နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...
By KimHsuYoon99
697K 108K 1.4K
This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More
Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3
Chapter 16.2
5.4K 1K 28
By KimHsuYoon99
(Unicode)
"ကောင်းပါပြီ အစ်ကိုက မင်းအရမ်းစားလိုက်လို့ တကယ်စိုးရိမ်နေတာ"orcsတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေက ကောင်းမွန်ပြီး ဆီရွှဲနေတဲ့အရာတွေအများကြီးစားလည်း အဆင်ပြေလိမ့်မယ်ဆိုတာကိုသိသွားတာ ကြောင့် ပိုင်မုက သက်ပြင်းချလိုက်တယ်။သာမန်လူသားတွေဆိုရင်‌တော့ မတ်မတ်တောင်ရပ်နိုင်မှာမဟုတ်ဘူး။
နေ့လည်ခင်းမှာ အရာရာတိုင်းအဆင့်သင့်ဖြစ်သွားပြီးနောက် မျိုးနွယ်စုခေါင်းဆောင်က ခဲယ်လ်တစ်ကို ပိုင်မုဆီလာဖို့ပြောခဲ့တယ်။ပိုင်မု ကွင်းပြင်ကိုရောက်လာတဲ့အချိန်မှာ လူတွေနဲ့ ပြည့်ကျပ်နေပါပြီ။လူစုလူဝေးကြီးက ပိုင်မုလာနေတာကို တွေ့တော့ လမ်းဖယ်ပေးလိုက်ကြတယ်။သူအရင်က မျိုးနွယ်စုခေါင်းဆောင်ကို ပြောခဲ့တာကြောင့် သန့်ရှင်းတဲ့ကျောက်သားစင်မြင့်တစ်ခုက လူစုလူဝေးကြီးထဲမှာ နေရာချထားခံရတယ်။
ခြင်္သေ့တောင်ပံမျိုးနွယ်စု၀င်တွေက ထူးထူးဆန်းဆန်း၀တ်ထားတဲ့လှပတဲ့မိန်းမပျိုကို ကြည့်လိုက်ကြတယ်။သူတို့ရဲ့နှလုံးသားထဲမှာတော့ အတွေးတစ်ခုရှိနေတယ်။လတ်စသတ်တော့ ဒါက နတ်ဘုရားတမန်တော်ကိုး။အိုး အသားအရည်က အရမ်းတောက်ပဖြူဖွေးတာပဲ။ပြီးတော့ ဘာကြီး သူ၀တ်ထားတာလဲ?ဒီလှပတဲ့မိန်းမပျိုက အစားအစာတွေကို အချိန်အကြာကြီး သိမ်းဆည်းထားနိုင်တာလား?
ငယ်ရွယ်တဲ့orcsတွေက တမန်တော်က ခဲယ်လ်တစ်ရဲ့အိမ်မှာ နေတယ်လို့ ကြားခဲ့ကြပေမယ့် သူ့(ပိုင်မု)ကိုယ်ပေါ်မှာ orcsအထီးတစ်ယောက်ရဲ့ အနံ့ကို မရဘူး။သူတို့မှာလည်းပဲ အခွင့်အရေးတစ်ခုရှိတယ်လို့ ဆိုလိုတာလား?
လူတိုင်းရဲ့စိတ်အားထက်သန်တဲ့မျက်၀န်းတွေအောက်က ဖိအားတွေအောက်မှာ ပိုင်မုက ကျောက်သားစင်မြင့်ဆီ လျှောက်သွားတယ်။မိန်းမပျိုတွေနဲ့ သက်ကြီးရွယ်အိုတွေက အလယ်မှာရှိကာ orcsတွေက အပြင်မှာ ရပ်နေကြပြီး ကျောက်သားစင်မြင့်ကိုဝိုင်းပြီး စက်ဝိုင်းကြီးကြီးတစ်ခုလို လူတိုင်းက မတ်တပ်ရပ်နေကြတယ်။
ဆားအိုးသေးသေးတစ်လုံးနဲ့ အမည်မသိတိရိစ္ဆာန်တစ်ကောင်ရဲ့ အသားတစ်ပိုင်းက ကျောက်သားစင်မြင့်ပေါ်မှာ ရှိတယ်။အဲ့ဒီအသားပိုင်းက အရမ်းကြီးပြီး သူက ၎င်းကို သေးအောင်လှီးလိုက်ဖို့ လိုတယ်။ပိုင်မုက ရှက်ကိုးရှက်ကန်းနဲ့ ကျောက်သားစင်မြင့်ပေါ်က လေးလံတဲ့ကျောက်သားဓားကို ကြည့်လိုက်တယ်။ဘယ်လိုအသုံးပြုရမလဲဆိုတာ သူမသိရင် သူဘာလုပ်သင့်လဲ?
"ဆဲလ်တာ ကျွန်တော် ဒီအသားကို အပိုင်းသေးသေးလေးတွေလုပ်ဖို့ လိုတယ်"ကူကယ်ရာမဲ့စွာနဲ့ ပိုင်မုက ခဲယ်လ်တစ်ကို အကူအညီအတွက် ကြည့်လိုက်တယ်။ခဲယ်လ်တစ်က တခွန်းမှမပြောပဲ ထွက်လာကာ ကျောက်သားဓားကို ကောက်ကိုင်လိုက်ပြီး ပိုင်မုရဲ့တောင်းဆိုမှုကြောင့် အသားကို အမြှောင်းရှည်ရှည်လေးတွေ လှီးပေးလိုက်တယ်။အသားလှီးပြီးနောက် သူက ပိုင်မုရဲ့ဘေးမှာ တိတ်တဆိတ် မတ်တပ်ပြန်ရပ်နေခဲ့တယ်။
ပိုင်မုက သူ့ရဲ့အင်္ကျီလက်ကို လှိမ့်တင်လိုက်ပြီး အသားဆားနယ်ခြောက်ဘယ်လိုလုပ်လဲဆိုတာကို စပြီးသရုပ်ပြလိုက်တယ်။လူတိုင်းက တစ်ဆင့်ချင်းစီကို အာရုံစိုက်ကြည့်ရှုနေကြပြီး တဆင့်လေးလွတ်သွားမှာတောင်စိုးလို့ ဂရုတစိုက်နဲ့ လေ့လာကြတယ်။ပိုင်မုကလည်းပဲ ကြိုတင်ကာကွယ်ရမှာတွေကိုပါ အသေးစိတ်ရှင်းပြပေးကာ လူတိုင်းက ဆားနယ်ထားတဲ့အသားကို လေ၀င်လေထွက်ကောင်းပြီး ခြောက်သွေ့တဲ့နေရာမှာ ချိတ်ဆွဲထားသင့်တယ်လို့ နောက်ဆုံးမှာ ရှင်းပြခဲ့တယ်။
ကြီးမားတဲ့လူအရေအတွက်ကြောင့် ရှင်းပြမှုတွေအပြီးမှာ လူအချို့က လုံးစေ့ပတ်စေ့နားမထောင်လိုက်ရဘူး။မျိုးနွယ်စုခေါင်းဆောင်က ပိုင်မုကို နောက်တခေါက် ထပ်သရုပ်ပြပေးနိုင်မလားလို့ မေးခဲ့ပြီး သုံးကြိမ်တိုင်အောင် ရှင်းပြလိုက်ရတယ်။အဲ့ဒါပြီးနောက် ပိုင်မုက လူတိုင်းကို ဆားဘယ်လိုအသုံးပြုရမလဲဆိုတာ ပြောပြခဲ့တယ်။ရှင်းပြတာတွေပြီးနောက် လူတိုင်းက အိမ်ပြန်ပြီး ကြိုးစားကြည့်မယ်လို့ ပြောခဲ့ကြတယ်။ဒီနေ့မှာ မိသားစု‌တွေအကုန်လုံးက သားကောင်အများအပြားကို အမဲလိုက်ပြီး ပြန်ယူလာခဲ့ကြတယ်။မျိုးနွယ်စုခေါင်းဆောင်ရဲ့စီမံပေးမှုအောက်မှာ မျိုးနွယ်စုထဲက သက်ကြီးရွယ်အိုတွေနဲ့ဒဏ်ရာရနေတဲ့orcစစ်သည်တွေ တောင် အသားအများအပြားရရှိခဲ့ကြတယ်။
ပိုင်မုသင်ကြားပေးပြီးနောက် လူတိုင်းက အိမ်ပြန်ပြီး မျှော်လင့်စောင့်စားမှုတွေ ၊ အပျော်တွေနဲ့ တစ်ယောက်ချင်းစီတိုင်းက ကြိုးစားကြည့်ခဲ့ကြတယ်။ပိုင်မုက သူတို့တွေရဲ့နှလုံးသားထဲကလာတဲ့အပြုံးတွေကို ကြည့်ပြီး သူပါကူးစက်ခံလိုက်ရကာ ပြုံးမိသွားတယ်။ခဲယ်လ်တစ်က ပိုင်မုရဲ့တောက်ပတဲ့အပြုံးကို ကြည့်လိုက်ပြီး သူ့ရဲ့ပါးစပ်ထောင့်စွန်းလေးက မသိလိုက်ပဲနဲ့ မြင့်တက်သွားခဲ့တယ်။
"ပိုင်မု မင်းရဲ့ဉာဏ်ပညာအသိပညာတွေကို ကိုယ်ကျိုးမငဲ့ပဲ တခြားသူတွေကို သင်ကြားပေးလို့ ‌မင်းကိုကျေးဇူးတင်ပါတယ်"လူစုလူဝေးက နေရာအသီးသီးကိုပြန့်ကျဲသွားပြီးနောက် သူ့ရဲ့စစ်မှန်တဲ့ကျေးဇူးတင်မှုကို ဖော်ပြဖို့ မျိုးနွယ်စုခေါင်းဆောင်က ပိုင်မုဆီ လျှောက်လာခဲ့တယ်။
"ဒါလေးက ဘာမှမဟုတ်ပါဘူး မျိုးနွယ်စုထဲမှာ ကျွန်တော်နေမယ်ဆိုကတည်းက လူတိုင်းက ပိုကောင်းမွန်တဲ့ဘ၀မှာ နေထိုင်နိုင်ဖို့  ကျွန်တော်မျှော်လင့်တယ် အနာဂတ်မှာ ကျွန်တော်သိတဲ့အရာတွေကို မျိုးနွယ်စု၀င်တွေကို ကျွန်တော်သင်ပေးမှာပါ"ပိုင်မုက ဒီorcsတွေဟာ အရမ်းရိုးရှင်းတယ်လို့ ခံစားရပေမယ့် သူတို့ရဲ့နေထိုင်မှုအခြေအနေကတော့ အရမ်းခက်ခဲကြတာပဲ။
မျိုးနွယ်စုခေါင်းဆောင်က ပိုင်မုရဲ့စကားတွေကို ကြားတဲ့အခါ သူ့ရဲ့စိတ်တွင်းကအပျော်တွေကို မဖုံးကွယ်နိုင်တော့ဘူး။ဘုရားသခင်ရဲ့တမန်တော်အကူအညီနဲ့ သူ့တို့ရဲ့ဘ၀တွေက သေချာပေါက်ကို ပိုပြီးကောင်းမွန်သထက်ကောင်းမွန်လာမှာပဲ။
မျိုးနွယ်စုခေါင်းဆောင်ကို နှုတ်ဆက်စကားပြောပြီး ပိုင်မုက ခဲယ်လ်ကို မျိုးနွယ်စုပတ်၀န်းကျင်ကို သူ့ကိုခေါ်သွားဖို့ ပြောလိုက်တယ်။ဒီနေရာမှာ ရက်များစွာရှိခဲ့ပြီးပေမယ့် သူက သူ့ဘ၀နဲ့နေ့တိုင်းအလုပ်များနေပြီး  ဒီမျိုးနွယ်စုရဲ့  မြင်ကွင်းတစ်ခုလုံးကို သူမကြည့်ရသေးဘူး။ပိုင်မုမှာလည်းပဲ စိုက်ပျိုးမွေးမြူရေးအတွက် မြေဩဇာကောင်းတဲ့ကုန်းမြေတွေကို ရှာဖို့ နောက်ထပ်ရည်ရွယ်ချက်တစ်ခုရှိတယ်။
Translator has something to say :
Readerလေးတစ်ယောက်က ပြောတယ်။updateတွေက အရမ်းတိုတယ်တဲ့။တိုရတဲ့အကြောင်းလေး ကိုယ်ရှင်းပြပါရစေ။ကိုယ်က နေ့ဘက်အလုပ်ဝိုင်းလုပ်ရလို့ မအားပါဘူး။အိမ်ကို ညခြောက်နာရီခွဲလောက်မှ ပြန်ရောက်တာပါ ။ရေမိုးချိုးပြီး ထမင်းစားပြီးရင် ရှစ်နာရီလောက်ရှိပြီမို့ ဆယ်နာရီလောက် updateတင်ဖို့အတွက် နှစ်နာရီလောက် chapterတ၀က်ကို ဘာသာပြန်ပါတယ်။ဖတ်ရတဲ့readerလေးတို့အတွက် ခနလေးပေမယ့် ကိုယ်အားစိုက်ပြီးနှစ်နာရီလောက် စာလုံးရေတစ်ထောင်ကျော်ကို ဘာသာပြန်ပေးရတာပါ။Chapterတစ်ခုက စာလုံးရေ3000ကျော်ဆိုတော့ အပြီးပြန်ရင် ညဆယ့်နှစ်ကျော်တစ်နာရီလောက်ဖြစ်သွားမှာ။ကိုယ့်မျက်လုံးက အားနည်းတော့ ငါးနာရီဆက်တိုက်လုပ်နိုင်မယ်မထင်ဘူး။ဒါကြောင့်ပါ  အပိုင်းတိုလို့ စိတ်အနှောင့်အယှက်မဖြစ်ဖို့ မျှော်လင့်ပါတယ်။အားလို့စောစောဘာသာပြန်ထားတဲ့ဒီနေ့လိုနေ့မျိုးဆိုရင်တော့ updateစောစောတင်ပေးပါတယ်။ ပြီးတော့ ကိုယ်ဒါလေးကို dropမလုပ်ပစ်ပါဘူးနော် စိတ်ချလို့ရပါတယ်။voteနဲ့cmtပေးတဲ့readerတိုင်းကို ချစ်တယ်နော်။Silent readerတွေကိုလည်း ချစ်ပါတယ်ဗျာ ။ ( ˘ ³˘)♥။
(Zawgyi code)
Continue Reading
You'll Also Like
5.6K 716 5
Type - Web Novel Genre - Drama, Romance, Shounen Ai, Tragedy English Title- The Story of two male Mosquitoes Not my own story. This is a Translat...
10.3K 1.5K 11
▪️နွေးထွေးတဲ့မေတ္တာ‌တွေ အပြည့်သိပ်ထားတဲ့ ပုံပြင်လေးတစ်ပုဒ် ▪️ I don't own any part of this story. All credit goes to original author & eng translator...
601K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...
481K 82.3K 85
Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Credits to all. Description 'elf rebirth pr...