🍀အနှိုင်းမဲ့ချစ်ခြင်း🍀

By Lynn-95

1.2M 29.4K 1.5K

ဘ၀ကိုပျော်ပျော်ပါးပါးဖြတ်သန်းနေတဲ့ညီရှင်းထွယ်လေးဟာ ဒယ်ဒီရဲ့အမိန့်နဲ့ ဒယ်ဒီမွေးစားညီမ ရဲ့သမီးတစ်နည်းအားဖြင့်ဒယ... More

Part 1(uni/zawgyi)
part 2 (uni/zawgyi)
part 3 (uni/zawgyi)
part 4 (uni/zawgyi)
part 5 (uni/zawgyi)
part 6 (uni/zawgyi)
စကားနည်းနည်းများမယ်နော်😁
part 7(uni/zawgyi)
part 8 (uni/zawgyi)
part 9 (uni/zawgyi)
part 10 (uni/zawgyi)
part 11 (uni/zawgyi)
part 12 (uni/zawgyi)
part 13 (uni/zawgyi)
part 14 (uni/zawgyi)
part 15 (uni/zawgyi)
part 15 (zawgyiဖတ်မရသူတွေ)
part 16 (uni/zawgyi)
part 17 (uni/zawgyi)
part 18 (uni/zawgyi)
part 19 (uni/zawgyi)
ခွင့်တိုင်ကြားခြင်း😁😁
part 20 (uni/zawgyi)
part 20 (zawgyi only)
part 21 (uni/zawgyi)
part 22 (uni/zawgyi)
part 23 (uni/zawgyi)
part 24 ( uni/zawgyi)
part 25 (uni/zawgyi)
part 26 (uni/zawgyi)
part 27 (uni/zawgyi)
part 28 (uni/zawgyi)
part 29 🚨🚨🚨(uni/zawgyi)
part 30 (uni/zawgyi)
part 31 (uni/zawgyi)
part 32 (uni/zawgyi)
part 33 (uni/zawgyi)
part 34 (uni/zawgyi)
part 35 (uni/zawgyi)
part 36 (uni/zawgyi)
part 37 (uni/zawgyi)
part 38(uni/zawgyi)
part 39 (uni/zawgyi)
part 40 (uni/zawgyi)
part 41 (uni/zawgyi)
part 42 (uni/zawgyi)
part 43 (uni/zawgyi)
part 44 (uni/zawgyi)
part 45 (uni/zawgyi)
part 46 (uni/zawgyi)
part 47 (uni/zawgyi)
part 48 (uni/zawgyi)
part 49 (uni/zawgyi)
part 50 (uni/zawgyi)
part 51 (uni/zawgyi)
part 52 (uni/zawgyi)
part 53 (uni/zawgyi)
part 54 (uni/zawgyi)
part 56 🚨🚨🚨(uni/zawgyi)
part 57 (uni/zawgyi)
part 58 (the end) (uni/zawgyi)
Extra 1 (uni/zawgyi)
Extra 2 (uni/zawgyi)

part 55(uni/zawgyi)

14.9K 412 17
By Lynn-95

🍀အနှိုင်းမဲ့ချစ်ခြင်း🍀
~~~~~~~~~~~~~~~
အပိုင်း(55)

ဒီနေ့ ကိုက လာတောင်းရမ်းမယ်ဆိုလို့ရာရာအလှဆုံးပြင်ရင်း ထိုင်စောင့်နေပေမယ့် မိဘများကတော့သိပ်မျက်နှာမသာယာလှ....

အိမ်မှာ သစ်သစ်တို့လင်မယားကလည်းရောက်နေတာမို့ မိသားစုစုံလင်နေလေသည်...

"မေမေရယ် ဒီနေ့လိုနေ့မျိုးမှာနည်းနည်းပါးပါးပြုံးပါအုံး မေမေက သမီးလက်ထပ်မှာကိုမပျော်လို့လားဟင်"

"မေမေက မပျော်တာမဟုတ်ဘူး မေမေဘာကိုစိုးရိမ်နေလဲသမီးမသိတာလား"

"မေမေအန်တီထားကိုစိုးရိမ်နေတာမဟုတ်လား မေမေသမီးတစ်ခါလောက်တော့ ယုံကြည်ချင်တယ် သူနဲ့သမီးက သူများတွေလို အဆင်ပြေပြေမဟုတ်ပေမယ့် အဆိုးဆုံးအခြေအနေမရောက်အောင် ရာရာကြိုးစားပါ့မယ်"

"မေမေ မစိုးရိမ်ပါနဲ့ ထွယ်လည်းရှိနေတာကို ထွယ်က မရီးကို ဘယ်လောက်ချစ်လိုက်လဲ"

ထူးအိမ်လွင်ကတော့ သူ့မယားညီအကိုဘက်က ဖာထေးကူပြောနေသည်....

"သားထွယ်ကတော့ချစ်တာသိတာပေါ့အရင်တစ်ခါကလည်း ဘေးဘန်းပြသနာတွေကဝင်လာပြီး ဘယ်လိုတွေဖြစ်သွားလဲ တွေ့တယ်မဟုတ်လား"

"အဲ့ကိစ္စနဲ့ပက်သက်ပြီး ဒီကောင်ကြီးနောင်တအကြီးအကျယ်ရနေတာပါ "

" ကဲပါမေမေရယ် ယောက်ဖတို့မကြာခင်လာတော့မယ် ဒီအကြောင်းတွေမပြောကြနဲ့တော့ "

သစ်သစ်စကားတောင်မဆုံးလိုက် ခြံအရှေ့ကားဟွန်းတီးသံတွေကြားရကာ အိမ်ထဲကိုဝင်လာတဲ့ရှင်းစံအိမ်ရဲ့မိသားစုတွေ......
_
_
_
_
အဖြူရောင်ဇာအင်္ကျီရင်ဖုံးလက်ရှည်လေးနဲ့ချိတ်အဖြူလေးကို ဝတ်ဆင်ထားတဲ့Bunnyရဲ့ပုံစံဟာ အရမ်းကိုလှနေကာ သူမှာအိမ်ဝင်ပေါက်ကတည်းကကြည့်နေလွန်းလို့ ကိုဟန်က သတိပေးတားယူရသည့်အထိ......

"မမကြီး"

"ဟယ် ဖိုးစေနဲ့ဖိုးကဲ ကဘယ်လိုလုပ်"

"ကိုယ်ပြောတယ်မဟုတ်လား bunnyဘာမှပူစရာမလိုဘူးဆို ကိုယ်အားလုံးကိုအဆင်ပြေအောင်စီစဥ်ထားတယ်"

"ဒါဆိုသူတို့က"

"သူတို့ကရှေ့လျှောက် ရှင်းစံအိမ်မှာနေမှာ သူတို့ကို ကိုယ် trainningပေးမယ်"

"ဖြေးဖြေးနော်အကို သိပ်တော့မမောင်းနဲ့"

"ဘာမှတောင်မလုပ်ရသေးဘူး မင်းတို့နှစ်ကောင်အသံထွက်နေရင် ငါဂေဟာကိုပြန်ပို့မှာ"

"စတာကို အကိုကလည်း"

"ဒါနဲ့ပူစူးမရော"

သူရဲ့bunnyကတော့ ဒီနေ့ဘာနေ့လဲဆိုတာတောင်မေ့သွားသလိုဘဲ သူရဲ့တစ်၀မ်းတည်းမဟုတ်တဲ့ မောင်နှမတွေကိုတန်းစီမေးနေလေသည်...

"ပူစူးမက မလိုက်တော့ဘူးတဲ့ သူက သူကောင်လေးနဲ့မကြာခင်လက်ထပ်တော့မှာတဲ့"

"ဟယ် ဟုတ်လား"

"သားငယ် စကားများမနေကြနဲ့လေ လူကြီးတွေစောင့်နေကြပြီ"

ဒီလိုနဲ့ရာရာကိုတောင်းရမ်းပွဲလေးက အဆင်ပြေပြေပြီးသွားကာ အန်တီထားပုံစံကလည်းရာရာကို လိုလားတဲ့ပုံပြနေတာမို့ မေမေတို့လည်းအဆင်ပြေပြေရှိလှသည်....
ဒါပေမယ့် အန်တီထားမအိမ့်သက်အပေါ် ဆက်ဆံတဲ့ပုံကိုကြည့်ရတာတစ်မျိုးကြီးဖြစ်နေလေသည်....

"Bunny မင်္ဂလာပွဲကို မန်းလေးမှာလုပ်မလား ရန်ကုန်မှာလုပ်မလား"

"မန်းလေးမှာတော့မလုပ်တော့ပါဘူး ဟိုတစ်ခါတုန်းကလည်းမန်းလေးမှာဆောင်တာဆိုတော့ဒီတစ်ခါ ရန်ကုန်မှာဘဲလုပ်ကြရအောင်"

"Bunnyသဘောအလိုကျပါခင်ဗျ"

"ဒါနဲ့ကို မအိမ့်သက်ပုံစံကြည့်ရတာတစ်မျိုးကြီး ရာရာဘဲအထင်မှားနေတာလား"

"သူလား ထားလိုက်ပါ စိတ်ထဲမထားနဲ့bunny"

"ဘာလဲကိုက ရာရာကသူစိမ်းဖြစ်နေတုန်းမို့ အိမ်တွင်းရေးကိုမပြောပြချင်တာလား"

"ကိုယ်အဲ့လိုစိတ်မရှိတာ မင်းသိရက်နဲ့ မင်းမို့လို့ထင်ရက်တယ်"

ရာရာကမအိမ့်သက်အကြောင်းသိချင်ဇောနဲ့ မေးလိုက်မိကာမှ စကားအမှားတွေဖြစ်ကာ ကိုကစိတ်ဆိုးသွားတော့သည်....

"ရာရာတောင်းပန်ပါတယ်ရာရာကသိချင်ဇောနဲ့ "

"မတောင်းပန်နဲ့Bunnyအဲ့ဒီတောင်းပန်တယ်ဆိုတဲ့စကားက မင်းဒီတစ်သက်ပြောတာအခုနောက်ဆုံးဖြစ်ပါစေ မင်းကိုတစ်သက်လုံးတောင်းပန်သွားမယ့်လူက ကိုယ်ဘဲဖြစ်ရမယ် မင်းမှားလည်းကိုယ်ချော့မယ် ကိုယ်မှားလည်း ကိုယ်ဘဲချော့မယ် "

"ကို အဲ့လောက်မလိုဘူးလေ "

ပွဲပြီးသွားပေမယ့်လည်းတခြားလူတွေကအိမ်ထဲမှာစားကြသောက်ကြအလုပ်ရှုပ်နေကြပေမယ့် သတို့သားနဲ့သတို့သမီးကတော့ ခြံထဲကဒါန်းပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်ဖက်ကာ ချစ်ကြည်နူးနေကြလေရဲ့......
_
_
_
_
"ရာရာ"

ကိုက ထူးအိမ်တို့ခေါ်တာနဲ့ အပြင်ထွက်သွားကြကာရာရာလည်းအိမ်ထဲပြန်ဝင်ဖို့အလုပ် မအိမ့်သက်ကအနားရောက်လာလေသည်....

"ရောက်တည်းက ရာရာအနားလာပြီးတောင်းပန်နေချင်ခဲ့တာပါ အခွင့်မသာလို့"

"မအိမ့်သက်ကို လွန်ခဲ့တဲ့နှစ်တွေတည်းက တောင်းပန်လို့ ရာရာ ခွင့်လွှတ်ခဲ့ပြီးပြီလေ မလိုတော့ပါဘူး"

"မအိမ့်သက်ပုံစံက အရမ်းကို တာဝန်တွေထမ်းထားရသလိုဘဲ မကြည်မလင်နဲ့ ဒီအဖြစ်ကြောင့်ဆိုရင်မေ့လိုက်ပါတော့ ရာရာလည်းမေ့နေပါပြီ အခုလည်းအားလုံးအဆင်ပြေနေကြပြီလေ ဒီကိစ္စကိုခဝါချလိုက်ပါတော့ "

"မာမီနဲ့ကိုဟန်သိသွားပြီ ရာရာ"

"ရှင် ဘယ်လိုလုပ်"

"မအိမ့်သက်ကိုယ်တိုင်ဝန်ခံလိုက်တာ"

"ရာရာတို့ပဲရစ်သွားတုန်းကထွယ်လေးကဖုန်းဆက်တယ် မာမီဆီ"

~~~~~~~~~~~~~~~~~
Flash back
💥💥💥💥💥💥

"ဟယ်လို Mom သားပဲရစ်ကနေပြန်တာနဲ့ မန်းလေးဆင်းမယ် bunnyကိုတောင်းရမ်းပွဲလုပ်မယ်"

"ဘာလုပ်ဖို့လဲသား"

"သား ပြောလိုက်တာနားမလည်တာလား နားမလည်ချင်ယောင်ဆောင်နေတာလားMom"

"မလိုဘူးလေ မင်းတို့ပေါင်းချင်နေတယ်ဆိုတာထိ မာမီလက်ခံထားတယ် ဒါတောင်မာမီအများကြီးသည်းခံလိုက်လျောထားတာနော် ဒီထက်ပိုပြီး မာမီထပ်မလိုက်လျောနိုင်ဘူး "

"ရပါတယ် Momသဘောထားကိုသိရတော့လည်း အဆင်ပြေပါတယ် ပဲရစ်ကပြန်ရောက်ရင် သားနဲ့ရာရာအိမ်ခွဲနေမယ်"

"သားငယ် မင်းစကားတွေရောင့်တက်မလာနဲ့ ခေတ်တစ်ရာခင်ကို လက်ခံပေးတာတင်လွန်လှပြီ သူဘာတွေလုပ်ခဲ့လဲဆိုတာသားမမေ့ပေမယ့် မာမီကအခုထိအမှတ်ရနေတုန်း"

ထွယ်လေးနဲ့မာမီအပြန်အလှန်စကားတွေများနေရတာကို မြင်နေကြားနေရတဲ့အိမ့်သက် ရင်တွေတလှပ်လှပ်တုန်လေသည်.....
တကယ်ဆို သူမကြောင့်ဒီလိုတွေဖြစ်နေရတာ သူမကတော့အခုထိအိမ်မှာအခန့်သင့်အပြစ်မရှိသလိုနေနေရပြီး အပြစ်မရှိတဲ့ရာရာက မာမီအမုန်းတွေကိုခံပြီးရင်းခံနေရတာကိုမကြည့်ရက် လိပ်ပြာမလုံတော့တာမို့ ဆုံးဖြတ်ချက်ချလိုက်တော့သည်....

"ရာရာအပြစ်တွေမဟုတ်ပါဘူး မာမီအိမ့်သက်အပြစ်တွေပါ"

"ဘာတွေပြောနေတာလဲအိမ့်သက် "

"ရာရာလုပ်ခဲ့တာမဟုတ်ပါဘူး အိမ့်သက်လုပ်ခဲ့တာပါ"

"သား မာမီဖုန်းခဏချအုံးမယ်"

ညီရှင်းထွယ်တစ်ဖက်ကကြားလိုက်ရပုံဆိုရင် မအိမ့်သက်က သူကိုယ်တိုင်ဝန်ခံတော့မယ်နဲ့တူတယ်.....

"ပြန်ပြောစမ်း အိမ့်သက်"

"အိမ်တွင်းအကြမ်းဖက်တယ်ဆိုပြီး တိုင်စာက ရာရာတို့မိသားစုတိုင်ခဲ့တာမဟုတ်ပါဘူး အိမ့်သက်တိုင်ခဲ့တာပါ"

"ဘာကြောင့်လဲ"

"မာမီကိုမုန်းမိလို့ပါ နော်အယ်မေမှားနေတာသိလည်း မဆုံးမဘူး အိမ့်သက်နေရာကိုလာလာထိပါးနေတဲ့ နော်အယ်မေကိုလည်း မာမီကအရေးတယူလုပ်နေခဲ့တယ် အိမ့်သက်ခံစားချက်တွေကိုမိန်းမသားချင်းကိုယ်ချင်းမစာခဲ့ဘူးနောက်ဆုံး ထူးအိမ်ကို ခုတုံးလုပ်ပြီး အိမ့်သက်တို့မိသားစုသိက္ခာကိုချခဲ့လို့ အိမ့်သက်သွေးပူပြီး ဒီကိစ္စကိုဖန်တီးခဲ့မိတာပါ"

"ဖြန်း"

"ဖြန်း"

ဘယ်ညာနှစ်ဖက်ဆင့်ရိုက်ချခံလိုက်ရတဲ့အိမ့်သက်ချယ်ရဲ့ပါးနှစ်ဖက်.....

"မာမီ"

"ဟင် အကို"

"မြင်လား ကြားလား မင်းမိန်းမအယုတ်တမာမရဲ့ လုပ်ရပ်တွေကို"

အကိုက ဘယ်တုန်းက အနောက်မှာရောက်နေမှန်းမသိ ကြည့်ရတာအိမ့်သက်ပြောနေတာတွေကိုအကုန်ကြားသွားလေပြီဖြစ်သည်....

"ကျွန်တော်အကုန်ကြားပြီးပြီမာမီ"

"နင်ဘယ်လို လုပ်မှာလဲ ဒီမိန်းမကို ငါကတစ်ချိန်လုံးရာရာကိုအပြစ်တင်ပြီးနေလာခဲ့တာ အခုတော့ လူယုံကနောက်ကျောကိုဓါးနဲ့ထိုးခဲ့တာ"

"သူမှန်တယ်လို့မပြောချင်ပေမယ့် တကယ်တော့ သားအမှားတွေကြောင့်ပါ သူခံစားချက်တွေ မှားယွင်းတာရဲ့တရားခံကသားပါ "

"ဒါ မင်းတို့လင်မယားကိစ္စ ငါသူ့မျက်နှာကိုအိမ်မှာမမြင်ချင်ဘူး ဆင်းသွားခိုင်း"

"တောင်းပန်ပါတယ် မာမီ အိမ့်သက်တောင်းပန်ပါတယ် အိမ့်သက်မှားပါတယ် မာမီ"

"မတောင်းပန်နဲ့ ဆင်းသွား သွား"

"အီးးးး ဟီးးး ဟင့် မာမီကိုမောင်းမထုတ်ပါနဲ့ ဖွားဖွား မာမီကို မအော်ပါနဲ့ ဖွားဖွား"

"ဟီးးးးး အဟင့် အီးမေမေကြီးကိုမအော်ပါနဲ့"

အိမ့်သက်ချယ်ကလေးတွေရော နော်အယ်မေကလေးတွေကပါ ငိုယိုကုန်ကြကာ သူတို့မိခင်ကိုမအော်ကြဖို့ စစ်ကူတောင်းကြလေတော့သည်.....

"မာမီ စိတ်လျော့လိုက်ပါတော့ ပြီးခဲ့တာတွေလည်းပြီးခဲ့ပါပြီ သူလည်းသူ့အမှားသူသိလို့ ကိုယ်တိုင်ဝန်ခံထားပြီးပြီလေ"

"တောက်"

ဒေါ်ထိပ်ထားစံခံပြင်းလွန်းလို့ တောက်တခေါက်ခေါက်ဖြစ်နေလေသည်....

"သားနှစ်ယောက်မွေးထားပါတယ် မယားရူးတွေ မိန်းမကြောက်တဲ့ကောင်တွေ"

မာမီဟာငိုနေတဲ့ သူမြေး မျက်နှာတွေကိုကြည့်ကာမနိုင်တဲ့အဆုံး သားတွေကိုသာကျိန်ဆဲသွားလေတော့သည်....

အဲ့နေ့ကစပြီး မာမီဟာအိမ့်သက်ကို စကားပြောဖို့မပြောနဲ့ လှည့်တောင်မကြည့်တော့ပါ....
ကိုယ့်အပြစ်နဲ့ကိုယ်မို့ အိမ့်သက်မကျေနပ်စရာအကြောင်းလည်းမရှိပါ.....

"အကို အိမ့်သက်ကို စိတ်ပျက်သွားတယ်မဟုတ်လား"

"အင်း အရမ်းစိတ်ပျက်မိတယ်"

ချစ်ရတဲ့အကိုဆီက စိတ်ပျက်တယ်ကြားမိတော့ အနည်းငယ်တော့ခံစားသွားရသည်....

"အိမ့်သက်ကိုစိတ်ပျက်မိတာထက် ကိုယ့်ကိုပိုစိတ်ပျက်မိတယ် တစ်လင်တစ်မယားစနစ်ကို မထိန်းသိမ်းနိုင်ခဲ့တဲ့ အကို့အပြစ်ကပိုများပါတယ်"

"ဒီကြားထဲမင်းအစွမ်းကုန်နောင်တရနေတာကိုယ်မြင်ခဲ့တယ် ဘာကြောင့်မှန်းမသိပေမယ့် မင်းရဲ့ပြောင်းလဲသွားတဲ့ပုံစံလေးကို ကိုယ်ချစ်မြတ်နိုးမိတယ် "

ဒါဟာအိမ်ထောင်သက်တမ်းတစ်လျှောက်မှာပထမဆုံးအကိုဆီက ချစ်ကြောင်းကြားခဲ့ရခြင်းဖြစ်တာမို့ အစောကြီးဝန်ခံခဲ့ရင်သာအကောင်းစားဟုထင်မှတ်မိတော့သည်....

Flash back end
~~~~~~~~~~~~~~~~

"မအိမ့်သက်ရယ် ဘာလို့အဲ့လိုလုပ်လိုက်တာလဲ"

"အစ်မ အခု ရင်ထဲရှင်းနေတယ် ရာရာ ကျေနပ်တယ် ထမ်းထားရတဲ့ တာဝန်တွေ လွတ်သွားသလိုပေါ့ပါးသွားတယ် အကောင်းဆုံးက မာမီကရာရာကို ကောင်းကောင်းမွန်မွန်ဆက်ဆံနေတယ်လေ မအိမ့်သက်အမျှော်လင့်ဆုံးကရာရာနဲ့မာမီအဆင်ပြေဖို့ပါ"

_
_
_
_

သတို့သမီးအသစ်လေးလို ခံစားချက်ကို ကိုကအစွမ်းကုန်ပေးထားတာမို့ ရင်ခုန်ကြည်နူးမှုကအဆပေါင်းများစွာ...
မင်္ဂလာ၀တ်စုံအထိ ရာရာစိတ်ကြိုက် ဖိတ်စာခန်းမ အပြင်အဆင်အားလုံးနှစ်ယောက်သားစိတ်တူကိုယ်တူပြင်ဆင်ကြကာပင်ပန်းပါသော်လည်း ပျော်ရွှင်ရတာမို့ ကျေနပ်နေမိတော့သည်.....

~~~~~~~~~~~~~~~~~~
မင်္ဂလာပွဲနဲ့ ဒုတိယမင်္ဂလာဦးညကတော့မနက်ဖြန်မှတင်ပေးမှမို့ ဒီမှာဒီနေ့ရပ်ထားမယ်နော်.....

ဆက်ရန်

Part 56
~~~~~~~~~~~~~~~
အပိုင်း(55)











_
_
_
_

"မမကြီး"



"ဒါဆိုသူတို့က"




"စတာကို အကိုကလည်း"

"ဒါနဲ့ပူစူးမရော"



"ဟယ် ဟုတ်လား"














_
_
_
_
"ရာရာ"






"ရှင် ဘယ်လိုလုပ်"



~~~~~~~~~~~~~~~~~
Flash back
💥💥💥💥💥💥


"ဘာလုပ်ဖို့လဲသား"













"ဘာကြောင့်လဲ"


"ဖြန်း"

"ဖြန်း"


"မာမီ"

"ဟင် အကို"













"တောက်"











Flash back end
~~~~~~~~~~~~~~~~



_
_
_
_


~~~~~~~~~~~~~~~~~~

ဆက်ရန်

Part 56

Continue Reading

You'll Also Like

665K 17.7K 31
ဒီFic လေးမရေးခင်ကတည်းက Character လေးတွေကိုတော့ တချို့reader လေးတွေအတွက်ရင်းနှီးပြီးသားဖြစ်နေမှာပါ ဟုတ်ပါတယ် Da Da နဲ့ခခပါ ❤️❤️❤️ Da Da နဲ့ခခကိုမျှော်...
805K 15.2K 44
'ငါ့ကိုလှည့်စားခဲ့တာအတွက် မင်းပြန်ပေးဆပ်ရမယ်ပန်းမုဒြာ တစ်နေ့ငါပြန်လာတဲ့အခါ ငါချစ်တဲ့မိန်းမယုတ်ကိုလဲကျိန်းသေအပြစ်ပေးမယ် ငါ့နှလုံးသားနဲ့ရေးတာကိုခြေနဲ့ဖ...
226K 37K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
250K 8.3K 31
Uni Life ကျောင်းသားဘဝ အချစ်ဇာတ်လမ်းကလေးပေါ့ မိဘကိုအရွဲ့တိုက်ပြီး တဇွတ်ထိုးလုပ်တတ်တဲ့ ဆိုးသွမ်းနေသောကောင်လေးတစ်ယောက်ဟာ မနေ့တစ်နေ့ကမှ လူချမ်းသာတွေသာ တက...