"သခင်လေးကမာနကြီးလွန်းတယ်.."(C...

By suukhant

359K 29.1K 1.2K

"သခင်လေးကမာနကြီးလွန်းတယ်..." တစ်ယောက်ကအစေခံ... နောက်တစ်ယောက်ကတော့အရမ်းမာနကြီးတဲ့သခင်လေး.... အစေခံကသခင်လေးကိုလ... More

Part- 1
Part- 2
Part- 3
Part- 4
Part- 5
Part- 6💛
Part- 7
Part- 8 💛
Part- 9
Part- 10
Part- 11💛
Part- 12
Part- 13
Part- 14
Part- 15
Part- 16
Part- 17
Part- 18
Part-20
Part- 21
Part- 22 💛
Part- 23
Final Part

Part- 19

12.1K 1.1K 72
By suukhant

"သခင်လေးကမာနကြီးလွန်းတယ်"

Part- 19

For unicode

ဝမ်ရိပေါ်မျက်နှာနီရဲခတ်ထန်နေခဲ့သည်။ သူ့အိမ်တော်၊သူ့အိပ်ခန်းမှာမှသ‌န္ဓေတားဆေးလာတွေ့ရတယ်‌လို့။ သူခွင့်ပြုချက်မရဘဲချောင်ချန်းကလွဲလို့ဘယ်သူမှသူတို့အိပ်ခန်းထဲကိုဝင်လာခွင့်မရှိ။ ဒီဆေးကိုဝှက်ထားတာဟိုလူကလွဲပြီးဘယ်သူရှိဦးမှာလဲ။ သမားတော်ပြောတာကိုသူနားထဲမှာထပ်တလဲလဲကြားယောင်လာခဲ့၏။

သားဉကြွေတာကိုတားပေးပြီးသားအိမ်ဖွဲ့ဖြိုးမှု၊သားအိမ်လုပ်ဆောင်မှုတွေကိုနှေးစေတာတဲ့လား။ ရှောင်းကျန့်ကဘယ်သူ့အတွက်ဒီဆေးကိုဆောင်ထားတာလဲ။ ရှောင်းကျန့်ကအခုတလောသူ့အပေါ်ဆက်ဆံရေးပြောင်းလာခဲ့တာသူ့ကိုအချိုသပ်ထားချင်လို့လား။ အိမ်မှာကောင်မလေးတွေဆိုလို့ထမင်းချက်ကောင်မလေးနှစ်ယောက်နဲ့အစေခံကောင်မလေးနှစ်ယောက်ဘဲရှိသည်။ သူတို့တွေကလည်းသူ့ကိုကြောက်လို့ရှောင်းကျန့်နဲ့ကလူကျီစယ်ရဲမှာတောင်မဟုတ်ဘူး။

ဒါဆိုဘယ်သူလဲ။ ရှောင်းကျန့်ကဘယ်သူနဲ့ခိုးစားရဲတာလဲ။

"ရှောင်းကျန့်!!"

ဝမ်ရိပေါ်ရဲ့အော်သံကြောင့်ရှောင်းမားဆီမှာချည်ထိုးသင်နေတဲ့ရှောင်းကျန့်ကိုယ်လေး‌တုန်တက်သွားတယ်။ ဝမ်ရိပေါ်ရဲ့အသံကိုကြားတာနဲ့ဒီလူဘယ်လောက်တောင်ဒေါသထွက်နေတယ်ဆိုတာသူသိလိုက်ပြီ။ ဝမ်ရိပေါ်နဲ့သူအရင်တုန်းကဘယ်လောက်ဘဲအဆင်မပြေဖြစ်ခဲ့ဖြစ်ခဲ့ဝမ်ရိပေါ်ဒီလောက်ဒေါသဖြစ်နေတာသူမမြင်ဖူးခဲ့ပါ။ သူ့မားကလည်းဝမ်ရိပေါ်အသံကြောင့်မျက်နှာကတင်းမာနေသည်။

"ဝမ်ရိပေါ် မင်းဘာဖြစ်လာတာလဲ!"

"အခန်းထဲသွားမယ်"

ဝမ်ရိပေါ်ကသူ့မားရှေ့မှာတော့ပြသနာဖြစ်ချင်ပုံမပေါ်။ ရှောင်းကျန့်ကအလိုက်တသိထိုင်နေရာကနေထရပ်လိုက်သည်။ သူတို့နားမှာအစေခံတွေလည်းရှိတာမို့ရှောင်းကျန့်မျက်နှာမပျက်ချင်ပါ။

"ကျန့်အာ မသွားနဲ့!
ဝမ်ရိပေါ်! ငါ့ရှေ့မှာဘဲပြော!"

ဝမ်ရိပေါ်အံတင်းတင်းကျိတ်လိုက်၏။ ရှောင်းသခင်မကြီးကအခုထိကိုယ့်နေရာကိုယ်မသိသေးဘူးဘဲ။ အရင်လိုဘဲသူ့ကိုအာဏာပေးနေတုန်း။

"မား သူနဲ့ကျွန်တော်အေးဆေးဆွေးနွေးလိုက်ပါ့မယ်"

"ဒီမှာဘဲရှင်း! ငါ့သားကိုငါ့ကွယ်ရာမှာအနိုင်ကျင့်မှာကိုခွင့်မပြုပေးနိုင်ဘူး"

"ဟက် ကောင်းပြီလေ"

ဝမ်ရိပေါ်ကလက်ကဆေးမှုန့်ထုတ်နဲ့ရှောင်းကျန့်ရင်ဘက်ကိုပစ်ပေါက်လိုက်၏။ ရှောင်းကျန့်လန့်ပြီးမျက်ရည်တွေတောင်ဝဲလာခဲ့သည်။ ဝမ်ရိပေါ်မျက်နှာဒီလောက်ရုပ်ပျက်နေတာသူတစ်ခါမှမမြင်ဖူးဘူး။ သူဘာလုပ်မိလို့လဲ။

"ဘယ်သူ့အတွက်လဲ! ရှောင်းကျန့်အဲ့ဆေးကဘယ်သူအတွက်လဲခင်များဖြေ!!"

ဝမ်ရိပေါ်မျက်နှာကကြောက်ဖို့ကောင်းလောက်အောင်ကိုနီရဲလာလို့ရှောင်းကျန့်လန့်ပြီးနောက်ဆုတ်လိုက်မိ၏။

"ဘယ်က..ဘယ်ကရတာလဲ!"

"ခင်များအံဆွဲထဲက မဟုတ်ဘူး
ကျုပ်တို့အခန်းထဲက
ရှောင်းကျန့်! အဲ့ဒါဘယ်သူ့အတွက်လဲလို့မေးနေတယ်လေ!"

"အား..အားဆေး!"

ရှောင်းမားမျက်နှာကကွပ်ခနဲပျက်သွားခဲ့၏။ ဝမ်ရိပေါ်ကလည်းပိုလို့ဒေါသထွက်လာပုံရပြီးရှောင်းကျန့်ပုခုံးကိုဒေါသထွက်ထွက်နဲ့အားနဲ့လှုပ်ခါသည်။ ဝမ်ရိပေါ်အားကထိန်းချုပ်မထားတာမို့ရှောင်းကျန့်နာလို့မျက်ရည်တွေစီးကျလာခဲ့သည်။ ပုခုံးတစ်ခုလုံးကိုလှုပ်ခါနေတာမို့ရှောင်းကျန့်ခေါင်းတွေပါမူးနောက်လာခဲ့သည်။

"အားဆေး! ခင်များအားဆေးကဘယ်သူ့အတွက်လဲလို့!
ခင်များကျုပ်ကိုဘာထင်နေတာလဲ!
အဲ့သန္ဓေတားဆေးကဘယ်သူ့အတွက်လဲလို့!!"

"‌သ‌န္ဓေတားဆေး?"

"တောက်!!"

"ဝမ်ရိပေါ်!! တော်တော့!
ငါ့သားကိုလက်မပါနဲ့"

"တောက်!"

ဝမ်ရိပေါ်လွှတ်ပေးလိုက်တာနဲ့ရှောင်းကျန့်ကမိခင်ရင်ခွင်ထဲပြိုကျ၏။ သူ့စိတ်ထဲမှာမယုံနိုင်ခြင်းများစွာနဲ့မိခင်ဖြစ်သူကိုမော့ကြည့်လိုက်တယ်။ မားကသူ့အကြည့်ကိုသိတဲ့အလားမျက်နှာလွှဲသွား၏။ ရှောင်းကျန့်မျက်ရည်တွေပိုလို့စီးကျလာခဲ့တယ်။ ဝမ်ရိပေါ်အထင်လွဲလည်းလွဲဖို့ကောင်းပါတယ်။

"ကျုပ်နောက်ကွယ်မှာခင်များဘယ်သူနဲ့ဖောက်ပြန်ရဲတာလဲ!"

"ဝမ်ရိပေါ်! မင်းငါ့ကိုမစော်ကားနဲ့!!"

ရှောင်းကျန့်ကမိခင်ရင်ခွင်ထဲကရုန်းထွက်ပြီးဝမ်ရိပေါ်ရှေ့မှာရဲရဲရပ်၏။

"ရှောင်းကျန့်! ခင်များကကျုပ်အချစ်နဲ့မထိုက်တန်ဘူး"

"ငါ့ကိုချစ်ဖို့မင်းကိုပြောခဲ့လား
ငါ့ကိုအတင်းရယူဖို့ငါတောင်းဆိုခဲ့ဖူးလား
ငါ့ကိုကောင်းပေးဖို့မင်းကိုငါတောင်းဆိုဖူးလား
အရာရာမင်းလုပ်ခဲ့တာချည်းဘဲ!"

"အဲ့ဒါကြောင့်ပေါ့..
ခင်များကိုအတင်းယူထားတာကြောင့်ခင်များကဒီလိုလုပ်လိုက်တာပေါ့လေ
တော်တယ် ခင်များအရမ်းတော်တယ်!
ခင်များအရမ်းတော်လွန်းတယ်ရှောင်းကျန့် ကျုပ်အရှိုက်ကိုကောင်းကောင်းထိအောင်လုပ်လိုက်နိုင်ပြီ ဟားဟား"

ဝမ်ရိပေါ်ကရယ်နေပေမယ့်သူ့ရဲ့နီရဲနေတဲ့မျက်လုံးတွေကနေမျက်ရည်တွေကျလာခဲ့သည်။ ဝမ်ရိပေါ်ဆိုတာဘယ်လောက်ကြံ့ခိုင်လိုက်တဲ့လူလဲ။ ငယ်ငယ်တုန်းကထမင်းငတ်ပြီးအနိုင်ကျင့်ခံခဲ့ရတုန်းကတောင်ဝမ်ရိပေါ်မျက်ရည်ကျတယ်ဆိုတာမရှိခဲ့ပါ။ ထိုအတူရှောင်းကျန့်မျက်ဝန်းမှာလည်းမျက်ရည်တွေအပြည့်နဲ့ပါ။ ဝမ်ရိပေါ်ကသူ့ကိုရှင်းပြခွင့်တောင်မပေးဘဲသူ့သိက္ခာကိုစော်ကားလွန်းတယ်။ ဝမ်ရိပေါ်မကြိုက်လို့သူတစ်ယောက်တည်းတောင်အပြင်မသွားဖြစ်ပါ။ မိန်းကလေးတွေနဲ့ပတ်သတ်ဖို့ဆိုတာစိတ်ကူးထဲတောင်မတွေးဖူးခဲ့ဘူး။

"ဘယ်သွားမလို့လဲ"

ဝမ်ရိပေါ်ကလှည့်ထွက်သွားတော့ရှောင်းကျန့်မနေနိုင်စွာမေးလိုက်မိ၏။ ဝမ်ရိပေါ်ရဲ့သူ့အပေါ်ကြည့်တဲ့အကြည့်တွေကနွေးထွေးမှုတွေပျောက်ဆုံးနေသည်။ အဲ့အကြည့်တွေကိုရောဝမ်ရိပေါ်မျက်ရည်တွေကိုရောသူတကယ်မကြိုက်ပါ။

ဝမ်ရိပေါ်ကသူ့ကိုပြန်မဖြေ။ ကျောခိုင်းလျက်မြင်းကိုထုတ်ကာထွက်သွားခဲ့သည်။ ဝမ်ရိပေါ်ထွက်သွားတော့ရှောင်းကျန့်ကြမ်းခင်းပေါ်ဒူးထောက်လျက်ကျသွားခဲ့သည်။

ဘုန်း ဘုန်း

ရှောင်းကျန့်အသက်ရှုမဝသလိုခံစားရလာလို့ရင်ဘက်ကိုတစ်ဒုန်းဒုန်းထုလိုက်၏။ ရင်ဘက်ထဲမှာတစ်ခုခုဆို့နေသလိုမျိုး။ ‌မားကသူ့ကျောကိုပွတ်ပေးနေပေမယ့်သူ့ခံစားနေရတာကလျော့ကျမသွား။

အီး ဟီး..

ရှောင်းကျန့်မအောင့်နိုင်တော့လို့နာကျင်စွာအော်ငိုပစ်လိုက်သည်။ သူတို့ကဘာလို့တစ်ခုမဟုတ်တစ်ခုလွဲချော်နေရတာလဲ။

"ဘာလို့လဲမား! ဘာလို့ကျွန်တော့်ကိုညာရတာလဲ"

"မားလုပ်တာတွေကသားကောင်းဖို့အတွက်ဘဲ!"

"သူကျွန်တော့်ကိုအထင်လွဲသွားပြီ"

ရှောင်းကျန့်ကယိုင်လုနီးနီးကိုယ်ကိုထပြီးသူ့အဆောင်ပြန်လာခဲ့သည်။

"သခင်လေး!"

"ချောင်ချန်း ငါ‌တစ်ယောက်တည်းနေချင်တယ်"

ချောင်ချန်းကမျက်နှာငယ်လေးနဲ့ရပ်ကျန်ရစ်ခဲ့သည်။ တစ်အိမ်သားလုံးရှေ့မှာရန်ဖြစ်ထားလို့အစေခံတွေကမသိချင်ယောင်ဆောင်နေပေမယ့်ရှောင်းကျန့်ကတကယ်ရှက်ပါသည်။ သူ့မျက်စိရှေ့မှာသူ့မိဘတွေကစံပြမိဘကောင်းဖြစ်ပြီးသူ့ရှေ့မှာတစ်ခါမှတောင်ရန်ဖြစ်ဖူးတာမရှိခဲ့ဖူးဘူး။ သူကတော့သူ့မိဘရှေ့မှာတောင်အိမ်ထောင်ရေးအဆင်မပြေဖြစ်လိုက်သေးတယ်။ သူကတစ်ယောက်နဲ့တစ်ယောက်နားလည်မှုအပြည့်ရှိတဲ့အိမ်ထောင်ရေးကိုဘဲလိုချင်ခဲ့တာပါ။ အခုလိုအမြဲတကျက်ကျက်ရန်ဖြစ်နေတဲ့ဘဝကိုသူမလိုချင်ဘူး။

ရှောင်းကျန့်တံခါးကိုအသာစေ့လို့ကုတင်ပေါ်လှဲချလိုက်တယ်။ သူ့မျက်ဝန်းထောင့်ကနေမျက်ရည်တွေတာကျိုးသလိုစီးကျနေလို့‌သူ့ခေါင်းအုံးတောင်ရွှဲရွှဲစိုလာတယ်။ သူငိုချင်တာရပ်တန့်မရဘူး။ သူ့မျက်လုံးထဲမှာဝမ်ရိပေါ်ရဲ့ကျောကိုဘဲမြင်ယောင်နေတယ်။ ဟိုဆေးကသ‌န္ဓေတားဆေးမှန်းသူတကယ်မသိဘူး။

သ‌န္ဓေတားဆေး..မားကသူ့ကိုဘာလို့တားဆေးကျွေးရတာလဲ။ ဘာလို့အားဆေးဆိုပြီးလိမ်တိုက်ရတာလဲ..။ရှောင်းကျန့်မားကိုလည်းအပြစ်မမြင်ရက်ပါ။ အခုကိစ္စနဲ့တောင်မားစိတ်ပင်ပန်းနေလောက်ပြီ။ မနက်ဖြန်မှဘဲသမားတော်ဆီတိတ်တိတ်လေးသွားတော့မယ်။

"သခင်လေး!"

"ချောင်ချန်း ငါနားချင်တယ်"

"သခင်လေးညစာစားချိန်ရောက်ပါပြီ
ဘာမှမစားဘဲနေရင်အရင်လိုနေမကောင်းပြန်ဖြစ်လိမ့်မယ်"

"ငါစားချင်စိတ်မရှိဘူး!"

"ရိပေါ်ကောသိရင်ကျွန်တော်တို့အဆူခံရမှာ
သခင်လေး! ကျွန်တော်ဆန်ပြုတ်ယူလာတယ်
နည်းနည်းလောက်ဖြစ်ဖြစ်သောက်လိုက်ပါနော်"

"အင်း"

ရှောင်းကျန့်ချောင်ချန်းကိုအားနာလို့တစ်ဇွန်းနှစ်ဇွန်းဝင်အောင်သောက်လိုက်၏။ ဒါပေမယ့်ရင်ထဲကပျို့တက်လာလို့ဘယ်လိုမှဆက်မဝင်နိုင်တော့ဘူး။ သူ့ရင်ထဲမှာဆို့နေတယ်။ ရိပေါ်ကအခုထိရောက်သေးတာမဟုတ်ဘူး။ အရင်နေ့တွေတုန်းကအလုပ်ရှုပ်နေလည်းသူ့ကိုပြောထားခဲ့တယ်။ အခုတော့ရိပေါ်လာမယ့်အရိပ်အယောင်သူမမြင်သေးဘူး။

"တော်ပြီ"

ဒီတစ်ခါတော့ချောင်ချန်းလည်းမတားတော့။ ဆန်ပြုတ်ပန်းကန်ကိုသိမ်းပြီးပြန်ထွက်သွားခဲ့သည်။ ရှောင်းကျန့်ငိုရင်းရှိုက်ရင်းတစ်မှေးပြန်အိပ်ပျော်သွားခဲ့သည်။ ဒါပေမယ့်နှစ်နှစ်ရှိုက်ရှိုက်အိပ်ပျော်နေတာမဟုတ်လို့တံခါးဖွင့်သံကြားတာနဲ့ပြန်နိုးလာခဲ့၏။

"ရိပေါ် မင်းပြန်လာပြီလား"

"အင်း"

ရိပေါ်ကအခန်းထဲကဗီဒိုကြီးထဲကသူ့အဝတ်အစားတစ်စုံနှစ်စုံကိုထုတ်ပိုးနေ၏။ ရောက်ကတည်းကရိပေါ်ကသူနဲ့မျက်နှာချင်းလုံးဝမဆိုင်သေး။ ရိပေါ်ကနေ့ခင်းတုန်းကလိုဒေါသထွက်တာ၊ပေါက်ကွဲတာမရှိတော့ပေမယ့် ဒီလိုအေးစက်စက်အပြုအမူတွေကရှောင်းကျန့်ကိုသိပ်ရင်နာစေပါသည်။

"ရိပေါ်..."

"ကျုပ်စစ်ရေးတန်းလျားမှာသွားအိပ်မယ်
ခင်များကိုကျုပ်မချုပ်ချယ်တော့ဘူး မစောင့်ကြည့်တော့ဘူး"

"ဝမ်ရိပေါ်.."

ရှောင်းကျန့်အသံကငိုသံပါလာပြီးအသံလေးတွေတောင်တုန်ယင်နေသည်။ ဝမ်ရိပေါ်ကလိုအပ်တာတွေသိမ်းပြီးတာနဲ့ပြန်ထွက်သွားခဲ့သည်။ ရှောင်းကျန့်ရိပေါ်အကျီစကိုလှမ်းဆွဲပြီးနောက်ကနေရိပေါ်ကိုတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်သည်။ သူ့တစ်ကိုယ်လုံးတုန်ယင်နေကာမျက်ရည်တွေထိန်းမရတော့ဘူး။ သည်းကြီးမည်းကြီးငိုနေလို့စကားလည်းမထွက်တော့ဘူး။ သူသိတာတစ်ခုက ရိပေါ်ကိုဒီအခန်းထဲကထွက်မသွားစေချင်ဘူး။

"မသွား..မသွားပါနဲ့"

"ခင်များနားတော့ ရှောင်းကျန့်"

ရိပေါ်ကရှောင်းကျန့်လက်ကိုဖြုတ်ကာအပြင်ပြန်ထွက်သွားခဲ့သည်။ ရှောင်းကျန့်ကအဲ့နေရာမှာဘဲငိုရှိုက်ကာကျန်ခဲ့တုန်း။ ချစ်ရသူဆီကလျစ်လျူရှုခံရတာအဲ့လောက်တောင်နာကျင်ရလား..။






(28.4.22)

................................................

"သခင္ေလးကမာနႀကီးလြန္းတယ္"

Part- 19

For zawgyi

ဝမ္ရိေပၚမ်က္ႏွာနီရဲခတ္ထန္ေနခဲ့သည္။ သူ႕အိမ္ေတာ္၊သူ႕အိပ္ခန္းမွာမွသ‌ႏၶေတားေဆးလာေတြ႕ရတယ္‌လို႔။ သူခြင့္ျပဳခ်က္မရဘဲေခ်ာင္ခ်န္းကလြဲလို႔ဘယ္သူမွသူတို႔အိပ္ခန္းထဲကိုဝင္လာခြင့္မရွိ။ ဒီေဆးကိုဝွက္ထားတာဟိုလူကလြဲၿပီးဘယ္သူရွိဦးမွာလဲ။ သမားေတာ္ေျပာတာကိုသူနားထဲမွာထပ္တလဲလဲၾကားေယာင္လာခဲ့၏။

သားဉေႂကြတာကိုတားေပးၿပီးသားအိမ္ဖြဲ႕ၿဖိဳးမႈ၊သားအိမ္လုပ္ေဆာင္မႈေတြကိုႏွေးေစတာတဲ့လား။ ေရွာင္းက်န႔္ကဘယ္သူ႕အတြက္ဒီေဆးကိုေဆာင္ထားတာလဲ။ ေရွာင္းက်န႔္ကအခုတေလာသူ႕အေပၚဆက္ဆံေရးေျပာင္းလာခဲ့တာသူ႕ကိုအခ်ိဳသပ္ထားခ်င္လို႔လား။ အိမ္မွာေကာင္မေလးေတြဆိုလို႔ထမင္းခ်က္ေကာင္မေလးႏွစ္ေယာက္နဲ႕အေစခံေကာင္မေလးႏွစ္ေယာက္ဘဲရွိသည္။ သူတို႔ေတြကလည္းသူ႕ကိုေၾကာက္လို႔ေရွာင္းက်န႔္နဲ႕ကလူက်ီစယ္ရဲမွာေတာင္မဟုတ္ဘူး။

ဒါဆိုဘယ္သူလဲ။ ေရွာင္းက်န႔္ကဘယ္သူနဲ႕ခိုးစားရဲတာလဲ။

"ေရွာင္းက်န႔္!!"

ဝမ္ရိေပၚရဲ႕ေအာ္သံေၾကာင့္ေရွာင္းမားဆီမွာခ်ည္ထိုးသင္ေနတဲ့ေရွာင္းက်န႔္ကိုယ္ေလး‌တုန္တက္သြားတယ္။ ဝမ္ရိေပၚရဲ႕အသံကိုၾကားတာနဲ႕ဒီလူဘယ္ေလာက္ေတာင္ေဒါသထြက္ေနတယ္ဆိုတာသူသိလိုက္ၿပီ။ ဝမ္ရိေပၚနဲ႕သူအရင္တုန္းကဘယ္ေလာက္ဘဲအဆင္မေျပျဖစ္ခဲ့ျဖစ္ခဲ့ဝမ္ရိေပၚဒီေလာက္ေဒါသျဖစ္ေနတာသူမျမင္ဖူးခဲ့ပါ။ သူ႕မားကလည္းဝမ္ရိေပၚအသံေၾကာင့္မ်က္ႏွာကတင္းမာေနသည္။

"ဝမ္ရိေပၚ မင္းဘာျဖစ္လာတာလဲ!"

"အခန္းထဲသြားမယ္"

ဝမ္ရိေပၚကသူ႕မားေရွ႕မွာေတာ့ျပသနာျဖစ္ခ်င္ပုံမေပၚ။ ေရွာင္းက်န႔္ကအလိုက္တသိထိုင္ေနရာကေနထရပ္လိုက္သည္။ သူတို႔နားမွာအေစခံေတြလည္းရွိတာမို႔ေရွာင္းက်န႔္မ်က္ႏွာမပ်က္ခ်င္ပါ။

"က်န႔္အာ မသြားနဲ႕!
ဝမ္ရိေပၚ! ငါ့ေရွ႕မွာဘဲေျပာ!"

ဝမ္ရိေပၚအံတင္းတင္းက်ိတ္လိုက္၏။ ေရွာင္းသခင္မႀကီးကအခုထိကိုယ့္ေနရာကိုယ္မသိေသးဘူးဘဲ။ အရင္လိုဘဲသူ႕ကိုအာဏာေပးေနတုန္း။

"မား သူနဲ႕ကြၽန္ေတာ္ေအးေဆးေဆြးႏြေးလိုက္ပါ့မယ္"

"ဒီမွာဘဲရွင္း! ငါ့သားကိုငါ့ကြယ္ရာမွာအနိုင္က်င့္မွာကိုခြင့္မျပဳေပးနိုင္ဘူး"

"ဟက္ ေကာင္းၿပီေလ"

ဝမ္ရိေပၚကလက္ကေဆးမႈန႔္ထုတ္နဲ႕ေရွာင္းက်န႔္ရင္ဘက္ကိုပစ္ေပါက္လိုက္၏။ ေရွာင္းက်န႔္လန႔္ၿပီးမ်က္ရည္ေတြေတာင္ဝဲလာခဲ့သည္။ ဝမ္ရိေပၚမ်က္ႏွာဒီေလာက္႐ုပ္ပ်က္ေနတာသူတစ္ခါမွမျမင္ဖူးဘူး။ သူဘာလုပ္မိလို႔လဲ။

"ဘယ္သူ႕အတြက္လဲ! ေရွာင္းက်န႔္အဲ့ေဆးကဘယ္သူအတြက္လဲခင္မ်ားေျဖ!!"

ဝမ္ရိေပၚမ်က္ႏွာကေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ကိုနီရဲလာလို႔ေရွာင္းက်န႔္လန႔္ၿပီးေနာက္ဆုတ္လိုက္မိ၏။

"ဘယ္က..ဘယ္ကရတာလဲ!"

"ခင္မ်ားအံဆြဲထဲက မဟုတ္ဘူး
က်ဳပ္တို႔အခန္းထဲက
ေရွာင္းက်န႔္! အဲ့ဒါဘယ္သူ႕အတြက္လဲလို႔ေမးေနတယ္ေလ!"

"အား..အားေဆး!"

ေရွာင္းမားမ်က္ႏွာကကြပ္ခနဲပ်က္သြားခဲ့၏။ ဝမ္ရိေပၚကလည္းပိုလို႔ေဒါသထြက္လာပုံရၿပီးေရွာင္းက်န႔္ပုခုံးကိုေဒါသထြက္ထြက္နဲ႕အားနဲ႕လႈပ္ခါသည္။ ဝမ္ရိေပၚအားကထိန္းခ်ဳပ္မထားတာမို႔ေရွာင္းက်န႔္နာလို႔မ်က္ရည္ေတြစီးက်လာခဲ့သည္။ ပုခုံးတစ္ခုလုံးကိုလႈပ္ခါေနတာမို႔ေရွာင္းက်န႔္ေခါင္းေတြပါမူးေနာက္လာခဲ့သည္။

"အားေဆး! ခင္မ်ားအားေဆးကဘယ္သူ႕အတြက္လဲလို႔!
ခင္မ်ားက်ဳပ္ကိုဘာထင္ေနတာလဲ!
အဲ့သႏၶေတားေဆးကဘယ္သူ႕အတြက္လဲလို႔!!"

"‌သ‌ႏၶေတားေဆး?"

"ေတာက္!!"

"ဝမ္ရိေပၚ!! ေတာ္ေတာ့!
ငါ့သားကိုလက္မပါနဲ႕"

"ေတာက္!"

ဝမ္ရိေပၚလႊတ္ေပးလိုက္တာနဲ႕ေရွာင္းက်န႔္ကမိခင္ရင္ခြင္ထဲၿပိဳက်၏။ သူ႕စိတ္ထဲမွာမယုံနိုင္ျခင္းမ်ားစြာနဲ႕မိခင္ျဖစ္သူကိုေမာ့ၾကည့္လိုက္တယ္။ မားကသူ႕အၾကည့္ကိုသိတဲ့အလားမ်က္ႏွာလႊဲသြား၏။ ေရွာင္းက်န႔္မ်က္ရည္ေတြပိုလို႔စီးက်လာခဲ့တယ္။ ဝမ္ရိေပၚအထင္လြဲလည္းလြဲဖို႔ေကာင္းပါတယ္။

"က်ဳပ္ေနာက္ကြယ္မွာခင္မ်ားဘယ္သူနဲ႕ေဖာက္ျပန္ရဲတာလဲ!"

"ဝမ္ရိေပၚ! မင္းငါ့ကိုမေစာ္ကားနဲ႕!!"

ေရွာင္းက်န႔္ကမိခင္ရင္ခြင္ထဲက႐ုန္းထြက္ၿပီးဝမ္ရိေပၚေရွ႕မွာရဲရဲရပ္၏။

"ေရွာင္းက်န႔္! ခင္မ်ားကက်ဳပ္အခ်စ္နဲ႕မထိုက္တန္ဘူး"

"ငါ့ကိုခ်စ္ဖို႔မင္းကိုေျပာခဲ့လား
ငါ့ကိုအတင္းရယူဖို႔ငါေတာင္းဆိုခဲ့ဖူးလား
ငါ့ကိုေကာင္းေပးဖို႔မင္းကိုငါေတာင္းဆိုဖူးလား
အရာရာမင္းလုပ္ခဲ့တာခ်ည္းဘဲ!"

"အဲ့ဒါေၾကာင့္ေပါ့..
ခင္မ်ားကိုအတင္းယူထားတာေၾကာင့္ခင္မ်ားကဒီလိုလုပ္လိုက္တာေပါ့ေလ
ေတာ္တယ္ ခင္မ်ားအရမ္းေတာ္တယ္!
ခင္မ်ားအရမ္းေတာ္လြန္းတယ္ေရွာင္းက်န႔္ က်ဳပ္အရွိုက္ကိုေကာင္းေကာင္းထိေအာင္လုပ္လိုက္နိုင္ၿပီ ဟားဟား"

ဝမ္ရိေပၚကရယ္ေနေပမယ့္သူ႕ရဲ႕နီရဲေနတဲ့မ်က္လုံးေတြကေနမ်က္ရည္ေတြက်လာခဲ့သည္။ ဝမ္ရိေပၚဆိုတာဘယ္ေလာက္ႀကံ့ခိုင္လိုက္တဲ့လူလဲ။ ငယ္ငယ္တုန္းကထမင္းငတ္ၿပီးအနိုင္က်င့္ခံခဲ့ရတုန္းကေတာင္ဝမ္ရိေပၚမ်က္ရည္က်တယ္ဆိုတာမရွိခဲ့ပါ။ ထိုအတူေရွာင္းက်န႔္မ်က္ဝန္းမွာလည္းမ်က္ရည္ေတြအျပည့္နဲ႕ပါ။ ဝမ္ရိေပၚကသူ႕ကိုရွင္းျပခြင့္ေတာင္မေပးဘဲသူ႕သိကၡာကိုေစာ္ကားလြန္းတယ္။ ဝမ္ရိေပၚမႀကိဳက္လို႔သူတစ္ေယာက္တည္းေတာင္အျပင္မသြားျဖစ္ပါ။ မိန္းကေလးေတြနဲ႕ပတ္သတ္ဖို႔ဆိုတာစိတ္ကူးထဲေတာင္မေတြးဖူးခဲ့ဘူး။

"ဘယ္သြားမလို႔လဲ"

ဝမ္ရိေပၚကလွည့္ထြက္သြားေတာ့ေရွာင္းက်န႔္မေနနိုင္စြာေမးလိုက္မိ၏။ ဝမ္ရိေပၚရဲ႕သူ႕အေပၚၾကည့္တဲ့အၾကည့္ေတြကႏြေးေထြးမႈေတြေပ်ာက္ဆုံးေနသည္။ အဲ့အၾကည့္ေတြကိုေရာဝမ္ရိေပၚမ်က္ရည္ေတြကိုေရာသူတကယ္မႀကိဳက္ပါ။

ဝမ္ရိေပၚကသူ႕ကိုျပန္မေျဖ။ ေက်ာခိုင္းလ်က္ျမင္းကိုထုတ္ကာထြက္သြားခဲ့သည္။ ဝမ္ရိေပၚထြက္သြားေတာ့ေရွာင္းက်န႔္ၾကမ္းခင္းေပၚဒူးေထာက္လ်က္က်သြားခဲ့သည္။

ဘုန္း ဘုန္း

ေရွာင္းက်န႔္အသက္ရႈမဝသလိုခံစားရလာလို႔ရင္ဘက္ကိုတစ္ဒုန္းဒုန္းထုလိုက္၏။ ရင္ဘက္ထဲမွာတစ္ခုခုဆို႔ေနသလိုမ်ိဳး။ ‌မားကသူ႕ေက်ာကိုပြတ္ေပးေနေပမယ့္သူ႕ခံစားေနရတာကေလ်ာ့က်မသြား။

အီး ဟီး..

ေရွာင္းက်န႔္မေအာင့္နိုင္ေတာ့လို႔နာက်င္စြာေအာ္ငိုပစ္လိုက္သည္။ သူတို႔ကဘာလို႔တစ္ခုမဟုတ္တစ္ခုလြဲေခ်ာ္ေနရတာလဲ။

"ဘာလို႔လဲမား! ဘာလို႔ကြၽန္ေတာ့္ကိုညာရတာလဲ"

"မားလုပ္တာေတြကသားေကာင္းဖို႔အတြက္ဘဲ!"

"သူကြၽန္ေတာ့္ကိုအထင္လြဲသြားၿပီ"

ေရွာင္းက်န႔္ကယိုင္လုနီးနီးကိုယ္ကိုထၿပီးသူ႕အေဆာင္ျပန္လာခဲ့သည္။

"သခင္ေလး!"

"ေခ်ာင္ခ်န္း ငါ‌တစ္ေယာက္တည္းေနခ်င္တယ္"

ေခ်ာင္ခ်န္းကမ်က္ႏွာငယ္ေလးနဲ႕ရပ္က်န္ရစ္ခဲ့သည္။ တစ္အိမ္သားလုံးေရွ႕မွာရန္ျဖစ္ထားလို႔အေစခံေတြကမသိခ်င္ေယာင္ေဆာင္ေနေပမယ့္ေရွာင္းက်န႔္ကတကယ္ရွက္ပါသည္။ သူ႕မ်က္စိေရွ႕မွာသူ႕မိဘေတြကစံျပမိဘေကာင္းျဖစ္ၿပီးသူ႕ေရွ႕မွာတစ္ခါမွေတာင္ရန္ျဖစ္ဖူးတာမရွိခဲ့ဖူးဘူး။ သူကေတာ့သူ႕မိဘေရွ႕မွာေတာင္အိမ္ေထာင္ေရးအဆင္မေျပျဖစ္လိုက္ေသးတယ္။ သူကတစ္ေယာက္နဲ႕တစ္ေယာက္နားလည္မႈအျပည့္ရွိတဲ့အိမ္ေထာင္ေရးကိုဘဲလိုခ်င္ခဲ့တာပါ။ အခုလိုအၿမဲတက်က္က်က္ရန္ျဖစ္ေနတဲ့ဘဝကိုသူမလိုခ်င္ဘူး။

ေရွာင္းက်န႔္တံခါးကိုအသာေစ့လို႔ကုတင္ေပၚလွဲခ်လိဳက္တယ္။ သူ႕မ်က္ဝန္းေထာင့္ကေနမ်က္ရည္ေတြတာက်ိဳးသလိုစီးက်ေနလို႔‌သူ႕ေခါင္းအုံးေတာင္႐ႊဲ႐ႊဲစိုလာတယ္။ သူငိုခ်င္တာရပ္တန႔္မရဘူး။ သူ႕မ်က္လုံးထဲမွာဝမ္ရိေပၚရဲ႕ေက်ာကိုဘဲျမင္ေယာင္ေနတယ္။ ဟိုေဆးကသ‌ႏၶေတားေဆးမွန္းသူတကယ္မသိဘူး။

သ‌ႏၶေတားေဆး..မားကသူ႕ကိုဘာလို႔တားေဆးေကြၽးရတာလဲ။ ဘာလို႔အားေဆးဆိုၿပီးလိမ္တိုက္ရတာလဲ..။ေရွာင္းက်န႔္မားကိုလည္းအျပစ္မျမင္ရက္ပါ။ အခုကိစၥနဲ႕ေတာင္မားစိတ္ပင္ပန္းေနေလာက္ၿပီ။ မနက္ျဖန္မွဘဲသမားေတာ္ဆီတိတ္တိတ္ေလးသြားေတာ့မယ္။

"သခင္ေလး!"

"ေခ်ာင္ခ်န္း ငါနားခ်င္တယ္"

"သခင္ေလးညစာစားခ်ိန္ေရာက္ပါၿပီ
ဘာမွမစားဘဲေနရင္အရင္လိုေနမေကာင္းျပန္ျဖစ္လိမ့္မယ္"

"ငါစားခ်င္စိတ္မရွိဘူး!"

"ရိေပၚေကာသိရင္ကြၽန္ေတာ္တို႔အဆူခံရမွာ
သခင္ေလး! ကြၽန္ေတာ္ဆန္ျပဳတ္ယူလာတယ္
နည္းနည္းေလာက္ျဖစ္ျဖစ္ေသာက္လိုက္ပါေနာ္"

"အင္း"

ေရွာင္းက်န႔္ေခ်ာင္ခ်န္းကိုအားနာလို႔တစ္ဇြန္းႏွစ္ဇြန္းဝင္ေအာင္ေသာက္လိုက္၏။ ဒါေပမယ့္ရင္ထဲကပ်ိဳ႕တက္လာလို႔ဘယ္လိုမွဆက္မဝင္နိုင္ေတာ့ဘူး။ သူ႕ရင္ထဲမွာဆို႔ေနတယ္။ ရိေပၚကအခုထိေရာက္ေသးတာမဟုတ္ဘူး။ အရင္ေန႕ေတြတုန္းကအလုပ္ရႈပ္ေနလည္းသူ႕ကိုေျပာထားခဲ့တယ္။ အခုေတာ့ရိေပၚလာမယ့္အရိပ္အေယာင္သူမျမင္ေသးဘူး။

"ေတာ္ၿပီ"

ဒီတစ္ခါေတာ့ေခ်ာင္ခ်န္းလည္းမတားေတာ့။ ဆန္ျပဳတ္ပန္းကန္ကိုသိမ္းၿပီးျပန္ထြက္သြားခဲ့သည္။ ေရွာင္းက်န႔္ငိုရင္းရွိုက္ရင္းတစ္ေမွးျပန္အိပ္ေပ်ာ္သြားခဲ့သည္။ ဒါေပမယ့္ႏွစ္ႏွစ္ရွိုက္ရွိုက္အိပ္ေပ်ာ္ေနတာမဟုတ္လို႔တံခါးဖြင့္သံၾကားတာနဲ႕ျပန္နိုးလာခဲ့၏။

"ရိေပၚ မင္းျပန္လာၿပီလား"

"အင္း"

ရိေပၚကအခန္းထဲကဗီဒိုႀကီးထဲကသူ႕အဝတ္အစားတစ္စုံႏွစ္စုံကိုထုတ္ပိုးေန၏။ ေရာက္ကတည္းကရိေပၚကသူနဲ႕မ်က္ႏွာခ်င္းလုံးဝမဆိုင္ေသး။ ရိေပၚကေန႕ခင္းတုန္းကလိုေဒါသထြက္တာ၊ေပါက္ကြဲတာမရွိေတာ့ေပမယ့္ ဒီလိုေအးစက္စက္အျပဳအမူေတြကေရွာင္းက်န႔္ကိုသိပ္ရင္နာေစပါသည္။

"ရိေပၚ..."

"က်ဳပ္စစ္ေရးတန္းလ်ားမွာသြားအိပ္မယ္
ခင္မ်ားကိုက်ဳပ္မခ်ဳပ္ခ်ယ္ေတာ့ဘူး မေစာင့္ၾကည့္ေတာ့ဘူး"

"ဝမ္ရိေပၚ.."

ေရွာင္းက်န႔္အသံကငိုသံပါလာၿပီးအသံေလးေတြေတာင္တုန္ယင္ေနသည္။ ဝမ္ရိေပၚကလိုအပ္တာေတြသိမ္းၿပီးတာနဲ႕ျပန္ထြက္သြားခဲ့သည္။ ေရွာင္းက်န႔္ရိေပၚအက်ီစကိုလွမ္းဆြဲၿပီးေနာက္ကေနရိေပၚကိုတင္းတင္းက်ပ္က်ပ္ဖက္ထားလိုက္သည္။ သူ႕တစ္ကိုယ္လုံးတုန္ယင္ေနကာမ်က္ရည္ေတြထိန္းမရေတာ့ဘူး။ သည္းႀကီးမည္းႀကီးငိုေနလို႔စကားလည္းမထြက္ေတာ့ဘူး။ သူသိတာတစ္ခုက ရိေပၚကိုဒီအခန္းထဲကထြက္မသြားေစခ်င္ဘူး။

"မသြား..မသြားပါနဲ႕"

"ခင္မ်ားနားေတာ့ ေရွာင္းက်န႔္"

ရိေပၚကေရွာင္းက်န႔္လက္ကိုျဖဳတ္ကာအျပင္ျပန္ထြက္သြားခဲ့သည္။ ေရွာင္းက်န႔္ကအဲ့ေနရာမွာဘဲငိုရွိုက္ကာက်န္ခဲ့တုန္း။ ခ်စ္ရသူဆီကလ်စ္လ်ဴရႈခံရတာအဲ့ေလာက္ေတာင္နာက်င္ရလား..။






(28.4.22)

................................................





Continue Reading

You'll Also Like

250K 11.7K 19
-In which the daughter of Dracula befriends the weird goth girl Wednesday Addams x Female OC Season 1? lets hope ill be renewed 🏆 #1 on Gp 12/31/22 ...
9.7K 1 1
"Dustin! Wait!" "Yeah?" I take a deep breath. You, Y/N Harrington have been a part of the D&D crew since 5th grade. Starting in 7th grade, you always...
533K 23.4K 55
❝If you have never lost your sanity, then you have never been in love.❞ Meet Harley Quinn; She is not the Harleen she was anymore. She has changed fo...
864K 40.1K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...