(ငါ့ခင်ပွန်းကဆိုးသွမ်းတဲ့ဧကရာ...

By May-MaRin-Kha2002

29.9K 2.3K 58

ဒါဆိုသူကနတ်ဘုရားကရွေးချယ်ပေးထားတဲ့ ကျွန်တော့်ခင်ပွန်းပေါ့!! ဒါဆိုသူကနတ်ဘုရားကရွေးချယ်ပေးထားတဲ့ ကျွန်တော့်ခင်ပ... More

(၁) Z/U
(၂) Z/U
(၃) Z/U
(၄)Z/U
(၅)Z/U
(၆)Z/U
(၇)Z/U
(၈)Z/U
(၉)Z/U
(၁၀)Z/U
(၁၁)Z/U
(၁၂) Z/U
(၁၃)Z/U
(၁၄)Z/U
(၁၅)Z/U
(၁၆)Z/U
(၁၇) Z/U
(၁၈)Z/U
(၁၉)Z/U
(၂၀) Z/U
(၂၁)Z/U
(၂၂)Z/U
(၂၃)Z/U
(၂၄) Z/U
(၂၅) Z/U
(၂၇) Z/U
(၂၈) Z/U
(၂၉) Z/U
(၃၀) Z/U
(၃၁)Z/U
(၃၂)Z/U
(၃၃)Z/U
(၃၄)Z/U
(၃၅) Z/U
(၃၆)ဇာတ်သိမ်းပိုင်း Z/U

(၂၆)Z/U

628 50 5
By May-MaRin-Kha2002

Zawgyi
_______







"အင်း"


"ဘယ်သူလဲ "

"ဘယ်သူလဲ? "


"ရပ်လိုက်! "

"စစ်သူကြီးအန်း!!!"



"ခမည်းတော်ကော "



*********







"ခမည်းတော် "








"ခမည်းတော်!! "






TBC....

Unicode
________

ရှောင်းဟုန်ကသူ့သား ရှောင်းကျန့်ထွက်သွားပြီးတစ်လကြာတော့အရှင့်ဆီ ရွာပြန်ဖို့ခွင့်ပြုချက်တောင်းပြီးရွာကိုပြန်ခဲ့သည်။ဒါကိုအရှင်ကအစောင့်တွေကိုလိုက်ပို့ခိုင်းမည်ဆိုသောကြောင့်ရှောင်းဟုန်တစ်ယောက်တည်းအဆင်ပြေကြောင်းပြောပြီးမနည်းတားယူလိုက်ရသည်။ ထိုအစား တစ်ပတ်အတွင်းနန်းတော်ထဲပြန်ဝင်ရမည်ဆိုသောကတိစကားကိုလက်ခံလိုက်ရသည်။ရှောင်းနိုင်ငံကတအားလဲဝေး
မှာမဟုတ်တာဖြစ်နိုင်သည်။ငယ်ရွယ်တဲ့ရှောင်းကျန့်တောင်ရောက်အောင်လာနိုင်သည့်နေရာမို့ တအားတော့မဝေးလောက်ဟုထင်မိခဲ့သည်
ထိုအတွေးဟာ သူ့ဖခင်ရဲ့စကားကိုကြားသည့်အချိန်မှာ အတွေးမှားသွားပြီဖြစ်ကြောင်းသိလိုက်ရတယ် ဘာလို့ဆို ရှောင်းနိုင်ငံကိုရောက်ဖို့ ၁ပတ်လောက်ခရီးနှင်ရနိုင်သည်တဲ့
ရှောင်းဟုန်လဲအနည်းငယ်တွေဝေသွားပြီးသားတော်လေးဆီသွားဖို့သာဆုံးဖြတ်လိုက်သည်။

ရှောင်းဟုန်လဲကြားခဲ့သမျှကိုဖခင်ဖြစ်သူကိုပြောပြလိုက်တော့ ဖခင်ဖြစ်သူဟာ မျက်နှာ မကောင်းပဲ ရှောင်းဟုန်ကိုတောင်းပန်စကားသာဆိုနေတော့သည်။သူသာမလိမ်ညာထားဘူးဆိုရင် သူ့မြေးကအခုချိန်သူတို့နဲ့ပျော်ပျော်ရွှင်ရွှင်ရှိနေလောက်ပြီ
ခမည်းတော်ကလဲခေါင်းမာတဲ့လူမို့ သူ့တို့မြေးလေးကိုခေါ်မည့်ကိစ္စကအဲ့လောက်မလွယ်မှန်းရိပ်မိနေသည်။

တစ်ပတ်လောက်မြင်းတွေနဲ့ ခရီးနှင်ပြီးတော့တောင်ကုန်းမြင့်တစ်ခုကနေမြင်နေရသည့်လင်းထိန်နေသည့် နန်းတော်ကြီးကြီးကို ဖခင်ဖြစ်သူဟာလက်ညှိုးထိုးပြကာ

"ဒါ ရှောင်းနိုင်ငံတော်ပဲ"

စိတ်မကောင်းဖြစ်နေတဲ့ ဖခင်ဖြစ်သူရဲ့အသံကြောင့်ရှောင်းဟုန်အားပေးစကားဆိုလိုက်သည်။

"အပြစ်တင်စိတ်တွေဝင်မနေပါနဲ့ဖေဖေကအနည်းဆုံးတော့ရှောင်းဟုန်တို့အပေါ်တာဝန်ကျေခဲ့တာပဲ"

"အင်း"

ရှောင်းဟုန်တို့နန်းတော်ပေါက်ဝကိုရောက်တော့စောင့်နေသည့်ရဲ့မက်တွေက တားလိုက်ကြသည်။

"ဘယ်သူလဲ "

"ဘယ်သူလဲ? "

ရှောင်းဟုန် တစ်ယောက်ဖခင်ဖြစ်သူရဲ့မျက်နှာပေါ်ကတစ်ခါမှမမြင်ဖူးတဲ့ တင်းမာမှုကိုမြင်တွေ့နေရသည်။ဟုတ်မှာပေါ့ ကိုယ့်နိုင်ငံကိုဝင်ဖို့မင်းသားတစ်ပါးက အစစ်ဆေးခံနေရတာ ဘယ်လိုတောင်ဒေါသဖြစ်စရာကောင်းလိုက်သလဲ။

"ရပ်လိုက်! "

"စစ်သူကြီးအန်း!!!"

အစောင့်တွေကနောက်ကထွက်လာသည့်လူတစ်ယောက်ကိုအစောင်ဘတွေကအရိုအသေပေးလိုက်ကြသည်။

"ရောက်လာပြီလား မင်းသားရှောင်းဖိန်"

"ခမည်းတော်ကော "

"သူ့နန်းဆောင်မှာရှိပါလိမ့်မယ်.... ကြွပါ "

ဖခင်ဖြစ်သူက လျင်မြန်တဲ့ခြေလှမ်းတွေနဲ့ ဝင်သွားတော့ရှောင်းဟုန်အနောက်ကအမြန်ပင်ပြေးလိုက်ခဲ့သည်။

*********

"မင်းသားရှောင်းဖိန်ရောက်လာပါပြီမင်းသားလေးရှောင်းဟုန်လဲပါလာပါတယ် မင်းကြီး"

ရှောင်းဘုရင်ဟာ ပလ္လင်ပေါ်ထိုင်ကာအစီရင်ခံစာဖတ်နေရင်းစားပွဲပေါ်ကိုချထားလိုက်သည်။

"ကျေးဇူးမသိတက်တဲ့သားတော်ရောက်လာတော့လဲဒီကဖခင်ကကြိုဆိုရမှာပေါ့ နန်းဆောင်ကိုသွားမယ် "

သက်တော်ကြီးရင့်နေပြီဖြစ်သော်လည်းရှောင်းဘုရင်မှာခုချိန်ထိ သွက်သွက်လပ်လပ်နှင့် သန်မာနေတုန်းပင်

"ခမည်းတော် ကျွန်တော့်ရဲ့မြေးလေးကိုပြန်ပေးပါ"

ရှောင်းဖိန်ဖခင်ဖြစ်သူရဲ့နန်းဆောင်ထဲဝင်လိုက်တော့လက်ဖက်ရည်ကို အေးဆေးစွာသောက်နေသည်ကိုတွေ့လိုက်ရတယ်။ဘာလို့များ တခြားလူတစ်ယောက်ရဲ့သွေးသားကို ခေါ်ထားပြီးဒီလိုတိတ်ဆိတ်သလိုနေနိုင်ရတာလဲ။အနည်းဆုံးတော့ သူတို့ကိုအသိပေးသင့်သည်။ခမည်းတော်ကသူ့ကိုစိတ်ဆိုးပြီး ဒီလိုလုပ်နေတာပဲ

"ခမည်းတော် "

"မခေါ်နဲ့ အသုံးမကျတဲ့လူ !!!"

ရှောင်းဖိန်မျက်နှာပျက်သွားသည်။ဒါပေမဲ့လဲသူ့မြေးကိုတော့ပြန်ခေါ်ရမည်။တော်သေးသည်သူ့မိန်းမ လိုက်ချင်တာမခေါ်ခဲ့လို့ မဟုတ်ရင်ဒီအရှုပ်တွေကြားသူမမျက်နှာပျက်နေရလိမ့်မည်။

"မင်းမိန်းမကောပါမလာပါလားဘာလဲ ငါ့ကိုအရေးမစိုက်ဘူးဆိုတဲ့သဘောလား!! "

ကျယ်လောင်တဲ့အဘိုးဖြစ်သူရဲ့စကားကြောင့်ရှောင်းဟုန်အလျင်အမြန်ပင် ရှေ့တိုးကာ

"ဒေါသမထွက်ပါနဲ့မေမေက ကျန်းမာရေးမကောင်းတာမို့ခရီးဝေးကိုမခေါ်ခဲ့တာပါရှောင်းဟုန်သေချာပေါက် အမေ့ကိုခေါ်ပြီးအဘိုးတို့ကိုဂါဝရလာပြုခိုင်းပါ့မယ် "

ရှောင်းဇယ်ကလိမ္မာပြီးယဉ်ကျေးတဲ့ သူ့မြေးလေးကိုကြည့်ကာ

"ငါ့သားကမွေးတဲ့ကလေးဆိုတာမယုံချင်ဘူး ဘာလို့ဆိုမင်းအဖေကဘာအသုံးမှမကျတဲ့အပြင်သူလုပ်ချင်တာလုပ် ပြီးတစ်ကိုယ်ကောင်းကလဲဆန်သေးတယ် "

"ခမည်းတော်!! "

"တိတ်တိတ်နေ!ဘာလဲ အရင်ကလိုလုပ်ချင်သလိုထပ်လုပ်ဦးမလို့လား"

"သားတော်က ဟို... ကျွန်တော်ကရှောင်းကျန့်ကိုပြန်လာခေါ်တာပါကျေးဇူးပြုပြီးသူ့အဖေနဲ့ပြန်ထည့်ပေးလိုက်ပါ"

ဘုရင်ကြီးရှောင်းဇယ်ကကမသိသလို လုပ်နေပြီး

"အပြင်ကအစောင့်တွေ ဒီကကျေးဇူးမသိတက်တဲ့ငါ့သားနဲ့ မြေးအလိမ္မာလေးတို့ကိုနားရမဲ့နေရာကိုခေါ်သွားကြစမ်း"

ရှောင်းဟုန်က နောက်မှအဘိုးဖြစ်သူကိုဖျောင်းဖျဖို့တွေးလိုက်သည်။
ဒါကြောင့်အရင်ဆုံးအနားယူကာအချိန်ကောင်းကိုစောင့်ရမည်။

TBC....

Continue Reading

You'll Also Like

92K 7.6K 147
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
89.8K 5.5K 15
အရှင်...ကျွန်တော်ကအရှင့်အတွက်ဘာလဲဟင်......... နတ်ဆရာရဲ့​​​စေလိုရာအတိုင်းနန်းသွေးကိုမွေးထုတ်ပေးနိုင်မည့်ယောက်ကျာ်းသားဆို တဲ့နာမည်နဲ့အခုလိုကျွန်တော့်ဘဝ...
299K 40.1K 47
CHANBAEK FAN FICTION [ UNICODE + ZAWGYI ]