The Dominant Boss (Myanmar Tr...

xena-bb tarafından

181K 31.5K 702

Original Title - Jubo (巨擘) (The Dominant Boss) Author - Yin Ya (尹琊) Status in COO - 341 chapters + 23 special... Daha Fazla

Description
1. Deed of the Land
2. ပါ့ပါးဝမ်နှင့်မားမားဝမ်
3. Developers
4. ဝမ်မိသားစု
5. ဝမ်၏ပြဿနာများ
6. ဟွားယင် အိမ်ခြံမြေရောင်းဝယ်ရေးကုမ္မဏီ
7. ဘုရားကျောင်းကို ဖြိုမချသင့်ဘူး
8. ဒုတိယအစ်ကိုက ခန့်ချောကြီး
9. The Loafer Type
10. ဥက္ကဌချူး
11. ကျွမ်းကျင်သူတဲ့လား
12. ဆိုင်ကိုဖျက်စီး
13. ဦးလေးကျန်း
14. အိမ်ပြောင်းရွှေ့ခြင်း
15. ပထမဆုံးနေ့
16. ဖြစ်လာသည့် ကံကြမ္မာကိုတားဆီးလို့မရနိုင်ဘူး
17. အလုပ်သို့သွားခြင်း
18. အစ်ကိုကြီး ဝမ်နဥ်အန်း
19. ဥက္ကဌရောက်ရှိလာခြင်း
20. လက်ချင်းတွဲလျှက်
21. ဥက္ကဌရဲ့ဝက်
22. သီးခြားဖြစ်သော အဆင့်အတန်း
23. ရုပ်ချောတဲ့ကောင်လေးကလည်း သူခိုးတစ်ယောက်ဖြစ်နေနိုင်ပါတယ်
24. ကံစီမံရာအတိုင်း (ရေစက်ပါသည်)
25. ပါဝင်ပစ္စည်းအနည်းငယ်ငှားရမ်း၍ချက်ပြုတ်ခြင်း
26. ဘူဖေး
27. လူကြိုက်များသော
28. ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အမှတ်အများဆုံးရရှိသူ
29. ငွေလွှဲခြင်း
30. Gifts and Goals
31.ဉာဏ်ရည်နိမ့်ပါးလွန်းတယ်
32. The Second-in-Command
33. အခွင့်အလမ်းတစ်ခု၏ အကျိုးရလဒ်အားရယူခြင်း
34. လိုင်စင်နှစ်ခု
35. အမြန်ချောပို့နှင့်ကိစ္စကြီးတစ်ခု
36. ဂျင်းဟာရင့်လာသည်နှင့်အမျှ အနံ့ပိုပြင်းလာတတ်၏
37. တစ်စုံတစ်ယောက်၏ညစာဖိတ်ကျွေးမှု
38. ပလေးဘွိုင်း ရှန်ယွမ်
39. အစ်ကိုကြီးအိမ်ပြန်ရောက်လာပြီ
40.တခြားသူဆီက အကူအညီယူရတော့မည်
41. သဘာဝ
42. ချွတ်ခြုံကျခြင်း
43. ရည်းစား
44. တကြော့ပြန် ရည်းစာဟောင်း
46. အသိမိတ်ဆွေနှင့်အတူ ထွက်ခွာခြင်း
47. လူသစ်များ
48. ဆရာ
49. သင်တန်းကြေးပေးတာ အလကားမဟုတ်
50. ယာဉ်မောင်း လေ့ကျင့်ခန်းများ၏ အရေးမပါလှမှုများ
51. သာမန်မဟုတ်သော ဆက်ဆံရေး
52. The Bar
53. ရှန်ပိန် ပြိုင်သောက်ခြင်း
54. အမှတ်မထင်
55. ထွက်ခွာခြင်း
56. မြို့တော်သို့ရောက်ရှိလာခြင်း
57. ဝင်ခွင့်
58: လူမှားခြင်း
59. Past Events
60: လေဆိပ်တွင်း တွေ့ဆုံမှု
61. အတန်းဖော်ဟောင်း

45. ရင်းနီးခဲ့မှုများနှင့် အတိတ်ကာလ

1.4K 408 24
xena-bb tarafından

[Unicode]

"ဘော့စ် ဒီမှာ ကျွန်တော့်အစ်ကို အတွက်ယာဂုချက်တာ အများကြီးကျန်သေးလို့။ အဲ့တာ ဘော့စ် ညလည်စာဘာမှ မစားရသေးဘူးမလား။ ဒါက ကြာစေ့ ယာဂုကို နှင်းပန်းပွင့်နဲ့လုပ်ထားတာ။ နောက်ကျတဲ့အထိနေတဲ့သူတွေ ဒါကို စားကြတယ်၊ ခန္ဓာကိုယ်အတွက်ကောင်းတယ်တဲ့။"

ဝမ်ချန်း သူ့ဟာသူပဲ မီးဖိုချောင်ထဲသို့ပြေးဝင်သွားပြီး ပန်းကန်နှင့် ဇွန်းကို ယူကာ အငွေ့တစ်ထောင်းထောင်းထနေသော ယာဂုကို ပန်းကန်ထဲသို့ ထည့်လိုက်သည်။ အနံ့အရတော့ စားချင်စဖွယ်ဖြစ်နေတုန်းပင်။

သူရောက်လာတာကိုမြင်သည့်တိုင် ချူရိဖုန်း မအံ့ဩပေ။ ဒီလူ၏ အပြုအမူများမှာ အခြားသာမန်လူများနှင့်မတူ အမြဲကွဲပြားနေပြီး ၎င်းတို့ကို သွား၍နှိုင်းယှဉ်ရန်မဖြစ်နိုင်ချေ။

ချူရိဖုန်းထိုင်လိုက်ပြီးနောက် ဝမ်ချန်း ပန်းကန်ကိုသူ့လက်ထဲသို့ ချက်ချင်းပဲ ထည့်ပေးလိုက်၏။ ချူရိဖုန်းလည်း အိုက်တင်ခံမနေတော့ပဲ တစ်ချက်မြည်းကာ သူပြင်ပေးသမျှကို အကုန်စားပစ်လိုက်သည်။ ဝမ်ချန်းဟာ သူ့အချက်အပြုတ်ပညာကို ယုံကြည်ပြီးသားဖြစ်သည်။

သူစားလို့ပြီးသည့်နောက် ဝမ်ချန်းက နောက်ထပ်ထည့်ပေးရန်လုပ်သော်လည်း ချူရိဖုန်းက တားလိုက်၏။ ချုရိဖုန်းက သူ့ခြေထောက်ရှည်ကြီးကို ချိတ်ကာထိုင်လိုက်သည်။ ဝမ်ချန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။

"ပြောလေ၊ ဘာကိစ္စရှိလို့လဲ။"

ဝမ်ချန်း မပြောပဲ မနေနိုင်ပေ။ ချုရိဖုန်းက သူ့အကြောင်းကို ကောင်းကောင်းသိသည်။ အကြောင်းမရှိပဲနှင့်တော့ မည်သူမှ ဘုရားကျောင်းကို မသွားပေ။ ဝမ်ချန်းဟာထိုကဲ့သို့သော လူမျိုးပင်ဖြစ်သည်။

"ဘော့စ် ခင်များက တစ်ကယ်တော်တာပဲ။ နောက်ပိုင်းကျရင်လည်း အလုပ်သွား အလုပ်ပြန်မှာ ဘော့စ်ကို အနှောက်အယှက်ပေးဖြစ်ဦးမယ်ထင်တယ်။"

ဝမ်ချန်း ချက်ချင်းပဲ ပြောလိုက်သည်။ အကြံပေါ်သွားသည့်အပေါ် ရှက်မနေတော့ပဲ မီးစင်ကြည့်ပြီးသာ ကလိုက်တော့၏။

"မင်းက ကိုယ့်ကို အကြိုအပို့သမားလုပ်ဖို့ ကြံနေတာလား။"

"မနက်စာဝယ်ကျွေးမယ်ဆိုရင်ရော"

"မင်းက ကိုယ့်ကို အကြိုအပို့သမားလည်း လုပ်ခိုင်းဦးမယ် ပြီးတော့ အဲ့တာက မနက်စာ တစ်ခုလောက်ပဲ တန်တယ်ပေါ့။" 

ဤကား နှစ်ယောက်သား အပြန်အလှန် ဈေးဆစ်ရန် အစပျိုးခြင်းပင်ဖြစ်သည်။ 

ဝမ်ချန်း အင်္ကျီလက်ကို ခေါက်တင်လိုက်၏။ သူ့မှာ အားအင်အပြည့်ဖြင့် ဈေးဆစ်ရန် အသင့်ဖြစ်သည်။

"ညစာပါ ထပ်ပေါင်းလိုက်မယ်ဆိုရင်ရော"

"ညလည်စာပါ ထပ်ထည့်လိုက်"

"အဲ့တာတော့ များတာပေါ့၊ ဘော့စ်က လစာလည်း မပေးပဲနဲ့။ ကျွန်တော်က အဲ့တာတွေကို ပိုက်ဆံနဲ့ပေးဝယ်ရမှာလေ။"

ဝမ်ချန်း သူပြောတာကို ကြားလိုက်ချင်းပဲ မပျော်တော့ပေ။

"မင်းကို ကားမောင်းပို့ပေးမယ့် ဘော့စ်မျိုး ဘယ်မှာများရှိလို့လဲ"

ချူရိဖုန်း တည်ငြိမ်စွာပဲ ထိုအချက်ကိုထောက်ပြလိုက်သည်။ ဘော့စ်က သူ့အလုပ်သမားကို ကားမောင်းပေးရတယ်လို့ ပြောရင် ဘယ်သူကများ ယုံမလဲ။

ဝမ်ချန်း ပြန်မချေပနိုင်တော့ချေ။ ဒါ အမှန်တရားပင်ဖြစ်သည်။ ရှေးခေတ်ကတည်းက အလုပ်သမားကသာ အလုပ်ရှင်အတွက် ယာဉ်မောင်းအဖြစ် အလုပ်လုပ်ရသည်။ သူ့လက်ထဲ ရောက်မှသာ ပြောင်းပြန်ဖြစ်သွား၏။ သူပိုတွေးလေ သူကသာ အကျိုးအမြတ်ရနေမှန်း သူပိုခံစားလာရလေဖြစ်သည်။ အဆုံးတွင်တော့ သူ ဆုံးဖြတ်ချက်ချလိုက်ပြီး ချူရိဖုန်း၏ သတ်မှတ်ချက်များအတိုင်း သဘောတူလိုက်၏။ ပထမတော့ သူ ဘာ့ကြောင့်လဲလို့တွေးမိသည်။ ချူရိဖုန်းမှာ အိမ်အကူလည်းရှိရက်သားနှင့် ဘာလို့ ဝမ်ချန်းကို အချက်အပြုတ်တာဝန်ယူခိုင်းရသည်ကို မေးခွန်းထုတ်လျက်ရှိသည်။ နောက်ပိုင်းမှ သိသွားတာက အစ်မလျိုဟာ သန့်ရှင်းရေးနှင့် အခြားအိမ်မှုကိစ္စများတွင် ကျွမ်းကျင်သော်လည်း အချက်အပြုတ် မကောင်းပေ။ ထိုအပြင် သူမဟာ တောင်ပိုင်းသူဖြစ်သဖြင့် သူမပြင်ပေးသော ဟင်းများမှာ ပေါ့ရွှတ်ရွှတ်ဖြစ်နေပြီး ချူရိဖုန်းမှာ အနည်းငယ်ပိုလေးသော အစားအစာများကို ပိုသဘောကျ၏။ သူ့အိမ်အကူကို တခြားမရင်းနီးသူတစ်ယောက်နှင့် မပြောင်းချင်သဖြင့် လက်ရှိအတိုင်းဖြစ်နေသည်မှာ ကြာလှပြီဖြစ်သည်။ 

နှစ်ရက်ကြာပြီးနောက်၊ ဝမ်နဉ်အန်း၏ ရာထူးတိုးသတင်းဟာ တရားဝင်အတည်ပြုလိုက်ပြီဖြစ်သည်။

ယခင်ကတော့ ဒုဥဣဌ ဌာနချုပ်ကို ပြောင်းရမည်ဆိုသည်မှာ ကုမ္ပဏီရုံးခွဲမှ လူများအကြား ကောလဟာလအဖြစ် အပြောများကြသည်။ ယခုတော့ မကြာသေးခင်ကပဲ ထိုအကြောင်း အသိပေးစာရောက်လာခဲ့ပြီးနောက် အားလုံးကတော့ မအံ့ဩတော့ပေ။ အမျိုးသမီးဝန်ထမ်းများကသာ အရည်အချင်းအရှိဆုံးသော ခန့်ခန့်ညားညား လူပျိုလေးတစ်ယောက် လျှော့သွားသည်ကိုပဲ နှမြောတသဖြစ်ကြတာသာရှိ၏။

"ငါအရင်ကပြောသလိုပဲ၊ အစကတည်းက ရာထူးတိုးမယ့်သူက ဒုဥက္ကဌပါလို့။ ဌာနခွဲက ဒုဥက္ကဌဆိုပြီး ပြောလိုက်ရင်အထင်ကြီးစရာကောင်းပေမယ့် သူတိုးတက်ဖို့ အခွင့်အလမ်းကျတော့ အကန့်အသတ်နဲ့ဖြစ်နေတယ်လေ။ ရာထူးက မြင့်ပေမယ့် ကုမ္ပဏီရဲ့ ဌာနခွဲတစ်ခုမှာပဲ ဖြစ်တာ။ ဌာနချုပ်မှာကျတော့ မတူဘူး။ ဌာနချုပ်မှာ ဥက္ကဌဖြစ်ရင် ဌာနခွဲတွေအကုန်လုံးကို စီမံခန့်ခွဲလို့ရတယ်။"

"ဒုဥက္ကဌမှာ ကောင်မလေးတွေဘာတွေရှိလား ဆိုတာနင်သိလား။"

"နင် အခွင့်အရေးတောင်ရမှာ မဟုတ်ဘူး။ ဒုဥက္ကဌက ဩဇာကြီးပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေ။ အဆင့်အတန်း တစ်ခုကိုပဲ မှန်းမှာပေါ့။ ငါ့တို့လို သာမန်လူမျိုးကတော့ မျှော်လင့်ချက်လေးတွေနဲ့ ငေးကြည့်နေရုံပဲရှိတယ်။"

"အ ဟမ်း၊ ကဲ အားလုံးပဲ အလုပ်ပြန်လုပ်ကြတော့"

ကြီးကြပ်ရေးမှူးအမျိုးသမီးက ချောင်းတစ်ချက် ဟန့်လိုက်၏။

အတင်းပြောနေကြသည့် အမျိုးသမီးတစ်စုမှာ ချက်ချင်းပဲ လူစုကွဲသွားတော့သည်။

ဝမ်နဉ်အန်း ပုံမှန်ထပ်ပိုစောပြီး အလုပ်ဆင်းလိုက်သည်။ လက်ရှိအလုပ်တာဝန်များကို လက်လွှဲခဲ့ပြီးနောက် အရင်လို အလုပ်မရှုပ်တော့ပေ။ မြေအောက် ကားပါကင်ကို ရောက်သည်နှင့် ကားသော့ကိုထုတ်လိုက်၏။ ကားတံခါးကို ဖွင့်မည်အလုပ်တွင် ပန်းပွင့်ပုံ စကတ်နှင့် အမျိုးသမီးတစ်ယောက် သူ့ဘေးက တိုင်နောက်မှ ပြေးထွက်လာသည်။

"နဉ်အန်း"

ဝမ်နဉ်အန်း သူ့ရှေ့မှ အမျိုးသမီးကို စိုက်ကြည့်နေပြီး သူမျက်နှာတွင်တော့ ဘာမှ မပြောင်းလဲချေ။

"မင်းလာတာနဲ့ အတော်ပဲ၊ ငါလည်း မင်းကို ပြောစရာရှိတယ်။"

သူတည်ငြိမ်စွာပဲ ပြောလိုက်၏။

ထိုအမျိုးသမီးမှာ အံ့ဩသွားပုံရသည်။ ဝမ်နဉ်အန်း သူမကို ဘာမှ ပြောစရာမရှိဘူးဟုထင်ထားခဲ့၏။

"ရှေ့ဆက်ပြီး တိုက်ခန်းမှာလည်း ငါ့ကို လာမရှာတော့နဲ့၊ ငါနင့်ကိုလည်းမတွေ့ချင်တော့ဘူး ငါ့မိသားစုကိုလည် နင်နဲ့ မတွေ့စေချင်ဘူး"

ထိုအမျိုးသမီးမျက်နှာမှာ ဖြူလျော့သွားတော့သည်။

ဝမ်နဉ်အန်း ပြောလို့ပြီသည့်နောက် ကားထဲကိုဝင်ကာ သူ့လက်ဆွဲအိတ်ကို နောက်ခန်းထဲသို့ ပစ်ထည့်လိုက်သည်။ ထိုအမျိုးသမီးက ချက်ချင်းပဲ ကားတံခါးကို ကိုင်ကာ ပိတ်ခွင့်မပေးတော့ပေ။

"နဉ်အန်း၊ ငါရှင်းပြပါရစေဟာ၊ ငါ့ကို အဲ့လိုတော့ မရက်စက်ပါနဲ့။ ခုလောလောဆယ် ငါဘယ်မှ သွားစရာမရှိလို့ နင့်ဆီလာရှာရတာပါ။ နင်ငါ့ကို ပိုက်ဆံလေးနဲနဲလောက်မချေးပေးနိုင်ဘူးလားဟင်။ ငါပိုက်ဆံပြန်ရတဲ့အခါကျရင် ပြန်ပေးမှာပါ ကတိပေးပါတယ်။"

ဝမ်နဉ်အန်း သူမလက်ချောင်းများကို တစ်ချက်ကြည့်မိသည်။ သူမကို စတွေ့စဉ်က သူ့လက်ချောင်းများဟာ ပုံမှန်သာဖြစ်သည်။ သူမဟာ တစ်ခါမှ အလှပြင်ဆိုင်သွားပြီး လက်သည်းအလှမပြင်ဖူးပေ၊ သို့သော် နောက်ပိုင်းတွင် အားလုံးဟာ ပြောင်းလဲသွား၏။ သူမ၏ ပန်းနုရောင် လက်သည်းများဟာ ယခုတွင် အလွန်လှပနေသော်လည်း အပေါ်ယံသာဖြစ်သည်။ လူများမမြင်နိုင်သည့် သူမ၏အတွင်းစိတ်တွင်တော့ ပြောင်းလဲသွားချေပြီ။

"မစ္စ လင်၊ မင်းက ပိုက်ဆံကိုပဲ ချစ်တာပါ။  မင်းကို အခုပိုက်ဆံပေးနေတဲ့သူက မင်းကို မလိုချင်တော့ဘူးဆိုရင်လည်း သူလိုလူတစ်ယောက်ထပ်ရှာလိုက်ပေါ့။ သူများတွေ ကြိမ်ဖန်များစွာ စီးပြီးသား ဖိနပ်တစ်စုံကိုတော့ ငါမလိုချင်တော့ဘူး၊ ပြီးတော့ အဲ့ဒီဖိနပ်တစ်စုံကပဲ ငါ့နောက်ကျောကို ဓားနဲ့ထိုးသွားတာလေ။"

လင်ချင်းတစ်ယောက် မိုးကြိုးပစ်ခံရလိုက်သလို အံ့အားသင့်သွားပြီး ဝမ်နဉ်အန်းကို ကြည့်ကာ မယုံကြည်နိုင်ဖြစ်နေ၏။ တစ်ချိန်က အလွန်နူးညံ့သိမ်မွေ့ခဲ့သူက ဒီလိုစကားမျိုးဘယ်လိုပြောထွက်ပါလိမ့်။

ဝမ်နဉ်အန်းမှာ ယဉ်ယဉ်ကျေးကျေးပြောလိုက်ခြင်းဖြစ်၏။ သူသာ ဒီထက်ပို ကြင်နာမှုကင်းမဲ့ခဲ့ပါက၊ သူမကို ဟောင်းနွမ်စုတ်ပြတ်နေတဲ့ဖိနပ်တစ်စုံလို့သာ ပြောလိုက်၍ရသည်။ လက်ရှိ ထိုအမျိုးသမီးဟာ သူ့အတွက်တော့ သူစိမ်းသက်သက်ထက်မပိုတော့ချေ။ သူမအတွက်နှင့် သူစိတ်တိုစရာမလိုပေ။ သူ ကားတံခါးကို လွှတ်လိုက်သည်နှင့် ဝမ်နဉ်အန်းလည်း သူမကိုမကြည့်တော့ပဲ မြေအောက်ကားပါကင်မှ မောင်းထွက်လာတော့သည်။ နောက်ကြည့်မှန်ထဲတွင်တော့ လင်ချင်းတစ်ယောက် ကြမ်းပြင်ပေါ်ထိုင်ချကာ နောင်တတွေနှင့် ငိုကြွေးကျန်ခဲ့၏။

သူမဟာ အိမ်ထောင်မပြုရသေးသော်လည်း ကိုယ်ဝန်ရနေပြီဖြစ်သည်။ သူမကို ကိုယ်ဝန်ရစေခဲ့သူ အမျိုးသားကတော့ သူမကို မလိုချင်တော့သည့်အပြင် အပေါစား ပြည့်တန်ဆာဟုပင် ခေါ်လိုက်သေး၏။ သူမ၏ ခွဲခွာကြေးကပင် အလွန်စိတ်ပျက်ဖွယ်ဖြစ်သည်။ သူမဘာလုပ်နိုင်မည်နည်း။ နောင်တမရဘူးဟူ၍ ပြောရန်လည်း မဖြစ်နိုင်ပေ။ ဝမ်နဉ်အန်းသာ ရှန်းဟွေးလုပ်ခန်းစု ကုမ္ပဏီခွဲရဲ့ ဒုဥက္ကဌဖြစ်လာမယ်မှန်းသိခဲ့လျင် သူ့ကိုထားပြီး နောက်တစ်ယောက်ကို ခြံခုန်ခဲ့မှာမဟုတ်ချေ။

စွဲမက်ဖွယ်ရာများနှင့် အလှတရားဟာ သင့်ကို ပိုမိုဝင်းလက်တောက်ပြောင်စေနိုင်၏။ သို့သော် သင့်ကိုယ်သင် မချစ်ပါက သင့်အရည်ပြားအောက်က သွေးသားများပျက်စီးယို့ယွင်းဖို့ကို အရှိန်မြှင့်တင်ပေးရုံသက်သက်သာ ဖြစ်၏။ ကံမကောင်းစွာပဲ အချို့လူများဟာတော့ နောက်ပြန်လှည့်လို့မရတော့ပဲ သူတို့ကိုယ်တိုင်စိုက်ပျိုးခဲ့ကြသည့် ခါးသီးလှသည့် အသီးအပွင့်များကိုသာ ခံစားရတော့သည်။

လင်ချင်းကတော့ ဝမ်နဉ်အန်း၏ဘဝတွင် ဘေးမှ ခဏတာဖြတ်လျှောက်သွားသူတစ်ယောက်သာသာအဖြစ်သို့ ရောက်ရှိသွားလေသည်။ 

*
*
*

စာဖတ်သူတွေကိုချစ်လို့ နောက်တစ်ပိုင်းထပ်တင်ပေးတာပါနော်။

အခုဆိုရင်တော့ဖြင့် ဝမ်ချန်းလေးနဲ့မစ္စတာချူတို့ဟာ အရမ်းကိုပဲရင်းနှီးနေကြပါပြီ။ အိမ်ရှင်မလေးဝမ်ချန်းဖြစ်ပါတော့မယ်။ ဘဲကြီးကလည်း ကလေးကိုညာပြီးဟင်းတွေချက်ခိုင်းနေတယ် 😹

**********************************************

[Zawgyi]

"ေဘာ့စ္ ဒီမွာ ကြၽန္ေတာ့္အစ္ကို အတြက္ယာဂုခ်က္တာ အမ်ားႀကီးက်န္ေသးလို႔။ အဲ့တာ ေဘာ့စ္ ညလည္စာဘာမွ မစားရေသးဘူးမလား။ ဒါက ၾကာေစ့ ယာဂုကို ႏွင္းပန္းပြင့္နဲ႕လုပ္ထားတာ။ ေနာက္က်တဲ့အထိေနတဲ့သူေတြ ဒါကို စားၾကတယ္၊ ခႏၶာကိုယ္အတြက္ေကာင္းတယ္တဲ့။"

ဝမ္ခ်န္း သူ႕ဟာသူပဲ မီးဖိုေခ်ာင္ထဲသို႔ေျပးဝင္သြားၿပီး ပန္းကန္ႏွင့္ ဇြန္းကို ယူကာ အေငြ႕တစ္ေထာင္းေထာင္းထေနေသာ ယာဂုကို ပန္းကန္ထဲသို႔ ထည့္လိုက္သည္။ အနံ႕အရေတာ့ စားခ်င္စဖြယ္ျဖစ္ေနတုန္းပင္။

သူေရာက္လာတာကိုျမင္သည့္တိုင္ ခ်ဴရိဖုန္း မအံ့ဩေပ။ ဒီလူ၏ အျပဳအမူမ်ားမွာ အျခားသာမန္လူမ်ားႏွင့္မတူ အၿမဲကြဲျပားေနၿပီး ၎တို႔ကို သြား၍ႏွိုင္းယွဥ္ရန္မျဖစ္နိုင္ေခ်။

ခ်ဴရိဖုန္းထိုင္လိုက္ၿပီးေနာက္ ဝမ္ခ်န္း ပန္းကန္ကိုသူ႕လက္ထဲသို႔ ခ်က္ခ်င္းပဲ ထည့္ေပးလိုက္၏။ ခ်ဴရိဖုန္းလည္း အိုက္တင္ခံမေနေတာ့ပဲ တစ္ခ်က္ျမည္းကာ သူျပင္ေပးသမွ်ကို အကုန္စားပစ္လိုက္သည္။ ဝမ္ခ်န္းဟာ သူ႕အခ်က္အျပဳတ္ပညာကို ယုံၾကည္ၿပီးသားျဖစ္သည္။

သူစားလို႔ၿပီးသည့္ေနာက္ ဝမ္ခ်န္းက ေနာက္ထပ္ထည့္ေပးရန္လုပ္ေသာ္လည္း ခ်ဴရိဖုန္းက တားလိုက္၏။ ခ်ဳရိဖုန္းက သူ႕ေျခေထာက္ရွည္ႀကီးကို ခ်ိတ္ကာထိုင္လိုက္သည္။ ဝမ္ခ်န္းကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ေျပာလိုက္၏။

"ေျပာေလ၊ ဘာကိစၥရွိလို႔လဲ။"

ဝမ္ခ်န္း မေျပာပဲ မေနနိုင္ေပ။ ခ်ဳရိဖုန္းက သူ႕အေၾကာင္းကို ေကာင္းေကာင္းသိသည္။ အေၾကာင္းမရွိပဲႏွင့္ေတာ့ မည္သူမွ ဘုရားေက်ာင္းကို မသြားေပ။ ဝမ္ခ်န္းဟာထိုကဲ့သို႔ေသာ လူမ်ိဳးပင္ျဖစ္သည္။

"ေဘာ့စ္ ခင္မ်ားက တစ္ကယ္ေတာ္တာပဲ။ ေနာက္ပိုင္းက်ရင္လည္း အလုပ္သြား အလုပ္ျပန္မွာ ေဘာ့စ္ကို အႏွောက္အယွက္ေပးျဖစ္ဦးမယ္ထင္တယ္။"

ဝမ္ခ်န္း ခ်က္ခ်င္းပဲ ေျပာလိုက္သည္။ အႀကံေပၚသြားသည့္အေပၚ ရွက္မေနေတာ့ပဲ မီးစင္ၾကည့္ၿပီးသာ ကလိုက္ေတာ့၏။

"မင္းက ကိုယ့္ကို အႀကိဳအပို႔သမားလုပ္ဖို႔ ႀကံေနတာလား။"

"မနက္စာဝယ္ေကြၽးမယ္ဆိုရင္ေရာ"

"မင္းက ကိုယ့္ကို အႀကိဳအပို႔သမားလည္း လုပ္ခိုင္းဦးမယ္ ၿပီးေတာ့ အဲ့တာက မနက္စာ တစ္ခုေလာက္ပဲ တန္တယ္ေပါ့။" 

ဤကား ႏွစ္ေယာက္သား အျပန္အလွန္ ေဈးဆစ္ရန္ အစပ်ိဳးျခင္းပင္ျဖစ္သည္။ 

ဝမ္ခ်န္း အကၤ်ီလက္ကို ေခါက္တင္လိုက္၏။ သူ႕မွာ အားအင္အျပည့္ျဖင့္ ေဈးဆစ္ရန္ အသင့္ျဖစ္သည္။

"ညစာပါ ထပ္ေပါင္းလိုက္မယ္ဆိုရင္ေရာ"

"ညလည္စာပါ ထပ္ထည့္လိုက္"

"အဲ့တာေတာ့ မ်ားတာေပါ့၊ ေဘာ့စ္က လစာလည္း မေပးပဲနဲ႕။ ကြၽန္ေတာ္က အဲ့တာေတြကို ပိုက္ဆံနဲ႕ေပးဝယ္ရမွာေလ။"

ဝမ္ခ်န္း သူေျပာတာကို ၾကားလိုက္ခ်င္းပဲ မေပ်ာ္ေတာ့ေပ။

"မင္းကို ကားေမာင္းပို႔ေပးမယ့္ ေဘာ့စ္မ်ိဳး ဘယ္မွာမ်ားရွိလို႔လဲ"

ခ်ဴရိဖုန္း တည္ၿငိမ္စြာပဲ ထိုအခ်က္ကိုေထာက္ျပလိုက္သည္။ ေဘာ့စ္က သူ႕အလုပ္သမားကို ကားေမာင္းေပးရတယ္လို႔ ေျပာရင္ ဘယ္သူကမ်ား ယုံမလဲ။

ဝမ္ခ်န္း ျပန္မေခ်ပနိုင္ေတာ့ေခ်။ ဒါ အမွန္တရားပင္ျဖစ္သည္။ ေရွးေခတ္ကတည္းက အလုပ္သမားကသာ အလုပ္ရွင္အတြက္ ယာဥ္ေမာင္းအျဖစ္ အလုပ္လုပ္ရသည္။ သူ႕လက္ထဲ ေရာက္မွသာ ေျပာင္းျပန္ျဖစ္သြား၏။ သူပိုေတြးေလ သူကသာ အက်ိဳးအျမတ္ရေနမွန္း သူပိုခံစားလာရေလျဖစ္သည္။ အဆုံးတြင္ေတာ့ သူ ဆုံးျဖတ္ခ်က္ခ်လိဳက္ၿပီး ခ်ဴရိဖုန္း၏ သတ္မွတ္ခ်က္မ်ားအတိုင္း သေဘာတူလိုက္၏။ ပထမေတာ့ သူ ဘာ့ေၾကာင့္လဲလို႔ေတြးမိသည္။ ခ်ဴရိဖုန္းမွာ အိမ္အကူလည္းရွိရက္သားႏွင့္ ဘာလို႔ ဝမ္ခ်န္းကို အခ်က္အျပဳတ္တာဝန္ယူခိုင္းရသည္ကို ေမးခြန္းထုတ္လ်က္ရွိသည္။ ေနာက္ပိုင္းမွ သိသြားတာက အစ္မလ်ိဳဟာ သန႔္ရွင္းေရးႏွင့္ အျခားအိမ္မႈကိစၥမ်ားတြင္ ကြၽမ္းက်င္ေသာ္လည္း အခ်က္အျပဳတ္ မေကာင္းေပ။ ထိုအျပင္ သူမဟာ ေတာင္ပိုင္းသူျဖစ္သျဖင့္ သူမျပင္ေပးေသာ ဟင္းမ်ားမွာ ေပါ့႐ႊတ္႐ႊတ္ျဖစ္ေနၿပီး ခ်ဴရိဖုန္းမွာ အနည္းငယ္ပိုေလးေသာ အစားအစာမ်ားကို ပိုသေဘာက်၏။ သူ႕အိမ္အကူကို တျခားမရင္းနီးသူတစ္ေယာက္ႏွင့္ မေျပာင္းခ်င္သျဖင့္ လက္ရွိအတိုင္းျဖစ္ေနသည္မွာ ၾကာလွၿပီျဖစ္သည္။ 

ႏွစ္ရက္ၾကာၿပီးေနာက္၊ ဝမ္နဥ္အန္း၏ ရာထူးတိုးသတင္းဟာ တရားဝင္အတည္ျပဳလိုက္ၿပီျဖစ္သည္။

ယခင္ကေတာ့ ဒုဥဣဌ ဌာနခ်ဳပ္ကို ေျပာင္းရမည္ဆိုသည္မွာ ကုမၸဏီ႐ုံးခြဲမွ လူမ်ားအၾကား ေကာလဟာလအျဖစ္ အေျပာမ်ားၾကသည္။ ယခုေတာ့ မၾကာေသးခင္ကပဲ ထိုအေၾကာင္း အသိေပးစာေရာက္လာခဲ့ၿပီးေနာက္ အားလုံးကေတာ့ မအံ့ဩေတာ့ေပ။ အမ်ိဳးသမီးဝန္ထမ္းမ်ားကသာ အရည္အခ်င္းအရွိဆုံးေသာ ခန႔္ခန႔္ညားညား လူပ်ိဳေလးတစ္ေယာက္ ေလွ်ာ့သြားသည္ကိုပဲ ႏွေျမာတသျဖစ္ၾကတာသာရွိ၏။

"ငါအရင္ကေျပာသလိုပဲ၊ အစကတည္းက ရာထူးတိုးမယ့္သူက ဒုဥကၠဌပါလို႔။ ဌာနခြဲက ဒုဥကၠဌဆိုၿပီး ေျပာလိုက္ရင္အထင္ႀကီးစရာေကာင္းေပမယ့္ သူတိုးတက္ဖို႔ အခြင့္အလမ္းက်ေတာ့ အကန႔္အသတ္နဲ႕ျဖစ္ေနတယ္ေလ။ ရာထူးက ျမင့္ေပမယ့္ ကုမၸဏီရဲ႕ ဌာနခြဲတစ္ခုမွာပဲ ျဖစ္တာ။ ဌာနခ်ဳပ္မွာက်ေတာ့ မတူဘူး။ ဌာနခ်ဳပ္မွာ ဥကၠဌျဖစ္ရင္ ဌာနခြဲေတြအကုန္လုံးကို စီမံခန႔္ခြဲလို႔ရတယ္။"

"ဒုဥကၠဌမွာ ေကာင္မေလးေတြဘာေတြရွိလား ဆိုတာနင္သိလား။"

"နင္ အခြင့္အေရးေတာင္ရမွာ မဟုတ္ဘူး။ ဒုဥကၠဌက ဩဇာႀကီးၿပီး ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ေလ။ အဆင့္အတန္း တစ္ခုကိုပဲ မွန္းမွာေပါ့။ ငါ့တို႔လို သာမန္လူမ်ိဳးကေတာ့ ေမွ်ာ္လင့္ခ်က္ေလးေတြနဲ႕ ေငးၾကည့္ေန႐ုံပဲရွိတယ္။"

"အ ဟမ္း၊ ကဲ အားလုံးပဲ အလုပ္ျပန္လုပ္ၾကေတာ့"

ႀကီးၾကပ္ေရးမႉးအမ်ိဳးသမီးက ေခ်ာင္းတစ္ခ်က္ ဟန႔္လိုက္၏။

အတင္းေျပာေနၾကသည့္ အမ်ိဳးသမီးတစ္စုမွာ ခ်က္ခ်င္းပဲ လူစုကြဲသြားေတာ့သည္။

ဝမ္နဥ္အန္း ပုံမွန္ထပ္ပိုေစာၿပီး အလုပ္ဆင္းလိုက္သည္။ လက္ရွိအလုပ္တာဝန္မ်ားကို လက္လႊဲခဲ့ၿပီးေနာက္ အရင္လို အလုပ္မရႈပ္ေတာ့ေပ။ ေျမေအာက္ ကားပါကင္ကို ေရာက္သည္ႏွင့္ ကားေသာ့ကိုထုတ္လိုက္၏။ ကားတံခါးကို ဖြင့္မည္အလုပ္တြင္ ပန္းပြင့္ပုံ စကတ္ႏွင့္ အမ်ိဳးသမီးတစ္ေယာက္ သူ႕ေဘးက တိုင္ေနာက္မွ ေျပးထြက္လာသည္။

"နဥ္အန္း"

ဝမ္နဥ္အန္း သူ႕ေရွ႕မွ အမ်ိဳးသမီးကို စိုက္ၾကည့္ေနၿပီး သူမ်က္ႏွာတြင္ေတာ့ ဘာမွ မေျပာင္းလဲေခ်။

"မင္းလာတာနဲ႕ အေတာ္ပဲ၊ ငါလည္း မင္းကို ေျပာစရာရွိတယ္။"

သူတည္ၿငိမ္စြာပဲ ေျပာလိုက္၏။

ထိုအမ်ိဳးသမီးမွာ အံ့ဩသြားပုံရသည္။ ဝမ္နဥ္အန္း သူမကို ဘာမွ ေျပာစရာမရွိဘူးဟုထင္ထားခဲ့၏။

"ေရွ႕ဆက္ၿပီး တိုက္ခန္းမွာလည္း ငါ့ကို လာမရွာေတာ့နဲ႕၊ ငါနင့္ကိုလည္းမေတြ႕ခ်င္ေတာ့ဘူး ငါ့မိသားစုကိုလည္ နင္နဲ႕ မေတြ႕ေစခ်င္ဘူး"

ထိုအမ်ိဳးသမီးမ်က္ႏွာမွာ ျဖဴေလ်ာ့သြားေတာ့သည္။

ဝမ္နဥ္အန္း ေျပာလို႔ၿပီသည့္ေနာက္ ကားထဲကိုဝင္ကာ သူ႕လက္ဆြဲအိတ္ကို ေနာက္ခန္းထဲသို႔ ပစ္ထည့္လိုက္သည္။ ထိုအမ်ိဳးသမီးက ခ်က္ခ်င္းပဲ ကားတံခါးကို ကိုင္ကာ ပိတ္ခြင့္မေပးေတာ့ေပ။

"နဥ္အန္း၊ ငါရွင္းျပပါရေစဟာ၊ ငါ့ကို အဲ့လိုေတာ့ မရက္စက္ပါနဲ႕။ ခုေလာေလာဆယ္ ငါဘယ္မွ သြားစရာမရွိလို႔ နင့္ဆီလာရွာရတာပါ။ နင္ငါ့ကို ပိုက္ဆံေလးနဲနဲေလာက္မေခ်းေပးနိုင္ဘူးလားဟင္။ ငါပိုက္ဆံျပန္ရတဲ့အခါက်ရင္ ျပန္ေပးမွာပါ ကတိေပးပါတယ္။"

ဝမ္နဥ္အန္း သူမလက္ေခ်ာင္းမ်ားကို တစ္ခ်က္ၾကည့္မိသည္။ သူမကို စေတြ႕စဥ္က သူ႕လက္ေခ်ာင္းမ်ားဟာ ပုံမွန္သာျဖစ္သည္။ သူမဟာ တစ္ခါမွ အလွျပင္ဆိုင္သြားၿပီး လက္သည္းအလွမျပင္ဖူးေပ၊ သို႔ေသာ္ ေနာက္ပိုင္းတြင္ အားလုံးဟာ ေျပာင္းလဲသြား၏။ သူမ၏ ပန္းႏုေရာင္ လက္သည္းမ်ားဟာ ယခုတြင္ အလြန္လွပေနေသာ္လည္း အေပၚယံသာျဖစ္သည္။ လူမ်ားမျမင္နိုင္သည့္ သူမ၏အတြင္းစိတ္တြင္ေတာ့ ေျပာင္းလဲသြားေခ်ၿပီ။

"မစၥ လင္၊ မင္းက ပိုက္ဆံကိုပဲ ခ်စ္တာပါ။  မင္းကို အခုပိုက္ဆံေပးေနတဲ့သူက မင္းကို မလိုခ်င္ေတာ့ဘူးဆိုရင္လည္း သူလိုလူတစ္ေယာက္ထပ္ရွာလိုက္ေပါ့။ သူမ်ားေတြ ႀကိမ္ဖန္မ်ားစြာ စီးၿပီးသား ဖိနပ္တစ္စုံကိုေတာ့ ငါမလိုခ်င္ေတာ့ဘူး၊ ၿပီးေတာ့ အဲ့ဒီဖိနပ္တစ္စုံကပဲ ငါ့ေနာက္ေက်ာကို ဓားနဲ႕ထိုးသြားတာေလ။"

လင္ခ်င္းတစ္ေယာက္ မိုးႀကိဳးပစ္ခံရလိုက္သလို အံ့အားသင့္သြားၿပီး ဝမ္နဥ္အန္းကို ၾကည့္ကာ မယုံၾကည္နိုင္ျဖစ္ေန၏။ တစ္ခ်ိန္က အလြန္ႏူးညံ့သိမ္ေမြ႕ခဲ့သူက ဒီလိုစကားမ်ိဳးဘယ္လိုေျပာထြက္ပါလိမ့္။

ဝမ္နဥ္အန္းမွာ ယဥ္ယဥ္ေက်းေက်းေျပာလိုက္ျခင္းျဖစ္၏။ သူသာ ဒီထက္ပို ၾကင္နာမႈကင္းမဲ့ခဲ့ပါက၊ သူမကို ေဟာင္းႏြမ္စုတ္ျပတ္ေနတဲ့ဖိနပ္တစ္စုံလို႔သာ ေျပာလိုက္၍ရသည္။ လက္ရွိ ထိုအမ်ိဳးသမီးဟာ သူ႕အတြက္ေတာ့ သူစိမ္းသက္သက္ထက္မပိုေတာ့ေခ်။ သူမအတြက္ႏွင့္ သူစိတ္တိုစရာမလိုေပ။ သူ ကားတံခါးကို လႊတ္လိုက္သည္ႏွင့္ ဝမ္နဥ္အန္းလည္း သူမကိုမၾကည့္ေတာ့ပဲ ေျမေအာက္ကားပါကင္မွ ေမာင္းထြက္လာေတာ့သည္။ ေနာက္ၾကည့္မွန္ထဲတြင္ေတာ့ လင္ခ်င္းတစ္ေယာက္ ၾကမ္းျပင္ေပၚထိုင္ခ်ကာ ေနာင္တေတြႏွင့္ ငိုေႂကြးက်န္ခဲ့၏။

သူမဟာ အိမ္ေထာင္မျပဳရေသးေသာ္လည္း ကိုယ္ဝန္ရေနၿပီျဖစ္သည္။ သူမကို ကိုယ္ဝန္ရေစခဲ့သူ အမ်ိဳးသားကေတာ့ သူမကို မလိုခ်င္ေတာ့သည့္အျပင္ အေပါစား ျပည့္တန္ဆာဟုပင္ ေခၚလိုက္ေသး၏။ သူမ၏ ခြဲခြာေၾကးကပင္ အလြန္စိတ္ပ်က္ဖြယ္ျဖစ္သည္။ သူမဘာလုပ္နိုင္မည္နည္း။ ေနာင္တမရဘူးဟူ၍ ေျပာရန္လည္း မျဖစ္နိုင္ေပ။ ဝမ္နဥ္အန္းသာ ရွန္းေဟြးလုပ္ခန္းစု ကုမၸဏီခြဲရဲ႕ ဒုဥကၠဌျဖစ္လာမယ္မွန္းသိခဲ့လ်င္ သူ႕ကိုထားၿပီး ေနာက္တစ္ေယာက္ကို ၿခံခုန္ခဲ့မွာမဟုတ္ေခ်။

စြဲမက္ဖြယ္ရာမ်ားႏွင့္ အလွတရားဟာ သင့္ကို ပိုမိုဝင္းလက္ေတာက္ေျပာင္ေစနိုင္၏။ သို႔ေသာ္ သင့္ကိုယ္သင္ မခ်စ္ပါက သင့္အရည္ျပားေအာက္က ေသြးသားမ်ားပ်က္စီးယို႔ယြင္းဖို႔ကို အရွိန္ျမႇင့္တင္ေပး႐ုံသက္သက္သာ ျဖစ္၏။ ကံမေကာင္းစြာပဲ အခ်ိဳ႕လူမ်ားဟာေတာ့ ေနာက္ျပန္လွည့္လို႔မရေတာ့ပဲ သူတို႔ကိုယ္တိုင္စိုက္ပ်ိဳးခဲ့ၾကသည့္ ခါးသီးလွသည့္ အသီးအပြင့္မ်ားကိုသာ ခံစားရေတာ့သည္။

လင္ခ်င္းကေတာ့ ဝမ္နဥ္အန္း၏ဘဝတြင္ ေဘးမွ ခဏတာျဖတ္ေလွ်ာက္သြားသူတစ္ေယာက္သာသာအျဖစ္သို႔ ေရာက္ရွိသြားေလသည္။ 

*
*
*

စာဖတ္သူေတြကိုခ်စ္လို႔ ေနာက္တစ္ပိုင္းထပ္တင္ေပးတာပါေနာ္။

အခုဆိုရင္ေတာ့ျဖင့္ ဝမ္ခ်န္းေလးနဲ႕မစၥတာခ်ဴတို႔ဟာ အရမ္းကိုပဲရင္းႏွီးေနၾကပါၿပီ။ အိမ္ရွင္မေလးဝမ္ခ်န္းျဖစ္ပါေတာ့မယ္။ ဘဲႀကီးကလည္း ကေလးကိုညာၿပီးဟင္းေတြခ်က္ခိုင္းေနတယ္ 😹

**********************************************





Okumaya devam et

Bunları da Beğeneceksin

332K 8.3K 78
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
4.6M 523K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
2.3M 151K 96
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
691K 42.4K 30
A love contest between a boy who likes to kick football and a little doctor.