"သခင်လေးကမာနကြီးလွန်းတယ်"
Part- 20
For unicode
"သခင်လေးကိုသခင်မကြီးကဒီဆေးတိုက်တာသေချာရဲ့လား"
"အင်း"
သမားတော်ကြီးကသက်ပြင်းချသည်။ သူလည်းယောက်ျားလေးတစ်ယောက်ကိုသန္ဓေတားဆေးတွေတိုက်နေတယ်ဆိုတော့တော်တော်စဉ်းစားရခက်နေပုံပေါ်သည်။ ရှောင်းသခင်လေးကစစ်သူကြီးဝမ်နဲ့လက်ထပ်ထားတယ်ဆိုပေမယ့်ကိုယ်ဝန်ရသွားနိုင်တာမှမဟုတ်တာ..။
"ကိုယ်ဝန်...ကိုယ်ဝန်"
နောက်ဆုံးသမားတော်ကြီးမှတ်ဉာဏ်ထဲမှာလွန်ခဲ့တဲ့ဆယ့်ငါးနှစ်လောက်တုန်းကယောက်ျားလေးကိုယ်ဝန်ဆောင်တစ်ယောက်ကိုပြန်အမှတ်ရလာခဲ့၏။ သူလည်းသူ့မှာသားအိမ်ပါမှန်းမသိလို့ဗိုက်မှာအလုံးအကျိတ်ဖြစ်လာတယ်ဆိုပြီးလာပြခဲ့တာ။ မွေးတုန်းကတော့အတော်လေးခက်ခက်ခဲခဲမွေးလိုက်ရတယ်။ သူကတော့သမားတော်တစ်ယောက်မို့လူနာရဲ့ကိုယ်ရေးကိုယ်တာကိုအတတ်နိုင်ဆုံးလျှို့ဝှက်ပေးခဲ့တယ်..။
"သခင်လေး ကျွန်တော်စမ်းသပ်ကြည့်ပါရစေ"
"သမားတော်ကြီးကောင်းသလိုလုပ်ပါ"
သမားတော်ကြီးကသူ့သွေးခုန်နှုန်းကိုစမ်းသပ်ပြီးနောက်သူ့အကျီကိုအပေါ်လှန်တင်ခိုင်း၏။ ရှောင်းကျန့်ရှက်ရှက်နဲ့အကျီကိုရင်ဘက်အောက်နားအထိဖြေပေးလိုက်သည်။ ဝမ်ရိပေါ်မြင်ရင်တော့သေချာပေါက်ဒေါသထွက်နေလောက်မှာ။ ဝမ်ရိပေါ်ကအသေးအမွှားကအစသဝန်တိုလွန်းပါသည်။ ဉပမာသူ့ခြေထောက်ဖြူဖြူသွယ်သွယ်ကိုတောင်လူမြင်သွားမှာစိုးနေတာမျိုး။ အခုလိုမျိုးသူ့ဗိုက်နဲ့ခါးကိုလှန်ပြထားရတာမျိုးဆိုရင်ဘေးနားကမျက်နှာမဲမဲနဲ့သူ့ကိုကြည့်နေလိမ့်မယ်။ ရှောင်းကျန့်ခါးကပိန်သွယ်ပြီးဗိုက်ကချပ်ကပ်နေသည်။
သမားတော်ကဗိုက်ကိုစမ်းပြီးတာနဲ့ရှောင်းကျန့်ကအကျီကြိုးကိုပြန်ချည်လိုက်ကာကုတင်ပေါ်ကပြန်ထလိုက်၏။
"ဝမ်းသာစရာသတင်းပါသခင်လေး
သခင်လေးဗိုက်ထဲမှာ သန္ဓေတည်နေပါပြီ"
"ဘာ!"
ချောင်ချန်းကအလန့်တကြားရှောင်းကျန့်ကိုလှမ်းကြည့်သည်။ ရှောင်းကျန့်လည်းအံ့ဩလွန်းလို့ဘာပြောရမယ်မှန်းမသိတော့။
"မဖြစ်..မဖြစ်နိုင်ဘူး"
"ဟုတ်တယ် သမားတော်ကြီး
ကျွန်တော့်သခင်လေးကယောက်ျားလေးဗျ
ဘယ်လိုလုပ်ကိုယ်ဝန်ရှိနိုင်မှာလဲ
သမားတော်ကြီးပြန်စမ်းပေးပါဦး"
"သခင်လေးရဲ့ကိုယ်ခန္ဓာဖွဲ့စည်းပုံကိုသခင်လေးမိခင်သိလောက်ပါတယ်
အဲ့ဒါကြောင့်ဒီဆေးတိုက်ခဲ့တာပေါ့"
"မဖြစ်နိုင်ဘူး"
"ဒါဆိုကျွန်တော်မျိုးမေးပါမယ်
သခင်လေးအမေကဒီဆေးကိုဘယ်အသက်အရွယ်မှာစတိုက်ခဲ့တာလဲ
ဘာဖြစ်လို့တိုက်တာတဲ့လဲ"
"ကျွန်တော်..ကျွန်တော်၁၅နှစ်လောက်မှာ
သွေးဝမ်းသွားလို့ သမားတော်ပေးတဲ့အားဆေးဆိုပြီးတိုက်ခဲ့တာ"
"အဲ့ဒါပြီးတော့ရောသွေးဝမ်းသွားသေးလား"
"မသွားတော့ဘူး"
"အဲ့ဆေးကိုဘယ်နှစ်လထိသောက်ခဲ့တာလဲ"
"ငါး..ငါးလ"
ရှောင်းကျန့်မှတ်မိပါသေးတယ်။ သူလုံးဝကိုဆေးသောက်ဖို့ငြီးငွေ့သွားတဲ့အထိအဲ့ဆေးကိုသောက်ခဲ့ရတာ။ သူ့ကိုယ်ကဆေးနံ့တွေတောင်ရနေပြီလို့သူထင်ခဲ့တာ။
"ပြီးတော့သွေးဆင်းတာရှိခဲ့သေးလား"
" ရှိ ရှိတယ်..
ဆေးဖြတ်ပြီးတော့ငါးနှစ်အကြာမှာတစ်ခါသွေးဝမ်းသွားသေးတယ်
ပြီးတော့လွန်ခဲ့တဲ့၅လတုန်းက သူနဲ့လက်မထပ်ခင်တစ်ခါဖြစ်သေးတယ်"
(AN- ၁၅နှစ်မှာပထမကြိမ်ဆင်းတာပေါ့နော်၊အသက်နှစ်ဆယ်မှာတစ်ခါ အဲ့တုန်းကတော့ရိပေါ်ထွက်သွားပြီပေါ့နော် အခုရှောင်းကျန့်က၂၈နှစ်နား၊ရိပေါ်က၂၅နှစ်လောက်ပါ)
"ဆေးဆက်သောက်ဖြစ်သေးလား"
"အရင်တုန်းကသောက်ဖြစ်တယ် အရင်နှစ်တွေတုန်းကကျွန်တော်တို့ကုန်းကောက်စရာမရှိအောင်ဆင်းရဲသွားလို့အဲ့ဆေးမဝယ်နိုင်တော့ဘူး
ကျွန်တော်လည်းဆေးသောက်ရတာမကြိုက်ဘူး
ကျွန်တော့်ကိုယ်ကအားနည်းလာသလိုခံစားရတယ်
အဲ့တုန်းကအခန်းထဲမှာဘဲပုန်းနေဖြစ်တယ်
တစ်ရက်နှစ်ရက်နေသက်သာသွားလို့ကျွန်တော်လည်းစိတ်ချလက်ချနေလိုက်တာ"
"ကိုယ့်ဖြစ်တည်မှုကိုဆေးနဲ့ဖိနှိပ်ထားလို့ဆေးရဲ့ဘေးထွက်ဆိုးကျိုးထွက်လာတာ
ကံကောင်းတာကသားအိမ်ကလုံလုံလောက်လောက်ဖိနှိပ်မခံလိုက်ရလို့
ပြီးတော့သခင်လေးတို့ခဏခဏဆက်ဆံကြလို့မျိုးအောင်သွားတာဖြစ်မယ်"
ရှောင်းကျန့်မျက်နှာကရှက်လို့နီရဲသွားသည်။ သူတို့နေ့တိုင်းလိုလိုကိုဆက်ဆံဖြစ်ကြတယ် ဝမ်ရိပေါ်ကလည်းအချိန်တိုင်းသူ့အထဲမှာဘဲပြီးခဲ့တာ။ ဟိုတစ်လောကမှအထဲမှာမပြီးဖို့တောင်းပန်ထားရသေးတယ်။
"ကလေး ကလေးကအထဲမှာကြီးထွားလာမှာလား"
"ကလေးကဆက်ပြီးကြီးထွားလာလိမ့်မယ်
ကလေးကြီးထွားလာရင်သခင်လေးနေရခက်မယ်"
"ဟို လင်မယားအတူနေလို့ရလား"
ရှောင်းကျန့်ကမေးပြီးမှရှက်လို့ခေါင်းငုံ့သွားခဲ့၏။
"ပထမသုံးလမှာတော့လိင်ဆက်ဆံတာရှောင်ရင်ပိုကောင်းပါတယ်
ကျန်တဲ့လတွေမှာလိင်ဆက်ဆံတာကမွေးလမ်းကြောင်းကိုချဲ့ပေးရာလည်းရောက်ပါတယ်"
"ဟုတ်ကဲ့.."
ရှောင်းကျန့်နဲ့သမားတော်တို့ရှောင်ရန်ဆောင်ရန်တို့ကိုဆွေးနွေးဖြစ်ကြ၏။ ဘေးနားကချောင်ချန်းကလည်းအသေအချာလေးလိုက်မှတ်နေတယ်။ သူ့မှာသခင်လေးရဲ့သွေးသားကိုအခုကတည်းကချစ်လွန်းလို့မြန်မြန်မွေးလာစေချင်ပြီ။
ရှောင်းကျန့်တို့ပြန်လာကြတော့ရှောင်းကျန့်မျက်နှာကနည်းနည်းတွေဝေလာတယ်။ သူ့ရင်ထဲမှာစိုးရိမ်ထိတ်လန့်စိတ်တွေတိုးဝှေ့လို့ငိုချင်စိတ်တွေဖြစ်လာ၏။
"သခင်လေး! ဘယ်နားကနာလို့လဲ"
"ငါတို့နောက်ကနောက်ယောင်ခံလိုက်နေတဲ့အငွေ့အသက်ရလားချောင်ချန်း"
"ဟင့်အင်း"
ရှောင်းကျန့်ကမျက်တောင်တွေကိုပုတ်ခပ်လိုက်ပြီးခေါင်းပြန်မော့၏။ ဝမ်ရိပေါ်ကသူရှင်းပြတာကိုတောင်လက်မခံဘဲသူ့ကိုစွန့်ပစ်ရဲတယ်ပေါ့။ အရင်ဆိုသူ့နောက်မှာတစ်ယောက်ယောက်စောင့်ကြည့်နေတာသူသိသည်။ ဒီတစ်ရက်နှစ်ရက်အတွင်းမှာဝမ်ရိပေါ်ပြန်မလာလို့သူကောင်းကောင်းတောင်အိပ်မပျော်ပါ။ သူ့အမေနဲ့ယောက်ျားကြားမှာသူဘယ်လောက်တောင်မွန်းကျပ်လဲသူသာအသိဆုံး။ ဒီနေ့မားဘာကြောင့်အဲ့ဆေးတိုက်ခဲ့လဲသူနားလည်သွားခဲ့ပြီ။ သူ့မားကိုသူအပြစ်မတင်ရက်ပါ။ မားမှာသူဘဲရှိတော့တယ်။ သူတစ်ခုခုဖြစ်ရင်မားဘယ်လိုမှခံနိုင်မှာမဟုတ်တော့ဘူး..။
အဲ့နေ့ကဝမ်ရိပေါ်ကိုမပြောရက်ဘူး။ မားနဲ့သူကအစတည်းကဆက်ဆံရေးအဆင်မပြေကြတာ။ ဒီကိစ္စကြောင့်သူ့ကိုမားအပေါ်မှာမကောင်းမမြင်စေချင်တော့ဘူး။
ရှောင်းကျန့်ကဝမ်ရိပေါ်အိမ်မလာလို့စစ်ရေးလေ့ကျင့်စခန်းကိုချောင်ချန်းနဲ့နှစ်ယောက်သားထွက်လာခဲ့ကြသည်။ သူတို့ဟိုရောက်တော့အစောင့်တွေကဝင်ခွင့်မပေး။ အချိန်ကတော်တော်လင့်နေပြီဆိုပေမယ့်မီးတုတ်တွေထွန်းထားလို့စခန်းမှာတော့လင်းထိန်နေသည်။ သူမြင်ရသလောက်အထဲမှာတစ်ချို့ကနားနေကြပြီးတစ်ချို့ကလေ့ကျင့်ရေးဆင်းနေရသည်။
"ရှောင်းကျန့်လာတယ်ဆိုပြီးမင်းတို့စစ်သူကြီးကိုပြောပေးပါလားဟင်
သူနဲ့တွေ့ရမှာဖြစ်မှာမို့ပါ.."
"အခုစစ်သူကြီးကဘယ်သူနဲ့မှအတွေ့မခံပါဘူး
ပြီးတော့လေ့ကျင့်ရေးကွင်းထဲသူစိမ်းတွေဝင်ခွင့်ပေးလို့မရဘူး"
"ဘာလို့မရရမှာလဲ သူကစစ်သူကြီးကတော်ကွ"
ချောင်ချန်းကဒေါသထွက်လာလို့အစောင့်ကိုအော်၏။
"စစ်သူကြီးကိုယ်တိုင်ကမှာထားလို့ပါ"
ထိုစဉ်ရှောင်းကျန့်မျက်လုံးထောင့်ကနေဝူယွဲ့ကိုလှမ်းမြင်လိုက်၏။ ဝူယွဲ့ကရိပေါ်ရဲ့သွေးသောက်ညီအစ်ကိုကောင်း။ သူ့ကိုလာယူတုန်းကလည်းပါလာသေးတယ်။
"ဝူယွဲ့ ဝူယွဲ့!!"
ဝူယွဲ့ကသူ့နာမည်ခေါ်သံကြားလို့လှည့်ကြည့်လာ၏။ သူ့ကိုမြင်တော့အံဩသွားပုံရပြီးသူ့ဆီလှမ်းလာခဲ့၏။
"မရီး! အချိန်မတော်ဒီကိုဘာလာလုပ်တာလဲ"
"ဝူယွဲ့ ငါမင်းတို့စစ်သူကြီးနဲ့တွေ့ချင်လို့"
"ဝင်ခွင့်ပေးလိုက်!"
ဝူယွဲ့ဆီကအမိန့်ရတာနဲ့အစောင့်တွေကလမ်းဖယ်ပေးလာ၏။ ရှောင်းကျန့်ကဝူယွဲ့နောက်ကလိုက်ခဲ့ရင်းစခန်းကိုလေ့လာကြည့်၏။ အပြင်ကကြည့်ရင်သိပ်မကြီးသလိုထင်ရပေမယ့်အထဲမှာတော့ရာထူးအနိမ့်အမြင့်အလိုက် သူတို့တွေအတွက်သပ်သပ်အဆောင်ပေးထား၏။
"မရီး ဟိုးရှေ့မှာမြင်နေရတဲ့အဆောင်ကစစ်သူကြီးအဆောင်ဘဲ
ကျွန်တော့်အချိန်ပါသေးလို့လေ့ကျင့်ဖို့သွားရဦးမယ်"
"ကျေးဇူးပါနော် ဝူယွဲ့"
"ရပါတယ်ဗျာ"
ဝူယွဲ့ထွက်သွားတာနဲ့ရှောင်းကျန့်တို့ရိပေါ်အဆောင်နားကိုလာခဲ့ကြ၏။ ရိပေါ်အဆောင်နားမှာအစောင့်တော့မရှိ။ အကုန်သူလေ့ကျင့်ရေးဆင်းနေရပုံပေါ်သည်။
"အား ရှစ်!!"
"အင့် ဖြည်း..ဖြည်း ဟင့်"
တံခါးနားကနေမသေးကွဲတဲ့အသံကြောင့်ရှောင်းကျန့်မျက်နှာပျက်သွား၏။ ချောင်ချန်းကတော့သူ့ဘာသူတောင်အူကြောင်ကြောင်ဖြစ်နေလို့သူ့လိုမကြား။
ဖပ်..ဖပ်..ဖပ်
ရှောင်းကျန့်ကနားပါးလို့အထဲကညစ်ညမ်းစိုစွတ်တဲ့အသံကိုအတိုင်းသားကြားနေရ၏။ တံခါးကိုကိုင်ထားတဲ့သူ့လက်တွေကတဆက်ဆက်တုန်ယင်လာတယ်။ သူ့အသိစိတ်တွေကဖွင့်မကြည့်ဖို့တားပေမယ့်သူ့လက်တွေကတံခါးကိုအသာဟလို့အထဲကိုဝေ့ကြည့်ပြီးနေပြီ။ အောက်ကလူကိုလိုက်ကာစကွယ်နေလို့သေချာမမြင်ရပေမယ့်အပေါ်ကအသားဖြူဖြူခါးသွယ်သွယ်နဲ့ကောင်လေးကတော့အပေါ်ကနေမီးကုန်ယမ်းကုန်လှုပ်ခါနေတယ်။
ရှောင်းကျန့်ဆက်မကြည့်နိုင်တော့။ အံတင်းတင်းကြိတ်လို့သူပြေးနိုင်သမျှအမြန်နှုန်းနဲ့ပြေးတယ်။ ချောင်ချန်းကလည်းအရိပ်အကဲနားလည်သူမို့သခင်လေးနောက်ကိုအမြန်ပြေးလိုက်၏။ ရှောင်းကျန့်မျက်လုံးထဲမှာမျက်ရည်တွေနဲ့ပြည့်နေသည်မို့အရှေ့ကလူတွေကိုမမြင်။ သူများကိုဝင်တိုက်ပြီးကိုယ့်ဘာကိုယ်မြေပြင်ပေါ်လဲကျ၏။
"ဘာလဲဟ"
"တောင်းပန်ပါတယ်ဗျာ ကျွန်တော့်သခင်လေးကိုယ်စားကျွန်တော်တောင်းပန်ပါတယ်"
ရှောင်းကျန့်ကဆို့နေလို့ဘာစကားမှတောင်မပြောနိုင်တော့။ ဝမ်ရိပေါ်အကြိုက်ဆုံးပုံစံ၊သူ့မလုပ်ရဲတဲ့ပုံစံမျိုးနဲ့ဝမ်ရိပေါ်ကတစ်ခြားတစ်ယောက်ကိုဆက်ဆံနေတယ်။ အဲ့ဒါကြောင့်အိမ်မလာနိုင်တာပေါ့။ သူ့ကွယ်ရာမှာဝမ်ရိပေါ်ကတခြားတစ်ယောက်နဲ့ရှိနေတယ်။ ရှောင်းကျန့်ကအကျီစကိုဆုပ်ကိုင်လို့အံတင်းတင်းကျိတ်၏။ ရှောင်းကျန့်တင်းခံထားလေလေသူ့ရင်ထဲမှာမွန်းလာလေ။ သူအသက်ရှူတာတောင်မဝချင်တော့။
ချောင်ချန်းကတောင်းပန်စကားဆိုပြီးတာနဲ့ရှောင်းကျန့်ကိုတွဲကူ၏။
"သခင်လေး တင်းခံမထားနဲ့
ငိုချင်ငိုချလိုက်!"
"ငါ့ကိုဒီနေရာကခေါ်သွား အမြန်!"
ချောင်ချန်းကအတော်တော့အားကိုးရသည်။ ရှောင်းကျန့်ကမြင်းလှည်းထဲရောက်မှအားရအောင်ငို၏။ ချောင်ချန်းကလည်းအထဲကငိုသံကြားပေမယ့်မသိသလိုဟန်ဆောင်ထားရတယ်။ မြင်းကိုအသာကြာပွတ်နဲ့ရိုက်လို့သခင်လေးအားရအောင်ငိုပြီးတဲ့အထိမြို့ပြင်မှာရပ်ပေးထား၏။
မြင်းလှည်းထဲကငိုရှိုက်သံရပ်သွားပြီးမှချောင်ချန်းကအိမ်တော်ကိုပြန်မောင်းလာခဲ့တယ်။ အိမ်တော်ရောက်တော့စိတ်ပူနေရှာတဲ့သခင်မကြီးကိုအကျိုးအကြောင်းရှင်းပြပြီးထိန်ချန်ထားသင့်တာကိုတော့သူသေချာပေါက်ပြောမှာမဟုတ်ပေ။
"သခင်လေး ထတော့
ကျွန်တော်တို့ရောက်ပြီ"
"အင်း အင်း"
ရှောင်းကျန့်ကမြင်းလှည်းထဲကနေထွက်လာ၏။ သု့မျက်နှာကငိုထားလို့မျက်လုံးတွေကရဲတွက်နေတယ်။ သူ့ကခေါင်းငုံ့ပြီးသူ့အိပ်ဆောင်ဆီကိုဘဲထွက်လာလိုက်၏။
"ဘယ်ကပြန်လာတာလဲ"
သူအခန်းတံခါးဖွင့်လိုက်တော့ကုတင်ပေါ်မှာဝမ်ရိပေါ်ကဆံထိုးလေးကိုကိုင်ပြီးထိုင်နေ၏။ ဝမ်ရိပေါ်မျက်နှာကအရင်နေ့တုန်းကနဲ့မတူဘဲနည်းနည်းပြုံးယောင်သန်းနေတယ်။
"ဆံထိုးအတု အံဆွဲထဲကပြန်တွေ့တာ"
"......."
"ခင်များဆက်ပြီးပြန်သိမ်းထားတာလား
အဲ့တုန်းကပြောတော့သဘောမကျဘူးဆို"
"......"
ရှောင်းကျန့်ကစကားပြန်မပြောတာကြောင့်ဝမ်ရိပေါ်ကအလိုမကျဖြစ်သွား၏။
"ရှောင်းကျန့် ခင်များကျုပ်ဆီရောက်လာသေးတယ်ဆို
အဲ့ဒါကြောင့်ကျုပ်လိုက်လာတာ
ကျုပ်ရောက်တော့လည်းခင်များမတွေ့ဘူး
ဒီအချိန်အထိဘယ်တွေလျှောက်သွားနေတာလဲ"
ရှောင်းကျန့်ကစကားပြန်မပြောဘဲဝမ်ရိပေါ်ကိုကျောခိုင်းပြီးအိပ်၏။ ဒါပေမယ့်မျက်လုံးမှိတ်ထားတာတောင်သူ့မျက်ရည်တွေစီးကျလာခဲ့တယ်။ သူ့ကိုယ်သူဘယ်လိုမှမထိန်းထားနိုင်တော့ဘဲရှိုက်သံသဲ့သဲ့လေးတောင်ထွက်လာခဲ့သည်။
"အင့် ဟင့်"
"ရှောင်းကျန့် ခင်များဘာဖြစ်လာတာလဲ
ခင်များကိုဘယ်သူဘာလုပ်လိုက်တာလဲ!!"
ဝမ်ရိပေါ်ကရှောင်းကျန့်ကိုရင်ခွင်ထဲသွင်းပြီးစိုးရိမ်တကြီးမေးတော့ရှောင်းကျန့်ကဝမ်ရိပေါ်လက်ထဲကအတင်းရုန်း၏။
"ကျုပ်ကိုစိတ်ဆိုးနေတာလား!
အဲ့နေ့ကကျုပ်နည်းနည်းဒေါသထွက်သွားလို့
ဒါပေမယ့်ကျုပ်မှားတာမဟုတ်ဘူးလေ"
ရှောင်းကျန့်ကရုန်းလေ ဝမ်ရိပေါ်ကပိုတိုးဖက်လာသည်။ ရှောင်းကျန့်ကဝမ်ရိပေါ်လက်ထဲကမလွတ်မြောက်နိုင်တော့ငိုကျွေးဖို့သာတတ်နိုင်တော့သည်။
"ကွာရှင်းကြမယ်!"
"ဘာ!! ရှောင်းကျန့်ခင်များဘာပြောတယ်"
"ကွာရှင်းမယ် ကွာရှင်းမယ်လို့!!"
(1.5.22)
နည်းနည်းတိုသွားတယ်။ ficဆိုတာက ချိုတစ်လှည့်ခါးတစ်လှည့်..😆
နောက်ပိုင်းစောင့်ဦးနော်..ရမ်းမဆဲကြနဲ့ဦး😝 ybနဲ့ကိုယ်အဆဲခံရမှာကြောက်လို့
..............................
Part- 20
For zawgyi
"အင်း"
"ကိုယ်ဝန်...ကိုယ်ဝန်"
သခင်လေးဗိုက်ထဲမှာ သန္ဓတေည်နေပါပြီ"
"ဘာ!"
"မဖြစ်..မဖြစ်နိုင်ဘူး"
"ဟုတ်တယ် သမားတော်ကြီး
"မဖြစ်နိုင်ဘူး"
"မသွားတော့ဘူး"
"ငါး..ငါးလ"
" ရှိ ရှိတယ်..
"ဟုတ်ကဲ့.."
"ဟင့်အင်း"
"ဝူယွဲ့ ဝူယွဲ့!!"
"ဝင်ခွင့်ပေးလိုက်!"
"ကျေးဇူးပါနော် ဝူယွဲ့"
"ရပါတယ်ဗျာ"
"အား ရှစ်!!"
"အင့် ဖြည်း..ဖြည်း ဟင့်"
ဖပ်..ဖပ်..ဖပ်
"ဘာလဲဟ"
ငိုချင်ငိုချလိုက်!"
"သခင်လေး ထတော့
"အင်း အင်း"
"ဘယ်ကပြန်လာတာလဲ"
"......."
"......"
"အင့် ဟင့်"
"ကွာရှင်းကြမယ်!"
(1.5.22)
..............................