" ဥက္ကဌ ဧကရာဇ်မောင်က ကံကောင်းတယ်ဗျာ … ချောမောလှပတဲ့အိုမီဂါလေးကိုပိုင်ဆိုင်ထားတဲ့အပြင် ထက်မြတ်တဲ့ အတွင်းရေးမှူးကလဲအနားမှာရှိနေတယ် … ဒီလောက်ပြီးပြည့်စုံမှုက ဘယ်မှာရှိနိုင်တော့မလဲ … အဟား "
" အဲ့လောက်လဲမဟုတ်ပါဘူးဗျာ "
လုပ်ငန်းရှင်ကြီးတွေက ဧကရာဇ်ကိုကံကောင်းသည်ဟု တတွတ်တွတ်ပြောနေပေမဲ့ ဧကရာဇ်မောင်ဟာ တည်ငြိမ်စွာပင်ပြန်ဖြေနေခဲ့သည် ။ ထိုစဉ် သူဌေးကြီးတစ်ဦးက ဧကရာဇ်မောင်အားမေးလာသည် ။
" ဥက္ကဌဧကရာဇ်မောင်က Dominant Alpha တစ်ယောက်လို့ပြောကြပေမဲ့ ခုချိန်ထိမျိုးဆက်မထွန်းကားသေးတာအံ့ဩစရာပဲ … ပြဿနာတစ်ခုခုရှိလို့လား … ဒါမှမဟုတ် မယူချင်သေးတာလား "
ထိုလူကသဘောရိုးဖြင့်မေးပေမဲ့ ဧကရာဇ်မောင်စိတ်ထဲမှာတော့အနှိမ်ခံလိုက်ရသလိုပင် ။ အားကြီးတဲ့ Dominant Alpha တွေက ရိုးရိုး Alpha တွေထက်အားကောင်းကာ ကလေးထွန်းကာဖို့ပိုလွယ်ကူသည် ။ ဧကရာဇ်မောင်ဟာ ရှားပါတဲ့ Dominant Alpha ဖြစ်ပေမဲ့ ခုထိ ကုမုဒြာကို ကိုယ်ဝန်ရအောင်မစွမ်းဆောင်နိုင်သေးပေ ။
အကြောင်းကတော့ ကုမုဒြာကိုအမှတ်အသားပေးလိုက်တဲ့မိတ်ဖက်ကသူမဟုတ်ပဲ သူကအစားထိုးခံသပ်သပ်ဖြစ်နေခြင်းကြောင့် သူဘယ်လောက်အားကြီးနေပါစေ ကလေးမရနိုင်တာလို့ထင်သည် ။ အယ်ဖာနဲ့အိုမိဂါက စစ်မှန်တဲ့မိတ်ဖက်နဲ့မှသာ ကလေးထွန်းကားနိုင်ကြသည် ။ သူတို့ရဲ့ဖယ်ရိုမုန်းကိုက်ညီမှုဘယ်လောက်ရှိလဲတောင် ဧကရာဇ်မောင်မသိပေ ။ ထိုလူရဲ့မေးခွန်းအား ဧကရာဇ်မောင်ဖြေရခက်နေစဉ် အဖိုးကသူ့အနားရောက်လာခဲ့သည် ။
" ငါ့မြေလေးက မကြာခင်ပဲ ကလေးယူတော့မှာ … ဘာလို့မေးတာလဲ … ကလေးမရနိုင်ဘူးထင်လို့လား "
ဥက္ကဌကြီးက လူတိုင်းရိုသေကြောက်ရွံ့ရသည့်လူမျိုးဖြစ်သလို စကားကိုကွေ့ဝိုက်မပြောပဲ ဒဲ့ပြောတတ်သူမို့ မေးလိုက်သည့်သူမှာ အရှက်ရသွားသည် ။ သူက ကုမိသားစုကိုကဲ့ရဲ့ရလောက်အောင်ထိ အင်အားကြီးသူမဟုတ်သလို ဥက္ကဌကြီးသာစိတ်ကွက်လျှင် သူ့မိသားစုအားလုံးဒုက္ခရောက်နိုင်သည် ။ ထိုလူကမျက်နှာပျက်သွားကာ ချက်ချင်းတောင်းပန်လေတော့သည် ။
" ဥက္ကဌကြီး ကျွန်တော်ကဒီသဘောမျိုးပြောတာမဟုတ်ပါဘူး … ကုမိသားစုရဲ့မျိုးဆက်သစ်လေး ဘယ်တော့ထွန်းကားမလဲ သိချင်ယုံပါ … ကျွန်တော့စကားက တခြားအဓိပ္ပါယ်သက်ရောက်သွားရင် တောင်းပန်ပါတယ် … ကျွန်တော်တို့ရဲ့ သခင်အသစ်ကို ကြိုဆိုဖို့အသင့်ပါ "
" အဟား … ဒါပေါ့ ကုမိသားစုက မျိုးဆက်သစ်ရှိကိုရှိလာမှာ "
အဖိုးအချိန်မှီရောက်လာမှသာ ဧကရာဇ်မောင်အသက်ရှူချောင်တော့သည် ။ ဒီလောကကအယ်ဖာတွေက သူတို့ထက်သာလျှင် ထိုလူရဲ့အားနည်းချက်ကိုရှာဖွေနေတတ်ကြသည် ။ ဧကရာဇ်မောင်ဆိုသည့် ထိုအယ်ဖာက နောက်ခံမိသားစုမရှိပဲ သူဌေးကြီးကုဌေကြွယ်ရဲ့မြေး အလှလေးကုမုဒြာရဲ့ကြင်ယာဖက်ဖြစ်လာပြီး အရာရာပြီးပြည့်စုံတဲ့ဘဝကိုရရှိတဲ့အပြင် ထက်မြတ်နေ၍ သူ့ရဲ့အားနည်းချက်ဖြစ်တဲ့ ခုချိန်ထိရင်သွေးရအောင်မလုပ်ဆောင်နိုင်သည့်ကိစ္စကိုသာ လူတွေကရောက်ရာအရပ်မှာမေးနေကြသည် ။ သူကထိုသခင်လေးရဲ့ အစားထိုးခံသပ်သပ်ဆိုတာ လူတွေထုတ်မပြောတောင် စိတ်ထဲကနေတွေးပြီး လှောင်ရယ်နေကြလောက်သည် ။
ဧကရာဇ်ကလူတွေရှေ့မှာ ပြုံးပြပေမဲ့ စိတ်ထဲရှုတ်ထွေးကာမွန်းကြပ်နေသည် ။ ကုမုဒြာဆိုတဲ့နတ်ဆိုးက လူကိုယ်တိုင်အနားမှာမရှိတာတောင် သူ့ရဲ့အငွှေ့အသက်တွေနဲ့ စိတ်ဒုက္ခအမျိုးမျိုးပေးနေသည် ။ လူကြီးတွေကိုဧည့်ခံပြီးသွားတော့ ဧကရာဇ်မောင် စိတ်ပြေလက်ပျောက်ဖြစ်အောင် တစ်ယောက်ထည်းထွက်လာခဲ့သည် ။
ထိုစဉ် သူဖြတ်သွားသည့်ဘေးနားက အသက်ရွယ်တူလောက်ရှိတဲ့ အိုမီဂါအမျိုးသမီးနဲ့အမျိုးသားများဟာ တစ်နေရာရာကိုအာရုံစိုက်ကြည့်နေကြ၍ ဧကရာဇ်မောင်အကြည့်ရောက်သွားချိန်မှာ မုဒြာတစ်ယောက်ထည်းအရက်တွေသောက်နေတာကိုတွေ့လိုက်ရသည် ။
သူ့ရဲ့ခြေလှမ်းတွေက အလိုလိုရပ်တန့်သွားကာ ထိုနေရာသို့စိုက်ကြည့်နေမိသည် ။ မုဒြာမူးတဲ့အချိန်ကရှားပါးလွန်းသလို ခုလိုအဆက်မပြတ်သောက်နေတာမျိုးလဲ တစ်ခါမှမတွေ့ဖူးပေ ။ ထိုစဉ်ဘေးနားကအုပ်စုဟာ ဧကရာဇ်မောင်သူတို့အနောက်မှာရှိနေတာကိုမသိပဲ မုဒြာအကြောင်တွေကို ပြောလာတော့သည် ။
" သခင်လေးကုမုဒြာက အသက်မပြည့်သေးပဲ အမှတ်အသားပေးခံရလို့ ကျောင်းမှာအပြစ်ပြောခံထားရတဲ့တစ်ယောက်မလား "
" ဟုတ်တယ် … သူကလူတိုင်းအားကျရတဲ့သူဖြစ်ပေမဲ့ အချစ်ကံတော့မကောင်းရှာဘူး … သူ့ကိုအမှတ်အသားပေးတဲ့အယ်ဖာက သူ့ကိုစွန့်ပြစ်သွားတဲ့ပုံပဲ … အဲ့အချိန်ကတည်းက သူလူတွေကြားထဲသိပ်ပြီးမထွက်တော့တာ "
" ခုသူ့ရဲ့မိတ်ဖက်က အဲ့တုန်းကတစ်ယောက်ပဲလား "
" မသိဘူးလေ … ထွက်ပြေးသွားတယ်ဆိုမှပြန်မလာရဲလောက်တော့ဘူး … ပြန်လာရင်လဲအဲ့လူအပြစ်ပေးခံရမှာအသေအချာပဲ … ဒီတစ်ယောက်ကနောက်ခံအင်းအားမရှိတဲ့မိသားစုကဆိုတော့ သူ့မိတ်ဖတ်နေရာအစားထိုလိုက်တာနေမှာပေါ့ … သူတို့ကအဲ့ဒါကိုလျှို့ဝှက်ထားတာ "
" ဒါပေမဲ့ အရင်ကသူ့မှာလူကြီးချင်းသဘောတူထားတဲ့တစ်ယောက်လဲရှိတယ်လို့ကြားဖူးတယ် … သူကလဲသခင်လေးတစ်ယောက်ပဲ … သူ့မိဘတွေကဂျပန်မှာနေတာလေ … အရမ်းချမ်းသာတယ်လို့ပြောကြတယ် … အဲ့သခင်လေးနဲ့ရမယ်ထင်ထားတာ … ဒါပေမဲ့တကယ်ရတော့ တစ်ခြားတစ်ယောက်ဖြစ်နေတယ် "
" သူလဲမဆိုးပါဘူး … ခုဥက္ကဌတောင်ဖြစ်နေပြီ … နောက်ခံအင်အားမရှိပေမဲ့ ဥက္ကဌဟောင်းရဲ့ပံ့ပိုးမှုကြောင့် သူကအများကြီးအောင်မြင်နေပြီ "
" ဘယ်သူကသိမှာလဲ … ဒီနေရာကိုလိုချင်လို့ အစားထိုးခံအဖြစ်နဲ့ သခင်လေးကုမုဒြာကိုလက်ထပ်တာလဲဖြစ်ရင်ဖြစ်မှာပေါ့ … ခုပဲကြည့်လေ ပွဲမှာတောင်အတူမရှိကြဘူး … သခင်လေးကုမုဒြာက တစ်ယောက်ထည်းသောက်နေတယ် … သနားပါတယ် "
ဧကရာဇ်မောင်က စိတ်ရှုတ်လွန်း၍ စကားသံတွေကိုဆက်နားမထောင်တော့ပဲ ထိုနေရာကနေထွက်လာခဲ့လိုက်သည် ။ အိမ်တော်အပြင်ကိုရောက်မှ အနည်းငယ်အသက်ရှူချောင်သွားသည် ။
လူတွေရဲ့အပြစ်တင်ကဲ့ရဲ့ချင်းတွေက အထူးအဆန်းမဟုတ်တော့ပေမဲ့ ထိုသို့အပြောခံရတိုင်း ဧကရာဇ်မောင်ရဲ့မုဒြာအပေါ်မုန်းတီးချင်းတွေက ပို၍သာတိုးလာခဲ့သည် ။
* တောက် … အားလုံးကမင်းအပြစ်တွေကြီးပဲကုမုဒြာ … လူတွေငါ့အပေါ်အထင်သေးအောင်မင်းပဲလုပ်ခဲ့တာ … အစကတည်းကမင်းလက်ထက်ရမဲ့လူက ငါမဟုတ်ဘူး … ငါကသူ့နေရာအစားထိုးသပ်သပ်ပဲမလား … ငါကမင်းအသုံးချလို့ရမဲ့အရုပ်မဟုတ်ဘူးဆိုတာ မင်းသိအောင်ပြမယ် *
" မောင် … နေမကောင်းဘူးလားဟင် "
အနောက်ကနေရောက်လာတဲ့ကသစ်ပန်းကြောင့် ဧကရာဇ်မောင်စိတ်လျော့လိုက်သည် ။ ပြီးနောက် စာပွဲဝိုင်းတစ်ခုမှာထိုင်ကာ စိတ်ရှုတ်နေတာတွေပျောက်ဖို့အတွက် ဝိုင်တွေကိုအဆက်မပြတ်သောက်နေလိုက်သည် ။
" မောင် … အရမ်းမသောက်နဲ့ "
ကသစ်ပန်းက ဧကရာဇ်အနားမှာထိုင်နေပြီး ဧကရာဇ်လက်ထဲကဝိုင်ခွက်ကိုဆွဲလုလိုက်သည် ။
" ပြန်ပေး "
" မောင် ဝိုင်တွေအများကြီးသောက်လို့မရဘူး … ဒါကမောင့်ရဲ့ဂုဏ်ပြုပွဲလေ … မူးသွားရင်မောင်ပဲအရှက်ရလိမ့်မယ် … ဧည့်သည်တွေပြန်တဲ့ထိ ဧည့်ခံပါဦး "
" မလိုဘူး … ဒီလူတွေက ငါ့ရဲ့ကြိုးစားမှုကို ဂုဏ်ပြုဖို့ထက် ငါ့အသင်းပြောဖို့ကိုပဲစိတ်အားထက်သန်နေကြတာ … သူတို့ကြောင့် ငါဘယ်လောက်ထိစိတ်အနှောက်အယှက်ဖြစ်နေလဲ မင်းမသိပါဘူး "
" ဘာပဲဖြစ်ဖြစ်ပွဲကိုပြီးအောင်တော့ တောင့်ခံပါဦးမောင်ရယ် "
" ကသစ်ပန်း … မင်းရောငါ့ကိုအဲ့လိုမြင်လား "
" ဘာကိုလဲဟင် "
" ငါကကုမုဒြာကို ပိုင်ဆိုင်ရလို ကံကောင်းတဲ့သူဆိုပြီးလေ … ငါလိုလူက ဒီနေရာကို ကြိုးစားပြီးရောက်လာတာမဟုတ်ပဲ ကုမုဒြာကြောင့်လို့မင်းထင်လား "
" မဟုတ်တာ … မောင်ဘယ်လောက်ကြိုးစားလဲ ကသစ်အသိဆုံးပါ … နေ့နေ့ညညမအိပ်ပဲတောင်ကြိုးစားလို့ ကျန်းမာရေးတောင်ဆိုးရိမ်ရတဲ့ထိပဲ … ဘယ်သူမှမယုံယုံ မောင်ဒီနေရာကိုရတာ မောင့်ကြိုးစားမှုကြောင့်ဆိုတာ ကသစ်ယုံတယ် … ကသစ်ကမောင့်ဘက်မှာ အမြဲရှိနေမှာ "
ကသစ်ပန်းရဲ့စကားတွေက ရှုတ်ထွေးနေတဲ့ ဧကရာဇ်စိတ်ကိုကြည်လင်သွားစေပြီး ဒီလောကမှာ သူ့အပေါ်နားလည်ပေးတဲ့သူရှိသေးမှန်းသိရ၍ ပျော်သွားလေသည် ။
" မင်းကသာငါ့ကိုနာလည်ပြီး ငါ့အပေါ်အကောင်းမြင်ပေးတဲ့သူပဲ ကသစ်ပန်း "
ကသစ်ပန်းကရှက်ရွံ့စွာပြုံးလိုက်သည် ။ ဒီလိုစကားလုံးချိုချိုလေးတွေပြောကာ ဧကရာဇ်မောင်အကြိုက်လိုက်နိုင်၍ ဧကရာဇ်မောင်ရဲ့ယုံကြည်အလေးထားမှုတွေကို ကသစ်ပန်းတစ်ဖြေးဖြေးရရှိလာသည် ။ ဧကရာဇ်မောင်နဲ့ ကသစ်ပန်း ပြုံးရွှင်ကာစကားတွေပြောနေစဉ် သူတို့ထံသို့ ခြေလှမ်းမညီမညာနဲ့ လူတစ်ယောက် ရောက်လာလေတော့သည် ။
" မောင် "
မုဒြာရဲ့အသံကြောင့် ဧကရာဇ်ရဲ့အပြုံးတွေပျောက်ကွယ်သွားကာ ခုံပေါ်ကနေချက်ချင်းထရပ်လိုက်သည် ။ မုဒြာပုံကအသိစိတ်ပျောက်နေကာ ပါးတွေကရဲနေပြီး လူတွေအလယ်မှာပဲမောင့်ကို မြှူဆွယ်ဖို့ကြိုးစားနေသည် ။
မုဒြာမူးလာရင် သူထိန်းချုပ်ထားသမျှတွေ ပွင့်ထွက်ကာ စိတ်ထဲရှိသမျှကို လုပ်ဆောင်တတ်သည် ။ ခုလဲ မောင့်ဘေးမှာထိုင်နေတဲ့ ကသစ်ပန်းကို ရန်လိုတဲ့အကြည့်တွေနဲ့ကြည့်နေ၍ ဧကရာဇ်မောင်က ကသစ်ပန်းနဲ့ကုမုဒြာရဲ့အလယ်မှာရပ်လိုက်ပြီး …
" မင်း ငါ့ပွဲမှာ ဘာပြဿနာရှာမလို့လဲကုမုဒြာ "
မောင်က ထိုမိန်းကလေးကို ထပ်မံကာကွယ်နေတော့ မုဒြာစိတ်မကောင်းဖြစ်သွားကာ မျက်နှာလေးကညှိုးငယ်သွားသည် ။
" မောင် … မုဒြာကိုမုန်းလာဟင် "
" လူကြားထဲမှာ မင်းဘာတွေမေးနေတာလဲ "
" ဒါဆိုဘာလို့မုဒြာကို ဖက်မထားပေးတာလဲ "
အမူသမားကတော့ စတင်အရှက်ခွဲဖို့ကြံနေ၍ ဧကရာဇ်မောင်အော်ပြစ်ချင်ပေမဲ့ အဖိုးလဲပွဲထဲမှာရှိနေသေးတော့မငြင်းနိုင်ပဲ မုဒြာကိုယ်အားဆွဲယူကာ ရင်ခွင်ထဲပွေ့ဖက်လိုက်သည် ။ ထိုအခါ မုဒြာက မောင့်အားတင်းနေအောင်ပြန်ဖက်ပြီး ဘေးမှာရပ်နေတဲ့ကသစ်ပန်းအား မောင်ကိုသူပိုင်တယ်ဆိုတဲ့အကြည့်နဲ့ကြည့်လိုက်တဲ့အခါ ကသစ်ပန်းမျက်နှာမှာ မနာလိုမှုတွေက ဟန်ပင်မဆောင်နိုင်တော့ပေ ။
သူတို့က အိုမီဂါချင်းမို့ ပိုင်ရှင်ရှိပြီးသားအမျိုးသားတစ်ယောက်ကို တစ်ခြားအိုမီဂါတစ်ယောက်က ချဉ်းကပ်လျှင် သူ့မှာဘာရည်ရွယ်ချက်ရှိနေလဲဆိုတာ ခန့်မှန်းရလွယ်သည် ။
ကသစ်ပန်းက မောင်ကမုဒြာကိုအရမ်းမုန်းတယ်လို့သိထားပေမဲ့ ခုလိုလူကြားထဲမှာဂရုစိုက်ပြနေပုံကြောင့် သူမရဲ့ပြုံးနေတတ်တဲ့အပြုံးတွေက ခဲတောင့်နေကာ မကြေမနပ်ဖြစ်ပြီးလက်တွေကိုချိုးလျှက် ဒေါသကိုထိန်းနေသည် ။
* မြေခွေးမကိုဖမ်းရတာလွယ်သားပဲ … မောင့်ကို ဘယ်သူကဟန်ဆောင်နေတဲ့ကြာပန်းဖြူအစစ်လဲဆိုတာ သိအောင်ပြမယ် … ကသစ်ပန်း မင်းဘာကြောင့်ငါနဲ့မောင့်ကိုခွဲဖို့ကြိုးစားနေလဲမသိပေမဲ့ မင်းလဲငါ့ရဲ့မောင်ကို မရစေရဘူး *
မုဒြာက မောင့်ကိုပို၍ တင်းကြပ်အောင်ဖက်လိုက်ပြီး …
" မောင် … မုဒြာတစ်ကိုယ်လုံး ပူလောင်နေတယ် … ဟင့် "
အိုမီဂါတစ်ယောက် ဒီလိုဖြစ်နေရင် အယ်ဖာတွေကချက်ချင်းသဘောပေါက်သည် ။ မုဒြာရဲ့ဖယ်ရိုမုန်းနံ့တွေက မောင့်ရဲ့အာရုံထဲ၌ နေရာယူလာကာ ရစ်မူးသွားစေသည် ။ ဧကရာဇ်မောင်ကလဲ ဝိုင်သောက်ထား၍ မုဒြာရဲ့ဖယ်ရိုမုန်းနံ့တွေကိုမတွန်းလှန်နိုင်ပေ ။
" မင်း နေမကောင်းဘူးလား "
" ဟင့်အင် "
မုဒြာရဲ့ဖယ်ရိုမုန်းနံ့တွေက မွှန်ထူးနေပြီး အတားအစီးမဲ့ထုတ်လွှတ်နေခြင်းကြောင့် အနီးနားကလူတစ်ချို့က သူတို့ထံလှည့်ကြည့်လာသည် ။ အားလုံးအမြင်မှာ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံတွေ ကျီစယ်လွန်ပြီး လူကြားထဲတောင်မထိန်းနိုင်တော့ဘူးဟုထင်နေကြပုံပင် ။
ဧကရာဇ်မောင်ကထိုအနေအထားကိုအတော်လေးရှက်ရွံ့နေ၍ မုဒြာအား ချက်ချင်းပွေ့ချီလိုက်တော့သည် ။ အားလုံးက မင်းသားလေးဟာ မင်းသမီးလေးကိုပွေ့ချီသွားသလိုမျိုး အားကျစွာကြည့်နေကြသည် ။
" အားလုံးကိုအားနာပါတယ်ဗျ … ကျွန်တော်သူ့ကိုအခန်းထဲပြန်ပို့လိုက်ဦးမယ် "
အားလုံးကတညီတညွတ်ထည်းပြောလာကြသည် ။
" ရပါတယ် … ရပါတယ် … ဇနီးလေးကိုသာအချိန်ပေးလိုက်ပါ … ကျွန်တော်တို့ကို ဧည့်ခံဖို့မလိုပါဘူး "
" ဟုတ်တယ် … ခင်ပွန်းကအလုပ်တွေပဲကြိုးစာနေတော့ သူလဲလွမ်းနေရှာမှာ … ဇနီးလေးကိုလဲအချိန်ပေးလိုက်ပါဦး "
" ဒီညကံကောင်းပါစေဗျာ … မကြာခင်သတင်းကောင်းကြားရဖို့မျှော်လင့်ပါတယ် "
အားလုံးကရယ်မောကာ သူတို့အားခွင့်ပြုပေးကြသည် ။ လိုက်ဖက်သည်ဟုလဲ တတွတ်တွတ်ပြောနေကြသည် ။ မောင်ကလှေကားထစ်တွေပေါ်ကနေ မုဒြာကိုပွေ့ချီလျှက် အပေါ်တက်သွားတာကို ကသစ်ပန်းကြည့်ရင်း သူ့မရဲ့အပြုံးတွေကပျောက်ကွယ်သွားကာ သူ့မရဲ့လက်ချာင်းတွေကိုသာ အားပါပါဖြင့်ချိုးနေတော့သည် ။
မုဒြာအခန်းထဲရောက်တော့ လူတွေရှေ့မှာ နူးညံ့ပြနေတဲ့မောင်က မုဒြာကိုဆက်ပြီးမပွေ့ချီတော့ပဲ ကုတင်ပေါ်သို့ပြစ်ချလိုက်သည် ။ တကယ်တော့မုဒြာဟာ အရမ်းမမူးနေပါ ။ ဒီဝိုင်လောက်နဲ့ မုဒြာကိုမူးမသွားစေနိုင်ပေ ။
မုဒြာကမောင့်ရဲ့အဖက်လုပ်တာကိုခံချင်ပြီး ဟိုမိန်းကလေးရှေ့မှာသူကမောင့်ရဲ့ပိုင်ရှင်အစစ်ဆိုတာပြချင်၍ ဟန်ဆောင်လိုက်ခြင်းဖြစ်သည် ။ ဒါကိုမောင်လဲသိနေကာ ဟန်ဆောင်နေတဲ့မုဒြာအား ဒေါသတကြီးအော်ပြောလာတော့သည် ။
" ကုမုဒြာ မင်းမှာအရှက်ရောရှိသေးလား … ဧည့်သည်တွေရှေ့မှာ မင်းရဲ့ဖယ်ရိုမုန်းတွေကို ဘာကြောင့်မထိန်းချုပ်ထားတာလဲ "
" ဒါကမုဒြာရဲ့အိမ်ပဲ … မောင်ရှက်ရင် သူတို့အကုန်လုံးကို ပြန်ခိုင်းလိုက်မယ်လေ "
" မင်းရူးနေလား … ဒါကငါ့ရဲ့ဂုဏ်ပြုပါတီပွဲ … မင်းလုပ်ချင်တိုင်းလုပ်လို့ရအောင် အပျော်လုပ်နေတာမဟုတ်ဘူး "
" မုဒြာလဲမပျော်နေဘူး … မောင်နဲ့အတူနေချင်တယ် "
" ကုမုဒြာ "
မုဒြာရဲ့အနံ့က မောင့်ကိုကောင်းကောင်းကြီးချုပ်နှောင်နိုင်ကာ ထိရောက်သောအဆိပ်တစ်ခွက်လိုပင် ။ မုဒြာတစ်ကိုယ်လုံးကပူလောင်လာပြီး အဖြူရောင်ဝတ်ဆုံအား ကိုယ်ပေါ်ကနေဆွဲချွတ်ပြစ်လိုက်သည် ။
မုဒြာအသားအရေက ပန်းရောင်သန်းနေကာ ဖယ်ရိုမုန်းနံ့တွေကပို၍ပြင်းထန်လာသည် ။ ဒီနေ့ဆေးမသောက်ပါပဲနဲ့ ကုမုဒြာရဲ့ဆွဲဆောင်မှုတွေအောက်မှာ ဧကရာဇ်မောင် ကျရှုံးနေတာကို လက်မခံနိုင်ဖြစ်နေသည် ။
" မင်းဘာအရူးထပြန်ပြီလဲ ကုမုဒြာ ပွဲမပြီးသေးဘူးဆိုတာ နားမလည်ဘူးလား "
" သူတို့ကတောင် ခွင့်ပြုနေတာကို မောင်ကဘာကိုဂရုစိုက်နေတာလဲ "
ဧကရာဇ်မောင်ရဲ့နားတွေကသိသိသာသာရဲနေပြီး ခံစားချက်တွေကိုအတင်းချုပ်နှောင်ထားသည် ။
" ခုမောင်မုဒြာကို လိုအပ်နေပြီမလား … ဟန်ဆောင်မနေပါနဲ့တော့ "
" ငါမင်းကိုမလိုအပ်ဘူး "
ကုမုဒြာနဲ့ ၃ နှစ်မျှပေါင်းသင်းခဲ့ပြီး အကြိမ်ရေများစွာ သူတို့အတူနေခဲ့ကြသည် ။ သို့ပေမဲ့ ကလေးရဖို့အရိပ်အယောင်ပင်မပြခြေ ။ ဒါကြောင့် မရတူတူအချစ်မပါပဲ အစားထိုးခံသပ်သပ်ဆက်ဆံရေးကို ဆက်ပြီး ရှေ့မဆက်ချင်တော့ဘူး …
" ကုမုဒြာ … မင်း ငါတို့ရဲ့ကလေးမမွေးပေးနိုင်ပဲ ငါမင်းနဲ့အတူ အချိန်မကုန်ချင်တော့ဘူး "
မောင်ကကလေးအကြောင်းပြောလာတော့ မုဒြာလဲ မောင့်အားကြည့်ကာ လေးနက်စွာဆိုလိုက်သည် ။
" မောင်တကယ်ပဲ ကလေးလိုချင်တာလား "
" ငါမင်းနဲ့အတူအိပ်တာက ကလေးရဖို့အတွက်ပဲ … ဒါပေမဲ့ အချိန်အကြာကြီးအတူနေလာတာတောင် ခုထိမရနိုင်ဘူး … ဒါကြောင့် ငါတို့ရပ်လိုက်ကြရအောင် … ဒါကမင်းအတွက်ပျော်စရာကောင်းပေမဲ့ ငါ့အတွက်တော့ ပျော်စရာမကောင်းနေဘူး "
မောင်နဲ့ မုဒြာရဲ့ဆက်ဆံရေးက အပျော်လို့ ဘာကြောင့်များတွေးထင်နေရတာလဲ မောင်ရယ် …
မုဒြာက သူတားဆေးသိမ်းထားတဲ့ စားပွဲပေါ်ကဖော့ဘူလေးထံအကြည့်ရောက်သွားသည် ။ သူထိုဆေးတွေကိုဆက်သောက်သင့်လား မသောက်သင့်တော့ဘူးလား ဝေခွဲရခက်သွားသည် ။ မောင်သာကလေးရလို့ပျော်မယ်ဆို မုဒြာကလေးယူမိမည်ပင် ။
" မင်းမှာပြောစရာမရှိတော့ရင် ငါသွားတော့မယ် "
ဒီလိုအခြေအနေမှထွက်သွားဖို့ပြင်နေတဲ့မောင့်ကို မုဒြာတားစီးလိုက်သည် ။
" မောင်ဒီည မုဒြာနဲ့အိပ်ရမယ် "
" ငါစိတ်မပါဘူး "
" မောင်မုဒြာနဲ့အတူမနေပေးတာကြာပြီ … ဥက္ကဌဖြစ်သွားလို့ အလုပ်တွေရှုတ်နေတာနားလည်ပေမဲ့ ဒီနေ့လိုနေ့ကမောင်နဲ့မုဒြာပျော်ဖို့အချိန်ကောင်းပဲ … အားလုံးကလဲ မောင့်ကိုအေးဆေးအနားယူဖို့ပြောခဲ့တယ်မဟုတ်လား "
မုဒြာကသူ့ရဲ့လက်ချောင်းလေးတွေနဲ့ ဧကရာဇ်မောင်ရဲ့ခန္ဓာအနှံ့ထိတွေ့ကာ မြှူဆွယ်တဲ့လေသံလေးနဲ့ဆိုလိုက်သည် ။
" မောင်က ရင်သွေးလိုချင်တယ်ဆို … ထပ်ပြီးကြိုးစားကြည့်လေ "
" ငါမလုပ်ဘူး "
" မကြိုးစားပဲ ဘယ်လိုသိနိုင်မှာလဲ "
မုဒြာက မောင့်ရဲ့လက်ကိုဆွဲကာ ကုတင်ပေါ်တွန်းလှဲလိုက်ပြီးအပေါ်ကနေအုပ်မိုးလိုက်တော့ မောင်ကမျက်မှောင်ကြုတ်လျှက်ကြည့်ကာ အော်လိုက်သည် ။
" ကုမုဒြာ "
" မုဒြာမောင့်ကိုချစ်တယ် "
" …… "
မောင်ထပ်ပြီးမငြင်းဆန်နိုင်တော့ပေ ။ မုဒြာရဲ့ညှို့ချက်တွေကြောင့် မောင့်ရဲ့အတွေးတွေက လွင့်ပျယ်လို့သွားလေသည် ။
ဧကရာဇ်မောင်ရဲ့မိခင်က ငိုကြွေးကာ သူတို့စီးပွားရေးအဆင်မပြေကြောင်းပြောလာသည် ။ သူသာကုမုဒြာရဲ့ဘေးမှာရှိမနေလျှင် သူ့မိဘတွေရဲ့ဘဝကပျက်စီးရလိမ့်မည်ဟုပြောသည် ။ လူတိုင်းကသူ့ကိုအစေခံတစ်ယောက်လိုဆက်ဆံသည် ။ သူကထိုလူသားနဲ့မထိုက်တန်ဘူးဟုပြောကြသည် ။
ထိုလူတွေရဲ့အဝေးကနေထွက်သွားဖို့ကြိုးစားတိုင်း အမြဲငိုယိုပြီး ဒုက္ခပင်လယ်ဝေနေတဲ့ မိဘတွေကြောင့် ဘယ်ကိုမှသွားခွင့်မရပေ ။ မိဘတွေဆုံးပါးသွားတာတောင်မှ သူသည်ယခုအချိန်ထိပင် မလွတ်မြောက်နိုင်သေးပေ ။
" မင်းငါ့ကိုလွှတ် "
အာရုံတွေလွှင့်နေတဲ့မောင်အသိပြန်ဝင်လာတော့ မုဒြာကသူ့ရဲ့အဝတ်တွေကိုဆွဲချွတ်နေ၍ မောင်က အားပါပါတွန်းပြစ်လိုက်သည် ။ မုဒြာနာကျင်သွားပေမဲ့ မောင်အပေါ်ဒေါသမထွက်ခဲ့ပေ ။
" မောင် … နာသွားလို့လားဟင် … အဝတ်တွေကို မုဒြာဖြေးဖြေးချွတ်ပါ့မယ် "
ခုချိန်မှာ အဝတ်ချွတ်တာကိုပဲ ခေါင်းထဲရှိနေတဲ့မုဒြာကို မောင်နားမလည်တော့ပေ ။ ဒီလိုကစားရတာက သူ့အတွက်ဘယ်လောက်တောင် ပျော်စရာကောင်းနေလို့လဲ ။ နှစ်တွေကြာလာတာတောင်မညီးငွှေ့နိုင်သေးဘူးလား ။
မုဒြာကအနည်းငယ်ရစ်မူးနေတာမို့ ပုံမှန်ထက်သတ္တိတွေပိုရှိနေပြီး ဧကရာဇ်မောင်ကိုလှမ်းဖက်ကာ လည်တိုင်ကို ကုန်းကိုက်လိုက်ပြီး …
" မောင်က လိမ္မာပါတယ် … မောင့်ကိုယ်က မုဒြာကို ပြန်တုန့်ပြန်နေပြီ "
" ဒါကမင်းရဲ့စနစ်ပဲလေ … ငါ့ကိုဖမ်းချုပ်ပြီးလုပ်ရတာကို မင်းကြိုက်တယ်မလား "
" မုဒြာက မောင့်ရဲ့အရာအားလုံးကိုကြိုက်တယ် "
ဧကရာဇ်မောင် ရုန်းထွက်ဖို့ပင်ပျင်းရိနေပြီး သူ့အပေါ်ကပ်သွယ်နေတဲ့မုဒြာကို ခွင့်ပြုပေးလိုက်သည် ။
" အပိုတွေမပြောပဲ ငါခွင့်ပေးတုန်း မင်းလုပ်ချင်တာမြန်မြန်လုပ် "
မုဒြာဘက်ကဘယ်လောက်လှုပ်ရှားပါစေ မောင်ကတော့ တုန့်ပြန်မှုမပေးပဲ ကျောက်ရုပ်လိုငြိမ်နေသည် ။ အိမ်ထောင်သက်တမ်း ၃ နှစ်မှာ ခုတစ်ခါက မုဒြာမောင်နဲ့အတူနေရချိန်တွင် ပျော်ရွှင်မှုကိုမရရှိပဲ နာကျင်မှုကိုသာရရှိသည့်အချိန်ဖြစ်သည် ။ မောင်ကပြောင်းလဲသွားပေမဲ့ မုဒြာထင်မှတ်ထားသလိုတော့မဟုတ်ပေ ။
" မောင် … မုဒြာကို နမ်းပါ "
မုဒြာက မောင်ရဲ့လည်ပင်းကိုဖက်ထားပြီး မောင့်ထံကအနမ်းကို တောင်းခံနေသည် ။ တစ်ခါလေးပဲ မောင့်ဘက်ကစပြီးနမ်းတဲ့အနမ်းတစ်ပွင့်ကို မုဒြာလိုချင်မိသည် ။ မောင်ကရက်စက်စွာပြန်ပြောလာသည် ။
" မင်းကိုဘာကြောင့်နမ်းရမှာလဲ … လုပ်စရာရှိတာဆက်လုပ် "
" မောင့်ဘက်ကမုဒြာကို တစ်ကြိမ်တစ်ခါလေးတောင်အနမ်းမပေးဘူး "
" ငါမင်းကိုမုန်းလို့ဆိုတာ မင်းမသိဘူးလား "
" ဒါပေမဲ့ မုဒြာမောင့်ကိုချစ်တယ်လေ "
မောင့်ဆီက ထပ်ကြားမဲ့စကားလုံးတိုင်းက မုဒြာကိုမုန်းတယ်ဆိုတဲ့စကားပဲဖြစ်နေမှာမို့ မုဒြာမောင့်ထံကအနမ်းကိုမတောင်းခံတော့ပဲ မုဒါကိုယ်တိုင် မောင်ရဲ့နှုတ်ခမ်းတွေကိုနမ်းရှိုက်လိုက်သည် ။ မောင့်ရဲ့နှုတ်ခမ်းကချိုပြီးနူးညံ့သည် ။ မောင်ကမတုန့်ပြန်ပေမဲ့ မောင့်အသက်ရှူသံတွေပြင်းပြနေကာ မုဒြာလိုပဲ စိတ်လှုပ်ရှားနေတာကို မုဒြာခံစားမိနေသည် ။
" မောင် … မုဒြာကို အမှတ်အသားပေးပါ "
" ကျစ် … စိတ်ရှုတ်လိုက်တာ … မင်းမြန်မြန်မလုပ်နိုင်ရင် ငါလုပ်မယ် … ပြီးမှငိုမနေနဲ့ "
မောင်က သူ့ပေါ်ကမုဒြာကိုယ်လေးအားဆွဲပွေ့ကာ ကုတင်ပေါ်ပြစ်လှဲလိုက်ပြီး အပေါ်ကနေအုပ်မိုးလိုက်သည် ။ သူ့အားတမင်တကာစွနေတဲ့ မုဒြာအားစိုက်ကြည့်လိုက်ပြီး သူ့ကိုယ်သူလဲ ဘာကြောင့်စိတ်လှုပ်ရှားနေလဲ မတွေးတတ်တော့ပေ ။
* ငါသူ့အပေါ်စိတ်လှုပ်ရှားနေစရာအကြောင့်မရှိဘူး … သူကစိတ်ရှုတ်ဖို့ကောင်းတယ် … ဘာကြောင့်ငါ့ကိုအမြဲ စိတ်ဒုက္ခပေးနေတာလဲ *
သူတို့ပုံစံအမျိုးမျိုးနဲ့ ဆက်ဆံပြီးနောက် ဧကရာဇ်မောင်တစ်ကိုယ်လုံး ချွေးများရွှဲနစ်လို့နေသည် ။ ဒါတောင်မှ လိုအင်ရမက်တွေကမပြည့်နိုင်ပဲ ထပ်မံတောင့်တနေမိသည် ။
* ကျစ် … ငါတကယ်ကိုမရုန်းထွက်နိုင်ဘူးပဲ … ဒီနတ်ဆိုးရဲ့လက်ထဲမှာ ဘယ်အချိန်ထိ ကျရှုံးနေဦးမှာလဲ … ငါတကယ်ပဲရူးသွားပြီလား *
မောင်နဲ့မုဒြာ စိတ်ကျေနပ်တဲ့ထိဆက်ဆံပြီးတဲ့နောက် ညည့်နက်သွားပြီး မုဒြာတစ်ကိုယ်လုံးလဲ ရိုက်ချိုးခံထားရသလိုနာကျင်နေသည် ။ မုဒြာကုတင်ပေါ်မှာလှဲနေပြီး ဒီနေ့မောင်နဲ့ဆက်ဆံရတဲ့ပုံရိပ်တွေကို မေ့မသွားအောင် အာရုံထဲပြန်ပုံဖော်နေမိသည် ။ ထိုစဉ် ရေချိုးခန်းထဲဝင်သွားတဲ့မောင်ကပြန်ထွက်လာပြီး ကိုယ်မှာလဲရေစက်တွေတွဲခိုလျှက် မုဒြာအားကြည့်ကာဆိုလာသည် ။
" မင်းကိုယ်ကို သန့်ရှင်းရေးလုပ်ပြီးမှအိပ် "
မောင်ကအသန့်ကြိုက်တာမို့ မုဒြာလဲရေချိုးခန်းထဲဝင်ပြီးသန့်ရှင်းလိုက်သည် ။ မုဒြာပြန်ထွက်လာရင် မောင်ကအရင်လို သူ့အခန်းထဲပြန်သွားပြီး မုဒြာတစ်ယောက်ထည်းကျန်နေခဲ့မယ် ထင်ထားပေမဲ့ မောင်ဟာ ထွက်မသွားပဲ မုဒြာရဲ့ကုတင်ပေါ်မှာအိပ်ဆက်နေတာကိုတွေ့လိုက်ရသည် ။
ဒီနေ့မောင့်အချိုးတွေအေးဆက်သည့်ဘက်ပြောင်းနေပေမဲ့ သူနဲ့အတူရှိနေပေးတာမို့မုဒြာလဲဘာမှထပ်မတွေးတော့ပဲ မောင့်ရဲ့ဘေးမှာဝင်လှဲလိုက်သည် ။ မောင်က သူရေချိုးနေတုန်း အိပ်ယာခင်းတွေကိုပါလဲပေးထားသေးသည် ။ မောင်အနားမှာရှိနေတော့ မုဒြာစိတ်လှုပ်ရှားကာ အိမ်မပျော်တော့ပေ ။ အတူဆက်ဆံနေတဲ့အချိန်ကထက်ပင် ရင်ခုန်စိတ်လှုပ်ရှားနေမိသည် ။
မောင်က နှစ်ခြိုက်စွာ အိပ်ပျော်သွားလျှင် ရှုံ့နေတဲ့မျက်ခုံးတွေက ပြေကျသွားသည် ။ မုဒြာက မောင့်ရဲ့မျက်နှာလေးကိုသေချာစိုက်ကြည့်နေပြီး မျက်ခုံးကြုတ်ထားတာပြေသွားတော့မှ မောင့်ရဲ့ခေါင်းကိုမကာ သူ့လက်မောင်းပေါ်တင်လိုက်သည် ။
ငယ်ငယ်ကလို မောင့်ရဲ့ခေါင်းလေးကို မကိုင်ရတာကြာပြီ ။ မောင့်ရဲ့ဆံပင်လေးတွေက အရင်ကလိုနူးညံ့နေတုန်းပဲ ။ မုဒြာက ကလေးမဟုတ်တော့ပေမဲ့ မောင့်ရဲ့ဆံပင်လေးတွေကိုထိကိုင်ရတာ သဘောကျသည် ။
" မောင် … အိမ်မက်လှလှမက်ပါစေ "
မုဒြာတိုးတိတ်စွာရေရွတ်ရင်း ရင်ခွင်ထဲကမောင့်ရဲ့ခေါင်းလေးအား ညှင်သာစွာထိကိုင်ရင်း တစ်ဖြေးဖြေးအိပ်မောကျသွားလေသည် ။ မုဒြာရဲ့စိတ်ထဲမှာ မောင်နဲ့အတူ ဒီလိုမျိုး အချိန်အကြာကြီးအတူရှိနေပါစေလို့ ဆုတောင်းနေမိသည် ။
…………………………………………………………………………………
To Be Continued ……
" ဥကၠဌ ဧကရာဇ္ေမာင္က ကံေကာင္းတယ္ဗ်ာ … ေခ်ာေမာလွပတဲ့အိုမီဂါေလးကိုပိုင္ဆိုင္ထားတဲ့အျပင္ ထက္ျမတ္တဲ့ အတြင္းေရးမႉးကလဲအနားမွာရွိေနတယ္ … ဒီေလာက္ၿပီးျပည့္စုံမႈက ဘယ္မွာရွိနိုင္ေတာ့မလဲ … အဟား "
" အဲ့ေလာက္လဲမဟုတ္ပါဘူးဗ်ာ "
လုပ္ငန္းရွင္ႀကီးေတြက ဧကရာဇ္ကိုကံေကာင္းသည္ဟု တတြတ္တြတ္ေျပာေနေပမဲ့ ဧကရာဇ္ေမာင္ဟာ တည္ၿငိမ္စြာပင္ျပန္ေျဖေနခဲ့သည္ ။ ထိုစဥ္ သူေဌးႀကီးတစ္ဦးက ဧကရာဇ္ေမာင္အားေမးလာသည္ ။
" ဥကၠဌဧကရာဇ္ေမာင္က Dominant Alpha တစ္ေယာက္လို႔ေျပာၾကေပမဲ့ ခုခ်ိန္ထိမ်ိဳးဆက္မထြန္းကားေသးတာအံ့ဩစရာပဲ … ျပႆနာတစ္ခုခုရွိလို႔လား … ဒါမွမဟုတ္ မယူခ်င္ေသးတာလား "
ထိုလူကသေဘာရိုးျဖင့္ေမးေပမဲ့ ဧကရာဇ္ေမာင္စိတ္ထဲမွာေတာ့အႏွိမ္ခံလိုက္ရသလိုပင္ ။ အားႀကီးတဲ့ Dominant Alpha ေတြက ရိုးရိုး Alpha ေတြထက္အားေကာင္းကာ ကေလးထြန္းကာဖို႔ပိုလြယ္ကူသည္ ။ ဧကရာဇ္ေမာင္ဟာ ရွားပါတဲ့ Dominant Alpha ျဖစ္ေပမဲ့ ခုထိ ကုမုျဒာကို ကိုယ္ဝန္ရေအာင္မစြမ္းေဆာင္နိုင္ေသးေပ ။
အေၾကာင္းကေတာ့ ကုမုျဒာကိုအမွတ္အသားေပးလိုက္တဲ့မိတ္ဖက္ကသူမဟုတ္ပဲ သူကအစားထိုးခံသပ္သပ္ျဖစ္ေနျခင္းေၾကာင့္ သူဘယ္ေလာက္အားႀကီးေနပါေစ ကေလးမရနိုင္တာလို႔ထင္သည္ ။ အယ္ဖာနဲ႕အိုမိဂါက စစ္မွန္တဲ့မိတ္ဖက္နဲ႕မွသာ ကေလးထြန္းကားနိုင္ၾကသည္ ။ သူတို႔ရဲ႕ဖယ္ရိုမုန္းကိုက္ညီမႈဘယ္ေလာက္ရွိလဲေတာင္ ဧကရာဇ္ေမာင္မသိေပ ။ ထိုလူရဲ႕ေမးခြန္းအား ဧကရာဇ္ေမာင္ေျဖရခက္ေနစဥ္ အဖိုးကသူ႕အနားေရာက္လာခဲ့သည္ ။
" ငါ့ေျမေလးက မၾကာခင္ပဲ ကေလးယူေတာ့မွာ … ဘာလို႔ေမးတာလဲ … ကေလးမရနိုင္ဘူးထင္လို႔လား "
ဥကၠဌႀကီးက လူတိုင္းရိုေသေၾကာက္႐ြံ႕ရသည့္လူမ်ိဳးျဖစ္သလို စကားကိုေကြ႕ဝိုက္မေျပာပဲ ဒဲ့ေျပာတတ္သူမို႔ ေမးလိုက္သည့္သူမွာ အရွက္ရသြားသည္ ။ သူက ကုမိသားစုကိုကဲ့ရဲ႕ရေလာက္ေအာင္ထိ အင္အားႀကီးသူမဟုတ္သလို ဥကၠဌႀကီးသာစိတ္ကြက္လွ်င္ သူ႕မိသားစုအားလုံးဒုကၡေရာက္နိုင္သည္ ။ ထိုလူကမ်က္ႏွာပ်က္သြားကာ ခ်က္ခ်င္းေတာင္းပန္ေလေတာ့သည္ ။
" ဥကၠဌႀကီး ကြၽန္ေတာ္ကဒီသေဘာမ်ိဳးေျပာတာမဟုတ္ပါဘူး … ကုမိသားစုရဲ႕မ်ိဳးဆက္သစ္ေလး ဘယ္ေတာ့ထြန္းကားမလဲ သိခ်င္ယုံပါ … ကြၽန္ေတာ့စကားက တျခားအဓိပၸါယ္သက္ေရာက္သြားရင္ ေတာင္းပန္ပါတယ္ … ကြၽန္ေတာ္တို႔ရဲ႕ သခင္အသစ္ကို ႀကိဳဆိုဖို႔အသင့္ပါ "
" အဟား … ဒါေပါ့ ကုမိသားစုက မ်ိဳးဆက္သစ္ရွိကိုရွိလာမွာ "
အဖိုးအခ်ိန္မွီေရာက္လာမွသာ ဧကရာဇ္ေမာင္အသက္ရႉေခ်ာင္ေတာ့သည္ ။ ဒီေလာကကအယ္ဖာေတြက သူတို႔ထက္သာလွ်င္ ထိုလူရဲ႕အားနည္းခ်က္ကိုရွာေဖြေနတတ္ၾကသည္ ။ ဧကရာဇ္ေမာင္ဆိုသည့္ ထိုအယ္ဖာက ေနာက္ခံမိသားစုမရွိပဲ သူေဌးႀကီးကုေဌႂကြယ္ရဲ႕ေျမး အလွေလးကုမုျဒာရဲ႕ၾကင္ယာဖက္ျဖစ္လာၿပီး အရာရာၿပီးျပည့္စုံတဲ့ဘဝကိုရရွိတဲ့အျပင္ ထက္ျမတ္ေန၍ သူ႕ရဲ႕အားနည္းခ်က္ျဖစ္တဲ့ ခုခ်ိန္ထိရင္ေသြးရေအာင္မလုပ္ေဆာင္နိုင္သည့္ကိစၥကိုသာ လူေတြကေရာက္ရာအရပ္မွာေမးေနၾကသည္ ။ သူကထိုသခင္ေလးရဲ႕ အစားထိုးခံသပ္သပ္ဆိုတာ လူေတြထုတ္မေျပာေတာင္ စိတ္ထဲကေနေတြးၿပီး ေလွာင္ရယ္ေနၾကေလာက္သည္ ။
ဧကရာဇ္ကလူေတြေရွ႕မွာ ၿပဳံးျပေပမဲ့ စိတ္ထဲရႈတ္ေထြးကာမြန္းၾကပ္ေနသည္ ။ ကုမုျဒာဆိုတဲ့နတ္ဆိုးက လူကိုယ္တိုင္အနားမွာမရွိတာေတာင္ သူ႕ရဲ႕အေငႊ႕အသက္ေတြနဲ႕ စိတ္ဒုကၡအမ်ိဳးမ်ိဳးေပးေနသည္ ။ လူႀကီးေတြကိုဧည့္ခံၿပီးသြားေတာ့ ဧကရာဇ္ေမာင္ စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ တစ္ေယာက္ထည္းထြက္လာခဲ့သည္ ။
ထိုစဥ္ သူျဖတ္သြားသည့္ေဘးနားက အသက္႐ြယ္တူေလာက္ရွိတဲ့ အိုမီဂါအမ်ိဳးသမီးနဲ႕အမ်ိဳးသားမ်ားဟာ တစ္ေနရာရာကိုအာ႐ုံစိုက္ၾကည့္ေနၾက၍ ဧကရာဇ္ေမာင္အၾကည့္ေရာက္သြားခ်ိန္မွာ မုျဒာတစ္ေယာက္ထည္းအရက္ေတြေသာက္ေနတာကိုေတြ႕လိုက္ရသည္ ။
သူ႕ရဲ႕ေျခလွမ္းေတြက အလိုလိုရပ္တန႔္သြားကာ ထိုေနရာသို႔စိုက္ၾကည့္ေနမိသည္ ။ မုျဒာမူးတဲ့အခ်ိန္ကရွားပါးလြန္းသလို ခုလိုအဆက္မျပတ္ေသာက္ေနတာမ်ိဳးလဲ တစ္ခါမွမေတြ႕ဖူးေပ ။ ထိုစဥ္ေဘးနားကအုပ္စုဟာ ဧကရာဇ္ေမာင္သူတို႔အေနာက္မွာရွိေနတာကိုမသိပဲ မုျဒာအေၾကာင္ေတြကို ေျပာလာေတာ့သည္ ။
" သခင္ေလးကုမုျဒာက အသက္မျပည့္ေသးပဲ အမွတ္အသားေပးခံရလို႔ ေက်ာင္းမွာအျပစ္ေျပာခံထားရတဲ့တစ္ေယာက္မလား "
" ဟုတ္တယ္ … သူကလူတိုင္းအားက်ရတဲ့သူျဖစ္ေပမဲ့ အခ်စ္ကံေတာ့မေကာင္းရွာဘူး … သူ႕ကိုအမွတ္အသားေပးတဲ့အယ္ဖာက သူ႕ကိုစြန႔္ျပစ္သြားတဲ့ပုံပဲ … အဲ့အခ်ိန္ကတည္းက သူလူေတြၾကားထဲသိပ္ၿပီးမထြက္ေတာ့တာ "
" ခုသူ႕ရဲ႕မိတ္ဖက္က အဲ့တုန္းကတစ္ေယာက္ပဲလား "
" မသိဘူးေလ … ထြက္ေျပးသြားတယ္ဆိုမွျပန္မလာရဲေလာက္ေတာ့ဘူး … ျပန္လာရင္လဲအဲ့လူအျပစ္ေပးခံရမွာအေသအခ်ာပဲ … ဒီတစ္ေယာက္ကေနာက္ခံအင္းအားမရွိတဲ့မိသားစုကဆိုေတာ့ သူ႕မိတ္ဖတ္ေနရာအစားထိုလိုက္တာေနမွာေပါ့ … သူတို႔ကအဲ့ဒါကိုလွ်ို႔ဝွက္ထားတာ "
" ဒါေပမဲ့ အရင္ကသူ႕မွာလူႀကီးခ်င္းသေဘာတူထားတဲ့တစ္ေယာက္လဲရွိတယ္လို႔ၾကားဖူးတယ္ … သူကလဲသခင္ေလးတစ္ေယာက္ပဲ … သူ႕မိဘေတြကဂ်ပန္မွာေနတာေလ … အရမ္းခ်မ္းသာတယ္လို႔ေျပာၾကတယ္ … အဲ့သခင္ေလးနဲ႕ရမယ္ထင္ထားတာ … ဒါေပမဲ့တကယ္ရေတာ့ တစ္ျခားတစ္ေယာက္ျဖစ္ေနတယ္ "
" သူလဲမဆိုးပါဘူး … ခုဥကၠဌေတာင္ျဖစ္ေနၿပီ … ေနာက္ခံအင္အားမရွိေပမဲ့ ဥကၠဌေဟာင္းရဲ႕ပံ့ပိုးမႈေၾကာင့္ သူကအမ်ားႀကီးေအာင္ျမင္ေနၿပီ "
" ဘယ္သူကသိမွာလဲ … ဒီေနရာကိုလိုခ်င္လို႔ အစားထိုးခံအျဖစ္နဲ႕ သခင္ေလးကုမုျဒာကိုလက္ထပ္တာလဲျဖစ္ရင္ျဖစ္မွာေပါ့ … ခုပဲၾကည့္ေလ ပြဲမွာေတာင္အတူမရွိၾကဘူး … သခင္ေလးကုမုျဒာက တစ္ေယာက္ထည္းေသာက္ေနတယ္ … သနားပါတယ္ "
ဧကရာဇ္ေမာင္က စိတ္ရႈတ္လြန္း၍ စကားသံေတြကိုဆက္နားမေထာင္ေတာ့ပဲ ထိုေနရာကေနထြက္လာခဲ့လိုက္သည္ ။ အိမ္ေတာ္အျပင္ကိုေရာက္မွ အနည္းငယ္အသက္ရႉေခ်ာင္သြားသည္ ။
လူေတြရဲ႕အျပစ္တင္ကဲ့ရဲ႕ခ်င္းေတြက အထူးအဆန္းမဟုတ္ေတာ့ေပမဲ့ ထိုသို႔အေျပာခံရတိုင္း ဧကရာဇ္ေမာင္ရဲ႕မုျဒာအေပၚမုန္းတီးခ်င္းေတြက ပို၍သာတိုးလာခဲ့သည္ ။
* ေတာက္ … အားလုံးကမင္းအျပစ္ေတြႀကီးပဲကုမုျဒာ … လူေတြငါ့အေပၚအထင္ေသးေအာင္မင္းပဲလုပ္ခဲ့တာ … အစကတည္းကမင္းလက္ထက္ရမဲ့လူက ငါမဟုတ္ဘူး … ငါကသူ႕ေနရာအစားထိုးသပ္သပ္ပဲမလား … ငါကမင္းအသုံးခ်လိဳ႕ရမဲ့အ႐ုပ္မဟုတ္ဘူးဆိုတာ မင္းသိေအာင္ျပမယ္ *
" ေမာင္ … ေနမေကာင္းဘူးလားဟင္ "
အေနာက္ကေနေရာက္လာတဲ့ကသစ္ပန္းေၾကာင့္ ဧကရာဇ္ေမာင္စိတ္ေလ်ာ့လိုက္သည္ ။ ၿပီးေနာက္ စာပြဲဝိုင္းတစ္ခုမွာထိုင္ကာ စိတ္ရႈတ္ေနတာေတြေပ်ာက္ဖို႔အတြက္ ဝိုင္ေတြကိုအဆက္မျပတ္ေသာက္ေနလိုက္သည္ ။
" ေမာင္ … အရမ္းမေသာက္နဲ႕ "
ကသစ္ပန္းက ဧကရာဇ္အနားမွာထိုင္ေနၿပီး ဧကရာဇ္လက္ထဲကဝိုင္ခြက္ကိုဆြဲလုလိုက္သည္ ။
" ျပန္ေပး "
" ေမာင္ ဝိုင္ေတြအမ်ားႀကီးေသာက္လို႔မရဘူး … ဒါကေမာင့္ရဲ႕ဂုဏ္ျပဳပြဲေလ … မူးသြားရင္ေမာင္ပဲအရွက္ရလိမ့္မယ္ … ဧည့္သည္ေတြျပန္တဲ့ထိ ဧည့္ခံပါဦး "
" မလိုဘူး … ဒီလူေတြက ငါ့ရဲ႕ႀကိဳးစားမႈကို ဂုဏ္ျပဳဖို႔ထက္ ငါ့အသင္းေျပာဖို႔ကိုပဲစိတ္အားထက္သန္ေနၾကတာ … သူတို႔ေၾကာင့္ ငါဘယ္ေလာက္ထိစိတ္အေႏွာက္အယွက္ျဖစ္ေနလဲ မင္းမသိပါဘူး "
" ဘာပဲျဖစ္ျဖစ္ပြဲကိုၿပီးေအာင္ေတာ့ ေတာင့္ခံပါဦးေမာင္ရယ္ "
" ကသစ္ပန္း … မင္းေရာငါ့ကိုအဲ့လိုျမင္လား "
" ဘာကိုလဲဟင္ "
" ငါကကုမုျဒာကို ပိုင္ဆိုင္ရလို ကံေကာင္းတဲ့သူဆိုၿပီးေလ … ငါလိုလူက ဒီေနရာကို ႀကိဳးစားၿပီးေရာက္လာတာမဟုတ္ပဲ ကုမုျဒာေၾကာင့္လို႔မင္းထင္လား "
" မဟုတ္တာ … ေမာင္ဘယ္ေလာက္ႀကိဳးစားလဲ ကသစ္အသိဆုံးပါ … ေန႕ေန႕ညညမအိပ္ပဲေတာင္ႀကိဳးစားလို႔ က်န္းမာေရးေတာင္ဆိုးရိမ္ရတဲ့ထိပဲ … ဘယ္သူမွမယုံယုံ ေမာင္ဒီေနရာကိုရတာ ေမာင့္ႀကိဳးစားမႈေၾကာင့္ဆိုတာ ကသစ္ယုံတယ္ … ကသစ္ကေမာင့္ဘက္မွာ အၿမဲရွိေနမွာ "
ကသစ္ပန္းရဲ႕စကားေတြက ရႈတ္ေထြးေနတဲ့ ဧကရာဇ္စိတ္ကိုၾကည္လင္သြားေစၿပီး ဒီေလာကမွာ သူ႕အေပၚနားလည္ေပးတဲ့သူရွိေသးမွန္းသိရ၍ ေပ်ာ္သြားေလသည္ ။
" မင္းကသာငါ့ကိုနာလည္ၿပီး ငါ့အေပၚအေကာင္းျမင္ေပးတဲ့သူပဲ ကသစ္ပန္း "
ကသစ္ပန္းကရွက္႐ြံ႕စြာၿပဳံးလိုက္သည္ ။ ဒီလိုစကားလုံးခ်ိဳခ်ိဳေလးေတြေျပာကာ ဧကရာဇ္ေမာင္အႀကိဳက္လိုက္နိုင္၍ ဧကရာဇ္ေမာင္ရဲ႕ယုံၾကည္အေလးထားမႈေတြကို ကသစ္ပန္းတစ္ေျဖးေျဖးရရွိလာသည္ ။ ဧကရာဇ္ေမာင္နဲ႕ ကသစ္ပန္း ၿပဳံး႐ႊင္ကာစကားေတြေျပာေနစဥ္ သူတို႔ထံသို႔ ေျခလွမ္းမညီမညာနဲ႕ လူတစ္ေယာက္ ေရာက္လာေလေတာ့သည္ ။
" ေမာင္ "
မုျဒာရဲ႕အသံေၾကာင့္ ဧကရာဇ္ရဲ႕အၿပဳံးေတြေပ်ာက္ကြယ္သြားကာ ခုံေပၚကေနခ်က္ခ်င္းထရပ္လိုက္သည္ ။ မုျဒာပုံကအသိစိတ္ေပ်ာက္ေနကာ ပါးေတြကရဲေနၿပီး လူေတြအလယ္မွာပဲေမာင့္ကို ျမႇူဆြယ္ဖို႔ႀကိဳးစားေနသည္ ။
မုျဒာမူးလာရင္ သူထိန္းခ်ဳပ္ထားသမွ်ေတြ ပြင့္ထြက္ကာ စိတ္ထဲရွိသမွ်ကို လုပ္ေဆာင္တတ္သည္ ။ ခုလဲ ေမာင့္ေဘးမွာထိုင္ေနတဲ့ ကသစ္ပန္းကို ရန္လိုတဲ့အၾကည့္ေတြနဲ႕ၾကည့္ေန၍ ဧကရာဇ္ေမာင္က ကသစ္ပန္းနဲ႕ကုမုျဒာရဲ႕အလယ္မွာရပ္လိုက္ၿပီး …
" မင္း ငါ့ပြဲမွာ ဘာျပႆနာရွာမလို႔လဲကုမုျဒာ "
ေမာင္က ထိုမိန္းကေလးကို ထပ္မံကာကြယ္ေနေတာ့ မုျဒာစိတ္မေကာင္းျဖစ္သြားကာ မ်က္ႏွာေလးကညွိုးငယ္သြားသည္ ။
" ေမာင္ … မုျဒာကိုမုန္းလာဟင္ "
" လူၾကားထဲမွာ မင္းဘာေတြေမးေနတာလဲ "
" ဒါဆိုဘာလို႔မုျဒာကို ဖက္မထားေပးတာလဲ "
အမူသမားကေတာ့ စတင္အရွက္ခြဲဖို႔ႀကံေန၍ ဧကရာဇ္ေမာင္ေအာ္ျပစ္ခ်င္ေပမဲ့ အဖိုးလဲပြဲထဲမွာရွိေနေသးေတာ့မျငင္းနိုင္ပဲ မုျဒာကိုယ္အားဆြဲယူကာ ရင္ခြင္ထဲေပြ႕ဖက္လိုက္သည္ ။ ထိုအခါ မုျဒာက ေမာင့္အားတင္းေနေအာင္ျပန္ဖက္ၿပီး ေဘးမွာရပ္ေနတဲ့ကသစ္ပန္းအား ေမာင္ကိုသူပိုင္တယ္ဆိုတဲ့အၾကည့္နဲ႕ၾကည့္လိုက္တဲ့အခါ ကသစ္ပန္းမ်က္ႏွာမွာ မနာလိုမႈေတြက ဟန္ပင္မေဆာင္နိုင္ေတာ့ေပ ။
သူတို႔က အိုမီဂါခ်င္းမို႔ ပိုင္ရွင္ရွိၿပီးသားအမ်ိဳးသားတစ္ေယာက္ကို တစ္ျခားအိုမီဂါတစ္ေယာက္က ခ်ဥ္းကပ္လွ်င္ သူ႕မွာဘာရည္႐ြယ္ခ်က္ရွိေနလဲဆိုတာ ခန႔္မွန္းရလြယ္သည္ ။
ကသစ္ပန္းက ေမာင္ကမုျဒာကိုအရမ္းမုန္းတယ္လို႔သိထားေပမဲ့ ခုလိုလူၾကားထဲမွာဂ႐ုစိုက္ျပေနပုံေၾကာင့္ သူမရဲ႕ၿပဳံးေနတတ္တဲ့အၿပဳံးေတြက ခဲေတာင့္ေနကာ မေၾကမနပ္ျဖစ္ၿပီးလက္ေတြကိုခ်ိဳးလွ်က္ ေဒါသကိုထိန္းေနသည္ ။
* ေျမေခြးမကိုဖမ္းရတာလြယ္သားပဲ … ေမာင့္ကို ဘယ္သူကဟန္ေဆာင္ေနတဲ့ၾကာပန္းျဖဴအစစ္လဲဆိုတာ သိေအာင္ျပမယ္ … ကသစ္ပန္း မင္းဘာေၾကာင့္ငါနဲ႕ေမာင့္ကိုခြဲဖို႔ႀကိဳးစားေနလဲမသိေပမဲ့ မင္းလဲငါ့ရဲ႕ေမာင္ကို မရေစရဘူး *
မုျဒာက ေမာင့္ကိုပို၍ တင္းၾကပ္ေအာင္ဖက္လိုက္ၿပီး …
" ေမာင္ … မုျဒာတစ္ကိုယ္လုံး ပူေလာင္ေနတယ္ … ဟင့္ "
အိုမီဂါတစ္ေယာက္ ဒီလိုျဖစ္ေနရင္ အယ္ဖာေတြကခ်က္ခ်င္းသေဘာေပါက္သည္ ။ မုျဒာရဲ႕ဖယ္ရိုမုန္းနံ႕ေတြက ေမာင့္ရဲ႕အာ႐ုံထဲ၌ ေနရာယူလာကာ ရစ္မူးသြားေစသည္ ။ ဧကရာဇ္ေမာင္ကလဲ ဝိုင္ေသာက္ထား၍ မုျဒာရဲ႕ဖယ္ရိုမုန္းနံ႕ေတြကိုမတြန္းလွန္နိုင္ေပ ။
" မင္း ေနမေကာင္းဘူးလား "
" ဟင့္အင္ "
မုျဒာရဲ႕ဖယ္ရိုမုန္းနံ႕ေတြက မႊန္ထူးေနၿပီး အတားအစီးမဲ့ထုတ္လႊတ္ေနျခင္းေၾကာင့္ အနီးနားကလူတစ္ခ်ိဳ႕က သူတို႔ထံလွည့္ၾကည့္လာသည္ ။ အားလုံးအျမင္မွာ အရမ္းခ်စ္ၾကတဲ့ဇနီးေမာင္ႏွံေတြ က်ီစယ္လြန္ၿပီး လူၾကားထဲေတာင္မထိန္းနိုင္ေတာ့ဘူးဟုထင္ေနၾကပုံပင္ ။
ဧကရာဇ္ေမာင္ကထိုအေနအထားကိုအေတာ္ေလးရွက္႐ြံ႕ေန၍ မုျဒာအား ခ်က္ခ်င္းေပြ႕ခ်ီလိုက္ေတာ့သည္ ။ အားလုံးက မင္းသားေလးဟာ မင္းသမီးေလးကိုေပြ႕ခ်ီသြားသလိုမ်ိဳး အားက်စြာၾကည့္ေနၾကသည္ ။
" အားလုံးကိုအားနာပါတယ္ဗ် … ကြၽန္ေတာ္သူ႕ကိုအခန္းထဲျပန္ပို႔လိုက္ဦးမယ္ "
အားလုံးကတညီတၫြတ္ထည္းေျပာလာၾကသည္ ။
" ရပါတယ္ … ရပါတယ္ … ဇနီးေလးကိုသာအခ်ိန္ေပးလိုက္ပါ … ကြၽန္ေတာ္တို႔ကို ဧည့္ခံဖို႔မလိုပါဘူး "
" ဟုတ္တယ္ … ခင္ပြန္းကအလုပ္ေတြပဲႀကိဳးစာေနေတာ့ သူလဲလြမ္းေနရွာမွာ … ဇနီးေလးကိုလဲအခ်ိန္ေပးလိုက္ပါဦး "
" ဒီညကံေကာင္းပါေစဗ်ာ … မၾကာခင္သတင္းေကာင္းၾကားရဖို႔ေမွ်ာ္လင့္ပါတယ္ "
အားလုံးကရယ္ေမာကာ သူတို႔အားခြင့္ျပဳေပးၾကသည္ ။ လိုက္ဖက္သည္ဟုလဲ တတြတ္တြတ္ေျပာေနၾကသည္ ။ ေမာင္ကေလွကားထစ္ေတြေပၚကေန မုျဒာကိုေပြ႕ခ်ီလွ်က္ အေပၚတက္သြားတာကို ကသစ္ပန္းၾကည့္ရင္း သူ႕မရဲ႕အၿပဳံးေတြကေပ်ာက္ကြယ္သြားကာ သူ႕မရဲ႕လက္ခ်ာင္းေတြကိုသာ အားပါပါျဖင့္ခ်ိဳးေနေတာ့သည္ ။
မုျဒာအခန္းထဲေရာက္ေတာ့ လူေတြေရွ႕မွာ ႏူးညံ့ျပေနတဲ့ေမာင္က မုျဒာကိုဆက္ၿပီးမေပြ႕ခ်ီေတာ့ပဲ ကုတင္ေပၚသို႔ျပစ္ခ်လိဳက္သည္ ။ တကယ္ေတာ့မုျဒာဟာ အရမ္းမမူးေနပါ ။ ဒီဝိုင္ေလာက္နဲ႕ မုျဒာကိုမူးမသြားေစနိုင္ေပ ။
မုျဒာကေမာင့္ရဲ႕အဖက္လုပ္တာကိုခံခ်င္ၿပီး ဟိုမိန္းကေလးေရွ႕မွာသူကေမာင့္ရဲ႕ပိုင္ရွင္အစစ္ဆိုတာျပခ်င္၍ ဟန္ေဆာင္လိုက္ျခင္းျဖစ္သည္ ။ ဒါကိုေမာင္လဲသိေနကာ ဟန္ေဆာင္ေနတဲ့မုျဒာအား ေဒါသတႀကီးေအာ္ေျပာလာေတာ့သည္ ။
" ကုမုျဒာ မင္းမွာအရွက္ေရာရွိေသးလား … ဧည့္သည္ေတြေရွ႕မွာ မင္းရဲ႕ဖယ္ရိုမုန္းေတြကို ဘာေၾကာင့္မထိန္းခ်ဳပ္ထားတာလဲ "
" ဒါကမုျဒာရဲ႕အိမ္ပဲ … ေမာင္ရွက္ရင္ သူတို႔အကုန္လုံးကို ျပန္ခိုင္းလိုက္မယ္ေလ "
" မင္း႐ူးေနလား … ဒါကငါ့ရဲ႕ဂုဏ္ျပဳပါတီပြဲ … မင္းလုပ္ခ်င္တိုင္းလုပ္လို႔ရေအာင္ အေပ်ာ္လုပ္ေနတာမဟုတ္ဘူး "
" မုျဒာလဲမေပ်ာ္ေနဘူး … ေမာင္နဲ႕အတူေနခ်င္တယ္ "
" ကုမုျဒာ "
မုျဒာရဲ႕အနံ႕က ေမာင့္ကိုေကာင္းေကာင္းႀကီးခ်ဳပ္ေႏွာင္နိုင္ကာ ထိေရာက္ေသာအဆိပ္တစ္ခြက္လိုပင္ ။ မုျဒာတစ္ကိုယ္လုံးကပူေလာင္လာၿပီး အျဖဴေရာင္ဝတ္ဆုံအား ကိုယ္ေပၚကေနဆြဲခြၽတ္ျပစ္လိုက္သည္ ။
မုျဒာအသားအေရက ပန္းေရာင္သန္းေနကာ ဖယ္ရိုမုန္းနံ႕ေတြကပို၍ျပင္းထန္လာသည္ ။ ဒီေန႕ေဆးမေသာက္ပါပဲနဲ႕ ကုမုျဒာရဲ႕ဆြဲေဆာင္မႈေတြေအာက္မွာ ဧကရာဇ္ေမာင္ က်ရႈံးေနတာကို လက္မခံနိုင္ျဖစ္ေနသည္ ။
" မင္းဘာအ႐ူးထျပန္ၿပီလဲ ကုမုျဒာ ပြဲမၿပီးေသးဘူးဆိုတာ နားမလည္ဘူးလား "
" သူတို႔ကေတာင္ ခြင့္ျပဳေနတာကို ေမာင္ကဘာကိုဂ႐ုစိုက္ေနတာလဲ "
ဧကရာဇ္ေမာင္ရဲ႕နားေတြကသိသိသာသာရဲေနၿပီး ခံစားခ်က္ေတြကိုအတင္းခ်ဳပ္ေႏွာင္ထားသည္ ။
" ခုေမာင္မုျဒာကို လိုအပ္ေနၿပီမလား … ဟန္ေဆာင္မေနပါနဲ႕ေတာ့ "
" ငါမင္းကိုမလိုအပ္ဘူး "
ကုမုျဒာနဲ႕ ၃ ႏွစ္မွ်ေပါင္းသင္းခဲ့ၿပီး အႀကိမ္ေရမ်ားစြာ သူတို႔အတူေနခဲ့ၾကသည္ ။ သို႔ေပမဲ့ ကေလးရဖို႔အရိပ္အေယာင္ပင္မျပေျခ ။ ဒါေၾကာင့္ မရတူတူအခ်စ္မပါပဲ အစားထိုးခံသပ္သပ္ဆက္ဆံေရးကို ဆက္ၿပီး ေရွ႕မဆက္ခ်င္ေတာ့ဘူး …
" ကုမုျဒာ … မင္း ငါတို႔ရဲ႕ကေလးမေမြးေပးနိုင္ပဲ ငါမင္းနဲ႕အတူ အခ်ိန္မကုန္ခ်င္ေတာ့ဘူး "
ေမာင္ကကေလးအေၾကာင္းေျပာလာေတာ့ မုျဒာလဲ ေမာင့္အားၾကည့္ကာ ေလးနက္စြာဆိုလိုက္သည္ ။
" ေမာင္တကယ္ပဲ ကေလးလိုခ်င္တာလား "
" ငါမင္းနဲ႕အတူအိပ္တာက ကေလးရဖို႔အတြက္ပဲ … ဒါေပမဲ့ အခ်ိန္အၾကာႀကီးအတူေနလာတာေတာင္ ခုထိမရနိုင္ဘူး … ဒါေၾကာင့္ ငါတို႔ရပ္လိုက္ၾကရေအာင္ … ဒါကမင္းအတြက္ေပ်ာ္စရာေကာင္းေပမဲ့ ငါ့အတြက္ေတာ့ ေပ်ာ္စရာမေကာင္းေနဘူး "
ေမာင္နဲ႕ မုျဒာရဲ႕ဆက္ဆံေရးက အေပ်ာ္လို႔ ဘာေၾကာင့္မ်ားေတြးထင္ေနရတာလဲ ေမာင္ရယ္ …
မုျဒာက သူတားေဆးသိမ္းထားတဲ့ စားပြဲေပၚကေဖာ့ဘူေလးထံအၾကည့္ေရာက္သြားသည္ ။ သူထိုေဆးေတြကိုဆက္ေသာက္သင့္လား မေသာက္သင့္ေတာ့ဘူးလား ေဝခြဲရခက္သြားသည္ ။ ေမာင္သာကေလးရလို႔ေပ်ာ္မယ္ဆို မုျဒာကေလးယူမိမည္ပင္ ။
" မင္းမွာေျပာစရာမရွိေတာ့ရင္ ငါသြားေတာ့မယ္ "
ဒီလိုအေျခအေနမွထြက္သြားဖို႔ျပင္ေနတဲ့ေမာင့္ကို မုျဒာတားစီးလိုက္သည္ ။
" ေမာင္ဒီည မုျဒာနဲ႕အိပ္ရမယ္ "
" ငါစိတ္မပါဘူး "
" ေမာင္မုျဒာနဲ႕အတူမေနေပးတာၾကာၿပီ … ဥကၠဌျဖစ္သြားလို႔ အလုပ္ေတြရႈတ္ေနတာနားလည္ေပမဲ့ ဒီေန႕လိုေန႕ကေမာင္နဲ႕မုျဒာေပ်ာ္ဖို႔အခ်ိန္ေကာင္းပဲ … အားလုံးကလဲ ေမာင့္ကိုေအးေဆးအနားယူဖို႔ေျပာခဲ့တယ္မဟုတ္လား "
မုျဒာကသူ႕ရဲ႕လက္ေခ်ာင္းေလးေတြနဲ႕ ဧကရာဇ္ေမာင္ရဲ႕ခႏၶာအႏွံ႕ထိေတြ႕ကာ ျမႇူဆြယ္တဲ့ေလသံေလးနဲ႕ဆိုလိုက္သည္ ။
" ေမာင္က ရင္ေသြးလိုခ်င္တယ္ဆို … ထပ္ၿပီးႀကိဳးစားၾကည့္ေလ "
" ငါမလုပ္ဘူး "
" မႀကိဳးစားပဲ ဘယ္လိုသိနိုင္မွာလဲ "
မုျဒာက ေမာင့္ရဲ႕လက္ကိုဆြဲကာ ကုတင္ေပၚတြန္းလွဲလိုက္ၿပီးအေပၚကေနအုပ္မိုးလိုက္ေတာ့ ေမာင္ကမ်က္ေမွာင္ၾကဳတ္လွ်က္ၾကည့္ကာ ေအာ္လိုက္သည္ ။
" ကုမုျဒာ "
" မုျဒာေမာင့္ကိုခ်စ္တယ္ "
" …… "
ေမာင္ထပ္ၿပီးမျငင္းဆန္နိုင္ေတာ့ေပ ။ မုျဒာရဲ႕ညွို႔ခ်က္ေတြေၾကာင့္ ေမာင့္ရဲ႕အေတြးေတြက လြင့္ပ်ယ္လို႔သြားေလသည္ ။
ဧကရာဇ္ေမာင္ရဲ႕မိခင္က ငိုေႂကြးကာ သူတို႔စီးပြားေရးအဆင္မေျပေၾကာင္းေျပာလာသည္ ။ သူသာကုမုျဒာရဲ႕ေဘးမွာရွိမေနလွ်င္ သူ႕မိဘေတြရဲ႕ဘဝကပ်က္စီးရလိမ့္မည္ဟုေျပာသည္ ။ လူတိုင္းကသူ႕ကိုအေစခံတစ္ေယာက္လိုဆက္ဆံသည္ ။ သူကထိုလူသားနဲ႕မထိုက္တန္ဘူးဟုေျပာၾကသည္ ။
ထိုလူေတြရဲ႕အေဝးကေနထြက္သြားဖို႔ႀကိဳးစားတိုင္း အၿမဲငိုယိုၿပီး ဒုကၡပင္လယ္ေဝေနတဲ့ မိဘေတြေၾကာင့္ ဘယ္ကိုမွသြားခြင့္မရေပ ။ မိဘေတြဆုံးပါးသြားတာေတာင္မွ သူသည္ယခုအခ်ိန္ထိပင္ မလြတ္ေျမာက္နိုင္ေသးေပ ။
" မင္းငါ့ကိုလႊတ္ "
အာ႐ုံေတြလႊင့္ေနတဲ့ေမာင္အသိျပန္ဝင္လာေတာ့ မုျဒာကသူ႕ရဲ႕အဝတ္ေတြကိုဆြဲခြၽတ္ေန၍ ေမာင္က အားပါပါတြန္းျပစ္လိုက္သည္ ။ မုျဒာနာက်င္သြားေပမဲ့ ေမာင္အေပၚေဒါသမထြက္ခဲ့ေပ ။
" ေမာင္ … နာသြားလို႔လားဟင္ … အဝတ္ေတြကို မုျဒာေျဖးေျဖးခြၽတ္ပါ့မယ္ "
ခုခ်ိန္မွာ အဝတ္ခြၽတ္တာကိုပဲ ေခါင္းထဲရွိေနတဲ့မုျဒာကို ေမာင္နားမလည္ေတာ့ေပ ။ ဒီလိုကစားရတာက သူ႕အတြက္ဘယ္ေလာက္ေတာင္ ေပ်ာ္စရာေကာင္းေနလို႔လဲ ။ ႏွစ္ေတြၾကာလာတာေတာင္မညီးေငႊ႕နိုင္ေသးဘူးလား ။
မုျဒာကအနည္းငယ္ရစ္မူးေနတာမို႔ ပုံမွန္ထက္သတၱိေတြပိုရွိေနၿပီး ဧကရာဇ္ေမာင္ကိုလွမ္းဖက္ကာ လည္တိုင္ကို ကုန္းကိုက္လိုက္ၿပီး …
" ေမာင္က လိမၼာပါတယ္ … ေမာင့္ကိုယ္က မုျဒာကို ျပန္တုန႔္ျပန္ေနၿပီ "
" ဒါကမင္းရဲ႕စနစ္ပဲေလ … ငါ့ကိုဖမ္းခ်ဳပ္ၿပီးလုပ္ရတာကို မင္းႀကိဳက္တယ္မလား "
" မုျဒာက ေမာင့္ရဲ႕အရာအားလုံးကိုႀကိဳက္တယ္ "
ဧကရာဇ္ေမာင္ ႐ုန္းထြက္ဖို႔ပင္ပ်င္းရိေနၿပီး သူ႕အေပၚကပ္သြယ္ေနတဲ့မုျဒာကို ခြင့္ျပဳေပးလိုက္သည္ ။
" အပိုေတြမေျပာပဲ ငါခြင့္ေပးတုန္း မင္းလုပ္ခ်င္တာျမန္ျမန္လုပ္ "
မုျဒာဘက္ကဘယ္ေလာက္လႈပ္ရွားပါေစ ေမာင္ကေတာ့ တုန႔္ျပန္မႈမေပးပဲ ေက်ာက္႐ုပ္လိုၿငိမ္ေနသည္ ။ အိမ္ေထာင္သက္တမ္း ၃ ႏွစ္မွာ ခုတစ္ခါက မုျဒာေမာင္နဲ႕အတူေနရခ်ိန္တြင္ ေပ်ာ္႐ႊင္မႈကိုမရရွိပဲ နာက်င္မႈကိုသာရရွိသည့္အခ်ိန္ျဖစ္သည္ ။ ေမာင္ကေျပာင္းလဲသြားေပမဲ့ မုျဒာထင္မွတ္ထားသလိုေတာ့မဟုတ္ေပ ။
" ေမာင္ … မုျဒာကို နမ္းပါ "
မုျဒာက ေမာင္ရဲ႕လည္ပင္းကိုဖက္ထားၿပီး ေမာင့္ထံကအနမ္းကို ေတာင္းခံေနသည္ ။ တစ္ခါေလးပဲ ေမာင့္ဘက္ကစၿပီးနမ္းတဲ့အနမ္းတစ္ပြင့္ကို မုျဒာလိုခ်င္မိသည္ ။ ေမာင္ကရက္စက္စြာျပန္ေျပာလာသည္ ။
" မင္းကိုဘာေၾကာင့္နမ္းရမွာလဲ … လုပ္စရာရွိတာဆက္လုပ္ "
" ေမာင့္ဘက္ကမုျဒာကို တစ္ႀကိမ္တစ္ခါေလးေတာင္အနမ္းမေပးဘူး "
" ငါမင္းကိုမုန္းလို႔ဆိုတာ မင္းမသိဘူးလား "
" ဒါေပမဲ့ မုျဒာေမာင့္ကိုခ်စ္တယ္ေလ "
ေမာင့္ဆီက ထပ္ၾကားမဲ့စကားလုံးတိုင္းက မုျဒာကိုမုန္းတယ္ဆိုတဲ့စကားပဲျဖစ္ေနမွာမို႔ မုျဒာေမာင့္ထံကအနမ္းကိုမေတာင္းခံေတာ့ပဲ မုဒါကိုယ္တိုင္ ေမာင္ရဲ႕ႏႈတ္ခမ္းေတြကိုနမ္းရွိုက္လိုက္သည္ ။ ေမာင့္ရဲ႕ႏႈတ္ခမ္းကခ်ိဳၿပီးႏူးညံ့သည္ ။ ေမာင္ကမတုန႔္ျပန္ေပမဲ့ ေမာင့္အသက္ရႉသံေတြျပင္းျပေနကာ မုျဒာလိုပဲ စိတ္လႈပ္ရွားေနတာကို မုျဒာခံစားမိေနသည္ ။
" ေမာင္ … မုျဒာကို အမွတ္အသားေပးပါ "
" က်စ္ … စိတ္ရႈတ္လိုက္တာ … မင္းျမန္ျမန္မလုပ္နိုင္ရင္ ငါလုပ္မယ္ … ၿပီးမွငိုမေနနဲ႕ "
ေမာင္က သူ႕ေပၚကမုျဒာကိုယ္ေလးအားဆြဲေပြ႕ကာ ကုတင္ေပၚျပစ္လွဲလိုက္ၿပီး အေပၚကေနအုပ္မိုးလိုက္သည္ ။ သူ႕အားတမင္တကာစြေနတဲ့ မုျဒာအားစိုက္ၾကည့္လိုက္ၿပီး သူ႕ကိုယ္သူလဲ ဘာေၾကာင့္စိတ္လႈပ္ရွားေနလဲ မေတြးတတ္ေတာ့ေပ ။
* ငါသူ႕အေပၚစိတ္လႈပ္ရွားေနစရာအေၾကာင့္မရွိဘူး … သူကစိတ္ရႈတ္ဖို႔ေကာင္းတယ္ … ဘာေၾကာင့္ငါ့ကိုအၿမဲ စိတ္ဒုကၡေပးေနတာလဲ *
သူတို႔ပုံစံအမ်ိဳးမ်ိဳးနဲ႕ ဆက္ဆံၿပီးေနာက္ ဧကရာဇ္ေမာင္တစ္ကိုယ္လုံး ေခြၽးမ်ား႐ႊဲနစ္လို႔ေနသည္ ။ ဒါေတာင္မွ လိုအင္ရမက္ေတြကမျပည့္နိုင္ပဲ ထပ္မံေတာင့္တေနမိသည္ ။
* က်စ္ … ငါတကယ္ကိုမ႐ုန္းထြက္နိုင္ဘူးပဲ … ဒီနတ္ဆိုးရဲ႕လက္ထဲမွာ ဘယ္အခ်ိန္ထိ က်ရႈံးေနဦးမွာလဲ … ငါတကယ္ပဲ႐ူးသြားၿပီလား *
ေမာင္နဲ႕မုျဒာ စိတ္ေက်နပ္တဲ့ထိဆက္ဆံၿပီးတဲ့ေနာက္ ညည့္နက္သြားၿပီး မုျဒာတစ္ကိုယ္လုံးလဲ ရိုက္ခ်ိဳးခံထားရသလိုနာက်င္ေနသည္ ။ မုျဒာကုတင္ေပၚမွာလွဲေနၿပီး ဒီေန႕ေမာင္နဲ႕ဆက္ဆံရတဲ့ပုံရိပ္ေတြကို ေမ့မသြားေအာင္ အာ႐ုံထဲျပန္ပုံေဖာ္ေနမိသည္ ။ ထိုစဥ္ ေရခ်ိဳးခန္းထဲဝင္သြားတဲ့ေမာင္ကျပန္ထြက္လာၿပီး ကိုယ္မွာလဲေရစက္ေတြတြဲခိုလွ်က္ မုျဒာအားၾကည့္ကာဆိုလာသည္ ။
" မင္းကိုယ္ကို သန႔္ရွင္းေရးလုပ္ၿပီးမွအိပ္ "
ေမာင္ကအသန႔္ႀကိဳက္တာမို႔ မုျဒာလဲေရခ်ိဳးခန္းထဲဝင္ၿပီးသန႔္ရွင္းလိုက္သည္ ။ မုျဒာျပန္ထြက္လာရင္ ေမာင္ကအရင္လို သူ႕အခန္းထဲျပန္သြားၿပီး မုျဒာတစ္ေယာက္ထည္းက်န္ေနခဲ့မယ္ ထင္ထားေပမဲ့ ေမာင္ဟာ ထြက္မသြားပဲ မုျဒာရဲ႕ကုတင္ေပၚမွာအိပ္ဆက္ေနတာကိုေတြ႕လိုက္ရသည္ ။
ဒီေန႕ေမာင့္အခ်ိဳးေတြေအးဆက္သည့္ဘက္ေျပာင္းေနေပမဲ့ သူနဲ႕အတူရွိေနေပးတာမို႔မုျဒာလဲဘာမွထပ္မေတြးေတာ့ပဲ ေမာင့္ရဲ႕ေဘးမွာဝင္လွဲလိုက္သည္ ။ ေမာင္က သူေရခ်ိဳးေနတုန္း အိပ္ယာခင္းေတြကိုပါလဲေပးထားေသးသည္ ။ ေမာင္အနားမွာရွိေနေတာ့ မုျဒာစိတ္လႈပ္ရွားကာ အိမ္မေပ်ာ္ေတာ့ေပ ။ အတူဆက္ဆံေနတဲ့အခ်ိန္ကထက္ပင္ ရင္ခုန္စိတ္လႈပ္ရွားေနမိသည္ ။
ေမာင္က ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္သြားလွ်င္ ရႈံ႕ေနတဲ့မ်က္ခုံးေတြက ေျပက်သြားသည္ ။ မုျဒာက ေမာင့္ရဲ႕မ်က္ႏွာေလးကိုေသခ်ာစိုက္ၾကည့္ေနၿပီး မ်က္ခုံးၾကဳတ္ထားတာေျပသြားေတာ့မွ ေမာင့္ရဲ႕ေခါင္းကိုမကာ သူ႕လက္ေမာင္းေပၚတင္လိုက္သည္ ။
ငယ္ငယ္ကလို ေမာင့္ရဲ႕ေခါင္းေလးကို မကိုင္ရတာၾကာၿပီ ။ ေမာင့္ရဲ႕ဆံပင္ေလးေတြက အရင္ကလိုႏူးညံ့ေနတုန္းပဲ ။ မုျဒာက ကေလးမဟုတ္ေတာ့ေပမဲ့ ေမာင့္ရဲ႕ဆံပင္ေလးေတြကိုထိကိုင္ရတာ သေဘာက်သည္ ။
" ေမာင္ … အိမ္မက္လွလွမက္ပါေစ "
မုျဒာတိုးတိတ္စြာေရ႐ြတ္ရင္း ရင္ခြင္ထဲကေမာင့္ရဲ႕ေခါင္းေလးအား ညွင္သာစြာထိကိုင္ရင္း တစ္ေျဖးေျဖးအိပ္ေမာက်သြားေလသည္ ။ မုျဒာရဲ႕စိတ္ထဲမွာ ေမာင္နဲ႕အတူ ဒီလိုမ်ိဳး အခ်ိန္အၾကာႀကီးအတူရွိေနပါေစလို႔ ဆုေတာင္းေနမိသည္ ။
…………………………………………………………………………………
To Be Continued ……