင့် ပြီးမယ့်ရာဇဝတ်မှုမဟုတ် ။ ဒီကိစ္စသာ အပြင်ကို ပေါက်ကြားသွားလျှင် , အသက်ချမ်းသာပေးချင်ရင်တောင် ချမ်းသာပေးလို့ ရတော့မည်မဟုတ်ပေ ။

မိဘရဲ့အပြစ်ကို သားသမီးအထိပါ ပေးဆပ်စေဖို့ Ash မှာ စိတ်ကူးမရှိ ။ ဤကလေး ဖြူစင်တာကို Ash သိသည် ။

သို့သော် အနှီကောင်လေးမှာ သူငယ်နှပ်စား ဦးနှောက်နှင့် သူက ဦးဆောင်ကာ ဧကရာဇ်မင်းအား ဓားစာခံပြုသည်ဟု ယခုပဲ ဝန်ခံလိုက်ပြီ ။

Kai : " အရှင် , ‌ဒီကိစ္စကို ‌အလေးအနက်ထားပြီး ၊ နောက်နောင် အပြစ်ကျူးလွန်လာမယ့် သူတွေအတွက် ဥပမာပြသင့်ပါတယ် "

Ren Kai သည် အခွင့်အရေးကို စောင့်နေသည်ဖြစ်ရာ မတုံ့ဆိုင်းမနေပဲ တန်းပြီး လျှောက်တင်လိုက်လေသည် ။ Alexander မှာ Kai ၏ အကြံကို ကြိုမြင်နေပြီဖြစ်ကာ မျက်နှာကြီး မည်းသွား၏ ။

Kai မှာ အကြံပေးအမတ်ဖြစ်သည့်အလျောက် အကျိုးအကြောင်း အသင့်ဆုံးသောအကြံကိုသာ ပေးတာဖြစ်ကြောင်း Ash သိသည် ။ သွေးသား ဆွေမျိုးမခွဲခြားနေပဲ အပြစ်ပေးရမည်ကိုလည်း သေချာသိသည် ။

သို့သော် သွေးသားတော်စပ် သိကျွမ်းဝင်ခဲ့လို့ပဲ ၊ ဤကလေး၏ စရိုက်လက္ခဏာနဲ့ အတွင်းစိတ်ကို မြင်နိုင်တာဖြစ်သည် ။ အပြစ်ကင်းကြောင်း ခိုင်လုံတာဖြစ်သည် ။ ဒါပေမယ့် Ash နားလည်သလို ၊ အပြင်လူတွေ နားလည်မှာမဟုတ် ။ ဒါက သဘာဝပင် ။

ဒါ့အပြင် သူ့အဖေထက် ထိန်းချုပ်ရလွယ်သော Kain သည် Ash ပြီးလျှင် တစ်ဦးတည်းသော Xavia သွေးစစ်စစ် ယောင်္ကျားသားဖြစ်ပေသည် ။ Ash တွင် 'ရိုးလှပါသော' ဝမ်းကွဲညီလေးအတွက် အစီအစဉ်များစွာ ရှိ၏ ။

Kain ၏ တန်ဖိုးက နည်းလှသည်မဟုတ် ။ သေဒဏ်ပေးဖို့ မဖြစ်နိုင်ပေ ။

အလေးအနက်တွေးနေပုံရသော မျက်ခုံးတွန့်တို့ကြား Bentley ၏ အကျိုးအ‌ကြောင်း တွေးခေါ်နိုင်စွမ်းတွေ ကျပျောက်သွားခဲ့လေသည် ။

Ben : " Xavia Ash , သူ့ကို ထိရင် ခများက လူမဟုတ်တော့ဘူး တိရစ္ဆာန်ပဲ ! ကိုယ့် အမျိုးတောင် ကိုယ်ပြန်စားတဲ့ မကောင်းဆိုးဝါးပဲ နားလည်လား ! "

ဧကရာဇ်ငယ်ရဲ့ တုံ့ဆိုင်းနေမှုကို အထင်မှားသွားခဲ့လေပြီ ။ ထိုအထင်မှားမှုသည် ရိုးရိုးရှင်းရှင်း မပြီးလိုက် ၊ Bentley သည် ဆက်ကာ သွေးပူပြီး မဆိုအပ်သည်တို့ကို ဆိုခဲ့မိလေပြီ ။

Ben : " ဒီအမေကနေ ဒီဟာပဲ ထွက်မှာပေါ့ ငါဘာကို မျှော်လင့်မိခဲ့တာလဲ ။ သွေးပုပ်မျိုးတွေ ! "

Kain : " Ben ! ‌တော်တော့ ! "

ထိုစကားကြောင့် အခန်းထဲတွင် ရှိနေကြသော Kai နှင့် Alexander တို့မှာ အရှင်သခင်၏ မျက်နှာကို အလိုလျောက် ကြည့်လိုက်မိသည် ။ အံ့ဩဖို့ကောင်းသည်က ဧကရာဇ်မှာ နီရဲသော နှုတ်ခမ်းလွှာတို့ကို တင်းတင်းစေ့ထားလျက် ၊ တည်ကြည်စဲ ... ။

အခန်းထောင့်ရှိ သတိဆွဲကာ ရပ်နေကြသော ကိုယ်ရံတော်တို့မှာလည်း အပြစ်သားသုံးဦးအား တင်းမာစွာ စူးစိုက်ကြည့်နေကြတာကို တွေ့ရလေ၏ ။ ကိုယ်ရံတော်ကြီးများ၏ အမျက်အလုံးစုံကို လက်ခံရထားသူမှာ 'ရဲရဲတောက်သတ္တိရှင်' Bentley Raymond ပင် ။ သူတို့တတွေ၏ လုပ်ဖော်ကိုင်ဖက် တပ်သားများကို သတ်ဖြတ်ခဲ့တာအပြင် ၊ သခင်ဖြစ်သော ဧကရာဇ်ကိုတောင် စော်ကားခဲ့သည်တဲ့ ။

Ash သည် မျက်လွှာကို အသာမှိတ်ချလိုက်ပြီး တည်ငြိမ်အေးစက်စွာ မိန့်လိုက်တော့သည် ။

Ash : " ကွန်မန်ဒါ , ဟိုပုလင်းကို ယူလာခဲ့ "

ဘုရင့်အပါးတော်၌ စောင့်ကြပ်နေသော Alexander သည် မိမိကြားလိုက်ရသော အမိန့်ကို မယုံနိုင် ။ ' ဟိုပုလင်း ' ဆိုသော အရာဟာ ဘာကို ဆိုလိုသလဲ ကောင်းစွာနားလည်လိုက်သည်မို့ ... ။

ထို့နည်းတူ အကြံထုတ်နေသော Kai လည်း အံ့ဩသွားပုံရသည် ။

တစ်နေ့ , ဘုရင်သုံးဆောင်တော်မူမည့် အစာတိုင်းကို အဆိပ်စမ်းရသော အတွင်းဆောင်အမှုထမ်းဖြစ်သူ ရုတ်တရက် သေဆုံးသွားခဲ့၏ ။ ထိုအခါမှ ဘုရင့်စားတော်ပွဲထဲ အဆိပ်ပါနေကြောင်း တွေ့ရှိခဲ့သည် ။ အဆိပ်ကို နေ့စဉ် တစ်စက်ချင်းသာ ခပ်ခဲ့တာကြောင့် ကာလအတော်ကြာမှ အာနိသင်ပြခြင်းဖြစ်၏ ။

ဧကရာဇ်၏ခန္ဓာကိုယ်၌မူ အကြောင်းကြောင်းကြောင့် အဆိပ်မိထားသော လက္ခဏာမပြသော်လည်း အနာဂတ်တချိန်ချိန်၌ ‌တစ်စုံတစ်ရာ ဖောက်ပြန်မည်စိုးသဖြင့် ၊ တော်ဝင်သမားတော်ကြီး ကိုယ်တိုင်မှနေ၍ အဆိပ်ကို ပြန်လည်ဖော်စပ်ကာ ၊ ဖြေဆေးပါ ထုတ်ဖော်ပေးခဲ့ခြင်းဖြစ်၏ ။ သို့ဖြစ်ပါ၍ ဧကရာဇ်အား အဆိပ်ခပ်ရန် ကြိုးစားသူနှင့် တော်ဝင်သမားတော်ကြီးဆီမှာပဲ အဆိပ်ဖြေဆေးရှိမှာဖြစ်သည် ။

၎င်း အဆိပ်ရည်များပါဝင်သည်ဟု ယူဆရသော ကြွေပုလင်းဖြူသည် လှပသော လက်တစ်စုံထဲ ရောက်နေပြီ ။

Ash : " မင်းရဲ့ သူငယ်ချင်းကို ဒါတိုက်လိုက်ရင် ကိုယ်တော် မင်းကို အသက်ချမ်းသာ ပေးမယ် "

ချိုမြိန်သည့် အပြုံးတို့ဖြင့် ဘူးဖြူလေးကို Kain ရဲ့ လက်ထဲ ထည့်ပေးလိုက်လေ၏ ။

____________________________
A/N : မတွေ့တာ ကြာခဲ့ပြီနော် ~
ဒီ‌လူ ပြန်လာပါပြီ ။ ဆက်ရေးပြီး ဆက်တင်တော့မယ်နော် ။

#random_short

Ash : " လိမ္မော်သီးလေး မပါတာ ၂ ပိုင်းရှိပြီ (ノ`Д')ノ彡┻━┻ "

Author : " ဟုတ်ကဲ့ , တောင်းပန်ပါတယ်ရှန် 🙇 နောက်ပိုင်း ပါပါတော့မယ် "

___________________________
___________________________

#Zawgyi

Xavia Kain ကို နာမည္ေျပာင္ေတြ အမ်ားႀကီးျဖင့္ ‌လူေတြသိၾကသည္ ။ နာမည္ေကာင္းေတြေတာ့မဟုတ္ ။ ခ်ဲ႕ကားထားၾကတာ မ်ားေပမယ့္ အေျခအျမစ္မရွိတာမဟုတ္ ။

နဂါးေသြးစင္စစ္ျဖစ္ပါလ်က္ သူရဲေဘာေၾကာင္သူ ... ။ ႏိုင္ငံ့ ထိတ္တန္းသူရဲေကာင္း Xavia Heath ၏ တစ္ဦးတည္းေသာသား ျဖစ္ပါလ်က္ ေက်ာ႐ိုးမရွိတဲ့သူ ... ။ သတၱိနည္းသူ ၊ ေပ်ာ့ညံသူ ၊ အျဖစ္မရွိသူ ... ။

Xavia ေတာ္ဝင္မ်ိဳး႐ိုး ေယာက်ၤားသားတိုင္းဟာ သူတို႔ပထမဆုံး ဓားကိုင္လိုက္တဲ့အခ်ိန္ကစၿပီး မဟာ့မဟာကိစၥႀကီးမ်ားကို ၿပီးေျမာက္ေစခဲ့ၾကသည္ခ်ည္းသာ ။ ျမင့္မားေသာ ဘြဲ႕ဂုဏ္တို႔ျဖင့္ လူေတာ္အေျမာက္အမ်ားသည္ ေတာ္ဝင္မ်ိဳးႏြယ္မွ ဆင္းသက္လာၾကသည္ ။

တစ္ဖက္တြင္မူ Kain သည္ သူ ပထမဆုံး ဓားကိုင္ဖူးစဥ္က သမိုင္းေရးဖို႔မေျပာေလႏွင့္ , မိမိဓားျဖင့္ မိမိဖာသာျပန္ရွမိကာ ၊ ‌ဒဏ္ရာေၾကာင့္ ဖ်ားၿပီး တစ္ပတ္တိတိ အိပ္ယာထဲလဲခဲ့သည္ ။ စစ္ဗ်ဴဟာစာ‌ေမးပြဲလဲ အခါခါက်ကာ ၊ ဖခင္ ဦးေဆာင္ေသာ ခရမ္းမီးလွ်ံ သူရဲေကာင္းတပ္စုထဲ အသက္ဆယ့္ေျခာက္ႏွစ္ျပည့္မွ ဝင္ႏိုင္ခဲ့ၿပီး ၊ အနိမ့္ဆုံး ေၾကးျပားတပ္သားရာထူး အဆင့္မွ မတက္ႏိုင္ခဲ့ ။ သူႏွင့္ အသက္အ႐ြယ္တူ တပ္သားတိုင္းဟာ အသက္ဆယ့္ေျခာက္တြင္ အနည္းဆုံးဗိုလ္ေလးအဆင့္ ေရာက္ေနၾက‌ေလၿပီ ။

သို႔ေပမယ့္ ဖခင္ျဖစ္သူဟာ Kain ကို ဘယ္ေတာ့မွ တြန္းအားမေပးခဲ့ပါ ။ စိတ္ပ်က္ျခင္း အရိပ္အေယာင္ေလးေတာင္မျပခဲ့ ... ။ ဓားေရးသင္ၿပီးခါစ ပြန္းပဲ့ေန‌ေသာ လက္ဖဝါးေလးေတြကို အေမျဖစ္သူက ေဆးထည့္ေပးတိုင္း တရႈံ႕ရႈံ႕ငိုယိုေနတတ္သူ Kain ကို ေဘးနားမွေန၍ ဖခင္သည္ အစဥ္အၿမဲ ခ်စ္ခင္ျမတ္ႏိုးစြာ ေစာင့္ၾကည့္ေနခဲ့သည္ ။

တစ္‌ေန႔ သူ႔အား တစ္ခြန္းသာေျပာလာခဲ့သည္ ။

Heath : " အခုေတာ့ ငိုလို႔ရတယ္ သား ။ ဒါေပမယ့္ မင္းရဲ႕ လက္ထဲက ဓားသြားဟာ အဆမတန္ေလးလံလာတဲ့ တစ္ေန႔ ငိုေနလို႔မရေတာ့ဘူး "

ထိုစကားေတြကို Kain ယခု သေဘာေပါက္ခဲ့ပါၿပီ ။ သူ႔လက္ထဲက အၿမဲေပါ့ပါးခဲ့တဲ့ ဓားဟာ လြန္စြာေလးလံေနခဲ့ၿပီ ။

မိမိ‌အေရွ႕တည့္တည့္ေျပးဝင္လာေသာ အစ္ကိုဝမ္းကြဲျဖစ္သူအား Kain သည္ ေၾကကြဲစြာ ရပ္ၾကည့္ေနခဲ့မိသည္ ။ လက္ထဲ၌ တင္းတင္းကိုင္ဆြဲထားေသာ ဓားသြားကို ထိုသူ႔ထံ မလႊဲခုတ္ႏိုင္ခဲ့ ... ။

သူသာ ဆုံးျဖတ္ခ်က္ ခိုင္မာခဲ့လွ်င္ နားထင္ေစာင္းထပ္ မညႇာမတာ ျဖတ္႐ိုက္ခံထိၿပီး ဓားစားခံျဖစ္သြားမွာ မဟုတ္ ။ သူ႔အား ယုံၾကည္ခဲ့တဲ့ Ben. ကို စိတ္ပ်က္ေစမိျပန္ၿပီ ။

အေျခအေနက ေျဗာင္းျပန္ျဖစ္သြား၏ ။ Kain တစ္ေယာက္ လ်င္ျမန္ေသာ Ash ၏ လက္ထဲ အခ်ဳပ္ခံလိုက္ရသည္ ။

Ben : " Kain ! "

Bentley Raymond မွာ အလန႔္တအၾကားျဖစ္ကာ ဓားကိုဆြဲၿပီး ကုန္း႐ုန္းျပန္ထလာသည္ ။

‌သခင္ကိုမိသျဖင့္ ႐ုတ္႐ုတ္သဲသဲျဖစ္သြားေသာ သစၥာရွိေခြးႏွစ္ေကာင္ၾကား မပိတ္မိခင္ ဤဥယ်ာဥ္‌ထဲမွ အျမန္ထြက္ခြာရမည္ကို Ash သိသည္ ။

Kain ကို ဇက္ခ်ိဳးသတ္လိုက္ၿပီး ၊ က်န္ ရန္သူႏွစ္ေယာက္ကို ရင္ဆိုင္ဖို႔ဆိုတာ Ash အတြက္ လြယ္ကူသည့္ကိစၥပင္ ။ သို႔ေသာ္ Ash သာ Kain ကို သတ္ခ်င္လွ်င္ အစတည္းက ေမွ်ာ္စဥ္ေပၚမွာ တကူးတက သြားပိတ္ထားမည္မဟုတ္ ။ ဒီေကာင္ေလး ေသသည္ထက္ ရွင္သည္က ပိုၿပီးတန္ဖိုးရွိ၏ ။

Ash သည္ Kain ၏ လည္ပင္းကို လက္ေမာင္းျဖင့္သိုင္းညႇစ္ထားရင္း တျဖည္းျဖည္းအေနာက္ဆုတ္သြားလိုက္သည္ ။ Kain မွာ Ash ရဲ႕လက္ထဲ ယက္ကန္ယက္ကန္ျဖင့္ ပါသြားသည္ ။

Ben : " Kain စိတ္ေအးေအးထား ။ ငါ မင္းကို ကယ္ထုတ္သြားမွာပါ ။ ငါ ကတိေပးတယ္ "

" သခင္ေလး Kain ! "

Bentley ႏွင့္ သစၥာရွိသူရဲေကာင္းႀကီးတို႔မွာ Ash က သူတို႔သခင္ေလးကို တကယ္ပဲ လည္ပင္းခ်ိဳးသတ္ပစ္လိုက္မွာကို ပူပင္ေနၾကၿပီ ။ Ash တစ္လွမ္းေနာက္ဆုတ္လွ်င္ သူတို႔လည္း တစ္လွမ္းေရွ႕တိုးကာ လိုက္ပါလာသည္ ။

Ash သည္ ဤအေနအထားျဖင့္ အျပင္ေရာက္သြားႏိုင္ဖို႔ ေမွ်ာ္လင့္သည္ ။ အျပင္မွာ ေစာင့္ၾကပ္ေနေသာ ကိုယ္ရံေတာ္အဖြဲ႕မွာ အတြင္းေဆာင္၏မုခ္ဝ၌ တပ္ဆြဲထားၾကသည္ မဟုတ္လား ။ ကိုယ္ရံေတာ္အဖြဲ႕ဆီ တစ္နည္းနည္းျဖင့္ Ash အသိေပးႏိုင္လွ်င္ အႏွီရာဇဝတ္သားသုံးဦးကို အရွင္ဖမ္းဖို႔ဆိုတာ အလြယ္ေလးပင္ ။

Ash ရဲ႕အႀကံအစည္ကို ရိပ္မိပုံေပၚေသာ Bentley မွာ ထြက္ေပါက္ဆီသို႔ အေျပးသြားကာ Ash ၏လြတ္လမ္းကို ပိတ္ကာရန္ ႀကိဳးစားေလ၏ ။ Ash မွာ ရန္သူအေရွ႕တစ္ေယာက္ အေနာက္တစ္ေယာက္ ၾကားညႇပ္သြားေတာ့သည္ ။

Ash : " က်စ္ ! Raymond တဲ့လား ?
Kain , မင္းမွာ တယ္သြက္တဲ့ လက္ေအာက္ငယ္သားေတြရွိေနေသးတာပဲ "

Kain : " အစ္ကိုေတာ္ ... ဒါေတြကို ကြၽန္ေတာ္တကယ္ မလိုလားပါဘူး ။ ေက်းဇူးျပဳၿပီး ... ေက်းဇူးျပဳၿပီး ကြၽန္ေတာ္ေျပာတာကို နားေထာင္ေပးပါ "

ဝမ္းကြဲညီငယ္၏ အသနားခံမႈကို Ash အေရးမထား ၊ ေခါင္းထဲ၌ လြတ္ရာလြတ္ေၾကာင္းကိုသာ ႀကံေန၏ ။ အခ်ိန္ဆြဲေလ Ash အတြက္ အေရးနိမ့္ႏိုင္ေခ်မ်ားလာေလ မဟုတ္လား ။

ထိုစဥ္ ျမင္ကြင္းထဲ ေရေတြတဖြားဖြား ပန္းထြက္ေနေသာ ဧရာမေရပန္းႀကီး ဝင္ေရာက္လာသည္ ။ နီေထြးေသာ ႏႈတ္ခမ္းမ်ား ေကာက္က်စ္စင္းလဲစြာ ေကြးတက္သြား၏ ။

Ash သည္ Kain အား လႊတ္ေပးကာ အေဝးသို႔ေဆာင့္ကန္ထုတ္လိုက္သည္ ။ ဆယ့္ေျခာက္ႏွစ္ျပည့္ၿပီျဖစ္ေသာ္လည္း အထြားေႏွးေသာ Kain မွာ ေတာင့္တင္းသန္မာေသာ Ash ႏွင့္ယွဥ္လွ်င္ လြန္စြာေသးေကြးသည္ျဖစ္ရာ ၊ အေနာက္မွ အားျဖင့္ ေဆာင့္ကန္ခံရေသာအခါ အေဝးသို႔ ေဘာလုံးပမာ လြင့္ကာသြားေတာ့သည္ ။

Kain : " အာ့ ! "

" သခင္ေလး ! "

သက္ေတာ္ေစာင့္သူရဲေကာင္းႀကီးမွာ Kain အား ေျပးဖမ္း၏ ။

Kain ကို ပင့္ထူေပးရင္း သတိလြတ္သြားေသာ ကိုယ္ရံေတာ္ထံမွ ဓားကို Ash ေျပးလုလိုက္သည္ ။ ထို႔ေနာက္ ေရပန္းႀကီး၏ထိတ္မွ ေရဆူေပါက္ဆီသို႔ ဓားကိုလႊဲပစ္လိုက္ေလေတာ့သည္ ။

ဥယ်ာဥ္ထြက္ေပါက္ကို ပိတ္ရပ္ထားေသာ Bentley မွာလဲ ႐ုတ္တရက္မို႔ မလႈပ္ရွားမွီလိုက္ ... ။

Ash ပစ္လႊတ္လိုက္တဲ့ ဓားရွည္သည္ ေရထြက္ေပါက္သို႔ စိုက္သြားကာ ၊ မီးေတာင္ေက်ာက္ျဖဴတို႔ အက္သြားေတာ့သည္ ။ မၾကာလိုက္ , ေရပန္းႀကီးတစ္ခုလုံး တျဖည္းျဖည္း မွန္ကြဲသလိုအက္လာၿပီး 'ဗြမ္း'ခနဲ အသံႀကီးျဖင့္ ‌ဧရာမေရပန္းႀကီး ကြဲၿပိဳက်သြား‌ပါေတာ့သည္ ။

ေရေတြ ဥယ်ာဥ္ထဲ ဦးတည္ရာမရွိ တဖြားဖြားထြက္ကုန္ၿပီး အလင္းေရာင္ေတာက္ေနေသာ အျဖဴေရာင္ေက်ာက္အပိုင္းအစမ်ား ပ်ံ႕က်ဲကုန္၏ ။

ထိုအသံႏွင့္အတူ ေထာင္ေျပးသုံးေယာက္အတြက္ အႏၲရာယ္လဲ နီးကပ္လာပါေတာ့သည္ ။ ေဘးပတ္ဝန္းက်င္မွ ရဲမက္တို႔၏ေျပးလႊားသံ ေအာ္သံတို႔ က်ယ္ေလာင္လာေတာ့သည္ ။

Ben : " Kain , ေျပးေတာ့ ! "

Ben မွာ ဓားကို လက္ႏွစ္ဖက္ျဖင့္ က်စ္က်စ္ဆုပ္ကိုင္ကာ အသင့္အေနအထားေနလိုက္ရင္း Kain အား ေအာ္ဟစ္လိုက္သည္ ။

Kain : " မျဖစ္ဘူး Ben ! "

Ben : " သြားေတာ့ ! "

" သခင္ေလး အခုေရွာင္မွျဖစ္မယ္ ! "

ကိုယ္ရံေတာ္လူထြားႀကီး၏ ဆြဲေခၚရာသို႔ ေအာ္ဟစ္ငိုယိုလ်က္ တ႐ြတ္တိုက္ပါ‌သြားေသာ ေကာင္ေလးႏွင့္၊ ငိုပဲငိုေနတတ္သည့္ သူငယ္ခ်င္းအတြက္ ရဲဝံ့စြာ အသက္ေပးေတာ့မည့္ သူရဲေကာင္းေပါက္စေလးတစ္ေယာက္ ။ ဒါ့အျပင္ ထိုအျဖစ္အား ခပ္လွမ္းလွမ္းမွ လက္ေနာက္ပစ္ရင္း ေအးေဆးစြာ ရပ္ၾကည့္ေနေသာ နတ္ဆိုးတစ္ေကာင္ ရွိခဲ့သည္တည့္ ။

ေနာက္ဆုံးတြင္ ေတာ္ဝင္ကိုယ္ရံေတာ္တပ္မႉးႀကီး Alexander အခင္းျဖစ္ရာသို႔ ေရာက္ရွိလာခဲ့ၿပီး ညသည္ ရာဇဝတ္သားသုံးဦးတို႔အား ဖမ္းစီးေနရျခင္းျဖင့္ အဆုံးသတ္သြားခဲ့သည္ ။

Kain ႏွင့္ သူ၏ သက္ေတာ္ေစာင့္သူရဲေကာင္းႀကီးတို႔ ႏွစ္ဦးကိုမူ အတြင္းေဆာင္၏အျပင္၌ အခ်ိန္အေတာ္ၾကာယူၿပီးမွ ဖမ္းစီးရမိခဲ့ပါသည္ ။ အခ်ိန္ဆြဲဖို႔ အတြင္းဥယ်ာဥ္ေတာ္ထဲ တိုက္ခိုက္က်န္ရစ္ခဲ့သည့္ Bentley Raymond တစ္ေယာက္တည္းအား ဖမ္းမိရန္ ေတာ္ဝင္ကိုယ္ရံေတာ္တပ္မွ သူရဲေကာင္းတစ္‌ဦး အျပင္းအထန္ဒဏ္ရာရၿပီး ၊ သာမန္အေစာင့္တပ္သားေလးဦးတို႔ အသက္ဆုံးခဲ့ရေလသည္ ။

____________________________________

က်ယ္ဝန္းေသာ အခန္းလြတ္ႀကီးထဲ ထင္းပိုင္း သုံးေလးေခ်ာင္း ထိုးထားေသာ မီးလင္းဖိုေလးတစ္ခုသာ လင္းေန၏ ။

အေမွာင္ရိပ္က်‌ေနသျဖင့္ အခန္း‌ေထာင့္တြင္ ေစာင့္ၾကပ္ေနေသာ ကိုယ္ရံေတာ္တို႔၏ မ်က္ႏွာမ်ားကို သဲကြဲစြာ မျမင္ရ ။ သူတို႔လက္ထဲ၌ ကိုင္ေဆာင္ထားေသာ သံမဏိဓားသြားတလက္လက္တို႔သည္ အမိန႔္တစ္ခြန္းကို ေသြးဆာစြာ ေစာင့္စားေနၾက၏ ။

အခန္းအလယ္တြင္ ဒူးေထာက္ေနသည့္ ေယာက်ၤားသုံးေယာက္အား ငုံ႔မိုးၾကည့္ေနေသာ ဧကရာဇ္မင္းသည္ တစ္စုံတစ္ရာကို ေတြးေတာေနဟန္ ... ။

ေအး‌စိမ့္ေနေသာ ပတ္ဝန္းက်င္ေလထုထဲ အပ္က်သံပင္ မၾကားရေအာင္ တိတ္ဆိတ္လြန္းေနသည္က ေက်ာခ်မ္းဖြယ္ပင္ ။

ဧကရာဇ္ေဘးတြင္ ရပ္ေနေသာ Alexander သည္ သခင္ျဖစ္သူရဲ႕ မ်က္ႏွာရိပ္ကဲကို ဖမ္းေန၏ ။ အရွင့္မ်က္ႏွာ‌ေပၚတြင္ အလင္းအေမွာင္ တစ္ဝက္ဆီ က်ေရာက္ေနကာ မွန္းဆရန္ ခက္ခဲလွသည္ ။

လုပ္ႀကံမႈရဲ႕ ေနာက္ဆက္တြဲအေနျဖင့္ အရွင္သခင္ရဲ႕စိတ္ႏွလုံး ႀကီးမားစြာ မထိခိုက္သြားလွ်င္ ေကာင္းမည္ ။ ဝမ္းကြဲညီ ကိုယ္တိုင္က သူ႔အေဖအမႈေတာင္ မေအးေသး ၊ ဧကရာဇ္ရဲ႕လည္ပင္းကို ဓားနဲ႔ေတ့ခဲ့သည္တဲ့ ။

အရွင္ဟာ Xavia Kain အား သနားညႇာတာရန္ ဆုံးျဖတ္ခဲ့ေသာ္လည္း ၊ Kain သည္ ဘုရင့္ဂ႐ုဏာကို အတင့္ရဲေရာက္တက္ျခင္းျဖင့္ ျပန္လည္ တုံ႔ျပန္ခဲ့သည္ မဟုတ္ပါလား ။ ထိုလုပ္ရပ္ေၾကာင့္ အျပစ္သားသုံးဦးမွာ အမႈ‌ေတြတိုးသထက္တိုးသြားၿပီ ။

ဘယ္လို အေၾကာင္းျပခ်က္ေတြျဖင့္ ဘုရင္ဟာ ဝမ္းကြဲညီေတာ္ကို ခြင့္လႊတ္ေပးလို႔ရေတာ့မည္နည္း ?

သို႔ေသာ္ Alexander သည္ သခင့္ဆီမွ ဂ႐ုဏာကို ထပ္မံေမွ်ာ္လင့္ေနမိသည္ ။

တစ္ခါခြင့္လႊတ္ေပးဖူးတာမို႔ ၊ ႏွစ္ခါခြင့္လႊတ္ေပးဖို႔ အလားအလာက ရွိေလာက္ပါတယ္ ။

Alexander နည္းတူ ဘုရင့္မ်က္ႏွာရိပ္ကို ဖမ္းေနသူ ေနာက္တစ္ေယာက္ ထပ္မံရွိပါေသး၏ ။ ထိုသူမွာ ဆူညံမႈေတြျဖစ္ၿပီး ေနာက္ဆုံးမွ အေျပးအလႊားေရာက္လာသူ အႀကံေပးအမတ္ Ren Kai ပင္ ။

Kai ၏ အေတြးကေတာ့ ၾကင္နာတတ္သူ Alexander ႏွင့္ကြဲျပားသည္ ။ Kai မွာ အျပစ္သားေတြကို တစ္စိုးတစ္စိမွ အလြတ္ေပးဖို႔ စိတ္ကူးမရွိ ။ အႏွီအျပစ္သားသုံးဦးကို ကြပ္မ်က္ဖို႔ အေရးက သူ႔ ဦးတည္ခ်က္ျဖစ္သည္ ။ ထို႔ေၾကာင့္ ယခု အေျခအေနကို အခြင့္ေကာင္းယူၿပီး မီးေလာင္ရာေလပင့္ဖို႔ ႀကိဳးစားမွာျဖစ္သည္ ။

ရန္သူဆိုတဲ့ သေဘာသဘာဝဟာ ႐ြက္က်ပင္လိုပဲ အ႐ြက္က်ရာ အပင္ေပါက္တတ္၏ ။ မသိလိုက္တဲ့အခ်ိန္မွာပဲ သင္၏ ေနာက္ေဖးၿခံဝင္းထဲ ေတာႀကီးျဖစ္သြားလိမ့္မည္ ။ သို႔ျဖစ္ပါ၍ ရန္သူမွန္လွ်င္ အၫႊန႔္ကအစ အျမစ္ပါမက်န္ သုတ္သင္ရွင္းလင္းပစ္ရမည္ဟု ယုံၾကည္ေလသည္ ။

ေျခကုန္လက္ပန္းက်စြာ ဒူးေထာက္လ်က္ ၿငိမ္သက္ေနေသာ Kain ဟာ သူ၏လုပ္ရပ္ကို အမွန္တကယ္ ေနာင္တရေနပုံ ... ေခါင္းငုံ႔၍သာေန၏ ။ သို႔ေပမယ့္ သူ႔ေဘးနားက Bentley ကေတာ့ ထိုသို႔မဟုတ္ ၊ ဧကရာဇ္ထံ မ်က္လုံးႀကီးလွန္ကာ စိန္းစိန္းဝါးဝါး ေမာ္ၾကည့္ေနေလသည္ ။

Ben : " ခမ်ား အခုမွလာၿပီး သမာဓိရွိသေယာင္မေဆာင္ေနနဲ႔ ။ သတ္မယ္ဆို သတ္လိုက္ ! "

Bentley Raymond သည္ ဥပတိ႐ုပ္အျပင္အတြင္းစိတ္ပါ ခက္ထန္ေသာသူျဖစ္သည္ ။ ထူးခြၽန္ေသာ သူရဲတစ္ဦးျဖစ္ေပမယ့္ စ႐ိုက္မွာ တစ္ဇြတ္ထိုးဆန္၏ ။ Ash ၏လက္ထဲ အက်ဥ္းသားျဖစ္ရမွာထက္ ေသဖို႔ကို ေ႐ြးမယ့္ပုံ ။

Ash : " မင္းရဲ႕ အ႐ိုအေသတန္မႈေၾကာင့္ ဒီဧကရာဇ္က မင္းရဲ႕သခင္ကိုပါ ကြပ္မ်က္လိုက္မွာ မစိုးတဲ့ပုံပဲ "

Ash က ခပ္ေအးေအးေမးလိုက္ေတာ့ Bentley မွာ တစ္ခ်က္တြန္႔သြား၏ ။ ၿပီးေနာက္ တစ္ဖက္မွာ ဒူးေထာက္လ်က္ မ်က္ရည္ေပါက္ေပါက္က်ကာ ငိုယိုေနၿပီျဖစ္ေသာ Kain ကို ဂ႐ုဏာမ်က္လုံးေတြျဖင့္ ၾကည့္သည္ ။ ယခုအခ်ိန္ သူ အေရးေပးရမည့္ တစ္ခုတည္းေသာ အရာက စိတ္ခံစားခ်က္ေတြမဟုတ္ပဲ ၊ Kain တစ္ေယာက္ ေဘးကင္းေစေရးဆိုတာကို သတိရသြား၏ ။

Ben : " ဒါ ... ဒါဆိုရင္ ခမ်ား သခင္ေလးကို ... Kain ကို လႊတ္ေပးမွာလား ? "

Ash ဆီကေန ကတိတစ္ခုရရန္ ေမွ်ာ္မွန္းေနဟန္ ... မေရမရာ ေမးျမန္းလာေလသည္ ။

Ash မသိမသာ ၿပဳံးျခင္းျဖင့္သာ တုံ႔ျပန္လိုက္သည္ ။ ထိုအခါ Bentley မွာ ခ်က္ခ်င္း သေဘာေပါက္သြားကာ ...

Ben : " အားလုံးက က်ဳပ္အႀကံ ။ ခမ်ားကို ဓားစာခံအျဖစ္ ဖမ္းေခၚဖို႔ေရာ ၊ ထြက္ေျပးဖို႔ေရာ ။ အဲဒီ‌ေတာ့ သတ္ရင္ က်ဳပ္ကိုသာ သတ္လိုက္ "

Kain : " Ben မဟုတ္ဘူး ! အစ္ကိုေတာ္ ကြၽန္ေတာ့္ကို အျပစ္ေပးပါ ။ ကြၽန္ေတာ္က ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ အျပစ္ရွိပါတယ္ ။ ေက်းဇူးျပဳၿပီး ... "

Kain မွာ အရမ္းငိုထားသျဖင့္ မ်က္ႏွာတစ္ခုလုံး နီျမန္းေနၿပီ ။

သူ႔ဖာသာ ေခါင္းေဆာင္းတစ္‌ဦးဟု ဆိုသည္ ၊ Kain ၏ ႏုနယ္ေသာ မ်က္ႏွာေပၚ၌ ဩဇာအာဏာႏွင့္တူတာဆိုလို႔ တစ္ခ်က္မွရွာမရ ။ စိတ္ခံစားမႈလြယ္ၿပီး ေလာကႀကီး‌အေၾကာင္း မသိနားမလည္ေသာ ကေလးငယ္ႏွင့္သာ တူေနေလသည္ ။

Ash သည္ အေျခအေန၏ အတိမ္အနက္ကို မရိပ္မိႏိုင္တဲ့ ထိုေကာင္ေလးအား စိတ္ကုန္စြာ ၾကည့္မိ၏ ။

ဧကရာဇ္အား လုပ္ႀကံမႈဟူသည္ ေခါင္းတစ္လုံး ႏွစ္လုံးေလာက္ ျဖတ္႐ုံေလာက္ျဖင့္ ၿပီးမယ့္ရာဇဝတ္မႈမဟုတ္ ။ ဒီကိစၥသာ အျပင္ကို ေပါက္ၾကားသြားလွ်င္ , အသက္ခ်မ္းသာေပးခ်င္ရင္ေတာင္ ခ်မ္းသာေပးလို႔ ရေတာ့မည္မဟုတ္ေပ ။

မိဘရဲ႕အျပစ္ကို သားသမီးအထိပါ ေပးဆပ္ေစဖို႔ Ash မွာ စိတ္ကူးမရွိ ။ ဤကေလး ျဖဴစင္တာကို Ash သိသည္ ။

သို႔ေသာ္ အႏွီေကာင္ေလးမွာ သူငယ္ႏွပ္စား ဦးေႏွာက္ႏွင့္ သူက ဦးေဆာင္ကာ ဧကရာဇ္မင္းအား ဓားစာခံျပဳသည္ဟု ယခုပဲ ဝန္ခံလိုက္ၿပီ ။

Kai : " အရွင္ , ‌ဒီကိစၥကို ‌အေလးအနက္ထားၿပီး ၊ ေနာက္ေနာင္ အျပစ္က်ဴးလြန္လာမယ့္ သူေတြအတြက္ ဥပမာျပသင့္ပါတယ္ "

Ren Kai သည္ အခြင့္အေရးကို ေစာင့္ေနသည္ျဖစ္ရာ မတုံ႔ဆိုင္းမေနပဲ တန္းၿပီး ေလွ်ာက္တင္လိုက္ေလသည္ ။ Alexander မွာ Kai ၏ အႀကံကို ႀကိဳျမင္ေနၿပီျဖစ္ကာ မ်က္ႏွာႀကီး မည္းသြား၏ ။

Kai မွာ အႀကံေပးအမတ္ျဖစ္သည့္အေလ်ာက္ အက်ိဳးအေၾကာင္း အသင့္ဆုံးေသာအႀကံကိုသာ ေပးတာျဖစ္ေၾကာင္း Ash သိသည္ ။ ေသြးသား ေဆြမ်ိဳးမခြဲျခားေနပဲ အျပစ္ေပးရမည္ကိုလည္း ေသခ်ာသိသည္ ။

သို႔ေသာ္ ေသြးသားေတာ္စပ္ သိကြၽမ္းဝင္ခဲ့လို႔ပဲ ၊ ဤကေလး၏ စ႐ိုက္လကၡဏာနဲ႔ အတြင္းစိတ္ကို ျမင္ႏိုင္တာျဖစ္သည္ ။ အျပစ္ကင္းေၾကာင္း ခိုင္လုံတာျဖစ္သည္ ။ ဒါေပမယ့္ Ash နားလည္သလို ၊ အျပင္လူေတြ နားလည္မွာမဟုတ္ ။ ဒါက သဘာဝပင္ ။

ဒါ့အျပင္ သူ႔အေဖထက္ ထိန္းခ်ဳပ္ရလြယ္ေသာ Kain သည္ Ash ၿပီးလွ်င္ တစ္ဦးတည္းေသာ Xavia ေသြးစစ္စစ္ ေယာက်ၤားသားျဖစ္ေပသည္ ။ Ash တြင္ '႐ိုးလွပါေသာ' ဝမ္းကြဲညီေလးအတြက္ အစီအစဥ္မ်ားစြာ ရွိ၏ ။

Kain ၏ တန္ဖိုးက နည္းလွသည္မဟုတ္ ။ ေသဒဏ္ေပးဖို႔ မျဖစ္ႏိုင္ေပ ။

အေလးအနက္ေတြးေနပုံရေသာ မ်က္ခုံးတြန႔္တို႔ၾကား Bentley ၏ အက်ိဳးအ‌ေၾကာင္း ေတြးေခၚႏိုင္စြမ္းေတြ က်ေပ်ာက္သြားခဲ့ေလသည္ ။

Ben : " Xavia Ash , သူ႔ကို ထိရင္ ခမ်ားက လူမဟုတ္ေတာ့ဘူး တိရစာၦန္ပဲ ! ကိုယ့္ အမ်ိဳးေတာင္ ကိုယ္ျပန္စားတဲ့ မေကာင္းဆိုးဝါးပဲ နားလည္လား ! "

ဧကရာဇ္ငယ္ရဲ႕ တုံ႔ဆိုင္းေနမႈကို အထင္မွားသြားခဲ့ေလၿပီ ။ ထိုအထင္မွားမႈသည္ ႐ိုး႐ိုးရွင္းရွင္း မၿပီးလိုက္ ၊ Bentley သည္ ဆက္ကာ ေသြးပူၿပီး မဆိုအပ္သည္တို႔ကို ဆိုခဲ့မိေလၿပီ ။

Ben : " ဒီအေမကေန ဒီဟာပဲ ထြက္မွာေပါ့ ငါဘာကို ေမွ်ာ္လင့္မိခဲ့တာလဲ ။ ေသြးပုပ္မ်ိဳးေတြ ! "

Kain : " Ben ! ‌ေတာ္ေတာ့ ! "

ထိုစကားေၾကာင့္ အခန္းထဲတြင္ ရွိေနၾကေသာ Kai ႏွင့္ Alexander တို႔မွာ အရွင္သခင္၏ မ်က္ႏွာကို အလိုေလ်ာက္ ၾကည့္လိုက္မိသည္ ။ အံ့ဩဖို႔ေကာင္းသည္က ဧကရာဇ္မွာ နီရဲေသာ ႏႈတ္ခမ္းလႊာတို႔ကို တင္းတင္းေစ့ထားလ်က္ ၊ တည္ၾကည္စဲ ... ။

အခန္းေထာင့္ရွိ သတိဆြဲကာ ရပ္ေနၾကေသာ ကိုယ္ရံေတာ္တို႔မွာလည္း အျပစ္သားသုံးဦးအား တင္းမာစြာ စူးစိုက္ၾကည့္ေနၾကတာကို ေတြ႕ရေလ၏ ။ ကိုယ္ရံေတာ္ႀကီးမ်ား၏ အမ်က္အလုံးစုံကို လက္ခံရထားသူမွာ 'ရဲရဲေတာက္သတၱိရွင္' Bentley Raymond ပင္ ။ သူတို႔တေတြ၏ လုပ္ေဖာ္ကိုင္ဖက္ တပ္သားမ်ားကို သတ္ျဖတ္ခဲ့တာအျပင္ ၊ သခင္ျဖစ္ေသာ ဧကရာဇ္ကိုေတာင္ ေစာ္ကားခဲ့သည္တဲ့ ။

Ash သည္ မ်က္လႊာကို အသာမွိတ္ခ်လိုက္ၿပီး တည္ၿငိမ္ေအးစက္စြာ မိန႔္လိုက္ေတာ့သည္ ။

Ash : " ကြန္မန္ဒါ , ဟိုပုလင္းကို ယူလာခဲ့ "

ဘုရင့္အပါးေတာ္၌ ေစာင့္ၾကပ္ေနေသာ Alexander သည္ မိမိၾကားလိုက္ရေသာ အမိန႔္ကို မယုံႏိုင္ ။ ' ဟိုပုလင္း ' ဆိုေသာ အရာဟာ ဘာကို ဆိုလိုသလဲ ေကာင္းစြာနားလည္လိုက္သည္မို႔ ... ။

ထို႔နည္းတူ အႀကံထုတ္ေနေသာ Kai လည္း အံ့ဩသြားပုံရသည္ ။

တစ္ေန႔ , ဘုရင္သုံးေဆာင္ေတာ္မူမည့္ အစာတိုင္းကို အဆိပ္စမ္းရေသာ အတြင္းေဆာင္အမႈထမ္းျဖစ္သူ ႐ုတ္တရက္ ေသဆုံးသြားခဲ့၏ ။ ထိုအခါမွ ဘုရင့္စားေတာ္ပြဲထဲ အဆိပ္ပါေနေၾကာင္း ေတြ႕ရွိခဲ့သည္ ။ အဆိပ္ကို ေန႔စဥ္ တစ္စက္ခ်င္းသာ ခပ္ခဲ့တာေၾကာင့္ ကာလအေတာ္ၾကာမွ အာနိသင္ျပျခင္းျဖစ္၏ ။

ဧကရာဇ္၏ခႏၶာကိုယ္၌မူ အေၾကာင္းေၾကာင္းေၾကာင့္ အဆိပ္မိထားေသာ လကၡဏာမျပေသာ္လည္း အနာဂတ္တခ်ိန္ခ်ိန္၌ ‌တစ္စုံတစ္ရာ ေဖာက္ျပန္မည္စိုးသျဖင့္ ၊ ေတာ္ဝင္သမားေတာ္ႀကီး ကိုယ္တိုင္မွေန၍ အဆိပ္ကို ျပန္လည္ေဖာ္စပ္ကာ ၊ ေျဖေဆးပါ ထုတ္ေဖာ္ေပးခဲ့ျခင္းျဖစ္၏ ။ သို႔ျဖစ္ပါ၍ ဧကရာဇ္အား အဆိပ္ခပ္ရန္ ႀကိဳးစားသူႏွင့္ ေတာ္ဝင္သမားေတာ္ႀကီးဆီမွာပဲ အဆိပ္ေျဖေဆးရွိမွာျဖစ္သည္ ။

၎ အဆိပ္ရည္မ်ားပါဝင္သည္ဟု ယူဆရေသာ ေႂကြပုလင္းျဖဴသည္ လွပေသာ လက္တစ္စုံထဲ ေရာက္ေနၿပီ ။

Ash : " မင္းရဲ႕ သူငယ္ခ်င္းကို ဒါတိုက္လိုက္ရင္ ကိုယ္ေတာ္ မင္းကို အသက္ခ်မ္းသာ ေပးမယ္ "

ခ်ိဳၿမိန္သည့္ အၿပဳံးတို႔ျဖင့္ ဘူးျဖဴေလးကို Kain ရဲ႕ လက္ထဲ ထည့္ေပးလိုက္ေလ၏ ။

______________________________
______________________________
A/N : မေတြ႕တာ ၾကာခဲ့ၿပီေနာ္ ~
ဒီ‌လူ ျပန္လာပါၿပီ ။ ဆက္ေရးၿပီး ဆက္တင္ေတာ့မယ္ေနာ္ ။

#random_short

Ash : " လိေမၼာ္သီးေလး မပါတာ ၂ ပိုင္းရွိၿပီ (ノ`Д')ノ彡┻━┻ "

Author : " ဟုတ္ကဲေတာင္းပန္ပါတယ္ရွန္ 🙇 ေနာက္ပိုင္း ပါပါေတာ့မယ္ "

___________________________















Pokračovať v čítaní

You'll Also Like

1M 54.1K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1.2M 89.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
373K 36.9K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
325K 13K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...