ငါ့ခင်ပွန်းကဆိုးသွမ်းတဲ့ဧကရာဇ...

By May-MaRin-Kha2002

29.8K 2.3K 58

ဒါဆိုသူကနတ်ဘုရားကရွေးချယ်ပေးထားတဲ့ ကျွန်တော့်ခင်ပွန်းပေါ့!! ဒါဆိုသူကနတ်ဘုရားကရွေးချယ်ပေးထားတဲ့ ကျွန်တော့်ခင်ပ... More

(၁) Z/U
(၂) Z/U
(၃) Z/U
(၄)Z/U
(၅)Z/U
(၆)Z/U
(၇)Z/U
(၈)Z/U
(၉)Z/U
(၁၀)Z/U
(၁၁)Z/U
(၁၂) Z/U
(၁၃)Z/U
(၁၄)Z/U
(၁၅)Z/U
(၁၆)Z/U
(၁၇) Z/U
(၁၈)Z/U
(၁၉)Z/U
(၂၀) Z/U
(၂၁)Z/U
(၂၂)Z/U
(၂၃)Z/U
(၂၄) Z/U
(၂၅) Z/U
(၂၆)Z/U
(၂၇) Z/U
(၂၈) Z/U
(၂၉) Z/U
(၃၁)Z/U
(၃၂)Z/U
(၃၃)Z/U
(၃၄)Z/U
(၃၅) Z/U
(၃၆)ဇာတ်သိမ်းပိုင်း Z/U

(၃၀) Z/U

604 49 0
By May-MaRin-Kha2002

Zawgyi
_______








ဟင် !






















TBC....


Unicode
________

ရှဲ့ဟန်ဟာသိခဲ့ရသည့်ရှောင်းဟုန်ရဲ့အကြောင်းကိုလဲဘာတစ်ခွန်းမှမဟခဲ့ပေ။ ရှောင်းဟုန်ကတော့အရင်လိုပင်နန်းဆောင်ကိုသန့်ရှင်းရေးလုပ်လိုက်အပင်အောက်မှာတံမြတ်စည်းလှည်းလျက်ပင် ဘယ်သူကမှလဲ အရေးလုပ်ပြီးအနိုင်ကျင့်မဲ့မရှိသလိုရှောင်းဟုန်ကလဲအေးအေးဆေးဆေးပင်။အားရင်မိန်စီးနှင့်စကားပြောရင်းရယ်မောနေလိုက်သည်။မိန်စီးဟာ သူ့အဘွားရဲ့ ဆွေကင်းမျိုးမကင်းဖြစ်ပြီး အဘွားကသူ့အတွက် စောင့်ရှောက်ဖို့လွှတ်လိုက်သည့်လူဆိုတာသိလိုက်ရသည့်အချိန်တုန်းကဆိုရှောင်းဟုန်အံ့ဩပြီးဝမ်းသာခဲ့ရသေးသည်အဘွားကသူ့အပေါ်ဒီလောက်ဂရုစိုက် ပေးခဲ့တာသူတောင်မသိခဲ့ရဘူးမှတ်လား...

"မိန်စီး ကြင်ယာတော်လေးကိုမေးစရာရှိသေးတယ်မေးမယ်မေးမယ်နဲ့မမေးဖြစ်ဘူး"

သူ့ကိုကြင်ယာတော်လို့ဆက်မခေါ်ဖို့ပြောထားသည့်တိုင်အောင် မိန်စီးကပြောမရပဲ ဆက်ခေါ်နေသေးသည်။တော်သေးသည်ဒီနေရာကလူသူအရောက်အပေါက်မရှိ ကြသည်မို့သာတော်တော့သည်။

"ကြင်ယာတော် နန်းတော်ကနေနှင်ထုတ်ခံရတာတကယ်ပဲဘာအပြစ်နဲ့လဲဟင် အဲ့တုန်းကဖြစ်ပျက်ခဲ့တာတွေလဲများတော့မိန်စီးဘာနစ်ခုမှသေသေချာချာမသိလိုက်ရဘူး"

မျက်လုံးမှတ်တုတ်မှိတ်တုတ်လုပ်ကာမေးနေသည့်မိန်စီးရဲ့အဖြေကိုရှောင်းဟုန်ကသက်ပြင်းချကာဖြေလိုက်သည်။

"အဲ့နေ့ကအရှင့်ကိုကျွေးတဲ့ဆန်ပြုတ်ထဲအဆိပ်ပါလို့တဲ့လေ "

"ဆန်ပြုတ်ထဲမှာပါတယ် မဖြစ်နိုင်တာမိန်စီးကိုယ်တိုင်မြည်းကြည့်လိုက်တာ"

ဟင် !

"ဟိုမိန်စီးအရှင်စားမဲ့ပန်းကန်ထဲကမနှိုက်ပါဘူး မိန်စီးက ကြင်ယာတော်ပန်းကန်ထဲထည့်ပြီးမှမိန်စီးအိုးထဲကယူစားခဲ့တာပါ ဘာအဆိပ်မှမရှိပါဘူး"

ရှောင်းဟုန်က အံ့ဩတကြီးနဲ့ကြည့်လိုက်တော့ သူ့ကိုအပြစ်တင်မှာစိုး၍လက်ကိုခါကာပြောနေတော့သည်။

"ရှောင်းဟုန်မိန်စီးကိုအပြစ်မတင်ပါဘူး"

မိန်စီးထိုနေ့ကအဖြစ်အပျက်တွေကိုပြန်စဉ်းစားလိုက်သည်။ထိုနေ့က မိန်စီးကြင်ယာတော်နောက်လိုက်ကာဆန်ပြုတ်ကြိုပြီးသည့်အချိန်ထိဘေးနားရှိနေခဲ့သည်။ချက်ပြုတ်လို့ပြီးတော့မှ ကြင်ယာတော်ရှောင်းဟုန်အရှင့်အတွက်ဆိုပြီး တစ်ပန်းကန်ခွဲဝေပေးထားသည်ကိုမိန်စီးက သယ်ပေးရမည်ဖြစ်သည်။ကြင်ယာတော်ကမီးဖိုနားမှာနေရတာ ကြောင့်ချွေးပျံပြီးချွေးနံ့တွေနှင့်မို့ အရင်သွားသန့်ရှင်းခိုင်းလိုက်ပြီး မိန်စီးကပဲထိုဆန်ပြုတ်ကိုပန်းကန်ထဲထည့်ခဲ့ပြီး ဇွန်းကိုသေချာဘေးနားထည့်ကာသယ်ခဲ့သည်။ အရင်ဆုံးကြင်ယာတော်နန်းဆောင်ဆီသွားဖို့လုပ်တော့ အစေခံမလေးတစ်ယောက်နဲ့တိုက်မိပြီး ကိုင်ထားသည့်ဗန်းပေါ်က သစ်သားဇွန်းလေးဟာအောက်ကိုပြုတ်ကျသွားတော့သည်။

"မိန်စီးသိပြီသေချာပေါက်အဲ့အစေခံပဲဖြစ်ရမယ် သူမိန်စီးကိုတမင်ဝင်တိုက်ပြီးဇွန်းကို ပြုတ်ကျစေခဲ့တာပြီးတော့ ကြောက်လန့်တကြားနဲ့ဇွန်းကိုအမြန်သွားယူတဲ့ပုံစံနဲ့ ဇွန်းကိုယူလာပြီး ဇွန်းမှာအဆိပ်သုတ်ထားခဲ့တာပဲမြေခွေးလိုမိန်းမ"

မိန်စီးရဲ့ထင်မြင်ချက်တွေက တကယ်ကိုအမှန်ပင်။
ထိုနေ့ကအစေခံမလေးဟာတမင်ဇွန်းကိုပြုတ်ကျအောင် လုပ်ခဲ့ပြီး ဇွန်းအသစ်မှာ သူအဆိပ်တွေသုတ်လိမ်းထားခဲ့တာပင်။ဘာဖြစ်ဖြစ် ပန်းကန်ကိုမျက်စိရှေ့ကနေအပျောက်မခံတဲ့သူတို့အတွက်ဒီနည်းလမ်းကသာအသုံးဝင်မည်မှတ်လား။

"ဒါဆိုသူ့မျက်နှာကိုမှတ်မိလားမိန်စီး"

"သေချာပေါက်ပဲပေါ့ မိန်စီးတို့အတူအစေခံတွေထဲမှာရှာကြတာပေါ့ "

"အင်း ရှောင်းဟုန်မလုပ်ခဲ့တဲ့အရာတွေအတွက်ခံစားခဲ့ရတာတွေပြန်ပေးဆပ်ခိုင်းမယ်"

"သေချာပေါက်မိန်စီးတို့ဖြေရှင်းနိုင်မှာပါ"

ဒီလိုနဲ့ရှောင်းဟုန်နဲ့မိန်စီးဟာလွန်ခဲ့တဲ့၁၀နှစ်ကျော်က သူတို့ကိုချောက်ချခဲ့တဲ့အစေခံမလေးကိုရှာဖွေနေကြတော့သည်။

တစ်ရက်မှာတော့ ထျန်မျိုးရိုးတွေ နန်းတော်ထဲဝင်ပြီးအရှင့်ကိုဂါဝရလာပြုကြတာနှင့်ဆုံကြသည်။နန်းဆောင်ကလွဲပြီးတခြားနေရာမသွားသည့်ရှောင်းဟုန်ကတော့ထိုကိစ္စကိုစိတ်ဝင်စားမနေပါဒါပေမဲ့မိန်စီးကအမောတကောနဲ့ပြေးလာပြီးရှောင်းဟုန်ကိုစကားပြောဖို့လုပ်နေပေမဲ့မောဟိုက်နေတဲ့သူ့ပုံစံကြောင့်ဘာစကားမှမပြောနိုင်သေးပါ။

"အသက်ကိုဖြေးဖြေးရှုပါမိန်စီးရယ်ဘာတွေဖြစ်နေတာလဲ"

ရှောင်းဟုန်အတန်ကြာဝင်လေထွက်လေမှတ်ခိုင်းမှမိန်စီး ဆီကစကားသံထွက်လာသည်။

"မိန်စီးခနကဂါဝရပြုတဲ့လူတွေလာတော့ သွားကြည့်တာအဲ့မှာလေ ဟိုမြေခွေးမ ကိုတွေ့လိုက်ရတယ်"

"ဘယ်လို ဟိုရှောင်းဟုန်တို့ကို ချောက်ချတဲ့တစ်ယောက်ဆိုတာလား"

"ဟုတ်တယ်လုံးဝမမှားဘူးသူမှသူအစစ် သူ့ပုံစံကတစ်ခါန
မှအမြင့်ကိုမရောက်ဖူးတော့နည်းနည်းတော့ဘဝင်မြင့်ချင်နေတယ် "

"ကောင်းပြီလေ သူဟုတ်မဟုတ်စမ်းသပ်ရတာပေါ့ "

ရှောင်းဟုန်နဲ့မိန်စီးထိုကောင်မလေးကိုရှာရန်ထွက်သွားကြတော့သည်။တစ်နေရာအရောက်မှာ အစေခံတွေကိုအော်ငေါက်နေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရသည်။

"ဒီလောက်နှစ်တွေကြာတာတောင်မင်းတို့ကဒီလိုနိမ့်ကျတဲ့ အစေခံဘဝကနေမပြောင်းသေးဘူးလား"

မဲ့ရွဲ့ကာအထင်သေးသလိုပြောဆိုနေတဲ့သူမကိုအစေခံမလေးတွေဘာမှပြန်မပြောရဲ။အရင်ကသာအစေခံချင်းတူတာ အခုသူမကချမ်းသာတဲ့အိမ်တော်တစ်ခုရဲ့ချွေးမဖြစ်နေပြီလေ။
ဘယ်လိုကနေကနေဘယ်လိုဒီလိုပြောင်းလဲသွားလဲဆိုတာ ဘယ်သူမှမခန့်မှန်းမိကြပါထိုကိစ္စကိုသူမကိုယ်တိုင်သာသိလိမ့်မည်ဖြစ်သည်။

TBC....

Ficအသစ်အတွက်အာရုံတွေစားနေတယ်ဘာဘီတို့ရေးဖို့စိတ်အားထက်သန်နေပေမယ့် ကိုယ်က seme  မိခင်ကြီးဆိုတော့ မျက်နှာတအားလိုက်သလိုဖြစ်နေတယ် 👀
ရေးဖို့လက်တွန့်နေတုန်းပါ
ဒီတစ်ပုဒ်၃၀မကျော်ဘူးပြောထားတာကျော်သွားပြီ အမြန်ဖြတ်တော့မယ်နော်စိတ်မရှည်တော့ဘူး:((

Continue Reading

You'll Also Like

104K 16K 20
Human & merman love story
42.7K 2.7K 41
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
Blue 💙 By 💙

Short Story

124K 22.5K 23
[ Blue] ချစ်တယ်နော် ငြင်းပါတယ်ခင်ဗျ [ 👤 ]
COTAW(2) By Blueberry

Historical Fiction

137K 24.9K 121
Book1က wallထဲမှာရှိပါတယ်နော်