Peculiarly System [Completed ]

By MaLaKaoYa

854K 90.3K 2.7K

Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့... More

Start With System
Arc(1.1) Parin
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)End
Arc(2.1) Zhang Xu Guang
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)End
Arc(3.1)Jason
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)End
Arc(4.1) Jon San
Arc(4.2)
Arc(4.3)
Arc(4.4)
Arc(4.5)
Arc(4.6)
Arc(4.7)
Arc(4.8)
Arc(4.9)
Arc(4.10)End
Arc(5.1) Zhou Wei Feng
Arc(5.2)
Arc(5.3)
Arc(5.4)
Arc(5.5)
Arc(5.6)
Arc(5.7)
Arc(5.8)
Arc(5.9)
Arc(5.10)
Arc(5.11)
Arc(5.12)End
Arc(6.1) LuYuYuan
Arc(6.2)
Arc(6.3)
Arc(6.4)
Arc(6.5)
Arc(6.6)
Arc(6.7)
Arc(6.8)
Arc(6.9)
Arc(6.10)
Arc(6.11)
Arc(6.12)End
Arc(7.1)KiKo
Arc(7.2)
Arc(7.3)
Arc(7.4)
Arc(7.5)
Arc(7.6)
Arc(7.7)
Arc(7.8)
Arc(7.9)
Arc(7.10)
Arc(7.11)End
Arc(8.1)Adam
Arc(8.2)
Arc(8.3)
Arc(8.4)
Arc(8.5)
Arc(8.6)
Arc(8.7)
Arc(8.8)
Arc(8.9)
Arc(8.10)
Arc(8.11)End
Arc(9.1)Aqua
Arc(9.2)
Arc(9.3)
Arc(9.4)
Arc(9.5)
Arc(9.6)
Arc(9.7)
Arc(9.8)
Arc(9.10)
Arc(9.11)
Arc(9.12)
Arc(9.13)End
Arc(10.1)XiaoZhan
Arc(10.2)
Arc(10.3)
Arc(10.4)
Arc(10.5)
Arc(10.6)
Arc(10.7)
Arc(10.8)
Arc(10.9)
Arc(10.10)
Arc(10.11)
Arc(10.12)End
Arc(11.1) Saw Minn Latt
Arc(11.2)
Arc(11.3)
Arc(11.4)
Arc(11.5)
Arc(11.6)
Arc(11.7)
Arc(11.8)
Arc(11.9)End
Arc(12.1) Ben
Arc(12.2)
Arc(12.3)
Arc(12.4)
Arc(12.5)
Arc(12.6)
Arc(12.7)
Arc(12.8)
Arc(12.9)
Arc(12.10)
Arc(12.11)End
Arc(13.1) Cristan Gabriel
Arc(13.2)
Arc (13.3)
Arc(13.4)
Arc(13.5)
Arc(13.6)
Arc(13.7)
Arc(13.8)
Arc(13.9)
Arc(13.10)
Arc(13.11)
Arc(13.12)End
Real Life (1)
Real Life (1)End
Real Life (2)
Real Life Ending Up (Truly End)

Arc(9.9)

3.1K 392 1
By MaLaKaoYa


" လော်ရာ ခုန်ချမယ်နော် တိုင်ပင်ခေါ်မယ် ...၁..၂..၃..''

" ဝုန်း! !! ဗွမ်း ''

ကျောက်ဆောင်ပေါ်ကနေ သမုဒ္ဒရာထဲ ခုန်ချလိုက်ပြီးနောက် လက်တွေတွဲထားရင်း ရေငုပ်ကာ အတွင်းပိုင်းချောက်နက်အထိ ကူးခတ်သွားတဲ့ လော်ရာနဲ့ဟူဂို။

အချိန်တစ်ခုကြာတဲ့အထိ ဘာကိုမှ မ​မြင်ရတာကြောင့်ရော အောက်စီဂျင်ပြတ်လပ်လာတာကြောင့်ပါ နှစ်ယောက်သား သမုဒ္ဒရာ ကြမ်းပြင်မှ ပြန်လည်ပြီး ရေမျက်နှာပြင်ပေါ်ကို ကူးခတ်လာခဲ့သည်။

" ဟူး..မောလိုက်တာ ''

" အေးဟ..ငါတို့ အခုထိ ရေအောက်နန်းတော်ဆိုတာကြီးကို မမြင်ရသေးဘူး ထပ်ငုပ်မယ် မတွေ့မချင်း ရှာကြမယ် ''

ဟူဂိုက လက်မလျှော့စွာပြောလာတာမို့ လော်ရာက ရေဒဏ်ကြောင့်နီရဲနေတဲ့သူမမျက်လုံးတွေကို အသာဖိနိုပ်လိုက်တယ်။

" ကဲ..ဒါဆို ထပ်ငုပ်ကြမယ်..ဟဲ့..ငါ့တို့အခုဘယ်နားမှာလဲမသိဘူးနော် ''

လော်ရာက ရေမငုပ်ခင်ပတ်ဝန်းကျင်ကိုပါတစ်ဆက်တည်း အကဲခတ်ရင်း ပြောလာတာဖြစ်လို့ ဟူဂိုကမျက်စိနဲ့လှည့်ပတ်ကြည့်လိုက်သည်။

" အင်း ဘယ်နေရာပဲဖြစ်ဖြစ် ငါတို့ အကွာကိုရှာတွေ့ဖို့ထက်တော့အရေးမကြီးဘူး ငါ့လက်ကိုမလွှတ်နဲ့နော် လော်ရာ ၁.၂.၃''

တစ်ဖန်ငုပ်လိုက်ကြပြန်သည့် သူတို့နှစ်ဦးက ရေအောက်ကြမ်းပြင်ကိုရောက်သည်နှင့် မျက်စိတွေကို မနည်းဖွင့်ကြည့်နေရသည်။ ဘေးမှာ  လျှောက်ပတ်သွားလာနေသော ငါးနီတူတွေ ကို မြင်လိုက်ရတဲ့လော်ရာက ဟူဂိုကို ဆွဲဆိတ်လိုက်ပြီး ပြလိုက်သည့် အခါ ထိုငါးတွေနောက်ကိုလိုက်ဖို့ ဟူဂိုက ဆုံးဖြတ်ချက် ချသည်။

......................

" မာလေက မင်းကို ခန့်မှန်းမိတယ် ဟုတ်လား Kitty ''

" အင်း ..မာလေမဟုတ်ဘူး သူရဲ့ မှော်ဖန်လုံးကြီး.. ''

ယခုအချိန်မှာ  အကွာက ကျောက်ဖျာပေါ်မှာ လဲလျောင်းနေတာဖြစ်ပြီး ဘေးနားက Kitty တစ်ကောင်ကတော့ လက်ကားယားခြေကားယားနဲ့ ဖြစ်ကြောင်းကုန်စင် ရှင်းပြနေတာဖြစ်သည်။

" အော် ငါမေ့နေတာ ကုန်းပေါ်မှာ ကျန်နေခဲ့တဲ့ ဖွားဖွားတို့နေကောင်းကြရဲ့လားမသိဘူး မင်းသွားကြည့်ပေးပါလား ''

" အင်း ဒါပဲလား ဘာခိုင်းဦးမှာလဲ ''

" လော်ရာနဲ့ဟူဂိုကရော ငါ့ကို စိတ်ပူနေမလားမသိဘူး ပြီးတော့ မီဂေးလ်က ထရီဇာနဲ့ဘယ်လိုဖြစ်နေပြီလဲ ငါ့ကို စုံစမ်းပေးနော် သိလား ''

" အနာကျက်ဆေးရော မှာဦးမလား ''

Kitty က အမြီးတစ်လျှောက်မှာရှိနေတဲ့ ခြစ်ရာကြီးကို မေးငေါ့ပြီး မေးလာသည့်အတွက် အကွာက ပိတ်အော်ပစ်လိုက်သည်။

" ထွက်သွား! သေချင်းဆိုးလေး ''

Kitty က Fake Smile ကြီးနဲ့ လှောင်ပြောင်သရော်ကာ ပျောက်ကွယ်သွားမှ အကွာက မျက်နှာကို လက်နဲ့အုပ်ကာ ခိုးရယ်လိုက်သည်။

" ဆန်းကျယ်တယ် ရေသူထီးနဲ့မိတ်လိုက်ရတဲ့အရသာက သောက်ကျိုးနည်း ပြဲထွက်သွားတာပဲ ''

" အကွာ ''

" အမလေး လန့်တာ.. ဘယ်လိုရောက်လာတာလဲ ပြောထားတယ်လေ စိတ်ကောက်နေတယ် လို့ သွား မလာနဲ့ ''

" အကွာကလည်း ကိုယ့်အပေါ် မစိမ်းကားပါနဲ့... ''

" .???''

ဗစ်တာက ဘာဖြစ်သွားတာလဲ ဆေးစားမှားသွားတာလား..လူစားထိုးခံရတာလား
မျက်နှာကိုက ပျားအုံပေါ်ပြုတ်ကျထားတဲ့အတိုင်း..အဲ မဟုတ်ဘူး ပျားရည်စိမ်ထားတဲ့ သကြားခဲတွေ ထဲ ပြုတ်ကျနေတဲ့ပုရွက်ဆိတ်လိုမျိုး....

" အကွာ~~~''

သံရှည်ဆွဲပြီး ခေါ်နေတဲ့ ဒီရေသူထီးက ငါ့ကို ပိုင်ဆိုင်ပြီးမှ ဦးနှောက်လှိုင်းတွေ အလုပ်မလုပ်တော့တာလား ။

" ဘာတွေတွေးနေတာလဲ ကိုယ့်အကြောင်းကိုပဲတွေးရမယ်လေ အကွာရဲ့ ''

" ဗစ်တာ ဘယ်လိုဖြစ်နေတာလဲ ''

" ကိုယ့်ကို အကွာစိတ်ကောက်နေလို့ ကိုယ်မနေတတ်ဘူး ''

" ဘယ်သူကကောက်နေလို့လဲ ဒီက ရေကူးမရလို့ စိတ်ညစ်နေတာ ''

" အဟဲ..မသိပါဘူးကွာ ကိုယ့်ကို စိတ်ဆိုးနေတာလားလို့..ဟာ...''

ခဏလေးတိတ်သွားတဲ့ ဗစ်တာက လက်ညိုးလေး ထိုးပြီး ဆရာကြီး ဒီဇိုင်းနဲ့ ပြောလာပြန်သည်။


"ခုနကပဲ အကွာပြောတာလေ လာမခေါ်နဲ့ စိတ်ကောက်နေတာဆို ''

"ဟင်း... ဟုတ်တယ် အခုပြေသွားပြီ..ပြေသွားပြီမို့ ဒီနေရာကနေ ကြွတော့နော် အေးဆေးနေပါရစေ ''

" ကြည့် အကွာစိတ်ကောက်မပြေသေးပါဘူး..''

" ကျစ်.. ဗစ်တာ! !''

အကွာတကယ်စိတ်မရှည်တော့တာမို့ အော်ပစ်လိုက်သည် ။ မျက်ထောင့်နီနဲ့ ကြည့်ပေးလိုက်တော့ ဗစ်တာရဲ့ မျက်နှာက ထူးဆန်းသွားတာမို့ အကွာက မျက်မှောင်ကျုံ့သည်။

" အကွာ ''

" မလာနဲ့! !''

ဗစ်တာက သူ့ရှေ့က အကွာကို အထူးအဆန်းလိုကြည့်နေမိသည်။ တကယ်လည်း အကွာက ထူးဆန်းနေတာပင်။

အကွာ့ရဲ့ အနားမှာ ထူးဆန်းတဲ့အလင်းတန်းတွေထွက်ပေါ်ပြေးလွှားနေပြီး အကွာ့ရဲ့ ဆံပင်တွေကလည်း အရောင်တွေပြောင်းလဲလာသည်။

အကွာရဲ့ တစ်ကိုယ်လုံး အလင်းတွေဖြာထွက်ကာ ခြုံငုံပြီးနောက် အကွာက တစ်ခြားသူတစ်ယောက်လိုပြောင်းလဲသွားသည်။

.............

"အား!!''x2

ပြိုင်တူ ထွက်လာတဲ့ အော်သံ အဆုံးမှာ လော်ရာက မေ့လဲသွားတော့သည်။

ဟူဂိုသည် ဘေးဘက်ဝဲယာကိုလျှောက်ကြည့်ပြီးနောက် လော်ရာကိုပွေ့ကာ ကိုယ်ဖော့ကူးခတ်ပြီး ကမ်းပေါ်တက်ခဲ့လိုက်သည်။

'ဘုတ် '

လော်ရာကို သောင်ခုံပြင်ပေါ်မှာ ကြင်နာစွာပဲ ပစ်ချလိုက်ပြီး ဝင်ထိုင်လိုက်သည်။

" သောက်ကျိုးနည်း မောလိုက်တာ လော်ရာမ ဘယ်လောက်တောင်မျိုစို့ထားလို့ အဲ့လောက်လေးနေရတာလဲ ''

ဟူဂိုက သက်ပြင်းချလိုက်ပြီး လော်ရာကို သတိပြန်ရအောင် စောင့်နေလိုက်သည် ။

Afew movement later..

" အမယ်လေး..ငါးမန်းကြီး..ငါးမန်းကြီး အီးဟီး..ငါးမန်းကြီးက ဟူဂို့ကို ဆွဲစားသွားပြီ..အီးဟီး... ''

ဘေးနားကနေ ထအော်ကာ ငိုနေသော လော်ရာကြောင့် ဟူဂိုမှာအလန့်တကြားနိုးလာရသည်။

" ??''

သူမက တ, ပြီးငိုနေတာမို့ ဟူဂိုမှာ အခုပဲ သွားသေရတော့မလိုပင်။

" လော်ရာ..''

" ဟင်..အား!!''

မသေသေးကြောင်းကို သိအောင် လက်တို့ပြီးခေါ်လိုက်မှ လှည့်ကြည့်ပြီး အားခနဲ အသံဗြဲနဲ့ ထအော်တဲ့ သူမက ဘယ်တော့မှ လင်ရမှာမဟုတ်ဘူး ဟု ဟူဂိုက ကောက်ချက်ချလိုက်တော့သည်။

" အသံဆိုးကြီးနဲ့ ဟာ..တိတ်တော့ ဘာလို့အဲ့လောက်ထိ ကမ္ဘာပျက်နေတာလဲ ငါမသေဘူး..ရှင်းပြီလား နားလည်လား..မယုံရင်လည်း ကိုင်ကြည့် ''

" တကယ်ပဲ..ဟင့် နင်မသေသေးဘူးကိုး..''

"...''

" ငါက နင်သေပြီထင်လို့ငိုနေတာ..''

လော်ရာက ဟူဂိုအားဖက်ကာ ရှိုက်ကြီးတငင် ငိုပြန်ပါသည်။

အငိုသန်လွန်းသောသူမကို ဟူဂိုက ဘာမှ မပြောတော့ဘဲ အလိုက်သင့်ငြိမ်နေပေးလိုက်သည်။

...............

" အားလုံးကို ပြင်ဆင်ထားတာပဲ အကွက်စေ့လိုက်တာ ထရီဇာ ''

" အင်း ဟုတ်တယ်.. ရေအောက်က မှောင်တယ်လေ..ပြီးတော့ အသားစားသတ္တဝါက ရေအောက်မှာလဲရှိတယ်.. အရာရာကိုကြိုတင်ပြင်ဆင်ထားတာက လွန်တယ်လို့မရှိဘူးလေ ''

" အော်.. ''

" ရေအောက်ကမ္ဘာက မှောင်မဲတယ် အစစအရာရာဂရုစိုက်နော် ''

" အင်း အသိပေးတာ ကျေးဇူးပါ ''

ပြီးနောက် နှစ်ယောက်သား ရေအောက်သို့ ဒိုင်ပင်ထိုးခဲ့ကြသည်။

................

အပြာရောင်ဖျော့ဖျော့နဲ့ငွေမှင်ရောင်ရေနေသော အမြီးရှည်ကြီးနဲ့ အကွာက အံ့သြစရာကောင်းလောက်အောင် ကြည့်ကောင်းနေပြန်သည်။ ဆံပင်အဖြူတွေကြားမှာ အပြာဖျော့ရောင် လိုင်းတွေနဲ့အကွာက မျက်ဝန်းတွေပါပြာလဲ့နေတာမို့ ဗစ်တာက မှင်သက်နေမိသည်။

" ဗစ်တာ ကျွန်တော်ဘာဖြစ်နေတာလဲ ခန္ဓာကိုယ်ထဲမှာ တစ်ခုခုက အရမ်းကိုလှုပ်ရှားနေတယ်.. ကျွန်တော် သေတော့မှာလား မသိဘူး ''

" အကွာ ဘယ်လိုကြီးခံစားနေရတာလဲ ''

" ဟင့်အင်း မပြောတတ်ဘူး ..အား!!!''

အကွာက အသံနက်ကြီးနဲ့ အော်ဟစ်ပြီးတဲ့နောက်မှာ မေ့လဲသွားတော့သည်။

AN.ပျင်းစရာကောင်းနေပြီလား။ အဲ့တာဆို ကပြီးဖတ်လေနော်... ချစ်တယ် ။

######

Zawgyi

" ေလာ္ရာ ခုန္ခ်မယ္ေနာ္ တိုင္ပင္ေခၚမယ္ ...၁..၂..၃..''

" ဝုန္း! !! ဗြမ္း ''

ေက်ာက္ေဆာင္ေပၚကေန သမုဒၵရာထဲ ခုန္ခ်လိဳက္ၿပီးေနာက္ လက္ေတြတြဲထားရင္း ေရငုပ္ကာ အတြင္းပိုင္းေခ်ာက္နက္အထိ ကူးခတ္သြားတဲ့ ေလာ္ရာနဲ႕ဟူဂို။

အခ်ိန္တစ္ခုၾကာတဲ့အထိ ဘာကိုမွ မ​ျမင္ရတာေၾကာင့္ေရာ ေအာက္စီဂ်င္ျပတ္လပ္လာတာေၾကာင့္ပါ ႏွစ္ေယာက္သား သမုဒၵရာ ၾကမ္းျပင္မွ ျပန္လည္ၿပီး ေရမ်က္ႏွာျပင္ေပၚကို ကူးခတ္လာခဲ့သည္။

" ဟူး..ေမာလိုက္တာ ''

" ေအးဟ..ငါတို႔ အခုထိ ေရေအာက္နန္းေတာ္ဆိုတာႀကီးကို မျမင္ရေသးဘူး ထပ္ငုပ္မယ္ မေတြ႕မခ်င္း ရွာၾကမယ္ ''

ဟူဂိုက လက္မေလွ်ာ့စြာေျပာလာတာမို႔ ေလာ္ရာက ေရဒဏ္ေၾကာင့္နီရဲေနတဲ့သူမမ်က္လုံးေတြကို အသာဖိနိုပ္လိုက္တယ္။

" ကဲ..ဒါဆို ထပ္ငုပ္ၾကမယ္..ဟဲ့..ငါ့တို႔အခုဘယ္နားမွာလဲမသိဘူးေနာ္ ''

ေလာ္ရာက ေရမငုပ္ခင္ပတ္ဝန္းက်င္ကိုပါတစ္ဆက္တည္း အကဲခတ္ရင္း ေျပာလာတာျဖစ္လို႔ ဟူဂိုကမ်က္စိနဲ႕လွည့္ပတ္ၾကည့္လိုက္သည္။

" အင္း ဘယ္ေနရာပဲျဖစ္ျဖစ္ ငါတို႔ အကြာကိုရွာေတြ႕ဖို႔ထက္ေတာ့အေရးမႀကီးဘူး ငါ့လက္ကိုမလႊတ္နဲ႕ေနာ္ ေလာ္ရာ ၁.၂.၃''

တစ္ဖန္ငုပ္လိုက္ၾကျပန္သည့္ သူတို႔ႏွစ္ဦးက ေရေအာက္ၾကမ္းျပင္ကိုေရာက္သည္ႏွင့္ မ်က္စိေတြကို မနည္းဖြင့္ၾကည့္ေနရသည္။ ေဘးမွာ  ေလွ်ာက္ပတ္သြားလာေနေသာ ငါးနီတူေတြ ကို ျမင္လိုက္ရတဲ့ေလာ္ရာက ဟူဂိုကို ဆြဲဆိတ္လိုက္ၿပီး ျပလိုက္သည့္ အခါ ထိုငါးေတြေနာက္ကိုလိုက္ဖို႔ ဟူဂိုက ဆုံးျဖတ္ခ်က္ ခ်သည္။

......................

" မာေလက မင္းကို ခန့္မွန္းမိတယ္ ဟုတ္လား Kitty ''

" အင္း ..မာေလမဟုတ္ဘူး သူရဲ႕ ေမွာ္ဖန္လုံးႀကီး.. ''

ယခုအခ်ိန္မွာ  အကြာက ေက်ာက္ဖ်ာေပၚမွာ လဲေလ်ာင္းေနတာျဖစ္ၿပီး ေဘးနားက Kitty တစ္ေကာင္ကေတာ့ လက္ကားယားေျခကားယားနဲ႕ ျဖစ္ေၾကာင္းကုန္စင္ ရွင္းျပေနတာျဖစ္သည္။

" ေအာ္ ငါေမ့ေနတာ ကုန္းေပၚမွာ က်န္ေနခဲ့တဲ့ ဖြားဖြားတို႔ေနေကာင္းၾကရဲ႕လားမသိဘူး မင္းသြားၾကည့္ေပးပါလား ''

" အင္း ဒါပဲလား ဘာခိုင္းဦးမွာလဲ ''

" ေလာ္ရာနဲ႕ဟူဂိုကေရာ ငါ့ကို စိတ္ပူေနမလားမသိဘူး ၿပီးေတာ့ မီေဂးလ္က ထရီဇာနဲ႕ဘယ္လိုျဖစ္ေနၿပီလဲ ငါ့ကို စုံစမ္းေပးေနာ္ သိလား ''

" အနာက်က္ေဆးေရာ မွာဦးမလား ''

Kitty က အၿမီးတစ္ေလွ်ာက္မွာရွိေနတဲ့ ျခစ္ရာႀကီးကို ေမးေငါ့ၿပီး ေမးလာသည့္အတြက္ အကြာက ပိတ္ေအာ္ပစ္လိုက္သည္။

" ထြက္သြား! ေသခ်င္းဆိုးေလး ''

Kitty က Fake Smile ႀကီးနဲ႕ ေလွာင္ေျပာင္သေရာ္ကာ ေပ်ာက္ကြယ္သြားမွ အကြာက မ်က္ႏွာကို လက္နဲ႕အုပ္ကာ ခိုးရယ္လိုက္သည္။

" ဆန္းက်ယ္တယ္ ေရသူထီးနဲ႕မိတ္လိုက္ရတဲ့အရသာက ေသာက္က်ိဳးနည္း ၿပဲထြက္သြားတာပဲ ''

" အကြာ ''

" အမေလး လန့္တာ.. ဘယ္လိုေရာက္လာတာလဲ ေျပာထားတယ္ေလ စိတ္ေကာက္ေနတယ္ လို႔ သြား မလာနဲ႕ ''

" အကြာကလည္း ကိုယ့္အေပၚ မစိမ္းကားပါနဲ႕... ''

" .???''

ဗစ္တာက ဘာျဖစ္သြားတာလဲ ေဆးစားမွားသြားတာလား..လူစားထိုးခံရတာလား
မ်က္ႏွာကိုက ပ်ားအုံေပၚျပဳတ္က်ထားတဲ့အတိုင္း..အဲ မဟုတ္ဘူး ပ်ားရည္စိမ္ထားတဲ့ သၾကားခဲေတြ ထဲ ျပဳတ္က်ေနတဲ့ပု႐ြက္ဆိတ္လိုမ်ိဳး....

" အကြာ~~~''

သံရွည္ဆြဲၿပီး ေခၚေနတဲ့ ဒီေရသူထီးက ငါ့ကို ပိုင္ဆိုင္ၿပီးမွ ဦးႏွောက္လွိုင္းေတြ အလုပ္မလုပ္ေတာ့တာလား ။

" ဘာေတြေတြးေနတာလဲ ကိုယ့္အေၾကာင္းကိုပဲေတြးရမယ္ေလ အကြာရဲ႕ ''

" ဗစ္တာ ဘယ္လိုျဖစ္ေနတာလဲ ''

" ကိုယ့္ကို အကြာစိတ္ေကာက္ေနလို႔ ကိုယ္မေနတတ္ဘူး ''

" ဘယ္သူကေကာက္ေနလို႔လဲ ဒီက ေရကူးမရလို႔ စိတ္ညစ္ေနတာ ''

" အဟဲ..မသိပါဘူးကြာ ကိုယ့္ကို စိတ္ဆိုးေနတာလားလို႔..ဟာ...''

ခဏေလးတိတ္သြားတဲ့ ဗစ္တာက လက္ညိုးေလး ထိုးၿပီး ဆရာႀကီး ဒီဇိုင္းနဲ႕ ေျပာလာျပန္သည္။


"ခုနကပဲ အကြာေျပာတာေလ လာမေခၚနဲ႕ စိတ္ေကာက္ေနတာဆို ''

"ဟင္း... ဟုတ္တယ္ အခုေျပသြားၿပီ..ေျပသြားၿပီမို႔ ဒီေနရာကေန ႂကြေတာ့ေနာ္ ေအးေဆးေနပါရေစ ''

" ၾကည့္ အကြာစိတ္ေကာက္မေျပေသးပါဘူး..''

" က်စ္.. ဗစ္တာ! !''

အကြာတကယ္စိတ္မရွည္ေတာ့တာမို႔ ေအာ္ပစ္လိုက္သည္ ။ မ်က္ေထာင့္နီနဲ႕ ၾကည့္ေပးလိုက္ေတာ့ ဗစ္တာရဲ႕ မ်က္ႏွာက ထူးဆန္းသြားတာမို႔ အကြာက မ်က္ေမွာင္က်ဳံ႕သည္။

" အကြာ ''

" မလာနဲ႕! !''

ဗစ္တာက သူ႕ေရွ႕က အကြာကို အထူးအဆန္းလိုၾကည့္ေနမိသည္။ တကယ္လည္း အကြာက ထူးဆန္းေနတာပင္။

အကြာ့ရဲ႕ အနားမွာ ထူးဆန္းတဲ့အလင္းတန္းေတြထြက္ေပၚေျပးလႊားေနၿပီး အကြာ့ရဲ႕ ဆံပင္ေတြကလည္း အေရာင္ေတြေျပာင္းလဲလာသည္။

အကြာရဲ႕ တစ္ကိုယ္လုံး အလင္းေတြျဖာထြက္ကာ ၿခဳံငုံၿပီးေနာက္ အကြာက တစ္ျခားသူတစ္ေယာက္လိုေျပာင္းလဲသြားသည္။

.............

"အား!!''x2

ၿပိဳင္တူ ထြက္လာတဲ့ ေအာ္သံ အဆုံးမွာ ေလာ္ရာက ေမ့လဲသြားေတာ့သည္။

ဟူဂိုသည္ ေဘးဘက္ဝဲယာကိုေလွ်ာက္ၾကည့္ၿပီးေနာက္ ေလာ္ရာကိုေပြ႕ကာ ကိုယ္ေဖာ့ကူးခတ္ၿပီး ကမ္းေပၚတက္ခဲ့လိုက္သည္။

'ဘုတ္ '

ေလာ္ရာကို ေသာင္ခုံျပင္ေပၚမွာ ၾကင္နာစြာပဲ ပစ္ခ်လိဳက္ၿပီး ဝင္ထိုင္လိုက္သည္။

" ေသာက္က်ိဳးနည္း ေမာလိုက္တာ ေလာ္ရာမ ဘယ္ေလာက္ေတာင္မ်ိဳစို႔ထားလို႔ အဲ့ေလာက္ေလးေနရတာလဲ ''

ဟူဂိုက သက္ျပင္းခ်လိဳက္ၿပီး ေလာ္ရာကို သတိျပန္ရေအာင္ ေစာင့္ေနလိုက္သည္ ။

Afew movement later..

" အမယ္ေလး..ငါးမန္းႀကီး..ငါးမန္းႀကီး အီးဟီး..ငါးမန္းႀကီးက ဟူဂို႔ကို ဆြဲစားသြားၿပီ..အီးဟီး... ''

ေဘးနားကေန ထေအာ္ကာ ငိုေနေသာ ေလာ္ရာေၾကာင့္ ဟူဂိုမွာအလန့္တၾကားနိုးလာရသည္။

" ??''

သူမက တ, ၿပီးငိုေနတာမို႔ ဟူဂိုမွာ အခုပဲ သြားေသရေတာ့မလိုပင္။

" ေလာ္ရာ..''

" ဟင္..အား!!''

မေသေသးေၾကာင္းကို သိေအာင္ လက္တို႔ၿပီးေခၚလိုက္မွ လွည့္ၾကည့္ၿပီး အားခနဲ အသံၿဗဲနဲ႕ ထေအာ္တဲ့ သူမက ဘယ္ေတာ့မွ လင္ရမွာမဟုတ္ဘူး ဟု ဟူဂိုက ေကာက္ခ်က္ခ်လိဳက္ေတာ့သည္။

" အသံဆိုးႀကီးနဲ႕ ဟာ..တိတ္ေတာ့ ဘာလို႔အဲ့ေလာက္ထိ ကမၻာပ်က္ေနတာလဲ ငါမေသဘူး..ရွင္းၿပီလား နားလည္လား..မယုံရင္လည္း ကိုင္ၾကည့္ ''

" တကယ္ပဲ..ဟင့္ နင္မေသေသးဘူးကိုး..''

"...''

" ငါက နင္ေသၿပီထင္လို႔ငိုေနတာ..''

ေလာ္ရာက ဟူဂိုအားဖက္ကာ ရွိုက္ႀကီးတငင္ ငိုျပန္ပါသည္။

အငိုသန္လြန္းေသာသူမကို ဟူဂိုက ဘာမွ မေျပာေတာ့ဘဲ အလိုက္သင့္ၿငိမ္ေနေပးလိုက္သည္။

...............

" အားလုံးကို ျပင္ဆင္ထားတာပဲ အကြက္ေစ့လိုက္တာ ထရီဇာ ''

" အင္း ဟုတ္တယ္.. ေရေအာက္က ေမွာင္တယ္ေလ..ၿပီးေတာ့ အသားစားသတၱဝါက ေရေအာက္မွာလဲရွိတယ္.. အရာရာကိုႀကိဳတင္ျပင္ဆင္ထားတာက လြန္တယ္လို႔မရွိဘူးေလ ''

" ေအာ္.. ''

" ေရေအာက္ကမၻာက ေမွာင္မဲတယ္ အစစအရာရာဂ႐ုစိုက္ေနာ္ ''

" အင္း အသိေပးတာ ေက်းဇူးပါ ''

ၿပီးေနာက္ ႏွစ္ေယာက္သား ေရေအာက္သို႔ ဒိုင္ပင္ထိုးခဲ့ၾကသည္။

................

အျပာေရာင္ေဖ်ာ့ေဖ်ာ့နဲ႕ေငြမွင္ေရာင္ေရေနေသာ အၿမီးရွည္ႀကီးနဲ႕ အကြာက အံ့ၾသစရာေကာင္းေလာက္ေအာင္ ၾကည့္ေကာင္းေနျပန္သည္။ ဆံပင္အျဖဴေတြၾကားမွာ အျပာေဖ်ာ့ေရာင္ လိုင္းေတြနဲ႕အကြာက မ်က္ဝန္းေတြပါျပာလဲ့ေနတာမို႔ ဗစ္တာက မွင္သက္ေနမိသည္။

" ဗစ္တာ ကြၽန္ေတာ္ဘာျဖစ္ေနတာလဲ ခႏၶာကိုယ္ထဲမွာ တစ္ခုခုက အရမ္းကိုလႈပ္ရွားေနတယ္.. ကြၽန္ေတာ္ ေသေတာ့မွာလား မသိဘူး ''

" အကြာ ဘယ္လိုႀကီးခံစားေနရတာလဲ ''

" ဟင့္အင္း မေျပာတတ္ဘူး ..အား!!!''

အကြာက အသံနက္ႀကီးနဲ႕ ေအာ္ဟစ္ၿပီးတဲ့ေနာက္မွာ ေမ့လဲသြားေတာ့သည္။

AN.ပ်င္းစရာေကာင္းေနၿပီလား။ အဲ့တာဆို ကၿပီးဖတ္ေလေနာ္... ခ်စ္တယ္ ။

######






Continue Reading

You'll Also Like

40.8K 4.8K 39
wang yibo & xiao zhan
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
366K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.1M 58.2K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...