Hidden love " ကုမုဒြာ "( comp...

By MikkyLay1

1M 55.8K 6.2K

လရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မ... More

ဇာတ်ကောင်မိတ်ဆက်
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter-6
Chapter-7
Chapter - 8
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64 ( Final )
Extra❤
ကျေးဇူးတင်လွှာ❤️ ( ပရိုမိုးရှင်း )
🎉🎉🎉

Chapter - 9

11.9K 867 268
By MikkyLay1

အဖိုးအိမ်တော်မှာနေတဲ့ရက်များတွင်သာ မုဒြာနဲ့ဧကရာဇ်မောင် အိမ်တော်ကိုပြန်လာပြီး ချစ်ခင်သည့်စုံတွဲများပမာဟန်ဆောင်ကာ နေထိုင်ပြီးနောက် အဖိုးပြန်သွားတော့ မောင်နေတဲ့တိုက်ခန်းထံ ပြန်လာခဲ့ကြသည် ။

အဖိုးကုဌေကြွယ်က ဥက္ကဌရာထူးကိုစွန်းလွှတ်ပြီးကတည်းက နယ်လှည့်ကာ မိဘမဲ့ကျောင်းနဲ့ မပြည့်စုံသည့်ဘုန်းကြီးကျောင်းတွေထံ သွားရောက်ကာ ဇနီးနဲ့သမီးဖြစ်သူကိုရည်းစူး၍  အဆောက်အဦးတွေဆောက်လုပ်လှူတန်းပြီး သေရင်ကို့နောက်ပါမည့် ကုသိုလ်ကိုယူဆောင်သည် ။

မုဒြာကလဲ အဖိုးစိတ်ကြိုက် အလှူအတန်းပြုလုပ်ဖို့ ခွင့်ပြုပေးထားသည် ။ ဒါကြောင့် အဖိုးက တစ်လကို အိမ်တော်မှာ အလွန်ဆုံး ၁ ပတ်လောက်သာနေပြီး ကျန်အချိန်တွေကို လှူတန်းရင်းနှင့်ခရီးသွားကာ အချိန်ကုန်ဆုံးစေသည် ။

ဧကရာဇ်မောင်က သူ့ရဲ့အခန်းထံပြန်ရောက်တော့ မုဒြာအပေါ်ပြန်ပြီးအေးဆက်သွားပြန်သည် ။ အနားမှာအဖိုးမရှိနေတော့ ကုမုဒြာအား ချစ်ခင်ဟန်ဆောင်နေခြင်းမျိုး မပြုလုပ်တော့ပေ ။ မုဒြာကတော့ ဝတ္တရားမပျက် မောင့်ကို ပြုစုပေးနေခဲ့သည် ။

" မောင် … ထမင်းချိုင်ယူသွားဖို့ ခနစောင့်ပေးဦး … ပြီးခါနီးပြီ  "

ဒီနေ့မုဒြာအိပ်ယာထနောက်ကျသွား၍ မောင့်အတွက်မနက်စာအရင်ပြင်ပေးပြီး ထမင်းချိုင့်အတွက်ပြင်ဆင်နေသည် ။ မောင်ကမနက်စာစားပြီး ထမင်းချိုင့်ကိုစောင့်မယူသွားတော့ပဲ ထွက်သွားသည် ။ မုဒြာပြတင်းပေါက်ကနေအောက်ကိုကြည့်လိုက်တော့ ထုံးစံအတိုင်း ကသစ်ပန်းက မောင့်ကားပေါ်တက်ကာ သူတို့အတူ အလုပ်ကိုထွက်သွားကြသည် ။

မုဒြာထိုမြင်ကွင်းကိုမြင်ရတိုင်း ရင်ထဲမှာမွန်းကြပ်လာပေမဲ့ မောင့်ကိုပြဿနာမရှာခဲ့ပေ ။ တစ်နေ့တော့ မုဒြာခံစားချက်တွေကို မောင်နားလည်ပြီး ဆင်ခြင်လာဖို့မျှော်လင့်သည် ။

ခုဆို မောင်ကမုဒြာရဲ့ဂရုစိုက်ပေးမှုတွေနဲ့အသားကျကာ တစ်ခါတစ်ရံမုဒြာအဝတ်အစားပြင်ပေးမထားမိလျှင် ဘာဝတ်ရမှန်း ဘယ်နေရာမှာဘာရှိမှန်းမသိတော့၍ မုဒြာကိုခေါ်ပြီးသူ့အတွက်အဝတ်ပြင်ပေးဖို့ပြောလာသည် ။ နတ်ကတိုင်ကိုပင် နေ့တိုင်း မုဒြာကိုယ်တိုင်ချည်ပေးရသည် ။

မောင်နဲ့မုဒြာကြားမှာ အရင်ကလိုမှန်တစ်ချက်ခြားထားသလို ကိုယ့်အကန့်နဲ့ကိုယ် ကိုယ့်နေရာနဲ့ကိုယ် နေရခြင်းမျိုးမရှိတော့ပေ ။ မောင့်အတွက် မုဒြာကအမှန်တကယ်လိုအပ်ကြောင်း မောင်ကိုယ်တိုင်နားလည်လာသည် ။

မောင်ကမုဒြာအပေါ် အရင်ကလောက် အေးဆက်မနေတော့ပဲ ခုလိုဂရုစိုက်မှုတွေကိုခံယူရင်း နွေထွေးတဲ့မိသားစုလေးလို ပိုနီးကပ်လာသည်ဟု မုဒြာထင်မိသည် ။ ဒီနေ့တော့ ထမင်းချိုင့်ကို မုဒြာကိုယ်တိုင် ရုံးကိုသွားပို့ဖို့ ဆုံးဖြတ်လိုက်သည် ။

ဧကရာဇ်မောင်နဲ့ကသစ်ပန်း ရုံးကိုရောက်လာတော့ လူတိုင်းခေါင်းမီးတောက်နေကာ မျက်နှာတွေကမသာမယာနဲ့  သူတို့ကို ပြဿနာဖြင့်စည်းကြိုနေသည် ။

" ဥက္ကဌ … ပြဿနာတက်နေပြီ "

" ဘာတွေဖြစ်နေကြတာလဲ "

မန်နေဂျာဖြစ်သူက ကြောက်လွန်း၍မျက်နှာကရဲနေပြီ အသံတုန်တုန်ဖြင့်ပြောလာသည် ။

" ဒီတစ်ပတ်တင်ပြရမဲ့ ပရောဂျက်ရဲ့အချက်အလက်တွေပေါက်ကြားကုန်ပြီ  … ပြိုင်ဘက်အဖွဲ့က အချက်အလက်တွေအကုန်သိသွားပြီး ကျွန်တော်တို့ စီစဉ်ထားတာတွေကို သူတို့ကလုယူဖို့လုပ်နေကြတယ် … သူတို့သာရရှိသွားရင် ဒီပရော့ဂျက်ရဲ့အမြတ်အစွန်းတွေအကုန် ဆုံးရှုံးရမှာ … ကျွန်တော်တို့ရင်းနှီးထားတဲ့ငွေတွေ အဖက်ဆယ်လို့ရမှာမဟုတ်တော့ဘူး  "

ဧကရာဇ်မောင်က အလွန်အရေးကြီးတဲ့အလုပ်က လွဲချော်သွားပြီမို့ အလွန်ဒေါသထွက်ကာ စားပွဲခုံကို ' ဒုန်း ' ကနဲမည်အောင်ရိုက်ချလိုက်သည် ။

" ဒါကဘယ်လိုဖြစ်နိုင်မှာလဲ … ဒီအချက်အလက်တွေက ငါကိုယ်တိုင်သေချာသိမ်းထားတာ … ငါ့အခန်းထဲကို ငါနဲ့အတွင်းရေးမှူးကလွဲပြီး ဘယ်သူမှဝင်ခွင့်မရှိဘူး "

" အဖွဲ့ထဲမှာ သူလျှိုရှိရင်ရှိ မရှိရင်တော့ ဥက္ကဌအခန်းထဲကို တစ်ယောက်ယောက်ခိုးဝင်တာဖြစ်မယ် "

" ငါ့အဖွဲ့ထဲ ဘယ်ကသူလျှိုရှိမှာလဲ … Cctv တွေမစစ်ကြည့်ဘူးလား "

" စစ်ကြည့်ပါတယ် … မသင်္ကာစရာကောင်းတဲ့လူတစ်ယောက်မှမတွေ့ရဘူး … အတွင်းရေးမှူးကလဲ ဥက္ကဌနဲ့အမြဲအတူရှိနေပြီး အသွားအပြန်လုပ်နေတော့မဖြစ်နိုင်ဘူးလို့ထင်တယ် "

" လုံခြုံရေးတွေ ဒီလောက်တင်းကြပ်ထားတာတောင် ဒီလိုအမှားမျိုးဖြစ်ရလား … မင်းတို့ဘယ်လိုအလုပ်လုပ်နေကြတာလဲ "

ဧကရာဇ်မောင်က မန်နေဂျာအနောက်မှာရပ်နေတဲ့ လုံခြုံရေးတွေကိုကြည့်ပြီးအော်ကာငေါက်လိုက်တော့ လုံခြုံရေးတွေကခေါင်းငုံ့ကာ တောင်းပန်လာသည် ။

" ကျွန်တော်တို့တောင်းပန်ပါတယ် … ကျွန်တော်တို့ရဲ့ပေါ့လျော့မှုအတွက် ဥက္ကဌအပြစ်ပေးပါ "

" အပြစ်ပေးယုံနဲ့ဒါကပြီးမသွားဘူး … ခုချက်ချင်းတရားခံကိုရှာဖို့ လုံခြုံရေးခေါင်းဆောင်ကိုစေခိုင်းလိုက် "

လုံခြုံရေးတွေထွက်သွားတော့ ဧကရာဇ်က မန်နေဂျာအားပြောလိုက်သည် ။

" မင်းတို့က ပရောဂျက်အတွက် အစီအစဉ်အသစ်ထပ်ဆွဲဖို့  အချိန်ပေး "

" တင်ပြဖို့ကတစ်ပက်ပဲလိုတော့တာ … တစ်လလောက်လုပ်ခဲ့ရတဲ့အလုပ်ကို တစ်ပတ်အတွင်းပြီးအောင်လုပ်နိုင်ပါ့မလား ဥက္ကဌ "

" ငါရအောင်လုပ်မယ် … မင်းတို့အချိန်ပိုဆင်းဖို့သာပြင်ထား … ဒီကိစ္စမပြီးမချင်းဘယ်သူမှအိမ်မပြန်ရဘူး … ပြန်တဲ့သူအပြီးသာထွက်သွားကြ "

ဥက္ကဌဧကရာဇ်မောင်က ဒေါသထွက်သည့်အချိန်ဆို ကြောက်ဖို့ကောင်းပေမဲ့ ခုလိုပြဿနာကြီးကြီးမားမားရှိလာချိန်မှာ ခေါင်းရှောင်ပြီး လက်အောက်ခံတွေကို ခေါင်းခံခိုင်းတာမျိုးမရှိပဲ ဥက္ကဌတစ်ယောက်ဖြစ်တဲ့ သူကိုယ်တိုင် ရှေ့ကဦးဆောင်ပြီး ဖြေးရှင်းပေးတော့ အားလုံးအတွက်အားရှိကာ တစ်ရုံးလုံးက အချိန်ပိုဆင်းဖို့ သဘောတူလိုက်ကြသည် ။

ကသစ်ပန်းက ပြဿနာတွေဖြစ်သွားတော့ အတွင်းရေးမှုးတစ်ယောက်အနေနဲ့ ပေါ့စမိလို့တောင်းပန်လာသည် ။

" ကသစ်တောင်းပန်ပါတယ်သူဌေး … ကသစ်သာနည်းနည်းပိုဂရုစိုက်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး … သူဌေးကိုပိုပြီးပင်ပန်းစေမိပြီ "

" မင်းတစ်ယောက်ထည်းအပြစ်မဟုတ်ပါဘူး … ငါပေါ့လျော့မိတာလဲပါတယ် … ထပ်ပြီးအစီအစဉ်ဆွဲတော့ အရင်ဟာထက်ပိုကောင်းအောင်လုပ်ဖို့ အခွင့်အရေးရတာပေါ့ "

အလုပ်နဲ့ပတ်သပ်လာရင် ဧကရာဇ်မောင်က ဉာဏ်ကောင်းပြီး အမှားကို အမြဲအကောင်းဘက်ကတွေးပေးကာ တာဝန်ယူ ဦးဆောင်လိုစိတ်ရှိသည် ။ သူဟာခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ထိုက်တန်သည် ။

အဖိုးကုဌေကြွယ်ထံကနေ ပညာတွေကိုငယ်စဉ်ကတည်းက စိတ်ဝင်တစားသင်ယူထားသူမို့ ဖြတ်ထိုးဉာဏ်ကောင်းပြီး အဖိုးရဲ့ခြေယာကိုအမှီလိုက်နိုင်သူ ထက်မြတ်သည့်သူဖြစ်သည် ။ ကုမုဒြာအပေါ်မကောင်မြင်စိတ်ရှိတာကလွဲပြီး အပြစ်ပြောစရာမရှိခြေ ။

ဧကရာဇ်မောင် သူ့ရဲ့အလုပ်စားပွဲမှာထိုင်ပြီး ကွန်ပြူတာတစ်လုံးနဲ့အလုပ်လုပ်နေစဉ် သူ့ရဲ့အာရုံတွေက ဘေးကိုလွင့်ပြယ်မသွားတော့ပဲ အလုပ်ထဲကိုအာရုံစူးစိုက်နေပုံက အလွန်ဆွဲဆောင်မှုရှိနေသည် ။ ယောက်ျားတစ်ယောက်ရဲ့ခန့်ညားမှုက အထင်းသားပေါ်နေသည် ။

ကသစ်ပန်းက ဧကရာဇ်မောင်ရဲ့ဘေးနားက စားပွဲမှာထိုင်နေပြီး အလုပ်လုပ်ရင်း သူမအကြည့်တွေက အလုပ်အပေါ်အာရုံရောက်နေတဲ့ သူဌေးဧကရာဇ်ထံရောက်နေသည် ။

သူမဘဝမှာ ထိုသို့အလုပ်ကြိုးစားပြီး ချောမောလှပမှုနဲ့ပြည့်စုံတဲ့လူမျိုးမတွေ့ဖူး၍ ဧကရာဇ်မောင်ထံက အကြည့်မခွာနိုင်ဖြစ်နေသည် ။ သူမမျက်ဝန်းတွေက ဧကရာဇ်မောင်အပေါ်စိတ်ဝင်စားမှုသို့ကအထင်းသားပေါ်နေသည် ။

နေ့လည်စာစားချိန်ရောက်တော့ မုဒြာထမင်းဂျိုင့်နှင့်အတူ ရောက်လာခဲ့သည် ။ ဥက္ကဌရဲ့မိတ်ဖက်သခင်လေးမုဒြာကို အားလုံးကသိကြ၍ အရိုအသေပေးကာ ရုံးမှာဖြစ်နေတဲ့ပြဿနာတွေကိုပြောပြပြီး သူဌေးဒေါသထွက်နေကြောင်းကိုလဲပြောပြလိုက်ကြသည် ။

မုဒြာက မောင်ဒေါသထွက်နေလျှင် မုဒြာကိုမြင်ရင်ပိုပြီးဒေါသထွက်လွယ်၍ ထမင်းဂျိုင့်ကိုကိုယ်တိုင်သွားမပေးတော့ပဲ ဝန်ထမ်းတစ်ယောက်ကိုတဆင့်သွားပေးခိုင်းကာ ဝန်ထမ်းတွေအားလုံးကိုလဲ အားပေးစကားပြောပြီး ပြန်သွားလေသည် ။

အားလုံးကလဲ သူဌေးမှာအရမ်းသဘောကောင်ပြီးစိတ်သဘောထားနူးညံ့ကာ လှပတဲ့ အိုမီဂါလေးပိုင်ဆိုင်ထား၍ ချီးကျူးနေကြသည် ။ ထိုစဉ်သူတို့နား ကသစ်ပန်းရောက်လာသည် ။

" စောစောကဘယ်သူလာသွားတာလဲ "

" သူဌေးရဲ့မိတ်ဖက်သခင်လေးကုမုဒြာလာသွားတာ … သူကပြဿနာဖြစ်နေတယ်ကြားတော့ အားလုံးအတွက်စိတ်ပူပေးနေတာ … ဥက္ကဌဟောင်းရဲ့မြေးက မဆူမငေါက်တဲ့အပြင် အားပေးစကားပါပြောသွားတယ် … သဘောကောင်းလိုက်တာ  "

" ဟုတ်လား …  ဒါပေမဲ့အပြင်မှာတစ်ခါတွေ့ဖူးတာတော့ အဲ့လောက်ထိသဘောမကောင်းဘူးထင်တယ် "

" မဖြစ်နိုင်တာ … သူစိတ်ဆိုးအောင်လုပ်မိရင်တော့ ဘယ်သူမှသဘောမကောင်းပေးနိုင်ဘူး … အတွင်းရေးမှူးကဘာသွာပြောလို့လဲ "

" အာ … ဘာမှမဟုတ်တော့ပါဘူး … ဒါကသူဌေးအတွက်လား … ကသစ်ယူသွားပေးမယ် "

ကသစ်ပန်းက ဝန်ထမ်းမလေးလက်ထဲကထမင်းဘူးကိုယူပြီး ဧကရာဇ်အခန်းထဲပြန်ဝင်သွားသည် ။ တစ်ချို့ဝန်ထမ်းဟောင်းတွေက နောက်မှရောက်လာပြီ သူဌေးအခွင့်အရေးပေးတာကိုခံနေရတဲ့ ကသစ်ပန်းကိုကြည့်မရပေ ။

ယခုဖြစ်တဲ့ကိစ္စမှာလဲ သူဌေးအနားကအတွင်းရေးမှူး​ပေါ့လျော့မှုကြောင့်လဲပါ၍ ကသစ်ပန်းကပိုပြီး အပြောခံသင့်တာကို အဆူမခံရတဲ့အပြင် သူများတွေအလုပ်မနားမနေလုပ်နေချိန်မှာ သူကအေးဆေး လျှောက်သွားနိုင်တဲ့ထိသာယာနေ၍ ကြည့်မရဖြစ်နေကြသည် ။

" ကသစ်ပန်းက ရုပ်ချောပြီးပြုံးနေတာကလွဲရင် ဘာမှအသုံးမဝင်ဘူး "

" တစ်ခါတစ်လေ သူ့အဆင့်သူမေ့ပြီး မန်နေဂျာကို အထက်စည်းကနေဆက်ဆံချင်နေတာ … သူဌေးကအခွင့်အရေးပေးထားတော့ပိုဆိုးနေတာပေါ့ "

" ခုသလော သူဌေးကားနဲ့အတူလာတာတွေ့နေရတယ် … သခင်လေးကုမုဒြာကဒါကိုမသိဘူးလား "

" ငါ့အထင်တော့ သူဌေးတို့ရဲ့အိမ်ထောင်ရေးက ထင်သလောက်မရိုးရှင်းလောက်ဘူး "

" သူဌေးအကြောင်းမပြောပဲနေကြရအောင် … သူကသဘောကောင်းတယ် … ဟိုမိန်းကလေးကသာမယုံရတာ … သူ့ရုပ်က သခင်လေးကုမုဒြာနဲ့ဆင်ပေမဲ့ အကျင့်စရိုက်က မိုးနဲ့မြေလိုပဲ  "

" သူတို့ကို နှိုင်းစရာကိုမလိုသာ … သခင်လေးကုမုဒြာက ဒီလောက်ချောမောလှပတဲ့နတ်သားလေး … သူမကသခင်လေးကုမုဒြာနေရာဝင်လုချင်လို့ အကုန်လိုက်တုနေတာ  "

" ဟုတ်တယ် "

ကသစ်ပန်းထွက်သွားတော့ အားလုံးကသူ့အသင်းကို တိုးတိတ်စွာပြောနေကြလေသည် ။

ကသစ်ပန်းက ဧကရာဇ်အခန်းထဲရောက်တော့ ထမင်းဘူးကိုဖွင့်ကာ စားပွဲပေါ်မှာပြင်ဆင်ပေးလိုက်သည် ။

" သူဌေ အချိန်မှန်စားပြီးမှ အလုပ်ဆက်လုပ်ပါလား … မဟုတ်ရင်အစာအိမ်ထိလိမ့်မယ် "

ဧကရာဇ်ကလဲ မွှေးပျံ့နေတဲ့ဟင်းရနံ့ရဲ့ဆွဲဆောင်မှုကြောင့် အလုပ်တွေကိုရပ်လိုက်ပြီး စားဖို့ပြင်တော့သည် ။

" ဒီနေ့ထမင်းဂျိုင်မယူလာပါဘူး … ဒါဘယ်သူလာပို့တာလဲ "

ကသစ်ပန်းက အပြုံးလေးဖြင့်ဆိုလိုက်သည် ။

" ဒီနေ့ကသစ်ယူလာခဲ့တာ … သူဌေးဂျိုင့်မပါမှန်းသိလို့ သူဌေးအတွက်ပါပိုယူလာတာ "

" မင်းကတကယ်တော်သားပဲ … ငါဒီနေ့ထမင်းမစားရတော့ဘူးထင်နေတာ "

ဧကရာဇ်မောင်ကပြောရင်းနှင့် စားနေသည် ။ အရသာကသူ့အကြိုက်နဲ့ကွက်တိဖြစ်နေ၍ ခနလေးအတွင်းစားကုန်သွားသည် ။ ဘာကြောင့်မှန်းမသိ ထိုအရသာကရင်းနီးနေပေမဲ့ ကသစ်ပန်းယူလာသာဟုသာ စိတ်ထဲထင်မှတ်လိုက်သည် ။ နေ့လည်စာဗိုက်ပြည့်သွားတော့ အလုပ်ကိုမနားမနေဆက်လုပ်နေတော့သည် ။

မုဒြာက အချိန်ပိုရှိမှန်းသိပေမဲ့ ညနေတော့အိမ်ပြန်အိပ်လောက်တယ်အထင်နဲ့မျှော်နေပေမဲ့ ည ၈ နာရီထိမောင်ကပြန်မလာတော့ အလုပ်ကိုလိုက်လာခဲ့သည် ။ အားလုံးကညအထိအလုပ်ဆင်းနေရ၍ ပင်ပန်းနေကြစဉ် မုဒြာက အမောပြေစားဖို့ ကြက်ကြော်နဲ့အိမ်မငိုက်အောင် ကော်ဖီဖျော်သောက်ဖို့ယူလာပေး၍ အားလုံးကဝမ်းသာနေကြသည် ။

မောင့်ရုံးခန်းထဲမှာတော့ မောင်နဲ့ကသစ်ပန်းရှိနေ၍ မုဒြာကအပြင်ကဧည့်ဆောင်ခန်းမှာထိုင်နေကာ မောင်ထွက်အလာကိုစောင့်နေလိုက်သည် ။ တစ်ခနကြာတော့ ကသစ်ပန်းက မုဒြာအနားရောက်လာသည် ။

" သခင်လေးကုမုဒြာရောက်နေတာကြာပြီလား … ကသစ်သူဌေးကိုပြောပေးမယ်လေ … သူဌေးကသူ့ရုံးခန်းထဲကို ကသစ်ကလွဲပြီး ဘယ်သူ့ကိုမှ ဝင်ခွင့်ပြုတာမဟုတ်ဘူး "

" ရတယ် … မောင်ထွက်လာတဲ့ထိစောင့်နေမယ် "

မုဒြာက သူမရဲ့အကူအညီမလိုချင်ပေ ။ ထိုစဉ်ကသစ်ပန်က မုဒြာအရှေ့ကစားပွဲပေါ်မှာချထားတဲ့စားစရာမုန့်တွေကိုတွေ့သွားပြီး …

" ဒါကသူဌေးအတွက်ဆို ကသစ်ယူသွားပေးလိုက်မယ် … ခုဆိုသူဌေးဗိုက်ဆာနေလောက်ပြီ … ညနေစာလဲဘာမှမစားထားဘူး "

သူမရဲ့ စိတ်ဓာတ်ကိုမကြိုက်ပေမဲ့ မုဒြာက သူကိုယ်တိုင်ဝင်ပေးရင် မောင်ကလာနှောက်ယှက်တယ်ထင်ပြီး စိတ်ဆိုးကာဘာမှမစားပဲနေမည်ဆိုး၍ သူမုန်းတဲ့ထိုမိန်းကလေးကိုယူသွားခွင့်ပြုလိုက်ရသည် ။

မုန့်လေးအစားယူသွားပေးခိုင်းယုံပါပဲ … လူတစ်ယောက်လုံးကိုအပိုင်ပေးလိုက်တာမှမဟုတ်တာ … မောင့်ကိုငါပိုင်နေတုန်းပဲ … ငါစိတ်လျော့ထားရမယ် …

တစ်ဖက်တွင်တော့ …

" သူဌေး ခနနားပြီးလာစားပါဦး … ဗိုက်ထဲအစာမရှိရင်အားပျက်သွားလိမ့်မယ် "

" ငါ့အတွက် အပင်ပန်းခံပြီးဝယ်လာဖို့မလိုပါဘူး … တစ်နပ်တစ်လေမစားပဲ ငါနေနိုင်တယ် "

" ဘယ်ဖြစ်မလဲသူဌေးရယ် … သူဌေးကျန်းမာနေဖို့ကအရေးကြီးတယ်လေ … ဒါလေးကုန်အောင်စားပြီးမှ အလုပ်ဆက်လုပ်နော် "

ဧကရာဇ်က သူ့အားအပြုံးလေးနဲ့ ဂရုစိုက်ပေးနေတဲ့ ကသစ်ပန်းကိုကြည့်ကာပြုံးလိုက်သည် ။ ပြီးနောက် ကသစ်ပန်းယူလာသည့် ကြက်ကြော်နဲ့မုန့်အချိုတွေကို ကုန်အောင်စားလိုက်သည် ။ ဗိုက်ပြည့်သွားတော့မှ အလုပ်ပင်ပန်းနေတာတွေက ပျောက်သွားကာ အားအင်တွေပိုရှိလာပြီး အလုပ်လုပ်ရအဆင်ပြေလာသည် ။

ည ၂ နာရီခွဲကျော်လာတော့ ဝန်ထမ်းတွေက တစ်ချို့ကအနားယူကုန်ကြပြီး တစ်ချို့ကကြိုးစားပြီးလုပ်နေကြသည် ။ မုဒြာလဲခုံပေါ်မှာစောင့်ရင်းအိပ်ပျော်သွားရာမှနိုးလာတော့ မောင့်ရဲ့ရုံးခန်းထံထွက်လာကာ အထဲကိုချောင်းကြည့်လိုက်သည် ။

မောင့်ရဲ့အတွင်းရေးမှူးကသစ်ပန်းက ခုံပေါ်မှာမှောက်ကာ အိပ်ပျော်နေပြီး မောင်ကတော့ မျက်ခုံးကျောကိုဖိလျှက် အလုပ်လုပ်နေတုန်းပင် ။ မုဒြာ ၃ နာရီထိုးတဲ့ထိအပြင်မှာစောင့်နေပြီး မောင်အိပ်ပျော်သွားတော့မှ အခန်းတွင်း အသာလေးဝင်လာခဲ့သည် ။

မောင်က အိပ်တာတောင် စိတ်ချလက်ချမအိပ်နိုင်ပဲ ခုံကိုမှီကာ လက်ပိုက်လျှက် ခေါင်းကိုဆောင်းပြီးအိပ်နေသည် ။ အိပ်နေပုံက မသက်မသာရှိလှသည် ။

မုဒြာက ခုံတစ်ခုကိုဆွဲယူကာ မောင့်ရဲ့ဘေးမှာထိုင်လိုက်ပြီး စောင်းနေတဲ့မောင့်ရဲ့ခေါင်းကို သူ့ပခုံပေါ်မှီစေကာ မောင့်ရဲ့ကိုယ်ပေါ်ကို သူယူလာတဲ့စောင်အပါးလေးလွှမ်းခြုံပေးလိုက်သည် ။ မောင့်ရဲ့ကိုယ်လေး မုဒြာရင်ခွင်ထဲရောက်သွားတော့မှ အိပ်ရတာ သက်တောင့်သက်သာရှိသွားပုံပင် ပို၍နှစ်ခြိုက်စွာအိပ်မောကျသွားသည် ။

မောင်ကအလုပ်သရဲဆိုတာ မုဒြာသိသည် ။ အိပ်ရေးပျက်ရင် မောင်ကစိတ်မကြည်တော့ပဲ ပေါက်ကွဲလွယ်သည် ။ မောင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဖို့ကအရေးကြီသည် ။ မောင်အိပ်ပျော်နေတဲ့တစ်လျှောက် မုဒြာက မောင့်ရဲ့ခေါင်းမွေးတွေကို ဖွကိုင်ကာ ပွတ်ပေးနေသည် ။ ထိုအရာကမောင့်ကိုပိုပြီးအိပ်ပျော်သွားစေသည် ။

မုဒြာမောင့်ကိုဖက်ထားရင်း ထိုပုံစံအတိုင်း ၂ နာရီနီးပါးထိုင်စောင့်ပေးနေသည် ။ မောင့်ကိုယ်ကအနွေးဓာတ်ကြောင့် မုဒြာအိပ်စရာမလိုအောင်ပင် လန်းဆန်းနေသည် ။ မောင့်ကိုခုလိုဂရုစိုက်ပေးနေရရင်ကို ကျေနပ်နေသည် ။ ၅ နာရီကျော်လာတော့ အပြင်က စကားသံတွေထွက်ပေါ်လာ၍ မောင်မနိုးလာခင်မောင့်ကို စားပွဲပေါ်ချပေးခဲ့ကာ မုဒြာထွက်လာခဲ့သည် ။

မုဒြာထွက်လာသည်ကို နိုးနေတဲ့တချိုးဝန်ထမ်းတွေကမြင်သွားပြီး သူတို့သူဌေးကိုတစ်ညလုံးလာစောင့်ပေးနေတဲ့ သခင်လေးမုဒြာကိုအံ့ဩနေကြသည် ။ သူဌေးမှာ ဒီလိုဂရုစိုပေးမဲ့မိတ်ဖက်ရှိနေ၍ အားလုံးက ဝမ်းသာနေကြသည် ။

ဧကရာဇ်မောင်နိုးလာတော့ သူ့ကိုယ်ပေါ်မှာ စောင်အပါးတစ်ထည်ကလွဲပြီး အနားမှာဘယ်သူမှရှိမနေတော့ပေ ။ အိပ်ပျော်နေပေမဲ့ အနွေးဓာတ်ကို ခံစားမိနေ၍ ဘာကြောင့်လဲတွေးနေရင်း သူ့ရဲ့ဘေးနားကစားပွဲပေါ်မှာအိပ်ပျော်နေတဲ့ကသစ်ပန်းကိုတွေ့သွားသည် ။ ဧကရာဇ်မောင်က ပြုံးသွားပြီး …

" မင်းက ငါ့အနားမှာရှိနေယုံနဲ့တင် ငါ့ကိုအနွေးဓာတ်ပေးနိုင်တာပဲ ကသစ်ပန်း "

သူ့ကိုယ်ပေါ်ကစောင်ကို ကသစ်ပန်းကိုလွှမ်းခြုံပေးလိုက်ပြီး အလုပ်ဆက်လုပ်နေတော့သည် ။ မုဒြာလာသွားသည်ကို ဧကရာဇ်မောင် နည်းနည်းလေးမှမရိပ်မိခဲ့ပေ ။

*

*

*

တစ်ပတ်လုံး မောင်အိမ်ပြန်မလာပဲ ရုံးမှာသာနေ၍ မုဒြာလဲ မောင်မသိအောင် ရုံးကိုလာပြီး ညတိုင်းဂရုစိုက်ပေးနေခဲ့သည် ။ ဒါကို ဧကရာဇ်ကမသိလေပဲ သူ့ရဲ့အတွင်းရေးမှုက သူ့အနားမှာနေပြီး ဂရုစိုက်ပေးနေသည်ဟုသာ ထင်နေခဲ့သည် ။

ဝန်ထမ်းတွေအားလုံးက သိနေပေမဲ့ သူတို့သူဌေအလုပ်ရှုတ်နေ၍ တခြားအကြောင်းမပြောကြပဲ တိတ်နေကြသည် ။ ဒီလိုနဲ့ ပရောဂျက်အတွက် ဆွေးနွေးရမည့်နေ့သို့ရောက်လာခဲ့သည် ။

ရှယ်ယာဝင်တွေအားလုံးရောက်ရှိနေကြပြီး ဒီတစ်ခေါက်လုပ်ငန်းကအရေးကြီး၍ အဖိုးကုဌေကြွယ်ပါရောက်လာသည် ။ အရင်းအနီးများပြီးအမြတ်အစွန်းလဲ များများရရှိမဲ့အခွင်အရေးမို့ အားလုံးကရင်းနှီးမြှုတ်နှံဖို့အသင့်ဖြစ်နေကြသည် ။ ဒါက ဥက္ကဌအသစ်ရဲ့ ပထမဆုံး ငွေအများကြီးနဲ့ ရင်းနီးမှုဖြစ်၍ ပရော့ဂျက်ရဲ့အစီအစဉ်တွေက အကောင်းဆုံးဖြစ်ဖို့မျှော်မှန်းထားကြသည် ။

မူလပရောဂျက်က မြေဧကရောင်းမည့်သူဌေးတစ်ဦးထံကနေ မြို့တွင်းတစ်နေရာက မြေတွေကိုဝယ်ယူကာ ပျက်စီးနေတဲ့အဆောက်အဦးတွေကိုဖြိုချပြီး အဆင့်မှီတဲ့မိုတယ်နှင့်ကွန်ဒိုတွေဆောက်လုပ်ပြီး ပြန်ရောင်ဖို့တွေးထားကြသည် ။ သို့ပေမဲ့ အချက်အလက်တွေပေါက်ကြားကာ ဧကရာဇ်ရဲ့အကြံကို ပြိုင်ဘက်အဖွဲ့ကသိသွားပြီး  ထိုသူဌေးကြီးထံကနေ ဧကရာဇ်တို့ပေးနိုင်သည့်တန်ဖိုးထက်ပိုပေးကာ ထိုနေရာတွင်အဆောက်အဦးတည်ဆောက်ဖို့ပြုလုပ်နေကြသည် ။

ဧကရာဇ်တို့က သေချာအစီစဉ်ဆွဲပြီး အဆောက်အဦးအတွက် လိုအပ်တဲ့ပစ္စည်းတွေနဲ့ အတော်ဆုံး အင်ဂျင်နီယာတွေကိုငှားထားပြီးဖြစ်၍ ထိုပရောဂျက်သာမအောင်မြင်ရင် ငွေးကြေးဆုံးရှုံးမှု များနိုင်သည် ။ ပြိုင်ဘက်ကလုယူသွားသည့်မြေတွေက ရန်ကုန်မြို့ရဲ့အချက်အချာကျသည့်နေရာက အိမ်ယာဟောင်းတစ်ခုဖြစ်နေ၍ အဆင့်မှီတဲ့ အဆောက်အဦးတွေသာဆောက်လုပ်လိုက်ရင် ငှားရမ်းနေထိုင်သူများစွာရှိလာပြီး အမြတ်အစွန်းများစွာရရှိနိုင်သည့် ငွေတွင်းကြီးဖြစ်သည် ။ အချက်အလက်ပေါက်ကြားမှုကြောင့် သူတို့အစီစဉ်တွေအားလုံးပြိုင်ဘက်ကသိသွားပြီး သူတို့မြေပိုင်ရှင်နဲ့မြေစာချုပ်မချုပ်ဆိုခင် လုယူခံလိုက်ရသည် ။

ဥက္ကဌဧကရာဇ်မောင်ရဲ့မန်နေဂျာက အစည်းအဝေးပွဲက ရှယ်ယာဝင်လူကြီးတွေကို ဦးညွှတ်လိုက်ကာ ဝန်ခံစကားဖြင့်စတင်လိုက်သည် ။

" ကျွန်တော်တို့ လူကြီးမင်းတို့ကို ဝန်ခံစရာတစ်ခုရှိပါတယ် … ဒီတစ်ခေါက်ပရော့ဂျက်မှာ ကျွန်တော်တို့ရှာတွေ့ထားတဲ့ မြို့ထဲကမြေနေရာက လွန်ခဲ့တဲ့တစ်ပတ်ကပဲ ပြိုင်ဘက်ရဲ့လုယူခြင်းကိုခံလိုက်ရတယ် … ဒါကြောင့် ကျွန်တော်တို့ချက်ချင်းပဲ အစီစဉ်အသစ်ပြောင်းလဲလိုက်ပါတယ် … အားလုံးကိုတင်ပြပေးပါရစေ "

ရှယ်ယာဝင်တွေက သူတို့မျက်စိကျနေတဲ့ အမြတ်အစွန်းရမဲ့မြေကွက်က လုယူခံလိုက်ရတယ်လို့ကြားရတော့ အသစ်တင်ပြမဲ့ပရော့ဂျက်အပေါ် ယုံကြည်မှုမရှိကြတော့ပေ ။ အစည်းဝေးပွဲမှာ တစ်ယောက်တစ်ပေါက် ပြောကုန်ကြပြီး ဥက္ကဌဧကရာဇ်မောင်ကို မေးခွန်းထုတ်ချင်နေကြပေမဲ့ ဥက္ကဌဟောင်းကိုယ်တိုင်ရှိနေပြီး ဧကရာဇ်မောင်တင်ပြမှုကို ယုံကြည်ချက်အပြည့်နဲ့စောင့်ကြည့်နေ၍ ဘယ်သူမှစကားအပိုမပြောကြတော့ပဲ တိတ်ဆိတ်သွားကြသည် ။

တစ်ပတ်လုံး စုံစမ်းကာ ရရှိလာတဲ့အချက်အလက်တွေနဲ့ပြင်ဆင်ထားတဲ့ပရောဂျက်အသစ်ကို ဥက္ကဌဧကရာဇ်မောင်ကိုယ်တိုင် ကြေငြာဖို့ယုံကြည်ချက်အပြည့်နဲ့ ထလာခဲ့သည် ။ ဧကရာဇ်က သူရှာတွေ့ထားတဲ့မြေကို ပိတ်ကားထပ်ကနေတဆင့် ပြသလိုက်သည် ။

" ဒါက ကျွန်တော်အသစ်ရှာတွေထားတဲ့နေရာပါ … ရန်ကုန်တိုင်းထဲမှာပဲ မြို့နဲ့အရမ်းမဝေးပါဘူး "

ရှယ်ယာဝင်တစ်ချို့က မြေနေရာကိုမြင်တော့ သဘောမကျဖြစ်ကုန်သည် ။ ထိုနေရာကမြို့အစွန်ကျပြီးအလွန်ခေါင်ဖြားသည် ။ လူနေအိမ်နည်းပြီးမြို့နဲ့ဝေးတဲ့နေရာမှာ အဆင့်မှီမိုတယ်နှင့်ကွန်ဒိုအဆောက်အဦးဆောက်လုပ်လျှင် အမြတ်ရဖို့မပြောနှင့် ဘယ်သူမှမနေချင်ကြ၍ အရင်းပင်ပြန်ရမည်မဟုတ်ပေ ။ ဧကရာဇ်က ဆက်ပြီးပြောလာခဲ့သည် ။

" ဒီနေရာကမြို့နဲ့ဝေးပေမဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းပြီးရေမီးရဖို့လဲလွယ်တယ် … ဒီနေရာမှာ ကွန်ဒိုတိုက်ခန်းဆောက်လုပ်ပြီး လူလတ်တန်းစားတွေနေထိုင်နိုင်အောင်လုပ်ပေးနိုင်ရင် … "

ဧကရာဇ်ရဲ့စကားပင်မဆုံးသေး အသက်ကြီးကြီးရှယ်ယာဝင်တစ်ဦးက ဖြတ်ပြောလာသည် ။

" လူလတ်တန်းစားတွေအတွက်ဆိုတာ ဘာကိုဆိုလိုတာလဲ … ခုဆွေးနွေးမှာက အထက်တန်းစားတွေနေနိုင်မဲ့တိုက်ခန်းအကြောင်းမဟုတ်ဘူးလား … ဒီနေရာကလူလတ်တန်းစားမပြောနဲ့ အလကားပေးတောင်နေကြမှာမဟုတ်ဘူး "

" ကျွန်တော်ပြောတာကို အရင်ဆုံးအောင်နားထောင်ပေးပါ … ကျွန်တော်တို့ မြို့ထဲက မြေကွက်ဧကတစ်ရာရဲ့တန်ဖိုးက ဒီနေရာမှာ ဧကငါးရာလောက်ထိရပါတယ် … ဒါကြောင့် ကျွန်တော်တို့ဒီနေရာမှာ မြို့တစ်ခုစာ အဆောက်အဦးတွေတည်ဆောက်လို့ရနိုင်လောက်တဲ့ထိ မြေတွေကိုဝယ်နိုင်တယ် "

ထိုစကားကြားတော့ အရင်းအနီးကထင်သလောက်မများ၍ အားလုံးကစိတ်အားထက်သန်လာကြကာ ဧကရာဇ်ပြောတာကို စိတ်ဝင်တစား နားထောင်လာကြသည် ။

" ဒီနေရာမှာလူလက်တန်းစားတွေနေနိုင်တဲ့တိုက်ခန်းတွေဆောက်လုပ်မယ် … မြေကွက်အားတွေက မြေဩဇာကောင်းလို့ အောက်ခြေလူတန်းစားတွေ ဟင်းသီးဟင်းရွက်စိုက်ပျိုးဖို့ငှားရမ်းထားလို့ရတယ် … အဲ့ဒါကအမြတ်အစွန်းနည်းပေမဲ့ အဲ့ဒိဒေသမှာနေထိုင်သူတွေက သူတို့ရဲ့ အနီးအနားမှာပဲ ဈေးနည်းနည်းနဲ့လက်ဆက်တဲ့အသီးအရွက်တွေရရင် ဘယ်သူမဆိုနေထိုင်ချင်လာလိမ့်မယ် … ပြီးတော့ ဒီနေရာကရုံးဝန်ထမ်းတွေအတွက်အဆင်မပြေပေမဲ့ စက်ရုံလုပ်သားတွေနဲ့ သာမန်အရပ်သားတွေအတွက်တော့ အဆင်ပြေလိမ့်မယ် "

ဧကရာဇ်က သူတို့အမြတ်အစွန်းရဖို့တင်မက ဆင်းရဲသားတွေကိုပါအဆင်ပြေစေဖို့ထိတွေးထားသည် ။

" အဆင့်မြင်တိုက်ခန်းတွေကို ခုချိန်မှာ အဖွဲ့အစည်းတိုင်းကအလုအယက်တည်ဆောက်နေကြတယ် … အဲ့ဒါကရင်းနှီးမြှုတ်နှံသူတွေအတွက် အမြတ်အစွန်းရလွယ်ပေမဲ့ အောက်ခြေလူတန်းစားတွေအတွက်ကတော့ လက်လှမ်းမှီဖို့မလွယ်ဘူး … သာမန်အလုပ်သမားတွေဆို သူတို့လစာနဲ့အခန်းခတွေကိုမတတ်နိုင်ကြလို့အခက်အခဲတွေအများကြီးရင်ဆိုင်နေရတယ် … ကျွန်တော်တို့သာ အဆင့်မြင်ကွန်ဒိုအစား တိုက်ခန်းတွေများများဆောက်လုပ်လိုက်ရင် အလုပ်သမားအများစုအတွက် အထောက်အကူဖြစ်စေမဲ့အပြင် အနီးအနားမှာ စက်ရုံတွေတည်ဆောက်လိုက်ရင် အလုပ်လက်မဲ့တွေအတွက်ပါ အကူအညီရရှိလိမ့်မယ် "

" ဥက္ကဌဧကရာဇ်မောင်က စက်ရုံတည်ဆောက်ဖို့ထိပါ တွေးနေတာလား "

" ကျွန်တော်ကိုယ်တိုင် အလုပ်ရှုတ်ခံပြီး စက်ရုံတည်ထောင်စရာမလိုပါဘူး … ကျွန်တော်ဝယ်ထားတဲ့မြေထဲမှာ အဆောက်အဦးဆောက်ပြီး ကျန်တဲ့တစ်ဝက်က နိုင်ငံခြားကနေ မြန်မာပြည်ကိုလာပြီး စက်ရုံတည်ဆောက်ချင်နေတဲ့ ကျွန်တော့အသိတွေကို ငှားရမ်းဖို့ပြောထားပြီးပြီ … စက်ရုံသာရှိရင် ကျွန်တော်တို့အဆောက်အဦးတွေမှာ သေချာပေါက်လူအမြောက်အများနေထိုင်ကြမှာပါ … စိုက်ခင်းတွေလဲရှိလို့ အောက်ခြေလူတန်းစားတွေအတွက်လဲအဆင်ပြေတယ် … အကယ်၍ရင်းနှီးမြှုပ်နှံသူပိုများလာရင် အဲ့ဒိနေရာကို မြို့တစ်မြို့တောင် တည်ထောင်လို့ရပါတယ် … ကျွန်တော်တို့ဆုံးရှုံးသွားတဲ့ မြေကအမြတ်အစွန်းကို တစ်ခါသာရရှိပြီး ဒီနေရာကတော့ ကျွန်တော်ပိုင်နေသ၍ အမြတ်အစွန်းတွေနေ့စဉ်ရရှိပြီးတော့ အချိန်ကြာလာလေတန်ဖိုးပိုမြင့်လေးဖြစ်လာမှာအသေအချာပဲ … ကျွန်တော့ပရော့ဂျက်မှာ ပါဝင်ရင်းနှီးဖို့အစီစဉ်ရှိရင် စာချုပ်မှာ လက်မှတ်ထိုးပေးပါ "

ဥက္ကဌဧကရာဇ်မောင်ရဲ့တင်ပြမှုတွေက ပြီးပြည့်စုံပြီး တစ်ကြိမ်တစ်ခါသာအမြတ်အစွန်းရတာမျိုးမဟုတ်ပဲ နှစ်ရှည်စီမံကိန်းနဲ့ အမြတ်တွေနေ့စဉ်ဝင်နေမည့်လုပ်ငန်းမို့ အားလုံးကသဘောတူလက်မှတ်ရေးထိုးလိုက်ကြသည် ။

အစည်းအဝေးပြီးသွားတော့ အဖိုးကုဌေကြွယ်က သူပင်တစ်ခါမှထိုသို့ လက်တွေ့ဆန်ဆန်ကျယ်ကျယ်ပြန့်ပြန့်နဲ့  အောက်ခြေလူတန်းစာတွေအတွက်ပါအကျိုးရှိစေမဲ့အရာမျိုးမစဉ်းစားဖူး၍ ဧကရာဇ်မောင်အား မချီးကျူးပဲမနေနိုင်တော့ပေ ။

" အမှားတစ်ခုကနေ သင်ခန်းစာယူနိုင်တာ မင်းတော်တယ် … ဒီစီမံကိန်းက ပင်ပန်းပေမဲ့ ပြီးဆုံးသွားရင် အကျိုးအမြတ်က ရင်းနှီးမြှုတ်နှံသူတင်မက လူအမြောက်အများကိုပါ အလုပ်အကိုင်အခွင့်အလန်းတွေရရှိစေတယ် … ပြီးတော့ လူတွေအပေါ်ကူညီရာလဲရောက်လို့ ကုသိုလ်လဲရတယ်  "

ဧကရာဇ်မောင်ရဲ့ရည်မှန်းချက်က တစ်နေ့သူဟာအောင်မြင်သူတစ်ယောက်ဖြစ်လာခဲ့လျှင် ဆင်းရဲသည့်လူတွေကို ကူညီပေးမည်ဟုအမြဲတွေးထားခဲ့သည် ။ ခုသူ့လက်ထဲမှာ အာဏာရှိနေပြီး လူတိုင်းရိုသေ​လေးစားရတဲ့ဥက္ကဌတစ်ယောက်ဖြစ်နေပြီမို့ လူတွေအပေါ်အကျိုးပြုမည့် စီမန်းကိန်းများကိုရေးဆွဲခဲ့ခြင်းဖြစ်သည် ။

" ဒါကကျွန်တော်တစ်ယောက်ထည်းအတွေးမဟုတ်ပါဘူး … ရုံးကဝန်ထမ်းတွေရဲ့အကူအညီလဲပါပါတယ် … ပြီးတော့ အတွင်းရေးမှုးကသစ်ပန်းကလဲ အကူအညီပေးသေးတယ် "

အဖိုးက ဧကရာဇ်မောင်ကိုကြည့်ပြီး စိတ်ထဲကနေ ချီးကျူးနေတော့သည် ။

မင်းကခေါင်းဆောင်ကောင်းပီသတယ် … ချီးကျူးဂုဏ်ပြုပေးတာကို အားလုံးကိုခွဲဝေပေးတတ်တဲ့ကောင်းမွန်တဲ့အကျင့်ရှိတယ် … ဥက္ကဌဖြစ်နေပေမဲ့ ငယ်သူတွေကိုအနိုင်ကျင့်ပြီး ဖိအားပေးမဆက်ဆံပဲ ကိုယ်တိုင်ခေါင်းခံဖြေရှင်းဖို့ပဲတွေးတယ် … ဒီတစ်ချက်ကလူတိုင်းမှာမရှိတဲ့ ကောင်းမွန်တဲ့စိတ်ထားပဲ … ငါလူရွေးမှန်သွားခဲ့ပြီ …

မင်းတော်တယ် … ကူညီပေးတဲ့ဝန်ထမ်းတွေကို ဆုချပြီး ပရော့ချက်ကိုစတင်ဖို့ပြင်ဆင်တော့ "

" ဟုတ်ကဲ့ပါအဖိုး "

ထိုနေ့က အလုပ်တွေပင်ပန်ရကျိုးနပ်ကာ ဘောက်ဆူးတွေလဲရရှိပြီး ပရောဂျက်တင်ပြမှုလဲအောင်မြင်တဲ့အတွက် အားလုံးစောစောအလုပ်နားကာ အိမ်ပြန်ကြလေသည် ။ မုဒြာရောက်လာတော့ ရုံးမှာ ဘယ်သူမှမရှိတော့ပေ ။ သူလှည့်ပြန်မည်ကြံတုန်း အနောက်ကခေါ်သံကိုကြားလိုက်ရသည် ။

" သခင်လေးကုမုဒြာလား "

မုဒြာလှည့်ကြည့်လိုက်တော့ မောင့်ရဲ့မန်နေဂျာဖြစ်နေသည် ။ သူလဲပြန်ဖို့ပြင်နေပုံပင် ။ လက်ဆွဲအိပ်ကိုဆွဲကာ လျှောက်လာပြီး အနားရောက်တော့  မုဒြာကိုအရိုအသေပေးလိုက်သည် ။

" သခင်လေးအလုပ်ကိုအမြဲလာပြီး ဥက္ကဌနဲ့ဘာကြောင့်သွားမတွေ့တာလဲ "

" သူအစည်းအဝေးပွဲမှာအဆင်ပြေလား "

" အရမ်းကိုပြေတယ် … ဥက္ကဌကအံ့ဩစရာပဲ … ဒီတစ်ခေါက်တင်ပြချက်ကို ရှယ်ယာဝင်တွေအများကြီးသဘောကျကျတဲ့အပြင် အသစ်ဝင်မဲ့သူတွေပါပေါ်လာပြီ … ပြီးတော့ ဥက္ကဌဟောင်းကလဲ ချီးကျူးသေးတယ် "

မောင်အဆင်ပြေတယ်ကြားတော့ မုဒြာပျော်သွားသည် ။

" ဒါနဲ့ မောင်ရော ပြန်သွားပြီလား "

" ခုနလေးတင် အတွင်းရေးမှူးနဲ့အတူထွက်သွားတယ် … သခင်လေး ခုအနောက်ကလိုက်ရင်တောင်မှီလိမ့်မယ် "

ကသစ်ပန်းနဲ့အတူထွက်သွားတယ်ကြားတော့ မုဒြာမကျေမနပ်ဖြစ်မိပေမဲ့ တစ်ပတ်လုံးပင်ပန်းလာတဲ့မောင့်ကို ဂုဏ်ပြုပေးဖို့ မုဒြာအမြန်ဆုံး လှည့်ပြန်လာခဲ့သည် ။ တစ်နေရာရောက်တော့ မောင့်ရဲ့ကားကဆိုင်တစ်ဆိုင်ရှေ့မှာရပ်ထားတာတွေ့လိုက်ရ၍ မုဒြာဆင်းပြီး ဆိုင်ထဲကိုကြည့်လိုက်သည် ။ ယံယံပြောခဲ့သည့် ကိတ်မုန့်ဆိုင်ဖြစ်နေသည် ။

မောင်ကအချိုကြိုက်တာကိုမုဒြာသိပေမဲ့ ဘယ်တုန်းကမှမုဒြာကိုကိတ်မုန့်စားချင်ကြောင်းမပြောခဲ့၍ မုဒြာလုပ်မကြွေးခဲ့ဘူးပေ ။ မွေးနေ့တွေမှာတောင် မောင်ကမုဒြာပေးတဲ့ကိတ်တွေကိုမစားပဲလွတ်ပြစ်သည် ။ ခုတော့သူစိမ်းမိန်းကလေးတစ်ယောက်နဲ့မောင်က ကိတ်မုန့်ဆိုင်မှာထိုင်နေပြီး ၂ ယောက်သားပြုံးရွှင်ကာစားနေကြသည် ။ မုဒြာထိုမြင်ကွင်းအားကြည့်နေရင်း ရင်ထဲမှာဆို့နင့်လာသည် ။

ထိုစဉ်ရုတ်တရပ်မောင်ကထသွားကာ ကသစ်ပန်းဘေးမှာထိုင်လိုက်ပြီး ကသစ်ပန်းကမောင့်ရဲ့ပခုံးပေါ်ခေါင်းမှီလျှက် မောင့်ရဲ့လက်တွေကိုဆုတ်ကိုင်ထားသည် ။ မုဒြာရင်ထဲမှာ လောင်မြိုက်နေပြီး ဆက်ပြီးမကြည့်နိုင်တော့၍ လှည့်ထွက်လာခဲ့သည် ။ မုဒြာအိမ်ပြန်ရောက်ပြီး ၂ နာရီကြာမှ မောင်ကပြန်ရောက်လာသည် ။

မုဒြာက မောင်အခန်းထဲဝင်လာလာခြင်း မောင်အနားသွားတော့ အရက်နံ့ပျင်းပျင်းကိုရလိုက်၍ မောင့်အားအရှေ့ကနေတားကာ မေးလိုက်သည် ။

" မောင်အခုဘယ်ကနေပြန်လာတာလဲ … မောင့်ကိုယ်ကအရက်နံ့ရနေတယ်  "

ဧကရာဇ်က ရောက်ရောက်ချင်း ရန်လာရှာနေတဲ့မုဒြာကို တွန်းထုတ်လိုက်ပြီး …

" မင်းဘာလို့ပြဿနာလာရှာနေတာလဲ … ငါတစ်ပတ်လုံးပင်ပန်းထားတာ ဒီတစ်ရက်လေးလွတ်လွတ်လပ်လပ်ပေးနေလို့မရဘူးလား "

" မောင်ဘယ်မိန်းကလေးတွေနဲ့သွားခဲ့တာလဲ … မောင့်ကိုယ်မှာဟော်မုန်းနံ့တွေရနေတယ် "

" ငါ့ကိုဖောက်ပြန်တယ်လို့ထင်နေတာလား "

" မောင်ကမဖောက်ပြန်ဘူးပြောနေပေမဲ့ မောင့်ကိုယ်ကတစ်ခြားအိုမီဂါတစ်ယောက်ရဲ့အနံ့တွေကပ်ပါလာတာကရော "

" မင်းငါ့ကိုဒီလောက်မှအယုံအကြည်မရှိရင် မင်းလဲကြိုက်တဲ့လူနဲ့သာသွားနေလိုက်တော့ … ငါမင်းကိုဘာမှထပ်မရှင်းပြချင်တော့ဘူး "

ဧကရာဇ်မောင်က အလွန်မူးနေပြီး မုဒြာကိုမြင်ယုံနဲ့တင် ဒေါသထွက်နေကာ ခုလိုမယုံမကြည်မေးမြန်းလာတော့ အော်ကာပြောလိုက်သည် ။ မုဒြာက မောင့်ပခုံပေါ် ကသစ်ပန်းမှီနေသည့်မြင်ကွင်းကိုပြန်မြင်ရောင်လာပြီး ဧကရာဇ်ရဲ့ပခုံးကိုကိုင်ကာ ဒေါသတကြီးမေးလိုက်သည် ။

" မောင် ကသစ်ပန်းနဲ့ဖက်ခဲ့တယ်မှတ်လား "

ကသစ်ပန်းအသံကြားတော့ မောင်က မုဒြာလက်တွေကိုတွန်းဖယ်လိုက်ပြီး နီရဲနေတဲ့မျက်ဝန်းတွေနဲ့ကြည့်ကာ ဆိုလာသည် ။

" မင်းသူ့ကိုမစော်ကားနဲ့ … သူကတစ်ပတ်လုံး ငါအလုပ်ရှုတ်နေတဲ့အချိန် ငါ့အနားနေပြီးပြုစုပေးလာတာ … မင်းကတော့အိမ်မှာနေပြီး ငါ့ကိုပြဿနာရှာဖို့ပဲသိတယ် … ငါသူ့ကိုဖက်ချင်ဖက်မယ်မဖက်ချင်မဖက်ဘူး မင်းအပူတစ်ပြားမှမပါဘူး … မင်းကငါ့ကိုဒုက္ခပေးဖို့မွေးဖွားလာတာပဲ … ခုချက်ချင်းငါ့အခန်းထဲကနေထွက်သွား … မင်းကြိုက်တဲ့နေရာမှာသာသွားနေ … ငါဂရုမစိုက်ဘူး "

ဧကရာဇ်မောင်က မုဒြာအားဒေါသတကြီးမောင်းချပြီးနောက် အခန်းထဲဝင်သွားကာ တံခါးအား အသံမည်အောင်ပိတ်လိုက်တော့သည် ။ မုဒြာတံခါးအချေမှာရပ်နေရင်း မောင့်ရဲ့စကားလုံးတွေကြောင့် ခြေပင်မခိုင်တော့ပဲ လဲကျသွားကာ မျက်ရည်တွေစီးကျလာပြီး ငိုကြွေးလေတော့သည် ။

* တစ်ပတ်လုံးပြုစုပေးခဲ့တာက ဘယ်သူလဲဆိုတာတောင်မသိလောက်အောင် မောင်ရူးသွားတာလား … အဲ့ဒါမုဒြာလေ … မုဒြာမောင့်ကိုတစ်ပတ်လုံးဂရုစိုက်ပေးနေခဲ့တာ … ဒါတောင်မောင်ကသူလို့ပဲထင်နေတာလား … မောင်ကတကယ်ကိုအရူးပဲ … ငါအရူးတစ်ယောက်ဆီက ဘာတွေမျှော်လင့်နေတာလဲ … ငါကသူ့ထက်တောင် ပိုရူးနေပြီ *

ငိုကြွေးနေရင်း မုဒြာထိုအခန်းမှာဆက်မနေတော့ပဲ ပြေးထွက်လာခဲ့သည် ။ ခုချိန်မှာ အိမ်တော်ကိုလဲမပြန်ချင်သလို မောင်အနားလဲပြန်မသွားချင်၍ မုဒြာသူပုန်းခိုနေကြ တစ်ခုတည်းသောနေရာထံသို့ ထွက်သွားလေတော့သည် ။

……………………………………………………………………….………

To Be Continued ….

အဖိုးအိမ္ေတာ္မွာေနတဲ့ရက္မ်ားတြင္သာ မုျဒာနဲ႕ဧကရာဇ္ေမာင္ အိမ္ေတာ္ကိုျပန္လာၿပီး ခ်စ္ခင္သည့္စုံတြဲမ်ားပမာဟန္ေဆာင္ကာ ေနထိုင္ၿပီးေနာက္ အဖိုးျပန္သြားေတာ့ ေမာင္ေနတဲ့တိုက္ခန္းထံ ျပန္လာခဲ့ၾကသည္ ။

အဖိုးကုေဌႂကြယ္က ဥကၠဌရာထူးကိုစြန္းလႊတ္ၿပီးကတည္းက နယ္လွည့္ကာ မိဘမဲ့ေက်ာင္းနဲ႕ မျပည့္စုံသည့္ဘုန္းႀကီးေက်ာင္းေတြထံ သြားေရာက္ကာ ဇနီးနဲ႕သမီးျဖစ္သူကိုရည္းစူး၍  အေဆာက္အဦးေတြေဆာက္လုပ္လႉတန္းၿပီး ေသရင္ကို႔ေနာက္ပါမည့္ ကုသိုလ္ကိုယူေဆာင္သည္ ။

မုျဒာကလဲ အဖိုးစိတ္ႀကိဳက္ အလႉအတန္းျပဳလုပ္ဖို႔ ခြင့္ျပဳေပးထားသည္ ။ ဒါေၾကာင့္ အဖိုးက တစ္လကို အိမ္ေတာ္မွာ အလြန္ဆုံး ၁ ပတ္ေလာက္သာေနၿပီး က်န္အခ်ိန္ေတြကို လႉတန္းရင္းႏွင့္ခရီးသြားကာ အခ်ိန္ကုန္ဆုံးေစသည္ ။

ဧကရာဇ္ေမာင္က သူ႕ရဲ႕အခန္းထံျပန္ေရာက္ေတာ့ မုျဒာအေပၚျပန္ၿပီးေအးဆက္သြားျပန္သည္ ။ အနားမွာအဖိုးမရွိေနေတာ့ ကုမုျဒာအား ခ်စ္ခင္ဟန္ေဆာင္ေနျခင္းမ်ိဳး မျပဳလုပ္ေတာ့ေပ ။ မုျဒာကေတာ့ ဝတၱရားမပ်က္ ေမာင့္ကို ျပဳစုေပးေနခဲ့သည္ ။

" ေမာင္ … ထမင္းခ်ိဳင္ယူသြားဖို႔ ခနေစာင့္ေပးဦး … ၿပီးခါနီးၿပီ  "

ဒီေန႕မုျဒာအိပ္ယာထေနာက္က်သြား၍ ေမာင့္အတြက္မနက္စာအရင္ျပင္ေပးၿပီး ထမင္းခ်ိဳင့္အတြက္ျပင္ဆင္ေနသည္ ။ ေမာင္ကမနက္စာစားၿပီး ထမင္းခ်ိဳင့္ကိုေစာင့္မယူသြားေတာ့ပဲ ထြက္သြားသည္ ။ မုျဒာျပတင္းေပါက္ကေနေအာက္ကိုၾကည့္လိုက္ေတာ့ ထုံးစံအတိုင္း ကသစ္ပန္းက ေမာင့္ကားေပၚတက္ကာ သူတို႔အတူ အလုပ္ကိုထြက္သြားၾကသည္ ။

မုျဒာထိုျမင္ကြင္းကိုျမင္ရတိုင္း ရင္ထဲမွာမြန္းၾကပ္လာေပမဲ့ ေမာင့္ကိုျပႆနာမရွာခဲ့ေပ ။ တစ္ေန႕ေတာ့ မုျဒာခံစားခ်က္ေတြကို ေမာင္နားလည္ၿပီး ဆင္ျခင္လာဖို႔ေမွ်ာ္လင့္သည္ ။

ခုဆို ေမာင္ကမုျဒာရဲ႕ဂ႐ုစိုက္ေပးမႈေတြနဲ႕အသားက်ကာ တစ္ခါတစ္ရံမုျဒာအဝတ္အစားျပင္ေပးမထားမိလွ်င္ ဘာဝတ္ရမွန္း ဘယ္ေနရာမွာဘာရွိမွန္းမသိေတာ့၍ မုျဒာကိုေခၚၿပီးသူ႕အတြက္အဝတ္ျပင္ေပးဖို႔ေျပာလာသည္ ။ နတ္ကတိုင္ကိုပင္ ေန႕တိုင္း မုျဒာကိုယ္တိုင္ခ်ည္ေပးရသည္ ။

ေမာင္နဲ႕မုျဒာၾကားမွာ အရင္ကလိုမွန္တစ္ခ်က္ျခားထားသလို ကိုယ့္အကန႔္နဲ႕ကိုယ္ ကိုယ့္ေနရာနဲ႕ကိုယ္ ေနရျခင္းမ်ိဳးမရွိေတာ့ေပ ။ ေမာင့္အတြက္ မုျဒာကအမွန္တကယ္လိုအပ္ေၾကာင္း ေမာင္ကိုယ္တိုင္နားလည္လာသည္ ။

ေမာင္ကမုျဒာအေပၚ အရင္ကေလာက္ ေအးဆက္မေနေတာ့ပဲ ခုလိုဂ႐ုစိုက္မႈေတြကိုခံယူရင္း ေႏြေထြးတဲ့မိသားစုေလးလို ပိုနီးကပ္လာသည္ဟု မုျဒာထင္မိသည္ ။ ဒီေန႕ေတာ့ ထမင္းခ်ိဳင့္ကို မုျဒာကိုယ္တိုင္ ႐ုံးကိုသြားပို႔ဖို႔ ဆုံးျဖတ္လိုက္သည္ ။

ဧကရာဇ္ေမာင္နဲ႕ကသစ္ပန္း ႐ုံးကိုေရာက္လာေတာ့ လူတိုင္းေခါင္းမီးေတာက္ေနကာ မ်က္ႏွာေတြကမသာမယာနဲ႕  သူတို႔ကို ျပႆနာျဖင့္စည္းႀကိဳေနသည္ ။

" ဥကၠဌ … ျပႆနာတက္ေနၿပီ "

" ဘာေတြျဖစ္ေနၾကတာလဲ "

မန္ေနဂ်ာျဖစ္သူက ေၾကာက္လြန္း၍မ်က္ႏွာကရဲေနၿပီ အသံတုန္တုန္ျဖင့္ေျပာလာသည္ ။

" ဒီတစ္ပတ္တင္ျပရမဲ့ ပေရာဂ်က္ရဲ႕အခ်က္အလက္ေတြေပါက္ၾကားကုန္ၿပီ  … ၿပိဳင္ဘက္အဖြဲ႕က အခ်က္အလက္ေတြအကုန္သိသြားၿပီး ကြၽန္ေတာ္တို႔ စီစဥ္ထားတာေတြကို သူတို႔ကလုယူဖို႔လုပ္ေနၾကတယ္ … သူတို႔သာရရွိသြားရင္ ဒီပေရာ့ဂ်က္ရဲ႕အျမတ္အစြန္းေတြအကုန္ ဆုံးရႈံးရမွာ … ကြၽန္ေတာ္တို႔ရင္းႏွီးထားတဲ့ေငြေတြ အဖက္ဆယ္လို႔ရမွာမဟုတ္ေတာ့ဘူး  "

ဧကရာဇ္ေမာင္က အလြန္အေရးႀကီးတဲ့အလုပ္က လြဲေခ်ာ္သြားၿပီမို႔ အလြန္ေဒါသထြက္ကာ စားပြဲခုံကို ' ဒုန္း ' ကနဲမည္ေအာင္ရိုက္ခ်လိဳက္သည္ ။

" ဒါကဘယ္လိုျဖစ္နိုင္မွာလဲ … ဒီအခ်က္အလက္ေတြက ငါကိုယ္တိုင္ေသခ်ာသိမ္းထားတာ … ငါ့အခန္းထဲကို ငါနဲ႕အတြင္းေရးမႉးကလြဲၿပီး ဘယ္သူမွဝင္ခြင့္မရွိဘူး "

" အဖြဲ႕ထဲမွာ သူလွ်ိုရွိရင္ရွိ မရွိရင္ေတာ့ ဥကၠဌအခန္းထဲကို တစ္ေယာက္ေယာက္ခိုးဝင္တာျဖစ္မယ္ "

" ငါ့အဖြဲ႕ထဲ ဘယ္ကသူလွ်ိုရွိမွာလဲ … Cctv ေတြမစစ္ၾကည့္ဘူးလား "

" စစ္ၾကည့္ပါတယ္ … မသကၤာစရာေကာင္းတဲ့လူတစ္ေယာက္မွမေတြ႕ရဘူး … အတြင္းေရးမႉးကလဲ ဥကၠဌနဲ႕အၿမဲအတူရွိေနၿပီး အသြားအျပန္လုပ္ေနေတာ့မျဖစ္နိုင္ဘူးလို႔ထင္တယ္ "

" လုံၿခဳံေရးေတြ ဒီေလာက္တင္းၾကပ္ထားတာေတာင္ ဒီလိုအမွားမ်ိဳးျဖစ္ရလား … မင္းတို႔ဘယ္လိုအလုပ္လုပ္ေနၾကတာလဲ "

ဧကရာဇ္ေမာင္က မန္ေနဂ်ာအေနာက္မွာရပ္ေနတဲ့ လုံၿခဳံေရးေတြကိုၾကည့္ၿပီးေအာ္ကာေငါက္လိုက္ေတာ့ လုံၿခဳံေရးေတြကေခါင္းငုံ႕ကာ ေတာင္းပန္လာသည္ ။

" ကြၽန္ေတာ္တို႔ေတာင္းပန္ပါတယ္ … ကြၽန္ေတာ္တို႔ရဲ႕ေပါ့ေလ်ာ့မႈအတြက္ ဥကၠဌအျပစ္ေပးပါ "

" အျပစ္ေပးယုံနဲ႕ဒါကၿပီးမသြားဘူး … ခုခ်က္ခ်င္းတရားခံကိုရွာဖို႔ လုံၿခဳံေရးေခါင္းေဆာင္ကိုေစခိုင္းလိုက္ "

လုံၿခဳံေရးေတြထြက္သြားေတာ့ ဧကရာဇ္က မန္ေနဂ်ာအားေျပာလိုက္သည္ ။

" မင္းတို႔က ပေရာဂ်က္အတြက္ အစီအစဥ္အသစ္ထပ္ဆြဲဖို႔  အခ်ိန္ေပး "

" တင္ျပဖို႔ကတစ္ပက္ပဲလိုေတာ့တာ … တစ္လေလာက္လုပ္ခဲ့ရတဲ့အလုပ္ကို တစ္ပတ္အတြင္းၿပီးေအာင္လုပ္နိုင္ပါ့မလား ဥကၠဌ "

" ငါရေအာင္လုပ္မယ္ … မင္းတို႔အခ်ိန္ပိုဆင္းဖို႔သာျပင္ထား … ဒီကိစၥမၿပီးမခ်င္းဘယ္သူမွအိမ္မျပန္ရဘူး … ျပန္တဲ့သူအၿပီးသာထြက္သြားၾက "

ဥကၠဌဧကရာဇ္ေမာင္က ေဒါသထြက္သည့္အခ်ိန္ဆို ေၾကာက္ဖို႔ေကာင္းေပမဲ့ ခုလိုျပႆနာႀကီးႀကီးမားမားရွိလာခ်ိန္မွာ ေခါင္းေရွာင္ၿပီး လက္ေအာက္ခံေတြကို ေခါင္းခံခိုင္းတာမ်ိဳးမရွိပဲ ဥကၠဌတစ္ေယာက္ျဖစ္တဲ့ သူကိုယ္တိုင္ ေရွ႕ကဦးေဆာင္ၿပီး ေျဖးရွင္းေပးေတာ့ အားလုံးအတြက္အားရွိကာ တစ္႐ုံးလုံးက အခ်ိန္ပိုဆင္းဖို႔ သေဘာတူလိုက္ၾကသည္ ။

ကသစ္ပန္းက ျပႆနာေတြျဖစ္သြားေတာ့ အတြင္းေရးမႈးတစ္ေယာက္အေနနဲ႕ ေပါ့စမိလို႔ေတာင္းပန္လာသည္ ။

" ကသစ္ေတာင္းပန္ပါတယ္သူေဌး … ကသစ္သာနည္းနည္းပိုဂ႐ုစိုက္ရင္ ဒီလိုျဖစ္မွာမဟုတ္ဘူး … သူေဌးကိုပိုၿပီးပင္ပန္းေစမိၿပီ "

" မင္းတစ္ေယာက္ထည္းအျပစ္မဟုတ္ပါဘူး … ငါေပါ့ေလ်ာ့မိတာလဲပါတယ္ … ထပ္ၿပီးအစီအစဥ္ဆြဲေတာ့ အရင္ဟာထက္ပိုေကာင္းေအာင္လုပ္ဖို႔ အခြင့္အေရးရတာေပါ့ "

အလုပ္နဲ႕ပတ္သပ္လာရင္ ဧကရာဇ္ေမာင္က ဉာဏ္ေကာင္းၿပီး အမွားကို အၿမဲအေကာင္းဘက္ကေတြးေပးကာ တာဝန္ယူ ဦးေဆာင္လိုစိတ္ရွိသည္ ။ သူဟာေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ဖို႔ထိုက္တန္သည္ ။

အဖိုးကုေဌႂကြယ္ထံကေန ပညာေတြကိုငယ္စဥ္ကတည္းက စိတ္ဝင္တစားသင္ယူထားသူမို႔ ျဖတ္ထိုးဉာဏ္ေကာင္းၿပီး အဖိုးရဲ႕ေျခယာကိုအမွီလိုက္နိုင္သူ ထက္ျမတ္သည့္သူျဖစ္သည္ ။ ကုမုျဒာအေပၚမေကာင္ျမင္စိတ္ရွိတာကလြဲၿပီး အျပစ္ေျပာစရာမရွိေျခ ။

ဧကရာဇ္ေမာင္ သူ႕ရဲ႕အလုပ္စားပြဲမွာထိုင္ၿပီး ကြန္ျပဴတာတစ္လုံးနဲ႕အလုပ္လုပ္ေနစဥ္ သူ႕ရဲ႕အာ႐ုံေတြက ေဘးကိုလြင့္ျပယ္မသြားေတာ့ပဲ အလုပ္ထဲကိုအာ႐ုံစူးစိုက္ေနပုံက အလြန္ဆြဲေဆာင္မႈရွိေနသည္ ။ ေယာက္်ားတစ္ေယာက္ရဲ႕ခန႔္ညားမႈက အထင္းသားေပၚေနသည္ ။

ကသစ္ပန္းက ဧကရာဇ္ေမာင္ရဲ႕ေဘးနားက စားပြဲမွာထိုင္ေနၿပီး အလုပ္လုပ္ရင္း သူမအၾကည့္ေတြက အလုပ္အေပၚအာ႐ုံေရာက္ေနတဲ့ သူေဌးဧကရာဇ္ထံေရာက္ေနသည္ ။

သူမဘဝမွာ ထိုသို႔အလုပ္ႀကိဳးစားၿပီး ေခ်ာေမာလွပမႈနဲ႕ျပည့္စုံတဲ့လူမ်ိဳးမေတြ႕ဖူး၍ ဧကရာဇ္ေမာင္ထံက အၾကည့္မခြာနိုင္ျဖစ္ေနသည္ ။ သူမမ်က္ဝန္းေတြက ဧကရာဇ္ေမာင္အေပၚစိတ္ဝင္စားမႈသို႔ကအထင္းသားေပၚေနသည္ ။

ေန႕လည္စာစားခ်ိန္ေရာက္ေတာ့ မုျဒာထမင္းဂ်ိဳင့္ႏွင့္အတူ ေရာက္လာခဲ့သည္ ။ ဥကၠဌရဲ႕မိတ္ဖက္သခင္ေလးမုျဒာကို အားလုံးကသိၾက၍ အရိုအေသေပးကာ ႐ုံးမွာျဖစ္ေနတဲ့ျပႆနာေတြကိုေျပာျပၿပီး သူေဌးေဒါသထြက္ေနေၾကာင္းကိုလဲေျပာျပလိုက္ၾကသည္ ။

မုျဒာက ေမာင္ေဒါသထြက္ေနလွ်င္ မုျဒာကိုျမင္ရင္ပိုၿပီးေဒါသထြက္လြယ္၍ ထမင္းဂ်ိဳင့္ကိုကိုယ္တိုင္သြားမေပးေတာ့ပဲ ဝန္ထမ္းတစ္ေယာက္ကိုတဆင့္သြားေပးခိုင္းကာ ဝန္ထမ္းေတြအားလုံးကိုလဲ အားေပးစကားေျပာၿပီး ျပန္သြားေလသည္ ။

အားလုံးကလဲ သူေဌးမွာအရမ္းသေဘာေကာင္ၿပီးစိတ္သေဘာထားႏူးညံ့ကာ လွပတဲ့ အိုမီဂါေလးပိုင္ဆိုင္ထား၍ ခ်ီးက်ဴးေနၾကသည္ ။ ထိုစဥ္သူတို႔နား ကသစ္ပန္းေရာက္လာသည္ ။

" ေစာေစာကဘယ္သူလာသြားတာလဲ "

" သူေဌးရဲ႕မိတ္ဖက္သခင္ေလးကုမုျဒာလာသြားတာ … သူကျပႆနာျဖစ္ေနတယ္ၾကားေတာ့ အားလုံးအတြက္စိတ္ပူေပးေနတာ … ဥကၠဌေဟာင္းရဲ႕ေျမးက မဆူမေငါက္တဲ့အျပင္ အားေပးစကားပါေျပာသြားတယ္ … သေဘာေကာင္းလိုက္တာ  "

" ဟုတ္လား …  ဒါေပမဲ့အျပင္မွာတစ္ခါေတြ႕ဖူးတာေတာ့ အဲ့ေလာက္ထိသေဘာမေကာင္းဘူးထင္တယ္ "

" မျဖစ္နိုင္တာ … သူစိတ္ဆိုးေအာင္လုပ္မိရင္ေတာ့ ဘယ္သူမွသေဘာမေကာင္းေပးနိုင္ဘူး … အတြင္းေရးမႉးကဘာသြာေျပာလို႔လဲ "

" အာ … ဘာမွမဟုတ္ေတာ့ပါဘူး … ဒါကသူေဌးအတြက္လား … ကသစ္ယူသြားေပးမယ္ "

ကသစ္ပန္းက ဝန္ထမ္းမေလးလက္ထဲကထမင္းဘူးကိုယူၿပီး ဧကရာဇ္အခန္းထဲျပန္ဝင္သြားသည္ ။ တစ္ခ်ိဳ႕ဝန္ထမ္းေဟာင္းေတြက ေနာက္မွေရာက္လာၿပီ သူေဌးအခြင့္အေရးေပးတာကိုခံေနရတဲ့ ကသစ္ပန္းကိုၾကည့္မရေပ ။

ယခုျဖစ္တဲ့ကိစၥမွာလဲ သူေဌးအနားကအတြင္းေရးမႉး​ေပါ့ေလ်ာ့မႈေၾကာင့္လဲပါ၍ ကသစ္ပန္းကပိုၿပီး အေျပာခံသင့္တာကို အဆူမခံရတဲ့အျပင္ သူမ်ားေတြအလုပ္မနားမေနလုပ္ေနခ်ိန္မွာ သူကေအးေဆး ေလွ်ာက္သြားနိုင္တဲ့ထိသာယာေန၍ ၾကည့္မရျဖစ္ေနၾကသည္ ။

" ကသစ္ပန္းက ႐ုပ္ေခ်ာၿပီးၿပဳံးေနတာကလြဲရင္ ဘာမွအသုံးမဝင္ဘူး "

" တစ္ခါတစ္ေလ သူ႕အဆင့္သူေမ့ၿပီး မန္ေနဂ်ာကို အထက္စည္းကေနဆက္ဆံခ်င္ေနတာ … သူေဌးကအခြင့္အေရးေပးထားေတာ့ပိုဆိုးေနတာေပါ့ "

" ခုသေလာ သူေဌးကားနဲ႕အတူလာတာေတြ႕ေနရတယ္ … သခင္ေလးကုမုျဒာကဒါကိုမသိဘူးလား "

" ငါ့အထင္ေတာ့ သူေဌးတို႔ရဲ႕အိမ္ေထာင္ေရးက ထင္သေလာက္မရိုးရွင္းေလာက္ဘူး "

" သူေဌးအေၾကာင္းမေျပာပဲေနၾကရေအာင္ … သူကသေဘာေကာင္းတယ္ … ဟိုမိန္းကေလးကသာမယုံရတာ … သူ႕႐ုပ္က သခင္ေလးကုမုျဒာနဲ႕ဆင္ေပမဲ့ အက်င့္စရိုက္က မိုးနဲ႕ေျမလိုပဲ  "

" သူတို႔ကို ႏွိုင္းစရာကိုမလိုသာ … သခင္ေလးကုမုျဒာက ဒီေလာက္ေခ်ာေမာလွပတဲ့နတ္သားေလး … သူမကသခင္ေလးကုမုျဒာေနရာဝင္လုခ်င္လို႔ အကုန္လိုက္တုေနတာ  "

" ဟုတ္တယ္ "

ကသစ္ပန္းထြက္သြားေတာ့ အားလုံးကသူ႕အသင္းကို တိုးတိတ္စြာေျပာေနၾကေလသည္ ။

ကသစ္ပန္းက ဧကရာဇ္အခန္းထဲေရာက္ေတာ့ ထမင္းဘူးကိုဖြင့္ကာ စားပြဲေပၚမွာျပင္ဆင္ေပးလိုက္သည္ ။

" သူေဌ အခ်ိန္မွန္စားၿပီးမွ အလုပ္ဆက္လုပ္ပါလား … မဟုတ္ရင္အစာအိမ္ထိလိမ့္မယ္ "

ဧကရာဇ္ကလဲ ေမႊးပ်ံ့ေနတဲ့ဟင္းရနံ႕ရဲ႕ဆြဲေဆာင္မႈေၾကာင့္ အလုပ္ေတြကိုရပ္လိုက္ၿပီး စားဖို႔ျပင္ေတာ့သည္ ။

" ဒီေန႕ထမင္းဂ်ိဳင္မယူလာပါဘူး … ဒါဘယ္သူလာပို႔တာလဲ "

ကသစ္ပန္းက အၿပဳံးေလးျဖင့္ဆိုလိုက္သည္ ။

" ဒီေန႕ကသစ္ယူလာခဲ့တာ … သူေဌးဂ်ိဳင့္မပါမွန္းသိလို႔ သူေဌးအတြက္ပါပိုယူလာတာ "

" မင္းကတကယ္ေတာ္သားပဲ … ငါဒီေန႕ထမင္းမစားရေတာ့ဘူးထင္ေနတာ "

ဧကရာဇ္ေမာင္ကေျပာရင္းႏွင့္ စားေနသည္ ။ အရသာကသူ႕အႀကိဳက္နဲ႕ကြက္တိျဖစ္ေန၍ ခနေလးအတြင္းစားကုန္သြားသည္ ။ ဘာေၾကာင့္မွန္းမသိ ထိုအရသာကရင္းနီးေနေပမဲ့ ကသစ္ပန္းယူလာသာဟုသာ စိတ္ထဲထင္မွတ္လိုက္သည္ ။ ေန႕လည္စာဗိုက္ျပည့္သြားေတာ့ အလုပ္ကိုမနားမေနဆက္လုပ္ေနေတာ့သည္ ။

မုျဒာက အခ်ိန္ပိုရွိမွန္းသိေပမဲ့ ညေနေတာ့အိမ္ျပန္အိပ္ေလာက္တယ္အထင္နဲ႕ေမွ်ာ္ေနေပမဲ့ ည ၈ နာရီထိေမာင္ကျပန္မလာေတာ့ အလုပ္ကိုလိုက္လာခဲ့သည္ ။ အားလုံးကညအထိအလုပ္ဆင္းေနရ၍ ပင္ပန္းေနၾကစဥ္ မုျဒာက အေမာေျပစားဖို႔ ၾကက္ေၾကာ္နဲ႕အိမ္မငိုက္ေအာင္ ေကာ္ဖီေဖ်ာ္ေသာက္ဖို႔ယူလာေပး၍ အားလုံးကဝမ္းသာေနၾကသည္ ။

ေမာင့္႐ုံးခန္းထဲမွာေတာ့ ေမာင္နဲ႕ကသစ္ပန္းရွိေန၍ မုျဒာကအျပင္ကဧည့္ေဆာင္ခန္းမွာထိုင္ေနကာ ေမာင္ထြက္အလာကိုေစာင့္ေနလိုက္သည္ ။ တစ္ခနၾကာေတာ့ ကသစ္ပန္းက မုျဒာအနားေရာက္လာသည္ ။

" သခင္ေလးကုမုျဒာေရာက္ေနတာၾကာၿပီလား … ကသစ္သူေဌးကိုေျပာေပးမယ္ေလ … သူေဌးကသူ႕႐ုံးခန္းထဲကို ကသစ္ကလြဲၿပီး ဘယ္သူ႕ကိုမွ ဝင္ခြင့္ျပဳတာမဟုတ္ဘူး "

" ရတယ္ … ေမာင္ထြက္လာတဲ့ထိေစာင့္ေနမယ္ "

မုျဒာက သူမရဲ႕အကူအညီမလိုခ်င္ေပ ။ ထိုစဥ္ကသစ္ပန္က မုျဒာအေရွ႕ကစားပြဲေပၚမွာခ်ထားတဲ့စားစရာမုန႔္ေတြကိုေတြ႕သြားၿပီး …

" ဒါကသူေဌးအတြက္ဆို ကသစ္ယူသြားေပးလိုက္မယ္ … ခုဆိုသူေဌးဗိုက္ဆာေနေလာက္ၿပီ … ညေနစာလဲဘာမွမစားထားဘူး "

သူမရဲ႕ စိတ္ဓာတ္ကိုမႀကိဳက္ေပမဲ့ မုျဒာက သူကိုယ္တိုင္ဝင္ေပးရင္ ေမာင္ကလာေႏွာက္ယွက္တယ္ထင္ၿပီး စိတ္ဆိုးကာဘာမွမစားပဲေနမည္ဆိုး၍ သူမုန္းတဲ့ထိုမိန္းကေလးကိုယူသြားခြင့္ျပဳလိုက္ရသည္ ။

မုန႔္ေလးအစားယူသြားေပးခိုင္းယုံပါပဲ … လူတစ္ေယာက္လုံးကိုအပိုင္ေပးလိုက္တာမွမဟုတ္တာ … ေမာင့္ကိုငါပိုင္ေနတုန္းပဲ … ငါစိတ္ေလ်ာ့ထားရမယ္ …

တစ္ဖက္တြင္ေတာ့ …

" သူေဌး ခနနားၿပီးလာစားပါဦး … ဗိုက္ထဲအစာမရွိရင္အားပ်က္သြားလိမ့္မယ္ "

" ငါ့အတြက္ အပင္ပန္းခံၿပီးဝယ္လာဖို႔မလိုပါဘူး … တစ္နပ္တစ္ေလမစားပဲ ငါေနနိုင္တယ္ "

" ဘယ္ျဖစ္မလဲသူေဌးရယ္ … သူေဌးက်န္းမာေနဖို႔ကအေရးႀကီးတယ္ေလ … ဒါေလးကုန္ေအာင္စားၿပီးမွ အလုပ္ဆက္လုပ္ေနာ္ "

ဧကရာဇ္က သူ႕အားအၿပဳံးေလးနဲ႕ ဂ႐ုစိုက္ေပးေနတဲ့ ကသစ္ပန္းကိုၾကည့္ကာၿပဳံးလိုက္သည္ ။ ၿပီးေနာက္ ကသစ္ပန္းယူလာသည့္ ၾကက္ေၾကာ္နဲ႕မုန႔္အခ်ိဳေတြကို ကုန္ေအာင္စားလိုက္သည္ ။ ဗိုက္ျပည့္သြားေတာ့မွ အလုပ္ပင္ပန္းေနတာေတြက ေပ်ာက္သြားကာ အားအင္ေတြပိုရွိလာၿပီး အလုပ္လုပ္ရအဆင္ေျပလာသည္ ။

ည ၂ နာရီခြဲေက်ာ္လာေတာ့ ဝန္ထမ္းေတြက တစ္ခ်ိဳ႕ကအနားယူကုန္ၾကၿပီး တစ္ခ်ိဳ႕ကႀကိဳးစားၿပီးလုပ္ေနၾကသည္ ။ မုျဒာလဲခုံေပၚမွာေစာင့္ရင္းအိပ္ေပ်ာ္သြားရာမွနိုးလာေတာ့ ေမာင့္ရဲ႕႐ုံးခန္းထံထြက္လာကာ အထဲကိုေခ်ာင္းၾကည့္လိုက္သည္ ။

ေမာင့္ရဲ႕အတြင္းေရးမႉးကသစ္ပန္းက ခုံေပၚမွာေမွာက္ကာ အိပ္ေပ်ာ္ေနၿပီး ေမာင္ကေတာ့ မ်က္ခုံးေက်ာကိုဖိလွ်က္ အလုပ္လုပ္ေနတုန္းပင္ ။ မုျဒာ ၃ နာရီထိုးတဲ့ထိအျပင္မွာေစာင့္ေနၿပီး ေမာင္အိပ္ေပ်ာ္သြားေတာ့မွ အခန္းတြင္း အသာေလးဝင္လာခဲ့သည္ ။

ေမာင္က အိပ္တာေတာင္ စိတ္ခ်လက္ခ်မအိပ္နိုင္ပဲ ခုံကိုမွီကာ လက္ပိုက္လွ်က္ ေခါင္းကိုေဆာင္းၿပီးအိပ္ေနသည္ ။ အိပ္ေနပုံက မသက္မသာရွိလွသည္ ။

မုျဒာက ခုံတစ္ခုကိုဆြဲယူကာ ေမာင့္ရဲ႕ေဘးမွာထိုင္လိုက္ၿပီး ေစာင္းေနတဲ့ေမာင့္ရဲ႕ေခါင္းကို သူ႕ပခုံေပၚမွီေစကာ ေမာင့္ရဲ႕ကိုယ္ေပၚကို သူယူလာတဲ့ေစာင္အပါးေလးလႊမ္းၿခဳံေပးလိုက္သည္ ။ ေမာင့္ရဲ႕ကိုယ္ေလး မုျဒာရင္ခြင္ထဲေရာက္သြားေတာ့မွ အိပ္ရတာ သက္ေတာင့္သက္သာရွိသြားပုံပင္ ပို၍ႏွစ္ၿခိဳက္စြာအိပ္ေမာက်သြားသည္ ။

ေမာင္ကအလုပ္သရဲဆိုတာ မုျဒာသိသည္ ။ အိပ္ေရးပ်က္ရင္ ေမာင္ကစိတ္မၾကည္ေတာ့ပဲ ေပါက္ကြဲလြယ္သည္ ။ ေမာင္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနဖို႔ကအေရးႀကီသည္ ။ ေမာင္အိပ္ေပ်ာ္ေနတဲ့တစ္ေလွ်ာက္ မုျဒာက ေမာင့္ရဲ႕ေခါင္းေမြးေတြကို ဖြကိုင္ကာ ပြတ္ေပးေနသည္ ။ ထိုအရာကေမာင့္ကိုပိုၿပီးအိပ္ေပ်ာ္သြားေစသည္ ။

မုျဒာေမာင့္ကိုဖက္ထားရင္း ထိုပုံစံအတိုင္း ၂ နာရီနီးပါးထိုင္ေစာင့္ေပးေနသည္ ။ ေမာင့္ကိုယ္ကအေႏြးဓာတ္ေၾကာင့္ မုျဒာအိပ္စရာမလိုေအာင္ပင္ လန္းဆန္းေနသည္ ။ ေမာင့္ကိုခုလိုဂ႐ုစိုက္ေပးေနရရင္ကို ေက်နပ္ေနသည္ ။ ၅ နာရီေက်ာ္လာေတာ့ အျပင္က စကားသံေတြထြက္ေပၚလာ၍ ေမာင္မနိုးလာခင္ေမာင့္ကို စားပြဲေပၚခ်ေပးခဲ့ကာ မုျဒာထြက္လာခဲ့သည္ ။

မုျဒာထြက္လာသည္ကို နိုးေနတဲ့တခ်ိဳးဝန္ထမ္းေတြကျမင္သြားၿပီး သူတို႔သူေဌးကိုတစ္ညလုံးလာေစာင့္ေပးေနတဲ့ သခင္ေလးမုျဒာကိုအံ့ဩေနၾကသည္ ။ သူေဌးမွာ ဒီလိုဂ႐ုစိုေပးမဲ့မိတ္ဖက္ရွိေန၍ အားလုံးက ဝမ္းသာေနၾကသည္ ။

ဧကရာဇ္ေမာင္နိုးလာေတာ့ သူ႕ကိုယ္ေပၚမွာ ေစာင္အပါးတစ္ထည္ကလြဲၿပီး အနားမွာဘယ္သူမွရွိမေနေတာ့ေပ ။ အိပ္ေပ်ာ္ေနေပမဲ့ အေႏြးဓာတ္ကို ခံစားမိေန၍ ဘာေၾကာင့္လဲေတြးေနရင္း သူ႕ရဲ႕ေဘးနားကစားပြဲေပၚမွာအိပ္ေပ်ာ္ေနတဲ့ကသစ္ပန္းကိုေတြ႕သြားသည္ ။ ဧကရာဇ္ေမာင္က ၿပဳံးသြားၿပီး …

" မင္းက ငါ့အနားမွာရွိေနယုံနဲ႕တင္ ငါ့ကိုအေႏြးဓာတ္ေပးနိုင္တာပဲ ကသစ္ပန္း "

သူ႕ကိုယ္ေပၚကေစာင္ကို ကသစ္ပန္းကိုလႊမ္းၿခဳံေပးလိုက္ၿပီး အလုပ္ဆက္လုပ္ေနေတာ့သည္ ။ မုျဒာလာသြားသည္ကို ဧကရာဇ္ေမာင္ နည္းနည္းေလးမွမရိပ္မိခဲ့ေပ ။

*

*

*

တစ္ပတ္လုံး ေမာင္အိမ္ျပန္မလာပဲ ႐ုံးမွာသာေန၍ မုျဒာလဲ ေမာင္မသိေအာင္ ႐ုံးကိုလာၿပီး ညတိုင္းဂ႐ုစိုက္ေပးေနခဲ့သည္ ။ ဒါကို ဧကရာဇ္ကမသိေလပဲ သူ႕ရဲ႕အတြင္းေရးမႈက သူ႕အနားမွာေနၿပီး ဂ႐ုစိုက္ေပးေနသည္ဟုသာ ထင္ေနခဲ့သည္ ။

ဝန္ထမ္းေတြအားလုံးက သိေနေပမဲ့ သူတို႔သူေဌအလုပ္ရႈတ္ေန၍ တျခားအေၾကာင္းမေျပာၾကပဲ တိတ္ေနၾကသည္ ။ ဒီလိုနဲ႕ ပေရာဂ်က္အတြက္ ေဆြးေႏြးရမည့္ေန႕သို႔ေရာက္လာခဲ့သည္ ။

ရွယ္ယာဝင္ေတြအားလုံးေရာက္ရွိေနၾကၿပီး ဒီတစ္ေခါက္လုပ္ငန္းကအေရးႀကီး၍ အဖိုးကုေဌႂကြယ္ပါေရာက္လာသည္ ။ အရင္းအနီးမ်ားၿပီးအျမတ္အစြန္းလဲ မ်ားမ်ားရရွိမဲ့အခြင္အေရးမို႔ အားလုံးကရင္းႏွီးျမႇုတ္ႏွံဖို႔အသင့္ျဖစ္ေနၾကသည္ ။ ဒါက ဥကၠဌအသစ္ရဲ႕ ပထမဆုံး ေငြအမ်ားႀကီးနဲ႕ ရင္းနီးမႈျဖစ္၍ ပေရာ့ဂ်က္ရဲ႕အစီအစဥ္ေတြက အေကာင္းဆုံးျဖစ္ဖို႔ေမွ်ာ္မွန္းထားၾကသည္ ။

မူလပေရာဂ်က္က ေျမဧကေရာင္းမည့္သူေဌးတစ္ဦးထံကေန ၿမိဳ႕တြင္းတစ္ေနရာက ေျမေတြကိုဝယ္ယူကာ ပ်က္စီးေနတဲ့အေဆာက္အဦးေတြကိုၿဖိဳခ်ၿပီး အဆင့္မွီတဲ့မိုတယ္ႏွင့္ကြန္ဒိုေတြေဆာက္လုပ္ၿပီး ျပန္ေရာင္ဖို႔ေတြးထားၾကသည္ ။ သို႔ေပမဲ့ အခ်က္အလက္ေတြေပါက္ၾကားကာ ဧကရာဇ္ရဲ႕အႀကံကို ၿပိဳင္ဘက္အဖြဲ႕ကသိသြားၿပီး  ထိုသူေဌးႀကီးထံကေန ဧကရာဇ္တို႔ေပးနိုင္သည့္တန္ဖိုးထက္ပိုေပးကာ ထိုေနရာတြင္အေဆာက္အဦးတည္ေဆာက္ဖို႔ျပဳလုပ္ေနၾကသည္ ။

ဧကရာဇ္တို႔က ေသခ်ာအစီစဥ္ဆြဲၿပီး အေဆာက္အဦးအတြက္ လိုအပ္တဲ့ပစၥည္းေတြနဲ႕ အေတာ္ဆုံး အင္ဂ်င္နီယာေတြကိုငွားထားၿပီးျဖစ္၍ ထိုပေရာဂ်က္သာမေအာင္ျမင္ရင္ ေငြးေၾကးဆုံးရႈံးမႈ မ်ားနိုင္သည္ ။ ၿပိဳင္ဘက္ကလုယူသြားသည့္ေျမေတြက ရန္ကုန္ၿမိဳ႕ရဲ႕အခ်က္အခ်ာက်သည့္ေနရာက အိမ္ယာေဟာင္းတစ္ခုျဖစ္ေန၍ အဆင့္မွီတဲ့ အေဆာက္အဦးေတြသာေဆာက္လုပ္လိုက္ရင္ ငွားရမ္းေနထိုင္သူမ်ားစြာရွိလာၿပီး အျမတ္အစြန္းမ်ားစြာရရွိနိုင္သည့္ ေငြတြင္းႀကီးျဖစ္သည္ ။ အခ်က္အလက္ေပါက္ၾကားမႈေၾကာင့္ သူတို႔အစီစဥ္ေတြအားလုံးၿပိဳင္ဘက္ကသိသြားၿပီး သူတို႔ေျမပိုင္ရွင္နဲ႕ေျမစာခ်ဳပ္မခ်ဳပ္ဆိုခင္ လုယူခံလိုက္ရသည္ ။

ဥကၠဌဧကရာဇ္ေမာင္ရဲ႕မန္ေနဂ်ာက အစည္းအေဝးပြဲက ရွယ္ယာဝင္လူႀကီးေတြကို ဦးၫႊတ္လိုက္ကာ ဝန္ခံစကားျဖင့္စတင္လိုက္သည္ ။

" ကြၽန္ေတာ္တို႔ လူႀကီးမင္းတို႔ကို ဝန္ခံစရာတစ္ခုရွိပါတယ္ … ဒီတစ္ေခါက္ပေရာ့ဂ်က္မွာ ကြၽန္ေတာ္တို႔ရွာေတြ႕ထားတဲ့ ၿမိဳ႕ထဲကေျမေနရာက လြန္ခဲ့တဲ့တစ္ပတ္ကပဲ ၿပိဳင္ဘက္ရဲ႕လုယူျခင္းကိုခံလိုက္ရတယ္ … ဒါေၾကာင့္ ကြၽန္ေတာ္တို႔ခ်က္ခ်င္းပဲ အစီစဥ္အသစ္ေျပာင္းလဲလိုက္ပါတယ္ … အားလုံးကိုတင္ျပေပးပါရေစ "

ရွယ္ယာဝင္ေတြက သူတို႔မ်က္စိက်ေနတဲ့ အျမတ္အစြန္းရမဲ့ေျမကြက္က လုယူခံလိုက္ရတယ္လို႔ၾကားရေတာ့ အသစ္တင္ျပမဲ့ပေရာ့ဂ်က္အေပၚ ယုံၾကည္မႈမရွိၾကေတာ့ေပ ။ အစည္းေဝးပြဲမွာ တစ္ေယာက္တစ္ေပါက္ ေျပာကုန္ၾကၿပီး ဥကၠဌဧကရာဇ္ေမာင္ကို ေမးခြန္းထုတ္ခ်င္ေနၾကေပမဲ့ ဥကၠဌေဟာင္းကိုယ္တိုင္ရွိေနၿပီး ဧကရာဇ္ေမာင္တင္ျပမႈကို ယုံၾကည္ခ်က္အျပည့္နဲ႕ေစာင့္ၾကည့္ေန၍ ဘယ္သူမွစကားအပိုမေျပာၾကေတာ့ပဲ တိတ္ဆိတ္သြားၾကသည္ ။

တစ္ပတ္လုံး စုံစမ္းကာ ရရွိလာတဲ့အခ်က္အလက္ေတြနဲ႕ျပင္ဆင္ထားတဲ့ပေရာဂ်က္အသစ္ကို ဥကၠဌဧကရာဇ္ေမာင္ကိုယ္တိုင္ ေၾကျငာဖို႔ယုံၾကည္ခ်က္အျပည့္နဲ႕ ထလာခဲ့သည္ ။ ဧကရာဇ္က သူရွာေတြ႕ထားတဲ့ေျမကို ပိတ္ကားထပ္ကေနတဆင့္ ျပသလိုက္သည္ ။

" ဒါက ကြၽန္ေတာ္အသစ္ရွာေတြထားတဲ့ေနရာပါ … ရန္ကုန္တိုင္းထဲမွာပဲ ၿမိဳ႕နဲ႕အရမ္းမေဝးပါဘူး "

ရွယ္ယာဝင္တစ္ခ်ိဳ႕က ေျမေနရာကိုျမင္ေတာ့ သေဘာမက်ျဖစ္ကုန္သည္ ။ ထိုေနရာကၿမိဳ႕အစြန္က်ၿပီးအလြန္ေခါင္ျဖားသည္ ။ လူေနအိမ္နည္းၿပီးၿမိဳ႕နဲ႕ေဝးတဲ့ေနရာမွာ အဆင့္မွီမိုတယ္ႏွင့္ကြန္ဒိုအေဆာက္အဦးေဆာက္လုပ္လွ်င္ အျမတ္ရဖို႔မေျပာႏွင့္ ဘယ္သူမွမေနခ်င္ၾက၍ အရင္းပင္ျပန္ရမည္မဟုတ္ေပ ။ ဧကရာဇ္က ဆက္ၿပီးေျပာလာခဲ့သည္ ။

" ဒီေနရာကၿမိဳ႕နဲ႕ေဝးေပမဲ့ လမ္းပန္းဆက္သြယ္ေရးေကာင္းၿပီးေရမီးရဖို႔လဲလြယ္တယ္ … ဒီေနရာမွာ ကြန္ဒိုတိုက္ခန္းေဆာက္လုပ္ၿပီး လူလတ္တန္းစားေတြေနထိုင္နိုင္ေအာင္လုပ္ေပးနိုင္ရင္ … "

ဧကရာဇ္ရဲ႕စကားပင္မဆုံးေသး အသက္ႀကီးႀကီးရွယ္ယာဝင္တစ္ဦးက ျဖတ္ေျပာလာသည္ ။

" လူလတ္တန္းစားေတြအတြက္ဆိုတာ ဘာကိုဆိုလိုတာလဲ … ခုေဆြးေႏြးမွာက အထက္တန္းစားေတြေနနိုင္မဲ့တိုက္ခန္းအေၾကာင္းမဟုတ္ဘူးလား … ဒီေနရာကလူလတ္တန္းစားမေျပာနဲ႕ အလကားေပးေတာင္ေနၾကမွာမဟုတ္ဘူး "

" ကြၽန္ေတာ္ေျပာတာကို အရင္ဆုံးေအာင္နားေထာင္ေပးပါ … ကြၽန္ေတာ္တို႔ ၿမိဳ႕ထဲက ေျမကြက္ဧကတစ္ရာရဲ႕တန္ဖိုးက ဒီေနရာမွာ ဧကငါးရာေလာက္ထိရပါတယ္ … ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဒီေနရာမွာ ၿမိဳ႕တစ္ခုစာ အေဆာက္အဦးေတြတည္ေဆာက္လို႔ရနိုင္ေလာက္တဲ့ထိ ေျမေတြကိုဝယ္နိုင္တယ္ "

ထိုစကားၾကားေတာ့ အရင္းအနီးကထင္သေလာက္မမ်ား၍ အားလုံးကစိတ္အားထက္သန္လာၾကကာ ဧကရာဇ္ေျပာတာကို စိတ္ဝင္တစား နားေထာင္လာၾကသည္ ။

" ဒီေနရာမွာလူလက္တန္းစားေတြေနနိုင္တဲ့တိုက္ခန္းေတြေဆာက္လုပ္မယ္ … ေျမကြက္အားေတြက ေျမဩဇာေကာင္းလို႔ ေအာက္ေျခလူတန္းစားေတြ ဟင္းသီးဟင္း႐ြက္စိုက္ပ်ိဳးဖို႔ငွားရမ္းထားလို႔ရတယ္ … အဲ့ဒါကအျမတ္အစြန္းနည္းေပမဲ့ အဲ့ဒိေဒသမွာေနထိုင္သူေတြက သူတို႔ရဲ႕ အနီးအနားမွာပဲ ေဈးနည္းနည္းနဲ႕လက္ဆက္တဲ့အသီးအ႐ြက္ေတြရရင္ ဘယ္သူမဆိုေနထိုင္ခ်င္လာလိမ့္မယ္ … ၿပီးေတာ့ ဒီေနရာက႐ုံးဝန္ထမ္းေတြအတြက္အဆင္မေျပေပမဲ့ စက္႐ုံလုပ္သားေတြနဲ႕ သာမန္အရပ္သားေတြအတြက္ေတာ့ အဆင္ေျပလိမ့္မယ္ "

ဧကရာဇ္က သူတို႔အျမတ္အစြန္းရဖို႔တင္မက ဆင္းရဲသားေတြကိုပါအဆင္ေျပေစဖို႔ထိေတြးထားသည္ ။

" အဆင့္ျမင္တိုက္ခန္းေတြကို ခုခ်ိန္မွာ အဖြဲ႕အစည္းတိုင္းကအလုအယက္တည္ေဆာက္ေနၾကတယ္ … အဲ့ဒါကရင္းႏွီးျမႇုတ္ႏွံသူေတြအတြက္ အျမတ္အစြန္းရလြယ္ေပမဲ့ ေအာက္ေျခလူတန္းစားေတြအတြက္ကေတာ့ လက္လွမ္းမွီဖို႔မလြယ္ဘူး … သာမန္အလုပ္သမားေတြဆို သူတို႔လစာနဲ႕အခန္းခေတြကိုမတတ္နိုင္ၾကလို႔အခက္အခဲေတြအမ်ားႀကီးရင္ဆိုင္ေနရတယ္ … ကြၽန္ေတာ္တို႔သာ အဆင့္ျမင္ကြန္ဒိုအစား တိုက္ခန္းေတြမ်ားမ်ားေဆာက္လုပ္လိုက္ရင္ အလုပ္သမားအမ်ားစုအတြက္ အေထာက္အကူျဖစ္ေစမဲ့အျပင္ အနီးအနားမွာ စက္႐ုံေတြတည္ေဆာက္လိုက္ရင္ အလုပ္လက္မဲ့ေတြအတြက္ပါ အကူအညီရရွိလိမ့္မယ္ "

" ဥကၠဌဧကရာဇ္ေမာင္က စက္႐ုံတည္ေဆာက္ဖို႔ထိပါ ေတြးေနတာလား "

" ကြၽန္ေတာ္ကိုယ္တိုင္ အလုပ္ရႈတ္ခံၿပီး စက္႐ုံတည္ေထာင္စရာမလိုပါဘူး … ကြၽန္ေတာ္ဝယ္ထားတဲ့ေျမထဲမွာ အေဆာက္အဦးေဆာက္ၿပီး က်န္တဲ့တစ္ဝက္က နိုင္ငံျခားကေန ျမန္မာျပည္ကိုလာၿပီး စက္႐ုံတည္ေဆာက္ခ်င္ေနတဲ့ ကြၽန္ေတာ့အသိေတြကို ငွားရမ္းဖို႔ေျပာထားၿပီးၿပီ … စက္႐ုံသာရွိရင္ ကြၽန္ေတာ္တို႔အေဆာက္အဦးေတြမွာ ေသခ်ာေပါက္လူအေျမာက္အမ်ားေနထိုင္ၾကမွာပါ … စိုက္ခင္းေတြလဲရွိလို႔ ေအာက္ေျခလူတန္းစားေတြအတြက္လဲအဆင္ေျပတယ္ … အကယ္၍ရင္းႏွီးျမႇုပ္ႏွံသူပိုမ်ားလာရင္ အဲ့ဒိေနရာကို ၿမိဳ႕တစ္ၿမိဳ႕ေတာင္ တည္ေထာင္လို႔ရပါတယ္ … ကြၽန္ေတာ္တို႔ဆုံးရႈံးသြားတဲ့ ေျမကအျမတ္အစြန္းကို တစ္ခါသာရရွိၿပီး ဒီေနရာကေတာ့ ကြၽန္ေတာ္ပိုင္ေနသ၍ အျမတ္အစြန္းေတြေန႕စဥ္ရရွိၿပီးေတာ့ အခ်ိန္ၾကာလာေလတန္ဖိုးပိုျမင့္ေလးျဖစ္လာမွာအေသအခ်ာပဲ … ကြၽန္ေတာ့ပေရာ့ဂ်က္မွာ ပါဝင္ရင္းႏွီးဖို႔အစီစဥ္ရွိရင္ စာခ်ဳပ္မွာ လက္မွတ္ထိုးေပးပါ "

ဥကၠဌဧကရာဇ္ေမာင္ရဲ႕တင္ျပမႈေတြက ၿပီးျပည့္စုံၿပီး တစ္ႀကိမ္တစ္ခါသာအျမတ္အစြန္းရတာမ်ိဳးမဟုတ္ပဲ ႏွစ္ရွည္စီမံကိန္းနဲ႕ အျမတ္ေတြေန႕စဥ္ဝင္ေနမည့္လုပ္ငန္းမို႔ အားလုံးကသေဘာတူလက္မွတ္ေရးထိုးလိုက္ၾကသည္ ။

အစည္းအေဝးၿပီးသြားေတာ့ အဖိုးကုေဌႂကြယ္က သူပင္တစ္ခါမွထိုသို႔ လက္ေတြ႕ဆန္ဆန္က်ယ္က်ယ္ျပန႔္ျပန့္နဲ႕  ေအာက္ေျခလူတန္းစာေတြအတြက္ပါအက်ိဳးရွိေစမဲ့အရာမ်ိဳးမစဥ္းစားဖူး၍ ဧကရာဇ္ေမာင္အား မခ်ီးက်ဴးပဲမေနနိုင္ေတာ့ေပ ။

" အမွားတစ္ခုကေန သင္ခန္းစာယူနိုင္တာ မင္းေတာ္တယ္ … ဒီစီမံကိန္းက ပင္ပန္းေပမဲ့ ၿပီးဆုံးသြားရင္ အက်ိဳးအျမတ္က ရင္းႏွီးျမႇုတ္ႏွံသူတင္မက လူအေျမာက္အမ်ားကိုပါ အလုပ္အကိုင္အခြင့္အလန္းေတြရရွိေစတယ္ … ၿပီးေတာ့ လူေတြအေပၚကူညီရာလဲေရာက္လို႔ ကုသိုလ္လဲရတယ္  "

ဧကရာဇ္ေမာင္ရဲ႕ရည္မွန္းခ်က္က တစ္ေန႕သူဟာေအာင္ျမင္သူတစ္ေယာက္ျဖစ္လာခဲ့လွ်င္ ဆင္းရဲသည့္လူေတြကို ကူညီေပးမည္ဟုအၿမဲေတြးထားခဲ့သည္ ။ ခုသူ႕လက္ထဲမွာ အာဏာရွိေနၿပီး လူတိုင္းရိုေသ​ေလးစားရတဲ့ဥကၠဌတစ္ေယာက္ျဖစ္ေနၿပီမို႔ လူေတြအေပၚအက်ိဳးျပဳမည့္ စီမန္းကိန္းမ်ားကိုေရးဆြဲခဲ့ျခင္းျဖစ္သည္ ။

" ဒါကကြၽန္ေတာ္တစ္ေယာက္ထည္းအေတြးမဟုတ္ပါဘူး … ႐ုံးကဝန္ထမ္းေတြရဲ႕အကူအညီလဲပါပါတယ္ … ၿပီးေတာ့ အတြင္းေရးမႈးကသစ္ပန္းကလဲ အကူအညီေပးေသးတယ္ "

အဖိုးက ဧကရာဇ္ေမာင္ကိုၾကည့္ၿပီး စိတ္ထဲကေန ခ်ီးက်ဴးေနေတာ့သည္ ။

မင္းကေခါင္းေဆာင္ေကာင္းပီသတယ္ … ခ်ီးက်ဴးဂုဏ္ျပဳေပးတာကို အားလုံးကိုခြဲေဝေပးတတ္တဲ့ေကာင္းမြန္တဲ့အက်င့္ရွိတယ္ … ဥကၠဌျဖစ္ေနေပမဲ့ ငယ္သူေတြကိုအနိုင္က်င့္ၿပီး ဖိအားေပးမဆက္ဆံပဲ ကိုယ္တိုင္ေခါင္းခံေျဖရွင္းဖို႔ပဲေတြးတယ္ … ဒီတစ္ခ်က္ကလူတိုင္းမွာမရွိတဲ့ ေကာင္းမြန္တဲ့စိတ္ထားပဲ … ငါလူေ႐ြးမွန္သြားခဲ့ၿပီ …

မင္းေတာ္တယ္ … ကူညီေပးတဲ့ဝန္ထမ္းေတြကို ဆုခ်ၿပီး ပေရာ့ခ်က္ကိုစတင္ဖို႔ျပင္ဆင္ေတာ့ "

" ဟုတ္ကဲ့ပါအဖိုး "

ထိုေန႕က အလုပ္ေတြပင္ပန္ရက်ိဳးနပ္ကာ ေဘာက္ဆူးေတြလဲရရွိၿပီး ပေရာဂ်က္တင္ျပမႈလဲေအာင္ျမင္တဲ့အတြက္ အားလုံးေစာေစာအလုပ္နားကာ အိမ္ျပန္ၾကေလသည္ ။ မုျဒာေရာက္လာေတာ့ ႐ုံးမွာ ဘယ္သူမွမရွိေတာ့ေပ ။ သူလွည့္ျပန္မည္ႀကံတုန္း အေနာက္ကေခၚသံကိုၾကားလိုက္ရသည္ ။

" သခင္ေလးကုမုျဒာလား "

မုျဒာလွည့္ၾကည့္လိုက္ေတာ့ ေမာင့္ရဲ႕မန္ေနဂ်ာျဖစ္ေနသည္ ။ သူလဲျပန္ဖို႔ျပင္ေနပုံပင္ ။ လက္ဆြဲအိပ္ကိုဆြဲကာ ေလွ်ာက္လာၿပီး အနားေရာက္ေတာ့  မုျဒာကိုအရိုအေသေပးလိုက္သည္ ။

" သခင္ေလးအလုပ္ကိုအၿမဲလာၿပီး ဥကၠဌနဲ႕ဘာေၾကာင့္သြားမေတြ႕တာလဲ "

" သူအစည္းအေဝးပြဲမွာအဆင္ေျပလား "

" အရမ္းကိုေျပတယ္ … ဥကၠဌကအံ့ဩစရာပဲ … ဒီတစ္ေခါက္တင္ျပခ်က္ကို ရွယ္ယာဝင္ေတြအမ်ားႀကီးသေဘာက်က်တဲ့အျပင္ အသစ္ဝင္မဲ့သူေတြပါေပၚလာၿပီ … ၿပီးေတာ့ ဥကၠဌေဟာင္းကလဲ ခ်ီးက်ဴးေသးတယ္ "

ေမာင္အဆင္ေျပတယ္ၾကားေတာ့ မုျဒာေပ်ာ္သြားသည္ ။

" ဒါနဲ႕ ေမာင္ေရာ ျပန္သြားၿပီလား "

" ခုနေလးတင္ အတြင္းေရးမႉးနဲ႕အတူထြက္သြားတယ္ … သခင္ေလး ခုအေနာက္ကလိုက္ရင္ေတာင္မွီလိမ့္မယ္ "

ကသစ္ပန္းနဲ႕အတူထြက္သြားတယ္ၾကားေတာ့ မုျဒာမေက်မနပ္ျဖစ္မိေပမဲ့ တစ္ပတ္လုံးပင္ပန္းလာတဲ့ေမာင့္ကို ဂုဏ္ျပဳေပးဖို႔ မုျဒာအျမန္ဆုံး လွည့္ျပန္လာခဲ့သည္ ။ တစ္ေနရာေရာက္ေတာ့ ေမာင့္ရဲ႕ကားကဆိုင္တစ္ဆိုင္ေရွ႕မွာရပ္ထားတာေတြ႕လိုက္ရ၍ မုျဒာဆင္းၿပီး ဆိုင္ထဲကိုၾကည့္လိုက္သည္ ။ ယံယံေျပာခဲ့သည့္ ကိတ္မုန႔္ဆိုင္ျဖစ္ေနသည္ ။

ေမာင္ကအခ်ိဳႀကိဳက္တာကိုမုျဒာသိေပမဲ့ ဘယ္တုန္းကမွမုျဒာကိုကိတ္မုန႔္စားခ်င္ေၾကာင္းမေျပာခဲ့၍ မုျဒာလုပ္မေႂကြးခဲ့ဘူးေပ ။ ေမြးေန႕ေတြမွာေတာင္ ေမာင္ကမုျဒာေပးတဲ့ကိတ္ေတြကိုမစားပဲလြတ္ျပစ္သည္ ။ ခုေတာ့သူစိမ္းမိန္းကေလးတစ္ေယာက္နဲ႕ေမာင္က ကိတ္မုန႔္ဆိုင္မွာထိုင္ေနၿပီး ၂ ေယာက္သားၿပဳံး႐ႊင္ကာစားေနၾကသည္ ။ မုျဒာထိုျမင္ကြင္းအားၾကည့္ေနရင္း ရင္ထဲမွာဆို႔နင့္လာသည္ ။

ထိုစဥ္႐ုတ္တရပ္ေမာင္ကထသြားကာ ကသစ္ပန္းေဘးမွာထိုင္လိုက္ၿပီး ကသစ္ပန္းကေမာင့္ရဲ႕ပခုံးေပၚေခါင္းမွီလွ်က္ ေမာင့္ရဲ႕လက္ေတြကိုဆုတ္ကိုင္ထားသည္ ။ မုျဒာရင္ထဲမွာ ေလာင္ၿမိဳက္ေနၿပီး ဆက္ၿပီးမၾကည့္နိုင္ေတာ့၍ လွည့္ထြက္လာခဲ့သည္ ။ မုျဒာအိမ္ျပန္ေရာက္ၿပီး ၂ နာရီၾကာမွ ေမာင္ကျပန္ေရာက္လာသည္ ။

မုျဒာက ေမာင္အခန္းထဲဝင္လာလာျခင္း ေမာင္အနားသြားေတာ့ အရက္နံ႕ပ်င္းပ်င္းကိုရလိုက္၍ ေမာင့္အားအေရွ႕ကေနတားကာ ေမးလိုက္သည္ ။

" ေမာင္အခုဘယ္ကေနျပန္လာတာလဲ … ေမာင့္ကိုယ္ကအရက္နံ႕ရေနတယ္  "

ဧကရာဇ္က ေရာက္ေရာက္ခ်င္း ရန္လာရွာေနတဲ့မုျဒာကို တြန္းထုတ္လိုက္ၿပီး …

" မင္းဘာလို႔ျပႆနာလာရွာေနတာလဲ … ငါတစ္ပတ္လုံးပင္ပန္းထားတာ ဒီတစ္ရက္ေလးလြတ္လြတ္လပ္လပ္ေပးေနလို႔မရဘူးလား "

" ေမာင္ဘယ္မိန္းကေလးေတြနဲ႕သြားခဲ့တာလဲ … ေမာင့္ကိုယ္မွာေဟာ္မုန္းနံ႕ေတြရေနတယ္ "

" ငါ့ကိုေဖာက္ျပန္တယ္လို႔ထင္ေနတာလား "

" ေမာင္ကမေဖာက္ျပန္ဘူးေျပာေနေပမဲ့ ေမာင့္ကိုယ္ကတစ္ျခားအိုမီဂါတစ္ေယာက္ရဲ႕အနံ႕ေတြကပ္ပါလာတာကေရာ "

" မင္းငါ့ကိုဒီေလာက္မွအယုံအၾကည္မရွိရင္ မင္းလဲႀကိဳက္တဲ့လူနဲ႕သာသြားေနလိုက္ေတာ့ … ငါမင္းကိုဘာမွထပ္မရွင္းျပခ်င္ေတာ့ဘူး "

ဧကရာဇ္ေမာင္က အလြန္မူးေနၿပီး မုျဒာကိုျမင္ယုံနဲ႕တင္ ေဒါသထြက္ေနကာ ခုလိုမယုံမၾကည္ေမးျမန္းလာေတာ့ ေအာ္ကာေျပာလိုက္သည္ ။ မုျဒာက ေမာင့္ပခုံေပၚ ကသစ္ပန္းမွီေနသည့္ျမင္ကြင္းကိုျပန္ျမင္ေရာင္လာၿပီး ဧကရာဇ္ရဲ႕ပခုံးကိုကိုင္ကာ ေဒါသတႀကီးေမးလိုက္သည္ ။

" ေမာင္ ကသစ္ပန္းနဲ႕ဖက္ခဲ့တယ္မွတ္လား "

ကသစ္ပန္းအသံၾကားေတာ့ ေမာင္က မုျဒာလက္ေတြကိုတြန္းဖယ္လိုက္ၿပီး နီရဲေနတဲ့မ်က္ဝန္းေတြနဲ႕ၾကည့္ကာ ဆိုလာသည္ ။

" မင္းသူ႕ကိုမေစာ္ကားနဲ႕ … သူကတစ္ပတ္လုံး ငါအလုပ္ရႈတ္ေနတဲ့အခ်ိန္ ငါ့အနားေနၿပီးျပဳစုေပးလာတာ … မင္းကေတာ့အိမ္မွာေနၿပီး ငါ့ကိုျပႆနာရွာဖို႔ပဲသိတယ္ … ငါသူ႕ကိုဖက္ခ်င္ဖက္မယ္မဖက္ခ်င္မဖက္ဘူး မင္းအပူတစ္ျပားမွမပါဘူး … မင္းကငါ့ကိုဒုကၡေပးဖို႔ေမြးဖြားလာတာပဲ … ခုခ်က္ခ်င္းငါ့အခန္းထဲကေနထြက္သြား … မင္းႀကိဳက္တဲ့ေနရာမွာသာသြားေန … ငါဂ႐ုမစိုက္ဘူး "

ဧကရာဇ္ေမာင္က မုျဒာအားေဒါသတႀကီးေမာင္းခ်ၿပီးေနာက္ အခန္းထဲဝင္သြားကာ တံခါးအား အသံမည္ေအာင္ပိတ္လိုက္ေတာ့သည္ ။ မုျဒာတံခါးအေခ်မွာရပ္ေနရင္း ေမာင့္ရဲ႕စကားလုံးေတြေၾကာင့္ ေျခပင္မခိုင္ေတာ့ပဲ လဲက်သြားကာ မ်က္ရည္ေတြစီးက်လာၿပီး ငိုေႂကြးေလေတာ့သည္ ။

* တစ္ပတ္လုံးျပဳစုေပးခဲ့တာက ဘယ္သူလဲဆိုတာေတာင္မသိေလာက္ေအာင္ ေမာင္႐ူးသြားတာလား … အဲ့ဒါမုျဒာေလ … မုျဒာေမာင့္ကိုတစ္ပတ္လုံးဂ႐ုစိုက္ေပးေနခဲ့တာ … ဒါေတာင္ေမာင္ကသူလို႔ပဲထင္ေနတာလား … ေမာင္ကတကယ္ကိုအ႐ူးပဲ … ငါအ႐ူးတစ္ေယာက္ဆီက ဘာေတြေမွ်ာ္လင့္ေနတာလဲ … ငါကသူ႕ထက္ေတာင္ ပို႐ူးေနၿပီ *

ငိုေႂကြးေနရင္း မုျဒာထိုအခန္းမွာဆက္မေနေတာ့ပဲ ေျပးထြက္လာခဲ့သည္ ။ ခုခ်ိန္မွာ အိမ္ေတာ္ကိုလဲမျပန္ခ်င္သလို ေမာင္အနားလဲျပန္မသြားခ်င္၍ မုျဒာသူပုန္းခိုေနၾက တစ္ခုတည္းေသာေနရာထံသို႔ ထြက္သြားေလေတာ့သည္ ။

……………………………………………………………………….………

To Be Continued ….

Continue Reading

You'll Also Like

95.8K 2.2K 21
Title ~ ထာဝရ မင်း Author ~ Hnin~Yhine All episode ~ 16.( Both Unicode and Zawgyi) # fifth 26.7.2021>>>> 15.8.2021( 21 days) pic f...
20.1K 2.2K 54
ခွန်းတ စောင့်နေရတာကို‌ မုန်းသည်။ မတည်နိုင်တဲ့ကတိတွေကို မုန်းသည်။ ပေးသလောက် ပြန်မရနိုင်ဘူးဆိုရင် ဦးဖြစ်နေလည်း ကျွန်တော်မချစ်ချင်..။ __________________...
16.1K 222 47
I'm back with another edition for my Instagram series :) Check this story out and I'm pretty sure you'll like it!
5.5K 331 13
Life is not always Easy, YOU can't go back to change the beginning, but you can start from where you are and CHANGE THE ending My LIFE'S jour...