[Complete]လမ်းခွဲပြီးတဲ့နောက်...

By Kyiphyuswe

600K 76.7K 1.5K

'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe... More

မိတ်ဆက် ( Intro)
Chapter 1. 1
Chapter 1.2
chapter 1.3
Chapter (2.1)
Chapter (2.2)
Chapter (2.3)
Chapter (3.1)
Chapter (3.2)
Chapter (3.3)
Chapter (4.1)
Chapter 4.2
Chapter (4.3)
Chapter( 5.1)
Chapter 5.2
Chapter (5.3)
Chapter (6.1)
Chapter (6.2)
Chapter 6.3
Chapter (7.1)
Chapter (7.2)
Chapter (7.3)
Chapter (8.1)
Chapter (8.2)
Chapter (8.3)
Chapter (9.1)
Chapter (9.2)
Chapter (10.1)
Chapter (10.2)
Chapter (10.3)
Chapter (11.1)
Chapter (11.2)
Chapter (12.1)
Chapter (12.2)
Chapter (13.1)
Chapter (13 .2)
Chapter (14.1)
Chapter (14.2)
Chapter (15.1)
Chapter (15.2)
Chapter (16.1)
Chapter (16.2)
Chapter (17.1)
Chapter (17.2)
Chapter (18.1)
Chapter (18.2)
Chapter (19.1)
Chapter (19.2)
Chapter (20.1)
Chapter (20.2)
Chapter (21.1)
Chapter (21.2)
Chapter (22.1)
Chpater (22.2)
Chpater (22.3)
Chapter (23.1)
Chpater (23.2)
Chapter (23.3)
Chpater (24.1)
Chapter (24.2)
Chapter (24.3)
Chapter 25. 1
Chapter (25.2)
Chapter (25.3)
Chapter (26.1)
Chapter (26.2)
Chapter (26.3)
Chapter (27.1)
Chapter (27.2)
Chapter (28.1)
Chapter (28.2)
Chapter (28.3)
Chapter (29.1)
Chapter (29.2)
Chapter (29.3)
Chapter (30.1)
Chapter (30.2)
Chapter (30.3)
Chapter (31.1)
Chapter (31.2)
Chapter (31.3)
Chapter (31.3)
Chapter (32.1)
Chapter (32.2)
Chapter (32.3)
Chapter (33.1)
Chapter (33.2)
Chapter (33.3)
Chapter (34.1)
Chapter (34.2)
Chapter (34.3)
Chapter (35.1)
Chapter (35.2)
Chpater (35.3)
Chapter (36 .2)
Chapter (36.3)
Chapter (36.4)
Chapter 37.1
Chapter (37.2)
Chapter (37.3)
Chapter (38.1)
Chpater (38.2)
Chpater (38.3)
Chapter (39.1)
Chapter (39.2)
Chapter (39.3)
Chapter (40.1)
Chapter (40.2)
Chapter (40.3)
Chapter (41.1)
Chapter (41.2)
Chapter (42)[Final]
Extra 1
Extra (1.2)
Extra 2 .1
Extra (2.2)
Extra (2.3)

Chapter (36.1)

3.1K 432 3
By Kyiphyuswe

[Unicode] (36.1)

အချိန်အတော်ကြာပြီး သည်အထိကို ကျန်းရှုက အသံတစ်သံမှ မထွက်ခဲ့ပါပေ။ ဘာလို့လဲ ဆိုတော့ သူက အကြောင်းအရာ တစ်ချို့ကိုတွေး နေခဲ့လို့ပဲ ဖြစ်တယ်။

ဘယ်အကြောင်းပြ ချက်ကများ ဒီအခန်းကို သန့်ရှင်းရေးလုပ်ရတာ နှစ်သက်တဲ့ အမျိုးသား ကိုသန့်ရှင်းရေး မလုပ်အောင် တားဆီးနိုင်ပါ့မလဲ?

အမှန်တကယ်တော့ အဖြေက အရမ်းကိုရိုးရှင်း ပါတယ်။ တကယ်လို့သူသာ မနက်ဖြန်ကျရင် အတူတူ လျောက်လည်ဖို့ရာ ခေါ်လိုက်ပါက ရှု မိန်းမချစ် ပေါ်စုက သေချာပေါက်  ထွက်လာမှာပဲ ဖြစ်တယ်။

ဒါပေမယ့် အပြင်ကို ထွက်လည်ကြမယ်ဆိုတဲ့ အဓိပ္ပာယ် က သူတို့တွေ အပြင်မှာ တစ်ခုခု လုပ်ကြမယ်လို့ပြော တာပဲမဟုတ်ဘူးလား။

တကယ်လို့ သူနဲ့ ရှုပေါ်စု ကြားမှာ လျောက်လည်ရင်း တစ်ခုခုလုပ်ကြ ပါပြီတဲ့ အဲ့အခါကျရင်သူ ခက်ခက်ခဲခဲ ဖုံးကွယ်ထား တဲ့အကြောင်းက ရှင်းရှင်း ကြီးပေါ်လာမှာလေ။

" ဘာဖြစ်လို့လဲ ကွ''

အချိန်အတော်ကြာထိ သူ့မိန်းမလေး ဘက်က အသံကို မကြားရတော့တာကြောင့် ရှုပေါ်စု က ရယ်ကာပြောလိုက်တယ်။

" ဒီနေ့ အစောကြီးကျမှ ကိုယ်အိပ်ငိုက်နေပြီရော''

"ဘာမှမဟုတ်တော့ဘူး ''

ကျန်းရှုရဲ့ အတွေးတွေ ထဲမှာ​တော့ သူက ရှုပေါ်စုကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာကို တွက်ချက်နေခဲ့တယ်။

" အဲ့ မိသားစု ထဲက လူတွေကလေ။ မင်းကိုဘယ်လို ဆက်ဆံကြသလဲ''

ရှုပေါ်စုက မေးလိုက်တယ်။

" အတော်လေး ကောင်းပါတယ် ''

ကျန်းရှုက ရိုးရှင်းစွာ နဲ့ဆက်ပြောတယ်။

" ကွမ်ယိရွှမ် က လူကောင်း တစ်ယောက် ပါ။ ဒါပေမယ့် ကျွန်တော်တို့ ပထမတွေ့တဲ့ အချိန်တုံးကဆိုရင် ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့သေးတယ်''

" ဘာဖြစ်လို့လဲ ''

ရှုပေါ်စုက ချက်ချင်း မေးတယ်။

" နားလည်မှုလွဲတာလေ''

ကျန်းရှုက ဒါနဲ့ ပတ်သက် ပြီးအများကြီး မပြောခဲ့ဘူး။

ထိုနေရာမှာ တိတ်ဆိတ်မှုတွေ ပြည့်သွား ပြီးနောက်မှ သူက ဆက်ပြောလာတယ်။

" နာနတ်သီးရေ့ ။ မနက်ဖြန်ကျရင် လေကျွန်တော့်အဖေနဲ့ လိုက်တွေ့ချင်လား ။ ကျွန်တော်သူ့ကို ဒီနေ့ပြောထားတယ်''

ရှုပေါ်စုက အသက်ရှုအောင့်ကာ မေးလိုက်တယ်။

" ဘယ်လိုပြောထား တာလဲဟင်''

" ကျွန်တော်က ဂေး တစ်ယောက် လို့လေ''

ကျန်းရှုက ပြုံးရင်း ဆက်ပြောတယ်။

" ဒီတော့ သူက ဘာပြန်ပြောသလဲ ဆိုတာကို ခန့်မှန်း ကြည့်စမ်းပါ။ ''

" ကိုယ့်ကို မြန်မြန်ပြောပြ ပါတော့ကွာ''

ရှုပေါ်စု ခမျာ တင်းကြပ်လာတဲ့ ရင်ဘက်ကို ခပ်ဖွဖွပုတ်ရင်းနဲ့ မင်းရဲ့ယောကျာ်းတော့ အစိုးရိမ်လွန် ပြီးသေတော့မယ်လို့သာ ပြောလိုက်ချင်မိတယ်။

" သူက ကျွန်တော့်ကို မင်းက ယောကျာ်းလေး လား မိန်းမလေးလားလို့ မေးတယ်လေ''

ကျန်းရှုက အကူအညီမဲ့ စွာနဲ့ပဲ သက်ပြင်းချ လိုက်တယ်။

" ကျွန်တော်က ဘာကိုများ လုပ်နိုင်မှာတဲ့လဲ။ သူ့ကို ကိုက်ပြစ်လိုက်လို့လဲမရဘူးလေ''

" ဖွီး .....''

ရှုပေါ်စုက စိတ်လေး အနည်းငယ် သက်သာသွားတယ်။ ကျန်းရှုလေးက ဒီလိုရယ်စရာလေး ပြောတယ်ဆိုတော့ တစ်ခဏအတွင်းမှာပဲ စိတ်ပူနေတဲ့အကြောင်း အရာတွေအကုန်လုံး သူ့ရင်ဘက်ထဲကနေ အလုံးကြီးလိုက်ကျပျောက် သွားသလိုပဲ အသက်ရှုချောင်သွားတယ်။

" သူက အဲ့တာအပေါ် ဘာထင်မြင်ချင်မှ မရှိဘူး''

ကျန်းရှုက ဆက်ပြောတယ်။

" သူက ကျွန်တော့်ကို လုံခြုံစေဖို့ပဲ စိတ်အာရုံ ထားခိုင်းတာလေ''

အဲ့အကြောင်း ကိုပြောနေရင်းနဲ့မှ ကျန်းရှုက အတော်လေး ဒေါသထွက်လာပြန်တယ်။

" ငါလိုးတဲ့မှပဲ ရှုပေါ်စု ခများက အဲ့တာလုပ်တဲ့အချိန်တိုင်း ဘာလို့ ကွန်ဒုံး မဝတ်ရတာလဲ''

ရှုပေါ်စု,''.........''

အဲ့အကြောင်းကို စတင်ပြီးတော့ ကျန်းရှု ပြောတဲ့အခါ သူ့ရဲ့မျက်နှာ က စတင်ပြီးတော့ ပူလောင် လာတယ်။

ငါအဲ့အကြောင်းကို ဘယ်လိုတောင်စပြောရ ပါ့မလဲ?

" အဟွတ် ဘာမှ မဟုတ်ပါဘူး ။ ခများက လည်းကျန်းမာတယ်။ ကျွန်တော် ကလည်း ကျန်းမာတယ်။ ကျွန်တော်တို့အချင်းချင်း တစ်ယောက် ကို တစ်ယောက် စကားပြောကြတာပေါ့ဗျာ''

ဟုတ်တယ် ။ နောက်ခါ ကွန်ဒုံးဝတ်ရင် သူလည်း ပိုက်ဆံသုံးဖို့မလိုတော့ဘူး။

" ခများကြီး နောက်တစ် ခါလုပ်ရင် ကွန်ဒုံး ဝတ်ထားရမယ်နော်''

ကျန်းရှုက စကားကို မသဲမကွဲ ပြောနေလေတယ်။

"ဟုတ်ပါပြီ ''

အမှန်တော့ ရှုပေါ်စု ရဲ့အာရုံက သူကွန်ဒုံး ဝတ်မဝတ်အပေါ်မူတည် မနေပါဘူး။ ကျန်းရှုက အနာဂတ်မှာ သူနဲ့အတူအချစ်ကိစ္စလေးတွေ လုပ်ချင်သေးတယ်ဆိုတဲ့ အကြောင်းပေါ်ကိုပဲ အာရုံရောက်နေခဲ့ပါတယ်။

" ဒါဆို ခများလာတွေ့ မှာလား''

ကျန်းရှုက မေးလိုက်တယ်။

" မင်းပြောတဲ့ အတိုင်းပါပဲကွာ''

အမှန်တော့ ရှုပေါ်စု တစ်ယောက်  တအားကို စိတ်တွေလှုပ်ရှား နေပြီးတော့ အံတွေတောင်ကြိတ်ထား ရပါတယ် ။

" ကိုယ်က ဘယ်လိုလုပ် လာမတွေ့ပဲ နေရမှာလဲကွ''

" အိုကေလေ။ အဲ့တာဆို ခများကို ကျွန်တော် စောင့်နေမယ်နော်''

ကျန်းရှုက အဲ့စကားကိုအဆုံး သတ်ပြီးတာနဲ့သူ့စိတ်ထဲမှာ သိပ်ပြီး မကျေနပ်သေးပေ။ ဒါကြောင့်မို့ စကားတစ်ခွန်း ထပ်ပေါင်း ထည့်ခဲ့သေးတယ်။

" ခများ မနက်ဖြန် စောစောလာခဲ့ရ မယ်နော်။ ခများကို မကြာခင်ပဲ အမြန်တွေ့ချင်တယ်နော်။ ကျွန်တော်ပြောတာကို ခများကြီးကြားရဲ့လား''

ရှုပေါ်စု က သူ့နှလုံးသား လေးပျားရည်ကန်ထဲ ပြုတ်သွားသလို ချိုမြိန်သွားပြီးတော့ ပြောလိုက် တယ်။

" ကိုယ်ကြားပါတယ်ဗျာ''

သူတို့တွေ အချိန်အတော်ကြာသည်ထိ တောင်စကားပြောခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ စတော်ဘယ်ရီလေးက သူ့ကိုလွမ်းလို့ဖုန်းချဖို့တောင် ငြင်းဆန်နေလို့လေ ဟားဟားဟား.... ။

(😒😒😶😑)

သူကလည်း သူ့ကောင်လေးနဲ့ အစကတည်းက စကားတွေအများကြီး ပြောချင်နေတဲ့လူဆိုတော့လဲ ဖုန်းကိုကိုင်ထားရင်း စကားဆက်ပြောကြတာ အတော်လေး ညဥ့်နက်သွား ပါတော့တယ်။

ဒါကြောင့် ရှုပေါ်စု က ဖုန်းချပြီးတာနဲ့ အိပ်ယာဆီကိုပဲ တိုက်ရိုက်သွား လိုက်ပါတော့တယ်။

နောက်တစ်နေ့ မနက်စောစော ရောက်တဲ့အခါမှာတော့ သူ့စတော်ဘယ်ရီလေး က စောစောတွေ့ချင်ပါတယ်လို့ မနေ့ကပြောခဲ့တဲ့အတွက်ကြောင့် ရှုပေါ်စုက ခါတိုင်းထက်ကို ပိုပြီး စောစောအလုပ်စတော့တယ်။

သူက ကွမ်ယိရွှမ်ရဲ့ အိမ်ကို အမြန်ဆုံးပန်းကန်လုံး အရှိန်နဲ့မောင်းသွားတာကြောင့် သူလည်းအဲ့အိမ်ရှေ့ ရောက်ရော မနက်၈ နာရီပဲရှိနေပါသေးတယ်။

ဗီလာ ပတ်ဝန်းကျင် တစ်လျောက် လုံးကအတော်လေး တိတ်ဆိတ်နေပြီးတော့ အဲ့နားမှာ သူတို့ခွေးတွေနဲ့ အတူလမ်းလျောက်ထွက်နေ ကြတဲ့လူ အချို့တော့ရှိနေလေတယ်။

ရှုပေါ်စု ရဲ့ကားလေးက ကပ်သွား လေလေ ခွေး၂ကောင်ကို တစ်ကောင် စီဆွဲကာ လမ်းလျောက်နေတဲ့ လူ၂ယောက် ကိုရှင်းရှင်းလင်းလင်း မြင်နေရလေတယ်။ အဲ့လူတွေက ဘယ်သူဖြစ်ရအုံးမှာတဲ့လဲ။

သူ့စတော်ဘယ်ရီလေး နဲ့ ကွမ်ယိရွှမ် တို့လေ။

အမှန်တော့ခွေးနဲ့ အတူ မနက်စောစော လမ်းလျောက် ထွက်တာက ရည်ရွယ်ချက် အမှန်မဟုတ်ပါဘူး။ ကျန်းရှုဟာ မနက်ခင်း အိပ်ယာအစောထရမှာကို အရမ်းပြင်းတဲ့ ပုဂ္ဂိုလ် တစ်ယောက် ပါ။ ဒါပေမယ့် ဒီနေ့ရှုပေါ်စုက သူ့ဆီလာတွေ့မှာမို့ သူမနက်စောစော ထရတာပဲ ဖြစ်တယ် ။ ကွမ်မိသားစု ကိုတော့ ဒီနေ့သူ့သူငယ်ချင်း တစ်ယောက် လာမယ်လို့ပဲ ပြောထားပါတယ် ။

စနေ့နဲ့ တနင်္ဂ နွေတွေမှာဆို ကွမ်ယိရွှမ် က သူ့ခွေးတွေနဲ့အတူ မနက်စောစော လမ်းလျောက်ထွက်ပေးလေ့ ရှိပါတယ် ။ ဒါကို ကျန်း အကြံသမားလေး ရှုက တွေ့သွားလေတော့ ကွမ်အကိုကြီး ဆီကနောက်ခွေး တစ်ကောင်ကို ယူကာမနက်ခင်းအတူတူ လမ်းလျောက်ထွက်ကြပါတော့တယ်။

ကွမ်မိသားစု က ခွေး၂ ကောင် ကိုမွေးထားပြီးတော့ အဲ့ခွေးတွေက ၈ နှစ်အရွယ် ကလေးတစ်ယောက် ရဲ့ IQနဲ့ တူညီပါတယ်။

(May be အယ်ဇေးရှင်း 😶)

ထွက်လာပြီးတဲ့နောက်မှာတော့ ကွမ်ယိရွှမ် က ခွေးလေး၂ ကောင်အတွက် ကစားစရာအရုပ် ၂ခု ကိုယူလာပေးပြီးတော့ ကျန်းရှုကိုပါတစ်ခုပေးလေတယ်။ တစ်ခါမှခွေးနဲ့ မကစားဘူးတဲ့ ကျန်းရှုခမျာတော့ မူးနေပြီပဲ ဖြစ်တယ် ။

" သူတို့က မင်းကို တစ်ကယ်ကြီး နှစ်သက်ကြတာပဲ''

ကွမ်ယိရွှမ်က အံ့အားသင့် စွာပြောလိုက်တယ်။

" ကျွန်တော် က တိရိစ္ဆန် လေးတွေနဲ့အတော်လေး ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်လေ''

ကျန်းရှုက ရယ်ကာ ခွေးလေးရဲ့ခေါင်းပေါ် လက်တင်လေတော့ ခွေးလေးကနာခံစွာနဲ့ ပွတ်သပ် လာတယ်။ နောက်တစ်ကောင်ကလဲ သူ့ရဲ့ခြေထောက်တွေကို ပွတ်သပ်ကာ ဗိုက်လေးပေါ်လက်တင်ပြီး မတ်တပ်ရပ်လာတယ် ။

အစပိုင်းကတော့ ကျန်းရှုက သူ့ရဲ့ဗိုက်လေးကို ဂရုမစိုက်ခဲ့ပေမယ့် နောက်တော့တွေးမိတာက ဒီခွေးလေးတွေက အကြားအမြင်တွေများ ရနေသလားလို့ပေါ့လေ။

အဲ့လိုမျိုး တွေးနေတုံးပဲ ရှိနေသေးတယ် ရင်းနှီးနေတဲ့ အဖြူရောင်ကားလေးက မောင်းလာတာကို တွေ့လိုက်တယ်။

ကျန်းရှုကတော့ ဒါဟာ ရှုပေါ်စု ဖြစ်ရမယ်လို့တွေးမိပြီး ကွမ်ယိရွှမ်ကိုပြောလိုက်တယ်။

" အဲ့တာ ကျွန်တော့်သူငယ်ချင်းများ ဖြစ်နေမလားပဲ။ ကျွန်တော် အရင်ဆုံး သွားကြည့်လိုက် အုံးမယ်နော်။ ''

" ကောင်းပြီလေ။ ကိုယ်တို့ အတူသွားကြည့်ကြရအောင်လေ''

ကွမ်ယိရွှမ်ဟာ ကျန်းရှုရဲ့ သူငယ်ချင်း ကဘယ်သူလဲဆိုတာကို မသိပေ။ ဒါကြောင့်မို့ ခွေးလေးတွေကိုဆွဲကာ လိုက်သွား တော့တယ်။

ကားတံခါးကို တစ်ဝက်ဖွင့်ကာ အထဲကလူက မျက်နှာဖော်လာတဲ့ အခါမှာတော့ ကွမ်ယိရွှမ် က နေရာမှာတင်ရပ်သွား ပြီးတော့ ရှုပေါ်စု မျက်နှာကြီး ကိုစိုက်ကြည့် နေလေတယ်။ ကားကို ကြည့်လိုက် လူကိုကြည့်လိုက် လုပ်ပြီး အကြိမ်ပေါင်းများစွာ စစ်ဆေးပြီးတော့မှ ထိုလူဟာ ဘယ်သူဖြစ်သလဲ ဆိုတာကို သေချာမှတ်မိသွားတော့တယ်။

ဒါက ရှုပေါ်စု  ကြီးလေ! !

😎 ယောက်ဖတွေ့ဆုံခန်း.....

...............................................................

Continue Reading

You'll Also Like

321K 40K 39
own creation. Not translation! Original novel is MINE! Not perfect but try my best! Cover by @Akari_Xing
479K 82.3K 85
Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Credits to all. Description 'elf rebirth pr...
495K 64.8K 60
Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Yaoi Status in COO - 64 chapters Full cr...
212K 5.2K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်